ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-20

31.9K 3.3K 719
By Kattamkaung

Unicode

ရင်ထဲ ဝင်လာပြီဖြစ်သော ငြိမ့်တည် ၅

တုန်ယင်နေသော လက်တို့ကို အံကြိတ်ကာ
မသိချင်ယောင်ဆောင်ရင်း ကြမ်းပြင်ထက်ကို
ပိုအားခဲကာ ထောက်ထားလိုက်သည်။
နာကျင်လာသော ခါးထဲက တဆစ်ဆစ်နဲ့
ဖြစ်လာပေမဲ့ ငြိမ့်တည်အရှုံးမပေး။ နောက်ထပ် စက္ကန့်ပိုင်းလောက်ကို စိတ်နှင့်
ရေထွက်လို့ ပေတေ ကြိုးစားနေမိသည်။

"ရှစ်..ခုနှစ်..ခြောက်..ငါး..လေး..
သုံး..နှစ်..တစ်..အား..."
ပြားပြားဝပ်သွားတဲ့ ‌ဗိုက်က ကြမ်းပြင်မှာ
ကပ်လို့သွားပြီး တင်းထားသမျှတွေ
အကုန်ပြေလျော့သွားသလို ခံစားလိုက်ရသည်။

ချွေးအအေးပတ်မည် စိုးတာကြောင့်
ချက်ချင်းထကာ ဒီးဒီးကျနေသော ချွေးတို့ကို
ချွတ်ထားတဲ့ စပို့ရှပ်လေးနှင့် ဆွဲသုတ်လိုက်၏။ ခပ်မို့မို့ ကျန်နေသေးတဲ့ ဗိုက်ကလေးက ချွေးတွေစိုလို့။ အဆီရစ်တွေ
ကျန်မနေတော့ပေမဲ့ ပိုပြီးအားစိုက်လုပ်ဖို့
လိုနေသေးတာကို သတိထားမိသည်။

"ဟူး... ပိန်ရတာ လွယ်မနေဘူး"
ညည်းညူလိုက်ပြီးမှ ကုတင်ပေါ် တင်ထားသည့် ရေဘူးကို ယူကာ အခန်းပြင်ထွက်လာခဲ့လိုက်သည်။ သူ အိပ်ခန်းကို မောင်ပိုင်စီးထားတာ မနက်၇နာရီလောက်ကတည်းကပင်။ ရုံးပိတ်ရက်မို့ စောစောထစရာ မလိုတာကြောင့်သာမဟုတ်ရင် သူ၆နာရီဆို ထပြီး
လေ့ကျင့်ခန်းလုပ်ရပြီဖြစ်သည်။

ငြိမ့်တည်က ဟိုးအရင်ကတည်းက ရုပ်ပိုင်းဆိုင်ရာ သန်မာလွန်းခြင်းမရှိ။ မေမေတို့ရှိကတည်းက အစားများလို့ ခပ်ပြည့်ပြည့်လေး
ဖြစ်နေတာကလွဲရင် သန်မာဖို့တော့ လိုအပ်သေးသည်။ ထို့အပြင် အတူနေသူက
ကိုလှိုင်းဆက် ဖြစ်နေသောအခါ ပိုပြီးတော့ပင် သူအားစိုက်ထုတ်ရတော့သည်။

မြင့်မားတဲ့ အရပ်အပြင် တောင့်တင်းတဲ့
ကိုယ်ထည်ပါ ရရှိထားတဲ့ ကိုလှိုင်းဆက်က
ငယ်တုန်းက အားကစား လိုက်စားခဲ့သူဖြစ်မည်။ ခုလည်း အထူးတလည် လေ့ကျင့်ခန်း
လုပ်တာမျိုး မရှိသည့်တိုင်အောင် ရေချိုးခါနီးတိုင်း ဒိုက်ထိုးတာ ၊ အိပ်ထမတင် လုပ်တာမျိုး လုပ်နေတတ်သည်။

သိသာထင်ရှားလွန်းသော အမြှောင်းများ
မရှိသည့်တိုင်အောင် ကျစ်လစ်သော
ဝမ်းဗိုက်ကြွက်သားများနှင့် တောင့်တင်းသော
လက်မောင်းကြွက်သားများကို ငြိမ့်တည်
မြင်ဖူးပါသည်။ အင်္ကျီဝတ်ထားလျှင်
သိသာမနေသော်လည်း ချွတ်ထားလျှင်တော့
ခန္ဓာကိုယ်က အတော်ကြည့်ကောင်းလှသည်။

ငြိမ့်တည်က ထိုအချိန်မျိုးဆိုရင်
ကိုယ့်ဗိုက်ကလေးကို အသာငုံ့ကိုင်ကြည့်မိတတ်၏။ သူလည်း အဲ့လိုမျိုး ကြံ့ခိုင်သည့်
ခန္ဓာကိုယ်လေး လိုချင်သည်။ သို့သော်လည်း
ရဖို့က မလွယ်ကူ။ လေ့ကျင့်ခန်းလုပ်ရင်း
စိတ်ဓာတ်ကျရသည့် နေ့တွေပင် ရှိသေးသည်။

ကိုလှိုင်းဆက်ကတော့ အားပေးရှာပါရဲ့။
"တစ်ရက် တစ်ရက် ပုံမှန်လုပ်သွားရင်
လိုချင်တဲ့ ပုံစံ ရလာမှာပါ" ဆိုပြီး နှစ်သိမ့်တတ်သည်။ ပြဿနာ တစ်ခုတော့ ရှိသည်။
ကိုလှိုင်းဆက်က ငြိမ့်တည် အစားသောက်လျှော့တာကို လုံးဝအားမပေးတာပင်။
အတင်းကြပ် ဆူပူတာမျိုး မလုပ်ပေမဲ့
အစားကို သေချာစားသင့်ကြောင့် လေပြေအေးနှင့် ပြောတတ်ဆိုတတ်သည်။
ဒါက ပိုတောင် လိုက်နာဖို့ တွန်းအားပေး‌နေသလိုပင်။ ငြိမ့်တည်က သူ့ရှေ့ အစားမ‌လျှော့ရဲ။ဒါကြောင့် ပုံမှန်လေး စားနေရတဲ့အခါ ဝိတ်ကျတာက မသိသာတော့ပေ။

တဗြန်းဗြန်း အဝတ်ခါသံတွေကြောင့်
ရေဘူးလေးကို ကိုင်ရင်း ငြိမ့်တည် ဝရန်တာဘက် ထွက်လာတော့ ကိုလှိုင်းဆက်က
အင်္ကျီတွေကို ချိတ်နှင့်တွယ်ကာ လှန်းလို့နေ၏။ ငြိမ့်တည် အင်္ကျီတွေပါ ပါတာကြောင့်
ရေဘူးကို ချပြီး အနားအမြန်ပြေးကာ ကူလှန်းရတော့သည်။

"ကျွန်တော့ အဝတ်တွေ ယူမလျှော်ပါနဲ့ဆိုဗျာ"
မကျေမနပ်အသံနှင့် ငြိမ့်တည်ပြောတော့
အဝတ်တွေကို တန်းပေါ်တင်နေရာကနေ
လှည့်ကြည့်လာတဲ့သူ။ မူပိုင်ပါးချိုင့်တို့က
ခံ့ညားတဲ့မျက်နှာထက် နစ်ဝင်သွားပြီး
အပြုံးတို့ဟာ ကြင်နာစွာ ငြိမ့်တည်ဆီ ဦးတည်လို့လာသည်။

"အပေါ်ဝတ်လေး သုံးလေးထည်ပဲကို
ကိုယ် ဘာမှ အပန်းမကြီးဘူး "
ပြောပြောဆိုဆို အဝတ်ပြန်လှန်းနေတော့
သက်ပြင်းတိုးတိုးချကာ ဇလုံထဲမှာကျန်နေတဲ့
ညှစ်ပြီးသား အဝတ်တွေကိုသာ ကူခါပေးနေလိုက်ရတော့သည်။ တားလို့လည်း ရမည်မဟုတ်။

ရေမွှားလေးတွေက ဖြန်းခနဲ ဖွာထွက်လာပြီး
နေရောင်ဖြာကျနေတဲ့ ဝရန်တာတစ်လျှောက်
ပျံ့နှံ့လို့သွားသည်။ အင်္ကျီခါလိုက်တာကြောင့်
ဝရန်တာရှိ ပန်းပင်ငယ်တို့ကလည်း
ယိမ်းနွဲ့လို့။  ငြိမ့်တည်က သူ့ဆီက
အဝတ်ကိုယူလိုက် တဖက်လှည့်ကာ လှန်းလိုက်နှင့် အလုပ်ရှုပ်နေသော ကျောပြင်ကိုကြည့်ရင်း ရင်ထဲသိမ့်ခနဲ။

ကိုလှိုင်းဆက်က ငြိမ့်တည်အပေါ် ကြင်နာသလို တာဝန်လည်းကျေသည်။ အကြီးမို့လို့
လွှမ်းမိုးထားတာမျိုးမရှိ။ သူဖြစ်ချင်တာ ရှိရင် လေပြေအေးနှင့်ပြောတတ်ပေမဲ့
ငြိမ့်တည်ကလည်း မပြောခင်ကတည်းက ဦးကျိုးချင်နေသည့် ကောင်လေးမဟုတ်ပါလား။ ဒါကြောင့် ကြာလာလေ သူတို့ကြားက
အခြေအနေလေးက ပိုပြီးသက်တောင့်သက်သာ ဖြစ်လာရသည်ဟု ငြိမ့်တည်ထင်မိသည်။

"မိုးကောင်းတော့ ရုံးဖွင့်ရက်တွေဆို အဝတ်
လျှော်ရတာ ကသီနေတာ။ ဒီပိတ်ရက်လေး
ရာသီဥတုကောင်းတာ တော်ပါသေးတယ်"
ကိုလှိုင်းဆက်က နောက်ဆုံးကျန်တဲ့
ရှပ်အင်္ကျီလက်ရှည်ကို လှန်းရင်း ပြောလို့လာသည်။ ဖြူဖွေးနေသော အင်္ကျီကြောင့်
ငြိမ့်တည် အမှတ်တွေအများကြီး ပေးနေရ၏။ ဒီလူ မတော်တဲ့နေရာရော ရှိသေးရဲ့လား။ ငြိမ့်တည် သဘောမကျချင်လောက်တဲ့
မကောင်းတဲ့ အချက်ဆိုတာ ပင်လယ်ထဲ
အပ်ပျောက်ရှာရသလို ဖြစ်နေမည်။
ငြိမ့်တည်ကို အချစ်တွေပုံအော မပေးသေးတာက လွဲရင် ကိုလှိုင်းဆက်က
အကုန်ကောင်းတဲ့ ယောက်ျားတစ်‌ယောက်ဖြစ်သည် ။

"ကိုလှိုင်းဆက် "

"ပြောဗျား "

"နောက်တစ်ခါ အဝတ်လျှော်ရင် ကျွန်တော့ကို စောင့်ပါဗျ ။ ကျွန်တော် ကူမှာပေါ့"

"ဟုတ်ပါပြီကွာ။ ကိုယ်က ပိတ်ရက်မှာ
ငြိမ့်တည်ကို အေးဆေးနေစေချင်လို့"

"အခုလည်း အေးဆေးနေတာပါဗျာ။ ဒီထက်အေးရင် ကျွန်တော် ရေခဲသေတ္တာဖြစ်တော့မယ်"

ငြိမ့်တည် အပြောကို သဘောတကျရယ်တဲ့
ကိုလှိုင်းဆက်။ ဖြာကျနေတဲ့ နေရောင်ခြည်ပင် ကိုလှိုင်းဆက်၏ အပြုံးတွေနှင့်ယှဉ်လျှင်
သိမ်ငယ်သွားနိုင်လောက်သည်။

ငေးမောနေမိသူဆီပါ ရယ်မောခြင်းတွေ ကူးစက်လာတယ်ဆိုရင် ဒါဟာ မေတ္တာတရားကြောင့်ပါတဲ့။
သူတို့ကြားက သံယောဇဉ်လေးက
ဆက်သွယ်မှုလေး ရှိနေခဲ့ပြီဟု ငြိမ့်တည်
ယုံကြည်ချင်ပါသည်။

......................................................

ပုံမှန်ဆို ပိတ်‌ရက်ရောက်တိုင်း လည်ပတ်နေကျပေမဲ့  ဒီတစ်ပါတ်တော့ နှစ်ယောက်သား  မလည်ဖြစ်ကြ။ မိုးတွင်းမို့ လျှော်ရခက်နေတဲ့  အဝတ်တွေထုတ်လျှော် ၊ အိပ်ခန်းသန့်ရှင်းရေး အတူတူလုပ်လိုက်ကြပြီး
နေ့ခင်းက ရောက်မှန်း မသိရောက်လို့လာ
ခဲ့သည်။

နှစ်ယောက်သား စကားလေးပြောတာဖြစ်ဖြစ်၊ ငြိမ့်တည်ကြည့်ချင်တဲ့ ရုပ်ရှင်
အတူကြည့်ပေးတာဖြစ်ဖြစ် လုပ်ဖို့
လှိုင်းဆက် တွေးထားပေမဲ့ ရေမိုးချိုးပြီး
နားမည်မကြံရသေး ရောက်လာတဲ့ ဧည့်သည်။ လှိုင်းဆက်တို့ရဲ့ အခင်ဆုံး မိတ်ဆွေဟု ပြောရမည့် ကိုသျှမ်းပင်ဖြစ်သည်။

ဘဲဥ ကဒ်များကိုဆွဲလို့ အခန်းတံခါးရှေ့
ပြုံးပြုံးကြီးရပ်နေတဲ့ ကိုသျှမ်းကို
နှစ်ယောက်သား ကြောင်တောင်တောင်
ရပ်ကြည့်နေခဲ့ကြပြီး အထဲဝင်ဖို့ ခေါ်ရန်တောင် မေ့နေခဲ့ကြသည်။ ဒါက သူတို့နှစ်ယောက် လက်ထပ်ပြီးမှ ပထမဆုံးအကြိမ်
အိမ်ကို ဧည့်သည်လာဖူးတာပင်။

"ဘဲဥကဒ်တွေ ယူကြပါအုန်း" ဆိုလာမှ
ပြာပြာသလဲ ယူတဲ့ငြိမ့်တည်နှင့် အိမ်ထဲဝင်ဖို့
ဧည့်ဝတ်ကျေရတော့တဲ့ လှိုင်းဆက်။
ဘဲဥကဒ်တွေကို စားပွဲမှာတင်လို့ ကိုသျှမ်းက
ဆိုဖာမှာ ဝင်ထင်လိုက်သည်မို့ လှိုင်းဆက်လည်း တဖက်မှာ ထိုင်လိုက်၏။ ငြိမ့်တည်ကတော့ မတ်တပ်ပန်ကာလေးကို ‌သူတို့ဖက်
လှည့်ပေးပြီးမှ ပလပ်စတစ်ခုံအပြာလေးကို
ပြေးယူကာ လှိုင်းဆက်ဘေးမှချပြီး ဝင်ထိုင်သည်။

"ကိုသျှမ်း ထမင်းစားပြီးပြီလားဗျ"

"စားခဲ့ပြီပေါ့ ငြိမ့်တည်ရ။ ၁နာရီကျော်နေပြီ။
အိမ်မှာလဲလုပ်စရာ မရှိတာနဲ့ မင်းတို့ဆီ
သပ်သပ်လာခဲ့တာ နှစ်ယောက်သား အိမ်မှာ
ရှိနေကြတာနဲ့ အတော်ပဲ"

"ဟုတ်တယ် ကိုသျှမ်းကံကောင်းသွားတာ။
မဟုတ်ရင် ကျွန်တော်နဲ့ ကိုလှိုင်းဆက် ဒီအချိန်ဆို မြို့ပတ် လျှောက်လည်နေကျ"

" အမျိုးသားကို မြို့အနှံ့ပတ်ပြနေတာပေါ့ ဟုတ်လား ငြိမ့်တည်။ ကိုလှိုင်းဆက်ကို သတိပေးထားရအုန်းမယ် ငြိမ့်တည်က
ခြေထောက်ဗွေပါ‌တာ တအား။ ထိန်းအုန်း
ကိုယ့်ကလေးကိုယ်"

ကိုသျှမ်းအပြောကြောင့် သုံးယောက်သား
ရယ်လိုက်မိကြသည်။ လှိုင်းဆက်ကတော့
သူ့ဘေးက သဘောတကျ ရယ်နေသည့်
ကောင်လေးကို ကြည့်လို့ပေါ့။ ငြိမ့်တည်ရဲ့
သဘောတကျ ရယ်နေပုံကြောင့် ကြည့်နေမိသည့် သူ့မျက်လုံးတွေပါ ချိုမြိန်လို့လာသလို ခံစားမိနေသည်။ ခြေထောက်ဗွေပါရင်လည်း
သူက အကုန်လိုက်ပို့ ပေးချင်ပါရဲ့။

"ဒါနဲ့ ကိုလှိုင်းဆက် အလုပ် အဆင်ပြေရဲ့လားဗျ"

"ပြေပါတယ် ။နယ်လည်းမသွားရတော့
အေးအေးဆေးဆေးပဲ"

"ကောင်းတယ်ဗျာ ။ ကျွန်တော်လည်း
အခြေတကျ အလုပ်ရှာဖို့ တွေးနေတာ
လူက အိမ်မှာပဲ နေနေရရင်ကို နေမကောင်းသလိုတွေဖြစ်နေလို့"

"ကိုသျှမ်း ဆေးခန်းဖွင့်ပါလား"
ငြိမ့်တည် ပြောတော့ ကိုသျှမ်းက
လက်နှစ်ဖက်ကို အဆောတလျှင် ခါသည်။

"အထိုင်ချရတဲ့ အလုပ်ကို မလုပ်ချင်တာ။
ပြီးတော့ ဆေးခန်းတစ်ခု ဖွင့်ဖို့ကလည်း
လွယ်တာမဟုတ်"

"သူဌေးက လာညည်းနေတယ်။ အလကား သိလား ကိုလှိုင်းဆက်။ ကိုသျှမ်းက
ဘောစိလေ သူ့အိမ်မှာ ဘဲတွေပြီးရင်
အပေါဆုံးက ငွေပဲ"

"အဟားဟား...ငြိမ့်တည်ရာ"

လှိုင်းဆက်မှာ ကောင်လေးအပြောကြောင့်
သဘောကျတာကို မရပ်နိုင်တော့။
ငြိမ့်တည်က ပြောတတ်ဆိုတတ်ကလေးပင်။
ကိုသျှမ်းတို့ သူ့ဆိုင်က လူတွေတို့နဲ့ဆို
အမြဲ ရယ်စရာတွေ ပြောတတ်သည်။
လှိုင်းဆက်နဲ့ ဆိုလည်း မထူးပါ။
ကလန်ကဆန်မလုပ်တာကတော့ ငြိမ့်တည်ရဲ့
ချစ်ဖို့ကောင်းတဲ့ အချက်ကလေးဖြစ်သည်။

"ကိုသျှမ်း ခဏနေအုန်း။ ကျွန်တော် လက်ဖက်ရည် သွားဝယ်လိုက်အုန်းမယ်"

"မလိုပါဘူးကွာ ထားလိုက်"

"မထားပါနဲ့ ဘဲသူဌေးရယ် တိုက်ပါရစေ။
ကိုလှိုင်းဆက်က ပုံမှန်ဆိမ့်ဆိမ့်လေးပဲနော်"
ကိုသျှမ်းကို စရင်း လှိုင်းဆက်ကိုပါ မေးလာတဲ့ကောင်လေး။ လှိုင်းဆက်အကြိုက်ကို
သိနေပြီဖြစ်တဲ့ ငြိမ့်တည်က လက်ဖက်ရည်
အရသာကအစ ဂရုတစိုက်မှတ်ထားတတ်သည်။

အပေါ်ထပ် အကွက်လက်ရှည်လေးကောက်ဝတ်လို့ ဆိုင်ကယ်သော့ ယူကာ ပြေးဆင်းသွားတဲ့ကောင်လေး။ ဖြေးဖြေး မောင်းသွားဖို့
မှာတဲ့အခါ "ဟုတ်ကဲ့ပါဗျ" ဟူသော အဖြေစကားလေးနှင့် စိတ်အေးစေခဲ့ရှာသည်။

လှိုင်းဆက်က တံခါးဝကနေ ပျောက်သွားတဲ့
ကျောပြင်လေးကို လိုက်ငေးကြည့်နေရင်း
ဒီဘက်ပြန်လှည့်တော့ ပြုံးပြုံးကြီး ကြည့်နေသည့် ကိုသျှမ်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသည်။ ရှက်ကိုးရှက်ကန်း ဖြစ်သွားမှုမှာ
ငုံ့ရယ်မိတဲ့ လှိုင်းဆက်။ ကိုသျှမ်းက တစ်ခုခုကို သိနေသလို ခံစားနေရပြီး ဘာတစ်ခုခုလဲ
ဆိုတာကိုတော့ လှိုင်းဆက်ကိုယ်တိုင်ပင်
မသဲကွဲသေးပါ။

"သဘော တအားကျတာပဲလား ကိုလှိုင်းဆက်"

"ဗျာ...ဘာကို"

ပြုံးပြုံးကြီး မေးလာသူကို ဘယ်လို ဖြေရမလဲ
လှိုင်းဆက်မသိ။ မျက်နှာပူလာသလို
ခံစားချက်ကြောင့် သူ့လည်ပင်းသူသာ
ပွတ်နေမိတော့သည်။

"ငြိမ့်တည်ကို ပြောတာပါ။ ကိုလှိုင်းဆက်
သဘောကျလားလို့"

ခေါင်းငြိမ့်ရုံ တုန့်ပြန်တော့ ကိုသျှမ်းက
သဘောတွေကျလို့။ အနားတိုးလာတဲ့အခါ
လှိုင်းဆက်မှာ မတ်ခနဲပင် ဖြစ်သွားရသည်။

"ကိုလှိုင်းဆက် အမေသဘောတူလို့
ဇာတ်လမ်းစခဲ့ရတာ ကျွန်တော်သိပေမဲ့
ဇာတ်လမ်း ဆက်ရမှာတော့ ကိုလှိုင်းဆက်ကိုယ်တိုင်နော်။ ဘယ်လိုလဲ ငြိမ့်တည်နဲ့
ရှေ့ဆက်ဖို့ စဉ်းစားပြီးပြီလား"

"...."

" ဟိုကလေးကလည်း ကိုလှိုင်းဆက်ကို
သဘောတအားကျနေတာပဲကို နှစ်ယောက်သား ဒီထက်ပို နီးစပ်ဖို့ လုပ်ကြလေဗျ"

ကိုသျှမ်း အသံက စိတ်အားထက်သန်စွာ။
သူကိုယ်တိုင် အသည်းကွဲထားသည့်ပုံနှင့်
မတူစွာ သူများစုံတွဲကြား တက်ကြွလို့နေသည်။

"ကျွန်တော့ အတွေ့ကြုံနဲ့ သတိပေးမယ်နော်။
ချစ်ရင် အချိန်မဆွဲနဲ့ ။ အဲ့ဒီအရွယ် ကလေးတွေက စိတ်အတက်ကျ သိပ်မြန်တာပဲ။
တော်ကြာနေမှ ကျွန်တော့လို ထားခဲ့ခံရအုန်းမယ်"
ပြောရင်း မျက်နှာမဲ့တဲ့ ကိုသျှမ်း။ ဆိုဖာကို
ပစ်မှီပြီးနောက် လှိုင်းဆက်ကို ဘယ်လိုများ
သဘောရသလဲဟူသော မျက်နှာပေးနှင့်
လှမ်းလို့ကြည့်လာသည်။

တကယ်တော့ လှိုင်းဆက် ဘယ်လိုမျိုး
ရှေ့ဆက်ရမယ် ဆိုတာတောင်မသိ။
သူက တစ်ယောက်ယောက်ကို ဇွတ်အတင်း
ချစ်ပေးပြီး ပြန်ချစ်ခိုင်းဖို့ဆိုတာ
ကျားမြီးဆွဲဖို့ထက်တောင် ခက်ခဲသေးသည်။
နောက်ပြီး ငြိမ့်တည် နေရခက်မှာ လုံးဝမလိုလား။ ငြိမ့်တည်သာ စိတ်ညစ်သွားရင်
သူ့ကိုယ်သူ စိတ်ဆိုးမိပါလိမ့်မည်။

"ငြိမ့်တည် သဘောမကျမှာစိုးလို့ပါ။
ရှေ့ဆက်လိုက်ရင် နေရခက်သွားမှာစိုးလို့"

လှိုင်းဆက် ခပ်အေးအေးပြောရင်း ရှေ့က
စားပွဲအစွန်းကို လက်ချောင်းတွေနှင့် ထိနေမိသည်။ ရုတ်တရက် သူ့မှာ အားအင်တွေတောင် ကုန်ခမ်းသွားသလို ခံစားနေရ၏။

"ဖြစ်ရတယ်ဗျာ။ ငြိမ့်တည် ကိုလှိုင်းဆက်ကို
သဘောကျနေတာ ဗေဒင်မေးစရာတောင်
လိုမနေဘူး။ ဘာတွေများ စိုးရိမ်နေရတာလဲ"
ကိုသျှမ်းက ဆတ်ခနဲ ထလာရင်း ပြောလာသည်။ သူ့အသံက စိတ်လှုပ်ရှားစွာ။
အားမလို အားမရ အသံတွေကိုတောင်
လှိုင်းဆက် ခံစားလို့ရနေသည်။

"ထားပါ စိတ်ပူတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို စိတ်ပူတာဆို မေ့လိုက်တော့။ ကိုလှိုင်းဆက်တို့နှစ်ယောက်
ပွင့်လင်းဖို့ ပိုလိုအပ်နေသေးတယ်။ "

‌လှိုင်းဆက် ခေါင်း တငြိမ့်ငြိမ့်လုပ်နေမိသည်။
ကိုသျှမ်းပြောတာ မှန်၏။ သူ စိတ်ပူနေရုံနဲ့
ပြီးမဲ့ ကိစ္စမဟုတ်တာ လှိုင်းဆက်သိပါသည်။
ကိုသျှမ်းပြောသလို နည်းနည်းထပ်ပြီး
ပွင့်လင်းလိုက်ရင် ငြိမ့်တည်ဘက်ကရော
သူ့ခံစားချက်ကို လက်ခံနိုင်လောက်မလား။
အရဲစွန့်တယ်ဆိုပေမဲ့ ငြိမ့်တည်က လိမ္မာတဲ့
ကလေးမို့ ဒီစိတ်လေးကို အခွင့်ကောင်း
ယူမိတဲ့ လူဆိုးကြီးကို ခွင့်လွှတ်နိုင်ကောင်းပါရဲ့။

"နှစ်ယောက်သား အတူတူရော
နေပြီးကြပြီလား"

"ဗျာ...ကြာပြီလေ "

"ဟမ်... သွက်လိုက်တာ ဒါကျတော့"

"ဘာကို..."

ကိုသျှမ်း အမေးကို အူကြောင်ကြောင်
ဖြစ်နေတဲ့ လှိုင်းဆက်။ သူတို့လက်ထပ်ထားတာ ခြောက်လကျော်နေပြီလေ။ အတူတူနေတာ ကြာပြီကို ဘာကို သွက်နေသည်လဲ
လှိုင်းဆက်မသိတော့။ ကိုသျှမ်းကြည့်ရတာ
ဇဝေဇဝါနှင့် လှိုင်းဆက်မျက်နှာကို သေချာကြည့်ကာ နေသည်။

"မေးတာ စိတ်တော့ မရှိနဲ့ဗျ။ ကိုလှိုင်းဆက်က
အပေါ်ကတော့ ဟုတ်တယ်မို့လား။ အသက်အရွယ်အရလည်း ရှိသေးတော့"

ဒီတစ်ခါ ဇဝေဇဝါ ဖြစ်သွားရတာကတော့
လှိုင်းဆက်ပင်။ မျက်မှောင်တွေပါ ကျုံ့လို့
သူနားမလည်နိုင်တဲ့ စကားတွေပြောနေသည့်
ကိုသျှမ်းကို ကြည့်နေမိသည်။ သူ ဘာတွေ
လာမေးနေတာလဲ မသိတော့။

"ကိုသျှမ်းမေးတာ ကျွန်တော်မရှင်းဘူး။
ကျွန်တော်တို့ လက်ထပ်ပြီးကတည်းက
မန္တလေးကို ပြောင်းလာပြီး အတူနေတာပဲလေဗျ"

"ဟာ..." ကျယ်လောင်သော ညည်းညူသံနှင့်အတူ သျှမ်းထက်ပိုင်က သူ့နှဖူးသူ တစ်ချက်ရိုက်သည်။ ငြိမ့်တည် လွှတ်ခနဲထွက်လာတုန်းက သူသေချာစဉ်းစားခဲ့မိတာ မမှားဘူး။ ဒီလူက ကိလေသာ ကုန်နေတာမဟုတ်ရင် အဲ့ကိစ္စကို စိတ်ကို မဝင်စားတာ ဖြစ်မည်ထင်သည်။

တစ်ရက်က မြို့ထဲလာရင်း ငြိမ့်တည်ဆိုင်ကို
သူဝင်ဖြစ်ခဲ့သည်။ ဆိုင်ကလူတွေနှင့်
စကားပြောကြရင်း ငြိမ့်တည်ကို စကြတော့
"ဟိုက ဘုရားဖြစ်မဲ့ အုတ်နီခဲ အတိုင်းပဲ"
လို့ လွှတ်ခနဲ ပြောလာတဲ့ ငြိမ့်တည်စကားကို
သျှမ်းထက်ပိုင် သေချာသတိထားမိခဲ့သည်။
ညီလေးတစ်ယောက်လို ခင်မင်နေတဲ့
ငြိမ့်တည်က ချစ်နိုင်းကို ပြင်းပြင်းထန်ထန် သတိရစေတဲ့ သူမို့သူ့ဘက်က ဒီတိုင်းမနေနိုင်။ သူ့လိုတော့ ဒီကောင်လေးကို အဖြစ်ခံလို့မဖြစ်။

ငြိမ့်တည်နဲ့ သူ့အမျိုးသား ကြားကိုတော့
စိုစိုပြေပြေလေး ဖြစ်စေချင်သည်။
တကယ်လို့များဖြစ်ဖြစ် ချစ်နိုင်းပြန်လာတဲ့အခါ သူ့ကိုလည်း ကူညီစောင်မ မဲ့သူတွေ
ပေါ်လာဖို့ သျှမ်းထက်ပိုင် ဆုတောင်းမိ၏။
သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ပေါ့။ နောက်ဆုံးတော့ ဒီသံချေးတက်နေတဲ့
အတွဲကြားကို သူကပဲ ဆီဖြန်းပြီး
စက်သွားချောအောင် ပံ့ပို့ ပေးရတော့မည်လေ။

မျက်ရိုးထိပ်ကို တစ်ချက် နှိပ်လိုက်ပြီးနောက်
သျှမ်းထက်ပိုင် သူ့ရှေ့က လူရိုးကြီးကို
မျက်နှာချင်းဆိုင်လိုက်သည်။ နောက်မှ
ကျွန်တော့ကို ကျေးဇူးတင်တော့
ကိုလှိုင်းဆက်ရေ။

"ယောက်ျားချင်းပဲဗျာ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ် ကိုလှိုင်းဆက်လည်း
မရှက်ပဲသာ ဖြေတော့။ ငြိမ့်တည်ကို ထိချင်တွေ့ချင်တာမျိုး မရှိဘူးလား။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ဒါမျိုးမေးရတာပါ ။ ငြိမ့်တည်ကိုတော့ အားနာပါရဲ့"

လှိုင်းဆက် မျက်နှာက ချက်ချင်းရဲတက်လာသည်။ လူမိခံလိုက်ရသလို ခံစားချက်က
သူ့သွေးတွေပါ ပြောင်းပြန်စီးသွားသလို
ဖြစ်လို့သွား၏။ ဘယ်လိုများ မေးရတာလဲ။
ဘယ်လိုလုပ်ပြီး သူဖြေရပါ့မလဲ။

လက်နှစ်ဖက်ကို ပွတ်လို့ ခေါင်းငုံ့ထားမိပြီး
ကိုသျှမ်းကို ပြန်မဖြေရဲ။ ဒီလို ခံစားချက်တွေ
မဖြစ်ရအောင် သူက ကိလေသာ ကုန်နေတာမှမဟုတ်တာ။ တစ်သက်လုံးချုပ်ထိန်းလာရလို့ ငြိမ့်တည်နဲ့ပက်သက်ရင် ပိုပြီးတောင်
များပြားသေးသည်။

" ကျွန်တော် ဆရာဝန်တစ်ယောက် အနေနဲ့မေးတာပါ။ အိမ်ထောင်ကျရင် ဒါတွေက
လိုလာမှာပဲလေ။ တကယ်လို့များ လိုအပ်ရင် ဆေးခန်းပြတာဖြစ်ဖြစ်..."

"လုပ်ချင်ပါတယ်..."

"ဗျာ"

"ငြိမ့်တည်နဲ့ ..အကုန် ..ဘာဖြစ်ဖြစ်.. အဲ့ဒါတွေ
စိတ်ရှိနေတယ် ပြောတာပါ"

လက်နှစ်ဖက်နှင့် မျက်နှာကို အုပ်ချလို့
လှိုင်းဆက် ငြိမ်သက်မိသည်။ ရင်တွေ
ခုန်လွန်းလို့ သူရူးတော့မည်ထင်သည်။
သူ့တစ်ဘဝလုံး အခုချိန်လောက် ရှက်ရတာ
မရှိခဲ့ဖူးပေ။ ဝန်ခံနေရတာကလည်း ငြိမ့်တည်ရဲ့ အသိ ကိုသျှမ်းကိုမှ။ သူ ကိုသျှမ်းကို
ယုံပေမဲ့ ရှက်တာကိုတော့ မရပ်တန့်နိုင်။
တစ်ဖက်ကလည်း ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း
ပြောလို့ရတဲ့ လူတစ်ယောက်ကြောင့်
ချုပ်တီးထားရတဲ့ စိတ်တွေ သက်သာရာ
ရမိပါသည်။

ဒီဘက်မှာတော့ သျှမ်းထက်ပိုင်ရဲ့
မျက်နှာကြီးက ပြုံးလို့။ ကျေနပ်စွာနဲ့
သူ့ရှေ့က ရှက်နေသူကို ကြည့်နေမိသည်။
တကယ်ပါ သူလူဖြစ်လာတဲ့ ၂၈နှစ်လုံး
ဒီလောက်ထိ ရှက်တတ်တဲ့လူ မတွေ့ဖူးဘူး။
ဆရာဝန်တစ်ယောက်မို့ ဒီကိစ္စတွေက
ကြားရခက် ပြောရခက်တာမျိုး မရှိခဲ့သလို
သူနဲ့ ချစ်နိုင်းကြားက ပက်သတ်မှုတွေအရ
သျှမ်းထက်ပိုင်က ဆရာကျနေပြီ။

ခုတော့ ကိုလှိုင်းဆက်ကို ကြည့်ပြီး သူ့မှာ
ရယ်ရခက် ငိုရခက်ကိုဖြစ်လို့။
ငြိမ့်တည်က သိပ်ကံကောင်းသည်ဟု
သူထင်မိသည်။ သူ့လူက လူပုံကတင်
ကြင်နာတတ်သည်မဟုတ် စိတ်ထားကလည်း
ကြင်နာတတ်သေးသည်။

"ကဲပါ ကဲပါ မရှက်ပါနဲ့ ကိုလှိုင်းဆက်ရယ်။
ကျွန်တော်နားလည်ပါတယ်။ ဒါက
လူ့သဘာဝပဲ"

"...."

"ဒီတော့ဗျာ ကျွန်တော့ကို ဆရာဝန်တစ်ယောက်ကို တိုင်ပင်သလို သဘောထားပြီး
ပြောစရာရှိတာသာပြော။ ကျွန်တော်က
လိုအပ်တာ ကူညီပါ့မယ်။ ဒါက ရှက်စရာ
မဟုတ်ပါဘူး"

ကိုလှိုင်းဆက်က မျက်နှာချင်းဆိုင်လာခဲ့သည်။ မျက်နှာက နည်းနည်းရဲနေသေးပေမဲ့
သူ့စိတ်သူတော့ တည်ငြိမ်အောင်ထားလိုက်နိုင်ပြီပင်။ အမြဲ တည်တည်ငြိမ်ငြိမ်
နေတတ်လာတဲ့သူဆိုတော့ စိတ်ပြန်ပြီးငြိမ်အောင်လုပ်ဖို့ အချိန်တအားမယူလိုက်ရ။
နောက်ဆုံးတော့လည်း တိုင်ပင်သည် သဘောထားကာ သူရင်ဆိုင်လိုက်ရတော့သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ စိတ်ရှိနေ‌တာတော့ အမှန်ပဲမို့ ကိုသျှမ်းဆီက
အကြုံယူတာ တစ်ခုခုတော့ အဆင်ပြေကောင်းပါရဲ့။

"ငြိမ့်တည် မသိအောင် ဘယ်လိုများ နေနေလည်းဗျာ ကိုလှိုင်းဆက်ရာ"

"မနက် စောစောထပြီး "

ကိုသျှမ်းမျက်နှာက ပြုံးစိစိ။ ဒါပေမဲ့
သူ့ခင်မျာ အတည်တံ့ပြောနေရတာမို့
မျက်နှာထားကို ထိန်းထားရသည်။
မကြာခင် ငြိမ့်တည်ပြန်ရောက်တော့မည်။
သူတို့ကြားက ဆွေးနွေး အကြံပေးရေး
စကားဝိုင်းက လူသိများလို့ ကောင်းတဲ့
ကိစ္စမဟုတ်။

နှစ်ယောက်သား သူမေး ကိုယ်‌‌ဖြေနှင့်
အကြံနည်းနည်းပေးပြီး ငြိမ့်တည်
ပြန်ရောက်လာမှ စကားလမ်းကြောင်း
ပြောင်းလိုက် ကြတော့သည်။
လှိုင်းဆက်မှာတော့ ကောင်လေးမျက်နှာကို
စေ့စေ့တောင် မကြည့်ရဲတော့။ အားနာလို့
သူ့မှာ ရယ်စရာရှိတာတောင် ဟဟမရယ်နိုင်။
ရယ်စရာရှိတိုင်း သူ့ဆီရောက်လာသည့်
ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေဆီက
ကြည်လင်မှုတွေက လှိုင်းဆက်အတွက်
ရိုးရှင်းကာ သန့်စင်လွန်းသည်။

လှိုင်းဆက်က ဂေးတစ်ယောက်ပါ။
သူလက်ထပ်ထားတဲ့ ယောက်ျားတစ်ယောက်အပေါ် သူချုပ်ထိန်းနေရတာ ဘယ်လိုလုပ်
လွယ်ကူပါ့မလဲ။ ချစ်စိတ် ပါလာတဲ့အခါ
ပိုပြီးတော့တောင် ထိန်းချုပ်ရ ခက်သေးသည်။ လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုက ပေါက်ကွဲခါနီး မီးတောင်လိုဖြစ်သည်‌။
သို့သော်လှိုင်းဆက်က အမြဲစောင့်ထိန်းလာသူပီပီ သူမြတ်နိုးရတဲ့ ငြိမ့်တည်အပေါ် ပိုပြီးတော့တောင် စောင့်ထိန်းချင်နေသေးသည်။

သို့သော် ကိုသျှမ်းပြောတာလည်း မမှား။
ငြိမ့်တည်ကလည်း အသွေးနှင့်အသားနှင့်။
ဖြေးဖြေးချင်း သွားလို့ရတဲ့ ကိစ္စတွေဆိုပေမဲ့
အရင်က အတွေးထဲမရှိခဲ့တာကိုတော့
သူဝန်ခံရမည်။

အခုက စပြီးတော့ စဉ်းစားစရာကိစ္စတွေ
လှိုင်းဆက်အတွက် တိုးလာပြီထင်ပါရဲ့...။

..........................................................

စာရေးသူ၏ အမှာစာ:
ကိုသျှမ်းက ဘဲပစ်ခံထားရပေမဲ့ ဆရာကြီးပါ
ခပ်ဆတ်ဆတ် ကလေးတွေကို
ကြိုက်တတ်ရင်ချစ်နိုင်းအောင် ကိုလည်း သဘောကျကြပါလိမ့်မယ်
ချစ်နိုင်းက ငဆိုးလေး ကန့်လန့်လေးမို့
ကိုသျှမ်းတို့အတွဲကိုလည်း
စောင့်ပေးကြပါအုန်းလို့ 😆❤️

Zawgyi

ရင္ထဲ ဝင္လာၿပီျဖစ္ေသာ ၿငိမ့္တည္ ၅

တုန္ယင္ေနေသာ လက္တို႔ကို အံႀကိတ္ကာ
မသိခ်င္ေယာင္ေဆာင္ရင္း ၾကမ္းျပင္ထက္ကို
ပိုအားခဲကာ ေထာက္ထားလိုက္သည္။
နာက်င္လာေသာ ခါးထဲက တဆစ္ဆစ္နဲ႕
ျဖစ္လာေပမဲ့ ၿငိမ့္တည္အရႈံးမေပး။ ေနာက္ထပ္ စကၠန႔္ပိုင္းေလာက္ကို စိတ္ႏွင့္
ေရထြက္လို႔ ေပေတ ႀကိဳးစားေနမိသည္။

"ရွစ္..ခုႏွစ္..ေျခာက္..ငါး..ေလး..
သုံး..ႏွစ္..တစ္..အား..."
ျပားျပားဝပ္သြားတဲ့ ‌ဗိုက္က ၾကမ္းျပင္မွာ
ကပ္လို႔သြားၿပီး တင္းထားသမွ်ေတြ
အကုန္ေျပေလ်ာ့သြားသလို ခံစားလိုက္ရသည္။

ေခြၽးအေအးပတ္မည္ စိုးတာေၾကာင့္
ခ်က္ခ်င္းထကာ ဒီးဒီးက်ေနေသာ ေခြၽးတို႔ကို
ခြၽတ္ထားတဲ့ စပို႔ရွပ္ေလးႏွင့္ ဆြဲသုတ္လိုက္၏။ ခပ္မို႔မို႔ က်န္ေနေသးတဲ့ ဗိုက္ကေလးက ေခြၽးေတြစိုလို႔။ အဆီရစ္ေတြ
က်န္မေနေတာ့ေပမဲ့ ပိုၿပီးအားစိုက္လုပ္ဖို႔
လိုေနေသးတာကို သတိထားမိသည္။

"ဟူး... ပိန္ရတာ လြယ္မေနဘူး"
ညည္းၫူလိုက္ၿပီးမွ ကုတင္ေပၚ တင္ထားသည့္ ေရဘူးကို ယူကာ အခန္းျပင္ထြက္လာခဲ့လိုက္သည္။ သူ အိပ္ခန္းကို ေမာင္ပိုင္စီးထားတာ မနက္၇နာရီေလာက္ကတည္းကပင္။ ႐ုံးပိတ္ရက္မို႔ ေစာေစာထစရာ မလိုတာေၾကာင့္သာမဟုတ္ရင္ သူ၆နာရီဆို ထၿပီး
ေလ့က်င့္ခန္းလုပ္ရၿပီျဖစ္သည္။

ၿငိမ့္တည္က ဟိုးအရင္ကတည္းက ႐ုပ္ပိုင္းဆိုင္ရာ သန္မာလြန္းျခင္းမရွိ။ ေမေမတို႔ရွိကတည္းက အစားမ်ားလို႔ ခပ္ျပည့္ျပည့္ေလး
ျဖစ္ေနတာကလြဲရင္ သန္မာဖို႔ေတာ့ လိုအပ္ေသးသည္။ ထို႔အျပင္ အတူေနသူက
ကိုလွိုင္းဆက္ ျဖစ္ေနေသာအခါ ပိုၿပီးေတာ့ပင္ သူအားစိုက္ထုတ္ရေတာ့သည္။

ျမင့္မားတဲ့ အရပ္အျပင္ ေတာင့္တင္းတဲ့
ကိုယ္ထည္ပါ ရရွိထားတဲ့ ကိုလွိုင္းဆက္က
ငယ္တုန္းက အားကစား လိုက္စားခဲ့သူျဖစ္မည္။ ခုလည္း အထူးတလည္ ေလ့က်င့္ခန္း
လုပ္တာမ်ိဳး မရွိသည့္တိုင္ေအာင္ ေရခ်ိဳးခါနီးတိုင္း ဒိုက္ထိုးတာ ၊ အိပ္ထမတင္ လုပ္တာမ်ိဳး လုပ္ေနတတ္သည္။

သိသာထင္ရွားလြန္းေသာ အျမႇောင္းမ်ား
မရွိသည့္တိုင္ေအာင္ က်စ္လစ္ေသာ
ဝမ္းဗိုက္ႂကြက္သားမ်ားႏွင့္ ေတာင့္တင္းေသာ
လက္ေမာင္းႂကြက္သားမ်ားကို ၿငိမ့္တည္
ျမင္ဖူးပါသည္။ အကၤ်ီဝတ္ထားလွ်င္
သိသာမေနေသာ္လည္း ခြၽတ္ထားလွ်င္ေတာ့
ခႏၶာကိုယ္က အေတာ္ၾကည့္ေကာင္းလွသည္။

ၿငိမ့္တည္က ထိုအခ်ိန္မ်ိဳးဆိုရင္
ကိုယ့္ဗိုက္ကေလးကို အသာငုံ႕ကိုင္ၾကည့္မိတတ္၏။ သူလည္း အဲ့လိုမ်ိဳး ႀကံ့ခိုင္သည့္
ခႏၶာကိုယ္ေလး လိုခ်င္သည္။ သို႔ေသာ္လည္း
ရဖို႔က မလြယ္ကူ။ ေလ့က်င့္ခန္းလုပ္ရင္း
စိတ္ဓာတ္က်ရသည့္ ေန႕ေတြပင္ ရွိေသးသည္။

ကိုလွိုင္းဆက္ကေတာ့ အားေပးရွာပါရဲ႕။
"တစ္ရက္ တစ္ရက္ ပုံမွန္လုပ္သြားရင္
လိုခ်င္တဲ့ ပုံစံ ရလာမွာပါ" ဆိုၿပီး ႏွစ္သိမ့္တတ္သည္။ ျပႆနာ တစ္ခုေတာ့ ရွိသည္။
ကိုလွိုင္းဆက္က ၿငိမ့္တည္ အစားေသာက္ေလွ်ာ့တာကို လုံးဝအားမေပးတာပင္။
အတင္းၾကပ္ ဆူပူတာမ်ိဳး မလုပ္ေပမဲ့
အစားကို ေသခ်ာစားသင့္ေၾကာင့္ ေလေျပေအးႏွင့္ ေျပာတတ္ဆိုတတ္သည္။
ဒါက ပိုေတာင္ လိုက္နာဖို႔ တြန္းအားေပး‌ေနသလိုပင္။ ၿငိမ့္တည္က သူ႕ေရွ႕ အစားမ‌ေလွ်ာ့ရဲ။ဒါေၾကာင့္ ပုံမွန္ေလး စားေနရတဲ့အခါ ဝိတ္က်တာက မသိသာေတာ့ေပ။

တျဗန္းျဗန္း အဝတ္ခါသံေတြေၾကာင့္
ေရဘူးေလးကို ကိုင္ရင္း ၿငိမ့္တည္ ဝရန္တာဘက္ ထြက္လာေတာ့ ကိုလွိုင္းဆက္က
အကၤ်ီေတြကို ခ်ိတ္ႏွင့္တြယ္ကာ လွန္းလို႔ေန၏။ ၿငိမ့္တည္ အကၤ်ီေတြပါ ပါတာေၾကာင့္
ေရဘူးကို ခ်ၿပီး အနားအျမန္ေျပးကာ ကူလွန္းရေတာ့သည္။

"ကြၽန္ေတာ့ အဝတ္ေတြ ယူမေလွ်ာ္ပါနဲ႕ဆိုဗ်ာ"
မေက်မနပ္အသံႏွင့္ ၿငိမ့္တည္ေျပာေတာ့
အဝတ္ေတြကို တန္းေပၚတင္ေနရာကေန
လွည့္ၾကည့္လာတဲ့သူ။ မူပိုင္ပါးခ်ိဳင့္တို႔က
ခန႔္ညားတဲ့မ်က္ႏွာထက္ နစ္ဝင္သြားၿပီး
အၿပဳံးတို႔ဟာ ၾကင္နာစြာ ၿငိမ့္တည္ဆီ ဦးတည္လို႔လာသည္။

"အေပၚဝတ္ေလး သုံးေလးထည္ပဲကို
ကိုယ္ ဘာမွ အပန္းမႀကီးဘူး "
ေျပာေျပာဆိုဆို အဝတ္ျပန္လွန္းေနေတာ့
သက္ျပင္းတိုးတိုးခ်ကာ ဇလုံထဲမွာက်န္ေနတဲ့
ညွစ္ၿပီးသား အဝတ္ေတြကိုသာ ကူခါေပးေနလိုက္ရေတာ့သည္။ တားလို႔လည္း ရမည္မဟုတ္။

ေရမႊားေလးေတြက ျဖန္းခနဲ ဖြာထြက္လာၿပီး
ေနေရာင္ျဖာက်ေနတဲ့ ဝရန္တာတစ္ေလွ်ာက္
ပ်ံ့ႏွံ႕လို႔သြားသည္။ အကၤ်ီခါလိုက္တာေၾကာင့္
ဝရန္တာရွိ ပန္းပင္ငယ္တို႔ကလည္း
ယိမ္းႏြဲ႕လို႔။  ၿငိမ့္တည္က သူ႕ဆီက
အဝတ္ကိုယူလိုက္ တဖက္လွည့္ကာ လွန္းလိုက္ႏွင့္ အလုပ္ရႈပ္ေနေသာ ေက်ာျပင္ကိုၾကည့္ရင္း ရင္ထဲသိမ့္ခနဲ။

ကိုလွိုင္းဆက္က ၿငိမ့္တည္အေပၚ ၾကင္နာသလို တာဝန္လည္းေက်သည္။ အႀကီးမို႔လို႔
လႊမ္းမိုးထားတာမ်ိဳးမရွိ။ သူျဖစ္ခ်င္တာ ရွိရင္ ေလေျပေအးႏွင့္ေျပာတတ္ေပမဲ့
ၿငိမ့္တည္ကလည္း မေျပာခင္ကတည္းက ဦးက်ိဳးခ်င္ေနသည့္ ေကာင္ေလးမဟုတ္ပါလား။ ဒါေၾကာင့္ ၾကာလာေလ သူတို႔ၾကားက
အေျခအေနေလးက ပိုၿပီးသက္ေတာင့္သက္သာ ျဖစ္လာရသည္ဟု ၿငိမ့္တည္ထင္မိသည္။

"မိုးေကာင္းေတာ့ ႐ုံးဖြင့္ရက္ေတြဆို အဝတ္
ေလွ်ာ္ရတာ ကသီေနတာ။ ဒီပိတ္ရက္ေလး
ရာသီဥတုေကာင္းတာ ေတာ္ပါေသးတယ္"
ကိုလွိုင္းဆက္က ေနာက္ဆုံးက်န္တဲ့
ရွပ္အကၤ်ီလက္ရွည္ကို လွန္းရင္း ေျပာလို႔လာသည္။ ျဖဴေဖြးေနေသာ အကၤ်ီေၾကာင့္
ၿငိမ့္တည္ အမွတ္ေတြအမ်ားႀကီး ေပးေနရ၏။ ဒီလူ မေတာ္တဲ့ေနရာေရာ ရွိေသးရဲ႕လား။ ၿငိမ့္တည္ သေဘာမက်ခ်င္ေလာက္တဲ့
မေကာင္းတဲ့ အခ်က္ဆိုတာ ပင္လယ္ထဲ
အပ္ေပ်ာက္ရွာရသလို ျဖစ္ေနမည္။
ၿငိမ့္တည္ကို အခ်စ္ေတြပုံေအာ မေပးေသးတာက လြဲရင္ ကိုလွိုင္းဆက္က
အကုန္ေကာင္းတဲ့ ေယာက္်ားတစ္‌ေယာက္ျဖစ္သည္ ။

"ကိုလွိုင္းဆက္ "

"ေျပာဗ်ား "

"ေနာက္တစ္ခါ အဝတ္ေလွ်ာ္ရင္ ကြၽန္ေတာ့ကို ေစာင့္ပါဗ် ။ ကြၽန္ေတာ္ ကူမွာေပါ့"

"ဟုတ္ပါၿပီကြာ။ ကိုယ္က ပိတ္ရက္မွာ
ၿငိမ့္တည္ကို ေအးေဆးေနေစခ်င္လို႔"

"အခုလည္း ေအးေဆးေနတာပါဗ်ာ။ ဒီထက္ေအးရင္ ကြၽန္ေတာ္ ေရခဲေသတၱာျဖစ္ေတာ့မယ္"

ၿငိမ့္တည္ အေျပာကို သေဘာတက်ရယ္တဲ့
ကိုလွိုင္းဆက္။ ျဖာက်ေနတဲ့ ေနေရာင္ျခည္ပင္ ကိုလွိုင္းဆက္၏ အၿပဳံးေတြႏွင့္ယွဥ္လွ်င္
သိမ္ငယ္သြားနိုင္ေလာက္သည္။

ေငးေမာေနမိသူဆီပါ ရယ္ေမာျခင္းေတြ ကူးစက္လာတယ္ဆိုရင္ ဒါဟာ ေမတၱာတရားေၾကာင့္ပါတဲ့။
သူတို႔ၾကားက သံေယာဇဥ္ေလးက
ဆက္သြယ္မႈေလး ရွိေနခဲ့ၿပီဟု ၿငိမ့္တည္
ယုံၾကည္ခ်င္ပါသည္။

......................................................

ပုံမွန္ဆို ပိတ္‌ရက္ေရာက္တိုင္း လည္ပတ္ေနက်ေပမဲ့  ဒီတစ္ပါတ္ေတာ့ ႏွစ္ေယာက္သား  မလည္ျဖစ္ၾက။ မိုးတြင္းမို႔ ေလွ်ာ္ရခက္ေနတဲ့  အဝတ္ေတြထုတ္ေလွ်ာ္ ၊ အိပ္ခန္းသန႔္ရွင္းေရး အတူတူလုပ္လိုက္ၾကၿပီး
ေန႕ခင္းက ေရာက္မွန္း မသိေရာက္လို႔လာ
ခဲ့သည္။

ႏွစ္ေယာက္သား စကားေလးေျပာတာျဖစ္ျဖစ္၊ ၿငိမ့္တည္ၾကည့္ခ်င္တဲ့ ႐ုပ္ရွင္
အတူၾကည့္ေပးတာျဖစ္ျဖစ္ လုပ္ဖို႔
လွိုင္းဆက္ ေတြးထားေပမဲ့ ေရမိုးခ်ိဳးၿပီး
နားမည္မႀကံရေသး ေရာက္လာတဲ့ ဧည့္သည္။ လွိုင္းဆက္တို႔ရဲ႕ အခင္ဆုံး မိတ္ေဆြဟု ေျပာရမည့္ ကိုသွ်မ္းပင္ျဖစ္သည္။

ဘဲဥ ကဒ္မ်ားကိုဆြဲလို႔ အခန္းတံခါးေရွ႕
ၿပဳံးၿပဳံးႀကီးရပ္ေနတဲ့ ကိုသွ်မ္းကို
ႏွစ္ေယာက္သား ေၾကာင္ေတာင္ေတာင္
ရပ္ၾကည့္ေနခဲ့ၾကၿပီး အထဲဝင္ဖို႔ ေခၚရန္ေတာင္ ေမ့ေနခဲ့ၾကသည္။ ဒါက သူတို႔ႏွစ္ေယာက္ လက္ထပ္ၿပီးမွ ပထမဆုံးအႀကိမ္
အိမ္ကို ဧည့္သည္လာဖူးတာပင္။

"ဘဲဥကဒ္ေတြ ယူၾကပါအုန္း" ဆိုလာမွ
ျပာျပာသလဲ ယူတဲ့ၿငိမ့္တည္ႏွင့္ အိမ္ထဲဝင္ဖို႔
ဧည့္ဝတ္ေက်ရေတာ့တဲ့ လွိုင္းဆက္။
ဘဲဥကဒ္ေတြကို စားပြဲမွာတင္လို႔ ကိုသွ်မ္းက
ဆိုဖာမွာ ဝင္ထင္လိုက္သည္မို႔ လွိုင္းဆက္လည္း တဖက္မွာ ထိုင္လိုက္၏။ ၿငိမ့္တည္ကေတာ့ မတ္တပ္ပန္ကာေလးကို ‌သူတို႔ဖက္
လွည့္ေပးၿပီးမွ ပလပ္စတစ္ခုံအျပာေလးကို
ေျပးယူကာ လွိုင္းဆက္ေဘးမွခ်ၿပီး ဝင္ထိုင္သည္။

"ကိုသွ်မ္း ထမင္းစားၿပီးၿပီလားဗ်"

"စားခဲ့ၿပီေပါ့ ၿငိမ့္တည္ရ။ ၁နာရီေက်ာ္ေနၿပီ။
အိမ္မွာလဲလုပ္စရာ မရွိတာနဲ႕ မင္းတို႔ဆီ
သပ္သပ္လာခဲ့တာ ႏွစ္ေယာက္သား အိမ္မွာ
ရွိေနၾကတာနဲ႕ အေတာ္ပဲ"

"ဟုတ္တယ္ ကိုသွ်မ္းကံေကာင္းသြားတာ။
မဟုတ္ရင္ ကြၽန္ေတာ္နဲ႕ ကိုလွိုင္းဆက္ ဒီအခ်ိန္ဆို ၿမိဳ႕ပတ္ ေလွ်ာက္လည္ေနက်"

" အမ်ိဳးသားကို ၿမိဳ႕အႏွံ႕ပတ္ျပေနတာေပါ့ ဟုတ္လား ၿငိမ့္တည္။ ကိုလွိုင္းဆက္ကို သတိေပးထားရအုန္းမယ္ ၿငိမ့္တည္က
ေျခေထာက္ေဗြပါ‌တာ တအား။ ထိန္းအုန္း
ကိုယ့္ကေလးကိုယ္"

ကိုသွ်မ္းအေျပာေၾကာင့္ သုံးေယာက္သား
ရယ္လိုက္မိၾကသည္။ လွိုင္းဆက္ကေတာ့
သူ႕ေဘးက သေဘာတက် ရယ္ေနသည့္
ေကာင္ေလးကို ၾကည့္လို႔ေပါ့။ ၿငိမ့္တည္ရဲ႕
သေဘာတက် ရယ္ေနပုံေၾကာင့္ ၾကည့္ေနမိသည့္ သူ႕မ်က္လုံးေတြပါ ခ်ိဳၿမိန္လို႔လာသလို ခံစားမိေနသည္။ ေျခေထာက္ေဗြပါရင္လည္း
သူက အကုန္လိုက္ပို႔ ေပးခ်င္ပါရဲ႕။

"ဒါနဲ႕ ကိုလွိုင္းဆက္ အလုပ္ အဆင္ေျပရဲ႕လားဗ်"

"ေျပပါတယ္ ။နယ္လည္းမသြားရေတာ့
ေအးေအးေဆးေဆးပဲ"

"ေကာင္းတယ္ဗ်ာ ။ ကြၽန္ေတာ္လည္း
အေျခတက် အလုပ္ရွာဖို႔ ေတြးေနတာ
လူက အိမ္မွာပဲ ေနေနရရင္ကို ေနမေကာင္းသလိုေတြျဖစ္ေနလို႔"

"ကိုသွ်မ္း ေဆးခန္းဖြင့္ပါလား"
ၿငိမ့္တည္ ေျပာေတာ့ ကိုသွ်မ္းက
လက္ႏွစ္ဖက္ကို အေဆာတလွ်င္ ခါသည္။

"အထိုင္ခ်ရတဲ့ အလုပ္ကို မလုပ္ခ်င္တာ။
ၿပီးေတာ့ ေဆးခန္းတစ္ခု ဖြင့္ဖို႔ကလည္း
လြယ္တာမဟုတ္"

"သူေဌးက လာညည္းေနတယ္။ အလကား သိလား ကိုလွိုင္းဆက္။ ကိုသွ်မ္းက
ေဘာစိေလ သူ႕အိမ္မွာ ဘဲေတြၿပီးရင္
အေပါဆုံးက ေငြပဲ"

"အဟားဟား...ၿငိမ့္တည္ရာ"

လွိုင္းဆက္မွာ ေကာင္ေလးအေျပာေၾကာင့္
သေဘာက်တာကို မရပ္နိုင္ေတာ့။
ၿငိမ့္တည္က ေျပာတတ္ဆိုတတ္ကေလးပင္။
ကိုသွ်မ္းတို႔ သူ႕ဆိုင္က လူေတြတို႔နဲ႕ဆို
အၿမဲ ရယ္စရာေတြ ေျပာတတ္သည္။
လွိုင္းဆက္နဲ႕ ဆိုလည္း မထူးပါ။
ကလန္ကဆန္မလုပ္တာကေတာ့ ၿငိမ့္တည္ရဲ႕
ခ်စ္ဖို႔ေကာင္းတဲ့ အခ်က္ကေလးျဖစ္သည္။

"ကိုသွ်မ္း ခဏေနအုန္း။ ကြၽန္ေတာ္ လက္ဖက္ရည္ သြားဝယ္လိုက္အုန္းမယ္"

"မလိုပါဘူးကြာ ထားလိုက္"

"မထားပါနဲ႕ ဘဲသူေဌးရယ္ တိုက္ပါရေစ။
ကိုလွိုင္းဆက္က ပုံမွန္ဆိမ့္ဆိမ့္ေလးပဲေနာ္"
ကိုသွ်မ္းကို စရင္း လွိုင္းဆက္ကိုပါ ေမးလာတဲ့ေကာင္ေလး။ လွိုင္းဆက္အႀကိဳက္ကို
သိေနၿပီျဖစ္တဲ့ ၿငိမ့္တည္က လက္ဖက္ရည္
အရသာကအစ ဂ႐ုတစိုက္မွတ္ထားတတ္သည္။

အေပၚထပ္ အကြက္လက္ရွည္ေလးေကာက္ဝတ္လို႔ ဆိုင္ကယ္ေသာ့ ယူကာ ေျပးဆင္းသြားတဲ့ေကာင္ေလး။ ေျဖးေျဖး ေမာင္းသြားဖို႔
မွာတဲ့အခါ "ဟုတ္ကဲ့ပါဗ်" ဟူေသာ အေျဖစကားေလးႏွင့္ စိတ္ေအးေစခဲ့ရွာသည္။

လွိုင္းဆက္က တံခါးဝကေန ေပ်ာက္သြားတဲ့
ေက်ာျပင္ေလးကို လိုက္ေငးၾကည့္ေနရင္း
ဒီဘက္ျပန္လွည့္ေတာ့ ၿပဳံးၿပဳံးႀကီး ၾကည့္ေနသည့္ ကိုသွ်မ္းႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရသည္။ ရွက္ကိုးရွက္ကန္း ျဖစ္သြားမႈမွာ
ငုံ႕ရယ္မိတဲ့ လွိုင္းဆက္။ ကိုသွ်မ္းက တစ္ခုခုကို သိေနသလို ခံစားေနရၿပီး ဘာတစ္ခုခုလဲ
ဆိုတာကိုေတာ့ လွိုင္းဆက္ကိုယ္တိုင္ပင္
မသဲကြဲေသးပါ။

"သေဘာ တအားက်တာပဲလား ကိုလွိုင္းဆက္"

"ဗ်ာ...ဘာကို"

ၿပဳံးၿပဳံးႀကီး ေမးလာသူကို ဘယ္လို ေျဖရမလဲ
လွိုင္းဆက္မသိ။ မ်က္ႏွာပူလာသလို
ခံစားခ်က္ေၾကာင့္ သူ႕လည္ပင္းသူသာ
ပြတ္ေနမိေတာ့သည္။

"ၿငိမ့္တည္ကို ေျပာတာပါ။ ကိုလွိုင္းဆက္
သေဘာက်လားလို႔"

ေခါင္းၿငိမ့္႐ုံ တုန႔္ျပန္ေတာ့ ကိုသွ်မ္းက
သေဘာေတြက်လိဳ႕။ အနားတိုးလာတဲ့အခါ
လွိုင္းဆက္မွာ မတ္ခနဲပင္ ျဖစ္သြားရသည္။

"ကိုလွိုင္းဆက္ အေမသေဘာတူလို႔
ဇာတ္လမ္းစခဲ့ရတာ ကြၽန္ေတာ္သိေပမဲ့
ဇာတ္လမ္း ဆက္ရမွာေတာ့ ကိုလွိုင္းဆက္ကိုယ္တိုင္ေနာ္။ ဘယ္လိုလဲ ၿငိမ့္တည္နဲ႕
ေရွ႕ဆက္ဖို႔ စဥ္းစားၿပီးၿပီလား"

"...."

" ဟိုကေလးကလည္း ကိုလွိုင္းဆက္ကို
သေဘာတအားက်ေနတာပဲကို ႏွစ္ေယာက္သား ဒီထက္ပို နီးစပ္ဖို႔ လုပ္ၾကေလဗ်"

ကိုသွ်မ္း အသံက စိတ္အားထက္သန္စြာ။
သူကိုယ္တိုင္ အသည္းကြဲထားသည့္ပုံႏွင့္
မတူစြာ သူမ်ားစုံတြဲၾကား တက္ႂကြလို႔ေနသည္။

"ကြၽန္ေတာ့ အေတြ႕ႀကဳံနဲ႕ သတိေပးမယ္ေနာ္။
ခ်စ္ရင္ အခ်ိန္မဆြဲနဲ႕ ။ အဲ့ဒီအ႐ြယ္ ကေလးေတြက စိတ္အတက္က် သိပ္ျမန္တာပဲ။
ေတာ္ၾကာေနမွ ကြၽန္ေတာ့လို ထားခဲ့ခံရအုန္းမယ္"
ေျပာရင္း မ်က္ႏွာမဲ့တဲ့ ကိုသွ်မ္း။ ဆိုဖာကို
ပစ္မွီၿပီးေနာက္ လွိုင္းဆက္ကို ဘယ္လိုမ်ား
သေဘာရသလဲဟူေသာ မ်က္ႏွာေပးႏွင့္
လွမ္းလို႔ၾကည့္လာသည္။

တကယ္ေတာ့ လွိုင္းဆက္ ဘယ္လိုမ်ိဳး
ေရွ႕ဆက္ရမယ္ ဆိုတာေတာင္မသိ။
သူက တစ္ေယာက္ေယာက္ကို ဇြတ္အတင္း
ခ်စ္ေပးၿပီး ျပန္ခ်စ္ခိုင္းဖို႔ဆိုတာ
က်ားၿမီးဆြဲဖို႔ထက္ေတာင္ ခက္ခဲေသးသည္။
ေနာက္ၿပီး ၿငိမ့္တည္ ေနရခက္မွာ လုံးဝမလိုလား။ ၿငိမ့္တည္သာ စိတ္ညစ္သြားရင္
သူ႕ကိုယ္သူ စိတ္ဆိုးမိပါလိမ့္မည္။

"ၿငိမ့္တည္ သေဘာမက်မွာစိုးလို႔ပါ။
ေရွ႕ဆက္လိုက္ရင္ ေနရခက္သြားမွာစိုးလို႔"

လွိုင္းဆက္ ခပ္ေအးေအးေျပာရင္း ေရွ႕က
စားပြဲအစြန္းကို လက္ေခ်ာင္းေတြႏွင့္ ထိေနမိသည္။ ႐ုတ္တရက္ သူ႕မွာ အားအင္ေတြေတာင္ ကုန္ခမ္းသြားသလို ခံစားေနရ၏။

"ျဖစ္ရတယ္ဗ်ာ။ ၿငိမ့္တည္ ကိုလွိုင္းဆက္ကို
သေဘာက်ေနတာ ေဗဒင္ေမးစရာေတာင္
လိုမေနဘူး။ ဘာေတြမ်ား စိုးရိမ္ေနရတာလဲ"
ကိုသွ်မ္းက ဆတ္ခနဲ ထလာရင္း ေျပာလာသည္။ သူ႕အသံက စိတ္လႈပ္ရွားစြာ။
အားမလို အားမရ အသံေတြကိုေတာင္
လွိုင္းဆက္ ခံစားလို႔ရေနသည္။

"ထားပါ စိတ္ပူတာ ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမဲ့ အဲ့ဒါကို စိတ္ပူတာဆို ေမ့လိုက္ေတာ့။ ကိုလွိုင္းဆက္တို႔ႏွစ္ေယာက္
ပြင့္လင္းဖို႔ ပိုလိုအပ္ေနေသးတယ္။ "

‌လွိုင္းဆက္ ေခါင္း တၿငိမ့္ၿငိမ့္လုပ္ေနမိသည္။
ကိုသွ်မ္းေျပာတာ မွန္၏။ သူ စိတ္ပူေန႐ုံနဲ႕
ၿပီးမဲ့ ကိစၥမဟုတ္တာ လွိုင္းဆက္သိပါသည္။
ကိုသွ်မ္းေျပာသလို နည္းနည္းထပ္ၿပီး
ပြင့္လင္းလိုက္ရင္ ၿငိမ့္တည္ဘက္ကေရာ
သူ႕ခံစားခ်က္ကို လက္ခံနိုင္ေလာက္မလား။
အရဲစြန႔္တယ္ဆိုေပမဲ့ ၿငိမ့္တည္က လိမၼာတဲ့
ကေလးမို႔ ဒီစိတ္ေလးကို အခြင့္ေကာင္း
ယူမိတဲ့ လူဆိုးႀကီးကို ခြင့္လႊတ္နိုင္ေကာင္းပါရဲ႕။

"ႏွစ္ေယာက္သား အတူတူေရာ
ေနၿပီးၾကၿပီလား"

"ဗ်ာ...ၾကာၿပီေလ "

"ဟမ္... သြက္လိုက္တာ ဒါက်ေတာ့"

"ဘာကို..."

ကိုသွ်မ္း အေမးကို အူေၾကာင္ေၾကာင္
ျဖစ္ေနတဲ့ လွိုင္းဆက္။ သူတို႔လက္ထပ္ထားတာ ေျခာက္လေက်ာ္ေနၿပီေလ။ အတူတူေနတာ ၾကာၿပီကို ဘာကို သြက္ေနသည္လဲ
လွိုင္းဆက္မသိေတာ့။ ကိုသွ်မ္းၾကည့္ရတာ
ဇေဝဇဝါႏွင့္ လွိုင္းဆက္မ်က္ႏွာကို ေသခ်ာၾကည့္ကာ ေနသည္။

"ေမးတာ စိတ္ေတာ့ မရွိနဲ႕ဗ်။ ကိုလွိုင္းဆက္က
အေပၚကေတာ့ ဟုတ္တယ္မို႔လား။ အသက္အ႐ြယ္အရလည္း ရွိေသးေတာ့"

ဒီတစ္ခါ ဇေဝဇဝါ ျဖစ္သြားရတာကေတာ့
လွိုင္းဆက္ပင္။ မ်က္ေမွာင္ေတြပါ က်ဳံ႕လို႔
သူနားမလည္နိုင္တဲ့ စကားေတြေျပာေနသည့္
ကိုသွ်မ္းကို ၾကည့္ေနမိသည္။ သူ ဘာေတြ
လာေမးေနတာလဲ မသိေတာ့။

"ကိုသွ်မ္းေမးတာ ကြၽန္ေတာ္မရွင္းဘူး။
ကြၽန္ေတာ္တို႔ လက္ထပ္ၿပီးကတည္းက
မႏၲေလးကို ေျပာင္းလာၿပီး အတူေနတာပဲေလဗ်"

"ဟာ..." က်ယ္ေလာင္ေသာ ညည္းၫူသံႏွင့္အတူ သွ်မ္းထက္ပိုင္က သူ႕ႏွဖူးသူ တစ္ခ်က္ရိုက္သည္။ ၿငိမ့္တည္ လႊတ္ခနဲထြက္လာတုန္းက သူေသခ်ာစဥ္းစားခဲ့မိတာ မမွားဘူး။ ဒီလူက ကိေလသာ ကုန္ေနတာမဟုတ္ရင္ အဲ့ကိစၥကို စိတ္ကို မဝင္စားတာ ျဖစ္မည္ထင္သည္။

တစ္ရက္က ၿမိဳ႕ထဲလာရင္း ၿငိမ့္တည္ဆိုင္ကို
သူဝင္ျဖစ္ခဲ့သည္။ ဆိုင္ကလူေတြႏွင့္
စကားေျပာၾကရင္း ၿငိမ့္တည္ကို စၾကေတာ့
"ဟိုက ဘုရားျဖစ္မဲ့ အုတ္နီခဲ အတိုင္းပဲ"
လို႔ လႊတ္ခနဲ ေျပာလာတဲ့ ၿငိမ့္တည္စကားကို
သွ်မ္းထက္ပိုင္ ေသခ်ာသတိထားမိခဲ့သည္။
ညီေလးတစ္ေယာက္လို ခင္မင္ေနတဲ့
ၿငိမ့္တည္က ခ်စ္နိုင္းကို ျပင္းျပင္းထန္ထန္ သတိရေစတဲ့ သူမို႔သူ႕ဘက္က ဒီတိုင္းမေနနိုင္။ သူ႕လိုေတာ့ ဒီေကာင္ေလးကို အျဖစ္ခံလို႔မျဖစ္။

ၿငိမ့္တည္နဲ႕ သူ႕အမ်ိဳးသား ၾကားကိုေတာ့
စိုစိုေျပေျပေလး ျဖစ္ေစခ်င္သည္။
တကယ္လို႔မ်ားျဖစ္ျဖစ္ ခ်စ္နိုင္းျပန္လာတဲ့အခါ သူ႕ကိုလည္း ကူညီေစာင္မ မဲ့သူေတြ
ေပၚလာဖို႔ သွ်မ္းထက္ပိုင္ ဆုေတာင္းမိ၏။
သူမ်ားအက်ိဳးေဆာင္ ကိုယ့္အက်ိဳးေအာင္ေပါ့။ ေနာက္ဆုံးေတာ့ ဒီသံေခ်းတက္ေနတဲ့
အတြဲၾကားကို သူကပဲ ဆီျဖန္းၿပီး
စက္သြားေခ်ာေအာင္ ပံ့ပို႔ ေပးရေတာ့မည္ေလ။

မ်က္ရိုးထိပ္ကို တစ္ခ်က္ ႏွိပ္လိုက္ၿပီးေနာက္
သွ်မ္းထက္ပိုင္ သူ႕ေရွ႕က လူရိုးႀကီးကို
မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ ေနာက္မွ
ကြၽန္ေတာ့ကို ေက်းဇူးတင္ေတာ့
ကိုလွိုင္းဆက္ေရ။

"ေယာက္်ားခ်င္းပဲဗ်ာ ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္းပဲေျပာမယ္ ကိုလွိုင္းဆက္လည္း
မရွက္ပဲသာ ေျဖေတာ့။ ၿငိမ့္တည္ကို ထိခ်င္ေတြ႕ခ်င္တာမ်ိဳး မရွိဘူးလား။ ကြၽန္ေတာ္လည္း ေရွ႕မ်က္ႏွာေနာက္ထားၿပီး ဒါမ်ိဳးေမးရတာပါ ။ ၿငိမ့္တည္ကိုေတာ့ အားနာပါရဲ႕"

လွိုင္းဆက္ မ်က္ႏွာက ခ်က္ခ်င္းရဲတက္လာသည္။ လူမိခံလိုက္ရသလို ခံစားခ်က္က
သူ႕ေသြးေတြပါ ေျပာင္းျပန္စီးသြားသလို
ျဖစ္လို႔သြား၏။ ဘယ္လိုမ်ား ေမးရတာလဲ။
ဘယ္လိုလုပ္ၿပီး သူေျဖရပါ့မလဲ။

လက္ႏွစ္ဖက္ကို ပြတ္လို႔ ေခါင္းငုံ႕ထားမိၿပီး
ကိုသွ်မ္းကို ျပန္မေျဖရဲ။ ဒီလို ခံစားခ်က္ေတြ
မျဖစ္ရေအာင္ သူက ကိေလသာ ကုန္ေနတာမွမဟုတ္တာ။ တစ္သက္လုံးခ်ဳပ္ထိန္းလာရလို႔ ၿငိမ့္တည္နဲ႕ပက္သက္ရင္ ပိုၿပီးေတာင္
မ်ားျပားေသးသည္။

" ကြၽန္ေတာ္ ဆရာဝန္တစ္ေယာက္ အေနနဲ႕ေမးတာပါ။ အိမ္ေထာင္က်ရင္ ဒါေတြက
လိုလာမွာပဲေလ။ တကယ္လို႔မ်ား လိုအပ္ရင္ ေဆးခန္းျပတာျဖစ္ျဖစ္..."

"လုပ္ခ်င္ပါတယ္..."

"ဗ်ာ"

"ၿငိမ့္တည္နဲ႕ ..အကုန္ ..ဘာျဖစ္ျဖစ္.. အဲ့ဒါေတြ
စိတ္ရွိေနတယ္ ေျပာတာပါ"

လက္ႏွစ္ဖက္ႏွင့္ မ်က္ႏွာကို အုပ္ခ်လိဳ႕
လွိုင္းဆက္ ၿငိမ္သက္မိသည္။ ရင္ေတြ
ခုန္လြန္းလို႔ သူ႐ူးေတာ့မည္ထင္သည္။
သူ႕တစ္ဘဝလုံး အခုခ်ိန္ေလာက္ ရွက္ရတာ
မရွိခဲ့ဖူးေပ။ ဝန္ခံေနရတာကလည္း ၿငိမ့္တည္ရဲ႕ အသိ ကိုသွ်မ္းကိုမွ။ သူ ကိုသွ်မ္းကို
ယုံေပမဲ့ ရွက္တာကိုေတာ့ မရပ္တန႔္နိုင္။
တစ္ဖက္ကလည္း ဒီလိုမ်ိဳး ပြင့္ပြင့္လင္းလင္း
ေျပာလို႔ရတဲ့ လူတစ္ေယာက္ေၾကာင့္
ခ်ဳပ္တီးထားရတဲ့ စိတ္ေတြ သက္သာရာ
ရမိပါသည္။

ဒီဘက္မွာေတာ့ သွ်မ္းထက္ပိုင္ရဲ႕
မ်က္ႏွာႀကီးက ၿပဳံးလို႔။ ေက်နပ္စြာနဲ႕
သူ႕ေရွ႕က ရွက္ေနသူကို ၾကည့္ေနမိသည္။
တကယ္ပါ သူလူျဖစ္လာတဲ့ ၂၈ႏွစ္လုံး
ဒီေလာက္ထိ ရွက္တတ္တဲ့လူ မေတြ႕ဖူးဘူး။
ဆရာဝန္တစ္ေယာက္မို႔ ဒီကိစၥေတြက
ၾကားရခက္ ေျပာရခက္တာမ်ိဳး မရွိခဲ့သလို
သူနဲ႕ ခ်စ္နိုင္းၾကားက ပက္သတ္မႈေတြအရ
သွ်မ္းထက္ပိုင္က ဆရာက်ေနၿပီ။

ခုေတာ့ ကိုလွိုင္းဆက္ကို ၾကည့္ၿပီး သူ႕မွာ
ရယ္ရခက္ ငိုရခက္ကိုျဖစ္လို႔။
ၿငိမ့္တည္က သိပ္ကံေကာင္းသည္ဟု
သူထင္မိသည္။ သူ႕လူက လူပုံကတင္
ၾကင္နာတတ္သည္မဟုတ္ စိတ္ထားကလည္း
ၾကင္နာတတ္ေသးသည္။

"ကဲပါ ကဲပါ မရွက္ပါနဲ႕ ကိုလွိုင္းဆက္ရယ္။
ကြၽန္ေတာ္နားလည္ပါတယ္။ ဒါက
လူ႕သဘာဝပဲ"

"...."

"ဒီေတာ့ဗ်ာ ကြၽန္ေတာ့ကို ဆရာဝန္တစ္ေယာက္ကို တိုင္ပင္သလို သေဘာထားၿပီး
ေျပာစရာရွိတာသာေျပာ။ ကြၽန္ေတာ္က
လိုအပ္တာ ကူညီပါ့မယ္။ ဒါက ရွက္စရာ
မဟုတ္ပါဘူး"

ကိုလွိုင္းဆက္က မ်က္ႏွာခ်င္းဆိုင္လာခဲ့သည္။ မ်က္ႏွာက နည္းနည္းရဲေနေသးေပမဲ့
သူ႕စိတ္သူေတာ့ တည္ၿငိမ္ေအာင္ထားလိုက္နိုင္ၿပီပင္။ အၿမဲ တည္တည္ၿငိမ္ၿငိမ္
ေနတတ္လာတဲ့သူဆိုေတာ့ စိတ္ျပန္ၿပီးၿငိမ္ေအာင္လုပ္ဖို႔ အခ်ိန္တအားမယူလိုက္ရ။
ေနာက္ဆုံးေတာ့လည္း တိုင္ပင္သည္ သေဘာထားကာ သူရင္ဆိုင္လိုက္ရေတာ့သည္။ ဘာပဲျဖစ္ျဖစ္ သူ႕မွာ စိတ္ရွိေန‌တာေတာ့ အမွန္ပဲမို႔ ကိုသွ်မ္းဆီက
အႀကဳံယူတာ တစ္ခုခုေတာ့ အဆင္ေျပေကာင္းပါရဲ႕။

"ၿငိမ့္တည္ မသိေအာင္ ဘယ္လိုမ်ား ေနေနလည္းဗ်ာ ကိုလွိုင္းဆက္ရာ"

"မနက္ ေစာေစာထၿပီး "

ကိုသွ်မ္းမ်က္ႏွာက ၿပဳံးစိစိ။ ဒါေပမဲ့
သူ႕ခင္မ်ာ အတည္တံ့ေျပာေနရတာမို႔
မ်က္ႏွာထားကို ထိန္းထားရသည္။
မၾကာခင္ ၿငိမ့္တည္ျပန္ေရာက္ေတာ့မည္။
သူတို႔ၾကားက ေဆြးေႏြး အႀကံေပးေရး
စကားဝိုင္းက လူသိမ်ားလို႔ ေကာင္းတဲ့
ကိစၥမဟုတ္။

ႏွစ္ေယာက္သား သူေမး ကိုယ္‌‌ေျဖႏွင့္
အႀကံနည္းနည္းေပးၿပီး ၿငိမ့္တည္
ျပန္ေရာက္လာမွ စကားလမ္းေၾကာင္း
ေျပာင္းလိုက္ ၾကေတာ့သည္။
လွိုင္းဆက္မွာေတာ့ ေကာင္ေလးမ်က္ႏွာကို
ေစ့ေစ့ေတာင္ မၾကည့္ရဲေတာ့။ အားနာလို႔
သူ႕မွာ ရယ္စရာရွိတာေတာင္ ဟဟမရယ္နိုင္။
ရယ္စရာရွိတိုင္း သူ႕ဆီေရာက္လာသည့္
ဝိုင္းစက္ေနတဲ့ မ်က္ဝန္းေတြဆီက
ၾကည္လင္မႈေတြက လွိုင္းဆက္အတြက္
ရိုးရွင္းကာ သန႔္စင္လြန္းသည္။

လွိုင္းဆက္က ေဂးတစ္ေယာက္ပါ။
သူလက္ထပ္ထားတဲ့ ေယာက္်ားတစ္ေယာက္အေပၚ သူခ်ဳပ္ထိန္းေနရတာ ဘယ္လိုလုပ္
လြယ္ကူပါ့မလဲ။ ခ်စ္စိတ္ ပါလာတဲ့အခါ
ပိုၿပီးေတာ့ေတာင္ ထိန္းခ်ဳပ္ရ ခက္ေသးသည္။ လူတစ္ေယာက္ရဲ႕ စိတ္အားထက္သန္မႈက ေပါက္ကြဲခါနီး မီးေတာင္လိုျဖစ္သည္‌။
သို႔ေသာ္လွိုင္းဆက္က အၿမဲေစာင့္ထိန္းလာသူပီပီ သူျမတ္နိုးရတဲ့ ၿငိမ့္တည္အေပၚ ပိုၿပီးေတာ့ေတာင္ ေစာင့္ထိန္းခ်င္ေနေသးသည္။

သို႔ေသာ္ ကိုသွ်မ္းေျပာတာလည္း မမွား။
ၿငိမ့္တည္ကလည္း အေသြးႏွင့္အသားႏွင့္။
ေျဖးေျဖးခ်င္း သြားလို႔ရတဲ့ ကိစၥေတြဆိုေပမဲ့
အရင္က အေတြးထဲမရွိခဲ့တာကိုေတာ့
သူဝန္ခံရမည္။

အခုက စၿပီးေတာ့ စဥ္းစားစရာကိစၥေတြ
လွိုင္းဆက္အတြက္ တိုးလာၿပီထင္ပါရဲ႕...။

..........................................................

စာေရးသူ၏ အမွာစာ:
ကိုသွ်မ္းက ဘဲပစ္ခံထားရေပမဲ့ ဆရာႀကီးပါ
ခပ္ဆတ္ဆတ္ ကေလးေတြကို
ႀကိဳက္တတ္ရင္ခ်စ္နိုင္းေအာင္ ကိုလည္း သေဘာက်ၾကပါလိမ့္မယ္
ခ်စ္နိုင္းက ငဆိုးေလး ကန႔္လန႔္ေလးမို႔
ကိုသွ်မ္းတို႔အတြဲကိုလည္း
ေစာင့္ေပးၾကပါအုန္းလို႔ 😆❤️

Continue Reading

You'll Also Like

660K 37.7K 70
There is three description for this fiction. 1.Read the tags‼ 2.Read the tags‼ 3.Read the tags‼ Guys! Do not post or review my works in any media...
4.3M 364K 86
Marriage life ပါ။ မိသားစု ဒရမ်မာတွေလည်း ပါတယ်။ သေချာတာကတော့ အကြင်နာတွေပေးမဲ့ ဧရိယာအရပ်အဝန်းလေးပါပဲ။ (Started On_ 6/September/2021) / Marriage life ပ...
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
309K 17.3K 50
၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီး‌တွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သား‌...