(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

711K 153K 8.6K

ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ

2.8K 735 79
By Xiao_Yiii

Unicode

အခန်း(၃၀၁) - ချီယွင်ရဲ့ တောင်းဆိုချက်များ

ချင်းကျူရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသော်လည်း လင်ရွှမ်းဇီကတော့ လှုပ်ရှားမှု ကင်းမဲ့နေဆဲပင်။

"ပေါက်ကရတွေ, အလုပ်မရှိဘူးဆိုရင် ခင်ဗျားက ကျုပ်ကိုဘာလို့ ခေါ်မလဲ?" ချီယွင်က မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်ရယ်လေသည်။

"ဒါပေမဲ့ကျုပ်က လက်လေးပြ ခေါ်လိုက်တာနဲ့ ပြေးလာမယ့် ခွေးတွေကြောင်တွေတော့ မဟုတ်ဘူး, ကျုပ်တို့ ကြေးစား အုပ်စုတစ်ခုလုံးက စီးပွားရေး ကြီးကြီးမားမား လုပ်နေကြတာ, နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်နဲ့ ပတ်သတ်တာမျိုးကိုတော့ မလုပ်ဘူး"

ကလေးအကြောင်း ပြောတဲ့အချိန်မှာ ချီယွင်ရဲ့ မျက်လုံးများက အားပိုင်ရဲ့ အမွှေးလေးများကို အလိုလို သပ်ပေးနေတဲ့ ယန်ထျန်းဟန်အား ရှင်းလင်းစွာကြည့်နေသည်။

ယန်ထျန်းဟန်က အကြည့်စူးစူးအား ခံစားလိုက်ရတာကြောင့် သူ့လက်က မတော်တဆ လျော့ကျသွားပြီး အားပိုင်က မြေပြင်ပေါ် ဘုတ်ခနဲပြုတ်ကျသွားရှာသည်။

အားပိုင်က နေရာမှာတင် တုံးအအ မျက်နှာလေးနဲ့ လှဲနေ၏။ ထို့နောက် အလျင်အမြန်ပင် လှိမ့်လိုက်ပြီး ဘာဖြစ်သွားမှန်း နားမလည်သလိုမျိုး ထရပ်မိသည်။

ယန်ထျန်းဟန်က နှာခေါင်းလေးကို ထိလိုက်သည်။

"အကယ်၍ ခင်ဗျားကလေး ထိန်းပေးမယ် ဆိုရင်တောင် ကိုယ့်ဘာသာကိုယ် နို့တိုက်နိင်ပါတယ်, ခင်ဗျားရဲ့ နို့ကိုမလိုဘူး"

ချီယွင် "......" ဘယ်ကသောက်နို့ကိုရမှာလဲ?

လင်ရွှမ်းဇီက စကားစလိုက်သည်။

"ခေါင်းဆောင်ချီ, ကျုပ်—"

"ကျုပ်ကိုအဲ့ဒီလို မခေါ်ပါနဲ့ သခင်လေး" ချီယွင်က လက်ကို ကြီးကျယ်လှစွာ ဝှေ့ရမ်းလိုက်သည်။

"အဲ့ဒီလိုခေါ်တာ တစ်မျိုးကြီးပဲ, ကျုပ်က အချိန်တစ်ချို့ထိပဲ ခေါင်းဆောင်ဖြစ်နေတာ, ခင်ဗျားကျုပ်နာမည်ကို တိုက်ရိုက်ခေါ်လို့ရတယ်, ကျုပ်နာမည်က ချီယွင်, အလံဆိုတဲ့ ချီနဲ့ ကောင်းကင်က တိမ်ဆိုတဲ့ ယွင်"

လင်ရွှမ်းဇီက ရပ်တန့်သွားပြီးမှ ပြောလာသည်။

"ချီယွင်"

ချီယွင်က တုန့်ပြန်သည်။

"ခင်ဗျားက အရမ်းလှတယ်, လင်ကျန်ရဲ့သားဆိုတာကိုသိဖို့အတွက် မေးစရာတောင်မလိုဘူး, ဒါပေမဲ့ ကျုပ်ကြားတာတော့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်တွေက ဒုက္ခိတဖြစ်သွားပြီဆို, အခုရော ဘယ်လိုနေသေးလဲ?"

ယန်ထျန်းဟန်, "..."

ဒီနေ့ခေတ်မှာ လူတိုင်းက တစ်ဖက်လူရဲ့ မျက်နှာကို မထောက်ပဲ ပြောချင်တာ ပြောကြတာပဲလား?

လင်ရွှမ်းဇီက သူ့ကိုပြန်ဖြေပေးသည်။

"တော်တော်လေး ပြန်ကောင်းလာပါပြီ, စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ချီယွင်က သူ့အားမသိမသာ အကြည့်တစ်ချက် ပေးလိုက်သည်။

"ကျုပ် ခင်ဗျားကို ဂရုမစိုက်ပါဘူး, ကျုပ်သိချင်တာက အကယ်၍ ခင်ဗျားနဲ့ အလုပ်လုပ်လို့ရှိရင် ကျုပ်ပိုက်ဆံ ရှုံးနိုင်မလားဆိုတာကိုပဲ"

ချင်းကျူက ကြားဝင်ပြောလာသည်။

"ပိုက်ဆံက ပြသနာမဟုတ်ဘူး"

ချီယွင်က အထူးတလှယ် ဆိုးသွမ်းပြီး မကောင်းတဲ့ ပုံစံဖြင့် နောက်တစ်ဖန် ပြုံးလိုက်သည်။

"ကျုပ်မွေးကတည်းက ပိုက်ဆံမရှားခဲ့သလို ဂရုလည်းမစိုက်ဘူး, ကျုပ်ရဲ့ ကြေးစားအုပ်စုထဲမှာ လူအယောက်ပေါင်း နှစ်ဆယ်ကျော်ရှိတယ် ပြီးတော့ ခင်ဗျားက သူတို့ကိုပိုက်ဆံပေးရမှာ, ဒါပေမဲ့ လင်ကျန်နဲ့ စီးပွားရေး လုပ်တုန်းကတော့ သူက ပိုက်ဆံတင်မကပဲ တစ်ခြားအရာတွေပါ ပေးခဲ့တာ"

လင်ရွှမ်းဇီက မေးလိုက်သည်။

"တစ်ခြားအရာတွေဆိုတာ ဘာကိုဆိုလိုတာလဲ?"

ချင်းယွင်က မျက်တောင်ခတ်လိုက်ပြီး လင်ရွှမ်းဇီအား သူ့နှုတ်ခမ်းထောင့်စွန်းကို မရေမရာပုံစံဖြင့် ကွေးညွှတ်ပြလိုက်သည်။

"ဥပမာအားဖြင့် ,ခင်ဗျား ကျုပ်နဲ့အိပ်လို့ရတယ်"

ချင်းကျူရဲ့ မျက်နှာက မဲမှောင်သွားသည်။

ယန်ထျန်းဟန်မှာတော့ မြေပြင်ပေါ်သို့ ပြုတ်ကျတော့မလို ခြေချော်လုနီးပါး ဖြစ်သွားရသည်။

လင်ရွှမ်းဇီကတော့ ညစ်ညမ်းတဲ့ အရာတစ်ခုကို အမေးခံခဲ့ရတာ မဟုတ်သလိုမျိုး မလှုပ်မရှားနဲ့သာ ရှိနေ၏။

လင်ရွှမ်းဇီက ပေါ့ပါးစွာသာ ပြောလိုက်သည်။

"ကြေးစားအုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်က လေ့ကျင့်ခန်းတစ်ခုအတွက် အလျင်စလို တောင်းခံလာမယ့်သူမျိုး ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး" 

ချီယွင်မှာ အံ့အားသင့်သွားရသည်။ ထို့နောက် ဒေါသတကြီး ပေါက်ကွဲကာ ဆဲဆိုတော့လေသည်။

"ကျုပ်က ခင်ဗျားကို -ိုးချင်တာ, ခင်ဗျားက ဘယ်လိုသောက်ရေးမပါတာကို တွေးနေတာလဲ?"

လင်ရွှမ်းဇီက အေးစက်စက်မျက်နှာနဲ့ ပြောလိုက်သည်။

"ခင်ဗျားမှာ အဲ့ဒီလိုအစွမ်းမျိုး ရှိလားကြည့်ရဦးမှာလေ"

ချီယွင်သည် မူလကတော့ ဒေါသထွက်ချင်သော်လည်း လင်ရွှမ်းဇီရဲ့ မျက်နှာကို ခဏလောက် စိုက်ကြည့်ပြီးနောက်မှာတော့ ရယ်မောမိတော့သည်။

"ခင်ဗျားက ခင်ဗျားအဖေလိုပဲ ရယ်ရတာပဲ, လာလေ, ခင်ဗျားနဲ့ ဆက်ပြီး ပူးပေါင်းဖို့အတွက် စဉ်းစားပေးလို့ ရမယ်ထင်တယ်, ခင်ဗျားက ဓားကိုပဲ လေ့ကျင့်တတ်တဲ့ တုံးအအ အရူးတစ်ယောက် မဟုတ်ဘူးဆိုရင်ပေါ့"

"ခင်ဗျားဘာလိုချင်လဲ အရင်ပြောကြတာပေါ့, ဈေးနှုန်းကို ကျုပ်တတ်နိုင်မလား ဆိုတာကို စဉ်းစားဖို့ လိုအပ်တယ်"

ချီယွင်ရဲ့ မျက်လုံးများက ယန်ထျန်းဟန်ရဲ ခြေထောက်ကို မှီရပ်နေသည့် ရူးကြောင်ကြောင်ရုပ်လေးနဲ့ အားပိုင်ဆီ ရောက်သွားသည်။

ချီယွင်က သူ့အား လက်ညှိုးထိုးပြလေသည်။

"ကျူပ်ဒီရယ်ရတဲ့ ကျားလေးကို လိုချင်တယ်"

အားပိုင်: "..."

ဟန်? ကြည့်ရတာ တစ်ယောက်ယောက် သူ့နာမည်ကို ပြောလိုက်သလားလို့!

ယန်ထျန်းဟန်က အလန့်တကြားဖြစ်သွားပြီး ချီယွင်အား စိုက်ကြည့်လေသည်။

"မရဘူး, ဒါက ကျွန်တော့ရဲ့ သူငယ်ချင်းလေး ပြီးတော့ ကျွန်တော့သား, ခင်ဗျားကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ?"

ချီယွင်က အနည်းငယ် စိတ်ဆိုးသွားပုံပင်။

"ဒါလည်းမရဘူး ဟိုဟာလည်းမရဘူး, မင်းတို့က စိတ်ရင်းမှန်ပါတယ်ဆိုတာ သေရောသေချာရဲ့လား"

"ဟုတ်တယ်" ယန်ထျန်းဟန်က ဒေါသတကြီးပြန်ဖြေပြီး ခဏလောက် စဉ်းစားလိုက်သည်။

"ဒါမှမဟုတ်, ကျွန်တော့အကိုကြီးကို ခင်ဗျားနဲ့ အိပ်ခွင့်ပေးရင်ရော?"

လင်ရွှမ်းဇီနဲ့ ချင်းကျူတို့က ယန်ထျန်းဟန်အား အတူတူ လှမ်းကြည့်ကြသည်။

လင်ရွှမ်းဇီက အပြုံးမဟုတ်တဲ့ အပြုံးတစ်ခုနဲ့ ပြောလာ၏။

"ခုဏက အားဟန်ဘာပြောလိုက်တာ? အကိုကြီး သေချာမကြားလိုက်လို့, နောက်တစ်ခေါက်လောက် ပြန်ပြောပါဦး?"

ယန်ထျန်းဟန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်သည်။

"ကျွန်တော်ခုဏက သာမာန်ကာလျှံကာ ပြောလိုက်မိတာ, အကိုကြီး, သေချာပေါက် သဘောတူလိုက်လို့ မရဘူးနော်, မဟုတ်ရင် ကျွန်တော်အကိုကြီးအတွက် ငိုမိလိမ့်မယ်"

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ မျက်နှာအား ပြင်းပြင်းလေး ဆွဲညှစ်ပစ်လိုက်သည်။

ယန်ထျန်းဟန်, "..."

နာတယ်လေ! သူကဒီတိုင်း နောက်တဲ့ဟာကို!

ချီယွင်က ယန်ထျန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတစ်ခြမ်းစောင်းပြုံးလေသည်။

"မင်းက ပျော်စရာကောင်းမယ်လို့ မမျှော်လင့်ထားခဲ့မိဘူးပဲ"

ယန်ထျန်းဟန်က ပြန်ပြောသည်။

"ကျွန်တော်က ပျော်စရာကောင်းတယ် ဆိုရင်တောင် ခင်ဗျားကျွန်တော့အပေါ်မှာ အတွေးရှိလို့မရဘူးနော်"

ချီယွင်က စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ယန်ထျန်းဟန်က ဆက်ပြောသည်

"ကျွန်တော့အကိုကြီးပေါ်မှာလည်း အတွေးရှိလို့မရဘူး"

ချီယွင်, "..."

ချီယွင်က နှစ်ယောက်လုံးကို နှာခေါင်းရှုံ့သည်။

"စိတ်ပူမနေနဲ့, မင်းတို့ကို တစ်ယောက်မှ စိတ်မဝင်စားဘူး, အကယ်၍ မင်းရဲ့အကိုကြီးက နတ်သမီးလေးနဲ့ တူနေရင်တောင် ငါကတော့ ဂရုမစိုက်သေးဘူး"

ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို ကွေးညွတ်လိုက်သည်။

"အဲ့ဒါဆိုလည်း တကယ်လိုချင်တာက ဘာလဲ?"

ချီယွင်က အားပိုင်အား လက်ညှိုးထိုးပြ၏။

"ငါပြောတယ်လေ, သူ့ကိုလိုချင်ပါတယ်ဆို"

"မဖြစ်နိုင်ဘူး"

လင်ရွှမ်းဇီက ဆွေးနွေးလို့ပင်မရအောင် ငြင်းဆန်လိုက်သည်။

"အကယ်၍ ခင်ဗျားအဲ့ဒီလိုလုပ်မှ ဖြစ်မယ်ဆိုရင် ကျုပ်တို့ဆက်ပြောစရာ မလိုတော့ဘူး"

ချီယွင်က အေးစက်စက် ပြန်ပြောသည်။

"ဒါက ခင်ဗျားကျုပ်ကို ပြန်ပို့နေတာလား?"

လင်ရွှမ်းဇီက တုန့်ပြန်သည်။

"ဒါဆို ခင်ဗျားတစ်ခြား ဘာကိုလိုချင်လဲ?"

ချီယွင်က ပြောပြန်သည်။

"ကြည့်ရတာ ခင်ဗျားဒီစကားကို အရင်က မကြားဘူးဘူးထင်တယ်— နတ်ဘုရားကို ဖိတ်ခေါ်ရတာက ပြန်ပို့ရတာထက် ပိုလွယ်တယ်တဲ့, ကျုပ်ကတော့ ခင်ဗျားနဲ့ စီးပွားရေး လုပ်ရမှကိုဖြစ်မှာ"

ယန်ထျန်းဟန်မှာတော့ နားမလည်နိုင်ဖြစ်သွားသည်။

"ခင်ဗျားလိုမျိုး လူတွေကို အတင်းအကြပ် ရောင်းတဲ့ အရောင်းဝန်ထမ်းကို ကျွန်တော်တစ်ခါမှ မမြင်ဘူးဘူး, ခင်ဗျားက ဘာလိုချင်တာလဲ?"

ချီယွင်က အားပိုင်အား ခဏလောက် စိုက်ကြည့်လိုက်သည်။

"ဒီကျားပေါက်လေးနဲ့ ရက်အနည်းငယ်လောက် ကစားခွင့်ပေး"

အားပိုင်က ခေါင်းလေးကို နှိမ့်လိုက်ပြီး သူ့ကို ငြင်းဆန်သလိုမျိုး အကြိမ်အနည်းငယ် အော်လိုက်သည်။

လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ မျက်မှောင်ကျုံ့လိုက်၏။

"ဘာလို့အားပိုင်ကိုရွေးရတာလဲ?"

ချီယွင်က မျက်ခုံးတွန့်သည်။

"ကြည့်ပါလား, ဒီလိုပုံစံနဲ့ ကျားပေါက်မျိုး ကျုပ်တစ်ခါမှ မမြင်ဘူးဘူး, သူ့ကို အနိုင်ကျင့်ရတာကို ခံစားကြည့်ချင်လို့"

အားပိုင်, "...."

ယန်ထျန်းယန်, "...."

လင်ရွှမ်းဇီက သူ့နှုတ်ခမ်းထောင့်စွန်းအား မြင့်လိုက်သည်။

"သူက အရမ်းတုံးလွန်းလို့လည်း ကျုပ်က ခင်ဗျားကိုပေးလိုက်ဖို့ စိတ်မချတာပေါ့"

အားပိုင်, "Ao ao ao!"

ငါ့ကိုများတုံးတယ်လို့ ခေါ်တယ်ပေါ့? မင်းရဲ့ ခွေးမျက်လုံးနှစ်လုံးက ကန်းသွားပြီလား?

ချီယွင်က ရုတ်တရက် ရယ်မောလာသည်။

"ကျုပ်တကယ်ပြောတာ, ခင်ဗျား ကျားပေါက်လေးတွေကို ဒီလိုမျိုးမွေးမြူလို့မရဘူး, သားရဲဆိုတာ အန္တာရယ်များတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ အတွေ့အကြုံရနိုင်ဖို့ သူတို့မွေးဖွားခဲ့တဲ့ တောထဲမှာ နေထိုင်ရှင်သန်သင့်တယ်, သူတို့ရဲ့ လက်ရှိအဆင့်က သူတို့ရဲ့ အမွေခံသွေးကြောကြောင့်သာ ဖြစ်လိမ့်မယ် ဒါပေမဲ့ သူတို့ရဲ့ သွေးကြောက စွမ်းအားမရှိတော့ပဲ သူတို့ကလည်း ဘယ်လိုအန္တာရယ်ကိုမှ မကြုံဘူးဘူးဆိုရင် ဒီအတိုင်း တုံးအပြီး အရည်အချင်းမရှိတဲ့ ကျားပေါက်လေးတွေပဲ ဖြစ်နေမှာ, ခင်ဗျားအနေနဲ့ သူ့အပြင် ဟိုသစ်ပင်ပေါ်မှာ အိပ်နေတဲ့ ကျားပေါက်လေးကိုပါ ကျုပ်ရဲ့ ကြေးစားအုပ်စုနောက်ကို လိုက်ခိုင်းပြီး တာဝန်တစ်ချို့လောက် ခိုင်းရင်းနဲ့ အတွေ့အကြုံတစ်ချို့ရှာခိုင်းသင့်တယ်"

သစ်ပင်ပေါ်မှာ ငိုက်မြည်းနေတဲ့ ဟူပိုက စကားသံများကို နားရွက်လေးထောင်၍ နားထောင်နေပြီး သူ့ရဲ့ ပယင်းမျက်လုံးလေးများကို ဖွင့်ကာ ချီယွင်ကို လှမ်းကြည့်လာသည်။

ရုတ်တရက်, ဟူပိုက တစ်ခုခုကို နားလည်သွားသည့်ပုံဖြင့် သစ်ပင်ပေါ်မှ ခုန်ချလာပြီး ချီယွင်အား လှမ်းကိုက်၏။

ချီယွင်က သူ့လက်ချောင်းကို ဖြည်းညှင်းစွာ ထုတ်လိုက်ပြီး ဟူပိုရဲ့ ခေါင်းလေးအား ဖွဖွ ခေါက်လိုက်သည်။ ဟူပိုမှာ ချက်ချင်းပင် မြေပြင်ပေါ် တွားသွား၍ ကျသွားပြီး သူ့ခြေသည်းကြားမှ မထွက်ရသေးတဲ့ လျှပ်စီးကြောင်းက လုံးဝကို ပြန့်ကျဲသွားလေသည်။

ယန်ထျန်းယန်, "...."

မပြောနဲ့, တကယ်ရှက်စရာကောင်းတယ်

အားပိုင်က ပတ်ချာလှည့် ပြေးလွှားနေကာ မရင့်ကျက်သေးသော ကျားဟိန်းသံသေးသေးလေးဖြင့် ဟူပိုအား စာနာစိတ်မရှိ ရယ်မောနေသည်။

ဟူပိုကတော့ သူ့အမြီးကို ဖြတ်ခနဲခါ၍ သူ့တင်ပါးလေးကို လှည့်လိုက်ပြီး ချီယွင်ရဲ့ ဖိနပ်ကို အနံ့ခံရန် ဂရုတစိုက် ချဉ်းကပ်သွားသည်။

ချီယွင်က မျက်ခုံးပင့်လိုက်ကာ ရုတ်တရက် ကျယ်လောင်လှတဲ့ ကျားဟိန်းသံတစ်ခုကို အော်ထုတ်လိုက်လေသည်။ သူတို့ရှေ့မှာတင် ထိုလူက ဖြူစုတ်စုတ် လူသားအသွင်ကနေ ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိသော ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ယန်ထျန်းဟန်, "..." ဘယ်လိုငရဲလဲဟ?

ပြီးတော့ဒါက?

ချင်းကျူမှာ ငေးကြောင်သွားရသည်။ တိမ်ထွတ်ဖျားရဲ့ ခေါင်းဆောင်က မမျှော်လင့်ပဲ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေတဲ့အပြင် ကျားတစ်ကောင်ပါ ဖြစ်နေတာကို သူဘာလို့များ ဘယ်တုန်းကမှ မသိခဲ့ရတာလဲ

ချီယွင်က သူ့အမွှေးများအား တင့်တယ်ကြော့ရှင်းစွာ ခါရမ်းလိုက်သည်။ ချီယွင်ရဲ့ မျိုးနွယ်က အားပိုင်တို့ ဟူပိုတို့နဲ့ ဆက်နွယ်နေလားဆိုတာကတော့ မရှင်းလင်းပေ။ အခြေခံအားဖြင့်တော့ သူ့အမွှေးများက လှပတဲ့ အနက်ရောင် ပုံစံအစင်းများရှိသည့် အဖြူရောင်အမွှေးဖြစ်သည်။ သူ့ခြေလက်များက သန်မာလှပြီး သူ့ခန္တာကိုယ်က တက်ကြွလန်းဆန်းနေသည်။ တစ်ချက်ကြည့်တာနဲ့တင် သူက သားရဲဘုရင်တစ်ကောင်ရဲ့ အစွမ်းများနှင့် ဘုန်းတန်ခိုးအာနုဘော်များပြည့်နှက်နေသည်။

အားပိုင်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ချီယွင်ရဲ့ခြေထောက်နားမှာ လှိမ့်နိုင်ရန် မျှော်လင့်ချက်ဖြင့် ချီယွင်ဆီ တစ်ကိုယ်လုံးခါပြီး ပြေးဝင်သွားသည်။ သူနဲ့တူညီနေတဲ့ ပုံစံလေးကို မြင်သောအခါ ချီယွင်ကလည်း ခံစားချက်ကောင်းနေဟန်တူပြီး သူ့ခေါင်းကိုငုံ့၍ အားပိုင်အား ပါးစပ်နဲ့ ကောက်ချီလိုက်ကာ သူ့ကျောပေါ်ကောက်တင်လိုက်သည်။

ဟူပိုက ချီယွင်ရဲ့ အမြီးနောက်ကိုလိုက်၍ သူသည်လည်း ချီယွင်ပေါ် တွယ်တက်သွားလေသည်

"ဝေါင်း—!"

ချီယွင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး သူ့ခြေလက်လေးချောင်းကို ဆန့်ထုတ်ကာ အကွာအဝေး တစ်နေရာဆီ ပြေးထွက်သွားသည်။

ယန်ထျန်းဟန်ကတော့ ပြေးထွက်သွားမှုကြောင့် ဖြစ်ပေါ်သွားတဲ့ ဖုန်တစ်လုံးလုံးကြားထဲက သူတို့နောက်ကျောကို လှမ်းကြည့်နေမိသည်။ ခဏလောက် ကြည့်ပြီးနောက်မှာ သူက ခံစားချက်အပြည်နဲ့ သက်ပြင်းမချပဲ မနေနိုင်ပေ။

"မူရင်းချီယွင်က ချောမောပြီး ထက်မြက်တယ်, အကယ်၍ ကျွန်တော်သာ သူ့လောက် ချောမောခန့်ညားနိုင်ရင်"

လင်ရွှမ်းဇီက ယန်ထျန်းဟန်အား လှမ်းကြည့်ပြီး ရေရွတ်သည်။

"အဲ့ဒါက မဖြစ်နိုင်မှာပဲ စိုးတယ်"

ယန်ထျန်းဟန်က သူ့ကို မျက်တောင်ခတ်ကြည့်သည်။

လင်ရွှမ်းဇီက စကားဆက်၏။

"ချီယွင်ရဲ့ အော်ရာတွေက တိုက်ပွဲတွေကို ဖြတ်ကျော်ပြီး တည်ဆောက်ထားတယ် ဆိုတာ ရှင်းနေတယ်, အကယ်၍ အားဟန်က ကျားနတ်ဆိုး ဖြစ်လာရင်တောင် အားပိုင်နဲ့ဟူပိုတို့လောက်ပဲ ဖြစ်နိုင်လိမ့်မယ်"

ယန်ထျန်းဟန်, "..."

ထိချက်နာတယ်, ပြီးတော့ ဆွံ့အသွားပြီ!

ချင်းကူကပြုံးသည်။

"အားဟန်လည်း အနာဂတ်မှာ ကြိုးကြိုးစားစား ကျင့်ကြံရမယ်, မဟုတ်ရင် မင်းဖုန်မှုန့်ထဲမှာပဲ ကျန်ရစ်ခဲ့လိမ့်မယ်"

ယန်ထျန်းဟန်က နက်နက်နဲနဲ ဝမ်းနည်းကြေကွဲစွာနဲ့ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချသည်။

"ဒါပေမဲ့, ကျွန်တော် ပင်ပင်ပန်းပန်း ကြိုးစားရင်တောင် ကျွန်တော့အကိုကြီးက ကျွန်တော့ထက် ပိုပြီးစွမ်းအား ကြီးတယ်လေ, ကျွန်တော့အကိုကြီးက စမှတ်လည်းမြင့်တယ်၊ ပါရမီလည်းမြင့်တယ် ပြီးတော့ ကျင့်ကြံမှုမှာလည်း အာရုံစိုက်နိုင်တယ်, အကိုကြီးက တစ်ခြားသူတွေကို အသက်ရှင်ခွင့် မပေးတော့ဘူးလားလို့?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"လောကမှာ ဆိုရိုးတစ်ခုရှိတယ်, အဲ့ဒါက နယ်ပယ် (၃၆၀)တဲ့, နယ်ပယ်တိုင်းမှာ ကျွမ်းကျင်သူတွေ ရှိနေမှာပဲ, အကိုကြီးက မင်းကို အဂ္ဂီရတ်ပညာလို အရာမျိုးမှာ လုံးဝလိုက်မယှဉ်နိုင်ဘူးလေ, ဒါက အကိုကြီးလုပ်နိုင်တာမျိုးမဟုတ်ဘူး"

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားလိုက်ပြီး ဒါက အရမ်းကို အကျိုးအကြောင်း သင့်တယ်လို့ ခံစားလိုက်ရသည်။

ထို့နောက် သူက မျက်တောင်ခတ်လိုက်ကာ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာလေးနဲ့မေးလာသည်။

"အဲ့ဒါဆို,အားပိုင်နဲ့ဟူပိုတို့က အခုဘယ်မှာလဲ?"

လင်ရွှမ်းဇီ, "......"

ချင်းကျူ, "......"

မအေ - ိုး, ချီယွင်က ကျားပေါက်နှစ်ကောင်ကို ခွင့်ပြုချက်မရပဲ ပြန်ပေးဆွဲသွားပြီ!

သို့သော် ကံကောင်းစွာနဲ့, ချီယွင်က ကျားပေါက်လေးများကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ချက်မရှိပေ။ သူက ကောင်းကောင်းလေး ပြေးလွှားပြီးနောက်မှာ ကျားပေါက်လေးများအား သူ့မူလနေရာကိုပြန်ခေါ်လာပေးသည်။

အားပိုင်နဲ့ဟူပိုတို့က လေနဲ့လျှပ်စီးလို အရှိန်အဟုန်ကြောင့် စိတ်လှုပ်ရှားနေကြတာ သိသာနေသည်။ သူတို့တွေ ချီယွင်ဆီက ပစ်ချခံရပြီးနောက်မှာလည်း စိတ်အားထက်သန်စွာနဲ့ ခုန်ပေါက်နေကြဆဲပင်။

ချီယွင်က သူ့အမွှေးများကို ခါလိုက်သည်နှင့် နောက်တစ်ဖန် လူသားပုံစံ ပြန်ပြောင်းသွားသည်။

"ခွေးမသားလေး, ဒီကျားပေါက်နှစ်ကောင်က ကြယ်ခုနှစ်ပွင့် ဘုံအဆင့်ကိုတောင် ရောက်နေပြီဟ"

ချီယွင်က သူ့ကိုယ်ပိုင် စမ်းသပ်တဲ့ နည်းလမ်းရှိပြီး မကျေမနပ်နဲ့ ဆက်ပြောလာသည်။

"ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ ကြယ်ငါးပွင့် အကောင်ပေါက်လောက်တောင် မကောင်းဘူး, သူတို့ကို အကြွင်းအကျန်အဖြစ်နဲ့ မွေးထားဖို့ စီစဉ်နေတာလား?"

ချီယွင်ကို ကြည့်တဲ့ အားပိုင်ရဲ့ မျက်လုံးလေးများက တောက်လောင်နေသည်။ သူ့ရဲ့ ခရမ်းရောင် မျက်လုံးတစ်စုံထဲမှာ ကိုးကွယ်ဝတ်ပြုသည့် ပူဖောင်းလေးများက  လျှံထွက်မတတ် ဖြစ်နေသည်။

ဟူပိုကတော့ ထင်ထင်ရှားရှားကြီး မဟုတ်ပေမယ့် သူ့မျက်လုံးကနေကြည့်မယ်ဆိုရင် သူသည်လည်း ချီယွင်ကို အထင်ကြီးနေကြောင်း အလွယ်တကူပြောနိုင်သည်။

ယန်ထျန်းဟန်က အပြစ်ရှိဟန်ဖြင့် သူ့နှာခေါင်းလေးကို ထိလိုက်သည်။

"ကျွန်တော်တို့ သူ့တို့ကို အရင်တုန်းက နတ်ဆိုးသားရဲထိန်းကျောင်းကို ပို့ပေးဘူးတယ်, သူတို့ တော်တော်လေး တိုးတက်လာကြတာ, ကျွန်တော်တို့ ဂိုဏ်းထဲမှာ အခြေကျသွားပြီးရင် မျိုးနွယ်စုထဲက နတ်ဆိုးသားရဲထိန်းကျောင်းကို ပို့ဖို့ ရည်ရွယ်ထားပါတယ်"

" နတ်ဆိုးသားရဲထိန်းကျောင်းက ဘာများသင်ပေးနိုင်မှာမို့လို့လဲ?"

အရိုင်းဆန်ပြီး ကျားနတ်ဆိုးဖြစ်တာ ရှည်ကြာပြီဖြစ်တဲ့ ချီယွင်က နတ်ဆိုးသားရဲထိန်းကျောင်းလို အရာမျိုးကို သဘာဝကျကျပင် သဘောမကျဖြစ်နေသည်။ သူက မထီမဲ့မြင်ဟန်ဖြင့် ဆက်ပြောလာ၏။

"သားရဲဆိုတာ သားရဲလိုပဲ နေထိုင်သင့်တယ်, မင်းက သူတို့ကို အိမ်မွေးကောင်လေးတွေကို ဆက်ဆံတော့ သူတို့က သဘာဝ အိမ်မွေးလေးတွေဖြစ်နေရော, သူတို့ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေအဖြစ် ယူဆမှ သူတို့က သဘာဝအတိုင်းတိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေရှိလာမှာ, ငါထင်တာတော့ ဒီကျားပေါက်လေးတွေက ကျားဖြူမျိုးနွယ်စုရဲ့ သွေးကြောရှိတယ် ထင်တယ်, သူတို့က ငါ့လိုမျိုး သားရဲတစ်ပိုင်းတွေထက် ပိုပြီး အစွမ်းထက်လိမ့်မယ်, သူတို့ ငယ်သေးတဲ့အချိန်မှာ ငါ့ဆီအချိန်တစ်ခုထိ ပို့ပေးထားသင့်တယ်, ငါသူတို့ကို နတ်ဆိုးသားရဲထိန်းကျောင်းမှာ ရှစ်နှစ်ဆယ်နှစ်လောက် သင်ပေးရတာထက် ပိုပြီးတော့ သင်ပေးနိုင်တယ်"

1.10.2021

===============
Zawgyi












"ခေါင်းဆောင်ချီ, ကျုပ်—"




"ချီယွင်"



ယန်ထျန်းဟန်, "..."





























အားပိုင်: "..."














ယန်ထျန်းဟန်, "..."








ချီယွင်, "..."







"မဖြစ်နိုင်ဘူး"







ချီယွင်က ပြောပြန်သည်။











အားပိုင်, "...."

ယန်ထျန်းယန်, "...."



အားပိုင်, "Ao ao ao!"







ယန်ထျန်းယန်, "...."






ပြီးတော့ဒါက?





"ဝေါင်း—!"









ယန်ထျန်းဟန်, "..."


ချင်းကူကပြုံးသည်။









လင်ရွှမ်းဇီ, "......"

ချင်းကျူ, "......"















1.10.2021

===============



Continue Reading

You'll Also Like

208K 13.1K 37
My priority /property/privacy
479K 72.2K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
2.2M 168K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
447K 26K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke