လတွေလည်း တစပြီးတစ ကျော်လာသလို..
မင့်ရဲ့ စိတ်တွေကလည်း တစပြီးတစ ပြောင်းလဲလာတယ်..
.........
တွေ့တွေ့ချင်းမှာ ပြဿနာတွေတက်, ရန်တွေဖြစ်ခဲ့ပေမယ့်.. အချိန်တွေကြာလာတော့
သံယောဇဉ် ဆိုတယ့် ကြိုးလေး တချောင်း
မင်ရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်..
''''''''''
'' ထယ်.. ''
'' ဟင်.. ပြောလေ.. မင်.. ''
'' ထယ် ကိုယ့်ကို ချစ်သေးလား ''
'' ဟမ်.. ''
'' ဘာမှမဟုတ်တော့ပါဖူး.. အိပ်တော့လေ..
ညနက်နေပြီ.. ''
'' အင်း.. မင်လည်းအိပ်တော့.. မင့်အဖေက
မနက်ဖန်မှ ပြန်လာမှာမလား.. ''
'' အင်းလေ.. ဘာဖြစ်လို့လည်း.. ''
'' ဘာမှမဖြစ်ပါဖူး.. ဒီတိုင်း ''
'' အင်း..ကိုယ်အိပ်ပြီ.. ''
•••••••••••
လွန်ခဲ့တယ့် ၃ ရက်လောက်ကပေါ့
'' သားရေ.. ယွန်ဂီ.. ခဏလောက်.. ''
'' ဟုတ်... ဘာပြောစရာရှိလို့လည်း အဖေ.. ''
'' ထွေထွေထူးထူးတော့မဟုတ်ပါဖူး.. အဖေ
မြို့ထဲမသွားတာကြာတော့ မြို့ထဲက အသိတယောက်ဆီ သွားလည်မလို့.. ''
'' အဲ့တာများ အဖေရယ်.. သွားပါလား.. ''
'' မဟုတ်ဖူး.. သားရ အဖေ တညအိပ်ဖစ်ဖစ်
နှစ်ညအိပ်ဖစ်ဖစ် သွားမလို့''
'' ဟာ..အဖေကလည်း မသွားလို့မရဖူးလားဗျာ..
ခဏတဖြုတ်ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့်
ခုကဗျာ.. မသွားပါနဲ့လား.. ''
'' မင်ယွန်ဂီ.. အခုချိန်ထိအဲ့စိတ်ကို မဖျောက်နိုင်သေးဖူးလား.. ''
'' အဖေ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော် ဘာတွေဖြစ်ခဲ့လည်း ဆိုတာ အဖေ သိရဲ့သားနဲ့ အဲ့လိုမပြောပါနဲ့ဗျာ.. ''
--------------
'' အဖေ တောင်းပန်ပါတယ်ကွာ.. ဒါပေမဲ့
ခု အဖေသွားရမယ့်လူက ဆေးရုံတက်နေရတယ်တဲ့... ''
'' ဟင်းး... အင်းပါ.. ဒါပေမဲ့ မြန်မြန်ပြန်လာနော်..''
'' ဟုတ်ပါပီကွာ.. အဖေမြန်မြန်ပြန်လာပါ့မယ်.. ''
'' အင်း.. ''
......................
'' သားရေ.. အဖေသွားပြီ.. ''
'' အင်း..ဂရုစိုက်သွားပါ.. ''
'' ထယ်ယောင်း သားရေ.. ''
ဆိုပြီး ကျနော့်အိမ်ရှေ့မှာ ယွန်ဂီရဲ့အဖေလာခေါ်တယ်..
'' အာ... အန်ကယ်.. အထဲဝင်လေ...''
'' မဝင်တော့ဖူး.. အန်ကယ်တခုလောက် အကူအညီတောင်းစရာရှိလို့.. ''
'' ဟုတ်ကဲ့ ပြောပါ အန်ကယ်.. ''
'' ယွန်ဂီ့ကို တချက်လောက် ဂရုစိုက်ပေးပါလို့.. ပြီးတော့ ဦးလေးအိမ်ကိုလည်း ခဏခဏ
သွားကြည့်ပေးလို့ရမလား.. ''
'' အော်.. ရပါတယ်.. ဒါနဲ့ အန်ကယ်က ဘယ်သွားမလို့.. ''
'' မြို့ထဲက အသိတယောက်အိမ်ကို ၁ရက် ၂ ရက်လောက်သွားမလို့လေ.. ''
'' အော်.. စိတ်ချပါ ဦးလေး.. ယွန်ဂီကလည်း အရွယ်ရောက်နေပါပီ.. အန်ကယ်ရဲ့... ''
'' အင်း..ထားလိုက်ပါတော့ကွာ.. သူ့ကိုပဲ ဂရုစိုက်ပေး ဟုပြီလား.. ''
'' ဟုတ်ကဲ့ အန်ကယ်.. ''
'' ကဲ.. ဦးလေး သွားပြီ.. ''
'' ဂရုစိုက်သွားပါ.. ''
•••••••••••
'' မင်ရေ မင်.. ''
'' အင်း..ဘာကိစ္စရှိလို့လည်း.. ''
''ဟာ.. ရက်စက်လှချည်လားဗျာ.. မင့်ကို ဂရုစိုက်ပေးမလို့လာတာပါဗျာ.. အဲ့တာကို.. ''
'' အော်အင်း... မလိုပါဖူး.. ''
''မင် ဘာဖြစ်နေတာလည်း.. ''
'' ဘာမှမဖြစ်ပါဖူး.. ဒီလိုပါပဲ... ''
'' အင်းပါ.. ကိုယ်သွားတော့မယ်နော်.. ''
'' အင်း.. ''
ဆိုပြီး သူ့အိမ်သူပြန်တော့မယ့် တခဏ
'' အော် မင်.. ဒီနေ့ မုန်တိုင်းရှိတယ်လို့ကြားတယ်.. ဂရုစိုက်အုန်း.. ''
'' ငါ ကလေးမဟုတ်ဖူး..ထယ်ယောင်း.. ''
ဟင်.. သူကျနော့်ရဲ့ နာမည်ကို ပထမဆုံးအနေနဲ့ နူးနူးညံ့ညံ့လေး ခေါ်လိုက်တာပဲ..
'' ကဲပါကွာ.. ရော့ ကိုယ့်ဖုန်းနံပါတ်ယူထား.. ကိစ္စရှိရင် ဖုန်းဆက်.. ''
'' အင်း..ကျေးဇူး.. ''
--------------------------------------
ထိုနေ့ည တညလုံး ဘာမှမဖြစ်ခဲ့ပေမယ့်.. နောက်နေ့မနက်ကျတော့.. မိုးတွေအရမ်းရွာနေတယ်.. လျှပ်စီးတွေလည်း လျက်နေသလို.. မိုးချုန်းသံကလည်း ဗုံသံအလား ဆက်တိုက်မပြတ် ထွက်ပေါ်နေတယ်..
''so show me..''
'' i will show you.. ''
ဆိုတယ့် ringtone သံလေးက မိုးရွာနေတယ့်အသံကိုတောင် အံတုပြီး ထွက်ပေါ်နေတယ်..
'' ဟယ်လို အဖေ.. ''
'' အေး.. ယွန်ဂီရေ.. အဖေ ခုရက်ပိုင်း ပြန်လာနိုင်မယ် မထင်သေးဖူး.. မုန်တိုင်းက ရက်ဆက်ဆိုတော့ ကားလမ်းတွေသွားဖို့ ခက်ခဲမယ်ဆိုလို့.. ''
''အော်.. ရပါတယ်အဖေ.. ကျနော် နေနိုင်ပါတယ်.. ''
'' အင်း.. မင်း စိတ်ပူနေမှာဆိုးလို့ ဖုန်းလှမ်းဆက်လိုက်တာ.. ဒါနဲ့ ထယ်ယောင်းရော မင်းဆီလာရဲ့လား.. ''
'' အင်း နေ့တိုင်းကို လာနေတာ.. ကျနော် မျက်စိနောက်တယ်.. ''
'' မင်ယွန်ဂီ.. အဲ့လိုမပြောပါနဲ့ဆို.. ''
'' ထားပါ.. အဖေပြောပြီးမလား..အဲ့တာဆိုရင် ဒါပဲနော်.. ''
'' အေးး...တီတီတီတီ.. ''
စကားတောင် ဆုံးအောင်မပြောရသေးဖူး.ဖုန်းချသွားသော..အမောင်ယွန်းဂီ..ပါ..
************
ယွန်ဂီတယောက် ကြောက်တယ့်စိတ်ကို အတက်နိုင်ဆုံးဖျောက်အောင် လုပ်ပြီးနေနေတယ်..
သီချင်းတွေဖွင့်ပစ်တယ်.. puzzle တွေလည်းဆက်နေတယ်.. ဂစ်တာကိုတောင်တီးနေတယ်...
ထိုအချိန်မှာ ရုတ်တရက်ပြတ်တောက်သွားသောမီး..
'' ဟမ်... ဘာလို့ မီးပြတ်သွားတာလည်း.. ဟင်း''
မင် တစုံတရာကိုကြောက်တယ်.. ကြောက်နေမိတယ်.. သူ့အခန်းထဲက တနေရာကို သွားနေတယ်.. ထိုနေရာကား သူ့အခန်းထဲက အဝတ်တွေထည့်ထားတယ့် ဗီရိုခန်း..
ထိုအခန်းထဲကို ဝင်ပြီး ကျုံကျုံလေးထိုင်ပြီးတော့
ပါးစပ်ကနေလည်း တခုခုကို ပြောနေတယ်..
''ကျေးဇူးပြုပြီး ကျနော့်ကို မထားခဲ့ပါနဲ့.. ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့.. ''
ထို စကားကိုပဲ ထပ်ခါထပ်ခါပြောနေရင်းနဲ့
တံခါးခေါက်သံကို ကြားလိုက်ရတယ်...
ထိုသူကား......
^^^^^^^^^^^^^^^^^^
မင် ဘာတွေကို အဲ့လောက်တောင် ကြောက်နေရတာလည်း
________________
ညကြီးအချိန်မတော် up လိုက်ပါပီ..
တရေးနိုး update
2.10.2021
1:30 am
lavender