Give up

By Rei_lynx

13.4K 1.6K 124

Title - Morbid attachment, Give up, 詬病 Original author - Chi Zongzha Total - 97 chapters + 7 extras Main Ch... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13

Chapter 5

564 122 10
By Rei_lynx

Translation - JD_breeze | Typesetting - Lynx
Translated - 26,9,2021 | Edited - 27, 9,2021

{ UNICODE }

ကျီးဝမ့်ရဲ့မျက်ခုံးတွေ မြင့်တက်သွားသည်။ ဖြစ်နိုင်ရင် သူပါးစပ်ဟပြီး ချီပေါ်ယန် လက်တွေကို ကိုက်ချပစ်လိုက်ချင်သည်။ သို့သော်လည်း ဒီနာမည်ကြီးကြယ်ပွင့်လေးက သူ့လက်ကို မိုးထိမြင့်လောက်တဲ့ အာမခံမျိုး လုပ်ထားနိုင်လားဆိုတာ သူမသိပေ။

ချီပေါ်ယန်က ကျီးဝမ့်မျက်လုံးထဲက ဒေါသအငွေ့အသက်ကို ခံစားမိသွားပုံရပြီး လက်ကိုအနည်းငယ်အားပိုထည့်ကာ စိတ်ဝင်တစားမေးလာသည်။

"ကျွန်တော့်လက်ကို ကိုက်ချင်လို့လား?"

သတိထားမိသွားတာလား? သတိမထားမိဘူးလား? သူမှတ်မိသွားလို့ဒီလိုတွေပြောနေတာလား ဒါကတော်တော်လေးဆိုဝါးလွန်းတယ်။ မမှတ်မိတာများလား? ဒီလူသာဖြစ်နေလို့ကတော့ esturs (Heat ) ဖြစ်စေမှာသေချာတယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ။

ယခုလိုလူပေါင်းများစွာရှိတဲ့ ရိုက်ကွင်းမှာ ချီပေါ်ယန်ရဲ့ သိသိသာသာရန်စမှုက လူတိုင်းရဲ့အာရုံကိုဖမ်းစားသွားပြီး ကျီးဝမ့် ချီပေါ်ယန်ရဲ့လက်တွေကို တွန်းထုတ်လိုက်သည်။ သူ့ကိုရန်မစဘဲ အေးဆေးနေလို့ မရဘူးလား? သူ ခပ်တိုးတိုးတောင်းပန်စကား ဆိုလိုက်ရင်း ပလာစတာသွားယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်ကွင်းကနေ ခဏထွက်လာခဲ့သည်။ ကျီးဝမ့်က သူ့အားနဲ့ဆွဲကိုင်ခံလိုက်ရတဲ့မေးစေ့ကို မထိဝံ့ပေ။ သူ ခေါင်းငုံ့ကာ လျှောက်နေရင်း ရှောင်ရှုအတားခံလိုက်ရသည်။

"အစ်ကိုဝမ့် အဆင်ပြေရဲ့လား? "

ကျီးဝမ့်က တွေဝေမှုအနည်းငယ်မှ ပါဝင်မနေဘဲ တည်ငြိမ်နေတဲ့ မျက်လုံးတွေကို ပင့်မော့လိုက်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"အဆင်ပြေတယ်။ အနာကပ်ပလာစတာရှိလား? ချီပေါ်ယန်ဒဏ်ရာရသွားလို့ "

ရှောင်ရှု သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ဘာလို့ မရေမရာဖြစ်နေလဲဆိုတာ နားမလည်နိုင်ဖြစ်နေပြီး သူတစ်ကိုယ်တည်း အတွေးလွန်နေတယ်လို့သာ ခံစားလိုက်ရသည်။ အစ်ကိုဝမ့်နဲ့ ချီပေါ်ယန်တို့က Alphaတွေပဲလေ ဘာတွေများဖြစ်နိုင်ရဦးမှာလဲ။

ဒီလိုနဲ့ အစောက မရေမရာဖြစ်နေတဲ့ ပုံရိပ်အစား ရန်လိုနေတဲ့ငွေ့အသက်တွေကို ခံစားလိုက်ရပြီး သူတို့နှစ်ယောက် မကြာခင်တိုက်ခိုက်ကြတော့မယ်လို့တောင် ထင်လိုက်မိသည်။ ရှောင်ရှုအရမ်းစိတ်လှုပ်ရှားနေမိပြီ။

ရှောင်ရှု ရှိတယ်လို့ပြောလိုက်သည်။ သူက လက်ထောက်တစ်ယောက်အနေနဲ့ ဆံပင်တစ်မွှေးကအစ ဂရုစိုက်ပေးရပြီး အလုပ်ရှိတဲ့ရက်တွေမှာဆို သူ့ရင်ဘတ်မှာရှိတဲ့အိတ်က ရတနာအိတ်လိုပဲ လိုတရသည်။ ရှောင်ရှုကကျီးဝမ့်ကို ပလာစတာထုတ်ပေးလိုက်ပြီးတော့ ချီပေါ်ယန်အနားမှာ လူတွေဝိုင်းအုံနှင့်နေပြီဖြစ်သည်။

ကျီးဝမ့်အမြင်မှာတော့ ချီပေါ်ယန်ရဲ့လက်ဒဏ်ရာက အသေးအဖွဲ့သာဖြစ်သော်ငြား အခြားသူတွေအတွက်တော့ ကိစ္စအကြီးကြီးဖြစ်နေပုံရသည်။ ချီပေါ်ယန်ရဲ့လက်ထောက်က အလျင်အမြန်ပင် ပိုးသတ်ဆေးဖြန်းကာ ဆေးထည့်ပေးပြီး ဆေးရုံသွားကာ ပိုး‌သတ်ဆေးထိုးသင့်ကြောင်း ညင်ညင်သာသာပြောပြနေသည်။

ကျိုးချူရွှယ်က ချီပေါ်ယန်ဘေး၌ ထီးကလေးကိုင်လျက် ထပ်တူနာကျင်ဝမ်းနည်းနေဟန်ဖြင့် နာသွားသေးလားဟုမေးနေ၏။

လူအများဂရုစိုက်ခြင်းခံနေရတဲ့ အဓိကဇာတ်ဆောင်ကတော့ လက်ထောက်လေးပေးတဲ့ ပလာစတာကို လျစ်လျှူရှုကာ လက်ကိုလေထဲတွင်တန့်ထားလျက် သူ့မျက်လုံးကိုအနည်းငယ်ဝေ့ဝဲလိုက်ပြီးနောက် အကြည့်တွေက သူနဲ့ခြေလှမ်းအနည်းငယ်အကွာမှာ ရှိနေတဲ့ ကျီးဝမ့်ဆီ၌ ရပ်တန့်သွားသည်။

ရုပ်တည်တည်နဲ့ တောင့်တင်းစွာရပ်နေသည့်လက်လုပ်ကြံသူ(ကျီးဝမ့်)လက်ထဲရှိ ပလာစတာလေးက ကြက်ကလေးအစာစားနေတဲ့ ပုံဖြစ်ပြီး လွန်စွာမှချစ်စရာကောင်းလွန်းသည်။

ချီပေါ်ယန် လက်ထောက်ကို ဘေးကိုတွန်းလိုက်ကာ ကျီးဝမ့်ကိုလှမ်းပြောလိုက်သည်။

"ဒီကိုလာခဲ့"

ထိုခဏမှာ ဘေးပတ်ပတ်လည် ချီပေါ်ယန်‌ဆီ‌ ကျရောက်နေတဲ့ မျက်လုံးတွေက အနည်းငယ်မျှ ရှိုးတို့ရှန့်တန့်ဖြစ်မနေသည့် ကျီးဝမ့်ဆီပြောင်းရွေ့သွားကြသည်။ သူအရှေ့ကို ခြေလှမ်းလိုက်ရင်း အနာကပ်ပလာစတာကို ချီပေါ်ယန်ဘေးက လက်ထောက်ဆီပေးကာ ထပ်မံတောင်းပန်စကား ဆိုလိုက်သည်။

ချီပေါ်ယန်ကို စကားပြောဖို့ အခွင့်အရေးမပေးဘဲ ကျီးဝမ့်က အရင်ပြောလိုက်၏။

"ဘာမှမဖြစ်တော့ဘူးဆိုရင် ကျွန်တော်ဇာတ်ညွှန်း သွားဖတ်လိုက်ပါဦးမယ်"

ပြောပြီးနောက် လှည့်ထွက်သွားလိုက်သည့်အခါ လက်ထောက်လေးက မျက်လုံးလှန်လိုက်ရင်း

"သူများကို ထိခိုက်အောင်လုပ်ပြီးမာနထောင်လွှားနေရအောင် သူကဘာမို့လို့လဲ? သူ့လိုဇာတ်ကောင် သေးသေးလေးက ဘာဇာတ်ညွှန်းတွေများ ဖတ်စရာရှိရမှာလဲ? "

ချီပေါ်ယန်က လက်ထောက်လေးဆီက အနာကပ်ပလာစတာကို ယူလိုက်ရင်း ဖြည်းဖြည်းချင်းပြောလိုက်သည်။

" မင်းပြန်လိုက်တော့ လိဖန်ကို ဒီလာခိုင်းလိုက်"

ဒီလက်ထောက်လေး ချီပေါ်ယန်ဆီရောက်လာသည်မှာ တစ်ပတ်ပင်မပြည့်သေးပေမယ့် ဒီလိုမျိုးလူစားထိုးခံလိုက်ရမယ်လို့သူမမျှော်လင့်ခဲ့မိ။ ချီပေါ်ယန်က နာမည်ကြီးဆိုပေမယ့် အလုပ်တွဲလုပ်ဖို့ မခက်ခဲဘူးလို့ပြောခဲ့သည်လေ။

လက်ထောက်လေးက အကြောင်းပြချက်တောင်မမေးရဲပေ။ ချီပေါ်ယန်က ဒဏ်ရာကို ဒီအတိုင်းထားပြီး ကြက်ကလေးပုံ အနာကပ်ပလာစတာကိုတော့ အိတ်ထဲထည့်ထားလိုက်ရင်း ဝိုင်းအုံနေတဲ့လူတစ်စုအား ဘေးသို့တွန်းဖယ်ကာ ရိုက်ကွင်းဆီသွားလိုက်သည်။

ကျီးဝမ့်က ဇာတ်ညွှန်းဖတ်ဖို့ အစီအစဉ်ရှိမ‌နေဘဲ လူတစ်ယောက်မှမရှိတဲ့ နေရာကိုသွားပြီး  မျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်ယူလိုက်သည်။ ထိုအပေါ်တွင်တော့ ချီပေါ်ယန်ရဲ့သွေးတစ်စွန်းတစ်စစွန်းထင်းနေပြီး တကယ့်ကိုအဆင့်မြင့် Alpha ဆိုသည့်အတိုင်း သွေးစအနည်းငယ်မှာတောင် pheromone တွေကြွယ်ဝနေသည်။

ပူပြင်းတဲ့ရာသီဥတု၊ ပူလောင်နေတဲ့ပတ်ဝန်းကျင်အပြင် လှုံ့ဆော်အားကောင်းလှသည့် Pheromone တွေက ကျီးဝမ့်ရဲ့ ခါးနဲ့ ဝမ်းဗိုက်ကို တင်းကျပ်သွားစေသည်။ သူကိုယ်ကို သူ့အရှေ့မှာရှိတဲ့နံရံနဲ့ဝင်တိုက်လိုက်ပြီး pheromone ကြောင့်ဖြစ်လာတဲ့ သူ့ခန္ဓာကိုယ်တွင်းက သွေးဆူပွက်နေမှုကို သက်သာစေဖို့ ဆုတောင်းရသည်။

ကျီးဝမ့်က ခပ်တိုးတိုးပင့်သက်ရှိုက်လိုက်ရင်း၊ သူ့ရဲ့တည်ငြိမ်တဲ့ပုံရိပ်က ထိုသူ့ pheromone တွေအောက်မှာ လုံးဝပျက်ပြားသွားရသည်။

သူကိုယ်တိုင်ကလည်း ချီပေါ်ယန်နဲ့စကားပြောရန်မသင့်ပေ။ ဘာကြောင့်လဲဆိုတော့ သူက Alpha တစ်ယောက်ရဲ့ Pheromoneနဲ့တင် သွေးသားဆန္ဒ ဖြစ်ပေါ်လာတတ်တဲ့ သူမို့ပင်။

သူတို့တွေအားလုံး လူတွေကြားထဲ‌ ပုံမှန်ရောနှောနေထိုင်နိုင်ပေမယ့်လည်း ပုံမှန်လူတွေအမြင်မှာတော့ လူရာမဝင်သကဲ့သို့ဖြစ်ရသည်။

ကျီးဝမ့် သူ့နဖူးကိုနံရံနဲ့ ဖိကပ်ထားလိုက်ရင်း မျက်နှာဖုံးကို လက်ထဲတင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး မျက်တောင်စိပ်စိပ်လေးတွေတောင်မှ ချွေးဖြင့်စိုရွှဲနေသည်။ တုန့်ဆုတ်ဆုတ်နဲ့ သူ့လေးလံလှတဲ့ဝတ်ရုံကို မတင်လိုက်ပြီး လက်ချောင်းများဖြင့် ချွေးတွေနဲ့အေးစက်နေသော အရေပြားကို ထိတွေ့လိုက်သည်။

အရေပြားရဲ့နေရာတစ်ခုစီတိုင်းက Pheromone ရဲ့သက်ရောက်မှုကြောင့် အထိမခံနိုင်ဖြစ်နေသည်။ ကျီးဝမ့် သူ့ကျောရိုး‌တစ်လျှောက် လက်ဖျားလေးနဲ့တဖြည်းဖြည်းချင်းထိတွေ့လိုက်ရင်း အမာရွတ်လေးရှိနေတဲ့ Gland နားမှာရပ်တန့်သွားသည်။

အတိတ်ကမှတ်ဉာဏ်တွေက လေအလား ကျီးဝမ့်ရဲ့စိတ်အာရုံကို ဖုံးလွှမ်းသွားသည်။

ထိုမှတ်ဉာဏ်တွေထဲမှာတော့ သင်းရနံ့တွေ အသံတွေနဲ့ ပူလောင်ခြင်းတို့ပါဝင်နေသည်။

ဝိုင်ရနံ့ခပ်သင်းသင်းရယ်၊ မီးညှိထားတဲ့စီးကရက်ရယ်၊ ချိုအီနေတဲ့ pheromoneနံ့တွေရယ်။

ရန်လိုနေတဲ့စကားသံ‌တွေ၊ ချစ်တယ်ဆိုတဲ့ အမှန်တရားအတိုင်းအတာတစ်ခုထိ ပါဝင်နေလားမသိနိုင်တဲ့ သီးသန့်ဆန်သည့်စကားလုံးတွေ။

ချီပေါ်ယန်ရဲ့ပွေ့ဖက်မှုက ပူပြင်းလွန်းကာ ချုပ်ထိန်းထားပြီး ‌အေးစက်နေသည်။

ချီပေါ်ယန်ရဲ့ pheromone လိုပဲ အရမ်းချိုမြိန်လွန်းတော့ ခုခံဖို့၊ အန္တရာယ်ကို လျှော့တွက်ဖို့ မဖြစ်နိုင်ဘဲ၊ ကောင်ကင်ယံနဲ့ ကမ္ဘာမြေပြင်ရဲ့ ထောက်ချောက်ထဲ ပြုတ်ကျသွားစေဖို့ သွေးဆောင်နေသည်အထိပင်။

ကျီးဝမ့်ရဲ့‌လည်ပင်းကို ထပ်ခါထပ်ခါကိုက်ဖောက်ပြီးနောက် စိမ့်ထွက်လာတဲ့သွေးတွေကို ချီပေါ်ယန်က လျှာနဲ့လျက်ကာ သူ့နှုတ်ခမ်းကို အနမ်းပေးလာသည် ။ ကျီးဝမ့်က သူ့ရဲ့ Pheromone က ဒီလိုအရသာတစ်ခုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူ့ရဲ့ဝိုင်အရသာက ချီပေါ်ယန်ကိုယ်တိုင်ပြုလုပ်ထားသကဲ့သို့ ပြိုင်စံရှားလက်ရာမြောက်လှသည်။

‌သွေးတွေချီပေါ်ယန်ရဲ့ နှုတ်ခမ်းသား၌ စွန်းပေနေပုံက သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေကာရူးသွပ်သွားစေနိုင်သည်။

ဘယ်လောက်ပဲ Pheromoneတွေ ထိုးသွင်းနေပါစေ၊ ဒါက ဘာအဓိပ္ပာယ်မှ သက်ရောက်မှုမရှိတဲ့ အမှတ်အသား(Mark) တစ်ခုသာဖြစ်ပြီး၊ သူဘယ်လိုမှ ချီပေါ်ယန်ရဲ့လူ ဖြစ်လာနိုင်စရာအကြောင်းမရှိ‌ပေ။ ဒါ့ကြောင့် ချီပေါ်ယန် သူ့ကိုကိုက်တိုင်း သူအလွန်အမင်းစိတ်ပျက်နေခဲ့ခြင်းဖြစ်သည်။

ကျီးဝမ့်က စိတ်သက်သာရာသက်ပြင်း ရှုထုတ်လိုက်ရင်း အံကိုတင်းတင်းကြိတ်ကာ ၆နှစ်လုံးလုံး သူနှလုံးသားထဲက ကွယ်ပျောက်မသွားနိုင်သည့် နာမည်တစ်ခုကိုရေရွတ်လိုက်သည်။ 

"ချီပေါ်ယန်"

ရှောင်ရှုက ကျီးဝမ့်ကိုအတော်ကြာအောင် ရှာနေခဲ့ပြီး သူ့ရိုက်ရမယ့် အခန်းရောက်ခါနီးတာကြောင့် ဖုန်းတွေခေါ်ကာရှာနေပေမယ့် လူကိုအခုထိရှာမတွေ့နိုင်သေးပေ။ ဒါရိုက်တာရဲ့လက်ထောက်လေးက သူ့ကိုအတင်းဖိအားပေးနေပြီး ရှောင်ရှုခမျာ ဟော့ပေါ့အိုးပေါ်က ပုရွတ်ဆိတ်လေးလို စိတ်သောကရောက်နေရသည်။

ကျီးဝမ့်ဖုန်းကို နောက်တစ်ခါ ထပ်ဆက်လိုက်ချိန်မှာတော့ ‌အခြားဖက်ကဖုန်းဖြေလာပြီး၊ သူ့အသံက အချိန်ကြာမြင့်စွာ နှိပ်စက်ခံထားရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာတိတ်ဆိတ်လို့နေသည်။

ရှောင်ရှုက စိတ်ပူပြီး ပြောလိုက်သည်။

"အစ်ကို မြန်မြန်လာခဲ့လိုက်တော့ အစ်ကို့အခန်းကိုလာတော့မယ်"

ထိုကဲ့သို့ပြောပြီးပြီးခြင်းမှာပဲ ဖုန်းကိုလက်ထဲကိုင်ထားတဲ့ ကျီးဝမ့်က ရှောက်ရှု‌ရှေ့ ရောက်လာခဲ့သည်။ ကျီးဝမ့်က မိတ်ကပ်ဆရာဆီက မျက်နှာဖုံးအသစ်တစ်ခု လဲလှယ်ထားသည်။ ကျီးဝမ့် ဖုန်းကိုချပြီး မျက်နှာဖုံးအဟောင်းကို ရှောင်ရှုလက်ထဲ ထည့်ပေးလိုက်သည်။ "ယူသွားပြီး မီးရှို့လိုက်"

ရှောင်ရှု ကြောင်တောင်တောင် ဖြစ်သွားမိသည်။ "ဟမ်?"

ကျီးဝမ့်က ရှောင်ရှုကို လျစ်လျူရှုလိုက်ပြီး ဓားကိုင်လျက် ‌ရိုက်ကွင်းဆီ သွားလိုက်သည်။ သူ့ပုံစံက ကြောက်ဖို့ကောင်းလောက်အောင် အေးစက်နေပြီး တကယ့်လုပ်ကြံသူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

ချီပေါ်ယန်က ဘာကိုမှဂရုမစိုက်သလို နေ,နေပေမယ့် ကျီးဝမ့်ကိုမြင်လိုက်တဲ့အခါမှာတော့ သူ့လှံကိုကောက်ယူကာ ရန်စချင်တဲ့ သဘောမျိုးဖြင့် နှုတ်ခမ်းတွေက တွန့်ကွေးသွားသည်။

လုပ်ကြံသူ(ကျီးဝမ့်)က အပြစ်သားရဲ့ သမီးကိုလုပ်ကြံချင်ပေမယ့် စစ်သူကြီး(ချီပေါ်ယန်)ရဲ့ကာကွယ်တားဆီးမှုကိုခံရကာ အားကြီးလှတဲ့ သိုင်းသမားနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် သစ်ပင်တွေပျက်စီးရသည်။

ထက်ရှလှသော ဓားတစ်လက်နဲ့ လှံတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကြောင့် မီးပွားမီးစများလွင့်စင်လာကြသည်။

ရိုက်ကူးနေကြသည့် လူနှစ်ယောက်မှာ တူညီတဲ့ ခွန်အားတွေနဲ့ အံ့ဩစရာကောင်းလောက်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိကြပြီး ပြင်းထန်သော တိုက်ခိုက်မှုနဲ့ စိတ်လွယ်ရှားဖွယ်ကောင်းလှသော ဇာတ်ကွက်ကိုဖြစ်ပေါ်စေသည်။

လုပ်ကြံသူရဲ့ဓားက ကြမ်းတမ်းရက်စက်ပုံရပြီး စစ်သူကြီးကတော့ သနားကြင်နာတတ်ပုံဖြင့် ဓားချက်ကိုရှောင်ရှားနေ၏။

ဒါရိုက်တာက ကဒ်လို့မအော်လိုက်သေးခင် ချီပေါ်ယန်က လက်ထဲကလှံကိုချပြီး ကျီးဝမ့်အား တွေးတွေးဆဆဖြင့် ကြည့်လာသည်။

ကျီးဝမ့်ရဲ့မျက်လုံးတစ်စုံက မျက်နှာဖုံးအောက်က ပေါ်ထွက်နေပြီး မြင့်မားနဲ့အပူချိန်ကြောင့် မျက်လုံးထောင့်နီမြန်းနေမှုက ပိုပြီးပေါ်လွင်နေသည်။

ဒါရိုက်တာက ကင်မရာထဲကပုံရိပ်ကို ကြည့်ရှုနေရင်း အထင်ကြီးလေးစားမှုများ တိုးပွားလာသည်။ ကင်မရာက ဆက်ပြီးရိုက်ကူးနေကာ ဖန်သားပြင်ပေါ်မှာတော့ စစ်သူကြီးက လုပ်ကြံသူထံ ဖြည်းဖြည်းချင်း လျှောက်သွားနေ၏။

လူတိုင်းရဲ့မျက်လုံးရှေ့မှာပဲ ချီပေါ်ယန်ကလက်ဆန့်ထုတ်လိုက်ပြီး ကျီးဝမ့်ရဲ့မျက်နှာကိုထိတွေ့လိုက်ရင်း လက်ချောင်းတွေက တုန်ရီနေတဲ့ မျက်တောင်လေးတွေပေါ်မှာတင်နေတဲ့ ချွေးစက်လေးတွေကို ဖယ်ရှားပေးလိုက်သည်။

သူ ကျီးဝမ့်ရဲ့နားဆီ ချဉ်းကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။

" ဒီရိုက်ကွင်းကိုမလာခင် တိတ်တိတ်လေး ဘာလုပ်ခဲ့တာလဲ? "

ချီပေါ်ယန်ရဲ့စကားသံထဲမှာ ပျော်ရွှင်ရိပ်တစွန်းတစပါဝင်နေသည်။

" ကျွန်တော်နဲ့ ကျွန်တော့် pheromone တွေကိုလွမ်းနေတာလား?"

======

Goodnight

=====


Translation - JD_breeze | Typesetting - Lynx
Translated - 26,9,2021 | Edited - 27, 9,2021

{ Zawgyi }

က်ီးဝမ့္ရဲ႕မ်က္ခုံးေတြ ျမင့္တက္သြားသည္။ ျဖစ္ႏိုင္ရင္ သူပါးစပ္ဟၿပီး ခ်ီေပၚယန္ လက္ေတြကို ကိုက္ခ်ပစ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း ဒီနာမည္ႀကီးၾကယ္ပြင့္ေလးက သူ႕လက္ကို မိုးထိျမင့္ေလာက္တဲ့ အာမခံမ်ိဳး လုပ္ထားႏိုင္လားဆိုတာ သူမသိေပ။

ခ်ီေပၚယန္က က်ီးဝမ့္မ်က္လုံးထဲက ေဒါသအေငြ႕အသက္ကို ခံစားမိသြားပုံရၿပီး လက္ကိုအနည္းငယ္အားပိုထည့္ကာ စိတ္ဝင္တစားေမးလာသည္။

"ကြၽန္ေတာ့္လက္ကို ကိုက္ခ်င္လို႔လား?"

သတိထားမိသြားတာလား? သတိမထားမိဘူးလား? သူမွတ္မိသြားလို႔ဒီလိုေတြေျပာေနတာလား ဒါကေတာ္ေတာ္ေလးဆိုဝါးလြန္းတယ္။ မမွတ္မိတာမ်ားလား? ဒီလူသာျဖစ္ေနလို႔ကေတာ့ esturs (Heat ) ျဖစ္ေစမွာေသခ်ာတယ္ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ။

ယခုလိုလူေပါင္းမ်ားစြာ႐ွိတဲ့ ႐ိုက္ကြင္းမွာ ခ်ီေပၚယန္ရဲ႕ သိသိသာသာရန္စမႈက လူတိုင္းရဲ႕အာ႐ုံကိုဖမ္းစားသြားၿပီး က်ီးဝမ့္ ခ်ီေပၚယန္ရဲ႕လက္ေတြကို တြန္းထုတ္လိုက္သည္။ သူ႕ကိုရန္မစဘဲ ေအးေဆးေနလို႔ မရဘူးလား? သူ ခပ္တိုးတိုးေတာင္းပန္စကား ဆိုလိုက္ရင္း ပလာစတာသြားယူမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ႐ိုက္ကြင္းကေန ခဏထြက္လာခဲ့သည္။ က်ီးဝမ့္က သူ႕အားနဲ႔ဆြဲကိုင္ခံလိုက္ရတဲ့ေမးေစ့ကို မထိဝံ့ေပ။ သူ ေခါင္းငုံ႔ကာ ေလွ်ာက္ေနရင္း ေ႐ွာင္႐ႈအတားခံလိုက္ရသည္။

"အစ္ကိုဝမ့္ အဆင္ေျပရဲ႕လား? "

က်ီးဝမ့္က ေတြေဝမႈအနည္းငယ္မွ ပါဝင္မေနဘဲ တည္ၿငိမ္ေနတဲ့ မ်က္လုံးေတြကို ပင့္ေမာ့လိုက္ရင္း ေအးေအးေဆးေဆး ေျပာလိုက္သည္။

"အဆင္ေျပတယ္။ အနာကပ္ပလာစတာ႐ွိလား? ခ်ီေပၚယန္ဒဏ္ရာရသြားလို႔ "

ေ႐ွာင္႐ႈ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး ဘာလို႔ မေရမရာျဖစ္ေနလဲဆိုတာ နားမလည္ႏိုင္ျဖစ္ေနၿပီး သူတစ္ကိုယ္တည္း အေတြးလြန္ေနတယ္လို႔သာ ခံစားလိုက္ရသည္။ အစ္ကိုဝမ့္နဲ႔ ခ်ီေပၚယန္တို႔က Alphaေတြပဲေလ ဘာေတြမ်ားျဖစ္ႏိုင္ရဦးမွာလဲ။

ဒီလိုနဲ႔ အေစာက မေရမရာျဖစ္ေနတဲ့ ပုံရိပ္အစား ရန္လိုေနတဲ့ေငြ႕အသက္ေတြကို ခံစားလိုက္ရၿပီး သူတို႔ႏွစ္ေယာက္ မၾကာခင္တိုက္ခိုက္ၾကေတာ့မယ္လို႔ေတာင္ ထင္လိုက္မိသည္။ ေ႐ွာင္႐ႈအရမ္းစိတ္လႈပ္႐ွားေနမိၿပီ။

ေ႐ွာင္႐ႈ ႐ွိတယ္လို႔ေျပာလိုက္သည္။ သူက လက္ေထာက္တစ္ေယာက္အေနနဲ႔ ဆံပင္တစ္ေမႊးကအစ ဂ႐ုစိုက္ေပးရၿပီး အလုပ္႐ွိတဲ့ရက္ေတြမွာဆို သူ႕ရင္ဘတ္မွာ႐ွိတဲ့အိတ္က ရတနာအိတ္လိုပဲ လိုတရသည္။ ေ႐ွာင္႐ႈကက်ီးဝမ့္ကို ပလာစတာထုတ္ေပးလိုက္ၿပီးေတာ့ ခ်ီေပၚယန္အနားမွာ လူေတြဝိုင္းအုံႏွင့္ေနၿပီျဖစ္သည္။

က်ီးဝမ့္အျမင္မွာေတာ့ ခ်ီေပၚယန္ရဲ႕လက္ဒဏ္ရာက အေသးအဖြဲ႕သာျဖစ္ေသာ္ျငား အျခားသူေတြအတြက္ေတာ့ ကိစၥအႀကီးႀကီးျဖစ္ေနပုံရသည္။ ခ်ီေပၚယန္ရဲ႕လက္ေထာက္က အလ်င္အျမန္ပင္ ပိုးသတ္ေဆးျဖန္းကာ ေဆးထည့္ေပးၿပီး ေဆး႐ုံသြားကာ ပိုး‌သတ္ေဆးထိုးသင့္ေၾကာင္း ညင္ညင္သာသာေျပာျပေနသည္။

က်ိဳးခ်ဴ႐ႊယ္က ခ်ီေပၚယန္ေဘး၌ ထီးကေလးကိုင္လ်က္ ထပ္တူနာက်င္ဝမ္းနည္းေနဟန္ျဖင့္ နာသြားေသးလားဟုေမးေန၏။

လူအမ်ားဂ႐ုစိုက္ျခင္းခံေနရတဲ့ အဓိကဇာတ္ေဆာင္ကေတာ့ လက္ေထာက္ေလးေပးတဲ့ ပလာစတာကို လ်စ္လွ်ဴ႐ႈကာ လက္ကိုေလထဲတြင္တန္႔ထားလ်က္ သူ႕မ်က္လုံးကိုအနည္းငယ္ေဝ့ဝဲလိုက္ၿပီးေနာက္ အၾကည့္ေတြက သူနဲ႔ေျခလွမ္းအနည္းငယ္အကြာမွာ ႐ွိေနတဲ့ က်ီးဝမ့္ဆီ၌ ရပ္တန္႔သြားသည္။

႐ုပ္တည္တည္နဲ႔ ေတာင့္တင္းစြာရပ္ေနသည့္လက္လုပ္ၾကံသူ(က်ီးဝမ့္)လက္ထဲ႐ွိ ပလာစတာေလးက ၾကက္ကေလးအစာစားေနတဲ့ ပုံျဖစ္ၿပီး လြန္စြာမွခ်စ္စရာေကာင္းလြန္းသည္။

ခ်ီေပၚယန္ လက္ေထာက္ကို ေဘးကိုတြန္းလိုက္ကာ က်ီးဝမ့္ကိုလွမ္းေျပာလိုက္သည္။

"ဒီကိုလာခဲ့"

ထိုခဏမွာ ေဘးပတ္ပတ္လည္ ခ်ီေပၚယန္‌ဆီ‌ က်ေရာက္ေနတဲ့ မ်က္လုံးေတြက အနည္းငယ္မွ် ႐ိႈးတို႔႐ွန္႔တန္႔ျဖစ္မေနသည့္ က်ီးဝမ့္ဆီေျပာင္းေ႐ြ႕သြားၾကသည္။ သူအေ႐ွ႕ကို ေျခလွမ္းလိုက္ရင္း အနာကပ္ပလာစတာကို ခ်ီေပၚယန္ေဘးက လက္ေထာက္ဆီေပးကာ ထပ္မံေတာင္းပန္စကား ဆိုလိုက္သည္။

ခ်ီေပၚယန္ကို စကားေျပာဖို႔ အခြင့္အေရးမေပးဘဲ က်ီးဝမ့္က အရင္ေျပာလိုက္၏။

"ဘာမွမျဖစ္ေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ဇာတ္ၫႊန္း သြားဖတ္လိုက္ပါဦးမယ္"

ေျပာၿပီးေနာက္ လွည့္ထြက္သြားလိုက္သည့္အခါ လက္ေထာက္ေလးက မ်က္လုံးလွန္လိုက္ရင္း

"သူမ်ားကို ထိခိုက္ေအာင္လုပ္ၿပီးမာနေထာင္လႊားေနရေအာင္ သူကဘာမို႔လို႔လဲ? သူ႕လိုဇာတ္ေကာင္ ေသးေသးေလးက ဘာဇာတ္ၫႊန္းေတြမ်ား ဖတ္စရာ႐ွိရမွာလဲ? "

ခ်ီေပၚယန္က လက္ေထာက္ေလးဆီက အနာကပ္ပလာစတာကို ယူလိုက္ရင္း ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။

" မင္းျပန္လိုက္ေတာ့ လိဖန္ကို ဒီလာခိုင္းလိုက္"

ဒီလက္ေထာက္ေလး ခ်ီေပၚယန္ဆီေရာက္လာသည္မွာ တစ္ပတ္ပင္မျပည့္ေသးေပမယ့္ ဒီလိုမ်ိဳးလူစားထိုးခံလိုက္ရမယ္လို႔သူမေမွ်ာ္လင့္ခဲ့မိ။ ခ်ီေပၚယန္က နာမည္ႀကီးဆိုေပမယ့္ အလုပ္တြဲလုပ္ဖို႔ မခက္ခဲဘူးလို႔ေျပာခဲ့သည္ေလ။

လက္ေထာက္ေလးက အေၾကာင္းျပခ်က္ေတာင္မေမးရဲေပ။ ခ်ီေပၚယန္က ဒဏ္ရာကို ဒီအတိုင္းထားၿပီး ၾကက္ကေလးပုံ အနာကပ္ပလာစတာကိုေတာ့ အိတ္ထဲထည့္ထားလိုက္ရင္း ဝိုင္းအုံေနတဲ့လူတစ္စုအား ေဘးသို႔တြန္းဖယ္ကာ ႐ိုက္ကြင္းဆီသြားလိုက္သည္။

က်ီးဝမ့္က ဇာတ္ၫႊန္းဖတ္ဖို႔ အစီအစဥ္႐ွိမ‌ေနဘဲ လူတစ္ေယာက္မွမ႐ွိတဲ့ ေနရာကိုသြားၿပီး  မ်က္ႏွာေပၚက မ်က္ႏွာဖုံးကို ခြၽတ္ယူလိုက္သည္။ ထိုအေပၚတြင္ေတာ့ ခ်ီေပၚယန္ရဲ႕ေသြးတစ္စြန္းတစ္စစြန္းထင္းေနၿပီး တကယ့္ကိုအဆင့္ျမင့္ Alpha ဆိုသည့္အတိုင္း ေသြးစအနည္းငယ္မွာေတာင္ pheromone ေတြႂကြယ္ဝေနသည္။

ပူျပင္းတဲ့ရာသီဥတု၊ ပူေလာင္ေနတဲ့ပတ္ဝန္းက်င္အျပင္ လႈံ႕ေဆာ္အားေကာင္းလွသည့္ Pheromone ေတြက က်ီးဝမ့္ရဲ႕ ခါးနဲ႔ ဝမ္းဗိုက္ကို တင္းက်ပ္သြားေစသည္။ သူကိုယ္ကို သူ႕အေ႐ွ႕မွာ႐ွိတဲ့နံရံနဲ႔ဝင္တိုက္လိုက္ၿပီး pheromone ေၾကာင့္ျဖစ္လာတဲ့ သူ႕ခႏၶာကိုယ္တြင္းက ေသြးဆူပြက္ေနမႈကို သက္သာေစဖို႔ ဆုေတာင္းရသည္။

က်ီးဝမ့္က ခပ္တိုးတိုးပင့္သက္႐ိႈက္လိုက္ရင္း၊ သူ႕ရဲ႕တည္ၿငိမ္တဲ့ပုံရိပ္က ထိုသူ႕ pheromone ေတြေအာက္မွာ လုံးဝပ်က္ျပားသြားရသည္။

သူကိုယ္တိုင္ကလည္း ခ်ီေပၚယန္နဲ႔စကားေျပာရန္မသင့္ေပ။ ဘာေၾကာင့္လဲဆိုေတာ့ သူက Alpha တစ္ေယာက္ရဲ႕ Pheromoneနဲ႔တင္ ေသြးသားဆႏၵ ျဖစ္ေပၚလာတတ္တဲ့ သူမို႔ပင္။

သူတို႔ေတြအားလုံး လူေတြၾကားထဲ‌ ပုံမွန္ေရာေႏွာေနထိုင္ႏိုင္ေပမယ့္လည္း ပုံမွန္လူေတြအျမင္မွာေတာ့ လူရာမဝင္သကဲ့သို႔ျဖစ္ရသည္။

က်ီးဝမ့္ သူ႕နဖူးကိုနံရံနဲ႔ ဖိကပ္ထားလိုက္ရင္း မ်က္ႏွာဖုံးကို လက္ထဲတင္းက်ပ္စြာ ဆုပ္ကိုင္ထားမိၿပီး မ်က္ေတာင္စိပ္စိပ္ေလးေတြေတာင္မွ ေခြၽးျဖင့္စို႐ႊဲေနသည္။ တုန္႔ဆုတ္ဆုတ္နဲ႔ သူ႕ေလးလံလွတဲ့ဝတ္႐ုံကို မတင္လိုက္ၿပီး လက္ေခ်ာင္းမ်ားျဖင့္ ေခြၽးေတြနဲ႔ေအးစက္ေနေသာ အေရျပားကို ထိေတြ႕လိုက္သည္။

အေရျပားရဲ႕ေနရာတစ္ခုစီတိုင္းက Pheromone ရဲ႕သက္ေရာက္မႈေၾကာင့္ အထိမခံႏိုင္ျဖစ္ေနသည္။ က်ီးဝမ့္ သူ႕ေက်ာ႐ိုး‌တစ္ေလွ်ာက္ လက္ဖ်ားေလးနဲ႔တျဖည္းျဖည္းခ်င္းထိေတြ႕လိုက္ရင္း အမာ႐ြတ္ေလး႐ွိေနတဲ့ Gland နားမွာရပ္တန္႔သြားသည္။

အတိတ္ကမွတ္ဉာဏ္ေတြက ေလအလား က်ီးဝမ့္ရဲ႕စိတ္အာ႐ုံကို ဖုံးလႊမ္းသြားသည္။

ထိုမွတ္ဉာဏ္ေတြထဲမွာေတာ့ သင္းရနံ႔ေတြ အသံေတြနဲ႔ ပူေလာင္ျခင္းတို႔ပါဝင္ေနသည္။

ဝိုင္ရနံ႔ခပ္သင္းသင္းရယ္၊ မီးညႇိထားတဲ့စီးကရက္ရယ္၊ ခ်ိဳအီေနတဲ့ pheromoneနံ႔ေတြရယ္။

ရန္လိုေနတဲ့စကားသံ‌ေတြ၊ ခ်စ္တယ္ဆိုတဲ့ အမွန္တရားအတိုင္းအတာတစ္ခုထိ ပါဝင္ေနလားမသိႏိုင္တဲ့ သီးသန္႔ဆန္သည့္စကားလုံးေတြ။

ခ်ီေပၚယန္ရဲ႕ေပြ႕ဖက္မႈက ပူျပင္းလြန္းကာ ခ်ဳပ္ထိန္းထားၿပီး ‌ေအးစက္ေနသည္။

ခ်ီေပၚယန္ရဲ႕ pheromone လိုပဲ အရမ္းခ်ိဳၿမိန္လြန္းေတာ့ ခုခံဖို႔၊ အႏၲရာယ္ကို ေလွ်ာ့တြက္ဖို႔ မျဖစ္ႏိုင္ဘဲ၊ ေကာင္ကင္ယံနဲ႔ ကမ႓ာေျမျပင္ရဲ႕ ေထာက္ေခ်ာက္ထဲ ျပဳတ္က်သြားေစဖို႔ ေသြးေဆာင္ေနသည္အထိပင္။

က်ီးဝမ့္ရဲ႕‌လည္ပင္းကို ထပ္ခါထပ္ခါကိုက္ေဖာက္ၿပီးေနာက္ စိမ့္ထြက္လာတဲ့ေသြးေတြကို ခ်ီေပၚယန္က လွ်ာနဲ႔လ်က္ကာ သူ႕ႏႈတ္ခမ္းကို အနမ္းေပးလာသည္ ။ က်ီးဝမ့္က သူ႕ရဲ႕ Pheromone က ဒီလိုအရသာတစ္ခုျဖစ္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့ေပ။ သူ႕ရဲ႕ဝိုင္အရသာက ခ်ီေပၚယန္ကိုယ္တိုင္ျပဳလုပ္ထားသကဲ့သို႔ ၿပိဳင္စံ႐ွားလက္ရာေျမာက္လွသည္။

‌ေသြးေတြခ်ီေပၚယန္ရဲ႕ ႏႈတ္ခမ္းသား၌ စြန္းေပေနပုံက သူ႕ကို ပိုၿပီးဆြဲေဆာင္မႈ႐ွိေစကာ႐ူးသြပ္သြားေစႏိုင္သည္။

ဘယ္ေလာက္ပဲ Pheromoneေတြ ထိုးသြင္းေနပါေစ၊ ဒါက ဘာအဓိပၸာယ္မွ သက္ေရာက္မႈမ႐ွိတဲ့ အမွတ္အသား(Mark) တစ္ခုသာျဖစ္ၿပီး၊ သူဘယ္လိုမွ ခ်ီေပၚယန္ရဲ႕လူ ျဖစ္လာႏိုင္စရာအေၾကာင္းမ႐ွိ‌ေပ။ ဒါ့ေၾကာင့္ ခ်ီေပၚယန္ သူ႕ကိုကိုက္တိုင္း သူအလြန္အမင္းစိတ္ပ်က္ေနခဲ့ျခင္းျဖစ္သည္။

က်ီးဝမ့္က စိတ္သက္သာရာသက္ျပင္း ႐ႈထုတ္လိုက္ရင္း အံကိုတင္းတင္းႀကိတ္ကာ ၆ႏွစ္လုံးလုံး သူႏွလုံးသားထဲက ကြယ္ေပ်ာက္မသြားႏိုင္သည့္ နာမည္တစ္ခုကိုေရ႐ြတ္လိုက္သည္။ 

"ခ်ီေပၚယန္"

ေ႐ွာင္႐ႈက က်ီးဝမ့္ကိုအေတာ္ၾကာေအာင္ ႐ွာေနခဲ့ၿပီး သူ႕႐ိုက္ရမယ့္ အခန္းေရာက္ခါနီးတာေၾကာင့္ ဖုန္းေတြေခၚကာ႐ွာေနေပမယ့္ လူကိုအခုထိ႐ွာမေတြ႕ႏိုင္ေသးေပ။ ဒါ႐ိုက္တာရဲ႕လက္ေထာက္ေလးက သူ႕ကိုအတင္းဖိအားေပးေနၿပီး ေ႐ွာင္႐ႈခမ်ာ ေဟာ့ေပါ့အိုးေပၚက ပု႐ြတ္ဆိတ္ေလးလို စိတ္ေသာကေရာက္ေနရသည္။

က်ီးဝမ့္ဖုန္းကို ေနာက္တစ္ခါ ထပ္ဆက္လိုက္ခ်ိန္မွာေတာ့ ‌အျခားဖက္ကဖုန္းေျဖလာၿပီး၊ သူ႕အသံက အခ်ိန္ၾကာျမင့္စြာ ႏွိပ္စက္ခံထားရသကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းစြာတိတ္ဆိတ္လို႔ေနသည္။

ေ႐ွာင္႐ႈက စိတ္ပူၿပီး ေျပာလိုက္သည္။

"အစ္ကို ျမန္ျမန္လာခဲ့လိုက္ေတာ့ အစ္ကို႔အခန္းကိုလာေတာ့မယ္"

ထိုကဲ့သို႔ေျပာၿပီးၿပီးျခင္းမွာပဲ ဖုန္းကိုလက္ထဲကိုင္ထားတဲ့ က်ီးဝမ့္က ေ႐ွာက္႐ႈ‌ေ႐ွ႕ ေရာက္လာခဲ့သည္။ က်ီးဝမ့္က မိတ္ကပ္ဆရာဆီက မ်က္ႏွာဖုံးအသစ္တစ္ခု လဲလွယ္ထားသည္။ က်ီးဝမ့္ ဖုန္းကိုခ်ၿပီး မ်က္ႏွာဖုံးအေဟာင္းကို ေ႐ွာင္႐ႈလက္ထဲ ထည့္ေပးလိုက္သည္။ "ယူသြားၿပီး မီး႐ိႈ႕လိုက္"

ေ႐ွာင္႐ႈ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားမိသည္။ "ဟမ္?"

က်ီးဝမ့္က ေ႐ွာင္႐ႈကို လ်စ္လ်ဴ႐ႈလိုက္ၿပီး ဓားကိုင္လ်က္ ‌႐ိုက္ကြင္းဆီ သြားလိုက္သည္။ သူ႕ပုံစံက ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ေအးစက္ေနၿပီး တကယ့္လုပ္ၾကံသူတစ္ေယာက္ ျဖစ္သြားသကဲ့သို႔ပင္။

ခ်ီေပၚယန္က ဘာကိုမွဂ႐ုမစိုက္သလို ေန,ေနေပမယ့္ က်ီးဝမ့္ကိုျမင္လိုက္တဲ့အခါမွာေတာ့ သူ႕လွံကိုေကာက္ယူကာ ရန္စခ်င္တဲ့ သေဘာမ်ိဳးျဖင့္ ႏႈတ္ခမ္းေတြက တြန္႔ေကြးသြားသည္။

လုပ္ၾကံသူ(က်ီးဝမ့္)က အျပစ္သားရဲ႕ သမီးကိုလုပ္ၾကံခ်င္ေပမယ့္ စစ္သူႀကီး(ခ်ီေပၚယန္)ရဲ႕ကာကြယ္တားဆီးမႈကိုခံရကာ အားႀကီးလွတဲ့ သိုင္းသမားႏွစ္ေယာက္ရဲ႕ တိုက္ခိုက္မႈေၾကာင့္ သစ္ပင္ေတြပ်က္စီးရသည္။

ထက္႐ွလွေသာ ဓားတစ္လက္နဲ႔ လွံတို႔ရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈေၾကာင့္ မီးပြားမီးစမ်ားလြင့္စင္လာၾကသည္။

႐ိုက္ကူးေနၾကသည့္ လူႏွစ္ေယာက္မွာ တူညီတဲ့ ခြန္အားေတြနဲ႔ အံ့ဩစရာေကာင္းေလာက္တဲ့ ခႏၶာကိုယ္ဖြဲ႕စည္းမႈ႐ွိၾကၿပီး ျပင္းထန္ေသာ တိုက္ခိုက္မႈနဲ႔ စိတ္လြယ္႐ွားဖြယ္ေကာင္းလွေသာ ဇာတ္ကြက္ကိုျဖစ္ေပၚေစသည္။

လုပ္ၾကံသူရဲ႕ဓားက ၾကမ္းတမ္းရက္စက္ပုံရၿပီး စစ္သူႀကီးကေတာ့ သနားၾကင္နာတတ္ပုံျဖင့္ ဓားခ်က္ကိုေ႐ွာင္႐ွားေန၏။

ဒါ႐ိုက္တာက ကဒ္လို႔မေအာ္လိုက္ေသးခင္ ခ်ီေပၚယန္က လက္ထဲကလွံကိုခ်ၿပီး က်ီးဝမ့္အား ေတြးေတြးဆဆျဖင့္ ၾကည့္လာသည္။

က်ီးဝမ့္ရဲ႕မ်က္လုံးတစ္စုံက မ်က္ႏွာဖုံးေအာက္က ေပၚထြက္ေနၿပီး ျမင့္မားနဲ႔အပူခ်ိန္ေၾကာင့္ မ်က္လုံးေထာင့္နီျမန္းေနမႈက ပိုၿပီးေပၚလြင္ေနသည္။

ဒါ႐ိုက္တာက ကင္မရာထဲကပုံရိပ္ကို ၾကည့္႐ႈေနရင္း အထင္ႀကီးေလးစားမႈမ်ား တိုးပြားလာသည္။ ကင္မရာက ဆက္ၿပီး႐ိုက္ကူးေနကာ ဖန္သားျပင္ေပၚမွာေတာ့ စစ္သူႀကီးက လုပ္ၾကံသူထံ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားေန၏။

လူတိုင္းရဲ႕မ်က္လုံးေ႐ွ႕မွာပဲ ခ်ီေပၚယန္ကလက္ဆန္႔ထုတ္လိုက္ၿပီး က်ီးဝမ့္ရဲ႕မ်က္ႏွာကိုထိေတြ႕လိုက္ရင္း လက္ေခ်ာင္းေတြက တုန္ရီေနတဲ့ မ်က္ေတာင္ေလးေတြေပၚမွာတင္ေနတဲ့ ေခြၽးစက္ေလးေတြကို ဖယ္႐ွားေပးလိုက္သည္။

သူ က်ီးဝမ့္ရဲ႕နားဆီ ခ်ဥ္းကပ္သြားၿပီး တိုးတိုးေလးေျပာလိုက္သည္။

" ဒီ႐ိုက္ကြင္းကိုမလာခင္ တိတ္တိတ္ေလး ဘာလုပ္ခဲ့တာလဲ? "

ခ်ီေပၚယန္ရဲ႕စကားသံထဲမွာ ေပ်ာ္႐ႊင္ရိပ္တစြန္းတစပါဝင္ေနသည္။

" ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ pheromone ေတြကိုလြမ္းေနတာလား?"

======

Goodnight

=====

Continue Reading

You'll Also Like

546K 45.2K 21
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
461K 6.6K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
366K 23.2K 65
In the vibrant city of Jaipur, a secret deal was struck between two worlds. Abhimaan Deep Shekhawat, the enigmatic King of Rajasthan, controlled the...
435K 1.3K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...