အပိုင်း ၁၈

3.7K 150 3
                                    

Unicode font

အပိုင်း ( ၁၈ )

အခန်း ( ၄၃ )

တစ်ညအတွင်း ချောင်ကျသွားတဲ့ မေမိုးရဲ့မျက်နှာလေးကိုကြည့်ပြီး သင်္ကြန်နဲ့ဝေမွန် သက်ပြင်းချမိသည်။ အသဲကွဲဝေဒနာဆိုတာ အကောင်အထည် ဖော်ပြလို့မရပေမယ့် မျက်နှာပေါ်မှာထင်ဟပ်စေပါသည်။

"ညက… ဖုန်းမဆက်ဘူးလား"
"မဆက်ပါဘူး ဝေမွန်ရယ်၊ ဘယ်တုန်းကများ ဆက်ဖူးလို့လဲ၊ ဒီကောင်မ ငါ့ကိုမပြတ်နိုင်ပါဘူးတဲ့ အချိုးမျိုးနဲ့ ပိုပြီးမှတောင် အကြောတင်းပြနေဦးမယ်၊ ငါသာ ခံစားနေရတာ၊ သူကတော့ ဂိမ်းဆော့တောင် ပျက်မှာမဟုတ်ဘူး"
"နင်… တကယ်ပြတ်တော့မှာလား"
"ပြတ်ရမှာပေါ့၊ သူတောင် ပြတ်နိုင်သေးတာကို"

မေမိုးက ဝေမွန်မေးသမျှကို ငေးငိုင်နေရင်း ပြန်ဖြေနေလေသည်။ စိတ်အခြေအနေက ဘယ်လောက်ထိ အဆင်မပြေလဲဆိုတော့ ဒီနေ့ ရုံးတောင်မတက်နိုင်ပဲ ခွင့်ယူထားရရှာသည်။ သူ့အိမ်ကိုတော့ ခေါင်းကိုက်လို့ဆိုပြီး အကြောင်းပြကာ အခန်းထဲ အောင်းနေပါသည်။ ထို့ကြောင့် သင်္ကြန်က မေမိုးအိမ်ထိသွားကာ သူမတို့ရဲ့နားခိုရာ တိုက်ခန်းလေးဆီသို့ ခေါ်ထုတ်လာခဲ့သည်။

"ငါ ပွင့်ပွင့်လင်းလင်းပြောရရင် နင့်ကို မိုးညိုနဲ့ သဘောမတူတော့တာ ကြာပြီ၊ နင် ချစ်လွန်းလို့သာ ဘာမှဝင်မပြောခဲ့တာ၊ မနေ့တုန်းကလဲ နင့်နေရာမှာ ငါသာဆိုရင် သူ့အချိုးတွေကို စိတ်တိုလွန်းလို့ ပါးရိုက်ပစ်မိမလားပဲ၊ တကယ်ကို ဂျစ်တီးဂျစ်ကန်ရုပ်နဲ့၊ တစ်စက်မှ အချိုးမပြေဘူး"

ဝေမွန်က ဒဏ်ရာကို ဆားသိပ်နေတဲ့ သင်္ကြန်ကို ဆက်မပြောဖို့ မျက်လုံးနဲ့ အချက်ပြနေသော်လည်း ဂရုမစိုက်။

"ငါ အိမ်ရောက်မှ သေချာပြန်စဉ်းစားကြည့်လိုက်တော့ သူ့ပုံစံက နင့်အပေါ် နားလည်မှုလွဲနေသလားလို့၊ ငါ ထင်တာပြောတာနော်"
"ဘယ်လို… နင်ဘာကိုဆိုလိုချင်တာလဲ သင်္ကြန်"
"ငါထင်တာပြောပြတာပါ၊ မိုးညိုက နင့်ကို စိတ်နာနေပုံပဲ"
"အမယ်… နာမယ့်နာ ငါက နာရမှာလေ၊ သူကများ နာစရာလား"
"အေးလေ… နင့်ဘဲအကြောင်း နင် အသိဆုံးနေမှာပေါ့၊ တွဲလာတာ ကြာပြီပဲဟာ၊ ဘယ်လိုစကားမျိုးပြောရင် မကြိုက်ဘူး၊ ကြိုက်တယ်ကအစ နင် အသိဆုံးပါ"
"သင်္ကြန် ငါစိတ်မရှည်တော့ဘူးနော်၊ ပြောမယ့်စကားကို ဒဲ့ပဲပြော၊ ဘာပလ္လင်မှ လာခံမနေနဲ့"
"အေး ဒါဆို ပြောပြီနော်၊ မနေ့တုန်းက နင်ကပဲ လမ်းခွဲမယ်လို့ ပြောခဲ့တာနော်၊ သူက သဘောတူတယ်၊ မတူဘူးဆိုတာ တစ်ခွန်းမှ မပြောသွားဘူးဆိုတာ ငါ သတိထားမိတယ်၊ သူ့ပံုစံက တစ်နေ့ကျရင် နင်ထားသွားမှာပဲလို့ ကြိုတွက်ထားပုံကြီး"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Where stories live. Discover now