Unicode
အား.....
Yg: sh*t နာလိုက်တာကွာ
ရှူး.....ရှူး...
Yg: ဘာလည်း...ငါ့ကိုဘာမှအသံလာမတိုးခိုင်းနဲ့။နာလို့အော်တာကွာ။ မကျေနပ် နားပိတ်ထား
Tt: host...host အပေါ်ကိုနည်းနည်းပါးပါးမော့ကြည့်ပါဦး
Yg: ဘာလည်း..အား❗❗❗မြေွ...မြွေကြီး
တကယ်တမ်းမြွေလို့သာအော်နေတာပါ။ ကြည့်ရတာမြွေလား၊ နဂါးလားလားတောင်မသဲကွဲဘူး။ ကျောက်စိမ်းရောင်မြွေကြီး။ ပတ္တမြားရောင်တောက်နေတဲ့ နီနီရဲရဲမျက်ဝန်းတွေက သူ့ကိုငုံ့ကြည့်နေသည်မှာ ကျက်သီးထစရာကောင်းလှသည်။
နောက်ဆုံး yg ထိုင်နေရာကမတ်တပ်ရပ်လိုက် ပြီး ခြေဦးတည့်ရာထပြေးတယ်။ပြေးသာပြေးနေရတာ ဝတ်ထားတဲ့ ဝတ်ရုံကြီးကြောင့် ရှေ့ကိုကောင်းကောင်းမရောက်။နောက်ကိုလှည့်ကြည့်တော့ မိမိနောက်ကထပ်ကြပ်မကွာလိုက်လာတဲ့ မြွေကြီး။နောက်ဆုံးဝတ်ထားတဲ့ဝတ်ရုံကို လက်နှစ်ဖက်နဲ့ဆွဲမပြီး အသားကုန်ပြေးမယ်ကြံကာရှိသေး ဘယ်သူထောင်ထားမှန်းမသိတဲ့ ထောက်ချောက်ထဲကျသွားပြီး သစ်ပင်ပေါ်မှာတွဲလောင်းကြီးဖြစ်နေသည်။
နောက်ကိုကြည့်လိုက်တော့ မြွေကြီးက သူ့ဆီကိုတရွေ့ရွေ့လှမ်းလာတယ်။
ရှူး...ရှူး
Yg: ထယ်ထယ်ရေ...ဒီတစ်ခါ ငါ mission failပြီနဲ့တူတယ်။ မင်းအချိန်ကို ဘယ်လိုတောင် ရွေးပြီးပို့တတ်ရတာလဲကွာ။
Tt: ဟီး..ဟီး..host အထက်ကခေါ်နေလို့ bye...bye
Yg: fu*k
ရှူး...ရှူး....
တဖြေးဖြေးနီးလာတဲ့မြွေကြီးက သူ့နားရောက်တာနဲ့ ပါးစပ်ကိုဟလိုက်သည်။
Yg မျက်လုံးတွေကို မှိတ်ချလိုက်ပေမယ့် ပါးပြင်ကိုလာထိတဲ့ ခပ်စိုစိုအထိအတွေ့ကြောင့် ဆက်ကနဲတုန်သွားပြီး မျက်လုံးကိုအလျင်အမြန်ဖွင့်ကြည့်လိုက်တယ်။မြွေကြီးက သူ့ကိုလျှာနဲ့ရပ်နေတာဖြစ်သည် ။ မဟုတ်မှ အရသာခံနေတာများလား။
" ပါးပါး...ပါးပါး.."
Yg: what the fu*k? ?
" ပါးပါး...
ပြောပြီး ygခြေထောက်နဲ့ညှိနေတဲ့ကြိုးကိုဆွဲဖြုတ်လိုက်တာကြောင့် မြေကြီးပေါ်ကို ခေါင်းနဲ့သွားကျသည်။
Yg: အ💢
ပြီးတာနဲ့ မြွေကြီးကသူ့ကို သူ့ခန္ဓာကိုယ်နဲ့ရစ်ပတ်လိုက်ပြီး သူ့အသိုက်ဆီကိုခေါ်သွားတယ်။
အခုဆိုရင် မြွေကြီးက အသိုက်ထဲမှာ သူ့ကိုအထပ်ထပ်ရစ်ပတ်ထားပြီး အိပ်မောကျနေပြီ။ yg မှာ ထလည်းမထရဲ၊ ကုန်ကုန်ပြောရရင်လှုပ်တောင်မလှုပ်ရဲချေ။
Yg: ထယ်ထယ်...ထယ်ထယ်....
Tt: he...he...😁😁 host
Yg: ငါ့ကို ဇာတ်ကြောင်းလေးပို့ပေးတော့လေ
Tt: ပို့လိုက်ပါပြီ။
ဒီကမ္ဘာက ကျင့်ကြံခြင်းနဲ့ဆိုင်တဲ့ ကမ္ဘာတစ်ခု။ပြောရရင် ပါရမီရင့်သန်ပြီး ကျင့်ကြံအားကောင်းမယ်ဆို အထက်ဘုံကိုအလွယ်လေးတက်လို့ရတယ်။ရိုးရိုးသာမန်လူတွေကတော့ ကျင့်ကြံနိုင်စွမ်းမရှိတာကြောင့် ကျင့်ကြံသူတွေကို လေးစားကြ၏။ ကျင့်ကြံခြင်းအဆင့်တွေမှာ
နတ်ဘုရားအဆင့်
ကောင်းကင်ဘုံအဆင့်
မြေကမ္ဘာအဆင့်
သာမန်အဆင့်
အောက်ဆုံးအဆင့်
ဆိုပြီးအဆင့်တွေခွဲထားသည်။ ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ကောင်းကင်ဘုံအဆင့်ဖြစ်ပြီး မကြာခင်နတ်ဘုရားအဆင့်တက်လှမ်းနိုင်တော့မယ့် ခွန်းလွန်တောင်ဆရာသခင် ကျန်းစုရှီ ။ ဇာတ်လိုက်မကတော့ အောက်ဆုံးအဆင့်က သာမန်နတ်ဆေးဆရာမလေး ဖန်ရှုရင် ပင်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံကတော့ တစ်နေ့ဇာတ်လိုက်ကျင့်ကြံနေရင်း ကျင့်ကြံရေးလမ်းစဥ်ဖောက်သွားပြီး ဒဏ်ရာရကာ မေ့လဲသွားတာကို ဇာတ်လိုက်မက ကယ်တင်ပြီးဆေးကုပေး။ ဇာတ်လိုက်ကြီးကကျေးဇူးတင် ဇာတ်လိုက်မကိုသူနဲ့အတူတောင်ပေါ်ကိုခေါ်သွား။ နောက်ဆုံးတစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေရှိပြီး နတ်ဘုရားအဆင့်ကို အတူတကွတက်လှမ်းသွားကြသည်။
Yg: ဇာတ်လမ်းက ဟာကွက်တွေအများကြီး။ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတောင်သူ့ဟာသူမကုနိုင်လို့မေ့လဲသွားတာကို။ဇာတ်လိုက်မက ဘယ်လိုကယ်တင်လိုက်တာလဲ။စဥ်းစားလို့တောင်မရဘူး။
" ပါး..ပါး..သားဗိုက်ဆာတယ် "
ရုတ်တရက်ထွက်လာတဲ့ အသံကြီးကြောင့် yoongi တုန်သွားသည်။
Yg: ဟေ့....ဟေ့ မင်းဘယ်သူ့ကိုပါးပါးလို့ခေါ်နေတာတုန်း။
" ပါးပါးကို ပါးပါးလို့ခေါ်တာလေ "
တကယ်တော့ yg ဒီမြွေပြောတဲ့စကားတွေအကုန်လုံးကိုအလိုလိုနားလည်နေသည်။
Yg: ပါးပါးလို့ ခေါ်ရအောင်မင်းကိုငါမွေးထားတာမလို့လား။
" ဟုတ်တယ်လေ "
Yg: ဘာ❗❗❗မဖြစ်နိုင်တာတွေမပြောနဲ့။
" အင့်..ပါးပါးက ဆိုးလိုက်တာ။ခမည်းတော်လာရင်တိုင်ပြောမယ်။ "
Yg: ဘာတွေလည်း...ထယ်ထယ် မင်းငါ့ကိုရှင်းပြသင့်ပြီထင်တယ်။
" အယ်...ပါးပါး....ပါးပါး...."
Yg စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုဆွဲဖွလိုက်သည်။
Yg: ကျစ်...ဘာတုန်း
" ပါးပါးအောက်မှာ....ညီငယ်လေးတွေထွက်လာတော့မယ် "
Yg ကယောင်ကတန်းနဲ့ အောက်ကိုငုံ့ကြည့်လိုက်တော့
Yg: ဟင်..
သူထိုင်ထားတဲ့အောက်မှာ အဖြူရောင်ဥလေးသုံးဥ။ခနနေတော့ ဥလေးတွေကလှုပ်လာပြီး တဖြည်းဖြည်းအက်ကွဲလာတယ်။ ကွဲအက်သွားတဲ့ဥလေးတွေထဲက ပတ္တမြားရောင်မျက်လုံးတွေနဲ့ မြွေပေါက်လေးသုံးကောင်။ အနက်ရောင်နှစ်ကောင်နဲ့ အစိမ်းရောင်တစ်ကောင်။
ထိုမြွေပေါက်စလေးတွေက သူ့အပေါ်ကိုတက်လာကြတယ်။ပြီးတာနဲ့
" အင့်...ပါးပါး...ပါးပါး..."
Yg: ဒါ....ဒါတွေက ငါ...ငါ..မွေးထားတာတဲ့လား။ဒီဥ...ဥ..တွေက မဟုတ်..မဟုတ်မှလွဲရော..ငါ....ငါ..ဥထားတာ...အား❗❗❗
Yg အတွေးတွေ ယောက်ယက်ခက်လာပြီးချက်ချင်းမူးလဲသွားသည်။
ထိုအခါ အစိမ်းရောင်မြွေကြီးကနေ ဆယ့်ခြောက်နှစ်သားကောင်လေးပုံစံပြောင်းသွားပြီး
" ပါးပါး.....ပါးပါး.....ထပါဦး။ ညီငယ်လေးတွေပေါက်ဖွားလာလို့ ဝမ်းသာလွန်းစို့သွားတာလား။ ပါးပါး...ပါးပါး..ခမည်းတော်လာရင် ကျွန်တော့်ကိုသတ်တော့မှာဘဲ။ ထပါဦးလို့..ပါးပါးရေ..."
-----♥♥♥♥♥♥♥♥♥♥♥♥'
Zawgyi
အား.....
Yg: sh*t နာလိုက္တာကြာ
ရႉး.....ရႉး...
Yg: ဘာလည်း..အား❗❗❗မြွေ...မြွေကြီး
ရှူး...ရှူး
Yg: fu*k
ရှူး...ရှူး....
" ပါးပါး...ပါးပါး.."
Yg: what the fu*k? ?
" ပါးပါး...
Yg: အ💢
Yg: ထယ်ထယ်...ထယ်ထယ်....
Tt: he...he...😁😁 host
Tt: ပို့လိုက်ပါပြီ။
နတ်ဘုရားအဆင့်
ကောင်းကင်ဘုံအဆင့်
မြေကမ္ဘာအဆင့်
သာမန်အဆင့်
အောက်ဆုံးအဆင့်
" ပါး..ပါး..သားဗိုက်ဆာတယ် "
" ဟုတ်တယ်လေ "
" အယ်...ပါးပါး....ပါးပါး...."
Yg: ကျစ်...ဘာတုန်း
Yg: ဟင်..
" အင့်...ပါးပါး...ပါးပါး..."