แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

361K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ‚แ‚.แ {U}

2.9K 541 42
By Hot_Tofu1

ON SAT 2, 2021 BY HOT_TOFU

Chapter 22, Arc 2: ထပ်ခိုးထဲမှချစ်သူ

ယောင်းယီသည်အနည်းငယ်ပြာယာခတ်
သွားခဲ့သည်။သို့သော်လည်းသူသည်
တကယ်ကြီးကိုရေဆာနေတာဖြစ်သည့်
အတွက်ရွေးချယ်စရာမရှိပါဘဲမီးဖိုချောင်
ထဲရှိရေခဲသေတ္တာထဲမှရေဗူးအချို့အား
ယူဆောင်ကာဧည့်ခန်းတစ်လျှောက်
ဖြတ်သန်း၍အပေါ်ထပ်ဆီသို့အလျင်
အမြန်ပြေးတက်သွားခဲ့သည်။ဤသို့ဖြင့်
သူ၏အနောက်ဘက်တွင်ရှိနေသည့်
အမှောင်ထုထဲတွင်ဝမ်းနည်းပက်လက်
ဖြစ်နေသောအမူအရာနှင့်ပုန်းကွယ်နေသည့်
ဝိဉာဉ်ကိုပါချန်ထားခဲ့လေသည်။

ကောင်လေးက...သူချက်ပေးထားတဲ့ဟင်းတွေ
ကိုမကြိုက်ဘူးလား?

Patter-

အလျင်အမြန်ပြေးတက်သွားသည့်ခြေလှမ်း
များဖြင့်ယောင်းယီသည်ခေါက်လှေကား
အပေါ်သို့တွယ်တက်၍မြန်မြန်ဆန်ဆန်
ပြန်ခေါက်သိမ်းလိုက်ပြီးထပ်ခိုးထပ်ရှိ
တံခါးနောက်တွင်တင်လိုက်လေသည်။
ထိုအခါမှသာလျှင်သူ၏နဖူးထက်ရှိချွေး
များကိုပွတ်သုတ်နိုင်ပြီးတင်းကြပ်နေသည့်
နဖူးကြောများသည်လည်းဖြေလျော့သွား
တော့သည်။

တကယ်ကိုအရမ်းစိတ်လှုပ်ရှားစရာ
ကောင်းတယ်။ဒီလိုမျိုးနောက်ရက်
အနည်းငယ်အထိဆက်ဖြစ်နေမယ်ဆို
သူကြောက်လွန်းလို့နှလုံးရောဂါရတဲ့အထိ
ဖြစ်သွားလိမ့်မယ်။

ယောင်းယီသူ့ကိုသူပြန်လည်ခနဲ့
လိုက်မိသည်။ "အိုင်၊တဖြည်းဖြည်းနဲ့ငါပုံစံက
လူတစ်ယောက်နဲ့တောင်မတူတော့ပါလား"

ရေဘူးကိုဖွင့်၍ရေအလုတ်ကြီးကြီး
ယူသောက်လိုက်ပြီးမှရေဆာခြင်းကို
ချုပ်ငြိမ်းနိုင်ခဲ့သည်။

သူ၏အနာဂတ်ဘဝကိုရှားရှားပါးပါး
စိတ်ဓာတ်ကျနေသည့်အချိန်တွင်တွေးမိသည်။

သူအနေနဲ့အိန္ဒြေသိက္ခာမဲ့တဲ့တိတ်တိတ်ပုန်း
လင်ငယ်အဖြစ်ဆက်နေနေအုန်းမှာလား?

တကယ်လို့သူ့ကိုသာတစ်နေ့နေ့ရှာတွေ့
သွားခဲ့ရင်အသားလုံးဖြစ်တဲ့အထိယခုစံအိမ်
ပိုင်ရှင်ကြီး၏ရိုက်နှက်ထုထောင်းခြင်းကို
ခံရလောက်သည်။ဒါမှမဟုတ်ရင်လည်း
ထိုလူသည်သူ့ကိုသေတဲ့အထိရိုက်သတ်
လောက်သည်။

ယောင်းယီထိုလူတစ်ခါကပြောဖူး
သည့်စကားကိုမှတ်မိသွားခဲ့သည်။
ထိုအမျိုးသားသည်သူ၏ကျယ်ပြန့်သော
ဝါသနာများစွာထဲမှနှစ်ခုဖြစ်သည့်
တိုက်ကွမ်ဒိုပညာကိုလေ့ကျင့်နေတာ
ဖြစ်တဲ့အပြင်မွေထိုင်းကိုပါအချိန်တို
အတွင်းမှာတင်သင်ယူတတ်မြောက်
ခဲ့တာဖြစ်သည်ဟုပြောပြခဲ့ဖူးသည်။

ယောင်းယီကုတင်ပေါ်သို့ပြိုလဲကျသွားပြီး
တကယ်လို့သူသာအရိုက်ခံရလျှင်ခံစားရ
မည့်နာကျင်မှုကိုစိတ်ကူးလိုက်ရုံနှင့်တင်
မတတ်နိုင်စွာဘဲတုန်ယင်လာရသည်။

ဝါသနာများတယ်ဆိုတိုင်းလည်း
ကောင်းတဲ့အရာတော့မဟုတ်ပါလား အာ။
အထက်တန်းလွှာရှေ့နေ့တစ်ယောက်
အနေနဲ့သာဆိုအမှန်တိုင်းပြောရရင်
ရုံးခန်းအကြီးကြီးထဲမှာဘဲနေမထိလေမထိ
ထိုင်ပြီးအလုပ်လုပ်တာပိုပြီးကောင်းတယ်လေ။

အခုဆိုထိုအမျိုးသား၏ခန္ဓာကိုယ်သည်
ယောင်းယီအုတ်သဲကျောက်သယ်တုန်းက
ခန္ဓာကိုယ်ထက်တောင်တောင့်တင်းခိုင်မာ
နေသေးသည်။

ထိုလူကိုသူ့ကိုအသက်ရှင်ခွင့်တောင်ပေးပါ့မလား?

ချောမောလှပသည့်လူငယ်လေးခံစားနေရသည့်
စိတ်ဒုက္ခများသည်သူ၏သိမ်မွေ့နူးညံ့သော
မျက်နှာတစ်ပြင်လုံးပေါ်တွင်ချရေးထားသလို
မျိုးပေါ်နေလေသည်။နှင်းဆီသဖွယ်နှုတ်ခမ်းဖူး
များသည်လည်းတင်းကြပ်စွာဖိကပ်နေပြီး
ဘယ်သူမဆိုသူ့ကိုမြင်လိုက်ရုံနှင့်တင်ငြင်ငြင်
သာသာပြောဆိုချင်လာအောင်ဆွဲဆောင်လို့
နေသည်။

အနက်ရောင်မြူခိုးများထဲမှဝိဉာဉ်သည်
ဗီလာအတွင်းထဲမှသူ၏ချစ်ရသူလေးကို
ပျော်ရွှင်စွာငေးကြည့်နေခဲ့သည်မှာ
သူတည်ရှိနေရခြင်း၏အဓိပ္ပါယ်အစစ်အမှန်
ကိုနောက်ဆုံးမှာတော့ရှာဖွေတွေ့ရှိသွားသည့်
အလား။မူလအစကမှုန်မှိုင်းကာရေခဲတမျှ
အေးစက်နေခဲ့သောမျက်လုံးများသည်
လျှံကျသည်အထိအချစ်များဖြင့်ပြည့်နှက်
လို့နေလေသည်။ထို့အပြင်အနီးနားတွင်
နေထိုင်သည့်သက်ရှိများအားလုံးကို
သတ်ဖြတ်ပစ်ချင်နေသည့်လူသတ်လိုစိတ်
ပင်မရှိတော့သည်အထိမှေးမှိန်ပျောက်ကွယ်
သွားခဲ့သည်။

ကောင်လေးကိုအရမ်းချစ်တယ်...အရမ်းအရမ်းချစ်တယ် ..

သူ....သူချစ်သူလေးကသူ...သူချစ်သူလေး...ကသူ့အပိုင်....

ယောင်းယီသူ၏ပျင်းရိမှုကိုဖြေဖျောက်ရန်
ဂိမ်းပြန်ဆော့ဖို့ကိုစီစဉ်လိုက်သည်။သို့သော်
လည်းသူ၏ကွန်ပျုတာကိုဖွင့်လိုက်စဉ်
အင်တာနက်သည်လုံးဝမတုန့်ပြန်တော့သည်
ကိုတွေ့လိုက်ရသည်။

"ဝါးး,အဲ့လိုကြီးထစ်နေတာကတော့
များသွားပြီ!"

ဂိမ်းရှုံးထားသည့်ယောင်းယီသည်
နောက်တစ်ပွဲထပ်ကစားဖို့ပြင်နေချိန်
ရူးတော့မလိုခံစားနေရသည်။
ကွန်ပျုတာသည်သူနံရံထောင့်ကို
ကပ်လိုက်ချိန်မှာတင်ရပ်သွားခဲ့ပြီး
အရင်တုန်းကချောင်ကျိုချောင်ကြား
အင်တာနက်ကဖေးဆိုင်များထက်
တောင်ထစ်နေသည့်အတွက်ယောင်းယီ
ဒေါသပေါက်ကွဲလာတော့သည်။

တောင်းပန်ခယစွာဖြင့်၊ထိုပုန်းကွယ်နေသော
ဝိဉာဉ်သည်ဗီလာ၏ဆက်သွယ်ရေးကေဘယ်
ကြိုးများအနီးနားတွင်ရှိနေသောအနက်ရောင်
မြူခိုးများကိုပျောက်ကွယ်သွားစေခဲ့သည်။

သူ့ချစ်သူလေးဒေါသထွက်နေတယ်....

ဒါပေမဲ့အဲ့လိုလေးကရမ်းချစ်စရာကောင်းတာဘဲ။

အငြိုးကြီးဝိဉာဉ်သည်သူ၏နှလုံးသားထဲမှ
အချစ်များကိုထိန်းချုပ်မထားနိုင်တော့ပေ။
သူ၏မျက်လုံးများအတွင်းမှအရူးအမူးအချစ်
သည်စွဲလမ်းမှုအဆင့်နီးပါးရောက်ရှိနေပြီ
ဖြစ်သည်။ဆုံးရှုံးပြီးကာမှသူ၏ချစ်သူလေး
ကိုပြန်လည်ရရှိလိုက်ရသည့်အတွက်ဖြစ်တည်
လာသောပျော်ရွှင်မှုများကြားထဲနှစ်ဝင်နေခဲ့သည်
မှာသူ့ကိုယ်သူတောင်ပြန်မဆွဲထုတ်နိုင်တော့ပေ။

ထပ်ခိုးထဲတွင်ယောင်းယီသည်သူ့ကို
တစ်ယောက်ယောက်ကကြည့်နေသည်
ဆိုသောခံစားချက်ကြီးမျိုးကိုဆက်တိုက်
ရရှိနေခဲ့သည်။ထို့ကြောင့်မတတ်နိုင်စွာဘဲ
ထပ်ခိုးပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်
လိုက်ပါသော်လည်းမူမမှန်တာဘာတစ်ခုမှ
ရှိမနေပေ။

သို့သော်စောင့်ကြည့်ခံနေရသည်ဆိုသော
ခံစားချက်သည်သူ့ကိုအတော်လေးတော့
ကသိကအောက်ဖြစ်စေသည်။

သူ့ကြည့်ရတာအတော်စိတ်ဖိစီးသွားလို့
အရမ်းတွေတွေးနေမိတာဖြစ်မှာပါ၊အာ။

ယောင်းယီကြက်သီးများထနေသည့်
သူ၏လက်မောင်းကိုပွတ်သပ်လိုက်ပြီး
သူ့ကိုယ်သူမသက်မသာဖြစ်စွာဖြင့်
နှစ်သိမ့်လိုက်သည်။

"ကြီးကောင်ကြီးမားအရွယ်ကြီးဖြစ်ပြီး
ဘာအတွက်ကြောင့်အရမ်းတွေကိုသံသယ
လွန်ကဲနေရတာလဲ!"

အင်တာနက်နှုန်းသည်လျင်မြန်စွာ
တိုးတက်လာခဲ့သည့်အတွက်ယောင်းယီ
သည်ခေါင်းခြောက်စေသည့်ထိုစိုးရိမ်
သောကဖြစ်မှုများကိုဆက်မတွေးတော့
ဘဲဂိမ်းထဲတွင်သာအာရုံကိုနှစ်လိုက်တော့
သည်။အလွန်ပျော်ရွှင်စွာဖြင့်ကစားနေ
သောကြောင့်နေ့လည်စာစားဖို့ရန်တောင်
မေ့လုနီးပါးဖြစ်သည်အထိပင်။

ဒေါက်,ဒေါက်,ဒေါက်-

နေ့လည်ရောက်သည့်အခါ
တစ်စုံတစ်ယောက်သည်
ထပ်ခိုးတံခါးကိုလာခေါက်လေသည်။

ကျန်းချိုင်သည်ဟိုးအစောကြီးကတည်းက
ဆရာဝန်သွားတွေ့ရန်ထွက်သွားပြီဖြစ်သည့်
အတွက်အခုချိန်တံခါးလာခေါက်သည့်လူသည်...
မည်သူဖြစ်နိုင်မည်နည်း?

ယောင်းယီလန့်ဖြန့်သွားသည်။
အသံလေးတစ်သံတောင်မထွက်
စေဘဲတစ်ဖက်ခြမ်းရှိတံခါးအထဲ
ထဲမှလူထွက်လာပြီးတစ်ခုခုပြောဖို့ရန်
ကိုစောင့်ဆိုင်းနေလိုက်သည်။
ကြည့်ရတာကန်းနေတဲ့ကြောင်
ကြွက်သေနင်းမိသလိုများ[1] ဖြစ်နေမလား။ယခုကဲ့သို့ရုပ်ရှင်
ဒရမ်မာကားဆန်ဆန်လှည့်ကွက်မျိုး
သည်ထပ်ခိုးထဲတွင်တစ်ယောက်ယောက်
ရှိနေသလားဆိုတာကိုစစ်ဆေးဖို့ရန်
အသုံးပြုသည့်ဖန်တရာတေနေသော
ဇာတ်ကွက်ကြီးဖြစ်သည်။

[1] မျက်စိကန်းနေရင်တောင်ကံကောင်းတယ်၊ ဒါမှမဟုတ်စမ်းတဝါးဝါးလျှောက်သွားနေရုံနဲ့တင်
တစ်ခုမဟုတ်တစ်ခုကိုအမြဲတမ်းရှာတွေ့တယ်
ဆိုတဲ့ ဗန်းစကားဖြစ်ပါတယ်။

အချိန်အတော်လေးကြာသည့်အထိ
အပြင်ဘက်တွင်ဘာအသံမှထွက်မလာ
ခဲ့သည်မှာခုနကလေးတင်ကြားလိုက်ရသော
တံခါးခေါက်သံသည်ယောင်းယီဘက်မှ
တစ်ယောက်တည်းထင်ယောင်ထင်မှား
ဖြစ်ခဲ့သလိုပင်။

သူ၏အတွေးများသည်ထိုနေရာဆီသို့
ဦးတည်နေခဲ့သည်။ထို့ကြောင့်ယောင်းယီ
သည်သူ၏နှုတ်ခမ်းကိုကိုက်ကာတံခါးအား
ညင်သာစွာဖွင့်လိုက်သည်။သူငုံ့ကြည့်လိုက်
ချိန်မှာဘဲသူ၏မျက်စိသူငယ်အိမ်သည်
ချက်ချင်းကိုကျုံသွားခဲ့သည်။

သေချာပါသည်။ခုနကလေးတင်
ကြားခဲ့ရသောတံခါးခေါက်သံသည်
သူဘက်မှထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်း
မဟုတ်ပေ။

ထပ်ခိုးတံခါးအောက်ရှိသိပ်မဝေးကွာ
လှသောနေရာတွင်ပြီးပြည့်စုံစွာပြင်ဆင်
ထားသည့်အစားအသောက်ဗန်းရှိလို့နေ
ပြီးခေါက်လှေကားကိုချလိုက်သည်နှင့်
ခြေလှမ်းနှစ်လှမ်းစာအကွာအဝေးတွင်
ဖြစ်သည်။

ယောင်းယီလှေကားဖြင့်အောက်ကို
ဆင်းလိုက်ပြီးသူ၏မှေးအားထိကာ
ယခုလင်ဗန်းအားလာပို့သည့်လူ
ဘယ်သူမဆိုထိုလူဆီတွင်
obsessive-compulsive disorder မျိုးရှိရမည်ဟုတွေးနေမိသည်။

[Thought of Tofu : obsessive
compulsive disorder (OCD) ဆိုတာ မလိုချင်တဲ့အတွေးတွေအမြဲထပ်တလဲလဲ
ဖြစ်ပေါ်နေခြင်း သို့မဟုတ် အထိအတွေ့
ခံစားချက် (စိတ်ထဲတွင် စွဲနေတာ) သို့မဟုတ် တစ်ခုခုကိုထပ်ခါထပ်ခါလုပ်ချင်စိတ်
ပြင်းပြနေခြင်း (စိတ်ထဲကနေမလုပ်လုပ်
အောင်တွင်တွင်စေ့ဆော်နေတဲ့)
mental illness တစ်ခုပါ။
တစ်ချို့လူနာတွေဆီမှာစွဲလမ်းမှုရော၊
မလုပ်မနေလုပ်ချင်နေတဲ့စေ့ဆော်မှု
အစရှိသောထိုလက္ခဏာနှစ်ခုလုံး
တွဲရှိနေနိုင်ပါတယ်။

OCD ဆိုတာတို့ဖူးတို့တွေ့နေကြဖြစ်တဲ့
လက်သည်းကိုက်ခြင်း ဒါမှမဟုတ် ဆိုးရွားတဲ့အတွေးတွေးနေမိခြင်း
အစရှိတဲ့ Habits မျိုးတွေမဟုတ်ပါဘူး။

OCDသမားတွေကတစ်ယောက်နဲ့
တစ်ယောက်လည်းလက္ခဏာတွေက
အမြဲထပ်တူကြမနေပါဘူး။မြင်ဖူးရ
သလောက်ဆို ဘယ်အရာမဆိုထိလိုက်
မိတဲ့အချိန်တိုင်းညစ်ပတ်တယ်လို့
ခံစားရပြီး၊ ထိပြီးချိန်တိုင်းလည်း
လက်ကိုခဏခဏဆပ်ပြာနဲ့ဆေးနေမိတာမျိုးပါ။
စိတ်ထဲမှာတစ်ရှုးလေးနဲ့သုတ်လိုက်ရင်
ပြောင်တယ်ဆိုတဲ့အရာလေးတွေကို
ထိပြီးတာတောင်မှအဲ့လက်ဆေးချင်နေတဲ့
စိတ်ကိုလုံးဝမတားဆီးနိုင်ပါဘူး။

OCD ရောဂါသမားတွေကတို့ဖူးတို့
Daily Lifeမှာမြင်တွေ့ရလေ့ရှိပါတယ်။
ဒါပေမဲ့လည်းထိုလူတွေရဲ့လက္ခာတွေက
သိပ်မပြင်းထန်တာမို့အရမ်းကြီးတော့
သူတို့ရဲ့ Daily life ကို negative သဘောမျိုးသက်ရောက်လေ့မရှိပါဘူး။
လက္ခဏာပြင်းထန်တဲ့လူတွေအတွက်
ကျတော့ Daily routine တွေလုပ်ဆောင်
လို့မရတော့တဲ့အထိပြဿနာတက်လာနိုင်
တာကြောင့်ဆေးကုသမှုခံယူရပါမယ် ]

ထိုလင်ဗန်းသည်လှေကားနှင့်အတိအကျ
နှစ်လှမ်းအကွာတွင်ရှိနေသည်ကိုမဆိုထား
နှင့်အစားအစာများသည်လည်းအလွန်
သေသပ်စွာဖြင့်ဗန်းထဲတွင်တညီတညာ
တည်းရှိလို့နေသည်။ယောင်းယီ
အောက်ထပ်ကိုဆင်းပြီးထိုလင်ဗန်း
ကိုလှန်ဖွင့်လိုက်ချိန်သူ့ဆီတွင်
အကြောက်တရားရှိမနေသလို
အဝေးကြီးကနေလည်းဒီတိုင်း
ရပ်ကြည့်နေစရာမလိုအပ်ပေ။

ချမ်းသာတဲ့အမျိုးသမီးကသူ့အတွက်
အစားအသောက်စီစဉ်ပေးဖို့အစေခံ
တစ်ယောက်ယောက်ကိုများတာဝန်
ပေးခဲ့တာလား?

ယောင်းယီပူပူနွေးနွေးအစားအစာ
များကိုကြည့်လိုက်ပြီးတံထွေးတစ်ချက်
မြိုချလိုက်မိသည်။သို့သော်အရမ်း
မြန်မြန်ကြီးလည်းမထိတွေ့ရဲသေးပေ။

သို့သော်စက္ကန့်ပိုင်းအတွင်းမှာဘဲ
သူယခုထပ်ခိုးထဲတွင်နေနေသည်ဆိုတာ
ကိုထိုချမ်းသာသည့်အမျိုးသမီးမှလွဲ၍
အခြားဘယ်သူမှသိမနေဘူးဆိုတာကို
တွေးလိုက်မိသည်။ထိုလော့ဂျစ်အတိုင်း
သာဆိုထိုချမ်းသာသည့်အမျိုးသမီး
ယုံကြည်သည့်တစ်စုံတစ်ယောက်
ကသာလျှင်ယခုဒီနေရာတွင်သူနေသည်
ဆိုတာကိုသိလိမ့်မည်။

ထိုသို့တွေးပြီးသည်နှင့် ယောင်းယီသည်
လင်ဗန်းကိုကောက်ယူကာအတော်လေး
သံသယလွန်ကဲနေမိသည့်သူကိုယ်သူ
တိတ်တဆိတ်ပြက်ရယ်ပြုလိုက်မိသည်။

သူ့အနေနဲ့အေးခဲစာတွေကြီးဘဲစားနေရင်
ဗိုက်အောင့်မှာစိုးရိမ်လို့ထိုချမ်းသာသည့်
အမျိုးသမီးသည်သူ့အတွက်အစားအသောက်
လာပို့ပေးဖို့အတွက်တစ်ယောက်ယောက်
ကိုစီစဉ်ပေးထားခဲ့တာမဟုတ်ဘူးလား?

ထိုကိစ္စသည်လုံးဝကိုပုံမှန်ဖြစ်သည်။
မနက်တုန်းကလည်းမီးဖိုချောင်ထဲက
ထိုအစားအသောက်များသည်
ထိုချမ်းသာသည့်အမျိုးသမီး
စီစဉ်ပေးခဲ့သောအစေခံမှ
လုပ်ပေးခဲ့သည်ဟုယူဆနိုင်သည်၊အာ။

ကျိုးပဲ့လွယ်သောပစ္စည်းလေးလိုမျိုး
သူအပေါ်တစ်ချိန်လုံးလွန်လွန်ကဲကဲ
ကာကွယ်နေသည့်ထိုချမ်းသာသော
အမျိုးသမီး၏အသေးစိတ်ကျသည့်
စိုးရိမ်ပူပန်မှုကိုယောင်းယီလော့ဂျစ်
ကျကျတွေးတောလိုက်သည့်အခါ
နေရထိုင်ရပိုပြီးအဆင်ပြေသွားတော့သည်။

ဘာလို့အရာရာတိုင်းကိုတစ်ချိန်လုံး
second-guess လုပ်နေရတာလဲ? ဒီတိုင်းအစာစားရုံဘဲဟာ၊သူ့ကို
သေအောင်လို့တကယ်ဘဲအဆိပ်ခတ်
ထားမှာမို့လို့လား?

အစားအစာများ၏ရနံ့သည်
ယောင်းယီနှာဖျားဝ၌ကလူ
မြူဆွယ်လို့နေသည်။လင်ဗန်းထဲ၌
ဆန်ပြုတ်ပူပူလေးတစ်ပွဲကို
တွေ့လိုက်ရသည့်အခါသူအနေဖြင့်
မစားသောက်ဘဲဒီတိုင်းကြီး
ပစ်မထားလိုက်ချင်ပေ။
ထို့ကြောင့်သူ၏ဘေးတွင်ရှိနေသည့်
ဧည့်သည်ဆောင်ထဲသို့ထိုလင်ဗန်းကို
သယ်ယူလိုက်ပြီးကျေနပ်ပျော်ရွှင်စွာဖြင့်
စတင်စားသောက်တော့သည်။

ယခုအစာအစား၏အရသာသည်
မမျှော်လင့်စွာဖြင့်ကောင်းမွန်လှသည်။
သို့သော်လည်းစားသောက်ပြီးသည်နှင့်
အနည်းငယ်တော့အိပ်ချင်လာသည်။

ယောင်းယီပန်းကန်ခွက်ယောက်များနှင့်
တူကိုလင်ဗန်းထဲသို့ပြန်ထည့်လိုက်ပြီး
နောက်မတတ်နိုင်စွာဘဲသမ်းဝေလိုက်မိ
သည်။သူ၏ခေါင်းသည်နောက်ကျိလာ
ကာပင်ပန်းမှုနှင့်အတူသူ၏လေးလံနေသော
မျက်ခွံများသည်လည်းဖြည်းဖြည်းချင်း
ပြုတ်ကျလာခဲ့သည်။

ဧည်သည့်ဆောင်ထဲမှကုတင်ကြီးကို
ယခုအချိန်တွင်ကြည့်ရသည်မှာအလွန်
ဆွဲဆောင်မှုရှိနေပြီးအလွန်နူးညံ့ကာနွေး
ထွေးနေခဲ့သည်။

ယောင်းယီကုတင်ပေါ်သို့ရီဝေစွာဖြင့်
လဲလျောင်းလိုက်သည်။သူကိုယ်သူ
စောင်ဖြင့်ပတ်လိုက်ပြီးနောက်
နက်ရှိုင်းသောအိပ်စက်ခြင်းအတွင်း
သို့ကျရောက်သွားတော့သည်။

ကလစ်-

ထိုအချိန်မှာဘဲနဂိုတုန်းကတင်းတင်း
ကြပ်ကြပ်ပိတ်ဆို့ထားခဲ့သောတံခါး
သည်ပွင့်လာခဲ့သော်လည်းအပြင်ဘက်
တွင်ဘယ်သူ့မှရှိမနေပေ။

မမြင်နိုင်သောအနက်ရောင်အရိပ်သည်
ယောင်းယီကုတင်ခေါင်းရင်းတွင်တိတ်
တဆိတ်မတ်တပ်ရပ်လို့နေလေသည်။
ထို့နောက်အလွန်အမင်းလောဘကြီးစွာ
ဖြင့်သူချစ်ရသူလေး၏တင့်တယ်လှပသော
ပါးမို့လေးကိုကြင်နာစွာပွတ်သပ်လိုက်ပြီး
နှင်းဆီဖူးသဖွယ်ထိုနှုတ်ခမ်းလေးကို
နမ်းရှိုက်သည့်ပုံသည်မိမိယုံကြည်
ကိုးကွယ်သောဘုရားသခင်ထံတွင်
လုံးလုံးလျားလျားမြုပ်နှံပေးအပ်ကာ
အလွန်အစွန်းရောက်နေသည့်
ဘာသာရေးသမားတစ်ဦးသူ၏
ဘုရားသခင်နားချဉ်းကပ်ခွင့်ရသွား
သည့်အတွက်ပိတီဖြာနေသလိုပင်။

သူ့ချစ်သူ...သူ့ဘေးကိုရောက်လာခဲ့ပြီ...

သူတို့အတူတူထာဝရရှိနေကြတော့မယ် ...အမြဲထာဝရ။

ဘယ်လောက်ကြာကြာအိပ်မောကျ
သွားခဲ့သလဲဆိုတာကိုသူမသိပေ၊သို့သော်
ယောင်းယီနိုးလာချိန်တွင်အစောကြီး
ကတည်းကညနေစောင်းနေပြီဖြစ်သည်။

ကောင်းကင်ကြီးသည်တဖြည်းဖြည်း
ချင်းစီနက်မှောင်နေပြီဖြစ်သည်။
ဧည့်သည်ဆောင်ထဲရှိပြတင်းပေါက်မှ
မြင်နေရသောအပြင်ဘက်တွင်လူကုံထံ
ဗီလာအသိုင်းအဝိုင်းကြီးတစ်ခုလုံးသည်
ရင်သပ်ရှုမောဖွယ်ခမ်းနားထည်ဝါစွာ
လင်းထိန်နေခဲ့သည်။

ယောင်းယီကုတင်ပေါ်တွင်လှဲလျောင်း
ရင်းပြတင်းပေါက်အပြင်ဘက်ရှိသူနှင့်
ရင်းနှီးကျွမ်းဝင်မှုရှိမနေသောရှုခင်းကို
စက္ကန့်အနည်းငယ်ကြာဗလာကျင်းစွာ
ငေးကြည့်နေမိသည်။သူအသိပြန်ဝင်
လာသည်နှင့်ကုတင်ပေါ်မှတစ်ခါတည်း
ကောက်ထလိုက်ပြီးနောက်စောင်ကို
သေချာခေါက်ကာသူလုပ်မိခဲ့သည့်
အရှုပ်အထွေးများအားပျာယာပျာယာ
ရှင်းလင်း၍သူမအိပ်စက်ခင်တုန်းက
မူလပုံစံအတိုင်းရအောင်ပြုပြင်လိုက်သည်။

သို့သော်လည်း လှေကားထစ်များမှ
တစ်ယောက်ယောက်တက်လာသော
အသံကိုတံခါးအပြင်ဘက်မှ
အစောကြီးကတည်းကကြားနေရပြီဖြစ်သည်။

ယောင်းယီလိပ်ပြာတစ်ခုလုံး
သူ၏ကိုယ်အတွင်းမှထွက်သွား
လုနီးပါးလန့်ဖြန့်သွားတော့သည်။
ထိုနေရာမှာတင်တောင့်ခဲသွားပြီး
ဧည့်သည်ဆောင်ထဲတွင်လူရှိနေသည့်
ပုံစံမျိုးပေါ်သွားမည်ကိုစိုးရိမ်သည့်
အတွက်တစ်ချက်လေးတောင်
မလှုပ်ရှားရဲတော့ပေ။

ထိုအသံကိုနားထောင်
ကြည့်ရသလောက်တော့
ယခုစံအိမ်ပိုင်ရှင်အမျိုးသား
ဖြစ်မည့်ပုံပင်-တကယ်ကိုဂိမ်းအိုဗာဖြစ်ပြီဘဲ။
သူတော့တကယ်ဂိပြီ။

ကံကောင်းစွာဖြင့်ယခုအမျိုးသား၏
ခြေလှမ်းများသည်ဧည်သည့်ဆောင်
အနားကိုချဉ်းမကပ်လာပေ။ထိုအစား
ဆန့်ကျင်ဘက်နေရာတွင်ရှိနေသည့်
အဓိကအိပ်ခန်းဆောင်ထဲသို့တစ်ခါတည်း
ဝင်သွားခဲ့သည်။

ယောင်းယီစိတ်သက်သာရာရစွာဖြင့်
သက်ပျင်းချလိုက်သည်။သူ၏အစီအစဉ်
သည်ဧည့်သည်ဆောင်ထဲတွင်စောင့်ဆိုင်း
နေဖို့ရန်ဖြစ်ပြီးအပြင်ဘက်တွင်ဘယ်သူမှ
ရှိမနေဘူးဆိုတော့မှပြန်ထွက်ရန်ဖြစ်သည်။

သူခိုးတစ်ယောက်အပြစ်ရှိသလိုမျိုး
ခံစားရခြင်းသည်အလွန်ကြောက်စရာ
ကောင်းလှသည်။

ယောင်းယီသူ၏လက်ညိုးကို
ခေါက်၍လက်ဆစ်ကိုစိတ်ရှုပ်စွာဖြင့်
ကိုက်လိုက်မိသည်။

တစ်နာရီခွဲကြာစောင့်ဆိုင်းပြီးချိန်မှာတော့
တံခါးအပြင်ဘက်၌လှုပ်ရှားမှုဘာတစ်ခုမှ
မရှိတော့မှသာကြောက်ရွံမှုကြောင့်တုန်လှုပ်
နေသောနှလုံးသားနှင်အတူတူဧည့်သည်
ဆောင်ထဲမှထွက်ဖို့ရန်ပြင်ဆင်လိုက်သည်။

တံခါးဘုကိုသူဆုပ်ကိုင်လိုက်သည်နှင့်
ယောင်းယီရုတ်တရပ်ကြီးတစ်စုံတစ်ခု
ကိုပြန်တွေးမိသွားလေသည်။
ချက်ချင်းကိုတစ်ကိုယ်လုံးချွေးအေးများ
စီးကျလာတော့သည်။

နေစမ်းပါအုန်း၊သူနေ့လည်ပိုင်း
အောက်ဆင်းလာတဲ့အချိန်တုန်း
ကခေါက်လှေကားကိုအပေါ်ရော
ပြန်တင်ခဲ့ရဲ့လား?

ကြည့်ရတာတော့ မတင်မိခဲ့တဲ့ပုံဘဲ။

အမျိုးသားကအဓိကအိပ်ခန်းဆောင်
ထဲကိုဝင်သွားပြီး...ခေါက်လှေကားက ထပ်ခိုးအပြင်ဘက်မှာရှိနေဆဲဘဲဆိုတော့
ထိုအမျိုးသားစြင်္ကန်တစ်လျှောက်
ဖြတ်သန်းသွားပြီးအခန်းထဲကိုဝင်ဖို့
ဆိုထိုလှေကားကိုဖြတ်ကျော်သွားမှဖြစ်မည်။
ထို့အပြင်ထိုလှေကားသည်
တစ်ချက်လှမ်းကြည့်ရုံနှင့်တင်
မြင်နိုင်သည်။

ဒါဆို ထိုအမျိုးသားသည်
ထပ်ခိုးကြီးပွင့်နေတာကို
မြင်နေရဲ့သားနဲ့သူ့ဘက်က
ဘာလှုပ်ရှားမှုမှမရှိရတာလဲ ! ! !

ယောင်းယီသည်သူ၏ကိုယ်ပိုင်
အတွေးနဲ့တင်သေလုနီးပါး
ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။
ထို့ကြောင့်တံခါးကိုမှီရင်ပုံလျက်သား
ပစ်ကျသွားပြီးနောက်အပြင်ဘက်ကို
လုံးဝမထွက်ရဲတော့ပေ။အပြင်ဘက်
တွင်ရှိနေသည့်ဒေါသကြီးနေသော
ထိုအမျိုးသားသည်သူ့ကို
သတ်ဖြတ်ခြင်းနည်းဖြင့်ဒေါသများ
အားဖြေဖျောက်လိုက်မည်ကိုအလွန်
တွေးကြောက်နေမိသည်။

ဒီတစ်ကြိမ်တော့သူတကယ်ခွေးဖြစ်ပြီ။ဘာလို့
အရမ်းနမောနမဲ့နိုင်ရတာလဲ အာ !

ဘာလို့ခေါက်လှေကားကို
ပြန်မတင်မိခဲ့တာလဲ အာ ! ! !

ယောင်းယီငိုချင်လာသည်သို့သော်လည်း
မျက်ရည်ကျမလာပေ။သူ၏နှလုံးသည်
ပိုပိုပြီးမြန်မြန်ဆန်ဆန်ခုန်ပေါက်လာခဲ့သည်။
သူအနေနှင့်အပြင်ကိုထွက်ရဲသည့်
သတ္တိလုံးဝရှိမနေပေ။

ဗီလာကြီး၏ဧည့်သည်ဆောင်သည်
အဆင်မြင့်ဟော်တယ်ကြီးတစ်ခု
အလားပြင်ဆင်ထားပြီးအခန်း
အတွင်းရှိပစ္စည်းအားလုံးသည်
စိတ်ကူးယဉ်စရာဖြစ်သည်။တံခါးများ
တစ်ခုတိုင်းဆီတွင်ချောင်းကြည့်ပေါက်
များတောင်တပ်ဆင်ထားသည်။
ယောင်းယီတံထွေးမြိုချလိုက်ပြီး
နောက်ချောင်းကြည့်ပေါက်မှကြည့်
ဖို့ရန်သတ္တိကိုစုစည်းလိုက်တော့သည်။

ချောင်းကြည့်ပေါက်သည်အလွန်
သေးငယ်သည့်အတွက်သူအနေဖြင့်
မျက်လုံးတစ်လုံးတည်းဖြင့်တောင်
မနည်းကြည့်နေရသည်။ယောင်းယီ
မျက်တောင်ခတ်လိုက်ပြီးနောက်
တံခါးအပြင်ဘက်သည်အလွန်မှောင်မဲ
နေသည်ကိုမြင်လိုက်ရပြီးဘာကိုမှ
ရှင်းရှင်းလင်းလင်းမမြင်ရသည်မှာ
ကြားထဲတွင်အရာတစ်ခုခုခံနေသလိုမျိုးပင်။

ဘယ်လိုများဖြစ်နိုင်မှာလဲ? ချောင်းကြည့်ပေါက်တွေအကုန်လုံး
အပြင်ဘက်ကိုမမြင်ရဘူးဆိုတာ
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ? ဘာလို့ဒီတစ်ခုတည်းမမြင်ရတာလဲ?

ချောင်းကြည့်ပေါက်ဆိုတာဒီလိုမျိုးပါ။

ယောင်းယီအနည်းငယ်တော့
စိတ်ပူလာခဲ့သည်။ချောင်းကြည့်ပေါက်ကို
ကြည့်ရန်အတွက်သူ၏ခေါင်းကို
နောက်သို့ဆုတ်လိုက်ချိန်ရုတ်တရပ်
တစ်ခုခုမှားနေသည်ကိုသိလိုက်သည်။

ယခုဧည့်သည်ဆောင်ထဲမှ
ချောင်းကြည့်ပေါက်ကိုကြည့်ရသည်မှာ
ပြောင်းပြန်ဖန်တီးထားသည့်ပုံပင်။

ယောင်းယီနဖူးပေါ်မှချွေးများသည်
သူ၏ရှေ့ဆံပင်များကိုစိုရွှဲသွားစေပြီး
တွန့်ကြေကာရှုပ်ပွသွားစေသည်။
ထို့နောက်ဆောက်လုပ်ရေးဆိုက်ထဲမှ
သူ၏အရင်လုပ်ဖော်ကိုင်ဖက်ဟောင်း
ပြောပြဖူးသည့်အတင်းအဖျင်းစကား
များကိုသေချာပြန်လည်တွေးတော
မိသွားခဲ့သည်။

ထိုလူပြောပြဖူးသည်မှာအချို့
ဟိုတယ်များသည်သန့်ရှင်းရေး
ဝန်ထမ်းများအလုပ်လုပ်ရ
အဆင်ပြေစေရန်တမင်တကာ
ရည်ရွယ်၍ယခုလိုချောင်းကြည့်ပေါက်များ
ကိုပြောင်းပြန်တပ်ဆင်ထားလေ့ရှိသည်။
ထိုအခါမှသာဝန်ထမ်းများအခန်းထဲဝင်ပြီး
သန့်ရှင်းရေးမလုပ်ခင်အခန်းထဲတွင်
တစ်ယောက်ယောက်ရှိနေသေးသလား
ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့
နိုင်ရန်အတွက်ဖြစ်သည်။

သို့သော်ယခုလိုချောင်းကြည့်ပေါက်မျိုး
သည်အခန်းထဲမှတဆင့်အပြင်ဘက်ကို
ချောင်းကြည့်လို့လည်းရသေးသည်။
သို့ရာတွင်စြင်္ကန်လမ်းအတွင်းရှိ
မီးအလင်းရောင်တစ်ခုတည်းနှင့်
သာလျှင်အပြင်ဘက်ကိုမြင်ရနိုင်သည်။
တကယ်လို့တံခါးအပြင်ဘက်၌
တစ်စုံတစ်ယောက်ချောင်းကြည့်
နေခဲ့ရင်တောင်မှထိုချောင်းကြည့်သူ၏
မျက်နှာကိုမမြင်ရနိုင်ပေ။
လေ့လာကြည့်ရသလောက်ဆို
အပြင်ဘက်ရှိမီးအလင်းရောင်သည်
အနည်းငယ်မှိန်ပျနေပြီးဘာကိုမှလည်း
ရှင်းရှင်းလင်းလင်းမမြင်ရပေ။

အလင်းရောင်သည်နည်းနည်းတော့
မှိန်နေသည်...

သို့သော်စြင်္ကန်လမ်းအတွင်းရှိမီးများသည်
ထိန်လင်းနေပြီးဧည့်သည်ဆောင်အတွင်းရှိ
မီးများသည်လျှင်လုံးဝမဖွင့်ရသေးတာဖြစ်ပြီး
ပြတင်းပေါက်အပြင်ဘက်မှဝင်လာသော
အဝေးရှိခပ်မှိန်မှိန်မီးအလင်းရောင်များ
ကလွဲလျှင်တစ်ခန်းလုံးသည်
မှောင်မဲလို့နေသည်။

ထိုကဲ့သို့ဆိုပါကယခုချောင်းကြည့်ပေါက်
သည်ပြောင်းပြန်တပ်ဆင်ထားခဲ့သည်
ဆိုရင်တောင်အခန်းအပြင်ဘက်သည်
လုံးဝကြီးမှောင်မဲမနေသင့်ပေ။

အခန်းထဲရှိအမှောင်ထုကို
ဆန့်ကျင်၍ချောင်းကြည့်ပေါက်
အပြင်ဘက်သည်ထိန်လင်းနေသင့်သည်။
ဤသို့ဆိုလျှင်-

ချောင်းကြည့်ပေါက်မှတဆင့်
တစ်စုံတစ်ယောက်သည်သူ့အား
ချောင်းကြည့်နေခြင်းဖြစ်သည်!

ယောင်းယီသူ၏ကိုယ်ပိုင်ကောက်
ချက်ချမှုနဲ့တင်ယိမ်းယိုင်သွားခဲ့သည်။
ထို့ကြောင့်မဆိုင်းမတွတံခါးလက်ကိုင်ဘု
ကိုလွှတ်ချလိုက်ပြီးအထဲထဲမှတဆင့်
တံခါးအားလော့ချကာဧည့်သည်ဆောင်
အတွင်းရှိကုတင်ဘက်သို့တစ်ကိုယ်လုံး
တုန်ရီရင်းယုန်သဖွယ်အလျင်အမြန်
ခုန်ပေါက်၍ဆုတ်ခွာသွားတော့သည်။

တံခါးအပြင်ဘက်တွင်အလွန်
မှုန်မှိုင်းနေသည့်အရှိန်အဝါဖြင့်
အမျိုးသားသည်အခန်းအတွင်းရှိ
သူ၏ချစ်သူကိုချောင်းကြည့်ပေါက်မှ
တဆင့်စိုက်ကြည့်ရင်းကြင်နာစွာ
ပြုံးရီလိုက်သည်။

သူ့ချစ်သူလေးကတကယ်ကို
ချစ်စရာကောင်းတာဘဲ။

[Thoughts of tofu : အဲ့လိုချောင်းကြည့်ပေါက်မျိုးက
နှစ်ဖက်မြင်ရတဲ့ပုံစံပါ။အပြင်ကလူ
ကလည်းအထဲကိုကြည့်လို့ရသလို
အထဲကလူကလည်းအပြင်ကိုကြည့်
လို့ရပါတယ်။အခုအခြေအနေမှာဆို
ယောင်းယီအခန်းကလုံးဝမှောင်နေတယ်
ဆိုရင်တောင်အခန်းအပြင်ဘက်က
လင်းနေတာမို့အပြင်ဘက်ကိုမြင်ရ
သင့်ပါတယ်။ချောင်းကြည်နေတဲ့
ယွင်းယူရဲ့မျက်လုံးအမည်းရောင်
ကြောင့်သာယောင်းယီရဲ့မြင်ကွင်းက
မှောင်မဲနေတာပါ]

thoughts of dogpotato:

ယွင်းယူ : *ဂုဏ်ယူဝံ့ကြွားစွာဖြင့်သူ၏ဘေဘီလေး
အားယောကျ်ားဆန်မှုနှင့်အားမာန်တက်ကြွမှု
တို့ကိုအသားပေးဖော်ပြနိုင်ရန်သူ၏ကိုယ်ခံ
ပညာတတ်ကျွမ်းမှုစကေးများကိုကြွားလုံး
ထုတ်ပြောဆိုလိုက်သည်။*

ယောင်းယီ၏အတွေးထဲတွင် : *သူတော့အဲ့စကေးတွေအသုံးပြုပြီး
ငါ့ကိုသေတဲ့အထိရိုက်သတ်တော့မှာဘဲ။*

ယွင်းယူ: ......┌┤'д'├┐

Thoughts of tofu :

အကြာကြီးပျောက်သွားမိလို့
တောင်းပန်ပါတယ်ကွယ်။အလုပ်
တွေကစာရေးချိန်မရအောင်ကို
ပိနေတာမို့ပါ။ဖြစ်နိုင်မယ်ဆိုရင်
တို့ဖူးလည်းဘာအလုပ်လုပ်မှမလုပ်ဘဲ စာချည်းဘဲတစ်ချိန်လုံးထိုင်ရေး
နေချင်ပါတယ် ⌵︿⌵





Continue Reading

You'll Also Like

54.8K 6.9K 12
แ€žแ€›แ€ฒแ€กแ€แ€ผแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€™แ€บแ€ธแ€žแ€ฑแ€ฌ แ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€€แ€ผแ€ฎแ€ธแ แ€›แ€ฌแ€‡แ€แ€„แ€บแ€€แ€ญแ€ฏแ€™แ€žแ€ญแ€•แ€ฒ แ€‘แ€ญแ€ฏแ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€แ€ฝแ€„แ€บ แ€แ€ฌแ€แ€”แ€บ แ€…แ€แ€„แ€บแ€‘แ€™แ€บแ€ธแ€†แ€ฑแ€ฌแ€„แ€บแ€›แ€žแ€ฑแ€ฌ แ€แ€ฝแ€ฒแ€…แ€ญแ€แ€บ แ€†แ€›แ€ฌแ€แ€”แ€บแ€•แ€ฑแ€ซแ€€แ€บแ€…แ€œแ€ฑแ€ธ Jeon Jungkook ๐Ÿ‘จโ€โš•๏ธ แ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€”แ€พแ€„แ€บแ€ทแ€กแ€แ€ฐ...
277K 27.5K 27
"Daddy แ€กแ€แ€ฝแ€€แ€บแ€’แ€ฏแ€แ€ญแ€š แ€›แ€แ€”แ€ฌ แ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€šแ€ฐแ€œแ€ฌแ€•แ€ฑแ€ธแ€แ€ฌ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ Angel " Lucas ''Daddy แ€€แ€ญแ€ฏ แ€กแ€แ€ปแ€…แ€บแ€†แ€ฏแ€ถแ€ธ'' ...
116K 18.2K 103
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธแ‹ แ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€•แ€ผแ€”แ€บแ€†แ€ญแ€ฏแ€แ€ผแ€„แ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแแ แ€™แ€พ แ€กแ€†แ€ฏแ€ถแ€ธแ€‘แ€ญ แ€แ€„แ€บแ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™แ€Šแ€บแ‹