ဒီစကားမျိုးကြားရမယ်လို့ ရှဲ့ဟယ် ထင်မထားမိခဲ့ဘူး။ကျိုးရိကျယ်ကို မယုံနိုင်လောက်အောင် အံ့အားသင့်ပြီး စိတ်ဆိုးဒေါသထွင်နေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။
"ခင်ဗျား ဘာစကားပြောတာလဲ??"
ကျိုးရိကျယ်က မေးခွန်းကို ပြန်မဖြေဘဲ၊မသိမသာရှုတ်ချတဲ့ အကြည့်နဲ့ ပေါ့ပေါ့တန်တန်ကြည့်နေတယ်။
"ကျိုးရိအန် နဲ့ လတ်တလော အဲ့တာ လုပ်ဖြစ်သေးလား?"
"ဟင့်အင်း...."
ဖြေပြီးကာမှ ရှဲ့ဟယ်နောင်တရသွားတယ်။ဘာကြောင့်များ ကျိုးရိကျယ်ကို ပြန်ဖြေလိုက်ရတာလဲ??မကျေနပ်ဖြစ်သွားတာကြောင့် ရှဲ့ဟယ် ပက်ကနဲ ပြန်ပြောလိုက်တယ်။
" ခင်ဗျား နဲ့ဘာဆိုင်လို့လဲ??"
"ဘာလို့ သူနဲ့ မလုပ်တော့တာလဲ??မင်းတို့တွေက ချစ်သူတွေမဟုတ်ဘူးလား?"
ကျိုးရိကျယ် ထောက်လှမ်းရေးလုပ်နေပြီ....
"ခင်ဗျား နဲ့ မဆိုင်ဘူးလို့ ပြောထားပြီးပြီနော်!!"
ရှဲ့ဟယ် အသံတွေတုန်နေတယ်။
"ဒါပေါ့ ငါနဲ့ဆိုင်တာပေါ့"
ကျိုးရိကျယ် ရဲ့ အကြည့်တွေက ရှဲ့ဟယ် ပေါ်မှာပဲ စူးစိုက်ကပ်တွယ်နေတယ်။
"ငါကမင်းအတွက်နဲ့ အမှန်တရားကိုဖုံးကွယ်ပေးထားရတာလေ။အဲ့တော့ ငါ့မှာ တာဝန်အပြည့်ရှိတယ်။မင်းက ငါ့ညီနဲ့ အဲ့တာမလုပ်ဖြစ်ဘူးဆိုတော့ တခြားကောင်တွေနဲ့ ဖောက်ပြန်ပြီး ငါ့ညီကို အရူးလုပ်နေလားဆိုတာ သိရမှဖြစ်မှာပေါ့..."
"ခင်ဗျား... ခင်ဗျား ပေါက်ပန်းစျေးစကားတွေမပြောနဲ့!!!"
ရှဲ့ဟယ်ရဲ ရင်ဘက်တစ်ခုလုံး ဖားဖိုကြီးလို နိမ့်ချည် မြင့်ချည်ဖြစ်နေတဲ့ အပြင် မျက်နှာတစ်ခုလုံးပေါက်ထွက်တော့မတတ်နီရဲနေပြီ။
"ကျွန်တော်...အဲ့လိုလူစားမျိုးမဟုတ်ဘူး!!!"
"ငါ ပေါက်ရပြောနေတာ ဟုတ်၊မဟုတ်ဆိုတာ မင်းခန္ဓာကိုယ်ကို ကြည့်ရုံနဲ့တင် သိနိုင်တာပဲလေ"
အစကနေ အဆုံးထိ ကျိုးရိကျယ်ရဲ့ လေသံက ရေသေကန်တစ်ခုလို တည်ငြိမ်နေတယ်။
"အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်မျိုးကို မလိုက်လျောနိူင်ဘူး။ဒီကိစ္စကြောင့် ခင်ဗျား ကျွန်တော့ကို ခေါ်တွေ့တာဆို ကျွန်တော် ပြန်တော့မယ်"
ရှဲ့ဟယ် ဒေါသထွက်နေပေမယ့် အေးစက်စွာနဲ့ ပြောလိုက်တယ်။
"ကောင်းပြီလေ.."
ကျိုးရိကျယ် ရဲ့ အမူအရာက တစ်စက်ကလေးမှ ပြောင်းမသွားဘူး။
"ငါရဲ့ စိတ်ကောင်းစေတနာကို ငြင်းနေမှတော့ ကျိုးရိအန်ကို ပြောပြလိုက်ရုံပဲရှိတော့တာပေါ့။စဉ်းစားကြည့်လေ သူနဲ့ မင်းက အခုထိ သက်ဆိုင်နေတုန်းပဲဆိုတော့ မင်းကိစ္စ ကိ သူ့ကို ဖွင့်ပြောပြီး တာဝန်ယူဖြေရှင်းခိုင်းလိုက်တာ ပိုမကောင်းဘူးလား??"
"ခင်ဗျား.. !!"
ရှဲ့ဟယ် လက်ညိုးငေါက်ငေါက်ထိုးပြီး ဒီလူကိုတစ်ခုခုပြောလိုက်ချင်ပေမယ့် ဒေါသထွက်လွန်းနေတာကြောင့် ဘာစကားမှ ပြောမထွက်ဘူးဖြစ်နေတယ်။
"ဒီကနေ ထွက်မသွားခင် သေချာစဉ်းစားလိုက်ဉီး။ငါ မင်းခန္ဓာကိုယ်ကို စစ်ဆေးတာကို လက်ခံမလား??ကျိုးရိအန်ကို အမှန်တိုင်းပြောပြလိုက်မလား? ရည်းစားရဲ့ဘအစ်ကိုဖြစ်သူနဲ့ ဘယ်လို အရှုပ်တွေလုပ်ခဲ့တယ်ဆိုတာ မင်းရည်းစားကို ပေးသိတော့မှာလား??
ကျိုးရိကျယ် ရဲ့ နှုတ်ခမ်းထောင့်တွေက လှောင်ပြောင်သရော်ဟန် မြင့်တက်နေတယ်။
ရှဲ့ဟယ် လေအေးတစ်သုတ်ကို ရှူရှိုက်မိလိုက်တယ်။ဒီနေရာကနေ ချက်ချင်းလက်ငင်း ပြေးထွက်သွားချင်နေပေမယ့် ကျိုးရိကျယ်ရဲ့ စကာလုံးတွေက အားနည်းချက်တွေကို တိုက်ရိုက်ထိမှန်နေတယ်။
တောင့်တောင့်ကြီး မတ်တပ်ရပ်နေခဲ့တာ အတော်ကြာနေပြီ။ထွက်ပြေးလို့လဲ မဖြစ်၊ဆက်နေဖို့လဲ မဖြစ်နဲ့....
"မြန်မြန်လုပ်!! ငါ့ အချိန်တွေက အဖိုးတန်တယ်!!"
ကျိုးရိကျယ် အေးစက်စွာနဲ့ ပြောပြီးတော့မှ သူ့ကိုယ်သူအရမ်းကြီးများ တင်းကြပ်နေသလိုဖြစ်နေလားဆိုတာပြန်တွေးနေမိတယ်။အဲ့နောက် စိတ်ရှည်ရှည်ထားပြီး ဖျောင်းဖြနေတဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်။
"ငါက ဒီအတိုင်း ကြည့်ရုံလေးပဲကြည့်မှာလေ...မင်းဘာမှာ မလုပ်ထားရင် ရှက်နေစရာမလိုဘူး။ဘာတွေကို ကြောက်နေတာလဲ??"
"ခင်ဗျားက...ကြည့်ရုံပဲကြည့်မှာလား??"
ထိုစကားလုံးကို သတိလက်လွတ်နဲ့ ရေရွတ်လိုက်မိတယ်။ရှဲ့ဟယ် ရဲ့ မျက်ဝန်းတွေထဲမှာ ယိမ်းယိုင်မှုအလင်းတန်းလေးဖြတ်ပြေးသွားတယ်။
[TN: အော် ဘာတွေများလုပ်စေချင်နေတာလဲ ငရှဲ့ရယ်]
ခဏကြာတဲ့ အခါ ရှဲ့ဟယ်ရဲ့ လက်ချောင်းတွေက အင်္ကျီကြယ်သီးတွေပေါ် ရောက်သွားခဲ့တယ်။ဒီပုံစံအတိုင်း အကြာကြီးတွေဝေနေသေးတယ်။နောက်ဆုံးမှာတော့ အံတင်းတင်းကြိတ်ပြီး ကျိုးရိကျယ် ကိုတစ်ချက်ကြည့်လိုက်တယ်။ကျိုးရိကျယ် မဆိုသလောက်လေး အမူအရာပြောင်းသွားတယ်။ညစာစားတဲ့နေတုန်းကလို နူးညံ့တဲ့ အမူအရာမျိုးနဲ့ပေါ့....သူရဲ့အမူအရာက သမုဒ္ဒရာကြီးလို အဆုံးမရှိတဲ့ သည်းခံစိတ်ရှည်မှုတွေနဲ့ တည်ငြိမ်နေပြန်တယ်။
ဒီအမူအရာက ရှဲ့ဟယ်ကို စိတ်အေးသွားစေတယ်။ကြည့်ရုံလေးပဲကြည့်မှာလေ...ဟုတ်တယ်မလား??
ကျိုးရိအန်အတွက် သူဒါကို သည်းခံမှဖြစ်မယ်လေ...
ရှဲ့ဟယ် ကြယ်သီးတွေကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်ပြီးတဲ့အခါ အင်္ကျီက ကြမ်းပြင်ပေါ်ကို ပုံရက်သားကျသွားခဲ့လေတယ်။
တခြားယောက်ကျားတစ်ယောက်က သူ့ကို ဒီလိုမျိုးကြီး ကြည့်နေတဲ့အတွက် ရှဲ့ဟယ် ရှက်လာတယ်။ထိုနေရာမှာ ခြေစုံရပ်နေပြီး ကျိုးရိကျယ် ရဲ့မျက်နှာကို မမြင်ချင်တာကြောင့် ခေါင်းကို တစ်ဖက်လွှဲထားရတယ်။
ခဏကြာတဲ့အခါ ကျိုးရိကျယ်ရဲ့အသံခပ်နက်နက်အသံကို ကြားရပြန်တယ်။
"ဆက်ချွတ်.."
ကြားလိုက်ရတာကို မယုံနိူင်တဲ့အတွက် ရှဲ့ဟယ် ကျိုးရိကျယ် ကို ခေါင်းလှည့်ကြည့်လိုက်တယ်။
"ဆက်ချွတ်.."
ရှားပါးလွန်းလှတဲ့ စိတ်ရှည်မှုနဲ့ ကျိုးရိကျယ် ကနောက်တစ်ခေါက်ထပ်ပြောနေတယ်။သူ့အသံက လုံးဝကို တည်ငြိမ်မှုတွေစုစည်းထားသလိုဖြစ်နေတယ်။အဲ့နောက် မှန်ကန်တဲ့ မျှော်လင့်ချက်တွေပါဝင်နေတဲ့ လေသံနဲ့ ထပ်ပြောတယ်။
"တစ်ဝက်ပဲချွတ်ထားတော့ ငါက ဘယ်လိုကြည့်ရမှာလဲ??"
ရှဲ့ဟယ်လုံးဝရှက်ရွံ့နေပြီး ဒေါသလဲထွက်နေပြီ။အသက်ကို အကြိမ်ကြိမ် ရှူသွင်း၊ရှူထုတ်လုပ်ပြီး စိတ်ကိုငြိမ်အောင်ထိန်းနေရတယ်။
ကောင်းပြီ...ဘာပဲဖြစ်ဖြစ် တစ်ဝက်ချွတ်ပြီးနေပြီပဲ...တခြားယောက်ကျားကို ပေးကြည့်လိုက်ရုံနဲ့ ပဲ့ပါသွားစရာမှမရှိတာ..ကွဲပြီးသားအိုးကို ထပ်ပြီးရိုက်ခွဲနေတာနဲ့ တူမနေဘူးလား??
ဒါကိုတွေးလိုက်တော့နည်းနည်း ခက်ခဲနေသလိုခံစားရပြန်တယ်။မျက်စိစုံမှိတ်ပြီး ဘောင်းဘီချွတ်ပစ်လိုက်တယ်။နောက်တော့ ညီးတွားနေသလိုလေသံနဲ့ပြောလိုက်တယ်။
"ဒီလောက်ဆို တော်သင့်ပြီ...ဟုတ်တယ်မလား??"
ထိုလူငယ်လေးရဲ့ ကိုယ်ပေါ်မှာ အတွင်းခံတစ်ထည်တည်းသားကျန်တော့တယ်။ပြီးတော့ အတွင်းခံဆိုတာကလဲ အဖြူရောင်ချည်သားဘောင်းဘီတိုလေးလေ...
ကျိုးရိကျယ်ရဲ့အမြင်မှာလုံးဝကို စားချင်စဖွယ်ကောင်းတဲ့ ပွဲတော်စာတစ်ခုလို့ပဲမြင်နေတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီက ကျိုးရိကျယ် အကြိုက်နဲ့အံကိုက်ဖြစ်အောင် နတ်ဘုရားတွေကိုယ်တိုင် ထုဆစ်ပေးထားသယောင်.....
ကျိုးရိကျယ်ရဲ့ အာဒံပန်းသီးကတော့ အပေါ်တက်လိုက်၊အောက်ဆင်းလိုက်နဲ့ အလုပ်များနေတယ်။အကြည့်တွေက တဖြည်းဖြည်းနဲ့ အောက်ဖက်ကို ရွေ့လျားသွားတယ်။
ဒီလူငယ်လေးကို သူ့အပိုင်ဖြစ်အောင် ချက်ချင်းသိမ်းပိုက်လိုက်ချင်ပေမယ့် အဆုံးသတ်မှာ ဒီလိုမလုပ်ဖြစ်အောင် သူ့ကိုယ်သူ အတော်လေးခုခံနေရတယ်။
[444: တင်းတောင်... နှစ်သက်မှု 5မှတ်ထပ်တိုးပါတယ်။စုစုပေါင်း 75 မှတ်ဖြစ်သွားပါပြီ]
"ဒီနားကို တိုးလာခဲ့"
ကျိုးရိကျယ် ရဲ့အသံတွေအက်ကွဲနေတယ်။
"ဝေးနေတော့ ကောင်းကောင်းမမြင်ရဘူး"
ရှဲ့ဟယ် တွန့်ဆုတ်တွန့်ဆုတ်နဲ့ နည်းနည်းလေး တိုးသွားလိုက်တယ်။
ကျိုးရိကျယ်ရဲ့ အမူအရာတွေ မှောင်မည်းနေပြီ။လက်ချောင်းတွေကို အနည်းငယ်ကွေးလိုက်ပြီး ထိုလူငယ်လေးကို ရုတ်တရက် လှမ်းဆွဲလိုက်တယ်။
အဆွဲခံလိုက်ရလို့ လဲကျသွားတဲ့အခါ ရှဲ့ဟယ်တစ်ယောက် နှုတ်ခမ်းဖျားကနေ အေးစက်တဲ့အထိတွေ့တစ်ခုကို ခံစားလိုက်ရတယ်။
ရှဲ့ဟယ်တစ်ယောက် ကျိုးရိကျယ်ကို မြင်နေရတယ်။စက္ကန့်တစ်ဝက်လောက်အတွင်းမှာ သူ့ဉီးနှောက်တွေအလုပ်မလုပ်နိူင်တော့ပါ.....
ကျိုးရိကျယ်ကသူ့ကိုနမ်းနေတယ်.....နှစ်ယောက်လုံးသတိမကပ်တော့ဘူး!!!!!
" ဝူးးး "(ပလုံပထွေးဖြစ်နေတဲ့အသံ)
ရှဲ့ဟယ် ခဏလောက်တော့ ဇဝေဇဝါဖြစ်နေသေးတယ်။ခဏကြာတော့သူသတိပြန်ဝင်လာတယ်။ မဟုတ်ဘူး၊ မှားနေပြီနော်!!! ကျိုးရိကျယ် ကိုဘယ်လိုနမ်းနိုင်ခဲ့တာလဲ???
ရှဲ့ဟယ်ရဲ့ မျက်လုံးတွေကဒေါသကြောင့်
အရောင်တောက်နေတယ်။သေချာတယ်...ကျိုးရိကျယ် သူ့ကို ကစားနေပြီ...အဲ့တော့ အားသုံးပြီး ကိုက်ချလိုက်တယ်။
ကျိုးရိကျယ်ကလဲ အန္တရာယ်ကို ကြိုသိနေတဲ့အတွက် ရှောင်လိုက်တယ်။ဒါပေမယ့် လျှာအဖျားပိုင်းကတော့လအကိုက်ခံလိုက်ရတယ်။လုံးဝကို နာတယ်။နာတာမှ အပ်နဲ့အထိုးခံရသလိုကို နာတာ...
ရှဲ့ဟယ် ဒါကိုအခွင့်ကောင်းယူပြီး ကျိုးရိကျယ် လက်ပနေ လွတ်အောင်ပြေးဖို့ပြင်တယ်။နှုတ်ခမ်းတွေကို အာားပြင်းပြင်းနဲ့ ဖိသုတ်လိုက်ပြီး လျှပ်စီးထက်မြန်တဲ့ အမြန်နှုန်းနဲ့ အဝတ်အစားတွေကို ကောက်စွပ်လိုက်တယ်။အဲ့နောက် ကျိုးရိကျယ်ကို စိုက်ကြည့်လိုက်ပြီး....
"ခွေးကောင်!!!"
ကျိုးရိကျယ် နာနေတဲ့ လျှာဖျားကို ခက်ခက်ခဲခဲ ကွေးလိုက်ပြီး ပြုံးပြလိုက်တယ်။
" တောင်းပန်သင့်တယ်လို့ ထင်ပေမယ့် မင်းသာငါ့ကို မဆွဲဆောင်ရင် ဒါမျိုးဖြစ်လာမှာမဟုတ်ဘူး"
ရှဲ့ဟယ် ဒေါသထွက်တဲ့ အပြင် ရယ်ချင်လာတယ်။
"ကျုပ်က ခင်ဗျား ကိုဆွဲဆောင်တယ်???"
"ဟုတ်တယ်လေ.."
ကျိုးရိကျယ် ရဲ့လေသံကို လုံးဝကိုသေချာနေတဲ့လေသံကြီးနဲ့....ပြီးတော့ လှောင်သလိုလို၊ပြောင်သလိုလိုပြုံးနေပြန်တယ်။
"မင်းက အဝတ်ဗလာနီးပါးနဲ့ ငါ့ရှေ့မှာ လာရပ်နေတာကိုး။ငါလဲ သာမာန် ပုထုဇဉ် ပဲလေ၊ အဲ့တော့ အခုလိုဖြစ်သွားတာ သဘာဝကျပါတယ်"
"ခင်ဗျားပဲ အဲ့လိုဖြစ်အောင်ချွတ်ခိုင်းတာလေ!!!"
အမြီးတက်နင်းခံရတဲ့ ကြောင်တစ်ကောင်လို ရှဲ့ဟယ် ဒေါသတကြီးအော်ဟစ်လိုက်တယ်။
"အိုးးး အဲ့တော့ ငါက ချွတ်ဆိုတာနဲ့ မင်းက ချွတ်လိုက်တာပဲလား???"
ကျိုးရိကျယ် ကပြုံးပြီးသူ့ကိုလေးနက်စွာနဲ့ကြည့်နေတယ်။
"အရင်တစ်ခေါက် ဟိုကောင်တွေ ဝိုင်သောက်ခိုင်းတုန်းကလိုပဲလား??တခြားသူစိမ်းယောက်ကျားတွေပြောသမျှ အကုန်နာခံနေတာပဲလား???ငါကတော့ ဒီကိစ္စမှာ ငါအမှားကင်းတယ်လို့ပဲထင်တယ်။အကုန် မင်းဘက်က မှားတာ"
စွရှက်လုံးဝမရှိတဲ့ ဖြေရှင်းချက်ကြီးကြောင့် ရှဲ့ဟယ်ညကြက်သေသေနေခဲ့တယ်။
"ခင်ဗျား ဘာပြောပြောလုံးဝမယုံတော့ဘူး"
ရှဲ့ဟယ် ဒီလိုစကားပြောဖို့ အတော်အချိန်ယူလိုက်ရတယ်။အဲ့နောက် စက္ကန့်မဆိုင်းဘဲ ချက်ချင်းလှည့်ပြန်ခဲ့တယ်။
ထွက်ခွာသွားတဲ့ ရှဲ့ဟယ်ကို ကျိုးရိကျယ်ကြည့်နေခဲ့တယ်။အရသာခံလိုက်ရတဲ့ နှုတ်ခမ်းတစ်စုံအကြောင်းပြန်တွေးမိတဲ့အခါ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ခုဖြစ်ပေါ်လာတယ်။သူ့ရဲ့ကိုယ်ပိုင် နှုတ်ခမ်းတွေကနေ နက်နက်ရှိုင်းရှိုင်း ခံစားမိနေတယ်။
[444: Hostတာ့တာ့ရေ....နှစ်သက်မှုက 75 မှတ်ဖြစ်နေပြီ။မကြာခင် 80ပြည့်တော့မယ်]
[ရှဲ့ဟယ်: အင်းး]
[444: Hostတာ့တာ့ကို ကြည့်ရတာ မပျော်သလိုပဲ]
[ရှဲ့ဟယ်: နောက်ထပ်ဖြစ်လာမှာတွေက မလွယ်တော့ဘူးကွ။ကျိုးရိကျယ် ငါ့ကို ပစ်ကြွေလာဖို့ဆိုတာ 75 မှတ်လောက်နဲ့ မလုံလောက်ဘူး။နောက်တစ်ဆင့်တက်ဖို့ အခွင့်ရေးကောင်းကောင်းတစ်ခုရမှဖြစ်မှာ]
[444: ( ⊙ o ⊙ ) အာာ!!!ဒါဆိုဘယ်လိုဆက်လုပ်ကြမလဲ??]
[444: ခဏနေဉီး!!!ကျိုးရိကျယ် Hostနောက်ကိုနောက်ယောင်ခံလိုက်နေတာ အခုမှရှာတွေ့တော့တယ်]
[ရှဲ့ဟယ်: ဝိုးးး??]
ရှဲ့ဟယ် မျက်လုံးတွေအရောင်တောက်နေပြီ....
[444: ဝူးးး ဝူးးး တောင်းပန်ပါတယ်။ကျွန်တော်လဲ အခုမှသိတာပါ]
ရှဲ့ဟယ် ဒေါထွက်နေတဲ့အမူအရာအတိုင်း မျက်နှာထားကိုတင်းထားပြီး အိမ်ပြန်လာခဲ့တယ်။စိတ်ထဲမှာတော့ 444နဲ့ စကားပြောနေခဲ့တယ်။
[ရှဲ့ဟယ်: ဒါလဲကောင်းတာပဲ...ငါ့ရဲ့ အစပိုင်းတုန်းက အားထုတ်မှုတွေအသုံးဝင်လာပြီပေါ့။ဟိုအကြောင်းကိုဖွင့်ပြောဖို့ အခွင့်ရေးရသွားပြီ]
[444: ????]
[ရှဲ့ဟယ်:ကျိုးရိကျယ် ဟိုကောင် တင်းမင်လက်ထဲက ငါ့ကိုကယ်ခဲ့တုန်းက ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား??]
[444: Host က သူ့လူတဲ့]
[ရှဲ့ဟယ်:ဟုတ်တယ်။အဲ့လိုပြောခဲ့တယ်။သိပ်မကြာလိုက်ဘူး ဟိုကောင် တင်းမင် ဂျေးအောင်းသွားရတယ်လေ။ဒီလို အထင်ကရသတင်းပြီးက အထက်တန်းစားအသိုင်းအဝိုင်းမှာ ပြန့်နေလောက်ပြီ]
[444:အဲ့တော့ ကျိုးရိအန်က အဲ့သတင်းကြားပြီး Hostကိုသံသယဝင်နေပြီပေါ့ ဟုတ်လား??]
[ရှဲ့ဟယ်:မှန်လိုက်တာ...ဒီအသိုင်းအဝိုင်းနဲ့ ကင်းကွာနေတာကြာနေတဲ့ ကျိုးရိအန်က ငါထင်ထားတာထက်ပိုစောပြီး ဒီသတင်းကိုကြားထားပြီးနေပြီ။တစ်ယောက်ယောက်က သူ့ကို သတိတရနဲ့သတင်းပေးသွားပဲဖြစ်ရမယ်။ဒီသတင်းကို ကျိုးရိအန်သိအောင် ပြောသွားတဲ့လူက ကျိုးရိအန်နဲ့ငါ့ကို လမ်းခွဲစေချင်နေတဲ့သူပဲဖြစ်ရမယ်]
[444: စုန်ယုရီလား???]
[ရှဲ့ဟယ်:ဟုတ်တယ်]
[444: ~\(≧▽≦)/~Lalala]
[ရှဲ့ဟယ်: သေချာ ခြုံငုံကြည့်ရင် ငါ Plan ချထားတဲ့အတိုင်းပဲလေ..]
[444: Hostကတော့ လုံးဝ Amazing ပဲနော်]
[ရှဲ့ဟယ်: ဒါက ငါ့အစီအစဉ်ထဲမှာ မပါတဲ့ လူတစ်သောင်းဆွဲဆောင်ခြင်း Skillကြောင့်လေ..ထင်မှတ်မထားလောက်အောင် သက်ရောက်မှုရှိသားပဲ]
[444: ဒဏ္ဍာရီလာ Skillတွေလေ Hostရယ်]
[ရှဲ့ဟယ်: ကျိုးရိကျယ်လို လူမျိုးကိုတောင် ငါ့အကြောင်းတွေတစ်ချိန်လုံးတွေးနေအောင် လုပ်နိုင်တယ်ဆိုတော့ ငါလဲ စမ်းကြည့်ချင်တယ်]
[444:Σ( ° △°|||)︴Hostတာ့တာ့က ဒဏ္ဍာရီလာ self-cest Skill ကို သုံးကြည့်ချင်နေတာလား??မဖြစ်နိုင်ဘူး!!]
[ရှဲ့ဟယ်: Host ယောက် တစ်ရာတောင် ငါ့ကို အမိဖမ်းဖို့ကြိုးစားခဲ့ပေမယ့် သူတို့တွေတစ်ယောက်မှ လူတစ်သောင်းဆွဲဆောင်ခြင်း Skill ကို သုံးမသွားကြဘူး။ဒီလုတွေကို negative review ပေးရမယ်]
[444:......]
[ရှဲ့ဟယ်: အဓိကအကြောင်းအရာလေးကိုပြန်ပြောကြရအောင်...စကားမစပ် ဒီနေရာသီဉတုသာယာသားပဲ...အဲ့တော့ လမ်းခွဲပြတ်စဲဖို့ အသင့်တော်ဆုံးပဲ...]
[TN: self-cest Skill ဆိုတာ အချိန်ခရီးသွားဇာတ်ကောင်တွေက တစ်ခါတစ်လေ အနာဂတ်ဒါမှမဟုတ် အတိတ်ကာလကကိုယ့်ကိုကိုယ် တွေ့မြင်ရတဲ့အခါမျိုးကိုပြောချင်တာ..ဉပမာ 2021 မှာရှိနေတဲ့ ရှဲ့ဟယ်က အဲ့ Skill ကိုသုံးပြီး အတိတ်ကာလ၊သို့မဟုတ် အနာဂတ်ကာလက ရှဲ့ဟယ်ကို လူတစ်သောင်း Skill နဲ့ သွားပြီး ဆွဲဆောင်ကြည့်ချင်နေတာ။ဟုတ်ပါတယ် ဖတ်တာမမှားပါဘူး။ သူ့ကိုယ်သူ ဆွဲဆောင်ကြည့်ချင်နေတာပါ😌😌]
ZawGyi
ဒီစကားမ်ိဳးၾကားရမယ္လို႔ ႐ွဲ႕ဟယ္ ထင္မထားမိခဲ့ဘူး။က်ိဳးရိက်ယ္ကို မယုံႏိုင္ေလာက္ေအာင္ အံ့အားသင့္ၿပီး စိတ္ဆိုးေဒါသထြင္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္လိုက္တယ္။
"ခင္ဗ်ား ဘာစကားေျပာတာလဲ??"
က်ိဳးရိက်ယ္က ေမးခြန္းကို ျပန္မေျဖဘဲ၊မသိမသာ႐ႈတ္ခ်တဲ့ အၾကည့္နဲ႔ ေပါ့ေပါ့တန္တန္ၾကည့္ေနတယ္။
"က်ိဳးရိအန္ နဲ႔ လတ္တေလာ အဲ့တာ လုပ္ျဖစ္ေသးလား?"
"ဟင့္အင္း...."
ေျဖၿပီးကာမွ ႐ွဲ႕ဟယ္ေနာင္တရသြားတယ္။ဘာေၾကာင့္မ်ား က်ိဳးရိက်ယ္ကို ျပန္ေျဖလိုက္ရတာလဲ??မေက်နပ္ျဖစ္သြားတာေၾကာင့္ ႐ွဲ႕ဟယ္ ပက္ကနဲ ျပန္ေျပာလိုက္တယ္။
" ခင္ဗ်ား နဲ႔ဘာဆိုင္လို႔လဲ??"
"ဘာလို႔ သူနဲ႔ မလုပ္ေတာ့တာလဲ??မင္းတို႔ေတြက ခ်စ္သူေတြမဟုတ္ဘူးလား?"
က်ိဳးရိက်ယ္ ေထာက္လွမ္းေရးလုပ္ေနၿပီ....
"ခင္ဗ်ား နဲ႔ မဆိုင္ဘူးလို႔ ေျပာထားၿပီးၿပီေနာ္!!"
႐ွဲ႕ဟယ္ အသံေတြတုန္ေနတယ္။
"ဒါေပါ့ ငါနဲ႔ဆိုင္တာေပါ့"
က်ိဳးရိက်ယ္ ရဲ႕ အၾကည့္ေတြက ႐ွဲ႕ဟယ္ ေပၚမွာပဲ စူးစိုက္ကပ္တြယ္ေနတယ္။
"ငါကမင္းအတြက္နဲ႔ အမွန္တရားကိုဖုံးကြယ္ေပးထားရတာေလ။အဲ့ေတာ့ ငါ့မွာ တာဝန္အျပည့္႐ွိတယ္။မင္းက ငါ့ညီနဲ႔ အဲ့တာမလုပ္ျဖစ္ဘူးဆိုေတာ့ တျခားေကာင္ေတြနဲ႔ ေဖာက္ျပန္ၿပီး ငါ့ညီကို အ႐ူးလုပ္ေနလားဆိုတာ သိရမွျဖစ္မွာေပါ့..."
"ခင္ဗ်ား... ခင္ဗ်ား ေပါက္ပန္းေစ်းစကားေတြမေျပာနဲ႔!!!"
႐ွဲ႕ဟယ္ရဲ ရင္ဘက္တစ္ခုလုံး ဖားဖိုႀကီးလို နိမ့္ခ်ည္ ျမင့္ခ်ည္ျဖစ္ေနတဲ့ အျပင္ မ်က္ႏွာတစ္ခုလုံးေပါက္ထြက္ေတာ့မတတ္နီရဲေနၿပီ။
"ကြၽန္ေတာ္...အဲ့လိုလူစားမ်ိဳးမဟုတ္ဘူး!!!"
"ငါ ေပါက္ရေျပာေနတာ ဟုတ္၊မဟုတ္ဆိုတာ မင္းခႏၶာကိုယ္ကို ၾကည့္႐ုံနဲ႔တင္ သိႏိုင္တာပဲေလ"
အစကေန အဆုံးထိ က်ိဳးရိက်ယ္ရဲ႕ ေလသံက ေရေသကန္တစ္ခုလို တည္ၿငိမ္ေနတယ္။
"အဓိပၸာယ္မ႐ွိတဲ့ ေတာင္းဆိုခ်က္မ်ိဳးကို မလိုက္ေလ်ာႏိူင္ဘူး။ဒီကိစၥေၾကာင့္ ခင္ဗ်ား ကြၽန္ေတာ့ကို ေခၚေတြ႕တာဆို ကြၽန္ေတာ္ ျပန္ေတာ့မယ္"
႐ွဲ႕ဟယ္ ေဒါသထြက္ေနေပမယ့္ ေအးစက္စြာနဲ႔ ေျပာလိုက္တယ္။
"ေကာင္းၿပီေလ.."
က်ိဳးရိက်ယ္ ရဲ႕ အမူအရာက တစ္စက္ကေလးမွ ေျပာင္းမသြားဘူး။
"ငါရဲ႕ စိတ္ေကာင္းေစတနာကို ျငင္းေနမွေတာ့ က်ိဳးရိအန္ကို ေျပာျပလိုက္႐ုံပဲ႐ွိေတာ့တာေပါ့။စဥ္းစားၾကည့္ေလ သူနဲ႔ မင္းက အခုထိ သက္ဆိုင္ေနတုန္းပဲဆိုေတာ့ မင္းကိစၥ ကိ သူ႕ကို ဖြင့္ေျပာၿပီး တာဝန္ယူေျဖ႐ွင္းခိုင္းလိုက္တာ ပိုမေကာင္းဘူးလား??"
"ခင္ဗ်ား.. !!"
႐ွဲ႕ဟယ္ လက္ညိဳးေငါက္ေငါက္ထိုးၿပီး ဒီလူကိုတစ္ခုခုေျပာလိုက္ခ်င္ေပမယ့္ ေဒါသထြက္လြန္းေနတာေၾကာင့္ ဘာစကားမွ ေျပာမထြက္ဘူးျဖစ္ေနတယ္။
"ဒီကေန ထြက္မသြားခင္ ေသခ်ာစဥ္းစားလိုက္ဉီး။ငါ မင္းခႏၶာကိုယ္ကို စစ္ေဆးတာကို လက္ခံမလား??က်ိဳးရိအန္ကို အမွန္တိုင္းေျပာျပလိုက္မလား? ရည္းစားရဲ႕ဘအစ္ကိုျဖစ္သူနဲ႔ ဘယ္လို အ႐ႈပ္ေတြလုပ္ခဲ့တယ္ဆိုတာ မင္းရည္းစားကို ေပးသိေတာ့မွာလား??
က်ိဳးရိက်ယ္ ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြက ေလွာင္ေျပာင္သေရာ္ဟန္ ျမင့္တက္ေနတယ္။
႐ွဲ႕ဟယ္ ေလေအးတစ္သုတ္ကို ႐ွဴ႐ိႈက္မိလိုက္တယ္။ဒီေနရာကေန ခ်က္ခ်င္းလက္ငင္း ေျပးထြက္သြားခ်င္ေနေပမယ့္ က်ိဳးရိက်ယ္ရဲ႕ စကာလုံးေတြက အားနည္းခ်က္ေတြကို တိုက္႐ိုက္ထိမွန္ေနတယ္။
ေတာင့္ေတာင့္ႀကီး မတ္တပ္ရပ္ေနခဲ့တာ အေတာ္ၾကာေနၿပီ။ထြက္ေျပးလို႔လဲ မျဖစ္၊ဆက္ေနဖို႔လဲ မျဖစ္နဲ႔....
"ျမန္ျမန္လုပ္!! ငါ့ အခ်ိန္ေတြက အဖိုးတန္တယ္!!"
က်ိဳးရိက်ယ္ ေအးစက္စြာနဲ႔ ေျပာၿပီးေတာ့မွ သူ႕ကိုယ္သူအရမ္းႀကီးမ်ား တင္းၾကပ္ေနသလိုျဖစ္ေနလားဆိုတာျပန္ေတြးေနမိတယ္။အဲ့ေနာက္ စိတ္႐ွည္႐ွည္ထားၿပီး ေဖ်ာင္းျဖေနတဲ့ ေလသံနဲ႔ ထပ္ေျပာလိုက္တယ္။
"ငါက ဒီအတိုင္း ၾကည့္႐ုံေလးပဲၾကည့္မွာေလ...မင္းဘာမွာ မလုပ္ထားရင္ ႐ွက္ေနစရာမလိုဘူး။ဘာေတြကို ေၾကာက္ေနတာလဲ??"
"ခင္ဗ်ားက...ၾကည့္႐ုံပဲၾကည့္မွာလား??"
ထိုစကားလုံးကို သတိလက္လြတ္နဲ႔ ေရ႐ြတ္လိုက္မိတယ္။႐ွဲ႕ဟယ္ ရဲ႕ မ်က္ဝန္းေတြထဲမွာ ယိမ္းယိုင္မႈအလင္းတန္းေလးျဖတ္ေျပးသြားတယ္။
[TN: ေအာ္ ဘာေတြမ်ားလုပ္ေစခ်င္ေနတာလဲ င႐ွဲ႕ရယ္]
ခဏၾကာတဲ့ အခါ ႐ွဲ႕ဟယ္ရဲ႕ လက္ေခ်ာင္းေတြက အက်ႌၾကယ္သီးေတြေပၚ ေရာက္သြားခဲ့တယ္။ဒီပုံစံအတိုင္း အၾကာႀကီးေတြေဝေနေသးတယ္။ေနာက္ဆုံးမွာေတာ့ အံတင္းတင္းႀကိတ္ၿပီး က်ိဳးရိက်ယ္ ကိုတစ္ခ်က္ၾကည့္လိုက္တယ္။က်ိဳးရိက်ယ္ မဆိုသေလာက္ေလး အမူအရာေျပာင္းသြားတယ္။ညစာစားတဲ့ေနတုန္းကလို ႏူးညံ့တဲ့ အမူအရာမ်ိဳးနဲ႔ေပါ့....သူရဲ႕အမူအရာက သမုဒၵရာႀကီးလို အဆုံးမ႐ွိတဲ့ သည္းခံစိတ္႐ွည္မႈေတြနဲ႔ တည္ၿငိမ္ေနျပန္တယ္။
ဒီအမူအရာက ႐ွဲ႕ဟယ္ကို စိတ္ေအးသြားေစတယ္။ၾကည့္႐ုံေလးပဲၾကည့္မွာေလ...ဟုတ္တယ္မလား??
က်ိဳးရိအန္အတြက္ သူဒါကို သည္းခံမွျဖစ္မယ္ေလ...
႐ွဲ႕ဟယ္ ၾကယ္သီးေတြကို ျဖည္းျဖည္းခ်င္း ျဖဳတ္လိုက္ၿပီးတဲ့အခါ အက်ႌက ၾကမ္းျပင္ေပၚကို ပုံရက္သားက်သြားခဲ့ေလတယ္။
တျခားေယာက္က်ားတစ္ေယာက္က သူ႕ကို ဒီလိုမ်ိဳးႀကီး ၾကည့္ေနတဲ့အတြက္ ႐ွဲ႕ဟယ္ ႐ွက္လာတယ္။ထိုေနရာမွာ ေျခစုံရပ္ေနၿပီး က်ိဳးရိက်ယ္ ရဲ႕မ်က္ႏွာကို မျမင္ခ်င္တာေၾကာင့္ ေခါင္းကို တစ္ဖက္လႊဲထားရတယ္။
ခဏၾကာတဲ့အခါ က်ိဳးရိက်ယ္ရဲ႕အသံခပ္နက္နက္အသံကို ၾကားရျပန္တယ္။
"ဆက္ခြၽတ္.."
ၾကားလိုက္ရတာကို မယုံႏိူင္တဲ့အတြက္ ႐ွဲ႕ဟယ္ က်ိဳးရိက်ယ္ ကို ေခါင္းလွည့္ၾကည့္လိုက္တယ္။
"ဆက္ခြၽတ္.."
႐ွားပါးလြန္းလွတဲ့ စိတ္႐ွည္မႈနဲ႔ က်ိဳးရိက်ယ္ ကေနာက္တစ္ေခါက္ထပ္ေျပာေနတယ္။သူ႕အသံက လုံးဝကို တည္ၿငိမ္မႈေတြစုစည္းထားသလိုျဖစ္ေနတယ္။အဲ့ေနာက္ မွန္ကန္တဲ့ ေမွ်ာ္လင့္ခ်က္ေတြပါဝင္ေနတဲ့ ေလသံနဲ႔ ထပ္ေျပာတယ္။
"တစ္ဝက္ပဲခြၽတ္ထားေတာ့ ငါက ဘယ္လိုၾကည့္ရမွာလဲ??"
႐ွဲ႕ဟယ္လုံးဝ႐ွက္႐ြံ႕ေနၿပီး ေဒါသလဲထြက္ေနၿပီ။အသက္ကို အႀကိမ္ႀကိမ္ ႐ွဴသြင္း၊႐ွဴထုတ္လုပ္ၿပီး စိတ္ကိုၿငိမ္ေအာင္ထိန္းေနရတယ္။
ေကာင္းၿပီ...ဘာပဲျဖစ္ျဖစ္ တစ္ဝက္ခြၽတ္ၿပီးေနၿပီပဲ...တျခားေယာက္က်ားကို ေပးၾကည့္လိုက္႐ုံနဲ႔ ပဲ့ပါသြားစရာမွမ႐ွိတာ..ကြဲၿပီးသားအိုးကို ထပ္ၿပီး႐ိုက္ခြဲေနတာနဲ႔ တူမေနဘူးလား??
ဒါကိုေတြးလိုက္ေတာ့နည္းနည္း ခက္ခဲေနသလိုခံစားရျပန္တယ္။မ်က္စိစုံမွိတ္ၿပီး ေဘာင္းဘီခြၽတ္ပစ္လိုက္တယ္။ေနာက္ေတာ့ ညီးတြားေနသလိုေလသံနဲ႔ေျပာလိုက္တယ္။
"ဒီေလာက္ဆို ေတာ္သင့္ၿပီ...ဟုတ္တယ္မလား??"
ထိုလူငယ္ေလးရဲ႕ ကိုယ္ေပၚမွာ အတြင္းခံတစ္ထည္တည္းသားက်န္ေတာ့တယ္။ၿပီးေတာ့ အတြင္းခံဆိုတာကလဲ အျဖဴေရာင္ခ်ည္သားေဘာင္းဘီတိုေလးေလ...
က်ိဳးရိက်ယ္ရဲ႕အျမင္မွာလုံးဝကို စားခ်င္စဖြယ္ေကာင္းတဲ့ ပြဲေတာ္စာတစ္ခုလို႔ပဲျမင္ေနတယ္။ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခ်င္းစီက က်ိဳးရိက်ယ္ အႀကိဳက္နဲ႔အံကိုက္ျဖစ္ေအာင္ နတ္ဘုရားေတြကိုယ္တိုင္ ထုဆစ္ေပးထားသေယာင္.....
က်ိဳးရိက်ယ္ရဲ႕ အာဒံပန္းသီးကေတာ့ အေပၚတက္လိုက္၊ေအာက္ဆင္းလိုက္နဲ႔ အလုပ္မ်ားေနတယ္။အၾကည့္ေတြက တျဖည္းျဖည္းနဲ႔ ေအာက္ဖက္ကို ေ႐ြ႕လ်ားသြားတယ္။
ဒီလူငယ္ေလးကို သူ႕အပိုင္ျဖစ္ေအာင္ ခ်က္ခ်င္းသိမ္းပိုက္လိုက္ခ်င္ေပမယ့္ အဆုံးသတ္မွာ ဒီလိုမလုပ္ျဖစ္ေအာင္ သူ႕ကိုယ္သူ အေတာ္ေလးခုခံေနရတယ္။
[444: တင္းေတာင္... ႏွစ္သက္မႈ 5မွတ္ထပ္တိုးပါတယ္။စုစုေပါင္း 75 မွတ္ျဖစ္သြားပါၿပီ]
"ဒီနားကို တိုးလာခဲ့"
က်ိဳးရိက်ယ္ ရဲ႕အသံေတြအက္ကြဲေနတယ္။
"ေဝးေနေတာ့ ေကာင္းေကာင္းမျမင္ရဘူး"
႐ွဲ႕ဟယ္ တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ နည္းနည္းေလး တိုးသြားလိုက္တယ္။
က်ိဳးရိက်ယ္ရဲ႕ အမူအရာေတြ ေမွာင္မည္းေနၿပီ။လက္ေခ်ာင္းေတြကို အနည္းငယ္ေကြးလိုက္ၿပီး ထိုလူငယ္ေလးကို ႐ုတ္တရက္ လွမ္းဆြဲလိုက္တယ္။
အဆြဲခံလိုက္ရလို႔ လဲက်သြားတဲ့အခါ ႐ွဲ႕ဟယ္တစ္ေယာက္ ႏႈတ္ခမ္းဖ်ားကေန ေအးစက္တဲ့အထိေတြ႕တစ္ခုကို ခံစားလိုက္ရတယ္။
႐ွဲ႕ဟယ္တစ္ေယာက္ က်ိဳးရိက်ယ္ကို ျမင္ေနရတယ္။စကၠန္႔တစ္ဝက္ေလာက္အတြင္းမွာ သူ႕ဉီးေႏွာက္ေတြအလုပ္မလုပ္ႏိူင္ေတာ့ပါ.....
က်ိဳးရိက်ယ္ကသူ႕ကိုနမ္းေနတယ္.....ႏွစ္ေယာက္လုံးသတိမကပ္ေတာ့ဘူး!!!!!
" ဝူးးး "(ပလုံပေထြးျဖစ္ေနတဲ့အသံ)
႐ွဲ႕ဟယ္ ခဏေလာက္ေတာ့ ဇေဝဇဝါျဖစ္ေနေသးတယ္။ခဏၾကာေတာ့သူသတိျပန္ဝင္လာတယ္။ မဟုတ္ဘူး၊ မွားေနၿပီေနာ္!!! က်ိဳးရိက်ယ္ ကိုဘယ္လိုနမ္းႏိုင္ခဲ့တာလဲ???
႐ွဲ႕ဟယ္ရဲ႕ မ်က္လုံးေတြကေဒါသေၾကာင့္
အေရာင္ေတာက္ေနတယ္။ေသခ်ာတယ္...က်ိဳးရိက်ယ္ သူ႕ကို ကစားေနၿပီ...အဲ့ေတာ့ အားသုံးၿပီး ကိုက္ခ်လိုက္တယ္။
က်ိဳးရိက်ယ္ကလဲ အႏၲရာယ္ကို ႀကိဳသိေနတဲ့အတြက္ ေ႐ွာင္လိုက္တယ္။ဒါေပမယ့္ လွ်ာအဖ်ားပိုင္းကေတာ့လအကိုက္ခံလိုက္ရတယ္။လုံးဝကို နာတယ္။နာတာမွ အပ္နဲ႔အထိုးခံရသလိုကို နာတာ...
႐ွဲ႕ဟယ္ ဒါကိုအခြင့္ေကာင္းယူၿပီး က်ိဳးရိက်ယ္ လက္ပေန လြတ္ေအာင္ေျပးဖို႔ျပင္တယ္။ႏႈတ္ခမ္းေတြကို အာားျပင္းျပင္းနဲ႔ ဖိသုတ္လိုက္ၿပီး လွ်ပ္စီးထက္ျမန္တဲ့ အျမန္ႏႈန္းနဲ႔ အဝတ္အစားေတြကို ေကာက္စြပ္လိုက္တယ္။အဲ့ေနာက္ က်ိဳးရိက်ယ္ကို စိုက္ၾကည့္လိုက္ၿပီး....
"ေခြးေကာင္!!!"
က်ိဳးရိက်ယ္ နာေနတဲ့ လွ်ာဖ်ားကို ခက္ခက္ခဲခဲ ေကြးလိုက္ၿပီး ျပဳံးျပလိုက္တယ္။
" ေတာင္းပန္သင့္တယ္လို႔ ထင္ေပမယ့္ မင္းသာငါ့ကို မဆြဲေဆာင္ရင္ ဒါမ်ိဳးျဖစ္လာမွာမဟုတ္ဘူး"
႐ွဲ႕ဟယ္ ေဒါသထြက္တဲ့ အျပင္ ရယ္ခ်င္လာတယ္။
"က်ဳပ္က ခင္ဗ်ား ကိုဆြဲေဆာင္တယ္???"
"ဟုတ္တယ္ေလ.."
က်ိဳးရိက်ယ္ ရဲ႕ေလသံကို လုံးဝကိုေသခ်ာေနတဲ့ေလသံႀကီးနဲ႔....ၿပီးေတာ့ ေလွာင္သလိုလို၊ေျပာင္သလိုလိုျပဳံးေနျပန္တယ္။
"မင္းက အဝတ္ဗလာနီးပါးနဲ႔ ငါ့ေ႐ွ႕မွာ လာရပ္ေနတာကိုး။ငါလဲ သာမာန္ ပုထုဇဥ္ ပဲေလ၊ အဲ့ေတာ့ အခုလိုျဖစ္သြားတာ သဘာဝက်ပါတယ္"
"ခင္ဗ်ားပဲ အဲ့လိုျဖစ္ေအာင္ခြၽတ္ခိုင္းတာေလ!!!"
အၿမီးတက္နင္းခံရတဲ့ ေၾကာင္တစ္ေကာင္လို ႐ွဲ႕ဟယ္ ေဒါသတႀကီးေအာ္ဟစ္လိုက္တယ္။
"အိုးးး အဲ့ေတာ့ ငါက ခြၽတ္ဆိုတာနဲ႔ မင္းက ခြၽတ္လိုက္တာပဲလား???"
က်ိဳးရိက်ယ္ ကျပဳံးၿပီးသူ႕ကိုေလးနက္စြာနဲ႔ၾကည့္ေနတယ္။
"အရင္တစ္ေခါက္ ဟိုေကာင္ေတြ ဝိုင္ေသာက္ခိုင္းတုန္းကလိုပဲလား??တျခားသူစိမ္းေယာက္က်ားေတြေျပာသမွ် အကုန္နာခံေနတာပဲလား???ငါကေတာ့ ဒီကိစၥမွာ ငါအမွားကင္းတယ္လို႔ပဲထင္တယ္။အကုန္ မင္းဘက္က မွားတာ"
စြ႐ွက္လုံးဝမ႐ွိတဲ့ ေျဖ႐ွင္းခ်က္ႀကီးေၾကာင့္ ႐ွဲ႕ဟယ္ညၾကက္ေသေသေနခဲ့တယ္။
"ခင္ဗ်ား ဘာေျပာေျပာလုံးဝမယုံေတာ့ဘူး"
႐ွဲ႕ဟယ္ ဒီလိုစကားေျပာဖို႔ အေတာ္အခ်ိန္ယူလိုက္ရတယ္။အဲ့ေနာက္ စကၠန္႔မဆိုင္းဘဲ ခ်က္ခ်င္းလွည့္ျပန္ခဲ့တယ္။
ထြက္ခြာသြားတဲ့ ႐ွဲ႕ဟယ္ကို က်ိဳးရိက်ယ္ၾကည့္ေနခဲ့တယ္။အရသာခံလိုက္ရတဲ့ ႏႈတ္ခမ္းတစ္စုံအေၾကာင္းျပန္ေတြးမိတဲ့အခါ ႏႈတ္ခမ္းဖ်ားမွာ အျပဳံးတစ္ခုျဖစ္ေပၚလာတယ္။သူ႕ရဲ႕ကိုယ္ပိုင္ ႏႈတ္ခမ္းေတြကေန နက္နက္႐ိႈင္း႐ိႈင္း ခံစားမိေနတယ္။
[444: Hostတာ့တာ့ေရ....ႏွစ္သက္မႈက 75 မွတ္ျဖစ္ေနၿပီ။မၾကာခင္ 80ျပည့္ေတာ့မယ္]
[႐ွဲ႕ဟယ္: အင္းး]
[444: Hostတာ့တာ့ကို ၾကည့္ရတာ မေပ်ာ္သလိုပဲ]
[႐ွဲ႕ဟယ္: ေနာက္ထပ္ျဖစ္လာမွာေတြက မလြယ္ေတာ့ဘူးကြ။က်ိဳးရိက်ယ္ ငါ့ကို ပစ္ေႂကြလာဖို႔ဆိုတာ 75 မွတ္ေလာက္နဲ႔ မလုံေလာက္ဘူး။ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္ေရးေကာင္းေကာင္းတစ္ခုရမွျဖစ္မွာ]
[444: ( ⊙ o ⊙ ) အာာ!!!ဒါဆိုဘယ္လိုဆက္လုပ္ၾကမလဲ??]
[444: ခဏေနဉီး!!!က်ိဳးရိက်ယ္ Hostေနာက္ကိုေနာက္ေယာင္ခံလိုက္ေနတာ အခုမွ႐ွာေတြ႕ေတာ့တယ္]
[႐ွဲ႕ဟယ္: ဝိုးးး??]
႐ွဲ႕ဟယ္ မ်က္လုံးေတြအေရာင္ေတာက္ေနၿပီ....
[444: ဝူးးး ဝူးးး ေတာင္းပန္ပါတယ္။ကြၽန္ေတာ္လဲ အခုမွသိတာပါ]
႐ွဲ႕ဟယ္ ေဒါထြက္ေနတဲ့အမူအရာအတိုင္း မ်က္ႏွာထားကိုတင္းထားၿပီး အိမ္ျပန္လာခဲ့တယ္။စိတ္ထဲမွာေတာ့ 444နဲ႔ စကားေျပာေနခဲ့တယ္။
[႐ွဲ႕ဟယ္: ဒါလဲေကာင္းတာပဲ...ငါ့ရဲ႕ အစပိုင္းတုန္းက အားထုတ္မႈေတြအသုံးဝင္လာၿပီေပါ့။ဟိုအေၾကာင္းကိုဖြင့္ေျပာဖို႔ အခြင့္ေရးရသြားၿပီ]
[444: ????]
[႐ွဲ႕ဟယ္:က်ိဳးရိက်ယ္ ဟိုေကာင္ တင္းမင္လက္ထဲက ငါ့ကိုကယ္ခဲ့တုန္းက ဘာေျပာခဲ့လဲဆိုတာ မွတ္မိေသးလား??]
[444: Host က သူ႕လူတဲ့]
[႐ွဲ႕ဟယ္:ဟုတ္တယ္။အဲ့လိုေျပာခဲ့တယ္။သိပ္မၾကာလိုက္ဘူး ဟိုေကာင္ တင္းမင္ ေဂ်းေအာင္းသြားရတယ္ေလ။ဒီလို အထင္ကရသတင္းၿပီးက အထက္တန္းစားအသိုင္းအဝိုင္းမွာ ျပန္႔ေနေလာက္ၿပီ]
[444:အဲ့ေတာ့ က်ိဳးရိအန္က အဲ့သတင္းၾကားၿပီး Hostကိုသံသယဝင္ေနၿပီေပါ့ ဟုတ္လား??]
[႐ွဲ႕ဟယ္:မွန္လိုက္တာ...ဒီအသိုင္းအဝိုင္းနဲ႔ ကင္းကြာေနတာၾကာေနတဲ့ က်ိဳးရိအန္က ငါထင္ထားတာထက္ပိုေစာၿပီး ဒီသတင္းကိုၾကားထားၿပီးေနၿပီ။တစ္ေယာက္ေယာက္က သူ႕ကို သတိတရနဲ႔သတင္းေပးသြားပဲျဖစ္ရမယ္။ဒီသတင္းကို က်ိဳးရိအန္သိေအာင္ ေျပာသြားတဲ့လူက က်ိဳးရိအန္နဲ႔ငါ့ကို လမ္းခြဲေစခ်င္ေနတဲ့သူပဲျဖစ္ရမယ္]
[444: စုန္ယုရီလား???]
[႐ွဲ႕ဟယ္:ဟုတ္တယ္]
[444: ~\(≧▽≦)/~Lalala]
[႐ွဲ႕ဟယ္: ေသခ်ာ ျခဳံငုံၾကည့္ရင္ ငါ Plan ခ်ထားတဲ့အတိုင္းပဲေလ..]
[444: Hostကေတာ့ လုံးဝ Amazing ပဲေနာ္]
[႐ွဲ႕ဟယ္: ဒါက ငါ့အစီအစဥ္ထဲမွာ မပါတဲ့ လူတစ္ေသာင္းဆြဲေဆာင္ျခင္း Skillေၾကာင့္ေလ..ထင္မွတ္မထားေလာက္ေအာင္ သက္ေရာက္မႈ႐ွိသားပဲ]
[444: ဒ႑ာရီလာ Skillေတြေလ Hostရယ္]
[႐ွဲ႕ဟယ္: က်ိဳးရိက်ယ္လို လူမ်ိဳးကိုေတာင္ ငါ့အေၾကာင္းေတြတစ္ခ်ိန္လုံးေတြးေနေအာင္ လုပ္ႏိုင္တယ္ဆိုေတာ့ ငါလဲ စမ္းၾကည့္ခ်င္တယ္]
[444:Σ( ° △°|||)︴Hostတာ့တာ့က ဒ႑ာရီလာ self-cest Skill ကို သုံးၾကည့္ခ်င္ေနတာလား??မျဖစ္ႏိုင္ဘူး!!]
[႐ွဲ႕ဟယ္: Host ေယာက္ တစ္ရာေတာင္ ငါ့ကို အမိဖမ္းဖို႔ႀကိဳးစားခဲ့ေပမယ့္ သူတို႔ေတြတစ္ေယာက္မွ လူတစ္ေသာင္းဆြဲေဆာင္ျခင္း Skill ကို သုံးမသြားၾကဘူး။ဒီလုေတြကို negative review ေပးရမယ္]
[444:......]
[႐ွဲ႕ဟယ္: အဓိကအေၾကာင္းအရာေလးကိုျပန္ေျပာၾကရေအာင္...စကားမစပ္ ဒီေနရာသီဉတုသာယာသားပဲ...အဲ့ေတာ့ လမ္းခြဲျပတ္စဲဖို႔ အသင့္ေတာ္ဆုံးပဲ...]
[TN: self-cest Skill ဆိုတာ အခ်ိန္ခရီးသြားဇာတ္ေကာင္ေတြက တစ္ခါတစ္ေလ အနာဂတ္ဒါမွမဟုတ္ အတိတ္ကာလကကိုယ့္ကိုကိုယ္ ေတြ႕ျမင္ရတဲ့အခါမ်ိဳးကိုေျပာခ်င္တာ..ဉပမာ 2021 မွာ႐ွိေနတဲ့ ႐ွဲ႕ဟယ္က အဲ့ Skill ကိုသုံးၿပီး အတိတ္ကာလ၊သို႔မဟုတ္ အနာဂတ္ကာလက ႐ွဲ႕ဟယ္ကို လူတစ္ေသာင္း Skill နဲ႔ သြားၿပီး ဆြဲေဆာင္ၾကည့္ခ်င္ေနတာ။ဟုတ္ပါတယ္ ဖတ္တာမမွားပါဘူး။ သူ႕ကိုယ္သူ ဆြဲေဆာင္ၾကည့္ခ်င္ေနတာပါ😌😌]