[ Zawgyi ]
ထိုသူ၏ အသံ အငွေ့အသက်
" ဆရာနမ်ဂျွန်း!! "
ရုပ်တူတဲ့သူများလား
" Hyungပါ ထယ်ယောင်းရယ်
" ဟီး တောင်းပန်ပါတယ်
" အာ ဟုတ် "
" အင်းဟုတ်တယ် ကမ္ဘာနှစ်ခုကိုချိတ်ထားတဲ့သော့လေးဘဲ
" Hyung လည်းမသိတော့ဘူး
သော့ရှိမှ ကမ္ဘာနှစ်ခုတံခါးပေါ်လာတဲ့အချိန်မှာ
ပြန်လာလို့ရမှာ
လုံးဝမတွေ့ဘူး...."
Hyung ကထယ်ယောင်းထက်အရင်ရောက်သွားတော့ ကမ္ဘာနှစ်ခုခြား အချိန်အကူးအပြောင်းကြောင့် ထယ်ယောင်းထက်တစ်နှစ်လောက်ပိုစောရောက်ခဲ့တယ် ။
ထယ်ယောင်းပြောသလိုနေရာလွှဲရောက်တာမဖြစ်နိုင်ပေ
" Hyung ကတော်လိုက်တာ "
" မင်..မင်ယွန်းဂီရှီး "
" မဟုတ်ပါထယ်ယောင်းရယ်
ဟုတ်ပြီလားကောင်လေး "
" ဝါး Yoongi hyung "
သွားကြမယ် "
" ဟုတ်...."
ထိုသူပြောနေတာတွေကအမှန်တွေလို့ပေါ့ ။
ဘယ်သူနဲ့လိုက်မလဲ "
" ကျွန်တော်...."
" မင်းကတော့ တကယ်ပါဘဲ "
" ဟုတ်သားနော် "
ပိုဆိုးသည်မှာ
" ထယ်ယောင်း "
" ဟုတ် "
တကယ်ကိုချစ်စရာလေးပဲ
" ဟုတ်ကဲ့ပါ...."
အိပ်မောကျနေလေပြီ
To be continued....
NaYoungVK🍓
9.10.2021
________________________________.
[ Unicode ]
ထယ်ယောင်းပြုတ်ကျခါနီးပင်တစ်စုံတစ်ယောက်ကဆွဲလိုက်လေသည်
အရှိန်လွန်ကာထိုလူပေါ်သို့လဲကျသွားသည်
ထိုသူ၏ အသံ အငွေ့အသက်
အရာအားလုံးထယ်ယောင်းရင်းနှီးလှသည်
ကြောက်ပြီးမှိတ်ထားသောမျက်လုံးများအားဖွင့်လိုက်စဉ်....
" ဆရာနမ်ဂျွန်း!! "
ဆရာနမ်ဂျွန်းကဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ
ရုပ်တူတဲ့သူများလား
" ဆရာနမ်ဂျွန်းမဟုတ်ဘူးလားမသိဘူး "
ထယ်ယောင်းအတွေးများနေသည်ကို နမ်ဂျွန်းကပြုံးကာကြည့်နေလေသည်
ထယ်ယောင်းခါးအားပွေ့ထားသည်ကိုဖယ်လိုက်ကာ
" Hyungပါ ထယ်ယောင်းရယ်
်အပေါ်ကနေဘယ်တော့မှမဖယ်တော့ဘူးလား "
နမ်ဂျွန်းကရယ်ကာဆိုလေသည်
" ဟီး တောင်းပန်ပါတယ်
ရုတ်တရက်ဆိုတော့ထင်မထားလိုက်လို့ "
ထယ်ယောင်း နမ်ဂျွန်းပေါ်မှထကာ
" ဆရာနမ်ဂျွန်းကကဘယ်လိုရောက်လာတာလဲ "
" ကျောင်းမှာမှမဟုတ်တာ အရင်လို Namjoon hyung ပဲခေါ်ပါ ထယ်ယောင်းရယ် "
" အာ ဟုတ် "
" Hyung ကော ထယ်ယောင်းကောဒီကိုရောက်လာတာထယ်ယောင်းဆွဲကြိုးလေးကြောင့်ဘဲ "
အုတ်ဂူနားမှာတုန်းက ဆွဲကြိုးကအလင်းတွေဖြာထွက်လာတော့ Namjoon hyung ကအသွားသော့ဟုပြောသည်ကိုထယ်ယောင်းအမှတ်ရသွားသည်
" Hyung ပြောတဲ့ အသွားသော့? "
" အင်းဟုတ်တယ် ကမာ္ဘနှစ်ခုကိုချိတ်ထားတဲ့သော့လေးဘဲ
ဒါပေမဲ့ အသွားပဲရတယ် အပြန်သော့ကဘယ်မှာမှန်းမသိဘူး
Hyung ဒီကိစ္စကိုလေ့လာနေတာနှစ်တော်တော်ကြာပြီ "
Hyung ကထယ်ယောင်းရဲ့ကျောင်းမှာဆရာ မဖြစ်ကတည်းက သုတေသနတွေလုပ်သည့် ပါမောက္ခပင်
Hyung အမှန်ပြောနေမှန်းထယ်ယောင်းခံစားမိသည်
" အပြန်သော့ကမရှိတော့ ကျွန်တော်တို့ဘယ်လိုပြန်ကြမလဲ Hyung "
" Hyung လည်းမသိတော့ဘူး
သော့ရှိမှ ကမာ္ဘနှစ်ခုတံခါးပေါ်လာတဲ့အချိန်မှာ
ပြန်လာလို့ရမှာ
Hyung အပြန်သော့ကိုရှာနေတာ တစ်နှစ်ရှိတော့မယ် ထယ်ယောင်း
လုံးဝမတွေ့ဘူး...."
နမ်ဂျွန်းပြောရင်း ထယ်ယောင်းပါးပြင်မှမခြောက်သေးသော မျက်ရည်များအားသုတ်ပေးနေသည်
" Hyung ကဒီကိုရောက်နေတာကြာပြီပေါ့ "
" Hyung မင်းကိုလိုက်ရှာနေခဲ့တာ
Hyung နဲ့အချိန်တူတူရောက်မယ်ထင်ခဲ့ပေမဲ့
Hyung ကထယ်ယောင်းထက်အရင်ရောက်သွားတော့ ကမာ္ဘနှစ်ခုခြား အချိန်အကူးအပြောင်းကြောင့် ထယ်ယောင်းထက်တစ်နှစ်လောက်ပိုစောရောက်ခဲ့တယ် ။
ခြောက်လတစ်ခါတိုင်း တံခါးကပေါ်လာတတ်တာမလို့ လွန်ခဲ့တဲ့ခြောက်လက ဟွန်းဂျီရာစံအိမ်နားမှာ ထယ်ယောင်းကို စောင့်နေသေးတယ်
အမှန်ဆို ထယ်ယောင်းကစံအိမ်ဘေးက ရေကန်နားမှာပေါ်လာရမှာ
စံအိမ်အတွင်းထဲထယ်ယောင်းရောက်နေတာလို့ hyung ကြားတယ်
Hyung ရောက်တဲ့အချိန်မှာ ထယ်ယောင်းက စံအိမ်နားမှာလမ်းတောင်လျှောက်နေပြီ
Hyung နည်းနည်းနောက်ကျသွားတာ တောင်းပန်ပါတယ်...."
" အာ မဟုတ်တာ တောင်းပန်မယ်ဆိုကျွန်တော်ကတောင်းပန်ရမှာပါ
Hyung ကိုပါခေါ်လာမိလို့ "
" Hyung ကိုတောင်းပန်စရာမလိုပါဘူးကွာ
ထယ်ယောင်း အန္တရာယ်ကင်းကင်းရောက်လာတာဆိုရင် hyung ကျေနပ်ပါပြီ
ပြီးတော့ 1682 မှာ ninja လုပ်ရတာလည်းမဆိုးလှပါဘူး "
Hyung ကရယ်ပြီးထယ်ယောင်းဆံပင်အားလက်နှင့်ဖွလေသည်
" ဆရာနမ်ဂျွန်းကနေ နင်ဂျာနမ်ဂျွန်းပေါ့ "
ထယ်ယောင်းပါလိုက်ရယ်မိသည်
" မေးရဦးမယ် ထယ်ယောင်း စံအိမ်ထဲဘယ်လိုရောက်သွားတာလဲ "
" မသိဘူး hyung ကျွန်တော်နိုးလာကတည်းကစံအိမ်ထဲရောက်နေတာ
နေရာနည်းနည်းလွဲပြီးများရောက်သွားတာလားမသိဘူး "
နမ်ဂျွန်းဘာမှပြန်မပြောမိ
ထယ်ယောင်းပြောသလိုနေရာလွွှဲရောက်တာမဖြစ်နိုင်ပေ
ထယ်ယောင်း သတိရမလာချိန် တစ်ခုခုတော့ရှိခဲ့ပုံပင်
ထယ်ယောင်းအတွေးတွေများမည်စိုး၍ ဒါကိုနမ်ဂျွန်းထုတ်မပြောဖို့သာတွေးလိုက်သည် ။
" အခုကျွန်တော်ဘယ်ကိုသွားရမလဲ hyung "
နမ်ဂျွန်း ထယ်ယောင်းကိုသူနေရာ ကိုခေါ်သွားချင်သော်လည်း နင်ဂျာတွေကြီးပဲမလို့အပြင်လူခေါ်ဖို့မလွယ်လှပေ
ထယ်ယောင်းလုံခြုံရေးအတွက်လည်းစိတ်မချ
ထယ်ယောင်းအတွက် အလုံခြုံဆုံးက ဆာမူရိုင်းတွေနေသည့် Jungkook နေရာအိမ်တော်သာ
" Hyung ထယ်ယောင်းကိုခေါ်သွားချင်ပေမဲ့
နင်ဂျာမဟုတ်တဲ့အပြင်လူကိုခေါ်မရဘူး
သာမန်လူတွေအတွက်လုံခြုံရေးအရလည်အပြည့်အဝမကာကွယ်နိုင်ဘူး ထယ်ယောင်း
ထယ်ယောင်းအတွက်အလုံခြုံဆုံးက Jeon Jungkook နေရာပဲ "
" သူကကျွန်တော်ကိုသတ်ချင်နေတာ hyung ရယ် "
" ထယ်ယောင်း အထင်တခုခုလွဲနေတာနေမှာပါ
Jeon Jungkook ကလက်လွတ်စပယ်ဘယ်တော့မှမလုပ်ပါဘူးထယ်ယောင်းရယ်
ပြီးတော့ မင်ယွန်းဂီနဲ့စကားပြောနေတာကိုလည်း hyung ကြားတယ် "
ထယ်ယောင်းငိုပြီးပြေးထွက်သွားသည်ကိုမနှောက်ယှက်ချင်လို့ ထယ်ယောင်းနားကနမ်ဂျွန်းမသိမသာလိုက်ခဲ့သည်လေ
" သူတို့ထယ်ယောင်းကိုမသတ်ပါဘူး "
ထိုစဉ် ထယ်ယောင်းအားခေါ်နေသည့်လူသံတစ်ချို့ကိုနမ်ဂျွန်းကြားလိုက်ရသည်
သူ ninja လိုဝတ်ဆင်ထားသည်မလို့ မျက်နှာအားလူတွေသိလို့မဖြစ်ပေ
" နောက်မှထပ်တွေ့ကြတာပေါ့ ထယ်ယောင်း "
ထို့နောက်အလျင်အမြန်ပင်မျက်စိရှေ့ကပျောက်ကွယ်သွားသည်
" Hyung ကတော်လိုက်တာ "
" အာ တွေ့ပြီ ထယ်ယောင်းရှီးကို "
ထယ်ယောင်း နောက်မှရင်းနှီးသောအသံကိုကြားလိုက်ရသည်
" မင်..မင်ယွန်းဂီရှီး "
ထယ်ယောင်း ခြေလှမ်းများအားနောက်သို့ဖြည်းဖြည်းဆုတ်နေမိသည်
" ကျွန်တော်ကိုသတ်တော့မလို့လားဟင် "
မင်ယွန်းဂီနှင့် ဂျောင်ဟိုဆော့မျက်နှာမှာ ရုတ်တရက်ကြောင်သွားပုံပင်
ထို့နောက်ဟိုဆော့ကရယ်ကာ
" မဟုတ်ပါထယ်ယောင်းရယ်
ကျွန်တော်တို့ကဘာလို့သတ်ရမှာတုန်း "
" ဟင့်အင်း ကျွန်တော်နားနဲ့ကြားထားတာကို "
" ရော် ခက်ပြီ ။ Yoongi hyung တစ်ခုခုများပြောခဲ့သေးလား "
" ထယ်ယောင်းရှီးအကြောင်းကို ဘာမှကိုမပြောဖြစ်သေးပါဘူး "
ယွန်းဂီ မြင်းပေါ်မှဆင်းကာထယ်ယောင်းအနားလျှောက်လာလေသည် ။
" ကဲ ကိုယ်တို့သွားရအောင်
Jungkook တို့ကသွားနှင့်နေပြီ
ဘာတွေပဲဖြစ်ဖြစ် ကိုယ်ကတော့ထယ်ယောင်းရှီးကိုသတ်မဲ့သူမဟုတ်ဘူး
ဟုတ်ပြီလားကောင်လေး "
ယွန်းဂီကခါးအားထယ်ယောင်းရှေ့သို့အနည်းငယ်ကိုင်းကာ ထယ်ယောင်းခေါင်းအားအသာအယာပုတ်ကာ ပြုံးပြလေသည် ။
" ဝါး Yoongi hyung "
အပြုံးနည်းသော Yoongi hyung ကဒီနေ့မှတွေ့သည့်ကောင်လေးအားပြုံးပြနေသည်မှာ yoongi hyung လို့ယုံဖွယ်ရာပင်မရှိ
နွေရာသီကြီးနှင်းကျတာကပင်ဖြစ်နိုင်ဦးမယ်
" Hoseok ရယ်မြင်းပေါ်ပြန်တက်စမ်းပါ
သွားကြမယ် "
ကောင်လေးစိတ်သာအောင် စကားပြောဖို့လုပ်သော်လည်း
ကောင်လေးမျက်နှာကိုအနီးကပ်မြင်လိုက်ရတော့မပြုံးဘဲမနေနိုင်ပေ
ငိုထားလို့နီနေသောနှာခေါင်းလေးနှင့် အနည်းငယ်အစ်ကာနီနေသောမျက်လုံးလေး
အတော်ပင်ချစ်ဖို့ကောင်းနေသည်ကိုး
" ဟုတ်...."
မင်ယွန်းဂီရှီး စကားကိုယုံလို့ရတယ်မသိစိတ်ကခံစားမိနေသည်
ထိုသူပြောနေတာတွေကအမှန်တွေလို႔ပေါ့ ။
" ထယ်ယောင်း မြင်းမစီးတတ်လောက်ဘူးထင်တယ်
ဘယ်သူနဲ့လိုက်မလဲ "
" ကျွန်တော်...."
ဟိုဆော့စကားအားထယ်ယောင်းပြန်ဖြေနေစဉ်ပင် ယွန်းဂီကထယ်ယောင်းအား ဆွေ့ကနဲမြင်းပေါ်မတင်လိုက်လေသည်
ဟိုဆော့အိမ်မက်များမက်နေသလားဟုပင်ထင်မိသည် ။
အချင်းချင်းတောင်မြင်းကိုတူတူမစီးတဲ့ Yoongi hyung ကအခုကျတော့လည်းသူမဟုတ်သလိုပင်
" Min Yoongi ဆေးစားမှာလာတယ်ဗျို့!! "
" မင်းကတော့ တကယ်ပါဘဲ "
ယွန်းဂီ ဂုတ်အားလက်ဖြင့်ပွတ်ကာ မြင်းပေါ်တင်းရင်း
ထယ်ယောင်း ခါးအားနောက်မှသိုင်းဖက်လိုက်ရလေသည် ။
" ပြုတ်ကျမယ် သေချာကိုင်ထား ထယ်ယောင်းရှီး "
" ဟုတ်...ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲခေါ်လို့ရပါတယ် ယွန်းဂီရှီး "
" ထယ်ယောင်းကျကိုယ့်ကိုပေါ့ပေါ့ပါးပါးပဲပြောတာဆိုတော့ "
" ဟုတ်သားနော် "
ထယ်ယောင်းပြုံးလိုက်သည်နှင့်အလင်းတွေဖြာထွက်သလို
နေရောင်နုနုအောက် ပန်းတွေပွင့်လာသလိုပင်ခံစားလိုက်ရသည် ။
အခုမှသိတဲ့သူစိမ်းကောင်လေးတစ်ယောက်ကိုဒီလောက်တောင်ခံစားစေနိုင်သည်လား?
ယွန်းဂီ အသံအားပုံမှန်ရှူထုတ်လုပ်ရင်း ကောင်လေးဆီကအကြည့်လွှဲလိုက်လေသည်
ကောင်လေးကိုသူအကြာကြီးကြည့်နေမိလျှင်
ထိန်းချုပ်မှုမဲ့ကာမြင်းပေါ်ကတောင်ပြုတ်ကျမလားပင်
ထယ်ယောင်း မျက်လုံးများပင်လေးဆင်းကာအိပ်ချင်လှသည်။
မြင်းပေါ်မှာအိပ်ပျော်သွားလျှင်လည်းပြုတ်ကျဦးမည် ။
ပိုဆိုးသည်မှာ
ယွန်းဂီအသံရှုသွင်းသည့်လေငွေ့များကထယ်ယောင်းအားထိနေလေသည်
မင်ယွန်းဂီရင်ခွင်ထဲလုံးဝကြီးကိုရောက်နေတာပဲ
ထိုအတွေးကြောင့်မျက်နှာပင်အတော်ပူလာသည် ။
" ထယ်ယောင်း "
" ဟုတ် "
" ဟိုရောက်တဲ့အခါဂျီမင်းရှိနေတာမလို့သတိထားပါ
ကိုယ်တို့ကထယ်ယောင်းအနားအမြဲရှိနေတာမဟုတ်တော့ "
ရင်ခွင်ထဲမှကောင်လေးကအသာခေါင်းညိတ်လိုက်သည်မလို့
ပြုံးမှန်းမသိပြုံးမိပြန်လေသည် ။
တကယ်ကိုချစ်စရာလေးပဲ
" ဟုတ်ကဲ့ပါ...."
ဂျီမင်းဆိုသူကတကယ်ပင်ယုံကြည်မရသူလေလား ။
" အိပ်ချင်နေရင် ကိုယ့်ပုခုံးပေါ်ကိုမှီရင်မှီထားလိုက်
ရောက်ဖို့ကအတော်လိုသေးတယ် "
ယွန်းဂီ ပုခုံးပေါ်မှီရမှာကိုထယ်ယောင်းအလွန်ပင်အားနာလှသည်
ဒီလိုတူတူလိုက်စီးပြီးအလုပ်ရှုပ်စေတာတောင်တော်တော်လွန်နေလေပြီမလား
သို့သော် ထယ်ယောင်းမျက်လုံးများကတော့ထိန်းချုပ်လို့မရပေ ။
အချိန်အနည်းငယ်ကြာတော့ ရင်ခွင်ထဲမှကောင်လေးကငြိမ်သွားသည်မလို့ငုံ့ကြည့်တော့
အိပ်မောကျနေလေပြီ
ခေတ်လူငယ်အရွယ်နဲ့မလိုက် တစ်ရက်ထဲနဲ့မျိုးစုံတွေဖြစ်ခဲ့ရတော့အတော့ပင်ပင်ပန်းနေရောပေါ့
ကောင်းသောညပါ ထယ်ယောင်း ။
To be continued....
NaYoungVK🍓
9.10.2021
( A/N - Main characters က 7ယောက်လုံးလိုမလို့ နှစ်ယာက်ကိုတစ်ပိုင်းလိုမျိုးခွဲရေးရတာမလို့
ကိုယ် ship တဲ့သူကဒီအပိုင်းမပါတာမျိုးဖြစ်ခဲ့ရင်တကယ်ကိုအားနာပါတယ်
ဇာတ်လမ်းအရှည်မလို့ ဖြည်းဖြည်းပဲသွားပြီး
Character တစ်ယောက်ချင်းရဲ့ခံစားချက်လေးတွေပါထည့်ရေးတာမလို့ တစ်ပိုင်းကို လူအများကြီးသုံးဖို့မလွယ်လို့ပါ
ကိုယ်ပျင်းတာလဲပါတာပေါ့ 😂 )