(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

712K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု

3K 697 17
By Xiao_Yiii

Unicode

အခန်း(၃၀၃) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု

ကျောင်းမိသားစု သခင်ကြီးက သက်ပြင်းချသည်။

"ကျုပ်လည်း ငြိမ်းအေးခြင်းဆေးပင် စံအိမ်ကိုဒီလိုမျိုး ခြောက်ကပ်သွားသည်အထိ ညှစ်မထုတ်ချင်ပါဘူး, ကျောင်းမိသားစုမှာက ငွေကြေးလည်း လုံလောက်ပြီး မိတ်ဆွေတွေကို ရွေးချယ်မှုလည်း ပိုများတယ်, ဒါ့အပြင် ခရမ်းမြို့မှာက အဂ္ဂီရတ်ပညာရှင်တွေ အများကြီးလေ, ကျုပ်တို့ရဲ့ စီးပွားရေးက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ ပိုက်ဆံမရှာနိုင်တာမှ မဟုတ်တာ, ကျုပ်တို့အနည်းနဲ့အများ လုံလောက်ရင် အဆင်ပြေပြီ, ဒါပေမဲ့ အခုတော့ကျုပ်တို့လည်း မတတ်နိုင်ဘူး, အကယ်၍ ကျုပ်တို့ ပိုက်ဆံမရှာဘူးဆိုရင် ကျောင်းမိသားစုရဲ့ စီးပွားရေးကို ဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး"

ချင်းကျူရဲ့ အမူအယာက လေးနက်သွားသည်။ သူက မနေနိုင်စွာပင် ခပ်မတ်မတ် ထိုင်လိုက်ပြီး မေးလာ၏။

"ကျောင်းသခင်ကြီး, အစပိုင်းတုန်းက ခင်ဗျားကို အဲ့ဒီပစ္စည်းတွေပေးတာ ဘယ်သူတွေလဲ? ကျောင်းမိသားစုတောင် ဆန့်ကျင်ဖို့ မတတ်နိုင်တဲ့သူတွေ ရှိနေတာလား?"

ကျောင်းမိသားစုရဲ့ သခင်ကြီးက ခါးသက်သက်ပြုံးသည်။

"ကျုပ်လည်း သူတို့က ဘယ်သူလဲမသိဘူး, ကျုပ်သိတာက ကျောင်းမိသားစုထဲက ဘယ်အကြီးအကဲကမှ အဲ့ဒီ မျက်နှာဖုံးနဲ့လူကို မဆန့်ကျင်နိုင်ဘူး, ထပ်ပေါင်းပြောရရင် အဲ့ဒီလူရဲ့ လက်အောက်ငယ်သားတွေ အားလုံးကလည်း အရမ်းစွမ်းအား ကြီးကြတယ်!"

ချင်းကျူက မျက်မှောင်ကျုံ့သည်။

"သခင်ကြီးကျောင်း, အဲ့ဒိနေ့တွေတုန်းက ကိစ္စကို ပိုပြီးရှင်းပြပေးလို့ရမလား?"

သူက ခေါင်းညိတ်ပြ၏။

"ဘာလို့မရရမှာလဲ?"

ကျောင်းသခင်ကြီးက အဲ့ဒီနေ့က ဖြစ်ရပ်ကို အသေးစိတ်ရှင်းပြပေးသည်။ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ပျက်ခဲ့တာ ဖြစ်ပေမယ့်လည်း သူဘယ်လောက်တောင် ထိတ်လန့်ခဲ့ရလဲ ဆိုတာကိုတော့ ကွက်ကွက်ကွင်းကွင်း မှတ်မိနေတုန်းပဲ!

"အဲ့ဒီနေ့ကပေါ့" ကျောင်းသခင်ကြီးက စကားစသည်

"ကျုပ်အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျုပ်ခြံဝင်းထဲမှာ စောင့်နေတဲ့ လူအုပ်တစ်အုပ်ကို မြင်လိုက်ရတယ်, သူတို့ရဲ့ အနေအထားကို ခန့်မှန်းရမယ်ဆိုရင် သူတို့က သေချာပေါက် ပင်မဝင်ပေါက်က ဝင်လာကြတဲ့ပုံမပေါ်ပဲ ကောင်းကင်က ကျလာသလိုမျိုး လေထဲက ပေါ်လာကြတာ"

"အဲ့ဒီမှာ ဘယ်နှစ်ယောက် ရှိနေခဲ့မှန်း ကျုပ်မမှတ်မိဘူး, အကြောင်းကတော့ ချောင်းမြောင်းစောင့်နေတဲ့သူတွေလည်း အများကြီးရှိနေလို့ပဲ, ဒါပေမဲ့ အလယ်ခေါင်မှာ အထူးတလှယ် အဝတ်အစားနဲ့ ထိုင်နေတဲ့သူအပါအဝင်ဆိုရင် စုစုပေါင်း ခုနှစ်ယောက်ရှိပြီး သူတို့အားလုံးက စွမ်းအားကြီး သခင်တွေကြီးပဲ, ကျုပ်သူတို့ကို မြင်လိုက်တဲ့ တစ်ခဏမှာပဲ အလိုလို ဒူးထောက်ကျသွားတာ"

ကျောင်းသခင်ကြီးက စိမ့်တက်လာတဲ့ ကြောက်လန့်မှုကြောင့် သူ့ရင်ဘက်ကို ထိရင်းစကားဆက်သည်.

"သူတို့ပါးစပ်ကို ဖွင့်လိုက်လိုက်ခြင်းပဲ ကျုပ်ဆီကိုစာလိပ်တစ်လိပ် ပစ်ပေးတယ်, ကျုပ်က တုန်တုန်ယင်ယင်နဲ့ ဖွင့်လိုက်တော့ အဲ့ဒါက သူတို့တွေ ကျောင်းမိသားစုကို ပေးမယ့် အကျိုးအမြတ်တွေကို ချရေးထားတာ, ကျုပ်လည်း အံသြသွားတာပေါ့, ဒီလိုကောင်းတဲ့ အရာတွေက ကောင်းကင်ဘုံကနေ ကျုပ်လက်ထဲ ပြုတ်ကျလာမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ, ကျုပ်က သူတို့ကို ကျောင်းမိသားစုကို ဘာလုပ်စေချင်လဲ? လို့ပဲ ပြန်မေးလိုက်တယ်, မျက်နှာဖုံးအုပ်ထားတဲ့လူဘေးမှာ ရပ်နေတဲ့ ခပ်လှလှ မိန်းမငယ်လေးတစ်ယောက် ပြန်ဖြေလာတာက"

'ကျောင်းမိသားစုက ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို လုံးဝဖျက်ဆီးပစ်စေချင်တာ အဲ့ဒါမှ လင်ကျန်က ဘယ်တော့မှပြန်လာလို့ မရတော့ပဲ သူမမိသားစုရဲ့ သခင်ကြီးဆီက အကူအညီကို တောင်းခံယုံကလွဲပြီး ရွေးချယ်စရာမရှိဖြစ်မှာ....'

"ခဏနေဦး!" လင်ရွှမ်းဇီက ကျောင်းသခင်ကြီးကို ရုတ်တရက် ကြားဖြတ်ပြောလာသည်။

"သူတို့ခင်ဗျားကို လာရှာတုန်းက ကျွန်တော့အဖေ သက်ရှိထင်ရှား ရှိနေတုန်းလား?"

ကျောင်းသခင်ကြီးက ခေါင်းညိတ်သည်။

"ဟုတ်တယ်, အဲ့ဒါက မင်းအဖေရဲ့ မတော်တဆမှု မတိုင်ခင် နှစ်ဝက်လောက်နီးနီး အလိုမှာ"

လင်ရွှမ်းဇီက သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ကြည့်ရတာ အဲ့ဒီလူတွေက လင်ကျန်ဆီကိုပဲ လာကြပုံရတယ်

ကျောင်းသခင်ကြီးက စကားဆက်သည်။

"သူတို့စကားတွေအရ လင်ကျန်က သူတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပုံရတယ်ဆိုတာ ကျုပ်ပြောနိုင်တယ် အဲ့ဒါကြောင့်လည်း သူတို့က ဒေါသထွက်ပြီး ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို ဖိနှိပ်တဲ့ နည်းလမ်း သုံးကြတာ, ကျုပ်တွန့်ဆုတ်နေတာကို သူတို့မြင်တော့ ကျုပ်ကို စပြီး ခြိမ်းခြောက်ကြတော့တာပဲ, အကယ်၍ ကျုပ်အဲ့ဒါကို မဖြေရှင်းပေးဘူးဆိုရင် သူတို့က ကျောင်းမိသားစုကို တိုက်ကြီးငါးတိုက်ကနေ ပျောက်ကွယ်သွားအောင်လုပ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်တဲ့"

သူကသက်ပြင်းချသည်။

"ကျောင်းမိသားစုကို အဲ့ဒီလိုခြိမ်းခြောက်ရတဲ့အထိ ဘယ်လောက်တောင် ကိစ္စက ကြီးမားနေရတာလဲ, ကျုပ်သိတယ်, အဲ့ဒီလူတွေက သူတို့ကိုယ်ပိုင် ဆန္ဒအတိုင်းလုပ်ဆောင်နေကြတာ မဟုတ်ဘူးဆိုရင် သူတို့က အရမ်းကို အင်အားကြီးတဲ့သူတွေပဲ ဖြစ်လိမ့်မယ်, မဟုတ်ရင် ဒီလိုမျိုး သုတ်သင်ရှင်းလင်းရေး ဆိုတဲ့စကားလုံးမျိုးကို လွယ်လွယ်နဲ့ပြောမှာမဟုတ်ဘူး"

ကျောင်းသခင်ကြီးအနေနဲ့ ဒီလိုလူမျိုးတွေကို တွေ့ဆုံဘူးတာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် သူသည်လည်း အတွေ့အကြုံ ရင့်ကျက်သည့် လူကြီးတစ်ယောက်ဖြစ်တာကြောင့် ထိတ်လန့်မသွားဘူးလေ။ အဲ့ဒီအစား တစ်ဖက်ရဲ့ ပျက်စီးစေနိုင်စွမ်းကို ချိန်ညှိပြီး ကျောင်းမိသားစုရဲ့ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုအား ချိန်တွယ်လိုက်သည်။

တွက်ချက်မှုများကို လုပ်ပြီးနောက်မှာတော့ ကျောင်းသခင်ကြီးက အံကိုကြိတ်ပြီးတော့သာ သဘောတူလိုက်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူသဘောတူလိုက်ရင်တောင် ဆုံးရှုံးမှုအများကြီးကို ရင်ဆိုင်ရမှာမဟုတ်ဘူး။ အများဆုံးမှ ဟိုလူတွေကို ကျောင်းမိသားစုရဲ့ မြက်ခင်းပြင်တစ်သောင်းစံအိမ်က တစ်နှစ်စာ အကျိုးအမြတ်ရဲ့ (၃၀%)ကို သူတို့ဆီပေးဖို့ သဘောတူပြီး ခြင်္သေ့ရဲ့ဝေစုကို ယူကြလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီလူတွေပြောသလို အကယ်၍ မြက်ခင်းပြင်တစ်သောင်းစံအိမ်ရဲ့ ဝင်ငွေက ဒီနေ့ရဲ့ ငြိမ်းအေးခြင်းဆေးပင်စံအိမ်ထက် ဆယ်ဆပိုများမယ်ဆိုရင် (၃၀%) ဆုံးရှုံးမှုဆိုတာ ဘာမှမဟုတ်ဘူး။

အရိုးသားဆုံးပြောရရင် ကျောင်းမိသားစုက အသက်ရှင်ရပ်တည်နိုင်ဖို့ မြက်ခင်းပြင်တစ်သောင်းစံအိမ်ကို မမှီတည်ပေ။ တော်တော်များများက ကျောင်းမိသားစုရဲ့ တပည့်တွေ မသုံးနိုင်ပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့ မလွယ်ကူတဲ့ ဝိညာဉ်ဆေးပင်များကိုသာ မကြာခဏရောင်းချနေတာဖြစ်သည်။ အကယ်၍ အဆင်ပြေသွားမယ်ဆိုရင် ဒါကကောင်းတဲ့အရာသာဖြစ်သည်။ အဆင်မပြေဘူးဆိုရင်လည်း ၃၀ ရာခိုင်နှုန်းအမြတ်က သူတို့အတွက် ဘာမှအဓိပ္ပါယ်မရှိသလို ကျောင်းမိသားစုလည်း ဆက်လက်ရှင်သန်နိုင်လိမ့်မည်။

သဘောတူညီချက် ရပြိးနောက်မှာ ကျောင်းမိသားစု သခင်ကြီးက သုံးရက်သုံးညတိုင်တိုင် အိပ်မပျော်နိုင်ခဲ့

သူဘာသာသူ အိမ်မှာထိုင်နေတဲ့အချိန် ဘေးဥပါဒ်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာလိမ့်မည်ဟုတောက်လျှောက် ခံစားနေရသည်။

မူလကတော့ မြက်ခင်းပြင်တစ်သောင်းစံအိမ်အတွက် မျှော်လင့်ချက် သိပ်မရှိသော်လည်း ရက်အနည်းငယ်အတွင်းမှာ တစ်စုံတစ်ယောက် ရောက်လာပြီး မြက်ခင်းပြင်တစ်သောင်းစံအိမ်အား သူတို့နဲ့ စီပွားရေးလုပ်ရန် လာရောက် ဆွေးနွေးတော့သည်။ ဒါ့အပြင် အဲ့ဒီလူတွေက ကျောင်းသခင်ကြီးကို တစ်ခါမှ မမြင်ဘူး မကြားဘူးတာတောင် သူတို့အားလုံးက ကြီးမားတဲ့ မိသားစုကြီးများမှ သို့မဟုတ် ကြီးကျယ်လှတဲ့ အဂ္ဂီရတ်ပညာရှင်များ ဖြစ်နေကြသည်။

ဒီလိုအခြေအနေအောက်မှာ ကျောင်းမိသားစုအနေနဲ့ မြက်ခင်းပြင်တစ်သောင်းစံအိမ်အား စီးပွားရေးလုပ်ရန်'ဖိအားပေး' ခံရတော့သည်။ ထို့နောက် သိပ်မကြာခင်မှာပဲ ငြိမ်းအေးခြင်းဆေးပင်စံအိမ်ရဲ့ ဝိညာဉ်ဆေးပင်များ ပျက်စီးဆုံးရှုံးသည့် သတင်းကို ကြားရတော့သည်လေ။

"အဲ့ဒါတွေ ပျက်စီးသွားတုန်းက လင်ကျန်မဆုံးပါးသေးဘူး" ကျောင်းသခင်ကြီးက မှတ်ဉာဏ်ပြန်ခေါ်နေသည်။

လင်ရွှမ်းဇီကမေးသည်။

"အဲ့ဒီတုန်းကတည်းက အဲ့ဒီလူတွေကို ထပ်တွေ့သေးလား?"

ကျောင်းသခင်ကြီးက ခေါင်းခါသည်။

"အဲ့ဒါကြောင့်လည်း ကျုပ်သူတို့ကို မဆန့်ကျင်ရဲတာပေါ့, အကြောင်းကတော့ အဲ့ဒီလူတွေကအရမ်းကို ဆာလောင်နေကြတာတောင် အရမ်းကို ထူးခြားဆန်းကြယ်လွန်းတယ်, သူတို့ကို ဘယ်တော့မှထပ်မတွေ့ရတော့ဘူး, ကျုပ်သူတို့ရဲ့ မူလအရင်းအမြစ်ကိုရှာဖို့ လူတွေပို့ပေမယ့်လည်း အကုန်လုံး ကျရှုံးကြတယ်, ဒါပေမဲ့ အခြေခံကျကျပြောရရင် လင်ကျန်သေဆုံးပြိးနောက်မှာ သူတို့အနေနဲ့ ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို လက်လွှတ်ပေးသင့်တယ်, မမျှော်လင့်ပဲ သူတို့က စံအိမ်ကို နှိမ်နင်းဖို့အတွက် သူတို့ရဲ့ အင်အားစိုက်ထုတ်မှုကိုတောင် တိုးမြှင့်လိုက်သေးတယ်, လင်ကျန်က သူတို့နဲ့ ဘယ်လောက်တောင် နက်ရှိုင်းတဲ့ အမုန်းတရားတွေ ရှိနေလဲတော့ ကျုပ်မသိဘူး"

လင်ရွှမ်းဇီသည်လည်း သဘာဝကျကျပင် သိမနေပေ။ သူ့မှတ်ဉာဏ်ထဲမှာတော့ သူ့အဖေက မိတ်ဆွေတွေ အများကြီး ရှိနေပေမယ့်လည်း အခြေခံအားဖြင့်တော့ ရန်သူမရှိဘူး။

"ကျောင်းသခင်ကြီး" ချင်းကျူက ရုတ်တရက် ပြောလာသည်။

"မျက်နှာဖုံးနဲ့လူဘေးက စကားပြောတဲ့ အမျိုးသမီးက ဘယ်လိုပုံစံလဲ မှတ်မိသေးလား?"

ကျောင်းသခင်ကြီးက မျက်မှောင်ကျုံ့ပြီး သူ့ခေါင်းကိုထိလိုက်သည်။

"ကျုပ်ဝေဝေဝါးဝါးတော့ မှတ်မိတယ် ဒါပေမဲ့ထူးဆန်းတာက ရှင်းရှင်းလင်းလင်း မမြင်ရဘူး"

ချင်းကျူနဲ့လင်ရွှမ်းဇီတို့ အကြည့်ခြင်းဖလှယ်မိကြပြီး သူတို့ရဲ့ နှလုံးသားများ နစ်မြှုပ်သွားရသည်။

၎င်းသည် ထင်ယောင်ထင်မှား မှော်ပညာဖြစ်ရင်ဖြစ် မဟုတ်ရင် ဖိအားအလွန်များသည့်အခါ တစ်ဖက်လူမှ ယူဆောင်လာသည့် မှတ်ဉာဏ်လွှမ်းမိုးမှု တစ်ခုဖြစ်သည်။

အကယ်၍ ထင်ယောင်ထင်မှားမှုကို အသုံးပြုမယ်ဆိုရင် တစ်ဖက်လူရဲ့ အသွင်အပြင်ကို ရှင်းရှင်းမြင်ရဦးမယ် ဆိုပေမယ့်လည်း မှတ်ဉာဏ်တစ်ခုလုံးကို တူးဆွလိုက်မယ် ဆိုရင်တော့တစ်ဖက်လူရဲ့ မှတ်ဉာဏ်ကို ဖယ်ရှားပစ်လိုက်တာနဲ့ ဆင်တူသည်။

လုံးဝကျွမ်းကျင်သူပဲ

လင်ရွှမ်းဇီသည် အနည်းငယ် ဒုက္ခများသလို ခံစားလိုက်ရသည်။

အကယ်၍ တစ်ဖက်က အမျိုးသမီးက ကျောင်းသခင်ကြီးပြောသလို 'အစေခံ' ပဲဆိုရင် အစေခံအဆင့်ပဲဖြစ်တာတောင် ဒိလောက် စွမ်းအင်ကြီးနေရင် 'အဲ့ဒီလူတွေကို' ဆန့်ကျင်ဖို့ ဘယ်လောက် ခက်ခဲကြောင်း ဖော်ပြနေသည်လေ။

တစ်ခြားအရာများကိုတော့ ကျောင်းသခင်ကြီးက ဘာကြောင့်ဆိုတာ မပြောပေ။ ကျောင်းမိသားစုက ဘယ်သူတွေနဲ့ ပူးပေါင်းခဲ့ကြလဲ ဆိုတဲ့ပြောင်းလဲမှုမျိုးကိုလည်း ကျောင်းသခင်ကြီးက ဘာမှမပြောဘူး။ သူက လင်ရွှမ်းဇီ ထိုလူတွေကို သွားရှာပြီး မြက်ခင်းပြင်တစ်သောင်းစံအိမ်ရဲ့ စီးပွားရေးကိုထိခိုက်စေမှာအား စိုးရိမ်နေဟန်ရှိသည်။

ဒီအချိန်မှာ လင်ရွှမ်းဇီအနေနဲ့ အခြေအနေများကို နားလည်လုနီးပါးဖြစ်နေပြီး ငြိမ်းအေးခြင်းဆေးပင်စံအိမ်၏ ရှုံးနိမ့်မှုကိုလည်း ဆုံးဖြတ်နိုင်သွားသည်။ နောက်ကွယ်မှာ ကြိုးဆွဲနေတဲ့သူတစ်ယောက် ရှိနေတာကြောင့် သူတို့က ဒိနေရာမှာ အသုံးဝင်တဲ့ အချက်အလက်များ မရရှိကြ။ လင်ရွှမ်းဇီနဲ့သူ့အဖော်များက အချိန်ကုန်မခံတော့ပဲ မကြာခင်ထပြီး ထွက်ခွာကုန်ကြတော့သည်။

သူတို့ထွက်သွားပြီးနောက်မှာ စင်္ကြန်ရဲ့တစ်ဖက်ကနေ လူငယ်တစ်ယောက် ထွက်လာပြီး ကျောင်းသခင်ကြီးကို မေးလာသည်။

"ဘိုးဘိုး, ဘာလို့ အရမ်းယဉ်ကျေးပြီး သူတို့ကို အများကြီး ပြောလိုက်ရတာလဲ? ကျွန်တော်တိုတွေ အဲ့ဒီလူတွေကို ဆန့်ကျင်မိသွားနိုင်တာမို့လို့ အရမ်းကြီး သဘောထားကြီးနေလို့မရဘူးလေ"

ကျောင်းသခင်ကြီးက လူငယ်လေးရဲ့လက်ခုံအား ပုတ်ပေးသည်။

"မင်းနားမလည်ပါဘူး. အဲ့ဒီလူတွေက ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို တိုက်ခိုက်တယ်ဆိုတာက လင်ကျန်နဲ့ဖြေရှင်းစရာရှိလို့, ဒါပေမဲ့အခု လင်ကျန်လည်းသေသွားပြီဆိုတော့ အဲ့ဒီလူတွေမှာ ဖြေရှင်းဖို့ ပစ်မှတ်မရှိတော့ဘူး, အဲ့ဒါကြောင့် သူတို့က ငါတို့ရဲ့စီးပွားရေးကို ဆက်ပြီး အာရုံစိုက်မှာ မဟုတ်တော့ဘူးလေ, ဒီအတိတ် နှစ်နှစ်အတွင်း ငါတို့ဆီလာတဲ့ လူအရေအတွက် တိုးလာကိုလည်း မင်းမြင်တာပဲလေ, ဒါပေမဲ့လင်ရွှမ်းဇီက ပါရမီရှင်တစ်ယောက်, ဒီရက်တွေမှာ မင်းလည်းသူနဲ့ပတ်သတ်တဲ့ ကောလဟာလတွေ အများကြီး ကြားဘူးမှာပေါ့, အခုသူက နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ ပင်ရင်းတပည့်တစ်ယောက်ဖြစ်လာပြီ, သဘာဝကျကျပဲ သူ့အဆင့်အတန်းက ဒီရေလို မြင့်တက်လာမှာ, ငါတို့ကျောင်းမိသားစုရဲ့ တပည့်တော်တော်များများက နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာ ကျင့်ကြံနေကြတာ ပြိးတော့ တစ်ချို့တွေက နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ အတွင်းစည်းတပည့်တွေလေ, လင်ရွှမ်းဇီကို ဆန့်ကျင်မယ့်အစား သူ့ကိုကြင်နာမှုပြလိုက်တာပိုကောင်းတယ်, အကယ်၍ သူက ကျောင်းမိသားစုကို မကူညီဘူးဆိုရင်တောင် အနည်းဆုံး ငါတို့ကိုဒေါသမထွက်တော့ဘူးပေါ့"

ဆယ်ကျော်သက်လေးက ခဏလောက် စဉ်းစားပြီးနောက်မှာ ခေါင်းညိတ်လာသည်။

"ဘိုးဘိုးပြောတာမှန်တယ်, ကျွန်တော်က အတွေးမဲ့သွားမိတာပါ"

ကျောင်းမိသားစုက ထိုဆိုးယုတ်တဲ့ အစီအစဉ်မှာ အတင်းအကျပ် စေခိုင်းခံရတာ ဖြစ်သော်လည်း ငြိမ်းအေးခြင်းဆေးပင်စံအိမ် ပြိုလဲသွားရာ လမ်းတွင် သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသား ကျန်ရစ်ခဲ့သည်။ လင်ရွှမ်းဇီသာ စိတ်သဘောထား ကျဉ်းမြောင်းပြီး ဒေါသကြီးတဲ့ သူမျိုးဆိုရင် ကျောင်းမိသားစုကို အနာဂတ်မှာ လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး။

ကျောင်းမိသားစုက လင်ရွှမ်းဇီကို မကြောက်ပေမယ့်လည်း မိတ်ဆွေဖွဲ့ခြင်းက ရန်သူဖွဲ့ခြင်းထက်တော့ အများကြီးပိုသာတာပဲလေ။

ကျောင်းမိသားစုအိမ်က ထွက်လာပြီးတဲ့အချိန်မှာ နောက်ကျနေပြီဖြစ်သည်။ လင်ရွှမ်းဇီနဲ့တစ်ခြားသူများက နက်ရှိုင်းမြို့ကိုပြန်ဖို့ ညအမှောင်ကို အခွင့်ကောင်းယူမနေတော့ပဲ တည်းခိုခန်းရှာပြီးတော့သာ နေလိုက်ကြသည်။

အထဲမှာတော့ လူသုံးယောက်က စားပွဲခုံလေးတစ်ခုဘေးမှာ တြိဂံပုံစံ ဝိုင်းဖွဲ့ထိုင်နေသည်။

ယန်ထျန်းဟန်က တည်းခိုခန်းက ဝန်ဆောင်မှုပေးထားသော မုန့်တစ်ချို့အား သူ့ပါးစပ်ထဲ ထိုးသွပ်နေရင်းပြောလာ၏။

"အကိုကြီး, ကြည့်၇တာ အဲ့ဒိလူတွေက ကျောင်းမိသားစုအတွက် တားမြစ်ထားတဲ့အရာထင်တယ်"

လင်ရွှမ်းဇီက ခေါင်းညိတ်သည်။

"ကြည့်ရတာ ငါ့အဖေက တကယ်ပဲ မှားယွင်းပြီးဆန့်ကျင်မိတယ်ထင်တယ်"

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားလိုက်ကာ မေးလာပြန်သည်။

"အကိုကြီး, ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို ဖြေရှင်းတာက ကျန်းမိသားစုလို့ထင်လား?"

လင်ရွှမ်းဇီက ခေါင်းကိုခါယမ်းသည်

"အဲ့ဒါက ကျန်းမိသားစုလို့တော့ မထင်မိဘူး, သူတို့ပုံစံက အတော်လေး ကွဲပြားတယ်, ကျန်းမိသားစုက လင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိသိသာသာ ကျူးကျော်ခဲ့ပေမယ့် ငြိမ်းအေးခြင်းဆေးပင်စံအိမ်က ဒီမှာရှိနေတာလေ, အဲ့ဒီမိသားစုက နောက်တွန့်နေပြီး ကိုယ်တိုင်ရှေ့တက်လာမှာ မဟုတ်ဘူး....ငါနားမလည်တာက ပါးပါးလည်းမရှိတော့တာကို ဘာဖြစ်လို့သူတို့က ငြိမ်းအေးခြင်းဆေးပင်စံအိမ်ကို ဆက်ပြီး ပစ်မှတ်ထားနေတာလဲ ဆိုတာကိုပဲ?"

ချင်းကျူရဲ့ အမူအယာက ရုပ်ဆိုးနေသည်။ ခဏလောက်အကြာမှ မျက်လုံးမြှင့်လာ၏။

"တစ်ချို့ကိစ္စတွေကိုတော့ ငါသိပ်မသေချာဘူး, ဒါပေမဲ့ အတည်ပြုဖို့ အချိန်တစ်ချို့လိုနေတယ်, ကြည့်ရတာ အဲ့ဒီကိစ္စတွေက ငါနဲ့သက်ဆိုင်နေမယ်နဲ့တူတယ်"

လင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့က ချင်းကျူအား တစ်ပြိုင်နက်တည်းကြည့်မိကြသည်။

လင်ရွှမ်းဇီကမေးသည်။

"ဦးလေးကျူ, တစ်ခုခုသိထားလို့လား? ကျွန်တော့အဖေက အရင်တုန်းက ရာဇဝတ်မှုတစ်ခုခုအတွက် အပြစ်ကျူးလွန်ဘူးတာလား?"

ချင်းကျူပုံစံက ဖြူဖျော့နေပြိး ခေါင်းခါပြသည်။

"မင်းအဖေက တစ်ယောက်ယောက်ကို ဆန့်ကျင်ထားတာ မဟုတ်နိုင်လောက်ဘူး, ငါကမှသူ့ကို ပြသနာရှာပေးလိုက်မိတာ လည်းဖြစ်နိုင်တယ်"

ယန်ထျန်းဟန်က နားမလည်သော်လည်း လင်ရွှမ်းဇီရဲ့ မျက်လုံးများကို ကြည့်ပြီး သူ့လျှာဖျားကိုရောက်နေတဲ့ မေးခွန်းများအားပြန်မျိချလိုက်ရသည်။

ချင်းကျူက ခဏလောက် တိတ်ဆိတ်နေရာမှာ မတ်တပ်ထရပ်သည်။

"နောက်ကျနေပြီ, တစ်နေကုန်ပြေးလွှားနေရတော့ ပင်ပန်းနေကြမှာပဲ, စောစောအနားယူကြတော့, ငါဒီကိစ္စကိုသေချာပေါက် အဆုံးထိ သေသေချာချာ ကိုင်တွယ်ပါ့မယ်"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူ့ကိုပြန်လွှတ်လိုက်သည်။

"ဦးလေးကျူ အရမ်းကြိးစိတ်ပူမနေပါနဲ့, အဲ့ဒါကိုသေသေချာချာ ရှာဖွေရင်တော့ အကောင်းဆုံးဆိုပေမယ့် ဖြေရှင်းဖို့အရမ်းခက်ခဲနေတယ် ဆိုရင်တော့ ကျွန်တော်တို့ ပြန်စုစည်းပြီး ပိုဆွေးနွေးသင့်တယ်"

ချင်းကျူက သက်ပြင်းချသည်။

"ကောင်းပါပြီ"

ချင်းကျူထွက်သွားပြီးနောက်မှာ ယန်ထျန်းဟန်က မျက်တောင်ခတ်လိုက်ပြီး ရှုပ်ထွေးနေဟန်လေးဖြင့် မေးလာ၏။

"အကိုကြီး, ဘာဖြစ်လို့ ကျွန်တော့ကို မမေးခိုင်းတာလဲ?"

လင်ရွှမ်းဇီက သူ့ခေါင်းလေးကို ပွတ်ပေးသည်။

"ဦးလေးကျူမှာ အဖြေတစ်ခုရှိမှာပါ ဒါပေမဲ့သူလည်းအခု မသေချာသေးဘူးလေ, ငါတို့တွေ သူရှာဖွေလို့ ပြီးတဲ့အထိ စောင့်ပြီးရင် သူငါတို့ကို အစကနေအဆုံးထိပြန်ပြောပြမယ်ထင်တယ်, အကယ်၍ အဲ့ဒီကိစ္စက နယ်မြေကြီးကိုးခုနဲ့ မသက်ဆိုင်ဘူးဆိုရင် အဲ့ဒါက ဦးလေးကျူနဲ့ သက်ဆိုင်နေတာပဲဖြစ်မယ်"

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားပြီးနောက်မှာ ရုတ်တရက် နားလည်သွားသည်။

"အဲ့ဒါက အကိုကြီးကျူကျီအရင်တုန်းက ပတ်သတ်ဘူးတဲ့ သာမာန်သေမျိုးနဲ့များ ဆိုင်နေမလား?"

လင်ရွှမ်းဇီက ရပ်တန့်သွားပြိးနောက်မှာ ပြန်ဖြေသည်။

"သေတော့မသေချာဘူး, ဒါပေမဲ့ ဒီဖြစ်နိုင်ခြေကိုတော့ ငါမငြင်းဘူး"

လင်မိသားစုဆီကို ရုတ်တရက်ကြီး ပြန်ရောက်လာတဲ့ နေ့ကတည်းက ချင်းကျူက အတိတ်အကြောင်းနဲ့ ပတ်သတ်ပြီးဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူးပေ။ လင်ရွှမ်းဇီက ချင်းကျူရဲ့ ချစ်သူကို သူ့မျက်လုံးနဲ့ တစ်ခါမှ မမြင်ဘူးပေမယ့်လည်း လင်ကျန်တစ်ခါပြောဘူးတာကိုတော့ကြားဘူးသည်။ အဲ့ဒီအချိန်တုန်းက လင်ကျန်က စကားတစ်ခွန်းသာပြောသည်။

"ချင်းကျူစိတ်ဝင်စားနေတဲ့ သာမာန်သေမျိုးက တစ်ခုခုထူးဆန်းတာ ရှိနေမယ်လို့ တောက်လျှောက် ခံစားနေရတယ်, သူက တစ်ခုခုမှားနေတယ်ဆိုတဲ့ ခံစားချက်ရနေတယ်"

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက လင်ကျန်သည် ထိုလူဆီမှာ ဘာမှားနေလဲဆိုတာ ရှာမတွေ့တာကြောင့် နောက်ဆုံးတော့ လက်လွှတ်လိုက်တော့သည်လေ။

3.10.2021

=============

Next Episode

ထူးချွန်တဲ့တပည့်

=============
Zawgyi

အခန္း(၃၀၃) - ေက်ာင္းမိသားစုရဲ႔ ရွင္းျပမႈ

ေက်ာင္းမိသားစု သခင္ႀကီးက သက္ျပင္းခ်သည္။

"က်ဳပ္လည္း ၿငိမ္းေအးျခင္းေဆးပင္ စံအိမ္ကိုဒီလိုမ်ိဳး ေျခာက္ကပ္သြားသည္အထိ ၫွစ္မထုတ္ခ်င္ပါဘူး, ေက်ာင္းမိသားစုမွာက ေငြေၾကးလည္း လံုေလာက္ၿပီး မိတ္ေဆြေတြကို ေရြးခ်ယ္မႈလည္း ပိုမ်ားတယ္, ဒါ့အျပင္ ခရမ္းၿမိဳ႔မွာက အဂၢီရတ္ပညာရွင္ေတြ အမ်ားႀကီးေလ, က်ဳပ္တို႔ရဲ႔ စီးပြားေရးက ဘယ္ေလာက္ပဲ ဆိုးဝါးေနပါေစ ပိုက္ဆံမရွာႏိုင္တာမွ မဟုတ္တာ, က်ဳပ္တို႔အနည္းနဲ႔အမ်ား လံုေလာက္ရင္ အဆင္ေျပၿပီ, ဒါေပမဲ့ အခုေတာ့က်ဳပ္တို႔လည္း မတတ္ႏိုင္ဘူး, အကယ္၍ က်ဳပ္တို႔ ပိုက္ဆံမရွာဘူးဆိုရင္ ေက်ာင္းမိသားစုရဲ႔ စီးပြားေရးကို ဆက္လုပ္ႏိုင္မွာ မဟုတ္ေတာ့ဘူး"

ခ်င္းက်ဴရဲ႔ အမူအယာက ေလးနက္သြားသည္။ သူက မေနႏိုင္စြာပင္ ခပ္မတ္မတ္ ထိုင္လိုက္ၿပီး ေမးလာ၏။

"ေက်ာင္းသခင္ႀကီး, အစပိုင္းတုန္းက ခင္ဗ်ားကို အဲ့ဒီပစၥည္းေတြေပးတာ ဘယ္သူေတြလဲ? ေက်ာင္းမိသားစုေတာင္ ဆန္႔က်င္ဖို႔ မတတ္ႏိုင္တဲ့သူေတြ ရွိေနတာလား?"

ေက်ာင္းမိသားစုရဲ႔ သခင္ႀကီးက ခါးသက္သက္ျပံဳးသည္။

"က်ဳပ္လည္း သူတို႔က ဘယ္သူလဲမသိဘူး, က်ဳပ္သိတာက ေက်ာင္းမိသားစုထဲက ဘယ္အႀကီးအကဲကမွ အဲ့ဒီ မ်က္ႏွာဖံုးနဲ႔လူကို မဆန္႔က်င္ႏိုင္ဘူး, ထပ္ေပါင္းေျပာရရင္ အဲ့ဒီလူရဲ႔ လက္ေအာက္ငယ္သားေတြ အားလံုးကလည္း အရမ္းစြမ္းအား ႀကီးၾကတယ္!"

ခ်င္းက်ဴက မ်က္ေမွာင္က်ံဳ႔သည္။

"သခင္ႀကီးေက်ာင္း, အဲ့ဒိေန႔ေတြတုန္းက ကိစၥကို ပိုၿပီးရွင္းျပေပးလို႔ရမလား?"

သူက ေခါင္းညိတ္ျပ၏။

"ဘာလို႔မရရမွာလဲ?"

ေက်ာင္းသခင္ႀကီးက အဲ့ဒီေန႔က ျဖစ္ရပ္ကို အေသးစိတ္ရွင္းျပေပးသည္။ အဲ့ဒါက လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ျဖစ္ပ်က္ခဲ့တာ ျဖစ္ေပမယ့္လည္း သူဘယ္ေလာက္ေတာင္ ထိတ္လန္႔ခဲ့ရလဲ ဆိုတာကိုေတာ့ ကြက္ကြက္ကြင္းကြင္း မွတ္မိေနတုန္းပဲ!

"အဲ့ဒီေန႔ကေပါ့" ေက်ာင္းသခင္ႀကီးက စကားစသည္

"က်ဳပ္အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ က်ဳပ္ျခံဝင္းထဲမွာ ေစာင့္ေနတဲ့ လူအုပ္တစ္အုပ္ကို ျမင္လိုက္ရတယ္, သူတို႔ရဲ႔ အေနအထားကို ခန္႔မွန္းရမယ္ဆိုရင္ သူတို႔က ေသခ်ာေပါက္ ပင္မဝင္ေပါက္က ဝင္လာၾကတဲ့ပံုမေပၚပဲ ေကာင္းကင္က က်လာသလိုမ်ိဳး ေလထဲက ေပၚလာၾကတာ"

"အဲ့ဒီမွာ ဘယ္ႏွစ္ေယာက္ ရွိေနခဲ့မွန္း က်ဳပ္မမွတ္မိဘူး, အေၾကာင္းကေတာ့ ေခ်ာင္းေျမာင္းေစာင့္ေနတဲ့သူေတြလည္း အမ်ားႀကီးရွိေနလို႔ပဲ, ဒါေပမဲ့ အလယ္ေခါင္မွာ အထူးတလွယ္ အဝတ္အစားနဲ႔ ထိုင္ေနတဲ့သူအပါအဝင္ဆိုရင္ စုစုေပါင္း ခုႏွစ္ေယာက္ရွိၿပီး သူတို႔အားလံုးက စြမ္းအားႀကီး သခင္ေတြႀကီးပဲ, က်ဳပ္သူတို႔ကို ျမင္လိုက္တဲ့ တစ္ခဏမွာပဲ အလိုလို ဒူးေထာက္က်သြားတာ"

ေက်ာင္းသခင္ႀကီးက စိမ့္တက္လာတဲ့ ေၾကာက္လန္႔မႈေၾကာင့္ သူ႔ရင္ဘက္ကို ထိရင္းစကားဆက္သည္.

"သူတို႔ပါးစပ္ကို ဖြင့္လိုက္လိုက္ျခင္းပဲ က်ဳပ္ဆီကိုစာလိပ္တစ္လိပ္ ပစ္ေပးတယ္, က်ဳပ္က တုန္တုန္ယင္ယင္နဲ႔ ဖြင့္လိုက္ေတာ့ အဲ့ဒါက သူတို႔ေတြ ေက်ာင္းမိသားစုကို ေပးမယ့္ အက်ိဳးအျမတ္ေတြကို ခ်ေရးထားတာ, က်ဳပ္လည္း အံၾသသြားတာေပါ့, ဒီလိုေကာင္းတဲ့ အရာေတြက ေကာင္းကင္ဘံုကေန က်ဳပ္လက္ထဲ ျပဳတ္က်လာမယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့မိဘူးေလ, က်ဳပ္က သူတို႔ကို ေက်ာင္းမိသားစုကို ဘာလုပ္ေစခ်င္လဲ? လို႔ပဲ ျပန္ေမးလိုက္တယ္, မ်က္ႏွာဖုံးအုပ္ထားတဲ့လူေဘးမွာ ရပ္ေနတဲ့ ခပ္လွလွ မိန္းမငယ္ေလးတစ္ေယာက္ ျပန္ေျဖလာတာက"

'ေက်ာင္းမိသားစုက ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို လံုးဝဖ်က္ဆီးပစ္ေစခ်င္တာ အဲ့ဒါမွ လင္က်န္က ဘယ္ေတာ့မွျပန္လာလို႔ မရေတာ့ပဲ သူမမိသားစုရဲ႔ သခင္ႀကီးဆီက အကူအညီကို ေတာင္းခံယံုကလြဲၿပီး ေရြးခ်ယ္စရာမရွိျဖစ္မွာ....'

"ခဏေနဦး!" လင္ရႊမ္းဇီက ေက်ာင္းသခင္ႀကီးကို ႐ုတ္တရက္ ၾကားျဖတ္ေျပာလာသည္။

"သူတို႔ခင္ဗ်ားကို လာရွာတုန္းက ကၽြန္ေတာ့အေဖ သက္ရွိထင္ရွား ရွိေနတုန္းလား?"

ေက်ာင္းသခင္ႀကီးက ေခါင္းညိတ္သည္။

"ဟုတ္တယ္, အဲ့ဒါက မင္းအေဖရဲ႔ မေတာ္တဆမႈ မတိုင္ခင္ ႏွစ္ဝက္ေလာက္နီးနီး အလိုမွာ"

လင္ရႊမ္းဇီက သူ႔မ်က္လံုးမ်ားကို က်ဥ္းေျမာင္းလိုက္သည္။ ၾကည့္ရတာ အဲ့ဒီလူေတြက လင္က်န္ဆီကိုပဲ လာၾကပံုရတယ္

ေက်ာင္းသခင္ႀကီးက စကားဆက္သည္။

"သူတို႔စကားေတြအရ လင္က်န္က သူတို႔ကို ျပင္းျပင္းထန္ထန္ ဆန္႔က်င္ထားပံုရတယ္ဆိုတာ က်ဳပ္ေျပာႏိုင္တယ္ အဲ့ဒါေၾကာင့္လည္း သူတို႔က ေဒါသထြက္ၿပီး ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို ဖိႏွိပ္တဲ့ နည္းလမ္း သံုးၾကတာ, က်ဳပ္တြန္႔ဆုတ္ေနတာကို သူတို႔ျမင္ေတာ့ က်ဳပ္ကို စၿပီး ၿခိမ္းေျခာက္ၾကေတာ့တာပဲ, အကယ္၍ က်ဳပ္အဲ့ဒါကို မေျဖရွင္းေပးဘူးဆိုရင္ သူတို႔က ေက်ာင္းမိသားစုကို တိုက္ႀကီးငါးတိုက္ကေန ေပ်ာက္ကြယ္သြားေအာင္လုပ္ဖို႔ ကိုယ္ပိုင္နည္းလမ္းေတြရွိတယ္တဲ့"

သူကသက္ျပင္းခ်သည္။

"ေက်ာင္းမိသားစုကို အဲ့ဒီလိုၿခိမ္းေျခာက္ရတဲ့အထိ ဘယ္ေလာက္ေတာင္ ကိစၥက ႀကီးမားေနရတာလဲ, က်ဳပ္သိတယ္, အဲ့ဒီလူေတြက သူတို႔ကိုယ္ပိုင္ ဆႏၵအတိုင္းလုပ္ေဆာင္ေနၾကတာ မဟုတ္ဘူးဆိုရင္ သူတို႔က အရမ္းကို အင္အားႀကီးတဲ့သူေတြပဲ ျဖစ္လိမ့္မယ္, မဟုတ္ရင္ ဒီလိုမ်ိဳး သုတ္သင္ရွင္းလင္းေရး ဆိုတဲ့စကားလံုးမ်ိဳးကို လြယ္လြယ္နဲ႔ေျပာမွာမဟုတ္ဘူး"

ေက်ာင္းသခင္ႀကီးအေနနဲ႔ ဒီလိုလူမ်ိဳးေတြကို ေတြ႕ဆံုဘူးတာ ပထမဆံုးအႀကိမ္ျဖစ္ေပမယ့္ သူသည္လည္း အေတြ႕အၾကံဳ ရင့္က်က္သည့္ လူႀကီးတစ္ေယာက္ျဖစ္တာေၾကာင့္ ထိတ္လန္႔မသြားဘူးေလ။ အဲ့ဒီအစား တစ္ဖက္ရဲ႔ ပ်က္စီးေစႏိုင္စြမ္းကို ခ်ိန္ၫွိၿပီး ေက်ာင္းမိသားစုရဲ႔ အက်ိဳးအျမတ္ႏွင့္ ဆံုးရွံဳးမႈအား ခ်ိန္တြယ္လိုက္သည္။

တြက္ခ်က္မႈမ်ားကို လုပ္ၿပီးေနာက္မွာေတာ့ ေက်ာင္းသခင္ႀကီးက အံကိုႀကိတ္ၿပီးေတာ့သာ သေဘာတူလိုက္ေလသည္။

ဘယ္လိုပဲျဖစ္ျဖစ္ သူသေဘာတူလိုက္ရင္ေတာင္ ဆံုးရွံုးမွဳအမ်ားႀကီးကို ရင္ဆိုင္ရမွာမဟုတ္ဘူး။ အမ်ားဆံုးမွ ဟိုလူေတြကို ေက်ာင္းမိသားစုရဲ႔ ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္က တစ္ႏွစ္စာ အက်ိဳးအျမတ္ရဲ႔ (၃၀%)ကို သူတို႔ဆီေပးဖို႔ သေဘာတူၿပီး ျခေသၤ့ရဲ႔ေဝစုကို ယူၾကလိမ့္မယ္။

ဒါေပမဲ့ အဲ့ဒီလူေတြေျပာသလို အကယ္၍ ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္ရဲ႔ ဝင္ေငြက ဒီေန႔ရဲ႔ ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ထက္ ဆယ္ဆပိုမ်ားမယ္ဆိုရင္ (၃၀%) ဆံုးရွံုးမႈဆိုတာ ဘာမွမဟုတ္ဘူး။

အ႐ိုးသားဆံုးေျပာရရင္ ေက်ာင္းမိသားစုက အသက္ရွင္ရပ္တည္ႏိုင္ဖို႔ ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္ကို မမွီတည္ေပ။ ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းမိသားစုရဲ႔ တပည့္ေတြ မသံုးႏိုင္ပဲ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ မလြယ္ကူတဲ့ ဝိညာဥ္ေဆးပင္မ်ားကိုသာ မၾကာခဏေရာင္းခ်ေနတာျဖစ္သည္။ အကယ္၍ အဆင္ေျပသြားမယ္ဆိုရင္ ဒါကေကာင္းတဲ့အရာသာျဖစ္သည္။ အဆင္မေျပဘူးဆိုရင္လည္း ၃၀ ရာခိုင္ႏႈန္းအျမတ္က သူတို႔အတြက္ ဘာမွအဓိပၸါယ္မရွိသလို ေက်ာင္းမိသားစုလည္း ဆက္လက္ရွင္သန္ႏိုင္လိမ့္မည္။

သေဘာတူညီခ်က္ ရၿပိးေနာက္မွာ ေက်ာင္းမိသားစု သခင္ႀကီးက သံုးရက္သံုးညတိုင္တိုင္ အိပ္မေပ်ာ္ႏိုင္ခဲ့

သူဘာသာသူ အိမ္မွာထိုင္ေနတဲ့အခ်ိန္ ေဘးဥပါဒ္က ေကာင္းကင္ေပၚကေန ျပဳတ္က်လာလိမ့္မည္ဟုေတာက္ေလွ်ာက္ ခံစားေနရသည္။

မူလကေတာ့ ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္အတြက္ ေမွ်ာ္လင့္ခ်က္ သိပ္မရွိေသာ္လည္း ရက္အနည္းငယ္အတြင္းမွာ တစ္စံုတစ္ေယာက္ ေရာက္လာၿပီး ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္အား သူတို႔နဲ႔ စီပြားေ၇းလုပ္ရန္ လာေရာက္ ေဆြးေႏြးေတာ့သည္။ ဒါ့အျပင္ အဲ့ဒီလူေတြက ေက်ာင္းသခင္ႀကီးကို တစ္ခါမွ မျမင္ဘူး မၾကားဘူးတာေတာင္ သူတို႔အားလံုးက ႀကီးမားတဲ့ မိသားစုႀကီးမ်ားမွ သို႔မဟုတ္ ႀကီးက်ယ္လွတဲ့ အဂၢီရတ္ပညာရွင္မ်ား ျဖစ္ေနၾကသည္။

ဒီလိုအေျခအေနေအာက္မွာ ေက်ာင္းမိသားစုအေနနဲ႔ ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္အား စီးပြားေရးလုပ္ရန္'ဖိအားေပး' ခံရေတာ့သည္။ ထို႔ေနာက္ သိပ္မၾကာခင္မွာပဲ ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ရဲ႔ ဝိညာဥ္ေဆးပင္မ်ား ပ်က္စီးဆံုးရွံုးသည့္ သတင္းကို ၾကားရေတာ့သည္ေလ။

"အဲ့ဒါေတြ ပ်က္စီးသြားတုန္းက လင္က်န္မဆံုးပါးေသးဘူး" ေက်ာင္းသခင္ႀကီးက မွတ္ဉာဏ္ျပန္ေခၚေနသည္။

လင္ရႊမ္းဇီကေမးသည္။

"အဲ့ဒီတုန္းကတည္းက အဲ့ဒီလူေတြကို ထပ္ေတြ႕ေသးလား?"

ေက်ာင္းသခင္ႀကီးက ေခါင္းခါသည္။

"အဲ့ဒါေၾကာင့္လည္း က်ဳပ္သူတို႔ကို မဆန္႔က်င္ရဲတာေပါ့, အေၾကာင္းကေတာ့ အဲ့ဒီလူေတြကအရမ္းကို ဆာေလာင္ေနၾကတာေတာင္ အရမ္းကို ထူးျခားဆန္းၾကယ္လြန္းတယ္, သူတို႔ကို ဘယ္ေတာ့မွထပ္မေတြ႕ရေတာ့ဘူး, က်ဳပ္သူတို႔ရဲ႔ မူလအရင္းအျမစ္ကိုရွာဖို႔ လူေတြပို႔ေပမယ့္လည္း အကုန္လံုး က်ရွံဳးၾကတယ္, ဒါေပမဲ့ အေျခခံက်က်ေျပာရရင္ လင္က်န္ေသဆံုးၿပိးေနာက္မွာ သူတို႔အေနနဲ႔ ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို လက္လႊတ္ေပးသင့္တယ္, မေမွ်ာ္လင့္ပဲ သူတို႔က စံအိမ္ကို ႏွိမ္နင္းဖို႔အတြက္ သူတို႔ရဲ႔ အင္အားစိုက္ထုတ္မႈကိုေတာင္ တိုးႁမွင့္လိ္ုက္ေသးတယ္, လင္က်န္က သူတို႔နဲ႔ ဘယ္ေလာက္ေတာင္ နက္႐ွိဳင္းတဲ့ အမုန္းတရားေတြ ရွိေနလဲေတာ့ က်ဳပ္မသိဘူး"

လင္ရႊမ္းဇီသည္လည္း သဘာဝက်က်ပင္ သိမေနေပ။ သူ႔မွတ္ဉာဏ္ထဲမွာေတာ့ သူ႔အေဖက မိတ္ေဆြေတြ အမ်ားႀကီး ရွိေနေပမယ့္လည္း အေျခခံအားျဖင့္ေတာ့ ရန္သူမရွိဘူး။

"ေက်ာင္းသခင္ႀကီး" ခ်င္းက်ဴက ႐ုတ္တရက္ ေျပာလာသည္။

"မ်က္ႏွာဖံုးနဲ႔လူေဘးက စကားေျပာတဲ့ အမ်ိဳးသမီးက ဘယ္လိုပံုစံလဲ မွတ္မိေသးလား?"

ေက်ာင္းသခင္ႀကီးက မ်က္ေမွာင္က်ံဳ႔ၿပီး သူ႔ေခါင္းကိုထိလိုက္သည္။

"က်ဳပ္ေဝေဝဝါးဝါးေတာ့ မွတ္မိတယ္ ဒါေပမဲ့ထူးဆန္းတာက ရွင္းရွင္းလင္းလင္း မျမင္ရဘူး"

ခ်င္းက်ဴနဲ႔လင္ရႊမ္းဇီတို႔ အၾကည့္ျခင္းဖလွယ္မိၾကၿပီး သူတို႔ရဲ႔ ႏွလံုးသားမ်ား နစ္ႁမွဳပ္သြားရသည္။

၎သည္ ထင္ေယာင္ထင္မွား ေမွာ္ပညာျဖစ္ရင္ျဖစ္ မဟုတ္ရင္ ဖိအားအလြန္မ်ားသည့္အခါ တစ္ဖက္လူမွ ယူေဆာင္လာသည့္ မွတ္ဥာဏ္လႊမ္းမိုးမႈ တစ္ခုျဖစ္သည္။

အကယ္၍ ထင္ေယာင္ထင္မွားမွဳကို အသံုးျပဳမယ္ဆိုရင္ တစ္ဖက္လူရဲ႔ အသြင္အျပင္ကို ရွင္းရွင္းျမင္ရဦးမယ္ ဆိုေပမယ့္လည္း မွတ္ဉာဏ္တစ္ခုလံုးကို တူးဆြလိုက္မယ္ ဆိုရင္ေတာ့တစ္ဖက္လူရဲ႔ မွတ္ဉာဏ္ကို ဖယ္ရွားပစ္လိုက္တာနဲ႔ ဆင္တူသည္။

လံုးဝကၽြမ္းက်င္သူပဲ

လင္ရႊမ္းဇီသည္ အနည္းငယ္ ဒုကၡမ်ားသလို ခံစားလိုက္ရသည္။

အကယ္၍ တစ္ဖက္က အမ်ိဳးသမီးက ေက်ာင္းသခင္ႀကီးေျပာသလို 'အေစခံ' ပဲဆိုရင္ အေစခံအဆင့္ပဲျဖစ္တာေတာင္ ဒိေလာက္ စြမ္းအင္ႀကီးေနရင္ 'အဲ့ဒီလူေတြကို' ဆန္႔က်င္ဖို႔ ဘယ္ေလာက္ ခက္ခဲေၾကာင္း ေဖာ္ျပေနသည္ေလ။

တစ္ျခားအရာမ်ားကိုေတာ့ ေက်ာင္းသခင္ႀကီးက ဘာေၾကာင့္ဆိုတာ မေျပာေပ။ ေက်ာင္းမိသားစုက ဘယ္သူေတြနဲ႔ ပူးေပါင္းခဲ့ၾကလဲ ဆိုတဲ့ေျပာင္းလဲမႈမ်ိဳးကိုလည္း ေက်ာင္းသခင္ႀကီးက ဘာမွမေျပာဘူး။ သူက လင္ရႊမ္းဇီ ထိုလူေတြကို သြားရွာၿပီး ျမက္ခင္းျပင္တစ္ေသာင္းစံအိမ္ရဲ႔ စီးပြားေရးကိုထိခိုက္ေစမွာအား စိုးရိမ္ေနဟန္ရွိသည္။

ဒီအခ်ိန္မွာ လင္ရႊမ္းဇီအေနနဲ႔ အေျခအေနမ်ားကို နားလည္လုနီးပါးျဖစ္ေနၿပီး ၿငိမ္းေအးျခင္းေဆးပင္စံအိမ္၏ ရွံဳးနိမ့္မႈကိုလည္း ဆံုးျဖတ္ႏိုင္သြားသည္။ ေနာက္ကြယ္မွာ ႀကိဳးဆြဲေနတဲ့သူတစ္ေယာက္ ရွိေနတာေၾကာင့္ သူတို႔က ဒိေနရာမွာ အသံုးဝင္တဲ့ အခ်က္အလက္မ်ား မရရွိၾက။ လင္ရႊမ္းဇီနဲ႔သူ႔အေဖာ္မ်ားက အခ်ိန္ကုန္မခံေတာ့ပဲ မၾကာခင္ထၿပီး ထြက္ခြာကုန္ၾကေတာ့သည္။

သူတို႔ထြက္သြားၿပီးေနာက္မွာ စၾကၤန္ရဲ႔တစ္ဖက္ကေန လူငယ္တစ္ေယာက္ ထြက္လာၿပီး ေက်ာင္းသခင္ႀကီးကို ေမးလာသည္။

"ဘိုးဘိုး, ဘာလို႔ အရမ္းယဥ္ေက်းၿပီး သူတို႔ကို အမ်ားႀကီး ေျပာလိုက္ရတာလဲ? ကၽြန္ေတာ္တိုေတြ အဲ့ဒီလူေတြကို ဆန္႔က်င္မိသြားႏိ္ုင္တာမို႔လို႔ အရမ္းႀကီး သေဘာထားႀကီးေနလို႔မရဘူးေလ"

ေက်ာင္းသခင္ႀကီးက လူငယ္ေလးရဲ႔လက္ခံုအား ပုတ္ေပးသည္။

"မင္းနားမလည္ပါဘူး. အဲ့ဒီလူေတြက ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို တိုက္ခိုက္တယ္ဆိုတာက လင္က်န္နဲ႔ေျဖရွင္းစရာရွိလို႔, ဒါေပမဲ့အခု လင္က်န္လည္းေသသြားၿပီဆိုေတာ့ အဲ့ဒီလူေတြမွာ ေျဖရွင္းဖို႔ ပစ္မွတ္မရွိေတာ့ဘူး, အဲ့ဒါေၾကာင့္ သူတို႔က ငါတို႔ရဲ႔စီးပြားေရးကို ဆက္ၿပီး အာရံုစိုက္မွာ မဟုတ္ေတာ့ဘူးေလ, ဒီအတိတ္ ႏွစ္ႏွစ္အတြင္း ငါတို႔ဆီလာတဲ့ လူအေရအတြက္ တိုးလာကိုလည္း မင္းျမင္တာပဲေလ, ဒါေပမဲ့လင္ရႊမ္းဇီက ပါရမီရွင္တစ္ေယာက္, ဒီရက္ေတြမွာ မင္းလည္းသူနဲ႔ပတ္သတ္တဲ့ ေကာလဟာလေတြ အမ်ားႀကီး ၾကားဘူးမွာေပါ့, အခုသူက နစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ ပင္ရင္းတပည့္တစ္ေယာက္ျဖစ္လာၿပီ, သဘာဝက်က်ပဲ သူ႔အဆင့္အတန္းက ဒီေရလို ျမင့္တက္လာမွာ, ငါတို႔ေက်ာင္းမိသားစုရဲ႔ တပည့္ေတာ္ေတာ္မ်ားမ်ားက နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွာ က်င့္ၾကံေနၾကတာ ၿပိးေတာ့ တစ္ခ်ိဳ႔ေတြက နစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ အတြင္းစည္းတပည့္ေတြေလ, လင္ရႊမ္းဇီကို ဆန္႔က်င္မယ့္အစား သူ႔ကိုၾကင္နာမႈျပလိုက္တာပိုေကာင္းတယ္, အကယ္၍ သူက ေက်ာင္းမိသားစုကို မကူညီဘူးဆိုရင္ေတာင္ အနည္းဆံုး ငါတို႔ကိုေဒါသမထြက္ေတာ့ဘူးေပါ့"

ဆယ္ေက်ာ္သက္ေလးက ခဏေလာက္ စဥ္းစားၿပီးေနာက္မွာ ေခါင္းညိတ္လာသည္။

"ဘိုးဘိုးေျပာတာမွန္တယ္, ကၽြန္ေတာ္က အေတြးမဲ့သြားမိတာပါ"

ေက်ာင္းမိသားစုက ထိုဆိုးယုတ္တဲ့ အစီအစဥ္မွာ အတင္းအက်ပ္ ေစခိုင္းခံရတာ ျဖစ္ေသာ္လည္း ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ ၿပိဳလဲသြားရာ လမ္းတြင္ သူတို႔ရဲ႔ ကိုယ္ပိုင္အမွတ္အသား က်န္ရစ္ခဲ့သည္။ လင္ရႊမ္းဇီသာ စိတ္သေဘာထား က်ဥ္းေျမာင္းၿပီး ေဒါသႀကီးတဲ့ သူမ်ိဳးဆိုရင္ ေက်ာင္းမိသားစုကို အနာဂတ္မွာ လြယ္လြယ္နဲ႔ လႊတ္ေပးမွာမဟုတ္ဘူး။

ေက်ာင္းမိသားစုက လင္ရႊမ္းဇီကို မေၾကာက္ေပမယ့္လည္း မိတ္ေဆြဖြဲ႕ျခင္းက ရန္သူဖြဲ႔ျခင္းထက္ေတာ့ အမ်ားႀကီးပိုသာတာပဲေလ။

ေက်ာင္းမိသားစုအိမ္က ထြက္လာၿပီးတဲ့အခ်ိန္မွာ ေနာက္က်ေနၿပီျဖစ္သည္။ လင္ရႊမ္းဇီနဲ႔တစ္ျခားသူမ်ားက နက္႐ွိဳင္းၿမိဳ႔ကိုျပန္ဖို႔ ညအေမွာင္ကို အခြင့္ေကာင္းယူမေနေတာ့ပဲ တည္းခိုခန္းရွာၿပီးေတာ့သာ ေနလိုက္ၾကသည္။

အထဲမွာေတာ့ လူသံုးေယာက္က စားပြဲခံုေလးတစ္ခုေဘးမွာ ႀတိဂံပံုစံ ဝိုင္းဖြဲ႔ထိုင္ေနသည္။

ယန္ထ်န္းဟန္က တည္းခိုခန္းက ဝန္ေဆာင္မႈေပးထားေသာ မုန္႔တစ္ခ်ိဳ႔အား သူ႔ပါးစပ္ထဲ ထိုးသြပ္ေနရင္းေျပာလာ၏။

"အကိုႀကီး, ၾကည့္၇တာ အဲ့ဒိလူေတြက ေက်ာင္းမိသားစုအတြက္ တားျမစ္ထားတဲ့အရာထင္တယ္"

လင္ရႊမ္းဇီက ေခါင္းညိတ္သည္။

"ၾကည့္ရတာ ငါ့အေဖက တကယ္ပဲ မွားယြင္းၿပီးဆန္႔က်င္မိတယ္ထင္တယ္"

ယန္ထ်န္းဟန္က ခဏေလာက္ စဥ္းစားလိုက္ကာ ေမးလာျပန္သည္။

"အကိုႀကီး, ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို ေျဖရွင္းတာက က်န္းမိသားစုလို႔ထင္လား?"

လင္ရႊမ္းဇီက ေခါင္းကိုခါယမ္းသည္

"အဲ့ဒါက က်န္းမိသားစုလို႔ေတာ့ မထင္မိဘူး, သူတို႔ပံုစံက အေတာ္ေလး ကြဲျပားတယ္, က်န္းမိသားစုက လင္မိသားစုရဲ႔ ပိုင္ဆိုင္မႈေတြကို သိသိသာသာ က်ဴးေက်ာ္ခဲ့ေပမယ့္ ၿငိမ္းေအးျခင္းေဆးပင္စံအိမ္က ဒီမွာရွိေနတာေလ, အဲ့ဒီမိသားစုက ေနာက္တြန္႔ေနၿပီး ကိုယ္တိုင္ေရွ႕တက္လာမွာ မဟုတ္ဘူး....ငါနားမလည္တာက ပါးပါးလည္းမရွိေတာ့တာကို ဘာျဖစ္လို႔သူတို႔က ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ကို ဆက္ၿပီး ပစ္မွတ္ထားေနတာလဲ ဆိုတာကိုပဲ?"

ခ်င္းက်ဴရဲ႔ အမူအယာက ႐ုပ္ဆိုးေနသည္။ ခဏေလာက္အၾကာမွ မ်က္လံုးႁမွင့္လာ၏။

"တစ္ခ်ိဳ႔ကိစၥေတြကိုေတာ့ ငါသိပ္မေသခ်ာဘူး, ဒါေပမဲ့ အတည္ျပဳဖို႔ အခ်ိန္တစ္ခ်ိဳ႔လိုေနတယ္, ၾကည့္ရတာ အဲ့ဒီကိစၥေတြက ငါနဲ႔သက္ဆိုင္ေနမယ္နဲ႔တူတယ္"

လင္ရႊမ္းဇီနဲ႔ယန္ထ်န္းဟန္တို႔က ခ်င္းက်ဴအား တစ္ၿပိဳင္နက္တည္းၾကည့္မိၾကသည္။

လင္ရႊမ္းဇီကေမးသည္။

"ဦးေလးက်ဴ, တစ္ခုခုသိထားလို႔လား? ကၽြန္ေတာ့အေဖက အရင္တုန္းက ရာဇဝတ္မႈတစ္ခုခုအတြက္ အျပစ္က်ဴးလြန္ဘူးတာလား?"

ခ်င္းက်ဴပံုစံက ျဖဴေဖ်ာ့ေနၿပိး ေခါင္းခါျပသည္။

"မင္းအေဖက တစ္ေယာက္ေယာက္ကို ဆန္႔က်င္ထားတာ မဟုတ္ႏိုင္ေလာက္ဘူး, ငါကမွသူ႔ကို ျပသနာရွာေပးလိုက္မိတာ လည္းျဖစ္ႏိုင္တယ္"

ယန္ထ်န္းဟန္က နားမလည္ေသာ္လည္း လင္ရႊမ္းဇီရဲ႔ မ်က္လံုးမ်ားကို ၾကည့္ၿပီး သူ႔လွ်ာဖ်ားကိုေရာက္ေနတဲ့ ေမးခြန္းမ်ားအားျပန္မ်ိခ်လိုက္ရသည္။

ခ်င္းက်ဴက ခဏေလာက္ တိတ္ဆိတ္ေနရာမွာ မတ္တပ္ထရပ္သည္။

"ေနာက္က်ေနၿပီ, တစ္ေနကုန္ေျပးလႊားေနရေတာ့ ပင္ပန္းေနၾကမွာပဲ, ေစာေစာအနားယူၾကေတာ့, ငါဒီကိစၥကိုေသခ်ာေပါက္ အဆံုးထိ ေသေသခ်ာခ်ာ ကိုင္တြယ္ပါ့မယ္"

လင္ရႊမ္းဇီက ေခါင္းညိတ္ျပလိုက္ၿပီး မတ္တပ္ရပ္လိုက္ကာ သူ႔ကိုျပန္လႊတ္လိုက္သည္။

"ဦးေလးက်ဴ အရမ္းႀကိးစိတ္ပူမေနပါနဲ႔, အဲ့ဒါကိုေသေသခ်ာခ်ာ ရွာေဖြရင္ေတာ့ အေကာင္းဆံုးဆိုေပမယ့္ ေျဖရွင္းဖို႔အရမ္းခက္ခဲေနတယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ျပန္စုစည္းၿပီး ပိုေဆြးေႏြးသင့္တယ္"

ခ်င္းက်ဴက သက္ျပင္းခ်သည္။

"ေကာင္းပါၿပီ"

ခ်င္းက်ဴထြက္သြားၿပီးေနာက္မွာ ယန္ထ်န္းဟန္က မ်က္ေတာင္ခတ္လိုက္ၿပီး ရႈပ္ေထြးေနဟန္ေလးျဖင့္ ေမးလာ၏။

"အကိုႀကီး, ဘာျဖစ္လို႔ ကၽြန္ေတာ့ကို မေမးခိုင္းတာလဲ?"

လင္ရႊမ္းဇီက သူ႔ေခါင္းေလးကို ပြတ္ေပးသည္။

"ဦးေလးက်ဴမွာ အေျဖတစ္ခုရွိမွာပါ ဒါေပမဲ့သူလည္းအခု မေသခ်ာေသးဘူးေလ, ငါတို႔ေတြ သူရွာေဖြလို႔ ၿပီးတဲ့အထိ ေစာင့္ၿပီးရင္ သူငါတို႔ကို အစကေနအဆံုးထိျပန္ေျပာျပမယ္ထင္တယ္, အကယ္၍ အဲ့ဒီကိစၥက နယ္ေျမႀကီးကိုးခုနဲ႔ မသက္ဆိုင္ဘူးဆိုရင္ အဲ့ဒါက ဦးေလးက်ဴနဲ႔ သက္ဆိုင္ေနတာပဲျဖစ္မယ္"

ယန္ထ်န္းဟန္က ခဏေလာက္ စဥ္းစားၿပီးေနာက္မွာ ႐ုတ္တရက္ နားလည္သြားသည္။

"အဲ့ဒါက အကိုႀကီးက်ဴက်ီအရင္တုန္းက ပတ္သတ္ဘူးတဲ့ သာမာန္ေသမ်ိဳးနဲ႔မ်ား ဆိုင္ေနမလား?"

လင္ရႊမ္းဇီက ရပ္တန္႔သြားၿပိးေနာက္မွာ ျပန္ေျဖသည္။

"ေသေတာ့မေသခ်ာဘူး, ဒါေပမဲ့ ဒီျဖစ္ႏိုင္ေျခကိုေတာ့ ငါမျငင္းဘူး"

လင္မိသားစုဆီကို ႐ုတ္တရက္ႀကီး ျပန္ေရာက္လာတဲ့ ေန႔ကတည္းက ခ်င္းက်ဴက အတိတ္အေၾကာင္းနဲ႔ ပတ္သတ္ၿပီးဘယ္တုန္းကမွ ထုတ္မေျပာခဲ့ဘူးေပ။ လင္ရႊမ္းဇီက ခ်င္းက်ဴရဲ႔ ခ်စ္သူကို သူ႔မ်က္လံုးနဲ႔ တစ္ခါမွ မျမင္ဘူးေပမယ့္လည္း လင္က်န္တစ္ခါေျပာဘူးတာကိုေတာ့ၾကားဘူးသည္။ အဲ့ဒီအခ်ိန္တုန္းက လင္က်န္က စကားတစ္ခြန္းသာေျပာသည္။

"ခ်င္းက်ဴစိတ္ဝင္စားေနတဲ့ သာမာန္ေသမ်ိဳးက တစ္ခုခုထူးဆန္းတာ ရွိေနမယ္လို႔ ေတာက္ေလွ်ာက္ ခံစားေနရတယ္, သူက တစ္ခုခုမွားေနတယ္ဆိုတဲ့ ခံစားခ်က္ရေနတယ္"

ဒါေပမဲ့ အဲ့ဒီအခ်ိန္တုန္းက လင္က်န္သည္ ထိုလူဆီမွာ ဘာမွားေနလဲဆိုတာ ရွာမေတြ႕တာေၾကာင့္ ေနာက္ဆံုးေတာ့ လက္လႊတ္လိုက္ေတာ့သည္ေလ။

3.10.2021

=============

Next Episode

ထူးခၽြန္တဲ့တပည့္

=============

Continue Reading

You'll Also Like

206K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
460K 65.4K 48
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
178K 27.3K 65
Author : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and art...
363K 66K 82
Lord Seventh by Priest