For...

9.1K 736 106
                                    

ရိပေါ် သူဆွဲခေါ်ရာနောက် ပါသွားသည်ကို မြင်နေရသည့် ဝန်ထမ်းအချို့မှာ အလုပ်တွေ ပစ်ထားပြီး ရိပေါ်တို့ကို လိုက်ကြည့်နေကြလေသည်။ ရိပေါ် ရုန်းပေမယ့် လက်ကောက်ဝတ်ကနေ ဖမ်းဆွဲကာ မနားတမ်းသွားနေသည့် သူကြောင့် အချည်းနှီးပင်။ ရိပေါ်ရုန်းလေ ပိုမြန်လေပင်။မတတ်သာသည့်အဆုံး ရိပေါ် သူဆွဲခေါ်ရာနောက်သို့သာ မရုန်းပဲ ပါလာရသည်။

*အား..!*

ရုံးခန်းထဲရောက်သည်နှင့် ရိပေါ်လက်ကောက်ဝတ်ကနေ အထဲကို ဆောင့်တွန်းလိုက်၍ ရိပေါ် နာသွားကာ အော်မိသည်အထိ။ ရှောင်းကျန့်ကို ဒေါသတကြီး အော်ဖို့ ပြင်လိုက်ပေမယ့် စူးရဲစွာ စိုက်ကြည့်နေသည့် ရှောင်းကျန့်ကြောင့် ရိပေါ် အော်မည့်စကားတွေသည် ပါးစပ်ထဲတွင် ပျောက်သွားရ၏။

*ငါ နာသွားပြီ*

ရိပေါ် သူ့လက်ကောက်ဝတ်လေး သူပြန်ဆုပ်ကိုင်ကာ ရှောင်းကျန့်အား ချွဲလိုက်သည်။ သို့ပေမယ့် ရှောင်းကျန့်၏ တင်းမာနေသည့် မျက်နှာထားသည် နည်းနည်းမှ လျော့မသွား။ ရိပေါ် မျက်နှာလေး မဲ့ကာ ခေါင်းလေးငုံ့သွားသည်။

အဆူခံရန် အသင့်ရှိနေသည့် ကလေးလိုပင်။

*ဝမ်ရိပေါ်..!*

ရှောင်းကျန့်၏ အသံဩရှရှက ဟိန်းထွက်လာ၍ အခန်းအပြင်က ကွမ့်ကျွင်းပင် သတိ အနေအထားဖြစ်သွား၏။

ရိပေါ် ငိုမဲ့မဲ့လေးဖြင့် ရှောင်းကျန့်အား မော့ကြည့်ကာ

*ငါ့ကို မအော်ပါနဲ့*

*ဟ..! အအော်မခံချင်ရင် အအော်မခံရအောင် နေရတယ်ကွ။ ငါသာ ရောက်မလာရင် မင်း ဘာဖြစ်သွားနိုင်လဲ သိလား*

ရိပေါ် ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလာသည့်သူက အံကြိတ်သံဖြင့်။ ရိပေါ် မော့မော့လေး ငေးကြည့်မိတော့ စိတ်တိုနေမှန်း သိသာစွာ မေးကြောကြီးတွေ ထောင်လျက်။ ရိပေါ်ကို ဆုပ်ကိုင်ထားသည့် လက်တွေပင် အကြောတွေ ထောင်နေ၏။

*ငါလဲ ယောကျာ်းပဲ။ သူ လုပ်သမျှ ငါမခံပါဘူး*

*မင်း ယောကျာ်းမှန်း ငါသိတယ်။ သိပ်စွာတဲ့ကောင်ဆိုတာလဲ သိတယ်။ အေး ဒါပေမယ့် ဟိုကောင်က မွှန်နေတာ။ မွှန်နေတဲ့ကောင်ကို မင်း အားလေးနဲ့ နိုင်မယ်ထင်နေလား..ဟမ်..! ငါ့ကို ပြောစမ်း ဝမ်ရိပေါ်*

For..Where stories live. Discover now