Unicode
ဒီလိုနဲ့သူတိို့မိသားစုလေးပျော်ရွှင်နေတာ နှစ်နှစ်လောက်ဘဲရှိသေးတယ်။ အခုဆိုရင် မင်ယွင်က လျိုချင်းပိုင်ကိုအဖြေပြန်ပေးလိုက်ပြီ။တကယ်တော့ မင်ယွင်က တစ်ပတ်လောက်ကြာတာနဲ့တန်းအဖြေပေးလိုက်တာပါ။
ထယ်ထယ်ကတော့သူ့ host ကိုထိန်းမနိုင်တော့လိုလွှတ်ထားလိုက်ရတယ်။
အခုရက်ပိုင်းမှာတော့ လျိုချင်းလန်နဲ့ညီငယ်လေးတွေက ခွေးစာအသေကျွေးခံနေရပါတယ်။ ညီငယ်လေးတွေကငယ်သေးလို့ဘာမှမဖြစ်ပေမယ့် လျှိုချင်းပိုင်ခမျာသွေးတောင်အန်ချင်တဲ့အထိ ခွေးစာတွေနင်နေပါတယ်။ သူ့မိဘတွေကမချစ်တော့လည်းမချစ်လို့ ချစ်တော့လည်း ပါးပါးက ခမည်းတော်ကိုယ်ပေါ်ကတော့မဆင်းဘူး။ မြွေတွေကပျော့ပျောင်းတယ်ဆိုတာတော့သိပါတယ်။ ဒါပေမယ့်ခမည်းတော်က ပါးပါးကိုအမြဲချီထားပြီး တစ်ခါတစ်ခါထမင်းတောင်ခွံ့ကျွေးတာတော့လွန်တယ်မထင်ဘူးလား။ သူကတော့အလိုလိုနေရင်းကလေးထိန်းရာထူးကိုအော်တိုရောက်သွားရော။ ခမည်းတော်နဲ့အဆင်မပြေတုန်းကလည်း ထွက်ပြေးလွန်းတဲ့ပါးပါးကို အမြဲလိုက်ဖမ်းနေရတယ်။ဟော..အဆင်ပြေသွားတဲ့အခါကျတော့လည်းကလေးထိန်းနေရပြန်တယ်။သူ့ဘဝလေးဘယ်သောအခါမှ နားနားနေနေနေရပါတော့မလဲ။
တွေးရင်းရှေ့ကမိဘနှစ်ပါးကိုကြည့်လိုက်တော့ ဘယ်ကရှာလာမှန်းမသိတဲ့သစ်တော်သီးတွေကိုခမည်းတော်က ပါးပါးကိုခွံကျွေးနေတယ်။
အား......
ရုတ်တရက်ထအော်လိုက်တဲ့ လျှိုချင်းလန်ကြောင့် မင်ယွင်စားနေရင်းတန်းလန်းနဲ့လန့်ပြီးသီးသွားသည်။
V: လန်အာ...ဖြေးဖြေးအော်လေ။ မင်းပါးပါးလန့်သွားပြီ။ မင်လေးဖြေးဖြေးစား ကလူ..ကလူ..သီးကုန်ပြီ ရော့..ရေသောက်လိုက်ဦး။
လျိုချင်းလန်ကတော့ မျက်နှာကြီးမဲပုတ်သွားကာ မြွေပေါက်စသုံးကောင်ကိုချီပြီးအိမ်ထဲဝင်သွားလိုက်တယ်။ rs တွေမီဝေါ့။
နေ့ရက်တွေကိုအဆင်ပြေပြေဖြတ်ကျော်နေရင်းတစ်နေ့မှာ..မင်ယွင်တောထဲလျှောက်လည်ပြီးပြန်လာတော့ အိမ်ထဲကကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ တကိုယ်လုံးဖြူစုတ်စုတ်လူသားကိုတွေ့လိုက်တယ်။
ဒိန်...ဒါ...ဒါက ဇာတ်လိုက်ကြီးမလား။
သူအတွေးထဲနစ်မြောနေတုန်း သားတော်မောင်ဖြစ်သူက ပန်ကန်လုံးလေးကိုင်ပြီးထွက်လာတယ်။
Yg: လန်...လန်အာ ဒါက
" သားတောထဲမှာ ကလေးထိန်းနေတုန်း ဒီလူသားမေ့လဲနေတာတွေ့လို့အိမ်ကိုခေါ်လာတာ "
Yg's pov: လန်အာရေ....မင်းတော့ ဇာတ်လိုက်မအစာကိုဖြတ်လုလိုက်တာဘဲ။ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေးမနေဘဲ ဇာတ်လိုက်မတောင်သွားရန်စလိုက်ရလား။
Yg: လူသားတွေက အန္တရာယ်များလွန်းတယ်။ လာ..လာ ပါးပါးတို့တွေ့ခဲ့တဲ့နေရာကိုအမြန်ပြန်သွားထားရအောင်
" ပါးပါးဘဲ အသက်တစ်ချောင်းဆိုတာကယ်ကောင်းပါတယ်ဆို။အရင်တစ်ခါတုန်းက ယုန်ဖြူလေးဒဏ်ရာရနေတုန်းကပြောခဲ့တာလေ။"
Yg 's pov: ကယ်ကောင်းတဲ့ သတ္တဝါတွေထဲမှာ ဇာတ်လိုက်မပါဘူး သားရဲ့။ သူတို့က မိုးကြိုးဆယ်စင်းလောက်ပစ်ချတာတောင်သေမယ့်ကောင်တွေမဟုတ်ဘူး။ကံကြမ္မာရဲ့သားတော်တွေ။မယုံရင်ပစ်ထားလိုက် သူ့ဘာသာသူတောင်သတိပြန်ရလာဦးမယ်
Yg: လန်အာ...ကံကြမ္မာရဲ့အလိုဆိုတာပြောင်းလဲလို့မရဘူးကွဲ့။ဖြစ်ချိန်တန်လို့ဖြစ်လာတာလေ။ပါးပါးတို့ကဘာတတ်နိုင်မှာလဲ။
Ygဟုတ်သော်ရှိမဟုတ်သော်ရှိ ဖြီးဖြန်းပြီးလျှောက်ပြောမိတယ်။ လန်အာ..လုပ်လိုက်တာ ဇာတ်ကြောင်းတွေပြောင်းကုန်ပြီလေ။ တော်ကြာ ဇာတ်လိုက်တွေနဲ့ ဇာတ်လမ်းတွေဘာညာရှုပ်နေဦးမယ်။
" ဒါ..ဒါပေမယ့် သားက သူ့ကို ဆေးကုပေးပြီးသွားပြီ။ ခမည်းတော်အရင်တစ်ခါတုန်းကယူလာတဲ့အမြှုတေနဲ့လေ "
Yg: ဘာ❗❗❗
သားရဲမျိုးနွယ်စုပြဿနာတွေကိုဖြေရှင်းဖို့သွားနေတဲ့ လင်တော်မောင်ဆီ ဂုဏ်ဆာပြလိုက်ချင်သေးတယ်။ ဒီမှာ မင်းသားက နှစ်တစ်ထောင်အမြှုတေနဲ့ ကယ်တင်ရှင်ကြီးလုပ်လိုက်ပြီလို့လေ။ အောင်မလေး...ငါ့ခေါင်း....ငါ့ခေါင်း
ယိုင်ခနဲဖစ်သွားတဲ့ ပါးပါးကို လှမ်းထိန်းလိုက်ရင်း
" ပါးပါး....စိတ်လျော့နော်။ ကံကြမ္မာရဲ့အလိုလို့ဘဲသတ်မှတ်လိုက်လေနော် ပါးပါးနော် "
Yg's pov: မင်းအဖေကို ကံကြမ္မာရဲ့အလိုပါလား။
Zawgyi
တွေးရင်းရှေ့ကမိဘနှစ်ပါးကိုကြည့်လိုက်တော့ ဘယ်ကရှာလာမှန်းမသိတဲ့သစ်တော်သီတွေကိုခမည်းတော်က ပါးပါးကိုခွံကျွေးနေတယ်။
အား......
ရုတ်တရ်ကထအော်လိုက်တဲ့ လျှိုချင်းလန်ကြောင့် မင်ယွင်စားနေရင်းတန်းလန်းနဲ့လန့်ပြီးသီးသွားသည်။
နေ့ရက်တွေကိုအဆင်ပြေပြေဖြတ်ကျော်နေရင်းတစ်နေ့မှာ..မင်ယွန်တောထဲလျှောက်လည်ပြီးပြန်လာတော့ အိမ်ထဲမှာကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ တကိုယ်လုံးဖြူစုတ်စုတ်လူသားကိုတွေ့လိုက်တယ်။
Yg: လန်...လန်အာ ဒါက
Yg: ဘာ❗❗❗