For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

8.4K 595 33
By Gael_2001

ကွမ့်ကျွင်း ဘော့စ် လက်ဆောင်ပေးထားသည့် အိမ်ကြီးဆီ ဘော့စ်က ခွင့်ပေးကာ  ဇွတ်သွားကြည့်ခိုင်းနေ၍ ကွမ့်ကျွင်း ရောက်လာခဲ့သည်။ နှစ်ထပ်တိုက်ကြီးသည် ထိုအထက်တန်းလွှာ ရပ်ကွက်တွင်တော့ တကယ့်ကို အကြီးမား၊ အခန့်ညားဆုံးလို့တောင် ပြောလို့ရ၏။ ခဲရောင်နှင့်၊ အဖြူကို ရောစပ်ကာ သုံးထားပြီး ဝရံတာတွင် အလှ ပန်းပင်ပေါင်းများစွာ။ ကွမ့်ကျွင်း တစ်ကယ်ကို သဘောကျ၏။ တစ်ယောက်ထဲ နေရတဲ့သူမို့ ဒီအိမ်ကြီးသည် သူ့အတွတ်တော့ ကြီးမားလွန်းနေ၏။

မောင်နှမဆွေမျိုးလဲ မရှိသည့်ဘဝမို့ သူ့မှာ ဘယ်သူ့မှလဲ အိမ်ပေါ် ခေါ်တင်ထားစရာမလို။ အိပ်ခန်းထဲ ဝင်ကြည့်လိုက်တော့ သူကြိုက်သည့် ခဲရောင်အခင်းအကျင်းတွေဖြင့်။ ဘော့စ်က တစ်ကယ်ကို သူ့အတွတ်ကောင်းမွန်သည့် အကိုတစ်ယောက်လိုပင်။ စိတ်တိုင်းမကျလျှင် ဆူသည်၊ငေါက်သည်။ သိူ့ပေမယ့် ကွမ့်ကျွင်းတော်လျှင်လဲ ဝယ်ပေးသည်များက မနည်းမနော။ ငါ့မှာ ထောက်ပံ့စရာ လူမရှိဘူး ဟုဆိုကာ ကားလဲ ဝယ်ပေးထားတာ နှစ်စီးပင် ရှိနေလေပြီ။

ကွမ့်ကျွင်း ပိုက်ဆံတွေကို ကဒ်တွေလုပ်ပေးထားကာ ထိုအထဲတွင် ပိုက်ဆံက သန်းချီနေပြီ။ ကွမ့်ကျွင်းကိုယ်တိုင်က အပျော်မစားမမက်ပဲ ပိုက်ဆံကုပ်စုရတာကိုသာ သဘောကျသည်မို့ သူ့ပိုက်ဆံတစ်ဝက်ကို ဘော့စ်၏ ကုမ္ပဏီတွင် ရှယ်ယာထည့်ထားသေးသည်။

ကွမ့်ကျွင်း အိပ်ယာပေါ်လှဲကာ ခနနေမှ ထမတ်တပ်ရပ်ပြီး မှန်တွေကိုကာရံထားသည့် လိုက်ကာစ မီးခိုးရောင်ကို ဆွဲဖယ်လိုက်သည်။

အပြင်က မြင်နေရသည့် မြင်ကွင်းကိုပင် သူ သဘောတကျကြည့်နေမိ၏။ လူတစ်ယောက်..။ အတိအကျဆို သန်မာကြံ့ခိုင်လွန်းသည့် သူတစ်ယောက်။ ကွမ့်ကျွင်းထက် ကြီးပုံလဲ ရကာ ခန္ဓာကိုယ်က အတော်ကို တောင့်တင်း၏။

*ဝါးးး*

ဘောလီဘော ပုတ်နေသည်မှာ ကြည့်ရသူပင် မျက်နှာလွှဲချင်စရာမရှိ။ သန်မာသည်။ သွက်လက်သည်။ထိုခြံဝန်းကျယ်ကြီးကတော့ ကွမ့်ကျွင်း၏ ယခုအိမ်ထက် အတော်ကို ကြီးပြီး ဒီရပ်ကွက်တွင်တော့ အကြီးမားဆုံး ဖြစ်နိုင်သည်။ ကွမ့်ကျွင်းက ထိုဘက်အခြမ်းကို မကြည့်မိ၍ သူ့အိမ်ကို အကြီးဆုံးလို့ ထင်လိုက်မိတာဖြစ်သည်။

ကွမ့်ကျွင်း မြင်နေရသည့် ထိုအိမ်ကြီးကတော့ အတော့်ကို ကြီးသည်။ ဝံ့ဝံ့ကြွားကြွားကြီးကို တည်ရှိနေခြင်းဖြစ်သည်။ ကွမ့်ကျွင်း အပေါ်ထပ်ကနေ လှမ်းကြည့်နေ၍ ထိုလူ့အိမ်၏ ကျယ်ဝန်းမှုကို မျက်စိတစ်ဆုံး မြင်နေရ၏။

ဘတ်စကတ်ဘောကွင်း၊ ရေကူးကန်၊ မြင်းစီးကွင်းတွေပင် ရှိနေ၏။ ဂေ့ါ့ဖ်ကွင်းလဲ ရှိသေးသည်ထင်။

*ဟင်..*

ကွမ့်ကျွင်း ကြည့်နေတာကို သိသည်ထင် သူ့ဘက် လှည့်ကြည့်လာသည် ထိုလူက အဝေးကကြည့်ရုံနှင့် စူးရှသည့် မျက်ဝန်းတွေကို မြင်နေရသည်။ မျက်နှာကို သေချာမမြင်ရပေမယ့် အတော် ချောမည်ဆိုတာကတော့ သေချာသည်။ ကွမ့်ကျွင်းကို သေချာရပ်ကြည့်နေ၍ တစ်ခုခုများ မှားယွင်းနေသလားဟု ထင်မိသည်အထိ။ သူကြည့်နေတာကို မကြိုက်ဘူးထင်၍ ကွမ့်ကျွင်း လိုက်ကာကို ဆွဲချကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

သူ အိမ်အကူ သုံးယောက်တော့ ငှားရမည်ထင်သည်။ ယောကျာ်းလေးတွေပဲ ငှားဖို့က အဆင်ပြေလိမ့်မည်။ မိန်းကလေးငှားမည်ဆိုလဲ သုံးယောက်လောက်မှ ပိုအဆင်ပြေလိမ့်မည်။ ဘော့စ်က ခြံကျယ်ကြီးနှင့် အိမ်ကျယ်ကြီးဝယ်ပေးလိုက်ပေမယ့် တစ်ကိုယ်တည်း သမားထဲမို့ ကွမ့်ကျွင်းမှာ ဘယ်လိုနေရမှန်းပင် မသိတော့။

ခြံကို အားလုံးပတ်ကြည့်ပြီးမှ ကုမ္ပဏီသို့ ပြန်ရန်ဆုံးဖြတ်လိုက်သည်။ ခြံတံခါးက remoteနှင့်မို့ အတော့်ကို အဆင်ပြေသည်။ ကွမ့်ကျွင်း ခြံတံခါးကိုဖွင့်ပြီး ထွက်လာသည်နှင့် စောနကလူဟု ထင်ရသည့်သူသည် သူ့ခြံအပေါက်ဝတွင် မတ်တပ်ရပ်ကာ ကွမ့်ကျွင်းကို ကြည့်နေလေသည်။

*ဘာလဲဟ..*

ကွမ့်ကျွင်းမှာ ထိုလူ့အကြည့်တွေကြောင့် ကြောက်တောင်ကြောက်သွားရပြီး ကားမှန်တွေကို တင်မိသွားသည်။ ကြည့်နေသည့်အကြည့်က သွေးအေးလူသတ်သမား လိုလို။ မြင့်မားသည့် အရပ်နှင့် ဖွံ့ထွားသည့် ခန္ဓာကိုယ်ကြီးက အနောက်တိုင်းက ကောင်တွေလိုပင်။

ကွမ့်ကျွင်း ဘော့စ်ပြင်ဆင်ပေးသည့် အားလုံးကို သဘောကျပါသည်။ ဒါပေမယ့် ဒီ လူသတ်သမားလို လူကြီးနှင့် အိမ်နီးချင်း ဖြစ်ရတာကိုတော့ နည်းနည်းမှ သဘောမကျမိ။

________________________

*လက်ထပ်ပွဲက ဘယ်မှာ လုပ်ကြမလဲ*

ဦးလေးယွဲ့က ရှောင်းကျန့်၏ အုပ်ထိန်းသူ နေရာကနေ မေးလာခဲ့သည်။ ရှောင်းကျန့် ဘေးက ထိုင်နေသည့် အဆိုးလေးအား ကြည့်ကာ

*အဆိုးလေးက ဟိုတယ်မှာပဲ လုပ်ချင်တယ်တဲ့ ဦးလေးယွဲ့။ ကျွန်တော်တို့ အခြားမှာ လုပ်ဖို့ စီစဉ်ထားတဲ့ကုန်ကျမယ့် စရိတ်အားလုံးကိုတော့ မိဘမဲ့တွေဆီသွားလှူမယ်တဲ့*

*ကောင်းတာပေါ့ကွာ..ရိပေါ်က ငွေကိုသေချာသုံးတတ်သားပဲ။ ရှောင်းကျန့်ကတော့ ကံကောင်းတာပေါ့ကွာ*

ဦးလေးယွဲ့သည် ရိပေါ်ကို ကြည့်ကာ ချီးကျူးလာ၏။ ဒီကောင်လေးသည် သူ ချီးကျူးဖို့ တစ်ကယ်ကို ထိုက်တန်လွန်းပါသည်။ စိတ်ဓာတ်၊ စာရိတ္တ၊ အမူအကျင့်။ အားလုံးဟာ တော်ရုံလူ မလုပ်နိုင်သည်တွေကို လုပ်ပြခဲ့သည်။ သူ့သားအတွတ် တောင်းပန်တော့လဲ ရှောင်းကျန့်ကပင် ရိပေါ်မျက်နှာကို ကြည့်သေး၏။ ရိပေါ်ကတော့ သူ့မျက်နှာကို ကြည့်ကာ တန်းခေါင်းညိမ့်ခဲ့သည်။

အဖေတစ်ယောက်က သူ့သားအတွတ် ပျော်ရွှင်အောင် လုပ်ပေးတာမျိုးကို ကျွန်တော် တစ်ကယ်အားကျပြီး ဦးလေးကို အရမ်းလေးစားလို့တဲ့။ အဲ့နောက်ပိုင်းတွင်လဲ သူ့သားလေးဆီ အမြဲလာကာ ညစာ၊ နေ့လည်စာ အားလုံးကို သားလေးဖို့ သေချာစီစဉ်ပေးတတ်၏။ အခုဆို သားက အမြင်မှန်တွေပင်ရကာ ထိုကောင်လေးကို ချစ်လိုက်တာကလဲ တုန်နေ၏။

*ဘမ် ကျွန်တော်တို့ လက်ထပ်ပွဲကိစ္စကို ပြီးပြီလား ဦးလေး။*

*သိပြီးသွားပြီ ရိပေါ်။ သူအရမ်းပျော်နေတာလေ။ သူ့ကိုကိုနဲ့ ရိပေါ်ရဲ့ လက်ထပ်ပွဲကို သူ တက်လို့ရပါသေးတယ်လို့တောင် ပြောနေတာ*

ရိပေါ် ဟန်ဆောင်အပြုံးလေးသာ ပြုံးပြနိုင်သည်။ ရိပေါ် တစ်ကယ် စိတ်ပူမိ၏။ ဘမ်သည် ကိုကို့အား ဘယ်လောက်ချစ်သည်ဆိုတာ ရိပေါ်သိသည်။ ရိပေါ်ကို ချစ်ပေမယ့် လက်ထပ်မယ့် ကိစ္စသာ သိလျှင် ထသောင်းကျန်းမည်ဟု ထင်ထားခဲ့သည်။ သို့ပေမယ့် ပျော်တောင် ပျော်နေသေးသည်တဲ့။

*ဒါဆို ဖိတ်စာတွေက နိုင်ငံခြားက ရှယ်ယာရှင်တွေကို ဖိတ်ဖို့ သပ်သပ်တစ်မျိုး လုပ်လိုက်လေ ရှောင်းကျန့်။ ဝေငှဖို့တော့ ဦးလေး တာဝန်ယူပေးမယ်*

*ကျေးဇူးတင်ပါတယ် ဦးလေးယွဲ့*

ဦးလေးယွဲ့က ပြုံးကာ ခေါင်းသာညိမ့်ပြ၏။ ဦးလေးယွဲ့သည် ရှောင်းကျန့်အအ‌ေပါ်တွင် တကယ့်တူသားအရင်းလိုပင် ဆက်ဆံသည်။ မကောင်းတာကို မကောင်းဘူးဟု ဝေဖန်သည်။ကောင်းလျှင်တောင် အများကြီးမမြှောက်ပင့်တတ်။ ရှောင်းကျန့် လူတွေ၏ ထို‌‌ေမြှာက်ပင့်သည့် ဒဏ်တွေကို စိတ်မထိန်းနိုင်မှာ စိုး၍တဲ့။

*ဒါဆို ကျွန်တော်တို့ ဘမ့်ဆီ ခနသွားလိုက်အုံးမယ် ဦးလေးယွဲ့*

*အေးအေး တက်သွားကြလေ။ စောနကတော့ နိုးနေပြီ*

ရှောင်းကျန့်နှင့် ရိပေါ် ဦးလေးယွဲ့အား အရိုအသေပေးကာ အပေါ်ထပ်သို့ တက်ခဲ့၏။ ဘမ့်ကို ဆေးရုံတွင်ထားပေမယ့် ထိုကောင်လေးက မနေချင်တာ ဆိုတော့လဲ ဘာမှ လုပ်လို့မရ။ အိမ်မှာပဲ ဆရာဝန်တွေ၊ နက်စ်တွေကို ခေါ်ကာသာ ထားရ၏။

*ဘမ်..*

တံခါးကို အသာဆွဲဖွင့်ကာ ရှောင်းကျန့် ဝင်သွားတော့ အိပ်ယာပေါ်ကနေ ယဲ့ယဲ့လေး ပြုံးပြနေသည်။

*သက်သာလား ညီလေး*

ရိပေါ် ဘမ့်ဘေးဝင်ထိုင်ကာ လက်နုနုလေးတွေကို ဆုပ်ကိုင်လိုက်သည်။ ညိမ့်ပြလာသည့် ခေါင်းလေးက အားမရှိမှန်း သိသာနေ၏။ ဘမ်သည် ဘယ်လိုမှ အစာတွေ၊ ရေတွေ တိုက်လို့မရတော့။ ပိန်ချုံးနေကာ လူပင် ယဲ့ယဲ့လေး ရှိတော့သည်။ နေ့လား ညလားဆိုသည့် အခြေအနေကိုပင် ရောက်နေလေပြီ။

*ကိုကိုတို့ လက်ထပ်ကြတော့မယ်ဆို*

ရှောင်းကျန့် ခေါင်းညိမ့်လိုက်ကာ သူ့ညီလေး၏ဆံပင်လေးတွေကိုလဲ လက်ဖြင့်သပ်ပေးလိုက်၏။ နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်။ ဘမ့်ကိုနမ်းသည့် ရှောင်းကျန့်၏ အနမ်းတိုင်းသည်  ဖြူစင်၏။ ညီလေးတစ်ယောက်လို နမ်းသည့် အနမ်းနုနုလေးတွေသာ ဖြစ်၏။

*ဟုတ်တယ်လေ ဘေဘီ။ ဘာဖြစ်လို့လဲ*

ဘမ်သည် အပြုံးချိုချိုလေး ပြုံးကာ ရိပေါ်ဆီကြည့်လာရင်း

*ကျွန်တော် ကိုကိုတို့ လက်ထပ်ပွဲကို တက်ချင်တယ်။ ဒါပေမယ့်လေ..*

*တက်ရမှာပေါ့။ ဘမ်က အကိုတို့ လက်ထပ်ပွဲကို သေချာပေါက် တက်ရမှာ။ မလာရင် အကိုက စိတ်ဆိုးမှာ*

သူ့လက်ပေါ်က ရိပေါ်၏ လက်လေးကို ပြန်ဆုပ်ကိုင်ကာ

*ကျွန်တော် တက်ပါ့မယ် ရိပေါ်။ ကိုကိုနဲ့ ရိပေါ်အတွတ်လဲ တကယ်ဝမ်းသာပါတယ်*

*ဝမ်းသာတယ်ဆို နေကောင်းအောင် လုပ်ရမယ်နော် ဘမ်။ အစားတွေ အများကြီးစား၊ အိပ်ရေးဝအောင်အိပ်*

ရိပေါ် ဘမ် အားရှိအောင်သာ ပြောနေခြင်းဖြစ်၏။ ဒီရောဂါသည် အစားစားတိုင်း အားရှိသည်မှ မဟုတ်ပဲ။

*ကျွန်တော် အားရှိအောင် နေနေပါတယ်။ ကိုကိုတို့လက်ထပ်ပွဲကိုလဲ မရ ရအောင် တက်မှာပါ*

ရှောင်းကျန့် သူ့ညီလေးကို ကြည့်ကာ ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။ ရင်ထဲတွင်တော့ ဘယ်လိုမှအဆင်မပြေ။ ငိုချင်သည့် စိတ်အား ခပ်တင်းတင်း လာဆုပ်ကိုင်သည့် အဆိုးလေးကြောင့် တောင့်ခံနိုင်ခဲ့သည်။

သူ့ညီလေးရှေ့တွင် ဒီပုံစံဖြစ်နေလျှင် ဘမ် ဘယ်လိုမှပျော်မည်မဟုတ်။ ရှောင်းကျန့် ရိပေါ်အား လှည့်ကြည့်လိုက်တော့ ဘမ့်အား ပြုံးရွှင်စွာ စကားပြောနေပြီး ရယ်မောလျက်။ ဝမ်းနည်းမှုကို အပြုံးလှလှတွေဖြင့် ဖုံးကွယ်ထား၏။

အဆိုးလေးသည် သူ့အပေါ်တွင်သာ ဆိုးပေမယ့် တစ်ကယ့်ကို မထင်ထားလောက်အောင် ရင့်ကျတ်လွန်း၏။

_____________________

ချွမ့်ဟွေး မြင်နေရသည့် မြင်ကွင်းအား စီးကရက်ကို ရှိုက်ဖွာရင်း အကြည့်မလွှဲပဲ ကြည့်နေသည်။ ချွမ့်ဟွေး ကြည့်နေမှန်းလဲ ထိုလူသိသည်။ မျက်ခုံးတွေ စုကြုံ့သွားသည်က ချွမ့်ဟွေးကို မလိုလားမှန်း သိသာစေသည့်အချက်။

ချွမ့်ဟွေးကိုသာ မကြည်ဖြူတာ ရှေ့ကဘဲနှင့် စကားပြောနေပုံမှာ ရယ်ပြုံးပြီး သူတို့နှစ်ယောက်ထဲ ရှိ‌သည်ဟုများ ထင်နေလားမသိ။

*အဟက်..!*

ချွမ့်ဟွေး ခပ်ဟဟရယ်ကာ စီးကရက်ကို ဖိနပ်ခြေဦးဖြင့် ဖိနင်းပစ်ကာ အကြည့်တွေကတော့ ထိုလူ့ဆီမှာ။ ကားဘော်ဒီကို မှီရပ်ရင်း လက်ကိုပါ ဟန်ပါပါပိုက်ထားလိုက်သည်။

မင်းနဲ့ငါ ဘာမှမဆိုင်ဘူးဟု ဆိုခဲ့သည် နှုတ်ခမ်းပါးရဲရဲက ရှေ့ကကောင်ကိုကျ ရယ်ပြုံးပြနေတာက ဆွဲကိုင်ပေါက်ချင်စရာ။ ဟိုဘဲရဲ့ အကြည့်တွေကို နားမလည်ရအောင် သူက ကလေးလား။ ရှေ့ကဘဲ၏ အကြည့်တွေမှာ ဝါးစားမတတ်။ စကားသာပြောနေတာ ဟိုလူ့တစ်ကိုယ်လုံးဆီ အကြည့်တွေက ရောက်နေသည်။

ချွမ့်ဟွေး သည်းမခံနိုင်သည့်မဆုံး ဟိုလူ့လက်ကိုဆွဲကာ ကားဆီ တရကြမ်းခေါ်ဆောင်လာခဲ့သည်။ ကျန်ခဲ့သည့်ဘဲက အခုအခြေအနေကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံ။

*ချောင်ချွမ့်ဟွေး..မင်းဘာလုပ်တာလဲ*

*ဘာလုပ်မလဲဆိုတာ ခနနေကြည့်လိုက်*

Lameကားတံခါးကို အတင်းထုရိုက်ကာ လော့ခ်ဖွင့်လိုက်ပေမယ့် ဘေးက သူသည် လျင်၏။ ချောင်ချွမ့်ဟွေးသည် တကယ့် လူရမ်းကားကောင်။ သူလုပ်ချင်ရာ လုပ်သည်။ ဘယ်သူ့မျက်နှာမှလဲ မကြည့်တတ်။

အခုလဲ သူ အလုပ်အကြောင်းပြောနေသည့် နေရာအထိ ရောက်လာကာ ကောက ပြန်တော့မလို့ လိုက်ပို့တာကို ကားဘော်ဒီမှီပြီး မိုက်မိုက်ကန်းကန်း လူရမ်းကားလို ရပ်ကြည့်နေတာလဲ ချောင်ချွမ့်ဟွေးပင်။ ပြီးတော့ သူ့လက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ပြီး ဆွဲခေါ်လာတာလဲ ချွမ့်ဟွေးပဲ။

*မင်း မယုတ်မာနဲ့ ချောင်ချွမ့်ဟွေး..လူရမ်းကား။ လူယုတ်မာ*

ကားကို တရကြမ်းမောင်းထွက်လိုက်သူကြောင့် အလန့်တကြား ခါးပတ်ဆွဲပတ်လိုက်ရ၏။

*ခင်ဗျားပြောတဲ့ လူယုတ်မာက ခင်ဗျားကို ဘာလုပ်မလဲ ကြည့်နေလိုက်*

လှည့်ကြည့်ကာ ပြောလာသည့် ချွမ့်ဟွေး၏ မျက်လုံးတွေက ပုံမှန်မဟုတ်။ မူးနေမှန်း သိသာ၏။ ထပ်ပြီး မူးမူးရူးရူးနှင့် သူ့ကို ဘာလုပ်အုံးမည်မသိ။ ကားက အလျင်နှင့် သွားနေ၍ သူ လှုပ်လဲမလှုပ်ရဲ။

ချောင်ချွမ့်ဟွေးသည် ဘယ်အချိန်မှ သူ့ကို အလွတ်ပေးမှာလဲ..?

______________ဆက်ရန်__________

ဒီရက်ပိုင်း အလုပ်တွေ အရမ်းရှုပ်နေလို့ပါဗျ>

















ကြမ့္ကၽြင္း ေဘာ့စ္ လက္ေဆာင္ေပးထားသည့္ အိမ္ႀကီးဆီ ေဘာ့စ္က ခြင့္ေပးကာ  ဇြတ္သြားၾကည့္ခိုင္းေန၍ ကြမ့္ကၽြင္း ေရာက္လာခဲ့သည္။ ႏွစ္ထပ္တိုက္ႀကီးသည္ ထိုအထက္တန္းလႊာ ရပ္ကြက္တြင္ေတာ့ တကယ့္ကို အႀကီးမား၊ အခန႔္ညားဆုံးလို႔ေတာင္ ေျပာလို႔ရ၏။ ခဲေရာင္ႏွင့္၊ အျဖဴကို ေရာစပ္ကာ သုံးထားၿပီး ဝရံတာတြင္ အလွ ပန္းပင္ေပါင္းမ်ားစြာ။ ကြမ့္ကၽြင္း တစ္ကယ္ကို သေဘာက်၏။ တစ္ေယာက္ထဲ ေနရတဲ့သူမို႔ ဒီအိမ္ႀကီးသည္ သူ႔အတြတ္ေတာ့ ႀကီးမားလြန္းေန၏။

ေမာင္ႏွမေဆြမ်ိဳးလဲ မရွိသည့္ဘဝမို႔ သူ႔မွာ ဘယ္သူ႔မွလဲ အိမ္ေပၚ ေခၚတင္ထားစရာမလို။ အိပ္ခန္းထဲ ဝင္ၾကည့္လိုက္ေတာ့ သူႀကိဳက္သည့္ ခဲေရာင္အခင္းအက်င္းေတြျဖင့္။ ေဘာ့စ္က တစ္ကယ္ကို သူ႔အတြတ္ေကာင္းမြန္သည့္ အကိုတစ္ေယာက္လိုပင္။ စိတ္တိုင္းမက်လၽွင္ ဆူသည္၊ေငါက္သည္။ သိူ႔ေပမယ့္ ကြမ့္ကၽြင္းေတာ္လၽွင္လဲ ဝယ္ေပးသည္မ်ားက မနည္းမေနာ။ ငါ့မွာ ေထာက္ပံ့စရာ လူမရွိဘူး ဟုဆိုကာ ကားလဲ ဝယ္ေပးထားတာ ႏွစ္စီးပင္ ရွိေနေလၿပီ။

ကြမ့္ကၽြင္း ပိုက္ဆံေတြကို ကဒ္ေတြလုပ္ေပးထားကာ ထိုအထဲတြင္ ပိုက္ဆံက သန္းခ်ီေနၿပီ။ ကြမ့္ကၽြင္းကိုယ္တိုင္က အေပ်ာ္မစားမမက္ပဲ ပိုက္ဆံကုပ္စုရတာကိုသာ သေဘာက်သည္မို႔ သူ႔ပိုက္ဆံတစ္ဝက္ကို ေဘာ့စ္၏ ကုမၸဏီတြင္ ရွယ္ယာထည့္ထားေသးသည္။

ကြမ့္ကၽြင္း အိပ္ယာေပၚလွဲကာ ခနေနမွ ထမတ္တပ္ရပ္ၿပီး မွန္ေတြကိုကာရံထားသည့္ လိုက္ကာစ မီးခိုးေရာင္ကို ဆြဲဖယ္လိုက္သည္။

အျပင္က ျမင္ေနရသည့္ ျမင္ကြင္းကိုပင္ သူ သေဘာတက်ၾကည့္ေနမိ၏။ လူတစ္ေယာက္..။ အတိအက်ဆို သန္မာႀကံ့ခိုင္လြန္းသည့္ သူတစ္ေယာက္။ ကြမ့္ကၽြင္းထက္ ႀကီးပုံလဲ ရကာ ခႏၶာကိုယ္က အေတာ္ကို ေတာင့္တင္း၏။

*ဝါးးး*

ေဘာလီေဘာ ပုတ္ေနသည္မွာ ၾကည့္ရသူပင္ မ်က္ႏွာလႊဲခ်င္စရာမရွိ။ သန္မာသည္။ သြက္လက္သည္။ထိုၿခံဝန္းက်ယ္ႀကီးကေတာ့ ကြမ့္ကၽြင္း၏ ယခုအိမ္ထက္ အေတာ္ကို ႀကီးၿပီး ဒီရပ္ကြက္တြင္ေတာ့ အႀကီးမားဆုံး ျဖစ္နိုင္သည္။ ကြမ့္ကၽြင္းက ထိုဘက္အျခမ္းကို မၾကည့္မိ၍ သူ႔အိမ္ကို အႀကီးဆုံးလို႔ ထင္လိုက္မိတာျဖစ္သည္။

ကြမ့္ကၽြင္း ျမင္ေနရသည့္ ထိုအိမ္ႀကီးကေတာ့ အေတာ့္ကို ႀကီးသည္။ ဝံ့ဝံ့ႂကြားႂကြားႀကီးကို တည္ရွိေနျခင္းျဖစ္သည္။ ကြမ့္ကၽြင္း အေပၚထပ္ကေန လွမ္းၾကည့္ေန၍ ထိုလူ႔အိမ္၏ က်ယ္ဝန္းမွုကို မ်က္စိတစ္ဆုံး ျမင္ေနရ၏။

ဘတ္စကတ္ေဘာကြင္း၊ ေရကူးကန္၊ ျမင္းစီးကြင္းေတြပင္ ရွိေန၏။ ေဂ့ါ့ဖ္ကြင္းလဲ ရွိေသးသည္ထင္။

*ဟင္..*

ကြမ့္ကၽြင္း ၾကည့္ေနတာကို သိသည္ထင္ သူ႔ဘက္ လွည့္ၾကည့္လာသည္ ထိုလူက အေဝးကၾကည့္႐ုံႏွင့္ စူးရွသည့္ မ်က္ဝန္းေတြကို ျမင္ေနရသည္။ မ်က္ႏွာကို ေသခ်ာမျမင္ရေပမယ့္ အေတာ္ ေခ်ာမည္ဆိုတာကေတာ့ ေသခ်ာသည္။ ကြမ့္ကၽြင္းကို ေသခ်ာရပ္ၾကည့္ေန၍ တစ္ခုခုမ်ား မွားယြင္းေနသလားဟု ထင္မိသည္အထိ။ သူၾကည့္ေနတာကို မႀကိဳက္ဘူးထင္၍ ကြမ့္ကၽြင္း လိုက္ကာကို ဆြဲခ်ကာ ေအာက္ထပ္သို႔ ျပန္ဆင္းလာခဲ့သည္။

သူ အိမ္အကူ သုံးေယာက္ေတာ့ ငွားရမည္ထင္သည္။ ေယာက်ာ္းေလးေတြပဲ ငွားဖို႔က အဆင္ေျပလိမ့္မည္။ မိန္းကေလးငွားမည္ဆိုလဲ သုံးေယာက္ေလာက္မွ ပိုအဆင္ေျပလိမ့္မည္။ ေဘာ့စ္က ၿခံက်ယ္ႀကီးႏွင့္ အိမ္က်ယ္ႀကီးဝယ္ေပးလိုက္ေပမယ့္ တစ္ကိုယ္တည္း သမားထဲမို႔ ကြမ့္ကၽြင္းမွာ ဘယ္လိုေနရမွန္းပင္ မသိေတာ့။

ၿခံကို အားလုံးပတ္ၾကည့္ၿပီးမွ ကုမၸဏီသို႔ ျပန္ရန္ဆုံးျဖတ္လိုက္သည္။ ၿခံတံခါးက remoteႏွင့္မို႔ အေတာ့္ကို အဆင္ေျပသည္။ ကြမ့္ကၽြင္း ၿခံတံခါးကိုဖြင့္ၿပီး ထြက္လာသည္ႏွင့္ ေစာနကလူဟု ထင္ရသည့္သူသည္ သူ႔ၿခံအေပါက္ဝတြင္ မတ္တပ္ရပ္ကာ ကြမ့္ကၽြင္းကို ၾကည့္ေနေလသည္။

*ဘာလဲဟ..*

ကြမ့္ကၽြင္းမွာ ထိုလူ႔အၾကည့္ေတြေၾကာင့္ ေၾကာက္ေတာင္ေၾကာက္သြားရၿပီး ကားမွန္ေတြကို တင္မိသြားသည္။ ၾကည့္ေနသည့္အၾကည့္က ေသြးေအးလူသတ္သမား လိုလို။ ျမင့္မားသည့္ အရပ္ႏွင့္ ဖြံ့ထြားသည့္ ခႏၶာကိုယ္ႀကီးက အေနာက္တိုင္းက ေကာင္ေတြလိုပင္။

ကြမ့္ကၽြင္း ေဘာ့စ္ျပင္ဆင္ေပးသည့္ အားလုံးကို သေဘာက်ပါသည္။ ဒါေပမယ့္ ဒီ လူသတ္သမားလို လူႀကီးႏွင့္ အိမ္နီးခ်င္း ျဖစ္ရတာကိုေတာ့ နည္းနည္းမွ သေဘာမက်မိ။

________________________

*လက္ထပ္ပြဲက ဘယ္မွာ လုပ္ၾကမလဲ*

ဦးေလးယြဲ႕က ေရွာင္းက်န႔္၏ အုပ္ထိန္းသူ ေနရာကေန ေမးလာခဲ့သည္။ ေရွာင္းက်န႔္ ေဘးက ထိုင္ေနသည့္ အဆိုးေလးအား ၾကည့္ကာ

*အဆိုးေလးက ဟိုတယ္မွာပဲ လုပ္ခ်င္တယ္တဲ့ ဦးေလးယြဲ႕။ ကၽြန္ေတာ္တို႔ အျခားမွာ လုပ္ဖို႔ စီစဥ္ထားတဲ့ကုန္က်မယ့္ စရိတ္အားလုံးကိုေတာ့ မိဘမဲ့ေတြဆီသြားလွူမယ္တဲ့*

*ေကာင္းတာေပါ့ကြာ..ရိေပၚက ေငြကိုေသခ်ာသုံးတတ္သားပဲ။ ေရွာင္းက်န႔္ကေတာ့ ကံေကာင္းတာေပါ့ကြာ*

ဦးေလးယြဲ႕သည္ ရိေပၚကို ၾကည့္ကာ ခ်ီးက်ဴးလာ၏။ ဒီေကာင္ေလးသည္ သူ ခ်ီးက်ဴးဖို႔ တစ္ကယ္ကို ထိုက္တန္လြန္းပါသည္။ စိတ္ဓာတ္၊ စာရိတၱ၊ အမူအက်င့္။ အားလုံးဟာ ေတာ္႐ုံလူ မလုပ္နိုင္သည္ေတြကို လုပ္ျပခဲ့သည္။ သူ႔သားအတြတ္ ေတာင္းပန္ေတာ့လဲ ေရွာင္းက်န႔္ကပင္ ရိေပၚမ်က္ႏွာကို ၾကည့္ေသး၏။ ရိေပၚကေတာ့ သူ႔မ်က္ႏွာကို ၾကည့္ကာ တန္းေခါင္းညိမ့္ခဲ့သည္။

အေဖတစ္ေယာက္က သူ႔သားအတြတ္ ေပ်ာ္ရႊင္ေအာင္ လုပ္ေပးတာမ်ိဳးကို ကၽြန္ေတာ္ တစ္ကယ္အားက်ၿပီး ဦးေလးကို အရမ္းေလးစားလို႔တဲ့။ အဲ့ေနာက္ပိုင္းတြင္လဲ သူ႔သားေလးဆီ အျမဲလာကာ ညစာ၊ ေန႔လည္စာ အားလုံးကို သားေလးဖို႔ ေသခ်ာစီစဥ္ေပးတတ္၏။ အခုဆို သားက အျမင္မွန္ေတြပင္ရကာ ထိုေကာင္ေလးကို ခ်စ္လိုက္တာကလဲ တုန္ေန၏။

*ဘမ္ ကၽြန္ေတာ္တို႔ လက္ထပ္ပြဲကိစၥကို ၿပီးၿပီလား ဦးေလး။*

*သိၿပီးသြားၿပီ ရိေပၚ။ သူအရမ္းေပ်ာ္ေနတာေလ။ သူ႔ကိုကိုနဲ႔ ရိေပၚရဲ့ လက္ထပ္ပြဲကို သူ တက္လို႔ရပါေသးတယ္လို႔ေတာင္ ေျပာေနတာ*

ရိေပၚ ဟန္ေဆာင္အျပဳံးေလးသာ ျပဳံးျပနိုင္သည္။ ရိေပၚ တစ္ကယ္ စိတ္ပူမိ၏။ ဘမ္သည္ ကိုကို႔အား ဘယ္ေလာက္ခ်စ္သည္ဆိုတာ ရိေပၚသိသည္။ ရိေပၚကို ခ်စ္ေပမယ့္ လက္ထပ္မယ့္ ကိစၥသာ သိလၽွင္ ထေသာင္းက်န္းမည္ဟု ထင္ထားခဲ့သည္။ သို႔ေပမယ့္ ေပ်ာ္ေတာင္ ေပ်ာ္ေနေသးသည္တဲ့။

*ဒါဆို ဖိတ္စာေတြက နိုင္ငံျခားက ရွယ္ယာရွင္ေတြကို ဖိတ္ဖို႔ သပ္သပ္တစ္မ်ိဳး လုပ္လိုက္ေလ ေရွာင္းက်န႔္။ ေဝငွဖို႔ေတာ့ ဦးေလး တာဝန္ယူေပးမယ္*

*ေက်းဇူးတင္ပါတယ္ ဦးေလးယြဲ႕*

ဦးေလးယြဲ႕က ျပဳံးကာ ေခါင္းသာညိမ့္ျပ၏။ ဦးေလးယြဲ႕သည္ ေရွာင္းက်န႔္အအ‌ေပၚတြင္ တကယ့္တူသားအရင္းလိုပင္ ဆက္ဆံသည္။ မေကာင္းတာကို မေကာင္းဘူးဟု ေဝဖန္သည္။ေကာင္းလၽွင္ေတာင္ အမ်ားႀကီးမေျမႇာက္ပင့္တတ္။ ေရွာင္းက်န႔္ လူေတြ၏ ထို‌‌ေျမႇာက္ပင့္သည့္ ဒဏ္ေတြကို စိတ္မထိန္းနိုင္မွာ စိုး၍တဲ့။

*ဒါဆို ကၽြန္ေတာ္တို႔ ဘမ့္ဆီ ခနသြားလိုက္အုံးမယ္ ဦးေလးယြဲ႕*

*ေအးေအး တက္သြားၾကေလ။ ေစာနကေတာ့ နိုးေနၿပီ*

ေရွာင္းက်န႔္ႏွင့္ ရိေပၚ ဦးေလးယြဲ႕အား အရိုအေသေပးကာ အေပၚထပ္သို႔ တက္ခဲ့၏။ ဘမ့္ကို ေဆး႐ုံတြင္ထားေပမယ့္ ထိုေကာင္ေလးက မေနခ်င္တာ ဆိုေတာ့လဲ ဘာမွ လုပ္လို႔မရ။ အိမ္မွာပဲ ဆရာဝန္ေတြ၊ နက္စ္ေတြကို ေခၚကာသာ ထားရ၏။

*ဘမ္..*

တံခါးကို အသာဆြဲဖြင့္ကာ ေရွာင္းက်န႔္ ဝင္သြားေတာ့ အိပ္ယာေပၚကေန ယဲ့ယဲ့ေလး ျပဳံးျပေနသည္။

*သက္သာလား ညီေလး*

ရိေပၚ ဘမ့္ေဘးဝင္ထိုင္ကာ လက္ႏုႏုေလးေတြကို ဆုပ္ကိုင္လိုက္သည္။ ညိမ့္ျပလာသည့္ ေခါင္းေလးက အားမရွိမွန္း သိသာေန၏။ ဘမ္သည္ ဘယ္လိုမွ အစာေတြ၊ ေရေတြ တိုက္လို႔မရေတာ့။ ပိန္ခ်ဳံးေနကာ လူပင္ ယဲ့ယဲ့ေလး ရွိေတာ့သည္။ ေန႔လား ညလားဆိုသည့္ အေျခအေနကိုပင္ ေရာက္ေနေလၿပီ။

*ကိုကိုတို႔ လက္ထပ္ၾကေတာ့မယ္ဆို*

ေရွာင္းက်န႔္ ေခါင္းညိမ့္လိုက္ကာ သူ႔ညီေလး၏ဆံပင္ေလးေတြကိုလဲ လက္ျဖင့္သပ္ေပးလိုက္၏။ နဖူးေလးကို ဖြဖြေလး နမ္းလိုက္သည္။ ဘမ့္ကိုနမ္းသည့္ ေရွာင္းက်န႔္၏ အနမ္းတိုင္းသည္  ျဖဴစင္၏။ ညီေလးတစ္ေယာက္လို နမ္းသည့္ အနမ္းႏုႏုေလးေတြသာ ျဖစ္၏။

*ဟုတ္တယ္ေလ ေဘဘီ။ ဘာျဖစ္လို႔လဲ*

ဘမ္သည္ အျပဳံးခ်ိဳခ်ိဳေလး ျပဳံးကာ ရိေပၚဆီၾကည့္လာရင္း

*ကၽြန္ေတာ္ ကိုကိုတို႔ လက္ထပ္ပြဲကို တက္ခ်င္တယ္။ ဒါေပမယ့္ေလ..*

*တက္ရမွာေပါ့။ ဘမ္က အကိုတို႔ လက္ထပ္ပြဲကို ေသခ်ာေပါက္ တက္ရမွာ။ မလာရင္ အကိုက စိတ္ဆိုးမွာ*

သူ႔လက္ေပၚက ရိေပၚ၏ လက္ေလးကို ျပန္ဆုပ္ကိုင္ကာ

*ကၽြန္ေတာ္ တက္ပါ့မယ္ ရိေပၚ။ ကိုကိုနဲ႔ ရိေပၚအတြတ္လဲ တကယ္ဝမ္းသာပါတယ္*

*ဝမ္းသာတယ္ဆို ေနေကာင္းေအာင္ လုပ္ရမယ္ေနာ္ ဘမ္။ အစားေတြ အမ်ားႀကီးစား၊ အိပ္ေရးဝေအာင္အိပ္*

ရိေပၚ ဘမ္ အားရွိေအာင္သာ ေျပာေနျခင္းျဖစ္၏။ ဒီေရာဂါသည္ အစားစားတိုင္း အားရွိသည္မွ မဟုတ္ပဲ။

*ကၽြန္ေတာ္ အားရွိေအာင္ ေနေနပါတယ္။ ကိုကိုတို႔လက္ထပ္ပြဲကိုလဲ မရ ရေအာင္ တက္မွာပါ*

ေရွာင္းက်န႔္ သူ႔ညီေလးကို ၾကည့္ကာ ျပဳံးရင္း ေခါင္းညိမ့္ျပလိုက္သည္။ ရင္ထဲတြင္ေတာ့ ဘယ္လိုမွအဆင္မေျပ။ ငိုခ်င္သည့္ စိတ္အား ခပ္တင္းတင္း လာဆုပ္ကိုင္သည့္ အဆိုးေလးေၾကာင့္ ေတာင့္ခံနိုင္ခဲ့သည္။

သူ႔ညီေလးေရွ႕တြင္ ဒီပုံစံျဖစ္ေနလၽွင္ ဘမ္ ဘယ္လိုမွေပ်ာ္မည္မဟုတ္။ ေရွာင္းက်န႔္ ရိေပၚအား လွည့္ၾကည့္လိုက္ေတာ့ ဘမ့္အား ျပဳံးရႊင္စြာ စကားေျပာေနၿပီး ရယ္ေမာလ်က္။ ဝမ္းနည္းမွုကို အျပဳံးလွလွေတြျဖင့္ ဖုံးကြယ္ထား၏။

အဆိုးေလးသည္ သူ႔အေပၚတြင္သာ ဆိုးေပမယ့္ တစ္ကယ့္ကို မထင္ထားေလာက္ေအာင္ ရင့္က်တ္လြန္း၏။

_____________________

ခၽြမ့္ေဟြး ျမင္ေနရသည့္ ျမင္ကြင္းအား စီးကရက္ကို ရွိုက္ဖြာရင္း အၾကည့္မလႊဲပဲ ၾကည့္ေနသည္။ ခၽြမ့္ေဟြး ၾကည့္ေနမွန္းလဲ ထိုလူသိသည္။ မ်က္ခုံးေတြ စုၾကဳံ႕သြားသည္က ခၽြမ့္ေဟြးကို မလိုလားမွန္း သိသာေစသည့္အခ်က္။

ခၽြမ့္ေဟြးကိုသာ မၾကည္ျဖဴတာ ေရွ႕ကဘဲႏွင့္ စကားေျပာေနပုံမွာ ရယ္ျပဳံးၿပီး သူတို႔ႏွစ္ေယာက္ထဲ ရွိ‌သည္ဟုမ်ား ထင္ေနလားမသိ။

*အဟက္..!*

ခၽြမ့္ေဟြး ခပ္ဟဟရယ္ကာ စီးကရက္ကို ဖိနပ္ေျခဦးျဖင့္ ဖိနင္းပစ္ကာ အၾကည့္ေတြကေတာ့ ထိုလူ႔ဆီမွာ။ ကားေဘာ္ဒီကို မွီရပ္ရင္း လက္ကိုပါ ဟန္ပါပါပိုက္ထားလိုက္သည္။

မင္းနဲ႔ငါ ဘာမွမဆိုင္ဘူးဟု ဆိုခဲ့သည္ ႏွုတ္ခမ္းပါးရဲရဲက ေရွ႕ကေကာင္ကိုက် ရယ္ျပဳံးျပေနတာက ဆြဲကိုင္ေပါက္ခ်င္စရာ။ ဟိုဘဲရဲ့ အၾကည့္ေတြကို နားမလည္ရေအာင္ သူက ကေလးလား။ ေရွ႕ကဘဲ၏ အၾကည့္ေတြမွာ ဝါးစားမတတ္။ စကားသာေျပာေနတာ ဟိုလူ႔တစ္ကိုယ္လုံးဆီ အၾကည့္ေတြက ေရာက္ေနသည္။

ခၽြမ့္ေဟြး သည္းမခံနိုင္သည့္မဆုံး ဟိုလူ႔လက္ကိုဆြဲကာ ကားဆီ တရၾကမ္းေခၚေဆာင္လာခဲ့သည္။ က်န္ခဲ့သည့္ဘဲက အခုအေျခအေနကို ဘာလုပ္ရမွန္းမသိ ျဖစ္သြားပုံ။

*ေခ်ာင္ခၽြမ့္ေဟြး..မင္းဘာလုပ္တာလဲ*

*ဘာလုပ္မလဲဆိုတာ ခနေနၾကည့္လိုက္*

Lameကားတံခါးကို အတင္းထုရိုက္ကာ ေလာ့ခ္ဖြင့္လိုက္ေပမယ့္ ေဘးက သူသည္ လ်င္၏။ ေခ်ာင္ခၽြမ့္ေဟြးသည္ တကယ့္ လူရမ္းကားေကာင္။ သူလုပ္ခ်င္ရာ လုပ္သည္။ ဘယ္သူ႔မ်က္ႏွာမွလဲ မၾကည့္တတ္။

အခုလဲ သူ အလုပ္အေၾကာင္းေျပာေနသည့္ ေနရာအထိ ေရာက္လာကာ ေကာက ျပန္ေတာ့မလို႔ လိုက္ပို႔တာကို ကားေဘာ္ဒီမွီၿပီး မိုက္မိုက္ကန္းကန္း လူရမ္းကားလို ရပ္ၾကည့္ေနတာလဲ ေခ်ာင္ခၽြမ့္ေဟြးပင္။ ၿပီးေတာ့ သူ႔လက္ကို ခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ၿပီး ဆြဲေခၚလာတာလဲ ခၽြမ့္ေဟြးပဲ။

*မင္း မယုတ္မာနဲ႔ ေခ်ာင္ခၽြမ့္ေဟြး..လူရမ္းကား။ လူယုတ္မာ*

ကားကို တရၾကမ္းေမာင္းထြက္လိုက္သူေၾကာင့္ အလန္႔တၾကား ခါးပတ္ဆြဲပတ္လိုက္ရ၏။

*ခင္ဗ်ားေျပာတဲ့ လူယုတ္မာက ခင္ဗ်ားကို ဘာလုပ္မလဲ ၾကည့္ေနလိုက္*

လွည့္ၾကည့္ကာ ေျပာလာသည့္ ခၽြမ့္ေဟြး၏ မ်က္လုံးေတြက ပုံမွန္မဟုတ္။ မူးေနမွန္း သိသာ၏။ ထပ္ၿပီး မူးမူး႐ူး႐ူးႏွင့္ သူ႔ကို ဘာလုပ္အုံးမည္မသိ။ ကားက အလ်င္ႏွင့္ သြားေန၍ သူ လွုပ္လဲမလွုပ္ရဲ။

ေခ်ာင္ခၽြမ့္ေဟြးသည္ ဘယ္အခ်ိန္မွ သူ႔ကို အလြတ္ေပးမွာလဲ..?

______________ဆက္ရန္__________

ဒီရက္ပိုင္း အလုပ္ေတြ အရမ္းရွုပ္ေနလို႔ပါဗ်>

















Continue Reading

You'll Also Like

662K 33K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
31.3K 377 4
❛ he set fire to the world around him but 𝒏𝒆𝒗𝒆𝒓 let a flame touch her. ❜
9.8K 113 22
Tony and Ziva go camping but are surprised with some interesting news in the morning. Tiva fluff we all want and love. (Takes place after Berlin, Zi...
2.9K 134 39
English version from Original story "Wedding Dress" Don't forget to follow me :) Indonesia Ver. Start : 20 July 2017 End : 31 January 2018 English Ve...