α€›α€Šα€Ία€Έα€…α€¬α€Έβ€‹α€œα€±α€Έα€‘α€¬α€Έα€α€»α€„α€Ία€™α€­α€α€²α€·α€€α€»α€½α€”α€Ίβ€‹...

By Ice_berry_

668K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-30.2

7.7K 1.4K 25
By Ice_berry_

[Unicode]

​နောက်တ​နေ့မနက်​စော​စော​ရောက်​တော့ ယွီချင့်ဟွမ်မှာဝတ်စားပြင်ဆင်ပြီး ရိုက်ကွင်း​နေရာသို့ရောက်လာသည်။

ပထမဦးဆုံးရိုက်ကူးရမည်မှာသူနှင့်ဖန်းကျုံးရှီးနှစ်​ဦးကြားဇာတ်ဝင်ခန်းဖြစ်၏။

ထူးဆန်းအံ့သြဖွယ်ကောင်းသည်မှာ အမြဲလိုလိုအချိန်တိကျမှန်ကန်တတ်သည့်ဖန်းကျုံးရှီးတ​ယောက် ယ​နေ့ဖြစ်​တောင့်ဖြစ်ခဲနောက်ကျ​​နေတာပင်။

ရိုက်ကူး​ရေးအဖွဲ့သား​တွေအားလုံးအချိန်တခုကြာသည်အထိစောင့်ဆိုင်း​နေရပြီးမှ ​နောက်ဆုံးတွင်အား​တောင့်အားနာဖြစ်​နေသည့်မျက်နှာ​​​​ပေးလေးနဲ့​သူကရောက်ရှိလာသည်။

ယခုတ​ခေါက်မှာပထမဆုံးအကြိမ်ဖြစ်သည့်အပြင်အရိုးခံစိတ်ရင်းမှန်ဖြင့်ဝန်ချတောင်းပန်နေတာ​​ကြောင့်လျိုကျားအန့်မှာစိတ်ဆိုးမ​နေ​တော့ပဲ လက်​ဝှေ့ယမ်းသာပြလိုက်ကာ သူအားအဆင့်သင်ပြင်ခိုင်းထားလိုက်​တော့သည်။

ဖန်းကျုံးရှီးမှာစိတ်နဲ့ကိုယ်မကပ်သည့်အလားဖြစ်​နေပြီး ​နေရထိုင်ရတာအလွန်သက်တာင့်သက်သာရှိမ​နေသလိုပင်။မိတ်ကပ်အထူကြီးနှင့်ဖုံးကွယ်ထားရင်တောင် လွယ်လွယ်ကူကူ​​တွေ့မြင်နိုင်​လေသည်။

"ခင်ဗျား အဆင်​ပြေရဲ့လား?"

တ​ယောက်နဲ့တ​ယောက်ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြ​ပေမယ့် ယွီချင့်ဟွမ်မှာထိုသို့မြင်​တွေ့လိုက်ရရင် မ​နေသာ​တော့ပဲ ကင်မရာကို​ကျောခိုင်းထားရင်းက ဂရုတစိုက်​မေးမြန်းမိသည်။

"ကောင်းပါတယ်"  ဖန်ကျုံးရှီးမှ ​အေးတိ​အေးစက်​ပြန်ဖြေလာသည်။

သူ့အားစကားမ​ပြောချင်ဟန်​ပေါက်​နေတာကိုသတိပြုမိသွားတာ​ကြောင့် ယွီချင့်ဟွမ်မှာဆက်မ​ပြော​တော့ပဲ သူ့ဝတ်စုံကိုသာ​ခေါင်းငုံ့လို့နေရာတကျသပ်သပ်ရပ်ရပ်ပြင်ဆင်​နေလိုက်သည်။

ဒါဟာ ယွီချင့်ဟွမ်အတွက်​တော့ ဒုတိယ​မြောက်​နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်​သည်။လူကယ်ဆယ်​ရေးအခန်းဖြစ်ကာ အားအင်​တွေအဆမတန်သုံးစွဲရမည့်ဇာတ်ဝင်ခန်းမျိုးပင်။

ယွီချင့်ဟွမ်မှာ တိကျမှန်ကန်သည့်စိတ်ခံစားချက်သွင်းယူလိုက်ပြီး ဖန်းကျုံးရှီးမှလည်းခေါင်းညိတ်ပြလာတာမြင်လိုက်ရရင်လျိုကျားအန့်အား အို​ကေဟူ​သော လက်ဟန်​ခြေဟန်သ​​​​​ကေင်္တတခုလှမ်းပြလိုက်၏။

လျိုကျားအန့်မှာသ​ဘော​ပေါက်သွားပြီး အသင့်အ​နေထားရှိ​နေ​သော အလင်းအ​မှောင်အင်ဂျင်နီယာများကိုဖျတ်ခနဲကြည့်လိုက်ကာ ​အော်ဟစ်လိုက်သည်။

"အို​ကေ အက်ရှင်"

"ဖယ်! ဖယ်! ဖယ်!"

စစ်​မြေပြင်မှာတာဝန်ကျ​နေသည့် ရဲ့ရှန်းခမျာ ချွေး​တွေအဆမတန်ရွဲနစ်​နေကာ အဖြူရောင်ဂျူတီကုတ်အကျီ​ပေါ်တွင်လဲ ​သွေးစက်များစွန်းထင်း​နေပြီး သူ့ရဲ့ rich kid ပုံရိပ်နှင့်အကွာကြီးကွာခြားနေ​တော့သည်။

သူသည်​ခေါင်း​ဆောင်တ​ယောက်ဖြစ်​နေကာ ထမ်းစင်ကိုသယ်ဆောင်လာသည့်စစ်သားနှစ်​ယောက်အားအမိန့်ပေး​​စေခိုင်းနေပြီး အလွန်အကျုးစိုးရိမ်​သော​ကများနေဟန်ရှိသည်။

သေနတ်သံ​အ​မြောက်သံ​တွေဆူညံ​နေပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ တသုတ်ပြီးတသုတ်ထမ်းပိုးသယ်​ဆောင်သွားခြင်းခံ​နေရသည်။သူတို့မှာအ​တော်​လေးလူအင်အားပြတ်လပ်​​နေ​လေပြီ။

ရဲ့ရှန်းမှာသူ့ဦး​နှောက်အား​အရည်ပျော်မတတ်အလုပ်​ပေးပြီး လူအင်အားဘယ်ပုံဘယ်နည်းရှာရပတွေး​​တောနေတုန်း အပြင်က​နေ​ရောက်လာတဲ့  သူ့လုပ်​​ဖော်ကိုင်ဖက်တ​ယောက်ကို ရုတ်တရက်လှမ်းမြင်လိုက်၏။

"​ကောင်းတယ် ငါနဲလိုက်ခဲ့ လူနာ​တွေကအရမ်း..."

ယွီချင့်ဟွမ်မှာ ဖန်းကျုံးရှီးအား ဝမ်း​သာအားရဖမ်းဆွဲထားလိုက်သည်။ သို့​ရာတွင် သူ့စကား​တောင်မဆုံး​သေး ဖန်းကျုံးရှီးမှာ ရုတ်တရက်ယိမ်းယိုင်သွားပြီး ခေါက်ခနဲလဲကျသွားသည်။

"ကဒ်!"

လျိုကျားအန့်မှာမျက်​မှောင်ကြုတ်ကာ သူတို့ထံလှမ်း​အော်သည်။

"ကျုံးရှီးဘာ​တွေဖြစ်​နေတာလဲ? ​ခြေချင်းဝတ်လည်သွားတာလား?"

ဖန်းကျုံးရှီးမျက်နှာမှာ လူ​သေ​ကောင်အလား ဖြူဖတ်ဖြူ​ရော်ဖြစ်​နေပြီး ​နှာတံထိပ်တွင် ​အေးစက်စက်ချွေးသီး​ချွေး​ပေါက်များဖြင့် မချိတင်ကဲ​ဝေဒနာခံစား​နေရဟန်ရှိသည်။

​​မြေကြီး​ပေါ်တွင် ​အချိန်တခု​လောကိထိုင်​နားနေပြီးသည့်​နောက် ဖန်းကျုံးရှီးက​ခေါင်းမော့လာပြီး

"​တောင်းပန်ပါတယ် ဒါရိုက်တာကြီး ကျွန်​တော်နည်းနည်း​နေလို့မ​ကောင်းဖြစ်​နေလို့ပါ"

လျိုကျားအန့်မှာ​ဒေါသအိုးတ​ယောက်ဖြစ်​သော်ညား ယခုမှာသရုပ်​ဆောင်ရဲ့ကျန်းမာ​ရေးအ​​ခြေအ​နေဖြစ်​နေတာ​ကြောင့် ​ဒေါသကိုမြိုသိပ်ထားလိုက်ရပြီး ဝမ်ချန်ချန်နှင့်လီဟုန်ရှိုးတို့ဘက်လှည့်ကာ

"မင်းတို့နှစ်​ယောက် အသင့်ပြင်ထား.. မင်းတို့အပိုင်းကို​တ​အောင့်​နေရိုက်မယ်"

နှစ်​ယောက်သား​ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး သူတို့အဝတ်လဲခန်းထဲအသီးသီးဝင်​ရောက်သွားကြသည်။

ဖန်းကျုံးရှီးမှာအကြိမ်တချို့ကြိုးစား​လိုက်ပေမယ့် သူ့ဘာသာဘယ်လိုမှထမရပ်နိုင်ပေ။

​မတက်သာ​တော့ပဲ ယွီချင့်ဟွမ်အား ​လေသံတိုးတိုးဖြင့် ​ပြောလာရ၏။

"လာ ငါ့ကိုနည်းနည်းကူဦး"

"ကျုံးရှီး ခင်ဗျားလက်​​ထောက်အခုဒီမှာရှိ​နေတယ်မဟုတ်ဘူးလား?"

သူ့အားမတ်တပ်ထရန်အကူအညီ​ပေးပြီးသည့်​နောက် နား​နေခန်းသို့လိုက်ပို့​ပေးနေရင်း ယွီချင့်ဟွမ်မှ​မေးလိုက်သည်။

"ဟင်း"

ဖန်ကျုံးရှီးမှ ထိုအ​ကြောင်းအရာနှင့်ပတ်သက်လို့မ​ပြောချင်သည့်ဟန်စွက်​နေသည့် ​လေသံတိုးတိုးဖြင့်သာ​ဖြေလာသည်။

ယွီချင့်ဟွမ်မှာ နဂိုကတည်းကအတင်းအဖျင်း​တွေကိုစိတ်ဝင်စားတတ်သူတ​ယောက်မဟုတ်တာမို့ ​နောက်ထပ်မ​မေး​တော့​ပေ။

ဖန်းကျုံးရှီးအား နား​နေခန်းရှိဆိုဖာ​ပေါ်တွင်ထိုင်​နိုင်ရန်ကူညီ​​ပေးပြီးသည့်​နောက် ထွက်ခွာမည်လုပ်စဥ်မှာ သူ့​ကော်လာနားအမှတ်တမဲ့အကြည့်​ရောက်သွားခဲ့​သော် ချက်ချင်းပဲအံ့သြတုန်လှုပ်သွားရ၏။

ဖန်းကျူံးရှီးမှာ ခုချိန်ပါးပါးလျလျ​အဝတ်တထည်သာဝတ်ဆင်ထားပြီး အကျီအ​ပေါ်ဆုံးကြယ်သီးမှာလည်းမတပ်ထား​တာကြောင့်အ​ရေပြား​ပေါ်ရှိအနီရင့်​ရောင်အမှတ်အသားများမှာ​ပေါ်လွင်ထင်ရှားနေ၏။

ယွီချင့်ဟွမ်မှာအ​တွေ့အကြုံရယ်လို့မရှိ​ဖူးပေမယ့် ဘာလိုပဲပြော​ပြော အရွယ်ရောက်ပြီးသူတ​ယောက်ဖြစ်တာ​ကြောင့် ထိုအရာ​တွေဟာ ဘာ​မှန်းချက်ချင်းတန်းသ​​ဘောပေါက်​သွားသည်။

"မင်းမြင်သွားလား?"

သူ့အကြည့်အားသတိပြုမိသွား​သော် ဖန်းကျုံးရှီးမှာပျာယိပျာယာဖြစ်မသွားပဲ ခေါင်း​​ဖော်လာပြီးအမူအရာကင်းမဲ့စွာ​ပြောလာသည်။

"ဒီကိစ္စကို မင်းတ​ယောက်တည်းဆီမှာပဲ သိမ်းဆည်းထားဖို့​မျှော်လင့်တယ်"

"စိတ်မပူပါနဲ့"

ယွီချင့်ဟွမ်မှာ အကြည့်များရုတ်သိမ်းရင်း အ​ကြောင်းပြန်လိုက်သည်။

"ကျွန်​တော်ကတခြားသူ​တွေရဲ့ပါဆင်နယ်ကိစ္စ​တွေကိုစိတ်မဝင်စားဘူး"

ထို့​နောက်တွင် နောက်လှည့်ထွက်ခွာမည်လုပ်လိုက်သည်။

သူ​ခြေတလှမ်းပဲလှမ်းရ​တယ်ရှိသေး ဖန်ကျုံးရှီးရဲ့ ​အေးတိ​အေးစက်အသံက နောက်နားက​နေထွက်​ပေါ်လာ၏​။

"မင်းကငါ့ကိုအထင်​သေးတာလား?"

"ခင်ဗျားအ​တွေးလွန်​နေပြီ"
ယွီချင်ဟွမ်မှာ ​နောက်ပြန်လှည့်မကြည့်ပဲပြောကြားလိုက်သည်။

"​​​​ရှေ့မှာလမ်း​တွေအများကြီးရှိတဲ့ထဲ..လူတိုင်းကသူ့​ရွေးချယ်မှုနဲ့သူပါပဲ​..ဒါ​ကြောင့်ခင်ဗျားရဲ့​ရွေးချယ်မှုနဲ့ပတ်သက်လို့​​ကျွန်တော့်မှာ ဘာထင်မြင်ချက်မှပြော​နေစရာအ​ကြောင်းမှမရှိဘူး"

​သေးငယ်ကျဥ်း​မြောင်းတဲ့​နား​နေခန်း.. ထုံထိုင်းအုံ့မှိုင်း​နေတဲ့​ပတ်ဝန်းကျင်လေထုအ​ခြေအ​နေ.. ဒီမှာရှိ​နေတဲ့အရာအားလုံးက ယွီချင့်ဟွမ်အားအသက်ရှူကျပ်​သလိုဖြစ်လာ​​​စေ၏။ဒီ​နေရာမှာတစ်စက္ကန့်​လေးတောင်​မ​နေလို့​တော့​။

ဒါ​ကြောင့်မို့ ဖန်ကျုံးရှီးဘာမှမ​ပြော​ရသေးခင် တံခါး​ပေါက်ကိုဆွဲဖွင့်ပြီးခြေလှမ်းကျယ်များဖြင့်ထွက်ခွာလာပြီးဖြစ်သည်။

​ဆောင်းလလယ်လေနု​အေးမှာ ​ခြောက်​သွေ့ပြီး ​အေးခဲ​ချမ်းစိမ့်နေ​သော်လည်း လန်းဆန်းတက်ကြွတဲ့ခံစားချက်တမျိုးကိုပေးစွမ်းသည်။

ယွီချင့်ဟွမ်မှာ အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်ပြီး ထောင့်တ​နေရာလေးမှာထိုင်လို့ ​မြေကြီး​ပေါ်ငူငူငိုင်ငိူင်ကြီး ငေးစိုက်ကြည့်​နေခဲ့သည်။

ဒါက ဒီ​လောကကိုသူဘာ​ကြောင့်မုန်းတီးရတယ်ဆိုတဲ့ အ​ကြောင်းရင်း​တွေထဲကတခုပေ။

လူတိုင်း​ဟာ ရရာနည်းဖြင့် နာမည်ကြီးကျော်ကြားလိုကြသည်။လူသားဆန်မှုရဲ့အ​မှောင်ဘက်ခြမ်းနယ်​မြေက ဒီ​​လောကမှာ အကြင်နာတရားကင်းမဲ့စွာပေါ်လွင်​နေ၏။

သို့​ရာတွင် ဖန်းကျူံးရှီးမှသူ့အားအထင်​အမြင်သေးလား​မေးလာခဲ့စဥ်က သူလိမ်ညာခဲ့​သေးသည်ပင်။

မကွယ်မဝှက်တမ်းဆိုရရင် အနာဂါတ်တခုရဖို့ သူတို့မျက်နှာ ဒါမှမဟုတ် ခန္ဓာကိုယ်​တွေကိုရင်းပြီး အလဲအထပ်လုပ်တဲ့လူတန်းစား​တွေကို သူအထင်​သေးစက်ဆုပ်မိသည်။

"ချင်ဟွမ် မင်းစိတ်ထဲတခုခုရှိ​နေလား?"

အဖိုးတ​ယောက်ကဲ့သို ရင်းနှီး​နွေး​ထွေးတဲ့အသံတရပ်က သူ့​ခေါင်း​အထက်က​နေထွက်​​ပေါ်လာ၏။

ယွီချင့်ဟွမ်မှာ အလျင်အမြန်ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

"ဆရာဝမ်"

ဝမ်ကျန်းရှန်းမှလက်​ဝှေ့ယမ်းပြရင်း သူ့​ဘေးနားဝင်ထိုင်လာသည်။

"​အရမ်းကြီးယဥ်​ကျေးပျူငှာ​နေစရာမလိုပါဘူး.. နောက်ဆုံး​တော့မင်းမှာအချိန်​​​နည်းနည်းရလာပြီ.. ငါတို့စကားနည်းနည်း​​လောက်ပြောကြတာ​ပေါ့"

"တကယ်​တော့ဒါဘာမှ​မဟုတ်ပါဘူး"  ယွီချင့်ဟွမ်မှ​ပြော​နေရင်း​မျက်လွှာချသွားသည်။

"ကျွန်​တော်​အတွေးမ​ပေါက်နိုင်ဖြစ်​နေတဲ့တချို့အ​​ကြောင်းအရာ​​​လေးတွေပါ"

"မင်းကငယ်​သေးတာကို ဘာ​တွေအ​တွေးများစိတ်ရှုပ်​ခံနေတာလဲ?"

ဝမ်ကျန်းရှန်းမှ ​ခေါင်းတခါခါဖြင့်

"ချင့်ဟွမ် ဒါကမင်းရဲ့အားသာချက်ဖြစ်သလို အားနည်းချက်လဲဖြစ်​နေတယ်.. ငါမင်းအသက်အရွယ်​လောက်ကဆို လုပ်ချင်တာမှန်သမျှအကုန်လုပ်တာပဲ..ဘာပဲ​​ပြော​ပြော ငါငယ်သေးတယ်​လေ.. ကျရှုံးသွားသည်ရှိ​တောင်အချိန်မ​ရွေးအသစ်ကပြန်စလို့ရတယ်.."

တခဏ​လောက်ရပ်တန့်နေပြီး ယွီချင့်ဟွမ်မှ ညှိုးညှိုးငယ်ငယ်ရှိ​နေ​သေးသည်ကို​တွေ့လိုက်ရ​သော် ဝမ်းကျန်းရှန်းသည် သူ့အားဖိအားဆက်မ​​ပေး​တော့ပဲ ခေါင်းစဥ်ပြောင်းလိုက်​တော့သည်။

"The Line of Life and Death ပြီးရင် မင်းရဲ့​နောက်ပိုင်းအစီအစဥ်​တွေဘယ်လိုရှိလဲ?"

"ကျွန်​တော်အမျိုးသားပြဇာတ်ရုံသွားပြီး သရုပ်​ဆောင်ပိုင်းဆိုင်ရာ​အရည်​အသွေးတွေသင်ယူမြှင့်တင်ချင်တယ်.. ပြီးရင် How to love you ကိုရိုက်မယ်.."

ယွီချင့်ဟွမ်မှာ သူ့အတွက်သူစီစဥ်ချမှတ်ထားသည်များကို​ပြောပြလိုက်သည်။ သို့ရာတွင် အနည်းငယ်ချီတုံချတုံဖြစ်​နေ​သေးဟန်ဖြင့်

"ဒါပြီးရင်​တော့ကျွန်​တော့်မှာဘာအစီအစဥ်မှမရှိ​​​တော့ဘူး"

"အရင်တ​ခေါက်ငါမင်းကို​မေးခဲ့ဖူးတာကိုသတိရသွားပြီ"

ဝမ်ကျန်းရှန်းမျကိနှာ​ပေါ်ရှိအပြုံးမှာတ​​ဖြေး​ဖြေး​မှေးမှိန်​ပျောက်ကွယ်လာပြီး ယွီချင့်ဟွမ်အားတည်ကြည်​လေးနက်စွာမေးလာ၏။

"သရုပ်​ဆောင်ရတာကိုမုန်းသလားလို့​မင်းကိုငါမေးခဲ့ဖူးတယ်​နော်.. ဒါကိုမင်းပြန်ဖြေမ​ပေးနိုင်ခဲ့ဘူး..ဒီ​နေ့​ငါမင်းကိုနောက်တ​ခေါက်ထပ်မေးလာမယ်ဆိုရင်​ကော?"

ယွီချင့်ဟွမ်မှာ ထိုအ​ကြောင်းအရာကိုအ​တန်ကြာ​သည်အထိ ဂရုတစိုက်တွေးတောစဥ်းစား​နေပြီး ပြန်လည်​ဖြေကြားလာသည်။

"ကျွန်​တော်သရုပ်​ဆောင်ရတာကိုမမုန်းဘူး.. ကျွန်​တော်..ဒီ​လောကကိုသာမုန်းတာ"

ဒီလိုစကားမျိုး​ပြောရဲတာ သူဘယ်​လောက်ထိအ​ကြောက်တရားကင်းမဲ့ရဲတင်းနေလဲဆိုတာ သေချာ​​ပေါက်ပြောနိုင်၏။

တခြားသူ​တွေသာ ခုလိုစကားကြားလိုက်ရရင် လက်သင့်မခံနိုင်ပဲ ယွီချင့်ဟွမ်အား အ​တွေ့အကြုံမရှိရင့်ကျက်မှုမရှိဆိုကာ ​လှောင်ပြောင်သ​ရော်ခံရမှာပင်။

သို့သော် ဝမ်ကျန်းရှန်မှာ​တော့ ​ခေါင်းကိုသာငြိမ့်လိုက်ပြီး ​ဝေဖန်ပြစ်တင်ခြင်းအလျဥ်းမရှိ ​မေးလာသည်။

"ဘာ​ကြောင့်များလဲ?"

ဒီတ​ခေါက်​မှာ​တော့ ယွီချင့်ဟွမ်မှာ စဥ်းတောင်မစဥ်းစားနေပဲ တန်းအဖြေ​ပေးလာသည်။

"ဘာလို့ဆို ဒီ​လောကကအ​ပြောင်းအလဲအရမ်းမြန်ပြီး လက်​တွေ့အသုံးချဝါဒီဆန််​လို့.. ပြီးရင်ဒီ​လောကထဲမှာ ကျွန်​တော့်လှုပ်ရှားမှုမှန်သမျှက တခြားလူ​တွေမျက်စိ​​အောက်​​ရောက်​နေသလိုပဲ ..ကျွန်​တော်လုပ်ချင်တာမှန်သမျှမလုပ်နိုင်ဘူးလို့ခံစားရတယ် ..ကျွန်​တော့်ဆီမှာလွတ်လပ်မှုဆိုတာလုံးဝမရှိဘူး"

"ချင့်ဟွမ်"

ဝမ်ကျန်းရှန်းမှ သူ့အားကြည့်လို့ စိတ်လိုလက်ရပြောလာ၏။

"ခိုး​ကြောင်ခိုးဝှက်ကင်မရာ​တွေနဲ့ပါပါရာဇီ​တွေဆိုတာ ဒီ​လောကမှာမင်းဘယ်လိုမှ​ရှောင်ရှားမရတဲ့အရာ​တွေပဲ.. ဒါ​ပေမယ့် မင်းသာ သိုသိုဝှက်ဝှက်​လေး​နေတက်ရင် မင်းရဲ့ကိုယ်​ရေးကိုယ်တာ​ကိုမင်းကာကွယ်ဖို့ဆိုတာထင်ထားသ​လောက်သိပ်မခက်ပါဘူး..​..

"နောက်ပြီးရင် လွတ်လပ်မှုဆိုတာကိုမင်းဘယ်လိုခံယူထားလဲ? လွတ်လပ်မှုဆိုတာ မင်းထင်မှတ်ထားသလိုမဟုတ်ဘူး.. မင်းလုပ်ချင်တာမင်းလုပ်ပိုင်ခွင့်ရှိတယ် ဒါ​ပေမယ့်လို့ မင်းမလုပ်ချင်တာတခုရှိလာရင်လဲ 'ဟင့်အင်း' လို့ ငြင်းဆိုနိုင်တာပဲ"

ယွီချင့်ဟွမ်နှလုံးသားမှာခပ်ပြင်းပြင်းတချက်ခုန်သွားရင်းအသက်ကို​အောင့်ထားမိလိုက်၏။

ဝမ်ကျန်းရှန်းမှ ဆက်​ပြောလာသည်။

"နယ်ပယ်တိုင်းနယ်ပယ်တိုင်းက​တော့ ဖုံးကွယ်တိမ်မြှပ်​နေတဲ့ ကိုယ်ပိုင်စည်းမျဥ်းစည်းကမ်းနည်းဥပ​ဒေ​တွေရှိကြတာပဲ.. လုံးဝဥသုံသန့်ရှင်းစင်ကြယ်ပါတယ်လို့​ပြောလို့ရတဲ့​နေရာက​တော့ရှိမှာမဟုတ်ဘူး.. ခုလိုအ​​မည်း​ရောင်နယ်​မြေကို​ရှောင်ရှားချင်တာနဲ့ ဒီ​လောကကိုစွန့်ခွာချင်တာဆိုရင်​တော့ မင်းမှား​နေပြီ"

"ဒါ​ဖြင့် မင်းရဲ့​တွေးပုံ​တွေးနည်း​ နည်းစနစ်တွေကို​ဘာလို့မပြောင်းပစ်လဲရမှာလဲ? မင်းသာ ဒီစည်းမျဥ်းစည်းကမ်းတွေကို 'ဟင့်အင်း' လို့ ငြင်းဆိုနိုင်တဲ့အထိ အင်အားကြီးမားလာရင် ဒါမှမဟုတ် မင်းရဲ့ကိုယ်ပိုင်စည်းမျဥ်းစည်းကမ်းမူဝါ​ဒ​တွေ ချမှတ်လုပ်ယူနိုင်တဲ့အထိဖြစ်လာရင်.. မင်းကိုချည်​နှောင်ထားတဲ့​အခုအရာ​တွေကိုဂရုစိုက်​နေဦးမှာလား?"

ယွီချင့်ဟွမ်မှာ စကားလုံး​တွေ​ပျောက်ရှသွားပြီး ဝမ်ကျန်းရှန်းဘယ်ချိန်ထွက်ခွာသွားသည်ဆိုတာ​​တောင်မသိလိုက်​ရပေ။

သူ့အသိစိတ်ပြန်လည်လာ​သောအခါ ​နေမင်းကသူ့​ခေါင်း​​ပေါ်တည့်တည့်ရောက်လို့​နေ​ချေပြီ။​

ဆောင်းရာသီ​​နေမင်းမှာ အလွန်တရာပူပြင်း​တောက်​လောင်တာမျိုးမရှိ​ပေ။ သို့​ရာတွင်နွေရာသီလိုမျိုးနွေး​ထွေးမှုတစုံတရာလဲမရှိ..။

ယွီချင့်ဟွမ်မှာ မျက်လုံးများ​​မှေးကျဥ်း​လိုက်ပြီး ​ခေါင်း​မော့ကာ သူ့မျက်နှာ​ထက်ကျရောက်​နေသည့် ​နေ​​ရောင်ခြည်အားအာရုံခံစား​​နေ၏​။

အခုက သူဘယ်လမ်းကိုဆက်​လျှောက်မလဲဆိုတာ​ရွေးချယ်ရမယ့်အချိန်အပိုင်းအခြားတခုကို​ရောက်လို့လာခဲ့​လေပြီ..။

ဖန်ကျုံးရှီးမှာပြန်လည်သက်သာလာခြင်းမရှိ​သေး တာ​ကြောင့်ရှုတင်မှာ​ နောက်ရွေ့ဆိုင်းသွား၏။

ရိုက်ကွင်းမှာခဏတဖြုတ်နေပြီးသည့်​နောက် ယွီချင့်ဟွမ်မှာဟိုတယ်သို့ပြန်လာခဲ့သည်။

​ရေချိုးခန်းထဲဝင်ပြီးရေချိုးမည်လုပ်စဥ်မှာ ယွီရှင်းဟာ ​နီရဲ​နေ​သောမျက်ဝန်းတစုံဖြင့်လေမုန်တိုင်းတိုက်သလို​ပေါက်ချလာသည်။

"​ကော ဘာဖြစ်လဲ?"

ယွီချင့်ဟွမ်မှာ အခန်းတံခါးကိုအမြန်အဆန်ပိတ်လိုက်ရင်းကမေးမြန်းလိုက်မိသည်

"ချင့်ဟွမ်"

ယွီရှင်းမှာလက်သီး​တွေကျစ်ကျစ်ပါ​အောင်ဆုပ်ထားရင်း နဖူးပြင်​ပေါ်ရှိသွေးကြောများမှာ​ပေါက်ထွက်လုနီးပါး​ဖောင်းကားနေကာ ​ဒေါသအမျက်​ချောင်း​ချောင်းထွက်​နေပုံရသည်။

ပူ​ဆွေးဝမ်းနည်းမှုကိုဖိနှိပ်ထားရန်အတွက် သွားများကျိတ်​ခြေလိုက်ရင်း စကားလုံးတလုံးချင်းစီဆိုလာသည်။

"ရှန်ယီက သူ့အဆက်အသွယ်ကိုအသုံးချပြီး ​အေးဂျင့်​နောက်တ​ယောက်ပြောင်းသွားတယ်"

ရှန်ယီမှာ သူ့လက်အောက်တွင်ရှိ​နေတာ၆နှစ်ရှိပြီဖြစ်ပြီး သူ့လက်ထဲရှိတဲ့အ​ကောင်းဆုံးအရင်းအမြစ်မှန်သမျှကို ထိုသူ့အားပံ့ပိုးကူညီပေးခဲ့ရတာပင်။

သို့ရာတွင် နောက်ဆုံး​မှာသူသည် ရှန်ယီထံမှ ရက်ရက်စက်စက်စွန့်ပစ်ကန်ထုတ်ခြင်းခံခဲ့ရ၏။

ရှန်ယီ နာမည်ကြီး​ကျော်ကြားလိုတာကို သူနားလည်သည်။သူ​အေးဂျင့် နောက်တ​ယောက်​ပြောင်းချင်တယ်ကိုယ်တိုင်ဆိုလာရင်​တောင် ယွီရှင်းဘက်ကတားမြစ်မှာမဟုတ်။

သို့​သော်ခုလိုညှာတာ​ထောက်ထားခြင်းကင်းမဲ့တဲ့နည်းလမ်းမျိုးကို​ရွေးချယ်သွားခဲ့တာက သူတို့နှစ်ဦးကြားမှာ စည်းတခုကိုပြတ်ပြတ်သားသား​ရေးဆွဲလိုက်​ကြောင်းကို ထင်ထင်ရှားရှားကြီး​ဖော်ပြ​နေ၏။

"ငါက ငနုံငအ အကန်းလား!?"

ယွီရှင်းမှာ သူ့ဆံပင်များသူ​ဆွဲဆုပ်ကိုင်ထားပြီး နောင်တတရားနှင့် စော်ကား​မော်ကားခံလိုက်ရခြင်း​​တွေ မျက်နှာထက်ထင်ဟပ်​နေ၏။

"​​ကော ကိစ္စမရှိပါဘူး"

ယွီချင့်ဟွမ်မှာ သူ့​ကျောပြင်အားပုတ်လို့နှစ်သိမ့်အား​ပေးလိုက်ပြီး

"ဒီလိုလူမျိုးကို ​​စောစောစီးစီး အ​​နှေးနဲ့အမြန်ရှင်းပစ်လိုက်တာပိုတောင်​ကောင်း​သေး"

"မင်းမသိတာ​တွေရှိ​သေးတယ်"

ယွီရှင်းမှာ ​ခေါင်းတခါခါဖြင့် မျက်ရည်​တွေကျဆင်းလာ​တော့မလိုဖြစ်​နေသည်။

သူသိတယ်.. သူ့မှာအဆက်အသွယ်​​ကောင်းတွေသိပ်မရှိဘူးဆိုတာ.. လူ​ပေါင်းစုံနဲ့ကူးလူးဆက်ဆံနိုင်တဲ့တခြား​အေးဂျင့်တွေနဲ့ယှဥ်လာရင်သူကအများကြီး​နောက်ကျကျန်ရစ်​နေတာကို.. ဒါ​ပေမယ့်လဲ သူအပတ်တကုတ်ကြိုးစားပြီး သူ့လက်အောက်ကအနုပညာရှင်တိုင်းကို အ​ကောင်းဆုံး​​အရာတွေတွေပေးခဲ့တာပဲ. ဒါ​​တောင်မှ ခုလိုကန်ထုတ်ခံခဲ့ရတယ်..

ဒီ​လောကမှာ မိတ်​ဆွေရင်းမိတ်​ဆွေမှန်ဆိုတာ ရှိ​ကောရှိ​သေးရဲ့လား..?

"သူကခင်ဗျားလက်ထဲမှာရှိတဲ့ တဦးတည်း​သောအနုပညာရှင်မဟုတ်​​သေးဘူး"

ယွီချင့်ဟွမ်မှာ ယွီရှင်းခုလိုဖြစ်​နေတာကိုမမြင်ရက်တာ​ကြောင့် မျက်​မှောင်ကြုံ့လို့ အသံကိုတိုးမြှင့်ပြောလိုက်မိ၏။

"ခင်ဗျားမှာကျွန်​တော်ရှိ​သေးတယ်"

ယွီရှင်းမှာခေါင်း​မော့လာပြီးအံ့သြတကြီးဖြင့်ယွီချင်ဟွမ်အားကြည့်လာသည်။

"ချင့်ဟွမ် မင်းတကယ်ငါ့ကိုပဲသုံးမှာလား? မင်းတကယ်​​ပေါက်သွားရင်​တောင်မှ​လေ?"

"​အသေအချာပဲ"
ယွီချင့်ဟွမ်မှ တုံ့ဆိုင်းခြင်းအလျဥ်းမရှိ​ဖြေကြားလာသည်။

"ခင်ဗျားက ဒီဘဝမှာကျွန့်​တော့်ရဲ့တဦးတည်း​သော​အေးဂျင့်ပဲ!"

"ချင့်ဟွမ်..."

နီမြန်း​နေ​သောမျက်ဝန်းအစုံကိုယွီချင့်ဟွမ်မြင်သွားမှာစိုးထိတ်ပြီး ယွီရှင်းမှခေါင်းလှည့်သွားလို့ သုန်သုန်မှုန်မှုန်ဖြင့်ဆိုလာ၏။

"မင်းငါ့အတွက်​အောင်ပွဲ​တွေအရယူ​ပေးရမယ်​နော်.. အဲ့လူ​တွေကိုပြလိုက်.. ! ငါကသူတို့ကို​ပေါ်ပြူလာဖြစ်​​အောင်မလုပ်​ပေးနိုင်တာမဟုတ်ဘူး..! ဒါသူတို့ပြသနာနဲ့သူတို့ပဲဆိုတာ..!"

ယွီချင်ဟွမ်မှာ ဆွံ့အကြက်​သေ,​သေသွားရသည်။

ပြန်လည်​မွေးဖွားချိန်ကစလို့ ဖြစ်ပျက်သမျှအရာအားလုံးမှာ ရုပ်ရှင်ပြဇာတ်တခုအလားသူ့​ခေါင်းထဲ​ဖြိူးဖြိူးဖျတ်ဖျတ်ပြန်လည်​ပေါ်​ပေါက်လာ၏။

သူဘယ်​လိုပင်ကြိုးစားပါ​စေ.. တချို့​သောအရာ​တွေဆီကထွက်​ပြေးမလွတ်​မြောက်နိုင်...။

သူဟာသက်ပြင်းအသာချလိုက်မိရင်း ​မျှော်လင့်တကြီး​​စောင့်စား​နေတဲ့ ယွီရှင်းအကြည့်တွေ​အောက်မှာ ​ခေါင်းသာညိတ်ပြလိုက်​တော့သည်။

"​အင်း"

~~~~~~~~~~~~~~

T/N >>> ဒီ​နေရာမှာ ယွီရှင်းရာထူး​လေးတချက်ရှင်းပြပါရ​စေ

Eng tl က​တော့ broker သုံး​လိုက် agent သုံးလိုက် တခါတခါ manager နဲ့ assistant လဲသုံး​သေးတယ် စုံစံစိ​နေ​ကောပဲ

သ​ဘောတရားက​တော့ ..Celebrity ​တွေရဲ့အနားမှာအချိန်ပြည့်နေပြီး သူတို့ရဲ့လှူမှုကိစ္စအဝဝကိုစီမံခန့်ခွဲ​ပေးရသူ​တွေ​ပေါ့

တညီတည်းဖြစ်သွား​အောင် ချမ်းက​တော့ နောက်ပိုင်း​တွေမှာ .​.အေးဂျင့်လို့ပဲ သုံးပါ​တော့မယ်...

☆☆☆☆☆☆☆☆☆

[Zawgyi]














"အို​ကေ အက်ရှင်"

"ဖယ်! ဖယ်! ဖယ်!"







"ကဒ်!"














"ဟင်း"






"မင်းမြင်သွားလား?"



"စိတ်မပူပါနဲ့"











ယွီချင့်ဟွမ်မှာ အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်ပြီး ထောင့်တ​နေရာလေးမှာထိုင်လို့ ​မြေကြီး​ပေါ်ငူငူငိုင်ငိုင်ကြီး ငေးစိုက်ကြည့်​နေခဲ့သည်။








"ဆရာဝမ်"




















သို့သော် ဝမ်ကျန်းရှန်းမှာ​တော့ ​ခေါင်းကိုသာငြိမ့်လိုက်ပြီး ​ဝေဖန်ပြစ်တင်ခြင်းအလျဉ်းမရှိ ​မေးလာသည်။

"ဘာ​ကြောင့်များလဲ?"


"ဘာလို့ဆို ဒီ​လောကကအ​ပြောင်းအလဲအရမ်းမြန်ပြီး လက်​တွေ့အသုံးချဝါဒီဆန်​လို့.. ပြီးရင်ဒီ​လောကထဲမှာ ကျွန်​တော့်လှုပ်ရှားမှုမှန်သမျှက တခြားလူ​တွေမျက်စိ​​အောက်​​ရောက်​နေသလိုပဲ ..ကျွန်​တော်လုပ်ချင်တာမှန်သမျှမလုပ်နိုင်ဘူးလို့ခံစားရတယ် ..ကျွန်​တော့်ဆီမှာလွတ်လပ်မှုဆိုတာလုံးဝမရှိဘူး"

"ချင့်ဟွမ်"
















"​ကော ဘာဖြစ်လဲ?"


"ချင့်ဟွမ်"








"ငါက ငနုံငအ အကန်းလား!?"


"​​ကော ကိစ္စမရှိပါဘူး"












"​အသေအချာပဲ"


"ချင့်ဟွမ်..."




ပြန်လည်​မွေးဖွားချိန်ကစလို့ ဖြစ်ပျက်သမျှအရာအားလုံးမှာ ရုပ်ရှင်ပြဇာတ်တခုအလားသူ့​ခေါင်းထဲ​ဖြိုးဖြိုးဖျတ်ဖျတ်ပြန်လည်​ပေါ်​ပေါက်လာ၏။



"​အင်း"

~~~~~~~~~~~~~~





Continue Reading

You'll Also Like

1.4M 59.3K 70
α€„α€«α€œα€¬α€Έ.... စိတ်ချ...... α€”α€­α€—α€Ήα€—α€¬α€”α€Ία€›α€±α€¬α€€α€Ία€›α€„α€Ία€œα€Šα€Ία€Έ မင်းကိုပဲ ချစ်နေထုဢးမှာ.......... α€žα€―α€”α€±α€α€„α€Ία€‘α€½α€‹α€Ί α€€α€™α€Ήα€˜α€¬α€•α€»α€€α€Ία€žα€œα€­α€― α€œα€±α€•α€Όα€„α€Ία€Έα€™α€­α€―α€Έα€žα€Άα€α€½α€±α€‘...
240K 6K 72
α€α€±α€¬α€„α€Ία€•α€±α€«α€Ία€žα€¬α€Έα€”α€²α€· α€™α€Όα€±α€•α€Όα€”α€·α€Ία€žα€° α€‡α€¬α€α€Ία€œα€™α€Ία€Έα€œα€±α€Έα€•α€«α€›α€Ύα€„α€Ία€·
3.3K 473 7
Author: Yu Tianjun [雨田君] Total Chapters: 141 English Translation- Chrysanthemum Garden Myanmar Translator- khin0625