မောင်

By ThetHmue3

3.1M 252K 104K

ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More

Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️

💔32💔(Part1)

47.5K 3.8K 1.3K
By ThetHmue3

ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုတွေကိုအားဆေးတချို့
သောက်ပြီး ကုစားလို့ရနိုင်ပေမယ့်စိတ်ဝိဥာဉ်
ပင်ပန်းလာတဲ့အခါမျိုးကြတော့ကုသဖို့ကအလွန်
ခက်ခဲလှပါသည်...။

ငိုသံတွေ.....ရှိုက်ကြီးတငင်ငင်ငိုသံတွေ....။

ကြားခဲ့ဖူးတယ်....အတိတ်တွေတုန်းကလည်း
ခမ်းနားလှတဲ့နန်းဆောင်ကြီးထဲမှာအထိန်းတော်
တွေအားလုံးဝိုင်းထိန်းခဲ့တာတောင် ထိန်းမရခဲ့တဲ့
ဆ်ိုးဆိုးဝါးဝါးငိုသံ အကျယ်ကြီးတွေ.....။
ဧကရာဇ် စိတ်နောက်သွားပြီလို့ ကောလဟာလတွေ
ထွက်ခဲ့တဲ့အထိ အူလှိုက်အသဲလှိုက်နာနာကျင်ကျင်
အော်ဟစ်သံတွေ.....။

ပစ္စုန်ပန်မှာလည်း တစ်ထပ်ထဲ ထပ်ကြားရတဲ့အခါ
ကောင်းကင်ပြာလေး...ကြောက်လန့်နေသည်။
တုန်တုန်ရီရီ လှုပ်ခါသွားသော ကျောပြင်သေးသေးလေး
ရင်ကိုခွဲသော ငိုသံတွေ...
သူတစ်ခုခု ခြိမ်းခြောက်တိုင်းမကြောက်ဘူးပြောပေမယ့်
ကြောက်ကြောက်သွားတတ်တဲ့ လှုပ်လှုပ်ခတ်
မျက်လုံးလေးတွေ....
ဘယ်သူကတော့ အကြံပက်စက်ချင်ပါ့မလဲဗျာ....။

ထပ်ခါထပ်ခါပြသနေတဲ့အမှန်တရားတွေ
မဖြစ်နိုင်ပါဘူးKimTaeHyung ရယ်လို့
ချနေတဲ့ တရားတွေ....။
မသိစိတ်က လက်ခံနေပေမယ့်အသိစိတ်ကတော့
တဇွတ်ထိုးသွားနေတုန်း...။

ငါဒီလောက်တောင် ချစ်တာ
ငါဒီလောက် ရူးပေးခဲ့တာ
ဘဝတစ်ခုတောင်မကခဲ့သော စွဲလမ်းမှုမှာ
မရတန်ကောင်းလားဆိုတဲ့ အတ္တနဲ့ လက်မလွှတ်ချင်...။

သူကတော့မောင်ကလွဲရင်အားလုံးပေးနိုင်တယ်တဲ့လေ....။

ငိုပြသွားလိုက်တာ.....
သိပ်ချစ်ရတော့....ချစ်သူငိုရင်...ရင်တွေမနာဘဲတော့
ဘယ်ရှိပါ့မလဲ....။
တရားခံကလည်းဟာသဆန်စွာ
ကိုယ်တိုင်ပဲဖြစ်ဖြစ်နေတယ်.....။
နှစ်ခါနာရတာပေါ့ဗျာ....။

ဆိုးဆိုးဝါးဝါးငိုသံတွေကို ကြားပြီးထဲက
TaeHyung စိတ်ဝိဉာဉ်တစ်ခုလုံး
ဘာဆက်လုပ်ရမှန်းမသိတော့စွာပင်ပန်းသွားပြီး
လောကကြီးနဲ့အဆက်အသွယ်ဖြတ်နေ့တချို့
အခန်းအောင်းနေခဲ့တာကြာပြီ...။

သခင် ဘာဖြစ်သွားလဲ မမေးရဲသေး....။
တခုခုဆိုးဆိုးဝါးဝါးကြားလာရမှာကို
ကြောက်နေသည်။

စိတ်ညစ်တာထက် စိတ်တွေရှုပ်ထွေးနေကာ
နားထဲအော်ငိုသံတွေပဲကြားနေရလို့
ရူးချင်ချင်...။
ရေချ်ိုးခန်းထဲက တတောက်တောက်ကျနေသော
ရေစက်သံကိုပင် မကြားနိုင်။
အိပ်ရာပေါ်မှာမလှဲအိပ်နိုင်လို့ ကြိမ်ခုံကြီးကြီး
ပေါ် တကိုယ်လုံးခွေခေါက်ထိုင်နေကာ
ကောင်းကင်ပြာလေးက ငြိမ်ငြိမ်လေး....။

အရုပ်ကလေးတစ်ရုပ်အလှချထားသလို
အညိုနုရောင်ညဝတ် ဝတ်စုံလေးနဲ့
မျက်လုံးတွေသေနေသည်။အသက်ရှုတယ်
ဆိုရုံလေးရှုကာ နွေရောက်ပြီကို ရာသီဥတုဖောက်
ပြန်တာကြောင့် မိုးတွေအုံ့လာကာ တဖြောက်ဖြောက်
ရွာလာတော့ TaeHyung မျက်နှာပိုပျက်လာသည်။

TaeHyung မိုးရွာခြင်းကိုသိပ်မုန်းပါသည်။
အေးစိမ့်စိမ့်ရာသီဥတုတစ်ခုဖြစ်လာပြီ.....။
ခန္ဓာကိုယ်သည် သခင့်အကြောင်းတွေးနေဆွေးနေရင်းနဲ့ကိုတဖြည်းဖြည်းဖောက်ပြန်လာသည်။

သခင့် ကို တမ်းတနေရင်းနဲ့ တကယ်တမ်း
မိုးတွေရွာချလာပြီး ပိုပိုအေးလာတဲ့အခါ ....
TaeHyung အတွေးအာရုံတွေထဲက သခင်ဟာ
ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည်။

"ထယ်လေးရေ.....ခြေထောက်လေးတွေကို
ငြိမ်ငြိမ်လေးနေပေးပါကွာ....."

"ထယ်က လှုပ်နေမှာပဲ လူကြီးရအောင် လိမ်းလေ.."

ရာသီဥတု အေးစက်လာတာနဲ့ အထူးသဖြင့်
မိုးအေးလာတာနဲ့ ခြေဆစ် လက်ဆစ်လေးတွေ
မခံစားနိုင်အောင်ကိုက်တတ်သော ရောဂါမျိုး
TaeHyung ဆီမှာရှိသည်။ ထို့ကြောင့်မိုးရွာပြီ
ရာသီဥတုတအားအေးလာတိုင်းMinYoongi က
ရောက်တဲ့အရပ်က TaeHyung ဆီပြေးလာကာ
ဆေးလိမ်းပေးရသည်။

TaeHyung သည် ဘယ်တော့မှဆေးဗူးကိုင်ကာ
ကိုယ်တိုင်လိမ်းမယ့်သူမဟုတ်။Yoongi
ရဲ့ အလိုလိုက် ချစ်ပေးထားမှုမှာ ဒါတွေသည်
သူလုပ်စရာမလိုတဲ့အလုပ်တွေလို့အတိအကျတွေးထား
သည်။မလာမချင်း ဝေဒနာကို သည်းခံကာ
ရောက်လာရင် Yoongi ပေါင်ပေါ်ခြေသလုံး
သွယ်သွယ်လေးတွေပစ်တင်ပြီး ဇိမ်ခံတော့သည်။

"ဆေးအပူတွေ နှာခေါင်းကိုသုတ်လိုက်မှာနော်
ငြိမ်ငြိမ်နေ...."

"ခြေသန်းလေးက ပိုကိုက်တယ် လူကြီး...
ခြေသန်းလေးကို ပိုပိုသာသာလေး လိမ်းပါ..."

ခြေသန်းလေးတစ်ချောင်းထဲလှုပ်ပြကာ
အသံသေးသေးလေးတွေလုပ်ပြောတိုင်း
MinYoongi က သိပ်အသဲယားကာ
အချစ်ပိုခဲ့ရတဲ့သူ....။

"ဆေးသောက်လို့ပြောရင်မသောက်ဘူး
လူကြီး တိုက်မှ အလုပ်တွေရှုပ်နေရင် ထယ်က
မေ့ပြီ...ကိုယ့်ကိုကိုယ်ဂရုစိုက်မှာပေါ့..."

"ပျင်းတယ်....လူကြီးရာ....."

"ဒါလေးက လူကြီးသာ မရှိရင် ဘယ်လို
အသက်ရှင်ပါ့မလဲ...."

"စတော်ဘယ်ရီတွေရှိတာပဲ....."

"စတော်ဘယ်ရီလေးကိုနမ်းအုန်းမယ်....
အနားတိုးခဲ့ပါအုန်း..."

တိုးလာပေးသော နှဖူးလေးကို Yoongi က
ဖွဖွလေးနမ်းတော့ ထယ်က ပြုံးယဲ့ယဲ့လေး။

"လက်တွေပါ ကိုက်လာတယ် လူကြီး
အရင်က ခြေထောက်တွေပဲကိုက်တာ
ထယ် စိတ်ညစ်တယ် တကယ်....."

ကမ္ဘာပေါ်မှာ ဘယ်အရာကအနုပညာအဆန်ဆုံး
လဲမေးရင်...ထယ့်လက်ချောင်းသွယ်သွယ်လေး
တွေပဲ...။သိပ်လှတယ် ယောကျ်ားတစ်ယောက်ရဲ့
လက်ပါလို့ ကျိန်ဆိုပြောရလောက်အောင်
ထူးခြားဆန်းကြယ်စွာဖြစ်တည်တယ်။
ရိုးရှင်းတဲ့လက်စွပ်မျှင်မျှင်လေးတွေကိုတစ်ချောင်း
ချင်းစီမှာ ဆင်မြန်းပြီး လက်ဟန်လေးနဲ့
စကားပြောတိုင်း Yoongi ပတ်ဝန်းကျင်ကိုမေ့မေ့
သွားတတ်သည်။

လှပတဲ့အကျီဒီဇိုင်းလေးတွေကိုဖန်တီးနေတဲ့
လက်ကလေးတွေလို့မပြောရဘူး...
ရင်သက်ရှုမောဖွယ်ရာအတိ။

"အဲ့တာကြောင့်ဆေးသောက်ပါလို့ ပြောတာ ပေါ့
လာ လက်ကလေးတွေပါ လိမ်းမယ်..."

"ဟင့်အင်း.....လက်တွေပူတာမကြိုက်ဘူး
ထယ် ဖုန်းသုံးအုန်းမှာ....အဆင်မပြေဘူး"

"ကိုက်နေတယ်မလား...."

"ကိုက်တော့ကိုက်ပေမယ့်...မလိမ်းချင်ပါဘူးဆို"

"Gucci က မနေ့ကဖိနပ်တွေထပ်မိတ်ဆက်တယ်နော်..
လူကြီး Preorder များတင်ရင်....."

"လိမ်း....လိမ်း လူကြီး....ထယ်ငြိမ်ငြိမ်လေး
နေမယ် လုံးဝမလှုပ်ဘူး...."

ဒီအခန်းထဲမှာပဲ....ဒီအိပ်ရာပေါ်မှာပဲ...
အချစ် လ်ို့မသတ်မှတ်ခဲ့ကြပေမယ့်လည်း
ရီသံလေးတွေ လွတ်လွတ်လပ်လပ်ပျံ့နှံ့ခဲ့ဖူးသည်။

ခြေချောင်းလက်ချောင်းတွေတဆစ်ဆစ်နဲ့
နာကျင်လာတဲ့အခါ ထယ်ယောင်းအတွေးစတွေက
ယောက်ယက်ခတ်ကုန်သည်။

လူကြီး....လို့ သတိရသွားတဲ့အခါ လူကြီးသူ့နားမှာ
မရှိဘူး....။လူကြီးကသူပြောတဲ့အတိုင်း
သူလုပ်စရာရှိတာကိုသေချာရေရာစွာလုပ်နေတယ်။
တစ်ခါတလေ လာတယ်...။စကားတစ်ခွန်းတောင်
မပြောဖြစ်ဘဲပြန်ပြန်သွားတယ်..
ခုနှောင်းပိုင်းရက်တွေမလာတော့ဘူး....။
သူ့ဘက်ကလည်း အဲ့တာကိုထောက်နေလို့မရဘူး
လူကြီးကို တွန်းထုတ်ခဲ့တာ သူလေ....။

သခင့်မျက်နှာကို မြင်ယောင်မိတိုင်း
ထိန်းမရသိမ်းမရ စိတ်တွေနဲ့....ခက်ခဲတာထက်
မဖြစ်နိုင်တာကြီးကို ဇွတ်တွေတိုးရင်း
အချိန်တိုင်း ပူပူလောင်လောင် အကြံအစည်တွေ
ကြီးဖန်တီးနေခဲ့တာ...။

သူနေ့တိုင်း ParkJimin ပြီးရင်ParkJimin
လုပ်နေချိန် လူကြီးကလည်း သိပ်တော်ပြီး
သိပ် ရင့်ကျက်တဲ့သူပီပီ သူလိုကောင်နား
ဘယ်ကြာကြာတော့ ဇာတ်အနာခံဘယ်နေပါ့မလဲ။

MinYoongi ဆိုတာလည်းဘာမလို့လဲ....။
အသိုင်းအဝိုင်းကြီးက ကျ်ိကျိတက်ကြွယ်ဝမှု
တွေနဲ့တစ်ယောက်ထဲသောဆက်ဆံသူလေ...။
ဘဝကို သူရဲ့မိုက်ရူးရဲဆန်မှုတွေနောက်လိုက်
ပြီး အချိန်ကြာကြာဘယ်ခံစားနေမလဲ။
အတော်အသင့်နာကျင်ပေးပြီးတော့လည်း
LifeGoesOn လေ....။

လူကြီးက ဘဝကို KimTaeHyung
မချစ်လို့ ထစ်ပြီး လေနေမယ့်လူမျိုးမှမဟုတ်တာ..။
ဆက်သွားစရာရှိတာသွားနေပြီ။
သူ့မှာသာ......ဝေခွဲမရခြင်းပေါင်းများစွာနဲ့။

"နာရင် ဆေးလိမ်းပေါ့ KimTaeHyung ရယ်
လက်မပါလို့လား...."

မိုးသည်းလာလေ အေးလာလေ ...ပိုပိုကိုက်ခဲ
လာတာမို့ ကိုယ့်ကိုကိုယ် ခပ်နာနာပြောကာ
ဆေးဗူးတွေရှိရာကို ဖြေးဖြေးချင်းလျှောက်သွား
လိုက်သည်။

ဖျားရင် ...

အိပ်မပျော်ရင်...

ခေါင်းကိုက်ရင်..

အားဆေး....(အိပ်ခါနီးသောက် ...)

ဗိုက်အောင့်ရင်...

စတဲ့...စာတိုလေးတွေနဲ့ အံဆွဲအဆင့်ဆင့်ထဲ
စည်းကမ်းတကျ ဆေးတွေ။ကျန်းမာရေး
ချူချာသူမို့ သူက ဒီလိုနေခဲ့ရတယ်....။
ဒါတွေကို ကံကောင်းတယ်လို့လည်းမထင်ခဲ့ပါဘူး။

ဆေးဗူးကိုအံဆွဲတွေထဲ ဖွင့်ရှာတော့ ဘယ်ဟာလဲ
ဆိုတာ ဇဝေဇဝါ..။လိမ်းပေးတာပဲသိခဲ့တာ
ဘယ်လိုလဲတစ်ခါမှမကြည့်ခဲ့ဖူး...။
ဖွင့်ကာ အနံ့လေးတွေ လိုက်နမ်းကြည့်ရသည်။

မှတ်မိနေသောအနံ့ရတဲ့ဘူးကျ ကုန်နေသည်။
ဒေါသသည် ဖျင်းခနဲ..။
ကံကြမ္မာ က ပြဿနာတွေကို ခေါ်လာရင်
အဆင်မပြေမှုတွေကို ခေါ်လာရင်
တကောင်ထဲခေါ်မလာ အမြဲအပေါင်းအပါနဲ့....။

ကုန်စရာလား....ကုန်နေစရာလား....။
နာလို့ပါဆို ဒါက ကုန်နေစရာလား..။
တစ်ယောက်ထဲ ဖြစ်နေလို့ပါဆို ဒီဘာမဟုတ်တဲ့
ဆေးဗူးလေးကအစ သောက်ဒုက္ခတွေဖြစ်နေ
တော့မှာလား....။

"ကုန်နေတာပဲ ဝယ်ရမှာပေါ့...ဘာစိတ်ညစ်စရာ
ရှိလို့လဲ.....ကားမောင်းတတ်တယ် ပိုက်ဆံရှိတယ်
ဘာတွေကို သတိရနေတာလဲ..မလိုဘူး...."

ဆေးဘူးအခွံကိုင်ကာ အနီးနားရှိ ShoppingMall
တစ်ခုခုမှာ ပြေးဝယ်လိုက်ရရင်ရနေပြီ။
အညိုရောင်ဝတ်စုံလေးအပေါ်ကို ဝတ်နေကျ
LongCoatတစ်ခုထပ်ဝတ်လိုက်ကာကားသော့
ဆွဲလျှက် ထီးတစ်ချောင်းကိုင်ကာ
ထွက်ခဲ့သည်။အပြင်ထွက်သည်နှင့်အေးစိမ့်သွား
မှုသည် ဝေဒနာပဲ...။

Shoeတောင်မစီးနိုင်လို့ခြေညှပ်ဖိနပ်လေး
ဖြစ်သလိုစီးကာ မျက်နှာသေဖြင့်ထွက်လာခဲ့သည်။

"နွေပဲရောက်နေပြီ...ရာသီဥတုကိုကသောက်ချိုး
မပြေဘူး..."

စိတ်များကမကြည်ရင်...လောကတခွင်ဘယ်အရာ
ကိုမှအကောင်းမမြင်နိုင်....။
အနီးအနားShopping Mall တစ်ခုကို ဆေးဘူး
အခွံလေးကိုင်ကာ TaeHyungမကြည်မလင်ပင်
ဝင်လာခဲ့သည်။

မိုးရေထိတဲ့အခါ မျက်နှာကိုပင်မထိန်းထားနိုင်
လောက်အောင် တစ်ချက်တစ်ချက်တဆစ်ဆစ်
ကိုက်၍မဲ့မဲ့သွားသည်။
တဖြည်းဖြည်းနဲ့ပိန်လာခြင်းတွင်လူသည်
Long coatထဲပျောက်ဆုံးနေလျှက်...။
သို့သော် အတတ်ဆုံးမျက်နှာလေးကို တည်တင်း
ထားလျှက်ဆေးဆိုင် ဆီသို့လျှောက်လာခဲ့သည်။

ဆေးဆိုင်မြင်သည်နှင့် ဝင်ဖို့တံခါးတွန်းအဖွင့်
မြင်လိုက်ရသော မြင်ကွင်းကြောင့် ထယ့်
ခြေလှမ်းတွေတုံ့ခနဲ....။

ဆေးဆိုင်ထဲမှာ လူကြီး.....တစ်ယောက်ထဲမဟုတ်ဘူး။
ဟိုညက မိန်းကလေးနဲ့ပဲ....။
လူကြီး တွဲသွားတွဲလာလုပ်နေပြီဆိုတာသိပါတယ်။
သို့သော် ဒီလိုမျိုးတော့မဆုံသေး...။
မိန်းကလေးက ပြုံးရယ်နေသလို လူကြီးကလည်း
ရွှင်ရွှင်လန်းလန်း..။
လူကြီးလက်မောင်းတွေကိုတွဲချိတ်ထားကာ
အသားအရည်လှအောင်သောက်ရသောအလှအပ
ဆိုင်ရာ ဆေးတချို့ကိုရွေးနေကြသည်။

"နောက်တစ်ဆိုင်ကူးလေကွာ...KimTaeHyung
အာရုံပဲ.....ဒီဆိုင်တစ်ဆိုင်ပဲရှိတာလား..."

ကိုက်နေတဲ့ခြေတွေလက်တွေကကိုက်နေတာလား
မကိုက်တော့တာလား ဘာတွေဖြစ်ကုန်မှန်း
တောင်ကိုယ့်ကိုကိုယ်မသိ...။ပြန်လှည့်ထွက်ဖို့
ပြင်ဆင်ချိန်တွင် လူကြီးတွေ့သွားပြီ။

"ထယ်....!!!"

ပြေးလို့မရတော့...။တိခနဲရပ်ပစ်လိုက်ရသော
ခြေလှမ်းတွေ။ထွက်ပြေးရအောင် ရုပ်ရှင်လည်း
မဟုတ်..။သက်ပြင်းတစ်ချက်ချလိုက်ကာ
လှည့်ကြည့်လိုက်သည်။

နစ်နေအောင်နာရတာမျိုးပေါ့...။
လက်ထဲဆုပ်ထားတဲ့ဆေးဘူးမြင်တာနဲ့MinYoongi
နှလုံးသားထဲအထိလှိုက်နေအောင်နာတယ်။
ဒီရာသီဥတုမှာ သေမတတ်နာကျင်နေမယ့်
အစိတ်အပိုင်းလေးတွေနဲ့...မခံစားနိုင်လွန်းလို့
ဒီပုံစံနဲ့ ဆေးဆိုင်ပြေးလာမှန်းသိတာမို့
ထယ့် ကို သူ စိတ်နာလိုက်တာ.....။
အဆင်ပြေနေပြီးတဲ့ဘဝ...အလွတ်ရနေပြီးတဲ့ဘဝ
အရာရာ အဆင်သင့် ဆက်လျှောက်ရုံဘဝကိုများ
ဒီကလေးက တန်ဖိုးမထားတတ်တာ...။

အနှစ်နှစ်ကာလက ချည်ထားတဲ့ကြိုးတွေ
အချစ်တွေ မေတ္တာတရားတွေကိုဘယ်လိုပဲ
လမ်းခင်းပြပြ...မလိမ္မာစွာမမြင်တတ်ခဲ့တာ။
မိုးရေစက်စက်ကျနေတဲ့ လက်ချောင်းလေးတွေ..။
မင်းဆိုးလိုက်တာ ကလေးရယ်...။

"ဆေးလာဝယ်တာလား..ထယ်...ဖုန်းဆက်
လိုက်တာမဟုတ်ဘူး ကိုယ်တစ်ယောက်ယောက်
ကိုလာပို့ခိုင်းလိုက်မှာပေါ့..."

"Yoongi သူက ဘယ်သူလဲ..."

လူကြီးလက်မောင်းတွေကိုမဖြုတ်ဘဲ
စပ်စပ်စုစုမေးလာတော့ TaeHyung
စူးခနဲတစ်ချက်ကြည့်ပေးလိုက်သည်။
ကဝေကောင်ပါ အစွမ်းထက်ပါတယ်ဆိုတဲ့
JeonJungkook လိုလူမျိုးတောင်
ဗြောင်းတိဗြောင်းဆန်ဖြစ်သွားစေတဲ့အကြည့်
မို့ ထိုမိန်းကလေး လန့်ဖျန့်သွားသည်။

TaeHyung ရဲ့မီးခိုးရောင်မျက်ဝန်းတွေထဲက
ခြောက်ခြောက်ခြားခြားအငွေ့အသက်တွေ
ကို ကျော်လွန်အနိုင်ယူပြီး ပြိုင်ကြည့်ရဲတာအနိုင်
ယူန်ိုင်တာ
ဒီကမ္ဘာပေါ်မှာတစ်ယောက်ထဲသာရှိပါသည်။

"TaeHyungလေ...မင်းကြားဖူးမှာပါ...."

"YoongiHyung ကျွန်တော့်ကိုဘာပြော
စရာရှိလို့ခေါ်တာလဲ မရှိရင် သွားတော့လေ
ကျွန်တော် ဆေးဝယ်ချင်လို့..."

"တွေ့လို့နူတ်ဆက်တာလေ...ထယ်
ကိုယ်တို့သူစိမ်းတွေမှမဟုတ်တာပဲ.....
ပြီးတော့ သူနဲ့ လည်းမိတ်ဆက်.."

"ကျွန်တော် မအားဘူး...Hyung...
နေသိပ်မကောင်းလို့...အချိန်မပေးနိုင်ဘူး
Sorry ....."

တွန်းတိုက်ကာဆေးဆိုင်ထဲသို့ဝင်လိုက်သည်။
ဘယ်သူကမှဖန်တီးထားတဲ့ ဖြစ်ရပ်တွေမဟုတ်
ဒါတွေကသူကိုယ်တိုင်လုပ်မိခဲ့တာတွေ။
ဘယ်သူ့မှလည်းအပြစ်ပုံချလို့မရ
လူကြီးက သူ့ဘဝသူအဓိပ္ပာယ်ရှိရှိဆက်လှမ်းနိုင်ဖို့
ပြင်ဆင်နေတာ....။

ဆေးဗူးမြန်မြန်ဝယ်ကာအိမ်ကိုပဲမြန်မြန်ပြန်လာ
လိုက်သည်။ကားသော့ခလုတ်ကိုနှိပ်နဲ့အခါ
လက်တွေတုန်ရီနေတာမို့ တစ်ခါထဲနဲ့မအောင်မြင်
တောက်တစ်ချက်ခပ်ကျယ်ကျယ်ခေါက်ကာ
အရှိန်ခပ်ပြင်းပြင်းဖြင့်
မောင်းထွက်သွားသော ပြိုင်ကားဖြူဖြူလေးသည်
ရမ်းကားစွာ...။

လူတွေအားလုံးကလုပ်စရာရှိတဲ့အလုပ်တွေကို
လုပ်နေကာ က်ိုယ့်အချိန်ဇယားတွေနဲ့ကိုယ်
မအားမလပ်ဖြစ်နေကြပေမယ့် သူက တော့
ဘာမှလုပ်စရာမရှိ။လောကကြီးနဲ့KimTaeHyung
ကသပ်သပ်ကြီးလို အိပ်ခန်းထဲပဲအသံတိတ်
ပျောက်ကွယ်နေချင်နေသည်။

လူတွေကရီမောနေလည်း ထယ်စိတ်တိုသည်။
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့သွားလာစား
သောက်နေတာမြင်နေလည်းထယ် မကျေနပ်
မိသားစု တွေမြင်တိုင်းလည်း အခဲမကျေနိုင်စွာ
ကိုယ့်ကိုကိုယ်ပြန်ကြည့်တဲ့အခါ အကောင်းစား
တိုက်ခန်းကြီးထဲမှာ သာနောက်ဆုံးပေါ်ပစ္စည်း
တွေနဲ့ ပတ်လည်ဝိုင်းနေတာ တစ်ယောက်ဆိုမှ
တစ်ယောက်ထဲရယ်....။

မိုးရေထဲအန္တရာယ်ကြီးစွာကားကိုအရှိန်ပြင်းပြင်း
မောင်းလျှက် တိုက်ခန်းပြန်ရောက်လာခဲ့သည်။
မျက်တောင်အရှည်ကြီးတွေမှာခိုကပ်နေသော
မိုးရေစက်တွေ...။ခပ်တည်တည်ခပ်တင်းတင်း
မျက်နှာနှင့် အံကြိတ်ထားတာကြောင့်မေးရိုးတွေ
တင်းတောင့်နေသည်။

"ဒီလောက်တောင် ကိုက်ချင် နာချင်နေတာလား
ဟုတ်လား...."

ယောင်ယမ်းလာတဲ့ဘက်တောင်ရောက်လာသော
ခြေချောင်းတွေကို မကျေနပ်စွာပြောဆိုရင်း
ရေစိုလာသောအကျီတွေကိုလည်းမလဲ
မိုးရေစင်လာသောဆံပင်ပြာပြာတွေကိုလည်းမသုတ်
ဖိနပ်ကို အခန်းထောင့်ကို ကန်ချွတ်ကာ
ကြိမ်ခုံပေါ်ထိုင်ပြီး ဆေးဗူးကို ဖွင့်ကာ
ခြေချောင်းတွေကို အံကြိတ်လျှက်ဆေးလိမ်းနေခဲ့သည်။

လက်တွေတုန်ရီနေကာ ရင်တစ်ခုလုံးဆို့နစ်
နေပြီး မနှစ်သက်လွန်းလှသော
အေးစက်စက်ရာသီဥတုအခြေအနေကြီးနဲ့
တစ်ယောက်ထဲအခန်းထဲ သေးကွေးစွာရှိနေရသော
ဘဝကို ထယ် ဝန်သာမခံတာ အလွန်ဝမ်းနည်းအားငယ်
နေခဲ့သည်။

ခြေထောက်ကိုငုံ့ကြည့်ကာဆေးလိမ်းနေရင်း
သူမငိုဘဲ ကျလာသော မျက်ရည်တစ်စက်
ကြောင့် TaeHyung ဒေါသထွက်ပြီး ကြမ်းကြမ်း
တမ်းတမ်းသုတ်ပစ်သည်။

ထပ်ထပ် ကျလာသည်....ထပ်သုတ်ပစ်သည်။
ကျစရာ ဘာအကြောင်းမှမရှိ...။ငိုရလောက်နဲ့
အဖြစ်အပျက်မျိုးတွေကြုံလာရတာလည်းမဟုတ်ဘဲ။
ထိန်းနေသော်ငြား ဆိုက်တိုက် ကျလာတဲ့အခါ
မသုတ်ဖြစ်တော့ဘဲ ခြေထောက်အရမ်းနာလို့
ငိုမိတာပဲဟု ကိုယ့်ကိုကိုယ်လိမ်လျက်
ဆေးယူကာ ရေမခြောက်သေးသောခြေချောင်း
တွေပေါ်ကို တုန်တုန်ရီရီလိမ်းနေခဲ့သည်။

ဒီပုံစံ...ဒီဘဝ ဒီအဖြစ်အပျက်တွေကိုများ
ParkJimin ကို တစ်ချက်လောက်ဖြစ်ဖြစ်
လာကြည့်စမ်းပါလို့ ဆွဲခေါ်ကာပြလိုက်ချင်တယ်။

ကြိမ်ခုံပေါ် ခွေခွေခေါက်ခေါက်လေးထိုင်နေကာ
ခြေထောက်လေးတွေကို မျက်ရည်တွေကြားက
ဆေးလိမ်းနေသော ပုံစံငယ်သည်MinYoongi
၏မျက်အိမ်တွေကိုနီရဲလာစေကာ လက်သီးတွေ
ဆုပ်မိသည်အထိ။

တစ်ယောက်ထဲရှိနေတာတောင်KimTaeHyung
လို အကြောတင်းလေးက ဖွင့်မငိုဘူး...။
MinYoongi အခန်းဝက မျက်တောင်မခတ်
စိုက်ငေးနေရင်း စိတ်အလိုလိုက်ကာ
ပြေးဖက်ထားလိုက်ချင်သော်လည်း....
ခြေလှမ်းတွေကမရွေ့ခဲ့....။

ParkJiminကိုပဲချစ်တာ ParkJiminကိုပဲ
လိုချင်တာ လို့ အတိအကျတွေပြောရင်
ရေကူးကန်ထဲ ရေငုတ်ပီး ရေထဲမှာဘယ်သူမှ
မကြားအောင် ဒီကောင်ကအော်ငိုရအုန်းမည်။

သူ့ဟာသူဆေးလေးလိမ်းပြီးနေနေတာ
ခဏနေရင် အငိုလည်းတိတ်လောက်မှာပါ
ဟုတွေးလိုက်ပြီး ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်
လိုက်သည်။
ခြေတလှမ်းမျှဆုတ်ပြီးတဲ့အချိန်တွင် အင့်...ခနဲ
သောရှိုက်သံလေး....။

လောကကြီးလည်းမိုးပြိုနေသလိုMinYoongi
လောကလည်းချက်ချင်းပြိုကျသွားသည်။
ထိန်းရင်း မထိန်းနိုင်တော့တဲ့အခါ ထွက်ပေါ်လာတဲ့
ခပ်တိုးတ်ိုးရှိုက်သံလေးဖြစ်နိုင်သည်။

ပြန်ကြည့်လိုက်တဲ့အခါ ထယ်တကိုယ်လုံး
တုန်ရီစွာငိုနေပြီ။
အခန်းထဲကို ပြေးဝင်သွားလိုက်သည်။
ဖြစ်ချင်ရာဖြစ်ပါ....မချစ်ပါဘူးလို့ ကဋေကဋာ
ချီပြောပြော ကျွန်တော်မနေနိုင်ဘူး.... ။

"ထယ်.....!"

TaeHyung အရမ်းလန့်သွားသည်။Yoongi
ရောက်နေတာလည်းမသိ...ရောက်လာလိမ့်မယ်
လို့လည်းလုံးဝမမျှော်လင့်ခဲ့။တစ်ယောက်ထဲလည်း
ဖြစ်မိုးကလည်းသည်းနေတာမို့
ကြောက်နေလို့ငိုတာတော့ဘယ်သူမှမသိနိုင်
မမြင်နိုင်ဘူးလို့ထင်ပြီး အသံကလေးထွက်မိခဲ့တာ။
ရုတ်တရက် MinYoongi ကိုမြင်လိုက်ရတဲ့အခါ
ငိုသံတွေချက်ချင်းရပ်သွားကာ ပြူးကြည့်နေသည်။
ထို့နောက် မျက်နှာတစ်ခုလုံးနီရဲလာကာ
လက်ထဲက ဆေးဗူးဖြင့် ထိချင်ရာထိ လှမ်းပစ်တော့သည်၊

"မလာနဲ့....!!!! ကျွန်တော်ပြိုပျက်
နေတာတွေ့လို့ ကျေနပ်တယ်မလား...
ငိုတာ.....ငိုတာ ခြေထောက်တွေကိုက်လို့.....
ခင်ဗျား ကို မိန်းမတစ်ယောက်နဲ့တွဲမြင်ခဲ့လို့
ငိုနေတယ်မထင်နဲ့...နော် လုံးဝမထင်လိုက်နဲ့
MinYoongi"

"မထင်ပါဘူး!! မင်းငါ့အပေါ်ဘာခံစားချက်မှမရှိတာ
ငါသိပါတယ်...."

"သိရင် အခုပြန်!!! မမြင်ချင်ဘူး....
ကျွန်တော် ဘယ်သူ့ကိုမှမမြင်ချင်ဘူး
မကြားချင်ဘူး....နားတွေငြီးလွန်းလို့....."

နားနှစ်ဖက်ပိတ်ကာအော်နေပြန်သော
ကောင်လေး၏ပုံစံသည် အရင်ကလည်း
သူအရမ်းစိတ်အလိုမကျတာမျိုး ဒေါသထွက်တာ
မျိုး စိတ်သိပ်ရှုပ်ရတာမျိုးဆို ထွက်ပေါ်လာတတ်
သောပုံစံ။MinYoongi အတွက်အများကြီးတော့
မဆန်းပါ...။ဒါပေမယ့်အရင်ကနှစ်ကိုယ်ကြား
ပြဿနာတွေကိုရှင်းရတာမျိုးဖြစ်ပေမယ့်
ခုက တတိယလူပါနေသည်။

ထယ့်ရဲ့ တုန်လှုပ်ပေါက်ကွဲနေမှုသည်
MinYoongi နဲ့ParkJimin ရောနှောနေသည်။
နာကျင်ရပေမယ့် တစ်ဖက်ကသနားလည်း
သနားနေရသည်။သူမနိုင်မနင်းတွေကို
အများကြီးထမ်းပိုးထားတာ....။

ချော့မြူနည်းလေးတွေလည်းရှိတာပေါ့လေ။
အရင်ကတော့ လွယ်ကူပေမယ့် ခုကျ
Yoongi အဖြေကိုသိနေပေမယ့်
မလုပ်ဆောင််ချင်.....။သိပ်ခက်ခဲနေသည်။

သူသွားသွား မသွားသွား ထယ်ဟာ မျက်နှာကို
မပြတော့ လက်နှစ်ဖက်ဖြင့်အုပ်ထားကာ
ငိုလည်းမငိုတော့အသံတိတ်သွားကာခုံကျဉ်းကျဉ်းလေးထဲ
လဲပြိုနေပြီ။

သက်ပြင်းတစ်ချက်ချလိုက်သည်။
မျက်လုံးတွေခဏလေးမှိတ်ကာ ဒီမြင်ကွင်း
ကိုမြင်နေရတာကိုက အဆမတန်ရင်နာတာမို့
ခွေခေါက်နေသောအညိုရောင်လေးကို
ပွေ့ချီလိုက်သည်။

ပိန်သွားလိုက်တာ...။ပေါ့ပါးနေလိုက်တာ
ParkJimin လို့သာစိတ်ထဲအံကြိတ်မိလျှက်။
ခုParkJimin ဘာလုပ်နေလဲထပ်တွေးမိတဲ့အခါ
တောက်မခေါက်မိအောင် ထိန်းလိုက်ရသည်။

အိပ်ရာပေါ်တင်ပေးလိုက်တော့ဘာမှထပ်မအော်
ခေါင်းငိုက်စိုက်ဖြင့်ငုတ်တုတ်ထိုင်နေသည်။
Yoongi သဘက်တစ်ခုယူလာကာအပြာရောင်
ဆံပင်လေးတွေကိုသုတ်ပေးသည်။
အဝတ်စတစ်ခုဖြင့် လိမ်းချင်သလိုတွေလိမ်းထား
သောဆေးတွေနဲ့မိုးရေတွေရောနေသောခြေထောက်
လေးတွေကို နာသွားမှာလည်းစိုးတာကြောင့်ဖွဖွ
လေးသုတ်ပေးနေတော့ တစ်ချက်တစ်ချက်
နာသွားသည်ထင်ပါသည် ခန္ဓာကိုယ်လေးတွန့်ခနဲ...။

အကျီတွေဘောင်းဘီတွေ အကုန်ဆွဲချွတ်လိုက်
ကာ အသစ်တစ်စုံလဲပေးနေလည်း ထယ်ဟာ
အသံတိတ်ပဲ...။

"တဖြည်းဖြည်းနဲ့အရိုးပဲကျန်တော့တယ်...
ချစ်တာလည်း ချစ်ပေါ့ ထိန်းချစ်မှပေါ့
ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်အုန်း
ဟိုကောင် ဘာလုပ်နေလဲ မင်းသိလား...."

"မပြောနဲ့ မကြားချင်ဘူး....."

"ပြီးရော......."

"ဆေးသောက်...ဆေးလိမ်းရုံနဲ့ပျောက်တဲ့
ဝေဒနာမျိုးမဟုတ်ဘူး TaeHyung...
မင်းငါမရှိရင်..."

"တော်ပါတော့!!!"

အကျီကြယ်သီးတွေတပ်ပေးနေတာမဆုံးသေး
လက်တွေကိုတွန်းလွှတ်ကာ ထယ်စောင်ပုံထဲ
တိုးဝင်သွားသည်။
ခေါင်းအထိတကိုယ်လုံးကိုလုံခြုံစွာစောင်ကို
ပတ်လိုက်ပြီး အရွဲ့တိုက်နေသောကောင်လေး
သည် တကယ့်အဆိုး..။
အဆိုးတကာ့ အဆိုးလေး....။

မောင်က မီးတောင်လေးငိုပြလိုက်တာမျိုး
မာယာသေးသေးလေးသုံးပြလိုက်တာမျိုးမှာ
တုတ်ပြလိုက်တာမို့ လက်ပိုက် လိုက်ရသော
ကလေးငယ်လေးလို ဆိုးချင်သေးပေမယ့်
ပစ်ထားခဲ့ခံရမှာလည်းကြောက်လို့ မလိမ္မာချင်
သော်လည်း အောင့်အီး လိမ္မာပေးသည်။

ကောင်းကင်ပြာလေးကတော့ တုတ်ပြလည်း
ထုံပေပေ ဓားပြလည်း ခပ်ရွဲ့ရွဲ့...
ထာဝရ မလိမ္မာလာမယ့် ခေါင်းမာသူ...
ခံမပြောနားမထောင် တဖက်စောင်းနင်းလေး..။

ဆိုးခြင်းဘာသာရပ်တွေမတူညီကြဘူး....။

Yoongi စောင်ထဲ ကိုခက်ခက်ခဲခဲ တားဆီးနေတဲ့
ကြားက အတင်းဝင်ကာ အညိုရောင်လေးပေါ်
အုပ်မိုးပြီး မပြီးပြတ်သေးတဲ့ကြယ်သီးတပ်ခြင်း
အမှုကို ဆက်သည်။

စောင်ဖြူဖြူထဲ နေရာကျဉ်းကျဉ်း
လေးထဲ နီနီရဲရဲမျက်အိမ်လေးလှလှလေးတွေနဲ့
သူ့ကို စူးစူးရဲရဲကြည့်နေသော ကောင်းကင်ပြာလေး
သည် ဒီလောက် အဆင်တွေမပြေ ပြဿနာတွေကြား
သေအောင်လှနေပြန်သည်။

လေးနှစ်ကျော် အတူတူနေခဲ့တာ....
အိပ်ရာပေါ်ကအခြေအနေတွေသည်လည်း
ပြောရရင်အဆန်းမဟုတ်တော့...
ParkJimin ပေါ်လာမှ ထယ်နဲ့သူ မနီးစပ်ဖြစ်တော့တာ
ကြာပြီ....။

ဦးနှောက်ကတော့ နွေးနွေးထွေးထွေးလေးထားပြီး
အိပ်ပျော်သွားအောင်ချော့သိပ်လိုက်မည်။
စားချင်တာလေးတွေချက်ပေးခဲ့ပြီးမနှောက်ယှက်
တော့ပဲသူအိမ်ပြန်မည်ပေါ့....။

ဖရိုဖရဲ အညိုစင်လေးက ညစ်တွန်းလေးတွန်း
ကာမကြည်မလင်အခြေအနေမှာတောင်
စောင်ဖြူဖြူအောက် တော်တော်ရူးရသော
ကောင်ကို ထပ်မရူးရူးအောင် ညို့ငင်စွာငေးနေတော့
ဦးနှောက်ကဦးနှောက်သပ်သပ်ဖြစ်သွားတော့သည်။

မျက်လုံးချင်းဆုံကာစိုက်ကြည့်နေရင်းမှMinYoongi သည်
ခပ်တည်တည်ပင်တပ်နေသော ကြယ်သီးတွေကိုတစ်လုံးချင်း ပြန်ဖြုတ်လာသည်။

"လူကြီး....."

အသံလေး...။ဩရှရှကိုခပ်နိမ့်နိမ့်လေး....။
လူကိုမမြင်ရသေး MinYoongiကအသံအရင်
ကြားပီးရင်ခုန်ခဲ့တဲ့ကောင်မလို့ ကြောက်ရွံ့သလိုလို
အသံToneလေးထွက်ကျလာတဲ့အခါ စိတ်ကထိန်းမရ။

"အချစ်က အချစ်...ဆန္ဒတွေဆန္ဒတွေပဲမလားထယ်..
ကိုယ်တို့ အတူတူမနေရတာ ကြာပြီ
မင်းနဲ့လူကြီး ဆက်ဆံရေးကမပြီးပြတ်သရွေ့
တစ်ယောက်ယောက်က လက်မထပ်သွားသရွေ့
အပေးအယူတွေရှိရမှာပဲမလား....
ဒါက ကိုယ်တို့ ဆန္ဒတွေသပ်သပ်ပဲ....
တခြားမပါဘူးလေ..."

TaeHyung မျက်လုံးတွေဝိုင်းခနဲ....။
နားရွက်ဖျားလေးတွေရဲသွားကာ MinYoongi
ကိုကြည့်နေဆဲ...။

ဒီလိုအချိန်မှာစိတ်လွတ်စွာ
မိုက်ပစ်လိုက်လည်းအနည်းဆုံးတော့
ရူးတော့မယ့်စိတ်ကိုခဏတော့မေ့လိုက်နိုင်မှာပဲ....။
ကြမ်းကြမ်းတမ်းတမ်းတွေထိတွေ့ပြီးဖြစ်ချင်ရာ
ဖြစ် သာယာမှုတွေနဲ့လောကကိုခဏတော့မေ့လို့ရတာပဲ။

စဉ်းစားနေပုံရသောTaeHyungမျက်နှာလေးကို
စိုက်ကြည့်ကာအဖြေကိုစောင့်နေရင်း
မိုးကပိုပိုသည်းထန်လာသည်။

ဂျိန်းးးး

မိုးခြိမ်းသံတစ်ချက်သည်ကျယ်လောင်လွန်း
တာကြောင့် လန့်သွားသော မျက်လုံးလေး
တွေနဲ့ သတိလက်လွတ် Yoongi လည်တ်ိုင်
တွေကို သိမ်းဖက်လိုက်တဲ့ ကောင်းကင်လေး၏
လန့်သွားတာကြောင့်နှလုံးခုန်သံကျယ်ကျယ်က
အတိုင်းသား...။

ဒီအခြေအနေမှာ ဘာအဖြေမှလည်းမစောင့်ချင်
ရှင်းမရတဲ့ပြသနာတွေခဏမေ့ကာ
နှစ်ယောက်စလုံး စိတ်ရောကိုယ်ပါပင်ပန်းလွန်း
နေတာကြာပီမို့Yoongiက ထယ့် နှုတ်ခမ်းတွေ
ဦးဆောင်ဖိကပ်စုတ်ယူသွားတော့သည်။

အရာအားလုံးအလွတ်ရနေပြီဖြစ်သော
ဒီခရီးမှာ လူကြီးရဲ့ ဖြူဖွေးလွန်းတဲ့အသားအရည်
တွေပေါ် ထယ်က အနှောက်အယှက်တွေလုပ်ရတာ
ကိုအရင်ကတည်းကသိပ်သဘောကျလှသည်။
လူကြီးအသားအရေက လက်ကလေးနဲ့နာနာထိ
မိတောင်သိသာစွာ အရာတွေထက်တတ်သော
နှင်းခဲလိုဖြူနုနေမှုမျိုး...။

ပြတင်းပေါ်ကို မိုးစက်တွေကလာစင်သည်။
လောကကြီးတစ်ခုလုံးဆူညံနေသည်။
စောင်ဖြူဖြူအောက် လှုပ်ခတ်နေသောပုံရိပ်
သည် ရင်ခုန်ဖွယ်ရာ အတိ...။

"ဟို...မိန်းကလေးနဲ့....လူကြီးပတ်သတ်ခဲ့ပြီးပြီလား"

"ထယ်လေး....မလိမ္မာလာရင်တော့
လူကြီးက ဘာတွေစောင့်ထိန်းဖို့လိုမှာလဲ
သူက အိမ်က ရှာဖွေပေးထားတဲ့ အိမ်ထောင်ဖက်လေ
အခြေအနေတွေကဒီတိုင်းဆက်သွားရင်း
ဇာတ်သိမ်းတဲ့အခါ မင်း လူကြီးကို အပြီးစွန့်ပစ်
ရင်တော့ သံယောဇဉ်တွေမြန်မြန်ပြတ်အောင်
လက်ထပ်ပြီး သူကလူကြီး မိန်းမဖြစ်လာရင်တော့
မပတ်သတ်လို့မရတော့ဘူးပေါ့.......
ကလေးမွေးဖို့တွေကလည်း....."

ထယ်...ကိုက်ချလိုက်တဲ့လည်ပင်းတနေရာ
သည်အသဲခိုက်အောင်နာကာ
သာယာမှုသည်လည်းအတိုင်းအဆမဲ့...။
ပိုကြမ်းတမ်းလာသောထယ့် အပြုအမူတွေ
ကြောင့် Yoongi အရှုံးမပေးစွာနာကျင်၍ခပ်မဲ့မဲ့မျက်နှာ
လေးကို သတိထားမိနေပေမယ့် ထယ့်နှုတ်ခမ်း
က ခပ်တိုးတ်ိုးညီးညူးသံလေးတွေကြားတဲ့
အထိမီးကုန်ယမ်းကုန်.....။

"ကလေးမမွေးနဲ့....ဒီတိုင်း ဒီတိုင်းပဲ ယူ....."

ဖြစ်ချင်တိုင်းတွေဖြစ်ပျက်နေတဲ့အပြာရောင်
အရုပ်ကလေးက မအောင့်အီးနိုင်
လှုပ်ရမ်းမှုတွေကြားထဲက ပြောထွက်လာတဲ့စကား။

ကလေးလေး...ပင်ပန်းရပြန်ပြီ။
နှဖူးလေးကိုငုံ့နမ်းကာ Yoongiဘာမှဆက်မပြော
ဖြစ်တော့ မိုးမတိတ်မချင်း အချစ်တွေလည်း
မတိတ်ပေးခဲ့...။

ထယ် ကြောက်နေလို့ အချိန်တွေအကြာကြီး
အဖော်ပြုပေးခဲ့သည်။

အထီးကျန်နေတာတွေ ...စိတ်ဓာတ်ကျနေတာတွေ
အော်ငိုချင်နေသောစိတ်တွေ အားငယ်နေသော
အပိုင်းအခြားတွေ အားလုံးမေ့လျှော့ကာ
လူကြီး ရင်ခွင်ကြား ထယ်ဟာ မချစ်ဘူး ဆို၍
လွင့်လွင့်မျောမျော......။

ဂရုမစိုက်ဘူးသာအော်ခဲ့ပြီးတကယ်တမ်း
လူကြီးနှုတ်ဖျားက လက်ထပ်မယ်ဆိုတဲ့
စကားစုထွက်ကျလာတဲ့အခါရင်တစ်ခုလုံးတင်းကျပ်သွားမှုသည် နမ်းရင်တောင်မပျောက်ကင်းခဲ့။

လူကြီး သည်အပိုစကားပြောတတ်တဲ့လူမျိုးလုံးဝမဟုတ်။
မရည်ရွယ်ဘဲ မလုပ်ဘဲ ဘယ်တော့မှထုတ်မပြောတတ်။

ကောင်းကင်ပြာလေး...လမ်းပျောက်နေချေပြီ။

သခင့်ကိုမစွန့်လွှတ်နိုင်သလို လူကြီးကို
တခြားတစ်ယောက်ကို
ပေးလိုက်နိုင်လားလို့မေးလာရင်လည်း......။

ယောင်းရေ...ဘာတွေများဆုတောင်းကောင်းပြီး
ဘယ်ဆုတောင်းတွေကမှားယွင်းခဲ့သလဲ...။
...........................။

ခပ်လွင့်လွင့်ပဲ........။ဘဝ ကချမ်းသာကြွယ်ဝရတဲ့
ကြားထဲ အလှဆုံးယောကျ်ားလေးကိုမောင်ပိုင်ဆိုင်
ရတဲ့အခါထားစရာနေရာမရှိစွာဖြစ်ရင်း
တစ်ညတာ ဖြတ်သန်းပြီးတဲ့နောက် မောင့်မှာ
အရှိန်မသတ်နိုင်...အိမ်မှာမလွတ်လပ်ဘူးဆိုတဲ့
ဆိုးဆိုးဝါးဝါးခေါင်းစဉ်ကြီးနဲ့အတူ ကိုယ်ပိုင်Jet
ဖြင့် သူပိုင်ဆိုင်ရာကျွန်းကို
ဒုတိယအကြိမ် Honey Moonကို ထပ်ထွက်ခဲ့သည်။

ရောက်ရောက်ချင်းတစ်ညအိပ်ပြီးတဲ့အခါ
မိုးလင်းလာတော့ မောင်က လွတ်သွားခဲ့သော
Dateအတွက် အခမ်းနားဆုံးအပျော်ရွှင်ရဆုံး
သောDateလေးတစ်ခုပြန်ဖန်တီးပေးနိုင်ရန်
အိပ်ရာထဲတွင် မီးတောင်လေးကိုဖက်ထားရင်း
စဉ်းစားနေသည်။သူလေးကမနိုးသေးအသက်ရှုမှန်မှန်
လေးအိပ်နေတုန်း...။

ခဏလေးကြာတဲ့အခါလှုပ်လိလှုပ်လဲ့လေးဖြစ်လာ
ပြီး ရင်ခွင်ထဲ တိုးလာသည်။
နိုးနေပြီဆိုတာ မောင်သိတာကြောင့်မောင်က
နိူးပီလား အချစ်ရေ ဘာတွေIntroမဝင်တတ်။
Morning Kissတွေ ဘာတွေ မောင်မေ့တတ်သည်။

ဖောင်းကားနေသောပါးလေးနှင့်ခပ်စူစူ
နှုတ်ခမ်းလေးသည် ဘဲပေါက်ကလေးနဲ့
တူနေတာကြောင့် အသဲယားစွာ
မျက်နှာလေးကိုရင်ခွင်ထဲက ဆွဲထုတ်ကာ
ပါးတစ်ဖက်ကို ကိုက်ချလိုက်သည်။

အားးးးး

ထို့နောက်မောင် ချက်ချင်းမျက်လုံးတွေမှိတ်ချကာ
ဟောက်သံတုတွေလုပ်တော့သည်။

"JeonJungkook!!!"

အုန်းခနဲ ရင်ဘက်ကိုရိုက်ချလိုက်သောအသံသည်
Hotelတစ်ခုလုံးကြားရနိုင်သည်။
မောင့်ရင်ဘက်ပေါ် လက်ဝါးရာ သေးသေးလေး
သည်အတိုင်းသား...။ရီလည်းရီစရာကောင်းသည်။

"မောင့်ဘဲပေါက်လေး နိုးပြီလား...
လာပါအုန်း..."

လက်နဲ့ဆွဲဖက်ရုံမက Jimin မုန်းလွန်းလှသော
ခြေတံအရှည်တွေနဲ့ပါ သူက သိမ်းကျုံးခွကာ
ဖိထားတော့မှာသိနေတာကြောင့်တွန်းလွှတ်တော့
လည်းမလွတ်။

မောင်က ခန္ဓာသေးသေးလေးကို အိပ်ရာထဲ
တွင်အစအနတောင်ရှာမရအောင်သိမ်းဖက်ပြီး
အသက်ရှူတွေကျပ်တဲ့အထိဖျစ်ညစ်ထားသည်။

"မွန်းတယ်.....ဖယ်စမ်း !!!...မင်းလူကိုနုနုရွရွ
ထိဖို့ ကိုင်ဖို့ စိတ်ကူးမရှိဘူးလား...."

"အားမရလို့...."

"ငါ နာတယ်...."

"အုံဖွ....."

ဂုတ်သားနုနုလေးပေါ်မောင်ကဖွဖွလေးနမ်းကာ
ချော့တော့ မီးတောင်လေးရှက်ကိုးရှက်ကန်း..။
ငြိမ်ကျသွားသည်။

"မောင် လို့ ခေါ်တော့မယ်ဆို.....ကတိလေ..."

"လိမ္မာမှလေ....ပြောစကားနားမထောင်ရင်
မခေါ်ဘူး...."

လက်တွေကိုချက်ချင်းလျှော့ပေးလာကာ
မောင်က မျက်နှာချင်းဆိုင်အနေအထားပြောင်းလဲ
လိုက်သည်။

"အားမရလည်း ထိန်းကြောင်းချစ်ပါ့မယ်
တအားမလုပ်တော့ဘူး ခေါ်မောင်လို့...."

ကွေးညွှတ်သွားသောဆိုင်သူလေး၏
နှုတ်ခမ်းတွေ...မောင့်ရဲ့ မှဲ့နက်ကလေးကို
ထိကြည့်ရင်း...

"မောင် က အဲ့လောက်တောင်လိမ္မာသွားပြီလား..."

"မောင်က အစထဲကလိမ္မာပြီးသားကို..."

"ဟုတ်သားပဲ....ဒါဆို ဘာလို့ စောစောစီးစီး
လာကိုက်တာလဲ နာတယ်လေ ကိုယ့်ပါးက
ကိုက်စရာမဟုတ်ဘူးလေ မောင်ရာ..."

" ဖောင်းဖောင်းလေးဆိုတော့....."

"အရာထင်ကျန်ခဲ့ရင် ကိုယ်လူကြားထဲ
ဘယ်လိုသွားမလဲ..."

"ကိုက်တာကိုကြိုက်တယ် အရာထင်တာကို
စိုးရိမ်နေတာပေါ့...ရပါတယ် နောက်တစ်ခါဖောင်းပြီး
ဘယ်လောက်ကိုက်ကိုက် ဘယ်သူမှမမြင်နိုင်
တဲ့နေရာ မောင် ပြောင်းပေးမယ်...."

ပြောင်းပေးမယ်ပဲရှိသေးတယ် မောင့်လက်တွေက
အဲ့ဒီနေရာကိုရောက်လာပြီးပြီ။

"စောစောစီးစီးနော်...JeonJungkook
ငါကန်ချမှာ...."

"JeonJungkook လို့ခေါ်တယ်နော်....အေး..."

မောင်သည် မီးတောင်လေးကိုရင်ခွင်
အောက်သို့ပို့လိုက်ပြီးနောက် ယားတတ်တာကို
သိတာမို့ ဒုက္ခအများကြီးရောက်အောင်စနောက်
တော့သည်။

"ဖယ်.....ယားတယ် မစနဲ့.....!!!"

"JeonJungkook လို့ခေါ်အုန်းမလား..."

"မောင် ...မောင်.....မောင်.....!!!"

တခစ်ခစ်ရီသံလေးတွေနဲ့ Jimin ဟာ
ဘယ်လောက် ရင်ကွဲစရာတွေနဲ့ကြုံဆုံရ
သူဖြစ်ချင်တဲ့ အနေအထားတစ်ခုကိုရအောင်ဖန်တီး
နိုင်ခဲ့တာပဲ....။

"လျှောက်လည်ရအောင် လာ ရေသွားချိုးမယ်..."

"နှစ်ယောက်မချိုးဘူးနော် ....ရေချိုးခန်းထဲက
ထွက်ရမှာမဟုတ်ဘူး..."

"မရဘူး နှစ်ယောက်ပဲ မောင်က......"

ကောက်ချီကာမောင်ကရေချိုးခန်းတံခါးကန်ဖွင့်လျှက်
ဝင်သွားခဲ့သည်။
သိပ်အများကြီးမူနေ ငြင်းနေလို့မောင်က
နားထောင်တတ်သူမဟုတ်...နှင်းဆီပွင့်ချပ်
တွေအပြည့်နဲ့ရေချိုးကန်ထဲ အဝတ်အစား
တွေ ခပ်ဝေးဝေးလွှင့်လိုက်ကာနှစ်ယောက်အတူတူ
ဝင်ထိုင်လိုက်သည်။

"ဒီပန်းတွေက ဘာကိစ္စ မျက်စိနောက်စရာ
ထည့်ထားတာလဲ...ကိုယ်မှာလာကပ်နေတာ
စိတ်မရှည်စရာ..."

အနုအရွ တွေသိပ်မကြိုက်တတ်တဲ့မောင်က
ရင်ဘက်ဖွေးဖွေးမှာလာကပ်နေတဲ့နှင်းဆီတွေ
ကို အပြစ်တင်သည်။

ဆိုင်သူလေးသည် မောင်မကြိုက်မှန်းသိတဲ့အခါ
နှင်းဆီတွေကိုလက်နဲ့ခပ်ယူပြီးခေါင်းကနေ
လောင်းချသည်။

"မလုပ်နဲ့....ကွာ မောင် တကယ်မကြိုက်တာ...."

"ကိုယ်ကတော့ မောင့်ကို စရတာ ကြိုက်တယ်
မောင်က နှင်းဆီပန်းတွေနဲ့လည်း မိုက်နေတုန်းပါပဲ..."

"တကယ်လား....."

"အင်း...တကယ်...."

"ဒါ ဆို နမ်း......"

"မောင့် ကို မနမ်းဘူး နှင်းဆီတွေကိုပဲ နမ်းမှာ.."

နှင်းဆီနီနီတွေကြားဆိုင်သူလေးကတိုးလာပြီး
နှင်းဆီပွင့်ချပ်တွေကျသမျှ မောင့်ခန္ဓာကိုယ်
တစ်ခုလုံးကို နှုတ်ခမ်းဖူးဖူးလေးနဲ့တစ်ချက်ချင်း
နမ်းသွားသည်။
မောင်ဟာ ခေါင်းတွေကို မော့ထားပြီး
ရေအောက်ထဲတွင် ဆိုင်သူလေး၏
ခါးသိမ်သိမ်လေးကို ဆွဲဖက်ထားခဲ့သည်။

တစ်ချက်ချည်တိုင်း...တစ်ခါရူးတယ်...
ဒီဘဝတော့ အချည်မတတ်တဲ့ကြိုးတွေမဟုတ်တော့
ကျွမ်းကျင်လိမ္မာစွာ လိုချင်တာရဖို့
ဒီယောကျ်ားဟာ သူ့စိတ်နဲ့ပဲရှင်သန်နေဖို့
အရာအားလုံးကို အပိုင်သိမ်းပစ်နိုင်ဖို့
ဆိုင်သူလေး က တင်းကျပ်နေအောင်ချည်နှောင်
နေပေမယ့် မောင့်မှာနာကျင်မနေ.....။

မောင်ဟာ ကမ်းမမြင်လမ်းမမြင်လုံးဝလွတ်လွတ်
သွားသည်။ထမင်းလွတ် ဟင်းလွတ်ပဲ...။

အနမ်းလေးတွေရပ်သွားတဲ့အခါမောင်က
ပြန်စတင်ကာမရပ်မနားထိတွေ့လာတော့သည်။
ရေချိုးကန်အဆုံးအထိပြေးကပ်သွားကာ
မကြမ်းတမ်းသော်လည်းမနူးညံ့ပါသော
မောင့် အနမ်းတွေ....။

ရေဘယ်တော့မှမချိုးဖြစ်.....။
နမ်းနေရင်း ချိုးလိုက်တော့လည်း ပြီးတာပဲ
ဟုဆိုကာ မောင်က တကိုယ်လုံးကိူ
ဆပ်ပြာတချို့ယူပြီးပွတ်သပ်ပေးသည်။
ဒါလည်းအဆင်ပြေနေတာပဲ....။

ရေချိုးကန်ထဲ လှုပ်ရှားမှုတွေကြောင့်နှင်းဆီ
တွေအပြင်သို့လျှံကျကာ မျက်နှာခပ်ငယ်ငယ်။

.........

မောင်တို့ ကဲပြီသဲပြီမို့....စိတ်နိုင်မှနောက်တပိုင်းကို
ဆက်ပါ....Honey MoonTripကိုပဲရေးမှာ
မလို့ လောင်စရာတွေကြီးပါပဲနော်✌🏻

ခႏၶာကိုယ္ရဲ့ပင္ပန္းမွုေတြကိုအားေဆးတခ်ိဳ႕
ေသာက္ၿပီး ကုစားလို႔ရနိုင္ေပမယ့္စိတ္ဝိဥာဥ္
ပင္ပန္းလာတဲ့အခါမ်ိဳးၾကေတာ့ကုသဖို႔ကအလြန္
ခက္ခဲလွပါသည္...။

ငိုသံေတြ.....ရွိုက္ႀကီးတငင္ငင္ငိုသံေတြ....။

ၾကားခဲ့ဖူးတယ္....အတိတ္ေတြတုန္းကလည္း
ခမ္းနားလွတဲ့နန္းေဆာင္ႀကီးထဲမွာအထိန္းေတာ္
ေတြအားလုံးဝိုင္းထိန္းခဲ့တာေတာင္ ထိန္းမရခဲ့တဲ့
ဆ္ိုးဆိုးဝါးဝါးငိုသံ အက်ယ္ႀကီးေတြ.....။
ဧကရာဇ္ စိတ္ေနာက္သြားၿပီလို႔ ေကာလဟာလေတြ
ထြက္ခဲ့တဲ့အထိ အူလွိုက္အသဲလွိုက္နာနာက်င္က်င္
ေအာ္ဟစ္သံေတြ.....။

ပစၥဳန္ပန္မွာလည္း တစ္ထပ္ထဲ ထပ္ၾကားရတဲ့အခါ
ေကာင္းကင္ျပာေလး...ေၾကာက္လန့္ေနသည္။
တုန္တုန္ရီရီ လွုပ္ခါသြားေသာ ေက်ာျပင္ေသးေသးေလး
ရင္ကိုခြဲေသာ ငိုသံေတြ...
သူတစ္ခုခု ၿခိမ္းေျခာက္တိုင္းမေၾကာက္ဘူးေျပာေပမယ့္
ေၾကာက္ေၾကာက္သြားတတ္တဲ့ လွုပ္လွုပ္ခတ္
မ်က္လုံးေလးေတြ....
ဘယ္သူကေတာ့ အႀကံပက္စက္ခ်င္ပါ့မလဲဗ်ာ....။

ထပ္ခါထပ္ခါျပသေနတဲ့အမွန္တရားေတြ
မျဖစ္နိုင္ပါဘူးKimTaeHyung ရယ္လို႔
ခ်ေနတဲ့ တရားေတြ....။
မသိစိတ္က လက္ခံေနေပမယ့္အသိစိတ္ကေတာ့
တဇြတ္ထိုးသြားေနတုန္း...။

ငါဒီေလာက္ေတာင္ ခ်စ္တာ
ငါဒီေလာက္ ႐ူးေပးခဲ့တာ
ဘဝတစ္ခုေတာင္မကခဲ့ေသာ စြဲလမ္းမွုမွာ
မရတန္ေကာင္းလားဆိုတဲ့ အတၱနဲ႔ လက္မလႊတ္ခ်င္...။

သူကေတာ့ေမာင္ကလြဲရင္အားလုံးေပးနိုင္တယ္တဲ့ေလ....။

ငိုျပသြားလိုက္တာ.....
သိပ္ခ်စ္ရေတာ့....ခ်စ္သူငိုရင္...ရင္ေတြမနာဘဲေတာ့
ဘယ္ရွိပါ့မလဲ....။
တရားခံကလည္းဟာသဆန္စြာ
ကိုယ္တိုင္ပဲျဖစ္ျဖစ္ေနတယ္.....။
ႏွစ္ခါနာရတာေပါ့ဗ်ာ....။

ဆိုးဆိုးဝါးဝါးငိုသံေတြကို ၾကားၿပီးထဲက
TaeHyung စိတ္ဝိဉာဥ္တစ္ခုလုံး
ဘာဆက္လုပ္ရမွန္းမသိေတာ့စြာပင္ပန္းသြားၿပီး
ေလာကႀကီးနဲ႔အဆက္အသြယ္ျဖတ္ေန႔တခ်ိဳ႕
အခန္းေအာင္းေနခဲ့တာၾကာၿပီ...။

သခင္ ဘာျဖစ္သြားလဲ မေမးရဲေသး....။
တခုခုဆိုးဆိုးဝါးဝါးၾကားလာရမွာကို
ေၾကာက္ေနသည္။

စိတ္ညစ္တာထက္ စိတ္ေတြရွုပ္ေထြးေနကာ
နားထဲေအာ္ငိုသံေတြပဲၾကားေနရလို႔
႐ူးခ်င္ခ်င္...။
ေရခ်္ိုးခန္းထဲက တေတာက္ေတာက္က်ေနေသာ
ေရစက္သံကိုပင္ မၾကားနိုင္။
အိပ္ရာေပၚမွာမလွဲအိပ္နိုင္လို႔ ႀကိမ္ခုံႀကီးႀကီး
ေပၚ တကိုယ္လုံးေခြေခါက္ထိုင္ေနကာ
ေကာင္းကင္ျပာေလးက ၿငိမ္ၿငိမ္ေလး....။

အ႐ုပ္ကေလးတစ္႐ုပ္အလွခ်ထားသလို
အညိဳႏုေရာင္ညဝတ္ ဝတ္စုံေလးနဲ႔
မ်က္လုံးေတြေသေနသည္။အသက္ရွုတယ္
ဆို႐ုံေလးရွုကာ ေႏြေရာက္ၿပီကို ရာသီဥတုေဖာက္
ျပန္တာေၾကာင့္ မိုးေတြအုံ႔လာကာ တေျဖာက္ေျဖာက္
ရြာလာေတာ့ TaeHyung မ်က္ႏွာပိုပ်က္လာသည္။

TaeHyung မိုးရြာျခင္းကိုသိပ္မုန္းပါသည္။
ေအးစိမ့္စိမ့္ရာသီဥတုတစ္ခုျဖစ္လာၿပီ.....။
ခႏၶာကိုယ္သည္ သခင့္အေၾကာင္းေတြးေနေဆြးေနရင္းနဲ႔ကိုတျဖည္းျဖည္းေဖာက္ျပန္လာသည္။

သခင့္ ကို တမ္းတေနရင္းနဲ႔ တကယ္တမ္း
မိုးေတြရြာခ်လာၿပီး ပိုပိုေအးလာတဲ့အခါ ....
TaeHyung အေတြးအာ႐ုံေတြထဲက သခင္ဟာ
႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့သည္။

"ထယ္ေလးေရ.....ေျခေထာက္ေလးေတြကို
ၿငိမ္ၿငိမ္ေလးေနေပးပါကြာ....."

"ထယ္က လွုပ္ေနမွာပဲ လူႀကီးရေအာင္ လိမ္းေလ.."

ရာသီဥတု ေအးစက္လာတာနဲ႔ အထူးသျဖင့္
မိုးေအးလာတာနဲ႔ ေျခဆစ္ လက္ဆစ္ေလးေတြ
မခံစားနိုင္ေအာင္ကိုက္တတ္ေသာ ေရာဂါမ်ိဳး
TaeHyung ဆီမွာရွိသည္။ ထို႔ေၾကာင့္မိုးရြာၿပီ
ရာသီဥတုတအားေအးလာတိုင္းMinYoongi က
ေရာက္တဲ့အရပ္က TaeHyung ဆီေျပးလာကာ
ေဆးလိမ္းေပးရသည္။

TaeHyung သည္ ဘယ္ေတာ့မွေဆးဗူးကိုင္ကာ
ကိုယ္တိုင္လိမ္းမယ့္သူမဟုတ္။Yoongi
ရဲ့ အလိုလိုက္ ခ်စ္ေပးထားမွုမွာ ဒါေတြသည္
သူလုပ္စရာမလိုတဲ့အလုပ္ေတြလို႔အတိအက်ေတြးထား
သည္။မလာမခ်င္း ေဝဒနာကို သည္းခံကာ
ေရာက္လာရင္ Yoongi ေပါင္ေပၚေျခသလုံး
သြယ္သြယ္ေလးေတြပစ္တင္ၿပီး ဇိမ္ခံေတာ့သည္။

"ေဆးအပူေတြ ႏွာေခါင္းကိုသုတ္လိုက္မွာေနာ္
ၿငိမ္ၿငိမ္ေန...."

"ေျခသန္းေလးက ပိုကိုက္တယ္ လူႀကီး...
ေျခသန္းေလးကို ပိုပိုသာသာေလး လိမ္းပါ..."

ေျခသန္းေလးတစ္ေခ်ာင္းထဲလွုပ္ျပကာ
အသံေသးေသးေလးေတြလုပ္ေျပာတိုင္း
MinYoongi က သိပ္အသဲယားကာ
အခ်စ္ပိုခဲ့ရတဲ့သူ....။

"ေဆးေသာက္လို႔ေျပာရင္မေသာက္ဘူး
လူႀကီး တိုက္မွ အလုပ္ေတြရွုပ္ေနရင္ ထယ္က
ေမ့ၿပီ...ကိုယ့္ကိုကိုယ္ဂ႐ုစိုက္မွာေပါ့..."

"ပ်င္းတယ္....လူႀကီးရာ....."

"ဒါေလးက လူႀကီးသာ မရွိရင္ ဘယ္လို
အသက္ရွင္ပါ့မလဲ...."

"စေတာ္ဘယ္ရီေတြရွိတာပဲ....."

"စေတာ္ဘယ္ရီေလးကိုနမ္းအုန္းမယ္....
အနားတိုးခဲ့ပါအုန္း..."

တိုးလာေပးေသာ ႏွဖူးေလးကို Yoongi က
ဖြဖြေလးနမ္းေတာ့ ထယ္က ျပဳံးယဲ့ယဲ့ေလး။

"လက္ေတြပါ ကိုက္လာတယ္ လူႀကီး
အရင္က ေျခေထာက္ေတြပဲကိုက္တာ
ထယ္ စိတ္ညစ္တယ္ တကယ္....."

ကမၻာေပၚမွာ ဘယ္အရာကအႏုပညာအဆန္ဆုံး
လဲေမးရင္...ထယ့္လက္ေခ်ာင္းသြယ္သြယ္ေလး
ေတြပဲ...။သိပ္လွတယ္ ေယာက်္ားတစ္ေယာက္ရဲ့
လက္ပါလို႔ က်ိန္ဆိုေျပာရေလာက္ေအာင္
ထူးျခားဆန္းၾကယ္စြာျဖစ္တည္တယ္။
ရိုးရွင္းတဲ့လက္စြပ္မၽွင္မၽွင္ေလးေတြကိုတစ္ေခ်ာင္း
ခ်င္းစီမွာ ဆင္ျမန္းၿပီး လက္ဟန္ေလးနဲ႔
စကားေျပာတိုင္း Yoongi ပတ္ဝန္းက်င္ကိုေမ့ေမ့
သြားတတ္သည္။

လွပတဲ့အက်ီဒီဇိုင္းေလးေတြကိုဖန္တီးေနတဲ့
လက္ကေလးေတြလို႔မေျပာရဘူး...
ရင္သက္ရွုေမာဖြယ္ရာအတိ။

"အဲ့တာေၾကာင့္ေဆးေသာက္ပါလို႔ ေျပာတာ ေပါ့
လာ လက္ကေလးေတြပါ လိမ္းမယ္..."

"ဟင့္အင္း.....လက္ေတြပူတာမႀကိဳက္ဘူး
ထယ္ ဖုန္းသုံးအုန္းမွာ....အဆင္မေျပဘူး"

"ကိုက္ေနတယ္မလား...."

"ကိုက္ေတာ့ကိုက္ေပမယ့္...မလိမ္းခ်င္ပါဘူးဆို"

"Gucci က မေန႔ကဖိနပ္ေတြထပ္မိတ္ဆက္တယ္ေနာ္..
လူႀကီး Preorder မ်ားတင္ရင္....."

"လိမ္း....လိမ္း လူႀကီး....ထယ္ၿငိမ္ၿငိမ္ေလး
ေနမယ္ လုံးဝမလွုပ္ဘူး...."

ဒီအခန္းထဲမွာပဲ....ဒီအိပ္ရာေပၚမွာပဲ...
အခ်စ္ လ္ို႔မသတ္မွတ္ခဲ့ၾကေပမယ့္လည္း
ရီသံေလးေတြ လြတ္လြတ္လပ္လပ္ပ်ံ႕ႏွံ့ခဲ့ဖူးသည္။

ေျခေခ်ာင္းလက္ေခ်ာင္းေတြတဆစ္ဆစ္နဲ႔
နာက်င္လာတဲ့အခါ ထယ္ေယာင္းအေတြးစေတြက
ေယာက္ယက္ခတ္ကုန္သည္။

လူႀကီး....လို႔ သတိရသြားတဲ့အခါ လူႀကီးသူ႔နားမွာ
မရွိဘူး....။လူႀကီးကသူေျပာတဲ့အတိုင္း
သူလုပ္စရာရွိတာကိုေသခ်ာေရရာစြာလုပ္ေနတယ္။
တစ္ခါတေလ လာတယ္...။စကားတစ္ခြန္းေတာင္
မေျပာျဖစ္ဘဲျပန္ျပန္သြားတယ္..
ခုေႏွာင္းပိုင္းရက္ေတြမလာေတာ့ဘူး....။
သူ႔ဘက္ကလည္း အဲ့တာကိုေထာက္ေနလို႔မရဘူး
လူႀကီးကို တြန္းထုတ္ခဲ့တာ သူေလ....။

သခင့္မ်က္ႏွာကို ျမင္ေယာင္မိတိုင္း
ထိန္းမရသိမ္းမရ စိတ္ေတြနဲ႔....ခက္ခဲတာထက္
မျဖစ္နိုင္တာႀကီးကို ဇြတ္ေတြတိုးရင္း
အခ်ိန္တိုင္း ပူပူေလာင္ေလာင္ အႀကံအစည္ေတြ
ႀကီးဖန္တီးေနခဲ့တာ...။

သူေန႔တိုင္း ParkJimin ၿပီးရင္ParkJimin
လုပ္ေနခ်ိန္ လူႀကီးကလည္း သိပ္ေတာ္ၿပီး
သိပ္ ရင့္က်က္တဲ့သူပီပီ သူလိုေကာင္နား
ဘယ္ၾကာၾကာေတာ့ ဇာတ္အနာခံဘယ္ေနပါ့မလဲ။

MinYoongi ဆိုတာလည္းဘာမလို႔လဲ....။
အသိုင္းအဝိုင္းႀကီးက က်္ိက်ိတက္ႂကြယ္ဝမွု
ေတြနဲ႔တစ္ေယာက္ထဲေသာဆက္ဆံသူေလ...။
ဘဝကို သူရဲ့မိုက္႐ူးရဲဆန္မွုေတြေနာက္လိုက္
ၿပီး အခ်ိန္ၾကာၾကာဘယ္ခံစားေနမလဲ။
အေတာ္အသင့္နာက်င္ေပးၿပီးေတာ့လည္း
LifeGoesOn ေလ....။

လူႀကီးက ဘဝကို KimTaeHyung
မခ်စ္လို႔ ထစ္ၿပီး ေလေနမယ့္လူမ်ိဳးမွမဟုတ္တာ..။
ဆက္သြားစရာရွိတာသြားေနၿပီ။
သူ႔မွာသာ......ေဝခြဲမရျခင္းေပါင္းမ်ားစြာနဲ႔။

"နာရင္ ေဆးလိမ္းေပါ့ KimTaeHyung ရယ္
လက္မပါလို႔လား...."

မိုးသည္းလာေလ ေအးလာေလ ...ပိုပိုကိုက္ခဲ
လာတာမို႔ ကိုယ့္ကိုကိုယ္ ခပ္နာနာေျပာကာ
ေဆးဗူးေတြရွိရာကို ေျဖးေျဖးခ်င္းေလၽွာက္သြား
လိုက္သည္။

ဖ်ားရင္ ...

အိပ္မေပ်ာ္ရင္...

ေခါင္းကိုက္ရင္..

အားေဆး....(အိပ္ခါနီးေသာက္ ...)

ဗိုက္ေအာင့္ရင္...

စတဲ့...စာတိုေလးေတြနဲ႔ အံဆြဲအဆင့္ဆင့္ထဲ
စည္းကမ္းတက် ေဆးေတြ။က်န္းမာေရး
ခ်ဴခ်ာသူမို႔ သူက ဒီလိုေနခဲ့ရတယ္....။
ဒါေတြကို ကံေကာင္းတယ္လို႔လည္းမထင္ခဲ့ပါဘူး။

ေဆးဗူးကိုအံဆြဲေတြထဲ ဖြင့္ရွာေတာ့ ဘယ္ဟာလဲ
ဆိုတာ ဇေဝဇဝါ..။လိမ္းေပးတာပဲသိခဲ့တာ
ဘယ္လိုလဲတစ္ခါမွမၾကည့္ခဲ့ဖူး...။
ဖြင့္ကာ အနံ႔ေလးေတြ လိုက္နမ္းၾကည့္ရသည္။

မွတ္မိေနေသာအနံ႔ရတဲ့ဘူးက် ကုန္ေနသည္။
ေဒါသသည္ ဖ်င္းခနဲ..။
ကံၾကမၼာ က ျပႆနာေတြကို ေခၚလာရင္
အဆင္မေျပမွုေတြကို ေခၚလာရင္
တေကာင္ထဲေခၚမလာ အျမဲအေပါင္းအပါနဲ႔....။

ကုန္စရာလား....ကုန္ေနစရာလား....။
နာလို႔ပါဆို ဒါက ကုန္ေနစရာလား..။
တစ္ေယာက္ထဲ ျဖစ္ေနလို႔ပါဆို ဒီဘာမဟုတ္တဲ့
ေဆးဗူးေလးကအစ ေသာက္ဒုကၡေတြျဖစ္ေန
ေတာ့မွာလား....။

"ကုန္ေနတာပဲ ဝယ္ရမွာေပါ့...ဘာစိတ္ညစ္စရာ
ရွိလို႔လဲ.....ကားေမာင္းတတ္တယ္ ပိုက္ဆံရွိတယ္
ဘာေတြကို သတိရေနတာလဲ..မလိုဘူး...."

ေဆးဘူးအခြံကိုင္ကာ အနီးနားရွိ ShoppingMall
တစ္ခုခုမွာ ေျပးဝယ္လိုက္ရရင္ရေနၿပီ။
အညိဳေရာင္ဝတ္စုံေလးအေပၚကို ဝတ္ေနက်
LongCoatတစ္ခုထပ္ဝတ္လိုက္ကာကားေသာ့
ဆြဲလၽွက္ ထီးတစ္ေခ်ာင္းကိုင္ကာ
ထြက္ခဲ့သည္။အျပင္ထြက္သည္ႏွင့္ေအးစိမ့္သြား
မွုသည္ ေဝဒနာပဲ...။

Shoeေတာင္မစီးနိုင္လို႔ေျခညႇပ္ဖိနပ္ေလး
ျဖစ္သလိုစီးကာ မ်က္ႏွာေသျဖင့္ထြက္လာခဲ့သည္။

"ေႏြပဲေရာက္ေနၿပီ...ရာသီဥတုကိုကေသာက္ခ်ိဳး
မေျပဘူး..."

စိတ္မ်ားကမၾကည္ရင္...ေလာကတခြင္ဘယ္အရာ
ကိုမွအေကာင္းမျမင္နိုင္....။
အနီးအနားShopping Mall တစ္ခုကို ေဆးဘူး
အခြံေလးကိုင္ကာ TaeHyungမၾကည္မလင္ပင္
ဝင္လာခဲ့သည္။

မိုးေရထိတဲ့အခါ မ်က္ႏွာကိုပင္မထိန္းထားနိုင္
ေလာက္ေအာင္ တစ္ခ်က္တစ္ခ်က္တဆစ္ဆစ္
ကိုက္၍မဲ့မဲ့သြားသည္။
တျဖည္းျဖည္းနဲ႔ပိန္လာျခင္းတြင္လူသည္
Long coatထဲေပ်ာက္ဆုံးေနလၽွက္...။
သို႔ေသာ္ အတတ္ဆုံးမ်က္ႏွာေလးကို တည္တင္း
ထားလၽွက္ေဆးဆိုင္ ဆီသို႔ေလၽွာက္လာခဲ့သည္။

ေဆးဆိုင္ျမင္သည္ႏွင့္ ဝင္ဖို႔တံခါးတြန္းအဖြင့္
ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ထယ့္
ေျခလွမ္းေတြတုံ႔ခနဲ....။

ေဆးဆိုင္ထဲမွာ လူႀကီး.....တစ္ေယာက္ထဲမဟုတ္ဘူး။
ဟိုညက မိန္းကေလးနဲ႔ပဲ....။
လူႀကီး တြဲသြားတြဲလာလုပ္ေနၿပီဆိုတာသိပါတယ္။
သို႔ေသာ္ ဒီလိုမ်ိဳးေတာ့မဆုံေသး...။
မိန္းကေလးက ျပဳံးရယ္ေနသလို လူႀကီးကလည္း
ရႊင္ရႊင္လန္းလန္း..။
လူႀကီးလက္ေမာင္းေတြကိုတြဲခ်ိတ္ထားကာ
အသားအရည္လွေအာင္ေသာက္ရေသာအလွအပ
ဆိုင္ရာ ေဆးတခ်ိဳ႕ကိုေရြးေနၾကသည္။

"ေနာက္တစ္ဆိုင္ကူးေလကြာ...KimTaeHyung
အာ႐ုံပဲ.....ဒီဆိုင္တစ္ဆိုင္ပဲရွိတာလား..."

ကိုက္ေနတဲ့ေျခေတြလက္ေတြကကိုက္ေနတာလား
မကိုက္ေတာ့တာလား ဘာေတြျဖစ္ကုန္မွန္း
ေတာင္ကိုယ့္ကိုကိုယ္မသိ...။ျပန္လွည့္ထြက္ဖို႔
ျပင္ဆင္ခ်ိန္တြင္ လူႀကီးေတြ႕သြားၿပီ။

"ထယ္....!!!"

ေျပးလို႔မရေတာ့...။တိခနဲရပ္ပစ္လိုက္ရေသာ
ေျခလွမ္းေတြ။ထြက္ေျပးရေအာင္ ႐ုပ္ရွင္လည္း
မဟုတ္..။သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ
လွည့္ၾကည့္လိုက္သည္။

နစ္ေနေအာင္နာရတာမ်ိဳးေပါ့...။
လက္ထဲဆုပ္ထားတဲ့ေဆးဘူးျမင္တာနဲ႔MinYoongi
ႏွလုံးသားထဲအထိလွိုက္ေနေအာင္နာတယ္။
ဒီရာသီဥတုမွာ ေသမတတ္နာက်င္ေနမယ့္
အစိတ္အပိုင္းေလးေတြနဲ႔...မခံစားနိုင္လြန္းလို႔
ဒီပုံစံနဲ႔ ေဆးဆိုင္ေျပးလာမွန္းသိတာမို႔
ထယ့္ ကို သူ စိတ္နာလိုက္တာ.....။
အဆင္ေျပေနၿပီးတဲ့ဘဝ...အလြတ္ရေနၿပီးတဲ့ဘဝ
အရာရာ အဆင္သင့္ ဆက္ေလၽွာက္႐ုံဘဝကိုမ်ား
ဒီကေလးက တန္ဖိုးမထားတတ္တာ...။

အႏွစ္ႏွစ္ကာလက ခ်ည္ထားတဲ့ႀကိဳးေတြ
အခ်စ္ေတြ ေမတၱာတရားေတြကိုဘယ္လိုပဲ
လမ္းခင္းျပျပ...မလိမၼာစြာမျမင္တတ္ခဲ့တာ။
မိုးေရစက္စက္က်ေနတဲ့ လက္ေခ်ာင္းေလးေတြ..။
မင္းဆိုးလိုက္တာ ကေလးရယ္...။

"ေဆးလာဝယ္တာလား..ထယ္...ဖုန္းဆက္
လိုက္တာမဟုတ္ဘူး ကိုယ္တစ္ေယာက္ေယာက္
ကိုလာပို႔ခိုင္းလိုက္မွာေပါ့..."

"Yoongi သူက ဘယ္သူလဲ..."

လူႀကီးလက္ေမာင္းေတြကိုမျဖဳတ္ဘဲ
စပ္စပ္စုစုေမးလာေတာ့ TaeHyung
စူးခနဲတစ္ခ်က္ၾကည့္ေပးလိုက္သည္။
ကေဝေကာင္ပါ အစြမ္းထက္ပါတယ္ဆိုတဲ့
JeonJungkook လိုလူမ်ိဳးေတာင္
ေျဗာင္းတိေျဗာင္းဆန္ျဖစ္သြားေစတဲ့အၾကည့္
မို႔ ထိုမိန္းကေလး လန့္ဖ်န့္သြားသည္။

TaeHyung ရဲ့မီးခိုးေရာင္မ်က္ဝန္းေတြထဲက
ေျခာက္ေျခာက္ျခားျခားအေငြ႕အသက္ေတြ
ကို ေက်ာ္လြန္အနိုင္ယူၿပီး ၿပိဳင္ၾကည့္ရဲတာအနိုင္
ယူန္ိုင္တာ
ဒီကမၻာေပၚမွာတစ္ေယာက္ထဲသာရွိပါသည္။

"TaeHyungေလ...မင္းၾကားဖူးမွာပါ...."

"YoongiHyung ကၽြန္ေတာ့္ကိုဘာေျပာ
စရာရွိလို႔ေခၚတာလဲ မရွိရင္ သြားေတာ့ေလ
ကၽြန္ေတာ္ ေဆးဝယ္ခ်င္လို႔..."

"ေတြ႕လို႔ႏူတ္ဆက္တာေလ...ထယ္
ကိုယ္တို႔သူစိမ္းေတြမွမဟုတ္တာပဲ.....
ၿပီးေတာ့ သူနဲ႔ လည္းမိတ္ဆက္.."

"ကၽြန္ေတာ္ မအားဘူး...Hyung...
ေနသိပ္မေကာင္းလို႔...အခ်ိန္မေပးနိုင္ဘူး
Sorry ....."

တြန္းတိုက္ကာေဆးဆိုင္ထဲသို႔ဝင္လိုက္သည္။
ဘယ္သူကမွဖန္တီးထားတဲ့ ျဖစ္ရပ္ေတြမဟုတ္
ဒါေတြကသူကိုယ္တိုင္လုပ္မိခဲ့တာေတြ။
ဘယ္သူ႔မွလည္းအျပစ္ပုံခ်လို႔မရ
လူႀကီးက သူ႔ဘဝသူအဓိပၸာယ္ရွိရွိဆက္လွမ္းနိုင္ဖို႔
ျပင္ဆင္ေနတာ....။

ေဆးဗူးျမန္ျမန္ဝယ္ကာအိမ္ကိုပဲျမန္ျမန္ျပန္လာ
လိုက္သည္။ကားေသာ့ခလုတ္ကိုႏွိပ္နဲ႔အခါ
လက္ေတြတုန္ရီေနတာမို႔ တစ္ခါထဲနဲ႔မေအာင္ျမင္
ေတာက္တစ္ခ်က္ခပ္က်ယ္က်ယ္ေခါက္ကာ
အရွိန္ခပ္ျပင္းျပင္းျဖင့္
ေမာင္းထြက္သြားေသာ ၿပိဳင္ကားျဖဴျဖဴေလးသည္
ရမ္းကားစြာ...။

လူေတြအားလုံးကလုပ္စရာရွိတဲ့အလုပ္ေတြကို
လုပ္ေနကာ က္ိုယ့္အခ်ိန္ဇယားေတြနဲ႔ကိုယ္
မအားမလပ္ျဖစ္ေနၾကေပမယ့္ သူက ေတာ့
ဘာမွလုပ္စရာမရွိ။ေလာကႀကီးနဲ႔KimTaeHyung
ကသပ္သပ္ႀကီးလို အိပ္ခန္းထဲပဲအသံတိတ္
ေပ်ာက္ကြယ္ေနခ်င္ေနသည္။

လူေတြကရီေမာေနလည္း ထယ္စိတ္တိုသည္။
သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔သြားလာစား
ေသာက္ေနတာျမင္ေနလည္းထယ္ မေက်နပ္
မိသားစု ေတြျမင္တိုင္းလည္း အခဲမေက်နိုင္စြာ
ကိုယ့္ကိုကိုယ္ျပန္ၾကည့္တဲ့အခါ အေကာင္းစား
တိုက္ခန္းႀကီးထဲမွာ သာေနာက္ဆုံးေပၚပစၥည္း
ေတြနဲ႔ ပတ္လည္ဝိုင္းေနတာ တစ္ေယာက္ဆိုမွ
တစ္ေယာက္ထဲရယ္....။

မိုးေရထဲအႏၲရာယ္ႀကီးစြာကားကိုအရွိန္ျပင္းျပင္း
ေမာင္းလၽွက္ တိုက္ခန္းျပန္ေရာက္လာခဲ့သည္။
မ်က္ေတာင္အရွည္ႀကီးေတြမွာခိုကပ္ေနေသာ
မိုးေရစက္ေတြ...။ခပ္တည္တည္ခပ္တင္းတင္း
မ်က္ႏွာႏွင့္ အံႀကိတ္ထားတာေၾကာင့္ေမးရိုးေတြ
တင္းေတာင့္ေနသည္။

"ဒီေလာက္ေတာင္ ကိုက္ခ်င္ နာခ်င္ေနတာလား
ဟုတ္လား...."

ေယာင္ယမ္းလာတဲ့ဘက္ေတာင္ေရာက္လာေသာ
ေျခေခ်ာင္းေတြကို မေက်နပ္စြာေျပာဆိုရင္း
ေရစိုလာေသာအက်ီေတြကိုလည္းမလဲ
မိုးေရစင္လာေသာဆံပင္ျပာျပာေတြကိုလည္းမသုတ္
ဖိနပ္ကို အခန္းေထာင့္ကို ကန္ခၽြတ္ကာ
ႀကိမ္ခုံေပၚထိုင္ၿပီး ေဆးဗူးကို ဖြင့္ကာ
ေျခေခ်ာင္းေတြကို အံႀကိတ္လၽွက္ေဆးလိမ္းေနခဲ့သည္။

လက္ေတြတုန္ရီေနကာ ရင္တစ္ခုလုံးဆို႔နစ္
ေနၿပီး မႏွစ္သက္လြန္းလွေသာ
ေအးစက္စက္ရာသီဥတုအေျခအေနႀကီးနဲ႔
တစ္ေယာက္ထဲအခန္းထဲ ေသးေကြးစြာရွိေနရေသာ
ဘဝကို ထယ္ ဝန္သာမခံတာ အလြန္ဝမ္းနည္းအားငယ္
ေနခဲ့သည္။

ေျခေထာက္ကိုငုံ႔ၾကည့္ကာေဆးလိမ္းေနရင္း
သူမငိုဘဲ က်လာေသာ မ်က္ရည္တစ္စက္
ေၾကာင့္ TaeHyung ေဒါသထြက္ၿပီး ၾကမ္းၾကမ္း
တမ္းတမ္းသုတ္ပစ္သည္။

ထပ္ထပ္ က်လာသည္....ထပ္သုတ္ပစ္သည္။
က်စရာ ဘာအေၾကာင္းမွမရွိ...။ငိုရေလာက္နဲ႔
အျဖစ္အပ်က္မ်ိဳးေတြၾကဳံလာရတာလည္းမဟုတ္ဘဲ။
ထိန္းေနေသာ္ျငား ဆိုက္တိုက္ က်လာတဲ့အခါ
မသုတ္ျဖစ္ေတာ့ဘဲ ေျခေထာက္အရမ္းနာလို႔
ငိုမိတာပဲဟု ကိုယ့္ကိုကိုယ္လိမ္လ်က္
ေဆးယူကာ ေရမေျခာက္ေသးေသာေျခေခ်ာင္း
ေတြေပၚကို တုန္တုန္ရီရီလိမ္းေနခဲ့သည္။

ဒီပုံစံ...ဒီဘဝ ဒီအျဖစ္အပ်က္ေတြကိုမ်ား
ParkJimin ကို တစ္ခ်က္ေလာက္ျဖစ္ျဖစ္
လာၾကည့္စမ္းပါလို႔ ဆြဲေခၚကာျပလိုက္ခ်င္တယ္။

ႀကိမ္ခုံေပၚ ေခြေခြေခါက္ေခါက္ေလးထိုင္ေနကာ
ေျခေထာက္ေလးေတြကို မ်က္ရည္ေတြၾကားက
ေဆးလိမ္းေနေသာ ပုံစံငယ္သည္MinYoongi
၏မ်က္အိမ္ေတြကိုနီရဲလာေစကာ လက္သီးေတြ
ဆုပ္မိသည္အထိ။

တစ္ေယာက္ထဲရွိေနတာေတာင္KimTaeHyung
လို အေၾကာတင္းေလးက ဖြင့္မငိုဘူး...။
MinYoongi အခန္းဝက မ်က္ေတာင္မခတ္
စိုက္ေငးေနရင္း စိတ္အလိုလိုက္ကာ
ေျပးဖက္ထားလိုက္ခ်င္ေသာ္လည္း....
ေျခလွမ္းေတြကမေရြ႕ခဲ့....။

ParkJiminကိုပဲခ်စ္တာ ParkJiminကိုပဲ
လိုခ်င္တာ လို႔ အတိအက်ေတြေျပာရင္
ေရကူးကန္ထဲ ေရငုတ္ပီး ေရထဲမွာဘယ္သူမွ
မၾကားေအာင္ ဒီေကာင္ကေအာ္ငိုရအုန္းမည္။

သူ႔ဟာသူေဆးေလးလိမ္းၿပီးေနေနတာ
ခဏေနရင္ အငိုလည္းတိတ္ေလာက္မွာပါ
ဟုေတြးလိုက္ၿပီး ေျခလွမ္းေတြကိုေနာက္ျပန္ဆုတ္
လိုက္သည္။
ေျခတလွမ္းမၽွဆုတ္ၿပီးတဲ့အခ်ိန္တြင္ အင့္...ခနဲ
ေသာရွိုက္သံေလး....။

ေလာကႀကီးလည္းမိုးၿပိဳေနသလိုMinYoongi
ေလာကလည္းခ်က္ခ်င္းၿပိဳက်သြားသည္။
ထိန္းရင္း မထိန္းနိုင္ေတာ့တဲ့အခါ ထြက္ေပၚလာတဲ့
ခပ္တိုးတ္ိုးရွိုက္သံေလးျဖစ္နိုင္သည္။

ျပန္ၾကည့္လိုက္တဲ့အခါ ထယ္တကိုယ္လုံး
တုန္ရီစြာငိုေနၿပီ။
အခန္းထဲကို ေျပးဝင္သြားလိုက္သည္။
ျဖစ္ခ်င္ရာျဖစ္ပါ....မခ်စ္ပါဘူးလို႔ ကေဋကဋာ
ခ်ီေျပာေျပာ ကၽြန္ေတာ္မေနနိုင္ဘူး.... ။

"ထယ္.....!"

TaeHyung အရမ္းလန့္သြားသည္။Yoongi
ေရာက္ေနတာလည္းမသိ...ေရာက္လာလိမ့္မယ္
လို႔လည္းလုံးဝမေမၽွာ္လင့္ခဲ့။တစ္ေယာက္ထဲလည္း
ျဖစ္မိုးကလည္းသည္းေနတာမို႔
ေၾကာက္ေနလို႔ငိုတာေတာ့ဘယ္သူမွမသိနိုင္
မျမင္နိုင္ဘူးလို႔ထင္ၿပီး အသံကေလးထြက္မိခဲ့တာ။
႐ုတ္တရက္ MinYoongi ကိုျမင္လိုက္ရတဲ့အခါ
ငိုသံေတြခ်က္ခ်င္းရပ္သြားကာ ျပဴးၾကည့္ေနသည္။
ထို႔ေနာက္ မ်က္ႏွာတစ္ခုလုံးနီရဲလာကာ
လက္ထဲက ေဆးဗူးျဖင့္ ထိခ်င္ရာထိ လွမ္းပစ္ေတာ့သည္၊

"မလာနဲ႔....!!!! ကၽြန္ေတာ္ၿပိဳပ်က္
ေနတာေတြ႕လို႔ ေက်နပ္တယ္မလား...
ငိုတာ.....ငိုတာ ေျခေထာက္ေတြကိုက္လို႔.....
ခင္ဗ်ား ကို မိန္းမတစ္ေယာက္နဲ႔တြဲျမင္ခဲ့လို႔
ငိုေနတယ္မထင္နဲ႔...ေနာ္ လုံးဝမထင္လိုက္နဲ႔
MinYoongi"

"မထင္ပါဘူး!! မင္းငါ့အေပၚဘာခံစားခ်က္မွမရွိတာ
ငါသိပါတယ္...."

"သိရင္ အခုျပန္!!! မျမင္ခ်င္ဘူး....
ကၽြန္ေတာ္ ဘယ္သူ႔ကိုမွမျမင္ခ်င္ဘူး
မၾကားခ်င္ဘူး....နားေတြၿငီးလြန္းလို႔....."

နားႏွစ္ဖက္ပိတ္ကာေအာ္ေနျပန္ေသာ
ေကာင္ေလး၏ပုံစံသည္ အရင္ကလည္း
သူအရမ္းစိတ္အလိုမက်တာမ်ိဳး ေဒါသထြက္တာ
မ်ိဳး စိတ္သိပ္ရွုပ္ရတာမ်ိဳးဆို ထြက္ေပၚလာတတ္
ေသာပုံစံ။MinYoongi အတြက္အမ်ားႀကီးေတာ့
မဆန္းပါ...။ဒါေပမယ့္အရင္ကႏွစ္ကိုယ္ၾကား
ျပႆနာေတြကိုရွင္းရတာမ်ိဳးျဖစ္ေပမယ့္
ခုက တတိယလူပါေနသည္။

ထယ့္ရဲ့ တုန္လွုပ္ေပါက္ကြဲေနမွုသည္
MinYoongi နဲ႔ParkJimin ေရာေႏွာေနသည္။
နာက်င္ရေပမယ့္ တစ္ဖက္ကသနားလည္း
သနားေနရသည္။သူမနိုင္မနင္းေတြကို
အမ်ားႀကီးထမ္းပိုးထားတာ....။

ေခ်ာ့ျမဴနည္းေလးေတြလည္းရွိတာေပါ့ေလ။
အရင္ကေတာ့ လြယ္ကူေပမယ့္ ခုက်
Yoongi အေျဖကိုသိေနေပမယ့္
မလုပ္ေဆာင္္ခ်င္.....။သိပ္ခက္ခဲေနသည္။

သူသြားသြား မသြားသြား ထယ္ဟာ မ်က္ႏွာကို
မျပေတာ့ လက္ႏွစ္ဖက္ျဖင့္အုပ္ထားကာ
ငိုလည္းမငိုေတာ့အသံတိတ္သြားကာခုံက်ဥ္းက်ဥ္းေလးထဲ
လဲၿပိဳေနၿပီ။

သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
မ်က္လုံးေတြခဏေလးမွိတ္ကာ ဒီျမင္ကြင္း
ကိုျမင္ေနရတာကိုက အဆမတန္ရင္နာတာမို႔
ေခြေခါက္ေနေသာအညိဳေရာင္ေလးကို
ေပြ႕ခ်ီလိုက္သည္။

ပိန္သြားလိုက္တာ...။ေပါ့ပါးေနလိုက္တာ
ParkJimin လို႔သာစိတ္ထဲအံႀကိတ္မိလၽွက္။
ခုParkJimin ဘာလုပ္ေနလဲထပ္ေတြးမိတဲ့အခါ
ေတာက္မေခါက္မိေအာင္ ထိန္းလိုက္ရသည္။

အိပ္ရာေပၚတင္ေပးလိုက္ေတာ့ဘာမွထပ္မေအာ္
ေခါင္းငိုက္စိုက္ျဖင့္ငုတ္တုတ္ထိုင္ေနသည္။
Yoongi သဘက္တစ္ခုယူလာကာအျပာေရာင္
ဆံပင္ေလးေတြကိုသုတ္ေပးသည္။
အဝတ္စတစ္ခုျဖင့္ လိမ္းခ်င္သလိုေတြလိမ္းထား
ေသာေဆးေတြနဲ႔မိုးေရေတြေရာေနေသာေျခေထာက္
ေလးေတြကို နာသြားမွာလည္းစိုးတာေၾကာင့္ဖြဖြ
ေလးသုတ္ေပးေနေတာ့ တစ္ခ်က္တစ္ခ်က္
နာသြားသည္ထင္ပါသည္ ခႏၶာကိုယ္ေလးတြန့္ခနဲ...။

အက်ီေတြေဘာင္းဘီေတြ အကုန္ဆြဲခၽြတ္လိုက္
ကာ အသစ္တစ္စုံလဲေပးေနလည္း ထယ္ဟာ
အသံတိတ္ပဲ...။

"တျဖည္းျဖည္းနဲ႔အရိုးပဲက်န္ေတာ့တယ္...
ခ်စ္တာလည္း ခ်စ္ေပါ့ ထိန္းခ်စ္မွေပါ့
ကိုယ့္ကိုကိုယ္လည္း ျပန္ၾကည့္အုန္း
ဟိုေကာင္ ဘာလုပ္ေနလဲ မင္းသိလား...."

"မေျပာနဲ႔ မၾကားခ်င္ဘူး....."

"ၿပီးေရာ......."

"ေဆးေသာက္...ေဆးလိမ္း႐ုံနဲ႔ေပ်ာက္တဲ့
ေဝဒနာမ်ိဳးမဟုတ္ဘူး TaeHyung...
မင္းငါမရွိရင္..."

"ေတာ္ပါေတာ့!!!"

အက်ီၾကယ္သီးေတြတပ္ေပးေနတာမဆုံးေသး
လက္ေတြကိုတြန္းလႊတ္ကာ ထယ္ေစာင္ပုံထဲ
တိုးဝင္သြားသည္။
ေခါင္းအထိတကိုယ္လုံးကိုလုံျခဳံစြာေစာင္ကို
ပတ္လိုက္ၿပီး အရြဲ႕တိုက္ေနေသာေကာင္ေလး
သည္ တကယ့္အဆိုး..။
အဆိုးတကာ့ အဆိုးေလး....။

ေမာင္က မီးေတာင္ေလးငိုျပလိုက္တာမ်ိဳး
မာယာေသးေသးေလးသုံးျပလိုက္တာမ်ိဳးမွာ
တုတ္ျပလိုက္တာမို႔ လက္ပိုက္ လိုက္ရေသာ
ကေလးငယ္ေလးလို ဆိုးခ်င္ေသးေပမယ့္
ပစ္ထားခဲ့ခံရမွာလည္းေၾကာက္လို႔ မလိမၼာခ်င္
ေသာ္လည္း ေအာင့္အီး လိမၼာေပးသည္။

ေကာင္းကင္ျပာေလးကေတာ့ တုတ္ျပလည္း
ထုံေပေပ ဓားျပလည္း ခပ္ရြဲ႕ရြဲ႕...
ထာဝရ မလိမၼာလာမယ့္ ေခါင္းမာသူ...
ခံမေျပာနားမေထာင္ တဖက္ေစာင္းနင္းေလး..။

ဆိုးျခင္းဘာသာရပ္ေတြမတူညီၾကဘူး....။

Yoongi ေစာင္ထဲ ကိုခက္ခက္ခဲခဲ တားဆီးေနတဲ့
ၾကားက အတင္းဝင္ကာ အညိဳေရာင္ေလးေပၚ
အုပ္မိုးၿပီး မၿပီးျပတ္ေသးတဲ့ၾကယ္သီးတပ္ျခင္း
အမွုကို ဆက္သည္။

ေစာင္ျဖဴျဖဴထဲ ေနရာက်ဥ္းက်ဥ္း
ေလးထဲ နီနီရဲရဲမ်က္အိမ္ေလးလွလွေလးေတြနဲ႔
သူ႔ကို စူးစူးရဲရဲၾကည့္ေနေသာ ေကာင္းကင္ျပာေလး
သည္ ဒီေလာက္ အဆင္ေတြမေၿပ ျပႆနာေတြၾကား
ေသေအာင္လွေနျပန္သည္။

ေလးႏွစ္ေက်ာ္ အတူတူေနခဲ့တာ....
အိပ္ရာေပၚကအေျခအေနေတြသည္လည္း
ေျပာရရင္အဆန္းမဟုတ္ေတာ့...
ParkJimin ေပၚလာမွ ထယ္နဲ႔သူ မနီးစပ္ျဖစ္ေတာ့တာ
ၾကာၿပီ....။

ဦးေႏွာက္ကေတာ့ ေႏြးေႏြးေထြးေထြးေလးထားၿပီး
အိပ္ေပ်ာ္သြားေအာင္ေခ်ာ့သိပ္လိုက္မည္။
စားခ်င္တာေလးေတြခ်က္ေပးခဲ့ၿပီးမေႏွာက္ယွက္
ေတာ့ပဲသူအိမ္ျပန္မည္ေပါ့....။

ဖရိုဖရဲ အညိဳစင္ေလးက ညစ္တြန္းေလးတြန္း
ကာမၾကည္မလင္အေျခအေနမွာေတာင္
ေစာင္ျဖဴျဖဴေအာက္ ေတာ္ေတာ္႐ူးရေသာ
ေကာင္ကို ထပ္မ႐ူး႐ူးေအာင္ ညိဳ႕ငင္စြာေငးေနေတာ့
ဦးေႏွာက္ကဦးေႏွာက္သပ္သပ္ျဖစ္သြားေတာ့သည္။

မ်က္လုံးခ်င္းဆုံကာစိုက္ၾကည့္ေနရင္းမွMinYoongi သည္
ခပ္တည္တည္ပင္တပ္ေနေသာ ၾကယ္သီးေတြကိုတစ္လုံးခ်င္း ျပန္ျဖဳတ္လာသည္။

"လူႀကီး....."

အသံေလး...။ဩရွရွကိုခပ္နိမ့္နိမ့္ေလး....။
လူကိုမျမင္ရေသး MinYoongiကအသံအရင္
ၾကားပီးရင္ခုန္ခဲ့တဲ့ေကာင္မလို႔ ေၾကာက္ရြံ႕သလိုလို
အသံToneေလးထြက္က်လာတဲ့အခါ စိတ္ကထိန္းမရ။

"အခ်စ္က အခ်စ္...ဆႏၵေတြဆႏၵေတြပဲမလားထယ္..
ကိုယ္တို႔ အတူတူမေနရတာ ၾကာၿပီ
မင္းနဲ႔လူႀကီး ဆက္ဆံေရးကမၿပီးျပတ္သေရြ႕
တစ္ေယာက္ေယာက္က လက္မထပ္သြားသေရြ႕
အေပးအယူေတြရွိရမွာပဲမလား....
ဒါက ကိုယ္တို႔ ဆႏၵေတြသပ္သပ္ပဲ....
တျခားမပါဘူးေလ..."

TaeHyung မ်က္လုံးေတြဝိုင္းခနဲ....။
နားရြက္ဖ်ားေလးေတြရဲသြားကာ MinYoongi
ကိုၾကည့္ေနဆဲ...။

ဒီလိုအခ်ိန္မွာစိတ္လြတ္စြာ
မိုက္ပစ္လိုက္လည္းအနည္းဆုံးေတာ့
႐ူးေတာ့မယ့္စိတ္ကိုခဏေတာ့ေမ့လိုက္နိုင္မွာပဲ....။
ၾကမ္းၾကမ္းတမ္းတမ္းေတြထိေတြ႕ၿပီးျဖစ္ခ်င္ရာ
ျဖစ္ သာယာမွုေတြနဲ႔ေလာကကိုခဏေတာ့ေမ့လို႔ရတာပဲ။

စဥ္းစားေနပုံရေသာTaeHyungမ်က္ႏွာေလးကို
စိုက္ၾကည့္ကာအေျဖကိုေစာင့္ေနရင္း
မိုးကပိုပိုသည္းထန္လာသည္။

ဂ်ိန္းးးး

မိုးၿခိမ္းသံတစ္ခ်က္သည္က်ယ္ေလာင္လြန္း
တာေၾကာင့္ လန့္သြားေသာ မ်က္လုံးေလး
ေတြနဲ႔ သတိလက္လြတ္ Yoongi လည္တ္ိုင္
ေတြကို သိမ္းဖက္လိုက္တဲ့ ေကာင္းကင္ေလး၏
လန့္သြားတာေၾကာင့္ႏွလုံးခုန္သံက်ယ္က်ယ္က
အတိုင္းသား...။

ဒီအေျခအေနမွာ ဘာအေျဖမွလည္းမေစာင့္ခ်င္
ရွင္းမရတဲ့ျပသနာေတြခဏေမ့ကာ
ႏွစ္ေယာက္စလုံး စိတ္ေရာကိုယ္ပါပင္ပန္းလြန္း
ေနတာၾကာပီမို႔Yoongiက ထယ့္ ႏွုတ္ခမ္းေတြ
ဦးေဆာင္ဖိကပ္စုတ္ယူသြားေတာ့သည္။

အရာအားလုံးအလြတ္ရေနၿပီျဖစ္ေသာ
ဒီခရီးမွာ လူႀကီးရဲ့ ျဖဴေဖြးလြန္းတဲ့အသားအရည္
ေတြေပၚ ထယ္က အေႏွာက္အယွက္ေတြလုပ္ရတာ
ကိုအရင္ကတည္းကသိပ္သေဘာက်လွသည္။
လူႀကီးအသားအေရက လက္ကေလးနဲ႔နာနာထိ
မိေတာင္သိသာစြာ အရာေတြထက္တတ္ေသာ
ႏွင္းခဲလိုျဖဴႏုေနမွုမ်ိဳး...။

ျပတင္းေပၚကို မိုးစက္ေတြကလာစင္သည္။
ေလာကႀကီးတစ္ခုလုံးဆူညံေနသည္။
ေစာင္ျဖဴျဖဴေအာက္ လွုပ္ခတ္ေနေသာပုံရိပ္
သည္ ရင္ခုန္ဖြယ္ရာ အတိ...။

"ဟို...မိန္းကေလးနဲ႔....လူႀကီးပတ္သတ္ခဲ့ၿပီးၿပီလား"

"ထယ္ေလး....မလိမၼာလာရင္ေတာ့
လူႀကီးက ဘာေတြေစာင့္ထိန္းဖို႔လိုမွာလဲ
သူက အိမ္က ရွာေဖြေပးထားတဲ့ အိမ္ေထာင္ဖက္ေလ
အေျခအေနေတြကဒီတိုင္းဆက္သြားရင္း
ဇာတ္သိမ္းတဲ့အခါ မင္း လူႀကီးကို အၿပီးစြန့္ပစ္
ရင္ေတာ့ သံေယာဇဥ္ေတြျမန္ျမန္ျပတ္ေအာင္
လက္ထပ္ၿပီး သူကလူႀကီး မိန္းမျဖစ္လာရင္ေတာ့
မပတ္သတ္လို႔မရေတာ့ဘူးေပါ့.......
ကေလးေမြးဖို႔ေတြကလည္း....."

ထယ္...ကိုက္ခ်လိုက္တဲ့လည္ပင္းတေနရာ
သည္အသဲခိုက္ေအာင္နာကာ
သာယာမွုသည္လည္းအတိုင္းအဆမဲ့...။
ပိုၾကမ္းတမ္းလာေသာထယ့္ အျပဳအမူေတြ
ေၾကာင့္ Yoongi အရွုံးမေပးစြာနာက်င္၍ခပ္မဲ့မဲ့မ်က္ႏွာ
ေလးကို သတိထားမိေနေပမယ့္ ထယ့္ႏွုတ္ခမ္း
က ခပ္တိုးတ္ိုးညီးညဴးသံေလးေတြၾကားတဲ့
အထိမီးကုန္ယမ္းကုန္.....။

"ကေလးမေမြးနဲ႔....ဒီတိုင္း ဒီတိုင္းပဲ ယူ....."

ျဖစ္ခ်င္တိုင္းေတြျဖစ္ပ်က္ေနတဲ့အျပာေရာင္
အ႐ုပ္ကေလးက မေအာင့္အီးနိုင္
လွုပ္ရမ္းမွုေတြၾကားထဲက ေျပာထြက္လာတဲ့စကား။

ကေလးေလး...ပင္ပန္းရျပန္ၿပီ။
ႏွဖူးေလးကိုငုံ႔နမ္းကာ Yoongiဘာမွဆက္မေျပာ
ျဖစ္ေတာ့ မိုးမတိတ္မခ်င္း အခ်စ္ေတြလည္း
မတိတ္ေပးခဲ့...။

ထယ္ ေၾကာက္ေနလို႔ အခ်ိန္ေတြအၾကာႀကီး
အေဖာ္ျပဳေပးခဲ့သည္။

အထီးက်န္ေနတာေတြ ...စိတ္ဓာတ္က်ေနတာေတြ
ေအာ္ငိုခ်င္ေနေသာစိတ္ေတြ အားငယ္ေနေသာ
အပိုင္းအျခားေတြ အားလုံးေမ့ေလၽွာ့ကာ
လူႀကီး ရင္ခြင္ၾကား ထယ္ဟာ မခ်စ္ဘူး ဆို၍
လြင့္လြင့္ေမ်ာေမ်ာ......။

ဂ႐ုမစိုက္ဘူးသာေအာ္ခဲ့ၿပီးတကယ္တမ္း
လူႀကီးႏွုတ္ဖ်ားက လက္ထပ္မယ္ဆိုတဲ့
စကားစုထြက္က်လာတဲ့အခါရင္တစ္ခုလုံးတင္းက်ပ္သြားမွုသည္ နမ္းရင္ေတာင္မေပ်ာက္ကင္းခဲ့။

လူႀကီး သည္အပိုစကားေျပာတတ္တဲ့လူမ်ိဳးလုံးဝမဟုတ္။
မရည္ရြယ္ဘဲ မလုပ္ဘဲ ဘယ္ေတာ့မွထုတ္မေျပာတတ္။

ေကာင္းကင္ျပာေလး...လမ္းေပ်ာက္ေနေခ်ၿပီ။

သခင့္ကိုမစြန့္လႊတ္နိုင္သလို လူႀကီးကို
တျခားတစ္ေယာက္ကို
ေပးလိုက္နိုင္လားလို႔ေမးလာရင္လည္း......။

ေယာင္းေရ...ဘာေတြမ်ားဆုေတာင္းေကာင္းၿပီး
ဘယ္ဆုေတာင္းေတြကမွားယြင္းခဲ့သလဲ...။
...........................။

ခပ္လြင့္လြင့္ပဲ........။ဘဝ ကခ်မ္းသာႂကြယ္ဝရတဲ့
ၾကားထဲ အလွဆုံးေယာက်္ားေလးကိုေမာင္ပိုင္ဆိုင္
ရတဲ့အခါထားစရာေနရာမရွိစြာျဖစ္ရင္း
တစ္ညတာ ျဖတ္သန္းၿပီးတဲ့ေနာက္ ေမာင့္မွာ
အရွိန္မသတ္နိုင္...အိမ္မွာမလြတ္လပ္ဘူးဆိုတဲ့
ဆိုးဆိုးဝါးဝါးေခါင္းစဥ္ႀကီးနဲ႔အတူ ကိုယ္ပိုင္Jet
ျဖင့္ သူပိုင္ဆိုင္ရာကၽြန္းကို
ဒုတိယအႀကိမ္ Honey Moonကို ထပ္ထြက္ခဲ့သည္။

ေရာက္ေရာက္ခ်င္းတစ္ညအိပ္ၿပီးတဲ့အခါ
မိုးလင္းလာေတာ့ ေမာင္က လြတ္သြားခဲ့ေသာ
Dateအတြက္ အခမ္းနားဆုံးအေပ်ာ္ရႊင္ရဆုံး
ေသာDateေလးတစ္ခုျပန္ဖန္တီးေပးနိုင္ရန္
အိပ္ရာထဲတြင္ မီးေတာင္ေလးကိုဖက္ထားရင္း
စဥ္းစားေနသည္။သူေလးကမနိုးေသးအသက္ရွုမွန္မွန္
ေလးအိပ္ေနတုန္း...။

ခဏေလးၾကာတဲ့အခါလွုပ္လိလွုပ္လဲ့ေလးျဖစ္လာ
ၿပီး ရင္ခြင္ထဲ တိုးလာသည္။
နိုးေနၿပီဆိုတာ ေမာင္သိတာေၾကာင့္ေမာင္က
နိူးပီလား အခ်စ္ေရ ဘာေတြIntroမဝင္တတ္။
Morning Kissေတြ ဘာေတြ ေမာင္ေမ့တတ္သည္။

ေဖာင္းကားေနေသာပါးေလးႏွင့္ခပ္စူစူ
ႏွုတ္ခမ္းေလးသည္ ဘဲေပါက္ကေလးနဲ႔
တူေနတာေၾကာင့္ အသဲယားစြာ
မ်က္ႏွာေလးကိုရင္ခြင္ထဲက ဆြဲထုတ္ကာ
ပါးတစ္ဖက္ကို ကိုက္ခ်လိုက္သည္။

အားးးးး

ထို႔ေနာက္ေမာင္ ခ်က္ခ်င္းမ်က္လုံးေတြမွိတ္ခ်ကာ
ေဟာက္သံတုေတြလုပ္ေတာ့သည္။

"JeonJungkook!!!"

အုန္းခနဲ ရင္ဘက္ကိုရိုက္ခ်လိုက္ေသာအသံသည္
Hotelတစ္ခုလုံးၾကားရနိုင္သည္။
ေမာင့္ရင္ဘက္ေပၚ လက္ဝါးရာ ေသးေသးေလး
သည္အတိုင္းသား...။ရီလည္းရီစရာေကာင္းသည္။

"ေမာင့္ဘဲေပါက္ေလး နိုးၿပီလား...
လာပါအုန္း..."

လက္နဲ႔ဆြဲဖက္႐ုံမက Jimin မုန္းလြန္းလွေသာ
ေျခတံအရွည္ေတြနဲ႔ပါ သူက သိမ္းက်ဳံးခြကာ
ဖိထားေတာ့မွာသိေနတာေၾကာင့္တြန္းလႊတ္ေတာ့
လည္းမလြတ္။

ေမာင္က ခႏၶာေသးေသးေလးကို အိပ္ရာထဲ
တြင္အစအနေတာင္ရွာမရေအာင္သိမ္းဖက္ၿပီး
အသက္ရွူေတြက်ပ္တဲ့အထိဖ်စ္ညစ္ထားသည္။

"မြန္းတယ္.....ဖယ္စမ္း !!!...မင္းလူကိုႏုႏုရြရြ
ထိဖို႔ ကိုင္ဖို႔ စိတ္ကူးမရွိဘူးလား...."

"အားမရလို႔...."

"ငါ နာတယ္...."

"အုံဖြ....."

ဂုတ္သားႏုႏုေလးေပၚေမာင္ကဖြဖြေလးနမ္းကာ
ေခ်ာ့ေတာ့ မီးေတာင္ေလးရွက္ကိုးရွက္ကန္း..။
ၿငိမ္က်သြားသည္။

"ေမာင္ လို႔ ေခၚေတာ့မယ္ဆို.....ကတိေလ..."

"လိမၼာမွေလ....ေျပာစကားနားမေထာင္ရင္
မေခၚဘူး...."

လက္ေတြကိုခ်က္ခ်င္းေလၽွာ့ေပးလာကာ
ေမာင္က မ်က္ႏွာခ်င္းဆိုင္အေနအထားေျပာင္းလဲ
လိုက္သည္။

"အားမရလည္း ထိန္းေၾကာင္းခ်စ္ပါ့မယ္
တအားမလုပ္ေတာ့ဘူး ေခၚေမာင္လို႔...."

ေကြးညႊတ္သြားေသာဆိုင္သူေလး၏
ႏွုတ္ခမ္းေတြ...ေမာင့္ရဲ့ မွဲ႕နက္ကေလးကို
ထိၾကည့္ရင္း...

"ေမာင္ က အဲ့ေလာက္ေတာင္လိမၼာသြားၿပီလား..."

"ေမာင္က အစထဲကလိမၼာၿပီးသားကို..."

"ဟုတ္သားပဲ....ဒါဆို ဘာလို႔ ေစာေစာစီးစီး
လာကိုက္တာလဲ နာတယ္ေလ ကိုယ့္ပါးက
ကိုက္စရာမဟုတ္ဘူးေလ ေမာင္ရာ..."

" ေဖာင္းေဖာင္းေလးဆိုေတာ့....."

"အရာထင္က်န္ခဲ့ရင္ ကိုယ္လူၾကားထဲ
ဘယ္လိုသြားမလဲ..."

"ကိုက္တာကိုႀကိဳက္တယ္ အရာထင္တာကို
စိုးရိမ္ေနတာေပါ့...ရပါတယ္ ေနာက္တစ္ခါေဖာင္းၿပီး
ဘယ္ေလာက္ကိုက္ကိုက္ ဘယ္သူမွမျမင္နိုင္
တဲ့ေနရာ ေမာင္ ေျပာင္းေပးမယ္...."

ေျပာင္းေပးမယ္ပဲရွိေသးတယ္ ေမာင့္လက္ေတြက
အဲ့ဒီေနရာကိုေရာက္လာၿပီးၿပီ။

"ေစာေစာစီးစီးေနာ္...JeonJungkook
ငါကန္ခ်မွာ...."

"JeonJungkook လို႔ေခၚတယ္ေနာ္....ေအး..."

ေမာင္သည္ မီးေတာင္ေလးကိုရင္ခြင္
ေအာက္သို႔ပို႔လိုက္ၿပီးေနာက္ ယားတတ္တာကို
သိတာမို႔ ဒုကၡအမ်ားႀကီးေရာက္ေအာင္စေနာက္
ေတာ့သည္။

"ဖယ္.....ယားတယ္ မစနဲ႔.....!!!"

"JeonJungkook လို႔ေခၚအုန္းမလား..."

"ေမာင္ ...ေမာင္.....ေမာင္.....!!!"

တခစ္ခစ္ရီသံေလးေတြနဲ႔ Jimin ဟာ
ဘယ္ေလာက္ ရင္ကြဲစရာေတြနဲ႔ၾကဳံဆုံရ
သူျဖစ္ခ်င္တဲ့ အေနအထားတစ္ခုကိုရေအာင္ဖန္တီး
နိုင္ခဲ့တာပဲ....။

"ေလၽွာက္လည္ရေအာင္ လာ ေရသြားခ်ိဳးမယ္..."

"ႏွစ္ေယာက္မခ်ိဳးဘူးေနာ္ ....ေရခ်ိဳးခန္းထဲက
ထြက္ရမွာမဟုတ္ဘူး..."

"မရဘူး ႏွစ္ေယာက္ပဲ ေမာင္က......"

ေကာက္ခ်ီကာေမာင္ကေရခ်ိဳးခန္းတံခါးကန္ဖြင့္လၽွက္
ဝင္သြားခဲ့သည္။
သိပ္အမ်ားႀကီးမူေန ျငင္းေနလို႔ေမာင္က
နားေထာင္တတ္သူမဟုတ္...ႏွင္းဆီပြင့္ခ်ပ္
ေတြအျပည့္နဲ႔ေရခ်ိဳးကန္ထဲ အဝတ္အစား
ေတြ ခပ္ေဝးေဝးလႊင့္လိုက္ကာႏွစ္ေယာက္အတူတူ
ဝင္ထိုင္လိုက္သည္။

"ဒီပန္းေတြက ဘာကိစၥ မ်က္စိေနာက္စရာ
ထည့္ထားတာလဲ...ကိုယ္မွာလာကပ္ေနတာ
စိတ္မရွည္စရာ..."

အႏုအရြ ေတြသိပ္မႀကိဳက္တတ္တဲ့ေမာင္က
ရင္ဘက္ေဖြးေဖြးမွာလာကပ္ေနတဲ့ႏွင္းဆီေတြ
ကို အျပစ္တင္သည္။

ဆိုင္သူေလးသည္ ေမာင္မႀကိဳက္မွန္းသိတဲ့အခါ
ႏွင္းဆီေတြကိုလက္နဲ႔ခပ္ယူၿပီးေခါင္းကေန
ေလာင္းခ်သည္။

"မလုပ္နဲ႔....ကြာ ေမာင္ တကယ္မႀကိဳက္တာ...."

"ကိုယ္ကေတာ့ ေမာင့္ကို စရတာ ႀကိဳက္တယ္
ေမာင္က ႏွင္းဆီပန္းေတြနဲ႔လည္း မိုက္ေနတုန္းပါပဲ..."

"တကယ္လား....."

"အင္း...တကယ္...."

"ဒါ ဆို နမ္း......"

"ေမာင့္ ကို မနမ္းဘူး ႏွင္းဆီေတြကိုပဲ နမ္းမွာ.."

ႏွင္းဆီနီနီေတြၾကားဆိုင္သူေလးကတိုးလာၿပီး
ႏွင္းဆီပြင့္ခ်ပ္ေတြက်သမၽွ ေမာင့္ခႏၶာကိုယ္
တစ္ခုလုံးကို ႏွုတ္ခမ္းဖူးဖူးေလးနဲ႔တစ္ခ်က္ခ်င္း
နမ္းသြားသည္။
ေမာင္ဟာ ေခါင္းေတြကို ေမာ့ထားၿပီး
ေရေအာက္ထဲတြင္ ဆိုင္သူေလး၏
ခါးသိမ္သိမ္ေလးကို ဆြဲဖက္ထားခဲ့သည္။

တစ္ခ်က္ခ်ည္တိုင္း...တစ္ခါ႐ူးတယ္...
ဒီဘဝေတာ့ အခ်ည္မတတ္တဲ့ႀကိဳးေတြမဟုတ္ေတာ့
ကၽြမ္းက်င္လိမၼာစြာ လိုခ်င္တာရဖို႔
ဒီေယာက်္ားဟာ သူ႔စိတ္နဲ႔ပဲရွင္သန္ေနဖို႔
အရာအားလုံးကို အပိုင္သိမ္းပစ္နိုင္ဖို႔
ဆိုင္သူေလး က တင္းက်ပ္ေနေအာင္ခ်ည္ေႏွာင္
ေနေပမယ့္ ေမာင့္မွာနာက်င္မေန.....။

ေမာင္ဟာ ကမ္းမျမင္လမ္းမျမင္လုံးဝလြတ္လြတ္
သြားသည္။ထမင္းလြတ္ ဟင္းလြတ္ပဲ...။

အနမ္းေလးေတြရပ္သြားတဲ့အခါေမာင္က
ျပန္စတင္ကာမရပ္မနားထိေတြ႕လာေတာ့သည္။
ေရခ်ိဳးကန္အဆုံးအထိေျပးကပ္သြားကာ
မၾကမ္းတမ္းေသာ္လည္းမႏူးညံ့ပါေသာ
ေမာင့္ အနမ္းေတြ....။

ေရဘယ္ေတာ့မွမခ်ိဳးျဖစ္.....။
နမ္းေနရင္း ခ်ိဳးလိုက္ေတာ့လည္း ၿပီးတာပဲ
ဟုဆိုကာ ေမာင္က တကိုယ္လုံးကိူ
ဆပ္ျပာတခ်ိဳ႕ယူၿပီးပြတ္သပ္ေပးသည္။
ဒါလည္းအဆင္ေျပေနတာပဲ....။

ေရခ်ိဳးကန္ထဲ လွုပ္ရွားမွုေတြေၾကာင့္ႏွင္းဆီ
ေတြအျပင္သို႔လၽွံက်ကာ မ်က္ႏွာခပ္ငယ္ငယ္။

.........

ေမာင္တို႔ ကဲၿပီသဲၿပီမို႔....စိတ္နိုင္မွေနာက္တပိုင္းကို
ဆက္ပါ....Honey MoonTripကိုပဲေရးမွာ
မလို႔ ေလာင္စရာေတြႀကီးပါပဲေနာ္✌🏻

Continue Reading

You'll Also Like

1.4M 59.5K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
257K 6.8K 70
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်