*ကျွန်တော် ကိုကိုတို့နဲ့ နေဝင်ချိန်ကို ကြည့်ချင်တယ်*
ဖျော့တော့စွာ ဆိုလာသည့် ဘမ့်ကြောင့် ရိပေါ်နှင့်ရှောင်းကျန့်တို့ နှစ်ယောက်စလုံး အလုပ်ကအစောပြန်ကာ ဘမ့်အား ဝင်ခေါ်ခဲ့၏။ ထို့နောက် ညနေနေဝင်ချိန်ကို အလှပဆုံး ကြည့်လို့ရမည့် ရှောင်းကျန့်ပိုင်သည့် ကမ်းခြေတစ်ခုအား ခေါ်ဆောင်လာခဲ့သည်။
ဖြူဖျော့စွာ ရိပေါ်လက်ကို ဆုပ်ကိုင်ထားသည် ဘမ်သည် ခေါင်းလေးကိုလဲ ရိပေါ်၏ပုခုံးအပေါ်သို့ ညင်သာစွာ မှီထား၏။ ရှောင်းကျန့် ကားမောင်းရင်းက အနောက်ကို လှည့်ကြည့်တော့ ရိပေါ်သည် မျက်လုံးအသာမှိတ်ပြကာ ကားကို ဂရုစိုက်မောင်းရန် အချက်ပြလိုက်သည်။
ဘမ့်အခြေအနေသည် တစ်နေ့တစ်ခြား ပိုပြီးဆိုးရွားလာသည်။ နိုင်ငံတကာ ပတ်ကုပေမယ့် နောက်ဆုံးအဆင့်ဟူသော သတ်မှတ်ချက်တွင် အားလုံး လက်လျော့ကုန်ကြ၏။
*ရိပေါ်ကော*
*ဟင်..အင်း ပြောလေ ဘမ်*
တိုးသဲ့စွာ ခေါ်လာသည့် ဘမ့်အသံကြောင့် ရိပေါ် ချက်ချင်း ထူးလိုက်သည်။ အရိုးသာ ကျန်တော့သည့် ဘမ့်၏ လက်သွယ်သွယ်လေးသည် ရိပေါ်၏ လက်ချောင်းလေးတွေအား ခပ်တင်းတင်း ဆုပ်ကိုင်ရင်း
*အရင်ကလေ ကျွန်တော် ရိပေါ်ကောကို အရမ်းကြည့်မရဖြစ်ခဲ့တယ်။ ကိုကို့အနားမှာ အချိန်အကြာကြီး ရှိခဲ့တဲ့သူ၊ ပြီးတော့ ကိုကို့စိတ်ဝင်စားမှုအားလုံးကို အပိုင်သိမ်းနိုင်ခဲ့လို့လေ အဟွတ်..*
*ချောင်းဆိုးနေရင် ခနနေမှ ပြောလေ ဘမ်နော်*
ဘမ် ခေါင်းအသာ ယမ်းလိုက်သည်။ ပြီးမှ ဆိုရင် သူ ဒီလောကကြီးထဲမှာ ရှိချင်မှရှိတော့မည်။ သူ ထွက်မသွားခင် ရိပေါ်ကောနှင့် ကိုကို့အား မှာစရာတွေ ရှိသေး၏။
*ပြီးတော့ ရိပေါ်ကောက ရယ်ရင်ရော၊ တည်ရင်ရော အရမ်းချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော့်မသိစိတ်ထဲက ရိပေါ်ကောကို ခင်နေခဲ့သေးတာ*
*အကိုကလဲ မင်းကို ညီလေးလို ချစ်ပါတယ် ဘမ်*
*ဒါပေမယ့်လေ ကျွန်တော်က မကောင်းဘူးသိလား။ ရိပေါ်ကောနဲ့ ကိုကို ကျွန်တော့်ေတာင်းဆိုမှုကြောင့် စိတ်ညစ်ခဲ့ကြရတယ်မလား*
ရိပေါ်ခေါင်းရမ်းကာ ဘမ့်၏ ပါးပြင်လေးအား ပွတ်သပ်လိုက်သည်။ ရှောင်းကျန့်ကတော့ ကားစတီယာရင်ကို တင်းကြပ်စွာ ကိုင်ထားပြီး မေးရိုးတွေတင်းနေအောင် အံကြိတ်ထားရင်း ငိုချင်စိတ်ကို တောင့်ခံနေလေသည်။
*အကိုက ဘာလို့စိတ်ညစ်ရမှာလဲ ဘမ်။ ဘမ့်ကြောင့်လေ အကိုတစ်ခါမှ စိတ်မညစ်ရဖူးပါဘူးကွာ*
*ရိပေါ်ကော ညာနေတာပါ။ ကျွန်တော်က ကိုကို့ကို ရိပေါ်ကောဆီကနေ လုဖို့ ကြံထားတဲ့ကောင်လေ*
ရိပေါ် မျက်ရည်တွေ ဝိုင်းလာသည်။ ဘာလို့ ဒီကောင်လေးက သူ့ကိုသူ အပြစ်ရှိသည်ဟု ထင်နေတာလဲ။ ကိုယ်ချစ်တဲ့သူကို အပိုင်လိုချင်တာ အပြစ်မှမဟုတ်ပဲလေ။
*ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ချင်တာ အပြစ်မဟုတ်ပါဘူး ဘမ်။ ဘမ် မမှားပါဘူး။ အကို့ ညီလေးက အရမ်းချစ်တတ်တာပါ*
ဘမ့်ဆီမှ ရယ်သံတိုးဖျော့ဖျော့လေး ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံသဲ့သဲ့တွင် နာကျင်မှုတွေရောထွေးယှက်နေလေ၏။
*ကိုကိုက ဘာလို့ ရိပေါ်ကောကို အရမ်းချစ်နေတာလဲ ကျွန်တော် သိလိုက်ပြီ*
မောဟိုက်သံ ပါလာသည့် ဘမ့်ကြောင့် ရိပေါ် စကားမပြောရန် တားပေမယ့် မရ။ ရှောင်းကျန့်ကတော့ ဘာမှဝင်မပြောပဲ မျက်ခမ်းစပ်တွေ ရဲနေသည်ကို ရိပေါ် မြင်နေရသည်။
*ရိပေါ်ကောက အရမ်းသဘောထား ပြည့်ဝလို့ပဲ။ ကျွန်တော်ထင်ထားတာထက် အများကြီး သဘောထား ပြည့်ဝတယ်။*
*ဘမ် မောနေမယ်လေကွာ*
ရိပေါ် တားယူပေမယ့် မရ။ ရှောင်းကျန့်ကတော့ မျက်ရည်တွေ ကျနေလေပြီ။
*ရိပေါ်ကောလိုလူကို ပစ်မှားမိလို့ ကျွန်တော် အခုလို ခံစားနေရတာထင်တယ်နော်။ အဲ့တာမို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ရမလား ရိပေါ်ကော*
ရိပေါ်ပင် မထိန်းနိုင်ပဲ ဘမ့်ခန္ဓာကိုယ်အား ထွေးဖက်ပစ်သည်။ အသက်ငယ်ငယ်ကောင်လေးက ဘယ်လောက်များ ရင့်ကျတ်နိုင်မှာမို့လို့လဲ။ လိုချင်တာကို ပူဆာမယ်။ မရ ရအောင် ယူမယ်။ လိုတရဘဝမှာ ကြီးပျင်းလာပြီး မရင့်ကျတ်သည့် ကလေးတစ်ယောက်မှာ ဘယ်လောက်များ တွေးခေါ်နိုင်စွမ်း ရှိမှာမို့လို့တဲ့လဲ။
ဒါတွေအားလုံးဟာ ဘမ့်၏ အပြစ်မဟုတ်။ ကလေးတစ်ယောက်၏ မရင့်ကျတ်သေးသည့် ဆုံးဖြတ်ချက်လေးတွေသာ ဖြစ်သည်။
*အကိုက မင်းကို ဘာလို့ ခွင့်မလွှတ်နိုင်ရမှာလဲ ဘမ်လေးရယ်။ အကို မင်းကို ခွင့်လွှတ်သလို..ချစ်လဲချစ်တယ် ဘမ်လေးရ*
ရိပေါ် အသံတွေက တုန်ယင်နေကာ ငိုချင်စိတ်ကို အတင်းထိန်းထားရသည်။ ကမ်းခြေလဲ ရောက်ပြီဖြစ်ကာ နေလဲ တစ်ဖြေးဖြေးဝင်နေပြီဖြစ်၍ ဘမ့်အား ပွေ့ချီကာ ကမ်းခြေတွင် ထိုင်စေလိုက်သည်။ ရိပေါ်နှင့်ရှောင်းကျန့်သည် ဘမ့်၏ တစ်ဖက်ဆီတွင် ဝင်ထိုင်ကာ ဘမ့်၏ လက်နှစ်ဖက်စလုံးသည် ရှောင်းကျန့်နှင့် ရိပေါ်၏ လက်အား ဆွဲကိုင်ထားသည်။
*ဘမ်..*
*ဘေဘီ*
ဘမ်သည် ရိပေါ်နှင့် ရှောင်းကျန့်၏ လက်နှစ်ဖက်အား ထပ်ပေးလိုက်၏။ မျက်နှာတွင်လဲ အပြုံးလှလှလေး တစ်ခု ခိုတွဲနေကာ
*အချိန်အကြာကြီး..ကျွန်တော်မရှိတော့ပေမယ့်လဲ အချိန်အကြာကြီး လက်တွဲသွားကြရမယ်နော်။ အမြဲ ပျော်ပျော်ရွှင်ရွှင်နေပြီး ကျွန်တော့်ကို သတိရပေးနေကြမယ် မလားဟင်*
*ဘမ်ရာ..*
ရိပေါ် မထိန်းနိုင်တော့ပဲ ဘမ့်လည်တိုင်လေးအား သိုင်းဖက်ပစ်သည်။ ဘမ်ကိုယ်တိုင်လဲ တစ်ဖြေးဖြေးကြောက်လာရသည်။ အရင်က ကိုကိုနဲ့ ဖေဖေ့ကိုသာ ခွဲခွာရမှာ ကြောက်ပေမယ့် အခုတော့ ရိပေါ်ကောဆီကပင် သူ ထွက်သွားရမှာ ကြောက်နေမိပြီ။
ရှိုက်သံတွေပင် ထွက်ကာ ငိုနေသည့် ရိပေါ်၏ ပါးပြင်လေးအား ဘမ်အသာအယာဖွဖွလေး ကိုင်ကာ
*မငိုပါနဲ့..ကိုကိုလဲ မငိုပါနဲ့။ ကိုကိုတို့နှစ်ယောက်ငိုရင် ကျွန်တော် ထွက်မသွားချင်တော့ဘူး။ ပြီးတော့ ထပ်ပြီး ကိုကိုတို့နှစ်ယောက်ကို ကျွန်တော့်ကြောင့် မျက်ရည်မကျစေချင်တော့ဘူး*
ဘမ့်၏ စကားသည် ထိရောက်၏။ ရိပေါ်ကောက မျက်ရည်တွေကို အသာဆွဲသုတ်ကာ ဘမ့်အား ဖက်ထားသည်။ ကိုကိုကလဲ အံကိုကြိတ်ထားကာ ဘမ့်လက်အား ခပ်တင်းတင်းကိုင်ထား၏။
*ညနေဆည်းဆာချိန်က အရမ်းလှတယ်နော်။ နောက်ဆို ကျွန်တော် ကိုကိုတို့နဲ့ အခုလို ကြည့်ခွင့်ရှိမှာ မဟုတ်တော့ဘူးနော်*
*ဘာစကားတွေလဲ ဘေဘီ။ ကိုကိုက နောက်နေ့တွေလဲ ဘေဘီကို လိုက်ပို့မှာပေါ့*
ဘမ် ယဲ့ယဲ့လေးပြုံးကာ ခေါင်းလေးသည် ရှောင်းကျန့်၏ ပုခုံးပေါ်သို့ အသာ မှီချလာလေသည်။ ပြီးနောက် မျက်လုံးတွေကို မှေးစက်ကာ
*ကျွန်တော် အိပ်ချင်နေပြီ ကိုကို*
*ကိုကို့ ပုခုံးပေါ် စိတ်ချလက်ချအိပ်ပါ ကိုကို့ညီလေးရယ်*
ဘမ် မျက်လုံးတွေကို ဖွဖွလေး မှိတ်လိုက်သည်နှင့် ကျဆင်းလာသည့် မျက်ရည်စီးကြောင်းလေးနှစ်ခု။ ထိုညနေက ကောင်လေးနှစ်ယောက်သည် အိပ်ပျော်သွားသည့် ဖြူဖျော့ဖျော့ကောင်လေးအား နေလုံးကြီး ဝင်သွားမှပင် နေရပ်ဆီသို့ ပြန်ခေါ်လာခဲ့ကြလေသည်။
________________________
*Lameက အလုပ်ထွက်မယ်*
ပေထင်ကောက အံ့ဩသလို အသံခပ်ကျယ်ကျယ် ထွက်လာ၏။ သူ ခေါင်းညိမ့်လိုက်သည်။ ရိပေါ်ကတော့ ဘာမှမပြောပဲ နှမြောသလိုသာ ကြည့်နေေလသည်။
*ကောက အလုပ်ထွက်ပါပြီတဲ့ ဘာလုပ်မှာလဲ*
*အကိုက ကုမ္ပဏီမှာ ဝင်လုပ်တော့မှာလေ ရိပေါ်။ ပြီးတော့ အကို ကော်ဖီဆိုင်သေးသေးလေးဖွင့်ဖို့လဲ စီစဉ်ထားသေးတယ်။ ဘယ်ကစလုပ်ဖြစ်မလဲတော့ မသိသေးဘူး*
*တစ်ခုခုအဆင်မပြေလို့လားဟင် ကော*
Lameခေါင်းရမ်းလိုက်ပေမယ့် သူ့ဆီမှာ အဆင်မပြေမှုတွေ ရှိနေသည်။ အဓိကက သူ ချွမ့်ဟွေးဆီက ထွက်ပြေးချင်သည်။ ချွမ့်ဟွေးရှေ့မှာဆို သူက ဘာကောင်မှ မဟုတ်သလို ခံစားရကာ ချွမ့်ဟွေး၏ အထင်သေးမှုတွေ ခံရသည်။
သူ ချွမ့်ဟွေး အနီးအနားတွင်လဲ မနေချင်တော့သလို ချွမ့်ဟွေးအား မြင်ပင် မမြင်ချင်တော့။
*အဆင်ပြေပါတယ် ရိပေါ်။ အကိုက ဒီတိုင်း ကိုယ်ပိုင်အလုပ်လေး လုပ်ချင်လို့လေ*
*အဲ့တာဆိုရင်တော့ Congratulationsနော် ကော။ ဝမ်းသာပါတယ်*
ရိပေါ် ကောကိုပြေးဖက်လိုက်သည်။ ချွမ့်ဟွေးနှင့် ကော၏ ပတ်သတ်မှုကို ရိပေါ် အနည်းငယ် ရိပ်မိနေ၍ ကော အလုပ်ထွက်ရခြင်းက ချွမ့်ဟွေးနှင့် ဆိုင်နေမည်ဆိုတာကိုလဲ သိသည်။
ဒီဆိုင်မှာ ကော မရှိလျှင် ရိပေါ်လဲ ပျော်တော့မည်မဟုတ်။ ပေထင်ကောနဲ့က အတူတူအလုပ်လဲမလုပ်ရသလို၊ အချိန်ပိုင်းတွေကလဲ မတူ။ ရိပေါ် ကောအား မထွက်စေချင်ပေမယ့် ကော၏ ကိုယ်ပိုင်လုပ်ငန်းအတွတ်ရော၊ အလုပ်အသစ်အတွတ်ပါ ဂုဏ်ယူ၏။
____________________
ရှောင်းကျန့် ရင်ခွင်ထဲက အဆိုးလေးသည် ရှောင်းကျန့်၏ လည်တိုင်အား သိုင်းဖက်ထားကာ ရှောင်းကျန့်ပြသည့် ပုံတွေအား ကြည့်နေ၏။ ဒီပုံတွေသည် ရှောင်းကျန့်နှင့် ရိပေါ် အတူနေဖို့ ဆောက်လုပ်ထားသည့် အိမ်လေးဖြစ်၏။
တောင်ပေါ်ဒေသအေးသည့်နေရာမလို့ အိမ်လေး၏ ခေါင်မိုးအနားတွင်နှင်းထုဖြူဖြူကို တွေ့နေရ၏။
*ဘယ်လိုလဲ ကြိုက်ရဲ့လား အဆိုးလေး*
*ကြိုက်တယ် အရောင်ရော၊ အပြင်အဆင်ရော*
ရိပေါ် တစ်ကယ်ကြိုက်မိခြင်းဖြစ်၏။ အရောင်က ကော်ဖီရောင်လေးဖြစ်ကာ ရှေ့တွင် ပန်းပင်အချို့ စိုက်ထားလေပြီ။ အိမ်ရှေ့တွင် ပေါ်တီကိုပါ ဆောက်လုပ်ထား၍ ဆိုင်ကယ်၊ ကား ကောင်းကောင်း ရပ်ထားလို့ရ၏။ အိမ်ရှေ့တွင်ဒန်းလေးတစ်ခုလဲ ဆောက်လုပ်ထားသေးသည်။
*အဆိုးလေးရဲ့ ကိုကိုက သိပ်တော်တာလေကွာ။ ဘယ်လိုလဲ တော်လွန်းလို့ ဆုမချချင်တော့ဘူးလား*
ရိပေါ်၏ မျက်နှာလေးအား နှာတံဖြင့်ဆွဲပွတ်ကာ ချော့မောလာသူကြောင့် ရိပေါ် နှာခေါင်းရှုံ့လိုက်သည်။ ရှောင်းကျန့်သည် တစ်နေ့တစ်ခြား တကယ့်ကို ငချွဲကောင် ဖြစ်နေပြီ။ ရိေပါ်အား တွေ့တိုင်းချွဲကာ သူကကလေးလား၊ ရှောင်းကျန့်က ကလေးလားပင် မသိတော့။
*ဘာဆုလိုချင်လို့လဲ*
ရိပေါ် သိသိရဲ့နှင့် မသိယောင်ဆောင်ကာ မေးလိုက်သည်။ ရိပေါ်ခါးတွေအား ခပ်တင်းတင်းဖက်ပြီး ပုခုံးပေါ် ခေါင်းမှီချလာသူသည် နှုတ်ခမ်းကိုလဲ အနည်းငယ် စူထားလေသည်။
*ဘာကြီးလဲ အဲ့တာက*
*Kiss..Kissလေကွာ*
ရိပေါ် ခေါင်းရမ်းကာ အသာရယ်ပြီး ရှောင်းကျန့်၏ နှုတ်ခမ်းအား ထိသည်ဆိုရုံလေး နမ်းလိုက်သည်။ ဖြတ်ခနဲ ပွင့်လာသည့် မျက်ဝန်းတွေက အလိုမကျမှန်း သိသာလေသည်။ ရိပေါ်ရယ်ကာ
*ဘယ်လို အနမ်းကြီးလဲ။ သေချာ နမ်းလေကွာ။ လျှာလေးပါ သုံး*
*အရှက်မရှိလိုက်တာ*
ရိပေါ် ရှုံ့မဲ့မဲ့လေး ပြောတော့ သွားဖြူတန်းလေးတွေပေါ်အောင် ရယ်ပြလာပြီး
*မသိဘူးကွာ..နမ်း*
ကလေးကြီးလို ဂျီကျနေ၍ ရိပေါ် ညစ်ချင်လာသည်။
*အဲ့တာဆို လက်တွေခနဖယ်ပေး*
*ဘာလုပ်မို့လဲ*
*မင်းလည်တိုင်ကို ဖက်ပြီး နမ်းမလို့လေ။ ဖယ်*
ရိပေါ်ပြောတာကို အတည်ထင်သွားသူသည် ရိပေါ်၏ ခါးအား ကြည်ကြည်ဖြူဖြူ လွှတ်ပေးလာလေသည်။ ပြီးနောက် မျက်လုံးတွေကို မှိတ်လိုက်၏။ ရိပေါ် ရီချင်စိတ်ကို ထိန်းကာ သူ့အပေါ်ကနေ ထပြီး သူ့လည်တိုင်အား သိုင်းဖက်ပြီး နှုတ်ခမ်းအား နမ်းရန် ထိကပ်ခါနီးဆဲဆဲတွင်
*ဘာလို့နမ်းရမှာလဲ..!*
သူ့နားနားကပ်ကာ ရိပေါ် အော်ခဲ့ပြီး အခန်းထဲကနေ အပြင်သို့ ထွက်ပြေးလိုက်သည်။ တံခါးနားကနေ အထဲကို လှမ်းကြည့်လိုက်တော့ အညာခံလိုက်ရ၍ မခံချိမခံသာ ဖြစ်နေသည့် ရှောင်းကျန့်မျက်နှာသည် ရယ်ချင်ဖွယ်အတိ။
*ညစ်ပတ်ထားနော်..ညကျမှ ကိုယ်နဲ့တွေ့မယ်*
ရိပေါ် လျှာထုတ်ပြလိုက်ကာ ပြောင်လိုက်၍ ရှောင်းကျန့် ဝုန်းခနဲ ထကာ ရိပေါ်နောက် ပြေးနောက်လေသည်။
ခနနေမှ ရိေပါ်ကို ဖမ်းမိ၍ အားရပါးရ နမ်းရှုံ့ပစ်သည်။
*အား..ဟား..ယားတယ်လို့*
*ပြောင်အုံးလေ..ကိုယ့်ကို ပြောင်အုံး*
*မလုပ်တော့ပါဘူး..အား..ဟား*
ရိပေါ်သည် တွန့်လိမ်ကာ ရှောင်းကျန့် လက်ထဲက ရုန်းထွက်ပေမယ့် ရှောင်းကျန့်သည် ခပ်တင်းတင်း ဖက်ကာ စနောက်နေဆဲပင်။ အောက်ထပ်က အိမ်အကူအားလုံးပင် အပေါ်ထပ်က ပျော်ရွှင်သည့် ရယ်သံကျယ်တွေကြောင့် လိုက်ပြုံးမိကြသည်အထိပင်။
__________________ဆက်ရန်________________
*ကၽြန္ေတာ္ ကိုကိုတို႔နဲ႔ ေနဝင္ခ်ိန္ကို ၾကည့္ခ်င္တယ္*
ေဖ်ာ့ေတာ့စြာ ဆိုလာသည့္ ဘမ့္ေၾကာင့္ ရိေပၚႏွင့္ေရွာင္းက်န႔္တို႔ ႏွစ္ေယာက္စလုံး အလုပ္ကအေစာျပန္ကာ ဘမ့္အား ဝင္ေခၚခဲ့၏။ ထို႔ေနာက္ ညေနေနဝင္ခ်ိန္ကို အလွပဆုံး ၾကည့္လို႔ရမည့္ ေရွာင္းက်န႔္ပိုင္သည့္ ကမ္းေျခတစ္ခုအား ေခၚေဆာင္လာခဲ့သည္။
ျဖဴေဖ်ာ့စြာ ရိေပၚလက္ကို ဆုပ္ကိုင္ထားသည္ ဘမ္သည္ ေခါင္းေလးကိုလဲ ရိေပၚ၏ပုခုံးအေပၚသို႔ ညင္သာစြာ မွီထား၏။ ေရွာင္းက်န႔္ ကားေမာင္းရင္းက အေနာက္ကို လွည့္ၾကည့္ေတာ့ ရိေပၚသည္ မ်က္လုံးအသာမွိတ္ျပကာ ကားကို ဂ႐ုစိုက္ေမာင္းရန္ အခ်က္ျပလိုက္သည္။
ဘမ့္အေျခအေနသည္ တစ္ေန႔တစ္ျခား ပိုၿပီးဆိုးရြားလာသည္။ နိုင္ငံတကာ ပတ္ကုေပမယ့္ ေနာက္ဆုံးအဆင့္ဟူေသာ သတ္မွတ္ခ်က္တြင္ အားလုံး လက္ေလ်ာ့ကုန္ၾက၏။
*ရိေပၚေကာ*
*ဟင္..အင္း ေျပာေလ ဘမ္*
တိုးသဲ့စြာ ေခၚလာသည့္ ဘမ့္အသံေၾကာင့္ ရိေပၚ ခ်က္ခ်င္း ထူးလိုက္သည္။ အရိုးသာ က်န္ေတာ့သည့္ ဘမ့္၏ လက္သြယ္သြယ္ေလးသည္ ရိေပၚ၏ လက္ေခ်ာင္းေလးေတြအား ခပ္တင္းတင္း ဆုပ္ကိုင္ရင္း
*အရင္ကေလ ကၽြန္ေတာ္ ရိေပၚေကာကို အရမ္းၾကည့္မရျဖစ္ခဲ့တယ္။ ကိုကို႔အနားမွာ အခ်ိန္အၾကာႀကီး ရွိခဲ့တဲ့သူ၊ ၿပီးေတာ့ ကိုကို႔စိတ္ဝင္စားမွုအားလုံးကို အပိုင္သိမ္းနိုင္ခဲ့လို႔ေလ အဟြတ္..*
*ေခ်ာင္းဆိုးေနရင္ ခနေနမွ ေျပာေလ ဘမ္ေနာ္*
ဘမ္ ေခါင္းအသာ ယမ္းလိုက္သည္။ ၿပီးမွ ဆိုရင္ သူ ဒီေလာကႀကီးထဲမွာ ရွိခ်င္မွရွိေတာ့မည္။ သူ ထြက္မသြားခင္ ရိေပၚေကာႏွင့္ ကိုကို႔အား မွာစရာေတြ ရွိေသး၏။
*ၿပီးေတာ့ ရိေပၚေကာက ရယ္ရင္ေရာ၊ တည္ရင္ေရာ အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔ ကၽြန္ေတာ့္မသိစိတ္ထဲက ရိေပၚေကာကို ခင္ေနခဲ့ေသးတာ*
*အကိုကလဲ မင္းကို ညီေလးလို ခ်စ္ပါတယ္ ဘမ္*
*ဒါေပမယ့္ေလ ကၽြန္ေတာ္က မေကာင္းဘူးသိလား။ ရိေပၚေကာနဲ႔ ကိုကို ကၽြန္ေတာ့္ေတာင္းဆိုမွုေၾကာင့္ စိတ္ညစ္ခဲ့ၾကရတယ္မလား*
ရိေပၚေခါင္းရမ္းကာ ဘမ့္၏ ပါးျပင္ေလးအား ပြတ္သပ္လိုက္သည္။ ေရွာင္းက်န႔္ကေတာ့ ကားစတီယာရင္ကို တင္းၾကပ္စြာ ကိုင္ထားၿပီး ေမးရိုးေတြတင္းေနေအာင္ အံႀကိတ္ထားရင္း ငိုခ်င္စိတ္ကို ေတာင့္ခံေနေလသည္။
*အကိုက ဘာလို႔စိတ္ညစ္ရမွာလဲ ဘမ္။ ဘမ့္ေၾကာင့္ေလ အကိုတစ္ခါမွ စိတ္မညစ္ရဖူးပါဘူးကြာ*
*ရိေပၚေကာ ညာေနတာပါ။ ကၽြန္ေတာ္က ကိုကို႔ကို ရိေပၚေကာဆီကေန လုဖို႔ ႀကံထားတဲ့ေကာင္ေလ*
ရိေပၚ မ်က္ရည္ေတြ ဝိုင္းလာသည္။ ဘာလို႔ ဒီေကာင္ေလးက သူ႔ကိုသူ အျပစ္ရွိသည္ဟု ထင္ေနတာလဲ။ ကိုယ္ခ်စ္တဲ့သူကို အပိုင္လိုခ်င္တာ အျပစ္မွမဟုတ္ပဲေလ။
*ကိုယ္ခ်စ္တဲ့လူကို ပိုင္ဆိုင္ခ်င္တာ အျပစ္မဟုတ္ပါဘူး ဘမ္။ ဘမ္ မမွားပါဘူး။ အကို႔ ညီေလးက အရမ္းခ်စ္တတ္တာပါ*
ဘမ့္ဆီမွ ရယ္သံတိုးေဖ်ာ့ေဖ်ာ့ေလး ထြက္ေပၚလာခဲ့သည္။ ထိုရယ္သံသဲ့သဲ့တြင္ နာက်င္မွုေတြေရာေထြးယွက္ေနေလ၏။
*ကိုကိုက ဘာလို႔ ရိေပၚေကာကို အရမ္းခ်စ္ေနတာလဲ ကၽြန္ေတာ္ သိလိုက္ၿပီ*
ေမာဟိုက္သံ ပါလာသည့္ ဘမ့္ေၾကာင့္ ရိေပၚ စကားမေျပာရန္ တားေပမယ့္ မရ။ ေရွာင္းက်န႔္ကေတာ့ ဘာမွဝင္မေျပာပဲ မ်က္ခမ္းစပ္ေတြ ရဲေနသည္ကို ရိေပၚ ျမင္ေနရသည္။
*ရိေပၚေကာက အရမ္းသေဘာထား ျပည့္ဝလို႔ပဲ။ ကၽြန္ေတာ္ထင္ထားတာထက္ အမ်ားႀကီး သေဘာထား ျပည့္ဝတယ္။*
*ဘမ္ ေမာေနမယ္ေလကြာ*
ရိေပၚ တားယူေပမယ့္ မရ။ ေရွာင္းက်န႔္ကေတာ့ မ်က္ရည္ေတြ က်ေနေလၿပီ။
*ရိေပၚေကာလိုလူကို ပစ္မွားမိလို႔ ကၽြန္ေတာ္ အခုလို ခံစားေနရတာထင္တယ္ေနာ္။ အဲ့တာမို႔ ကၽြန္ေတာ့္ကို ခြင့္လႊတ္ေပးလို႔ ရမလား ရိေပၚေကာ*
ရိေပၚပင္ မထိန္းနိုင္ပဲ ဘမ့္ခႏၶာကိုယ္အား ေထြးဖက္ပစ္သည္။ အသက္ငယ္ငယ္ေကာင္ေလးက ဘယ္ေလာက္မ်ား ရင့္က်တ္နိုင္မွာမို႔လို႔လဲ။ လိုခ်င္တာကို ပူဆာမယ္။ မရ ရေအာင္ ယူမယ္။ လိုတရဘဝမွာ ႀကီးပ်င္းလာၿပီး မရင့္က်တ္သည့္ ကေလးတစ္ေယာက္မွာ ဘယ္ေလာက္မ်ား ေတြးေခၚနိုင္စြမ္း ရွိမွာမို႔လို႔တဲ့လဲ။
ဒါေတြအားလုံးဟာ ဘမ့္၏ အျပစ္မဟုတ္။ ကေလးတစ္ေယာက္၏ မရင့္က်တ္ေသးသည့္ ဆုံးျဖတ္ခ်က္ေလးေတြသာ ျဖစ္သည္။
*အကိုက မင္းကို ဘာလို႔ ခြင့္မလႊတ္နိုင္ရမွာလဲ ဘမ္ေလးရယ္။ အကို မင္းကို ခြင့္လႊတ္သလို..ခ်စ္လဲခ်စ္တယ္ ဘမ္ေလးရ*
ရိေပၚ အသံေတြက တုန္ယင္ေနကာ ငိုခ်င္စိတ္ကို အတင္းထိန္းထားရသည္။ ကမ္းေျခလဲ ေရာက္ၿပီျဖစ္ကာ ေနလဲ တစ္ေျဖးေျဖးဝင္ေနၿပီျဖစ္၍ ဘမ့္အား ေပြ႕ခ်ီကာ ကမ္းေျခတြင္ ထိုင္ေစလိုက္သည္။ ရိေပၚႏွင့္ေရွာင္းက်န႔္သည္ ဘမ့္၏ တစ္ဖက္ဆီတြင္ ဝင္ထိုင္ကာ ဘမ့္၏ လက္ႏွစ္ဖက္စလုံးသည္ ေရွာင္းက်န႔္ႏွင့္ ရိေပၚ၏ လက္အား ဆြဲကိုင္ထားသည္။
*ဘမ္..*
*ေဘဘီ*
ဘမ္သည္ ရိေပၚႏွင့္ ေရွာင္းက်န႔္၏ လက္ႏွစ္ဖက္အား ထပ္ေပးလိုက္၏။ မ်က္ႏွာတြင္လဲ အျပဳံးလွလွေလး တစ္ခု ခိုတြဲေနကာ
*အခ်ိန္အၾကာႀကီး..ကၽြန္ေတာ္မရွိေတာ့ေပမယ့္လဲ အခ်ိန္အၾကာႀကီး လက္တြဲသြားၾကရမယ္ေနာ္။ အျမဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနၿပီး ကၽြန္ေတာ့္ကို သတိရေပးေနၾကမယ္ မလားဟင္*
*ဘမ္ရာ..*
ရိေပၚ မထိန္းနိုင္ေတာ့ပဲ ဘမ့္လည္တိုင္ေလးအား သိုင္းဖက္ပစ္သည္။ ဘမ္ကိုယ္တိုင္လဲ တစ္ေျဖးေျဖးေၾကာက္လာရသည္။ အရင္က ကိုကိုနဲ႔ ေဖေဖ့ကိုသာ ခြဲခြာရမွာ ေၾကာက္ေပမယ့္ အခုေတာ့ ရိေပၚေကာဆီကပင္ သူ ထြက္သြားရမွာ ေၾကာက္ေနမိၿပီ။
ရွိုက္သံေတြပင္ ထြက္ကာ ငိုေနသည့္ ရိေပၚ၏ ပါးျပင္ေလးအား ဘမ္အသာအယာဖြဖြေလး ကိုင္ကာ
*မငိုပါနဲ႔..ကိုကိုလဲ မငိုပါနဲ႔။ ကိုကိုတို႔ႏွစ္ေယာက္ငိုရင္ ကၽြန္ေတာ္ ထြက္မသြားခ်င္ေတာ့ဘူး။ ၿပီးေတာ့ ထပ္ၿပီး ကိုကိုတို႔ႏွစ္ေယာက္ကို ကၽြန္ေတာ့္ေၾကာင့္ မ်က္ရည္မက်ေစခ်င္ေတာ့ဘူး*
ဘမ့္၏ စကားသည္ ထိေရာက္၏။ ရိေပၚေကာက မ်က္ရည္ေတြကို အသာဆြဲသုတ္ကာ ဘမ့္အား ဖက္ထားသည္။ ကိုကိုကလဲ အံကိုႀကိတ္ထားကာ ဘမ့္လက္အား ခပ္တင္းတင္းကိုင္ထား၏။
*ညေနဆည္းဆာခ်ိန္က အရမ္းလွတယ္ေနာ္။ ေနာက္ဆို ကၽြန္ေတာ္ ကိုကိုတို႔နဲ႔ အခုလို ၾကည့္ခြင့္ရွိမွာ မဟုတ္ေတာ့ဘူးေနာ္*
*ဘာစကားေတြလဲ ေဘဘီ။ ကိုကိုက ေနာက္ေန႔ေတြလဲ ေဘဘီကို လိုက္ပို႔မွာေပါ့*
ဘမ္ ယဲ့ယဲ့ေလးျပဳံးကာ ေခါင္းေလးသည္ ေရွာင္းက်န႔္၏ ပုခုံးေပၚသို႔ အသာ မွီခ်လာေလသည္။ ၿပီးေနာက္ မ်က္လုံးေတြကို ေမွးစက္ကာ
*ကၽြန္ေတာ္ အိပ္ခ်င္ေနၿပီ ကိုကို*
*ကိုကို႔ ပုခုံးေပၚ စိတ္ခ်လက္ခ်အိပ္ပါ ကိုကို႔ညီေလးရယ္*
ဘမ္ မ်က္လုံးေတြကို ဖြဖြေလး မွိတ္လိုက္သည္ႏွင့္ က်ဆင္းလာသည့္ မ်က္ရည္စီးေၾကာင္းေလးႏွစ္ခု။ ထိုညေနက ေကာင္ေလးႏွစ္ေယာက္သည္ အိပ္ေပ်ာ္သြားသည့္ ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးအား ေနလုံးႀကီး ဝင္သြားမွပင္ ေနရပ္ဆီသို႔ ျပန္ေခၚလာခဲ့ၾကေလသည္။
________________________
*Lameက အလုပ္ထြက္မယ္*
ေပထင္ေကာက အံ့ဩသလို အသံခပ္က်ယ္က်ယ္ ထြက္လာ၏။ သူ ေခါင္းညိမ့္လိုက္သည္။ ရိေပၚကေတာ့ ဘာမွမေျပာပဲ ႏွေျမာသလိုသာ ၾကည့္ေနေလသည္။
*ေကာက အလုပ္ထြက္ပါၿပီတဲ့ ဘာလုပ္မွာလဲ*
*အကိုက ကုမၸဏီမွာ ဝင္လုပ္ေတာ့မွာေလ ရိေပၚ။ ၿပီးေတာ့ အကို ေကာ္ဖီဆိုင္ေသးေသးေလးဖြင့္ဖို႔လဲ စီစဥ္ထားေသးတယ္။ ဘယ္ကစလုပ္ျဖစ္မလဲေတာ့ မသိေသးဘူး*
*တစ္ခုခုအဆင္မေျပလို႔လားဟင္ ေကာ*
Lameေခါင္းရမ္းလိုက္ေပမယ့္ သူ႔ဆီမွာ အဆင္မေျပမွုေတြ ရွိေနသည္။ အဓိကက သူ ခၽြမ့္ေဟြးဆီက ထြက္ေျပးခ်င္သည္။ ခၽြမ့္ေဟြးေရွ႕မွာဆို သူက ဘာေကာင္မွ မဟုတ္သလို ခံစားရကာ ခၽြမ့္ေဟြး၏ အထင္ေသးမွုေတြ ခံရသည္။
သူ ခၽြမ့္ေဟြး အနီးအနားတြင္လဲ မေနခ်င္ေတာ့သလို ခၽြမ့္ေဟြးအား ျမင္ပင္ မျမင္ခ်င္ေတာ့။
*အဆင္ေျပပါတယ္ ရိေပၚ။ အကိုက ဒီတိုင္း ကိုယ္ပိုင္အလုပ္ေလး လုပ္ခ်င္လို႔ေလ*
*အဲ့တာဆိုရင္ေတာ့ Congratulationsေနာ္ ေကာ။ ဝမ္းသာပါတယ္*
ရိေပၚ ေကာကိုေျပးဖက္လိုက္သည္။ ခၽြမ့္ေဟြးႏွင့္ ေကာ၏ ပတ္သတ္မွုကို ရိေပၚ အနည္းငယ္ ရိပ္မိေန၍ ေကာ အလုပ္ထြက္ရျခင္းက ခၽြမ့္ေဟြးႏွင့္ ဆိုင္ေနမည္ဆိုတာကိုလဲ သိသည္။
ဒီဆိုင္မွာ ေကာ မရွိလၽွင္ ရိေပၚလဲ ေပ်ာ္ေတာ့မည္မဟုတ္။ ေပထင္ေကာနဲ႔က အတူတူအလုပ္လဲမလုပ္ရသလို၊ အခ်ိန္ပိုင္းေတြကလဲ မတူ။ ရိေပၚ ေကာအား မထြက္ေစခ်င္ေပမယ့္ ေကာ၏ ကိုယ္ပိုင္လုပ္ငန္းအတြတ္ေရာ၊ အလုပ္အသစ္အတြတ္ပါ ဂုဏ္ယူ၏။
____________________
ေရွာင္းက်န႔္ ရင္ခြင္ထဲက အဆိုးေလးသည္ ေရွာင္းက်န႔္၏ လည္တိုင္အား သိုင္းဖက္ထားကာ ေရွာင္းက်န႔္ျပသည့္ ပုံေတြအား ၾကည့္ေန၏။ ဒီပုံေတြသည္ ေရွာင္းက်န႔္ႏွင့္ ရိေပၚ အတူေနဖို႔ ေဆာက္လုပ္ထားသည့္ အိမ္ေလးျဖစ္၏။
ေတာင္ေပၚေဒသေအးသည့္ေနရာမလို႔ အိမ္ေလး၏ ေခါင္မိုးအနားတြင္ႏွင္းထုျဖဴျဖဴကို ေတြ႕ေနရ၏။
*ဘယ္လိုလဲ ႀကိဳက္ရဲ့လား အဆိုးေလး*
*ႀကိဳက္တယ္ အေရာင္ေရာ၊ အျပင္အဆင္ေရာ*
ရိေပၚ တစ္ကယ္ႀကိဳက္မိျခင္းျဖစ္၏။ အေရာင္က ေကာ္ဖီေရာင္ေလးျဖစ္ကာ ေရွ႕တြင္ ပန္းပင္အခ်ိဳ႕ စိုက္ထားေလၿပီ။ အိမ္ေရွ႕တြင္ ေပၚတီကိုပါ ေဆာက္လုပ္ထား၍ ဆိုင္ကယ္၊ ကား ေကာင္းေကာင္း ရပ္ထားလို႔ရ၏။ အိမ္ေရွ႕တြင္ဒန္းေလးတစ္ခုလဲ ေဆာက္လုပ္ထားေသးသည္။
*အဆိုးေလးရဲ့ ကိုကိုက သိပ္ေတာ္တာေလကြာ။ ဘယ္လိုလဲ ေတာ္လြန္းလို႔ ဆုမခ်ခ်င္ေတာ့ဘူးလား*
ရိေပၚ၏ မ်က္ႏွာေလးအား ႏွာတံျဖင့္ဆြဲပြတ္ကာ ေခ်ာ့ေမာလာသူေၾကာင့္ ရိေပၚ ႏွာေခါင္းရွုံ႔လိုက္သည္။ ေရွာင္းက်န႔္သည္ တစ္ေန႔တစ္ျခား တကယ့္ကို ငခၽြဲေကာင္ ျဖစ္ေနၿပီ။ ရိေပၚအား ေတြ႕တိုင္းခၽြဲကာ သူကကေလးလား၊ ေရွာင္းက်န႔္က ကေလးလားပင္ မသိေတာ့။
*ဘာဆုလိုခ်င္လို႔လဲ*
ရိေပၚ သိသိရဲ့ႏွင့္ မသိေယာင္ေဆာင္ကာ ေမးလိုက္သည္။ ရိေပၚခါးေတြအား ခပ္တင္းတင္းဖက္ၿပီး ပုခုံးေပၚ ေခါင္းမွီခ်လာသူသည္ ႏွုတ္ခမ္းကိုလဲ အနည္းငယ္ စူထားေလသည္။
*ဘာႀကီးလဲ အဲ့တာက*
*Kiss..Kissေလကြာ*
ရိေပၚ ေခါင္းရမ္းကာ အသာရယ္ၿပီး ေရွာင္းက်န႔္၏ ႏွုတ္ခမ္းအား ထိသည္ဆို႐ုံေလး နမ္းလိုက္သည္။ ျဖတ္ခနဲ ပြင့္လာသည့္ မ်က္ဝန္းေတြက အလိုမက်မွန္း သိသာေလသည္။ ရိေပၚရယ္ကာ
*ဘယ္လို အနမ္းႀကီးလဲ။ ေသခ်ာ နမ္းေလကြာ။ လၽွာေလးပါ သုံး*
*အရွက္မရွိလိုက္တာ*
ရိေပၚ ရွုံ႔မဲ့မဲ့ေလး ေျပာေတာ့ သြားျဖဴတန္းေလးေတြေပၚေအာင္ ရယ္ျပလာၿပီး
*မသိဘူးကြာ..နမ္း*
ကေလးႀကီးလို ဂ်ီက်ေန၍ ရိေပၚ ညစ္ခ်င္လာသည္။
*အဲ့တာဆို လက္ေတြခနဖယ္ေပး*
*ဘာလုပ္မို႔လဲ*
*မင္းလည္တိုင္ကို ဖက္ၿပီး နမ္းမလို႔ေလ။ ဖယ္*
ရိေပၚေျပာတာကို အတည္ထင္သြားသူသည္ ရိေပၚ၏ ခါးအား ၾကည္ၾကည္ျဖဴျဖဴ လႊတ္ေပးလာေလသည္။ ၿပီးေနာက္ မ်က္လုံးေတြကို မွိတ္လိုက္၏။ ရိေပၚ ရီခ်င္စိတ္ကို ထိန္းကာ သူ႔အေပၚကေန ထၿပီး သူ႔လည္တိုင္အား သိုင္းဖက္ၿပီး ႏွုတ္ခမ္းအား နမ္းရန္ ထိကပ္ခါနီးဆဲဆဲတြင္
*ဘာလို႔နမ္းရမွာလဲ..!*
သူ႔နားနားကပ္ကာ ရိေပၚ ေအာ္ခဲ့ၿပီး အခန္းထဲကေန အျပင္သို႔ ထြက္ေျပးလိုက္သည္။ တံခါးနားကေန အထဲကို လွမ္းၾကည့္လိုက္ေတာ့ အညာခံလိုက္ရ၍ မခံခ်ိမခံသာ ျဖစ္ေနသည့္ ေရွာင္းက်န႔္မ်က္ႏွာသည္ ရယ္ခ်င္ဖြယ္အတိ။
*ညစ္ပတ္ထားေနာ္..ညက်မွ ကိုယ္နဲ႔ေတြ႕မယ္*
ရိေပၚ လၽွာထုတ္ျပလိုက္ကာ ေျပာင္လိုက္၍ ေရွာင္းက်န႔္ ဝုန္းခနဲ ထကာ ရိေပၚေနာက္ ေျပးေနာက္ေလသည္။
ခနေနမွ ရိေပၚကို ဖမ္းမိ၍ အားရပါးရ နမ္းရွုံ႔ပစ္သည္။
*အား..ဟား..ယားတယ္လို႔*
*ေျပာင္အုံးေလ..ကိုယ့္ကို ေျပာင္အုံး*
*မလုပ္ေတာ့ပါဘူး..အား..ဟား*
ရိေပၚသည္ တြန႔္လိမ္ကာ ေရွာင္းက်န႔္ လက္ထဲက ႐ုန္းထြက္ေပမယ့္ ေရွာင္းက်န႔္သည္ ခပ္တင္းတင္း ဖက္ကာ စေနာက္ေနဆဲပင္။ ေအာက္ထပ္က အိမ္အကူအားလုံးပင္ အေပၚထပ္က ေပ်ာ္ရႊင္သည့္ ရယ္သံက်ယ္ေတြေၾကာင့္ လိုက္ျပဳံးမိၾကသည္အထိပင္။
__________________ဆက္ရန္________________