SO,THIS IS LOVE

By Katiekoo1997

20.3K 2K 158

Always on my mind Forever in my heart ෆ Both Unicode and Zawgyi More

Intro✨
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Final part
Extra

Part-3

1.5K 178 25
By Katiekoo1997

"ချာတိတ် ဘာစားပြီးပြီလဲ"

"မနက်စာစားပြီးပါပြီ စီနီယာ..."

"ရော့..."

Jungkook ရဲ့ခုံပေါ်ကိုပေါင်မုန့်တွေနဲ့ bananamilk ဖူးတင်ပေးကာ Taehyung ပြောသည်

"စီ...စီနီယာ ဒါတွေက..."

"မင်းဖို့လေ ကိုယ်ဝယ်ကျွေးတာ သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်ပေါ့ ဒါပေမယ့်အကြာကြီးတော့သူငယ်ချင်းမဖြစ်ချင်ဘူး"

"ဗျာ...!!"

"ကိုယ်ပြောတာကိုမင်းနားလည်ပါတယ် ချာတိတ်ရာ...ကျောင်းဆင်းရင်ကိုယ်အိမ်ပြန်လိုက်ပို့မယ် ကျောင်းရှေ့မှာစောင့်နေမယ်နော် ဟုတ်ပြီလား"

"ဟုတ် ဟုတ်ကဲ့..."

Jungkook ရဲ့ခေါင်းကိုပုတ်ကာ Taehyung ပြန်သွားလေသည်...Jungkook ကတော့ Taehyung ပေးထားခဲ့သည့်မုန့်တွေကိုကြည့်ကာပြုံးနေမိသည်....Seoul ကိုရောက်လာကတည်းက Taehyung ကသူ့အပေါ်ကိုနွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ပထမဆုံးလူဖြစ်လာခဲ့သည်...လူကြောက်တတ်သည့်အပြင် Taehyung ကသူ့ရဲ့စီနီယာဖြစ်နေတာကြောင့်အစပိုင်းတွင် Jungkook ကြောက်မိပေမယ့် Taehyung ရဲ့ဘေးနားမှာနေရရင်နွေးထွေးကာလုံခြုံသည့်ခံစားချက်ကိုခံစားရလေသည်...Taehyung နဲ့ Jungkook သိတာနှစ်ရက်လောက်ပဲရှိသေးပေမယ့် Jungkook အတွက်တော့ Taehyung ကနှစ်အကြာကြီးသိလာခဲ့သည့်အစ်ကိုတစ်ယောက်လိုဖြစ်နေလေသည်...
.
.
.
"ချာတိတ်....ကိုယ်ဒီမှာ"

"ဟုတ်..."

ကျောင်းရဲ့အုတ်တံတိုင်းကိုမှီထားကာလက်ပြနေသည့် Taehyung အနားကို Jungkook ရောက်လာလေသည်...

"ချာတိတ်...အစပ်စားနိုင်လား"

"ဟုတ်..နည်းနည်းတော့စားနိုင်ပါတယ်"

"လာ သွားကြစို့"

ပြောရင်းဆိုရင်းနဲ့ Taehyung က Jungkook ရဲ့လက်ကိုလှမ်းဆွဲကာ Tteokbokki ဆိုင်ကိုထွက်လာခဲ့လေသည်...Tteokbokki ဆိုင်ကလမ်းဘေးမှာတွန်းလှည်းဘေးနဲ့ဖွင့်တဲ့ဆိုင်မျိုးဖြစ်သော်လည်းအရသာကတော်တော်ကောင်းလေသည်...

"ဦးလေးကြီး...ကျွန်တော်တို့ကို Tteokbokki အစပ်နှစ်ပွဲပေးပါ"

"အေးအေး"

Taehyung ကဆိုင်ရှင်ဦးလေးကြီးကိုလှမ်းအော်ပြောကာတွန်းလှည်းရဲ့အရှေ့မှာခင်းထားသည့်ထိုင်ခုံကိုဆွဲကာ Jungkook ကိုထိုင်ခိုင်းကာကျန်တစ်ခုံမှာသူကိုယ်တိုင်ဝင်ထိုင်လိုက်သည်...လက်ကတော့ Jungkook ရဲ့လက်ကိုဆုပ်ကိုင်ထားဆဲဖြစ်သည်...

"စီ...စီနီယာ..."

"ဟင် ဘာလဲ"

"ဟို...ဟိုလေ လက်..."

Jungkook ကသူ့ရဲ့လက်ကိုရိုးရိုးတန်းတန်းဆုပ်ကိုင်ထားတာမဟုတ်ဘဲလက်ချောင်းအချင်းချင်းယှက်ကာတင်းကျပ်စွာဆုပ်ကိုင်ထားသည့် Taehyung ရဲ့လက်ကိုကြည့်ကာမချင့်မရဲလေးပြောသည်...

"ဘာလို့လဲ ပူလာလို့လား"

ထိုသို့ပြောကာ Taehyung က Jungkook ရဲ့လက်ကိုနှုတ်ခမ်းနားကပ်ကာတဖူးဖူးမှုတ်ပေးနေလေသည်...

"မ...မဟုတ်ပါဘူး!!"

Taehyung ရဲ့အပြုအမူကြောင့် Jungkook ရှက်သွားကာအစပ်မစားရသေးခင်မှာပင်ချွေးစီးတွေပြန်လာလေသည်...

"အဲ့တာဆိုလည်းငြိမ်ငြိမ်နေ ဟုတ်ပြီလား"

"ဟုတ်..."

ထိုအချိန်ဆိုင်ရှင်ဦးလေးကြီးက Tteokbokki နှစ်ပွဲကိုဘူးလေးတွေနဲ့ထည့်ပေးကာသူတို့နှစ်ယောက်ရဲ့ရှေ့စားပွဲပေါ်ကိုချပေးလေသည်...

"ကဲ စားကြစို့"

ပြောရင်းဆိုရင်းနဲ့ Taehyung ကတူကိုကောက်ယူကာ Tteokbokki ကိုညှပ်ယူကာစားနေလေသည်...Jungkook ကိုတော့လက်ကိုင်ထားဆဲဖြစ်သည်...သို့သော် Taehyung က Jungkook ရဲ့ညာဘက်လက်ကိုသူ့ရဲ့ဘယ်ဘက်လက်နဲ့ကိုင်ထားတာကြောင့် ညာသန်ဖြစ်သည့် Jungkook ကစားလို့မရချေ...

"စီ..စီနီယာ..."

"အွန်း...ပြော"

"ကျွန်...ကျွန်တော်ကညာ..ညာသန်"

Jungkook ကခေါင်းကိုငုံ့ကာပြောသည်

"အာ...ဟုတ်လား ကိုယ်ခွံ့ကျွေးမှာပေါ့"

ပြောရင်းဆိုရင်းနဲ့ Taehyung ကတူဖြင့် Tteokbokki ညှပ်ယူကာ Jungkook ရဲ့ပါးစပ်နားကိုတိုးလာကာခွံ့လေသည်...

"စီ...စီနီယာ..."

"ပါးစပ်ဟလေ"

Taehyung က Jungkook ကိုပြုံးကြည့်နေရင်းပြောသည်
"ဟုတ်..."

Jungkook လည်းငြင်းဖို့မကြိုးစားတော့ဘဲပါးစပ်ဟပေးကာ Taehyung ခွံ့ကျွေးတာကိုစားလိုက်သည်...

"လိမ္မာတယ်..."

ထိုပုံစံဖြင့်ပင် Tteokbokki နှစ်ပွဲကုန်အောင် Taehyung က Jungkook အားခွံ့ကျွေးလေသည်...

"စီ...စီနီယာ လက်ကလွှတ်လို့ရပြီလားဟင်..."

ပိုက်ဆံရှင်းဖို့ပြင်နေသည့် Taehyung ကို Jungkook မေးသည်..

"မရဘူး"

စဉ်းစားနေမဘဲနဲ့ပြတ်သားစွာပြောလိုက်သည့် Taehyung ကြောင့် Jungkook ဘာဆက်ပြောရမှန်းမသိတော့ဘဲရှက်သွေးဖြာကာခေါင်းငုံ့ထားလိုက်တော့သည်..

"ချာတိတ်...ကိုယ့်ကိုလိပ်စာပြောပြအုံး"

"ဟုတ်...."

"အာ...နေအုံး"

Jungkook က Taehyung အားသူ့ရဲ့အိမ်လိပ်စာပြောပြဖို့ပြင်လိုက်ပေမယ့် Taehyung ရဲ့ခေါင်းထဲမှာအကြံတစ်ခုပေါ်လာတာကြောင့် Jungkook ကိုတားလိုက်သည်...

"ဘာ...ဘာဖြစ်လို့လဲဟင်...."

"မင်းဖုန်းနံပါတ်ပြော"

ပြောရင်းဆိုရင်းနဲ့ Taehyung ကသူ့ရဲ့ဘောင်းဘီအိတ်ထောင်ထဲကဖုန်းကိုဆွဲထုတ်လိုက်သည်...

"ဗျာ...!!"

"ကိုယ့်ကိုမင်းရဲ့ဖုန်းနံပါတ်ပြောလို့ ကလေးလေးရဲ့...."

ကြောင်တောင်တောင်လေးဖြစ်နေသည့် Jungkook ကို Taehyung ကပြုံးကြည့်ရင်းပြောသည်....

"ဟုတ်....ဟုတ်..."

ဘယ်နှကြိမ်မြောက်မှန်းမသိသောရှက်သွေးဖြာခြင်းနဲ့အတူ Taehyung ကို Jungkook သူ့ရဲ့ဖုန်းနံပါတ်ပြောပြလိုက်သည်...ထိုအခါ Taehyung ကချက်ချင်းဖုန်းခေါ်လိုက်လေသည်...ထို့ကြောင့် Jungkook လည်းသူ့ရဲ့ဘောင်းဘီိအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ Taehyung အားကြောင်တောင်တောင်လေးကြည့်နေလေသည်...

"အဲ့တာကိုယ့်ဖုန်းနံပါတ် မှတ်ထားနော် ပေါက်စလေး"

"ဟုတ်ကဲ့ပါ စီနီယာ..."

"ကိုယ့်ကိုစီနီယာလို့မခေါ်နဲ့တော့ ကိုယ့်နာမည်မှတ်မိတယ်မလား"

"ဟုတ်...Kim...Kim Taehyung..."

"ဟုတ်တယ် ကိုယ့်ကို Hyung လို့ခေါ်..."

"Taehyung Hyung..."

"ဟုတ်တယ် ချာတိတ်ရဲ့နှုတ်ခမ်းလှလှလေးကထွက်လာတဲ့ကိုယ့်နာမည်လေးကချိုလိုက်တာကွာ..."

ခေါင်းငုံ့ထားသည့် Jungkook ရဲ့မျက်နှာကိုမရရအောင်ငုံ့ကြည့်ကာ Taehyung ပြောသည်...

"စီနီယာ...အာ...Taehyung Hyung..."

"အွန်း ပြောလေ"

"အိမ်လိပ်စာဆို..."

သူ့ကိုမျက်လုံးပေါက်မတတ်ဇွတ်ကြည့်နေသည့် Taehyung ရဲ့အကြည့်တွေကိုမခံစားနိုင်တော့တာမို့လို့ Jungkook မြန်မြန်ပြောလေသည်

"အော် ဟုတ်သားပဲ ချာတိတ်အလှမှာကိုယ်မျောသွားတယ် ဆောရီး ကိုယ့်ကိုအိမ်လိပ်စာပြော"

Jungkook ကိုအချိန်တိုတိုလေးအတွင်းမှာတင်စကားလုံးလှလှလေးတွေနဲ့ချုပ်နှောင်နိုင်သည့် Taehyung ရဲ့အစွမ်းဟာအံ့ဩစရာကောင်းလွန်းလှသည်...Jungkook လည်း Taehyung ကိုလိပ်စာပြောပြလိုက်သည်..ထိုအခါသူတို့နှစ်ယောက်လမ်းလျှောက်ကာ Jungkook ရဲဦးတည်ကာထွက်လာခဲ့ကြသည်...လမ်းလျှောက်နေသည့်အချိန်အတောအတွင်းတွင် Jungkook ကလက်ချင်းတွဲထားတာကိုဖြုတ်ဖို့ကြိုးစားပေမယ့် Taehyung ကတင်းနေအောင်ဆုပ်ကိုင်ထားတာကြောင့်မအောင်မြင်ခဲ့ချေ....

"ဒီတိုက်ခန်းလား..."

"ဟုတ်..."

"ချာတိတ်ကတစ်ယောက်တည်းနေတာလား"

"ဟုတ်..."

"Seoul ကမဟုတ်ဘူးထင်တယ် ကိုယ်ပြောတာဟုတ်လား"

"ဟုတ် ကျွန်တော်က Busan ကပါ Taehyung Hyung..."

"ဟုတ်လား ကိုယ်ကမင်းကိုစစတွေ့ချင်းတုန်းက Seoul ကထင်နေတာ မင်းရဲ့အကြောင်းတွေကိုယ့်ကိုနောက်နေ့ကျရင်အကုန်ပြောပြနော် မင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှအကုန်လုံးကိုကိုယ်သိချင်တယ်..."

ပြောရင်းဆိုရင်းနဲ့ Taehyung က jungkook ရဲ့မျက်နှာနားကိုတဖြည်းဖြည်းငုံ့ကပ်လာတာကြောင့် Jungkook အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်မိသည်...

"လိုက်...လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါ!!Taehyung Hyung...ကျွန်..ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး!!"

သူအနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တိုင်းအရှေ့ကိုခေုတစ်လှမ်းတိုးလာသည့် Taehyung ကြောင့် Jungkook ရဲ့မျက်နှာတစ်ခုလုံးနီရဲကာပူလာတာကြောင့် ကိုင်ထားသည့်လက်ကိုအတင်းဆွဲဖြုတ်ကာ Jungkook ပြောသည်...
ထို့နောက်အနောက်ကိုလှည့်မကြည့်ဘဲတိုက်ခန်းထဲကိုဝင်ပြေးသွားခဲ့သည်...ကျန်နေခဲ့သည့် Taehyung ကတော့သူ့ရဲ့ဘယ်ဘက်လက်ဖဝါးမှာကျန်နေသေးသည့် Jungkook ရဲ့အငွေ့အသက်လေးကိုထိတွေ့ကာခံစားရင်းပြုံးနေလေသည်...ထို့အပြင်ရှက်သွားသည့် Jungkook ရဲ့ချစ်စရာကောင်းသည့်မျက်နှာလေးကိုလည်းတွေးနေမိသည်...ထို့နောက်တိုက်ခန်းထဲကိုဝင်သွားပြီဖြစ်သည့် Jungkook ကြားအောင်အော်ပြောလိုက်လေသည်...

"ချာတိတ်!!ညကျရင်ကိုယ်နဲ့ဖုန်းပြောမယ်နော်!!ကိုယ်ဖုန်းဆက်လိုက်မယ်!!"
__________________❣︎________________
Goodnight☪︎♡︎

Zawgyi



"ရော့..."


"စီ...စီနီယာ ဒါတွေက..."


"ဗျာ...!!"


"ဟုတ် ဟုတ်ကဲ့..."

.
.
.
"ချာတိတ်....ကိုယ်ဒီမှာ"

"ဟုတ်..."




"လာ သွားကြစို့"



"အေးအေး"


"စီ...စီနီယာ..."

"ဟင် ဘာလဲ"

"ဟို...ဟိုလေ လက်..."


"ဘာလို့လဲ ပူလာလို့လား"


"မ...မဟုတ်ပါဘူး!!"



"ဟုတ်..."


"ကဲ စားကြစို့"


"စီ..စီနီယာ..."

"အွန်း...ပြော"





"စီ...စီနီယာ..."

"ပါးစပ်ဟလေ"

"ဟုတ်..."


"လိမ္မာတယ်..."




"မရဘူး"



"ဟုတ်...."

"အာ...နေအုံး"


"ဘာ...ဘာဖြစ်လို့လဲဟင်...."

"မင်းဖုန်းနံပါတ်ပြော"


"ဗျာ...!!"



"ဟုတ်....ဟုတ်..."



"ဟုတ်ကဲ့ပါ စီနီယာ..."


"ဟုတ်...Kim...Kim Taehyung..."


"Taehyung Hyung..."




"အွန်း ပြောလေ"

"အိမ်လိပ်စာဆို..."




"ဒီတိုက်ခန်းလား..."

"ဟုတ်..."


"ဟုတ်..."







__________________❣︎________________
Goodnight☪︎♡

Continue Reading

You'll Also Like

37.5K 2.8K 33
မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ကိုတို့အချစ်တွေက မြေဇာပင်ဖြစ်ပေးရမှာတဲ့လား
26.9K 3.2K 20
𝗔𝗹𝗹 𝗺𝘆 𝗳𝗹𝗼𝘄𝗲𝗿𝘀 𝗴𝗿𝗲𝘄 𝗯𝗮𝗰𝗸 𝗮𝘀 𝙏𝙃𝙊𝙍𝙉𝙎...☦︎︎ Both Unicode and Zawgyi
638K 32.2K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
49.7K 3.5K 55
Credit to the owners of the every pictures in this book 𝖡𝗒 𝐋𝐚𝐢𝐫𝐝☃︎