5 Big Shots kneeled and calle...

By Larkspur41

9.2K 1.7K 91

Not my own story.Just translation. Credits to: Original author and eng translator(s) Start Date - 19.9.2021 More

Description
Chapter 1.1 - it's been 25 years later
Chapter 2.1 - I am your son
Chapter 2.2 - I am your son
Chapter 3.1 - Tyrannical CEO Son
Chapter 3.2 - Tyrannical CEO Son
Chapter 4.1- The Child's Father is Ji ZhenTian
Chapter 4.2 - The Child's Father is Ji Zhentian

Chapter 1.2 -it's been 25 years later

673 164 6
By Larkspur41

Unicode

ရောဂါကို ကုသနေစဉ်အချိန်တုန်းက ပညာရှင်တွေက ကူယွမ်မှာ ရှားပါးတဲ့ မျိုးရိုးဗီဇ ရှိနေမှန်း တွေ့ရှိသွားခဲ့တယ်၊ ဒါက တကယ်ကို ဉာဏ်ကြီးရှင် မျိုးရိုးဗီဇ ဖြစ်နေတယ်၊တကယ်လို့ ဒီဗီဇသာ ပျောက်ကွယ်သွားခဲ့ရင် လူသားမျိုးနွယ်‌တွေ အတွက် ဆုံးရှုံးမှုကြီး ဖြစ်လာနိုင်တယ်၊ ဒီတော့ ကူယွမ်က သူမဆီက မမျိုးဥ ငါးလူံးကို ခွဲစိတ်မှု မစခင် ထုတ်ယူထားဖို့ သဘောတူခဲ့တယ်။

ကူယွမ် ရုတ်တရက်ကြီး စိတ်ထဲ ထင့်သွားတယ်၊သူမ မျက်လုံးလေးတွေက ဒေါက်တာချန်းကို စိုက်ကြည့်နေရင်းနဲ့ ဆက်မေးလိုက်တယ် " နောက်တော့ရော ?"

ဒေါက်တာချန်းက ကူယွမ်ကို ကြည့်ပြီး အလေးအနက်နဲ့ ပြန်ဖြေလာတယ် " အဲ့ဒီ ဥလေး ငါးလုံးက သက်ရှိလေးတွေ ဖြစ်လာပြီ "

ကူယွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်လာတယ်။

တယောက်ယောက်က သူမရဲ့ ဥလေး ငါးလုံးက အကောင်ပေါက်လာပြီလို့ ပြောလာတော့ သူမ ဘက်က ပြန်ပြောဖို့ စကားလုံးတွေ ဆွံအလို့နေတယ်။

ဒေါက်တာချန်း : " အဲ့ဒီ ဥငါးလုံးက သက်ရှိလူသားတွေ ဖြစ်လာပြီ ၊ငါး ....."

ဒေါက်တာချန်းက ဘယ်လိုဆက်ပြောရမလဲ ချင့်ချိန်နေရင်းနဲ့ စကားကို ဆက်လာတယ်၊ " အဲ့ဒါက ယောက်ျားလေး ငါးယောက်ဘဲ ၊သူတိူ့ထဲက အကြီးဆုံးက 24နှစ် ရှိနေပြီ "

ကူယွမ် : "......"

ဒေါက်တာချန်းက အလေးအနက်နဲ့ သူမကို ကြည့်ပြီး ပြောလာတယ် " မစ်ကူ မင်းသိချင်ရင် ငါ့မှာ အချက်အလက်အချို့တော့ ရှိတယ် "

ကူယွမ်က မြန်မြန်ဘဲ ခေါင်းယမ်းပြီး လက်ကာပြလိုက်တယ် "တော်ပြီ ၊တော်ပြီ တော်ပြီ အဲ့ဒါကို မေ့လိုက်တော့ "

သူမ အသက်က 45နှစ်ဆိုပေမယ့် သူမ စိတ်ထဲမှာတော့ တက္ကသိုလ်တက်ခါစ 18နှစ် အရွယ်လို့ဘဲ ကိုယ့်ကိုယ်ကို ထင်မှတ်နေသေးတာ၊ ဒီတော့ သူမ မှာ 24နှစ်ရှိပြီး အရွယ်ရောက်နေတဲ့ သားတစ်ယောက် အခန့်သားရနေပြီဆိုတာကို လက်မခံနိုင်သေးဘူးဖြစ်နေတယ်။

ဒေါက်တာချန်းက စကားဆက်ပြောချင်နေသေးပေမယ့် ကူယွမ်က မြန်မြန်ဘဲ ခရီးဆောင်အိတ်ကို ဆွဲလို့ သူ့နားက ထွက်ပြေးသွားတယ် ။

အဝေးကို ပြေးထွက်လာတာတောင်မှ ကူယွမ်စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်သေးဘူး။

သူမက အခုထက်ထိ လက်မထပ်ရသေးဘူးလေ၊ ပြီးတော့ သင့်လျော်တဲ့ ဘဝတစ်ခုတောင် မရှိသေးဘူး၊ ဒါက်ု သူမမှာ သား ငါးယောက်တောင် ရှိနေပြီတဲ့လား? ပြီးတော့လည်း အကြီးဆုံးကဆို 24နှစ်တောင် ရှိနေပြီတဲ့ ?

ဒါကြီးက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။

ကူယွမ်က သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းဖို့ အသက်ကိုဝဝရှုလိုက်တယ်၊ ပြီးတော့ ဒီအကြောင်းကို ဆက်မတွေးတော့ဘူး၊ ဒါက ဥလေး ငါးလူံးပါဘဲ၊ သူတို့ကို သူမ တခါမှလည်းမတွေ့ဖူးတော့ သူမနဲ့ မသက်ဆိုင်ပါဘူးလေ။

ဟုတ်တယ် ၊ဒါက သူမနဲ့ ဘာမှ မဆိုင်ဘူး။

သူမစိတ်ကိုသူမ ပြန်အယုံသွင်းပြီးတာနဲ့ လေဆိပ်ကို လျှောက်ကြည့်နေလိုက်တယ်။

ဒီ25နှစ်အတွင်းမှာ ပြောင်းလဲ သွားတာတွေက သိပ်များလွန်းတယ်၊ ကူယွမ်က ခမ်းနားကြီးကျယ်လှတဲ့ လေဆိပ်ကြီးကို ငေးကြည့်နေမိတယ်၊ နောက်တော့ check inဝင်ဖို့ရာ လူအုပ်ကြီးနဲ့ အတူ တန်းစီလိုက်တယ်။

ဝန်ထမ်း တစ်ယောက်က သူမကို စိုက်ကြည့်ရင်းနဲ့ မေးလာတယ် "ဒါက မင်းရဲ့ IDဆိုတာ မှန်ရဲ့လား ?"

ကူယွမ်က မြန်မြန်ဘဲ ပြန်ဖြေလိုက်တယ် " ဟုတ်ပါတယ် "

ဒီ IDကတ်က လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဒေါက်တာချန်းက သူမ အတွက် အသစ် ပြုလုပ်ပေးထားတာ၊ အခုခေတ်ID ကတ်တွေက အဆင့်မြင့်ပြီး လေဆိပ်တို့ ဘူတာရုံတို့မှာ တိုက်ရိုက် ဖြတ်သန်းသွားလာလို့ ရနိုင်တယ်လို့ သူက ပြောတယ်၊ ကူယွမ်အတွက်တော့ ဒါက တကယ်ကို အံ့သြလောက်စရာဘဲ၊သူမ မှတ်ဉာဏ်ထဲက IDကတ်လေးကတော့ ပလက်စတစ် လောင်းထားတဲ့ ပုံလေးအတိုင်းရှိနေဆဲဘဲ။

ဝန်ထမ်းက ကူယွမ်ကို မျက်မှောင်ကြုံ့ပြီး ကြည့်လာတယ် " မင်းက ဒီနှစ်ဆို 45နှစ် ရှိပြီလား?"

ကူယွမ်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိမ့်ပြလာတယ် " ဟုတ်ပါတယ်၊ ကျွန်မက 45နှစ် ရှိနေပါပြီ "

ဝန်ထမ်းက ကတ်ပေါ်က မျက်နှာနဲ့ ကိူက်ပြီးတော့ တကြိမ်ထပ်‌စစ်ဆေးလိူက်တယ်၊ နောက်ပြီး သူမက ဘာမှ ထပ်မပြောတော့ဘဲ ကူယွမ်ကို သွားခွင့်ပြုလိုက်တယ် ။

ကူယွမ်နောက်မှာ တန်းစီနေကြတဲ့ လူအုပ်ကြီးက ဒါကို ကြားတော့ တယောက်ပြီးတယောက် ကူယွမ်ကို လှမ်းကြည့်လာကြတယ် ။

ဒီကောင်မလေး မျက်နှာက ကလေးအဆီလေးတွေတောင် မပျောက်သေးဘူး၊ ကြည့်လိုက်တာနဲ့ကို နူးညံ့ပြီး ချစ်စဖွယ်ပုံလေးပါ၊သူမ အသားအရေလေးကလည်း ဖြူဖွေးပြီး နူးနူးညံ့ညံ့လေးရယ်၊ မျက်လုံးတွေကလည်း ကြီးမားပြီး တောက်ပနေတယ်၊ ဘယ်နေရာကဘဲ ကြည့်ကြည့် သူမလေးက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ မိန်းမပျိုလေးဘဲကို၊ ဘယ်လိုလုပ်သူမက 45နှစ် ဖြစ်နိုင်မှာလဲ? ဒါက လိမ်နေတာဘဲမလား?

ဘယ်လိုဘဲ ပလက်စတစ် ဆာဂျရီတွေ ခေတ်စားနေပါစေ ခွဲစိတ်ထားတာနဲ့ သဘာဝ မျက်နှာသွင်ပြင်နဲ့က အသိသာကြီး ကွာခြားတယ်လေ၊ခွဲစိတ်ပြုပြင်ထားတဲ့ မျက်နှာတွေမှာ ဒီလိူ ငယ်ရွယ်နုနယ်မှုမျိုး မရနိုင်ဘူး၊ ပြီးတော့ ဒီမိန်းမငယ်လေးက အခုမှ တက္ကသိုလ် တက်ခါစ ကလေးမလေး တစ်ယောက်လိုဘဲ။

‌မယုံမကြည်ဖြစ်နေတဲ့ မျက်လုံးပေါင်းများစွာကို ရင်ဆိုင်လိုက်ရတော့ ကူယွမ်က ခရီးဆောင်အိတ်ကို ဆွဲပြီး ခေါင်းကို ငုံလျက်နဲ့ လေယာဉ်ပေါ် အမြန်တက်ဖို့ ပြင်လိုက်တယ်။

သူမရဲ့ ငယ်ရွယ်တဲ့ မျက်နှာလေးကို လူ‌‌တွေ ချီးမွမ်းကြမှာကို သဘောကျပေမယ့် လေဆိပ်ကလူတွေက သူမကို လေယာဉ်ပေါ်တက်မရအောင် တားဆီးလာကြမှာကိုတော့ ကြောက်နေတယ်လေ၊ လေယာဉ်လက်မှတ်ခက တကယ်ဘဲ ဈေးကြီးလွန်းတယ်၊ သူမက အခု ဒီနေရာကို ရောက်နေမှတော့ ဘယ်လို့ဘဲဖြစ်ဖြစ် လက်မှတ်ဖိုးက ပေးရတော့မှာ။

လေယာဉ်က အောင်အောင်မြင်မြင်နဲ့ စထွက်သွားတော့မှဘဲ ကူယွမ်ခမျာ စိတ်သက်သာရာ ရသွားတော့တယ်။

သူမ ဘေးက လူတွေကို လှည့်ပတ်ကြည့်တော့ လူတိုင်းက ခေါင်းတွေငုံပြီး လက်ထဲက ထောင့်မှန်စတုဂံပုံစံ လျှပ်စစ်အပြားလေးကို ကြည့်နေကြတယ်၊ ဒါက ကူယွမ်အရင်က ဆော့ဖူးတဲ့ ဂိမ်းစက်လိုဘဲ၊ ကူယွမ် စိတ်ထဲ ပဟေဠိ ဖြစ်သွားတယ်၊ ဒါက အသစ်ထုတ်ထားတဲ့ ဂိမ်းစက်တွေများလား ၊ သူမ စိတ်ထဲ ဒါတွေက ပိုပျော်ဖို့ကောင်းမယ်လို့ ထင်နေတယ် ။

လေယာဉ်ပေါ်က ဆင်းတာနဲ့ ကူယွမ်က ချက်ချင်းအပြင်ထွက်လာပြီး ဒေါက်တာချန်း သင်ပေးထားတဲ့ အတိုင်း taxiငှားလိုက်တယ်။

taxiက အဝေးပြေးလမ်းတလျှောက် မောင်းနှင်နေရင်း ကူယွမ်ကတော့ အပြင်ဘက်ကို ငေးကြည့်နေတယ်

အခုချိန်က 25နှစ်တောင် ကြာသွားခဲ့ပြီးတာကို လက်ခံခဲ့ပြီးတော့ သိပ္ပံနဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်နေပြီး ပညာရပ်ကြီး လေးခုပါ အံ့မခန်းတိုးတက်နေမှန်း နားလည်ထားပေမယ့် လမ်းတလျှောက်ကို ငေးကြည့်ရင်း ကူယွမ် အံ့အားမသင့်ဘဲ မနေနိုင်ဘူး ဖြစ်နေတယ်။
(နည်းပညာရပ်လေးခု- စိုက်ပျိုးမွေးမြူရေး၊ စက်မှူလုပ်ငန်း၊ သိပ္ပံ၊ နည်းပညာရပ်)

taxi ရပ်သွားတော့ ဒရိုင်ဘာက သူမကို ယွမ်120ကျ ကြောင်းပြောလာတယ်၊ ကူယွမ်က taxiသမားကို အံ့ဩ တကြီးနဲ့ ကြည့်မိတယ်၊ 25နှစ်ကြာပြီးတော့ taxiခက မိုးထိ ထိုးတက်သွားမယ်လို့ မထင်ထားမိဘူး၊သူမ အဖေတောင်မှ တလကို ယွမ်တစ်ထောင်ဘဲ ရတယ်၊ ဒါက အတော်လေး မြင့်တယ်လို့ ဆိုနိုင်တယ်။

ကူယွမ် : " ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တစ်ရာနဲ့ နှစ်ဆယ် ယွမ်တောင်မှလေ၊အရမ်းဈေးများတာဘဲ၊ ကားဆရာအကိုကြီး ၊ရှင်ကျွန်မကို ဒီလိုတော့ အနိုင်မကျင့်သင့်ပါဘူး၊ ဒါက လုယက်နေတာဘဲ "

ဒရိုင်ဘာတောင် အံ့ဩသွားတယ် : "ဈေးကြီးတယ် ၊မင်းက ဒါကို ဈေးကြီးလွန်းတယ်လို့ ထင်တာလား? ငါဘာကိုမှ လိမ်ညာထားတာမျိုး မရှိဘူး၊ ဒါက ပုံမှန် ဈေးနှုန်းဘဲ၊ မင်းက ငါ့ကို ရိုက်စားလုပ်နေတယ်များ ထင်နေတာလား? ငါဒါမျိုး ဘယ်တော့မှ မလုပ်ဖူးကွ "

ကူယွမ် : "...."

ပညာရှိတဲ့ လူဆိူတာ ကံကြမ္မာက မျက်နှာမပေးရင်တောင်မှ ပြန်တိုက်ခိုက်ရဲတယ်၊ ဒါပေမယ့် ဒီကားသမားက ခက်ထန်တဲ့ ပုံပေါ်တယ်၊ ကူယွမ်လည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ ယွမ် 120ကို လှမ်းပေးပြီး ၊ဒါနဲ့ သူမ လုံခြုံမှူကို ဝယ်ယူလိူက်နိုင်တယ်လို့ဘဲ သဘောထားလိုက်တယ်။

ကားသမားက ပိုက်ဆံရသွားတာနဲ့ စစ်ကြည့်ပြီးတော့ ကူယွမ်ကို လူထူးလူဆန်းကြီးလိူ ကြည့်ပြီး လှည့်ထွက်သွားတယ်။

Taxiပေါ်က ဆင်းပြီးတော့ ပြောင်းလဲမသွားတဲ့ ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်ကို တွေ့လိုက်တော့ ကူယွမ် စိတ်သက်သာသွားတယ်။

သူမ အမေဆုံးပါးသွားပြီးတော့ အဖေက ဟို မျိုးရိုး အမျိုးသမီးနဲ့ ထပ်ပြီး လက်ထပ်ခဲ့တယ်၊သူမရဲ့ တစ်ခုတည်းသော အားထားစရာက အမေဘက်က အဘွားချန်ထားခဲ့တဲ့ ဒီတိုက်ခန်းလေးဘဲ။

25နှစ်ကြာပြီးမှ ဒီနေရာကို ပြန်လာနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။

အပြန်လမ်း တစ်လျှောက်လုံး ဒီနေရာလေးကို တွေးနေခဲ့ရတာ၊ သူမလက်ထဲမှာ အခန်းသော့လေး ရှိနေတယ်၊ သူမ ကြောက်နေခဲ့တာက ဒီနေရာလေး ပျောက်ဆုံးသွားပြီးတော့ သော့ဖွင့်စရာ အခန်း မရှိတော့မှာကိုဘဲ။

အခုတော့ ဒီပတ်ဝန်းကျင်က ရှိနေသေးတယ် ၊သူမ အိမ်ကလည်း ရှိနေသေးတယ်။

ကူယွမ်က သက်ပြင်းရှိုက်ပြီး ခရီးဆောင်အိတ်ကို ဆွဲလို့ တတိယထပ်ကို တက်လာခဲ့တယ်၊ နောက်တော့ သူမ အခန်းရှေ့ကို ခြေချနိုင်ခဲ့ပြီ။

သူမ ရှေ့က တံခါးဝကို ကြည့်တော့ ဒါက သူမ ရဲ့ မှတ်ဉာဏ်ထဲက ပုံနဲ့ တခြားစီ ဖြစ်နေတယ်၊ ဒါက တစ်ခုခုတော့မှားနေပြီ။

သူမ လက်ထဲက သော့ကို ထုတ်လို့ တံခါးကို ဖွင့်ကြည့်မလို့ လုပ်တုန်း တံခါးက ရုတ်တရက် ပွင့်လာတယ်။

တံခါးအတွင်းဘက်မှာ မိန်းကလေးတစ်ယောက်က ကာဆီးပြီး ကြည့်နေတယ် " နင်က ဘယ်သူလဲ၊ ဘာလို့ တံခါးကို ဖွင့်ဖို့ လုပ်နေတာလဲ ?"

ကူယွမ်က စပ်စုချင်တဲ့ ပုံလေးနဲ့ ရှေ့က မိန်းကလေးကို မေးလိုက်တယ် " ရှင်က ကူယွဲ့လား?"

သူမ စိတ်ထဲ တစ်ခုခုတော့ မှားနေသလို ခံစားလိုက်ရတယ်၊ ကူယွဲ့ဆိုတာ သူမ မိထွေးက သူမ အဖေနဲ့ လက်ထပ်တော့ ခေါ်လာတဲ့ ညီမ ငယ်လေးလေ၊ သူမက ကူယွမ်ထက် သုံးလလောက်ဘဲ ငယ်တယ်၊အခု ကူယွမ်က 45နှစ်ကျော်ရှိနေပြီဆိုပေမယ့် သူမ ရှေ့က ကောင်မလေးကတော့ 20ကျော်ကျော်လေးဘဲ ရှိအုံးမယ်၊ ဒီကောင်မလေးနဲ့ ကူယွဲ့နဲ့က တော်တော်ကြီး ဆင်တူနေတော့ ဒါက ကူယွဲ့ သမီးများလား?

" နင်က ဘာလို့ ငါ့အမေ နာမည်ကို သိနေတာလဲ ? နင်က ဘယ်သူလဲ?"

ဒီကောင်မလေးက ဒီလိုလဲ ပြောလိုက်ရော သူမ နောက်ကနေ လူတွေ ထွက်လာတယ်၊လူကြီး‌တယောက်၊ လူငယ်တစ်ယောက်နဲ့ လေးဆယ်အရွယ် အမျိုးသမီးတယောက်ဘဲ၊ အမျိုးသမီးကြီးက စိတ်ဆိုးတကြီးနဲ့ ပြောလာတယ် " ကျီဟန် ၊ ဘယ်သူတုန်း ?"

ဖုန်းကျီဟန် : "အမေ ဒီလူက အမေ့နာမည်ပြောနေတယ်၊ အမေနဲ့တွေ့ဖို့ လာတာထင်တယ် "

အမျိုးသမီးကြီးလည်း တံခါးဝကို ကျော်ကြည့်လိုက်တယ်၊ ကြည့်ကြည့်ချင်း ကူယွမ်ကို မြင်လိုက်ရတော့ သတိလစ်သွားတော့ မလိုဘဲ ။
" နင် ၊ နင် ၊ နင်က..."










Zawgyi





ေရာဂါကို ကုသေနစဥ္အခ်ိန္တုန္းက ပညာ႐ွင္ေတြက ကူယြမ္မွာ ႐ွားပါးတဲ့ မ်ိဳး႐ိုးဗီဇ ႐ွိေနမွန္း ေတြ႕႐ွိသြားခဲ့တယ္၊ ဒါက တကယ္ကို ဉာဏ္ႀကီး႐ွင္ မ်ိဳး႐ိုးဗီဇ ျဖစ္ေနတယ္၊တကယ္လို႔ ဒီဗီဇသာ ေပ်ာက္ကြယ္သြားခဲ့ရင္ လူသားမ်ိဳးႏြယ္‌ေတြ အတြက္ ဆုံး႐ႈံးမႈႀကီး ျဖစ္လာႏိုင္တယ္၊ ဒီေတာ့ ကူယြမ္က သူမဆီက မမ်ိဳးဥ ငါးလူံးကို ခြဲစိတ္မႈ မစခင္ ထုတ္ယူထားဖို႔ သေဘာတူခဲ့တယ္။

ကူယြမ္ ႐ုတ္တရက္ႀကီး စိတ္ထဲ ထင့္သြားတယ္၊သူမ မ်က္လုံးေလးေတြက ေဒါက္တာခ်န္းကို စိုက္ၾကည့္ေနရင္းနဲ႔ ဆက္ေမးလိုက္တယ္ " ေနာက္ေတာ့ေရာ ?"

ေဒါက္တာခ်န္းက ကူယြမ္ကို ၾကည့္ၿပီး အေလးအနက္နဲ႔ ျပန္ေျဖလာတယ္ " အဲ့ဒီ ဥေလး ငါးလုံးက သက္႐ွိေလးေတြ ျဖစ္လာၿပီ "

ကူယြမ္ရဲ႕ မ်က္လုံးေတြ ျပဴးက်ယ္လာတယ္။

တေယာက္ေယာက္က သူမရဲ႕ ဥေလး ငါးလုံးက အေကာင္ေပါက္လာၿပီလို႔ ေျပာလာေတာ့ သူမ ဘက္က ျပန္ေျပာဖို႔ စကားလုံးေတြ ဆြံအလို႔ေနတယ္။

ေဒါက္တာခ်န္း : " အဲ့ဒီ ဥငါးလုံးက သက္႐ွိလူသားေတြ ျဖစ္လာၿပီ ၊ငါး ....."

ေဒါက္တာခ်န္းက ဘယ္လိုဆက္ေျပာရမလဲ ခ်င့္ခ်ိန္ေနရင္းနဲ႔ စကားကို ဆက္လာတယ္၊ " အဲ့ဒါက ေယာက်္ားေလး ငါးေယာက္ဘဲ ၊သူတိူ႕ထဲက အႀကီးဆုံးက 24ႏွစ္ ႐ွိေနၿပီ "

ကူယြမ္ : "......"

ေဒါက္တာခ်န္းက အေလးအနက္နဲ႔ သူမကို ၾကည့္ၿပီး ေျပာလာတယ္ " မစ္ကူ မင္းသိခ်င္ရင္ ငါ့မွာ အခ်က္အလက္အခ်ိဳ႕ေတာ့ ႐ွိတယ္ "

ကူယြမ္က ျမန္ျမန္ဘဲ ေခါင္းယမ္းၿပီး လက္ကာျပလိုက္တယ္ "ေတာ္ၿပီ ၊ေတာ္ၿပီ ေတာ္ၿပီ အဲ့ဒါကို ေမ့လိုက္ေတာ့ "

သူမ အသက္က 45ႏွစ္ဆိုေပမယ့္ သူမ စိတ္ထဲမွာေတာ့ တကၠသိုလ္တက္ခါစ 18ႏွစ္ အ႐ြယ္လို႔ဘဲ ကိုယ့္ကိုယ္ကို ထင္မွတ္ေနေသးတာ၊ ဒီေတာ့ သူမ မွာ 24ႏွစ္႐ွိၿပီး အ႐ြယ္ေရာက္ေနတဲ့ သားတစ္ေယာက္ အခန္႔သားရေနၿပီဆိုတာကို လက္မခံႏိုင္ေသးဘူးျဖစ္ေနတယ္။

ေဒါက္တာခ်န္းက စကားဆက္ေျပာခ်င္ေနေသးေပမယ့္ ကူယြမ္က ျမန္ျမန္ဘဲ ခရီးေဆာင္အိတ္ကို ဆြဲလို႔ သူ႕နားက ထြက္ေျပးသြားတယ္ ။

အေဝးကို ေျပးထြက္လာတာေတာင္မွ ကူယြမ္စိတ္ကို တည္ၿငိမ္ေအာင္ မထိန္းႏိုင္ေသးဘူး။

သူမက အခုထက္ထိ လက္မထပ္ရေသးဘူးေလ၊ ၿပီးေတာ့ သင့္ေလ်ာ္တဲ့ ဘဝတစ္ခုေတာင္ မ႐ွိေသးဘူး၊ ဒါက္ု သူမမွာ သား ငါးေယာက္ေတာင္ ႐ွိေနၿပီတဲ့လား? ၿပီးေတာ့လည္း အႀကီးဆုံးကဆို 24ႏွစ္ေတာင္ ႐ွိေနၿပီတဲ့ ?

ဒါႀကီးက စိတ္ကူးၾကည့္လို႔ေတာင္ မရႏိုင္ဘူး။

ကူယြမ္က သူမကိုယ္သူမ တည္ၿငိမ္ေအာင္ထိန္းဖို႔ အသက္ကိုဝဝ႐ႈလိုက္တယ္၊ ၿပီးေတာ့ ဒီအေၾကာင္းကို ဆက္မေတြးေတာ့ဘူး၊ ဒါက ဥေလး ငါးလူံးပါဘဲ၊ သူတို႔ကို သူမ တခါမွလည္းမေတြ႕ဖူးေတာ့ သူမနဲ႔ မသက္ဆိုင္ပါဘူးေလ။

ဟုတ္တယ္ ၊ဒါက သူမနဲ႔ ဘာမွ မဆိုင္ဘူး။

သူမစိတ္ကိုသူမ ျပန္အယုံသြင္းၿပီးတာနဲ႔ ေလဆိပ္ကို ေလွ်ာက္ၾကည့္ေနလိုက္တယ္။

ဒီ25ႏွစ္အတြင္းမွာ ေျပာင္းလဲ သြားတာေတြက သိပ္မ်ားလြန္းတယ္၊ ကူယြမ္က ခမ္းနားႀကီးက်ယ္လွတဲ့ ေလဆိပ္ႀကီးကို ေငးၾကည့္ေနမိတယ္၊ ေနာက္ေတာ့ check inဝင္ဖို႔ရာ လူအုပ္ႀကီးနဲ႔ အတူ တန္းစီလိုက္တယ္။

ဝန္ထမ္း တစ္ေယာက္က သူမကို စိုက္ၾကည့္ရင္းနဲ႔ ေမးလာတယ္ "ဒါက မင္းရဲ႕ IDဆိုတာ မွန္ရဲ႕လား ?"

ကူယြမ္က ျမန္ျမန္ဘဲ ျပန္ေျဖလိုက္တယ္ " ဟုတ္ပါတယ္ "

ဒီ IDကတ္က လြန္ခဲ့တဲ့ ႏွစ္ရက္ကမွ ေဒါက္တာခ်န္းက သူမ အတြက္ အသစ္ ျပဳလုပ္ေပးထားတာ၊ အခုေခတ္ID ကတ္ေတြက အဆင့္ျမင့္ၿပီး ေလဆိပ္တို႔ ဘူတာ႐ုံတို႔မွာ တိုက္႐ိုက္ ျဖတ္သန္းသြားလာလို႔ ရႏိုင္တယ္လို႔ သူက ေျပာတယ္၊ ကူယြမ္အတြက္ေတာ့ ဒါက တကယ္ကို အံ့ၾသေလာက္စရာဘဲ၊သူမ မွတ္ဉာဏ္ထဲက IDကတ္ေလးကေတာ့ ပလက္စတစ္ ေလာင္းထားတဲ့ ပုံေလးအတိုင္း႐ွိေနဆဲဘဲ။

ဝန္ထမ္းက ကူယြမ္ကို မ်က္ေမွာင္ၾကဳံ႕ၿပီး ၾကည့္လာတယ္ " မင္းက ဒီႏွစ္ဆို 45ႏွစ္ ႐ွိၿပီလား?"

ကူယြမ္က ခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွ ေခါင္းညိမ့္ျပလာတယ္ " ဟုတ္ပါတယ္၊ ကြၽန္မက 45ႏွစ္ ႐ွိေနပါၿပီ "

ဝန္ထမ္းက ကတ္ေပၚက မ်က္ႏွာနဲ႔ ကိူက္ၿပီးေတာ့ တႀကိမ္ထပ္‌စစ္ေဆးလိူက္တယ္၊ ေနာက္ၿပီး သူမက ဘာမွ ထပ္မေျပာေတာ့ဘဲ ကူယြမ္ကို သြားခြင့္ျပဳလိုက္တယ္ ။

ကူယြမ္ေနာက္မွာ တန္းစီေနၾကတဲ့ လူအုပ္ႀကီးက ဒါကို ၾကားေတာ့ တေယာက္ၿပီးတေယာက္ ကူယြမ္ကို လွမ္းၾကည့္လာၾကတယ္ ။

ဒီေကာင္မေလး မ်က္ႏွာက ကေလးအဆီေလးေတြေတာင္ မေပ်ာက္ေသးဘူး၊ ၾကည့္လိုက္တာနဲ႔ကို ႏူးညံ့ၿပီး ခ်စ္စဖြယ္ပုံေလးပါ၊သူမ အသားအေရေလးကလည္း ျဖဴေဖြးၿပီး ႏူးႏူးညံ့ညံ့ေလးရယ္၊ မ်က္လုံးေတြကလည္း ႀကီးမားၿပီး ေတာက္ပေနတယ္၊ ဘယ္ေနရာကဘဲ ၾကည့္ၾကည့္ သူမေလးက ငယ္႐ြယ္ၿပီး အေတြ႕အၾကဳံမ႐ွိေသးတဲ့ မိန္းမပ်ိဳေလးဘဲကို၊ ဘယ္လိုလုပ္သူမက 45ႏွစ္ ျဖစ္ႏိုင္မွာလဲ? ဒါက လိမ္ေနတာဘဲမလား?

ဘယ္လိုဘဲ ပလက္စတစ္ ဆာဂ်ရီေတြ ေခတ္စားေနပါေစ ခြဲစိတ္ထားတာနဲ႔ သဘာဝ မ်က္ႏွာသြင္ျပင္နဲ႔က အသိသာႀကီး ကြာျခားတယ္ေလ၊ခြဲစိတ္ျပဳျပင္ထားတဲ့ မ်က္ႏွာေတြမွာ ဒီလိူ ငယ္႐ြယ္ႏုနယ္မႈမ်ိဳး မရႏိုင္ဘူး၊ ၿပီးေတာ့ ဒီမိန္းမငယ္ေလးက အခုမွ တကၠသိုလ္ တက္ခါစ ကေလးမေလး တစ္ေယာက္လိုဘဲ။

‌မယုံမၾကည္ျဖစ္ေနတဲ့ မ်က္လုံးေပါင္းမ်ားစြာကို ရင္ဆိုင္လိုက္ရေတာ့ ကူယြမ္က ခရီးေဆာင္အိတ္ကို ဆြဲၿပီး ေခါင္းကို ငုံလ်က္နဲ႔ ေလယာဥ္ေပၚ အျမန္တက္ဖို႔ ျပင္လိုက္တယ္။

သူမရဲ႕ ငယ္႐ြယ္တဲ့ မ်က္ႏွာေလးကို လူ‌‌ေတြ ခ်ီးမြမ္းၾကမွာကို သေဘာက်ေပမယ့္ ေလဆိပ္ကလူေတြက သူမကို ေလယာဥ္ေပၚတက္မရေအာင္ တားဆီးလာၾကမွာကိုေတာ့ ေၾကာက္ေနတယ္ေလ၊ ေလယာဥ္လက္မွတ္ခက တကယ္ဘဲ ေဈးႀကီးလြန္းတယ္၊ သူမက အခု ဒီေနရာကို ေရာက္ေနမွေတာ့ ဘယ္လို႔ဘဲျဖစ္ျဖစ္ လက္မွတ္ဖိုးက ေပးရေတာ့မွာ။

ေလယာဥ္က ေအာင္ေအာင္ျမင္ျမင္နဲ႔ စထြက္သြားေတာ့မွဘဲ ကူယြမ္ခမ်ာ စိတ္သက္သာရာ ရသြားေတာ့တယ္။

သူမ ေဘးက လူေတြကို လွည့္ပတ္ၾကည့္ေတာ့ လူတိုင္းက ေခါင္းေတြငုံၿပီး လက္ထဲက ေထာင့္မွန္စတုဂံပုံစံ လွ်ပ္စစ္အျပားေလးကို ၾကည့္ေနၾကတယ္၊ ဒါက ကူယြမ္အရင္က ေဆာ့ဖူးတဲ့ ဂိမ္းစက္လိုဘဲ၊ ကူယြမ္ စိတ္ထဲ ပေဟဠိ ျဖစ္သြားတယ္၊ ဒါက အသစ္ထုတ္ထားတဲ့ ဂိမ္းစက္ေတြမ်ားလား ၊ သူမ စိတ္ထဲ ဒါေတြက ပိုေပ်ာ္ဖို႔ေကာင္းမယ္လို႔ ထင္ေနတယ္ ။

ေလယာဥ္ေပၚက ဆင္းတာနဲ႔ ကူယြမ္က ခ်က္ခ်င္းအျပင္ထြက္လာၿပီး ေဒါက္တာခ်န္း သင္ေပးထားတဲ့ အတိုင္း taxiငွားလိုက္တယ္။

taxiက အေဝးေျပးလမ္းတေလွ်ာက္ ေမာင္းႏွင္ေနရင္း ကူယြမ္ကေတာ့ အျပင္ဘက္ကို ေငးၾကည့္ေနတယ္

အခုခ်ိန္က 25ႏွစ္ေတာင္ ၾကာသြားခဲ့ၿပီးတာကို လက္ခံခဲ့ၿပီးေတာ့ သိပၸံနဲ႔ နည္းပညာေတြ ဖြံ႕ၿဖိဳးတိုးတက္ေနၿပီး ပညာရပ္ႀကီး ေလးခုပါ အံ့မခန္းတိုးတက္ေနမွန္း နားလည္ထားေပမယ့္ လမ္းတေလွ်ာက္ကို ေငးၾကည့္ရင္း ကူယြမ္ အံ့အားမသင့္ဘဲ မေနႏိုင္ဘူး ျဖစ္ေနတယ္။
(နည္းပညာရပ္ေလးခု- စိုက္ပ်ိဳးေမြးျမဴေရး၊ စက္မႉလုပ္ငန္း၊ သိပၸံ၊ နည္းပညာရပ္)

taxi ရပ္သြားေတာ့ ဒ႐ိုင္ဘာက သူမကို ယြမ္120က် ေၾကာင္းေျပာလာတယ္၊ ကူယြမ္က taxiသမားကို အံ့ဩ တႀကီးနဲ႔ ၾကည့္မိတယ္၊ 25ႏွစ္ၾကာၿပီးေတာ့ taxiခက မိုးထိ ထိုးတက္သြားမယ္လို႔ မထင္ထားမိဘူး၊သူမ အေဖေတာင္မွ တလကို ယြမ္တစ္ေထာင္ဘဲ ရတယ္၊ ဒါက အေတာ္ေလး ျမင့္တယ္လို႔ ဆိုႏိုင္တယ္။

ကူယြမ္ : " ဒါက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ တစ္ရာနဲ႔ ႏွစ္ဆယ္ ယြမ္ေတာင္မွေလ၊အရမ္းေဈးမ်ားတာဘဲ၊ ကားဆရာအကိုႀကီး ၊႐ွင္ကြၽန္မကို ဒီလိုေတာ့ အႏိုင္မက်င့္သင့္ပါဘူး၊ ဒါက လုယက္ေနတာဘဲ "

ဒ႐ိုင္ဘာေတာင္ အံ့ဩသြားတယ္ : "ေဈးႀကီးတယ္ ၊မင္းက ဒါကို ေဈးႀကီးလြန္းတယ္လို႔ ထင္တာလား? ငါဘာကိုမွ လိမ္ညာထားတာမ်ိဳး မ႐ွိဘူး၊ ဒါက ပုံမွန္ ေဈးႏႈန္းဘဲ၊ မင္းက ငါ့ကို ႐ိုက္စားလုပ္ေနတယ္မ်ား ထင္ေနတာလား? ငါဒါမ်ိဳး ဘယ္ေတာ့မွ မလုပ္ဖူးကြ "

ကူယြမ္ : "...."

ပညာ႐ွိတဲ့ လူဆိူတာ ကံၾကမၼာက မ်က္ႏွာမေပးရင္ေတာင္မွ ျပန္တိုက္ခိုက္ရဲတယ္၊ ဒါေပမယ့္ ဒီကားသမားက ခက္ထန္တဲ့ ပုံေပၚတယ္၊ ကူယြမ္လည္း တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ယြမ္ 120ကို လွမ္းေပးၿပီး ၊ဒါနဲ႔ သူမ လုံျခဳံမႉကို ဝယ္ယူလိူက္ႏိုင္တယ္လို႔ဘဲ သေဘာထားလိုက္တယ္။

ကားသမားက ပိုက္ဆံရသြားတာနဲ႔ စစ္ၾကည့္ၿပီးေတာ့ ကူယြမ္ကို လူထူးလူဆန္းႀကီးလိူ ၾကည့္ၿပီး လွည့္ထြက္သြားတယ္။

Taxiေပၚက ဆင္းၿပီးေတာ့ ေျပာင္းလဲမသြားတဲ့ ရင္းႏွီးေနတဲ့ ပတ္ဝန္းက်င္ကို ေတြ႕လိုက္ေတာ့ ကူယြမ္ စိတ္သက္သာသြားတယ္။

သူမ အေမဆုံးပါးသြားၿပီးေတာ့ အေဖက ဟို မ်ိဳး႐ိုး အမ်ိဳးသမီးနဲ႔ ထပ္ၿပီး လက္ထပ္ခဲ့တယ္၊သူမရဲ႕ တစ္ခုတည္းေသာ အားထားစရာက အေမဘက္က အဘြားခ်န္ထားခဲ့တဲ့ ဒီတိုက္ခန္းေလးဘဲ။

25ႏွစ္ၾကာၿပီးမွ ဒီေနရာကို ျပန္လာႏိုင္လိမ့္မယ္လို႔ သူမ မေမွ်ာ္လင့္ထားမိဘူး။

အျပန္လမ္း တစ္ေလွ်ာက္လုံး ဒီေနရာေလးကို ေတြးေနခဲ့ရတာ၊ သူမလက္ထဲမွာ အခန္းေသာ့ေလး ႐ွိေနတယ္၊ သူမ ေၾကာက္ေနခဲ့တာက ဒီေနရာေလး ေပ်ာက္ဆုံးသြားၿပီးေတာ့ ေသာ့ဖြင့္စရာ အခန္း မ႐ွိေတာ့မွာကိုဘဲ။

အခုေတာ့ ဒီပတ္ဝန္းက်င္က ႐ွိေနေသးတယ္ ၊သူမ အိမ္ကလည္း ႐ွိေနေသးတယ္။

ကူယြမ္က သက္ျပင္း႐ိႈက္ၿပီး ခရီးေဆာင္အိတ္ကို ဆြဲလို႔ တတိယထပ္ကို တက္လာခဲ့တယ္၊ ေနာက္ေတာ့ သူမ အခန္းေ႐ွ႕ကို ေျခခ်ႏိုင္ခဲ့ၿပီ။

သူမ ေ႐ွ႕က တံခါးဝကို ၾကည့္ေတာ့ ဒါက သူမ ရဲ႕ မွတ္ဉာဏ္ထဲက ပုံနဲ႔ တျခားစီ ျဖစ္ေနတယ္၊ ဒါက တစ္ခုခုေတာ့မွားေနၿပီ။

သူမ လက္ထဲက ေသာ့ကို ထုတ္လို႔ တံခါးကို ဖြင့္ၾကည့္မလို႔ လုပ္တုန္း တံခါးက ႐ုတ္တရက္ ပြင့္လာတယ္။

တံခါးအတြင္းဘက္မွာ မိန္းကေလးတစ္ေယာက္က ကာဆီးၿပီး ၾကည့္ေနတယ္ " နင္က ဘယ္သူလဲ၊ ဘာလို႔ တံခါးကို ဖြင့္ဖို႔ လုပ္ေနတာလဲ ?"

ကူယြမ္က စပ္စုခ်င္တဲ့ ပုံေလးနဲ႔ ေ႐ွ႕က မိန္းကေလးကို ေမးလိုက္တယ္ " ႐ွင္က ကူယြဲ႕လား?"

သူမ စိတ္ထဲ တစ္ခုခုေတာ့ မွားေနသလို ခံစားလိုက္ရတယ္၊ ကူယြဲ႕ဆိုတာ သူမ မိေထြးက သူမ အေဖနဲ႔ လက္ထပ္ေတာ့ ေခၚလာတဲ့ ညီမ ငယ္ေလးေလ၊ သူမက ကူယြမ္ထက္ သုံးလေလာက္ဘဲ ငယ္တယ္၊အခု ကူယြမ္က 45ႏွစ္ေက်ာ္႐ွိေနၿပီဆိုေပမယ့္ သူမ ေ႐ွ႕က ေကာင္မေလးကေတာ့ 20ေက်ာ္ေက်ာ္ေလးဘဲ ႐ွိအုံးမယ္၊ ဒီေကာင္မေလးနဲ႔ ကူယြဲ႕နဲ႔က ေတာ္ေတာ္ႀကီး ဆင္တူေနေတာ့ ဒါက ကူယြဲ႕ သမီးမ်ားလား?

" နင္က ဘာလို႔ ငါ့အေမ နာမည္ကို သိေနတာလဲ ? နင္က ဘယ္သူလဲ?"

ဒီေကာင္မေလးက ဒီလိုလဲ ေျပာလိုက္ေရာ သူမ ေနာက္ကေန လူေတြ ထြက္လာတယ္၊လူႀကီး‌တေယာက္၊ လူငယ္တစ္ေယာက္နဲ႔ ေလးဆယ္အ႐ြယ္ အမ်ိဳးသမီးတေယာက္ဘဲ၊ အမ်ိဳးသမီးႀကီးက စိတ္ဆိုးတႀကီးနဲ႔ ေျပာလာတယ္ " က်ီဟန္ ၊ ဘယ္သူတုန္း ?"

ဖုန္းက်ီဟန္ : "အေမ ဒီလူက အေမ့နာမည္ေျပာေနတယ္၊ အေမနဲ႔ေတြ႕ဖို႔ လာတာထင္တယ္ "

အမ်ိဳးသမီးႀကီးလည္း တံခါးဝကို ေက်ာ္ၾကည့္လိုက္တယ္၊ ၾကည့္ၾကည့္ခ်င္း ကူယြမ္ကို ျမင္လိုက္ရေတာ့ သတိလစ္သြားေတာ့ မလိုဘဲ ။
" နင္ ၊ နင္ ၊ နင္က..."






























Continue Reading

You'll Also Like

923K 55.1K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
1.3M 67.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
748K 39.5K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
1.4M 34.7K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...