အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အ...

By Hnine-Wai

18.3K 2.9K 183

စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေ... More

ဒုတိယပိုင်း
Chapter 199: Ming Qingyu was Tricked
Chapter 200: They were Embarrassed
Chapter 201: Why Are You Here?
Chapter 203: One Cannot Avoid His Enemy
Chapter 204 The Conflict
Chapter 205 F**k Your Duel!
Chapter 206 Mo Feihan the Prince
Chapter 207 Just Use This Excuse
Chapter 208 Make her Unable to Attend the Banquet
Chapter 209 An Imposing Appearance
Chapter 210: The True Pig Head
Chapter 211: The Cunning Feng Xi
Chapter 212: Why Can't You Change Your Ways of Thinking?
Chapter 213: I'm Not Here to Sabotage
Chapter 214: Disgust Me
Chapter 215: I'm Your Papa
Chapter 216: A Yellowish Book
Chapter 217. You're Mine
Chapter 218. More Handsome than You?
Chapter 219. You Can't Replace Him
Chapter 220. Perform In Her True Colors
Chapter 221. Two Priceless Treasures
Chapter 222. This is Not My Room
Chapter 223. Uncle White Coming Around
Chapter 224. A Sleep Overnight
Chapter 225. This Was The Truth
Chapter 226. Eliminating the Flaws
Chapter 227. Aren't you fighting?
Chapter 228. The Troublesome Feature
Chapter 229. You're Worse Than a Nobody
Chapter 230. The Auction Began
Chapter 231. Cut Down a Bit
Chapter 232. King of the Netherworld Took Action
Chapter 233. Identity Was Exposed

Chapter 202: The Test of the Heaven World

491 85 1
By Hnine-Wai

အပိုင်း ၂၀၂။ ကောင်းကင်ဘုံ၏စမ်းသပ်ချက်

ဒီနေရာတွင် အသိမိတ်ဆွေများကို တွေ့လိုက်ရခြင်းကြောင့် ဖုန့်ရှီ အလွန်ဝမ်းသာသွားပြီး သူတို့နှင့် ပျော်ရွှင်စွာ စကား ပြောနေခြင်းဖြစ်သည်။ ဒါပေမယ့် သူ စကားအနည်းငယ်တောင် မပြောနိုင်ခင်မှာပဲ အသံတစ်ခုက နှောင့်ယှက်လာခဲ့၏။

ခေါင်းကို မော့ကြည့်လိုက်တော့ လူတစ်စုကို ဦးဆောင်ပြီး သူတို့ဆီ လျှောက်လာနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒါပေမယ့် ထိုသူက ဖုန့်ရှီ၏ခေါင်းဆောင်ကို အံ့အားတသင့် ကြည့်နေခြင်းပင်။

'အရှင်မင်းကြီး' ဟု အလွန့်အလွန် ကျယ်ကျယ်လောင်လောင်ဖြင့် ငရဲမင်းကြီးအား အော်ခေါ်သံက ပလက်ဖောင်းပေါ်ရှိ လူတိုင်းနီးပါးကို ကြားသွားစေတော့သည်။ ဖီးနစ်မီးငှက် တစ်ကောင်တည်းပေါ်တွင် ငရဲမင်းကြီးနှင့်အတူ စီးနင်းလိုက်ပါလာခဲ့ကြသော သူများကတော့ နားတွေ ဝီဝီမြည်ကာ အူသွားကုန်ကြတော့သည်။ သီယွမ်ရှောင်၏ မျက်နှာထက်က အံ့သြတကြီးဖြစ်နေမှုကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာတော့ သူတို့ ငိုချင်သွားရပေမဲ့လည်း ကျစရာ မျက်ရည် မရှိတော့ပေ။ သူတို့ ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးတစ်ခုကို အကြောင်းပြချက်မရှိဘဲ လွတ်သွားခဲ့ကြပြီ၊ ငရဲမင်းကြီးရဲ့ သဘောထားကို အတော်ကြီး ‌မောက်မာတဲ့ပုံပေါက်တယ်လို့တောင် ဒီ့မတိုင်ခင်တုန်းက သူတို့ ထင်ခဲ့ကြသေးသည်။

ငရဲပြည်၏ အရှင်သခင်နှင့် ဘုံသုံးဘုံတွင် နံပါတ်တစ်တစ်ယောက်အနေနှင့် အရှင်သခင်အနေနှင့် အထက်စီးဆန်တယ်လို့ အထင်ခံရတာကို မဆိုထားနှင့် အထက်စီးဆန်ဆန် နေဖို့ကို လုံးဝ အရည်အချင်းပြည့်မီသည်လေ။

ဒီအတွေးက သူတို့ကို ကိုယ့်ကိုယ်ကို တစ်ချက်တည်းနှင့် သတ်သေချင်စိတ်ပေါက်သွားစေခဲ့သည်။ သူတို့တွေက လင်းနို့လိုမျိုး တကယ်ကြီး မျက်စိကန်းနေခဲ့ကြတာပဲ။

ငရဲမင်းကြီး ဘယ်အချိန် ကြွရောက်လာမလဲဆိုတာကို ကောင်းကင်ဘုံက မူလတုန်းက မသိခဲ့ကြပေမဲ့ ရုပ်လုံးပေါ်တံခါးကို စောင့်ကြပ်သည့် အစောင့်နှစ်ဦးက ငရဲမင်းကြီးဆိုတာကို သိသိချင်းပဲ သီယွမ်ထျန်းကို ချက်ချင်း အကြောင်းကြားလိုက်ကြသည်။ သီယွမ်ထျန်းက မအားမလပ်ဖြစ်နေသောကြောင့် ငရဲမင်းကြီးကို နှုတ်ခွန်းဆက်ဖို့ သီယွမ်ရှောင်ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။ သူက တခြားသူတွေလိုမျိုး ငရဲမင်းကြီးကို မသိဖူး၊ မမြင်ဖူးသူမဟုတ်၊ အရင်က သူ ငရဲမင်းကြီးကို တွေ့ဖူးခဲ့ပြီး ငရဲမင်းကြီး၏ မျက်နှာကို သူ မှတ်မိနိုင်သည်။ ဒါပေမဲ့ သူက ငရဲမင်းကြီ၏ဘေးက ဖုန့်ရှီကို မြင်တော့ မသိမသာလေး မျက်မှောင်ကြုတ်သွား၏။

"အရှင်မင်းကြီး၊ ကျွန်တော့်မျိုးအစ်ကိုက ကျွန်တော်မျိုးကိုဒီကို စေလွှတ်ခဲ့တာပါ၊" သီးယွင်ရှောင်က အကြည့်မလွှဲနိုင်ဖြစ်နေကြသည့် နောက်လိုက်နောက်ပါများနှင့်အတူ ငရဲမင်းကြီးထံ လျှောက်လှမ်းလာသည်။ ငရဲမင်းကြီး၏ ကောလဟာလများကိုသာ သူတို့ ကြားဖူးခဲ့ကြပြီး ဘယ်သူမှ သူ့ကို မသိကြသည့်အတွက် သူ့သွင်ပြင်နှင့်ပတ်သက်ပြီး သိချင်စိတ် ပြင်းပျနေကြသည်။

ရည်ရွယ်ချက်နဲ့လား မတော်တဆလား မသေချာသော်လည်း သီးယွင်ရှောင်က ငရဲမင်းကြီးကိုသာ နေရာပေးပြီး ဖုန့်ရှီကို လျစ်လျူရှုထားခဲ့သည်။ အကယ်၍ အစောင့်နှစ်ယောက်က သူတို့ကို သတင်းစကား ပါးခဲ့တာဆိုလျင် သီးယွင်ရှောင်က ငရဲမင်းကြီး ဒီကို ဖုန့်ရှီနှင့်အတူ လာသည်ဆိုသည်ကို မသိဘူးဆိုတာ မဖြစ်နိုင်ပေ။ လော့လိန်နှင့် တခြားသူတွေတောင်မှ ထိုအချက်ကို သတိပြုမိပြီး မျက်မှောင်အနည်းငယ် မကြုတ်မိဘဲ မနေနိုင် ဖြစ်သွားကြတော့သည်။

ငရဲမင်းကြီး၏ မျက်ခုံးတို့ တွန့်သွားရပြီး သီးယွင်ရှောင်၏ မျက်လုံးထဲမှ ခံစားချက်တချို့ ပေါ်ထွက်နေခြင်းရှိသည့်အလား သီးယွင်ရှောင်ကို စိုက်ကြည့်နေသည်။ သူ စကားပြောတော့မည့်ဆဲဆဲမှာပဲ သူ့ဘေးကလူငယ်က ရုတ်တရက် သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။ ငရဲမင်းကြီးက ခေါင်းငုံ့လိုက်တော့ သူ့ကို တစ်ခုခု ပြောဖို့ရှိနေသည့်အလား တလက်လက်တောက်ပနေသော ဖုန့်ရှီ၏ မျက်လုံးအစုံနှင့် ဆုံတွေ့သွား၏၊ ထို့ကြောင့် သူက ခေါင်းကို အနည်းငယ် ထပ်မံ နှိမ့်ပေးလိုက်ပြီး ပြောလိုက်သည်၊ "ရှီလေး၊ ဘာပြောချင်လို့လဲ?"

ဖုန့်ရှီက နားရွက်နား မျက်နှာကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ "ခေါင်းဆောင်၊ သူ့နောက်ကို အရင်လိုက်သွားနှင့်ပါလား၊ ကျွန်တော် လော့လိန်နဲ့ တခြားသူတွေနဲ့အတူ ဒီမှာ လျှောက်လည်ချင်သေးတယ်။ နောက်မှ တွေ့မယ်လေ"

သူတကယ် လှည့်ပတ်ကြည့်ချင်နေတာကို တွေ့တော့ ငရဲမင်းကြီးက "အရမ်းကြီး အဝေးမသွားနဲ့၊ လေးနာရီအတွင်းပြန်လာခဲ့၊ ဟုတ်ပြီလား?"

ဖုန့်ရှီက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး "နားလည်ပါပြီ"

ငရဲမင်းကြီးက ဖုန့်ရှီကို တကယ် စိတ်ပူနေတာကိုမြင်တော့ လော့လိန်က ကတိပေးလိုက်သည်၊ "အရှင်မင်းကြီး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ သူ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်၊ သူ့ကို ခြစ်ရာတစ်ခုတောင် မထင်စေရပါဘူး။"

တစ်ဖက်မှာတော့ ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့က လော့လိန်း၏ ယုံကြည်ချက်ရှိမှုကြောင့် အချင်းချင်း အထိတ်တလန့် ကြည့်လိုက်ကြသည်။ သူတို့တောင်မှ ဖုန့်ရှီ ပြဿနာမရှာအောင် သူတို့ မတားဆီးနိုင်တာ။ အဲ့ဒီ့ကလေးလေးရဲ့စရိုက်အရ မညစ်ပုတ်ဖို့ဆိုတာ ခက်တယ်လေ။ လော့လိန်းက ငရဲမင်းကြီးရှေ့ မျက်နှာရချင်တယ်ဆိုရင်တောင် ဒီလိုဖြစ်ဖို့ မလိုဘူးလေ!

ငရဲမင်းကြီးက ခေါင်းညိတ်လိုက်ပြီးနောက် သီးယွင်ရှောင်နောက်ကနေ လင်းထန်ခန်းမသို့ လိုက်သွား၏။ ငရဲမင်းကြီးအကြောင်း တစေ့တစောင်း ကြည့်ဖို့ လူများစွာကလည်း သူတို့အနောက်ကနေ လိုက်သွားခဲ့ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ၏ ဦးတည်ရာကလည်း လင်းထန်ခန်းမဖြစ်ပြီး ကောင်းကင်ဘုံမင်းသမီး၏ မွေးနေ့ပွဲကျင်းပရာ နေရာလည်း ဖြစ်သည်ပင်။ လူစည်ကားနေခဲ့သော ပလက်ဖောင်းက တခဏချင်းမှာပဲ တိတ်ဆိတ်သွားခဲ့ပြီး ဗလာကျင်းသွဦးခဲ့ကာ ဖုန့်ရှီ၊ လော့လိန်နှင့် အခြားနှစ်ယောက်သာ ကျန်ခဲ့တော့သည်။

"ဖုန့်ရှီ၊ မင်း ဘယ်ကို သွားချင်လဲ? ငါတို့တွေက ဧည့်သည်တွေဆိုပေမဲ့ ကောင်းကင်ဘုံမှာ ငါတို့ မဝင်နိုင်တဲ့နေရာ အတော်များများ ရှိတယ်။"

"Feng Xi၊ မင်းဘယ်ကိုသွားချင်လဲ၊ ငါတို့က ဧည့်သည်တွေဆိုပေမယ့် ကောင်းကင်ကမ္ဘာမှာ ငါတို့မဝင်နိုင်တဲ့နေရာတွေ အများကြီးရှိတယ်။

လော့လိန်က သူ့နာမည်ကို သဘာဝကျကျ ခေါ်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ဖုန့်ရှီကို သူ့သူငယ်ချင်းအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ဖုန့်ရှီက ငရဲမင်းကြီးနှင့် အလွန်ရင်းနှီးသည်ဆိုလျင်တောင်မှ သူက ဖုန့်ရှီကို မျိုးဆက်တူအပေါင်းအဖော်အနေနှင့် ဆက်ဆံမှာဖြစ်သည်။ ဒါပေမဲ့ ငရဲမင်းကြီးထွက်သွားသည်နှင့် သူ ပြဿနာတစ်ခု တွေ့လိုက်ရသည်။ ၎င်းကတော့ ဖုန့်ရှီကို ကာကွယ်ရမည့် သူ့တာဝန်က ထင်မှတ်မထားလောက်အောင်.... အရမ်း ကြီးတာပဲ!

သူ၏ အနည်းငယ် ပျက်ယွင်းနေသောအမူအယာကို ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့ မြင်သွားတော့ သူတို့နှစ်ယောက်လုံး သူ့ကို ကြည့်လိုက်ကြပြီး သူ့ဒုက္ခသူရှာတာပဲလို့ ပြသလိုက်ကြသည်။

"ကောင်းကင်ဘုံမှာ နာမည်ကြီးတဲ့ လည်ပတ်စရာနေရာတွေများ ရှိလား? " ဖုန့်ရှီက ကောင်းကင်ဘုံကို တစ်ခါမှ မရောက်ဖူးသည့်အတွက် သူဘယ်ကိုသွားရမှန်းမသိသော်လည်း ဤအကြိမ်တွင် သူ၏ပန်းတိုင်မှာ ကောင်းကင်ဘုံတွင်ရှိသော နေဖြစ်သည်။ နေ၏ ဝင်ပေါက်ကို ရှာတွေ့ဖို့ မလွယ်ကူပေ။ အခြားသူတွေကို ပြောင်ပြောင်တင်းတင်း မေးတာကလည်း သူ့အတွက် မကောင်း။ မဟုတ်ရင် ကောင်းကင်ဘုံက လူတွေက ဒါကို သတိထားမိသွားကြရင် သူ့ကို သံသယဖြစ်မှာ သေချာသည်လေ။

လော့လိန်က အဲ့လိုအရာမျိုးတွေကို လုံးဝစိတ်မဝင်စားခဲ့သူမို့ ဖု့န်ရှီ၏အမေးကြောင့် သူ ကြောင်အမ်းသွားတော့သည်။

ဟွမ်ရဲက ပြုံးပြီး သူ့ကို ဒုက္ခမှ လွတ်မြောက်အောင် ကူညီပေးလိုက်၏၊ " ကောင်းကင်ဘုံမှာ အကျော်ကြားဆုံး ဆွဲဆောင်မှုကတော့ တိမ်ပင်လယ်ရင်ပြင်လို့ ငါမှတ်မိတယ်။ ကောင်းကင်ဘုံနန်းတော်မှာ အထပ် ဆယ်ထပ်ရှိပြီး တိမ်ပင်လယ်ရင်ပြင်က တတိယထပ်မှာ ရှိတယ်။ ငါတို့က အခု ကောင်းကင်ဘုံနန်းတော်ရဲ့ ပထမထပ်မှာ ရပ်နေတာ။ တတိယထပ်ကို သွားချင်ရင် နေရာကူးပြောင်းအခင်းအကျင်းကနေ သွားရမယ်။ "

"ငါတို့ နေရာကူးပြောင်းအခင်းအကျင်းကို မသုံးဘဲ မရဘူးလား? ငါတို့ ပျံလို့ မရနိုင်ဘူးလား?" ဖုန့်ရှီက စိတ်ဝင်တစား မေးလိုက်သည်။

ဟွမ်ရဲက ခေါင်းယမ်းလိုက်၏။ "မင်း ပျံသန်းနိုင်ပေမယ့် အန္တရာယ်ကြီးကြီးမားမားတော့ ရှိကောင်းရှိနိုင်တယ်ဆိုတာ မင်း ကြိုတွေးထားရမယ်။ မင်းမှာ ခွန်အားမရှိရင် တတိယထပ်ကို မပြောနဲ့ ဒုတိယထပ်ကိုတောင် ပျံတက်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံနန်းတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်နဲ့ မတူဘူး။ ကောင်းကင်ဘုံနန်းတော်က ဆွဲငင်အားပါတဲ့ ကျောက်တုံးအကြီးကြီးတွေနဲ့ တည်ဆောက်ထားတာလို့ ဆိုကြတယ်။ ဆွဲအားက ပထမထက်ကနေ ဆယ်ထပ်မြောက်အထိ တဖြည်းဖြည်းနဲ့ တိုးလာတာ၊ အထူးသဖြင့် ကောင်းကင်ဘုံနန်းတော်ရဲ့ အပြင်ဘက်က အပြင်းဆုံးပဲ။ မင်း အရမ်းအားနည်းရင် အဲ့ဒီ့ဆွဲအားဖိအားကြောင့် မင်း ကြေမွသွားလိမ့်မယ်။"

၎င်းကို ကြားလိုက်ရတော့ ဖုန့်ရှီ၏ ပါးစပ် အဟောင်းသား ပွင့်သွားရတော့သည်။ 'နန်းတော်တည်ဆောက်ဖို့ မြေဆွဲအားကျောက်တုံးကို အသုံးပြု၍ ရနိုင်သည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဒီလောက်ကြီးတဲ့ကျောက်တုံးကြီးတွေကို ဘယ်ကနေများ ရှာလာကြပါလိမ့်?'

"ဒါကြောင့် မင်းသမီး ထျန်းဟွာရဲ့မွေးနေ့ပွဲကို ကောင်းကင်ဘုံရဲ့ ရှစ်ထပ်မြောက်မှာ ကျင်းပတယ်ဆိုတာက ပြင်ပလူတွေကို စမ်းသပ်တဲ့နည်း တစ်မျိုးပဲလေ။" ကျုံးဝူချင်း၏ ချောမောသောမျက်နှာပေါ်တွင် ပြေပြစ်သောအမူအယာနှင့်အတူ အပြုံးဟဟလေး တစ်ခု ရှိနေပြီး၊ သူပြုံးနေသလားဆိုတာ မသိသာလွန်းလို့နေရင်တောင်မှ သူတွေကို သက်တောင့်သက်သာ ရှိစေနိုင်စွမ်းသည်။

"ငါတို့ ပွဲတက်တဲ့အခါ အစမ်းသပ်ခံရမှာပေါ့၊ ဟုတ်လား?" ဒီစည်းမျဥ်းတွေဟာ အရမ်း ရယ်စရာကောင်းလွန်းတယ်လို့ ဖုန့်ရှီ ခံစားရသည်။ သူသာ သိခဲ့မယ်ဆိုရင် သူ ဒီကို လာမှာမဟုတ်။

"တကယ်တော့ မင်းသမီး ထျန်းဟွာရဲ့ မွေးနေ့ပွဲကို လေးထပ်မှာ ကျင်းပခဲ့ဖူးပေမယ့် ဒီတစ်ခါကျင်းပတဲ့ မွေးနေ့ရဲ့ အဓိပ္ပါယ်ကတော့ မတူဘူး။ ကောင်းကင်ဘုံမင်းသမီးထျန်းဟွာရဲ့ မွေးနေ့ဆိုတဲ့ ‌ခေါင်းစဥ်နဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ အများကြီးကို ဖိတ်ကြားထားခဲ့တယ်။ တကယ်က အဲ့တာက ခင်ပွန်းလောင်းရွေးချယ်ပွဲပါပဲ။ အရှင်ထျန်းကျွမ်းက မင်းသမီးထျန်းဟွာအတွက် နယ်ပယ်အရပ်ရပ်မှာ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ခင်ပွန်းလောင်းတစ်ယောက်ကို ရွေးချယ်ပေးချင်တာ၊ ဒါ့ကြောင့် ဒီနှစ်မွေးနေ့ပွဲက အရင်တုန်းကထက် အဆပေါင်းများစွာ ပိုပြီး ခန်းနားပြီး အဌမထပ်ကို (၈ထပ်) လူတွေအများကြီး ဖိတ်ကြားထားခဲ့တာ။ တွေးကြည့်ပေါ့၊ အဌမထပ် (၈ထပ်)ကိုတောင် မတက်ရောက်နိုင်တဲ့သူက မင်းသမီးထျန်းဟွာနဲ့ လက်ထပ်ဖို့ အရည်အချင်း ဘယ်လိုပြည့်မီမှာလဲ?"

ဟွမ်ရဲက သူ့ကို ခပ်ရွဲ့ရွဲ့လေသံနဲ့ ပြန်ပြောလိုက်သည်၊ "ဒါက ကြိုးဝိုင်းရှစ်ဝိုင်းနဲ့ ရွေးချယ်ပြီး မဆီလျော်တဲ့သူတွေကို အရင်ဆုံး ဖယ်ရှားပစ်ဖို့ လုပ်တာလို့ခေါ်တာပေါ့။ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ကြယ်ငါးပွင့်အဆင့် အနည်းဆုံးရှိမှသာ ရှစ်ထပ်ကို ရောက်နိုင်မယ်လို့ ငါ ကြားတယ်။

"ကောင်းကင်ဘုံက လူတွေက မင်းတို့ကို ဟင်းရွက်နဲ့ မုန်လာဥ (ဟင်းရွက်ကန်စွန်း)တွေလို သဘောထားတာလား?" ဖုန့်ရှီက ဒါဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ လော့လိန်းနဲ့ အခြားနှစ်ယောက်က မင်းသမီးလေး ရွေးချယ်ဖို့ရန်အတွက် ချက်ချင်းဆိုသလို မုန်လာဥနီတွေ ဖြစ်သွားတော့သည်။

"ငါတို့ အဲဒါကို ရှောင်လွှဲလို့ရမယ့် နည်းလမ်းမရှိဘူးလို့ ထင်တယ်။ အခု ငါတို့အားလုံးက ဖိတ်ကြားခံရပြီးပြီ၊ ငါတို့ လက်မခံရင် ကောင်းကင်ဘုံကို မလေးစားဘူးလို့ ဆိုလိုရာ ရောက်လိမ့်မယ်။" လော့လိန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ တကယ်တော့ သူအမုန်းဆုံးအရာက ဆူညံပွက်လောရိုက်တဲ့မျိုး တက်ရောက်ရခြင်းပါပဲ။ မူလက သူဒီကို မလာချင်ပေမယ့် သူ့အဖိုးက သူ့ကို ငြင်းဖို့ ခွင့်မပြုခဲ့ပေ။ ကောင်းကင်ဘုံမင်းသမီးကို မကြိုက်ဘူးဆိုရင်တောင် မျက်နှာတော့ သွားပြဖို့ ဆိုလာခဲ့သည်။ အဲ့ဒီလိုမှမဟုတ်ရင် ရှစ်ထပ်ကိုမသွားနိုင်မှာကြောက်လို့ သူမတက်ရောက်တာလို့ ထင်ပြီး သူတို့မိသားစုကို တခြားသူတွေက ပျက်ရယ်ပြုကြလိမ့်မည်။

"ဒီအမျိုးသမီးက တကယ်လှပေမယ့် ဒေါသကြီးပြီး မောက်မာတယ်။ မယားကောင်းတစ်ယောက်ဖြစ်ဖို့ တကယ်ကို ကိုက်ညီမနေဘူး။" ဖုန့်ရှီက သူ လွင်ပြင်ကျယ်တွင် တွေ့ခဲ့သော သီထျန်းဟွာကို သတိရသွားသည်။ 'တစ်ယောက်ယောက်က အဲဒီအမျိုးသမီးကို တကယ်လက်ထပ်ခဲ့မယ် ဆိုရင်တော့ ဒါဟာ သူ့ရဲ့ ကျိန်းသေပေါက် ကံဆိုးခြင်းပဲ။ အိုး၊ ကံဆိုး...'

ဖုန့်ရှီသည် 'ကံဆိုးခြင်း' ဟူသော စကားကို တွေးမိတော့ ရုတ်တရက် ကံဆိုးမှုနတ်ဘုရားကို သတိရသွား၏။ 'ကံဆိုးမှုနတ်ဘုရားသာ ဒီနေရာမှာ ရှိခဲ့ရင်...'

ထို့နောက် သူအရင်က အသုံးပြုခဲ့ဖူးသော နေရာလွတ်မှော်ပစ္စည်းကို ဖုန့်ရှီ သတိရသွားသည်။ ကံဆိုးမှုနတ်ဘုရားနှင့် စာအုပ်နတ်ဘုရားတို့က ဒီမှာ မရှိပေမဲ့လည်း သူ နေရာလွတ်မှော်အဆောင်ပစ္စည်းကို အသုံးပြုပြီး သူတို့ကို ကောင်းကင်ဘုံသို့ အတားအဆီးမရှိ ဆင့်ခေါ်နိုင်သည်။ ပထမတော့ နေရာလွတ်မှော်အဆောင်ပစ္စည်းဟာ အရမ်းအသုံးဝင်တယ်ထင်တာကြောင့် ဖုန့်ရှီက ငရဲမင်းကြီးကို သူ့အတွက် အနည်းငယ် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဲ့နောက် ထိုနတ်ဘုရားနှစ်ပါးကို လိုရမယ်ရဆိုပြီး မှော်အဆောင်ပစ္စည်းတစ်ခုစီ ပေးခဲ့ပြီး အခုတော့ အဲ့တာက အသုံးဝင်လာခဲ့ပြီဖြစ်သည်။

"ကောင်းကင်ဘုံ မင်းသမီးနဲ့ မင်း တွေ့ဖူးတာလား?" လော့လိန်နှင့် အခြားနှစ်ယောက်၏ အံ့အားတသင့်အမေးက ဖုန့်ရှီ၏ အတွေးရထားကို ဖြတ်တောက်လိုက်သည်။

ဖုန့်ရှီ အသိစိတ်ပြန်ဝင်လာတော့၊ သူ ခုနက ပြောခဲ့တဲ့စကားတွေက သူတို့ရဲ့ စပ်စုချင်စိတ်ကို နှိုးဆွလိုက်ပြီပဲဆိုတာ သူ သိသွားပေမဲ့ ဒါကို ဖုံးကွယ်ဖို့ သူ့မှာ ရည်ရွယ်ချက်မရှိခဲ့သည့်အတွက်၊ "ဟုတ်တယ်၊ တွေ့ဖူးတယ်။ အဲ့နေ့က ငါ အလယ်ပိုင်းဒေသကို ပထမဆုံးရောက်တဲ့နေ့ပဲဆိုတာ မှတ်မိနေသေးတယ်။ အဲဒီအမျိုးသမီးက သည်းမခံနိုင်လောက်အောင်ကို မာနကြီးတယ်။ လူတိုင်းကို သူက အထက်စီးကနေပဲ ကြည့်တယ်၊ ရိုးရိုးရှင်းရှင်းကို အထင်သေးတယ်။ "

ဖုန့်ရှီက သူနှင့် သီထျန်းဟွာကြားက ထိပ်တိုက်တွေ့ခဲ့တဲ့ လွင်ပြင်ကျယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို ပြောပြလိုက်သည်။

သူ့ဇာတ်လမ်းကိုကြားတော့ သူတို့သုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာကြည့်လိုက်ကြသည်။ သူတို့ သီထျန်းဟွာကို အရင်က မြင်ဖူးပေမယ့် ဖုန့်ရှီပြောတာတွေက သူတို့ရဲ့ အမှတ်သညာတွေနဲ့ အနည်းငယ် ကွဲပြားနေ၏။ သူမက လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အနီရောင်တောက်တောက်နှင့် တင့်တယ်သောဘရိုကိတ်ဝတ်ရုံက သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာအချိုးအဆစ်ကို ပုံပေါ်ထားသည်။ ပြီးတော့ သူမက ဖုန့်ရှီပြောသလိုမျိုး မောက်မာတာတို့၊ လွှမ်းမိုဗိုလ်ကျ ခြယ်လှယ်တာတို့ မရှိ။ သူတို့ကြားတာက သူမက ... ထောက်ထားစာနာပြီး တုနှိုင်းမမှီသော အလှလေးတစ်ယောက်တဲ့!

ဖုန့်ရှီပြောတာသာ မှန်တယ်ဆိုရင် သူတို့ လှည့်စားခံရတာပဲ။

သေသေချာချာတွေးကြည့်တော့ ဖုန့်ရှီပြောတာ မှန်တယ်လို့ သူတို့ ခံစားရသည်။ သီထျန်းဟွာက မျိုးရိုးမြင့် မင်းသမီးတစ်ပါးဖြစ်ပြီး ကောင်းကင်ဘုံတစ်ခုလုံးကို လက်ထဲ ဆုပ်ကိုင်ထားနိုင်သော မင်းသမီးတစ်ဦးလည်း ဖြစ်သည်။ ကောင်းကင်ဘုံရှိ လူများ၏ မောက်မာမှုနှင့် သူတို့ကိုယ်သူတို့ သာလွန်သည်ဟု အထင်ရှိမှုတို့အပေါ် အခြေခံ၍ သီထျန်းဟွာက ကျိန်းသေပေါက် အလိုလိုက်ခံရမှာပဲဖြစ်သည်။ သူမ၏ ဆင်ခြင်တုံတရားနဲ့ ပတ်သက်လို့ကရော ဘယ်သူက မြင်ဖူးလို့လဲ?

ထို့ကြောင့် သီထျန်းဟွာ၏ဂုဏ်သတင်းနဲ့ပတ်သက်ပြီး သူတို့ သိခဲ့သည်က ကောင်းကင်ဘုံက တမင်တကာ ထုတ်လွှင့်ကြေငြာထားသည့်သတင်းသာ ဖြစ်သည်။ ကောင်းကင်ဘုံသူဘုံသားတွေက သူတို့တွေကို မင်းသမီး သီထျန်းဟွာရဲ့ ဇာတိရုပ် အစစ်အမှန်ပုံရိပ်ကို ပြချင်ခဲ့မှာမဟုတ်၊ အကြောင်းကတော့ အလိုလိုက်ခံ အမျိုးသမီးတစ်ယောက် အထူးသဖြင့် သီထျန်းဟွာလို သူ့ကိုယ်သူ လူအားလုံးထက် သာလွန်တယ်လို့ ခံယူထားတဲ့ မင်းသမီးမျိုးက ဇနီးကောင်းတစ်ယောက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူးလေ။ ဘယ်သူပဲ သူနဲ့လက်ထပ် လက်ထပ် အဲ့တာက အဆုံးမရှိတဲ့ ဆင်းရဲတွင်းနက်ကြီးထဲ နေထိုင်ရသလိုနဲ့ အတူတူပဲမို့လေ။

သုံးယောက်သား ချွေးအေးတွေ ရွှဲနေအောင် ထွက်ကုန်ကြတော့သည်။ အဲ့ဒီလိုဘဝမျိုးကို သူတို့ တကယ်မတွေးရဲဘူး။

"ကောင်းပြီ၊ အဲဒါကို ဂရုမစိုက်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေ အဲ့အမျိုးသမီးကို လက်မထပ်ချင်ဘူး၊ ဟုတ်တယ်မဟုတ်လား? လာ၊ ငါတို့ တိမ်ပင်လယ်ကို အရင်ဆုံး သွားကြည့်ကြစို့!" သူတို့ ကြောက်ရွံ့နေပုံရသည်ကို မြင်လိုက်ရသဖြင့် ဖုန့်ရှီ ချက်ချင်းပဲ စကားပြောင်းလိုက်တော့သည်။

"မှန်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့ကို ရွေးမယ်လို့လည်း မထင်ပါဘူး။" ငရဲမင်းကြီးမှလွဲ၍ မည်သူ့ကိုမျှ လက်မထပ်ဟု သီထျန်းဟွာ ကြွေးကျော်ခဲ့သည်ကို သူတို့သုံးယောက် ပြန်အမှတ်ရသွားတော့ ဖုန့်ရှီကို အနည်းငယ် စိတ်ဝင်စားစွာ သူတို့ ကြည့်လိုက်ကြသည်။ အဲ့တာက သူတို့ ဖြတ်သွားဖြတ်လာတွေအနေနဲ့ မွေးနေ့ပွဲမှာ တွေ့ရမယ့် စိတ်အဝင်စားဆုံးအပိုင်းပဲ။

ဒါပေမဲ့ ဖုန့်ရှီက အဲ့တာကို လုံးဝမသိနေမှန်း သိသာသည်၊ အဲ့လိုမှမဟုတ်လျင် သူ ဒီလောက် ငြိမ်နေမည်မဟုတ်။

20231210; 1442

Stay tuned for the next chapter:

Chapter 203: One Cannot Avoid His Enemy

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၂၀၂: ေကာင္းကင္ဘုံ၏စမ္းသပ္ခ်က္

ဒီေနရာတြင္ အသိမိတ္ေဆြမ်ားကို ေတြ႕လိုက္ရျခင္းေၾကာင့္ ဖုန႔္ရွီ အလြန္ဝမ္းသာသြားၿပီး သူတို႔ႏွင့္ ေပ်ာ္ရႊင္စြာ စကား ေျပာေနျခင္းျဖစ္သည္။ ဒါေပမယ့္ သူ စကားအနည္းငယ္ေတာင္ မေျပာနိုင္ခင္မွာပဲ အသံတစ္ခုက ေႏွာင့္ယွက္လာခဲ့၏။

ေခါင္းကို ေမာ့ၾကည့္လိုက္ေတာ့ လူတစ္စုကို ဦးေဆာင္ၿပီး သူတို႔ဆီ ေလၽွာက္လာေနသည့္ လူလတ္ပိုင္းအရြယ္ အမ်ိဳးသားတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ဒါေပမယ့္ ထိုသူက ဖုန႔္ရွီ၏ေခါင္းေဆာင္ကို အံ့အားတသင့္ ၾကည့္ေနျခင္းပင္။

'အရွင္မင္းႀကီး' ဟု အလြန႔္အလြန္ က်ယ္က်ယ္ေလာင္ေလာင္ျဖင့္ ငရဲမင္းႀကီးအား ေအာ္ေခၚသံက ပလက္ေဖာင္းေပၚရွိ လူတိုင္းနီးပါးကို ၾကားသြားေစေတာ့သည္။ ဖီးနစ္မီးငွက္ တစ္ေကာင္တည္းေပၚတြင္ ငရဲမင္းႀကီးႏွင့္အတူ စီးနင္းလိုက္ပါလာခဲ့ၾကေသာ သူမ်ားကေတာ့ နားေတြ ဝီဝီျမည္ကာ အူသြားကုန္ၾကေတာ့သည္။ သီယြမ္ေရွာင္၏ မ်က္ႏွာထက္က အံ့ၾသတႀကီးျဖစ္ေနမႈကို သူတို႔ ရွင္းရွင္းလင္းလင္း ျမင္ရခ်ိန္မွာေတာ့ သူတို႔ ငိုခ်င္သြားရေပမဲ့လည္း က်စရာ မ်က္ရည္ မရွိေတာ့ေပ။ သူတို႔ ဒီေလာက္ေကာင္းတဲ့အခြင့္အေရးႀကီးတစ္ခုကို အေၾကာင္းျပခ်က္မရွိဘဲ လြတ္သြားခဲ့ၾကၿပီ၊ ငရဲမင္းႀကီးရဲ့ သေဘာထားကို အေတာ္ႀကီး ‌ေမာက္မာတဲ့ပုံေပါက္တယ္လို႔ေတာင္ ဒီ့မတိုင္ခင္တုန္းက သူတို႔ ထင္ခဲ့ၾကေသးသည္။

ငရဲျပည္၏ အရွင္သခင္ႏွင့္ ဘုံသုံးဘုံတြင္ နံပါတ္တစ္တစ္ေယာက္အေနႏွင့္ အရွင္သခင္အေနႏွင့္ အထက္စီးဆန္တယ္လို႔ အထင္ခံရတာကို မဆိုထားႏွင့္ အထက္စီးဆန္ဆန္ ေနဖို႔ကို လုံးဝ အရည္အခ်င္းျပည့္မီသည္ေလ။

ဒီအေတြးက သူတို႔ကို ကိုယ့္ကိုယ္ကို တစ္ခ်က္တည္းႏွင့္ သတ္ေသခ်င္စိတ္ေပါက္သြားေစခဲ့သည္။ သူတို႔ေတြက လင္းနို႔လိုမ်ိဳး တကယ္ႀကီး မ်က္စိကန္းေနခဲ့ၾကတာပဲ။

ငရဲမင္းႀကီး ဘယ္အခ်ိန္ ႂကြေရာက္လာမလဲဆိုတာကို ေကာင္းကင္ဘုံက မူလတုန္းက မသိခဲ့ၾကေပမဲ့ ႐ုပ္လုံးေပၚတံခါးကို ေစာင့္ၾကပ္သည့္ အေစာင့္ႏွစ္ဦးက ငရဲမင္းႀကီးဆိုတာကို သိသိခ်င္းပဲ သီယြမ္ထ်န္းကို ခ်က္ခ်င္း အေၾကာင္းၾကားလိုက္ၾကသည္။ သီယြမ္ထ်န္းက မအားမလပ္ျဖစ္ေနေသာေၾကာင့္ ငရဲမင္းႀကီးကို ႏႈတ္ခြန္းဆက္ဖို႔ သီယြမ္ေရွာင္ကို ေစလႊတ္လိုက္ျခင္းျဖစ္သည္။ သူက တျခားသူေတြလိုမ်ိဳး ငရဲမင္းႀကီးကို မသိဖူး၊ မျမင္ဖူးသူမဟုတ္၊ အရင္က သူ ငရဲမင္းႀကီးကို ေတြ႕ဖူးခဲ့ၿပီး ငရဲမင္းႀကီး၏ မ်က္ႏွာကို သူ မွတ္မိနိုင္သည္။ ဒါေပမဲ့ သူက ငရဲမင္းႀကီ၏ေဘးက ဖုန႔္ရွီကို ျမင္ေတာ့ မသိမသာေလး မ်က္ေမွာင္ၾကဳတ္သြား၏။

"အရွင္မင္းႀကီး၊ ကၽြန္ေတာ့္မ်ိဳးအစ္ကိုက ကၽြန္ေတာ္မ်ိဳးကိုဒီကို ေစလႊတ္ခဲ့တာပါ၊" သီးယြင္ေရွာင္က အၾကည့္မလႊဲနိုင္ျဖစ္ေနၾကသည့္ ေနာက္လိုက္ေနာက္ပါမ်ားႏွင့္အတူ ငရဲမင္းႀကီးထံ ေလၽွာက္လွမ္းလာသည္။ ငရဲမင္းႀကီး၏ ေကာလဟာလမ်ားကိုသာ သူတို႔ ၾကားဖူးခဲ့ၾကၿပီး ဘယ္သူမွ သူ႔ကို မသိၾကသည့္အတြက္ သူ႔သြင္ျပင္ႏွင့္ပတ္သက္ၿပီး သိခ်င္စိတ္ ျပင္းပ်ေနၾကသည္။

ရည္ရြယ္ခ်က္နဲ႔လား မေတာ္တဆလား မေသခ်ာေသာ္လည္း သီးယြင္ေရွာင္က ငရဲမင္းႀကီးကိုသာ ေနရာေပးၿပီး ဖုန႔္ရွီကို လ်စ္လ်ဴရႈထားခဲ့သည္။ အကယ္၍ အေစာင့္ႏွစ္ေယာက္က သူတို႔ကို သတင္းစကား ပါးခဲ့တာဆိုလ်င္ သီးယြင္ေရွာင္က ငရဲမင္းႀကီး ဒီကို ဖုန႔္ရွီႏွင့္အတူ လာသည္ဆိုသည္ကို မသိဘူးဆိုတာ မျဖစ္နိုင္ေပ။ ေလာ့လိန္ႏွင့္ တျခားသူေတြေတာင္မွ ထိုအခ်က္ကို သတိျပဳမိၿပီး မ်က္ေမွာင္အနည္းငယ္ မၾကဳတ္မိဘဲ မေနနိုင္ ျဖစ္သြားၾကေတာ့သည္။

ငရဲမင္းႀကီး၏ မ်က္ခုံးတို႔ တြန႔္သြားရၿပီး သီးယြင္ေရွာင္၏ မ်က္လုံးထဲမွ ခံစားခ်က္တခ်ိဳ႕ ေပၚထြက္ေနျခင္းရွိသည့္အလား သီးယြင္ေရွာင္ကို စိုက္ၾကည့္ေနသည္။ သူ စကားေျပာေတာ့မည့္ဆဲဆဲမွာပဲ သူ႔ေဘးကလူငယ္က ႐ုတ္တရက္ သူ႔အကၤ်ီလက္ကို ဆြဲလိုက္သည္။ ငရဲမင္းႀကီးက ေခါင္းငုံ႔လိုက္ေတာ့ သူ႔ကို တစ္ခုခု ေျပာဖို႔ရွိေနသည့္အလား တလက္လက္ေတာက္ပေနေသာ ဖုန႔္ရွီ၏ မ်က္လုံးအစုံႏွင့္ ဆုံေတြ႕သြား၏၊ ထို႔ေၾကာင့္ သူက ေခါင္းကို အနည္းငယ္ ထပ္မံ ႏွိမ့္ေပးလိုက္ၿပီး ေျပာလိုက္သည္၊ "ရွီေလး၊ ဘာေျပာခ်င္လို႔လဲ?"

ဖုန႔္ရွီက နားရြက္နား မ်က္ႏွာကပ္လိုက္ၿပီး တိုးတိုးေလး ေျပာလိုက္သည္၊ "ေခါင္းေဆာင္၊ သူ႔ေနာက္ကို အရင္လိုက္သြားႏွင့္ပါလား၊ ကၽြန္ေတာ္ ေလာ့လိန္နဲ႔ တျခားသူေတြနဲ႔အတူ ဒီမွာ ေလၽွာက္လည္ခ်င္ေသးတယ္။ ေနာက္မွ ေတြ႕မယ္ေလ"

သူတကယ္ လွည့္ပတ္ၾကည့္ခ်င္ေနတာကို ေတြ႕ေတာ့ ငရဲမင္းႀကီးက "အရမ္းႀကီး အေဝးမသြားနဲ႔၊ ေလးနာရီအတြင္းျပန္လာခဲ့၊ ဟုတ္ၿပီလား?"

ဖုန႔္ရွီက ခ်က္ခ်င္း ေခါင္းညိတ္ျပလိုက္ၿပီး "နားလည္ပါၿပီ"

ငရဲမင္းႀကီးက ဖုန႔္ရွီကို တကယ္ စိတ္ပူေနတာကိုျမင္ေတာ့ ေလာ့လိန္က ကတိေပးလိုက္သည္၊ "အရွင္မင္းႀကီး၊ မစိုးရိမ္ပါနဲ႔။ ကၽြန္ေတာ္တို႔ သူ႔ကို ေကာင္းေကာင္း ဂ႐ုစိုက္ပါ့မယ္၊ သူ႔ကို ျခစ္ရာတစ္ခုေတာင္ မထင္ေစရပါဘူး။"

တစ္ဖက္မွာေတာ့ က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔က ေလာ့လိန္း၏ ယုံၾကည္ခ်က္ရွိမႈေၾကာင့္ အခ်င္းခ်င္း အထိတ္တလန႔္ ၾကည့္လိုက္ၾကသည္။ သူတို႔ေတာင္မွ ဖုန႔္ရွီ ျပႆနာမရွာေအာင္ သူတို႔ မတားဆီးနိုင္တာ။ အဲ့ဒီ့ကေလးေလးရဲ့စရိုက္အရ မညစ္ပုတ္ဖို႔ဆိုတာ ခက္တယ္ေလ။ ေလာ့လိန္းက ငရဲမင္းႀကီးေရွ႕ မ်က္ႏွာရခ်င္တယ္ဆိုရင္ေတာင္ ဒီလိုျဖစ္ဖို႔ မလိုဘူးေလ!

ငရဲမင္းႀကီးက ေခါင္းညိတ္လိုက္ၿပီးေနာက္ သီးယြင္ေရွာင္ေနာက္ကေန လင္းထန္ခန္းမသို႔ လိုက္သြား၏။ ငရဲမင္းႀကီးအေၾကာင္း တေစ့တေစာင္း ၾကည့္ဖို႔ လူမ်ားစြာကလည္း သူတို႔အေနာက္ကေန လိုက္သြားခဲ့ၾကသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေတြ၏ ဦးတည္ရာကလည္း လင္းထန္ခန္းမျဖစ္ၿပီး ေကာင္းကင္ဘုံမင္းသမီး၏ ေမြးေန႔ပြဲက်င္းပရာ ေနရာလည္း ျဖစ္သည္ပင္။ လူစည္ကားေနခဲ့ေသာ ပလက္ေဖာင္းက တခဏခ်င္းမွာပဲ တိတ္ဆိတ္သြားခဲ့ၿပီး ဗလာက်င္းသြဦးခဲ့ကာ ဖုန႔္ရွီ၊ ေလာ့လိန္ႏွင့္ အျခားႏွစ္ေယာက္သာ က်န္ခဲ့ေတာ့သည္။

"ဖုန႔္ရွီ၊ မင္း ဘယ္ကို သြားခ်င္လဲ? ငါတို႔ေတြက ဧည့္သည္ေတြဆိုေပမဲ့ ေကာင္းကင္ဘုံမွာ ငါတို႔ မဝင္နိုင္တဲ့ေနရာ အေတာ္မ်ားမ်ား ရွိတယ္။"

"Feng Xi၊ မင္းဘယ္ကိုသြားခ်င္လဲ၊ ငါတို႔က ဧည့္သည္ေတြဆိုေပမယ့္ ေကာင္းကင္ကမၻာမွာ ငါတို႔မဝင္နိုင္တဲ့ေနရာေတြ အမ်ားႀကီးရွိတယ္။

ေလာ့လိန္က သူ႔နာမည္ကို သဘာဝက်က် ေခၚလိုက္သည္။ သူ႔စိတ္ထဲမွာေတာ့ ဖုန႔္ရွီကို သူ႔သူငယ္ခ်င္းအျဖစ္ မွတ္ယူထားၿပီးျဖစ္သည္။ ဖုန႔္ရွီက ငရဲမင္းႀကီးႏွင့္ အလြန္ရင္းႏွီးသည္ဆိုလ်င္ေတာင္မွ သူက ဖုန႔္ရွီကို မ်ိဳးဆက္တူအေပါင္းအေဖာ္အေနႏွင့္ ဆက္ဆံမွာျဖစ္သည္။ ဒါေပမဲ့ ငရဲမင္းႀကီးထြက္သြားသည္ႏွင့္ သူ ျပႆနာတစ္ခု ေတြ႕လိုက္ရသည္။ ၎ကေတာ့ ဖုန႔္ရွီကို ကာကြယ္ရမည့္ သူ႔တာဝန္က ထင္မွတ္မထားေလာက္ေအာင္.... အရမ္း ႀကီးတာပဲ!

သူ၏ အနည္းငယ္ ပ်က္ယြင္းေနေသာအမူအယာကို က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔ ျမင္သြားေတာ့ သူတို႔ႏွစ္ေယာက္လုံး သူ႔ကို ၾကည့္လိုက္ၾကၿပီး သူ႔ဒုကၡသူရွာတာပဲလို႔ ျပသလိုက္ၾကသည္။

"ေကာင္းကင္ဘုံမွာ နာမည္ႀကီးတဲ့ လည္ပတ္စရာေနရာေတြမ်ား ရွိလား? " ဖုန႔္ရွီက ေကာင္းကင္ဘုံကို တစ္ခါမွ မေရာက္ဖူးသည့္အတြက္ သူဘယ္ကိုသြားရမွန္းမသိေသာ္လည္း ဤအႀကိမ္တြင္ သူ၏ပန္းတိုင္မွာ ေကာင္းကင္ဘုံတြင္ရွိေသာ ေနျဖစ္သည္။ ေန၏ ဝင္ေပါက္ကို ရွာေတြ႕ဖို႔ မလြယ္ကူေပ။ အျခားသူေတြကို ေျပာင္ေျပာင္တင္းတင္း ေမးတာကလည္း သူ႔အတြက္ မေကာင္း။ မဟုတ္ရင္ ေကာင္းကင္ဘုံက လူေတြက ဒါကို သတိထားမိသြားၾကရင္ သူ႔ကို သံသယျဖစ္မွာ ေသခ်ာသည္ေလ။

ေလာ့လိန္က အဲ့လိုအရာမ်ိဳးေတြကို လုံးဝစိတ္မဝင္စားခဲ့သူမို႔ ဖု႔န္ရွီ၏အေမးေၾကာင့္ သူ ေၾကာင္အမ္းသြားေတာ့သည္။

ဟြမ္ရဲက ျပဳံးၿပီး သူ႔ကို ဒုကၡမွ လြတ္ေျမာက္ေအာင္ ကူညီေပးလိုက္၏၊ " ေကာင္းကင္ဘုံမွာ အေက်ာ္ၾကားဆုံး ဆြဲေဆာင္မႈကေတာ့ တိမ္ပင္လယ္ရင္ျပင္လို႔ ငါမွတ္မိတယ္။ ေကာင္းကင္ဘုံနန္းေတာ္မွာ အထပ္ ဆယ္ထပ္ရွိၿပီး တိမ္ပင္လယ္ရင္ျပင္က တတိယထပ္မွာ ရွိတယ္။ ငါတို႔က အခု ေကာင္းကင္ဘုံနန္းေတာ္ရဲ့ ပထမထပ္မွာ ရပ္ေနတာ။ တတိယထပ္ကို သြားခ်င္ရင္ ေနရာကူးေျပာင္းအခင္းအက်င္းကေန သြားရမယ္။ "

"ငါတို႔ ေနရာကူးေျပာင္းအခင္းအက်င္းကို မသုံးဘဲ မရဘူးလား? ငါတို႔ ပ်ံလို႔ မရနိုင္ဘူးလား?" ဖုန႔္ရွီက စိတ္ဝင္တစား ေမးလိုက္သည္။

ဟြမ္ရဲက ေခါင္းယမ္းလိုက္၏။ "မင္း ပ်ံသန္းနိုင္ေပမယ့္ အႏၲရာယ္ႀကီးႀကီးမားမားေတာ့ ရွိေကာင္းရွိနိုင္တယ္ဆိုတာ မင္း ႀကိဳေတြးထားရမယ္။ မင္းမွာ ခြန္အားမရွိရင္ တတိယထပ္ကို မေျပာနဲ႔ ဒုတိယထပ္ကိုေတာင္ ပ်ံတက္နိုင္မွာ မဟုတ္ဘူး။ ေကာင္းကင္ဘုံနန္းေတာ္ရဲ့ ဖြဲ႕စည္းတည္ေဆာက္ထားပုံက နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္နဲ႔ မတူဘူး။ ေကာင္းကင္ဘုံနန္းေတာ္က ဆြဲငင္အားပါတဲ့ ေက်ာက္တုံးအႀကီးႀကီးေတြနဲ႔ တည္ေဆာက္ထားတာလို႔ ဆိုၾကတယ္။ ဆြဲအားက ပထမထက္ကေန ဆယ္ထပ္ေျမာက္အထိ တျဖည္းျဖည္းနဲ႔ တိုးလာတာ၊ အထူးသျဖင့္ ေကာင္းကင္ဘုံနန္းေတာ္ရဲ့ အျပင္ဘက္က အျပင္းဆုံးပဲ။ မင္း အရမ္းအားနည္းရင္ အဲ့ဒီ့ဆြဲအားဖိအားေၾကာင့္ မင္း ေၾကမြသြားလိမ့္မယ္။"

၎ကို ၾကားလိုက္ရေတာ့ ဖုန႔္ရွီ၏ ပါးစပ္ အေဟာင္းသား ပြင့္သြားရေတာ့သည္။ 'နန္းေတာ္တည္ေဆာက္ဖို႔ ေျမဆြဲအားေက်ာက္တုံးကို အသုံးျပဳ၍ ရနိုင္သည္ဟု သူ မေမၽွာ္လင့္ထားခဲ့ေပ။ ဒီေလာက္ႀကီးတဲ့ေက်ာက္တုံးႀကီးေတြကို ဘယ္ကေနမ်ား ရွာလာၾကပါလိမ့္?'

"ဒါေၾကာင့္ မင္းသမီး ထ်န္းဟြာရဲ့ေမြးေန႔ပြဲကို ေကာင္းကင္ဘုံရဲ့ ရွစ္ထပ္ေျမာက္မွာ က်င္းပတယ္ဆိုတာက ျပင္ပလူေတြကို စမ္းသပ္တဲ့နည္း တစ္မ်ိဳးပဲေလ။" က်ဳံးဝူခ်င္း၏ ေခ်ာေမာေသာမ်က္ႏွာေပၚတြင္ ေျပျပစ္ေသာအမူအယာႏွင့္အတူ အျပဳံးဟဟေလး တစ္ခု ရွိေနၿပီး၊ သူျပဳံးေနသလားဆိုတာ မသိသာလြန္းလို႔ေနရင္ေတာင္မွ သူေတြကို သက္ေတာင့္သက္သာ ရွိေစနိုင္စြမ္းသည္။

"ငါတို႔ ပြဲတက္တဲ့အခါ အစမ္းသပ္ခံရမွာေပါ့၊ ဟုတ္လား?" ဒီစည္းမ်ဥ္းေတြဟာ အရမ္း ရယ္စရာေကာင္းလြန္းတယ္လို႔ ဖုန႔္ရွီ ခံစားရသည္။ သူသာ သိခဲ့မယ္ဆိုရင္ သူ ဒီကို လာမွာမဟုတ္။

"တကယ္ေတာ့ မင္းသမီး ထ်န္းဟြာရဲ့ ေမြးေန႔ပြဲကို ေလးထပ္မွာ က်င္းပခဲ့ဖူးေပမယ့္ ဒီတစ္ခါက်င္းပတဲ့ ေမြးေန႔ရဲ့ အဓိပၸါယ္ကေတာ့ မတူဘူး။ ေကာင္းကင္ဘုံမင္းသမီးထ်န္းဟြာရဲ့ ေမြးေန႔ဆိုတဲ့ ‌ေခါင္းစဥ္နဲ႔ အရည္အခ်င္းရွိတဲ့ လူငယ္ေတြ အမ်ားႀကီးကို ဖိတ္ၾကားထားခဲ့တယ္။ တကယ္က အဲ့တာက ခင္ပြန္းေလာင္းေရြးခ်ယ္ပြဲပါပဲ။ အရွင္ထ်န္းကၽြမ္းက မင္းသမီးထ်န္းဟြာအတြက္ နယ္ပယ္အရပ္ရပ္မွာ ထူးခၽြန္ၿပီး အရည္အခ်င္းရွိတဲ့ ခင္ပြန္းေလာင္းတစ္ေယာက္ကို ေရြးခ်ယ္ေပးခ်င္တာ၊ ဒါ့ေၾကာင့္ ဒီႏွစ္ေမြးေန႔ပြဲက အရင္တုန္းကထက္ အဆေပါင္းမ်ားစြာ ပိုၿပီး ခန္းနားၿပီး အဌမထပ္ကို (၈ထပ္) လူေတြအမ်ားႀကီး ဖိတ္ၾကားထားခဲ့တာ။ ေတြးၾကည့္ေပါ့၊ အဌမထပ္ (၈ထပ္)ကိုေတာင္ မတက္ေရာက္နိုင္တဲ့သူက မင္းသမီးထ်န္းဟြာနဲ႔ လက္ထပ္ဖို႔ အရည္အခ်င္း ဘယ္လိုျပည့္မီမွာလဲ?"

ဟြမ္ရဲက သူ႔ကို ခပ္ရြဲ႕ရြဲ႕ေလသံနဲ႔ ျပန္ေျပာလိုက္သည္၊ "ဒါက ႀကိဳးဝိုင္းရွစ္ဝိုင္းနဲ႔ ေရြးခ်ယ္ၿပီး မဆီေလ်ာ္တဲ့သူေတြကို အရင္ဆုံး ဖယ္ရွားပစ္ဖို႔ လုပ္တာလို႔ေခၚတာေပါ့။ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ ၾကယ္ငါးပြင့္အဆင့္ အနည္းဆုံးရွိမွသာ ရွစ္ထပ္ကို ေရာက္နိုင္မယ္လို႔ ငါ ၾကားတယ္။

"ေကာင္းကင္ဘုံက လူေတြက မင္းတို႔ကို ဟင္းရြက္နဲ႔ မုန္လာဥ (ဟင္းရြက္ကန္စြန္း)ေတြလို သေဘာထားတာလား?" ဖုန႔္ရွီက ဒါဟာ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ေတြးလိုက္သည္။ သူ႔မ်က္လုံးထဲမွာေတာ့ ေလာ့လိန္းနဲ႔ အျခားႏွစ္ေယာက္က မင္းသမီးေလး ေရြးခ်ယ္ဖို႔ရန္အတြက္ ခ်က္ခ်င္းဆိုသလို မုန္လာဥနီေတြ ျဖစ္သြားေတာ့သည္။

"ငါတို႔ အဲဒါကို ေရွာင္လႊဲလို႔ရမယ့္ နည္းလမ္းမရွိဘူးလို႔ ထင္တယ္။ အခု ငါတို႔အားလုံးက ဖိတ္ၾကားခံရၿပီးၿပီ၊ ငါတို႔ လက္မခံရင္ ေကာင္းကင္ဘုံကို မေလးစားဘူးလို႔ ဆိုလိုရာ ေရာက္လိမ့္မယ္။" ေလာ့လိန္က ကူကယ္ရာမဲ့စြာ ေျပာလိုက္သည္။ တကယ္ေတာ့ သူအမုန္းဆုံးအရာက ဆူညံပြက္ေလာရိုက္တဲ့မ်ိဳး တက္ေရာက္ရျခင္းပါပဲ။ မူလက သူဒီကို မလာခ်င္ေပမယ့္ သူ႔အဖိုးက သူ႔ကို ျငင္းဖို႔ ခြင့္မျပဳခဲ့ေပ။ ေကာင္းကင္ဘုံမင္းသမီးကို မႀကိဳက္ဘူးဆိုရင္ေတာင္ မ်က္ႏွာေတာ့ သြားျပဖို႔ ဆိုလာခဲ့သည္။ အဲ့ဒီလိုမွမဟုတ္ရင္ ရွစ္ထပ္ကိုမသြားနိုင္မွာေၾကာက္လို႔ သူမတက္ေရာက္တာလို႔ ထင္ၿပီး သူတို႔မိသားစုကို တျခားသူေတြက ပ်က္ရယ္ျပဳၾကလိမ့္မည္။

"ဒီအမ်ိဳးသမီးက တကယ္လွေပမယ့္ ေဒါသႀကီးၿပီး ေမာက္မာတယ္။ မယားေကာင္းတစ္ေယာက္ျဖစ္ဖို႔ တကယ္ကို ကိုက္ညီမေနဘူး။" ဖုန႔္ရွီက သူ လြင္ျပင္က်ယ္တြင္ ေတြ႕ခဲ့ေသာ သီထ်န္းဟြာကို သတိရသြားသည္။ 'တစ္ေယာက္ေယာက္က အဲဒီအမ်ိဳးသမီးကို တကယ္လက္ထပ္ခဲ့မယ္ ဆိုရင္ေတာ့ ဒါဟာ သူ႔ရဲ့ က်ိန္းေသေပါက္ ကံဆိုးျခင္းပဲ။ အိုး၊ ကံဆိုး...'

ဖုန႔္ရွီသည္ 'ကံဆိုးျခင္း' ဟူေသာ စကားကို ေတြးမိေတာ့ ႐ုတ္တရက္ ကံဆိုးမႈနတ္ဘုရားကို သတိရသြား၏။ 'ကံဆိုးမႈနတ္ဘုရားသာ ဒီေနရာမွာ ရွိခဲ့ရင္...'

ထို႔ေနာက္ သူအရင္က အသုံးျပဳခဲ့ဖူးေသာ ေနရာလြတ္ေမွာ္ပစၥည္းကို ဖုန႔္ရွီ သတိရသြားသည္။ ကံဆိုးမႈနတ္ဘုရားႏွင့္ စာအုပ္နတ္ဘုရားတို႔က ဒီမွာ မရွိေပမဲ့လည္း သူ ေနရာလြတ္ေမွာ္အေဆာင္ပစၥည္းကို အသုံးျပဳၿပီး သူတို႔ကို ေကာင္းကင္ဘုံသို႔ အတားအဆီးမရွိ ဆင့္ေခၚနိုင္သည္။ ပထမေတာ့ ေနရာလြတ္ေမွာ္အေဆာင္ပစၥည္းဟာ အရမ္းအသုံးဝင္တယ္ထင္တာေၾကာင့္ ဖုန႔္ရွီက ငရဲမင္းႀကီးကို သူ႔အတြက္ အနည္းငယ္ ျပဳလုပ္ေပးဖို႔ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။ အဲ့ေနာက္ ထိုနတ္ဘုရားႏွစ္ပါးကို လိုရမယ္ရဆိုၿပီး ေမွာ္အေဆာင္ပစၥည္းတစ္ခုစီ ေပးခဲ့ၿပီး အခုေတာ့ အဲ့တာက အသုံးဝင္လာခဲ့ၿပီျဖစ္သည္။

"ေကာင္းကင္ဘုံ မင္းသမီးနဲ႔ မင္း ေတြ႕ဖူးတာလား?" ေလာ့လိန္ႏွင့္ အျခားႏွစ္ေယာက္၏ အံ့အားတသင့္အေမးက ဖုန္႔ရွီ၏ အေတြးရထားကို ျဖတ္ေတာက္လိုက္သည္။

ဖုန႔္ရွီ အသိစိတ္ျပန္ဝင္လာေတာ့၊ သူ ခုနက ေျပာခဲ့တဲ့စကားေတြက သူတို႔ရဲ့ စပ္စုခ်င္စိတ္ကို ႏွိုးဆြလိုက္ၿပီပဲဆိုတာ သူ သိသြားေပမဲ့ ဒါကို ဖုံးကြယ္ဖို႔ သူ႔မွာ ရည္ရြယ္ခ်က္မရွိခဲ့သည့္အတြက္၊ "ဟုတ္တယ္၊ ေတြ႕ဖူးတယ္။ အဲ့ေန႔က ငါ အလယ္ပိုင္းေဒသကို ပထမဆုံးေရာက္တဲ့ေန႔ပဲဆိုတာ မွတ္မိေနေသးတယ္။ အဲဒီအမ်ိဳးသမီးက သည္းမခံနိုင္ေလာက္ေအာင္ကို မာနႀကီးတယ္။ လူတိုင္းကို သူက အထက္စီးကေနပဲ ၾကည့္တယ္၊ ရိုးရိုးရွင္းရွင္းကို အထင္ေသးတယ္။ "

ဖုန႔္ရွီက သူႏွင့္ သီထ်န္းဟြာၾကားက ထိပ္တိုက္ေတြ႕ခဲ့တဲ့ လြင္ျပင္က်ယ္မွာျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြကို ေျပာျပလိုက္သည္။

သူ႔ဇာတ္လမ္းကိုၾကားေတာ့ သူတို႔သုံးေယာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ ထိတ္လန႔္စြာၾကည့္လိုက္ၾကသည္။ သူတို႔ သီထ်န္းဟြာကို အရင္က ျမင္ဖူးေပမယ့္ ဖုန႔္ရွီေျပာတာေတြက သူတို႔ရဲ့ အမွတ္သညာေတြနဲ႔ အနည္းငယ္ ကြဲျပားေန၏။ သူမက လွပသည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အနီေရာင္ေတာက္ေတာက္ႏွင့္ တင့္တယ္ေသာဘရိုကိတ္ဝတ္႐ုံက သူမ၏ ဆြဲေဆာင္မႈရွိေသာ ကိုယ္ခႏၶာအခ်ိဳးအဆစ္ကို ပုံေပၚထားသည္။ ၿပီးေတာ့ သူမက ဖုန႔္ရွီေျပာသလိုမ်ိဳး ေမာက္မာတာတို႔၊ လႊမ္းမိုဗိုလ္က် ျခယ္လွယ္တာတို႔ မရွိ။ သူတို႔ၾကားတာက သူမက ... ေထာက္ထားစာနာၿပီး တုႏွိုင္းမမွီေသာ အလွေလးတစ္ေယာက္တဲ့!

ဖုန႔္ရွီေျပာတာသာ မွန္တယ္ဆိုရင္ သူတို႔ လွည့္စားခံရတာပဲ။

ေသေသခ်ာခ်ာေတြးၾကည့္ေတာ့ ဖုန႔္ရွီေျပာတာ မွန္တယ္လို႔ သူတို႔ ခံစားရသည္။ သီထ်န္းဟြာက မ်ိဳးရိုးျမင့္ မင္းသမီးတစ္ပါးျဖစ္ၿပီး ေကာင္းကင္ဘုံတစ္ခုလုံးကို လက္ထဲ ဆုပ္ကိုင္ထားနိုင္ေသာ မင္းသမီးတစ္ဦးလည္း ျဖစ္သည္။ ေကာင္းကင္ဘုံရွိ လူမ်ား၏ ေမာက္မာမႈႏွင့္ သူတို႔ကိုယ္သူတို႔ သာလြန္သည္ဟု အထင္ရွိမႈတို႔အေပၚ အေျခခံ၍ သီထ်န္းဟြာက က်ိန္းေသေပါက္ အလိုလိုက္ခံရမွာပဲျဖစ္သည္။ သူမ၏ ဆင္ျခင္တုံတရားနဲ႔ ပတ္သက္လို႔ကေရာ ဘယ္သူက ျမင္ဖူးလို႔လဲ?

ထို႔ေၾကာင့္ သီထ်န္းဟြာ၏ဂုဏ္သတင္းနဲ႔ပတ္သက္ၿပီး သူတို႔ သိခဲ့သည္က ေကာင္းကင္ဘုံက တမင္တကာ ထုတ္လႊင့္ေၾကျငာထားသည့္သတင္းသာ ျဖစ္သည္။ ေကာင္းကင္ဘုံသူဘုံသားေတြက သူတို႔ေတြကို မင္းသမီး သီထ်န္းဟြာရဲ့ ဇာတိ႐ုပ္ အစစ္အမွန္ပုံရိပ္ကို ျပခ်င္ခဲ့မွာမဟုတ္၊ အေၾကာင္းကေတာ့ အလိုလိုက္ခံ အမ်ိဳးသမီးတစ္ေယာက္ အထူးသျဖင့္ သီထ်န္းဟြာလို သူ႔ကိုယ္သူ လူအားလုံးထက္ သာလြန္တယ္လို႔ ခံယူထားတဲ့ မင္းသမီးမ်ိဳးက ဇနီးေကာင္းတစ္ေယာက္ ဘယ္လိုမွ ျဖစ္နိုင္မွာမဟုတ္ဘူးေလ။ ဘယ္သူပဲ သူနဲ႔လက္ထပ္ လက္ထပ္ အဲ့တာက အဆုံးမရွိတဲ့ ဆင္းရဲတြင္းနက္ႀကီးထဲ ေနထိုင္ရသလိုနဲ႔ အတူတူပဲမို႔ေလ။

သုံးေယာက္သား ေခၽြးေအးေတြ ရႊဲေနေအာင္ ထြက္ကုန္ၾကေတာ့သည္။ အဲ့ဒီလိုဘဝမ်ိဳးကို သူတို႔ တကယ္မေတြးရဲဘူး။

"ေကာင္းၿပီ၊ အဲဒါကို ဂ႐ုမစိုက္နဲ႔။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔ေတြ အဲ့အမ်ိဳးသမီးကို လက္မထပ္ခ်င္ဘူး၊ ဟုတ္တယ္မဟုတ္လား? လာ၊ ငါတို႔ တိမ္ပင္လယ္ကို အရင္ဆုံး သြားၾကည့္ၾကစို႔!" သူတို႔ ေၾကာက္ရြံ့ေနပုံရသည္ကို ျမင္လိုက္ရသျဖင့္ ဖုန႔္ရွီ ခ်က္ခ်င္းပဲ စကားေျပာင္းလိုက္ေတာ့သည္။

"မွန္တယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က ငါတို႔ကို ေရြးမယ္လို႔လည္း မထင္ပါဘူး။" ငရဲမင္းႀကီးမွလြဲ၍ မည္သူ႔ကိုမၽွ လက္မထပ္ဟု သီထ်န္းဟြာ ေႂကြးေက်ာ္ခဲ့သည္ကို သူတို႔သုံးေယာက္ ျပန္အမွတ္ရသြားေတာ့ ဖုန႔္ရွီကို အနည္းငယ္ စိတ္ဝင္စားစြာ သူတို႔ ၾကည့္လိုက္ၾကသည္။ အဲ့တာက သူတို႔ ျဖတ္သြားျဖတ္လာေတြအေနနဲ႔ ေမြးေန႔ပြဲမွာ ေတြ႕ရမယ့္ စိတ္အဝင္စားဆုံးအပိုင္းပဲ။

ဒါေပမဲ့ ဖုန႔္ရွီက အဲ့တာကို လုံးဝမသိေနမွန္း သိသာသည္၊ အဲ့လိုမွမဟုတ္လ်င္ သူ ဒီေလာက္ ၿငိမ္ေနမည္မဟုတ္။

20231210; 1442

Stay tuned for the next chapter:

Chapter 203: One Cannot Avoid His Enemy

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

Continue Reading

You'll Also Like

1.6M 108K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
18.2K 1.6K 38
Book 1 ကို wall ထဲမှာကြည့်ပါရန်။ 201 ကနေစပြီးတင်ပါ့မယ်ရှင့်။
77.5K 1.9K 40
This has to be my favorite BNHA ship so I had to write a story about them. Also, warning I'm going to: spoil all of the manga written so far add so...
11.6K 502 10
VERY DARK ROMANCE "You're pathetic," He chuckled, as he viciously shook his leg to extract my hands from it. I finally let go of his leg, and found m...