Alien's adorable doctor

By StarRia19

76.2K 5.6K 643

Unicode "ကိုယ်တို့ ချစ်သူဖြစ်ပြီဆိုတော့ အခေါ်ဝေါ်အရင်ပြောင်းစို့ ချာတိတ်" "ဘယ်လိုပြောင်းမှာလဲ" "ကိုယ့်ကို "ဦ... More

အပိုင်း(၁)
အပိုင်း(၂)
Please read...
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
To my readers...💛
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
Please advice me!
အပိုင်း(၁၄)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)

အပိုင်း(၁၅)

2.3K 191 7
By StarRia19

Unicode

မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် မူးနောက်နောက်ခေါင်းအား ဖိကိုင်ကာ ခွန်ရှန်း အိပ်ရာမှ ထထိုင်လိုက်သည်။ ဘေးဘီဝဲယာအား လှည့်ကြည့်တော့ ရင်းနှီးနေသောသူ၏အခန်းမဟုတ်ချေ။

"ချက်"

တံခါးဖွင့်သံကြားလိုက်ရပြီး ဆန်ပြုတ်တစ်ပန်းကန်ကို ဗန်းပေါ်တင်ကာ အထဲဝင်လာသည့်ဦးအား မြင်လိုက်ရသည်။

"နိုးပြီလား ခွန်တာ"

ခွန်ရှန်း ခေါင်းညိတ်ပြလိုက်၏။ ဦးက အိပ်ရာဘေး စားပွဲထက်တွင် ဆန်ပြုတ်ပန်းကန်အား ချထားလိုက်သည်။

"ဦး ကျွန်တော့်ကို ရှင်းပြသင့်တယ်ထင်တယ်"

ဦးက အလုပ်စားပွဲရှေ့ရှိ လှိမ့်ဘီးထိုင်ခုံအား ဆွဲယူကာ သူ့ရှေ့ထိုင်လိုက်သည်။ ထို့နောက် သူ၏နှာခေါင်းလေးအား အသာဆွဲညှစ်လာ၏။

"သေချာပေါက် ရှင်းပြမှာပေါ့"

ခွန်ရှန်း နှုတ်ခမ်းစွန်းတို့တစ်တန်းတည်းဖြစ်သွားသည်ထိ ပြုံးလိုက်သောကြောင့် မျက်ဝန်းများ မှေးစင်းသွားသည်။ မကျေမနပ် အရိပ်အယောင်များ အနားတစ်ဝိုက်ပေါ်ထွက်လာလေသည်။

"ကျွန်တော်ကလေးမဟုတ်ဘူး ဦး...ကလေးလို လာမဆက်ဆံနဲ့နော်"

အပြုံးမပျက်ပြောနေသော်လည်း သတိပေးသည့်အရိပ်အယောင်များပါနေသောကြောင့် ဦးစေတန်နက်ရှိုင်း လက်ပိုက်ကာ ခွန်တာအား ငေးကြည့်နေလိုက်၏။

"ကျွန်တော့်မျက်နှာမှာ ဘာမှမရှိဘူး ဦး...အခုပြောတော့"

ဦးက မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်ပြောလာသည်။

"ဘာလို့မရှိရမှာလဲ...ရှိတယ်...အများကြီး"

ခွန်ရှန်း တစ်ခုခုပေနေသည်ထင်၍ မျက်နှာအား လက်ဖြင့် သုတ်ကာ ပြန်မေးလိုက်သည်။

"ဘာတွေလဲ"

"ချောမောမှုတွေ"

ခွန်ရှန်း ပြောစရာစကားမရှိတော့ဘဲ ဆွံ့အသွားရသည်။

"လုပ်ကြံသူတွေက ဦး လူတွေမလား"

ဦးက လက်ပိုက်ကာ သူ့မျက်ဝန်းအား စိုက်ကြည့်နေရင်း ခေါင်းညိတ်ပြလာသည်။

"ထိခိုက်ဒဏ်ရာရရုံပဲ ရည်ရွယ်တာ...သတ်ဖို့မဟုတ်ဘူး"

ခွန်ရှန်း ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။

"အင်း...ကျွန်တော်သိတယ်...သေစေချင်ရင် ဦးက ကျွန်တော့်ကို ပါတီပွဲအတူခေါ်မလာလောက်ဘူး"

"Bingo...ကိုယ့်ကောင်လေးက တကယ်တော်တာပဲ"

"ကျွန်တော်သာ ငတုံးငအတစ်ယောက်ဆို အစကတည်းက ဦး စိတ်ဝင်စားမှုကို ရခဲ့မှာ မဟုတ်ဘူး"

ဦးစေတန်နက်ရှိုင်းက သူ့အား ပြုံး၍သာကြည့်နေ၏။

"ဆက်ပြောပါဦး ဦး"

"မှော်ပညာကို ယုံလား ခွန်တာ"

ခွန်ရှန်း ဦးအား ခေါင်းညိတ်ပြလိုက်သည်။

"ဒီထူးဆန်းလွန်းတဲ့လောကကြီးမှာ ကျွန်တော်တို့မသိတဲ့ ထူးဆန်းတဲ့အရာတွေ အများကြီးရှိနေလိမ့်မယ်လို့ ယုံကြည်တယ်"

"အင်း...ကိုယ် မှော်ဆရာတစ်ယောက်ဆီက ဟောကိန်းတစ်ခုရခဲ့တယ်"

ခွန်ရှန်း တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

"ကိုယ်ရှာနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပစ္စည်းတစ်ခု အဲဒီပါတီမှာ ပေါ်လာလိမ့်မယ်တဲ့...အဲဒီပါတီပွဲက လူတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာရှိနေလိမ့်မယ်လို့ ဟောတယ်"

"ဟောကိန်းက ယုံရလို့လား"

"အင်း....သူဟောတာ 100 percent မမှားနိုင်ဘူး"

"အဲဒါနဲ့ လုပ်ကြံတာက ဘယ်လိုဆက်စပ်နေလို့လဲ"

"ကိုယ်ပါတီတက်ဖို့ အဖိတ်ခံရသူတွေရဲ့ အကြောင်းတွေ လေ့လာကြည့်လိုက်တယ်...အကုန်လုံးကသာမန်ပဲ...မဖြစ်နိုင်ကြတဲ့သူတွေ...ထူးဆန်းပစ္စည်းတွေ ဝယ်စုတတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးကသာ အဖြစ်နိုင်ဆုံးသူပဲ...အဲတော့ ကိုယ်က နိုင်ငံခြားရေးဝန်ကြီးရဲ့ခန္ဓာကိုယ်ကို ရှာကြည့်မှဖြစ်မယ်...ဒီတိုင်းလွယ်လွယ်ရှာဖို့က မဖြစ်နိုင်ဘူးလေ...အဲဒါကြောင့် အခုလိုဇာတ်လမ်းဆင်လိုက်တာ"

ခွန်ရှန်း သက်ပြင်းချလိုက်မိသည်။

"ဦး ပီသပါပေတယ်...အန္တရာယ်အများဆုံးနည်းကိုမှ သေချာရွေးချယ်လိုက်တာပဲ"

"ဟောကိန်းဟောတဲ့ မှော်ဆရာက ဘယ်သူလဲသိလား"

"ဘယ်သူလဲ"

"ဇွဲဆတ်မင်း"

"သြော်"

ခွန်ရှန်း ဘာမှဆက်မပြောတော့ဘဲ ငြိမ်နေလိုက်၏။ ဦး၏ မျက်နှာတွင် အံ့သြမှုတို့ ပေါ်ပေါက်လာသည်။

"ဒါပဲလား...မအံ့သြဘူးလား ခွန်တာ...ဇွဲဆတ်မင်းက mafia တစ်ယောက်တင်မဟုတ်ဘဲ မှော်ဆရာပါဖြစ်နေတာလေ"

ခွန်ရှန်း ခေါင်းသာ ဖြည်းညှင်းစွာ ခါပြလိုက်သည်။

"ကျွန်တော့်ဘေးမှာ အထူးဆန်းဆုံးဖြစ်တဲ့ ဂြိုလ်သားကြီးက ထိုင်နေတာလေ...ကျွန်တော်က ဘာကိုထပ်အံ့သြရဦးမှာတုန်း"

ဦးစေတန်နက်ရှိုင်း မျက်နှာတွင် အံ့သြနေမှုများ ေပျာက်ကွယ်သွားပြီး ပြုံးရယ်လာလေသည်။

ခွန်ရှန်း ထပ်ပြီး ခေါင်းခါရမ်းလိုက်မိ၏။

' ငါ့ဘေးကလူတွေအကုန် သာမန်လူတစ်ယောက်မှမှ မပါတာ...ထပ်အံ့သြစရာ မရှိတော့ဘူး...လူဖြစ်နေရင်တောင် အကုန်လုံးက တစ်ယောက်တစ်မျိုးစီရူးနေကြတဲ့ အရူးတွေ'

ခွန်ရှန်း ရုတ်တရက် သိချင်စိတ်ပေါ်လာ၍ ကောက်မေးလိုက်သည်။

"ဦးဇွဲဆတ်မင်းက မှော်ဆရာဆိုတော့ ကျွန်တော့်အတိတ်ကို မှော်ပညာနဲ့ ပြန်ဖော်ပေးလို့ ရလောက်လား"

"မရဘူး"

ဦးက တချက်လေးပင် မစဥ်းစားဘဲ ချက်ချင်းငြင်းလာလေသည်။

"ဘာလို့လဲ"

"သူအဲလောက်မစွမ်းဘူး"

ဦး မျက်နှာ ကြည့်လိုက်မိတော့ တစ်ခုခုဖုံးကွယ်ထားသည့်အရိပ်အယောင်များအား ခွန်ရှန်း မြင်လိုက်ရသည်။ ဦးက သူ့အား လိမ်နေသည်လား။

အရိပ်အကဲခတ်တော်လွန်းသည့်သူက မှားနိုင်စရာ မရှိပေ။ အနာဂတ်ဟောကိန်းတောင် ထုတ်နိုင်သူက မစွမ်းနိုင်စရာအကြောင်းမရှိ။ သို့သော် ဦး ထပ်ပြောချင်ပုံ မရသော​ကြောင့် ခွန်ရှန်း မမေးတော့။

ချစ်သူများကြား အရေးကြီးဆုံးသည် နားလည်မှုပင်။ မဖြေချင်သည့်အကြောင်းအရာအား ဇွတ်မေးကာ သူ့အား စိတ်မကွက်စေချင်ပါ။

"ခွန်တာ...ကိုယ်ဘာပစ္စည်းရှာလဲဆိုတာ စိတ်မဝင်စားဘူးလား"

ဦးက ချက်ချင်း စကားလမ်းကြောင်း လွှဲပစ်နေပုံရသည်။ ခွန်ရှန်း ပြန်ဖြေလိုက်၏။

"ဦး ပြောပြချင်တယ်ဆိုရင် ကျွန်တော်နားထောင်မယ်"

"ကိုယ်က Mars ဂြိုလ်က agentတစ်ယောက် ခွန်တာ...ကိုယ် mission ထမ်းဆောင်ဖို့ ဒီကမ္ဘာမြေပေါ် ရောက်နေတာ...ကိုယ့်ရဲ့ mission က ကိုယ်တို့ဂြိုလ်ကနေ ခိုးယူခံလိုက်ရတဲ့ ဆင့်ကဲပြောင်းလဲမှုဆေးရည်ကို လာရှာတာ"

စေတန်နက်ရှိုင်း ခွန်တာအား သူ၏တာဝန်တို့ကို ပြောပြလိုက်သည်။ သို့သော် သူ့တွင် တာဝန်ထမ်းဆောင်ဖို့အချိန်သိပ်မကျန်တော့ကြောင်းကိုတော့ မပြောပြလိုက်ပေ။

"အခု အဲဒီဆေးကို နိုင်ငံခြားရေးဝန်ကြီးကိုယ်ပေါ်မှာ မတွေ့ဘူးလား"

"အင်း မတွေ့ဘူး"

"ဒါဆို ဘယ်မှာရှိလဲရော သိလား"

"ကိုယ်အခုထိ အစအနလေးတောင် မရှာနိုင်သေးဘူး ခွန်တာ"

ကျန်သည့်ကိစ္စများအား ခွန်ရှန်း သိသောကြောင့် ဦးအားဆက်မမေးတော့။ သူ သတိမလစ်ခင် ဦးနှင့် မိုးထက်မဟာတို့ ပြောနေသည်များအား ကြားလိုက်ရသည်။ သူ ဆက်စပ်တွေးပြီးနောက် အားလုံးနားလည်သွားလေပြီ။

ထိုစဥ် ဘေးစားပွဲတွင် တင်ထားသော သူ၏ ဖုန်းမှ ဖုန်းသံမြည်လာသည်။ ခွန်ရှန်း ဖုန်းအား ကောက်ယူကြည့်လိုက်၏။

သုရာရှင်းဆီမှ ဆက်သွယ်လာသောဖုန်းပင်။ ခွန်ရှန်း ချက်ချင်းဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ခွန်ရှန်း သျှားသံလွင်ရဲ့ accident video ထဲက လူက မင်းဆိုတာငါသိတယ်...မီးလောင်မှုက ဒေါက်တာကလည်း မင်းမလား...မင်းအခုဘယ်မှာလဲ...အဆင်ပြေရဲ့လား...ဘယ်နားထိခိုက်သွားသေးလဲ"

ဆက်တိုက်ပြောလာသံများ ရပ်သွားမှ ခွန်ရှန်း ပြန်ပြောခွင့် ရတော့သည်။

"ငါမဟုတ်ပါဘူး"

"ခွေးကောင်...မင်းမှန်းငါသိတယ်...နောက်ကျောပဲ မြင်ရပေမဲ့ မင်းကိုယ်ကြီး ခွေးချီသွားတောင် ငါသိတယ်"

"Shit!"

ခွန်ရှန်း သုရာစကားကြောင့် ပြုံးနေကျ မျက်နှာတွင်ပင် အပြုံးမရှိတော့။ အနည်းငယ်ပင် ညှို့မှိုင်းလာရ၏။

"အခု မင်းဘယ်မှာလဲ...အိမ်မှာလား...ဘယ်နားထိခိုက်သေးလဲ...ငါ အခုလာခဲ့မယ်"

"ဘယ်နားမှ မထိခိုက်ဘူး...အိမ်မှာလည်း မဟုတ်ဘူး...မလာခဲ့နဲ့"

"အိမ်မှာမဟုတ်ဘူးလား...ဒါဆိုဘယ်မှာလဲ"

"ခွန်တာ ဆန်ပြုတ်တွေ အေးကုန်ပြီ...ကိုယ် သွားနွှေးပေးမယ်"

ဘေးမှ ပြောလိုက်သောဦးအသံက ဖုန်းထဲသွားဝင်မည်မှာ သေချာပေါက်ပင်။ ထင်သည့်အတိုင်း သုရာရှင်း၏ အမောတကောမေးသံများ ဆက်ထွက်လာ၏။ မသိလျှင် သူ့အမေအတိုင်းပင်။

"ခွန်ရှန်း ဘယ်တွေရောက်နေတာလဲ...ခုနက ဘယ်သူ့အသံလဲ...မင်းဘယ်မှာလဲ...ငါ့ကိုနေရာပြော...ငါမင်းကို စိတ်မချဘူး...ငါလာခဲ့မယ်"

"ဟိုး တော်တော့ သုရာ...ငါအဆင်ပြေတယ်...ဘာဆိုဘာမှမဖြစ်ဘူး...ငါက ယောကျာ်းလေးပါ...စိတ်မချစရာလည်းမရှိဘူး..အဲဒါဆို ဒါပဲ ဘိုင့်"

စကားစအမြန်ဖြတ်ပြီး ခွန်ရှန်း ဖုန်းချလိုက်သည်။ မဟုတ်ရင် သုရာ၏ တရစပ်စကားသံများကြောင့် သူ အရမ်းနားညီးရပေလိမ့်မည်။

"ဆန်ပြုတ်က အရမ်းမအေးလောက်သေးပါဘူး...ကျွန်တော်သောက်လိုက်မယ် ဦး"

ဦးက မတ်တပ်ရပ်နေရာမှ ကိုယ်ကိုကိုင်းကာ အနားတိုးကပ်၍ သူ၏နဖူးအား လက်ဖြင့်စမ်းလိုက်သည်။ အရမ်းနီးကပ်နေသောကြောင့် ဦး၏ မျက်ဝန်းများမှ မျက်တောင်များကိုပင် တစ်ချောင်းချင်း ရေတွက်နိုင်လေသည်။

"အဖျားရှိသေးတယ်...ပူပူနွေးနွေးပဲသောက်"

ဆန်ပြုတ်ပန်းကန်ကိုင်ကာ အပြင်ထွက်ရန်နောက်လှည့်သွားသည့် ဦးအင်္ကျီစအား ခွန်ရှန်းဆွဲကိုင်လိုက်သည်။

"ဦး"

"ဘာလို့လဲ ခွန်တာ"

"ကျွန်တော့်ကို ဘယ်ချိန်အိမ်ပြန်ပို့မှာလဲ"

"ဒီမှာပဲ တစ်သက်လုံးနေတော့လေ"

ဦးစကားကြောင့် ခွန်ရှန်းခေါင်းကိုက်ချင်သလိုပင် ဖြစ်လာရသည်။

"ဦးအိမ်က ဦးတစ်ယောက်တည်းနေတာ မဟုတ်ဘူးမလား...ကျွန်တော်ကြာကြာနေလို့မကောင်းဘူး"

"ဇွဲဆတ်မင်းပဲရှိတာ...သူ့ကိုက သေနေရင်တောင် ဂရုစိုက်စရာမလိုဘူး"

"ဒါပေမဲ့ ကြာကြာနေလို့မကောင်းလောက်ဘူးလေ"

"ခွန်တာ နေကောင်းတာနဲ့ ကိုယ်ပြန်လိုက်ပို့ပေးမယ်"

"ကျွန်တော်အခုဘာမှမဖြစ်ဘူးလေ...trumaကြောင့် နည်းနည်းထိတ်လန့်သွားရုံပဲ...ကျွန်တော်ဆရာဝန်ပါ...ကျွန်တော့်အခြေအနေ ကျွန်တော်သိတယ်"

"ကိုယ်မှ ဆရာဝန် မဟုတ်တာ...ကိုယ်မသိဘူး...စကားမများနဲ့တော့...မောလိမ့်မယ်...နားလိုက်ဦး"

ခွန်ရှန်း လက်ပေါက်ကပ်သူများနှင့်သာ စကားပြောနေရသောကြောင့် ပို၍ပင် ခေါင်းကိုက်ချင်လာရသည်။

"ကျွန်တော်ဆေးရုံကို ခွင့်ယူရဦးမယ်"

"ကိုယ်ယူထားပေးပြီးပြီ"

"အမ် ဘယ်လိုယူလိုက်တာလဲ"

"ကာရန်ကတစ်ဆင့်ပြောခိုင်းလိုက်တာ...မင်းက သူ့အမျိုးဆိုပြီး"

ခွန်ရှန်း အနားယူချိန်ပိုရသည်ဟု အကောင်းဖက်ကသာ ပြောင်းတွေးလိုက်တော့သည်။ ဦးအား ဘာမှဆက်မပြောနေတော့။

"ဘာမှလျှောက်မစဥ်းစားနဲ့တော့ ခွန်တာ...ကိုယ်ဆန်ပြုတ်သွားနွှေးတော့မယ်"

ဦးက သူဆွဲကိုင်ထားသောလက်အား ကြည့်ကာ ပြောလာသည်မို့ ခွန်ရှန်း ဦးအင်္ကျီစအား လွှတ်ပေးလိုက်သည်။

"ကိုယ် အဲကွန်းပိတ်ထားတယ်...ခွန်တာလည်းမဖွင့်နဲ့"

ဆန်ပြုတ်ပန်းကန်ထည့်ထားသော ဗန်းအားကိုင်ရင်း သူ့အား ကြည့်ကာ မှာကြားပြီးနောက် အခန်းထဲမှ ဦး ထွက်သွား၏။

ခွန်ရှန်း အခန်းထဲတစ်ယောက်တည်းဖြစ်သွားသောကြောင့် အိပ်ရာထက်သာ ပြန်လှဲနေလိုက်တော့သည်။

*************

ရုတ်တရက် ချသွားသော ဖုန်းအား လက်ထဲကိုင်ထားရင်း သုရာ လွန်စွာ စိတ်ပူနေရသည်။ ရိုးသားလွန်းသော သူ့သူငယ်ချင်းလေး တစ်ခုခု စိတ်ပူစရာ ဖြစ်မသွားစေချင်ပါ။

စိုင်းဝဏ္ဏအား တိုင်ပင်ရန် သုရာ ချက်ချင်းဖုန်းခေါ်လိုက်သည်။

"ဟယ်လို"

စိုင်းဝဏ္ဏဘက်မှ ပြန်ဖြေသံထွက်ပေါ်လာသည်နှင့်သုရာစိတ်ပူနေသည်အား မေးလိုက်၏။

"ဝဏ္ဏ accident videoထဲက ခွန်ရှန်းဆိုတာ မင်းသိတယ်မလား"

"အင်း...ငါ သိတယ်"

"ငါ အခု ခွန်ရှန်းကို ဖုန်းဆက်တာ...ယောကျာ်းသံတစ်သံကြားလိုက်ရတယ်...သူ ဘယ်မှာလဲဆိုတာလည်း ငါ့ကို မပြောဘူး...မီးလောင်မှုမှာ သူ တစ်ခုခုထိခိုက်သွားလား စိတ်ပူတယ်"

"ခွန်ရှန်း trumaက စိုးရိမ်ရရင် သူ ခုလို မင်းနဲ့စကားပြောနိုင်မှာ မဟုတ်ဘူး...သူ ဘာမှမဖြစ်တော့လို့ပြောနိုင်တာ"

"ဒါပေမဲ့ ငါ သူ့ကို စိတ်ပူတာကစိတ်ပူတယ်...သူ ဘယ်မှာရောက်နေလဲ ငါသိချင်တယ်...မင်း နည်းနည်းမှ ခွန်ရှန်းကိုစိတ်မပူဘူးလား"

"အဲလိုမဟုတ်ပါဘူး...ငါခွန်ရှန်းအဆင်ပြေမယ်ထင်လို့ပါ...မင်းအရမ်းစိတ်ပူရင် သူဘယ်ရောက်နေလဲဆိုတာ ငါစုံစမ်းပေးမယ်"

"အင်း တစ်ခုခုသိရရင် ငါ့ကိုပြန်ပြောဦး"

"Ok ok"

တဖက်မှ ဆက်သွယ်မှုပြတ်တောက်သွားသည်နှင့် သုရာ ဖုန်း screenအား ပိတ်လိုက်သည်။ ထိုစဥ် sms ဝင်လာသံနှင့်အတူ screen ပြန်လင်းသွားသည်။

Smsထဲ ဝင်ကြည့်လိုက်တော့ လွှမ်းဆက်ဆီမှ ပို့ထားသောစာဖြစ်နေသည်။ လွှမ်းဆက်အား မကြည်သော်လည်း လုပ်ဖော်ကိုင်ဖက်ဖြစ်နေသောကြောင့် အရေးကြီးတစ်စုံတစ်ရာရှိမည်စိုးကာ ဝင်ကြည့်လိုက်၏။

"Dorami club,first floor, VIP room 1"

ပို့ထားသည့်စာကြောင့် သုရာ အနည်းငယ်ကြောင်အသွားရသည်။ အရေးမပါလောက်ဟုတွေးကာ လျစ်လျူရှုရန်ပြင်လိုက်စဥ် စိတ်ထဲစနိုးစနောင့်ဖြစ်နေသောကြောင့် လိုင်းပေါ်ရိုက်ရှာကြည့်လိုက်၏။

Dorami club သည် ဦးဇွဲဆတ်မင်း၏ ပိုင်ဆိုင်မှူများထဲမှ တစ်ခုဖြစ်နေသည်။ သုရာတွက် ထူးဆန်းသွားရ၏။

လိုင်းပေါ်မှ ပုံများအား ကြည့်ကာ တစ်ခုခုမူမမှန်သလိုလည်း ခံစားလာရသည်။ သာမန် club များနှင့်မတူဘဲ အပြင်အဆင်က အနီရောင်များအား အဓိကသုံးထား၏။ ဝတ်စားထားသူများက အတင်းဖော်ဟိုက်ကာ မလုံမခြုံ။ ဦးဇွဲဆတ်မင်းနှင့် တစ်ခုခုပတ်သတ်နေမည်စိုးစွာ သုရာရင်ထဲပူလောင်လာရသည်။

သွားကြည့်ရန် ဆုံးဖြတ်လိုက်ပြီးနောက် စိုင်းဝဏ္ဏဆီ ခွင့်တိုင်ပေးရန် sms ပို့လိုက်ပြီး ကားထဲဝင်ကာ အလုပ်ဆီသို့ မသွားတော့ဘဲ dorami club location အား ရိုက်လိုက်သည်။

ကားဆီမှ လမ်းညွှန်ပြသသည့်အတိုင်း ဦးတည်ရာဆီသို့ သူဆက်၍ မောင်းနှင်သွားလေတော့၏။

************

"ဟယ်လို အမိန့်ရှိပါ...အတွင်းရေးမှူးကာရန် ဖုန်းပြောနေပါတယ်"

"ဟယ်လို ငါ့အသံမှတ်မိလား"

တဖက်မှ ကြားလိုက်ရသောအသံကြောင့် စာရင်းများစစ်ရင်း အိပ်ငိုက်နေသောကာရန် မျက်လုံးများပင်ပြူးကျယ်သွားရသည်။

"စိုင်းဝဏ္ဏ"

"အင်း ငါရယ်"

"ဘာကိစ္စရှိလို့လဲ"

"ခွန်ရှန်းကို ခွင့်တိုင်ပေးတဲ့ဖုန်းနံပါတ်ကို ပြန်ဆက်သွယ်ကြည့်တာလေ...မင်းဖြစ်နေမယ်မထင်ထားမိဘူး...မင်းပဲဆွေမျိုးမရှိဘူးဆို...ဘယ်တုန်းက ခွန်ရှန်းဆွေမျိုးဖြစ်သွားတာလဲ"

ကာရန် ဖုန်းမကိုင်ထားသောလက်တစ်ဖက်ဖြင့် မျက်မှန်အား အထက်သို့ ပင့်တင်လိုက်သည်။

"အခြေအနေအရပါ"

"ဒါဆို အခြေအနေအရ ငါ့ချစ်သူမလုပ်ချင်ဘူးလား"

"No"

ယတိပြတ် ငြင်းဆိုလိုက်သော သူ့ကြောင့် တခြားတဖက်မှ သဘောကျစွာ ရယ်မောသံတို့ထွက်ပေါ်လာသည်။ ကာရန် စိတ်ရှုပ်လာရ၏။

"မင်း ဘာသိချင်လို့ ဆက်တာလဲ"

"ခွန်ရှန်း ဘယ်မှာရှိလဲ သိချင်တာ...မင်းသိတယ်မလား"

"အင်း သိတယ်"

"အဲဒါဆို ဘယ်မှာလဲဆိုတာ ပြောပြ"

ကာရန် ပြောရန်ပြင်လိုက်စဥ် ခွန်ရှန်းကိုယ်ရေးအကျဥ်းထဲမှ ထူးဆန်းနေသည့်အချက်များအား သတိရသွားသည်။ စိုင်းဝဏ္ဏနှင့် ခွန်ရှန်းက bff များဖြစ်သောကြောင့် ထိုအကြောင်းတို့အား စိုင်းဝဏ္ဏသိလောက်မည်ထင်သည်။

ပြောစရာအရမ်းများသောကြောင့် အပြင်တွင် မျက်နှာချင်းဆိုင်မေးခြင်းက ပိုကောင်းမည်ဟု တွေးမိ၏။

"ငါ မင်းကို မေးစရာတချို့ရှိတယ်...ခွန်ရှန်းအကြောင်းပါ...မင်းသိလောက်မယ်ထင်တယ်"

"ခွန်ရှန်းအကြောင်း မင်းသိချင်ရင် ငါ့ကိုမေးလို့ရတယ်...ဒါပေမဲ့ မင်းဘာလို့ မေးလဲဆိုတာတွက် ငါသိချင်တယ်...မင်းအတွက်လား"

"ငါ့အတွက်မဟုတ်ဘူး...ပြောရရင်တော့ ရှည်တယ်...အပြင်တွေ့ရင် ငါရှင်းပြမယ်"

"Ok...အဲဒါဆို ငါတို့ဆေးရုံနားက Smile cafe မှာ ဆုံမယ်"

"အင်း ငါ ဆယ်နာရီမှာ အားတယ်...မင်း ဆယ်နာရီလောက် လာခဲ့ပေးလို့ရလား"

"ငါ ဆယ်နာရီကျ အသိတစ်ယောက်ကို ဂျူတီချိန်လဲပေးဖို့ အကူညီတောင်းပြီးလာခဲ့လိုက်မယ်"

"အင်းအင်း"

"ငါ နောက်ကျရင်..."

"တီ တီ တီ"

နောက်ကျရင် ခဏလောက် သူ့အားစောင့်ပေးရန်ပြောမည်ကိုပင်မစောင့်။ ချက်ချင်းဖုန်းချသွားသူကြောင့် စိုင်းဝဏ္ဏ ဖုန်းကိုင်ရင်း ကြောင်အသွားရ၏။

'စိတ်က လက်တစ်ဆစ်နဲ့...ဘယ်လိုများ အတွင်းရေးမှူးလုပ်နေလည်း မသိ'

ထို့နောက် သူလည်း ဖုန်းscreen ပိတ်ကာ အလုပ်လုပ်ရန် ဂျူတီကုတ်အား လဲလှယ်ဝတ်ဆင်လိုက်လေတော့သည်။

************

မီးအလင်းရောင်မှိန်ကာ အပူချိန် လျော့ကျသွားသောအခန်းထဲတွင် လူတစ်ယောက်သည် ထိုင်ခုံပေါ်ကြိုးများဖြင့် တုပ်နှောင်ခံထားရသည်။

ထိုလူ၏ ရှေ့တွင် ထိုင်ခုံတစ်လုံးအား ဆွဲယူကာ လူတစ်ယောက်ထိုင်လိုက်၏။ ရှေ့တွင် ထိုင်လိုက်သူသည် ချုပ်နှောင်ခံရသူ၏ မျက်ဝန်းများအား စိုက်ကြည့်ကာ သူ၏ လက်နှစ်ဖက်အား ရှေ့တွင် တစ်ဖက်ကိုတစ်ဖက် ယှက်နွယ်ထားသည်။

"မင်းရဲ့ မျက်ဝန်းထဲမှာ ဒေါသနဲ့ ကြောက်ရွံ့မှုတွေ မြင်နေရတယ်"

"မင်းငါ့ကိုလွှတ်စမ်း"

ရှေ့တွင်ထိုင်နေသူက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ဟက် သစ္စာဖောက်တစ်ယောက်က ခုလို ပြောပိုင်ခွင့်မရှိဘူး...မင်းသိလား...လူတွေရဲ့ကြောက်စရာအကောင်းဆုံး အားနည်းချက်က ဒေါသ၊ မနာလိုမှုနဲ့ ကြောက်ရွံ့မှုတို့ပဲဆိုတာ"

"စိတ္တဇကောင်...လူမဆန်တဲ့ကောင်...မင်းအသေဆိုးနဲ့သေလိမ့်မယ်"

ထိုင်နေသူက သူ၏နားထဲ လက်ထိုးထည့်ကာ လှောင်ပြောင်ပြောလာ၏။

"ဟက် လူတိုင်းကသေခါနီးတိုင်း ငါ့ကို အဲလို ကျိန်စာတိုက်တတ်ကြတယ်...ငါ့အတွက်တော့ အဲဒီစကားတွေကရိုးနေပြီ"

ထို့နောက် ဖမ်းဆီးခံထားရသူ၏ မျက်ဝန်းများအား ပြန်စိုက်ကြည့်လိုက်သည်။ ထိုသူ၏ မျက်ဝန်းတို့သည် လွန်စွာ နက်နဲစူးရှနေပြီး ကြောက်မက်ဖွယ်ကောင်းနေ၏။

စိုက်ကြည့်ခံရသူသည် ကြက်သီးများထလာကာ မျက်ဝန်းများအား မှိတ်ပစ်ချင်လာသည်။ သို့သော် သူလုံးဝ မျက်လုံး မှိတ်မရပေ။ သူ၏ တကိုယ်လုံး တောင့်တင်းကာ လှုပ်မရတော့။

သူ၏ သတိကပ်သေးသော အသိစိတ်တို့မှ ကြောက်ရွံ့မှုတို့သည် အဆုံးအစမရှိဖြစ်တည်လာသည်။ စိတ်ပညာအား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါသော serial killer Liam။ လူတစ်ယောက်၏ စိတ်ထဲမှ အားနည်းချက်များအား ကောင်းစွာအသုံးချ၍ အလွယ်တကူ စိတ်ညှို့နိုင်သောသူ။ သူ ထိုသူ၏ လက်ထဲမှ ဘယ်လိုမှ လွတ်မြောက်အောင် ရုန်းမထွက်နိုင်ပါ။

Liam တဖက်သူ မျက်ဝန်းထဲမှ အကြောက်တရားတို့အား မျက်တောင်မခတ်စိုက်ကြည့်ကာ နှုတ်ခမ်းစွန်းတစ်ဖက် ကွေးညွှတ်သွားရသည်။

သာမန်လူတွေက အရမ်းအားနည်းတာပဲ။ အားနည်းသူတွေက တကယ်စိတ်ပျက်ဖို့ကောင်းတယ်။

သူ၏ မျက်ဝန်းများမှတဆင့် တစ်ဖက်သူအား မျက်ဝန်းများဆီသို့ စကားအနည်းငယ်ပို့လွှတ်လိုက်သည်။

'မင်းကြောက်နေတယ်...မင်းစိတ်ထဲအရမ်းကိုကြောက်နေတယ်...မင်းမသေချင်သေးဘူး...အသက်ရှင်ချင်တယ်မလား'

တစ်ဖက်သူ၏ မျက်ဝန်းများက တဖြည်းဖြည်း မှေးစင်းလာလေသည်။

'မင်းအသက်ရှင်ချင်ရင် ငါ့စကားနားထောင်ရမယ်...မင်းရဲ့အရှင်သခင်က ငါပဲ'

စိတ်ထဲတွင် အသံတချို့အား ကြားနေရပြီးနောက် ကြောက်ရွံ့နေသူသည် ဘာအသိစိတ်မှ မကပ်နိုင်တော့ပေ။ အာရုံတစ်ခုလုံးထွေပြားကုန်ကာ သူ၏ စိတ်ထဲမှ စကားသံတို့ကိုသာ တဝေမသိမ်း နားထောင်ရန် အသိသာ ကျန်ရှိတော့သည်။ သူ၏မျက်ဝန်းများ အလုံးစုံမှိတ်ကျသွား၏။

ရုတ်တရက် ကျယ်လောင်စွာ လက်ဖျောက်တီးသံတစ်သံကြားလိုက်ရသည်။ သူ၏ မျက်ဝန်းများ ချက်ချင်းပွင့်သွားရ၏။

ရှေ့တွင်ထိုင်နေသူသည် ကျောက်ရုပ်ကဲ့သို့ အသက်မရှိသလို မျက်လုံးများပြူးကြောင်ကာ ထိုင်နေသူအား ကြည့်၍ မျက်ဝန်းထဲတွင် ပျော်ရွှင်နေသောအရိပ်အယောင်တို့ပေါ်ထွက်လာသည်။

နှုတ်ခမ်းများသည်လည်း ပြုံး၍ ချုပ်နှောင်ထားသောကြိုးများအား ဖယ်ရှားပေးလိုက်သည်။

ထို့နောက် အေးစက်သောအသံဖြင့် စကားတစ်ခွန်းဆိုလိုက်၏။

"မင်းရဲ့ဘယ်ဖက်လက်သန်းကို ချိုးလိုက်"

စိတ်ညှို့ခံထားရသူသည် အချိန်မဆိုင်း ချက်ချင်းပင် သူ၏လက်သန်းအား နောက်လှန်ကာ ချိုးပစ်လိုက်သည်။ သူ့တွင် နာကျင်မှု တစ်စုံတစ်ရာမရှိသကဲ့သို့ အသက်မဲ့သူလိုမျိုး အနေအထားဖြင့်သာ ဆက်ရှိနေလေသည်။ အမိန့်ဟူသမျှ နာခံရန် စောင့်ဆိုင်းနေသူတစ်ယောက်ကဲ့သို့။

"ဟား ဟား ဟားးး"

အေးစိမ့်စိမ့်ဖြစ်နေသော အခန်းတွင်းတွင် လက်ပိုက်ကာ သက်တောင့်သက်သာထိုင်နေသူ၏ သဘောတကျရယ်မောသံတို့ အဆက်မပြတ်ထွက်ပေါ်လာလေတော့သည်။

***********

ကာရန် ချိန်းဆိုထားရာ Smile Cafeသို့ရောက်တော့ စိုင်းဝဏ္ဏအား မတွေ့ရပေ။ သူ ထိုင်ခုံတစ်ခုံတွင် ထိုင်ကာ စောင့်နေလိုက်သည်။

ငါးမိနစ်လောက်ကြာသည်ထိ ရောက်မလာသောကြောင့် ကာရန်စိတ်တိုလာရ၏။ သူက တော်ရုံစိတ်ရှည်တတ်သူမဟုတ်။ စိတ်အား ဆွဲဆန့်ကာ နောက်ထပ်ငါးမိနစ် ထပ်စောင့်လိုက်သည်။

အချိန်ပြည့်သွားသော်လည်း စိုင်းဝဏ္ဏရောက်မလာ။ ကာရန် ဒေါသထွက်ကာ ဖုန်းထုတ်ဆက်လိုက်၏။

တဖက်သို့ ဖုန်းဝင်သွားပြီး ဖုန်းကိုင်သည်နှင့် စိတ်တိုစွာအော်ပစ်လိုက်သည်။

"စိုင်းဝဏ္ဏ ငါနဲ့ ချိန်းထားတာ မင်းမေ့နေတာလား...ငါစောင့်နေတာ ဆယ်မိနစ်ရှိပြီ...မင်းကခုထိရောက်မလာသေးဘူး...ငါ ဆက်မစောင့်နိုင်တော့ဘူး...အဲလောက်စိတ်မရှည်ဘူး...ပြန်မယ်"

ဆက်တိုက်အော်ဟစ်လိုက်ပြီးနောက် တဖက်မှ ခပ်အေးအေးပြောသံ ထွက်ပေါ်လာသည်။

"ကာရန် နာရီပြန်ကြည့်ဦး"

ကာရန် ဖုန်းနာရီအား ကြည့်ကာ ပြန်ပြောလိုက်၏။

"အင်း ကြည့်တယ်လေ...အခုဆယ့်တစ်နာရီ မင်းနဲ့ငါ ချိန်းထားတဲ့အချိန်ပဲ"

"ငါနဲ့မင်း ချိန်းထားတာ ဆယ်နာရီ"

ကာရန် ရုတ်တရက်ကြောင်သွား၏။ သူ ပြန်စဥ်းစားကြည့်တော့ ဟုတ်သည်။ သူ ဆယ်နာရီတွင် ချိန်းထားခဲ့သည်။ အလုပ်များသောကြောင့် အချိန်မှတ်မှားသွားခြင်းပေ။

"ငါ Smile Cafeမှာ တစ်နာရီလောက်ကြာအောင် မင်းကို စောင့်နေသေးတယ်"

ကာရန် အနည်းငယ်ရှက်သွားရ၏။ သူက ဆယ်မိနစ်လောက်စောင့်ရခြင်းအား အသေဒေါသထွက်နေချိန် တဖက်သူက တစ်နာရီလောက် စောင့်နေခဲ့သည်။ ထို့ပြင် သူကပင် စတင်၍ ပြသနာရှာခဲ့သေးသည်။

သို့သော် မသိချင်ယောင်ဆောင်ရန်သာ သူ ဆုံးဖြတ်လိုက်သည်။

"မင်း ဘာလို့ဖုန်းမဆက်တာလဲ"

"မင်း ဖုန်းmissed call ကိုလည်း ဝင်ကြည့်ဦး"

စိုင်းဝဏ္ဏစကားကြောင့် ကာရန် missed call ဝင်ကြည့်လိုက်သည်။ စိုင်းဝဏ္ဏခေါ်ထားသည်မှာ အကြိမ်များစွာ။ သူ silent လုပ်ထားသောကြောင့် ဘာသံမှ မမြည်ခြင်းပင်။

စိုင်းဝဏ္ဏအား ဖုန်းစခေါ်စဥ်ကလည်း ဒေါသထွက်ကာ ဖုန်းခေါ်ရန်သာ လောနေသောကြောင့် missed callများအား သတိမထားမိ။ ကာရန် ဘာဆက်ပြောရမည်မှန်း မသိစွာ ခေါင်းကုတ်လိုက်မိသည်။

"မင်းအဲမှာပဲ ဆက်စောင့်နေလိုက် ကာရန်...ငါအဝေးကြီးမရောက်သေးဘူး...ကားပြန်လှည့်ခဲ့မယ်...နောက်ထပ်ငါးမိနစ်လောက်တော့ စိတ်ရှည်ပြီး စောင့်နိုင်တယ်မလား...စိတ်မပူပါနဲ့ ငါမင်းကို ဆယ်မိနစ်လောက် မစောင့်ခိုင်းဘူး"

ကာရန် ကိုယ့်အမှားနှင့်ကိုယ်မို့ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ဖုန်းချပြီးနောက် ထိုင်ခုံတွင်ထိုင်ကာ ပြတင်းပေါက်ဖက်လှည့်၍ မေးထောက်ကာ ကြည့်နေလိုက်၏။

ငါးမိနစ်လောက်ကြာသည်နှင့် ဆိုင်တံခါးဖွင့်ဝင်လာသောစိုင်းဝဏ္ဏအား တွေ့လိုက်ရသည်။

"စိုင်းဝဏ္ဏ ငါဒီမှာ"

လက်ထောင်ပြလိုက်သည်နှင့် စိုင်းဝဏ္ဏကသူရှိရာလျှောက်လာသည်။ မော်ဒယ်တစ်ယောက်လို ရှည်လျားမြင့်မားလွန်းသောအရပ်၊ မဟောဂနီရောင်ဆံပင်ကောက်များနှင့် ခြေတံရှည်တို့က လိုက်ဖက်လွန်းလှသည်။ ကိုယ်ထည်တောင့်တင်းကာ လူငယ်ဆန်ဆန် ဝတ်ဆင်တတ်ပုံမှာလည်း ကြည့်ကောင်းလွန်း၏။ ထို့သို့ ရုပ်ရည်ချောမော ကြည့်ကောင်းမှုကြောင့် လူရှုပ်လူပွေဖြစ်လာပုံရသည်။

သူ၏ရှေ့စားပွဲတွင် ဝင်ထိုင်လိုက်ပြီး သူ့အား မျက်နှာချင်းဆိုင်ကြည့်လာ၏။

"ဆို... ငါ့ကို ဘာမေးမလို့လဲ"

ကာရန် ထိုသူ့အား ငေးနေခြင်းကို အမြန်အဆုံးသတ်လိုက်ရသည်။

"ဒေါက်တာ ခွန်ရှန်းသက္ကရာဇ်မှာ အစ်ကိုတစ်ယောက်ရှိတယ်မလား"

"ဘာလို့မေးတာလဲ"

စိုင်းဝဏ္ဏပုံစံက သူ ပြန်ဖြေမှသာ ဖြေပေးမည့်ပုံစံဖြစ်နေသောကြောင့် ကာရန် ပြန်ဖြေပေးလိုက်၏။

"Bossက ပြောတယ်...ဒေါက်တာ ခွန်ရှန်းမှာ အစ်ကိုတစ်ယောက်ရှိတယ်တဲ့...ဒါမဲ့ ဒေါက်တာ ခွန်ရှန်းကိုယ်ရေးအချက်အလက်မှာ အစ်ကိုအကြောင်း မပါဘူး...ဒေါက်တာခွန်ရှန်းမှာ မိသားစုဝင်ရှိကြောင်း ဘာအထောက်အထားမှကို ရှာမရခဲ့တာ"

"မင်း bossက ခွန်ရှန်းမှာ အစ်ကိုရှိမှန်း ဘယ်လိုသိလဲ"

"ဒေါက်တာခွန်ရှန်း ပြောပြတာလေ"

စိုင်းဝဏ္ဏ မောလာသောကြောင့် ရှေ့စားပွဲတွင် ချထားသော ရေခွက်ထဲသို့ ရေငှဲ့ကာ သောက်ရန်ပြင်နေသောလက်က လေထဲတွင်ရပ်တန့်သွားရသည်။ မျက်ခုံးတစ်ဖက် အပေါ်သို့မြင့်တက်သွားပြီးနောက် သူ ဆက်ပြောလိုက်၏။

"အဲလိုပြောပြရအောင်ထိ သူတို့အခြေအနေတိုးတက်နေတယ်ပေါ့"

ထို့နောက် ရေခွက်အား ပါးစပ်နားတေ့ကာ ရေမော့သောက်လိုက်သည်။

"တိုးတက်တာပေါ့...ချစ်သူတွေတောင် ဖြစ်သွားပြီလေ"

"ဖူး"

စိုင်းဝဏ္ဏ ပါးစပ်မှ ရေများ မှုတ်ထုတ်လိုက်မိပြီးနောက် ရေများစင်သွားသောကြောင့် မျက်နှာရှုံ့မဲ့နေသော ကာရန်မျက်နှာအား ကြည့်လိုက်မိသည်။

"Sorry ငါ မရည်ရွယ်ဘူး အဟွတ် အဟွတ်...ရော့ ဒီမှာ တစ်ရှူး"

"တော်ပြီ မလိုဘူး"

ကာရန် နှုတ်ခမ်းများစူပုတ်ကာ ရေစင်သွားသောမျက်မှန်အား ချွတ်လိုက်သည်။ မျက်နှာအား အင်္ကျီအိတ်ကပ်ထဲမှ ပဝါစဖြင့် သုတ်ကာ ရေများအား ဖယ်ရှားလိုက်၏။

"ခွန်ရှန်းက တကယ်ကြီး ယောကျာ်းတစ်ယောက်ကို တွဲလိမ့်မယ်ထင်မထားလို့ ခုလိုဖြစ်သွားတာ sorry"

မျက်မှန်ချွတ်ထားသောကြောင့် မျက်လုံးလေးများ မှေးကျဥ်းနေကာ ချစ်စရာကောင်းစွာ ဆူပုတ်နေသည့် ဖြူကောင်လေးနှင့်တူသော ကောင်ငယ်လေးအား ငေးကြည့်နေရင်း စိုင်းဝဏ္ဏ ပြောလိုက်မိသည်။

တစ်ဖက်က မှေးကျဥ်းနေသော မျက်ဝန်းလေးများအား မျက်မှောင်ကြုံ့လိုက်သောကြောင့် မျက်ဝန်းလေးများ ပျောက်ကွယ်လုနီးနီးပင်။

"ငါမေးတာ​ဖြေဦး"

"ခွန်ရှန်းမှာ အစ်ကိုရှိတယ်...ဒါမဲ့ ဥပဒေအရ အတည်ပြုထားတာ ဘာမှမရှိဘူး...အစ်ကိုဟန်မွန်းတည့်က ခွန်ရှန်းကို မိဘမဲ့ဂေဟာက ခေါ်မွေးစားလာတာ...အဲဒီဂေဟာကိုက အစ်ကိုဟန်မိသားစုပဲ လှူဒါန်းထားတာလေ...ဂေဟာမှူးနဲ့လည်း အရမ်းခင်တယ်...အဲဒါကြောင့် မွေးစားတော့ စာရွက်စာတမ်းတွေနဲ့ မဟုတ်ဘဲ ဒီတိုင်းမွေးစားလိုက်တာ...အစ်ကိုဟန်မွန်းတည့်က ခွန်ရှန်းအပေါ်တော့ အစ်ကိုကြီး အဖရာလိုအရမ်းဂရုစိုက်ချစ်ပေးတယ်"

"သူ့နာမည်က ဟန်မွန်းတည့်လား...ငါတို့ Mars corporation မှာ ဟန်မွန်းတည့်နာမည်နဲ့ ရှယ်ယာရှင်တစ်ယောက်ရှိတယ်...လူကိုယ်တိုင်တစ်ခါမှမဖော်ပြဖူးဘူး...သူများလား"

"အင်း ဖြစ်နိုင်တယ်...ငါသိသလောက်ဆို အစ်ကိုဟန်မိသားစုက ဘိုးဘေးစဥ်ဆက်ချမ်းသာတာ...ခုသူတစ်ယောက်ပဲကျန်တော့တော့ အမွေတွေအကုန် သူ ရမှာပဲ...အစ်ကိုဟန်မှာ နယ်ပယ်အသီးသီးက ကုမ္ပဏီအချို့မှာ ထည့်ဝင်ထားတဲရှယ်ယာတွေအများကြီးရှိတယ်လို့လည်း ကြားဖူးတယ်...ဆေးပညာလောကမှာတော့ အကျော်ကြားဆုံးနတ်ဘုရားတစ်ဆူပဲ...အစ်ကိုဟန်နဲ့မသိတဲ့ အကြီးအကဲတွေဆိုတာတော့ တကယ်ကို မရှိသလောက်ပေါ့"

ကာရန် သက်ပြင်းချလိုက်မိသည်။ သူ၏ လူလည်ကျတတ်လွန်းသော Boss သည်တော့ တကယ်ကို ပြိုင်ဖက်ကောင်းနှင့် တွေ့ရပေတော့မည်။

"ငါ သူ့အကြောင်းစုံစမ်းနေတာ...ဘာမှကိုရှာဖွေမရဘူး...အခုမင်းပြောမှပဲ အကြောင်းစုံသိရတာ"

"တခြားသူမှမဟုတ်တာ...အစ်ကိုဟန်လေ...ဘယ်လိုလုပ်မင်းရှာနိုင်မှာလဲ...လူတိုင်းက ခွန်ရှန်းကို မိဘမဲ့ အားကိုးရာမရှိသူလို့ထင်တတ်ကြတာ...ခွန်ရှန်းမှာ အစ်ကိုဟန်လို တောင့်တင်းတဲ့ backgroundရှိမှန်း ဘယ်သူမှ မသိကြဘူး...ခွန်ရှန်း ကိုယ်တိုင်က တခြားသူရဲ့အရိပ်ကို အမှီအခိုမပြုတတ်တော့ မသိကြတာ မဆန်းပါဘူးလေ"

"တကယ်တော့ ဒေါက်တာ ခွန်ရှန်းမှာ ဟန်မွန်းတည့်တစ်ယောက်တည်း ကျောထောက်နောက်ခံရှိတာ မဟုတ်ပါဘူး"

စိုင်းဝဏ္ဏ နှုတ်ခမ်းတို့ ပြုံးယောင်သန်းသွားရသည်။ ထိုကောင်လေးက သေချာတော့ စုံစမ်းနိုင်ခဲ့ပုံရသည်။ အသုံးမကျသူ တစ်ယောက်တော့ မဟုတ်ပေ။

"မင်း ခွန်ရှန်းအကြောင်း သေချာလေ့လာနိုင်ခဲ့သားပဲ"

"ဒါပေါ့...ကျွန်တော့်ရဲ့ boss ကတော်ပဲလေ...bossကို တင်ပြဖို့ သေချာလေးလေ့လာခဲ့တာပေါ့...စုံစမ်းစစ်ဆေးရေးမှူး ခရစ်၊ ဒုဆေးရုံအုပ် ဒေါက်တာ သုမာန်၊ အာဏာစက်ကုမ္ပဏီရဲ့ ဥက္ကဌ ထာဝရနဲ့ သူ့ရဲ့ချစ်သူ တည်မြဲလွန်းတို့က ဒေါက်တာ ခွန်ရှန်းရဲ့ အခင်ရဆုံးသူငယ်ချင်းတွေပဲ"

"ခွန်ရှန်းရဲ့ သူငယ်ချင်းက ငါနဲ့ သုရာပဲ...သူတို့ကသူငယ်ချင်းမဟုတ်ဘူး...ခွန်ရှန်းရဲ့ သားတွေ"

"အမ် ဘယ်လို ဘယ်လို"

မျက်မှန်အောက်မှ မျက်လုံးပြူးလေးများဖြင့်ကြည့်ကာ မေးလာသော ကောင်လေးပုံစံကြောင့် စိုင်းဝဏ္ဏနှုတ်ခမ်းတို့ ကွေးညွှတ်သွားရ၏။ ဒီကောင်လေးတော်တော် ချစ်ဖို့ကောင်းတာပဲ။

"ထားပါတော့ မင်းလို innocence က ဒါတွေနားလည်မှာ မဟုတ်ဘူး...ဒါနဲ့ မင်းရဲ့ bossက ခွန်ရှန်းကို မယုံဘူးလား...ဘာလို့နောက်ကြောင်းတွေ စုံစမ်းနေတာလဲ"

"မယုံတာ မဟုတ်ဘူး...boss က ဒေါက်တာခွန်ရှန်းအကြောင်း ပိုသိချင်တာပါ...ဒေါက်တာခွန်ရှန်း ဝတ်စားနေထိုင်ပုံတွေ ကြည့်ကတည်းက သာမန်လူမဟုတ်မှန်း သိသာတယ်လေ...bossပုံစံက ဘာကိုမှ ဂရုမစိုက်တတ်ပုံပေါ်ပေမဲ့ သူချစ်တဲ့သူတွေကိုတော့ နောက်ကွယ်ကနေတိတ်တဆိတ် ကာကွယ်ပေးတတ်တယ်...လူတစ်ယောက်ကို ကာကွယ်ပေးချင်ရင် အဲဒီလူရဲ့အကြောင်းကို သေချာဂဂနနတော့ သိထားသင့်တယ်"

"ခွန်ရှန်းက ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တာ...မင်းရဲ့bossလို လူတိုင်းသတိထားစောင့်ကြည့်နေမိတဲ့ လူတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်လိုက်တာတော့ တကယ်အံ့အားသင့်စရာပဲ"

"အင်း ဒါကတော့ အချစ်မှာမျက်စိမရှိဘူးလေ"

စိုင်းဝဏ္ဏ ဆဲတော့မည့်စကားအား ပြန်မြိုချလိုက်ရသည်။ ထိုကောင်လေးဖြစ်နေသောကြောင့်သာ သည်းခံလိုက်ခြင်းပင်။ ထိုကဲ့သို့ လူများအတွေးအခေါ်မှားစေမည့် စာသားများအား စိုင်းဝဏ္ဏအသေမုန်းသည်။

အချစ်တစ်ခုအား မရွေးချယ်ခင် စုံလုံးမှိတ်ကာ မျက်ကန်းသဖွယ် တိုးဝင်မသွားသင့်ပေ။ နှလုံးသား၊ ဦးနှောက်တို့ဖြင့်တော့ သေချာလေးစဥ်းစားရွေးချယ်သင့်သည်။ "အချစ်မှာ မျက်စိမရှိ"ဟူသော စကားအား အတည်မယူသင့်သည်မှာ သူ၏ မိဘများကသက်သေပင်။

မိဘများတားဆီးနေသည့်ကြားမှ ဘာကိုမှမစဥ်းစား ဒီလူသာ သူ၏ လက်တွဲဖော်ဟုဆိုကာမျက်လုံး စုံမှိတ်ယုံကြည်ခဲ့သော သူ၏မိခင်သည် ယခုအခါတွင် ထိုစကားအား လွန်စွာနာကျည်းနေခဲ့ပြီ။ အမေ့၏ မိဘများချန်ထားခဲ့သည့် အမွေများကိုဆက်ခံခဲ့သော အဖေသည် အပြင်တွင် အပျော်ပေါင်းများစွာဖြင့်။ ဘယ်ချိန်တွင် သူနှင့်အမေရှိရာအိမ်ပေါ်သို့ နောက်ထပ်သားတစ်ယောက်ကောက်တင်လာမည်မှန်းကို မသိနိုင်ပေ။

အဖေ့အား နာကျည်းမုန်းတီးသောသူသည်လည်း နေရာတိုင်းအရွဲ့တိုက်ကာ အသုံးမကျသော လူရှုပ်လူပွေတစ်ယောက်ဖြစ်လာရသည်။ သူ ဆရာဝန်ဖြစ်ရန်က အမေ၏အိပ်မက်ဖြစ်သောကြောင့် သူကြိုးစားခဲ့ခြင်းသာ။ သူ့တွင်လည်း မပြည့်ဝသေးသော ရည်မှန်းချက်တစ်ခုရှိသည်။ သူ၏အဖေလက်ထက် ပျက်စီးယိုယွင်းနေသော အမေ့မိသားစုပိုင်ဆေးရုံအား ပြန်လည်ပြင်ဆင်မွမ်းမံရန်ပင်။

"စိုင်းဝဏ္ဏ ငါပြောနေတာကြားလား"

ကာရန်အသံကြောင့် စိုင်းဝဏ္ဏစဥ်းစားနေရာမှ ပြန်အသိဝင်လာရသည်။

"အမ် ဘာပြောလိုက်တာလဲ"

"ငါ အလုပ်ရှိသေးလို့ ပြန်တော့မယ်ပြောတာ"

"သြော် အင်း...ဒါနဲ့ ခွန်ရှန်းက အခုဘယ်မှာလဲ...သူ့အိမ်မှာ မဟုတ်ဘူးမလား"

"အင်း အခု bossအိမ်မှာ bossနဲ့အတူတူရှိနေတယ်"

"ဘာ"

စိုင်းဝဏ္ဏ၏ ရုတ်တရက်ထိတ်လန့်သွားသောအသံကြောင့် ခွန်ရှန်းပင် လန့်သွားရသည်။

"ဘာဖြစ်တာလဲ...မင်းကလည်း အလန့်တကြားနဲ့"

"ဦးစေတန်နက်ရှိုင်းအိမ်မှာ ဦးစေတန်နက်ရှိုင်းနဲ့ ခွန်ရှန်း နှစ်ယောက်တည်းလား"

"အင်း...သူတို့နှစ်ယောက်ပဲလေ...ဘာဖြစ်နိုင်မှာမို့လဲ"

"ကျစ် မင်းလို innocenceက ဘာသိမှာမို့လဲ"

"ငါက ဘာသိရမှာလဲ"

စိုင်းဝဏ္ဏ ထိုင်နေရာမှ ထကာ ပြောလိုက်သည်။

"သိချင်လား"

"အင်း"

"နောက်မှ ဘာဖြစ်နိုင်လဲဆိုတာ ငါလက်တွေ့ပြမယ်...အခုတော့ ငါအရေးကြီးလို့အရင်သွားပြီ"

စိုင်းဝဏ္ဏ ကားသော့ကိုင်ကာ ပြုံးလျက်နောက်လှည့်မကြည့်တော့ဘဲ နေရာမှလှည့်ထွက်လာခဲ့တော့သည်။ နောက်မှ အော်ကာ သူ့အား မေးနေသံများလည်း ကြားနေရ၏။

"နောက်မှ...ဘာနောက်မှလဲလို့...ဘာကိုလက်တွေ့ပြမှာလဲ"

ချစ်စရာကောင်းသောအသံကြောင့် စိုင်းဝဏ္ဏ ခပ်မြန်မြန် လျှောက်နေရင်း အသံထွက်ရယ်မောလိုက်မိသည်။

"ဒီဖြူကောင်လေးက တကယ်ချစ်စရာလေး"

ထို့နောက် တဖြည်းဖြည်းဝေးကွာလာသောကြောင့် အသံများလည်း မကြားရတော့ပေ။

**********

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

စာရေးသူ- စိုင်းဝဏ္ဏ နောက်မှက ဘာကိုပြောတာလဲ။

စိုင်းဝဏ္ဏ - မား သိပါတယ်။

စာရေးသူ - မား မသိလို့ မေးတာပေါ့။

စိုင်းဝဏ္ဏ- innocene ချင်ယောင် မဆောင်စမ်းပါနဲ့ မားရာ။ မားက ကာရန်လို ချစ်စရာမကောင်းဘူး။

စာရေးသူ- Fuck! သားတော်မောင်တွေ တစ်ယောက်မှ မကောင်းဘူး။ သူတို့လင်တွေပဲ အကောင်းပြောတယ်။ ဒီစာရေးသူ နာကျင်သွားပြီ TT

***********

Author Note-

ရာဇဝင် rebirth ficလေး စပြီး တင်ပေးထားပါပြီနော်။ descriptionပဲ စရသေးတာပါ။ wallထဲ ဝင်ကြည့်ပြီး ဖတ်လို့ရပါတယ် 💛



Zawgyi


မ်က္လုံးႏွစ္လုံးပြင့္လာသည္ႏွင့္ မူးေနာက္ေနာက္ေခါင္းအား ဖိကိုင္ကာ ခြန္ရွန္း အိပ္ရာမွ ထထိုင္လိုက္သည္။ ေဘးဘီဝဲယာအား လွည့္ၾကည့္ေတာ့ ရင္းႏွီးေနေသာသူ၏အခန္းမဟုတ္ေခ်။

"ခ်က္"

တံခါးဖြင့္သံၾကားလိုက္ရၿပီး ဆန္ျပဳတ္တစ္ပန္းကန္ကို ဗန္းေပၚတင္ကာ အထဲဝင္လာသည့္ဦးအား ျမင္လိုက္ရသည္။

"နိုးၿပီလား ခြန္တာ"

ခြန္ရွန္း ေခါင္းညိတ္ျပလိုက္၏။ ဦးက အိပ္ရာေဘး စားပြဲထက္တြင္ ဆန္ျပဳတ္ပန္းကန္အား ခ်ထားလိုက္သည္။

"ဦး ကြၽန္ေတာ့္ကို ရွင္းျပသင့္တယ္ထင္တယ္"

ဦးက အလုပ္စားပြဲေရွ႕ရွိ လွိမ့္ဘီးထိုင္ခုံအား ဆြဲယူကာ သူ႕ေရွ႕ထိုင္လိုက္သည္။ ထို႔ေနာက္ သူ၏ႏွာေခါင္းေလးအား အသာဆြဲညွစ္လာ၏။

"ေသခ်ာေပါက္ ရွင္းျပမွာေပါ့"

ခြန္ရွန္း ႏႈတ္ခမ္းစြန္းတို႔တစ္တန္းတည္းျဖစ္သြားသည္ထိ ၿပဳံးလိုက္ေသာေၾကာင့္ မ်က္ဝန္းမ်ား ေမွးစင္းသြားသည္။ မေက်မနပ္ အရိပ္အေယာင္မ်ား အနားတစ္ဝိုက္ေပၚထြက္လာေလသည္။

"ကြၽန္ေတာ္ကေလးမဟုတ္ဘူး ဦး...ကေလးလို လာမဆက္ဆံနဲ႕ေနာ္"

အၿပဳံးမပ်က္ေျပာေနေသာ္လည္း သတိေပးသည့္အရိပ္အေယာင္မ်ားပါေနေသာေၾကာင့္ ဦးေစတန္နက္ရွိုင္း လက္ပိုက္ကာ ခြန္တာအား ေငးၾကည့္ေနလိုက္၏။

"ကြၽန္ေတာ့္မ်က္ႏွာမွာ ဘာမွမရွိဘူး ဦး...အခုေျပာေတာ့"

ဦးက မ်က္ခုံးတစ္ဖက္ပင့္ကာ ျပန္ေျပာလာသည္။

"ဘာလို႔မရွိရမွာလဲ...ရွိတယ္...အမ်ားႀကီး"

ခြန္ရွန္း တစ္ခုခုေပေနသည္ထင္၍ မ်က္ႏွာအား လက္ျဖင့္ သုတ္ကာ ျပန္ေမးလိုက္သည္။

"ဘာေတြလဲ"

"ေခ်ာေမာမႈေတြ"

ခြန္ရွန္း ေျပာစရာစကားမရွိေတာ့ဘဲ ဆြံ႕အသြားရသည္။

"လုပ္ႀကံသူေတြက ဦး လူေတြမလား"

ဦးက လက္ပိုက္ကာ သူ႕မ်က္ဝန္းအား စိုက္ၾကည့္ေနရင္း ေခါင္းညိတ္ျပလာသည္။

"ထိခိုက္ဒဏ္ရာရ႐ုံပဲ ရည္႐ြယ္တာ...သတ္ဖို႔မဟုတ္ဘူး"

ခြန္ရွန္း ျပန္၍ ေခါင္းညိတ္ျပလိုက္သည္။

"အင္း...ကြၽန္ေတာ္သိတယ္...ေသေစခ်င္ရင္ ဦးက ကြၽန္ေတာ့္ကို ပါတီပြဲအတူေခၚမလာေလာက္ဘူး"

"Bingo...ကိုယ့္ေကာင္ေလးက တကယ္ေတာ္တာပဲ"

"ကြၽန္ေတာ္သာ ငတုံးငအတစ္ေယာက္ဆို အစကတည္းက ဦး စိတ္ဝင္စားမႈကို ရခဲ့မွာ မဟုတ္ဘူး"

ဦးေစတန္နက္ရွိုင္းက သူ႕အား ၿပဳံး၍သာၾကည့္ေန၏။

"ဆက္ေျပာပါဦး ဦး"

"ေမွာ္ပညာကို ယုံလား ခြန္တာ"

ခြန္ရွန္း ဦးအား ေခါင္းညိတ္ျပလိုက္သည္။

"ဒီထူးဆန္းလြန္းတဲ့ေလာကႀကီးမွာ ကြၽန္ေတာ္တို႔မသိတဲ့ ထူးဆန္းတဲ့အရာေတြ အမ်ားႀကီးရွိေနလိမ့္မယ္လို႔ ယုံၾကည္တယ္"

"အင္း...ကိုယ္ ေမွာ္ဆရာတစ္ေယာက္ဆီက ေဟာကိန္းတစ္ခုရခဲ့တယ္"

ခြန္ရွန္း တိတ္ဆိတ္စြာ နားေထာင္ေနလိုက္သည္။

"ကိုယ္ရွာေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီျဖစ္တဲ့ ပစၥည္းတစ္ခု အဲဒီပါတီမွာ ေပၚလာလိမ့္မယ္တဲ့...အဲဒီပါတီပြဲက လူတစ္ေယာက္ရဲ႕ ကိုယ္ေပၚမွာရွိေနလိမ့္မယ္လို႔ ေဟာတယ္"

"ေဟာကိန္းက ယုံရလို႔လား"

"အင္း....သူေဟာတာ 100 percent မမွားနိုင္ဘူး"

"အဲဒါနဲ႕ လုပ္ႀကံတာက ဘယ္လိုဆက္စပ္ေနလို႔လဲ"

"ကိုယ္ပါတီတက္ဖို႔ အဖိတ္ခံရသူေတြရဲ႕ အေၾကာင္းေတြ ေလ့လာၾကည့္လိုက္တယ္...အကုန္လုံးကသာမန္ပဲ...မျဖစ္နိုင္ၾကတဲ့သူေတြ...ထူးဆန္းပစၥည္းေတြ ဝယ္စုတတ္တဲ့ နိုင္ငံျခားေရးဝန္ႀကီးကသာ အျဖစ္နိုင္ဆုံးသူပဲ...အဲေတာ့ ကိုယ္က နိုင္ငံျခားေရးဝန္ႀကီးရဲ႕ခႏၶာကိုယ္ကို ရွာၾကည့္မွျဖစ္မယ္...ဒီတိုင္းလြယ္လြယ္ရွာဖို႔က မျဖစ္နိုင္ဘူးေလ...အဲဒါေၾကာင့္ အခုလိုဇာတ္လမ္းဆင္လိုက္တာ"

ခြန္ရွန္း သက္ျပင္းခ်လိဳက္မိသည္။

"ဦး ပီသပါေပတယ္...အႏၲရာယ္အမ်ားဆုံးနည္းကိုမွ ေသခ်ာေ႐ြးခ်ယ္လိုက္တာပဲ"

"ေဟာကိန္းေဟာတဲ့ ေမွာ္ဆရာက ဘယ္သူလဲသိလား"

"ဘယ္သူလဲ"

"ဇြဲဆတ္မင္း"

"ေၾသာ္"

ခြန္ရွန္း ဘာမွဆက္မေျပာေတာ့ဘဲ ၿငိမ္ေနလိုက္၏။ ဦး၏ မ်က္ႏွာတြင္ အံ့ၾသမႈတို႔ ေပၚေပါက္လာသည္။

"ဒါပဲလား...မအံ့ၾသဘူးလား ခြန္တာ...ဇြဲဆတ္မင္းက mafia တစ္ေယာက္တင္မဟုတ္ဘဲ ေမွာ္ဆရာပါျဖစ္ေနတာေလ"

ခြန္ရွန္း ေခါင္းသာ ျဖည္းညွင္းစြာ ခါျပလိုက္သည္။

"ကြၽန္ေတာ့္ေဘးမွာ အထူးဆန္းဆုံးျဖစ္တဲ့ ၿဂိဳလ္သားႀကီးက ထိုင္ေနတာေလ...ကြၽန္ေတာ္က ဘာကိုထပ္အံ့ၾသရဦးမွာတုန္း"

ဦးေစတန္နက္ရွိုင္း မ်က္ႏွာတြင္ အံ့ၾသေနမႈမ်ား ေပ်ာက္ကြယ္သြားၿပီး ၿပဳံးရယ္လာေလသည္။

ခြန္ရွန္း ထပ္ၿပီး ေခါင္းခါရမ္းလိုက္မိ၏။

' ငါ့ေဘးကလူေတြအကုန္ သာမန္လူတစ္ေယာက္မွမွ မပါတာ...ထပ္အံ့ၾသစရာ မရွိေတာ့ဘူး...လူျဖစ္ေနရင္ေတာင္ အကုန္လုံးက တစ္ေယာက္တစ္မ်ိဳးစီ႐ူးေနၾကတဲ့ အ႐ူးေတြ'

ခြန္ရွန္း ႐ုတ္တရက္ သိခ်င္စိတ္ေပၚလာ၍ ေကာက္ေမးလိုက္သည္။

"ဦးဇြဲဆတ္မင္းက ေမွာ္ဆရာဆိုေတာ့ ကြၽန္ေတာ့္အတိတ္ကို ေမွာ္ပညာနဲ႕ ျပန္ေဖာ္ေပးလို႔ ရေလာက္လား"

"မရဘူး"

ဦးက တခ်က္ေလးပင္ မစဥ္းစားဘဲ ခ်က္ခ်င္းျငင္းလာေလသည္။

"ဘာလို႔လဲ"

"သူအဲေလာက္မစြမ္းဘူး"

ဦး မ်က္ႏွာ ၾကည့္လိုက္မိေတာ့ တစ္ခုခုဖုံးကြယ္ထားသည့္အရိပ္အေယာင္မ်ားအား ခြန္ရွန္း ျမင္လိုက္ရသည္။ ဦးက သူ႕အား လိမ္ေနသည္လား။

အရိပ္အကဲခတ္ေတာ္လြန္းသည့္သူက မွားနိုင္စရာ မရွိေပ။ အနာဂတ္ေဟာကိန္းေတာင္ ထုတ္နိုင္သူက မစြမ္းနိုင္စရာအေၾကာင္းမရွိ။ သို႔ေသာ္ ဦး ထပ္ေျပာခ်င္ပုံ မရေသာ​ေၾကာင့္ ခြန္ရွန္း မေမးေတာ့။

ခ်စ္သူမ်ားၾကား အေရးႀကီးဆုံးသည္ နားလည္မႈပင္။ မေျဖခ်င္သည့္အေၾကာင္းအရာအား ဇြတ္ေမးကာ သူ႕အား စိတ္မကြက္ေစခ်င္ပါ။

"ခြန္တာ...ကိုယ္ဘာပစၥည္းရွာလဲဆိုတာ စိတ္မဝင္စားဘူးလား"

ဦးက ခ်က္ခ်င္း စကားလမ္းေၾကာင္း လႊဲပစ္ေနပုံရသည္။ ခြန္ရွန္း ျပန္ေျဖလိုက္၏။

"ဦး ေျပာျပခ်င္တယ္ဆိုရင္ ကြၽန္ေတာ္နားေထာင္မယ္"

"ကိုယ္က Mars ၿဂိဳလ္က agentတစ္ေယာက္ ခြန္တာ...ကိုယ္ mission ထမ္းေဆာင္ဖို႔ ဒီကမာၻေျမေပၚ ေရာက္ေနတာ...ကိုယ့္ရဲ႕ mission က ကိုယ္တို႔ၿဂိဳလ္ကေန ခိုးယူခံလိုက္ရတဲ့ ဆင့္ကဲေျပာင္းလဲမႈေဆးရည္ကို လာရွာတာ"

ေစတန္နက္ရွိုင္း ခြန္တာအား သူ၏တာဝန္တို႔ကို ေျပာျပလိုက္သည္။ သို႔ေသာ္ သူ႕တြင္ တာဝန္ထမ္းေဆာင္ဖို႔အခ်ိန္သိပ္မက်န္ေတာ့ေၾကာင္းကိုေတာ့ မေျပာျပလိုက္ေပ။

"အခု အဲဒီေဆးကို နိုင္ငံျခားေရးဝန္ႀကီးကိုယ္ေပၚမွာ မေတြ႕ဘူးလား"

"အင္း မေတြ႕ဘူး"

"ဒါဆို ဘယ္မွာရွိလဲေရာ သိလား"

"ကိုယ္အခုထိ အစအနေလးေတာင္ မရွာနိုင္ေသးဘူး ခြန္တာ"

က်န္သည့္ကိစၥမ်ားအား ခြန္ရွန္း သိေသာေၾကာင့္ ဦးအားဆက္မေမးေတာ့။ သူ သတိမလစ္ခင္ ဦးႏွင့္ မိုးထက္မဟာတို႔ ေျပာေနသည္မ်ားအား ၾကားလိုက္ရသည္။ သူ ဆက္စပ္ေတြးၿပီးေနာက္ အားလုံးနားလည္သြားေလၿပီ။

ထိုစဥ္ ေဘးစားပြဲတြင္ တင္ထားေသာ သူ၏ ဖုန္းမွ ဖုန္းသံျမည္လာသည္။ ခြန္ရွန္း ဖုန္းအား ေကာက္ယူၾကည့္လိုက္၏။

သုရာရွင္းဆီမွ ဆက္သြယ္လာေသာဖုန္းပင္။ ခြန္ရွန္း ခ်က္ခ်င္းဖုန္းကိုင္လိုက္သည္။

"ဟယ္လို"

"ခြန္ရွန္း သွ်ားသံလြင္ရဲ႕ accident video ထဲက လူက မင္းဆိုတာငါသိတယ္...မီးေလာင္မႈက ေဒါက္တာကလည္း မင္းမလား...မင္းအခုဘယ္မွာလဲ...အဆင္ေျပရဲ႕လား...ဘယ္နားထိခိုက္သြားေသးလဲ"

ဆက္တိုက္ေျပာလာသံမ်ား ရပ္သြားမွ ခြန္ရွန္း ျပန္ေျပာခြင့္ ရေတာ့သည္။

"ငါမဟုတ္ပါဘူး"

"ေခြးေကာင္...မင္းမွန္းငါသိတယ္...ေနာက္ေက်ာပဲ ျမင္ရေပမဲ့ မင္းကိုယ္ႀကီး ေခြးခ်ီသြားေတာင္ ငါသိတယ္"

"Shit!"

ခြန္ရွန္း သုရာစကားေၾကာင့္ ၿပဳံးေနက် မ်က္ႏွာတြင္ပင္ အၿပဳံးမရွိေတာ့။ အနည္းငယ္ပင္ ညွို႔မွိုင္းလာရ၏။

"အခု မင္းဘယ္မွာလဲ...အိမ္မွာလား...ဘယ္နားထိခိုက္ေသးလဲ...ငါ အခုလာခဲ့မယ္"

"ဘယ္နားမွ မထိခိုက္ဘူး...အိမ္မွာလည္း မဟုတ္ဘူး...မလာခဲ့နဲ႕"

"အိမ္မွာမဟုတ္ဘူးလား...ဒါဆိုဘယ္မွာလဲ"

"ခြန္တာ ဆန္ျပဳတ္ေတြ ေအးကုန္ၿပီ...ကိုယ္ သြားေႏႊးေပးမယ္"

ေဘးမွ ေျပာလိုက္ေသာဦးအသံက ဖုန္းထဲသြားဝင္မည္မွာ ေသခ်ာေပါက္ပင္။ ထင္သည့္အတိုင္း သုရာရွင္း၏ အေမာတေကာေမးသံမ်ား ဆက္ထြက္လာ၏။ မသိလွ်င္ သူ႕အေမအတိုင္းပင္။

"ခြန္ရွန္း ဘယ္ေတြေရာက္ေနတာလဲ...ခုနက ဘယ္သူ႕အသံလဲ...မင္းဘယ္မွာလဲ...ငါ့ကိုေနရာေျပာ...ငါမင္းကို စိတ္မခ်ဘဴး...ငါလာခဲ့မယ္"

"ဟိုး ေတာ္ေတာ့ သုရာ...ငါအဆင္ေျပတယ္...ဘာဆိုဘာမွမျဖစ္ဘူး...ငါက ေယာက်ာ္းေလးပါ...စိတ္မခ်စရာလည္းမရွိဘူး..အဲဒါဆို ဒါပဲ ဘိုင့္"

စကားစအျမန္ျဖတ္ၿပီး ခြန္ရွန္း ဖုန္းခ်လိဳက္သည္။ မဟုတ္ရင္ သုရာ၏ တရစပ္စကားသံမ်ားေၾကာင့္ သူ အရမ္းနားညီးရေပလိမ့္မည္။

"ဆန္ျပဳတ္က အရမ္းမေအးေလာက္ေသးပါဘူး...ကြၽန္ေတာ္ေသာက္လိုက္မယ္ ဦး"

ဦးက မတ္တပ္ရပ္ေနရာမွ ကိုယ္ကိုကိုင္းကာ အနားတိုးကပ္၍ သူ၏နဖူးအား လက္ျဖင့္စမ္းလိုက္သည္။ အရမ္းနီးကပ္ေနေသာေၾကာင့္ ဦး၏ မ်က္ဝန္းမ်ားမွ မ်က္ေတာင္မ်ားကိုပင္ တစ္ေခ်ာင္းခ်င္း ေရတြက္နိုင္ေလသည္။

"အဖ်ားရွိေသးတယ္...ပူပူေႏြးေႏြးပဲေသာက္"

ဆန္ျပဳတ္ပန္းကန္ကိုင္ကာ အျပင္ထြက္ရန္ေနာက္လွည့္သြားသည့္ ဦးအကၤ်ီစအား ခြန္ရွန္းဆြဲကိုင္လိုက္သည္။

"ဦး"

"ဘာလို႔လဲ ခြန္တာ"

"ကြၽန္ေတာ့္ကို ဘယ္ခ်ိန္အိမ္ျပန္ပို႔မွာလဲ"

"ဒီမွာပဲ တစ္သက္လုံးေနေတာ့ေလ"

ဦးစကားေၾကာင့္ ခြန္ရွန္းေခါင္းကိုက္ခ်င္သလိုပင္ ျဖစ္လာရသည္။

"ဦးအိမ္က ဦးတစ္ေယာက္တည္းေနတာ မဟုတ္ဘူးမလား...ကြၽန္ေတာ္ၾကာၾကာေနလို႔မေကာင္းဘူး"

"ဇြဲဆတ္မင္းပဲရွိတာ...သူ႕ကိုက ေသေနရင္ေတာင္ ဂ႐ုစိုက္စရာမလိုဘူး"

"ဒါေပမဲ့ ၾကာၾကာေနလို႔မေကာင္းေလာက္ဘူးေလ"

"ခြန္တာ ေနေကာင္းတာနဲ႕ ကိုယ္ျပန္လိုက္ပို႔ေပးမယ္"

"ကြၽန္ေတာ္အခုဘာမွမျဖစ္ဘူးေလ...trumaေၾကာင့္ နည္းနည္းထိတ္လန့္သြား႐ုံပဲ...ကြၽန္ေတာ္ဆရာဝန္ပါ...ကြၽန္ေတာ့္အေျခအေန ကြၽန္ေတာ္သိတယ္"

"ကိုယ္မွ ဆရာဝန္ မဟုတ္တာ...ကိုယ္မသိဘူး...စကားမမ်ားနဲ႕ေတာ့...ေမာလိမ့္မယ္...နားလိုက္ဦး"

ခြန္ရွန္း လက္ေပါက္ကပ္သူမ်ားႏွင့္သာ စကားေျပာေနရေသာေၾကာင့္ ပို၍ပင္ ေခါင္းကိုက္ခ်င္လာရသည္။

"ကြၽန္ေတာ္ေဆး႐ုံကို ခြင့္ယူရဦးမယ္"

"ကိုယ္ယူထားေပးၿပီးၿပီ"

"အမ္ ဘယ္လိုယူလိုက္တာလဲ"

"ကာရန္ကတစ္ဆင့္ေျပာခိုင္းလိုက္တာ...မင္းက သူ႕အမ်ိဳးဆိုၿပီး"

ခြန္ရွန္း အနားယူခ်ိန္ပိုရသည္ဟု အေကာင္းဖက္ကသာ ေျပာင္းေတြးလိုက္ေတာ့သည္။ ဦးအား ဘာမွဆက္မေျပာေနေတာ့။

"ဘာမွေလွ်ာက္မစဥ္းစားနဲ႕ေတာ့ ခြန္တာ...ကိုယ္ဆန္ျပဳတ္သြားေႏႊးေတာ့မယ္"

ဦးက သူဆြဲကိုင္ထားေသာလက္အား ၾကည့္ကာ ေျပာလာသည္မို႔ ခြန္ရွန္း ဦးအကၤ်ီစအား လႊတ္ေပးလိုက္သည္။

"ကိုယ္ အဲကြန္းပိတ္ထားတယ္...ခြန္တာလည္းမဖြင့္နဲ႕"

ဆန္ျပဳတ္ပန္းကန္ထည့္ထားေသာ ဗန္းအားကိုင္ရင္း သူ႕အား ၾကည့္ကာ မွာၾကားၿပီးေနာက္ အခန္းထဲမွ ဦး ထြက္သြား၏။

ခြန္ရွန္း အခန္းထဲတစ္ေယာက္တည္းျဖစ္သြားေသာေၾကာင့္ အိပ္ရာထက္သာ ျပန္လွဲေနလိုက္ေတာ့သည္။

*************

႐ုတ္တရက္ ခ်သြားေသာ ဖုန္းအား လက္ထဲကိုင္ထားရင္း သုရာ လြန္စြာ စိတ္ပူေနရသည္။ ရိုးသားလြန္းေသာ သူ႕သူငယ္ခ်င္းေလး တစ္ခုခု စိတ္ပူစရာ ျဖစ္မသြားေစခ်င္ပါ။

စိုင္းဝဏၰအား တိုင္ပင္ရန္ သုရာ ခ်က္ခ်င္းဖုန္းေခၚလိုက္သည္။

"ဟယ္လို"

စိုင္းဝဏၰဘက္မွ ျပန္ေျဖသံထြက္ေပၚလာသည္ႏွင့္သုရာစိတ္ပူေနသည္အား ေမးလိုက္၏။

"ဝဏၰ accident videoထဲက ခြန္ရွန္းဆိုတာ မင္းသိတယ္မလား"

"အင္း...ငါ သိတယ္"

"ငါ အခု ခြန္ရွန္းကို ဖုန္းဆက္တာ...ေယာက်ာ္းသံတစ္သံၾကားလိုက္ရတယ္...သူ ဘယ္မွာလဲဆိုတာလည္း ငါ့ကို မေျပာဘူး...မီးေလာင္မႈမွာ သူ တစ္ခုခုထိခိုက္သြားလား စိတ္ပူတယ္"

"ခြန္ရွန္း trumaက စိုးရိမ္ရရင္ သူ ခုလို မင္းနဲ႕စကားေျပာနိုင္မွာ မဟုတ္ဘူး...သူ ဘာမွမျဖစ္ေတာ့လို႔ေျပာနိုင္တာ"

"ဒါေပမဲ့ ငါ သူ႕ကို စိတ္ပူတာကစိတ္ပူတယ္...သူ ဘယ္မွာေရာက္ေနလဲ ငါသိခ်င္တယ္...မင္း နည္းနည္းမွ ခြန္ရွန္းကိုစိတ္မပူဘူးလား"

"အဲလိုမဟုတ္ပါဘူး...ငါခြန္ရွန္းအဆင္ေျပမယ္ထင္လို႔ပါ...မင္းအရမ္းစိတ္ပူရင္ သူဘယ္ေရာက္ေနလဲဆိုတာ ငါစုံစမ္းေပးမယ္"

"အင္း တစ္ခုခုသိရရင္ ငါ့ကိုျပန္ေျပာဦး"

"Ok ok"

တဖက္မွ ဆက္သြယ္မႈျပတ္ေတာက္သြားသည္ႏွင့္ သုရာ ဖုန္း screenအား ပိတ္လိုက္သည္။ ထိုစဥ္ sms ဝင္လာသံႏွင့္အတူ screen ျပန္လင္းသြားသည္။

Smsထဲ ဝင္ၾကည့္လိုက္ေတာ့ လႊမ္းဆက္ဆီမွ ပို႔ထားေသာစာျဖစ္ေနသည္။ လႊမ္းဆက္အား မၾကည္ေသာ္လည္း လုပ္ေဖာ္ကိုင္ဖက္ျဖစ္ေနေသာေၾကာင့္ အေရးႀကီးတစ္စုံတစ္ရာရွိမည္စိုးကာ ဝင္ၾကည့္လိုက္၏။

"Dorami club,first floor, VIP room 1"

ပို႔ထားသည့္စာေၾကာင့္ သုရာ အနည္းငယ္ေၾကာင္အသြားရသည္။ အေရးမပါေလာက္ဟုေတြးကာ လ်စ္လ်ဴရႈရန္ျပင္လိုက္စဥ္ စိတ္ထဲစနိုးစေနာင့္ျဖစ္ေနေသာေၾကာင့္ လိုင္းေပၚရိုက္ရွာၾကည့္လိုက္၏။

Dorami club သည္ ဦးဇြဲဆတ္မင္း၏ ပိုင္ဆိုင္မႉမ်ားထဲမွ တစ္ခုျဖစ္ေနသည္။ သုရာတြက္ ထူးဆန္းသြားရ၏။

လိုင္းေပၚမွ ပုံမ်ားအား ၾကည့္ကာ တစ္ခုခုမူမမွန္သလိုလည္း ခံစားလာရသည္။ သာမန္ club မ်ားႏွင့္မတူဘဲ အျပင္အဆင္က အနီေရာင္မ်ားအား အဓိကသုံးထား၏။ ဝတ္စားထားသူမ်ားက အတင္းေဖာ္ဟိုက္ကာ မလုံမၿခဳံ။ ဦးဇြဲဆတ္မင္းႏွင့္ တစ္ခုခုပတ္သတ္ေနမည္စိုးစြာ သုရာရင္ထဲပူေလာင္လာရသည္။

သြားၾကည့္ရန္ ဆုံးျဖတ္လိုက္ၿပီးေနာက္ စိုင္းဝဏၰဆီ ခြင့္တိုင္ေပးရန္ sms ပို႔လိုက္ၿပီး ကားထဲဝင္ကာ အလုပ္ဆီသို႔ မသြားေတာ့ဘဲ dorami club location အား ရိုက္လိုက္သည္။

ကားဆီမွ လမ္းၫႊန္ျပသသည့္အတိုင္း ဦးတည္ရာဆီသို႔ သူဆက္၍ ေမာင္းႏွင္သြားေလေတာ့၏။

************

"ဟယ္လို အမိန့္ရွိပါ...အတြင္းေရးမႉးကာရန္ ဖုန္းေျပာေနပါတယ္"

"ဟယ္လို ငါ့အသံမွတ္မိလား"

တဖက္မွ ၾကားလိုက္ရေသာအသံေၾကာင့္ စာရင္းမ်ားစစ္ရင္း အိပ္ငိုက္ေနေသာကာရန္ မ်က္လုံးမ်ားပင္ျပဴးက်ယ္သြားရသည္။

"စိုင္းဝဏၰ"

"အင္း ငါရယ္"

"ဘာကိစၥရွိလို႔လဲ"

"ခြန္ရွန္းကို ခြင့္တိုင္ေပးတဲ့ဖုန္းနံပါတ္ကို ျပန္ဆက္သြယ္ၾကည့္တာေလ...မင္းျဖစ္ေနမယ္မထင္ထားမိဘူး...မင္းပဲေဆြမ်ိဳးမရွိဘူးဆို...ဘယ္တုန္းက ခြန္ရွန္းေဆြမ်ိဳးျဖစ္သြားတာလဲ"

ကာရန္ ဖုန္းမကိုင္ထားေသာလက္တစ္ဖက္ျဖင့္ မ်က္မွန္အား အထက္သို႔ ပင့္တင္လိုက္သည္။

"အေျခအေနအရပါ"

"ဒါဆို အေျခအေနအရ ငါ့ခ်စ္သူမလုပ္ခ်င္ဘူးလား"

"No"

ယတိျပတ္ ျငင္းဆိုလိုက္ေသာ သူ႕ေၾကာင့္ တျခားတဖက္မွ သေဘာက်စြာ ရယ္ေမာသံတို႔ထြက္ေပၚလာသည္။ ကာရန္ စိတ္ရႈပ္လာရ၏။

"မင္း ဘာသိခ်င္လို႔ ဆက္တာလဲ"

"ခြန္ရွန္း ဘယ္မွာရွိလဲ သိခ်င္တာ...မင္းသိတယ္မလား"

"အင္း သိတယ္"

"အဲဒါဆို ဘယ္မွာလဲဆိုတာ ေျပာျပ"

ကာရန္ ေျပာရန္ျပင္လိုက္စဥ္ ခြန္ရွန္းကိုယ္ေရးအက်ဥ္းထဲမွ ထူးဆန္းေနသည့္အခ်က္မ်ားအား သတိရသြားသည္။ စိုင္းဝဏၰႏွင့္ ခြန္ရွန္းက bff မ်ားျဖစ္ေသာေၾကာင့္ ထိုအေၾကာင္းတို႔အား စိုင္းဝဏၰသိေလာက္မည္ထင္သည္။

ေျပာစရာအရမ္းမ်ားေသာေၾကာင့္ အျပင္တြင္ မ်က္ႏွာခ်င္းဆိုင္ေမးျခင္းက ပိုေကာင္းမည္ဟု ေတြးမိ၏။

"ငါ မင္းကို ေမးစရာတခ်ိဳ႕ရွိတယ္...ခြန္ရွန္းအေၾကာင္းပါ...မင္းသိေလာက္မယ္ထင္တယ္"

"ခြန္ရွန္းအေၾကာင္း မင္းသိခ်င္ရင္ ငါ့ကိုေမးလို႔ရတယ္...ဒါေပမဲ့ မင္းဘာလို႔ ေမးလဲဆိုတာတြက္ ငါသိခ်င္တယ္...မင္းအတြက္လား"

"ငါ့အတြက္မဟုတ္ဘူး...ေျပာရရင္ေတာ့ ရွည္တယ္...အျပင္ေတြ႕ရင္ ငါရွင္းျပမယ္"

"Ok...အဲဒါဆို ငါတို႔ေဆး႐ုံနားက Smile cafe မွာ ဆုံမယ္"

"အင္း ငါ ဆယ္နာရီမွာ အားတယ္...မင္း ဆယ္နာရီေလာက္ လာခဲ့ေပးလို႔ရလား"

"ငါ ဆယ္နာရီက် အသိတစ္ေယာက္ကို ဂ်ဴတီခ်ိန္လဲေပးဖို႔ အကူညီေတာင္းၿပီးလာခဲ့လိုက္မယ္"

"အင္းအင္း"

"ငါ ေနာက္က်ရင္..."

"တီ တီ တီ"

ေနာက္က်ရင္ ခဏေလာက္ သူ႕အားေစာင့္ေပးရန္ေျပာမည္ကိုပင္မေစာင့္။ ခ်က္ခ်င္းဖုန္းခ်သြားသူေၾကာင့္ စိုင္းဝဏၰ ဖုန္းကိုင္ရင္း ေၾကာင္အသြားရ၏။

'စိတ္က လက္တစ္ဆစ္နဲ႕...ဘယ္လိုမ်ား အတြင္းေရးမႉးလုပ္ေနလည္း မသိ'

ထို႔ေနာက္ သူလည္း ဖုန္းscreen ပိတ္ကာ အလုပ္လုပ္ရန္ ဂ်ဴတီကုတ္အား လဲလွယ္ဝတ္ဆင္လိုက္ေလေတာ့သည္။

************

မီးအလင္းေရာင္မွိန္ကာ အပူခ်ိန္ ေလ်ာ့က်သြားေသာအခန္းထဲတြင္ လူတစ္ေယာက္သည္ ထိုင္ခုံေပၚႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ခံထားရသည္။

ထိုလူ၏ ေရွ႕တြင္ ထိုင္ခုံတစ္လုံးအား ဆြဲယူကာ လူတစ္ေယာက္ထိုင္လိုက္၏။ ေရွ႕တြင္ ထိုင္လိုက္သူသည္ ခ်ဳပ္ေႏွာင္ခံရသူ၏ မ်က္ဝန္းမ်ားအား စိုက္ၾကည့္ကာ သူ၏ လက္ႏွစ္ဖက္အား ေရွ႕တြင္ တစ္ဖက္ကိုတစ္ဖက္ ယွက္ႏြယ္ထားသည္။

"မင္းရဲ႕ မ်က္ဝန္းထဲမွာ ေဒါသနဲ႕ ေၾကာက္႐ြံ႕မႈေတြ ျမင္ေနရတယ္"

"မင္းငါ့ကိုလႊတ္စမ္း"

ေရွ႕တြင္ထိုင္ေနသူက က်ယ္ေလာင္စြာ ရယ္ေမာလိုက္ေလသည္။

"ဟက္ သစၥာေဖာက္တစ္ေယာက္က ခုလို ေျပာပိုင္ခြင့္မရွိဘူး...မင္းသိလား...လူေတြရဲ႕ေၾကာက္စရာအေကာင္းဆုံး အားနည္းခ်က္က ေဒါသ၊ မနာလိုမႈနဲ႕ ေၾကာက္႐ြံ႕မႈတို႔ပဲဆိုတာ"

"စိတၱဇေကာင္...လူမဆန္တဲ့ေကာင္...မင္းအေသဆိုးနဲ႕ေသလိမ့္မယ္"

ထိုင္ေနသူက သူ၏နားထဲ လက္ထိုးထည့္ကာ ေလွာင္ေျပာင္ေျပာလာ၏။

"ဟက္ လူတိုင္းကေသခါနီးတိုင္း ငါ့ကို အဲလို က်ိန္စာတိုက္တတ္ၾကတယ္...ငါ့အတြက္ေတာ့ အဲဒီစကားေတြကရိုးေနၿပီ"

ထို႔ေနာက္ ဖမ္းဆီးခံထားရသူ၏ မ်က္ဝန္းမ်ားအား ျပန္စိုက္ၾကည့္လိုက္သည္။ ထိုသူ၏ မ်က္ဝန္းတို႔သည္ လြန္စြာ နက္နဲစူးရွေနၿပီး ေၾကာက္မက္ဖြယ္ေကာင္းေန၏။

စိုက္ၾကည့္ခံရသူသည္ ၾကက္သီးမ်ားထလာကာ မ်က္ဝန္းမ်ားအား မွိတ္ပစ္ခ်င္လာသည္။ သို႔ေသာ္ သူလုံးဝ မ်က္လုံး မွိတ္မရေပ။ သူ၏ တကိုယ္လုံး ေတာင့္တင္းကာ လႈပ္မရေတာ့။

သူ၏ သတိကပ္ေသးေသာ အသိစိတ္တို႔မွ ေၾကာက္႐ြံ႕မႈတို႔သည္ အဆုံးအစမရွိျဖစ္တည္လာသည္။ စိတ္ပညာအား တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္ပါေသာ serial killer Liam။ လူတစ္ေယာက္၏ စိတ္ထဲမွ အားနည္းခ်က္မ်ားအား ေကာင္းစြာအသုံးခ်၍ အလြယ္တကူ စိတ္ညွို႔နိုင္ေသာသူ။ သူ ထိုသူ၏ လက္ထဲမွ ဘယ္လိုမွ လြတ္ေျမာက္ေအာင္ ႐ုန္းမထြက္နိုင္ပါ။

Liam တဖက္သူ မ်က္ဝန္းထဲမွ အေၾကာက္တရားတို႔အား မ်က္ေတာင္မခတ္စိုက္ၾကည့္ကာ ႏႈတ္ခမ္းစြန္းတစ္ဖက္ ေကြးၫႊတ္သြားရသည္။

သာမန္လူေတြက အရမ္းအားနည္းတာပဲ။ အားနည္းသူေတြက တကယ္စိတ္ပ်က္ဖို႔ေကာင္းတယ္။

သူ၏ မ်က္ဝန္းမ်ားမွတဆင့္ တစ္ဖက္သူအား မ်က္ဝန္းမ်ားဆီသို႔ စကားအနည္းငယ္ပို႔လႊတ္လိုက္သည္။

'မင္းေၾကာက္ေနတယ္...မင္းစိတ္ထဲအရမ္းကိုေၾကာက္ေနတယ္...မင္းမေသခ်င္ေသးဘူး...အသက္ရွင္ခ်င္တယ္မလား'

တစ္ဖက္သူ၏ မ်က္ဝန္းမ်ားက တျဖည္းျဖည္း ေမွးစင္းလာေလသည္။

'မင္းအသက္ရွင္ခ်င္ရင္ ငါ့စကားနားေထာင္ရမယ္...မင္းရဲ႕အရွင္သခင္က ငါပဲ'

စိတ္ထဲတြင္ အသံတခ်ိဳ႕အား ၾကားေနရၿပီးေနာက္ ေၾကာက္႐ြံ႕ေနသူသည္ ဘာအသိစိတ္မွ မကပ္နိုင္ေတာ့ေပ။ အာ႐ုံတစ္ခုလုံးေထြျပားကုန္ကာ သူ၏ စိတ္ထဲမွ စကားသံတို႔ကိုသာ တေဝမသိမ္း နားေထာင္ရန္ အသိသာ က်န္ရွိေတာ့သည္။ သူ၏မ်က္ဝန္းမ်ား အလုံးစုံမွိတ္က်သြား၏။

႐ုတ္တရက္ က်ယ္ေလာင္စြာ လက္ေဖ်ာက္တီးသံတစ္သံၾကားလိုက္ရသည္။ သူ၏ မ်က္ဝန္းမ်ား ခ်က္ခ်င္းပြင့္သြားရ၏။

ေရွ႕တြင္ထိုင္ေနသူသည္ ေက်ာက္႐ုပ္ကဲ့သို႔ အသက္မရွိသလို မ်က္လုံးမ်ားျပဴးေၾကာင္ကာ ထိုင္ေနသူအား ၾကည့္၍ မ်က္ဝန္းထဲတြင္ ေပ်ာ္႐ႊင္ေနေသာအရိပ္အေယာင္တို႔ေပၚထြက္လာသည္။

ႏႈတ္ခမ္းမ်ားသည္လည္း ၿပဳံး၍ ခ်ဳပ္ေႏွာင္ထားေသာႀကိဳးမ်ားအား ဖယ္ရွားေပးလိုက္သည္။

ထို႔ေနာက္ ေအးစက္ေသာအသံျဖင့္ စကားတစ္ခြန္းဆိုလိုက္၏။

"မင္းရဲ႕ဘယ္ဖက္လက္သန္းကို ခ်ိဳးလိုက္"

စိတ္ညွို႔ခံထားရသူသည္ အခ်ိန္မဆိုင္း ခ်က္ခ်င္းပင္ သူ၏လက္သန္းအား ေနာက္လွန္ကာ ခ်ိဳးပစ္လိုက္သည္။ သူ႕တြင္ နာက်င္မႈ တစ္စုံတစ္ရာမရွိသကဲ့သို႔ အသက္မဲ့သူလိုမ်ိဳး အေနအထားျဖင့္သာ ဆက္ရွိေနေလသည္။ အမိန့္ဟူသမွ် နာခံရန္ ေစာင့္ဆိုင္းေနသူတစ္ေယာက္ကဲ့သို႔။

"ဟား ဟား ဟားးး"

ေအးစိမ့္စိမ့္ျဖစ္ေနေသာ အခန္းတြင္းတြင္ လက္ပိုက္ကာ သက္ေတာင့္သက္သာထိုင္ေနသူ၏ သေဘာတက်ရယ္ေမာသံတို႔ အဆက္မျပတ္ထြက္ေပၚလာေလေတာ့သည္။

***********

ကာရန္ ခ်ိန္းဆိုထားရာ Smile Cafeသို႔ေရာက္ေတာ့ စိုင္းဝဏၰအား မေတြ႕ရေပ။ သူ ထိုင္ခုံတစ္ခုံတြင္ ထိုင္ကာ ေစာင့္ေနလိုက္သည္။

ငါးမိနစ္ေလာက္ၾကာသည္ထိ ေရာက္မလာေသာေၾကာင့္ ကာရန္စိတ္တိုလာရ၏။ သူက ေတာ္႐ုံစိတ္ရွည္တတ္သူမဟုတ္။ စိတ္အား ဆြဲဆန့္ကာ ေနာက္ထပ္ငါးမိနစ္ ထပ္ေစာင့္လိုက္သည္။

အခ်ိန္ျပည့္သြားေသာ္လည္း စိုင္းဝဏၰေရာက္မလာ။ ကာရန္ ေဒါသထြက္ကာ ဖုန္းထုတ္ဆက္လိုက္၏။

တဖက္သို႔ ဖုန္းဝင္သြားၿပီး ဖုန္းကိုင္သည္ႏွင့္ စိတ္တိုစြာေအာ္ပစ္လိုက္သည္။

"စိုင္းဝဏၰ ငါနဲ႕ ခ်ိန္းထားတာ မင္းေမ့ေနတာလား...ငါေစာင့္ေနတာ ဆယ္မိနစ္ရွိၿပီ...မင္းကခုထိေရာက္မလာေသးဘူး...ငါ ဆက္မေစာင့္နိုင္ေတာ့ဘူး...အဲေလာက္စိတ္မရွည္ဘူး...ျပန္မယ္"

ဆက္တိုက္ေအာ္ဟစ္လိုက္ၿပီးေနာက္ တဖက္မွ ခပ္ေအးေအးေျပာသံ ထြက္ေပၚလာသည္။

"ကာရန္ နာရီျပန္ၾကည့္ဦး"

ကာရန္ ဖုန္းနာရီအား ၾကည့္ကာ ျပန္ေျပာလိုက္၏။

"အင္း ၾကည့္တယ္ေလ...အခုဆယ့္တစ္နာရီ မင္းနဲ႕ငါ ခ်ိန္းထားတဲ့အခ်ိန္ပဲ"

"ငါနဲ႕မင္း ခ်ိန္းထားတာ ဆယ္နာရီ"

ကာရန္ ႐ုတ္တရက္ေၾကာင္သြား၏။ သူ ျပန္စဥ္းစားၾကည့္ေတာ့ ဟုတ္သည္။ သူ ဆယ္နာရီတြင္ ခ်ိန္းထားခဲ့သည္။ အလုပ္မ်ားေသာေၾကာင့္ အခ်ိန္မွတ္မွားသြားျခင္းေပ။

"ငါ Smile Cafeမွာ တစ္နာရီေလာက္ၾကာေအာင္ မင္းကို ေစာင့္ေနေသးတယ္"

ကာရန္ အနည္းငယ္ရွက္သြားရ၏။ သူက ဆယ္မိနစ္ေလာက္ေစာင့္ရျခင္းအား အေသေဒါသထြက္ေနခ်ိန္ တဖက္သူက တစ္နာရီေလာက္ ေစာင့္ေနခဲ့သည္။ ထို႔ျပင္ သူကပင္ စတင္၍ ျပသနာရွာခဲ့ေသးသည္။

သို႔ေသာ္ မသိခ်င္ေယာင္ေဆာင္ရန္သာ သူ ဆုံးျဖတ္လိုက္သည္။

"မင္း ဘာလို႔ဖုန္းမဆက္တာလဲ"

"မင္း ဖုန္းmissed call ကိုလည္း ဝင္ၾကည့္ဦး"

စိုင္းဝဏၰစကားေၾကာင့္ ကာရန္ missed call ဝင္ၾကည့္လိုက္သည္။ စိုင္းဝဏၰေခၚထားသည္မွာ အႀကိမ္မ်ားစြာ။ သူ silent လုပ္ထားေသာေၾကာင့္ ဘာသံမွ မျမည္ျခင္းပင္။

စိုင္းဝဏၰအား ဖုန္းစေခၚစဥ္ကလည္း ေဒါသထြက္ကာ ဖုန္းေခၚရန္သာ ေလာေနေသာေၾကာင့္ missed callမ်ားအား သတိမထားမိ။ ကာရန္ ဘာဆက္ေျပာရမည္မွန္း မသိစြာ ေခါင္းကုတ္လိုက္မိသည္။

"မင္းအဲမွာပဲ ဆက္ေစာင့္ေနလိုက္ ကာရန္...ငါအေဝးႀကီးမေရာက္ေသးဘူး...ကားျပန္လွည့္ခဲ့မယ္...ေနာက္ထပ္ငါးမိနစ္ေလာက္ေတာ့ စိတ္ရွည္ၿပီး ေစာင့္နိုင္တယ္မလား...စိတ္မပူပါနဲ႕ ငါမင္းကို ဆယ္မိနစ္ေလာက္ မေစာင့္ခိုင္းဘူး"

ကာရန္ ကိုယ့္အမွားႏွင့္ကိုယ္မို႔ ဘာမွမေျပာဘဲ ၿငိမ္ေနလိုက္သည္။ ဖုန္းခ်ၿပီးေနာက္ ထိုင္ခုံတြင္ထိုင္ကာ ျပတင္းေပါက္ဖက္လွည့္၍ ေမးေထာက္ကာ ၾကည့္ေနလိုက္၏။

ငါးမိနစ္ေလာက္ၾကာသည္ႏွင့္ ဆိုင္တံခါးဖြင့္ဝင္လာေသာစိုင္းဝဏၰအား ေတြ႕လိုက္ရသည္။

"စိုင္းဝဏၰ ငါဒီမွာ"

လက္ေထာင္ျပလိုက္သည္ႏွင့္ စိုင္းဝဏၰကသူရွိရာေလွ်ာက္လာသည္။ ေမာ္ဒယ္တစ္ေယာက္လို ရွည္လ်ားျမင့္မားလြန္းေသာအရပ္၊ မေဟာဂနီေရာင္ဆံပင္ေကာက္မ်ားႏွင့္ ေျခတံရွည္တို႔က လိုက္ဖက္လြန္းလွသည္။ ကိုယ္ထည္ေတာင့္တင္းကာ လူငယ္ဆန္ဆန္ ဝတ္ဆင္တတ္ပုံမွာလည္း ၾကည့္ေကာင္းလြန္း၏။ ထို႔သို႔ ႐ုပ္ရည္ေခ်ာေမာ ၾကည့္ေကာင္းမႈေၾကာင့္ လူရႈပ္လူေပြျဖစ္လာပုံရသည္။

သူ၏ေရွ႕စားပြဲတြင္ ဝင္ထိုင္လိုက္ၿပီး သူ႕အား မ်က္ႏွာခ်င္းဆိုင္ၾကည့္လာ၏။

"ဆို... ငါ့ကို ဘာေမးမလို႔လဲ"

ကာရန္ ထိုသူ႕အား ေငးေနျခင္းကို အျမန္အဆုံးသတ္လိုက္ရသည္။

"ေဒါက္တာ ခြန္ရွန္းသကၠရာဇ္မွာ အစ္ကိုတစ္ေယာက္ရွိတယ္မလား"

"ဘာလို႔ေမးတာလဲ"

စိုင္းဝဏၰပုံစံက သူ ျပန္ေျဖမွသာ ေျဖေပးမည့္ပုံစံျဖစ္ေနေသာေၾကာင့္ ကာရန္ ျပန္ေျဖေပးလိုက္၏။

"Bossက ေျပာတယ္...ေဒါက္တာ ခြန္ရွန္းမွာ အစ္ကိုတစ္ေယာက္ရွိတယ္တဲ့...ဒါမဲ့ ေဒါက္တာ ခြန္ရွန္းကိုယ္ေရးအခ်က္အလက္မွာ အစ္ကိုအေၾကာင္း မပါဘူး...ေဒါက္တာခြန္ရွန္းမွာ မိသားစုဝင္ရွိေၾကာင္း ဘာအေထာက္အထားမွကို ရွာမရခဲ့တာ"

"မင္း bossက ခြန္ရွန္းမွာ အစ္ကိုရွိမွန္း ဘယ္လိုသိလဲ"

"ေဒါက္တာခြန္ရွန္း ေျပာျပတာေလ"

စိုင္းဝဏၰ ေမာလာေသာေၾကာင့္ ေရွ႕စားပြဲတြင္ ခ်ထားေသာ ေရခြက္ထဲသို႔ ေရငွဲ႕ကာ ေသာက္ရန္ျပင္ေနေသာလက္က ေလထဲတြင္ရပ္တန့္သြားရသည္။ မ်က္ခုံးတစ္ဖက္ အေပၚသို႔ျမင့္တက္သြားၿပီးေနာက္ သူ ဆက္ေျပာလိုက္၏။

"အဲလိုေျပာျပရေအာင္ထိ သူတို႔အေျခအေနတိုးတက္ေနတယ္ေပါ့"

ထို႔ေနာက္ ေရခြက္အား ပါးစပ္နားေတ့ကာ ေရေမာ့ေသာက္လိုက္သည္။

"တိုးတက္တာေပါ့...ခ်စ္သူေတြေတာင္ ျဖစ္သြားၿပီေလ"

"ဖူး"

စိုင္းဝဏၰ ပါးစပ္မွ ေရမ်ား မႈတ္ထုတ္လိုက္မိၿပီးေနာက္ ေရမ်ားစင္သြားေသာေၾကာင့္ မ်က္ႏွာရႈံ႕မဲ့ေနေသာ ကာရန္မ်က္ႏွာအား ၾကည့္လိုက္မိသည္။

"Sorry ငါ မရည္႐ြယ္ဘူး အဟြတ္ အဟြတ္...ေရာ့ ဒီမွာ တစ္ရႉး"

"ေတာ္ၿပီ မလိုဘူး"

ကာရန္ ႏႈတ္ခမ္းမ်ားစူပုတ္ကာ ေရစင္သြားေသာမ်က္မွန္အား ခြၽတ္လိုက္သည္။ မ်က္ႏွာအား အကၤ်ီအိတ္ကပ္ထဲမွ ပဝါစျဖင့္ သုတ္ကာ ေရမ်ားအား ဖယ္ရွားလိုက္၏။

"ခြန္ရွန္းက တကယ္ႀကီး ေယာက်ာ္းတစ္ေယာက္ကို တြဲလိမ့္မယ္ထင္မထားလို႔ ခုလိုျဖစ္သြားတာ sorry"

မ်က္မွန္ခြၽတ္ထားေသာေၾကာင့္ မ်က္လုံးေလးမ်ား ေမွးက်ဥ္းေနကာ ခ်စ္စရာေကာင္းစြာ ဆူပုတ္ေနသည့္ ျဖဴေကာင္ေလးႏွင့္တူေသာ ေကာင္ငယ္ေလးအား ေငးၾကည့္ေနရင္း စိုင္းဝဏၰ ေျပာလိုက္မိသည္။

တစ္ဖက္က ေမွးက်ဥ္းေနေသာ မ်က္ဝန္းေလးမ်ားအား မ်က္ေမွာင္ႀကဳံ႕လိုက္ေသာေၾကာင့္ မ်က္ဝန္းေလးမ်ား ေပ်ာက္ကြယ္လုနီးနီးပင္။

"ငါေမးတာ​ေျဖဦး"

"ခြန္ရွန္းမွာ အစ္ကိုရွိတယ္...ဒါမဲ့ ဥပေဒအရ အတည္ျပဳထားတာ ဘာမွမရွိဘူး...အစ္ကိုဟန္မြန္းတည့္က ခြန္ရွန္းကို မိဘမဲ့ေဂဟာက ေခၚေမြးစားလာတာ...အဲဒီေဂဟာကိုက အစ္ကိုဟန္မိသားစုပဲ လႉဒါန္းထားတာေလ...ေဂဟာမႉးနဲ႕လည္း အရမ္းခင္တယ္...အဲဒါေၾကာင့္ ေမြးစားေတာ့ စာ႐ြက္စာတမ္းေတြနဲ႕ မဟုတ္ဘဲ ဒီတိုင္းေမြးစားလိုက္တာ...အစ္ကိုဟန္မြန္းတည့္က ခြန္ရွန္းအေပၚေတာ့ အစ္ကိုႀကီး အဖရာလိုအရမ္းဂ႐ုစိုက္ခ်စ္ေပးတယ္"

"သူ႕နာမည္က ဟန္မြန္းတည့္လား...ငါတို႔ Mars corporation မွာ ဟန္မြန္းတည့္နာမည္နဲ႕ ရွယ္ယာရွင္တစ္ေယာက္ရွိတယ္...လူကိုယ္တိုင္တစ္ခါမွမေဖာ္ျပဖူးဘူး...သူမ်ားလား"

"အင္း ျဖစ္နိုင္တယ္...ငါသိသေလာက္ဆို အစ္ကိုဟန္မိသားစုက ဘိုးေဘးစဥ္ဆက္ခ်မ္းသာတာ...ခုသူတစ္ေယာက္ပဲက်န္ေတာ့ေတာ့ အေမြေတြအကုန္ သူ ရမွာပဲ...အစ္ကိုဟန္မွာ နယ္ပယ္အသီးသီးက ကုမၸဏီအခ်ိဳ႕မွာ ထည့္ဝင္ထားတဲရွယ္ယာေတြအမ်ားႀကီးရွိတယ္လို႔လည္း ၾကားဖူးတယ္...ေဆးပညာေလာကမွာေတာ့ အေက်ာ္ၾကားဆုံးနတ္ဘုရားတစ္ဆူပဲ...အစ္ကိုဟန္နဲ႕မသိတဲ့ အႀကီးအကဲေတြဆိုတာေတာ့ တကယ္ကို မရွိသေလာက္ေပါ့"

ကာရန္ သက္ျပင္းခ်လိဳက္မိသည္။ သူ၏ လူလည္က်တတ္လြန္းေသာ Boss သည္ေတာ့ တကယ္ကို ၿပိဳင္ဖက္ေကာင္းႏွင့္ ေတြ႕ရေပေတာ့မည္။

"ငါ သူ႕အေၾကာင္းစုံစမ္းေနတာ...ဘာမွကိုရွာေဖြမရဘူး...အခုမင္းေျပာမွပဲ အေၾကာင္းစုံသိရတာ"

"တျခားသူမွမဟုတ္တာ...အစ္ကိုဟန္ေလ...ဘယ္လိုလုပ္မင္းရွာနိုင္မွာလဲ...လူတိုင္းက ခြန္ရွန္းကို မိဘမဲ့ အားကိုးရာမရွိသူလို႔ထင္တတ္ၾကတာ...ခြန္ရွန္းမွာ အစ္ကိုဟန္လို ေတာင့္တင္းတဲ့ backgroundရွိမွန္း ဘယ္သူမွ မသိၾကဘူး...ခြန္ရွန္း ကိုယ္တိုင္က တျခားသူရဲ႕အရိပ္ကို အမွီအခိုမျပဳတတ္ေတာ့ မသိၾကတာ မဆန္းပါဘူးေလ"

"တကယ္ေတာ့ ေဒါက္တာ ခြန္ရွန္းမွာ ဟန္မြန္းတည့္တစ္ေယာက္တည္း ေက်ာေထာက္ေနာက္ခံရွိတာ မဟုတ္ပါဘူး"

စိုင္းဝဏၰ ႏႈတ္ခမ္းတို႔ ၿပဳံးေယာင္သန္းသြားရသည္။ ထိုေကာင္ေလးက ေသခ်ာေတာ့ စုံစမ္းနိုင္ခဲ့ပုံရသည္။ အသုံးမက်သဴ တစ္ေယာက္ေတာ့ မဟုတ္ေပ။

"မင္း ခြန္ရွန္းအေၾကာင္း ေသခ်ာေလ့လာနိုင္ခဲ့သားပဲ"

"ဒါေပါ့...ကြၽန္ေတာ့္ရဲ႕ boss ကေတာ္ပဲေလ...bossကို တင္ျပဖို႔ ေသခ်ာေလးေလ့လာခဲ့တာေပါ့...စုံစမ္းစစ္ေဆးေရးမႉး ခရစ္၊ ဒုေဆး႐ုံအုပ္ ေဒါက္တာ သုမာန္၊ အာဏာစက္ကုမၸဏီရဲ႕ ဥကၠဌ ထာဝရနဲ႕ သူ႕ရဲ႕ခ်စ္သူ တည္ၿမဲလြန္းတို႔က ေဒါက္တာ ခြန္ရွန္းရဲ႕ အခင္ရဆုံးသူငယ္ခ်င္းေတြပဲ"

"ခြန္ရွန္းရဲ႕ သူငယ္ခ်င္းက ငါနဲ႕ သုရာပဲ...သူတို႔ကသူငယ္ခ်င္းမဟုတ္ဘူး...ခြန္ရွန္းရဲ႕ သားေတြ"

"အမ္ ဘယ္လို ဘယ္လို"

မ်က္မွန္ေအာက္မွ မ်က္လုံးျပဴးေလးမ်ားျဖင့္ၾကည့္ကာ ေမးလာေသာ ေကာင္ေလးပုံစံေၾကာင့္ စိုင္းဝဏၰႏႈတ္ခမ္းတို႔ ေကြးၫႊတ္သြားရ၏။ ဒီေကာင္ေလးေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းတာပဲ။

"ထားပါေတာ့ မင္းလို innocence က ဒါေတြနားလည္မွာ မဟုတ္ဘူး...ဒါနဲ႕ မင္းရဲ႕ bossက ခြန္ရွန္းကို မယုံဘူးလား...ဘာလို႔ေနာက္ေၾကာင္းေတြ စုံစမ္းေနတာလဲ"

"မယုံတာ မဟုတ္ဘူး...boss က ေဒါက္တာခြန္ရွန္းအေၾကာင္း ပိုသိခ်င္တာပါ...ေဒါက္တာခြန္ရွန္း ဝတ္စားေနထိုင္ပုံေတြ ၾကည့္ကတည္းက သာမန္လူမဟုတ္မွန္း သိသာတယ္ေလ...bossပုံစံက ဘာကိုမွ ဂ႐ုမစိုက္တတ္ပုံေပၚေပမဲ့ သူခ်စ္တဲ့သူေတြကိုေတာ့ ေနာက္ကြယ္ကေနတိတ္တဆိတ္ ကာကြယ္ေပးတတ္တယ္...လူတစ္ေယာက္ကို ကာကြယ္ေပးခ်င္ရင္ အဲဒီလူရဲ႕အေၾကာင္းကို ေသခ်ာဂဂနနေတာ့ သိထားသင့္တယ္"

"ခြန္ရွန္းက ဘဝကိုေအးေအးခ်မ္းခ်မ္းျဖတ္သန္းခ်င္တာ...မင္းရဲ႕bossလို လူတိုင္းသတိထားေစာင့္ၾကည့္ေနမိတဲ့ လူတစ္ေယာက္ကို ခ်စ္သူအျဖစ္ေ႐ြးခ်ယ္လိုက္တာေတာ့ တကယ္အံ့အားသင့္စရာပဲ"

"အင္း ဒါကေတာ့ အခ်စ္မွာမ်က္စိမရွိဘူးေလ"

စိုင္းဝဏၰ ဆဲေတာ့မည့္စကားအား ျပန္ၿမိဳခ်လိဳက္ရသည္။ ထိုေကာင္ေလးျဖစ္ေနေသာေၾကာင့္သာ သည္းခံလိုက္ျခင္းပင္။ ထိုကဲ့သို႔ လူမ်ားအေတြးအေခၚမွားေစမည့္ စာသားမ်ားအား စိုင္းဝဏၰအေသမုန္းသည္။

အခ်စ္တစ္ခုအား မေ႐ြးခ်ယ္ခင္ စုံလုံးမွိတ္ကာ မ်က္ကန္းသဖြယ္ တိုးဝင္မသြားသင့္ေပ။ ႏွလုံးသား၊ ဦးေႏွာက္တို႔ျဖင့္ေတာ့ ေသခ်ာေလးစဥ္းစားေ႐ြးခ်ယ္သင့္သည္။ "အခ်စ္မွာ မ်က္စိမရွိ"ဟူေသာ စကားအား အတည္မယူသင့္သည္မွာ သူ၏ မိဘမ်ားကသက္ေသပင္။

မိဘမ်ားတားဆီးေနသည့္ၾကားမွ ဘာကိုမွမစဥ္းစား ဒီလူသာ သူ၏ လက္တြဲေဖာ္ဟုဆိုကာမ်က္လုံး စုံမွိတ္ယုံၾကည္ခဲ့ေသာ သူ၏မိခင္သည္ ယခုအခါတြင္ ထိုစကားအား လြန္စြာနာက်ည္းေနခဲ့ၿပီ။ အေမ့၏ မိဘမ်ားခ်န္ထားခဲ့သည့္ အေမြမ်ားကိုဆက္ခံခဲ့ေသာ အေဖသည္ အျပင္တြင္ အေပ်ာ္ေပါင္းမ်ားစြာျဖင့္။ ဘယ္ခ်ိန္တြင္ သူႏွင့္အေမရွိရာအိမ္ေပၚသို႔ ေနာက္ထပ္သားတစ္ေယာက္ေကာက္တင္လာမည္မွန္းကို မသိနိုင္ေပ။

အေဖ့အား နာက်ည္းမုန္းတီးေသာသူသည္လည္း ေနရာတိုင္းအ႐ြဲ႕တိုက္ကာ အသုံးမက်ေသာ လူရႈပ္လူေပြတစ္ေယာက္ျဖစ္လာရသည္။ သူ ဆရာဝန္ျဖစ္ရန္က အေမ၏အိပ္မက္ျဖစ္ေသာေၾကာင့္ သူႀကိဳးစားခဲ့ျခင္းသာ။ သူ႕တြင္လည္း မျပည့္ဝေသးေသာ ရည္မွန္းခ်က္တစ္ခုရွိသည္။ သူ၏အေဖလက္ထက္ ပ်က္စီးယိုယြင္းေနေသာ အေမ့မိသားစုပိုင္ေဆး႐ုံအား ျပန္လည္ျပင္ဆင္မြမ္းမံရန္ပင္။

"စိုင္းဝဏၰ ငါေျပာေနတာၾကားလား"

ကာရန္အသံေၾကာင့္ စိုင္းဝဏၰစဥ္းစားေနရာမွ ျပန္အသိဝင္လာရသည္။

"အမ္ ဘာေျပာလိုက္တာလဲ"

"ငါ အလုပ္ရွိေသးလို႔ ျပန္ေတာ့မယ္ေျပာတာ"

"ေၾသာ္ အင္း...ဒါနဲ႕ ခြန္ရွန္းက အခုဘယ္မွာလဲ...သူ႕အိမ္မွာ မဟုတ္ဘူးမလား"

"အင္း အခု bossအိမ္မွာ bossနဲ႕အတူတူရွိေနတယ္"

"ဘာ"

စိုင္းဝဏၰ၏ ႐ုတ္တရက္ထိတ္လန့္သြားေသာအသံေၾကာင့္ ခြန္ရွန္းပင္ လန့္သြားရသည္။

"ဘာျဖစ္တာလဲ...မင္းကလည္း အလန့္တၾကားနဲ႕"

"ဦးေစတန္နက္ရွိုင္းအိမ္မွာ ဦးေစတန္နက္ရွိုင္းနဲ႕ ခြန္ရွန္း ႏွစ္ေယာက္တည္းလား"

"အင္း...သူတို႔ႏွစ္ေယာက္ပဲေလ...ဘာျဖစ္နိုင္မွာမို႔လဲ"

"က်စ္ မင္းလို innocenceက ဘာသိမွာမို႔လဲ"

"ငါက ဘာသိရမွာလဲ"

စိုင္းဝဏၰ ထိုင္ေနရာမွ ထကာ ေျပာလိုက္သည္။

"သိခ်င္လား"

"အင္း"

"ေနာက္မွ ဘာျဖစ္နိုင္လဲဆိုတာ ငါလက္ေတြ႕ျပမယ္...အခုေတာ့ ငါအေရးႀကီးလို႔အရင္သြားၿပီ"

စိုင္းဝဏၰ ကားေသာ့ကိုင္ကာ ၿပဳံးလ်က္ေနာက္လွည့္မၾကည့္ေတာ့ဘဲ ေနရာမွလွည့္ထြက္လာခဲ့ေတာ့သည္။ ေနာက္မွ ေအာ္ကာ သူ႕အား ေမးေနသံမ်ားလည္း ၾကားေနရ၏။

"ေနာက္မွ...ဘာေနာက္မွလဲလို႔...ဘာကိုလက္ေတြ႕ျပမွာလဲ"

ခ်စ္စရာေကာင္းေသာအသံေၾကာင့္ စိုင္းဝဏၰ ခပ္ျမန္ျမန္ ေလွ်ာက္ေနရင္း အသံထြက္ရယ္ေမာလိုက္မိသည္။

"ဒီျဖဴေကာင္ေလးက တကယ္ခ်စ္စရာေလး"

ထို႔ေနာက္ တျဖည္းျဖည္းေဝးကြာလာေသာေၾကာင့္ အသံမ်ားလည္း မၾကားရေတာ့ေပ။

**********

ဒီစာေရးသူမွာ ေျပာစရာရွိပါတယ္။

စာေရးသူ- စိုင္းဝဏၰ ေနာက္မွက ဘာကိုေျပာတာလဲ။

စိုင္းဝဏၰ - မား သိပါတယ္။

စာေရးသူ - မား မသိလို႔ ေမးတာေပါ့။

စိုင္းဝဏၰ- innocene ခ်င္ေယာင္ မေဆာင္စမ္းပါနဲ႕ မားရာ။ မားက ကာရန္လို ခ်စ္စရာမေကာင္းဘူး။

စာေရးသူ- Fuck! သားေတာ္ေမာင္ေတြ တစ္ေယာက္မွ မေကာင္းဘူး။ သူတို႔လင္ေတြပဲ အေကာင္းေျပာတယ္။ ဒီစာေရးသူ နာက်င္သြားၿပီ TT

***********

Author Note-

ရာဇဝင္ rebirth ficေလး စၿပီး တင္ေပးထားပါၿပီေနာ္။ descriptionပဲ စရေသးတာပါ။ wallထဲ ဝင္ၾကည့္ၿပီး ဖတ္လို႔ရပါတယ္ 💛


Continue Reading

You'll Also Like

702K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
229K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
122K 14.3K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...