Clarity || Minsung FF||

De ReddyBombax

18.3K 2.3K 497

Warning: This story is not as simple as you think. Read at your own risk cos' it might leave you dizzy. I d... Mais

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 (Part 2) / SPIN-OFF1
Clarity ရှင်းတမ်း
Spin-Off2// All About The Daddy's Admirer

Chapter 23 // FINAL

943 103 46
De ReddyBombax

"ဂုဏ်ပြုပါတယ် သားငယ်​ရေ"

"ဝူဟူး....​စာဆိုတဲ့ဘွား​တော်ကြီးနဲ့ တစ်သက်လုံးပြန်ဆုံစရာမလို​တော့ဘူး"

"​ကျောင်းကို​တော့ လွမ်း​နေ​တော့မှာပဲ"

ဆူညံပွက်​လောရိုက်​နေ​​​သော အသံများကြားမှ ကွက်ကျား ကြား​နေရ​​သော စကားသံအချို့။

လွမ်း​ဆွေး​​​ဆွေးခံစားချက်နှင့် ဝမ်း​မြောက်ဝမ်းသာဂုဏ်ယူရခြင်းတို့​ပေါင်းစည်းထားသည့် အရိပ်အ​ငွေ့လွှမ်းခြုံရင်း အပြုံးကိုယ်စီကိုဆင်မြန်းထား​၍ ​ကျောင်းသားဘဝ၏​နောက်ဆုံး​​နေ့ကို ​ဖြတ်သန်း​နေကြ​​သော ​ကျောင်းသားများ၊ သားသမီးများ၏ ဘဝအချိုးအ​ကွေ့တစ်ခုကို မျက်မြင်​တွေ့ရခြင်း​ကြောင့် ပီတိမျက်ရည်​ဝေ​နေကြ​သော မိဘများ၊ စ​နောက်​ပျော်ရွှင်​နေကြ​သော သူငယ်ချင်း​ဆွေမျိုး​မောင်နှမများနှင့် တက္ကသိုလ်၏ဘွဲ့နှင်းသဘင်မှာ စည်ကား​လို့​နေပါ၏။

"Hyun ဘက်နည်းနည်းကပ်ဦး"

ကင်မရာတစ်လုံးကိုကိုင်၍ အမှတ်တရတို့ကို လိုက်လံသိမ်းဆည်း​နေသည့် Seungmin ၏ညွှန်ကြားချက်အတိုင်း Jisung ​ဘေးဘက်သို့ ​​ရွှေ့ရပ်လိုက်သည်။

"မင်းကလည်း...ရယ်ပါဦးကွာ"

Seungmin ၏ ဤတစ်ခါ ညွှန်ကြားမှုမှာ​တော့ Jisung အလျင်အမြန်လိုက်လုပ်ရန်ခက်ခဲသည်။ တွန့်ဆုတ်နေသော  Jisung ကိုကြည့်၍ Hyunjin နှင့် Felix တို့၏မျက်နှာပေါ်မှ အပြုံးတို့ဟာလည်း မှေးမှိန်လို့လာပါ၏။

"ကဲ...ကဲ နောက်ဆုံးတစ်ပုံပဲ။"

Seungmin ဓာတ်ပုံရိုက်ခြင်းကိုအလျင်အမြန်လက်စသတ်လိုက်ကာ သူရိုက်ထားသော ဓာတ်ပုံများကို ပြန်ပြရင်း အာရုံလွှဲရန်ကြိုးစားပါသော်လည်း လွယ်လွယ်ကူကူမ​အောင်မြင်။ Jisung မှာ မှိုင်မြဲမှိုင်ဆဲ။

"Jisung..."

Felix သူ၏ ​ကျောပြင်ကို ခပ်ဖွဖွပုတ်ရင်း သူ့အနားသို့ ကပ်သွား​တော့ မအီမသာပြုံးပြ၍ စီးကျလာ​​သော မျက်ရည်စီး​​ကြောင်းကို အမြန်သုတ်ဖယ်ပစ်သည်။

ဘွဲ့ဝတ်စုံဝတ်ဆင်ထား​​သော Hyunjin ၏ရင်ခွင်ထဲ နစ်မြုပ်​နေ​​သည့် Seungmin သည်လည်း Jisung ၏ပုံစံကိုကြည့်၍ ခပ်တိုးတိုးသက်ပြင်းတစ်ချက်ချသည်။

"ဒီလို​နေ့မျိုးမှာ မငိုပါနဲ့ Sungie ရာ"

Seungmin ယူလာ​ပေး​​​သော ခရမ်း​ရောင်ပန်းစည်းကို ​ခုံ​ပေါ်တွင်တင်လိုက်ရင်း Felix ​ပြော​​သည့်စကားကို ​​ခေါင်းငြိမ့်ပြသည်။

"Sorry ကွာ ငါ့​ကြောင့် မင်းတို့ပါမ​ပျော်ရ​တော့ဘူး"

"မဟုတ်တာ..."

​အပြုံးပန်းတို့​ဝေဆာ​နေ​​သော ဘွဲ့နှင်းသဘင်​ကျောင်းဝန်းကြီးထဲ သူတို့​လေး​ယောက်သားတစ်ဝိုက်တွင်သာ ဤမိုး​လေဝသအ​ခြေအ​နေဖြစ်​နေရခြင်းမှာ အခြားအ​ကြောင်းပြချက်မဖြစ်နိုင်။ Jisung ဤ​နေရာတွင်ရှိ​နေ​စေလို​သော လူတစ်ဦးရှိမ​နေနိုင်ခြင်း​ကြောင့်သာ။

"Congratulations ပါ Junior ​လေးတို့​ရေ..."

သူတို့အနီးသို့ အ​ပြေးအလွှားခုန်​ပေါက်ဝင်​ရောက်လာ​​သော ရင်းနှီး​နေသည့် မျက်နှာများကို မြင်လိုက်ရချိန်၌မူ Jisung  ၏ မျက်နှာ​ပေါ် ရွှင်ပျမှုအနည်းငယ် ဖြတ်​​ပြေးသွားသည်။

"ဂုဏ်ပြုပါတယ် Jisungie"

"​ကျေးဇူးတင်ပါတယ် Hyung"

ယူလာ​သော ပန်းစည်းကို​ကမ်း​ပေး၌ သူ့အားဝမ်းသာအားရဆွဲဖက်ကာ ​ပြောလာ​​သော Chan ​အပြင် အတူပါလာ​သော Changbin နှင့် Jeongin ကိုပါ​ပွေ့ဖက်၍ နှုတ်ဆက်လိုက်သည်။

"Hyung တို့ကလည်း...​နောက်ကျလိုက်တာ။ Seungmin ​တောင်အ​စောကြီး​ရောက်​နေတာ"

Felix ၏ ဆူပုတ်ပုတ်အဓွန့်တက်စကားကို Changbin ကသူ့​ဘေးရပ်​နေ​​သော Jeongin အ​ပေါ်သို့ အပြစ်ပုံချကာ ​ဖြေရှင်းသည်။

"ဒီ​ကောင်​ပေါ့။ သူလည်းလိုက်မယ်၊ အချိန်ပိုင်းအလုပ်ပြီးတဲ့အထိ​စောင့်​နေ​ပေးဆိုလို့ ​​စောင့်​နေရတာ။"

Hyunjin မှာ Jeongin ၏​ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ရင်းသူ၏တပည့်​ဟောင်းဖြစ်သူအ​ပေါ် စွဲ​နေသည့်အကျင့်တို့ကို မ​ဖျောက်ဖျက်နိုင်စွာ ဆုံးမ​လေဟန်​ပြောသည်။

"အချိန်ပိုင်းအလုပ်​​တွေပဲ ဇွတ်​လုပ်​မ​နေနဲ့။ Project ​တွေလုပ်ရဦးမယ်မဟုတ်လား။ ​နောက်နှစ် ဘွဲ့ယူဖြစ်​အောင်ယူရမယ်​နော်။"

"ဟုတ်ကဲ့ပါဗျာ။ သိပါတယ်။ Seungmin Hyung ပြန်​ရောက်​နေတာ ကြာပြီလား။"

"မ​နေ့ကပြန်​ရောက်တာ။ သူဘွဲ့ယူတာကို ​သေချာ​ပေါက်လာကြည့်ရမယ်ဆိုလို့​လေ၊ အမြန်​ပြန်​ပြေးလာရတာ"

အထက်တန်း​ကျောင်းပြီးချိန်တွင် ဓါတ်ပုံပညာကိုသင်ယူ၍ ကမ္ဘာအနှံ့ ခရီး​သွားကာ အလုပ်လုပ်​နေ​သော Seungmin မှာ ချစ်သူအတွက်အချိန်​ပေးရန်လည်း မ​မေ့​လျော့။ Hyunjin က သူ၏ချစ်သူအတွက် ဂုဏ်ယူ​လေဟန် ပြုံးဖြီးဖြီးမျက်နှာ​ပေးဖြင့် တင်းကြပ်​နေ​အောင် ​ပွေ့ဖက်ပြ​လေ​တော့ Jeongin နှင့် Changbin မှာ မျက်​စောင်းထိုး၍ ​အော့အန်ချင်​လေဟန် ပြုသည်။

"မင်းတို့ မိဘ​တွေ​ရော?"

"ပြန်သွားကြပြီ။"

Chan ၏ ​မေးခွန်းကို Hyunjin က Felix အတွက်ပါ ကိုယ်စား​ဖြေ​ပေးသည်။

"ဦး​လေး​တို့နှစ်​ယောက်​ရော...ပြန်မလာ​ဘူးလား"

Chan ဆက်၍ တွန့်တွန့်ဆုတ်ဆုတ်​မေးလိုက်သည့်​မေးခွန်းကို Jisung က ​ခေါင်းခါပြ၏။

"ဟိုမှာတက်​နေတဲ့ပြဿနာက ပစ်ထားခဲ့လို့မရလို့။"

Busan ဆိုင်ခွဲတွင် ဖြစ်​နေ​သော ပြဿနာကို ကိုယ်တိုင်ကိုယ်ကျ​​ဖြေရှင်းရမည်ဖြစ်​သည်ကြောင့် သားဖြစ်သူဘွဲ့ယူမည့်​နေ့တွင်ရှိ​မ​နေနိုင်သည့် အ​ဖေနှင့် Jisung တက္ကသိုလ်စတက်သည့်အချိန်မှစ၍ အ​​ဖေ့၏ အတွင်း​ရေးမှးသဖွယ် အလုပ်လုပ်​နေရသဖြင့် လိုက်ပါသွားရ​သော ဦး​လေးကို Jisung အပြစ်မတင်မိ။

"စိတ်မ​ကောင်းမဖြစ်ပါနဲ့။ Hyung တို့အားလုံးရှိ​နေတာပဲ။ ဘွဲ့ယူတဲ့​​နေ့​​လေး​ပျော်​ပျော်​နေ​လေ​နော်။"

"ကိုသာ ရှိ​နေရင် သိပ်​ကောင်းမှာပဲ"

Jisung ၏​ငေး​ငေးငိုင်ငိုင် ညည်းညူစကားကိုကြားရ​တော့ Chan တို့အားလုံးမှာ တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ကာ သက်ပြင်းချသူချကုန်ကြသည်။

"ကဲ..ကဲ။ အားလုံး​ပျော်သွား​အောင် Hyung ကဒီည ညစာလိုက်​​ကျွေးမယ်"

Chan ၏ ​ကြွေး​ကြော်စကားကိုကြားရချိန် လက်ခုပ်လက်ဝါးထတီး၍ ​ပျော်​နေကြသူများထဲ Chan ၏​နောက်ဆက်တွဲစကား​ကြောင့် Changbin မှာ​တော့ မပါဝင်နိုင်။

"Changbin card နဲ့..."

"မင်း..."

"ဘာလဲ...မ​ကျွေးချင်ဘူးလား။ အိမ်မှာ Chandelier ​တောင်ရှိတဲ့သူ​ဌေးသား​လေးအစား ငါလို လခစား​​လေးက ဝယ်​ကျွေးရမှာလား။ က​လေး​တွေကို ဝယ်​​ကျွေးပြီး ​ပေး​ပျော်လိုက်ပါ Seo Changbin ရာ..."

Chan ၏ ချည်ပြီးတုပ်ပြီး​ပြော​​သောစကားကို အငယ်​တစ်သိုက်၏ မျက်လုံးများဆုံရာတွင်ရပ်​နေသည့် Changbin မှာ မငြင်းဆန်နိုင်ခဲ့။

"​အေး...​အေးပါကွာ။ ဝယ်​ကျွေးပါ့မယ်။"

"ကျွန်​တော် မလိုက်လို့ဖြစ်မလား။"

သူ့အား အားမလိုအားမရဖြစ်​လေဟန် ဝိုင်းကြည့်လာကြ​သော်လည်း Jisung မှာ​တော့ ထိုစကားအတွက် ​နောင်တရဟန်၊ စိတ်​ပြောင်းလိုဟန်အရိပ်အ​ယောင်မရှိ။

"အိမ်မှာလူလည်းရှိတာမဟုတ်ဘဲနဲ့ လိုက်ခဲ့တာမဟုတ်ဘူး"

"ငါပင်ပန်း​နေလို့ နားချင်​နေပြီ။"

"အဲ့ဒါဆိုလည်း ​Hyung တို့ပဲသွားကြ​တာ​​​​ပေါ့။ ညစာ​တော့ ​​သေချာ​ပေါက် တစ်ခုခုစားရမယ်​နော် Jisungie..."

သူ့စိတ်အ​နေအထားကို နားလည်​ပေးသည့် Chan က ဝင်​​ပြော၍ မှာကြားသည်ကို ကတိပြု​​လေဟန် Jisung ​ခေါင်းငြိမ့်ပြလိုက်သည်။

ကားအသီးသီး​ပေါ်သို့ လိုက်ပါစီးနင်းသွားကြသည့် သူငယ်ချင်းများကို Jisung နှုတ်ဆက်လိုက်ပြီး​နောက် ​နေရာတကျရပ်ထားသည့် သူ့ကိုယ်ပိုင် အပြာ​နု​ရောင် စက်ဘီး​က​လေး​ပေါ်သို့ တက်ကာ Le Bonhuer ခြံကြီးရှိရာဆီသို့ ဦးတည်လာခဲ့ပါ၏။

"ယုံကြည်ချက်ရှိရမယ်​လေ အချစ်။ ရဲရဲတင်းတင်းနဲ့ ဒီခုံ​ပေါ်မှာ​​သေချာထိုင်ပြီး ​​ခြေနင်းကို ​​သေချာ​လေးနင်း။ ​ကြောက်​နေလို့မဖြစ်ဘူး။ ပြုတ်မကျ​အောင်ကိုယ်ထိန်းထား​ပေးမယ်။"

ထိုညွှန်ကြားချက်စကားကို နှလုံးမူလိုက်​ချိန် ​နောက်ခုံတွင်တက်စီးရန်ပင် တစ်သက်လုံး​ကြောက်ရွံ့​နေခဲ့​သော စက်ဘီးကို ​​ဖြောင့်​ဖြာင့်ဖြူးဖြူးစီးနင်းတတ်ခဲ့သည်။ စက်ဘီးစီးသည့်အချိန်တိုင်းလည်း သူ့​နောက်မှလိုက်ထိန်း​ပေးခဲ့ဖူးသူအား ထူးထူးခြားခြားအလွမ်းပိုရပါ​သေးသည်။

ရင်ဘတ်ထဲမှစူးနင့်လာ​သော အနာတရကို ခပ်တိုးတိုးညည်း​နေ​သော သီချင်းသံဖြင့်ဖုံးအုပ်ထားလိုက်မိပါ၏။

"ပြန်​ရောက်ပါပြီ။"

ကြိုဆို​နေမည့်အိမ်သားမရှိပါ​သော်ငြား အထီးကျန်မ​နေပါဟု ကိုယ့်စိ​တ်ကိုကိုယ် လိမ်ညာနိုင်မည့် Placebo effect ရလိုရငြား ​အော်ဟစ်​ရေရွတ်လိုက်သည်။

ဘွဲ့ဝတ်စုံနှင့်လွယ်အိတ်တို့အား ပစ်ချထားလိုက်ကာ ​ရေခဲ​သေတ္တာထဲမှ ဘီယာနှစ်ဘူးကိုယူ၍ အခန်းရှိရာသို့ တစ်ဆက်တည်း​လျှောက်သွားဖြစ်၏။

"ကို့ကိုလွမ်းလိုက်တာ။ ဒီအချိန်ဆို နတ်သမီး​လေး​​တွေ၊ နတ်သား​ချော​ချော​​လေး​တွေနဲ့​တွေ့​နေ​လောက်လား။"

ဘီယာအရှိန်ရီ​ဝေ​ဝေ​ကြောင့် စီးကျလာ​သော မျက်ရည်ကို လွတ်လပ်ခွင့်​ပေးထားလိုက်ကာ လှဲအိပ်ချရင်း မတိုးမကျယ် ညည်းညူမိသည်။

​ခေတ္တမျှအကြာတွင်​တော့ သူကိုယ်တိုင် အိပ်မက်ကမ္ဘာထဲ၌ ခင်မင်စရာ​ကောင်း​သော နတ်သား၊ နတ်သမီးက​လေးများနှင့်​တွေ့ဆုံရသည်မို့ Minho အား လွမ်း​သောအလွမ်းများ ​လျော့ကျသွားပါ​တော့၏။

......................................................

"မဖြစ်ဘူး!!!!"

နတ်သား၊ နတ်သမီးများနှင့်​တွေ့ဆုံအပြီး စာ​မေးပွဲခန်းထဲတွင် ​လေ့လာထားခြင်းမရှိ​​သော သင်္ချာ​စာ​မေးပွဲ​​မေးခွန်းကိုကိုင်ထားရသည့် ကိုယ့်ကိုကိုယ်မြင်ရချိန်တွင်​တော့ အိပ်​နေရာမှ ကမူးရှူးထိုး​အော်ကာ Jisung ထထိုင်လိုက်မိသည်။

ကုတင်​ဘေးရှိ နာရီကို ​ဝေ​ဝေ​ဝါးဝါးလှမ်းကြည့်လိုက်​တော့ မနက်ကိုးနာရီခွဲခန့်အချိန်ကို ညွှန်ပြလျက်ရှိ၏။ မျက်လုံးနှစ်ဖက်ကို လက်ဖဝါးဖြင့် ခပ်ဖွဖွပွတ်သပ်လိုက်ပြီး​နောက် နှာဖျားကိုလာ​ရောက်ကျီစယ်​နေ​သော ဟင်းရနံ့သင်းသင်းကို ခံစားလိုက်ရချိန်တွင် အာရုံကိုစုစည်းလျက် ကုတင်​ပေါ်မှထရန်ပြင်သည်။

ထိုအခါမှ သူညက အိပ်​ပျော်သွားခဲ့​သော ကုတင်​အောက်ဘက်​ခြေရင်းတွင်မဟုတ်ဘဲ ကုတင်​ပေါ်တွင်​နေရာတကျ နိုးထလာခဲ့ခြင်းဖြစ်​ကြောင်း သတိထားလိုက်မိသည်။ ကုတင်​အောက်တွင် ပြန့်ကျဲ​နေခဲ့​​သော ဘီယာဘူးခွံများလည်းရှိမ​နေ​တော့။

သူ​သေ​သေချာချာ​စေ့ပိတ်ထားခဲ့​သော ပြတင်းတံခါးမှာလည်း လစ်ဟ​နေကာ ​နေ​ရောင်ခြည်စအချို့ အခန်းတွင်း၌ဖြာကျလျက်ရှိ​နေသည်။

အခန်းမှအလျင်အမြန်​ပြေးထွက်သွားကာ အိမ်​အောက်မီးဖိုခန်းတွင်းသို့ ​ရောက်ရှိချိန်မှာ​တော့ မှင်သက်ဖွယ်မြင်ကွင်းတစ်ခုက  ဆီးကြိုသည်။

အဖြူ​ရောင် ရှပ်ပွပွတစ်ထည်ကို လက်ဇကအထိ​ခေါက်တင်ဝတ်ဆင်ထားကာ ဟင်းတစ်အိုးဖြင့်အလုပ်ရှုပ်​နေသူ။

ဟင်းအိုးမှ ​ရေ​ငွေ့များက သူတပ်ဆင်ထား​သော ​​ရွှေအို​ရောင်မျက်မှန်တွင် လာရိုက်​နေပါ​​သော်လည်း အ​နှောင့်အယှက်အဖြစ်မခံဘဲ ဟင်းအမယ်ကိုသာ အာရုံစိုက်​နေသူ။

​လွန်ခဲ့​သော နာရီပိုင်း​လောက်က သပ်သပ်ရပ်ရပ်ဖီးသင်ထားခံခဲ့ရလိမ့်မည်ဟုသတ်မှတ်ရ​သော ဆံပင်စအချို့က ထိုသူ၏ နဖူး​ပေါ်သို့ ဝဲကျ​နေသည်။

ဤမျှ​​ငေး​မောချင်စရာ​ကောင်းလှ​သော မြင်ကွင်း၏အရှင်သခင်မှာ အခြားသူမဟုတ်၊ သူ​​စောင့်စား​နေခဲ့ရပါ​​သော သူ၏ချစ်လှစွာ​သော အသည်းအသက် Lee Minho သာ။

"နိုးလာပြီလား အချစ်။"

အပြုံးတစ်ခုနှင့်အတူ သူ့အားကြိုဆိုနှုတ်ဆက်လိုက်ကာ သူ၏ခါးကိုလာ​ရောက်​ပွေ့ဖက်၍ မျက်နှာပင်မသစ်ရ​သေး​​သော ပါးတစ်ဖက်အား ​မွှေးကြူလာသူကို မျက်​တောင်မခတ် အံ့သြတကြီး​ငေးစိုက်ကြည့်​နေမိသည်။

"မျက်နှာသွားသစ်​​ချေ။ မနက်စာစားကြရ​အောင်။ ကိုယ်ဗိုက်ဆာ​နေတာ အူလှိမ့်​နေပြီ။ အချစ်မနိုး​သေးလို့ ဟင်းပွဲပြင်​ရင်း​​စောင့်​နေတာ။"

အ​ရှေ့ခုနစ်အိမ်၊ အ​နောက်ခုနစ်အိမ်၊ ​လက်ဝဲခုနစ်အိမ်၊ လက်ယာခုနစ်အိမ်မှ မိသားစုဝင်များအား ဧည့်ခံရန်လုံ​လောက်သည့် ဟင်းပွဲအပြင်အဆင်ကိုကြည့်၍ အမှန်တကယ်ပင် ဖိတ်ကြားလိုက်သင့်​လေသလားဟု​တွေး​နေမိသည်။

"အချစ်! ဘာရပ်လုပ်​နေတာလဲ။"

သူမည်သည့်စကားမှပြန်မ​ပြောနိုင်မီ Minho မှာ အစာ​တောင်း​သော​ကြောင်ငယ်သဖွယ်မျက်နှာကို ​အောက်ချ၍သူ့အနီးသို့ ချဥ်းကပ်လာသည်။

"မ​နေ့က ကိုယ်ပြန်မလာနိုင်လို့ ကိုယ့်ကိုစိတ်​ကောက်​နေ​တာလား။"

နှစ်ပတ်ခန့်မျှ ခံစားခဲ့ရသည့်အလွမ်းသင့်ခံစားချက် ရုတ်တရက်ဖြတ်ချခံလိုက်ရခြင်း​ကြောင့် မည်သည့်စကားဆိုရမည်မှန်းမသိဘဲ ​ကြက်​သေ​သေ​နေခဲ့​​သော သူ့ကို Minho အထင်အမြင်လွဲမှားသွားဟန်တူသည်။

"ကိုယ်​တောင်းပန်ပါတယ် အချစ်ရယ်၊ ကိုယ်တကယ်အမှီပြန်လာချင်တာကို မြို့​တော်ဝန်က ပွဲ​နောက်ဆုံး​နေ့မှာလည်း ကိုယ့်လက်ရာပဲစားချင်တယ်ဆိုပြီး​ပြောလာ​တော့ ​ရှောင်ထွက်လာဖို့မဖြစ်နိုင်လို့ပါ။"

Seoul မြို့၌ကျင်းပ​သော သံတမန်​ရေးရာ​ဆွေး​နွေးပွဲတစ်ခုတွင် အစားအ​သောက်ပိုင်းဆိုင်ရာကို တာဝန်ယူရန် Han Younghyun စီစဥ်ထားခဲ့​​သော်လည်း ထို​နေ့တွင်ပင် Busan ဆိုင်ခွဲပြဿနာ​ပေါ်​ပေါက်လာခဲ့ခြင်း​ကြောင့် ယုံကြည်စိတ်ချရ​သော သူ့လက်ထွက်စားဖိုမှူး​ကောင်းတစ်​ယောက်ဖြစ်သည့် သားမက်အ​လောင်းအလျာအား ​​စေလွှတ်ခဲ့​လေ၏။ ​ဆွေး​နွေးပွဲ​နောက်ဆုံး​နေ့နှင့် Jisung ဘွဲ့ယူသည့်​နေ့ တစ်ထပ်တည်းကျ​​နေသည်​ကြောင့် Minho ပြန်လာနိုင်ရန်ကြိုးစားပါ​သော်လည်း အ​​ခြေ​အ​နေများက ထိုကဲ့သို့ဖြစ်ခဲ့သည်။

"ကိုယ့်ချစ်သူရဲ့ အ​ရေးကြီးတဲ့​နေ့တစ်​နေ့မှာ ဘေးနားမရှိနိုင်ခဲ့လို့ ကိုယ်လည်းအရမ်းဝမ်းနည်းတာပဲ။ ဒါ​ပေမဲ့ စိတ်မဆိုးပါနဲ့အချစ်ရယ်။"

"မဆို..."

"ဆိုးချင်လည်း​ဆိုး​​ပေါ့​လေ က​လေးကို​ချော့ဖို့ ကိုယ် က​လေးကြိုက်တဲ့ဟင်း​တွေအားလုံးကိုလည်း ချက်​ပေးထားတယ်။ လက်​ဆောင်​တွေအများကြီးလည်းဝယ်လာတာမို့ တစ်​နေကုန်ထိုင်​ချော့​မယ်​​လေ​နော်။"

Jisung သူ့ကိုစိတ်မဆိုးပါ။ ခုနစ်နှစ်တာမျှကာလအတွင်း တစ်ရက်မ​တွေ့ရမ​နေနိုင်​အောင် ဖြစ်ခဲ့ရသည့်သူမို့ နှစ်ပတ်တာ အလွမ်းဒဏ်ကို အလူးအလဲခံစားရရုံမှလွဲ မည်သူ့ကိုမှအပြစ်မတင်မိပါ။ ထိုအ​​ခြေအ​နေများကို ကြိုမြင်ခဲ့သဖြင့် Minho နှင့်ခွဲ​နေတတ်ရန် ​လေ့ကျင့်လို​သော ဆန္ဒကို Minho ကဖျက်ယဖျက်လုပ်ခဲ့သည်ကို​တော့ သုညဒသမသုညသုညတစ်ရာခိုင်နှုန်းမျှ စိတ်ဆိုးမိပါသည်။

သူ၏စိတ်အ​ခြေအ​နေကို မသိပါဘဲ အတင်းကာ​ရော ​ချော့​မော့ချင်​နေပါ​သော Minho ​ကြောင့် သူ့စိတ်ထဲမှမ​ကောင်းဆိုးဝါးတို့နိုးထလာရကာ စ​နောက်ချင်စိတ်တို့ ​မွေးဖွားလာ​လေပြီ။

သူ့ခါး​ပေါ်မှလက်တစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲဖြုတ်လိုက်၍ တင်းကြပ်​နေ​အောင်ဆုပ်ကိုင်ကာ ဧည့်ခန်းရှိရာဆီသို့ ဆွဲ​ဆောင့်​ခေါ်လာလိုက်သည်။ သူ့​နောက်သို့အူ​ကြောင်​ကြောင်အ​နေအထားဖြင့်လိုက်ပါလာခဲ့ရ​သော Minho မှာ မီးဖိုခလုတ်ကို လှမ်းပိတ်ခဲ့ရန်လည်းမ​မေ့မ​လျော့။

"အ...​နေ..​နေဦး​လေ Jisungie.."

ဆိုဖာ​ပေါ်တွင် သက်​​​တောင့်သက်သာမရှိလှ​သောအ​နေအထားဖြင့် ထိုင်​စေလိုက်ကာ သူအ​​​နေအထားမ​ပြောင်းလိုက်နိုင်ခင်မှာပင် သူ့​​ခြေ​ထောက်နှစ်ဖက်အားခွထိုင်၍ အုပ်မိုးလိုက်​တော့ အ​ယောင်​ယောင်အမှားမှားနှင့် တားသည်။

"စိတ်ဆိုးတယ်၊ စိတ်ဆိုး​အောင်လုပ်ခဲ့တဲ့အတွက် အပြစ်လည်း​ပေးရမယ်။"

"ဘ..ဘယ်လိုအပြစ်​ပေးမှာလဲ။"

"ဘယ်လို​ပေးမယ်ထင်လဲ။"

ရှပ်အဖြူ၏ အ​ပေါ်ဆုံးကြယ်သီးကို ဆွဲဖြုတ်လိုက်ကာ​မေး​တော့ Minho ၏မျက်ဝန်းများထဲ စိုးရိမ်စိတ်အချို့က အလည်လာသည်။

"မ​​နေ့က လမ်းကြုံလို့ အရုပ်ဆိုင်တစ်ဆိုင်လည်းဝင်ခဲ့​သေးတယ်။"

"အရုပ်..အရုပ်ဆိုင်?"

"အင်း...ဘာအရုပ်​တွေဝယ်လာတယ်ထင်လဲ.."

"ဘ..ဘာအရုပ်​တွေလဲ။"

"အနက်​ရောင်အရုပ်​တွေ​လေ။ လည်ပတ်...သံကြိုး...လက်ထိပ်...ကြာပွတ်...တုန်ခါ​နေတဲ့အရုပ်...."

Minho ၏လည်ဂုတ်တစ်​လျှောက်​​ထောင်ထသွား​သော ကြက်သီး​မွှေးညင်းအချို့ကို မြင်ရချိန်တွင်​တော့ Jisung ရယ်ချင်စိတ်ကို အတင်းအဓမ္မထိန်းချုပ်​နေရသည်။

နီရဲရဲနှုတ်ခမ်းလွှာနှစ်ခုကို တမင်တကာခပ်ကြမ်းကြမ်းဖိနမ်းလိုက်ပြီး ​အောက်နှုတ်ခမ်းသားကို ကိုက်ဆွဲ​တော့ Minho ကသူ့ပုခုံးနှစ်ဖက်မှအသာအယာဆွဲဖယ်သည်။

"​နေ..​နေပါဦး Jisungie ရဲ့"

"ဘာလို့​နေရမှာလဲ။ ခင်ဗျားကျွန်​တော့်ကို​ပြောထားတာ အချိန်မ​တိုင်​သေးရင် ဘာမှမလုပ်ဘူးလို့ပဲ​ပြောထားတာ​​လေ။ အခုက ​အချိန်တိုင်ပြီး လွန်​တောင်လွန်​တော့မယ်၊ လုပ်လို့ရပြီမလား။"

Jisung ၏​ပြောစကား​ကြောင့် Minho ခပ်ဟဟပြုံးရယ်၍ ​မေးခွန်းထုတ်လာသည်အထိ သူ၏ ကိုယ်တိုင်ဒါရိုက်တာ ကိုယ်တိုင်သရုပ်​ဆောင် ဇာတ်ကွက်ကို ရုတ်သိမ်းလိုက်ရန်စိတ်မကူးမိ။

"​သေချာပြီလား အချစ်။"

"အင်း..​​သေချာတယ်။"

Jisung ရဲရဲတင်းတင်းနှင့် အ​ဖြေပြန်​ပေး​တော့ တစ်ချိန်လုံးအားပြတ်ကာ သူပြုသမျှနု​နေခဲ့​​သော Minho ကသူ့ခန္ဓါကိုယ်အား လက်တစ်ဖက်တည်းနှင့် ဆိုဖာ​ပေါ်တွန်းလှဲပစ်၍ အုပ်မိုးလာ​လေသည်။

သူ့နှုတ်ခမ်းတို့အား အငမ်းမရ ဆုပ်ယူနမ်းရှိုက်ပြီး​နောက် လည်ပင်းသားတစ်​လျှောက် ငုံ​ထွေးခဲကိုက်လာ​လေ​တော့ Jisung မှာ သား​ကောင်အမှတ်နှင့် သူစ​နောက်ခဲ့မိ​သော ယုန်ဖြူက​​လေးမှာ အမှန်စင်စစ် သူ့အားအမဲဖြတ်မည့် ဝံပု​လွေတစ်​ကောင်ဖြစ်​နေ​ကြောင်း သိလိုက်သည်။

သူဝတ်ဆင်ထား​သော အပြာ​ရောင် တီရှပ်​အောက်သို့ လက်တစ်ဖက်က ဝင်​ရောက်ကျူး​ကျော်ကာ သူ့ဗိုက်သားတစ်​လျှောက် အသာအယာပွတ်သပ်​နေ​လေ​တော့ Jisung နှုတ်မှ ဟခနဲတစ်ချက်ညည်းညူလိုက်မိသည်။

ထိုနယ်ချဲ့ဖက်ဆစ်​ကောင် လက်တစ်ဖက်က သူ၏ခန္ဓါကိုယ်​အောက်ပိုင်းကို ကျီစယ်ရန် ဇာတ်လမ်းစလာ​တော့ အလျင်အမြန်လှမ်းတားလိုက်သည်။

"​နေ..​နေပါဦး။"

"ဘာဖြစ်လို့လဲ။ အခုန​လေးတင် ကိုယ့်ကိုယ်​ပေါ်မှာ အကြမ်းပတမ်းကုတ်တွယ်ပြီး ရန်စ​နေတဲ့ ရှဥ့်​ပေါက်​လေးမှ ဟုတ်ရဲ့လား၊ ဘယ်မှာလဲ၊ ကိုယ့်ကို​ပေးမယ့်အပြစ်ဒဏ်။"

"အဲ့..အဲ့ဒါခင်ဗျားကို ​နောက်​နေတာ။ မ​နေ့ကမလာလို့ စိတ်လည်းမဆိုးဘူး။ အပြစ်လည်းမ​ပေးဘူး။ မနက်စာစားရ​​အောင်။"

​နေရာမှ​ရှောင်​ပြေးရန်ကြံ​နေ​သော Jisung ကို လက်​ကောက်ဝတ်မှ ပြန်ဖမ်းဆွဲထားကာ သူ့ခန္ဒါအားဖိကပ်ထား​လေ​တော့ Jisung ၏ဝမ်းဗိုက်ထဲလိပ်ပြာများပင် ထပျံ​နေ​လေပြီ။

"အများကြီးလွမ်း​နေတာ။ လွမ်းလွန်းလို့ ညဘက်​တွေဆို အိပ်လို့​တောင်မ​ပျော်ဘူး။"

သူ၏မျက်ဝန်းများထဲ ရီ​ဝေ​ဝေစိုက်ကြည့်ကာ ဆိုလာ​တော့ စကားကို Jisung နှာ​ခေါင်းတွန့်လိုက်မိသည်။ 'အိပ်မက်ထဲ နတ်သား​တွေ၊နတ်သမီး​တွေနဲ့​ပျော်​နေမယ့်သူကများ' ဟုလည်း စိတ်ပါးစပ်က ​ရေရွတ်လိုက်ပါ၏။

"ကျွန်​တော်လည်းလွမ်း​နေတာ။"

"အဲ့ဒါဆို ကိုယ့်ကိုဒီ​နေ့ မင်းနဲ့တစ်သားတည်းဖြစ်ခွင့်​ပေးမလား"

စကားပုလ္လင်ပင်မခံဘဲ ရုတ်တရက်​တောင်းဆိုလာ​​သော စကားမှာ Jisung ရင်ဘတ်ထဲမှ အ​ကောင်ငယ်အား အ​လောတကြီးထခုန်​စေသည်။

"ရုတ်တရက်ကြီး..."

"နှစ်​ပေါင်းများစွာ ကိုယ်ထိန်းလာခဲ့တဲ့ဆန္ဒက မင်းရဲ့​စ​နောက်စကား​တွေ​ကြောင့် လွတ်ထွက်သွားပြီ။ တာဝန်ယူမှဖြစ်မယ်ထင်တယ်။"

ထိုစကားအချို့ကပင် Jisung အားရှက်​သွေးဖြာ​စေပြီး အလွန်တရာဆွဲ​ဆောင်​​နေ​လေ​တော့ ခက်လှပါ​ချေရဲ့။

"ကိုယ့်ကို...ခွင့်ပြုမယ်မလားဟင်။"

သူ၏နားဖျားသို့ ကပ်ကာ ​ပြောလာသည့်အချိန် သူကိုယ်တိုင်ပင်မသိဘဲ ​ခေါင်းငြိမ့်လိုက်မိ​တော့ Minho ကသူ၏ ထင်း​နေ​သော ​မေးရိုးကိုစူးခနဲနာသွားသည်အထိကိုက်ပစ်သည်။ အာဒန်အ​မွေ​ပေးထားခဲ့​သော သူ့လည်ပင်းမှ စားလက်စပန်းသီးကိုလည်း ခပ်ဖွဖွကိုက်ရင်း နမ်းသည်။

သူ၏ဆံပင်အုံထဲသို့ နှာ​ခေါင်းဖြင့်​မွှေ​နှောက်နမ်းရှိုက်​နေရင်းမှ အပြာ​ရောင်တီရှပ်အား သူ့ကိုယ်​ပေါ်မှ အငြိုးအ​တေးရှိရန်သူပမာ ဆွဲဖယ်ပစ်သည်။

သူသည်လည်း Minho ကိုယ်​ပေါ်မှ apron အနက်​ရောင်ကိုဖယ်ကာ ​ရှပ်အင်္ကျီ၏ကြယ်သီးများကို အလျင်စလိုဆွဲဖြုတ်​နေမိသည်။

လစ်ဟာသွား​သော ကိုယ်ခန္ဒါ​ပေါ်မှ ရင်ဘတ်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သားတို့အား မက်မက်​မော​မော နမ်းရှိုက်​နေရင်းမှ သူ၏လက်တစ်ဖက်က မရည်ရွယ်ပါဘဲ Minho ၏ခါး​ဘေးရှိ ဓါးဒဏ်ရာအမာရွတ်တစ်ခုကို သွားထိမိချိန်မှာ​တော့ နှစ်ဦးလုံးမတိုင်ပင်ဘဲ ရပ်တန့်လိုက်မိသည်။

သူ့အား ငုံ့ကြည့်​နေ​သော မျက်နှာနုနုအား တစ်ချက်ကြည့်လိုက်ပြီး​နောက် ထိုအမာရွတ်​ပေါ်သို့ အနမ်းတစ်ပွင့်​​ချွေလိုက်သည်။

"ကိုမာဝင်​နေတဲ့နှစ်ရက်ပြီး နိုးလာ​တော့ဘယ်သူ့ကို ပထမဆုံးသတိရလဲ။"

Jisung ရုတ်တရက်​မေးလိုက်သည့်​မေးခွန်း​ကြောင့် Minho ၏မျက်ခုံးနှစ်ဖက်ပင့်တက်သွားရကာ ခပ်ဟဟရယ်သည်။

"ထပ်ပြီး ဒီ​မေးခွန်းပဲလား။"

"ခင်ဗျားမှ အ​ဖြေအတိအကျမ​ပေး​​​သေးတာ။"

"​ကောင်းပါပြီဗျာ။ ​ဖြေပါ့မယ်။"

"အင်း...​​ဖြေ။"

"ကိစ္စပြီးမှ ​ဖြေမှာ​​ပေါ့။ ကိုယ့်ကို ဒီလိုတို့လို့တန်းလန်းထားထားလို့မရဘူး​လေ။"

ဤသို့ဖြင့် Jisung ထပ်၍အချိန်ဆွဲထားနိုင်စွမ်းကင်းမဲ့စွာ ချစ်သူသက်တမ်းတစ်​လျှောက် ဖြတ်​ကျော်ခဲ့ခြင်းမရှိ​သော နယ်နိမိတ်အား ပထမဆုံးအကြိမ်ရင်ဆိုင်ကြသည့်ပွဲ ပထမပိုင်းအား အိမ်​ရှေ့ခန်းဆိုဖာ​ပေါ်နှင့် ဒုတိယပိုင်းအား အိမ်​ပေါ်ထပ် Jisung ၏အခန်းထဲတွင်ဆင်နွှဲရန်ဖြစ်လာ​တော့သည်။

....................................................

"အ..."

မနက်စာမှ ပြန်အပူ​ပေးထား​သော ည​နေစာအဖြစ်သို့ သဏ္ဠာန်​ပြောင်းသွားရသည့် ဟင်းပွဲများကို အားရပါးရစားပြီး​နောက် ပန်းကန်​ဆေး​နေ​​သော Minho ​ဘေးတွင်ရပ်​နေရာမှ ခါးကိုကိုင်ကာ ခပ်တိုးတိုးညည်းညူလာ​သော Jisung။

Minho နှုတ်ခမ်းလှုပ်ရုံမျှတစ်ချက်ပြုံးလိုက်ကာ လက်အိတ်များကိုချွတ်လိုက်ပြီး Jisung ကို​ခေါ်၍ ခုံတွင်ထိုင်​​စေသည်။

​ဆေး​သေတ္တာကို အ​ပြေးက​​လေးယူ၍ ခါးတွင် ပလာစတာတစ်ခုကပ်​ပေး​နေရင်းမှ အနည်းငယ်လည်း ဆူပူပါ​​​သေး၏။

"နာမှာစိုးလို့ ကိုယ်ဒီ​လောက် ဂရုတစိုက်ထားတာ​တောင် အိပ်ရာကနိုးလာ​တော့ ကုတင်​​​ပေါ်က ပြုတ်ကျဖြစ်​​အောင်ကျလိုက်​သေးတယ်​နော်။"

ပင်ပင်ပန်းပန်းအိပ်​ပျော်သွားပြီး မျက်လုံးနှစ်လုံးပြန်ပွင့်လာချိန်တွင် သူ၏​ဘေး၌ အ​ပေါ်ပိုင်းဗလာဖြင့် အိပ်​​မောကျ​နေ​သော Minho မှာ သူ့အတွက် အန္တရာယ်များလွန်းလှသဖြင့်ထ​ပြေးရန်ကြံရာမှ ပြုတ်ကျရခြင်းဖြစ်သည်ကိုသူသာသိသည်မို့ မချိပြုံးက​လေးသာ ပြုံး​နေလိုက်ရသည်။

"အခု​ဖြေ​ပေး.."

"ဟင်? ဘာကိုလဲ။"

"ဘယ်သူ့ကို ပထမဆုံးသတိရတာလဲလို့။"

Minho မှာ ကြိတ်၍ပြုံးလိုက်ပြီး​နောက် သူ့အား ​ရွေးချယ်မှုတစ်ခုပြုလုပ်​စေသည်။

"အမှန်အတိုင်း​ပြောရမလား။ စိတ်ချမ်းသာ​အောင်လိမ်​ပြောရမလား။"

Jisung နှုတ်ခမ်းတို့ မသိမသာဆူထွက်လာကာ ငိုမဲ့မဲ့ဖြစ်လာ​​တော့ Minho ရယ်လျက်နှင့် သူ၏​ဘေးတွင်ဝင်ထိုင်ကာ သူ့အား​ရင်ခွင်ထဲထည့်၍ ​ပွေ့ဖက်ထား​လေ၏။

"ပထမဆုံး Oh Dae Jung ကို​တွေးမိတယ်။ သူဘယ်လိုအ​နေအထားရှိ​နေမလဲလို့​ပေါ့။"

Minho ၏ အ​ဖြေအတွက် Jisung စိတ်မဆိုးမိ။ သတိလစ်​မေ့​မျောသွားစဥ်က Minho ၏မြင်ကွင်းထဲ​နောက်ဆုံးရှိ​နေခဲ့သူမို့ သတိလည်လာချိန်တွင် ပထမဆုံး​တွေးမိသည်မှာလည်း မထူးဆန်း။

"သူဆုံးသွားပြီဆိုတာ ကြား​တော့ အရမ်းလန့်သွားမှာ​​​ပေါ့။"

"သတ်​သေသွားလိမ့်မယ်လို့​တော့ မထင်ခဲ့မိတာအမှန်ပဲ။"

"​သူ​ကောင်းရာမွန်ရာမှာရှိ​နေမယ်လို့ထင်လား ကို။"

Jisung ၏အ​မေးစကားက Minho အား သက်ပြင်းတစ်ချက်ချလိုက်​မိ​စေသည်။

"​မျှော်လင့်ပါတယ်။ နစ်နာသူ​တွေ​ကျေနပ်တဲ့အထိ အပြစ်​ကြွေး​တွေဆပ်ပြီးတဲ့အချိန် ​နေရာ​ကောင်းတစ်ခုကို ​ရောက်သွားပါ​စေလို့​မျှော်လင့်တယ်။"

...................................................

"Happy Birthday to you
Happy Birthday to you
Happy Birthday Dear Lee Minho
Happy Birthday........to you"

လက်ခုပ်လက်ဝါးတီးကာ သံပြိုင်​အော်ဆို​ကြ​သော သီချင်းသံအဆုံး Felix ကိုယ်တိုင်ပြင်ဆင်လာ​ပေးသည့် အနီ​ရောင်ကိတ်မုန့်​ပေါ်မှ ​ဖ​ယောင်းတိုင်များအား Minho မှုတ်ပစ်​လိုက်သည်။

"Happy Birthday ပါ ကိုရီးယားနိုင်ငံအနာဂတ်ရဲ့ ကြယ်ပွင့်စားဖိုမှူး​လေး၊ ငါနဲ့ Bang Chan ရဲ့ ချစ်စရာသူငယ်ချင်း​လေး၊ Yang Jeongin ရဲ့ချစ်လှစွာ​​သောအစ်ကို၊ Kim Seungmin, Hwang Hyunjin, Lee Yongbok တို့ရဲ့ သူငယ်ချင်း​ယောက်ဖစီနီယာ၊ Han Jisung ရဲ့ ချစ်လှစွာ​​သော လင်​ယောက်ျား...."

စကားအ​ကောင်းဆို​နေရာမှ ထ​ဖောက်လာ​သော Changbin ကို Jisung မျက်​​စောင်းတစ်ချက်ထိုး​ပေးလိုက်မှ တဟီးဟီးရယ်ကာ စကားကိုပြင်သည်။

"အဲ...မှားလို့၊ ​ယောက်ျားမဟုတ်​သေးဘူး၊ ချစ်သူ။ ဒီ​နေ့​မွေး​​နေ့ကစပြီး မင်း​ချစ်တဲ့သူ​တွေနဲ့ ​ပျော်​ပျော်ရွှင်ရွှင်​နေရပြီး၊ ကျန်းကျန်းမာမာအသက်ရှည်ရှည် ​နေရပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။ Cheers!!"

Changbin ၏ဦး​​ဆောင်မှုဖြင့် ခွက်ကိုယ်စီ​​မြှောက်ကာ ​သောက်ကြပြီး​နောက် Jisung က သူ့ဘက်သို့လှည့်ကာ နှုတ်ခမ်းလှုပ်ရုံမျှ ​မွေး​နေ့အတွက် ဂုဏ်ပြု​စကားဆိုပေးသည်။ Minho မှာ သူ့လက်ထဲတွင်ဆုပ်ကိုင်ထား​သော လက်က​လေးအား ခပ်ဖွဖွနမ်း၍ ​ကျေးဇူးတင်​ကြောင်း​​ပြော​တော့ အလုံးစုံမြင်​တွေ့​နေရသူတို့က ပိုကဲလွန်းသည်ဟု နှာ​ခေါင်းရှုံ့ကုန်၏။

"ဒီမှာ အသစ်ထပ်ဖွင့်မယ့် ဆိုင်ခွဲအသစ်ကိစ္စက အဆင်​ပြေလား Minho"

Chan ၏အ​မေးကို Minho ​ခေါင်းတစ်ချက်ငြိမ့်ပြပြီး​နောက်ဆက်၍ရှင်းသည်။

"အင်း ​ပြေတယ်။ Seo Changbin လက်ရာအပြင်အဆင်က ထင်သ​လောက်လည်းမဆိုးလှပါဘူး။"

Minho ထိုသို့​ပြော​တော့ သူ့​ဘေးတွင်ထိုင်​နေ​သော Interior Designer ကသူ့​​ကော်လံစအား ဆွဲကိုင်​လေ​၏။

"မယုံရင် အစတည်းက မအပ်နဲ့​လေ။ အခုထိမယုံ​သေးရင် လုပ်ထားသမျှပြန်ဖျက်​ပေးရမလား။"

"ယုံပါတယ်ကွာ။ ယုံပါတယ်။"

"ဦး​လေး Han တို့မျက်နှာ​ကြောင့် မင်းသက်သာသွားတယ်မှတ်။"

သူငယ်ချင်းနှစ်​ယောက်၏ ထုံးတမ်းစဥ်လာသတ်ပွဲကိုကြည့်၍ ရယ်​​မောနေကြရာမှ Hyunjin ကရုတ်တရက် စကားစလာသည်။

"အဟမ်း...လူစုံတုန်း​ကြေညာစရာ​လေးရှိတယ်။"

"ဝိုး...ဘာများလဲ။ ဘာများလဲ။"

သူနှင့် Seungmin တို့၏ လက်များ​ပေါ်မှ ​ငွေ​ရောင်​မောင်းကွင်းတို့ကို​ထောင်ပြလာ​တော့ အားလုံးမှာ ပါးစပ်အ​ဟောင်းသား။

"ကျွန်​တော်တို့ လက်ထပ်​တော့မယ်။"

"ဝိုး...ဂုဏ်ပြုပါတယ်။"

"မင်းတို့နှစ်​ယောက်အတွက် ဝမ်းသာလိုက်တာ။"

"ဘယ်​တော့ လက်ထပ်ကြမှာလဲ။"

"​နှစ်ဆန်းပိုင်း.. နောက်နှစ်​လ​​လောက်​နေရင် ကျွန်​တော်တို့နှစ်​ယောက်လုံး အလုပ်ကိစ္စနဲ့ US ဘက်သွားဖို့ရှိတယ်။ အဲ့မတိုင်ခင် ဒီမှာ လက်ထပ်ပွဲလုပ်သွားကြမလို့။"

"​သေချာ​ပေါက်လာကြရမယ်​နော်။ Jisung နဲ့ Minho Hyung ကအရန်လုပ်​ပေးဦး။"

Seungmin ၏စကား​ကြောင့် Jisung မှာ အံ့သြသွား​​သော်လည်း မငြင်းဆန်။ ​ခေါင်းသာတဆတ်ဆတ်ငြိမ့်ပြပါ၏။

"မင်းတို့နှစ်​ယောက်က​ရော?"

"ငါတို့?"

Chan ၏အစမရှိ​​သော အ​မေးစကား​ကြောင့် Minho သံ​ယောင်လိုက်ပြန်​မေး​တော့ ရှင်းပြသည်။

"ဘယ်​တော့ လက်ထပ်ကြမလဲလို့​မေးတာ။"

"​ဟေ့​ကောင် ဟိုမှာ Karaoke စက်ပွင့်လာပြီ။ ထ...ထ"

Chan ၏​မေးခွန်းကို စတင်၍ အတည်ယူမစဥ်းစားနိုင်ခင်မှာပင် Changbin ၏​ဆော်ဩမှုဖြင့် ​နေရာမှ အသီးသီးထသွားကြ​သော က​လေးကြီးများကိုကြည့်၍ ကျန်​နေခဲ့​သော Minho နှင့် Jisung မှာ ခပ်ဟဟသာရယ်​နေမိသည်။

"ကို..."

သူ့ပုခုံး​ပေါ် အသာတင်ထား​သော လက်တစ်ဖက်ကို ဆွဲယူ၍ သီးသန့်နာမ်စားအား ​ခေါ်​ဝေါ်လိုက်​တော့ Minho ​ကြောင်အသွားရသည်။

ထို့​နောက် Jisung အိတ်ကပ်ထဲထည့်​ထား​သော ဘူးက​လေးထဲမှ ​ငွေမှင်လက်စွပ်က​​လေးအားထုတ်ယူကာ သူ့လက်​တွင်စွပ်​ပေးသည်။

"​မွေး​နေ့လက်​ဆောင်...။"

Minho ထိုလက်စွပ်က​လေးကို ​​သေချာကြည့်​နေဆဲမှာပင် Jisung ကစကားကိုဆက်သည်။

"ကို...ကျွန်​တော်နဲ့အတူ​နေချင်လား။"

"ကိုယ့်ကိုအခုလက်ထပ်ခွင့်​တောင်း​နေတာလား။"

"ဘယ်ကသာ...ဘာ​တွေ​ပြော​နေတာလဲ။ ​ဖေ​ဖေတို့က Busan မှာ ကြာကြာ​နေဖြစ်မယ်၊ အိမ်ကို မင်းနဲ့ Minho အပိုင်ယူလိုက်​​တော့လို့​ပြောလို့ ​ပြောင်းလာဖို့​ပြောတာ။"

"တကယ်လား။"

"တကယ်​ပေါ့။ အခု ကျွန်​တော်တို့တူတူ​နေလို့ရပြီ။ လက်ထပ်တာက​တော့...အဟင်း...အချိန်မလွန်ခင် နာရီပိုင်း​လောက်အလိုမှာ စဥ်းစားကြ​တာ​​ပေါ့။"

Jisung စကား​ကြောင့် Minho ရယ်​မောလိုက်ကာ ​ကောင်ငယ်​လေးအား သူ့ရင်ခွင်ထဲသို့ထည့်ကာ ​​နောက်တစ်ကြိမ်​ပွေ့ဖက်ထားလိုက်သည်။ ထိုအ​နေအထားမှာ သူတို့နှစ်ဦးလုံးအတွက် သက်​တောင့်သက်သာအဖြစ်ဆုံးဖြစ်သည်မို့။

"ချစ်တယ်..ကို"

"ကိုယ်ကပိုချစ်တာလို့ပြိုင်မ​ပြော​နေ​တော့​​ပေမဲ့ က​လေးငယ်ကို ကိုယ်အများကြီးချစ်တာသိတယ်မဟုတ်လား။"

"အင်း..သိတယ်။ သိတာမို့ ကို​ပေးထားတဲ့ကတိကို အချိန်အကြာကြီးတည်​ပေးရမယ်​နော်။"

Minho ​ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သူ့ရင်ခွင်ထဲမှ က​လေးငယ်၏ ဆံသားများကို ငုံ့၍ နမ်းရှိုက်လိုက်သည်။

ခပ်သင်းသင်း shampoo နံ့မှတစ်ဆင့် ​ကြည်နူးခြင်းဟူ​သော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာ​လေ၏။

မလှပခြင်းတို့နှင့်စတင်ခဲ့​​သော ဇာတ်လမ်းတစ်ပုဒ်က ဤမျှကြည်နူးဖွယ်အခိုက်အတန့်ဆီသို့ ဦးတည်​နေခဲ့သည်မို့ ​ကျေနပ်မိပါ၏။

အချစ်တို့ဖြင့်အတိပြီး​သော ပန်းချီကားချပ်ထဲမှ အခိုက်အတန့်အား ခံစား​နေ​​သော သူတို့နှစ်ဦးတစ်ဝိုက်ဖြတ်တိုက်သွား​​သော ည​လေ​အေးကပင် နှစ်သက်ဖွယ်​ကောင်း​နေသည်အထိ ​ကျေနပ်မိပါ၏။

"ဘယ်​တော့မှ...မင်းနဲ့ကိုယ် ဘယ်​တော့မှ ​ဝေးမှာမဟုတ်ဘူး။"

ချစ်ရသူအား​ပေးထားခဲ့ဖူး​သော ထိုကတိမှာ သူဤ​လောကတွင်း ရပ်တည်​နေနိုင်ခြင်း၏ အ​ကြောင်းရင်းဖြစ်ရကား ထိုကတိအား တည်နိုင်ရန်လည်း ကြိုးစားသွားမည်ဟု Minho သူ့ကိုသူ ထပ်၍ ကတိ​ပေးလိုက်မိပါ​တော့သည်။

~~~~~~~~~~~~THE END~~~~~~~~~~~

Final question for Final Chapter

Clarity ခရီးတစ်​လျှောက် လိုက်ပါစီး​မျောပြီးတဲ့​နောက် အမှတ်အရဆုံးဖြစ်​နေတဲ့ အခိုက်အတန့်၊ ဇာတ်ကွက်အပိုင်းအစ၊ scene ဒါမှမဟုတ်  စကားတစ်ခွန်းကို ​သေချာ​ပေါက်​ပြောပြ​ပေးခဲ့ကြပါဦး​နော်။

Thank you sooooo much. Clarity ရှင်းတမ်းကို​တော့ RB ည​နေပိုင်း​လောက်​ပြောပြပါ့မယ်

#ReddyBombax


"ဂုဏ္ျပဳပါတယ္ သားငယ္​ေရ"

"ဝူဟူး....​စာဆိုတဲ့ဘြား​ေတာ္ႀကီးနဲ႕ တစ္သက္လုံးျပန္ဆုံစရာမလို​ေတာ့ဘူး"

"​ေက်ာင္းကို​ေတာ့ လြမ္း​ေန​ေတာ့မွာပဲ"

ဆူညံပြက္​ေလာရိုက္​ေန​​​ေသာ အသံမ်ားၾကားမွ ကြက္က်ား ၾကား​ေနရ​​ေသာ စကားသံအခ်ိဳ႕။

လြမ္း​ေဆြး​​​ေဆြးခံစားခ်က္ႏွင့္ ဝမ္း​ေျမာက္ဝမ္းသာဂုဏ္ယူရျခင္းတို႔​ေပါင္းစည္းထားသည့္ အရိပ္အ​ေငြ႕လႊမ္းၿခဳံရင္း အၿပဳံးကိုယ္စီကိုဆင္ျမန္းထား​၍ ​ေက်ာင္းသားဘဝ၏​ေနာက္ဆုံး​​ေန႕ကို ​ျဖတ္သန္း​ေနၾက​​ေသာ ​ေက်ာင္းသားမ်ား၊ သားသမီးမ်ား၏ ဘဝအခ်ိဳးအ​ေကြ႕တစ္ခုကို မ်က္ျမင္​ေတြ႕ရျခင္း​ေၾကာင့္ ပီတိမ်က္ရည္​ေဝ​ေနၾက​ေသာ မိဘမ်ား၊ စ​ေနာက္​ေပ်ာ္႐ႊင္​ေနၾက​ေသာ သူငယ္ခ်င္း​ေဆြမ်ိဳး​ေမာင္ႏွမမ်ားႏွင့္ တကၠသိုလ္၏ဘြဲ႕ႏွင္းသဘင္မွာ စည္ကား​လို႔​ေနပါ၏။

"Hyun ဘက္နည္းနည္းကပ္ဦး"

ကင္မရာတစ္လုံးကိုကိုင္၍ အမွတ္တရတို႔ကို လိုက္လံသိမ္းဆည္း​ေနသည့္ Seungmin ၏ၫႊန္ၾကားခ်က္အတိုင္း Jisung ​ေဘးဘက္သို႔ ​​ေ႐ႊ႕ရပ္လိုက္သည္။

"မင္းကလည္း...ရယ္ပါဦးကြာ"

Seungmin ၏ ဤတစ္ခါ ၫႊန္ၾကားမႈမွာ​ေတာ့ Jisung အလ်င္အျမန္လိုက္လုပ္ရန္ခက္ခဲသည္။ တြန့္ဆုတ္ေနေသာ  Jisung ကိုၾကည့္၍ Hyunjin ႏွင့္ Felix တို႔၏မ်က္ႏွာေပၚမွ အၿပဳံးတို႔ဟာလည္း ေမွးမွိန္လို႔လာပါ၏။

"ကဲ...ကဲ ေနာက္ဆုံးတစ္ပုံပဲ။"

Seungmin ဓာတ္ပုံရိုက္ျခင္းကိုအလ်င္အျမန္လက္စသတ္လိုက္ကာ သူရိုက္ထားေသာ ဓာတ္ပုံမ်ားကို ျပန္ျပရင္း အာ႐ုံလႊဲရန္ႀကိဳးစားပါေသာ္လည္း လြယ္လြယ္ကူကူမ​ေအာင္ျမင္။ Jisung မွာ မွိုင္ၿမဲမွိုင္ဆဲ။

"Jisung..."

Felix သူ၏ ​ေက်ာျပင္ကို ခပ္ဖြဖြပုတ္ရင္း သူ႕အနားသို႔ ကပ္သြား​ေတာ့ မအီမသာၿပဳံးျပ၍ စီးက်လာ​​ေသာ မ်က္ရည္စီး​​ေၾကာင္းကို အျမန္သုတ္ဖယ္ပစ္သည္။

ဘြဲ႕ဝတ္စုံဝတ္ဆင္ထား​​ေသာ Hyunjin ၏ရင္ခြင္ထဲ နစ္ျမဳပ္​ေန​​သည့္ Seungmin သည္လည္း Jisung ၏ပုံစံကိုၾကည့္၍ ခပ္တိုးတိုးသက္ျပင္းတစ္ခ်က္ခ်သည္။

"ဒီလို​ေန႕မ်ိဳးမွာ မငိုပါနဲ႕ Sungie ရာ"

Seungmin ယူလာ​ေပး​​​ေသာ ခရမ္း​ေရာင္ပန္းစည္းကို ​ခုံ​ေပၚတြင္တင္လိုက္ရင္း Felix ​ေျပာ​​သည့္စကားကို ​​ေခါင္းၿငိမ့္ျပသည္။

"Sorry ကြာ ငါ့​ေၾကာင့္ မင္းတို႔ပါမ​ေပ်ာ္ရ​ေတာ့ဘူး"

"မဟုတ္တာ..."

​အၿပဳံးပန္းတို႔​ေဝဆာ​ေန​​ေသာ ဘြဲ႕ႏွင္းသဘင္​ေက်ာင္းဝန္းႀကီးထဲ သူတို႔​ေလး​ေယာက္သားတစ္ဝိုက္တြင္သာ ဤမိုး​ေလဝသအ​ေျခအ​ေနျဖစ္​ေနရျခင္းမွာ အျခားအ​ေၾကာင္းျပခ်က္မျဖစ္နိုင္။ Jisung ဤ​ေနရာတြင္ရွိ​ေန​ေစလို​ေသာ လူတစ္ဦးရွိမ​ေနနိုင္ျခင္း​ေၾကာင့္သာ။

"Congratulations ပါ Junior ​ေလးတို႔​ေရ..."

သူတို႔အနီးသို႔ အ​ေျပးအလႊားခုန္​ေပါက္ဝင္​ေရာက္လာ​​ေသာ ရင္းႏွီး​ေနသည့္ မ်က္ႏွာမ်ားကို ျမင္လိုက္ရခ်ိန္၌မူ Jisung  ၏ မ်က္ႏွာ​ေပၚ ႐ႊင္ပ်မႈအနည္းငယ္ ျဖတ္​​ေျပးသြားသည္။

"ဂုဏ္ျပဳပါတယ္ Jisungie"

"​ေက်းဇူးတင္ပါတယ္ Hyung"

ယူလာ​ေသာ ပန္းစည္းကို​ကမ္း​ေပး၌ သူ႕အားဝမ္းသာအားရဆြဲဖက္ကာ ​ေျပာလာ​​ေသာ Chan ​အျပင္ အတူပါလာ​ေသာ Changbin ႏွင့္ Jeongin ကိုပါ​ေပြ႕ဖက္၍ ႏႈတ္ဆက္လိုက္သည္။

"Hyung တို႔ကလည္း...​ေနာက္က်လိဳက္တာ။ Seungmin ​ေတာင္အ​ေစာႀကီး​ေရာက္​ေနတာ"

Felix ၏ ဆူပုတ္ပုတ္အဓြန့္တက္စကားကို Changbin ကသူ႕​ေဘးရပ္​ေန​​ေသာ Jeongin အ​ေပၚသို႔ အျပစ္ပုံခ်ကာ ​ေျဖရွင္းသည္။

"ဒီ​ေကာင္​ေပါ့။ သူလည္းလိုက္မယ္၊ အခ်ိန္ပိုင္းအလုပ္ၿပီးတဲ့အထိ​ေစာင့္​ေန​ေပးဆိုလို႔ ​​ေစာင့္​ေနရတာ။"

Hyunjin မွာ Jeongin ၏​ေခါင္းကို ခပ္ဖြဖြပုတ္လိုက္ရင္းသူ၏တပည့္​ေဟာင္းျဖစ္သူအ​ေပၚ စြဲ​ေနသည့္အက်င့္တို႔ကို မ​ေဖ်ာက္ဖ်က္နိုင္စြာ ဆုံးမ​ေလဟန္​ေျပာသည္။

"အခ်ိန္ပိုင္းအလုပ္​​ေတြပဲ ဇြတ္​လုပ္​မ​ေနနဲ႕။ Project ​ေတြလုပ္ရဦးမယ္မဟုတ္လား။ ​ေနာက္ႏွစ္ ဘြဲ႕ယူျဖစ္​ေအာင္ယူရမယ္​ေနာ္။"

"ဟုတ္ကဲ့ပါဗ်ာ။ သိပါတယ္။ Seungmin Hyung ျပန္​ေရာက္​ေနတာ ၾကာၿပီလား။"

"မ​ေန႕ကျပန္​ေရာက္တာ။ သူဘြဲ႕ယူတာကို ​ေသခ်ာ​ေပါက္လာၾကည့္ရမယ္ဆိုလို႔​ေလ၊ အျမန္​ျပန္​ေျပးလာရတာ"

အထက္တန္း​ေက်ာင္းၿပီးခ်ိန္တြင္ ဓါတ္ပုံပညာကိုသင္ယူ၍ ကမၻာအႏွံ႕ ခရီး​သြားကာ အလုပ္လုပ္​ေန​ေသာ Seungmin မွာ ခ်စ္သူအတြက္အခ်ိန္​ေပးရန္လည္း မ​ေမ့​ေလ်ာ့။ Hyunjin က သူ၏ခ်စ္သူအတြက္ ဂုဏ္ယူ​ေလဟန္ ၿပဳံးၿဖီးၿဖီးမ်က္ႏွာ​ေပးျဖင့္ တင္းၾကပ္​ေန​ေအာင္ ​ေပြ႕ဖက္ျပ​ေလ​ေတာ့ Jeongin ႏွင့္ Changbin မွာ မ်က္​ေစာင္းထိုး၍ ​ေအာ့အန္ခ်င္​ေလဟန္ ျပဳသည္။

"မင္းတို႔ မိဘ​ေတြ​ေရာ?"

"ျပန္သြားၾကၿပီ။"

Chan ၏ ​ေမးခြန္းကို Hyunjin က Felix အတြက္ပါ ကိုယ္စား​ေျဖ​ေပးသည္။

"ဦး​ေလး​တို႔ႏွစ္​ေယာက္​ေရာ...ျပန္မလာ​ဘူးလား"

Chan ဆက္၍ တြန့္တြန့္ဆုတ္ဆုတ္​ေမးလိုက္သည့္​ေမးခြန္းကို Jisung က ​ေခါင္းခါျပ၏။

"ဟိုမွာတက္​ေနတဲ့ျပႆနာက ပစ္ထားခဲ့လို႔မရလို႔။"

Busan ဆိုင္ခြဲတြင္ ျဖစ္​ေန​ေသာ ျပႆနာကို ကိုယ္တိုင္ကိုယ္က်​​ေျဖရွင္းရမည္ျဖစ္​သည္ေၾကာင့္ သားျဖစ္သူဘြဲ႕ယူမည့္​ေန႕တြင္ရွိ​မ​ေနနိုင္သည့္ အ​ေဖႏွင့္ Jisung တကၠသိုလ္စတက္သည့္အခ်ိန္မွစ၍ အ​​ေဖ့၏ အတြင္း​ေရးမွးသဖြယ္ အလုပ္လုပ္​ေနရသျဖင့္ လိုက္ပါသြားရ​ေသာ ဦး​ေလးကို Jisung အျပစ္မတင္မိ။

"စိတ္မ​ေကာင္းမျဖစ္ပါနဲ႕။ Hyung တို႔အားလုံးရွိ​ေနတာပဲ။ ဘြဲ႕ယူတဲ့​​ေန႕​​ေလး​ေပ်ာ္​ေပ်ာ္​ေန​ေလ​ေနာ္။"

"ကိုသာ ရွိ​ေနရင္ သိပ္​ေကာင္းမွာပဲ"

Jisung ၏​ေငး​ေငးငိုင္ငိုင္ ညည္းၫူစကားကိုၾကားရ​ေတာ့ Chan တို႔အားလုံးမွာ တစ္​ေယာက္မ်က္ႏွာတစ္​ေယာက္ၾကည့္ကာ သက္ျပင္းခ်သဴခ်ကဳန္ၾကသည္။

"ကဲ..ကဲ။ အားလုံး​ေပ်ာ္သြား​ေအာင္ Hyung ကဒီည ညစာလိုက္​​ေကြၽးမယ္"

Chan ၏ ​ေႂကြး​ေၾကာ္စကားကိုၾကားရခ်ိန္ လက္ခုပ္လက္ဝါးထတီး၍ ​ေပ်ာ္​ေနၾကသူမ်ားထဲ Chan ၏​ေနာက္ဆက္တြဲစကား​ေၾကာင့္ Changbin မွာ​ေတာ့ မပါဝင္နိုင္။

"Changbin card နဲ႕..."

"မင္း..."

"ဘာလဲ...မ​ေကြၽးခ်င္ဘူးလား။ အိမ္မွာ Chandelier ​ေတာင္ရွိတဲ့သူ​ေဌးသား​ေလးအစား ငါလို လခစား​​ေလးက ဝယ္​ေကြၽးရမွာလား။ က​ေလး​ေတြကို ဝယ္​​ေကြၽးၿပီး ​ေပး​ေပ်ာ္လိုက္ပါ Seo Changbin ရာ..."

Chan ၏ ခ်ည္ၿပီးတုပ္ၿပီး​ေျပာ​​ေသာစကားကို အငယ္​တစ္သိုက္၏ မ်က္လုံးမ်ားဆုံရာတြင္ရပ္​ေနသည့္ Changbin မွာ မျငင္းဆန္နိုင္ခဲ့။

"​ေအး...​ေအးပါကြာ။ ဝယ္​ေကြၽးပါ့မယ္။"

"ကြၽန္​ေတာ္ မလိုက္လို႔ျဖစ္မလား။"

သူ႕အား အားမလိုအားမရျဖစ္​ေလဟန္ ဝိုင္းၾကည့္လာၾက​ေသာ္လည္း Jisung မွာ​ေတာ့ ထိုစကားအတြက္ ​ေနာင္တရဟန္၊ စိတ္​ေျပာင္းလိုဟန္အရိပ္အ​ေယာင္မရွိ။

"အိမ္မွာလူလည္းရွိတာမဟုတ္ဘဲနဲ႕ လိုက္ခဲ့တာမဟုတ္ဘူး"

"ငါပင္ပန္း​ေနလို႔ နားခ်င္​ေနၿပီ။"

"အဲ့ဒါဆိုလည္း ​Hyung တို႔ပဲသြားၾက​တာ​​​​ေပါ့။ ညစာ​ေတာ့ ​​ေသခ်ာ​ေပါက္ တစ္ခုခုစားရမယ္​ေနာ္ Jisungie..."

သူ႕စိတ္အ​ေနအထားကို နားလည္​ေပးသည့္ Chan က ဝင္​​ေျပာ၍ မွာၾကားသည္ကို ကတိျပဳ​​ေလဟန္ Jisung ​ေခါင္းၿငိမ့္ျပလိုက္သည္။

ကားအသီးသီး​ေပၚသို႔ လိုက္ပါစီးနင္းသြားၾကသည့္ သူငယ္ခ်င္းမ်ားကို Jisung ႏႈတ္ဆက္လိုက္ၿပီး​ေနာက္ ​ေနရာတက်ရပ္ထားသည့္ သူ႕ကိုယ္ပိုင္ အျပာ​ႏု​ေရာင္ စက္ဘီး​က​ေလး​ေပၚသို႔ တက္ကာ Le Bonhuer ၿခံႀကီးရွိရာဆီသို႔ ဦးတည္လာခဲ့ပါ၏။

"ယုံၾကည္ခ်က္ရွိရမယ္​ေလ အခ်စ္။ ရဲရဲတင္းတင္းနဲ႕ ဒီခုံ​ေပၚမွာ​​ေသခ်ာထိုင္ၿပီး ​​ေျခနင္းကို ​​ေသခ်ာ​ေလးနင္း။ ​ေၾကာက္​ေနလို႔မျဖစ္ဘူး။ ျပဳတ္မက်​ေအာင္ကိုယ္ထိန္းထား​ေပးမယ္။"

ထိုၫႊန္ၾကားခ်က္စကားကို ႏွလုံးမူလိုက္​ခ်ိန္ ​ေနာက္ခုံတြင္တက္စီးရန္ပင္ တစ္သက္လုံး​ေၾကာက္႐ြံ႕​ေနခဲ့​ေသာ စက္ဘီးကို ​​ေျဖာင့္​ျဖာင့္ျဖဴးျဖဴးစီးနင္းတတ္ခဲ့သည္။ စက္ဘီးစီးသည့္အခ်ိန္တိုင္းလည္း သူ႕​ေနာက္မွလိုက္ထိန္း​ေပးခဲ့ဖူးသူအား ထူးထူးျခားျခားအလြမ္းပိုရပါ​ေသးသည္။

ရင္ဘတ္ထဲမွစူးနင့္လာ​ေသာ အနာတရကို ခပ္တိုးတိုးညည္း​ေန​ေသာ သီခ်င္းသံျဖင့္ဖုံးအုပ္ထားလိုက္မိပါ၏။

"ျပန္​ေရာက္ပါၿပီ။"

ႀကိဳဆို​ေနမည့္အိမ္သားမရွိပါ​ေသာ္ျငား အထီးက်န္မ​ေနပါဟု ကိုယ့္စိ​တ္ကိုကိုယ္ လိမ္ညာနိုင္မည့္ Placebo effect ရလိုရျငား ​ေအာ္ဟစ္​ေရ႐ြတ္လိုက္သည္။

ဘြဲ႕ဝတ္စုံႏွင့္လြယ္အိတ္တို႔အား ပစ္ခ်ထားလိုက္ကာ ​ေရခဲ​ေသတၱာထဲမွ ဘီယာႏွစ္ဘူးကိုယူ၍ အခန္းရွိရာသို႔ တစ္ဆက္တည္း​ေလွ်ာက္သြားျဖစ္၏။

"ကို႔ကိုလြမ္းလိုက္တာ။ ဒီအခ်ိန္ဆို နတ္သမီး​ေလး​​ေတြ၊ နတ္သား​ေခ်ာ​ေခ်ာ​​ေလး​ေတြနဲ႕​ေတြ႕​ေန​ေလာက္လား။"

ဘီယာအရွိန္ရီ​ေဝ​ေဝ​ေၾကာင့္ စီးက်လာ​ေသာ မ်က္ရည္ကို လြတ္လပ္ခြင့္​ေပးထားလိုက္ကာ လွဲအိပ္ခ်ရင္း မတိုးမက်ယ္ ညည္းၫူမိသည္။

​ေခတၱမွ်အၾကာတြင္​ေတာ့ သူကိုယ္တိုင္ အိပ္မက္ကမၻာထဲ၌ ခင္မင္စရာ​ေကာင္း​ေသာ နတ္သား၊ နတ္သမီးက​ေလးမ်ားႏွင့္​ေတြ႕ဆုံရသည္မို႔ Minho အား လြမ္း​ေသာအလြမ္းမ်ား ​ေလ်ာ့က်သြားပါ​ေတာ့၏။

......................................................

"မျဖစ္ဘူး!!!!"

နတ္သား၊ နတ္သမီးမ်ားႏွင့္​ေတြ႕ဆုံအၿပီး စာ​ေမးပြဲခန္းထဲတြင္ ​ေလ့လာထားျခင္းမရွိ​​ေသာ သခၤ်ာ​စာ​ေမးပြဲ​​ေမးခြန္းကိုကိုင္ထားရသည့္ ကိုယ့္ကိုကိုယ္ျမင္ရခ်ိန္တြင္​ေတာ့ အိပ္​ေနရာမွ ကမူးရႉးထိုး​ေအာ္ကာ Jisung ထထိုင္လိုက္မိသည္။

ကုတင္​ေဘးရွိ နာရီကို ​ေဝ​ေဝ​ဝါးဝါးလွမ္းၾကည့္လိုက္​ေတာ့ မနက္ကိုးနာရီခြဲခန့္အခ်ိန္ကို ၫႊန္ျပလ်က္ရွိ၏။ မ်က္လုံးႏွစ္ဖက္ကို လက္ဖဝါးျဖင့္ ခပ္ဖြဖြပြတ္သပ္လိုက္ၿပီး​ေနာက္ ႏွာဖ်ားကိုလာ​ေရာက္က်ီစယ္​ေန​ေသာ ဟင္းရနံ႕သင္းသင္းကို ခံစားလိုက္ရခ်ိန္တြင္ အာ႐ုံကိုစုစည္းလ်က္ ကုတင္​ေပၚမွထရန္ျပင္သည္။

ထိုအခါမွ သူညက အိပ္​ေပ်ာ္သြားခဲ့​ေသာ ကုတင္​ေအာက္ဘက္​ေျခရင္းတြင္မဟုတ္ဘဲ ကုတင္​ေပၚတြင္​ေနရာတက် နိုးထလာခဲ့ျခင္းျဖစ္​ေၾကာင္း သတိထားလိုက္မိသည္။ ကုတင္​ေအာက္တြင္ ျပန့္က်ဲ​ေနခဲ့​​ေသာ ဘီယာဘူးခြံမ်ားလည္းရွိမ​ေန​ေတာ့။

သူ​ေသ​ေသခ်ာခ်ာ​ေစ့ပိတ္ထားခဲ့​ေသာ ျပတင္းတံခါးမွာလည္း လစ္ဟ​ေနကာ ​ေန​ေရာင္ျခည္စအခ်ိဳ႕ အခန္းတြင္း၌ျဖာက်လ်က္ရွိ​ေနသည္။

အခန္းမွအလ်င္အျမန္​ေျပးထြက္သြားကာ အိမ္​ေအာက္မီးဖိုခန္းတြင္းသို႔ ​ေရာက္ရွိခ်ိန္မွာ​ေတာ့ မွင္သက္ဖြယ္ျမင္ကြင္းတစ္ခုက  ဆီးႀကိဳသည္။

အျဖဴ​ေရာင္ ရွပ္ပြပြတစ္ထည္ကို လက္ဇကအထိ​ေခါက္တင္ဝတ္ဆင္ထားကာ ဟင္းတစ္အိုးျဖင့္အလုပ္ရႈပ္​ေနသူ။

ဟင္းအိုးမွ ​ေရ​ေငြ႕မ်ားက သူတပ္ဆင္ထား​ေသာ ​​ေ႐ႊအို​ေရာင္မ်က္မွန္တြင္ လာရိုက္​ေနပါ​​ေသာ္လည္း အ​ႏွောင့္အယွက္အျဖစ္မခံဘဲ ဟင္းအမယ္ကိုသာ အာ႐ုံစိုက္​ေနသူ။

​လြန္ခဲ့​ေသာ နာရီပိုင္း​ေလာက္က သပ္သပ္ရပ္ရပ္ဖီးသင္ထားခံခဲ့ရလိမ့္မည္ဟုသတ္မွတ္ရ​ေသာ ဆံပင္စအခ်ိဳ႕က ထိုသူ၏ နဖူး​ေပၚသို႔ ဝဲက်​ေနသည္။

ဤမွ်​​ေငး​ေမာခ်င္စရာ​ေကာင္းလွ​ေသာ ျမင္ကြင္း၏အရွင္သခင္မွာ အျခားသူမဟုတ္၊ သူ​​ေစာင့္စား​ေနခဲ့ရပါ​​ေသာ သူ၏ခ်စ္လွစြာ​ေသာ အသည္းအသက္ Lee Minho သာ။

"နိုးလာၿပီလား အခ်စ္။"

အၿပဳံးတစ္ခုႏွင့္အတူ သူ႕အားႀကိဳဆိုႏႈတ္ဆက္လိုက္ကာ သူ၏ခါးကိုလာ​ေရာက္​ေပြ႕ဖက္၍ မ်က္ႏွာပင္မသစ္ရ​ေသး​​ေသာ ပါးတစ္ဖက္အား ​ေမႊးၾကဴလာသူကို မ်က္​ေတာင္မခတ္ အံ့ၾသတႀကီး​ေငးစိုက္ၾကည့္​ေနမိသည္။

"မ်က္ႏွာသြားသစ္​​ေခ်။ မနက္စာစားၾကရ​ေအာင္။ ကိုယ္ဗိုက္ဆာ​ေနတာ အူလွိမ့္​ေနၿပီ။ အခ်စ္မနိုး​ေသးလို႔ ဟင္းပြဲျပင္​ရင္း​​ေစာင့္​ေနတာ။"

အ​ေရွ႕ခုနစ္အိမ္၊ အ​ေနာက္ခုနစ္အိမ္၊ ​လက္ဝဲခုနစ္အိမ္၊ လက္ယာခုနစ္အိမ္မွ မိသားစုဝင္မ်ားအား ဧည့္ခံရန္လုံ​ေလာက္သည့္ ဟင္းပြဲအျပင္အဆင္ကိုၾကည့္၍ အမွန္တကယ္ပင္ ဖိတ္ၾကားလိုက္သင့္​ေလသလားဟု​ေတြး​ေနမိသည္။

"အခ်စ္! ဘာရပ္လုပ္​ေနတာလဲ။"

သူမည္သည့္စကားမွျပန္မ​ေျပာနိုင္မီ Minho မွာ အစာ​ေတာင္း​ေသာ​ေၾကာင္ငယ္သဖြယ္မ်က္ႏွာကို ​ေအာက္ခ်၍သူ႕အနီးသို႔ ခ်ဥ္းကပ္လာသည္။

"မ​ေန႕က ကိုယ္ျပန္မလာနိုင္လို႔ ကိုယ့္ကိုစိတ္​ေကာက္​ေန​တာလား။"

ႏွစ္ပတ္ခန့္မွ် ခံစားခဲ့ရသည့္အလြမ္းသင့္ခံစားခ်က္ ႐ုတ္တရက္ျဖတ္ခ်ခံလိုက္ရျခင္း​ေၾကာင့္ မည္သည့္စကားဆိုရမည္မွန္းမသိဘဲ ​ၾကက္​ေသ​ေသ​ေနခဲ့​​ေသာ သူ႕ကို Minho အထင္အျမင္လြဲမွားသြားဟန္တူသည္။

"ကိုယ္​ေတာင္းပန္ပါတယ္ အခ်စ္ရယ္၊ ကိုယ္တကယ္အမွီျပန္လာခ်င္တာကို ၿမိဳ႕​ေတာ္ဝန္က ပြဲ​ေနာက္ဆုံး​ေန႕မွာလည္း ကိုယ့္လက္ရာပဲစားခ်င္တယ္ဆိုၿပီး​ေျပာလာ​ေတာ့ ​ေရွာင္ထြက္လာဖို႔မျဖစ္နိုင္လို႔ပါ။"

Seoul ၿမိဳ႕၌က်င္းပ​ေသာ သံတမန္​ေရးရာ​ေဆြး​ႏြေးပြဲတစ္ခုတြင္ အစားအ​ေသာက္ပိုင္းဆိုင္ရာကို တာဝန္ယူရန္ Han Younghyun စီစဥ္ထားခဲ့​​ေသာ္လည္း ထို​ေန႕တြင္ပင္ Busan ဆိုင္ခြဲျပႆနာ​ေပၚ​ေပါက္လာခဲ့ျခင္း​ေၾကာင့္ ယုံၾကည္စိတ္ခ်ရ​ေသာ သူ႕လက္ထြက္စားဖိုမႉး​ေကာင္းတစ္​ေယာက္ျဖစ္သည့္ သားမက္အ​ေလာင္းအလ်ာအား ​​ေစလႊတ္ခဲ့​ေလ၏။ ​ေဆြး​ႏြေးပြဲ​ေနာက္ဆုံး​ေန႕ႏွင့္ Jisung ဘြဲ႕ယူသည့္​ေန႕ တစ္ထပ္တည္းက်​​ေနသည္​ေၾကာင့္ Minho ျပန္လာနိုင္ရန္ႀကိဳးစားပါ​ေသာ္လည္း အ​​ေျခ​အ​ေနမ်ားက ထိုကဲ့သို႔ျဖစ္ခဲ့သည္။

"ကိုယ့္ခ်စ္သူရဲ႕ အ​ေရးႀကီးတဲ့​ေန႕တစ္​ေန႕မွာ ေဘးနားမရွိနိုင္ခဲ့လို႔ ကိုယ္လည္းအရမ္းဝမ္းနည္းတာပဲ။ ဒါ​ေပမဲ့ စိတ္မဆိုးပါနဲ႕အခ်စ္ရယ္။"

"မဆို..."

"ဆိုးခ်င္လည္း​ဆိုး​​ေပါ့​ေလ က​ေလးကို​ေခ်ာ့ဖို႔ ကိုယ္ က​ေလးႀကိဳက္တဲ့ဟင္း​ေတြအားလုံးကိုလည္း ခ်က္​ေပးထားတယ္။ လက္​ေဆာင္​ေတြအမ်ားႀကီးလည္းဝယ္လာတာမို႔ တစ္​ေနကုန္ထိုင္​ေခ်ာ့​မယ္​​ေလ​ေနာ္။"

Jisung သူ႕ကိုစိတ္မဆိုးပါ။ ခုနစ္ႏွစ္တာမွ်ကာလအတြင္း တစ္ရက္မ​ေတြ႕ရမ​ေနနိုင္​ေအာင္ ျဖစ္ခဲ့ရသည့္သူမို႔ ႏွစ္ပတ္တာ အလြမ္းဒဏ္ကို အလူးအလဲခံစားရ႐ုံမွလြဲ မည္သူ႕ကိုမွအျပစ္မတင္မိပါ။ ထိုအ​​ေျခအ​ေနမ်ားကို ႀကိဳျမင္ခဲ့သျဖင့္ Minho ႏွင့္ခြဲ​ေနတတ္ရန္ ​ေလ့က်င့္လို​ေသာ ဆႏၵကို Minho ကဖ်က္ယဖ်က္လုပ္ခဲ့သည္ကို​ေတာ့ သုညဒသမသုညသုညတစ္ရာခိုင္ႏႈန္းမွ် စိတ္ဆိုးမိပါသည္။

သူ၏စိတ္အ​ေျခအ​ေနကို မသိပါဘဲ အတင္းကာ​ေရာ ​ေခ်ာ့​ေမာ့ခ်င္​ေနပါ​ေသာ Minho ​ေၾကာင့္ သူ႕စိတ္ထဲမွမ​ေကာင္းဆိုးဝါးတို႔နိုးထလာရကာ စ​ေနာက္ခ်င္စိတ္တို႔ ​ေမြးဖြားလာ​ေလၿပီ။

သူ႕ခါး​ေပၚမွလက္တစ္ဖက္ကို ခပ္ၾကမ္းၾကမ္းဆြဲျဖဳတ္လိုက္၍ တင္းၾကပ္​ေန​ေအာင္ဆုပ္ကိုင္ကာ ဧည့္ခန္းရွိရာဆီသို႔ ဆြဲ​ေဆာင့္​ေခၚလာလိုက္သည္။ သူ႕​ေနာက္သို႔အူ​ေၾကာင္​ေၾကာင္အ​ေနအထားျဖင့္လိုက္ပါလာခဲ့ရ​ေသာ Minho မွာ မီးဖိုခလုတ္ကို လွမ္းပိတ္ခဲ့ရန္လည္းမ​ေမ့မ​ေလ်ာ့။

"အ...​ေန..​ေနဦး​ေလ Jisungie.."

ဆိုဖာ​ေပၚတြင္ သက္​​​ေတာင့္သက္သာမရွိလွ​ေသာအ​ေနအထားျဖင့္ ထိုင္​ေစလိုက္ကာ သူအ​​​ေနအထားမ​ေျပာင္းလိုက္နိုင္ခင္မွာပင္ သူ႕​​ေျခ​ေထာက္ႏွစ္ဖက္အားခြထိုင္၍ အုပ္မိုးလိုက္​ေတာ့ အ​ေယာင္​ေယာင္အမွားမွားႏွင့္ တားသည္။

"စိတ္ဆိုးတယ္၊ စိတ္ဆိုး​ေအာင္လုပ္ခဲ့တဲ့အတြက္ အျပစ္လည္း​ေပးရမယ္။"

"ဘ..ဘယ္လိုအျပစ္​ေပးမွာလဲ။"

"ဘယ္လို​ေပးမယ္ထင္လဲ။"

ရွပ္အျဖဴ၏ အ​ေပၚဆုံးၾကယ္သီးကို ဆြဲျဖဳတ္လိုက္ကာ​ေမး​ေတာ့ Minho ၏မ်က္ဝန္းမ်ားထဲ စိုးရိမ္စိတ္အခ်ိဳ႕က အလည္လာသည္။

"မ​​ေန႕က လမ္းႀကဳံလို႔ အ႐ုပ္ဆိုင္တစ္ဆိုင္လည္းဝင္ခဲ့​ေသးတယ္။"

"အ႐ုပ္..အ႐ုပ္ဆိုင္?"

"အင္း...ဘာအ႐ုပ္​ေတြဝယ္လာတယ္ထင္လဲ.."

"ဘ..ဘာအ႐ုပ္​ေတြလဲ။"

"အနက္​ေရာင္အ႐ုပ္​ေတြ​ေလ။ လည္ပတ္...သံႀကိဳး...လက္ထိပ္...ၾကာပြတ္...တုန္ခါ​ေနတဲ့အ႐ုပ္...."

Minho ၏လည္ဂုတ္တစ္​ေလွ်ာက္​​ေထာင္ထသြား​ေသာ ၾကက္သီး​ေမႊးညင္းအခ်ိဳ႕ကို ျမင္ရခ်ိန္တြင္​ေတာ့ Jisung ရယ္ခ်င္စိတ္ကို အတင္းအဓမၼထိန္းခ်ဳပ္​ေနရသည္။

နီရဲရဲႏႈတ္ခမ္းလႊာႏွစ္ခုကို တမင္တကာခပ္ၾကမ္းၾကမ္းဖိနမ္းလိုက္ၿပီး ​ေအာက္ႏႈတ္ခမ္းသားကို ကိုက္ဆြဲ​ေတာ့ Minho ကသူ႕ပုခုံးႏွစ္ဖက္မွအသာအယာဆြဲဖယ္သည္။

"​ေန..​ေနပါဦး Jisungie ရဲ႕"

"ဘာလို႔​ေနရမွာလဲ။ ခင္ဗ်ားကြၽန္​ေတာ့္ကို​ေျပာထားတာ အခ်ိန္မ​တိုင္​ေသးရင္ ဘာမွမလုပ္ဘူးလို႔ပဲ​ေျပာထားတာ​​ေလ။ အခုက ​အခ်ိန္တိုင္ၿပီး လြန္​ေတာင္လြန္​ေတာ့မယ္၊ လုပ္လို႔ရၿပီမလား။"

Jisung ၏​ေျပာစကား​ေၾကာင့္ Minho ခပ္ဟဟၿပဳံးရယ္၍ ​ေမးခြန္းထုတ္လာသည္အထိ သူ၏ ကိုယ္တိုင္ဒါရိုက္တာ ကိုယ္တိုင္သ႐ုပ္​ေဆာင္ ဇာတ္ကြက္ကို ႐ုတ္သိမ္းလိုက္ရန္စိတ္မကူးမိ။

"​ေသခ်ာၿပီလား အခ်စ္။"

"အင္း..​​ေသခ်ာတယ္။"

Jisung ရဲရဲတင္းတင္းႏွင့္ အ​ေျဖျပန္​ေပး​ေတာ့ တစ္ခ်ိန္လုံးအားျပတ္ကာ သူျပဳသမွ်ႏု​ေနခဲ့​​ေသာ Minho ကသူ႕ခႏၶါကိုယ္အား လက္တစ္ဖက္တည္းႏွင့္ ဆိုဖာ​ေပၚတြန္းလွဲပစ္၍ အုပ္မိုးလာ​ေလသည္။

သူ႕ႏႈတ္ခမ္းတို႔အား အငမ္းမရ ဆုပ္ယူနမ္းရွိုက္ၿပီး​ေနာက္ လည္ပင္းသားတစ္​ေလွ်ာက္ ငုံ​ေထြးခဲကိုက္လာ​ေလ​ေတာ့ Jisung မွာ သား​ေကာင္အမွတ္ႏွင့္ သူစ​ေနာက္ခဲ့မိ​ေသာ ယုန္ျဖဴက​​ေလးမွာ အမွန္စင္စစ္ သူ႕အားအမဲျဖတ္မည့္ ဝံပု​ေလြတစ္​ေကာင္ျဖစ္​ေန​ေၾကာင္း သိလိုက္သည္။

သူဝတ္ဆင္ထား​ေသာ အျပာ​ေရာင္ တီရွပ္​ေအာက္သို႔ လက္တစ္ဖက္က ဝင္​ေရာက္က်ဴး​ေက်ာ္ကာ သူ႕ဗိုက္သားတစ္​ေလွ်ာက္ အသာအယာပြတ္သပ္​ေန​ေလ​ေတာ့ Jisung ႏႈတ္မွ ဟခနဲတစ္ခ်က္ညည္းၫူလိုက္မိသည္။

ထိုနယ္ခ်ဲ့ဖက္ဆစ္​ေကာင္ လက္တစ္ဖက္က သူ၏ခႏၶါကိုယ္​ေအာက္ပိုင္းကို က်ီစယ္ရန္ ဇာတ္လမ္းစလာ​ေတာ့ အလ်င္အျမန္လွမ္းတားလိုက္သည္။

"​ေန..​ေနပါဦး။"

"ဘာျဖစ္လို႔လဲ။ အခုန​ေလးတင္ ကိုယ့္ကိုယ္​ေပၚမွာ အၾကမ္းပတမ္းကုတ္တြယ္ၿပီး ရန္စ​ေနတဲ့ ရွဥ့္​ေပါက္​ေလးမွ ဟုတ္ရဲ႕လား၊ ဘယ္မွာလဲ၊ ကိုယ့္ကို​ေပးမယ့္အျပစ္ဒဏ္။"

"အဲ့..အဲ့ဒါခင္ဗ်ားကို ​ေနာက္​ေနတာ။ မ​ေန႕ကမလာလို႔ စိတ္လည္းမဆိုးဘူး။ အျပစ္လည္းမ​ေပးဘူး။ မနက္စာစားရ​​ေအာင္။"

​ေနရာမွ​ေရွာင္​ေျပးရန္ႀကံ​ေန​ေသာ Jisung ကို လက္​ေကာက္ဝတ္မွ ျပန္ဖမ္းဆြဲထားကာ သူ႕ခႏၵါအားဖိကပ္ထား​ေလ​ေတာ့ Jisung ၏ဝမ္းဗိုက္ထဲလိပ္ျပာမ်ားပင္ ထပ်ံ​ေန​ေလၿပီ။

"အမ်ားႀကီးလြမ္း​ေနတာ။ လြမ္းလြန္းလို႔ ညဘက္​ေတြဆို အိပ္လို႔​ေတာင္မ​ေပ်ာ္ဘူး။"

သူ၏မ်က္ဝန္းမ်ားထဲ ရီ​ေဝ​ေဝစိုက္ၾကည့္ကာ ဆိုလာ​ေတာ့ စကားကို Jisung ႏွာ​ေခါင္းတြန့္လိုက္မိသည္။ 'အိပ္မက္ထဲ နတ္သား​ေတြ၊နတ္သမီး​ေတြနဲ႕​ေပ်ာ္​ေနမယ့္သူကမ်ား' ဟုလည္း စိတ္ပါးစပ္က ​ေရ႐ြတ္လိုက္ပါ၏။

"ကြၽန္​ေတာ္လည္းလြမ္း​ေနတာ။"

"အဲ့ဒါဆို ကိုယ့္ကိုဒီ​ေန႕ မင္းနဲ႕တစ္သားတည္းျဖစ္ခြင့္​ေပးမလား"

စကားပုလႅင္ပင္မခံဘဲ ႐ုတ္တရက္​ေတာင္းဆိုလာ​​ေသာ စကားမွာ Jisung ရင္ဘတ္ထဲမွ အ​ေကာင္ငယ္အား အ​ေလာတႀကီးထခုန္​ေစသည္။

"႐ုတ္တရက္ႀကီး..."

"ႏွစ္​ေပါင္းမ်ားစြာ ကိုယ္ထိန္းလာခဲ့တဲ့ဆႏၵက မင္းရဲ႕​စ​ေနာက္စကား​ေတြ​ေၾကာင့္ လြတ္ထြက္သြားၿပီ။ တာဝန္ယူမွျဖစ္မယ္ထင္တယ္။"

ထိုစကားအခ်ိဳ႕ကပင္ Jisung အားရွက္​ေသြးျဖာ​ေစၿပီး အလြန္တရာဆြဲ​ေဆာင္​​ေန​ေလ​ေတာ့ ခက္လွပါ​ေခ်ရဲ႕။

"ကိုယ့္ကို...ခြင့္ျပဳမယ္မလားဟင္။"

သူ၏နားဖ်ားသို႔ ကပ္ကာ ​ေျပာလာသည့္အခ်ိန္ သူကိုယ္တိုင္ပင္မသိဘဲ ​ေခါင္းၿငိမ့္လိုက္မိ​ေတာ့ Minho ကသူ၏ ထင္း​ေန​ေသာ ​ေမးရိုးကိုစူးခနဲနာသြားသည္အထိကိုက္ပစ္သည္။ အာဒန္အ​ေမြ​ေပးထားခဲ့​ေသာ သူ႕လည္ပင္းမွ စားလက္စပန္းသီးကိုလည္း ခပ္ဖြဖြကိုက္ရင္း နမ္းသည္။

သူ၏ဆံပင္အုံထဲသို႔ ႏွာ​ေခါင္းျဖင့္​ေမႊ​ႏွောက္နမ္းရွိုက္​ေနရင္းမွ အျပာ​ေရာင္တီရွပ္အား သူ႕ကိုယ္​ေပၚမွ အၿငိဳးအ​ေတးရွိရန္သူပမာ ဆြဲဖယ္ပစ္သည္။

သူသည္လည္း Minho ကိုယ္​ေပၚမွ apron အနက္​ေရာင္ကိုဖယ္ကာ ​ရွပ္အကၤ်ီ၏ၾကယ္သီးမ်ားကို အလ်င္စလိုဆြဲျဖဳတ္​ေနမိသည္။

လစ္ဟာသြား​ေသာ ကိုယ္ခႏၵါ​ေပၚမွ ရင္ဘတ္ႂကြက္သား၊ ဝမ္းဗိုက္ႂကြက္သားတို႔အား မက္မက္​ေမာ​ေမာ နမ္းရွိုက္​ေနရင္းမွ သူ၏လက္တစ္ဖက္က မရည္႐ြယ္ပါဘဲ Minho ၏ခါး​ေဘးရွိ ဓါးဒဏ္ရာအမာ႐ြတ္တစ္ခုကို သြားထိမိခ်ိန္မွာ​ေတာ့ ႏွစ္ဦးလုံးမတိုင္ပင္ဘဲ ရပ္တန့္လိုက္မိသည္။

သူ႕အား ငုံ႕ၾကည့္​ေန​ေသာ မ်က္ႏွာႏုႏုအား တစ္ခ်က္ၾကည့္လိုက္ၿပီး​ေနာက္ ထိုအမာ႐ြတ္​ေပၚသို႔ အနမ္းတစ္ပြင့္​​ေခြၽလိုက္သည္။

"ကိုမာဝင္​ေနတဲ့ႏွစ္ရက္ၿပီး နိုးလာ​ေတာ့ဘယ္သူ႕ကို ပထမဆုံးသတိရလဲ။"

Jisung ႐ုတ္တရက္​ေမးလိုက္သည့္​ေမးခြန္း​ေၾကာင့္ Minho ၏မ်က္ခုံးႏွစ္ဖက္ပင့္တက္သြားရကာ ခပ္ဟဟရယ္သည္။

"ထပ္ၿပီး ဒီ​ေမးခြန္းပဲလား။"

"ခင္ဗ်ားမွ အ​ေျဖအတိအက်မ​ေပး​​​ေသးတာ။"

"​ေကာင္းပါၿပီဗ်ာ။ ​ေျဖပါ့မယ္။"

"အင္း...​​ေျဖ။"

"ကိစၥၿပီးမွ ​ေျဖမွာ​​ေပါ့။ ကိုယ့္ကို ဒီလိုတို႔လို႔တန္းလန္းထားထားလို႔မရဘူး​ေလ။"

ဤသို႔ျဖင့္ Jisung ထပ္၍အခ်ိန္ဆြဲထားနိုင္စြမ္းကင္းမဲ့စြာ ခ်စ္သူသက္တမ္းတစ္​ေလွ်ာက္ ျဖတ္​ေက်ာ္ခဲ့ျခင္းမရွိ​ေသာ နယ္နိမိတ္အား ပထမဆုံးအႀကိမ္ရင္ဆိုင္ၾကသည့္ပြဲ ပထမပိုင္းအား အိမ္​ေရွ႕ခန္းဆိုဖာ​ေပၚႏွင့္ ဒုတိယပိုင္းအား အိမ္​ေပၚထပ္ Jisung ၏အခန္းထဲတြင္ဆင္ႏႊဲရန္ျဖစ္လာ​ေတာ့သည္။

....................................................

"အ..."

မနက္စာမွ ျပန္အပူ​ေပးထား​ေသာ ည​ေနစာအျဖစ္သို႔ သဏ္ဠာန္​ေျပာင္းသြားရသည့္ ဟင္းပြဲမ်ားကို အားရပါးရစားၿပီး​ေနာက္ ပန္းကန္​ေဆး​ေန​​ေသာ Minho ​ေဘးတြင္ရပ္​ေနရာမွ ခါးကိုကိုင္ကာ ခပ္တိုးတိုးညည္းၫူလာ​ေသာ Jisung။

Minho ႏႈတ္ခမ္းလႈပ္႐ုံမွ်တစ္ခ်က္ၿပဳံးလိုက္ကာ လက္အိတ္မ်ားကိုခြၽတ္လိုက္ၿပီး Jisung ကို​ေခၚ၍ ခုံတြင္ထိုင္​​ေစသည္။

​ေဆး​ေသတၱာကို အ​ေျပးက​​ေလးယူ၍ ခါးတြင္ ပလာစတာတစ္ခုကပ္​ေပး​ေနရင္းမွ အနည္းငယ္လည္း ဆူပူပါ​​​ေသး၏။

"နာမွာစိုးလို႔ ကိုယ္ဒီ​ေလာက္ ဂ႐ုတစိုက္ထားတာ​ေတာင္ အိပ္ရာကနိုးလာ​ေတာ့ ကုတင္​​​ေပၚက ျပဳတ္က်ျဖစ္​​ေအာင္က်လိဳက္​ေသးတယ္​ေနာ္။"

ပင္ပင္ပန္းပန္းအိပ္​ေပ်ာ္သြားၿပီး မ်က္လုံးႏွစ္လုံးျပန္ပြင့္လာခ်ိန္တြင္ သူ၏​ေဘး၌ အ​ေပၚပိုင္းဗလာျဖင့္ အိပ္​​ေမာက်​ေန​ေသာ Minho မွာ သူ႕အတြက္ အႏၱရာယ္မ်ားလြန္းလွသျဖင့္ထ​ေျပးရန္ႀကံရာမွ ျပဳတ္က်ရျခင္းျဖစ္သည္ကိုသူသာသိသည္မို႔ မခ်ိၿပဳံးက​ေလးသာ ၿပဳံး​ေနလိုက္ရသည္။

"အခု​ေျဖ​ေပး.."

"ဟင္? ဘာကိုလဲ။"

"ဘယ္သူ႕ကို ပထမဆုံးသတိရတာလဲလို႔။"

Minho မွာ ႀကိတ္၍ၿပဳံးလိုက္ၿပီး​ေနာက္ သူ႕အား ​ေ႐ြးခ်ယ္မႈတစ္ခုျပဳလုပ္​ေစသည္။

"အမွန္အတိုင္း​ေျပာရမလား။ စိတ္ခ်မ္းသာ​ေအာင္လိမ္​ေျပာရမလား။"

Jisung ႏႈတ္ခမ္းတို႔ မသိမသာဆူထြက္လာကာ ငိုမဲ့မဲ့ျဖစ္လာ​​ေတာ့ Minho ရယ္လ်က္ႏွင့္ သူ၏​ေဘးတြင္ဝင္ထိုင္ကာ သူ႕အား​ရင္ခြင္ထဲထည့္၍ ​ေပြ႕ဖက္ထား​ေလ၏။

"ပထမဆုံး Oh Dae Jung ကို​ေတြးမိတယ္။ သူဘယ္လိုအ​ေနအထားရွိ​ေနမလဲလို႔​ေပါ့။"

Minho ၏ အ​ေျဖအတြက္ Jisung စိတ္မဆိုးမိ။ သတိလစ္​ေမ့​ေမ်ာသြားစဥ္က Minho ၏ျမင္ကြင္းထဲ​ေနာက္ဆုံးရွိ​ေနခဲ့သူမို႔ သတိလည္လာခ်ိန္တြင္ ပထမဆုံး​ေတြးမိသည္မွာလည္း မထူးဆန္း။

"သူဆုံးသြားၿပီဆိုတာ ၾကား​ေတာ့ အရမ္းလန့္သြားမွာ​​​ေပါ့။"

"သတ္​ေသသြားလိမ့္မယ္လို႔​ေတာ့ မထင္ခဲ့မိတာအမွန္ပဲ။"

"​သူ​ေကာင္းရာမြန္ရာမွာရွိ​ေနမယ္လို႔ထင္လား ကို။"

Jisung ၏အ​ေမးစကားက Minho အား သက္ျပင္းတစ္ခ်က္ခ်လိဳက္​မိ​ေစသည္။

"​ေမွ်ာ္လင့္ပါတယ္။ နစ္နာသူ​ေတြ​ေက်နပ္တဲ့အထိ အျပစ္​ေႂကြး​ေတြဆပ္ၿပီးတဲ့အခ်ိန္ ​ေနရာ​ေကာင္းတစ္ခုကို ​ေရာက္သြားပါ​ေစလို႔​ေမွ်ာ္လင့္တယ္။"

...................................................

"Happy Birthday to you
Happy Birthday to you
Happy Birthday Dear Lee Minho
Happy Birthday........to you"

လက္ခုပ္လက္ဝါးတီးကာ သံၿပိဳင္​ေအာ္ဆို​ၾက​ေသာ သီခ်င္းသံအဆုံး Felix ကိုယ္တိုင္ျပင္ဆင္လာ​ေပးသည့္ အနီ​ေရာင္ကိတ္မုန့္​ေပၚမွ ​ဖ​ေယာင္းတိုင္မ်ားအား Minho မႈတ္ပစ္​လိုက္သည္။

"Happy Birthday ပါ ကိုရီးယားနိုင္ငံအနာဂတ္ရဲ႕ ၾကယ္ပြင့္စားဖိုမႉး​ေလး၊ ငါနဲ႕ Bang Chan ရဲ႕ ခ်စ္စရာသူငယ္ခ်င္း​ေလး၊ Yang Jeongin ရဲ႕ခ်စ္လွစြာ​​ေသာအစ္ကို၊ Kim Seungmin, Hwang Hyunjin, Lee Yongbok တို႔ရဲ႕ သူငယ္ခ်င္း​ေယာက္ဖစီနီယာ၊ Han Jisung ရဲ႕ ခ်စ္လွစြာ​​ေသာ လင္​ေယာက္်ား...."

စကားအ​ေကာင္းဆို​ေနရာမွ ထ​ေဖာက္လာ​ေသာ Changbin ကို Jisung မ်က္​​ေစာင္းတစ္ခ်က္ထိုး​ေပးလိုက္မွ တဟီးဟီးရယ္ကာ စကားကိုျပင္သည္။

"အဲ...မွားလို႔၊ ​ေယာက္်ားမဟုတ္​ေသးဘူး၊ ခ်စ္သူ။ ဒီ​ေန႕​ေမြး​​ေန႕ကစၿပီး မင္း​ခ်စ္တဲ့သူ​ေတြနဲ႕ ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္​ေနရၿပီး၊ က်န္းက်န္းမာမာအသက္ရွည္ရွည္ ​ေနရပါ​ေစလို႔ ဆု​ေတာင္း​ေပးလိုက္ပါတယ္။ Cheers!!"

Changbin ၏ဦး​​ေဆာင္မႈျဖင့္ ခြက္ကိုယ္စီ​​ျမႇောက္ကာ ​ေသာက္ၾကၿပီး​ေနာက္ Jisung က သူ႕ဘက္သို႔လွည့္ကာ ႏႈတ္ခမ္းလႈပ္႐ုံမွ် ​ေမြး​ေန႕အတြက္ ဂုဏ္ျပဳ​စကားဆိုေပးသည္။ Minho မွာ သူ႕လက္ထဲတြင္ဆုပ္ကိုင္ထား​ေသာ လက္က​ေလးအား ခပ္ဖြဖြနမ္း၍ ​ေက်းဇူးတင္​ေၾကာင္း​​ေျပာ​ေတာ့ အလုံးစုံျမင္​ေတြ႕​ေနရသူတို႔က ပိုကဲလြန္းသည္ဟု ႏွာ​ေခါင္းရႈံ႕ကုန္၏။

"ဒီမွာ အသစ္ထပ္ဖြင့္မယ့္ ဆိုင္ခြဲအသစ္ကိစၥက အဆင္​ေျပလား Minho"

Chan ၏အ​ေမးကို Minho ​ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီး​ေနာက္ဆက္၍ရွင္းသည္။

"အင္း ​ေျပတယ္။ Seo Changbin လက္ရာအျပင္အဆင္က ထင္သ​ေလာက္လည္းမဆိုးလွပါဘူး။"

Minho ထိုသို႔​ေျပာ​ေတာ့ သူ႕​ေဘးတြင္ထိုင္​ေန​ေသာ Interior Designer ကသူ႕​​ေကာ္လံစအား ဆြဲကိုင္​ေလ​၏။

"မယုံရင္ အစတည္းက မအပ္နဲ႕​ေလ။ အခုထိမယုံ​ေသးရင္ လုပ္ထားသမွ်ျပန္ဖ်က္​ေပးရမလား။"

"ယုံပါတယ္ကြာ။ ယုံပါတယ္။"

"ဦး​ေလး Han တို႔မ်က္ႏွာ​ေၾကာင့္ မင္းသက္သာသြားတယ္မွတ္။"

သူငယ္ခ်င္းႏွစ္​ေယာက္၏ ထုံးတမ္းစဥ္လာသတ္ပြဲကိုၾကည့္၍ ရယ္​​ေမာေနၾကရာမွ Hyunjin က႐ုတ္တရက္ စကားစလာသည္။

"အဟမ္း...လူစုံတုန္း​ေၾကညာစရာ​ေလးရွိတယ္။"

"ဝိုး...ဘာမ်ားလဲ။ ဘာမ်ားလဲ။"

သူႏွင့္ Seungmin တို႔၏ လက္မ်ား​ေပၚမွ ​ေငြ​ေရာင္​ေမာင္းကြင္းတို႔ကို​ေထာင္ျပလာ​ေတာ့ အားလုံးမွာ ပါးစပ္အ​ေဟာင္းသား။

"ကြၽန္​ေတာ္တို႔ လက္ထပ္​ေတာ့မယ္။"

"ဝိုး...ဂုဏ္ျပဳပါတယ္။"

"မင္းတို႔ႏွစ္​ေယာက္အတြက္ ဝမ္းသာလိုက္တာ။"

"ဘယ္​ေတာ့ လက္ထပ္ၾကမွာလဲ။"

"​ႏွစ္ဆန္းပိုင္း.. ေနာက္ႏွစ္​လ​​ေလာက္​ေနရင္ ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္လုံး အလုပ္ကိစၥနဲ႕ US ဘက္သြားဖို႔ရွိတယ္။ အဲ့မတိုင္ခင္ ဒီမွာ လက္ထပ္ပြဲလုပ္သြားၾကမလို႔။"

"​ေသခ်ာ​ေပါက္လာၾကရမယ္​ေနာ္။ Jisung နဲ႕ Minho Hyung ကအရန္လုပ္​ေပးဦး။"

Seungmin ၏စကား​ေၾကာင့္ Jisung မွာ အံ့ၾသသြား​​ေသာ္လည္း မျငင္းဆန္။ ​ေခါင္းသာတဆတ္ဆတ္ၿငိမ့္ျပပါ၏။

"မင္းတို႔ႏွစ္​ေယာက္က​ေရာ?"

"ငါတို႔?"

Chan ၏အစမရွိ​​ေသာ အ​ေမးစကား​ေၾကာင့္ Minho သံ​ေယာင္လိုက္ျပန္​ေမး​ေတာ့ ရွင္းျပသည္။

"ဘယ္​ေတာ့ လက္ထပ္ၾကမလဲလို႔​ေမးတာ။"

"​ေဟ့​ေကာင္ ဟိုမွာ Karaoke စက္ပြင့္လာၿပီ။ ထ...ထ"

Chan ၏​ေမးခြန္းကို စတင္၍ အတည္ယူမစဥ္းစားနိုင္ခင္မွာပင္ Changbin ၏​ေဆာ္ဩမႈျဖင့္ ​ေနရာမွ အသီးသီးထသြားၾက​ေသာ က​ေလးႀကီးမ်ားကိုၾကည့္၍ က်န္​ေနခဲ့​ေသာ Minho ႏွင့္ Jisung မွာ ခပ္ဟဟသာရယ္​ေနမိသည္။

"ကို..."

သူ႕ပုခုံး​ေပၚ အသာတင္ထား​ေသာ လက္တစ္ဖက္ကို ဆြဲယူ၍ သီးသန့္နာမ္စားအား ​ေခၚ​ေဝၚလိုက္​ေတာ့ Minho ​ေၾကာင္အသြားရသည္။

ထို႔​ေနာက္ Jisung အိတ္ကပ္ထဲထည့္​ထား​ေသာ ဘူးက​ေလးထဲမွ ​ေငြမွင္လက္စြပ္က​​ေလးအားထုတ္ယူကာ သူ႕လက္​တြင္စြပ္​ေပးသည္။

"​ေမြး​ေန႕လက္​ေဆာင္...။"

Minho ထိုလက္စြပ္က​ေလးကို ​​ေသခ်ာၾကည့္​ေနဆဲမွာပင္ Jisung ကစကားကိုဆက္သည္။

"ကို...ကြၽန္​ေတာ္နဲ႕အတူ​ေနခ်င္လား။"

"ကိုယ့္ကိုအခုလက္ထပ္ခြင့္​ေတာင္း​ေနတာလား။"

"ဘယ္ကသာ...ဘာ​ေတြ​ေျပာ​ေနတာလဲ။ ​ေဖ​ေဖတို႔က Busan မွာ ၾကာၾကာ​ေနျဖစ္မယ္၊ အိမ္ကို မင္းနဲ႕ Minho အပိုင္ယူလိုက္​​ေတာ့လို႔​ေျပာလို႔ ​ေျပာင္းလာဖို႔​ေျပာတာ။"

"တကယ္လား။"

"တကယ္​ေပါ့။ အခု ကြၽန္​ေတာ္တို႔တူတူ​ေနလို႔ရၿပီ။ လက္ထပ္တာက​ေတာ့...အဟင္း...အခ်ိန္မလြန္ခင္ နာရီပိုင္း​ေလာက္အလိုမွာ စဥ္းစားၾက​တာ​​ေပါ့။"

Jisung စကား​ေၾကာင့္ Minho ရယ္​ေမာလိုက္ကာ ​ေကာင္ငယ္​ေလးအား သူ႕ရင္ခြင္ထဲသို႔ထည့္ကာ ​​ေနာက္တစ္ႀကိမ္​ေပြ႕ဖက္ထားလိုက္သည္။ ထိုအ​ေနအထားမွာ သူတို႔ႏွစ္ဦးလုံးအတြက္ သက္​ေတာင့္သက္သာအျဖစ္ဆုံးျဖစ္သည္မို႔။

"ခ်စ္တယ္..ကို"

"ကိုယ္ကပိုခ်စ္တာလို႔ၿပိဳင္မ​ေျပာ​ေန​ေတာ့​​ေပမဲ့ က​ေလးငယ္ကို ကိုယ္အမ်ားႀကီးခ်စ္တာသိတယ္မဟုတ္လား။"

"အင္း..သိတယ္။ သိတာမို႔ ကို​ေပးထားတဲ့ကတိကို အခ်ိန္အၾကာႀကီးတည္​ေပးရမယ္​ေနာ္။"

Minho ​ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ သူ႕ရင္ခြင္ထဲမွ က​ေလးငယ္၏ ဆံသားမ်ားကို ငုံ႕၍ နမ္းရွိုက္လိုက္သည္။

ခပ္သင္းသင္း shampoo နံ႕မွတစ္ဆင့္ ​ၾကည္ႏူးျခင္းဟူ​ေသာ ခံစားခ်က္တစ္ခုက သူ႕ႏွလုံးသားထဲသို႔ စိမ့္ဝင္လာ​ေလ၏။

မလွပျခင္းတို႔ႏွင့္စတင္ခဲ့​​ေသာ ဇာတ္လမ္းတစ္ပုဒ္က ဤမွ်ၾကည္ႏူးဖြယ္အခိုက္အတန့္ဆီသို႔ ဦးတည္​ေနခဲ့သည္မို႔ ​ေက်နပ္မိပါ၏။

အခ်စ္တို႔ျဖင့္အတိၿပီး​ေသာ ပန္းခ်ီကားခ်ပ္ထဲမွ အခိုက္အတန့္အား ခံစား​ေန​​ေသာ သူတို႔ႏွစ္ဦးတစ္ဝိုက္ျဖတ္တိုက္သြား​​ေသာ ည​ေလ​ေအးကပင္ ႏွစ္သက္ဖြယ္​ေကာင္း​ေနသည္အထိ ​ေက်နပ္မိပါ၏။

"ဘယ္​ေတာ့မွ...မင္းနဲ႕ကိုယ္ ဘယ္​ေတာ့မွ ​ေဝးမွာမဟုတ္ဘူး။"

ခ်စ္ရသူအား​ေပးထားခဲ့ဖူး​ေသာ ထိုကတိမွာ သူဤ​ေလာကတြင္း ရပ္တည္​ေနနိုင္ျခင္း၏ အ​ေၾကာင္းရင္းျဖစ္ရကား ထိုကတိအား တည္နိုင္ရန္လည္း ႀကိဳးစားသြားမည္ဟု Minho သူ႕ကိုသူ ထပ္၍ ကတိ​ေပးလိုက္မိပါ​ေတာ့သည္။

~~~~~~~~~~~~THE END~~~~~~~~~~~

Final question for Final Chapter

Clarity ခရီးတစ္​ေလွ်ာက္ လိုက္ပါစီး​ေမ်ာၿပီးတဲ့​ေနာက္ အမွတ္အရဆုံးျဖစ္​ေနတဲ့ အခိုက္အတန့္၊ ဇာတ္ကြက္အပိုင္းအစ၊ scene ဒါမွမဟုတ္  စကားတစ္ခြန္းကို ​ေသခ်ာ​ေပါက္​ေျပာျပ​ေပးခဲ့ၾကပါဦး​ေနာ္။

Thank you sooooo much. Clarity ရွင္းတမ္းကို​ေတာ့ RB ည​ေနပိုင္း​ေလာက္​ေျပာျပပါ့မယ္

#ReddyBombax

Continue lendo

Você também vai gostar

18.9K 1.4K 10
Husband material fanfiction main characters-Geminifourth total chapter-10 hope you guys enjoy this💓
17.9K 1K 8
fu*k you gemini!(omegaverse) fanfiction main characters-Geminifourth total chapter-8 hope you guys enjoy this💓
7K 306 15
his smiles are my happiness. dont be afraid to love, my love. c o m p l e t e d
157K 923 5
Lila Beautiful, elegant & bewitching Lost in the world of Ballet Lila is a Ballet prodigy with a heart of gold and beauty that brings men to their kn...