အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

832K 118K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter -8.1

10.1K 1.5K 43
By Neko_san_ZP

Zawgyi

ေကာင္းကင္ကေန လႏွစ္စင္းထပ္ဆင့္ထြက္ေပၚလာသည့္ခ်ိန္မွာ ေျခာက္ေသြ႔ေနသည့္ေတာအုပ္ႀကီးဟာ အစိမ္းေရာင္ ပန္း​ေရာင္ အဝါေရာင္ နီရင့္ရင့္အေရာင္၊ေလးမ်ိဳးေျပာင္းလဲသြားကာ အလင္းေရာင္မ်ားျဖာထြက္ေနေတာ့သည္။ေတာအုပ္ႀကီးအတြင္းကေန သီခ်င္းညည္းသံမ်ား စတင္ၾကားလာေတာ့သည္။

ဒန္နာရီကို ေဂ်ာ့ဖေရးဟာ ေတာအုပ္ထဲ လက္တြဲကာ ျဖည္းျဖည္းခ်င္းေခၚလာေတာ့သည္။သူတို႔ႏွစ္ေယာက္လံုးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာက်ေပမယ့္ လက္ေသးေသးေလးႏွစ္ဖက္ကေတာ့ တစ္ေယာက္ကို တစ္ေယာက္ ျမဲျမံစြာဆုပ္ကိုင္ထားက်သည္။ေနာက္ေတာ့ ေတာအုပ္ရဲ႕အလယ္ကို ေရာက္လာၿပီး ေတာအုပ္အလယ္တြင္ ေက်ာက္တိုင္ ငါးတိုင္တည္႐ွိေနၿပီး လေရာင္ေၾကာင့္ပဲလား၊ပင္ကိုယ္ေၾကာင့္ပဲလား ေက်ာက္တိုင္ငါးတိုင္လံုးဟာ အလင္းေရာင္ျဖာထြက္ေနသေယာင္ပင္၊

ဒန္နာရီ ထိုေက်ာက္တိုင္ေတြအနီးကို သြားခ်င္ေပမယ့္ ေဂ်ာ့ဖေရးဟာ သူရဲ႕လက္ကို ဆုပ္ကိုင္ထားတာေၾကာင့္ သူမွာ ေငးၾကည့္ေနရံုသာတတ္ႏိုင္သည္။ေဂ်ာ့ဖေရးကလည္း သူရဲ႕အျပဳအမူေၾကာင့္ သတိထားမိတယ္ ထင္သည္။

"ခဏေစာင့္လိုက္အံုး ဒန္နာရီ" လို႔ ေျပာလာတာေၾကာင့္ သူလည္း အုပ္ဆိုင္းေနသည့္သစ္ပင္ေအာက္ကေန ေဂ်ာ့ဖေရးနဲ႔အတူ ရပ္ကာ ထိုေက်ာက္တိုင္ႀကီးေတြကို ၾကည့္ေနမိသည္။

တေအာင့္အၾကာမွာ ေငြေရာင္အလက္လက္မ်ားဟာ ေက်ာက္တိုင္ေတြေပၚ ျဖာက်လာၿပီးေနာက္ ဆည္းလည္းသံေလးလို သာယာေအးခ်မ္းသည့္သီခ်င္းသံေလးမ်ား ထြက္ေပၚလာေတာ့သည္၊သီခ်င္းတီက်ဴးသံမ်ား နီးလာေလေလ ေက်ာက္တိုင္ေပၚ႐ွိ အေရာင္ေတြဟာလည္း လိေမၼာ္၊အဝါ၊အျပာ၊အစိမ္း၊အနီအျဖစ္ တျဖည္းျဖည္းေျပာင္းလဲလာေတာ့သည္။

*လမင္းရဲ႕သားေတာ္ ငါတို႔ဟာ... မိခင္ကမာၻေျမကို ကိုယ္စားျပဳသည့္ ေလာ့႐ူးေနာ္ေက်ာက္တိုင္ကို အေဖာ္ျပဳဖို႔ ထပ္မံေရာက္လာျပန္ၿပီ... အိုး အ႐ွင္လမင္းေရ... အ႐ွင္ရဲ႕စြမ္းအားေတြကို ကြၽႏ္ုပ္တို႔ကို ေပးကမ္းပါအံုး*

ဒန္နာရီ သူရဲ႕နားထဲ ထိုအသံသဲ့သဲ့ေလးေတြ ၾကားေနရသည္။နတ္သူငယ္ဘာသာစကားကို သင္ယူၿပီးေနာက္မွာ နတ္သူငယ္ေတြ သီဆုိသည့္သီခ်င္းကို သူနားလည္သည္ဟာ မထူးဆန္းေပ၊ဒါေၾကာင့္ သူဟာ ေဂ်ာ့ဖေရးကိုပါ ဆြဲေခၚရင္း ေက်ာက္တိုင္ေတြ အလယ္ထိ​ေလ်ွာက္လာၿပီး

"လမင္းရဲ႕သားေတာ္ ကြၽႏ္ုပ္ဟာ မိခင္ကမာၻေျမကို ေကာင္းခ်ီးေပးခ်င္တာေၾကာင့္ ေလာ့႐ူးေနာ္ေက်ာ္တိုင္ေ႐ွ႕ အ႐ွင္လမင္းကို သစၥာခံပါရေစ အ႐ွင္ရဲ႕စြမ္းအားမ်ား ခ်ီးေျမာက္ေပးေတာ္မူပါ" လို႔ ဒန္နာရီရဲ႕အသံဟာ ေတာအုပ္တခြင္ျပန္႔ႏွံ႔သြားသလို ေတးတီးက်ဴးေနသည့္နတ္သူငယ္ေလးေတြဟာလည္း ရပ္တန္႔သြားေတာ့သည္။ေဘးနား႐ွိ ေဂ်ာ့ဖေရးဟာလည္း သူနားမလည္သည့္ဘာသာစကားနဲ႔ေျပာေနသည့္ဒန္နာရီကိုသာ စိုက္ၾကည့္ေနခဲ့သည္။

*ေကာင္းၿပီ* ဆုိသည့္ အသံနဲ႔အတူ ျပင္းထန္သည့္အ႐ွိန္အဝါဟာ ဒန္နာရီနဲ႔ေဂ်ာ့ဖေရးေပၚ က်ေရာက္လာေတာ့သည္။ေဂ်ာ့ဖေရးဟာ ဖိအားေၾကာင့္ ေျမျပင္ေပၚ ဒူးေထာက္မတက္ျဖစ္သြားေပမယ့္ သူဟာသူရဲ႕ Manaစြမ္းအားနဲ႔ ျပန္တင္းခံလိုက္သည္။ငယ္ရြယ္ေသးသည့္ ဒန္နာရီကေတာ့ ေျမျပင္ေပၚ ဒူးေထာက္က်သြားေပမယ့္ ေ႐ွ႕ကေန မားမားမတ္မတ္ရပ္တည္လာသည့္ ဆယ္ႏွစ္အရြယ္​ေကာင္​ေလး​ေၾကာင့္ ဖိအားေလ်ာ့ေပါ့သြားကာ အသက္႐ွဴေခ်ာင္သြားေတာ့သည္။

"ျပင္းထန္လွတဲ့အ႐ွိန္အဝါ" ဒါသူတို႔ႏွစ္ေယာက္လံုး ေျပာမိသည့္စကားျဖစ္သည္။စကားတစ္ခြန္းမွာ ဒီလိုျပင္းထန္သည့္အ႐ွိန္အဝါေတြ ပါေနရင္ လူလံုးသာ ထြက္ျပခဲ့ရင္ သူတို႔ေသဆံုးသြားႏိုင္မလားပဲ၊​

*ဟားဟားဟား မဆိုးဘူး.... မဆိုးဘူး*ဆုိသည့္ ရယ္သံထြက္ေပၚလာသည့္ေနာက္မွာ သူတို႔ႏွစ္ေယာက္ေပၚကို အလင္းမ်ားျဖာဆင္းက်လာကာ

*ေဂ်ာ့ဖေရး ဒဲလ္ ဘီဗီလ္လဲ သင္ရဲ႕စိတ္ဓာတ္ကို ငါအ႐ွင္သခင္ ႏွစ္ၿခိဳက္ေတာ္မူတယ္ ဒါေၾကာင့္ ငါအ႐ွင္သခင္ဟာ သင့္ကို လီရယ္ဆုိတဲ့ ဝိညာဥ္ကို ခ်ီးျမႇင့္တယ္* အသံဆံုးသည္နဲ႔အတူ ဝါရင့္ရင့္အလင္းလံုးေလးဟာ ေဂ်ာ့ဖေရးေ႐ွ႕ေရာက္လာကာ ေဂ်ာ့ဖေရးရဲ႕ႏွာေခါင္းကို ထိလိုက္ၿပီးေနာက္မွာ ေရႊေရာင္ဆံပင္နဲ႔ အျပာေရာင္မ်က္ဝန္းပိုင္ဆိုင္သည့္နတ္သူငယ္ေသးေသးေလးထြက္လာေတာ့သည္။

နတ္သူငယ္ေလးဟာ ေဂ်ာ့ဖေရးကို သူရဲ႕အျပာေရာင္မ်က္ဝန္းေတာက္ေတာက္ေလးနဲ႔ၾကည့္လိုက္ၿပီး ဒီကမာၻကဘာသာစကားျဖင့္

"လီရယ္ပါ... ကာကြယ္ေစာင့္ေ႐ွာက္သည့္ဝိညာဥ္ပါ" လို႔ ေျပာလာေတာ့သည္၊

*သားေတာ္ဒန္နာရီ သင့္ကို ဖခင္ ခ်ီးျမႇင့္မယ္ Spirits controler အိုက္စက္ဆုိတဲ့ ဘြဲ႔ကိုခ်ီးျမႇင့္လိုက္မည္ ဒါေပမယ့္ ေလာကမွာ တစ္ခုလိုခ်င္ရင္ တစ္ခုျပန္ေပးဆပ္ရလိမ့္မယ္ အသင့္ျပင္ထားပါ သားေတာ္* လို႔ ေျပာလာၿပီးေနာက္မွာ ဒန္နာရီနဖူးေတြ ​ေမွာ္စက္ဝိုင္းေပၚလာကာ ျပန္ေပ်ာက္ကြယ္သြားေတာ့သည္။

*မွတ္ထား သားေတာ္ တူညီတဲ့တန္ေၾကးျပန္ေပးဆပ္ရလိမ့္မယ္... စြမ္းအင္ႏွစ္ခုၿပိဳင္ႏိုးထလာခ်ိန္မွာ သား​ေတာ္တစ္ခုကို ေရြးခ်ယ္ၿပီး တစ္ခုကို စြန္႔ပစ္ရလိမ့္မယ္* လို႔ ေျပာသံၿပီးဆံုးၿပီးေနာက္မွာ အရာရာဟာ ပံုမွန္အတိုင္း ျပန္ျဖစ္သြားေတာ့သည္၊

ေဂ်ာ့ဖေရးကိုယ္တိုင္ကလည္း သူရဲ႕မ်က္ႏွာအမူအရာကို ဘယ္လိုထားရမလဲမသိျဖစ္ေနေတာ့သည္။အမွန္ေတာ့ သူဟာ ဒန္နာရီနဲ႔သီးသန္႔စကားေျပာခ်င္တာေၾကာင့္ ခ်ိန္းဆုိလိုက္ေပမယ့္ ဒီလိုျဖစ္ပ်က္ကုန္မွန္း မသိခဲ့တာအမွန္ေပ၊ေနာက္ၿပီး ငါးႏွစ္အရြယ္ကေလးေလးတစ္ေယာက္ဟာ သူတို႔မသိသည့္ဘာသာစကားနဲ႔ တဖက္အသံ႐ွင္ကို ေျပာဆုိသည့္အခါ သူ႔စိတ္ထဲ မနာလို၊ေလာဘေတြမခံစားရဘဲ ဂုဏ္ယူဝမ္းေျမာက္ဝမ္းသာပီတိသာျဖစ္ခဲ့သည္။

"Spirit(ဝိညာဥ္)ဘာသာစကားကို မင္းနားလည္တယ္ေပါ့" လို္႔ ေဂ်ာ့ဖေရးေမးလာေတာ့ ပတၱျမားလိုနီရဲရဲမ်က္ဝန္းေလးတစ္စံုပိုင္ဆိုင္ထားၿပီး ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းသည့္ကေလးေလးဟာ သူ႔ကို ေမာ့ၾကည့္လာကာ

"ဟုတ္ အ႐ွင္မင္းသား" လို႔ ျပန္ေျဖလာေတာ့သည္။ဒီကေလးေလးဟာ သီးသန္႔ဆန္ေပမယ့္ ယဥ္ေက်းလိမၼာကာ ေျပာသင့္သည္ထက္ ပိုမေျပာသည္ကို ဒီေတာထဲဝင္လာသည့္ေတာက္ေလ်ွာက္ သူနားလည္ခဲ့ၿပီးၿပီမလား၊ဒါေၾကာင့္ ေဂ်ာ့ဖေရးရဲ႕ႏူတ္ခမ္းမ်ားဟာ ေကာ့ေကြးသြားၿပီး

"ဒန္နာရီက အရမ္းေတာ္တာပဲ ကိုကိုေတာင္ တစ္လံုး၊ႏွစ္လံုးဘဲ တတ္တယ္" လို႔ ေျပာလာေတာ့သည္။

ဒန္နာရီဟာ သူ႔ကိုယ္သူ 'ကိုကို'ဟု နာမ္စားသံုးလာသည့္ မင္းသား႐ွစ္ကို ၾကည့္ရင္း မ်က္လံုးေလး ကလယ္လယ္ျဖင့္

"လီရယ္က တရားမ်ွတမႈပါ... အ႐ွင္မင္း...ကိုကို "လို႔ ေျဖလာသည့္ခ်ိန္မွာေတာ့ ေဂ်ာ့ဖေရး ရယ္သံရြင္ရြင္ဟာ နတ္သူငယ္ေတာအုပ္ထဲ ျပန္႔ႏွံ႔သြားေတာ့သည္။

"အြန္း ကိုိကုိက မင္းရဲ႕ကိုကို  ...မင္းက ကိုကိုရဲ႕ဒန္နာရီ"

ဒန္နာရီ ပါးေလးေတြဟာ ရဲတြက္သြားရင္း သူဟာ ေခါင္းေလးငုံ႔သြားေပမယ့္ ဘာမွျပန္မေျပာေပ၊သူ႔ရင္ထဲ ထူးဆန္းသည့္ခံစားခ်က္ႀကီး ျဖတ္သြားေပမယ့္ ထိုခံစားခ်က္ကို လစ္လ်ဴ႐ႈလိုက္ၿပီးေနာက္မွာ သူဟာ လကို ေမာ့ၾကည့္လိုက္ၿပီး လီရယ္ကိုၾကည့္ကာ

"အ႐ွင္မင္း... ကိုကို အိမ္ျပန္သင့္ၿပီ မထင္ဘူးလား" လို႔ ေျပာလာေတာ့ ေဂ်ာ့ဖေရးဟာလည္း အနည္းငယ္စဥ္းစားလိုက္ၿပီး​ေနာက္မွာ

"ေကာင္းၿပီ ကိုကို မင္းကို ျပန္လိုက္ပို႔ေပးမယ္" လို႔ ေျပာလိုက္ေတာ့  ဒန္နာရီဟာ ေခါင္းခါလိုက္သည္၊

"ဒန္နာရီ ကိုယ့္ဘာသာကိုယ္ ျပန္လိုက္ပါမယ္ ကိုကို"လို႔ ေျပာလိုက္ၿပီးေနာက္မွာေတာ့

"အက္ဂိုယာ"
*ကူးေျပာင္းေစ* တိုးတိုးရြတ္လိုက္ၿပီးေနာက္မွာေတာ့ ဒန္နာရီဟာ ေဂ်ာ့ဖေရးရဲ႕အေ႐ွ႕ကေနေပ်ာက္ကြယ္သြားေတာ့သည္။ေဂ်ာ့ဖေရး မ်က္ဝန္းမ်ားဟာ ဒန္နာရီေပ်ာက္ကြယ္သြားသည့္ေနရာကို စိုက္ၾကည့္ၿပီးေနာက္မွာ သူလည္း ထြက္ခြာသြားေတာ့သည္။

ေမွာင္ရီပ်ိဳးလာသည့္နဲ႔ အေရာင္ေလးမ်ိဳးေတာအုပ္ႀကီးအတြင္း နတ္သူငယ္ေတြရဲ႕ ေတးတီးက်ဴးသံကို ၾကားရျမဲေပမယ့္ ထိုညမွာေတာ့ ေတာအုပ္ႀကီးဟာ တိတ္ဆိတ္ေနခဲ့သည္။လနတ္ဘုရားရဲ႕ေကာင္းခ်ီးေပးခံရသည့္လူငယ္ေလးႏွစ္ေယာက္႐ွိသလို ဆယ့္ႏွစ္ရာသီခြင္ရဲ႕ေကာင္းခ်ီးေပးခံရသည့္ လူႏွစ္ဦးလည္း ႐ွိေနခဲ့သည္။

ေတာ္ဝင္နန္းေဆာင္ထဲမွာ အိမ္ေ႐ွ႕စံမင္းသား အိုလီဘာနဲ႔ ႐ိုစဲဆလပ္အိမ္ေတာ္ရဲ႕အငယ္ဆံုးသား အန္ဒီးယားဟာ Gemini အမႊာနတ္ဘုရားရဲ႕ေရြးခ်ယ္ျခင္းကို ခံခဲ့ရသည္၊ဒါေၾကာင့္ စြမ္းအင္ႏိုးမထေသးသည့္ အန္ဒီးယားဟာ ထိုသို႔ေရြးခ်ယ္ခံရတာေၾကာင့္ ေတာ္ဝင္နန္းေတာ္က လူအားလံုးဟာ အန္ဒီးယားကို ပါရမီ႐ွင္အျဖစ္သတ္မွတ္ေနက်ေတာ့သည္။႐ိုစဲဆလပ္အမတ္ကေတာ္ကလည္း ထိုသတင္းကို အင္ပါယာတစ္အင္ပါယာလံုးသိေအာင္ သတင္းျပန္႔ခဲ့သည္။ဒါေၾကာင့္ လူတိုင္းဟာ နတ္သူငယ္ေတာအုပ္ရဲ႕တညတာတိတ္ဆိတ္သြားသည့္ အေၾကာင္းကို မစံုစမ္းေတာ့ဘဲ အန္ဒီးယားရဲ႕သတင္းနဲ႔သာ ဖံုးလႊမ္းသြားေတာ့သည္။

---------------
စာေရးဆရာေျပာစရာ႐ွိသည္။

ဒီကမာၻက ကိုယ္တို႔ေနတဲ့ကမာၻလိုမဟုတ္ပါဘူး၊ ေနႏွစ္စင္း၊လႏွစ္စင္း႐ွိတဲ့ကမာၻပံုစံမ်ိဳးပါ။

လနတ္ဘုရား၊ ညေကာင္းကင္ကို စိုးမိုးသည့္နတ္ဘုရားတစ္ပါးျဖစ္ၿပီး သူရဲ႕တြဲဖက္ၾကင္ယာေတာ္က သူနဲ႔ထပ္ဆင့္ထြက္ေပၚသည့္လနတ္ဘုရားမျဖစ္သည္။

သူဟာ Spiritsေတြရဲ႕အ႐ွင္သခင္ျဖစ္ၿပီး အလင္းစြမ္းအားကိုလည္း ေကာင္းစြာအသံုးျပဳႏိုင္သူျဖစ္သည္။

Spirit - ဝိညာဥ္ ၊ တခ်ိဳ႕က နတ္သူငယ္နဲ႔ဆင္တာေၾကာင့္ လူသားေတြဟာ သူတို႔ကို နတ္သူငယ္မ်ိဳးႏြယ္စုထဲကဟု သတ္မွတ္ထားက်သည္။

Spirits controler - ဝိညာဥ္ထိန္းခ်ဳပ္သူ/ဝိညာဥ္ဆင့္ေခၚသူ၊ spirit ေတြကို ဝိညာဥ္ထိန္းခ်ဳပ္သူေတြကသာ ျမင္ႏိုင္ေပမယ့္ အမ်ားအားျဖင့္ အသံကိုသာ ၾကားတတ္က်သည္။ ဝိညာဥ္ထိန္းခ်ဳပ္သူေတြဟာ အမ်ားအားျဖင့္ spirit ႏွစ္ေကာင္ ၿပိဳင္ဆင့္ေခၚႏိုင္သည္။ဒါေပမယ့္ Manaကုန္လြန္းတာေၾကာင့္ လူသားေတြဟာ Spiritတစ္​ေကာင္သာ ဆင့္ေခၚႏိုင္သည္။

Spirit ေတြမွာ မ်ိဴးကြဲေပါင္းမ်ားစြာ႐ွိသည္။

လီရယ္ဟာ အလယ္အလတ္ဆင့္ spiritျဖစ္ၿပီး သူဟာ ကာကြယ္ေရးဝိညာဥ္ျဖစ္သည္။ထူးျခားခ်က္က​ေတာ့ ေနာက္ေပါင္းလာလိမ့္မည္။

Geminiအျမႊာနတ္ဘုရား၊ Geminiဟာ ၁၂ရာသီခြင္ၾကယ္အစုအေဝးမွာပါဝင္သည့္ နတ္ဘုရားအျမႊာျဖစ္ၿပီး ေလစြမ္းအားကို အသံုးျပဳႏိုင္သည့္နတ္ဘုရား​ေတြျဖစ္သည္။

ေက်ာက္တိုင္ငါးတိုင္ရဲ႕ရာဇဝင္ကို ေနာက္ပိုင္း႐ွင္းျပ​ေပးမည္။

အမတ္ႀကီးရဲ႕အပယ္ခံသားမွာ ပါဝင္သည့္အေၾကာင္းအရာေတြကို ျပန္လည္ကူးခ်ျပင္ဆင္​ေရးသားခြင့္ မျပဳပါ။

-------------------

Chapter - 8.2ေမ်ွာ္

--------------

Unicode

ကောင်းကင်ကနေ လနှစ်စင်းထပ်ဆင့်ထွက်ပေါ်လာသည့်ချိန်မှာ ခြောက်သွေ့နေသည့်တောအုပ်ကြီးဟာ အစိမ်းရောင် ပန်း​ရောင် အဝါရောင် နီရင့်ရင့်အရောင်၊လေးမျိုးပြောင်းလဲသွားကာ အလင်းရောင်များဖြာထွက်နေတော့သည်။တောအုပ်ကြီးအတွင်းကနေ သီချင်းညည်းသံများ စတင်ကြားလာတော့သည်။

ဒန်နာရီကို ဂျော့ဖရေးဟာ တောအုပ်ထဲ လက်တွဲကာ ဖြည်းဖြည်းချင်းခေါ်လာတော့သည်။သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကျပေမယ့် လက်သေးသေးလေးနှစ်ဖက်ကတော့ တစ်ယောက်ကို တစ်ယောက် မြဲမြံစွာဆုပ်ကိုင်ထားကျသည်။နောက်တော့ တောအုပ်ရဲ့အလယ်ကို ရောက်လာပြီး တောအုပ်အလယ်တွင် ကျောက်တိုင် ငါးတိုင်တည်ရှိနေပြီး လရောင်ကြောင့်ပဲလား၊ပင်ကိုယ်ကြောင့်ပဲလား ကျောက်တိုင်ငါးတိုင်လုံးဟာ အလင်းရောင်ဖြာထွက်နေသယောင်ပင်၊

ဒန်နာရီ ထိုကျောက်တိုင်တွေအနီးကို သွားချင်ပေမယ့် ဂျော့ဖရေးဟာ သူရဲ့လက်ကို ဆုပ်ကိုင်ထားတာကြောင့် သူမှာ ငေးကြည့်နေရုံသာတတ်နိုင်သည်။ဂျော့ဖရေးကလည်း သူရဲ့အပြုအမူကြောင့် သတိထားမိတယ် ထင်သည်။

"ခဏစောင့်လိုက်အုံး ဒန်နာရီ" လို့ ပြောလာတာကြောင့် သူလည်း အုပ်ဆိုင်းနေသည့်သစ်ပင်အောက်ကနေ ဂျော့ဖရေးနဲ့အတူ ရပ်ကာ ထိုကျောက်တိုင်ကြီးတွေကို ကြည့်နေမိသည်။

တအောင့်အကြာမှာ ငွေရောင်အလက်လက်များဟာ ကျောက်တိုင်တွေပေါ် ဖြာကျလာပြီးနောက် ဆည်းလည်းသံလေးလို သာယာအေးချမ်းသည့်သီချင်းသံလေးများ ထွက်ပေါ်လာတော့သည်၊သီချင်းတီကျူးသံများ နီးလာလေလေ ကျောက်တိုင်ပေါ်ရှိ အရောင်တွေဟာလည်း လိမေ္မာ်၊အဝါ၊အပြာ၊အစိမ်း၊အနီအဖြစ် တဖြည်းဖြည်းပြောင်းလဲလာတော့သည်။

*လမင်းရဲ့သားတော် ငါတို့ဟာ... မိခင်ကမ္ဘာမြေကို ကိုယ်စားပြုသည့် လော့ရူးနော်ကျောက်တိုင်ကို အဖော်ပြုဖို့ ထပ်မံရောက်လာပြန်ပြီ... အိုး အရှင်လမင်းရေ... အရှင်ရဲ့စွမ်းအားတွေကို ကျွန်ုပ်တို့ကို ပေးကမ်းပါအုံး*

ဒန်နာရီ သူရဲ့နားထဲ ထိုအသံသဲ့သဲ့လေးတွေ ကြားနေရသည်။နတ်သူငယ်ဘာသာစကားကို သင်ယူပြီးနောက်မှာ နတ်သူငယ်တွေ သီဆိုသည့်သီချင်းကို သူနားလည်သည်ဟာ မထူးဆန်းပေ၊ဒါကြောင့် သူဟာ ဂျော့ဖရေးကိုပါ ဆွဲခေါ်ရင်း ကျောက်တိုင်တွေ အလယ်ထိ​လျှောက်လာပြီး

"လမင်းရဲ့သားတော် ကျွန်ုပ်ဟာ မိခင်ကမ္ဘာမြေကို ကောင်းချီးပေးချင်တာကြောင့် လော့ရူးနော်ကျော်တိုင်ရှေ့ အရှင်လမင်းကို သစ္စာခံပါရစေ အရှင်ရဲ့စွမ်းအားများ ချီးမြောက်ပေးတော်မူပါ" လို့ ဒန်နာရီရဲ့အသံဟာ တောအုပ်တခွင်ပြန့်နှံ့သွားသလို တေးတီးကျူးနေသည့်နတ်သူငယ်လေးတွေဟာလည်း ရပ်တန့်သွားတော့သည်။ဘေးနားရှိ ဂျော့ဖရေးဟာလည်း သူနားမလည်သည့်ဘာသာစကားနဲ့ပြောနေသည့်ဒန်နာရီကိုသာ စိုက်ကြည့်နေခဲ့သည်။

*ကောင်းပြီ* ဆိုသည့် အသံနဲ့အတူ ပြင်းထန်သည့်အရှိန်အဝါဟာ ဒန်နာရီနဲ့ဂျော့ဖရေးပေါ် ကျရောက်လာတော့သည်။ဂျော့ဖရေးဟာ ဖိအားကြောင့် မြေပြင်ပေါ် ဒူးထောက်မတက်ဖြစ်သွားပေမယ့် သူဟာသူရဲ့ Manaစွမ်းအားနဲ့ ပြန်တင်းခံလိုက်သည်။ငယ်ရွယ်သေးသည့် ဒန်နာရီကတော့ မြေပြင်ပေါ် ဒူးထောက်ကျသွားပေမယ့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်လာသည့် ဆယ်နှစ်အရွယ်​ကောင်​လေး​ကြောင့် ဖိအားလျော့ပေါ့သွားကာ အသက်ရှူချောင်သွားတော့သည်။

"ပြင်းထန်လှတဲ့အရှိန်အဝါ" ဒါသူတို့နှစ်ယောက်လုံး ပြောမိသည့်စကားဖြစ်သည်။စကားတစ်ခွန်းမှာ ဒီလိုပြင်းထန်သည့်အရှိန်အဝါတွေ ပါနေရင် လူလုံးသာ ထွက်ပြခဲ့ရင် သူတို့သေဆုံးသွားနိုင်မလားပဲ၊​

*ဟားဟားဟား မဆိုးဘူး.... မဆိုးဘူး*ဆိုသည့် ရယ်သံထွက်ပေါ်လာသည့်နောက်မှာ သူတို့နှစ်ယောက်ပေါ်ကို အလင်းများဖြာဆင်းကျလာကာ

*ဂျော့ဖရေး ဒဲလ် ဘီဗီလ်လဲ သင်ရဲ့စိတ်ဓာတ်ကို ငါအရှင်သခင် နှစ်ခြိုက်တော်မူတယ် ဒါကြောင့် ငါအရှင်သခင်ဟာ သင့်ကို လီရယ်ဆိုတဲ့ ဝိညာဉ်ကို ချီးမြှင့်တယ်* အသံဆုံးသည်နဲ့အတူ ဝါရင့်ရင့်အလင်းလုံးလေးဟာ ဂျော့ဖရေးရှေ့ရောက်လာကာ ဂျော့ဖရေးရဲ့နှာခေါင်းကို ထိလိုက်ပြီးနောက်မှာ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်ဝန်းပိုင်ဆိုင်သည့်နတ်သူငယ်သေးသေးလေးထွက်လာတော့သည်။

နတ်သူငယ်လေးဟာ ဂျော့ဖရေးကို သူရဲ့အပြာရောင်မျက်ဝန်းတောက်တောက်လေးနဲ့ကြည့်လိုက်ပြီး ဒီကမ္ဘာကဘာသာစကားဖြင့်

"လီရယ်ပါ... ကာကွယ်စောင့်ရှောက်သည့်ဝိညာဉ်ပါ" လို့ ပြောလာတော့သည်၊

*သားတော်ဒန်နာရီ သင့်ကို ဖခင် ချီးမြှင့်မယ် Spirits controler အိုက်စက်ဆိုတဲ့ ဘွဲ့ကိုချီးမြှင့်လိုက်မည် ဒါပေမယ့် လောကမှာ တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးဆပ်ရလိမ့်မယ် အသင့်ပြင်ထားပါ သားတော်* လို့ ပြောလာပြီးနောက်မှာ ဒန်နာရီနဖူးတွေ ​မှော်စက်ဝိုင်းပေါ်လာကာ ပြန်ပျောက်ကွယ်သွားတော့သည်။

*မှတ်ထား သားတော် တူညီတဲ့တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်... စွမ်းအင်နှစ်ခုပြိုင်နိုးထလာချိန်မှာ သား​တော်တစ်ခုကို ရွေးချယ်ပြီး တစ်ခုကို စွန့်ပစ်ရလိမ့်မယ်* လို့ ပြောသံပြီးဆုံးပြီးနောက်မှာ အရာရာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်၊

ဂျော့ဖရေးကိုယ်တိုင်ကလည်း သူရဲ့မျက်နှာအမူအရာကို ဘယ်လိုထားရမလဲမသိဖြစ်နေတော့သည်။အမှန်တော့ သူဟာ ဒန်နာရီနဲ့သီးသန့်စကားပြောချင်တာကြောင့် ချိန်းဆိုလိုက်ပေမယ့် ဒီလိုဖြစ်ပျက်ကုန်မှန်း မသိခဲ့တာအမှန်ပေ၊နောက်ပြီး ငါးနှစ်အရွယ်ကလေးလေးတစ်ယောက်ဟာ သူတို့မသိသည့်ဘာသာစကားနဲ့ တဖက်အသံရှင်ကို ပြောဆိုသည့်အခါ သူ့စိတ်ထဲ မနာလို၊လောဘတွေမခံစားရဘဲ ဂုဏ်ယူဝမ်းမြောက်ဝမ်းသာပီတိသာဖြစ်ခဲ့သည်။

"Spirit(ဝိညာဉ်)ဘာသာစကားကို မင်းနားလည်တယ်ပေါ့" လို့် ဂျော့ဖရေးမေးလာတော့ ပတ္တမြားလိုနီရဲရဲမျက်ဝန်းလေးတစ်စုံပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းသည့်ကလေးလေးဟာ သူ့ကို မော့ကြည့်လာကာ

"ဟုတ် အရှင်မင်းသား" လို့ ပြန်ဖြေလာတော့သည်။ဒီကလေးလေးဟာ သီးသန့်ဆန်ပေမယ့် ယဉ်ကျေးလိမ္မာကာ ပြောသင့်သည်ထက် ပိုမပြောသည်ကို ဒီတောထဲဝင်လာသည့်တောက်လျှောက် သူနားလည်ခဲ့ပြီးပြီမလား၊ဒါကြောင့် ဂျော့ဖရေးရဲ့နူတ်ခမ်းများဟာ ကော့ကွေးသွားပြီး

"ဒန်နာရီက အရမ်းတော်တာပဲ ကိုကိုတောင် တစ်လုံး၊နှစ်လုံးဘဲ တတ်တယ်" လို့ ပြောလာတော့သည်။

ဒန်နာရီဟာ သူ့ကိုယ်သူ 'ကိုကို'ဟု နာမ်စားသုံးလာသည့် မင်းသားရှစ်ကို ကြည့်ရင်း မျက်လုံးလေး ကလယ်လယ်ဖြင့်

"လီရယ်က တရားမျှတမှုပါ... အရှင်မင်း...ကိုကို "လို့ ဖြေလာသည့်ချိန်မှာတော့ ဂျော့ဖရေး ရယ်သံရွင်ရွင်ဟာ နတ်သူငယ်တောအုပ်ထဲ ပြန့်နှံ့သွားတော့သည်။

"အွန်း ကိိုကိုက မင်းရဲ့ကိုကို  ...မင်းက ကိုကိုရဲ့ဒန်နာရီ"

ဒန်နာရီ ပါးလေးတွေဟာ ရဲတွက်သွားရင်း သူဟာ ခေါင်းလေးငုံ့သွားပေမယ့် ဘာမှပြန်မပြောပေ၊သူ့ရင်ထဲ ထူးဆန်းသည့်ခံစားချက်ကြီး ဖြတ်သွားပေမယ့် ထိုခံစားချက်ကို လစ်လျူရှုလိုက်ပြီးနောက်မှာ သူဟာ လကို မော့ကြည့်လိုက်ပြီး လီရယ်ကိုကြည့်ကာ

"အရှင်မင်း... ကိုကို အိမ်ပြန်သင့်ပြီ မထင်ဘူးလား" လို့ ပြောလာတော့ ဂျော့ဖရေးဟာလည်း အနည်းငယ်စဉ်းစားလိုက်ပြီး​နောက်မှာ

"ကောင်းပြီ ကိုကို မင်းကို ပြန်လိုက်ပို့ပေးမယ်" လို့ ပြောလိုက်တော့  ဒန်နာရီဟာ ခေါင်းခါလိုက်သည်၊

"ဒန်နာရီ ကိုယ့်ဘာသာကိုယ် ပြန်လိုက်ပါမယ် ကိုကို"လို့ ပြောလိုက်ပြီးနောက်မှာတော့

"အက်ဂိုယာ"
*ကူးပြောင်းစေ* တိုးတိုးရွတ်လိုက်ပြီးနောက်မှာတော့ ဒန်နာရီဟာ ဂျော့ဖရေးရဲ့အရှေ့ကနေပျောက်ကွယ်သွားတော့သည်။ဂျော့ဖရေး မျက်ဝန်းများဟာ ဒန်နာရီပျောက်ကွယ်သွားသည့်နေရာကို စိုက်ကြည့်ပြီးနောက်မှာ သူလည်း ထွက်ခွာသွားတော့သည်။

မှောင်ရီပျိုးလာသည့်နဲ့ အရောင်လေးမျိုးတောအုပ်ကြီးအတွင်း နတ်သူငယ်တွေရဲ့ တေးတီးကျူးသံကို ကြားရမြဲပေမယ့် ထိုညမှာတော့ တောအုပ်ကြီးဟာ တိတ်ဆိတ်နေခဲ့သည်။လနတ်ဘုရားရဲ့ကောင်းချီးပေးခံရသည့်လူငယ်လေးနှစ်ယောက်ရှိသလို ဆယ့်နှစ်ရာသီခွင်ရဲ့ကောင်းချီးပေးခံရသည့် လူနှစ်ဦးလည်း ရှိနေခဲ့သည်။

တော်ဝင်နန်းဆောင်ထဲမှာ အိမ်ရှေ့စံမင်းသား အိုလီဘာနဲ့ ရိုစဲဆလပ်အိမ်တော်ရဲ့အငယ်ဆုံးသား အန်ဒီးယားဟာ Gemini အမွှာနတ်ဘုရားရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရသည်၊ဒါကြောင့် စွမ်းအင်နိုးမထသေးသည့် အန်ဒီးယားဟာ ထိုသို့ရွေးချယ်ခံရတာကြောင့် တော်ဝင်နန်းတော်က လူအားလုံးဟာ အန်ဒီးယားကို ပါရမီရှင်အဖြစ်သတ်မှတ်နေကျတော့သည်။ရိုစဲဆလပ်အမတ်ကတော်ကလည်း ထိုသတင်းကို အင်ပါယာတစ်အင်ပါယာလုံးသိအောင် သတင်းပြန့်ခဲ့သည်။ဒါကြောင့် လူတိုင်းဟာ နတ်သူငယ်တောအုပ်ရဲ့တညတာတိတ်ဆိတ်သွားသည့် အကြောင်းကို မစုံစမ်းတော့ဘဲ အန်ဒီးယားရဲ့သတင်းနဲ့သာ ဖုံးလွှမ်းသွားတော့သည်။

---------------
စာရေးဆရာပြောစရာရှိသည်။

ဒီကမ္ဘာက ကိုယ်တို့နေတဲ့ကမ္ဘာလိုမဟုတ်ပါဘူး၊ နေနှစ်စင်း၊လနှစ်စင်းရှိတဲ့ကမ္ဘာပုံစံမျိုးပါ။

လနတ်ဘုရား၊ ညကောင်းကင်ကို စိုးမိုးသည့်နတ်ဘုရားတစ်ပါးဖြစ်ပြီး သူရဲ့တွဲဖက်ကြင်ယာတော်က သူနဲ့ထပ်ဆင့်ထွက်ပေါ်သည့်လနတ်ဘုရားမဖြစ်သည်။

သူဟာ Spiritsတွေရဲ့အရှင်သခင်ဖြစ်ပြီး အလင်းစွမ်းအားကိုလည်း ကောင်းစွာအသုံးပြုနိုင်သူဖြစ်သည်။

Spirit - ဝိညာဉ် ၊ တချို့က နတ်သူငယ်နဲ့ဆင်တာကြောင့် လူသားတွေဟာ သူတို့ကို နတ်သူငယ်မျိုးနွယ်စုထဲကဟု သတ်မှတ်ထားကျသည်။

Spirits controler - ဝိညာဉ်ထိန်းချုပ်သူ/ဝိညာဉ်ဆင့်ခေါ်သူ၊ spirit တွေကို ဝိညာဉ်ထိန်းချုပ်သူတွေကသာ မြင်နိုင်ပေမယ့် အများအားဖြင့် အသံကိုသာ ကြားတတ်ကျသည်။ ဝိညာဉ်ထိန်းချုပ်သူတွေဟာ အများအားဖြင့် spirit နှစ်ကောင် ပြိုင်ဆင့်ခေါ်နိုင်သည်။ဒါပေမယ့် Manaကုန်လွန်းတာကြောင့် လူသားတွေဟာ Spiritတစ်​ကောင်သာ ဆင့်ခေါ်နိုင်သည်။

Spirit တွေမှာ မျိူးကွဲပေါင်းများစွာရှိသည်။

လီရယ်ဟာ အလယ်အလတ်ဆင့် spiritဖြစ်ပြီး သူဟာ ကာကွယ်ရေးဝိညာဉ်ဖြစ်သည်။ထူးခြားချက်က​တော့ နောက်ပေါင်းလာလိမ့်မည်။

Geminiအမြွှာနတ်ဘုရား၊ Geminiဟာ ၁၂ရာသီခွင်ကြယ်အစုအဝေးမှာပါဝင်သည့် နတ်ဘုရားအမြွှာဖြစ်ပြီး လေစွမ်းအားကို အသုံးပြုနိုင်သည့်နတ်ဘုရား​တွေဖြစ်သည်။

ကျောက်တိုင်ငါးတိုင်ရဲ့ရာဇဝင်ကို နောက်ပိုင်းရှင်းပြ​ပေးမည်။

အမတ်ကြီးရဲ့အပယ်ခံသားမှာ ပါဝင်သည့်အကြောင်းအရာတွေကို ပြန်လည်ကူးချပြင်ဆင်​ရေးသားခွင့် မပြုပါ။

-------------------

Chapter - 8.2မျှော်

--------------

Continue Reading

You'll Also Like

196K 26.2K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့
139K 19.2K 32
Title - သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန္! (System) ေသမင္းနယ္ေျမ?? မဟုတ္ဘူး! အဲ့တာ ငါအရွင္သခင္ရဲ႕ဘုံဗိမာႏ္! (System) author...
7.4K 569 11
ငါတို႔၂​ေယာက္​ရဲ႕ ၅ႏွစ္​တာတြဲခဲ့ၾကတဲ့သံ​ေယာဇဥ္​က အဲ့​ေလာက္​​ေတာင္​ ​ေလ်ာ့ရဲ​ေနသလား ​​ေျပာရက္​​တယ္​ ၅စကၠန္​႔​ေလာက္​ပဲၾကာတဲ့လမ္​းခြဲမယ္​ ဆိုတဲ့ စကား​ကင...
283K 36.8K 106
မိသားစုရဲ့အပယ်ခံသား ၊ညီဖြစ်သူ၏အနိုင်ကျင့်ခံရမှု ၊ ချစ်သူ၏ဖောက်ပြန်ခံရမှု တို့ကိုကြုံတွေ့ခံစားလာရတဲ့လူငယ်လေး... မိသားစုနှင့်ချစ်သူကိုသတ်ဖြတ်ပြီး သူ့ကိ...