🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh...

By MariaSeng

162K 5.4K 79

အချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀/ ဇာတ်သိမ်းပိုင်း

အပိုင်း ၁၇

3.7K 154 6
By MariaSeng

Unicode font

ခ်စ္္ရ​ေသာ ယုန္ျဖဴေလး [ Ohh! my boy ]
အပိုင်း ( ၁၇ )

အခန်း ( ၄၁ )

"တော်သေးတယ် သိလား၊ ငါ့မှာ သူတို့ကွာရှင်းရင်တော့ သွားပါပြီဆိုပြီး စိတ်ပူနေခဲ့တာ၊ အဆင်ပြေသွားလို့ပါလား၊ မပြေရင်တော့ တစ်သက်လုံး နောင်တတွေ ရနေတော့မှာ"

မဝေမွန်တို့လင်မယားအကြောင်းကို မနေ့ည ဖုန်းပြောတုန်းကလည်း ပြောပြီးပြီဆိုပေမယ့် မနက်ရုံးရောက်တော့လည်း ထပ်ပြောပြန်သည်။ သင်္ကြန်ဟာ သူငယ်ချင်း အိမ်ထောင်ကွဲမှာကို အတော်စိုးရိမ်ခဲ့ရပုံပါ။

"မကလဲ၊ မ စိတ်ပူနေမှန်းသိလို့ မောင်ပြောခဲ့သားပဲ၊ ကိုရန်နိုင်က ကွာရှင်းပေးမှာ မဟုတ်ဘူးလို့၊ မဝေမွန်ကို အရမ်းချစ်ပါတယ်ဆို"
"ချစ်တာတော့ ချစ်ပေမယ့် အရိုက်ခံရတော့ စိတ်နာသွားရင် ဘယ်လိုလုပ်မလဲ၊ လူ့စိတ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူး"
"ဒါတော့ ဟုတ်ပါတယ်၊ လူ့စိတ်ဆိုတာ အာမခံလို့မှ မရတာ၊ ဒါပေမယ့် အခုမှ ယူထားတာ တစ်လတောင်မပြည့်သေးဘူးလေ၊ ကိုရန်နိုင်ကြီးက ချစ်လို့တောင် ဝဦးမှာ မဟုတ်ဘူး"
"ထားပါတော့ ရှင်တို့မိတ်ဆွေကြီးအကြောင်း ရှင်တို့ပဲ ပိုသိမှာပေါ့"

နယုန် ချစ်ရတဲ့မမကြီးကို ချစ်မဝတဲ့မျက်လုံးတွေနဲ့ကြည့်နေရင်း

"မောင်လည်း မကိုခုထိကို ချစ်လို့မဝသေးဘူး၊ တစ်ခါတလေ သွေးသားမတော်စပ်တဲ့ သူစိမ်းတစ်ယောက်ကို ဘာလို့များ အဲ့လောက်ထိ ချစ်သွားမိနာလဲဆိုတာ စဉ်းစားမိသေးတယ်"
"အဲ့ဒီတော့… ဘာတဲ့လဲ၊ စဉ်းစားလို့ရလား၊ အဖြေထွက်လား"
"ထွက်တယ်၊ ချစ်လို့ချစ်တာ သိပ်စဉ်းစားမနေနဲ့တဲ့"
"ငပေါ… သွားမယ်ဟယ်"
"ဘယ်ကိုလဲ"
"အရှေ့ကိုလေ၊ အလုပ်လုပ်ရမှာပေါ့၊ ဒီနေ့ မင်းသာထက်ကို အကုန်လွဲပေးရမှာ၊ လက်မှတ်ထိုးပြီး… အဲ့ဒီစာရင်းတေွ သွားလုပ်လိုက်ဦးမယ်"

ဟုတ်သားပဲ။ မနက်ဖြန်တစ်ရက်ပြီးရင် နောက်ရက်တွေဆို ရုံးမှာ ချစ်သူမျက်နှာလေးကို မတွေ့ရတော့ဘူးပေါ့။ မျက်နှာပျက်သွားတဲ့ နယုန်ကြောင့် သင်္ကြန်ပြုံးလိုက်မိပြီး။

"အခုမှ အကဲပိုမနေနဲ့ မောင်နယုန်ဖွား၊ ရှင့်အစီအစဉ်အတိုင်း လုပ်တာနော်"
"ဟုတ်ပါတယ်၊ မောင် ဘာပြောလို့လဲ"
"ဒါဆို မျက်နှာက ဘာလို့ပျက်… "
"လွမ်းလို့… "
"တော်ပါ၊ လာချွဲမနေနဲ့၊ အပိုတွေ…"
"မပိုပါဘူး၊ လိုတောင်လိုနေသေးတယ်၊ မ မသိလို့ပါ"

လူကို ချွဲနွဲ့နေတဲ့ နယုန်စုတ်လေးကို မျက်စောင်းထိုးကာ ထွက်ခဲ့လိုက်တော့သည်။ တကယ်တော့ သင်္ကြန်လည်း စိတ်မကောင်းပါ။ သူနဲ့အမြဲတွေ့ခွင့်မရတော့တဲ့အပြင် အလုပ်သံယောဇဉ်ကလည်း ရှိသေးတော့ ဝမ်းနည်းမိပေမယ့် ဟန်ဆောင်နေခဲ့ပါသည်။

"ဪ… ခင်သင်္ကြန်မိုးက ရှိသေးတာပဲ၊ အန်တီက နားသွားပြီ ထင်နေတာ"

မင်းသာထက်ကိုအပ်ဖို့ soft copy၊ hard copy file တွေနဲ့ ပစ္စည်းစာရင်းတွေ သေချာစဉ်းစားရင်း စာစီနေတဲ့ သင်္ကြန်ဟာ အသံကြားလို့ မော့ကြည့်လိုက်တော့ သူမစားပွဲရှေ့ရပ်ကာ ရယ်ပြနေတဲ့ ဒေါ်ယမင်းသူဇာနဲ့ မိန်းမလှလေးတစ်ယောက်။ သင်္ကြန် ပြုံးပြလိုက်ရင်း ထရပ်လိုက်သည်။ လူကြီးဆိုတော့ ထိုင်ပြီး နုတ်ဆက်နေလို့လဲ မကောင်းပါ။

"ဟုတ်… အန်တီ၊ မနက်ဖြန်တစ်ရက်ဆင်းပြီးရင် နားပါပြီ"
"သမီး လကလေး… ဒါက သားသားရဲ့ Secretary ခင်သင်္ကြန်မိုးတဲ့၊ ခင်သင်္ကြန်မိုး သမ္ဗူလထိန်ဝင်းတဲ့၊ သားသားနဲ့ စေ့စပ်မယ့် မိန်းကလေးပေါ့"
"အာ… ကြီးမေကလဲ… "

သင်္ကြန်သည် ရှက်သွေးဖြာသွားတ့ဲ လကလေးကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ပုံစံလေးက မလှုပ်တလှုပ်နဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းပါသည်။

"လကလေးက အရမ်းလှတာပဲနော်၊ မြန်မာဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းတယ်"

ဒါက ရွဲ့ပြီးပြောတာ မဟုတ်ရပါ။ တကယ်ပဲ လကလေးက ချီးကျူးရလောက်အောင် လှသူမို့ စိတ်ထဲရှိတဲ့အတိုင်း ချီးကျူးလိုက်မိတာပါ။

"မမက ပိုလှတာပါ၊ လကလေး မမကို အားကျတယ်၊ မမလိုမျိုး တက်တက်ကြွကြွ အလုပ်လုပ်ချင်တာ သိလား"
"ဒါဆို အတော်ပဲ၊ ခင်သင်္ကြန်မိုးက အလုပ်ထွက်တော့မှာဆိုတော့ သူ့နေရာမှာ သမီးဝင်လုပ်လို့ရတာပဲ"

ကြီးမေသည် သူမကိုတော့ ခင်သင်္ကြန်မိုးဆိုပြီး နာမည်အရှည်ကြီးကို မာတောင့်တောင့်လေသံနဲ့ မမောတမ်းခေါ်ခဲ့ပေမယ့် လကလေးကိုတော့ လေသံမာမာနဲ့ ခေါ်မိရင်တောင် နာကျင်တော့မည့်အလား လကလေး၊ သမီးနဲ့ နူးညံ့စွာသုံးနှုန်းပါသည်။ တကယ်အမျိုးတော်ရမယ့်သူကိုမှ စိတ်မကြည်အောင် အမျိုးမျိုး လာလုပ်ပြနေသလိုပင်။

"မဖြစ်ပါဘူး ကြီးမေရယ်၊ ဖေဖေက လုပ်ခိုင်းမှာမဟုတ်ဘူး၊ ကြီးမေလည်း ဖေဖေ့အကြောင်း သိရဲ့သားနဲ့၊ ဒါကြောင့် သမီးက မမတို့ကို အားကျရုံပဲ တတ်နိုင်တော့တယ်"

ကြီးမေသည် တူမလောင်းက သင်္ကြန်ကို အားကျပြနေလို့ သိပ်ကြိုက်ပုံမရ။ ဘာမှဆက်မပြောတော့ပဲ ရုံးခန်းတံခါးဆွဲဖွင့်ကာ ဝင်သွားလို့ လကလေးက သင်္ကြန်ကို တစ်ချက်ပြုံးပြကာ လိုက်ဝင်သွားတော့သည်။

သင်္ကြန်မှာ ရင်မောကာ သက်ပြင်းချလိုက်မိတော့သည်။ ကိုယ့်ကို တစ်စက်မှ ကြည်ပုံမရတဲ့ အသိုင်းအဝိုင်းထဲကို နယုန်ဖွားကို ချစ်ရုံနဲ့ ဝင်သင့်ရဲ့လား။ လုံးဝကြိုဆိုဖို့ စိတ်ကူးမရှိကြောင်းကို အရိပ်အမြွက်တင်မက သေချာကြီးကို လာလာဖော်ပြနေတာကို။ ကြီးမေဟာ နယုန်နဲ့ သင်္ကြန်ကို မသကင်္ံာရုံမက ကြိုက်နေတယ်ဆိုတာ သိနေလို့များလား။

နယုန်မှာ ကြီးမေနဲ့အတူ လကလေးပါ ပါလာလို့ အ့ံဩနေမိသည်။ ကြီးမေက တစ်ခါမှ ရုံးကိုမလာဖူးတဲ့ လကလေးကို ခေါ်လာတာဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဆိုတာ ရိပ်မိပါသည်။ ရုံးခန်းထဲ မဝင်ခင် အပြင်ဘက်မှာ ရှိနေတဲ့ သင်္ကြန်ကို ဘာတွေများ ပြောခဲ့ပြန်ပြီလဲမသိ။

"ကြီးမေ… လကလေးပါ ပါလာတာကိုး၊ ထိုင်ပါဦး၊ ဘယ်ကနေ လှည့်လာကြတာလဲ"

နယုန် လကလေးကို နုတ်ဆက်စကားဆိုရင်း ဆိုဖာမှာ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

"ကြီးမေနဲ့ အလှူသွားပြီး ပြန်လာတာ ကိုနယုန်"
"ဪ… ဘာသောက်မလဲ၊ အပူလား၊ အအေးလား"
"လကလေးက အခုမှ ရုံးကိုလာလည်ဖူးတာကို၊ အပြင်မှာ တစ်ခုခုလိုက်ကျွေးပေါ့သားရယ်"

နယုန်ကြိတ်ကာ သက်ပြင်းချလိုက်မိရင်း။

"သား မအားလို့ ကြီးမေ၊ ဧည့်သည်တစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားလို့…"

လူကြီးတွေကို တစ်ခါမှ မညာဖူးပေမယ့် ညာလိုက်မိသည်။ ညာတယ်လို့လည်း ပြောလို့တော့ မရ။ တကယ်ပဲ ဧည့်သည်လာဖို့ ရှိတာပဲလေ။ သို့သော် အခုတော့မဟုတ်။ နေ့လယ်နှစ်နာရီလောက်မှပါ။ လကလေးနဲ့ တွဲပြီး အပြင်မထွက်ချင်လို့ အကြောင်းပြလိုက်ခြင်း ဖြစ်သည်။

"ရပါတယ် ကိုနယုန်၊ အလုပ်ရှိနေတာဆိုရင် မသွားပါနဲ့၊ လကလေးတို့က လမ်းကြုံလို့ ဝင်လာတာပါ"

သူ ငြင်းလိုက်လို့ ကြီးမေက သိပ်အလိုကျပုံမရ။ လကလေးက နားလည်မှုရှိလို့ တော်သေးသည်။

"လကလေးက အလုပ်လုပ်ချင်လို့တဲ့၊ ခင်သင်္ကြန်မိုးနေရာမှာ လုပ်ရင်ရတာပဲကို"
"ဗျာ… အဲ့ဒီနေရာက ခေါ်ထားပြီးပြီး ကြီးမေ၊ မင်းထက်သာ အပြင်သွားနေလို့ မတွေ့တာနေမယ်၊ လကလေး လုပ်ချင်ရင် တခြား position တွေ ရှိပါသေးတယ်"
"မလုပ်ပါဘူး ကိုနယုန်ရယ်၊ ဖေဖေ့အလုပ်မှာတောင် မလုပ်ရတာကို၊ ဒီမှာဆို ပိုဆိုးပေါ့၊ ဖေဖေက ခွင့်ပြုမှာ မဟုတ်ဘူး"
"ဟုတ်ပါတယ်လေ၊ အန်ကယ်ဝင်းက boss ပဲဟာ၊ လကလေးက ဘာလုပ်စရာလိုလို့လဲ"
"အဲ့ဒီလို မဟုတ်ပါဘူး၊ လကလေးက အရမ်းအ, လို့ မလုပ်ခိုင်းတာပဲ ဖြစ်နိုင်ပါတယ်၊ ဖေဖေက ညီမလေးကိုကျတော့ အခုကတည်းက ကုမ္ပဏီကို ခေါ်သွားတယ်လေ၊ ကျောင်းတောင် မပြီးသေးတာကို၊ ကိုနယုန်လည်း သိပါတယ်၊ ရီလေးက လကလေးနဲ့မှ မတူတာ၊ တော်တာကိုး"

လကလေးက ရုပ်လေးလှသလို အနေအေးပြီး စိတ်ထားလေးလည်း ကောင်းရှာသည်။ ကိန္နရီထိန်ဝင်းဆိုတဲ့ သူမညီမကတော့ အငယ်ဆိုပေမယ့် သွက်လက်ထက်မြက်ပါသည်။ ဒါကြောင့်ပဲ သမီးနှစ်ယောက်ပဲရှိတဲ့ သူမအဖေက သမီးအငယ်ကို ယုံကြည်အားကိုးချင်တာဖြစ်မည်။

"ကိန္နရီတောင် မနေ့က လပြည့်နဲ့ အိမ်ကို လိုက်လာတယ်၊ လပြည့်က နောက်ဆိုငါတို့အမျိုးတော်ရတော့မှာနော်လို့ ပြောပြီး ရယ်နေကြသေးတယ်"

ကြီးမေစကားကြောင့် လကလေးက ရှက်ကိုးရှက်ကန်းဖြစ်ကာ ခေါင်းငုံ့သွားပေမယ့် နယုန်ကတော့ စိတ်ရှုပ်သွားရသည်။ စိတ်ညစ်ညစ်န့​ဲ တိုင်ကပ်နာရီကို မော့ကြည့်လိုက်မိလို့။

"ကိုနယုန် ဧည့်သည်လာခါနီးပြီထင်တယ်၊ ကြီးမေ လကလေးတို့ ပြန်တော့မလားဟင်"
"အင်းလေ… ပြန်ကြတာပေါ့၊ နောက်တစ်ခါမှ အေးဆေးလာလည်ကြတာပေါ့နော်"

ကြီးမေတို့ ပြန်သွားမှပဲ ခုံကို ခပ်လျော့လျော့မှီထိုင်လိုက်ကာ ကိုယ့်အဖြစ်ကို စိတ်ကုန်မိတော့သည်။ သင်္ကြန် အလုပ်ထွက်ခါနီးမှ ဘာလို့အခုလိုတွေ လာဖြစ်နေရသလဲ။ ကြီးမေကလည်း သူ သေချာပြောထားရက်နဲ့ လကလေးကို ကုမ္ပဏီအထိ ခေါ်လာခဲ့သေးသည်။ စကားမလွန်ထားပါနဲ့လို့ ပြောထားသော်လည်း မရ။ ကာယကံရှင် နှစ်ယောက်ရှေ့မှာ ပေါ်တင်ကြီး ပြောနေပြန်သည်။

"သင်္ကြန်… ဝင်လာခဲ့ဦး"

သိသားပဲ။ သူ့ကြီးမေတို့ ပြန်သွားတာနဲ့ ခေါ်တော့မယ်ဆိုတာ။ သင်္ကြန် မထချင်၊ ထချင်နဲ့ ထလာခဲ့ရသည်။

"မ… မောင် ဘယ်ကနေ စပြောရမယ်မှန်း မသိတော့ဘူး"
"… "

မသိရင် မပြောနဲ့တော့ပေါ့ဟယ်။ သူ တစ်ယောက်ထဲ စိတ်ရှုပ်ရတာမဟုတ်။ သူမက ပိုပြီး စိတ်အနှောက်အယှက် ဖြစ်ရတာပါ။ ကြီးမေရဲ့အချိုးအချိတ်က ဘာကိုဆိုလိုချင်မှန်း မသိပဲနေပါ့မလား။

"အဲ့လိုကြီး မနေနဲ့ကွာ၊ တစ်ခုခုတော့ ပြောဦးလေ"
"ဘာပြောရမှာလဲ၊ ပြောစရာမှ မရှိတာ"
"ဘာလို့မရှိရမှာလဲ၊ ကြီးမေ ဘာပြောသွားသေးလဲ"
"သိပြီးသားကိစ္စကိုပဲ ထပ်ပြောပြသွားတာပေါ့၊ လကလေးက သူ့တူရဲ့သတို့သမီးလောင်းဆိုတာ…"

နယုန် ဆံပင်တွေကြားထဲ လက်ချောင်းတွေထိုးထည့်ကာ ဖွလိုက်မိရင်း။

"စိတ်ဆိုးသွားလား"
"မဆိုးပါဘူး၊ သိပြီးသားပဲကို… "

စိတ်မဆိုးတဲ့လူရဲ့ အေးစက်စက် မျက်နှာပေးက ပိုပြီးကြောက်ဖို့ ကောင်းနေသည်။

"အဲ့လို မပြောပါနဲ့မရာ… မောင်လည်း တအားစိတ်ညစ်နေတယ်၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလို့ မရသေးဘူး"
"အကောင်းဆုံးကတော့… "
"မဆီက ဘာအကြံပေးစကားမှ မကြားချင်ဘူး"

သူ့ကို အမြင်ကတ်ကတ်နဲ့ မျက်စောင်းထိုးပစ်တော့သည်။ စကားတောင် ဆုံးအောင်ပြောခွင့်မရ။ လူကို လာပြီး တားမြစ်နေသေးသည်။

"မောင်တို့ကိစ္စကို မောင်ပဲဦးဆောင်မယ်၊ မက မောင့်နောက်ကနေ ယုံယုံကြည်ကြည် လိုက်ပေးရင် လုံလောက်ပြီ"
"ဘာကို ယုံကြည်ရမှာလဲ၊ အခြေအနေတွေက သိတဲ့အတိုင်း နင်နဲ့ငါ လက်ထပ်ဖြစ်ဖို့တောင် မသေချာတဲ့ဟာ"
"အဲ့ဒါတော့ အာမခံတယ်၊ ကျွန်တော် သင်္ကြန်ကိုပဲ လက်ထပ်မှာ၊ အာမခံတယ်၊ ဘယ်လိုအခြေအနေနဲ့ကြုံရကြုံရ သင်္ကြန်သာ မပြောင်းလဲဖို့ လိုတယ်၊ မောင်ကတော့ အမြဲတမ်း ဒီခံစားချက်ပဲ"
"ဒါကတော့ နင်က ခံရတဲ့လူမှ မဟုတ်တာ၊ ငါ့အမေကလည်း နင်နဲ့ သဘောမတူနိုင်ဘူး၊ ကိုကောင်းမြတ်နဲ့ပဲ သဘောတူတာလို့ ပြောရင် နင်ဘယ်လိုခံစားရမလဲ"
"အမှန်အတိုင်း ပြောပြရမလား"
"ပြောပေါ့"
"ဘယ်လိုမှ မခံစားရဘူး၊ အစကတည်းက ကိုကောင်းမြတ်နဲ့ သဘောတူထားတာကို၊ မောင်ပေါ်လာမှ ကောက်ပြီး ပေးစားမယ်လို့ ပြောတာလည်း မဟုတ်၊ လူကြီးတွေပဲ သဘောတူတာ သင်္ကြန်က ကြိုက်လည်းမကြိုက်ဘူး၊ လက်လည်းမခံဘူးဆိုတာ သိပြီးသားပဲလေ၊ ဒါပေမဲ့  မ… အဲ့ဒီလူနဲ့ တွဲသွားတွဲလာ မလုပ်ရဘူး၊ အဲ့ဒါတော့ မခံစားနိုင်ဘူး၊ တကယ်သဝန်တိုတယ်၊ ချစ်သူမဖြစ်ခင်ကတောင် ရင်ကိုမီးစနဲ့ ထိုးသလိုပဲ၊ အခုလို ချစ်သူဖြစ်ပြီးမှ အဲ့လိုတွဲသွားနေတာ တွေ့လို့ကတော့ လူကြားထဲလဲ မရှောင်ဘူး၊ လာဆွဲခေါ်မှာ၊ မက မောင့်ချစ်သူဆိုတာ မမေ့နဲ့"

ကြည့်စမ်း။ ဒီနှလုံးသားလေးဟာ အမှတ်မရှိ ဘာမဟုတ်တဲ့စကားလုံးတွေအပေါ်မှာ ကြည်နူးနေပြန်ပြီ။ စိတ်ဆိုးနေတာလေ။ အဲ့ဒီမှာ သာယာပြနေလိုက်တော့။ သင်္ကြန်ဟာ နယုန်အပေါ် တင်းမာလို့မရတဲ့ ကိုယ့်စိတ်ကို အားမလိုအားမရဖြစ်ပေမယ့် တကယ်မပြတ်နိုင်ဘူးဆိုတာ ပိုပိုသိလာလို့ သက်ပြင်းသာ ချရတော့သည်။

"အခု သေချာမှာထားပြီနော်၊ ကိုကောင်းမြတ်နဲ့ ဘယ်ကိုမှ အတူမသွားပါနဲ့၊ မောင် ဖုန်းဆက်တဲ့အချိန်ဆို ချက်ချင်းလာတွေ့ရမယ်၊ မလာလို့မရဘူး၊ ဘာအကြောင်းပြချက်မှ လာမပေးနဲ့"
"ဟင်… အ့ံဩပါ့၊ ငါလည်း အမေနဲ့အတူ ရုံးတက်ရမှာလေ"
"တက်လေ၊ အဲ့ကနေ လာပေါ့"
"လာမနေဘူး"
"လာမှာပါ၊ မောင်သိတယ်၊ မ မောင့်ကို အရမ်းချစ်တယ်ဆိုတာကို"
"ချစ်မနေဘူး၊ အမြင်ကတ်ပါတယ်ဆို"
"ဟုတ်လား၊ အခု တကယ် အမြင်ကပ်ကြမလား"

နယုန်စုတ်ဟာ စားပွဲနောက်မှာ ထိုင်နေရာမှ ထရပ်ကာ သင်္ကြန်ရဲ့မျက်နှာနားသို့ ကပ်ခဲ့လို့ အမြန်ထလိုက်ရသည်။

"ဟွန်း… မကပ်ချင်ဘူးနော်၊ မလာခဲ့နဲ့နော် နယုန်ဖွား၊ ဘာမှန်းလဲ မသိဘူး၊ သွားပြီ၊ ငါ မအားဘူး၊ နောက်တစ်ခါ ထပ်မခေါ်နဲ့"

Secretary မမဟာ မောင်လေး Boss ကို အမိန့်ပေးကာ ထွက်သွားလေတော့သည်။ တော်ပါသေးရဲ့။ ဒီလောက်နဲ့ စိတ်ပြေသွားလို့။ အခုလို အတူရှိနေချိန် ဘယ်လောက်ထိ စိတ်ဆိုး စိတ်ကောက်လည်း သိပ်စိတ်မပူပါ။ အလုပ်ထွက်ပြီးချိန်မှာသာ ကောက်လို့ကတော့ ဘယ်ကိုလိုက်ပြီး ချော့ရမယ်မှန်းမသိ။ သူ့ကိုချစ်မှန်းသိပေမယ့် မာနတွေနဲ့ တင်းခံကာ ပုန်းရှောင်နေမှာကိုပဲ စိုးရိမ်မိတာပါ။

ဒီလိုနဲ့တော့ အဝေးမခံနိုင်ပါ။ မောင်တို့ အမြန်လက်ထပ်နိုင်အောင် ကြိုးစားရမယ် သင်္ကြန်ရယ်။

============

အခန်း ( ၄၂ )

အလုပ်ထွက်ပြီး အိမ်တွင်းအောင်းကာ တစ်ပါတ်ဆယ်ရက်လောက် ပျင်းဖို့ကြံစည်ထားတဲ့ သင်္ကြန်ဟာ ဝေမွန်ကြောင့် ထွက်လာခဲ့ရသည်။ ငိုသံကြီးနဲ့ ဖုန်းခေါ်လာပြီး အိမ်ကို လာဖို့ပြောတော့ ကိုရန်နိုင်နဲ့ ဘာပြသနာတွေများ ထပ်ဖြစ်ပြန်ပြီလဲလို့ စိတ်ပူကာ အပြေးလာခဲ့မိတော့သည်။

သူမအိမ်ကိုရောက်ပြီး အကြောင်းစုံသိရပြီးနောက် သင်္ကြန် ဝေမွန်ကို ကြည့်ရင်း တွေးနေမိသည်။ ဝေမွန်ဟာ အိမ်ထောင်ကျပြီးမှ မျက်ရည်ပိုလွယ်လာသလိုပင်။ အရင်က သူ့အစ်ကိုဖုန်းဆက်ပြီး ဆူတာလောက်များ ဟိုဘက်နားဝင်ပြီး ဒီဘက်နားထွက်ဖို့ မပြောနဲ့ နားထဲကို မဖြတ်။ ဖုန်းကို Speaker ကြီးဖွင့်ပြီး ပစ်ထားကာ လုပ်ချင်ရာတွေ လုပ်နေတဲ့သူက။ အခုမှ အထူးအဆန်းလုပ်ကာ ကျမျက်ရည် ချောင်းဖြစ်အောင် ငိုနေတော့သည်။

ကိုရန်နိုင်ကို ရိုက်ထားမိလို့ စိတ်မကောင်းဓါတ်ခံနဲ့မို့ အဆူခံလိုက်ရတော့ ပိုစိတ်မကောင်းဖြစ်မိသွားတာလဲ ဖြစ်နိုင်ပါသည်။

"နင် စဉ်းစားကြည့်လေ၊ ငါက ငါ့ကို လက်နဲ့ရွယ်လို့ ရိုက်တာလေ၊ အလကားနေရင်း အရင်သွားရိုက်နေလို့လား၊ သူ့သူငယ်ချင်းက အရင်စလုပ်တာကို… မဟုတ်ဘူး၊ ရိုက်တော့မလို လုပ်တာကို၊ ငါ တကယ်အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒါကို လက်ကိုကျောက်ပတ်တီးစည်းရလောက်အောင်ထိ ရိုက်လို့တဲ့၊ တမင်တကာ လုပ်တာမလားဆိုပြီး ဆူတာ"

သင်္ကြန်မှာ ဝေမွန်ကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်မိသည်။ အစွယ်လိုသူ မရှိပေမယ့် သင်္ကြန်က အသွားစေခိုင်းသူပါ။ အရိုက်စေခိုင်းသူ အကြံပေးခင်သင်္ကြန်မိုး၊ ရိုက်မယ်နှက်မယ် ခြိမ်းခြောက်သူ ကိုရန်နိုင်ကို ရိုက်မိသူက မဝေမွန်ဆိုတော့ ဒီကိစ္စမှာ သူမလည်း အပြစ်မကင်းပါ။ ဒါကလည်း ကိုရန်နိုင် ဟန်ဆောင်နေတယ်မှန်းမှ မသိတာကို။ သိရင် ဘယ်သူက ဦးအောင်ရိုက်ဖို့ အကြံပေးမှာလဲနော်။

"တမင်လုပ်တာတော့ လုပ်တာပေါ့၊ ဒါပေမယ့် သူ့သူငယ်ချင်း အရင်ခြိမ်းခြောက်တာလေ"
"ဟုတ်တယ်လေ၊ ဟန်ဆောင်နေမှန်း ငါတို့က ဘယ်သိမှာလဲ"
"အေးလေ… ဟုတ်တယ်နော့၊ ငါ့အစ်ကိုက မွေးစားသားနေမှာ၊ ညီမအရင်းမဟုတ်လို့ ညီမကို မသနားပဲ လာဆူနေတာ အီး ဟီး… "

ဝေမွန်စုတ်ဟာ ဝမ်းနည်းနေချိန်တောင် သူက မွေးစားသမီးမဟုတ်၊ အစ်ကိုကိုသာ မွေးစားသားဖြစ်ခိုင်းလိုက်သေးသည်။

"အခုပြေလည်သွားပြီလို့ ပြောပြလိုက်လေ၊ နင့်အစ်ကိုကလည်း နောက်တစ်ရက်နှစ်ရက်ဆို ကျောက်ပတ်တီးတောင် ဖြည်ရတော့မှာကို အခုမှ သိပြီးလာဆူနေသေးတယ်"
"အေးလေ… ဘယ်သူပြောပြလိုက်တာလဲ မသိဘူး"
"ငိုမနေနဲ့တော့၊ ကြာနေပြီ လာမဆူနဲ့လို့ ပြောလိုက်တာမဟုတ်ဘူး"
"ပြောတာပေါ့၊ လာမဆူနဲ့လို့၊ နှစ်ဖက်လုံးမကောင်းလို့ ဖြစ်ရတာကို၊ သူ့သူငယ်ချင်းကို တစ်ခွန်းမှ အပြစ်မပြောတာကို စိတ်အနာဆုံးပဲ သိလား၊ ငါကပ​ဲ လူယုတ်မာကြီးကျလို့… မကောင်းလိုက်တဲ့အစ်ကို"

ဝေမွန်က မငိုတော့ပဲ မျက်နှာကို သေချာသုတ်ရင်း ပြန်ဖြေသည်။ သင်္ကြန်ကို ရင်ဖွင့်ပြောဆိုလိုက်ရလို့ စိတ်ပြေသွားပုံပင်။

"ဟုတ်ပါ့၊ ဒါနဲ့ နင် မေမိုးကိုရော ခေါ်ထားသေးလား"
"အင်း… ရုံးဆင်းတာနဲ့လာခဲ့မယ်တဲ့"
"ဪ… ဟမ်… သူ ရုံးဆင်းရင် နင့်ယောကျာ်းလဲ ပြန်လာခဲ့တော့မှာလေ"
"လာ လာပေါ့၊ သူ့ကိုများ ဂရုစိုက်လို့၊ ငါ့အစ်ကိုကို သူ တိုင်လိုက်တာလည်း ဖြစ်နိုင်တယ်၊ ပြန်လာမှ မေးကြည့်ပြီး ပြသနာရှာပစ်ရမယ်"
"ဟယ်… နင်ကလည်း ထပ်ပြီးပြသနာမရှာပါနဲ့တော့၊ အခုမှ အဆင်ပြေခါစပဲ ရှိသေးတာကို"
"မရဘူး၊ ငါ လုံးဝမကျေနပ်ဘူး၊ သူ တိုင်တာဆိုရင်တော့ နောက်တစ်ဖက်ပါ ကျောက်ပတ်တီးစည်းရအောင် ထပ်ရိုက်ပစ်မှာ"
"ဒီတစ်ခါတော့ ငါ အကြံပေးတာမဟုတ်ဘူးနော်၊ ဟဲ့… ငါတို့အခန်းလား၊ တံခါးဖွင့်နေသလိုပဲ၊ ဘယ်သူလာတာလဲမသိဘူး"

နှစ်ယောက်သား တံခါးပေါက်ကို ကြည့်လိုက်တော့ ဟယ်… ကိုရန်နိုင်ကြီး ပြန်လာတာလား။ အချိန်မဟုတ် ဘာလို့ပြန်လာရတာလဲ။ သူ့ဘာသာ သော့ဖွင့်ပြီး ဝင်လာခဲ့တဲ့ ကိုရန်နိုင်က သင်္ကြန်ကို ပြုံးပြရင်း။

"ဪ… သင်္ကြန်ရောက်နေတာလား၊ တော်သေးတယ်၊ ဒီနေ့ ဘယ်သူမှ မလာလို့ ဝေမွန်တစ်ယောက်ထဲ ပျင်းနေမှာ စိုးရိမ်နေ… ဟင်… ငိုထားတာလား၊ ဘာလို့ ငိုနေတာလဲ ဝေမွန်"

ကိုရန်နိုင်က ဝေမွန်နားကို ပြာပြာသလဲ ကပ်ထိုင်ကာ မေးနေပေမယ့် ဝေမွန်ဟာ ကိုရန်နိုင်ကို မျက်စောင်းထိုးကာ ကြည့်နေခဲ့သည်။ ဒုက္ခပါပဲ။ ဒီလင်မယားဟာ သူမရှေ့မှာ ရန်ဖြစ်တော့မယ်ထင်ပါရဲ့။

"ကိုကိုဆူလို့…"
"အာ… ကိုယ့်ဆီလည်း ဖုန်းဆက်သေးတယ်၊ ကိုယ်တို့ ရန်ဖြစ်တာကို တစ်ယောက်ယောက် ပြောပြလိုက်တယ်ထင်တယ်"
"အီး… ဟီး… "

အခုလေးတင်မှ စိတ်ပြေသွားပြီး အငိုရပ်သွားတာကို သူ့ယောကျာ်းကို မြင်တော့ ထပ်ငိုနေပြန်ပြီ။ ကိုရန်နိုင်က အသေအလဲ ဝမ်းနည်းနေပုံရတဲ့ ချစ်ဇနီးကို ဆွဲဖက်ကာ ကျောပြင်လေးကို ပုတ်ကာနှစ်သိမ့်နေသည်။

"ဝေမွန်ကလည်း ကလေးလေးကျနေတာပဲ၊ မငိုနဲ့တော့… မငိုနဲ့တော့၊ ဒီကောင်ကလည်းကွာ ကိုယ် ဘာမှမဖြစ်ဘူး၊ မဆူပါနဲ့လို့ ပြောလိုက်ရဲ့သားနဲ့၊ စိတ်မကောင်းမဖြစ်နဲ့တော့နော်၊ မငိုနဲ့တော့… ဘာမှမဖြစ်ပဲနဲ့၊ တိတ်တော့နော်၊ မနက်ဖြန် ကိုယ်တို့မဂင်္ံလာသက်တမ်း တစ်လပြည့်မို့ ကိုယ့်မိန်းမကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲလို့ စဉ်းစားနေပါတယ်ဆို၊ ဘာပေးရမယ်မှန်းမသိလို ဝေမွန်လိုချင်တာပဲ ဝယ်ပေးတော့မယ်၊ ဘာလိုချင်လဲ"
"တကယ်? တကယ်ပြောတာလား"
"တကယ်ပေါ့၊ အမှန်တော့ surprise ဆိုပြီး ပေးချင်တာ၊ ဒါပေမယ့်… ဝေမွန်က ဘာလိုချင်နေမှန်းမသိ၊ ဘာပေးရမယ်မှန်းလည်း မသိဆိုတော့… ကိုယ့်မိန်းမလိုချင်တာကိုပဲ ဝယ်ပေးတာ အကောင်းဆုံးလို့ တွေးလိုက်မိလို့… "

မျက်ရည်လည်ရွဲနဲ့ ငိုနေသူက ရင်ခွင်ထဲကနေ ယောကျာ်းမျက်နှာကို မော့ကြည့်နေရင်း ဘာပူဆာရင်ကောင်းမလဲ စဉ်းစားနေရလို့ မျက်ရည်ဆက်ကျဖို့ မေ့သွားပုံပေါ်သည်။ နောက်လက်တစ်ဖက်ကို ကျိုးအောင်ရိုက်ဖို့လည်း သတိကိုရတဲ့ပုံ မပေါ်တော့။ ကဲ အခုတော့ ရင်ဖွင့်ဖော်ကြီး အလိုက်တသိ ပြန်ချိန်တန်ပါပြီ။ နုတ်မဆက်တော့ပဲ အိတ်ကိုလွယ်ပြီး ထရပ်လိုက်တော့ ကိုရန်နိုင်က။

"သင်္ကြန် ပြန်တော့မလို့လား"
"ကိုရန်နိုင် ရောက်လာပြီပဲ၊ ကိုရန်နိုင်မိန်းမက သင်္ကြန်ကို မလိုအပ်တော့ဘူးဆိုတော့ ပြန်သင့်ပြီလေ၊ Solmux မက လူတစ်ယောက်လုံး သူ့ရှေ့မှာ ငုတ်တုတ်ထိုင်နေတာတောင် မေ့သွားပြီ၊  မေမိုးကိုလည်း မလာနဲ့တော့လို့ ငါပဲ ဖုန်းဆက်လိုက်တော့မယ်၊ ပြန်တော့မယ် ကိုရန်နိုင်၊ သွားပြီ  Flemex အဟမ်း… ချွဲသလိပ်တွေ ကပ်နေလို့ ဝယ်သောက်ရဦးမယ်၊ ဒါတောင် ချွဲကပ်နေတာ ပျောက်ပါ့မလား မသိဘူး"

ကိုရန်နိုင်က ပြုံးစိစိနဲ့ ငုံ့ကြည့်ခဲ့လို့ ဝေမွန်က အခုမှသတိရသွားကာ ရုန်းထွက်လိုက်သည်။ သူ့ကိုမြင်တာနဲ့ အဆူခံရတာကို တိုင်ချင်ဇောအားကြီးပြီး သင်္ကြန်ကို တကယ်ကို မေ့သွားခဲ့မိတာပါ။ ဝေမွန် သင်္ကြန်ကို တံခါးပေါက်နားအထိ လိုက်ပို့တော့။

"ဟန်ဆောင်ပြီးတောင် မတားဘူးနော် solmux မနိုင်မ၊ နောက်ဆို တစ်ခုခုဖြစ်ရင် လာမခေါ်နဲ့၊ နင့်ယောကျာ်းကိုပဲ ခေါ်… "
"ခွိ… "

ဝေမွန်ရဲ့ပြုံးစိစိရုပ်ကြီးကို မျက်စောင်းအရှည်ကြီးထိုးကာ ထွက်လာခဲ့တော့သည်။ ကိုယ့်ဘာသာ စိတ်အားငယ်ရတဲ့ကြားထဲ ကဲကဲနဲ့သဲသဲ လင်မယားကြောင့် နယုန်ကို ပိုလွမ်းလာမိသလိုလို။ သူမလည်း ချစ်သူရင်ခွင်ထဲမှာ ချွဲနွဲ့ပစ်ချင်တာပေါ့။ အလုပ်မထွက်ခင်ကတော့ သူ ဖုန်းဆက်တာနဲ့ ချက်ချင်းလာတွေ့ရမယ်လို့ ပြောခဲ့ပေမဲ့ တစ်လောကလုံးမှာ အလုပ်ရှုပ်ဆုံးလူသားဟာ နှစ်ရက်ရှိနေပြီကို လာတွေ့ဖို့ ဖုန်းမဆက်ပါ။ မခေါ်လည်းနေပေါ့။ သူ့ကို ဘယ်သူက လွမ်းနေလို့လဲ။

ကားမောင်းနေရင်း အိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကြည့်လိုက်တော့ နယုန်ဖြစ်နေလို့ ရင်တောင်ခုန်သွားမိသည်။ သူ့ကို သတိရနေတာကို ဘယ်လိုသိသွားတာလဲ။ စိတ်ချင်းဆက်နေတာများလား။

"မ… အမြန်လာတော့၊ လွမ်းလှပြီ၊ မရော မောင့်ကို မလွမ်းဘူးလား" တဲ့။ ဟွန်း… သူ့ကိုများ လွမ်းမနေပါဘူးနော်။

ချိန်းထားတဲ့နေရာကိုရောက်တော့ နယုန်က သူ့ကားပေါ်က ဆင်းကာ သူမကားပေါ်သို့ တက်လာခဲ့သည်။

"ဟာ… "

လူကိုတွေ့တာနဲ့ အတင်းလာပြီး ဖက်နမ်းနေလို့ ရုန်းထွက်တော့။

"မရုန်းပါနဲ့ မရာ၊ အရမ်းလွမ်းနေခဲ့တာ"
"ယုံချင်စရာ၊ အခုမှ လာလွမ်းပြနေသေး"
"သင်္ကြန်က တကယ့်ကို မောင့်ရဲ့ လာဘ်ကောင်လေးဆိုတာ မှန်တယ်၊ သင်္ကြန်လဲ မရှိရော၊ ရုံးရော စက်ရုံမှာရော ပြသနာတွေ အမျိုးမျိုး ဖြစ်နေတော့တာ"
"ဟုတ်လား… ဘာတွေဖြစ်တာလဲ"
"အစုံပဲ၊ စက်ပျက်တာရော၊ ယာဉ်တိုက်မှုတွေရော နှစ်ရက်လောက်နဲ့ တစ်နှစ်စာ ပြသနာကြီး ဖြစ်သွားသလိုပဲ"
"အခုရော အဆင်ပြေသွားပြီလား"
"ပြေသွားပါပြီ၊ ယာဉ်တိုက်မှု တစ်ခုပဲ ကျန်တော့တာ၊ Manager တွေဖြေရှင်းလိမ့်မယ်၊ ဒါနဲ့ ဘယ်ကနေ လာခဲ့တာလဲ"
"ဝေမွန်ဆီက ပြန်လာတာပါ၊ သူ့အစ်ကို ဆူလို့တဲ့ ငိုနေလို့ ခဏသွားပေးတာ၊ သူ့ချစ်အိုပါးကြီး ပြန်လာတော့ လူကိုဂရုမစိုက်တော့ဘူးလေ၊ ဟွန်း… မိန်းမက မပြောချင်ဘူး၊ ကိုရန်နိုင်ကြီးကို မချစ်လို့သာပဲ၊ ချွဲနွဲ့နေလိုက်တာ၊ ပလီပလာနဲ့ တကယ့် solmux မနိုင်မကြီး"
"အဲ့ဒီအချိန်တုန်းက… "
"ဘာလဲ ဆက်ပြောလေ"

ပြောနေရင်း ဆက်မပြောပဲ လူကို ပြုံးတုံ့တုံ့ကြီး ကြည့်နေလို့ မေးလိုက်မိသည်။

"မောင့်ကို သတိရသွားတယ်မလား၊ ငါလည်း နယုန်ကို ချွဲချင်လိုက်တာလို့ တွေးမိပြီးလေ"
"အမယ်… ရမနေပါဘူးနော်"

ပါးစပ်ကသာ ညာလို့ရပေမယ့် ပန်းရောင်သန်းသွားတဲ့ မျက်နှာကတော့ ညာလို့မရ။ နယုန် ပန်းသွေးရောင်ကြွနေသော ပါးပြင်လေးကို နမ်းလိုက်ပြီး။

"ညာလဲမညာတတ်ပဲနဲ့"
"ညာမနေဘူး၊ နင့်ကိုများ ဘာလို့ဆိုးနွဲ့ရမှာလဲ၊ နင်က အကြီးလည်းမဟုတ်၊ ငါ့ထက် ငယ်တာကြီးကို"
"ဪ… သင်္ကြန်ပြောတဲ့အဓိပ္ပါယ်က ကြီးတဲ့လူက အလျော့ပေး၊ အလိုလိုက်ရမှာလား၊ ဒါဆို မောင် ဆိုးပေးရမှာပေါ့"

ပြောနေရင်း လည်တိုင်ကို တိုးဝှေ့နမ်းရှိုက်လာလို့ သူ့ကိုယ်ကြီးကို တွန်းထုတ်ပစ်တော့သည်။

"အား… ယားပါတယ်ဆို၊ သွား… လာမနမ်းနဲ့"
"အငယ်ကဆိုးတာကို၊ ခွင့်လွှတ်ရမှာလေ"

ပုခုံးကို ဆွဲဖက်ဖို့လုပ်နေတဲ့ သူ့လက်တွေကို တဖြတ်ဖြတ်ရိုက်လိုက်ပြီး

"ဘာအငယ်လဲ၊ နယုန်စုတ် ငါနဲ့ဝေးဝေးနေစမ်း၊ အငယ်ဆိုတာ အကြီးပြောတဲ့စကားကို နားထောင်ရတယ်"
"ဪ… မ သူငယ်ချင်း မဝေမွန်တို့ လင်မယားကျတော့ အကြီးက အလျော့ပေးရမယ်၊ မောင်ကတော့ အငယ်မို့ အကြီးပြောစကား နားထောင်ရမယ်ပေါ့"
"ဟုတ်တယ်… ဟုတ်တယ်၊ ဘာဖြစ်လဲ"
"တရားတယ်နော်၊ မရဘူး၊ မလည်း မောင့်ကို အလိုလိုက်ရမယ်"

နှစ်ဦးသားကျီစယ်နေရင်း အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိ။ မေမိုးဆီက ဖုန်းဝင်လာမှပဲ အချိန်ကို သတိထားမိတော့သည်။ ညနေလေးနာရီခွဲခါနီးနေပါပြီ။ တော်သေးတယ်။ သူ ဆက်လာလို့ပါလား။ နယုန်နဲ့လာတွေ့နေလို့ မေမိုးဆီ ဖုန်းခေါ်ဖို့ကို မေ့သွားမိသည်။

"ဟယ်လို… မေမိုး… "
"နင်ဘယ်မှာလဲ၊ ဝေမွန်အိမ်မှာလား"
"ဟုတ်ဘူး၊ သူ့ဆီက ပြန်လာပြီ၊ နင့်ဆီတောင်ဖုန်းခေါ်မလို့၊ သူ့ယောကျာ်းပြန်လာလို့ သွားစရာမလိုတော့ဘူးလို့ ပြောမလို့"
"ဪ… ဒါဆို နင် ငါ့ကိုငါ့ရုံးမှာ လာကြိုပေးပါလား"
"အင်း… လာခဲ့မယ်လေ၊ နင်ဘာဖြစ်နေတာလဲ"
"ငါ မိုးညိုကို လိုက်ဖမ်းပြီး စာရင်းရှင်းမလို့"
"အမ်… အေးအေး ငါးနာရီအမှီလာခဲ့မယ်၊ နောက်ကျရင်လည်း ခဏစောင့်နော်"
"အေး အေး"

သင်္ကြန် ဖုန်းကို အိတ်ထဲထည့်ရင်း။

"လေးနာရီခွဲတော့မှာ ပြန်ကြစို့ နယုန်၊ နင်လည်း ရုံးကို ပြန်သွားဦးမှာမလား"
"မသွားတော့ပါဘူး၊ အိမ်ပြန်မှာ ငါးနာရီထိုးမှ ပြန်မယ်လေ"
"ဟုတ်လား… ငါကတော့ သွားမှရမယ်၊ မေမိုး သူဘဲနဲ့ ဘာပြသနာဖြစ်ပြန်ပြီလဲ မသိဘူး၊ အခြေအနေ သွားကြည့်လိုက်ဦးမယ်"
"မက… ချစ်သူထက် သူငယ်ချင်းကို ဦးစားပေးတာပေါ့၊ မောင့်ကို နှစ်နာရီပြည့်အောင်တောင် အချိန်မပေးချင်ဘူးပေါ့"
"ဟမ်… "

ရုတ်တရက်ကြီး ထညော်နေလို့ ကြောင်သွားမိသည်။

"ရပါတယ်လေ၊ မောင်က ချစ်ရတဲ့လူပဲ အလျော့ပေးရမှာပေါ့"
"ဘာတွေပြောနေတာလဲ နယုန်၊ ငါ နားမလည်ဘူး"
"ဟား… ဟား… ဟား… ညော်ချင်နေတဲ့လူတောင် ဆက်ညော်ဖို့အရေး နားလည်အောင် ရှင်းပြရဦးမှာလား၊ မရာ… အရမ်းချစ်တယ် သိလား"

ရယ်ရင်း ဖက်နမ်းပြန်တော့ မျက်စောင်းတစ်ချက်ဝှေ့လိုက်ပြီး

"သိဘူး၊ နင်ပြောနေတဲ့ပုံစံက ငါ အခုသွားတွေ့မယ့်သူငယ်ချင်းက ယောကျာ်းလေးမို့လို့လား၊ မိန်းကလေးချင်း သွားတွေ့မှာကို လိုက်မနာလိုပြနေလို့ နားမလည်လို့ မေးရတာ သိလား"
"ဘယ်သူပဲဖြစ်ဖြစ်၊ မက မောင့်ချစ်သူ၊ မ ဘဝမှာ မောင်က နံပါတ်တစ်ပဲ ဖြစ်ရမယ်လေ၊ မောင့်ထက် ဘယ်သူ့ကိုမှ ဦးစားမပေးရဘူး"
"ဘာ… နံပါတ်တစ်… "
"ဟုတ်တယ်"
"ကောင်းပြီလေ… နံပါတ်တစ်ဖြစ်ဖို့ဆို နောက်မှာ နှစ်သုံးလေးတွေ ရှိသင့်တာပေါ့ ဟုတ်ဖူးလား"
"ဘာပြောတယ်၊ လာ လာ အဲ့လို ရှောင်လို့ ရမလား၊ ပြောတုန်းက ပြောပြီးမှ"
"နင် အရင် စပြောတာလေ၊ တော်ပြီနော် နယုန်စုတ်၊ အကဲမပိုနဲ့တော့၊ မေမိုး စောင့်နေတော့မယ် သွား… ဆင်းတော့"

နယုန်က သူ့ကို တွန်းထုတ်နေတဲ့ သင်္ကြန်ရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ။

"မနက်ဖြန်… Lunch အတူစားမယ်နော်"
"တကယ်? "
"တကယ်ပေါ့"

သူမပါးလေးကို နုတ်ဆက်အနမ်းလေးပေးပြီး ဆင်းသွားလို့ လက်ပြကာ ထွက်ခဲ့လိုက်တော့သည်။ မေမိုးရုံးရှေ့ ရောက်လာတော့ ငါးနာရီကျော်နေပြီမို့ မေမိုးကလည်း ရုံးရှေ့မှာ ရပ်စောင့်နေပါသည်။ သင်္ကြန်သည် ကားကို သူမအရှေ့မှာရပ်လိုက်တော့ ကားပေါ်တက်လာခဲ့သည်။

"ဘယ်ကို မောင်းရမှာလဲ"
"ဂိမ်းဆိုင်… ဒီအချိန်ဆို ဂိမ်းဆိုင်မှာပဲ ရှိဦးမှာ"
"ပြောပါဦး ဘာပြသနာဖြစ်… "
"ဟွန်း… မနေ့ညက ဖုန်းပြောရင်း အလုပ်လုပ်ဖို့ ပြောတာကို ငါ့ကို ရန်ရှာတယ်လေ၊ နင် စဉ်းစားကြည့်ဦးဟယ်၊ အသက်နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီကို အလုပ်မလုပ်ချင်သေးဘူးဆိုတော့ ငါက သူ့ကို ဘာကိုယုံကြည်ပြီး လက်ထပ်ရမှာလဲ၊ ငါက ဒါလေးပြောလိုက်တာနဲ့ စိတ်ဆိုးဒေါသထွက်စရာအကြောင်း မရှိဘူးလို့ ထင်တာပဲ၊ စိတ်ဆိုးရင်လည်း သေလိုက်တော့ဟယ်၊ ငါ ပြောတာ မှားမှမမှားပဲ၊ အလုပ်လုပ်သင့်နေတာ ကြာပြီကို"

ချစ်သူတွေ၊ လင်မယားတွေကြားမှာလဲ မတူသောအကြောင်းအရာများ နေ့စဉ် စကားများနေကြပါလား။ တစ်ယောက်တစ်မျိုးစီနဲ့။ မရိုးနိုင်ခြင်းများစွ​ာနဲ့ ပြသနာဖြစ်နေတော့တာပင်။

"အခု နင် သူ့ကို သွားရှာပြီး ဘာပြောမလို့လဲ"
"တစ်နေကုန် ဖုန်းမကိုင်လို့လေ၊ ဘာအလုပ်ကြီးအကိုင်ကြီး လုပ်နေတဲ့လူမို့လို့ ဖုန်းမကိုင်နိုင်ရတာလဲ၊ ငါ့ဖုန်းမို့ တမင်မကိုင်တာလေ၊ အချိုးကိုက… ဖုန်းမကိုင်ရုံနဲ့ အားလုံးပြေလည်သွားတာမှ မဟုတ်တာ၊ ဒီနေ့ သူနဲ့ အပြတ်ရှင်းရမယ်"
"စိတ်လိုက်မာန်ပါလဲ လုပ်မနေနဲ့ဦး၊ ပြီးမှ ကိုယ်က မပြတ်နိုင်ရင် ပိုရံှုးလိမ့်မယ်"
"ဒီတစ်ခါတော့… "
"တကယ်ပြတ်ပြီလား"

ရွဲ့မေးလိုက်တဲ့ သင်္ကြန်ကို မေမိုးက မျက်စောင်းနဲ့ကြည့်ခဲ့ကာ။

"မပြောတတ်ဘူးလေ၊ အခြေအနေအရပေါ့၊ ဒင်းရဲ့အချိုးပေါ် မူတည်တယ်"

ချစ်ကြတာချင်း အတူတူ မိန်းကလေးတွေက ပိုချစ်မိရင် ပိုပြီး အရံှုးပေးရသလိုပင်။ မေမိုးဟာ စိတ်ဆိုးနေချိန်တောင် ဖြတ်ပစ်မယ်လို့ အပြတ်မပြောနိုင်သေး။ မိုးညိုရဲ့အချိုးပေါ် မူတည်ပြီး ဆုံးဖြတ်ချင်ပြန်သေးသည်။ ဂိမ်းဆိုင်ရောက်ခါနီးမှာတော့။

"ဟဲ့… ဒီအတိုင်း ခေါ်လာခဲ့နော်၊ ဆိုင်ထဲမှာ စကားများမနေနဲ့ဦး"
"စိတ်ချ၊ အဲ့လို့စကားများချင်ရင်တောင် သူက ပိုရှက်တတ်လွန်းလို့ အများမခံဘူး၊ လူမရှိတဲ့နေရာကို အရင်ခေါ်သွားမှာ"

တော်ပါသေးရဲ့။ ဂိမ်းဆိုင်ဟာ တိုက်ခန်းတွေ ရှိတဲ့လမ်းထဲမှာဆိုတော့ လူနေထူထပ်ပါသည်။ စကားများကြရင် ဝိုင်းကြည့်ကြမယ့်လူတွေမနည်း။

မေမိုး ဆင်းသွားတော့ သင်္ကြန် ကားပေါ်မှာပဲ ထိုင်စောင့်ကာ ကျန်နေခဲ့သည်။ ဝင်သွားတာ ဘယ်လောက်မှ မကြာလိုက်။ ဂျစ်ကန်ကန်ရုပ်နဲ့ ရှေ့ကနေ ထွက်လာတဲ့ မိုးညိုနဲ့ နောက်ကနေ ဒေါကန်ပြီးလိုက်လာတဲ့ မေမိုးတို့ဟာ ကားနောက်ခန်းထဲသို့ ဆောင့်ကြီးအောင့်ကြီး တက်လာကြသည်။

"ကဲ ပြော၊ ဘာပြောစရာရှိလို့ လိုက်လာတာလဲ"

အယ်… မေးပုံကလည်း။ သင်္ကြန်သာ မေမိုးနေရာမှာဆို ဒင်းရင်ဘတ်ကို ဆောင့်ကန်ပစ်မိမည်ထင်။ မေမိုးကတော့ ဘယ်လိုစိတ်နဲ့ သီးခံနေလဲမသိ။

"နင် ဘာလို့ ဖုန်းမကိုင်လဲ"
"အားမှမအားတာ"
"ဘာ! ဂိမ်းဆော့နေတဲ့လူက မအားဘူး ဟုတ်လား"
"ဘာအရေးကြီးကိစ္စတွေရှိလို့ လိုက်လာတာလဲ ပြောပါဦး"

နှစ်ယောက်လုံး ဒေါသထွက်နေကြသလို သူတို့စကားတွေကို နားထောင်နေရတဲ့ သင်္ကြန်လည်း ဒေါသထွက်ပါသည်။ မိုးညိုတို့ စကားပြောရင့်လိုက်ပုံများ။ မေမိုးဆိုတာ သူ တစ်ခွန်းလောက် ချော့ပြောတာနဲ့ ပျော့သွားမယ့်လူဆိုတာ သိသိကြီးနဲ့။ တမင်တကာ နိုင်စားနေသလိုပင်။

"နင်… အခုထိ အလုပ်လုပ်ဖို့ စိတ်ကူးမရှိသေးဘူးလား"
"မရှိသေးဘူး"
"ဒါဆို… အိမ်ထောင်ပြုဖို့ရော"
"အဲ့ဒါက အချိန်တန်ရင် သူ့ဘာသာ ဖြစ်လာမှာပေါ့၊ ဘာလဲ နင်က ငါအလုပ်မလုပ်ရင် မယူဘူးလို့ ပြောမလို့လား"
"နင် သိနေသားပဲ၊ ငါ ပြောစရာမလိုဘူးပေါ့"
"အဟက်… ငါ သွားတော့မယ်"

မိုးညိုက ကားတံခါးဖွင့်ပြီး ဆင်းဖို့ပြင်နေလို့။

"နေပါဦး၊ ငါတို့ စကားပြောတာ မပြီးသေးဘူးလေ၊ နင်နဲ့ငါ… ဒီနေ့ အပြတ်ရှင်းရအောင်"
"ဘာကို အပြတ်လဲ၊ ပြတ်ဖို့ဆိုတာက… ငါတို့ လမ်းခွဲမယ်လို့ ပြောချင်တာလား"
"ဟုတ်တယ်၊ လမ်းခွဲကြစို့၊ ငါတို့ ဒီလောက်ပဲ ရေစက်ပါတယ်လို့ သဘောထားကြတာပေါ့"

သင်္ကြန်မှာ ဘက်မှန်ထဲကနေ မေမိုးကို ကြည့်လိုက်မိသည်။ မေမိုးတို့ ပြတ်သားလိုက်ပုံများ။ အင်းလေ မိုးညိုပြောနေပုံကလည်း အမြီးဆွဲပြီး ကိုင်ပေါက်ပစ်ချင်စရာ ကောင်းနေတာကိုး။

"ဘာ… မင်း… ငါတို့ နှစ်တွေအကြာကြီးတွဲလာတာကို… မင်းအတွက် အရမ်းလွယ်နေတယ်ပေါ့"
"အဲ့လို လွယ်အောင် နင်လုပ်ခဲ့တာ​ကိုး၊ လွမ်းစရာ အကြောင်းကို မရှိဘူး"

မိုးညိုက ဘာမှပြန်မပြောပ​ဲ ဆင်းသွားကာ ကားတံခါးကို ဆောင့်ပိတ်သွားသေးသည်။ မေမိုးက ဒေါသထွက်နေပေမယ့် သူ့ကို တစ်ချက်မှ လှည့်မကြည့်ပဲ ဂိမ်းဆိုင်ထဲ ဝင်သွားတဲ့ မိုးညိုကို လိုက်ကြည့်နေပြန်သေးသည်။ စိတ်ဆိုးလွန်းလို့ ပြောလိုက်ပေမယ့် သံယောဇဉ်ကတော့ မပြတ်နိုင်သေးပါ။ တကယ်ပါပဲ။ ပိုချစ်ရသူက အရံှုးဆိုတာ တကယ်ကိုမှန်တာပါလား။

"သွားတော့မလား"
"အင်း… သွားစို့ "

သင်္ကြန်သည် ကားမောင်းထွက်လာရင်း ဘက်မှန်ထဲကနေ လှမ်းလှမ်းကြည့်ပေမယ့် မေမိုးက ငိုမနေပါ။ အပြင်ဘက်ကို ကြည့်ရင်း ဘာတွေတွေးနေမှန်းမသိ။ စကားမပြောပဲ တိတ်ဆိတ်ငြိမ်သက်၍သာ ပါလာခဲ့သည်။

ဒီတစ်ခါတော့ သူတို့ တကယ်ပြတ်သွားကြပြီထင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါမှ လမ်းခွဲစကား ပြောဖူးကြတဲ့လူတွေမဟုတ်တော့ အခုအချိန်မှာ နှစ်ယောက်လုံး ခံစားရမှာတော့ သေချာပါသည်။ မေမိုးကတော့ ပိုဆိုးရှာမှာပေါ့။ မိုးညိုကို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားမှန်း သိသိကြီးနဲ့ အချိန်ကုန်ခံကာ ချစ်ခဲ့ရသူဆိုတော့… ။

အချစ်ဆိုတာကြီးကလည်း အပေးအယူမျှမှ ဆက်ချစ်နိုင်မယ့်အရာပါလား။ တစ်ဖက်ကလိုပြီး၊ တစ်ဖက်ကပိုနေလွန်းရင်လည်း အချည်းနှီးသာ။

မေမိုးခမျာ သိပ်ချစ်ခဲ့ရပေမယ့် ဘာမှအရာမထင်ပါလားကွယ်။

အားပေးမှုကို ကျေးဇူးတင်ပါသည်။
N. Maria Seng
Photo#Credit

ပုံထဲက ဘူတွေလဲ ပြောပြကြည့် 😂

Zawgyi font
ခ္စ္္ရ​ေသာ ယုႏ္်ဖဴေလး [ Ohh! my boy ]
အပိုင္း ( ၁၇ )

အခန္း ( ၄၁ )

"ေတာ္ေသးတယ္ သိလား၊ ငါ့မွာ သူတို႔ကြာရွင္းရင္ေတာ့ သြားပါၿပီဆိုၿပီး စိတ္ပူေနခဲ့တာ၊ အဆင္ေျပသြားလို႔ပါလား၊ မေျပရင္ေတာ့ တစ္သက္လုံး ေနာင္တေတြ ရေနေတာ့မွာ"

မေဝမြန္တို႔လင္မယားအေၾကာင္းကို မေန႕ည ဖုန္းေျပာတုန္းကလည္း ေျပာၿပီးၿပီဆိုေပမယ့္ မနက္႐ုံးေရာက္ေတာ့လည္း ထပ္ေျပာျပန္သည္။ သၾကၤန္ဟာ သူငယ္ခ်င္း အိမ္ေထာင္ကြဲမွာကို အေတာ္စိုးရိမ္ခဲ့ရပုံပါ။

"မကလဲ၊ မ စိတ္ပူေနမွန္းသိလို႔ ေမာင္ေျပာခဲ့သားပဲ၊ ကိုရန္နိုင္က ကြာရွင္းေပးမွာ မဟုတ္ဘူးလို႔၊ မေဝမြန္ကို အရမ္းခ်စ္ပါတယ္ဆို"
"ခ်စ္တာေတာ့ ခ်စ္ေပမယ့္ အရိုက္ခံရေတာ့ စိတ္နာသြားရင္ ဘယ္လိုလုပ္မလဲ၊ လူ႕စိတ္ဆိုတာ ေျပာလို႔ရတာမဟုတ္ဘူး"
"ဒါေတာ့ ဟုတ္ပါတယ္၊ လူ႕စိတ္ဆိုတာ အာမခံလို႔မွ မရတာ၊ ဒါေပမယ့္ အခုမွ ယူထားတာ တစ္လေတာင္မျပည့္ေသးဘူးေလ၊ ကိုရန္နိုင္ႀကီးက ခ်စ္လို႔ေတာင္ ဝဦးမွာ မဟုတ္ဘူး"
"ထားပါေတာ့ ရွင္တို႔မိတ္ေဆြႀကီးအေၾကာင္း ရွင္တို႔ပဲ ပိုသိမွာေပါ့"

နယုန္ ခ်စ္ရတဲ့မမႀကီးကို ခ်စ္မဝတဲ့မ်က္လုံးေတြနဲ႕ၾကည့္ေနရင္း

"ေမာင္လည္း မကိုခုထိကို ခ်စ္လို႔မဝေသးဘူး၊ တစ္ခါတေလ ေသြးသားမေတာ္စပ္တဲ့ သူစိမ္းတစ္ေယာက္ကို ဘာလို႔မ်ား အဲ့ေလာက္ထိ ခ်စ္သြားမိနာလဲဆိုတာ စဥ္းစားမိေသးတယ္"
"အဲ့ဒီေတာ့… ဘာတဲ့လဲ၊ စဥ္းစားလို႔ရလား၊ အေျဖထြက္လား"
"ထြက္တယ္၊ ခ်စ္လို႔ခ်စ္တာ သိပ္စဥ္းစားမေနနဲ႕တဲ့"
"ငေပါ… သြားမယ္ဟယ္"
"ဘယ္ကိုလဲ"
"အေရွ႕ကိုေလ၊ အလုပ္လုပ္ရမွာေပါ့၊ ဒီေန႕ မင္းသာထက္ကို အကုန္လြဲေပးရမွာ၊ လက္မွတ္ထိုးၿပီး… အဲ့ဒီစာရင္းေတြ သြားလုပ္လိုက္ဦးမယ္"

ဟုတ္သားပဲ။ မနက္ျဖန္တစ္ရက္ၿပီးရင္ ေနာက္ရက္ေတြဆို ႐ုံးမွာ ခ်စ္သူမ်က္ႏွာေလးကို မေတြ႕ရေတာ့ဘူးေပါ့။ မ်က္ႏွာပ်က္သြားတဲ့ နယုန္ေၾကာင့္ သၾကၤန္ၿပဳံးလိုက္မိၿပီး။

"အခုမွ အကဲပိုမေနနဲ႕ ေမာင္နယုန္ဖြား၊ ရွင့္အစီအစဥ္အတိုင္း လုပ္တာေနာ္"
"ဟုတ္ပါတယ္၊ ေမာင္ ဘာေျပာလို႔လဲ"
"ဒါဆို မ်က္ႏွာက ဘာလို႔ပ်က္… "
"လြမ္းလို႔… "
"ေတာ္ပါ၊ လာခြၽဲမေနနဲ႕၊ အပိုေတြ…"
"မပိုပါဘူး၊ လိုေတာင္လိုေနေသးတယ္၊ မ မသိလို႔ပါ"

လူကို ခြၽဲႏြဲ႕ေနတဲ့ နယုန္စုတ္ေလးကို မ်က္ေစာင္းထိုးကာ ထြက္ခဲ့လိုက္ေတာ့သည္။ တကယ္ေတာ့ သၾကၤန္လည္း စိတ္မေကာင္းပါ။ သူနဲ႕အၿမဲေတြ႕ခြင့္မရေတာ့တဲ့အျပင္ အလုပ္သံေယာဇဥ္ကလည္း ရွိေသးေတာ့ ဝမ္းနည္းမိေပမယ့္ ဟန္ေဆာင္ေနခဲ့ပါသည္။

"ဪ… ခင္သၾကၤန္မိုးက ရွိေသးတာပဲ၊ အန္တီက နားသြားၿပီ ထင္ေနတာ"

မင္းသာထက္ကိုအပ္ဖို႔ soft copy၊ hard copy file ေတြနဲ႕ ပစၥည္းစာရင္းေတြ ေသခ်ာစဥ္းစားရင္း စာစီေနတဲ့ သၾကၤန္ဟာ အသံၾကားလို႔ ေမာ့ၾကည့္လိုက္ေတာ့ သူမစားပြဲေရွ႕ရပ္ကာ ရယ္ျပေနတဲ့ ေဒၚယမင္းသူဇာနဲ႕ မိန္းမလွေလးတစ္ေယာက္။ သၾကၤန္ ၿပဳံးျပလိုက္ရင္း ထရပ္လိုက္သည္။ လူႀကီးဆိုေတာ့ ထိုင္ၿပီး ႏုတ္ဆက္ေနလို႔လဲ မေကာင္းပါ။

"ဟုတ္… အန္တီ၊ မနက္ျဖန္တစ္ရက္ဆင္းၿပီးရင္ နားပါၿပီ"
"သမီး လကေလး… ဒါက သားသားရဲ႕ Secretary ခင္သၾကၤန္မိုးတဲ့၊ ခင္သၾကၤန္မိုး သမၺဴလထိန္ဝင္းတဲ့၊ သားသားနဲ႕ ေစ့စပ္မယ့္ မိန္းကေလးေပါ့"
"အာ… ႀကီးေမကလဲ… "

သၾကၤန္သည္ ရွက္ေသြးျဖာသြားတ့ဲ လကေလးကို ေဖာ္ေ႐ြစြာ ၿပဳံးျပလိုက္သည္။ ပုံစံေလးက မလႈပ္တလႈပ္နဲ႕ တစ္မ်ိဳးေလး ခ်စ္ဖို႔ေကာင္းပါသည္။

"လကေလးက အရမ္းလွတာပဲေနာ္၊ ျမန္မာဆန္ဆန္ေလးနဲ႕ ခ်စ္ဖို႔ေကာင္းတယ္"

ဒါက ႐ြဲ႕ၿပီးေျပာတာ မဟုတ္ရပါ။ တကယ္ပဲ လကေလးက ခ်ီးက်ဴးရေလာက္ေအာင္ လွသူမို႔ စိတ္ထဲရွိတဲ့အတိုင္း ခ်ီးက်ဴးလိုက္မိတာပါ။

"မမက ပိုလွတာပါ၊ လကေလး မမကို အားက်တယ္၊ မမလိုမ်ိဳး တက္တက္ႂကြႂကြ အလုပ္လုပ္ခ်င္တာ သိလား"
"ဒါဆို အေတာ္ပဲ၊ ခင္သၾကၤန္မိုးက အလုပ္ထြက္ေတာ့မွာဆိုေတာ့ သူ႕ေနရာမွာ သမီးဝင္လုပ္လို႔ရတာပဲ"

ႀကီးေမသည္ သူမကိုေတာ့ ခင္သၾကၤန္မိုးဆိုၿပီး နာမည္အရွည္ႀကီးကို မာေတာင့္ေတာင့္ေလသံနဲ႕ မေမာတမ္းေခၚခဲ့ေပမယ့္ လကေလးကိုေတာ့ ေလသံမာမာနဲ႕ ေခၚမိရင္ေတာင္ နာက်င္ေတာ့မည့္အလား လကေလး၊ သမီးနဲ႕ ႏူးညံ့စြာသုံးႏႈန္းပါသည္။ တကယ္အမ်ိဳးေတာ္ရမယ့္သူကိုမွ စိတ္မၾကည္ေအာင္ အမ်ိဳးမ်ိဳး လာလုပ္ျပေနသလိုပင္။

"မျဖစ္ပါဘူး ႀကီးေမရယ္၊ ေဖေဖက လုပ္ခိုင္းမွာမဟုတ္ဘူး၊ ႀကီးေမလည္း ေဖေဖ့အေၾကာင္း သိရဲ႕သားနဲ႕၊ ဒါေၾကာင့္ သမီးက မမတို႔ကို အားက်႐ုံပဲ တတ္နိုင္ေတာ့တယ္"

ႀကီးေမသည္ တူမေလာင္းက သၾကၤန္ကို အားက်ျပေနလို႔ သိပ္ႀကိဳက္ပုံမရ။ ဘာမွဆက္မေျပာေတာ့ပဲ ႐ုံးခန္းတံခါးဆြဲဖြင့္ကာ ဝင္သြားလို႔ လကေလးက သၾကၤန္ကို တစ္ခ်က္ၿပဳံးျပကာ လိုက္ဝင္သြားေတာ့သည္။

သၾကၤန္မွာ ရင္ေမာကာ သက္ျပင္းခ်လိဳက္မိေတာ့သည္။ ကိုယ့္ကို တစ္စက္မွ ၾကည္ပုံမရတဲ့ အသိုင္းအဝိုင္းထဲကို နယုန္ဖြားကို ခ်စ္႐ုံနဲ႕ ဝင္သင့္ရဲ႕လား။ လုံးဝႀကိဳဆိုဖို႔ စိတ္ကူးမရွိေၾကာင္းကို အရိပ္အႁမြက္တင္မက ေသခ်ာႀကီးကို လာလာေဖာ္ျပေနတာကို။ ႀကီးေမဟာ နယုန္နဲ႕ သၾကၤန္ကို မသကၤံာ႐ုံမက ႀကိဳက္ေနတယ္ဆိုတာ သိေနလို႔မ်ားလား။

နယုန္မွာ ႀကီးေမနဲ႕အတူ လကေလးပါ ပါလာလို႔ အ့ံဩေနမိသည္။ ႀကီးေမက တစ္ခါမွ ႐ုံးကိုမလာဖူးတဲ့ လကေလးကို ေခၚလာတာဟာ ေသြးရိုးသားရိုး မျဖစ္နိုင္ဘူးဆိုတာ ရိပ္မိပါသည္။ ႐ုံးခန္းထဲ မဝင္ခင္ အျပင္ဘက္မွာ ရွိေနတဲ့ သၾကၤန္ကို ဘာေတြမ်ား ေျပာခဲ့ျပန္ၿပီလဲမသိ။

"ႀကီးေမ… လကေလးပါ ပါလာတာကိုး၊ ထိုင္ပါဦး၊ ဘယ္ကေန လွည့္လာၾကတာလဲ"

နယုန္ လကေလးကို ႏုတ္ဆက္စကားဆိုရင္း ဆိုဖာမွာ မ်က္ႏွာခ်င္းဆိုင္ ဝင္ထိုင္လိုက္သည္။

"ႀကီးေမနဲ႕ အလႉသြားၿပီး ျပန္လာတာ ကိုနယုန္"
"ဪ… ဘာေသာက္မလဲ၊ အပူလား၊ အေအးလား"
"လကေလးက အခုမွ ႐ုံးကိုလာလည္ဖူးတာကို၊ အျပင္မွာ တစ္ခုခုလိုက္ေကြၽးေပါ့သားရယ္"

နယုန္ႀကိတ္ကာ သက္ျပင္းခ်လိဳက္မိရင္း။

"သား မအားလို႔ ႀကီးေမ၊ ဧည့္သည္တစ္ေယာက္နဲ႕ ေတြ႕ဖို႔ ခ်ိန္းထားလို႔…"

လူႀကီးေတြကို တစ္ခါမွ မညာဖူးေပမယ့္ ညာလိုက္မိသည္။ ညာတယ္လို႔လည္း ေျပာလို႔ေတာ့ မရ။ တကယ္ပဲ ဧည့္သည္လာဖို႔ ရွိတာပဲေလ။ သို႔ေသာ္ အခုေတာ့မဟုတ္။ ေန႕လယ္ႏွစ္နာရီေလာက္မွပါ။ လကေလးနဲ႕ တြဲၿပီး အျပင္မထြက္ခ်င္လို႔ အေၾကာင္းျပလိုက္ျခင္း ျဖစ္သည္။

"ရပါတယ္ ကိုနယုန္၊ အလုပ္ရွိေနတာဆိုရင္ မသြားပါနဲ႕၊ လကေလးတို႔က လမ္းႀကဳံလို႔ ဝင္လာတာပါ"

သူ ျငင္းလိုက္လို႔ ႀကီးေမက သိပ္အလိုက်ပဳံမရ။ လကေလးက နားလည္မႈရွိလို႔ ေတာ္ေသးသည္။

"လကေလးက အလုပ္လုပ္ခ်င္လို႔တဲ့၊ ခင္သၾကၤန္မိုးေနရာမွာ လုပ္ရင္ရတာပဲကို"
"ဗ်ာ… အဲ့ဒီေနရာက ေခၚထားၿပီးၿပီး ႀကီးေမ၊ မင္းထက္သာ အျပင္သြားေနလို႔ မေတြ႕တာေနမယ္၊ လကေလး လုပ္ခ်င္ရင္ တျခား position ေတြ ရွိပါေသးတယ္"
"မလုပ္ပါဘူး ကိုနယုန္ရယ္၊ ေဖေဖ့အလုပ္မွာေတာင္ မလုပ္ရတာကို၊ ဒီမွာဆို ပိုဆိုးေပါ့၊ ေဖေဖက ခြင့္ျပဳမွာ မဟုတ္ဘူး"
"ဟုတ္ပါတယ္ေလ၊ အန္ကယ္ဝင္းက boss ပဲဟာ၊ လကေလးက ဘာလုပ္စရာလိုလို႔လဲ"
"အဲ့ဒီလို မဟုတ္ပါဘူး၊ လကေလးက အရမ္းအ, လို႔ မလုပ္ခိုင္းတာပဲ ျဖစ္နိုင္ပါတယ္၊ ေဖေဖက ညီမေလးကိုက်ေတာ့ အခုကတည္းက ကုမၸဏီကို ေခၚသြားတယ္ေလ၊ ေက်ာင္းေတာင္ မၿပီးေသးတာကို၊ ကိုနယုန္လည္း သိပါတယ္၊ ရီေလးက လကေလးနဲ႕မွ မတူတာ၊ ေတာ္တာကိုး"

လကေလးက ႐ုပ္ေလးလွသလို အေနေအးၿပီး စိတ္ထားေလးလည္း ေကာင္းရွာသည္။ ကိႏၷရီထိန္ဝင္းဆိုတဲ့ သူမညီမကေတာ့ အငယ္ဆိုေပမယ့္ သြက္လက္ထက္ျမက္ပါသည္။ ဒါေၾကာင့္ပဲ သမီးႏွစ္ေယာက္ပဲရွိတဲ့ သူမအေဖက သမီးအငယ္ကို ယုံၾကည္အားကိုးခ်င္တာျဖစ္မည္။

"ကိႏၷရီေတာင္ မေန႕က လျပည့္နဲ႕ အိမ္ကို လိုက္လာတယ္၊ လျပည့္က ေနာက္ဆိုငါတို႔အမ်ိဳးေတာ္ရေတာ့မွာေနာ္လို႔ ေျပာၿပီး ရယ္ေနၾကေသးတယ္"

ႀကီးေမစကားေၾကာင့္ လကေလးက ရွက္ကိုးရွက္ကန္းျဖစ္ကာ ေခါင္းငုံ႕သြားေပမယ့္ နယုန္ကေတာ့ စိတ္ရႈပ္သြားရသည္။ စိတ္ညစ္ညစ္န႕​ဲ တိုင္ကပ္နာရီကို ေမာ့ၾကည့္လိုက္မိလို႔။

"ကိုနယုန္ ဧည့္သည္လာခါနီးၿပီထင္တယ္၊ ႀကီးေမ လကေလးတို႔ ျပန္ေတာ့မလားဟင္"
"အင္းေလ… ျပန္ၾကတာေပါ့၊ ေနာက္တစ္ခါမွ ေအးေဆးလာလည္ၾကတာေပါ့ေနာ္"

ႀကီးေမတို႔ ျပန္သြားမွပဲ ခုံကို ခပ္ေလ်ာ့ေလ်ာ့မွီထိုင္လိုက္ကာ ကိုယ့္အျဖစ္ကို စိတ္ကုန္မိေတာ့သည္။ သၾကၤန္ အလုပ္ထြက္ခါနီးမွ ဘာလို႔အခုလိုေတြ လာျဖစ္ေနရသလဲ။ ႀကီးေမကလည္း သူ ေသခ်ာေျပာထားရက္နဲ႕ လကေလးကို ကုမၸဏီအထိ ေခၚလာခဲ့ေသးသည္။ စကားမလြန္ထားပါနဲ႕လို႔ ေျပာထားေသာ္လည္း မရ။ ကာယကံရွင္ ႏွစ္ေယာက္ေရွ႕မွာ ေပၚတင္ႀကီး ေျပာေနျပန္သည္။

"သၾကၤန္… ဝင္လာခဲ့ဦး"

သိသားပဲ။ သူ႕ႀကီးေမတို႔ ျပန္သြားတာနဲ႕ ေခၚေတာ့မယ္ဆိုတာ။ သၾကၤန္ မထခ်င္၊ ထခ်င္နဲ႕ ထလာခဲ့ရသည္။

"မ… ေမာင္ ဘယ္ကေန စေျပာရမယ္မွန္း မသိေတာ့ဘူး"
"… "

မသိရင္ မေျပာနဲ႕ေတာ့ေပါ့ဟယ္။ သူ တစ္ေယာက္ထဲ စိတ္ရႈပ္ရတာမဟုတ္။ သူမက ပိုၿပီး စိတ္အေႏွာက္အယွက္ ျဖစ္ရတာပါ။ ႀကီးေမရဲ႕အခ်ိဳးအခ်ိတ္က ဘာကိုဆိုလိုခ်င္မွန္း မသိပဲေနပါ့မလား။

"အဲ့လိုႀကီး မေနနဲ႕ကြာ၊ တစ္ခုခုေတာ့ ေျပာဦးေလ"
"ဘာေျပာရမွာလဲ၊ ေျပာစရာမွ မရွိတာ"
"ဘာလို႔မရွိရမွာလဲ၊ ႀကီးေမ ဘာေျပာသြားေသးလဲ"
"သိၿပီးသားကိစၥကိုပဲ ထပ္ေျပာျပသြားတာေပါ့၊ လကေလးက သူ႕တူရဲ႕သတို႔သမီးေလာင္းဆိုတာ…"

နယုန္ ဆံပင္ေတြၾကားထဲ လက္ေခ်ာင္းေတြထိုးထည့္ကာ ဖြလိုက္မိရင္း။

"စိတ္ဆိုးသြားလား"
"မဆိုးပါဘူး၊ သိၿပီးသားပဲကို… "

စိတ္မဆိုးတဲ့လူရဲ႕ ေအးစက္စက္ မ်က္ႏွာေပးက ပိုၿပီးေၾကာက္ဖို႔ ေကာင္းေနသည္။

"အဲ့လို မေျပာပါနဲ႕မရာ… ေမာင္လည္း တအားစိတ္ညစ္ေနတယ္၊ ဒီကိစၥကို ဘယ္လိုေျဖရွင္းရမလဲဆိုတာ စဥ္းစားလို႔ မရေသးဘူး"
"အေကာင္းဆုံးကေတာ့… "
"မဆီက ဘာအႀကံေပးစကားမွ မၾကားခ်င္ဘူး"

သူ႕ကို အျမင္ကတ္ကတ္နဲ႕ မ်က္ေစာင္းထိုးပစ္ေတာ့သည္။ စကားေတာင္ ဆုံးေအာင္ေျပာခြင့္မရ။ လူကို လာၿပီး တားျမစ္ေနေသးသည္။

"ေမာင္တို႔ကိစၥကို ေမာင္ပဲဦးေဆာင္မယ္၊ မက ေမာင့္ေနာက္ကေန ယုံယုံၾကည္ၾကည္ လိုက္ေပးရင္ လုံေလာက္ၿပီ"
"ဘာကို ယုံၾကည္ရမွာလဲ၊ အေျခအေနေတြက သိတဲ့အတိုင္း နင္နဲ႕ငါ လက္ထပ္ျဖစ္ဖို႔ေတာင္ မေသခ်ာတဲ့ဟာ"
"အဲ့ဒါေတာ့ အာမခံတယ္၊ ကြၽန္ေတာ္ သၾကၤန္ကိုပဲ လက္ထပ္မွာ၊ အာမခံတယ္၊ ဘယ္လိုအေျခအေနနဲ႕ႀကဳံရႀကဳံရ သၾကၤန္သာ မေျပာင္းလဲဖို႔ လိုတယ္၊ ေမာင္ကေတာ့ အၿမဲတမ္း ဒီခံစားခ်က္ပဲ"
"ဒါကေတာ့ နင္က ခံရတဲ့လူမွ မဟုတ္တာ၊ ငါ့အေမကလည္း နင္နဲ႕ သေဘာမတူနိုင္ဘူး၊ ကိုေကာင္းျမတ္နဲ႕ပဲ သေဘာတူတာလို႔ ေျပာရင္ နင္ဘယ္လိုခံစားရမလဲ"
"အမွန္အတိုင္း ေျပာျပရမလား"
"ေျပာေပါ့"
"ဘယ္လိုမွ မခံစားရဘူး၊ အစကတည္းက ကိုေကာင္းျမတ္နဲ႕ သေဘာတူထားတာကို၊ ေမာင္ေပၚလာမွ ေကာက္ၿပီး ေပးစားမယ္လို႔ ေျပာတာလည္း မဟုတ္၊ လူႀကီးေတြပဲ သေဘာတူတာ သၾကၤန္က ႀကိဳက္လည္းမႀကိဳက္ဘူး၊ လက္လည္းမခံဘူးဆိုတာ သိၿပီးသားပဲေလ၊ ဒါေပမဲ့  မ… အဲ့ဒီလူနဲ႕ တြဲသြားတြဲလာ မလုပ္ရဘူး၊ အဲ့ဒါေတာ့ မခံစားနိုင္ဘူး၊ တကယ္သဝန္တိုတယ္၊ ခ်စ္သူမျဖစ္ခင္ကေတာင္ ရင္ကိုမီးစနဲ႕ ထိုးသလိုပဲ၊ အခုလို ခ်စ္သူျဖစ္ၿပီးမွ အဲ့လိုတြဲသြားေနတာ ေတြ႕လို႔ကေတာ့ လူၾကားထဲလဲ မေရွာင္ဘူး၊ လာဆြဲေခၚမွာ၊ မက ေမာင့္ခ်စ္သူဆိုတာ မေမ့နဲ႕"

ၾကည့္စမ္း။ ဒီႏွလုံးသားေလးဟာ အမွတ္မရွိ ဘာမဟုတ္တဲ့စကားလုံးေတြအေပၚမွာ ၾကည္ႏူးေနျပန္ၿပီ။ စိတ္ဆိုးေနတာေလ။ အဲ့ဒီမွာ သာယာျပေနလိုက္ေတာ့။ သၾကၤန္ဟာ နယုန္အေပၚ တင္းမာလို႔မရတဲ့ ကိုယ့္စိတ္ကို အားမလိုအားမရျဖစ္ေပမယ့္ တကယ္မျပတ္နိုင္ဘူးဆိုတာ ပိုပိုသိလာလို႔ သက္ျပင္းသာ ခ်ရေတာ့သည္။

"အခု ေသခ်ာမွာထားၿပီေနာ္၊ ကိုေကာင္းျမတ္နဲ႕ ဘယ္ကိုမွ အတူမသြားပါနဲ႕၊ ေမာင္ ဖုန္းဆက္တဲ့အခ်ိန္ဆို ခ်က္ခ်င္းလာေတြ႕ရမယ္၊ မလာလို႔မရဘူး၊ ဘာအေၾကာင္းျပခ်က္မွ လာမေပးနဲ႕"
"ဟင္… အ့ံဩပါ့၊ ငါလည္း အေမနဲ႕အတူ ႐ုံးတက္ရမွာေလ"
"တက္ေလ၊ အဲ့ကေန လာေပါ့"
"လာမေနဘူး"
"လာမွာပါ၊ ေမာင္သိတယ္၊ မ ေမာင့္ကို အရမ္းခ်စ္တယ္ဆိုတာကို"
"ခ်စ္မေနဘူး၊ အျမင္ကတ္ပါတယ္ဆို"
"ဟုတ္လား၊ အခု တကယ္ အျမင္ကပ္ၾကမလား"

နယုန္စုတ္ဟာ စားပြဲေနာက္မွာ ထိုင္ေနရာမွ ထရပ္ကာ သၾကၤန္ရဲ႕မ်က္ႏွာနားသို႔ ကပ္ခဲ့လို႔ အျမန္ထလိုက္ရသည္။

"ဟြန္း… မကပ္ခ်င္ဘူးေနာ္၊ မလာခဲ့နဲ႕ေနာ္ နယုန္ဖြား၊ ဘာမွန္းလဲ မသိဘူး၊ သြားၿပီ၊ ငါ မအားဘူး၊ ေနာက္တစ္ခါ ထပ္မေခၚနဲ႕"

Secretary မမဟာ ေမာင္ေလး Boss ကို အမိန႔္ေပးကာ ထြက္သြားေလေတာ့သည္။ ေတာ္ပါေသးရဲ႕။ ဒီေလာက္နဲ႕ စိတ္ေျပသြားလို႔။ အခုလို အတူရွိေနခ်ိန္ ဘယ္ေလာက္ထိ စိတ္ဆိုး စိတ္ေကာက္လည္း သိပ္စိတ္မပူပါ။ အလုပ္ထြက္ၿပီးခ်ိန္မွာသာ ေကာက္လို႔ကေတာ့ ဘယ္ကိုလိုက္ၿပီး ေခ်ာ့ရမယ္မွန္းမသိ။ သူ႕ကိုခ်စ္မွန္းသိေပမယ့္ မာနေတြနဲ႕ တင္းခံကာ ပုန္းေရွာင္ေနမွာကိုပဲ စိုးရိမ္မိတာပါ။

ဒီလိုနဲ႕ေတာ့ အေဝးမခံနိုင္ပါ။ ေမာင္တို႔ အျမန္လက္ထပ္နိုင္ေအာင္ ႀကိဳးစားရမယ္ သၾကၤန္ရယ္။

============

အခန္း ( ၄၂ )

အလုပ္ထြက္ၿပီး အိမ္တြင္းေအာင္းကာ တစ္ပါတ္ဆယ္ရက္ေလာက္ ပ်င္းဖို႔ႀကံစည္ထားတဲ့ သၾကၤန္ဟာ ေဝမြန္ေၾကာင့္ ထြက္လာခဲ့ရသည္။ ငိုသံႀကီးနဲ႕ ဖုန္းေခၚလာၿပီး အိမ္ကို လာဖို႔ေျပာေတာ့ ကိုရန္နိုင္နဲ႕ ဘာျပသနာေတြမ်ား ထပ္ျဖစ္ျပန္ၿပီလဲလို႔ စိတ္ပူကာ အေျပးလာခဲ့မိေတာ့သည္။

သူမအိမ္ကိုေရာက္ၿပီး အေၾကာင္းစုံသိရၿပီးေနာက္ သၾကၤန္ ေဝမြန္ကို ၾကည့္ရင္း ေတြးေနမိသည္။ ေဝမြန္ဟာ အိမ္ေထာင္က်ၿပီးမွ မ်က္ရည္ပိုလြယ္လာသလိုပင္။ အရင္က သူ႕အစ္ကိုဖုန္းဆက္ၿပီး ဆူတာေလာက္မ်ား ဟိုဘက္နားဝင္ၿပီး ဒီဘက္နားထြက္ဖို႔ မေျပာနဲ႕ နားထဲကို မျဖတ္။ ဖုန္းကို Speaker ႀကီးဖြင့္ၿပီး ပစ္ထားကာ လုပ္ခ်င္ရာေတြ လုပ္ေနတဲ့သူက။ အခုမွ အထူးအဆန္းလုပ္ကာ က်မ်က္ရည္ ေခ်ာင္းျဖစ္ေအာင္ ငိုေနေတာ့သည္။

ကိုရန္နိုင္ကို ရိုက္ထားမိလို႔ စိတ္မေကာင္းဓါတ္ခံနဲ႕မို႔ အဆူခံလိုက္ရေတာ့ ပိုစိတ္မေကာင္းျဖစ္မိသြားတာလဲ ျဖစ္နိုင္ပါသည္။

"နင္ စဥ္းစားၾကည့္ေလ၊ ငါက ငါ့ကို လက္နဲ႕႐ြယ္လို႔ ရိုက္တာေလ၊ အလကားေနရင္း အရင္သြားရိုက္ေနလို႔လား၊ သူ႕သူငယ္ခ်င္းက အရင္စလုပ္တာကို… မဟုတ္ဘူး၊ ရိုက္ေတာ့မလို လုပ္တာကို၊ ငါ တကယ္အရိုက္ခံရရင္ ဘယ္လိုလုပ္မလဲ၊ အဲ့ဒါကို လက္ကိုေက်ာက္ပတ္တီးစည္းရေလာက္ေအာင္ထိ ရိုက္လို႔တဲ့၊ တမင္တကာ လုပ္တာမလားဆိုၿပီး ဆူတာ"

သၾကၤန္မွာ ေဝမြန္ကို မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္လိုက္မိသည္။ အစြယ္လိုသူ မရွိေပမယ့္ သၾကၤန္က အသြားေစခိုင္းသူပါ။ အရိုက္ေစခိုင္းသူ အႀကံေပးခင္သၾကၤန္မိုး၊ ရိုက္မယ္ႏွက္မယ္ ၿခိမ္းေျခာက္သူ ကိုရန္နိုင္ကို ရိုက္မိသူက မေဝမြန္ဆိုေတာ့ ဒီကိစၥမွာ သူမလည္း အျပစ္မကင္းပါ။ ဒါကလည္း ကိုရန္နိုင္ ဟန္ေဆာင္ေနတယ္မွန္းမွ မသိတာကို။ သိရင္ ဘယ္သူက ဦးေအာင္ရိုက္ဖို႔ အႀကံေပးမွာလဲေနာ္။

"တမင္လုပ္တာေတာ့ လုပ္တာေပါ့၊ ဒါေပမယ့္ သူ႕သူငယ္ခ်င္း အရင္ၿခိမ္းေျခာက္တာေလ"
"ဟုတ္တယ္ေလ၊ ဟန္ေဆာင္ေနမွန္း ငါတို႔က ဘယ္သိမွာလဲ"
"ေအးေလ… ဟုတ္တယ္ေနာ့၊ ငါ့အစ္ကိုက ေမြးစားသားေနမွာ၊ ညီမအရင္းမဟုတ္လို႔ ညီမကို မသနားပဲ လာဆူေနတာ အီး ဟီး… "

ေဝမြန္စုတ္ဟာ ဝမ္းနည္းေနခ်ိန္ေတာင္ သူက ေမြးစားသမီးမဟုတ္၊ အစ္ကိုကိုသာ ေမြးစားသားျဖစ္ခိုင္းလိုက္ေသးသည္။

"အခုေျပလည္သြားၿပီလို႔ ေျပာျပလိုက္ေလ၊ နင့္အစ္ကိုကလည္း ေနာက္တစ္ရက္ႏွစ္ရက္ဆို ေက်ာက္ပတ္တီးေတာင္ ျဖည္ရေတာ့မွာကို အခုမွ သိၿပီးလာဆူေနေသးတယ္"
"ေအးေလ… ဘယ္သူေျပာျပလိုက္တာလဲ မသိဘူး"
"ငိုမေနနဲ႕ေတာ့၊ ၾကာေနၿပီ လာမဆူနဲ႕လို႔ ေျပာလိုက္တာမဟုတ္ဘူး"
"ေျပာတာေပါ့၊ လာမဆူနဲ႕လို႔၊ ႏွစ္ဖက္လုံးမေကာင္းလို႔ ျဖစ္ရတာကို၊ သူ႕သူငယ္ခ်င္းကို တစ္ခြန္းမွ အျပစ္မေျပာတာကို စိတ္အနာဆုံးပဲ သိလား၊ ငါကပ​ဲ လူယုတ္မာႀကီးက်လိဳ႕… မေကာင္းလိုက္တဲ့အစ္ကို"

ေဝမြန္က မငိုေတာ့ပဲ မ်က္ႏွာကို ေသခ်ာသုတ္ရင္း ျပန္ေျဖသည္။ သၾကၤန္ကို ရင္ဖြင့္ေျပာဆိုလိုက္ရလို႔ စိတ္ေျပသြားပုံပင္။

"ဟုတ္ပါ့၊ ဒါနဲ႕ နင္ ေမမိုးကိုေရာ ေခၚထားေသးလား"
"အင္း… ႐ုံးဆင္းတာနဲ႕လာခဲ့မယ္တဲ့"
"ဪ… ဟမ္… သူ ႐ုံးဆင္းရင္ နင့္ေယာက်ာ္းလဲ ျပန္လာခဲ့ေတာ့မွာေလ"
"လာ လာေပါ့၊ သူ႕ကိုမ်ား ဂ႐ုစိုက္လို႔၊ ငါ့အစ္ကိုကို သူ တိုင္လိုက္တာလည္း ျဖစ္နိုင္တယ္၊ ျပန္လာမွ ေမးၾကည့္ၿပီး ျပသနာရွာပစ္ရမယ္"
"ဟယ္… နင္ကလည္း ထပ္ၿပီးျပသနာမရွာပါနဲ႕ေတာ့၊ အခုမွ အဆင္ေျပခါစပဲ ရွိေသးတာကို"
"မရဘူး၊ ငါ လုံးဝမေက်နပ္ဘူး၊ သူ တိုင္တာဆိုရင္ေတာ့ ေနာက္တစ္ဖက္ပါ ေက်ာက္ပတ္တီးစည္းရေအာင္ ထပ္ရိုက္ပစ္မွာ"
"ဒီတစ္ခါေတာ့ ငါ အႀကံေပးတာမဟုတ္ဘူးေနာ္၊ ဟဲ့… ငါတို႔အခန္းလား၊ တံခါးဖြင့္ေနသလိုပဲ၊ ဘယ္သူလာတာလဲမသိဘူး"

ႏွစ္ေယာက္သား တံခါးေပါက္ကို ၾကည့္လိုက္ေတာ့ ဟယ္… ကိုရန္နိုင္ႀကီး ျပန္လာတာလား။ အခ်ိန္မဟုတ္ ဘာလို႔ျပန္လာရတာလဲ။ သူ႕ဘာသာ ေသာ့ဖြင့္ၿပီး ဝင္လာခဲ့တဲ့ ကိုရန္နိုင္က သၾကၤန္ကို ၿပဳံးျပရင္း။

"ဪ… သၾကၤန္ေရာက္ေနတာလား၊ ေတာ္ေသးတယ္၊ ဒီေန႕ ဘယ္သူမွ မလာလို႔ ေဝမြန္တစ္ေယာက္ထဲ ပ်င္းေနမွာ စိုးရိမ္ေန… ဟင္… ငိုထားတာလား၊ ဘာလို႔ ငိုေနတာလဲ ေဝမြန္"

ကိုရန္နိုင္က ေဝမြန္နားကို ျပာျပာသလဲ ကပ္ထိုင္ကာ ေမးေနေပမယ့္ ေဝမြန္ဟာ ကိုရန္နိုင္ကို မ်က္ေစာင္းထိုးကာ ၾကည့္ေနခဲ့သည္။ ဒုကၡပါပဲ။ ဒီလင္မယားဟာ သူမေရွ႕မွာ ရန္ျဖစ္ေတာ့မယ္ထင္ပါရဲ႕။

"ကိုကိုဆူလို႔…"
"အာ… ကိုယ့္ဆီလည္း ဖုန္းဆက္ေသးတယ္၊ ကိုယ္တို႔ ရန္ျဖစ္တာကို တစ္ေယာက္ေယာက္ ေျပာျပလိုက္တယ္ထင္တယ္"
"အီး… ဟီး… "

အခုေလးတင္မွ စိတ္ေျပသြားၿပီး အငိုရပ္သြားတာကို သူ႕ေယာက်ာ္းကို ျမင္ေတာ့ ထပ္ငိုေနျပန္ၿပီ။ ကိုရန္နိုင္က အေသအလဲ ဝမ္းနည္းေနပုံရတဲ့ ခ်စ္ဇနီးကို ဆြဲဖက္ကာ ေက်ာျပင္ေလးကို ပုတ္ကာႏွစ္သိမ့္ေနသည္။

"ေဝမြန္ကလည္း ကေလးေလးက်ေနတာပဲ၊ မငိုနဲ႕ေတာ့… မငိုနဲ႕ေတာ့၊ ဒီေကာင္ကလည္းကြာ ကိုယ္ ဘာမွမျဖစ္ဘူး၊ မဆူပါနဲ႕လို႔ ေျပာလိုက္ရဲ႕သားနဲ႕၊ စိတ္မေကာင္းမျဖစ္နဲ႕ေတာ့ေနာ္၊ မငိုနဲ႕ေတာ့… ဘာမွမျဖစ္ပဲနဲ႕၊ တိတ္ေတာ့ေနာ္၊ မနက္ျဖန္ ကိုယ္တို႔မဂၤံလာသက္တမ္း တစ္လျပည့္မို႔ ကိုယ့္မိန္းမကို ဘာလက္ေဆာင္ေပးရင္ ေကာင္းမလဲလို႔ စဥ္းစားေနပါတယ္ဆို၊ ဘာေပးရမယ္မွန္းမသိလို ေဝမြန္လိုခ်င္တာပဲ ဝယ္ေပးေတာ့မယ္၊ ဘာလိုခ်င္လဲ"
"တကယ္? တကယ္ေျပာတာလား"
"တကယ္ေပါ့၊ အမွန္ေတာ့ surprise ဆိုၿပီး ေပးခ်င္တာ၊ ဒါေပမယ့္… ေဝမြန္က ဘာလိုခ်င္ေနမွန္းမသိ၊ ဘာေပးရမယ္မွန္းလည္း မသိဆိုေတာ့… ကိုယ့္မိန္းမလိုခ်င္တာကိုပဲ ဝယ္ေပးတာ အေကာင္းဆုံးလို႔ ေတြးလိုက္မိလို႔… "

မ်က္ရည္လည္႐ြဲနဲ႕ ငိုေနသူက ရင္ခြင္ထဲကေန ေယာက်ာ္းမ်က္ႏွာကို ေမာ့ၾကည့္ေနရင္း ဘာပူဆာရင္ေကာင္းမလဲ စဥ္းစားေနရလို႔ မ်က္ရည္ဆက္က်ဖိဳ႕ ေမ့သြားပုံေပၚသည္။ ေနာက္လက္တစ္ဖက္ကို က်ိဳးေအာင္ရိုက္ဖို႔လည္း သတိကိုရတဲ့ပုံ မေပၚေတာ့။ ကဲ အခုေတာ့ ရင္ဖြင့္ေဖာ္ႀကီး အလိုက္တသိ ျပန္ခ်ိန္တန္ပါၿပီ။ ႏုတ္မဆက္ေတာ့ပဲ အိတ္ကိုလြယ္ၿပီး ထရပ္လိုက္ေတာ့ ကိုရန္နိုင္က။

"သၾကၤန္ ျပန္ေတာ့မလို႔လား"
"ကိုရန္နိုင္ ေရာက္လာၿပီပဲ၊ ကိုရန္နိုင္မိန္းမက သၾကၤန္ကို မလိုအပ္ေတာ့ဘူးဆိုေတာ့ ျပန္သင့္ၿပီေလ၊ Solmux မက လူတစ္ေယာက္လုံး သူ႕ေရွ႕မွာ ငုတ္တုတ္ထိုင္ေနတာေတာင္ ေမ့သြားၿပီ၊  ေမမိုးကိုလည္း မလာနဲ႕ေတာ့လို႔ ငါပဲ ဖုန္းဆက္လိုက္ေတာ့မယ္၊ ျပန္ေတာ့မယ္ ကိုရန္နိုင္၊ သြားၿပီ  Flemex အဟမ္း… ခြၽဲသလိပ္ေတြ ကပ္ေနလို႔ ဝယ္ေသာက္ရဦးမယ္၊ ဒါေတာင္ ခြၽဲကပ္ေနတာ ေပ်ာက္ပါ့မလား မသိဘူး"

ကိုရန္နိုင္က ၿပဳံးစိစိနဲ႕ ငုံ႕ၾကည့္ခဲ့လို႔ ေဝမြန္က အခုမွသတိရသြားကာ ႐ုန္းထြက္လိုက္သည္။ သူ႕ကိုျမင္တာနဲ႕ အဆူခံရတာကို တိုင္ခ်င္ေဇာအားႀကီးၿပီး သၾကၤန္ကို တကယ္ကို ေမ့သြားခဲ့မိတာပါ။ ေဝမြန္ သၾကၤန္ကို တံခါးေပါက္နားအထိ လိုက္ပို႔ေတာ့။

"ဟန္ေဆာင္ၿပီးေတာင္ မတားဘူးေနာ္ solmux မနိုင္မ၊ ေနာက္ဆို တစ္ခုခုျဖစ္ရင္ လာမေခၚနဲ႕၊ နင့္ေယာက်ာ္းကိုပဲ ေခၚ… "
"ခြိ… "

ေဝမြန္ရဲ႕ၿပဳံးစိစိ႐ုပ္ႀကီးကို မ်က္ေစာင္းအရွည္ႀကီးထိုးကာ ထြက္လာခဲ့ေတာ့သည္။ ကိုယ့္ဘာသာ စိတ္အားငယ္ရတဲ့ၾကားထဲ ကဲကဲနဲ႕သဲသဲ လင္မယားေၾကာင့္ နယုန္ကို ပိုလြမ္းလာမိသလိုလို။ သူမလည္း ခ်စ္သူရင္ခြင္ထဲမွာ ခြၽဲႏြဲ႕ပစ္ခ်င္တာေပါ့။ အလုပ္မထြက္ခင္ကေတာ့ သူ ဖုန္းဆက္တာနဲ႕ ခ်က္ခ်င္းလာေတြ႕ရမယ္လို႔ ေျပာခဲ့ေပမဲ့ တစ္ေလာကလုံးမွာ အလုပ္ရႈပ္ဆုံးလူသားဟာ ႏွစ္ရက္ရွိေနၿပီကို လာေတြ႕ဖို႔ ဖုန္းမဆက္ပါ။ မေခၚလည္းေနေပါ့။ သူ႕ကို ဘယ္သူက လြမ္းေနလို႔လဲ။

ကားေမာင္းေနရင္း အိတ္ထဲက ဖုန္းျမည္လာလို႔ ထုတ္ၾကည့္လိုက္ေတာ့ နယုန္ျဖစ္ေနလို႔ ရင္ေတာင္ခုန္သြားမိသည္။ သူ႕ကို သတိရေနတာကို ဘယ္လိုသိသြားတာလဲ။ စိတ္ခ်င္းဆက္ေနတာမ်ားလား။

"မ… အျမန္လာေတာ့၊ လြမ္းလွၿပီ၊ မေရာ ေမာင့္ကို မလြမ္းဘူးလား" တဲ့။ ဟြန္း… သူ႕ကိုမ်ား လြမ္းမေနပါဘူးေနာ္။

ခ်ိန္းထားတဲ့ေနရာကိုေရာက္ေတာ့ နယုန္က သူ႕ကားေပၚက ဆင္းကာ သူမကားေပၚသို႔ တက္လာခဲ့သည္။

"ဟာ… "

လူကိုေတြ႕တာနဲ႕ အတင္းလာၿပီး ဖက္နမ္းေနလို႔ ႐ုန္းထြက္ေတာ့။

"မ႐ုန္းပါနဲ႕ မရာ၊ အရမ္းလြမ္းေနခဲ့တာ"
"ယုံခ်င္စရာ၊ အခုမွ လာလြမ္းျပေနေသး"
"သၾကၤန္က တကယ့္ကို ေမာင့္ရဲ႕ လာဘ္ေကာင္ေလးဆိုတာ မွန္တယ္၊ သၾကၤန္လဲ မရွိေရာ၊ ႐ုံးေရာ စက္႐ုံမွာေရာ ျပသနာေတြ အမ်ိဳးမ်ိဳး ျဖစ္ေနေတာ့တာ"
"ဟုတ္လား… ဘာေတြျဖစ္တာလဲ"
"အစုံပဲ၊ စက္ပ်က္တာေရာ၊ ယာဥ္တိုက္မႈေတြေရာ ႏွစ္ရက္ေလာက္နဲ႕ တစ္ႏွစ္စာ ျပသနာႀကီး ျဖစ္သြားသလိုပဲ"
"အခုေရာ အဆင္ေျပသြားၿပီလား"
"ေျပသြားပါၿပီ၊ ယာဥ္တိုက္မႈ တစ္ခုပဲ က်န္ေတာ့တာ၊ Manager ေတြေျဖရွင္းလိမ့္မယ္၊ ဒါနဲ႕ ဘယ္ကေန လာခဲ့တာလဲ"
"ေဝမြန္ဆီက ျပန္လာတာပါ၊ သူ႕အစ္ကို ဆူလို႔တဲ့ ငိုေနလို႔ ခဏသြားေပးတာ၊ သူ႕ခ်စ္အိုပါးႀကီး ျပန္လာေတာ့ လူကိုဂ႐ုမစိုက္ေတာ့ဘူးေလ၊ ဟြန္း… မိန္းမက မေျပာခ်င္ဘူး၊ ကိုရန္နိုင္ႀကီးကို မခ်စ္လို႔သာပဲ၊ ခြၽဲႏြဲ႕ေနလိုက္တာ၊ ပလီပလာနဲ႕ တကယ့္ solmux မနိုင္မႀကီး"
"အဲ့ဒီအခ်ိန္တုန္းက… "
"ဘာလဲ ဆက္ေျပာေလ"

ေျပာေနရင္း ဆက္မေျပာပဲ လူကို ၿပဳံးတုံ႕တုံ႕ႀကီး ၾကည့္ေနလို႔ ေမးလိုက္မိသည္။

"ေမာင့္ကို သတိရသြားတယ္မလား၊ ငါလည္း နယုန္ကို ခြၽဲခ်င္လိုက္တာလို႔ ေတြးမိၿပီးေလ"
"အမယ္… ရမေနပါဘူးေနာ္"

ပါးစပ္ကသာ ညာလို႔ရေပမယ့္ ပန္းေရာင္သန္းသြားတဲ့ မ်က္ႏွာကေတာ့ ညာလို႔မရ။ နယုန္ ပန္းေသြးေရာင္ႂကြေနေသာ ပါးျပင္ေလးကို နမ္းလိုက္ၿပီး။

"ညာလဲမညာတတ္ပဲနဲ႕"
"ညာမေနဘူး၊ နင့္ကိုမ်ား ဘာလို႔ဆိုးႏြဲ႕ရမွာလဲ၊ နင္က အႀကီးလည္းမဟုတ္၊ ငါ့ထက္ ငယ္တာႀကီးကို"
"ဪ… သၾကၤန္ေျပာတဲ့အဓိပၸါယ္က ႀကီးတဲ့လူက အေလ်ာ့ေပး၊ အလိုလိုက္ရမွာလား၊ ဒါဆို ေမာင္ ဆိုးေပးရမွာေပါ့"

ေျပာေနရင္း လည္တိုင္ကို တိုးေဝွ႕နမ္းရွိုက္လာလို႔ သူ႕ကိုယ္ႀကီးကို တြန္းထုတ္ပစ္ေတာ့သည္။

"အား… ယားပါတယ္ဆို၊ သြား… လာမနမ္းနဲ႕"
"အငယ္ကဆိုးတာကို၊ ခြင့္လႊတ္ရမွာေလ"

ပုခုံးကို ဆြဲဖက္ဖို႔လုပ္ေနတဲ့ သူ႕လက္ေတြကို တျဖတ္ျဖတ္ရိုက္လိုက္ၿပီး

"ဘာအငယ္လဲ၊ နယုန္စုတ္ ငါနဲ႕ေဝးေဝးေနစမ္း၊ အငယ္ဆိုတာ အႀကီးေျပာတဲ့စကားကို နားေထာင္ရတယ္"
"ဪ… မ သူငယ္ခ်င္း မေဝမြန္တို႔ လင္မယားက်ေတာ့ အႀကီးက အေလ်ာ့ေပးရမယ္၊ ေမာင္ကေတာ့ အငယ္မို႔ အႀကီးေျပာစကား နားေထာင္ရမယ္ေပါ့"
"ဟုတ္တယ္… ဟုတ္တယ္၊ ဘာျဖစ္လဲ"
"တရားတယ္ေနာ္၊ မရဘူး၊ မလည္း ေမာင့္ကို အလိုလိုက္ရမယ္"

ႏွစ္ဦးသားက်ီစယ္ေနရင္း အခ်ိန္ေတြ ဘယ္လိုကုန္သြားမွန္းမသိ။ ေမမိုးဆီက ဖုန္းဝင္လာမွပဲ အခ်ိန္ကို သတိထားမိေတာ့သည္။ ညေနေလးနာရီခြဲခါနီးေနပါၿပီ။ ေတာ္ေသးတယ္။ သူ ဆက္လာလို႔ပါလား။ နယုန္နဲ႕လာေတြ႕ေနလို႔ ေမမိုးဆီ ဖုန္းေခၚဖို႔ကို ေမ့သြားမိသည္။

"ဟယ္လို… ေမမိုး… "
"နင္ဘယ္မွာလဲ၊ ေဝမြန္အိမ္မွာလား"
"ဟုတ္ဘူး၊ သူ႕ဆီက ျပန္လာၿပီ၊ နင့္ဆီေတာင္ဖုန္းေခၚမလို႔၊ သူ႕ေယာက်ာ္းျပန္လာလို႔ သြားစရာမလိုေတာ့ဘူးလို႔ ေျပာမလို႔"
"ဪ… ဒါဆို နင္ ငါ့ကိုငါ့႐ုံးမွာ လာႀကိဳေပးပါလား"
"အင္း… လာခဲ့မယ္ေလ၊ နင္ဘာျဖစ္ေနတာလဲ"
"ငါ မိုးညိုကို လိုက္ဖမ္းၿပီး စာရင္းရွင္းမလို႔"
"အမ္… ေအးေအး ငါးနာရီအမွီလာခဲ့မယ္၊ ေနာက္က်ရင္လည္း ခဏေစာင့္ေနာ္"
"ေအး ေအး"

သၾကၤန္ ဖုန္းကို အိတ္ထဲထည့္ရင္း။

"ေလးနာရီခြဲေတာ့မွာ ျပန္ၾကစို႔ နယုန္၊ နင္လည္း ႐ုံးကို ျပန္သြားဦးမွာမလား"
"မသြားေတာ့ပါဘူး၊ အိမ္ျပန္မွာ ငါးနာရီထိုးမွ ျပန္မယ္ေလ"
"ဟုတ္လား… ငါကေတာ့ သြားမွရမယ္၊ ေမမိုး သူဘဲနဲ႕ ဘာျပသနာျဖစ္ျပန္ၿပီလဲ မသိဘူး၊ အေျခအေန သြားၾကည့္လိုက္ဦးမယ္"
"မက… ခ်စ္သူထက္ သူငယ္ခ်င္းကို ဦးစားေပးတာေပါ့၊ ေမာင့္ကို ႏွစ္နာရီျပည့္ေအာင္ေတာင္ အခ်ိန္မေပးခ်င္ဘူးေပါ့"
"ဟမ္… "

႐ုတ္တရက္ႀကီး ထေညာ္ေနလို႔ ေၾကာင္သြားမိသည္။

"ရပါတယ္ေလ၊ ေမာင္က ခ်စ္ရတဲ့လူပဲ အေလ်ာ့ေပးရမွာေပါ့"
"ဘာေတြေျပာေနတာလဲ နယုန္၊ ငါ နားမလည္ဘူး"
"ဟား… ဟား… ဟား… ေညာ္ခ်င္ေနတဲ့လူေတာင္ ဆက္ေညာ္ဖို႔အေရး နားလည္ေအာင္ ရွင္းျပရဦးမွာလား၊ မရာ… အရမ္းခ်စ္တယ္ သိလား"

ရယ္ရင္း ဖက္နမ္းျပန္ေတာ့ မ်က္ေစာင္းတစ္ခ်က္ေဝွ႕လိုက္ၿပီး

"သိဘူး၊ နင္ေျပာေနတဲ့ပုံစံက ငါ အခုသြားေတြ႕မယ့္သူငယ္ခ်င္းက ေယာက်ာ္းေလးမို႔လို႔လား၊ မိန္းကေလးခ်င္း သြားေတြ႕မွာကို လိုက္မနာလိုျပေနလို႔ နားမလည္လို႔ ေမးရတာ သိလား"
"ဘယ္သူပဲျဖစ္ျဖစ္၊ မက ေမာင့္ခ်စ္သူ၊ မ ဘဝမွာ ေမာင္က နံပါတ္တစ္ပဲ ျဖစ္ရမယ္ေလ၊ ေမာင့္ထက္ ဘယ္သူ႕ကိုမွ ဦးစားမေပးရဘူး"
"ဘာ… နံပါတ္တစ္… "
"ဟုတ္တယ္"
"ေကာင္းၿပီေလ… နံပါတ္တစ္ျဖစ္ဖို႔ဆို ေနာက္မွာ ႏွစ္သုံးေလးေတြ ရွိသင့္တာေပါ့ ဟုတ္ဖူးလား"
"ဘာေျပာတယ္၊ လာ လာ အဲ့လို ေရွာင္လို႔ ရမလား၊ ေျပာတုန္းက ေျပာၿပီးမွ"
"နင္ အရင္ စေျပာတာေလ၊ ေတာ္ၿပီေနာ္ နယုန္စုတ္၊ အကဲမပိုနဲ႕ေတာ့၊ ေမမိုး ေစာင့္ေနေတာ့မယ္ သြား… ဆင္းေတာ့"

နယုန္က သူ႕ကို တြန္းထုတ္ေနတဲ့ သၾကၤန္ရဲ႕လက္ေကာက္ဝတ္ကို ဆြဲကိုင္ကာ။

"မနက္ျဖန္… Lunch အတူစားမယ္ေနာ္"
"တကယ္? "
"တကယ္ေပါ့"

သူမပါးေလးကို ႏုတ္ဆက္အနမ္းေလးေပးၿပီး ဆင္းသြားလို႔ လက္ျပကာ ထြက္ခဲ့လိုက္ေတာ့သည္။ ေမမိုး႐ုံးေရွ႕ ေရာက္လာေတာ့ ငါးနာရီေက်ာ္ေနၿပီမို႔ ေမမိုးကလည္း ႐ုံးေရွ႕မွာ ရပ္ေစာင့္ေနပါသည္။ သၾကၤန္သည္ ကားကို သူမအေရွ႕မွာရပ္လိုက္ေတာ့ ကားေပၚတက္လာခဲ့သည္။

"ဘယ္ကို ေမာင္းရမွာလဲ"
"ဂိမ္းဆိုင္… ဒီအခ်ိန္ဆို ဂိမ္းဆိုင္မွာပဲ ရွိဦးမွာ"
"ေျပာပါဦး ဘာျပသနာျဖစ္… "
"ဟြန္း… မေန႕ညက ဖုန္းေျပာရင္း အလုပ္လုပ္ဖို႔ ေျပာတာကို ငါ့ကို ရန္ရွာတယ္ေလ၊ နင္ စဥ္းစားၾကည့္ဦးဟယ္၊ အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္ ရွိေနၿပီကို အလုပ္မလုပ္ခ်င္ေသးဘူးဆိုေတာ့ ငါက သူ႕ကို ဘာကိုယုံၾကည္ၿပီး လက္ထပ္ရမွာလဲ၊ ငါက ဒါေလးေျပာလိုက္တာနဲ႕ စိတ္ဆိုးေဒါသထြက္စရာအေၾကာင္း မရွိဘူးလို႔ ထင္တာပဲ၊ စိတ္ဆိုးရင္လည္း ေသလိုက္ေတာ့ဟယ္၊ ငါ ေျပာတာ မွားမွမမွားပဲ၊ အလုပ္လုပ္သင့္ေနတာ ၾကာၿပီကို"

ခ်စ္သူေတြ၊ လင္မယားေတြၾကားမွာလဲ မတူေသာအေၾကာင္းအရာမ်ား ေန႕စဥ္ စကားမ်ားေနၾကပါလား။ တစ္ေယာက္တစ္မ်ိဳးစီနဲ႕။ မရိုးနိုင္ျခင္းမ်ားစြ​ာနဲ႕ ျပသနာျဖစ္ေနေတာ့တာပင္။

"အခု နင္ သူ႕ကို သြားရွာၿပီး ဘာေျပာမလို႔လဲ"
"တစ္ေနကုန္ ဖုန္းမကိုင္လို႔ေလ၊ ဘာအလုပ္ႀကီးအကိုင္ႀကီး လုပ္ေနတဲ့လူမို႔လို႔ ဖုန္းမကိုင္နိုင္ရတာလဲ၊ ငါ့ဖုန္းမို႔ တမင္မကိုင္တာေလ၊ အခ်ိဳးကိုက… ဖုန္းမကိုင္႐ုံနဲ႕ အားလုံးေျပလည္သြားတာမွ မဟုတ္တာ၊ ဒီေန႕ သူနဲ႕ အျပတ္ရွင္းရမယ္"
"စိတ္လိုက္မာန္ပါလဲ လုပ္မေနနဲ႕ဦး၊ ၿပီးမွ ကိုယ္က မျပတ္နိုင္ရင္ ပိုရံႈးလိမ့္မယ္"
"ဒီတစ္ခါေတာ့… "
"တကယ္ျပတ္ၿပီလား"

႐ြဲ႕ေမးလိုက္တဲ့ သၾကၤန္ကို ေမမိုးက မ်က္ေစာင္းနဲ႕ၾကည့္ခဲ့ကာ။

"မေျပာတတ္ဘူးေလ၊ အေျခအေနအရေပါ့၊ ဒင္းရဲ႕အခ်ိဳးေပၚ မူတည္တယ္"

ခ်စ္ၾကတာခ်င္း အတူတူ မိန္းကေလးေတြက ပိုခ်စ္မိရင္ ပိုၿပီး အရံႈးေပးရသလိုပင္။ ေမမိုးဟာ စိတ္ဆိုးေနခ်ိန္ေတာင္ ျဖတ္ပစ္မယ္လို႔ အျပတ္မေျပာနိုင္ေသး။ မိုးညိုရဲ႕အခ်ိဳးေပၚ မူတည္ၿပီး ဆုံးျဖတ္ခ်င္ျပန္ေသးသည္။ ဂိမ္းဆိုင္ေရာက္ခါနီးမွာေတာ့။

"ဟဲ့… ဒီအတိုင္း ေခၚလာခဲ့ေနာ္၊ ဆိုင္ထဲမွာ စကားမ်ားမေနနဲ႕ဦး"
"စိတ္ခ်၊ အဲ့လို႔စကားမ်ားခ်င္ရင္ေတာင္ သူက ပိုရွက္တတ္လြန္းလို႔ အမ်ားမခံဘူး၊ လူမရွိတဲ့ေနရာကို အရင္ေခၚသြားမွာ"

ေတာ္ပါေသးရဲ႕။ ဂိမ္းဆိုင္ဟာ တိုက္ခန္းေတြ ရွိတဲ့လမ္းထဲမွာဆိုေတာ့ လူေနထူထပ္ပါသည္။ စကားမ်ားၾကရင္ ဝိုင္းၾကည့္ၾကမယ့္လူေတြမနည္း။

ေမမိုး ဆင္းသြားေတာ့ သၾကၤန္ ကားေပၚမွာပဲ ထိုင္ေစာင့္ကာ က်န္ေနခဲ့သည္။ ဝင္သြားတာ ဘယ္ေလာက္မွ မၾကာလိုက္။ ဂ်စ္ကန္ကန္႐ုပ္နဲ႕ ေရွ႕ကေန ထြက္လာတဲ့ မိုးညိုနဲ႕ ေနာက္ကေန ေဒါကန္ၿပီးလိုက္လာတဲ့ ေမမိုးတို႔ဟာ ကားေနာက္ခန္းထဲသို႔ ေဆာင့္ႀကီးေအာင့္ႀကီး တက္လာၾကသည္။

"ကဲ ေျပာ၊ ဘာေျပာစရာရွိလို႔ လိုက္လာတာလဲ"

အယ္… ေမးပုံကလည္း။ သၾကၤန္သာ ေမမိုးေနရာမွာဆို ဒင္းရင္ဘတ္ကို ေဆာင့္ကန္ပစ္မိမည္ထင္။ ေမမိုးကေတာ့ ဘယ္လိုစိတ္နဲ႕ သီးခံေနလဲမသိ။

"နင္ ဘာလို႔ ဖုန္းမကိုင္လဲ"
"အားမွမအားတာ"
"ဘာ! ဂိမ္းေဆာ့ေနတဲ့လူက မအားဘူး ဟုတ္လား"
"ဘာအေရးႀကီးကိစၥေတြရွိလို႔ လိုက္လာတာလဲ ေျပာပါဦး"

ႏွစ္ေယာက္လုံး ေဒါသထြက္ေနၾကသလို သူတို႔စကားေတြကို နားေထာင္ေနရတဲ့ သၾကၤန္လည္း ေဒါသထြက္ပါသည္။ မိုးညိုတို႔ စကားေျပာရင့္လိုက္ပုံမ်ား။ ေမမိုးဆိုတာ သူ တစ္ခြန္းေလာက္ ေခ်ာ့ေျပာတာနဲ႕ ေပ်ာ့သြားမယ့္လူဆိုတာ သိသိႀကီးနဲ႕။ တမင္တကာ နိုင္စားေနသလိုပင္။

"နင္… အခုထိ အလုပ္လုပ္ဖို႔ စိတ္ကူးမရွိေသးဘူးလား"
"မရွိေသးဘူး"
"ဒါဆို… အိမ္ေထာင္ျပဳဖို႔ေရာ"
"အဲ့ဒါက အခ်ိန္တန္ရင္ သူ႕ဘာသာ ျဖစ္လာမွာေပါ့၊ ဘာလဲ နင္က ငါအလုပ္မလုပ္ရင္ မယူဘူးလို႔ ေျပာမလို႔လား"
"နင္ သိေနသားပဲ၊ ငါ ေျပာစရာမလိုဘူးေပါ့"
"အဟက္… ငါ သြားေတာ့မယ္"

မိုးညိုက ကားတံခါးဖြင့္ၿပီး ဆင္းဖို႔ျပင္ေနလို႔။

"ေနပါဦး၊ ငါတို႔ စကားေျပာတာ မၿပီးေသးဘူးေလ၊ နင္နဲ႕ငါ… ဒီေန႕ အျပတ္ရွင္းရေအာင္"
"ဘာကို အျပတ္လဲ၊ ျပတ္ဖို႔ဆိုတာက… ငါတို႔ လမ္းခြဲမယ္လို႔ ေျပာခ်င္တာလား"
"ဟုတ္တယ္၊ လမ္းခြဲၾကစို႔၊ ငါတို႔ ဒီေလာက္ပဲ ေရစက္ပါတယ္လို႔ သေဘာထားၾကတာေပါ့"

သၾကၤန္မွာ ဘက္မွန္ထဲကေန ေမမိုးကို ၾကည့္လိုက္မိသည္။ ေမမိုးတို႔ ျပတ္သားလိုက္ပုံမ်ား။ အင္းေလ မိုးညိုေျပာေနပုံကလည္း အၿမီးဆြဲၿပီး ကိုင္ေပါက္ပစ္ခ်င္စရာ ေကာင္းေနတာကိုး။

"ဘာ… မင္း… ငါတို႔ ႏွစ္ေတြအၾကာႀကီးတြဲလာတာကို… မင္းအတြက္ အရမ္းလြယ္ေနတယ္ေပါ့"
"အဲ့လို လြယ္ေအာင္ နင္လုပ္ခဲ့တာ​ကိုး၊ လြမ္းစရာ အေၾကာင္းကို မရွိဘူး"

မိုးညိုက ဘာမွျပန္မေျပာပ​ဲ ဆင္းသြားကာ ကားတံခါးကို ေဆာင့္ပိတ္သြားေသးသည္။ ေမမိုးက ေဒါသထြက္ေနေပမယ့္ သူ႕ကို တစ္ခ်က္မွ လွည့္မၾကည့္ပဲ ဂိမ္းဆိုင္ထဲ ဝင္သြားတဲ့ မိုးညိုကို လိုက္ၾကည့္ေနျပန္ေသးသည္။ စိတ္ဆိုးလြန္းလို႔ ေျပာလိုက္ေပမယ့္ သံေယာဇဥ္ကေတာ့ မျပတ္နိုင္ေသးပါ။ တကယ္ပါပဲ။ ပိုခ်စ္ရသူက အရံႈးဆိုတာ တကယ္ကိုမွန္တာပါလား။

"သြားေတာ့မလား"
"အင္း… သြားစို႔ "

သၾကၤန္သည္ ကားေမာင္းထြက္လာရင္း ဘက္မွန္ထဲကေန လွမ္းလွမ္းၾကည့္ေပမယ့္ ေမမိုးက ငိုမေနပါ။ အျပင္ဘက္ကို ၾကည့္ရင္း ဘာေတြေတြးေနမွန္းမသိ။ စကားမေျပာပဲ တိတ္ဆိတ္ၿငိမ္သက္၍သာ ပါလာခဲ့သည္။

ဒီတစ္ခါေတာ့ သူတို႔ တကယ္ျပတ္သြားၾကၿပီထင္ပါသည္။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခါမွ လမ္းခြဲစကား ေျပာဖူးၾကတဲ့လူေတြမဟုတ္ေတာ့ အခုအခ်ိန္မွာ ႏွစ္ေယာက္လုံး ခံစားရမွာေတာ့ ေသခ်ာပါသည္။ ေမမိုးကေတာ့ ပိုဆိုးရွာမွာေပါ့။ မိုးညိုကို ေပါ့ေပါ့ေန၊ ေပါ့ေပါ့စားမွန္း သိသိႀကီးနဲ႕ အခ်ိန္ကုန္ခံကာ ခ်စ္ခဲ့ရသူဆိုေတာ့… ။

အခ်စ္ဆိုတာႀကီးကလည္း အေပးအယူမွ်မွ ဆက္ခ်စ္နိုင္မယ့္အရာပါလား။ တစ္ဖက္ကလိုၿပီး၊ တစ္ဖက္ကပိုေနလြန္းရင္လည္း အခ်ည္းႏွီးသာ။

ေမမိုးခမ်ာ သိပ္ခ်စ္ခဲ့ရေပမယ့္ ဘာမွအရာမထင္ပါလားကြယ္။

အားေပးမႈကို ေက်းဇူးတင္ပါသည္။
N. Maria Seng
Photo#Credit

ပုံထဲက ဘူေတြလဲ ေျပာျပၾကည့္ 😂

Continue Reading

You'll Also Like

30.3K 943 24
ကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
68.6K 2.2K 41
""ခ်စ္​တယ္​....ဟုတ္​လား အခ်စ္​ဆိုတဲ့ အရာကို​ေရာ ကိုႀကီးသိရဲ႕လား"" ""သူမ်ား​ေတြက အခ်စ္​ကို ဘယ္​လိုသတ္​မွတ္​ထားၾကတယ္​ ငါမသိဘူး.... ငါ့အတြက္​ အခ်စ္​ဆိုတ...
116K 2.8K 56
အစကတော့ စာရေးသူလေ ညို့နိုင်လွန်းတဲ့ သူ ဝတ္ထုကို စာတွေပြန်ပြင် ပြန်စစ်ပြီးမှ တင်ပေးမလို့ပါ။အခုက နေကတော်တော်မကောင်းဖြစ်နေတာပါ။အလုပ်ကလည်း သိပ်မအားဖြစ်နေ...
431K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...