5 Big Shots kneeled and calle...

By Larkspur41

9.2K 1.7K 91

Not my own story.Just translation. Credits to: Original author and eng translator(s) Start Date - 19.9.2021 More

Description
Chapter 1.1 - it's been 25 years later
Chapter 1.2 -it's been 25 years later
Chapter 2.2 - I am your son
Chapter 3.1 - Tyrannical CEO Son
Chapter 3.2 - Tyrannical CEO Son
Chapter 4.1- The Child's Father is Ji ZhenTian
Chapter 4.2 - The Child's Father is Ji Zhentian

Chapter 2.1 - I am your son

718 158 7
By Larkspur41

Unicode

ကူယွမ်က သူမ ရှေ့မှာရှိနေတဲ့ လေးဆယ်ကျော် အမျိုးသမီးကြီးကို ကြည့်နေတယ်၊ ဒီအမျိုးသမီးရဲ့ မျက်လုံးနားမှာ အရေးအကြောင်းတွေက ပေါ်လွင်နေပြီး မျက်နှာပေါ်က အစက်အပြောက်တွေကလည်း မိတ်ကပ်လိမ်းထားတာတောင် သိသာနေတုန်းဘဲ၊ နောက်ပြီး ပါးနားက အရေပြား‌ေတွ သိသိသာသာကြီးတွန့်နေတာက ဖုံးထားလို့တောင် မရနိုင်ဘူး။

နှစ်တွေ အများကြီး ကြာပြီးတော့မှ သူမထက်ငယ်တဲ့ ညီမလေး ကူယွဲ့ကို ပြန်တွေ့နေရပြီ။

ကူယွမ်ရဲ့ အမေဖြစ်သူက သူမ အသက်12နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့တာ၊ အဲ့ဒီအချိန်မှာဘဲ သူမ အဖေက အခြားမိန်းမ တစ်ယောက်ကို လက်ထပ်ယူခဲ့ပြီး ကူယွဲ့ ဆို‌တဲ့ ညီမတစ်ယောက်ရလာခဲ့တာ၊ ညီအစ်မ နှစ်ယောက်က အသက်အတူတူဖြစ်နေတော့ တကျောင်းထဲ ‌တတန်းထဲမှာ အတူတက်ခဲ့ရတယ်၊ လအနည်းငယ်ကြာလာတော့ သဘောထား မတိုက်ဆိုင်တာလေးတွေ ရှိလာခဲ့ပြီးတော့ ကူယွမ်ရဲ့ အဘွားက သူမကို ကိုယ်တိုင် စောင့်ရှောက်ဖို့ ခေါ်သွားခဲ့တယ်။

နောက်တော့ အဘွားလည်း ဆုံးပါးသွားခဲ့ပြီး သူမလည်း သေလုနီးပါး ရောဂါကြီး ဖြစ်လာခဲ့တယ်၊ ဆေးကုဖို့ရာ အဘွားချန်ပေးထားခဲ့တဲ့ ပိုက်ဆံတွေကိုလည်း သူမရဲ့ ညီမ ပြည်ပမှာ ကျောင်းတက်နိုင်ဖို့ အတွက် မိထွေးဖြစ်သူက လာရောက် ချေးယူသွားခဲ့တယ်။

ကူယွမ်က ဒီအကြောင်းတွေကို အမြဲတမ်း စိတ်ထဲမှာဘဲ သိမ်းဆည်းထားခဲ့တာ၊ ဒါပေမယ့် ပြန်တွေးမိလိုက်တိုင်းဘဲ စိတ်တိုလာပြီး ဒီဝပြဲနေတဲ့ ကူယွဲ့ကို ရိုက်စုတ်ပစ်လိုက်ချင်တယ်။

အခုသူမ ပြန်နိုးလာတဲ့ အချိန်မှာ ကူယွဲ့က သတ်လတ်ပိုင်းအရွယ်ရောက်နေပြီကို မြင်နေရတာ သူမ အတွက် တကယ် အံ့အားသင့်စေတယ်၊သူမက ကူယွဲ့ကို အထက်အောက် ‌စိုက်ကြည့်ပြီး ပြောလိုက်တယ် " ကူယွဲ့ နင်လား? ငါပါ နင့်ရဲ့ ကျဲကျဲ ကူယွမ်လေ၊ ငါ‌တို့ မတွေ့တာ နှစ်တွေ တောင် ကြာခဲ့ပြီဘဲ"

ကူယွဲ့ရဲ့ ပါးစပ်က ဟောင်းလောင်းကြီးဖြစ်နေပြီးတော့ ဘာစကားမှ ထွက်မလာတော့ဘူး။။

ကူယွဲ့ရဲ့ သမီးဖြစ်သူ ဖုန်းကျီဟန်က ကူယွမ်ကို စိတ်ရောဂါသည်တစ်ဦးလို ကြည့်ပြီး ပြောလာတယ် " နင်က ဘယ်သူလဲ ? နင်တစ်ခုခုများ လွဲနေသလား?"

ကူယွမ်က ကူယွဲ့ရဲ့ သမီးကို ကြည့်လိုက်ပြီးတော့ " မင်းကို ကျီဟန်လို့ ခေါ်တာလား ? ငါက မင်းအဒေါ်ပါ မင်းအမေရဲ့ အစ်မလေ၊ ကျီဟန် လူကြီးတွေနဲ့ စကားပြောရင် နည်းနည်းတော့ ယဉ်ယဉ်ကျေးကျေးပြောသင့်တယ်လေ"

သူမ ထက် အသက်ကြီးနေပုံပေါ်တဲ့ ဒီတူမကို ကြည့်နေရတာ သူမအတွက် တကယ် ခံစားလို့ကောင်းတာဘဲ။

ပိုက်ဆံဆိုတာ အပေါ်ယံ ပိုင်ဆိုင်မှုသာသာပါဘဲ၊ သူမ အိပ်ပြီး နိုးလာတာနဲ့ အလှအပနဲ့ နုပျိုမှုတို့မှာ လူတိုင်းကို အနိုင်ပိုင်းလိုက်နိုင်ပြီ။

ဖုန်းကျီဟန် : " ??? "

ကူယွဲ့ကတော့ သံသယဖြစ်နေတဲ့ ပုံနဲ့ မေးလာတယ် " နင် နင်က တကယ်ဘဲ ကူယွမ်လား ?"

ကူယွမ်လည်း ကူယွဲ့ က မယုံနိုင်ဖြစ်နေမှန်းသိပါတယ်၊ သူမ မျက်နှာ သူမ ပြန်စမ်းကြည့်ရင်းနဲ့ အေးခဲခြင်းရဲ့ အာနိသင်တွေ ဘယ်လောက်ကောင်းမွန်တာကို အံ့အားသင့်နေတယ်၊ သူမ အသားအရေက မအေးခဲခင်ကထက်ကို ပိုပြီး ကောင်းလာတယ်၊ နူးညံ့ချောမွေ့ပြီး လောလောလတ်လတ် အခွံခွာထားတဲ့ ကြက်ဥပြုတ်လေးလိုဘဲ၊ ဒါကို တွေးကြည့်လိုက်တော့ သူမ တကယ်ဘဲ ကျေနပ်သွားရတယ်။

သူမက ကူယွဲ့ကို ပြုံးပြီး ကြည့်လိုက်တယ် " ‌ညီမလေး၊ ငါကို ကြည့်ရတာ လွန်ခဲ့တဲ့ 25နှစ်တုန်းကနဲ့ ဘယ်လို ကွာသွားတယ်ထင်လဲ၊ ဘာမှ မကွာခြားသွားဘူးမလား? ငါက တကယ်ဘဲ နင့်အစ်မပါ၊ လိမ်နေတာ မဟုတ်ဘူး "

ပါးရေတွန့်ပြီး အရေးအကြောင်းတွေနဲ့ ပြည့်နေတဲ့ ကူယွဲ့ : "......."

လွန်ခဲ့တဲ့ 25နှစ်တုန်းကနဲ့ ဘာမှ မကွာခြားသွားတာက တစ်ခုခုတော့ လွဲနေပြီ ။

25နှစ်ကြာပြီးတော့ သူမကိုယ်တိုင်တောင် သတ်လတ်ပိုင်း အရွယ်ရောက်နေပြီကို ကူယွမ်က ဘာလို့ ငယ်နေပုံပေါ်နေတာလဲ။

ကူယွဲ့ကို ကြည့်ရတာ ဒီအဖြစ်အပျက်ကြောင့် ချဉ်စူးပြီး အဆင်မပြေ ဖြစ်နေပုံပေါ်တယ်၊ ကူယွမ် ခံစားချက်တွေ ပိုတောင် ကောင်းလာတယ် "နင်မသိဘူးလား ၊ငါ့ရဲ့ ခွဲစိတ်မှုကျရှုံးသွားတော့ ငါ့ခန္ဓာကိုယ်ကို အေးခဲထားလိုက်ရတယ်လေ၊ အခုနည်းပညာတွေ တိုးတက်လာတော့ ငါ့ရောဂါကိုတောင်ကုသနိုင်ပြီး ခဲနေရာကနေ ပြန်နိုးလာခဲ့တာ"

ကူယွမ်က ပြောရင်းနဲ့ အံ့အားသင့်ပြီး ကြက်သေသေနကြတဲ့ ကူယွဲ့တို့သားအမိနဲ့ နောက်က လူကြီးနဲ့ လူငယ်ဘေးကနေ ဖြတ်ဝင်လာတယ်၊တိုက်ခန်းအထဲကိုရောက်တော့ သူမ ရှိတုန်းကနဲ့ ကွာခြားသွားတဲ့ အခန်းအပြင်အဆင်ကို မြင်ပြီး မျက်မှောင်ကြုံမိတယ် " နင်တို့အားလုံးက ငါ့အိမ်မှာ ဘာလို့ရှိနေကြတာလဲ? ငါ့အိမ်က ဘာလို့ ဒီလိုကြီး ဖြစ်သွားရတာလဲ? နင်တို့ ဘာတွေ လုပ်ထားကြတာလဲ?"

ဒီအချိန်မှာတော့ ကူယွဲ့က ပြန်ပြီး တုံ့ပြန်လာခဲ့ပြီ။

ကူယွဲ့က အရင်တုန်းက ခွဲစိတ်မှုကျရှုံးသွားပြီး ကူယွမ်ကို အေးခဲလျက်ထားရှိတယ်ဆိုတဲ့ အကြောင်း ပြောနေကြတာကို မှတ်မိသွားတယ်၊ သူမ စိတ်ထဲ အေးခဲထားတယ်ဆိုတာကို သေသွားပြီလိူ့ မှတ်ယူထားခဲ့တာ၊ ကူယွမ်က အရင် 25နှစ်ကတည်းက သေသွားခဲ့ပြီလို့ ထင်ထားခဲ့တာ။

မမျှော်လင့်ဘဲ သူမက အသက်ရှင်လျက် ပြန်ရောက်လာတယ်။

ကူယွဲ့က ကူယွမ်ကို စိုက်ကြည့်လိူက်တယ် " ဒါက အခု ငါ့အိမ်ဖြစ်သွားပြီ ၊ဒီတိုက်ခန်းက ငါ့ဟာဘဲ၊ ငါက ဒါကို အမွေဆက်ခံခဲ့တာ "

ကူယွမ် : " အမွေဆက်ခံတယ်ဟုတ်လား? "

ကူယွမ် ရုတ်တရက် ဒေါသတွေ ထွက်လာတယ်၊ သူတို့နှစ်ယောက်ကြားထဲမှာ မလိုမုန်းထားမှုလေးတွေ ရှိခဲ့ပေမယ့် သူမ ဘက်က ဘယ်တော့မှ ကူယွဲ့နဲ့ ပြိုင်ပြီး မငြင်းခုံခဲ့ဘူး၊ အခုတော့ သူမရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ တိုက်ခန်းကိုပါ ကူယွဲ့က ရချင်နေပြီတဲ့လား?

ကူယွဲ့ : " နင်က အေးခဲနေတုန်းဆိုတော့ ဘယ်သိပါ့မလဲ၊ အဖေက ငါ့ကို ဒီတိုက်ခန်းကို အမွေပေးထားခဲ့တာ ၊အခုဒါက ငါ့နာမည်အောက်မှာ ရှိနေပြီ "

ဘေးနားမှာ ရပ်‌ပြီး ကြောင်နေတဲ့ ဖုန်းကျီဟန်ကလည်း ချက်ချင်းဘဲ ရှေ့ထွက်ပြီး အော်ပြောလာတယ် " ဟုတ်တယ် ၊ဒါက အခု ငါတို့အိမ်ဘဲ"

ကူယွဲ့ရဲ့ အမျိုးသားဖြစ်ပုံပေါ်တဲ့ လူကြီးက သူ့မိန်းမနဲ့ ကူယွမ်ရဲ့ စကားထဲက ဒီတိုက်ခန်းအကြောင်းကို ကြားတော့ ဒေါသတကြီးနဲ့ ဖြစ်လာတယ်" ကူယွဲ့ သူက ဘယ်သူလဲ? ဒါက ငါတို့ မိသားစုအိမ်ဘဲ ၊သူမနဲ့ ဘာမှ မဆိုင်ဘူး"

ကူယွမ်ကတော့ လူကြီးကို သဘာဝကျကျဘဲ လျစ်လျူရှုထားပြီးတော့ ကူယွဲ့ကို တိုက်ရိုက်မေးလာတယ် " အဖေက ဘယ်မှာလဲ?"

ကူယွဲ့ : " အဖေက လွန်ခဲ့တဲ့ 10နှစ်ကတည်းက ဆူံးသွားပြီ၊ သူ မဆုံးပါးခင်မှာ ဒီတိုက်ခန်းကို အမွေပေးထားခဲ့တာ၊ ငါနင့်ကို ထပ်ပြောမယ်‌ ဒါက ငါ့တိုက်ခန်းဘဲ"

ဖုန်းကျီဟန်က အခြေနေတွေကို သဘောပေါက်စွာနဲ့ အိပ်ခန်းထဲ ဝင်ပြီး ပိူင်ဆိုင်ကြောင်းစာချုပ်ကို ဆွဲထုတ်လာတယ် "ဒါက ငါတို့ရဲ့ ပိုင်ဆိုင်မှု စာချုပ်ဘဲ ၊ဒီမှာ ငါ့အမေနာမည်ဘဲ ရှိတယ်၊ နင်နဲ့ ဘာမှ မဆိုင်ဘူး၊ ငါတို့အိမ်ကို သူတောင်းစားလို လာတွယ်ကပ်မနေနဲ့ "

ကူယွမ်က အံကို တင်းတင်းကြိတ်ပြီး လိုက်ဖက်လှတဲ့ အမေနဲ့ သမီးနှစ်ယောက်ကို ကြည့်နေတယ် "ငါက အခုထိ မသေသေးဘူးလေ ၊ဘယ်လိုလုပ် ငါ့ပိုင်ဆိုင်မှုက အဖေ့ဆီ ရောက်သွားတာလဲ? ငါ့ခွင့်ပြုချက်မရဘဲ ဘယ်လို လွှဲပြောင်းနိုင်တာလဲ?"

ကူယွဲ့က သူမ သမီးထက်တောင် ငယ်ရွယ်ပြီး လှပနေပုံပေါ်တဲ့ သူမ အစ်မဖြစ်သူကို မနာလိုစွာကြည့်ပြီး အံကြိတ်လိုက်တယ်" နင်‌အေးခဲသွားပြီး ငါးနှစ်ကြာတော့ အဖေက သေဆုံးကြောင်း လက်မှတ်ကို အသူံးပြုခဲ့တာ "

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အကြာကတည်းက ဖြစ်သွားခဲ့တာ၊ အဲ့တုန်းက လုပ်ငန်းစဉ်တွေ က တရားဝင် မဖြစ်ခဲ့ဘူး၊ ဒါပေမယ့် သူတို့အတွက်တော့ ကူယွမ်ရဲ့ သေဆုံးကြောင်းလက်မှတ်ကို ရတာနဲ့ အရာရာက လွယ်ကူသွားခဲ့တယါ၊ သူတို့တွေက ကူယွမ်ရဲ့ ကတ်ထဲကငွေတွေကို ခွဲယူပြီး တိုက်ခန်းကိုပါ သူတို့နာမည်အောက်ကို လွှဲပြောင်းခဲ့ကြတယ်၊ ကူယွမ်ရဲ့ ပစ္စည်းတွေထဲက သူတို့လိုတာတွေကို ယူလိုက်ကြပြီး မလိုအပ်တာတွေကိုတော့ စွန့်ပစ်လိုက်ကြတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် ကူယွမ်ပိုင်ဆိုင်သမျှဟာတွေက ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီ ။

သေဆူံးကြောင်း လက်မှတ်!

ကူယွမ် တကယ်ဘဲ မှင်သက်သွားမိတယ်။

ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက လူတွေကတောင် သူမကို မစွန့်လွှတ်ဘဲ သူမသက်သာလာဖို့ အစွမ်းကုန် အကုန်အကျ ခံနေခဲ့ချိန်မှာ သူမ ရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ အဖေဖြစ်သူက သူမကို စွန့်လွှတ်ပြီး သေဆုံးကြောင်း လက်မှတ်ကိုတောင် အသုံးပြုခဲ့တယ်။

ကူယွမ်ရဲ့ မျက်လူံးတွေထဲက စိတ်ပျက်အားငယ်မှုတွေကြိ မြင်တော့ ကူယွဲ့က မောက်မာစွာ ပြုံးလိုက်တယ် " ‌တော်လိုက်တဲ့ ငါ့အစ်မရေ နင်က လှပပြီး ငယ်ရွယ်တုန်းဘဲ ဆိုပေမယ့် ၊ဒီတိုက်ခန်းကတော့ ငါ့အပိုင်ဖြစ်သွားပြီ၊ တကယ်လို့ ဒါကို ပြန်ရချင်ရင် အဖေ့ကို သွားရှာပြီး ပြောလိုက်လေ၊ ငါ့ကို အဖေပေးထားခဲ့တာ နင်ပေးထားခဲ့တာ မဟုတ်ဘူး၊ ဟုတ်ပြီလား"

နောက်ပြီး ကူယွဲ့က တစ်ခုခုကို သတိရသွားတဲ့ ပုံနဲ့ ဆက်ပြောလာတယ် " နင်ရဲ့ ကျောက်စိမ်း ဆွဲပြားကိုလည်း အဖေက ငါ့ကို ပေးထားခဲ့တယ် "

ကူယွမ်က ဒါကို ကြားလိုက်တော့ တကိုယ်လူံးတုန်ယင်လာပြီး ကူယွဲ့ကို ချက်ချင်းဘဲ သွားရိုက်ပစ်ချင်လာတယ်။


Zawgyi

ကူယြမ္က သူမ ေ႐ွ႕မွာ႐ွိေနတဲ့ ေလးဆယ္ေက်ာ္ အမ်ိဳးသမီးႀကီးကို ၾကည့္ေနတယ္၊ ဒီအမ်ိဳးသမီးရဲ႕ မ်က္လုံးနားမွာ အေရးအေၾကာင္းေတြက ေပၚလြင္ေနၿပီး မ်က္ႏွာေပၚက အစက္အေျပာက္ေတြကလည္း မိတ္ကပ္လိမ္းထားတာေတာင္ သိသာေနတုန္းဘဲ၊ ေနာက္ၿပီး ပါးနားက အေရျပား‌ေတြ သိသိသာသာႀကီးတြန္႔ေနတာက ဖုံးထားလို႔ေတာင္ မရႏိုင္ဘူး။

ႏွစ္ေတြ အမ်ားႀကီး ၾကာၿပီးေတာ့မွ သူမထက္ငယ္တဲ့ ညီမေလး ကူယြဲ႕ကို ျပန္ေတြ႕ေနရၿပီ။

ကူယြမ္ရဲ႕ အေမျဖစ္သူက သူမ အသက္12ႏွစ္အ႐ြယ္ကတည္းက ဆုံးပါးသြားခဲ့တာ၊ အဲ့ဒီအခ်ိန္မွာဘဲ သူမ အေဖက အျခားမိန္းမ တစ္ေယာက္ကို လက္ထပ္ယူခဲ့ၿပီး ကူယြဲ႕ ဆို‌တဲ့ ညီမတစ္ေယာက္ရလာခဲ့တာ၊ ညီအစ္မ ႏွစ္ေယာက္က အသက္အတူတူျဖစ္ေနေတာ့ တေက်ာင္းထဲ ‌တတန္းထဲမွာ အတူတက္ခဲ့ရတယ္၊ လအနည္းငယ္ၾကာလာေတာ့ သေဘာထား မတိုက္ဆိုင္တာေလးေတြ ႐ွိလာခဲ့ၿပီးေတာ့ ကူယြမ္ရဲ႕ အဘြားက သူမကို ကိုယ္တိုင္ ေစာင့္ေ႐ွာက္ဖို႔ ေခၚသြားခဲ့တယ္။

ေနာက္ေတာ့ အဘြားလည္း ဆုံးပါးသြားခဲ့ၿပီး သူမလည္း ေသလုနီးပါး ေရာဂါႀကီး ျဖစ္လာခဲ့တယ္၊ ေဆးကုဖို႔ရာ အဘြားခ်န္ေပးထားခဲ့တဲ့ ပိုက္ဆံေတြကိုလည္း သူမရဲ႕ ညီမ ျပည္ပမွာ ေက်ာင္းတက္ႏိုင္ဖို႔ အတြက္ မိေထြးျဖစ္သူက လာေရာက္ ေခ်းယူသြားခဲ့တယ္။

ကူယြမ္က ဒီအေၾကာင္းေတြကို အၿမဲတမ္း စိတ္ထဲမွာဘဲ သိမ္းဆည္းထားခဲ့တာ၊ ဒါေပမယ့္ ျပန္ေတြးမိလိုက္တိုင္းဘဲ စိတ္တိုလာၿပီး ဒီဝၿပဲေနတဲ့ ကူယြဲ႕ကို ႐ိုက္စုတ္ပစ္လိုက္ခ်င္တယ္။

အခုသူမ ျပန္ႏိုးလာတဲ့ အခ်ိန္မွာ ကူယြဲ႕က သတ္လတ္ပိုင္းအ႐ြယ္ေရာက္ေနၿပီကို ျမင္ေနရတာ သူမ အတြက္ တကယ္ အံ့အားသင့္ေစတယ္၊သူမက ကူယြဲ႕ကို အထက္ေအာက္ ‌စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္ " ကူယြဲ႕ နင္လား? ငါပါ နင့္ရဲ႕ က်ဲက်ဲ ကူယြမ္ေလ၊ ငါ‌တို႔ မေတြ႕တာ ႏွစ္ေတြ ေတာင္ ၾကာခဲ့ၿပီဘဲ"

ကူယြဲ႕ရဲ႕ ပါးစပ္က ေဟာင္းေလာင္းႀကီးျဖစ္ေနၿပီးေတာ့ ဘာစကားမွ ထြက္မလာေတာ့ဘူး။။

ကူယြဲ႕ရဲ႕ သမီးျဖစ္သူ ဖုန္းက်ီဟန္က ကူယြမ္ကို စိတ္ေရာဂါသည္တစ္ဦးလို ၾကည့္ၿပီး ေျပာလာတယ္ " နင္က ဘယ္သူလဲ ? နင္တစ္ခုခုမ်ား လြဲေနသလား?"

ကူယြမ္က ကူယြဲ႕ရဲ႕ သမီးကို ၾကည့္လိုက္ၿပီးေတာ့ " မင္းကို က်ီဟန္လို႔ ေခၚတာလား ? ငါက မင္းအေဒၚပါ မင္းအေမရဲ႕ အစ္မေလ၊ က်ီဟန္ လူႀကီးေတြနဲ႔ စကားေျပာရင္ နည္းနည္းေတာ့ ယဥ္ယဥ္ေက်းေက်းေျပာသင့္တယ္ေလ"

သူမ ထက္ အသက္ႀကီးေနပုံေပၚတဲ့ ဒီတူမကို ၾကည့္ေနရတာ သူမအတြက္ တကယ္ ခံစားလို႔ေကာင္းတာဘဲ။

ပိုက္ဆံဆိုတာ အေပၚယံ ပိုင္ဆိုင္မႈသာသာပါဘဲ၊ သူမ အိပ္ၿပီး ႏိုးလာတာနဲ႔ အလွအပနဲ႔ ႏုပ်ိဳမႈတို႔မွာ လူတိုင္းကို အႏိုင္ပိုင္းလိုက္ႏိုင္ၿပီ။

ဖုန္းက်ီဟန္ : " ??? "

ကူယြဲ႕ကေတာ့ သံသယျဖစ္ေနတဲ့ ပုံနဲ႔ ေမးလာတယ္ " နင္ နင္က တကယ္ဘဲ ကူယြမ္လား ?"

ကူယြမ္လည္း ကူယြဲ႕ က မယုံႏိုင္ျဖစ္ေနမွန္းသိပါတယ္၊ သူမ မ်က္ႏွာ သူမ ျပန္စမ္းၾကည့္ရင္းနဲ႔ ေအးခဲျခင္းရဲ႕ အာနိသင္ေတြ ဘယ္ေလာက္ေကာင္းမြန္တာကို အံ့အားသင့္ေနတယ္၊ သူမ အသားအေရက မေအးခဲခင္ကထက္ကို ပိုၿပီး ေကာင္းလာတယ္၊ ႏူးညံ့ေခ်ာေမြ႕ၿပီး ေလာေလာလတ္လတ္ အခြံခြာထားတဲ့ ၾကက္ဥျပဳတ္ေလးလိုဘဲ၊ ဒါကို ေတြးၾကည့္လိုက္ေတာ့ သူမ တကယ္ဘဲ ေက်နပ္သြားရတယ္။

သူမက ကူယြဲ႕ကို ျပဳံးၿပီး ၾကည့္လိုက္တယ္ " ‌ညီမေလး၊ ငါကို ၾကည့္ရတာ လြန္ခဲ့တဲ့ 25ႏွစ္တုန္းကနဲ႔ ဘယ္လို ကြာသြားတယ္ထင္လဲ၊ ဘာမွ မကြာျခားသြားဘူးမလား? ငါက တကယ္ဘဲ နင့္အစ္မပါ၊ လိမ္ေနတာ မဟုတ္ဘူး "

ပါးေရတြန္႔ၿပီး အေရးအေၾကာင္းေတြနဲ႔ ျပည့္ေနတဲ့ ကူယြဲ႕ : "......."

လြန္ခဲ့တဲ့ 25ႏွစ္တုန္းကနဲ႔ ဘာမွ မကြာျခားသြားတာက တစ္ခုခုေတာ့ လြဲေနၿပီ ။

25ႏွစ္ၾကာၿပီးေတာ့ သူမကိုယ္တိုင္ေတာင္ သတ္လတ္ပိုင္း အ႐ြယ္ေရာက္ေနၿပီကို ကူယြမ္က ဘာလို႔ ငယ္ေနပုံေပၚေနတာလဲ။

ကူယြဲ႕ကို ၾကည့္ရတာ ဒီအျဖစ္အပ်က္ေၾကာင့္ ခ်ဥ္စူးၿပီး အဆင္မေျပ ျဖစ္ေနပုံေပၚတယ္၊ ကူယြမ္ ခံစားခ်က္ေတြ ပိုေတာင္ ေကာင္းလာတယ္ "နင္မသိဘူးလား ၊ငါ့ရဲ႕ ခြဲစိတ္မႈက်႐ႈံးသြားေတာ့ ငါ့ခႏၶာကိုယ္ကို ေအးခဲထားလိုက္ရတယ္ေလ၊ အခုနည္းပညာေတြ တိုးတက္လာေတာ့ ငါ့ေရာဂါကိုေတာင္ကုသႏိုင္ၿပီး ခဲေနရာကေန ျပန္ႏိုးလာခဲ့တာ"

ကူယြမ္က ေျပာရင္းနဲ႔ အံ့အားသင့္ၿပီး ၾကက္ေသေသနၾကတဲ့ ကူယြဲ႕တို႔သားအမိနဲ႔ ေနာက္က လူႀကီးနဲ႔ လူငယ္ေဘးကေန ျဖတ္ဝင္လာတယ္၊တိုက္ခန္းအထဲကိုေရာက္ေတာ့ သူမ ႐ွိတုန္းကနဲ႔ ကြာျခားသြားတဲ့ အခန္းအျပင္အဆင္ကို ျမင္ၿပီး မ်က္ေမွာင္ၾကဳံမိတယ္ " နင္တို႔အားလုံးက ငါ့အိမ္မွာ ဘာလို႔႐ွိေနၾကတာလဲ? ငါ့အိမ္က ဘာလို႔ ဒီလိုႀကီး ျဖစ္သြားရတာလဲ? နင္တို႔ ဘာေတြ လုပ္ထားၾကတာလဲ?"

ဒီအခ်ိန္မွာေတာ့ ကူယြဲ႕က ျပန္ၿပီး တုံ႔ျပန္လာခဲ့ၿပီ။

ကူယြဲ႕က အရင္တုန္းက ခြဲစိတ္မႈက်႐ႈံးသြားၿပီး ကူယြမ္ကို ေအးခဲလ်က္ထား႐ွိတယ္ဆိုတဲ့ အေၾကာင္း ေျပာေနၾကတာကို မွတ္မိသြားတယ္၊ သူမ စိတ္ထဲ ေအးခဲထားတယ္ဆိုတာကို ေသသြားၿပီလိူ႕ မွတ္ယူထားခဲ့တာ၊ ကူယြမ္က အရင္ 25ႏွစ္ကတည္းက ေသသြားခဲ့ၿပီလို႔ ထင္ထားခဲ့တာ။

မေမွ်ာ္လင့္ဘဲ သူမက အသက္႐ွင္လ်က္ ျပန္ေရာက္လာတယ္။

ကူယြဲ႕က ကူယြမ္ကို စိုက္ၾကည့္လိူက္တယ္ " ဒါက အခု ငါ့အိမ္ျဖစ္သြားၿပီ ၊ဒီတိုက္ခန္းက ငါ့ဟာဘဲ၊ ငါက ဒါကို အေမြဆက္ခံခဲ့တာ "

ကူယြမ္ : " အေမြဆက္ခံတယ္ဟုတ္လား? "

ကူယြမ္ ႐ုတ္တရက္ ေဒါသေတြ ထြက္လာတယ္၊ သူတို႔ႏွစ္ေယာက္ၾကားထဲမွာ မလိုမုန္းထားမႈေလးေတြ ႐ွိခဲ့ေပမယ့္ သူမ ဘက္က ဘယ္ေတာ့မွ ကူယြဲ႕နဲ႔ ၿပိဳင္ၿပီး မျငင္းခုံခဲ့ဘူး၊ အခုေတာ့ သူမရဲ႕ ပိုင္ဆိုင္မႈျဖစ္တဲ့ တိုက္ခန္းကိုပါ ကူယြဲ႕က ရခ်င္ေနၿပီတဲ့လား?

ကူယြဲ႕ : " နင္က ေအးခဲေနတုန္းဆိုေတာ့ ဘယ္သိပါ့မလဲ၊ အေဖက ငါ့ကို ဒီတိုက္ခန္းကို အေမြေပးထားခဲ့တာ ၊အခုဒါက ငါ့နာမည္ေအာက္မွာ ႐ွိေနၿပီ "

ေဘးနားမွာ ရပ္‌ၿပီး ေၾကာင္ေနတဲ့ ဖုန္းက်ီဟန္ကလည္း ခ်က္ခ်င္းဘဲ ေ႐ွ႕ထြက္ၿပီး ေအာ္ေျပာလာတယ္ " ဟုတ္တယ္ ၊ဒါက အခု ငါတို႔အိမ္ဘဲ"

ကူယြဲ႕ရဲ႕ အမ်ိဳးသားျဖစ္ပုံေပၚတဲ့ လူႀကီးက သူ႕မိန္းမနဲ႔ ကူယြမ္ရဲ႕ စကားထဲက ဒီတိုက္ခန္းအေၾကာင္းကို ၾကားေတာ့ ေဒါသတႀကီးနဲ႔ ျဖစ္လာတယ္" ကူယြဲ႕ သူက ဘယ္သူလဲ? ဒါက ငါတို႔ မိသားစုအိမ္ဘဲ ၊သူမနဲ႔ ဘာမွ မဆိုင္ဘူး"

ကူယြမ္ကေတာ့ လူႀကီးကို သဘာဝက်က်ဘဲ လ်စ္လ်ဴ႐ႈထားၿပီးေတာ့ ကူယြဲ႕ကို တိုက္႐ိုက္ေမးလာတယ္ " အေဖက ဘယ္မွာလဲ?"

ကူယြဲ႕ : " အေဖက လြန္ခဲ့တဲ့ 10ႏွစ္ကတည္းက ဆူံးသြားၿပီ၊ သူ မဆုံးပါးခင္မွာ ဒီတိုက္ခန္းကို အေမြေပးထားခဲ့တာ၊ ငါနင့္ကို ထပ္ေျပာမယ္‌ ဒါက ငါ့တိုက္ခန္းဘဲ"

ဖုန္းက်ီဟန္က အေျခေနေတြကို သေဘာေပါက္စြာနဲ႔ အိပ္ခန္းထဲ ဝင္ၿပီး ပိူင္ဆိုင္ေၾကာင္းစာခ်ဳပ္ကို ဆြဲထုတ္လာတယ္ "ဒါက ငါတို႔ရဲ႕ ပိုင္ဆိုင္မႈ စာခ်ဳပ္ဘဲ ၊ဒီမွာ ငါ့အေမနာမည္ဘဲ ႐ွိတယ္၊ နင္နဲ႔ ဘာမွ မဆိုင္ဘူး၊ ငါတို႔အိမ္ကို သူေတာင္းစားလို လာတြယ္ကပ္မေနနဲ႔ "

ကူယြမ္က အံကို တင္းတင္းႀကိတ္ၿပီး လိုက္ဖက္လွတဲ့ အေမနဲ႔ သမီးႏွစ္ေယာက္ကို ၾကည့္ေနတယ္ "ငါက အခုထိ မေသေသးဘူးေလ ၊ဘယ္လိုလုပ္ ငါ့ပိုင္ဆိုင္မႈက အေဖ့ဆီ ေရာက္သြားတာလဲ? ငါ့ခြင့္ျပဳခ်က္မရဘဲ ဘယ္လို လႊဲေျပာင္းႏိုင္တာလဲ?"

ကူယြဲ႕က သူမ သမီးထက္ေတာင္ ငယ္႐ြယ္ၿပီး လွပေနပုံေပၚတဲ့ သူမ အစ္မျဖစ္သူကို မနာလိုစြာၾကည့္ၿပီး အံႀကိတ္လိုက္တယ္" နင္‌ေအးခဲသြားၿပီး ငါးႏွစ္ၾကာေတာ့ အေဖက ေသဆုံးေၾကာင္း လက္မွတ္ကို အသူံးျပဳခဲ့တာ "

ဒါက လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ဆယ္အၾကာကတည္းက ျဖစ္သြားခဲ့တာ၊ အဲ့တုန္းက လုပ္ငန္းစဥ္ေတြ က တရားဝင္ မျဖစ္ခဲ့ဘူး၊ ဒါေပမယ့္ သူတို႔အတြက္ေတာ့ ကူယြမ္ရဲ႕ ေသဆုံးေၾကာင္းလက္မွတ္ကို ရတာနဲ႔ အရာရာက လြယ္ကူသြားခဲ့တယါ၊ သူတို႔ေတြက ကူယြမ္ရဲ႕ ကတ္ထဲကေငြေတြကို ခြဲယူၿပီး တိုက္ခန္းကိုပါ သူတို႔နာမည္ေအာက္ကို လႊဲေျပာင္းခဲ့ၾကတယ္၊ ကူယြမ္ရဲ႕ ပစၥည္းေတြထဲက သူတို႔လိုတာေတြကို ယူလိုက္ၾကၿပီး မလိုအပ္တာေတြကိုေတာ့ စြန္႔ပစ္လိုက္ၾကတယ္။

ဘယ္လိုဘဲ ျဖစ္ျဖစ္ ကူယြမ္ပိုင္ဆိုင္သမွ်ဟာေတြက ဒီကမ႓ာႀကီးေပၚကေန ေပ်ာက္ကြယ္သြားခဲ့ၿပီ ။

ေသဆူံးေၾကာင္း လက္မွတ္!

ကူယြမ္ တကယ္ဘဲ မွင္သက္သြားမိတယ္။

ေဆးဘက္ဆိုင္ရာ အဖြဲ႕အစည္းက လူေတြကေတာင္ သူမကို မစြန္႔လႊတ္ဘဲ သူမသက္သာလာဖို႔ အစြမ္းကုန္ အကုန္အက် ခံေနခဲ့ခ်ိန္မွာ သူမ ရဲ႕ တစ္ဦးတည္းေသာ ေဆြမ်ိဳးျဖစ္တဲ့ အေဖျဖစ္သူက သူမကို စြန္႔လႊတ္ၿပီး ေသဆုံးေၾကာင္း လက္မွတ္ကိုေတာင္ အသုံးျပဳခဲ့တယ္။

ကူယြမ္ရဲ႕ မ်က္လူံးေတြထဲက စိတ္ပ်က္အားငယ္မႈေတြႀကိ ျမင္ေတာ့ ကူယြဲ႕က ေမာက္မာစြာ ျပဳံးလိုက္တယ္ " ‌ေတာ္လိုက္တဲ့ ငါ့အစ္မေရ နင္က လွပၿပီး ငယ္႐ြယ္တုန္းဘဲ ဆိုေပမယ့္ ၊ဒီတိုက္ခန္းကေတာ့ ငါ့အပိုင္ျဖစ္သြားၿပီ၊ တကယ္လို႔ ဒါကို ျပန္ရခ်င္ရင္ အေဖ့ကို သြား႐ွာၿပီး ေျပာလိုက္ေလ၊ ငါ့ကို အေဖေပးထားခဲ့တာ နင္ေပးထားခဲ့တာ မဟုတ္ဘူး၊ ဟုတ္ၿပီလား"

ေနာက္ၿပီး ကူယြဲ႕က တစ္ခုခုကို သတိရသြားတဲ့ ပုံနဲ႔ ဆက္ေျပာလာတယ္ " နင္ရဲ႕ ေက်ာက္စိမ္း ဆြဲျပားကိုလည္း အေဖက ငါ့ကို ေပးထားခဲ့တယ္ "

ကူယြမ္က ဒါကို ၾကားလိုက္ေတာ့ တကိုယ္လူံးတုန္ယင္လာၿပီး ကူယြဲ႕ကို ခ်က္ခ်င္းဘဲ သြား႐ိုက္ပစ္ခ်င္လာတယ္။

Continue Reading

You'll Also Like

1.2M 63.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
671K 33.9K 28
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
413K 46.5K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
1.4M 34K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...