Chapter 9

661 91 27
                                    

မျက်လုံးနှစ်လုံးပွင့်၍ အသိအာရုံတို့ စိတ်ထဲဝင်လာချိန်တွင် ခန္ဒာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည့် ဝေဒနါကပါ ဆက်၍ပါလာသည်။ မျက်စိတစ်ဝိုက်ရှိ အာရုံကြောများကို နှိပ်နယ်လိုက်ရင်း အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှူလိုက်ကာ လဲလျောင်းနေရာကထတော့ မနေ့ကအဖြစ်အပျက်များဟာ ခေါင်းထဲပြန်ဝင်လာလေ၏။

နမ်းခဲ့သည်။ သူ Jisung ကိုနမ်းခဲ့သည်။

အထိအတွေ့နှင့် မြင်ကွင်းတို့ကို ပြန်ခံစားရသည့်အချိန် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထထောင်လာလေ၏။ နောင်တရသည်တော့မဟုတ်သော်ငြား စိမ်းသက်နေသည့်ဖြစ်ရပ်တစ်ခုက သူ့ဝမ်းဗိုက်ထဲ လိပ်ပြာကောင်များထပျံနေအောင်ပြုစားသည်။

ခပ်ပါးပါးပြုံးကာ အိပ်ရာထဲက ထွက်မည်ပြင်တော့ ဦးခေါင်းထဲဆောင့်တက်လာသော အဖျားသွေးက သူ့ခန္ဓာကိုယ်အခြေအနေကိုသတိပေးသည်။ သူဖျားနေသည်ပဲ။ ပို၍တိတိကျကျပြောရလျှင် မနေ့ကသူမေ့လဲခဲ့သည်ပဲ။

ပုံမှန်ထက်ပိုနေသော ခန္ဒာကိုယ်အပူချိန်နှင့် ရှက်၍ပူတက်လာခြင်းတို့ပေါင်းသောအခါ Minho မျက်နှာမှာ တောက်လောင်နေသော မီးသွေးခဲကြီးတစ်ခုလို။

ဖြစ်ခဲ့သည်များကို သူလုံးဝမမေ့နိုင်သေး။ Jisung ကိုနမ်းပြီးနောက် သူ့စိတ်ထဲပြောချင်နေသည်များကို ကိုယ်စားပြုစကားတစ်ခွန်းနှင့်ပြောသည်။ ပြောနေရင်းနဲ့မှ တစ်ကိုယ်လုံးချမ်းစိမ့်လာသည်ကိုသတိထားမိသည်။

Jisung ကိုစိုက်ကြည့်နေရင်းမှ ​အမြင်တွေဝေဝါးလာကာ မတ်တပ်ဆက်ရပ်ဖို့ပင်ခက်ခဲလောက်အောင် အားလျော့လာသည်။ ထို့နောက် အားတင်းပြုံးဖို့ကြိုးစားနေရင်းမှ လောကကြီးနှင့်ရုတ်တရက်အဆက်အသွယ်ပြတ်သွားလေ၏။

ဘယ်လိုတောင် ချူချာရသည်လဲဟု ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း ရည်းစားစကားပြောနေရာက မေ့လဲသွားသည့်သူ့ပုံစံကိုကြည့်ကာ Jisung မည်သို့မည်ပုံ​တွေးနေခဲ့မည်နည်းဟု တွေးမိလာသည်။

ကို့ရို့ကားယားနိုင်နေသည့် ခံစားချက်ကြီးက Minho ကိုဘေးရှိခေါင်းအုံးအား အငြှိုးကြီးကြီး အချက်ပေါင်းများစွာရိုက်နေစေ၏။ ကိုက်ခဲနေသော လက်မောင်းကိုပင် မေ့လျော့၍ပေါ့။

Clarity || Minsung FF||Kde žijí příběhy. Začni objevovat