[Unicode]
တကယ် ချစ်တာပါနှင့် ကျဥ်းတဲကြပ်တဲ အခြေအနေ
ရေချိုးကြွေဇလုံထဲမှာချစ်ကြမှာက အရမ်းကို ရိုမန့်တစ်ဆန်ပေမယ့်လည်း ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်နေတာကြောင့် အိုးရန်လုံသည် သူ့ကို သဘက်တစ်ထည်နဲ့ ပတ်ပေးလိုက်ပြီး အိပ်ယာပေါ်ကို ပွေ့ခေါ်လာခဲ့သည်။
အိပ်ခန်းထဲရှိ အလင်းရောင်က အဝါမှိုင်းမှိုင်းဖြစ်နေတဲ့အပြင် အိပ်ယာကလည်း အရမ်းကိုကြီးပြီး နူးညံ့နေတာကြောင့် လှပတဲ့ ကိစ္စလေးတွေကို ပုံဖော်ဖို့အတွက် အသင့်တော်ဆုံးဖြစ်နေပြန်ရော။
ဆုနို အိပ်ယာပေါ်မှာ လဲလျောင်းနေပြီး စိတ်ထဲမှာလည်း ခိုကိုးရာမဲ့ဖြစ်နေသလိုမျိုး ခံစားနေရ၏။ဘာလို့လဲဆိုတော့ သူမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိတဲ့အပြင် လုံးဝကို အဖြူထည်လေးဖြစ်နေလို့ပဲ!
"ဘေဘီလေး....လိမ္မာပါတယ်။ကိုယ် မင်းကို ခံစားလို့ကောင်းအောင် လုပ်ပေးမယ်။ဟုတ်ပြီလား?" အိုးရန်လုံ သူ့နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းနေပြီး သူ့ညာဘက်လက်ကလည်း အောက်ဘက်ကို တစ်ဖြည်းဖြည်း ဆင်းသွားကာ သူ့ရဲ့ သေးသွယ်တဲ့ခါးလေးကနေ ပြားချပ်ချပ်ဗိုက်သားလေး ပြီးတော့ အနူးညံ့ဆုံးဧရိယာလေးဆီမှာ သောင်တင်နေလိုက်သည်။
“.......ကျွန်တော်တို့ နောက်နေ့မှ လုပ်လို့မရဘူးလားဟင်?" ဆုနို အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် သူအသံတွေတောင် တုန်ရီလို့နေပြီး သူ ရှက်လွန်းလို့ အရင်ဦးဆုံး အလံဖြူပြလိုက်သည်။
တအား ပျော့ညံ့တာပဲ!
"မရဘူး"
အိုးရန်လုံ ဆုနိုရဲ့စုထားသည့်ခြေထောက်တွေကို ခွဲဖို့အတွက် သူ့လက်ကိုအားသုံးလိုက်သည်။
“ကျွန်တော်တို့ စောစောလေးအိပ်ပြီး ဘာလို့အနားမယူကြမှာလဲ!" ဆုနို အတတ်နိုင်ဆုံး သူ့ကို တွန်းဖယ်ဖို့ကြိုးစားလိုက်သည်။
အိုးရန်လုံကတော့ သူပြောသမျှကို လုံးလုံးလျစ်လျူရှူကာ သူ့မျက်နှာအနှံ လိုက်နမ်းလို့နေသည်။
"ဒါမှမဟုတ်ရင် ကျွန်တော်တို့ အရင်ဆုံး စာအုပ်တွေ ဖတ်ကြမလား,ဟင်?"
ဆုနိုရဲ့ဦးနှောက်ကတော့ အံ့သြလောက်ဖွယ် စဥ်းစားမှုကြီးကို ထပ်ပြီး တွေးခဲ့ပြန်ပြီ!
"နိုနို....မင်း တကယ် မလုပ်ချင်ဘူးလား?" အိုးရန်လုံသည် နောက်ဆုံးတော့ သူ့နမ်းနေတာကို ရပ်ကာမေးလိုက်သည်။
ဘယ်သူက ဒီလိုအချိန်မျိုးမှာ ဒီလောက်ဆူညံတဲ့အထိ မြည်တွန်တောက်တီးနေမှာလဲ?
တကယ်တော့ သူ မလိုချင်တာ မဟုတ်ရပါဘူး။
ဆုနို သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး အကြောင်းတစ်ခုခုကြောင့် နည်းနည်းလေးတော့ မှားသွားသလို ခံစားမိသွားသည်။"ကျွန်တော် ကြောက်တယ်"
ဒီစကားက နည်းနည်းလေးတော့ မိန်းကလေးဆန်တယ်ဆိုပေမယ့်လည်း.....ဖာ့ခ်!သူ တကယ်ကြီး ကြောက်နေတာ။အား...! ငါ လုံးဝ မပြင်ဆင်ရသေးဘူးလေ!
အိုးရန်လုံ သူ့ကို ပြန်ဖက်လိုက်ရင်း ပြောလိုက်သည်။ "ကိုယ် မင်းကို ကြောက်အောင် လုပ်မိသွားတာလား?"
ဆုနို ခေါင်းခါလိုက်ပြီး မျက်နှာကို သူ့ပုခုံးတွင် နစ်မြှုပ်ထားလိုက်၏။"ကျွန်တော် ဒါရိုက်တာကြီးကို ချစ်တယ်"
ဒီလိုအခြေအနေမျိုးမှာ ချစ်စကားဆိုဝန်ခံလိုက်တာက အရမ်းကို မိုက်မဲလွန်းပြီး အထူးသဖြင့်ပြောရပြန်ရင်လည်း ချစ်စရာလည်းကောင်းလွန်းပြန်သည်။
သူ့ရဲ့ အသံသေးသေးလေးကိုကြားတော့ မစ္စတာဒါရိုက်တာရဲ့ နှလုံးသားလေးမှာ နူးညံ့သွားပြီး အရည်ပျော်ကြသွားတော့၏.....
"ကျွန်တော်တို့ အရင် သောက်ကြရင် ဘယ်လိုလဲ? "
ဆုနိုသည်လည်း သူ့ကိုယ်တိုင် ဒီအခြေအနေလေးကို မဖျက်ဆီးချင်ပေ။ သူ နည်းနည်းလောက်သောက်ပြီး ရဲဆေးတင်ချင်တယ်။
"ကောင်းပြီ။ ဒါပေမယ့် မင်းကိုတော့ အများကြီးသောက်ဖို့ခွင့်မပြုဘူး" ဆုနို အရက်မူးတာက အလွန်ပင် ထိတ်လန့်စရာကောင်းလွန်းသည်မို့ မစ္စတာဒါရိုက်တာကြီး၏နှလုံးသားထဲမှာ အမာရွတ်ထင်ကျန်နေသေးသည်။
ဒီလိုအရေးကြီးတဲ့အခိုက်အတန့်လေးမှာ နတ်ဆိုးနဲ့တူတဲ့သီချင်းဆိုသံကို သူမကြားချင်ဘူး။စိတ်အခြေအနေက လုံးဝကိုပျက်စီးသွားမှာသေချာတယ်။
အနီတောက်တောက် အရက်သည် ဝိုင်ခွက်ထဲကို စီးဆင်းသွားပြီး ပြင်းပြတဲ့ သစ်သီးစုံ ရနံ့ပြင်းပြင်းက ထင်းထွက်လို့လာသည်။
"ချီးယားစ်" အိုးရန်လုံ ဝိုင်ခွက်ကိုမြှင့်၍ ခွက်ကိုလှုပ်လိုက်သည်။ ဆုနို သူ့ဝိုင်ခွက်နဲ့ အသာလေးထိလိုက်ပြီး ခေါင်းကိုမော့ကာ တဖြည်းဖြည်း မြိုချလိုက်သည်။
သူရဲ့နူးညံ့သိမ်မွေ့သည့် Adamပန်းသီးလေးကအနည်းငယ်ရွေ့လျားသွားကာ ရေချိုးဝတ်စုံသည်လည်း သူရဲ့ပခုံးပေါ်ကနေ လျှောကျနေတာကြောင့် သူ့ရဲ့ ဖြူနှစ်နေသည့်အသားအရည်လေးက ပေါ်လွင်နေပြီး သူရဲ့ ညှပ်ရိုးလေးများမှာ သိသာထင်ရှားလို့နေကာ နူးညံ့နေသည့်ပုံပေါ်နေသည်။ဆုနိုသည် မျိုချရန်အချိန်မရှိသည့်အလား အနီရောင်စပျစ်ရည်တွေက သူရဲ့ပါးစပ်ထောင့်စွန်းကနေ စီးကျလို့နေပုံမှာ အလွန်ပင်ဆွဲဆောင်မှုရှိလွန်းသည်။
အိုးရန်လုံသည် စီးကျလာသည့် ဝိုင်တွေကို တိုက်ရိုက် စုပ်ယူနမ်းရှိုက်လိုက်သည်။ အရက်ရဲ့ အရှိန်နဲ့ ချစ်ခြင်းမေတ္တာတို့လွှမ်းမိုးမှုအောက်တွင် ဆုနိုသည် နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်းဖြေလျှော့ပြီး သူ့ကိုယ်သူ နစ်မြှုပ်ခွင့်ပေးလိုက်တော့သည်။
သူရဲ့ အားအနည်းဆုံးနေရာလေးသည် သက်တောင့်သက်သာ ဖြစ်သွားကာ ရုတ်တရက် ခန္ဓာကိုယ်တစ်လျှောက် လျှပ်စစ်စီးကြောင်းတစ်ခုဖြတ်သွားသလိုမျိုး ခံစားလိုက်ရပြီး မျက်နှာလေးကိုမော့ကာ ညည်းမတွားဘဲ မနေနိုင်တော့ပေ။သူ့ခါးနှင့် ခြေ,လက်တွေပင် တုန်ရီလာရသည်။
နောက်ဆုံးအခိုက်အတန့်တွင် သူရဲ့စိတ်ဝိညာဉ်ကိုတောင် ဆွဲယူခံလိုက်ရပုံရသည်။
အရာအားလုံးဟာ အကောင်းဆုံးအခြေအနေတစ်ရပ်ဆီကို ဖြည်းဖြည်းချင်း စီးဝင်လာခဲ့သည်။
အိုးရန်လုံသည် သူ့ပါးစပ်ထဲရှိအရာတွေကို မျိုချလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ သူ့အင်္ကျီအိတ်ကပ်ထဲမှ ချောဆီနှင့်ကွန်ဒုံးများကိုထုတ်လိုက်သည်။
"ခင်ဗျား ... " ဆုနို သူ့ကို ဆွံအစွာ မော့ကြည့်လိုက်မိသည်။ အဲဒါတွေကို အချိန်တိုင်း ယူသွားတာလား!
“မင်းအတွက် အားလုံးပြင်ဆင်ထားပြီးပြီ”
အိုးရန်လုံ သူ့နားတစ်ဖက်ကိုနမ်းလိုက်ပြီး နားသီးလေးကို ငုံလိုက်သည်။ခုနကလိုတော့ ညင်သာမှုမရှိတော့ပေ။
“.........” ဆုနို ချက်ချင်းပင် ရှောင်လိုက်သည်။
“ယားတယ်!”
"ကိုယ် လုပ်ချင်နေတာကြာပြီ" အိုးရန်လုံသည် သူ့ခါးကနေ ဆွဲမလိုက်ကာ အိပ်ယာပေါ်ကို တင်လိုက်ပြီး သူ့ခါးအောက်ကို ခေါင်းအုံးတစ်လုံး ထည့်လိုက်သည်။ သူ့ရဲ့ အခုပုံစံ,အနေအထားက ဘယ်လောက်တောင် ရှက်စရာကောင်းနေလဲဆိုတာ တွေးတောင် မတွေးရဲတော့ပေ။
ဆုနိုရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးက ပူနေပြီး သူ စောင်ကိုပွေ့ဖက်ထားကာ နည်းနည်းလေးတောင် မလှုပ်ရဲတော့ပေ။
အေးစက်စက်အရည်တွေက သူ့အသားကိုထိလိုက်ချိန်မှာတော့ အနည်းငယ် သက်တောင့်သက်သာဖြစ်ခဲ့ကာ,သက်တောင့်သက်သာမဖြစ်တာကတော့ သူ့ရဲ့လက်ချောင်းတွေ ဝင်လာတဲ့အချိန်ပဲ။ပြီးတော့.......နောက်ဆုံးအခိုက်အတန့်ကို ရောက်လာတာပဲ။
"နာတယ်!" ဆုနိုရဲ့မျက်လုံးများသည် ချက်ချင်းပင် နီရဲလာပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက နှစ်ခြမ်းကွဲထွက်သွားတော့မယ်လို့ ခံစားနေရသည်။
အိုးရန်လုံ သူ့ခေါင်းကိုငုံ့ကာ နမ်းလိုက်ပြီး လုပ်နေတာတွေကိုတော့ မရပ်တန့်ခဲ့ပေ။
ဆုနိုသည် နာကျင်ရမှာကို အလွန်ကြောက်၏။သူ ငယ်စဉ်ကတည်းက ကြောက်ခဲ့တာပဲဖြစ်သည်။
အဲ့ဒါကိုပင် သူ အိုးရန်လုံကိုမတွန်းဖယ်ဘဲ အိုးရန်လုံနဲ့ ယှက်ထားသည့်သူရဲ့လက်ကိုသာ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။
ဒီလိုလူကောင်းတစ်ယောက်နဲ့အတူ ဘဝတစ်သက်လုံး အတူတူလက်တွဲသွားချင်တယ်။ သူ့အတွက်သာဆိုရင် ဘယ်လောက်ပင် နာကျင်စရာတွေအများကြီးနဲ့ကြုံရလည်း အဆင်ပြေတယ်။
"အရမ်းနာနေလား?" သူရဲ့နှုတ်ခမ်းများက ဖြူဖျော့နေသည်ကိုမြင်တော့ အိုးရန်လုံ၏နှလုံးလေးက နာကျင်လာရပြီး အနည်းငယ်တော့ တွန့်ဆုတ်သွားရသည်။
ဆုနို ခေါင်းခါလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုလည်း အလိုအလျောက် မြှင့်တင်လိုက်သည်။
ညကလည်းမှောင်,အိပ်ယာပေါ်မှာလည်း ရှုပ်ပွနေကာ အခန်းတစ်ခန်းလုံးရဲ့လေထုကလည်း ရင်ခုန်စရာကောင်းနေသည်။နာကျင်မှုတွေပြီးနောက် ချိုမြိန်တဲ့အသီးအပွင့်လေးတွေကို ခံစားနိုင်ဖို့ရောက်ရှိလာလိမ့်မည်။
သူ့ဘ၀မှာ ဒီလိုအဖြစ်မျိုးကို ပထမဆုံးအကြိမ်ကြုံဖူးတာပဲဖြစ်သည်။ ဆုနိုသည် အချိန်တွေတဖြည်းဖြည်း ကုန်လာလေလေ သူအသက်ရှူဖို့တောင် မေ့လာလေလေဖြစ်ကာ တစ်ဖက်လူ ကျေနပ်သွားတဲ့အချိန်ရောက်တော့ သူ လက်တစ်ချောင်းတောင် မရွှေ့ချင်လောက်အောင် ပင်ပန်းနေပြီဖြစ်သည်။
မစ္စတာဒါရိုက်တာက သူ့ကိုသန့်ရှင်းပေးဖို့အတွက် ရေချိုးခန်းထဲခေါ်သွားပြီး အဲဒီ့နေရာလေးကို ဆေးထည့်ပေးလိုက်ကာ နောက်ဆုံးတော့ သူ့ကိုစောင်အောက်မှာ တဖန်ပြန်ပွေ့ထားလိုက်သည်။
သူ့ချစ်သူလေးက အရမ်းကိုအရေးကြီးတယ်လေ။သူ့ကို သေချာဂရုစိုက်ရမယ်။
“ကျွန်တော် ရေသောက်ချင်တယ်” ဆူနိုရဲ့အသံက အက်ကွဲနေပြီး သူ့မျက်လုံးထဲက သနားစရာကောင်းနေသည့်အကြည့်လေးက အနိုင်ကျင်ခံထားရသလို။
အိုးရန်လုံ ရေတစ်ခွက်ကို ထည့်လိုက်ကာ သူ တစ်ငုံသောက်လိုက်ပြီးနောက် ခေါင်းကိုနှိမ့်လိုက်ပြီး ဆုနိုပါးစပ်ထဲကို ဖြည်းဖြည်းချင်း ငုံ့တိုက်လိုက်သည်။
ပူနွေးသည့်နှုတ်ခမ်းသားတို့က တစ်ယောက်နှင့်တစ်ယောက်ထိမိသွားကြပြီး ဆုနိုရဲ့မျက်တောင်များက အိပ်မက်တစ်ခုကို မက်နေသလိုပင် အနည်းငယ်တုန်ရီသွားရသည်။
"နာနေတုန်းလား?" ရေတစ်ခွက်လောက် တိုက်ပြီးတဲ့အခါ အိုးရန်လုံသည် သူ့ဘေးမှာ ဝင်လှဲလိုက်ပြီး သူ့ရင်ဘတ်ပေါ်မှာ တင်လိုက်ကာ အိပ်ခိုင်းလိုက်သည်။
နာတာပေါ့! အရမ်းအရမ်းကို နာတယ်!
ဆုနို သူ့ခါးကိုပွေ့ဖက်လိုက်ပြီး လုပ်မိတာ နည်းနည်းလေးတော့ မှားသွားသလိုခံစားနေရ၏။
အိုးရန်လုံ သူရဲ့ခါးလေးကိုနှိပ်နယ်ပေးခဲ့ကာ သူရဲ့လှုပ်ရှားမှုတွေက အလွန်ပင်နူးညံ့ညင်သာလွန်းသည်။
ရေချိုးဆပ်ပြာရဲ့ မွှေးကြိုင်နေသည့် ရနံ့လေးနဲ့ သူ့ခါးကလည်း အနှိပ်ခံနေရတာကြောင့် ဆုနိုလေးသည် သီချင်းညည်းချင်သွားသည်အထိကို သက်တောင့်သက်သာဖြစ်သွားရပြီး တစ်ဖြည်းဖြည်း မိန်းမောလာကာ နောက်ဆုံးတော့ သူလုံးဝ အိပ်ပျော်လို့သွားခဲ့သည်ှ။
***ဆက်ဆံပြီးနောက် သူရဲ့မျက်နှာလေးက နီနေဆဲဖြစ်သော်လည်း သူ့ရဲ့နှုတ်ခမ်းများကတော့ အနည်းငယ်ဖျော့တော့နေသေးသည်။
မစ္စတာဒါရိုက်တာသည် သူ့နှလုံးသားလေး နာကျင်သွားရပြီး သူ့ကို နမ်းလိုက်ကာ အဲ့ဒီနောက် သူ့ရင်ခွင်ထဲတွင်တင်းကျပ်စွာပွေ့ဖက်လိုက်သည်။ထို့နောက် သူကောင်းကောင်းအိပ်ပျော်သွားတော့၏။
ဆုနိုကတော့ အလွန်ပင် ပင်ပန်းနေပြီး အဖျားအနည်းငယ်ရှိသွားသော်လည်း သူ စောစောစီးစီးပင် နိုးလာသေးသည်။
သူ့မျက်လုံးတွေကို ဖွင့်လိုက်ချင်းမှာပဲ သူ့ရဲ့ချောမောတဲ့လူကြီးကို မြင်နိုင်ခွင့်ရသည်မှာ တကယ့်ကို ခမ်းနားကြီးကျယ်မှုတစ်ရပ်ပဲဖြစ်သည်။
ဆုနို သူ့နံဘေးမှာ လှဲနေပြီး သူ့မျက်နှာကို သူ့လက်ညိုးလေးဖြင့် ညင်ညင်သာသာထိတွေ့နေ၏။ "နိုးထဖို့ အချိန်ရောက်ပါပြီ။ "
အိုးရန်လုံ မျက်လုံးတွေကို ပိတ်ထားသော်လည်း သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းများက ကွေးညွှတ်သွားကာ ရုတ်တရက်ကြီး ဆုနိုကို သူ့ကိုယ်အောက်ကို ဖိလိုက်ကာ အုပ်မိုးလိုက်သည်။
".....မောနင်း" မနေ့ညက ရူးသွပ်စရာအကြောင်းကို တွေးမိရင်း ဆုနိုရဲ့မျက်နှာက နည်းနည်းလေး နီရဲသွားသည်။
“မောနင်း” အိုးရန်လုံ သူ့နဖူး၏အပူချိန်ကိုစမ်းလိုက်ကာ "နည်းနည်းနွေးနေသေးတယ်၊ အဆင်ပြေရဲ့လား?"
ဆုနို ခေါင်းကိုခါရမ်းပြလိုက်သည်။ တကယ်တော့ အဖျားရှိသေးတယ်ဆိုရင်တောင် အဆင်ပြေသေးတယ်။ ဖြစ်တာက သူ့ရဲ့ သေးငယ်တဲ့အပေါက်လေးနဲ့ သူ့ရဲ့ခါးသေးသေးက အရမ်းနာကျင်နေတာပဲ!
"ကောင်းသွားမှာပါ။ ကိုယ် မင်းအတွက် မနက်စာပြင်ပေးဖို့ မီးဖိုချောင်ဝင်လိုက်အုံးမယ်။ "
အိုးရန်လုံ သူ့ကို စောင်လေးပြန်ခြုံပေးလိုက်သည်။
“......ဒါရိုက်တာကြီး စောစောပြန်သင့်တယ်” သူ တကယ်ကြီး သူ့လူကြီးနဲ့ မခွဲနိုင်ပေမဲ့ သူ့အစ်ကိုကြီးသာ သိသွားရင် ကြောက်စရာကောင်းလွန်းသွားမှာ။
မနေ့ညက ဒီနေ့ သူလာခဲ့မယ်လို့ ပြောခဲ့တာမို့ တကယ်လို့သာ သူတို့နှစ်ယောက် တွေ့သွားကြရင် ဇာတ်လမ်းက ပြီးပြီပဲ။ဒါ ဒဏ္ဋာရီဆန်လောက်တဲ့ လုပ်ရပ်နဲ့ လက်ပူးလက်ကြပ် ဖမ်းမိသွားလိမ့်မယ်!
"အခု ကိုယ့်ကို ပြန်စေချင်နေတာလား? " အိုးရန်လုံ မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော့် အစ်ကိုကြီးက ဒီနေ့ဒီကိုလာမယ်လို့ ပြောတယ်” ဆုနို အပြစ်ရှိသလိုခံစားရပြီး သူ့ကို ပွတ်သပ်လိုက်ကာ သူ့ကို စိတ်လျှော့သွားစေဖို့ ကြိုးစားလိုက်သည်။ "ဒါရိုက်တာကြီး အိမ်ကိုအရင်ပြန်နှင့်လို့ ရမလား?"
"မင်းမိသားစုနဲ့ ကိုယ်ကို မတွေ့ပေးတာ ဘာလို့လဲ?" အိုးရန်လုံ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
......ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့အစ်ကိုကြီးက အရမ်းကို ရက်စက်လို့ပေါ့! ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မာဖီးယားလေ!
ဆုနို ဘယ်လိုပြောရမလဲမသိတော့ဘဲ သူ့ခေါင်းကိုသာ သူ့ရင်ခွင်ထဲမှာ မြှုပ်ထားလိုက်တော့သည်။
“မင်း ကိုယ့်ကို ဒီလိုမျိုးဆက်ပြီး အမြဲပုန်းခိုင်းနေလို့ မရဘူးလေ” အိုးရန်လုံ သူ့ကျောလေးကိုပုတ်ပေးလိုက်သည်။
"မင်းရဲ့မိသားစုဝင်တွေက ကိုယ်တို့ကို သဘောမတူမှာကို စိုးရိမ်နေတာလား? "
ဆုနို ခေါင်းကိုယမ်းပြလိုက်ပြီး စိတ်ဓာတ်ကျနေမိသည်။
သူကို ဘယ်လိုများ ဆန့်ကျင်ရမှာလဲ!သူ့အစ်ကိုကြီးကသာ သူက ယောက်ျားတစ်ယောက်နဲ့တွဲနေတယ်ဆိုတာကိုသိသွားရင် သူ အရမ်းဒေါသထွက်ပြီး နေရာတကာမီးရှို့ပစ်မယ့်အပြင် အရမ်းကို ကြောက်စရာကောင်းတဲ့ ကိစ္စတွေကိုတောင် လုပ်ပစ်လိမ့်မယ်။
"ကိုယ်မင်းကို အတင်း ဖိအားပေးပြီး မလုပ်ခိုင်းပါဘူး၊ ဒါပေမယ့် ကိုယ်တို့ဒါကို နောက်မှပဲဖြစ်ဖြစ်,အခုပဲဖြစ်ဖြစ် ပြောရမယ်နော်" အိုးရန်လုံ သူ့မျက်လုံးလေးတွေကို ကြည့်လိုက်သည်။
"ကိုယ် မင်းနဲ့ အမြဲအတူရှိနေမှာမို့ မကြောက်ပါနဲ့"
ဆုနိုရဲ့နှာခေါင်းလေးက ရှုပ်ပွပွဖြစ်လာကာ သူ့လူကြီးက အရမ်းကို နူးညံ့ကြင်နာလွန်းသည်ဟု ခံစားမိသည်။
"မငိုပါနဲ့” သူ့မျက်လုံးလေးတွေက အနည်းငယ်နီရဲလာတာကို မြင်တော့ အိုးရန်လုံ မခံစားနိုင်ပေ။"ဒါဆို ကိုယ်ဆန်ပြုတ်သွားပြုတ်ပေးမယ်၊ မင်းစားပြီးပြီဆိုတာကို ကြည့်ပြီးတာနဲ့ ကိုယ်ပြန်လိုက်မယ်။ "
ဆုနို အားတင်းကာခေါင်းကို ညိတ်ပြလိုက်ပြီး သူ့လည်ပင်းကို ပွေ့ဖက်ကာ နမ်းလိုက်သည်။
"နောက်ထပ်ဆွေးနွေးပြီးသွားတဲ့အခါကျရင် ကျွန်တော်အဆင်ပြေပါပြီ။အဲ့ခါကျရင် ဒါရိုက်တာကြီးနဲ့အတူတူ နေသွားလို့ရပြီ "
ဒီအချိန်ပြီးရင်တော့ သူ့အစ်ကိုကြီးက သူ့ကိုစောင့်ကြည့်နေတာ လျော့ပါးသွားလိမ့်မည်။မကြာသေးမီက သူတို့ကို တွေ့သွားမှာကို သူ အရမ်းကြောက်ရွံ့ခဲ့ပြီး အမြဲမလုံခြုံသလိုခံစားနေခဲ့၏။
မစ္စတာဒါရိုက်တာကြီးက သူ့အတွက် နံနက်စာကို သူကိုယ်တိုင်ချက်ပြုတ်ပေးခဲ့တာမို့ ဒီဆန်ပြုတ်က သာမန်ကြက်ဥဆန်ပြုတ် ဖြစ်နေရင်တောင် အရသာရှိပြီး ရင်ထဲမှာ နွေးထွေးသွားရသည်။
ဆုနို ကုတင်ကို မှီပြီးထိုင်နေရင်းဖြင့် ဒါရိုက်တာကြီးက သူ့ကိုတစ်ဇွန်းပြီး တစ်ဇွန်းခွံကျွေးနေပြီး သူကလည်း နာခံမှုရှိစွာဖြင့်စားနေကာ ဘဝကြီးက နေထိုင်ရတာအလွန်ပင်ကောင်းတယ်လို့ ခံစားမိသည်။
ဆန်ပြုတ်ထဲမှာ အသားမပါရင်တောင် သူလက်ခံနိုင်တယ်။ ဆားမပါလည်း ပြဿနာမရှိဘူး။ ဟော့ဒေါ့ချောင်းမရှိရင်လည်း အရေးမကြီးဘူး။ဒါ အချစ်ရဲ့စွမ်းအားပဲ။ ငါ့လူကြီးက ဟင်းမချက်တတ်ရင်တောင် ခန့်ညားနေသေးတယ်!
ဆုနိုလေးက စားနေရင်း တွေးမိနေ၏။
ဘယ်လိုချက်ရမလဲဆိုတာကို ငါတစ်ယောက်တည်းသိတယ် ဆိုတာနဲ့တင် အဆင်ပြေပါတယ်!ဒါရိုက်တာကြီးက ပန်းကန်ဆေးမယ်။ကျွန်တော်က ချက်မယ်။ လိုက်ဖက်ညီလွန်းလို့ စကားနဲ့တောင် ဖော်ပြလို့မရဘူး။
“ကောင်းလား?” ဆန်ပြုတ် တစ်ပန်းကန်လုံး ကုန်သွားတော့ အိုးရန်လုံ သူ့အနားကိုတိုးသွားပြီး နမ်းလိုက်၏။
“ ဒါက ဆုပေးတာ ”
ဖွဖွလေး နမ်းတာက ဆုပေးတာလို့မယူဆဘူး! ပြင်သစ်အနမ်းလေးလောက်တော့ ဖြစ်ရမယ်လေ။ ဆုနို သူ့မျက်နှာကြီး နီရဲပြီး ဝီရောဓိဖြစ်နေကာ အခက်တွေ့နေရသည်။
"ကိုယ် မင်းကိုဆေးထပ်ထည့်ပေးရမလား? " အိုးရန်လုံမေးလိုက်သည်။
ဒါတော့ မကောင်းဘူး! ဆုနို ခေါင်းကိုပြင်းပြင်းထန်ထန် ခါယမ်းပြလိုက်သည်။
မနေ့ညက ထည့်ပေးတယ်ဆိုတာ မှောင်လည်းမှောင်တဲ့အပြင် သူကလည်း အသိဝင်နေတာမဟုတ်ဘူး။ အခုကကျတော့ လင်းထိန်နေပြီ။သူတို့ ဒီထက် ရင်းနှီးတဲ့ကိစ္စတွေကို လုပ်ခဲ့ပြီးပြီ ဆိုရင်တောင်.....သူ ရှက်တယ်!
"ကောင်းပြီလေ။ ဒါဆို အချိန်မီဆေးထည့်ဖို့ မမေ့နဲ့နော် ” သူ့နားတွေနီလွန်းလို့ သွေးတွေယိုထွက်တော့မလို ဖြစ်နေတာကို မြင်တော့ အိုးရန်လုံသည် သူ့ကိုတွန်းအား မပေးတော့ဘဲ ပုလင်းသေးသေးလေးကို အိပ်ယာဘေးက စားပွဲလေးပေါ်မှာ တင်ထားပေးလိုက်သည်။
ဆုနိုလေးကတော့ အလွန်ရှက်ပြီး သူရဲ့မျက်နှာကို စောင်အောက်၌ ဖွက်ထားလိုက်သည်။သူ ကြိုက်တဲ့သူနဲ့ အတူရှိနေရရင် အချိန်တွေကလည်း လျှင်မြန်စွာကုန်ဆုံးလာသလိုပဲ။
သူ့နှလုံးသားထဲမှာတော့ သူ့ကိုတစ်ယောက်တည်း မထားခဲ့ချင်ပေမယ့် နတ်ဆိုးလေးဆုက တကယ်ခေါင်းမာလွန်းတဲ့အပြင် သနားစရာကောင်းတဲ့သရုပ်ဆောင်မှုစွမ်းရည်ကိုတောင် ပြလိုက်သေး၏။
သူ ကောင်းကောင်း အိပ်ပျော်နေတာကိုတွေ့မှပဲ ဒါရိုက်တာသည် ဗီလာကနေ ထွက်သွားနိုင်တော့သည်။
ပြီးတော့ သူ ထွက်သွားဖို့နံရံကိုတောင် ကျော်တက်လိုက်ရသေး၏။
ဘာကြောင့်လဲဆိုတော့ ဒီဖြတ်လမ်းက နီးတဲ့အတွက် တကယ်ကို အဆင်ပြေတယ်! သူတို့ရဲ့အချစ်ရေးကို လျှို့ဝှက်ထားတာက အရမ်းကောင်းပါတယ်လေ!
ဆုနိုလေးကတော့ စောင်ထဲမှာ ပုန်းအောင်းနေပြီး သူရဲ့တင်ပါးလေးကလည်း အလွန်ပင်နာကျင်နေသေးသည်။
ဒါပေမယ့် လုံးဝအဆင်ပြေပါတယ်။ နှင်းဆီပန်းမှာတောင် ဆူးရှိရသေးတာပဲလေ။
ကုတင်ဘေးက စားပွဲပေါ်မှာ ဆေးပုလင်းအသေးလေးတစ်ဘူးရှိနေသည်။ဆုနို ဆေးပုလင်းကို သူ့လက်ထဲမှာကိုင်ထားလိုက်သည်။သူ မနေ့ညက beeeep* လုပ်ကြတဲ့ မြင်ကွင်းတွေကို ပြန်မတွေးမိဘဲမနေနိုင်ပေ။
အဲ့တာလုပ်ပြီးတဲ့နောက်မှာ သူက သူ့ကိုဆေးလိမ်းပေးခဲ့တယ်။ဒါဆိုရင် နိုပိစိလေး* ကိုမြင်ရုံမက အဲ့နေရာကိုလည်း လုံးဝ ဟာလာဟင်းလင်းအနေအထားနဲ့ မြင်သွားမှာပဲ။
ဆုနိုလေးသည် အံ့သြဖွယ်ကိစ္စကိုသိမြင်ပြီးနောက် စောင်ထဲကို ပြန်တိုးဝင်သွားပြီး သူ့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာသည်ကို ခံစားလိုက်ရသည်။
အခုလို ရှက်ရွံ့ရသည်မှာ အနည်းငယ်နောက်ကျနေပြီလို့ထင်ပေမယ့်လည်း..........သူရဲ့ဂန္ဓာမာပန်းလေးကို ထုတ်ဖော်ပြလိုက်ပြီးပြီပဲ။ သူ အချိန်တွေကို ကျော်ချလိုက်ချင်တယ်!ဒီလိုအချိန်မျိုးမှာ သူ့ကိုယ်သူအာရုံလွဲစေမယ့် အခြားအတွေးတစ်ခုကို စဉ်းစားရမယ်။
မစ္စတာဒါရိုက်တာရဲ့ချောမောတဲ့မျက်နှာ၊ သူရဲ့လွှမ်းမိုးနိုင်တဲ့ abs ပြီးတော့ သူရဲ့နွေးထွေးတဲ့ လက်ချောင်းလေးတွေ!!လက်--ချောင်း--!!..........
ဆုနို အလိုအလျောက် သူ့တင်ပါးလေးကို အုပ်လိုက်ပြီး သူ့မျက်နှာသည်လည်း နီရဲလို့သွားသည်။
တကယ်ကို ရှက်စရာပဲ!
မိနစ်အနည်းငယ်အကြာတွင် ဖုန်းစက်ခရင်ပေါ်မှာ မီးတစ်ချက်လင်းလာသည်မို့ ဖွင့်လိုက်ရာ အိုးရန်လုံ ပို့လိုက်သော မက်ဆေ့ခ်ျတစ်စောင်ပင်ဖြစ်သည် - <ဆေးထည့်ဖို့မမေ့နဲ့နော်၊ ကောင်းကောင်းအနားယူ။ ပြီးတော့လည်း အရမ်းကြီး မလှုပ်ရှားနဲ့>
ဆုနို ပြုံးနေတဲ့အီမိုကျီလေးနဲ့ replyပြန်လိုက်ပြီး ရင်ထဲမှာလည်း အရမ်းကို ကျေနပ်နေမိသည်။
သူ့ရဲ့ ကိုယ်နေဟန်ထားက အနည်းငယ် ကိုးရိုးကားယားဖြစ်နေမှာ မှန်သော်လည်း ထိုနေရာလေးကို ဆေးထည့်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိချေ။ဘာလို့လဲဆိုတော့ သူ့ဂန္ဓမာပန်းလေးရဲ့ကျန်းမာရေးက အလွန်အရေးကြီးတာမို့ပဲ!ကံကောင်းထောက်မစွာ ဘယ်သူမှ မမြင်နိုင်တာမိုလို့ပေါ့.....
ဆုနို စိတ်ကိုလျှော့ထားလိုက်ပြီး စောင်ထူထူကို ကန်ထုတ်လိုက်ရင်း အိပ်ယာပေါ်မှာရှိနေတဲ့ သူ့တင်ပါးပြောင်ပြောင်လေးက ပေါ်လာကာ သူ့ရဲ့စွမ်းအား အကုန်သုံး၍ လှည့်လိုက်ပြီး အဲ့ဒီနေရာလေးကို အောင်မြင်စွာ ဆေးထည့်လိုက်နိုင်သည်။
.
.
.
.
ဘယ်ဟုတ်မလဲ! သူ့တင်ပါးပေါ်မှာရှိနေတဲ့ အချစ်အမှတ်အသားတွေကြောင့် သူရှက်သွားရတာပဲ!
ကံကောင်းချင်တော့ မကြာသေးမီကတည်းက ရိုက်ကူးဖို့အတွက် အတွင်းခံကြော်ငြာတွေ မပါသေးတာပဲ။ ဆုနို စိတ်အေးသွားပြီး ဆေးပုလင်းအဖုံးကို ဖွင့်လိုက်သည်။ သို့သော် ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာပဲ သောက်တံခါးက ရုတ်တရက်ကြီး မြည်လာတော့၏။
"နိုနို" ဟန်ဝေ အောက်ထပ်ကနေ လှမ်းခေါ်လိုက်သည်။
သေရော!
ဆုနိုသည် အချိန်ခဏအတွင်းမှာပဲ ပြိုလဲလို့သွားပြီ။
သူ့လက်တွေက တုန်လာပြီး ဆေးပုလင်းတစ်ပုလင်းလုံးကို သူ့တင်ပါးတစ်ခုလုံးပေါ် လောင်းချမိသွားသည်။
အရမ်းအေးတာပဲ!
ဒါပေမယ့် အဲဒါက အဓိကအချက်မဟုတ်ဘူး။အဓိကအချက်က သူ့အစ်ကိုကြီး အပေါ်ထပ်ကို မတက်လာဖို့ဘဲ။ သူ ဘာမှမ၀တ်ရသေးဘူး။ အချစ်အမှတ်အသားတွေနဲ့ အိပ်ယာပေါ်မှာ ဒီအတိုင်းကြီးလှဲနေတာကို မြင်သွားရင်တော့ သွားပြီပဲ!
လှေကားပေါ်ကခြေသံတွေကို နားထောင်ရင်း တဖြည်းဖြည်း နီးလာလေလေ ဆုနို စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူ့အ၀တ်တွေကို ကြမ်းပြင်ပေါ်ကနေ ကောက်ယူပြီး ဝတ်လိုက်၏။ ထို့နောက် သူ ဘောင်းဘီရှည်ကို မ၀တ်တော့ဘဲ အိပ်ယာခင်းတွေအောက်မှာ လျင်မြန်စွာ ပုန်းလျှိုးကွယ်လျှိုးနေလိုက်တော့သည်။
စေးကပ်တဲ့ဆေးတွေက အိပ်ယာခင်းပေါ်ကို စီးကျလို့သွားတာကြောင့် ဆုနို ငိုချင်လာပြီ။သူ့ ဖင်ပြောင်လေးကလည်း အေးနေပြီလေ။ တကယ့်ကို တလွဲတွေချည်းပဲ!
"နိုနို" ဟန်ဝေ အခန်းတံခါးကို တွန်းဖွင့်ရင်း ဝင်လာခဲ့သည်။ "ဘာလို့ အခုထိ မထရသေးတာလဲ?"
အစ်ကိုကြီး နာရီဝက်လောက်နောက်ကျပြီးမှ လာရင် ကျွန်တော် ထလာမှာပေါ့!
ဆုနို သူ့နှလုံးသားထဲက အော်ဟစ်လိုက်ပြီး အလွန်တရာကိုမှ အားအင်ချိနဲ့စွာဖြင့် ပြောလိုက်သည်။
" ကျွန်တော် တုပ်ကွေးဝင်သွားတဲ့ပုံပဲ"
ဘာပဲဖြစ်ဖြစ် သူမှာ အခုအဖျားရှိနေတယ်လေ။ ဒါကြောင့် သူဟန်ဆောင်ရင်းနဲ့ ဒီအခြေအနေကို ရှောင်ရမယ်။
"တုပ်ကွေးလား?" ဟန်ဝေ မျက်မှောင်ကြုတ်ပြီး သူ့နဖူးပေါ်ရှိအပူချိန်ကို စမ်းသပ်ဖို့အတွက် သူ့ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး" ဆုနို ချောင်းလေး တဟွတ်ဟွတ်ဆိုးနေပြီး တိုးတိုးလေးပြောလိုက်သည်။ တကယ်ပီပြင်ချက်!
"အဖျားနည်းနည်းရှိတယ်၊ မင်းအသံက ဘာလို့ အက်ရှရှဖြစ်နေရတာလဲ?" ဟန်ဝေ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းနေမကောင်းရင်လည်း ဘာလို့ အစ်ကိုကြီးကို စောစော မခေါ်လိုက်တာလဲ?"
"ခဏလောက်အိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်" ဆုနိုရဲ့မျက်နှာက ဖြူဖျော့နေ၏--ဖျော့မှာပေါ့,မနေ့က တအားပင်ပန်းခဲ့ရတာကိုး!
"တစ်ချက်လောက် လာကြည့်ခိုင်းဖို့ ဆရာဝန်ခေါ်ပေးရမလား?" ဟန်ဝေ သူ့ဆံပင်လေးတွေကို ကူသပ်ပေးလိုက်သည်။
ခေါ်လို့ရမလား! ဆရာဝန် ရောက်လာရင် သူ အလိမ်ပေါ်သွားမှာပေါ့!
ဆုနို ခေါင်းလေးကို အသာ ခါလိုက်ရင်း "ကျွန်တော်ဆေးနည်းနည်းလောက် သောက်ပြီးရင် အဆင်ပြေသွားမှာပါ"
"ဒါဆိုရင် အစ်ကိုကြီး မင်းအတွက် မနက်စာလုပ်ပေးမယ်" ဟန်ဝေ ပြောလိုက်သည်။
ဆုနို အရမ်းကို စိတ်ဓါတ်ကျရပြန်၏။ "ကျွန်တော် မနက်စာစားပြီးပြီ" သူ ထပ်စားဖို့ကို စိတ်ထဲ သိပ်မထားပေမယ့် ဒါရိုက်တာကြီး ချက်ပြုတ်ပေးခဲ့တာတွေကို ပြန်ပြီး မရှင်းရသေးတဲ့ပုံပေါ်တယ်။ အကိုကြီး ဟင်းချက်ဖို့သွားခဲ့ရင် အဲဒါတွေကို သေချာပေါက်တွေ့သွားလိမ့်မယ်။ ဒါကြောင့် စောစောကတည်းက စားပြီးပြီ ဆိုပြီး ဝန်ခံထားတာ ပိုကောင်းလိမ့်မယ်။
"........."
ဟန်ဝေ ရယ်ရမလားငိုရမလားမသိတော့ပေ။သူနေမကောင်းဖြစ်နေတာတောင် သူ့ဗိုက်ကိုဖြည့်ဖို့အတွက် အစောကြီး မနက်စာကို ချက်ပြုတ်ရမယ်မှန်းတော့ သူသိနေသေးတယ်ပေါ့။ သူ့ကို ဘယ်လို ဆူပူရမှန်းကိုမသိတော့ဘူး။
"ရပ်ကွက်အဝင်ဝမှာရောင်းတဲ့ ကျိုးလီဆိုင်က ဝက်သားကင်ပေါင်မုန့်ကို စားချင်တယ်" ဆုနိုသည် အိပ်ယာခင်းတွေကိုလဲဖို့နဲ့ အတွင်းခံ၀တ်ဖို့အချိန်လိုတာကြောင့် သူ့အစ်ကိုကြီး နှင်ထုတ်နေ၏။
သို့သော် ဟန်ဝေကတော့ အလွန်တရာကိုမှ ပူးပေါင်းမဆောင်ရွက်မှုမရှိခဲ့ပေ။ "မင်းတုပ်ကွေးမိနေတာကို ဘာအကင်တွေကို စားနေမှာလဲ?အစာကြေလွယ်တာတွေကိုပဲ စားရမယ်"
"အဲ့ဒီဆိုင်မှာ နှင်းသစ်တော်သီးဆန်ပြုတ်လည်းရှိတယ်" ပြောလိုက်တဲ့ အသံမှာ တိုးညင်းလွန်းလို့ သူ့အစာအိမ်ထဲကနေ လှမ်းပြောလိုက်သလားလို့တောင် ဆုနို ထင်မိ၏။
အဲ့ဒီနောက်မှာတော့ သူ့အစ်ကိုကြီးက ဖုန်းတစ်ခုကို ခေါ်လိုက်သည်။ "ကျိုးလီဆိုင်ကနေ အရွက်စွပ်ပြုတ် set လောက် ဝယ်လာခဲ့။ပြီးတော့ နှင်းသစ်တော်ဆန်ပြုတ်တစ်ပွဲရောပဲ"
ဆုနို စိတ်ရှုပ်ထွေးသွားကာ ပြောစရာမဲ့သွားရသည်။
တကယ်တမ်း ကိုယ်တိုင်မသွားဘဲ ဖုန်းလေးခေါ်ပြီး ဝယ်ခိုင်းတယ်ဆိုတာ စိတ်ဓါတ်ပဲ!ဒါ ဒရမ်မာဇာတ်လမ်းတွေထဲက ဇာတ်ညွှန်းတွေနဲ့ မကိုက်ညီဘူး!သူ့ရဲ့ စိုနေတဲ့ အိပ်ယာခင်းစတွေက လူကို သက်တောင့်သက်သာမဖြစ်တော့ဘူးလို့!
"ဘယ်သူ့ကို ခေါ်ခိုင်းလိုက်တာလဲ,အစ်ကိုကြီး?"
"ဖုန်းထျန်းလေ...သူ ရပ်ကွက်အပြင်ဘက်မှာ ရှိနေတယ်" ဟန်ဝေ သူ့အတွက် ရေနွေးပူလေးတစ်ခွက် ငဲ့ပေးလိုက်သည်။
"......သူက ဘာလို့ ကျွန်တော်နေတဲ့ ရပ်ကွက်ရဲ့အပြင်ဘက်မှာ ရောက်နေရတာလဲ?" သူ့အစ်ကိုကြီးပြောလိုက်တဲ့ နာမည်ကို ကြားလိုက်ရတော့ ဆုနို အခက်တွေ့သွားရသည်။
သူက သူ့အစ်ကိုကြီးရဲ့ အယုံကြည်ရဆုံး လက်ထောက်ပဲ!
ဟန်ဝေသည် ခဏမျှဆွံအသွားပြီး သူရဲ့စိတ်ထဲတွင် အော်ဟစ်လိုက်မိ၏။ ဖာ့ခ်!
ဒါပေမယ့် သူက "မင်းကိုစောင့်ကြည့်ဖို့ အစ်ကိုကြီးစေလွှတ်ထားတာ"လို့တိုက်ရိုက်မဖြေနိုင်ပေ။ ဒါကြောင့်သူ လိမ်လည်ပြီး ပြောရပါတော့၏။
“ သူ့ကောင်မလေးက မင်းရဲ့အမာခံပရိတ်သတ်လေ။ ဒါကြောင့် သူကိုယ်တိုင်လာပြီး လက်မှတ်လာယူတာ”
"တကယ်လား?" ဆုနို သူရဲ့စိတ်နှလုံးသားလေးထဲတွင် ကျေနပ်မှုကို ချက်ချင်းခံစားလိုက်ရသည်။
“ဟုတ်တယ်လေ ” ဟန်ဝေ သူ့အားစိတ်သက်သာရာရစေပြီး သူ့ကို အိပ်ယာထဲမှဆွဲထုတ်ရန် လက်တစ်ဖက်ကိုထုတ်လိုက်သည်။
"ကျွန်တော့်ကိုမထိနဲ့!" ဆုနို ချက်ချင်းပင်ဃထိတ်လန့်သွားပြီး သတိလက်လွတ် အော်ပြောလိုက်မိသည်။
"ဘာလို့လဲ?" ဟန်ဝေ အံ့သြသွားရသည်။
အစ်ကိုကြီး ကျွန်တော့်ကို ဆွဲထူလို့မရဘူးလေ။အောက်မှာ ဘောင်းဘီမပါဘူးလို့!!
ဆုနို သူ့စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး သနားစရာကောင်းစွာဖြင့် ပြောလိုက်သည်။"ကျွန်တော် ခေါင်းမူးတယ်"
"မင်း ဆရာဝန်နဲ့မပြချင်တာသေချာလား? " ဟန်ဝေ အနည်းငယ် စိတ်ပူသွားပြီး ထိုင်တောင် မထိုင်နိုင်တော့ပေ။
"ကျွန်တော်တို့ ဒီအကြောင်းကိုမပြောခင် ခဏလောက်အိပ်လိုက်အုံးမယ်" ဆုနို စိတ်ထဲမှာ ပူပန်နေရ၏။ဂြိုလ်သားတွေ ရောက်လာပြီး သူ့အစ်ကိုကြီးကိုပြန်ပေးဆွဲသွားရင် ကောင်းမှာပဲလို့ မျှော်လင့်နေမိသည်။
ကံကောင်းစွာနဲ့ ၁၀ မိနစ်အကြာမှာပဲ ဖုန်းထျန်းက သူ
မနက်စာ ဝယ်လာပြီလို့ပြောသံကြားတော့ ဟန်ဝေ သွားယူဖို့ အပြင်ထွက်သွားလိုက်ရသည်။
အချိန်က အလင်းမြှားနဲ့ ပစ်ခွင်းလိုက်သလိုပဲ!သူ ဒီအချိန်လေးကိုတောင် မဖြုန်းတီးပစ်နိုင်ဘူး!
သူ့အစ်ကိုထွက်သွားသည်နှင့် ဆုနို အိပ်ယာပေါ်မှ အမြန်ခုန်ထကာ ဘောင်းဘီရှည်ကို အမြန်ဝတ်ပြီး အိပ်ယာခင်းတွေနဲ့ စောင်တွေကိုပါ တစ်ခါတည်းလဲလှယ်လိုက်၏။ဒါတွေကို သူ ငါးမိနစ်အတွင်းပြီးအောင်လုပ်ခဲ့တာပဲဖြစ်သည်။ သူ့တင်ပါးက နာကျင်မှုတွေနဲ့ သူ့ဖျားနာနေတဲ့အခန်းကို သရုပ်ဆောင်နေတာကိုပါ လျစ်လျူရှုထားလိုက်ရင်းပေါ့!
ထို့ကြောင့် နူးညံ့သိမ်မွေ့မှုတွေဆိုတာက တစ်ခါတစ်လေ သူ့ချစ်သူရှေ့တွင်သာ ထုတ်ပြထားသင့်တာပဲ!
ဆုနိုရဲ့ အိပ်ယာခင်းတွေနှင့်စောင်တွေအားလုံးက အဖြူရောင်တွေချည်းမို့ သေချာမကြည့်ရင် သိသာမယ့်ပုံ မပေါ်ပေ။ ထို့ကြောင့် သူ့အစ်ကိုကြီးပြန်ရောက်လာတော့ သူ သတိမထားမိပေ။ဆုနို သူ့အစ်ကိုကြီးကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့လေသည်။ တကယ့်ကို ကြီးကျယ်တဲ့ အောင်မြင်မှုပဲ!
နှင်းသစ်တော်သီးဆန်ပြုတ်က ချိုပြီးနူးညံ့နေကာ ဟင်းသီးဟင်းရွက်စွပ်ပြုတ်သည်လည်း အငန်အရသာရှိပြီး စားရသည်မှာ အတော်လေးခံတွင်းတွေ့ရသည်။ ဆုနို လေတစ်ချက် ရှူအသွင်းမှာပဲ တော်တော်များများကို တစ်ခါတည်းနဲ့ကို စားပစ်လိုက်သည်။ သူတို့ပြောကြတဲ့အတိုင်း အစားအသောက်တွေကို ကြိုက်နှစ်သက်သူဆိုတာ မျှော်လင့်ထားသည့်အတိုင်း အစားအသောက်တွေကိုကြိုက်တဲ့သူပင်။ သူ ကြက်ဥဆန်ပြုတ်တစ်ပန်းကန်လုံးကြီးကို စားထားသော်လည်း ထပ်စားဖို့အတွက် ပြသာနာမရှိ။
"ဖြည်းဖြည်းစား။ သီးသွားဦးမယ်” ဟန်ဝေ ခေါင်းကိုပွတ်ပေးလိုက်ပြီး သူ့ကိုအကြာကြီးထိုင်နေရာကနေ မအေးထပ်မမိအောင် ကာကွယ်ဖို့အတွက် အ၀တ်ထူထူကိုရှာရန် ဗီရိုရှေ့ကိုသွားလိုက်သည်။
"မင်းရဲ့ ပိုထူတဲ့ ညအိပ်ဝတ်စုံတွေက ဘယ်မှာလဲ?" ဟန်ဝေ သာမာန်ပဲမေးလိုက်သည်။
"အောက်ဆုံးကနေရေရင် ဒုတိယမြောက် ah ah ah!" ဆုနို သူ အာရုံမစိုက်မိဘဲ လမ်းတစ်ဝက်တွင်ပြောလိုက်မိသောစကားများကြောင့် ချက်ချင်းပင် ထိတ်လန့်စွာအော်ဟစ်လိုက်မိသည်။
ဒါပေမယ့် သူတားဖို့အချိန်မရလိုက်ပေ။ ဟန်ဝေ သူ့ဗီဒိုတံခါးကို ဆွဲဖွင့်လိုက်ကာ သူ့လုံးထည့်ထားသည် အိပ်ယာခင်းနဲ့စောင်တွေအားလုံးက အထွေးလိုက်ကြီး ပြုတ်ကျသွားတော့သည်။
"ထားလိုက်။ကျွန်တော် ရှင်းလိုက်မယ်"
ဆုနို ကုတင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည်။သူ အရမ်းကို စိတ်လှုပ်ရှားနေပြီး ရုတ်တရက်ကြီး အားကို သုံးကာခုန်ချလိုက်သည်မို့ မနေ့ညက အင်အား အလွန်အကျွံသုံးခဲ့သည့် သူ့ရဲ့ခါးကို သတိမမူလိုက်မိလိုက်သောကြောင့် နာကျင်လွန်းသဖြင့် ကြမ်းပြင်ပေါ်ကို လှဲချလိုက်ရသည်။
"ဘာတွေ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလဲ?" ဟန်ဝေ ရယ်ရခက်ငိုရခက်ဖြင့် သူကို ကုတင်ပေါ် ပြန်သယ်သွားလိုက်သည်။
".....အဲ့..ဒီ..အိပ်ယာခင်းတွေကို...ဒီအတိုင်းသာ....ထားလိုက်ပါ!" ဆုနို စိတ်လှုပ်ရှားလွန်းလို့ ပြောလိုက်သည့် စကားတွေတောင် တိမ်ဝင်သွားရသည်။
အဲ့ဒီအချိန်မှာပဲ အချိန်ကူးပြောင်းနိုင်တဲ့တံခါးပေါက်က ရုတ်တရက်ကြီးပေါ်လာပြီး သူ့အစ်ကိုကြီးကို ထန်,စုန်,ယွမ်,မင်,ချင် မင်းဆက်တွေတင် မက ဝေ,ကျင် တောင်ပိုင်းမင်းဆက်တို့,မြောက်ပိုင်းမင်းဆက်တွေဆီကို ပို့ပစ်လိုက်ရင်တောင် သူ လက်ခံနိုင်တယ်!
“မင်း အစ်ကိုကြီး မသိအောင်ဘာတွေလုပ်ထားလဲ?” ဟန်ဝေ မျက်မှောင်ကြုတ်ပြီး အိပ်ယာခင်းကိုစစ်ဆေးကြည့်ဖို့အတွက် ဗီရိုရှေ့ကိုသွားလိုက်သည်။
ဆုနိုလေး စိတ်ဆိုးသွားပြီး နှင်းသီးသစ်တော်သီးဆန်ပြုတ်ပန်းကန်လုံးကို ခွဲပြီးသတ်သေရန် ဖြစ်နိုင်ခြေ ရှိမရှိကို စတင်စဉ်းစားတော့သည်။
"ဘာဆေးတွေလဲ? မင်းဘယ်နေရာက မသက်သာနေတာလဲ?" အစိမ်းဖျော့ရောင်အရည်နှင့်ဆေးနံ့တို့ကြောင့် ဟန်ဝေ ခေါင်းကိုလှည့်ကာ မေးလိုက်သည်။
ဆုနို မသိချင်ယောင်ဆောင်လိုက်သည်။
"မင်း မပြောဘူးဆိုရင် ဆေးရုံကို ခေါ်သွားပြီး တစ်ကိုယ်လုံး ဆေးစစ်ခိုင်းလိုက်မှာနော်!" ဟန်ဝေ မျက်နှာတည်ကြီးနဲ့ အိပ်ယာဘေးမှာ ဝင်ထိုင်လိုက်သည်။
သူတို့ရဲ့ညီငယ်လေးတွေကို ခြိမ်းခြောက်တတ်တဲ့ အစ်ကိုကြီးတွေက အရှက်မရှိဆုံးပဲ။ ဆုနို အပြင်းအထန်ပဲ ခုခံလိုက်သည်။
ပြီးတော့ ဝမ်းနည်းစရာကောင်းစွာပဲ သူ ပြောလိုက်ရသည်။
“ကျွန်တော့်မှာ လိပ်ခေါင်းရောဂါရှိတယ်”
အား!!!!ဒီလိုမျိုးဆင်ခြေတွေက အရမ်းကို ပရိယာယ် ကြွယ်တာပဲ။
ဟန်ဝေ၏နဖူးပေါ်ရှိသွေးပြန်ကြောတွေက သိသိသာသာပဲ တွန့်ချိုးလို့သွားသည်။
"အစ်ကိုကြီး ကျွန်တော့်ကိုရယ်ရဲရင် အစ်ကိုကြီးနဲ့ဆက်ဆံရေးကို ဖြတ်ပစ်လိုက်မယ် " ဆုနိုရဲ့မျက်နှာက နီရဲနေပြီး စားပွဲခုံကိုတောင် ရိုက်ချိုးချင်နေတဲ့ပုံပင်။
“အစ်ကိုကြီး မရယ်ပါဘူး” ဟန်ဝေ သူ့ခေါင်းသူ ထိလိုက်ပြီး ဗီရိုကိုကိုင်ကာ သုံးမိနစ်လောက်ရယ်လိုက်မိသည်။
တကယ့်ကို လူမဆန်တာပဲ! ဆုနို သူရဲ့စိတ်ထဲမှာတော့လက်ခလယ်ကို ထောင်ပြလိုက်သည်။
"ဆေးခန်းသွားပြပြီးပြီလား?" ဟန်ဝေ ရယ်မောပြီးနောက်မှာတော့ သူ့ညီငယ်လေးအတွက် အမှန်တကယ်ပင် စိုးရိမ်လာခဲ့သည်။
"အခုမှ မေးတာကို ရပ်လိုက်တော့!"
ဆုနိုသည် ဒေါသမီးတွေ လောင်ကျွမ်းနေပြီး သူ့တစ်ကိုယ်လုံးကိုလည်း စောင်အောက်ထဲမှာ ဝှက်ထားလိုက်သည်။ ငါ့မှာ! တကယ်! လိပ်ခေါင်း!ရောဂါ!မရှိဘူး!
“ဘာရှက်စရာရှိလို့လဲ?” ဟန်ဝေ အမှန်တကယ်ရယ်ချင်နေပေမယ့်လည်း နောက်ဆုံးတော့ ပြန်ထိန်းလိုက်သည်။
"ခေါင်းစဉ်ပြောင်းရအောင်!" ဆုနို ဒေါသတကြီးအော်ဟစ်လိုက်သည်။
ဟန်ဝေ သဘောတကျနဲ့ ရယ်ချင်မိကာ အိမ်တစ်အိမ်မှာ အိမ်မွေးတိရိစ္ဆာန်လေး တစ်ကောင်ရှိတာကလည်း တကယ်ကောင်းတာပဲ လို့ တွေးမိသည်။
အကိုကြီးရဲ့ရယ်မောသံနဲ့အတူ ဆုနိုလေးသည် အိပ်ယာခင်းစကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သေတာထက်ပိုဆိုးသလိုခံစားနေမိသည်။ သူရဲ့ခန့်ညားတဲ့ လူကြီးနဲ့ ချောမောသောအမျိုးသား နှိုင်းယှဉ်ရရင် အစ်ကိုကြီးလို လူမျိုးက ပိုပြီးမုန်းစရာကောင်းလွန်းသည်။
Ren Rui ၏ရုံးခန်းထဲတွင် အိုးရန်လုံသည် စာရွက်စာတမ်းတွေကို ကြည့်နေစဥ် အတွင်းရေးမှူးမလေးက ရုတ်တရက်ကြီး တံခါးခေါက်ကာ အခန်းထဲကို ဝင်လာခဲ့သည်။
"ဒါရိုက်တာ....ဥက္ကဌမုက ဒါရိုက်တာကို လာရှာပါတယ်"
“ငါ ဒီမှာမရှိဘူးလို့ပြောလိုက်” အိုးရန်လုံ အေးအေးဆေးဆေး ပြောလိုက်သည်။
"အဲ့ဒီလောက် သောက်ကျင့်မယုတ်စမ်းပါနဲ့!" မုချိုးရဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အတွင်းရေးမှူးမလေးက အဆင်မပြေစွာ ခံစားခဲ့ရပြီး "ဥက္ကဌမုက ကျွန်မနောက်မှာရှိနေပါတယ်"
"............"
မစ္စတာဒါရိုက်တာခင်ဗျာ သူ့ကို လက်ဖက်ရည်တစ်ခွက်တိုက်ဖို့ ဖိအားပေးခံလိုက်ရသည်။
"မင်းနေရာက မဆိုးပါဘူး" မုချိုး ကြမ်းပြင်ထိရှည်တဲ့ပြတင်းပေါက်ရှေ့တွင်ရပ်ပြီး အပြင်ဘက်ရှိအဆောက်အအုံများကိုကြည့်ပြီး ပြောလိုက်သည်။၊
ဒါ စီးပွားရေးသမားတွေအတွက်ကတော့ တကယ်အားတက်စရာပါပဲ။
"ငါ နောက်နာရီဝက်နေရင် ချိန်းထားတာရှိတယ်။ ပြောစရာရှိရင် မြန်မြန်ပြော" အိုးရန်လုံကတော့ အရမ်း မိမိုက်နေတာပဲ!
မုချိုးသည် သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်လိုက်ပြီး “ ငါမှာ အထူးအကြံဥာဏ်ကောင်းတစ်ခုရှိတယ်။မင်းကြားပြီးရင် စိတ်ဝင်စားမှာသေချာတယ်!"
"မင်း နှင်းဆီပန်းပေးခဲ့လား? စန္ဒရားတီးပေးခဲ့တာလား?" အိုးရန်လုံ သူ့ကို အထင်သေးသည့်အ
ကြည့်ဖြင့် ကြည့်လိုက်သည်။
မုချိုး နားမလည်စွာဖြင့် "နှင်းဆီပန်းနဲ့စန္ဒရားက ဘာလဲ?"
"ကျုံးလီဖုန်းပိုင်ကို လိုက်တဲ့ နည်းလမ်းတွေလေ။မဟုတ်ရင် မင်းလိုလူမျိုးက တခြားနည်းလမ်းတွေ တွေးမိမှာ မို့လို့လား?"
အိုးရန်လုံ ကော်ဖီတစ်ခွက်ကို တည်ငြိမ်စွာသောက်လိုက်ပြီး မီးနဲ့ ပစ်ခွင်းလိုက်တဲ့မြှားနဲ့ နွားနဲ့ မောင်းတဲ့ကား ကြားက လက်တွေ့ဆန်တဲ့ ကွာဟမှုကို တွေးမိရင်း သူနဲ့ဆုနိုကြားက တိုးတက်မှုကို ကြည့်ပြီး တကယ် ကျေနပ်စရာကောင်းသည်ဟု ခံစားမိသည်။
"မင်း နေ့နေ့ညည ဘာတွေတွေးနေတာလဲ?" မုချိုး သူ့ကိုအရူးတစ်ယောက်လိုကြည့်လိုက်သည်။
"အခု အလုပ်ချိန်ရောက်နေပြီ။ Ren Rui နဲ့စားသောက်ဆိုင်ဖွင့််မယ့် အစီအစဉ်တွေကို ငါဆွေးနွေးချင်တယ်။ စန္ဒယားနဲ့နှင်းဆီပန်းတွေ ဘာတွေနဲ့ ဘာဆိုင်လို့လဲ?"
ဒါ လုံးဝပရော်ဖက်ရှင်နယ်မဆန်တာပဲ!
"..........."
မုချိုးရဲ့ မထီမဲ့မြင်ပြုမူအောက်တွင်
မစ္စတာဒါရိုက်တာသည် သူ့နှလုံးသားထဲမှာ အင်တိုက်အားတိုက်မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
တည်ငြိမ်စွာဖြင့် မွှေနေတဲ့ဇွန်းကို ကွေးချလိုက်၏။
သူ့ကို တကယ်ရိုက်သတ်ချင်နေပြီ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
တကယ္ ခ်စ္တာပါႏွင့္ က်ဥ္းတဲၾကပ္တဲ အေျခအေန
ေရခ်ိဳးေႂကြဇလုံထဲမွာခ်စ္ၾကမွာက အရမ္းကို ႐ိုမန္႔တစ္ဆန္ေပမယ့္လည္း ဒါက သူ႕ရဲ႕ ပထမဆုံးအႀကိမ္ျဖစ္ေနတာေၾကာင့္ အိုးရန္လုံသည္ သူ႕ကို သဘက္တစ္ထည္နဲ႔ ပတ္ေပးလိုက္ၿပီး အိပ္ယာေပၚကို ေပြ႕ေခၚလာခဲ့သည္။
အိပ္ခန္းထဲ႐ွိ အလင္းေရာင္က အဝါမိႈင္းမိႈင္းျဖစ္ေနတဲ့အျပင္ အိပ္ယာကလည္း အရမ္းကိုႀကီးၿပီး ႏူးညံ့ေနတာေၾကာင့္ လွပတဲ့ ကိစၥေလးေတြကို ပုံေဖာ္ဖို႔အတြက္ အသင့္ေတာ္ဆုံးျဖစ္ေနျပန္ေရာ။
ဆုႏို အိပ္ယာေပၚမွာ လဲေလ်ာင္းေနၿပီး စိတ္ထဲမွာလည္း ခိုကိုးရာမဲ့ျဖစ္ေနသလိုမ်ိဳး ခံစားေနရ၏။ဘာလို႔လဲဆိုေတာ့ သူမွာ ဒီကိစၥနဲ႔ပတ္သတ္ၿပီး အေတြ႕အၾကဳံမ႐ွိတဲ့အျပင္ လုံးဝကို အျဖဴထည္ေလးျဖစ္ေနလို႔ပဲ!
"ေဘဘီေလး....လိမၼာပါတယ္။ကိုယ္ မင္းကို ခံစားလို႔ေကာင္းေအာင္ လုပ္ေပးမယ္။ဟုတ္ၿပီလား?" အိုးရန္လုံ သူ႕ႏႈတ္ခမ္းေလးကို ခပ္ဖြဖြေလးနမ္းေနၿပီး သူ႕ညာဘက္လက္ကလည္း ေအာက္ဘက္ကို တစ္ျဖည္းျဖည္း ဆင္းသြားကာ သူ႕ရဲ႕ ေသးသြယ္တဲ့ခါးေလးကေန ျပားခ်ပ္ခ်ပ္ဗိုက္သားေလး ၿပီးေတာ့ အႏူးညံ့ဆုံးဧရိယာေလးဆီမွာ ေသာင္တင္ေနလိုက္သည္။
“.......ကြၽန္ေတာ္တို႔ ေနာက္ေန႔မွ လုပ္လို႔မရဘူးလားဟင္?" ဆုႏို အရမ္းကို စိတ္လႈပ္႐ွားေနတာေၾကာင့္ သူအသံေတြေတာင္ တုန္ရီလို႔ေနၿပီး သူ ႐ွက္လြန္းလို႔ အရင္ဦးဆုံး အလံျဖဴျပလိုက္သည္။
တအား ေပ်ာ့ညံ့တာပဲ!
"မရဘူး"
အိုးရန္လုံ ဆုႏိုရဲ႕စုထားသည့္ေျခေထာက္ေတြကို ခြဲဖို႔အတြက္ သူ႕လက္ကိုအားသုံးလိုက္သည္။
“ကြၽန္ေတာ္တို႔ ေစာေစာေလးအိပ္ၿပီး ဘာလို႔အနားမယူၾကမွာလဲ!" ဆုႏို အတတ္ႏိုင္ဆုံး သူ႕ကို တြန္းဖယ္ဖို႔ႀကိဳးစားလိုက္သည္။
အိုးရန္လုံကေတာ့ သူေျပာသမွ်ကို လုံးလုံးလ်စ္လ်ဴ႐ွဴကာ သူ႕မ်က္ႏွာအႏွံ လိုက္နမ္းလို႔ေနသည္။
"ဒါမွမဟုတ္ရင္ ကြၽန္ေတာ္တို႔ အရင္ဆုံး စာအုပ္ေတြ ဖတ္ၾကမလား,ဟင္?"
ဆုႏိုရဲ႕ဦးေႏွာက္ကေတာ့ အံ့ၾသေလာက္ဖြယ္ စဥ္းစားမႈႀကီးကို ထပ္ၿပီး ေတြးခဲ့ျပန္ၿပီ!
"ႏိုႏို....မင္း တကယ္ မလုပ္ခ်င္ဘူးလား?" အိုးရန္လုံသည္ ေနာက္ဆုံးေတာ့ သူ႕နမ္းေနတာကို ရပ္ကာေမးလိုက္သည္။
ဘယ္သူက ဒီလိုအခ်ိန္မ်ိဳးမွာ ဒီေလာက္ဆူညံတဲ့အထိ ျမည္တြန္ေတာက္တီးေနမွာလဲ?
တကယ္ေတာ့ သူ မလိုခ်င္တာ မဟုတ္ရပါဘူး။
ဆုႏို သူ႕လည္ပင္းကို ေပြ႕ဖက္လိုက္ၿပီး အေၾကာင္းတစ္ခုခုေၾကာင့္ နည္းနည္းေလးေတာ့ မွားသြားသလို ခံစားမိသြားသည္။"ကြၽန္ေတာ္ ေၾကာက္တယ္"
ဒီစကားက နည္းနည္းေလးေတာ့ မိန္းကေလးဆန္တယ္ဆိုေပမယ့္လည္း.....ဖာ့ခ္!သူ တကယ္ႀကီး ေၾကာက္ေနတာ။အား...! ငါ လုံးဝ မျပင္ဆင္ရေသးဘူးေလ!
အိုးရန္လုံ သူ႕ကို ျပန္ဖက္လိုက္ရင္း ေျပာလိုက္သည္။ "ကိုယ္ မင္းကို ေၾကာက္ေအာင္ လုပ္မိသြားတာလား?"
ဆုႏို ေခါင္းခါလိုက္ၿပီး မ်က္ႏွာကို သူ႕ပုခုံးတြင္ နစ္ျမႇဳပ္ထားလိုက္၏။"ကြၽန္ေတာ္ ဒါ႐ိုက္တာႀကီးကို ခ်စ္တယ္"
ဒီလိုအေျခအေနမ်ိဳးမွာ ခ်စ္စကားဆိုဝန္ခံလိုက္တာက အရမ္းကို မိုက္မဲလြန္းၿပီး အထူးသျဖင့္ေျပာရျပန္ရင္လည္း ခ်စ္စရာလည္းေကာင္းလြန္းျပန္သည္။
သူ႕ရဲ႕ အသံေသးေသးေလးကိုၾကားေတာ့ မစၥတာဒါ႐ိုက္တာရဲ႕ ႏွလုံးသားေလးမွာ ႏူးညံ့သြားၿပီး အရည္ေပ်ာ္ၾကသြားေတာ့၏.....
"ကြၽန္ေတာ္တို႔ အရင္ ေသာက္ၾကရင္ ဘယ္လိုလဲ? "
ဆုႏိုသည္လည္း သူ႕ကိုယ္တိုင္ ဒီအေျခအေနေလးကို မဖ်က္ဆီးခ်င္ေပ။ သူ နည္းနည္းေလာက္ေသာက္ၿပီး ရဲေဆးတင္ခ်င္တယ္။
"ေကာင္းၿပီ။ ဒါေပမယ့္ မင္းကိုေတာ့ အမ်ားႀကီးေသာက္ဖို႔ခြင့္မျပဳဘူး" ဆုႏို အရက္မူးတာက အလြန္ပင္ ထိတ္လန္႔စရာေကာင္းလြန္းသည္မို႔ မစၥတာဒါ႐ိုက္တာႀကီး၏ႏွလုံးသားထဲမွာ အမာ႐ြတ္ထင္က်န္ေနေသးသည္။
ဒီလိုအေရးႀကီးတဲ့အခိုက္အတန္႔ေလးမွာ နတ္ဆိုးနဲ႔တူတဲ့သီခ်င္းဆိုသံကို သူမၾကားခ်င္ဘူး။စိတ္အေျခအေနက လုံးဝကိုပ်က္စီးသြားမွာေသခ်ာတယ္။
အနီေတာက္ေတာက္ အရက္သည္ ဝိုင္ခြက္ထဲကို စီးဆင္းသြားၿပီး ျပင္းျပတဲ့ သစ္သီးစုံ ရနံ႔ျပင္းျပင္းက ထင္းထြက္လို႔လာသည္။
"ခ်ီးယားစ္" အိုးရန္လုံ ဝိုင္ခြက္ကိုျမႇင့္၍ ခြက္ကိုလႈပ္လိုက္သည္။ ဆုႏို သူ႕ဝိုင္ခြက္နဲ႔ အသာေလးထိလိုက္ၿပီး ေခါင္းကိုေမာ့ကာ တျဖည္းျဖည္း ၿမိဳခ်လိုက္သည္။
သူရဲ႕ႏူးညံ့သိမ္ေမြ႕သည့္ Adamပန္းသီးေလးကအနည္းငယ္ေ႐ြ႕လ်ားသြားကာ ေရခ်ိဳးဝတ္စုံသည္လည္း သူရဲ႕ပခုံးေပၚကေန ေလွ်ာက်ေနတာေၾကာင့္ သူ႕ရဲ႕ ျဖဴႏွစ္ေနသည့္အသားအရည္ေလးက ေပၚလြင္ေနၿပီး သူရဲ႕ ညႇပ္႐ိုးေလးမ်ားမွာ သိသာထင္႐ွားလို႔ေနကာ ႏူးညံ့ေနသည့္ပုံေပၚေနသည္။ဆုႏိုသည္ မ်ိဳခ်ရန္အခ်ိန္မ႐ွိသည့္အလား အနီေရာင္စပ်စ္ရည္ေတြက သူရဲ႕ပါးစပ္ေထာင့္စြန္းကေန စီးက်လို႔ေနပုံမွာ အလြန္ပင္ဆြဲေဆာင္မႈ႐ွိလြန္းသည္။
အိုးရန္လုံသည္ စီးက်လာသည့္ ဝိုင္ေတြကို တိုက္႐ိုက္ စုပ္ယူနမ္း႐ိႈက္လိုက္သည္။ အရက္ရဲ႕ အ႐ွိန္နဲ႔ ခ်စ္ျခင္းေမတၱာတို႔လႊမ္းမိုးမႈေအာက္တြင္ ဆုႏိုသည္ ေနာက္ဆုံးမွာေတာ့ စိတ္လႈပ္႐ွားမႈမ်ားကို ျဖည္းျဖည္းခ်င္းေျဖေလွ်ာ့ၿပီး သူ႕ကိုယ္သူ နစ္ျမႇဳပ္ခြင့္ေပးလိုက္ေတာ့သည္။
သူရဲ႕ အားအနည္းဆုံးေနရာေလးသည္ သက္ေတာင့္သက္သာ ျဖစ္သြားကာ ႐ုတ္တရက္ ခႏၶာကိုယ္တစ္ေလွ်ာက္ လွ်ပ္စစ္စီးေၾကာင္းတစ္ခုျဖတ္သြားသလိုမ်ိဳး ခံစားလိုက္ရၿပီး မ်က္ႏွာေလးကိုေမာ့ကာ ညည္းမတြားဘဲ မေနႏိုင္ေတာ့ေပ။သူ႕ခါးႏွင့္ ေျခ,လက္ေတြပင္ တုန္ရီလာရသည္။
ေနာက္ဆုံးအခိုက္အတန္႔တြင္ သူရဲ႕စိတ္ဝိညာဥ္ကိုေတာင္ ဆြဲယူခံလိုက္ရပုံရသည္။
အရာအားလုံးဟာ အေကာင္းဆုံးအေျခအေနတစ္ရပ္ဆီကို ျဖည္းျဖည္းခ်င္း စီးဝင္လာခဲ့သည္။
အိုးရန္လုံသည္ သူ႕ပါးစပ္ထဲ႐ွိအရာေတြကို မ်ိဳခ်လိုက္ၿပီး ၾကမ္းျပင္ေပၚ႐ွိ သူ႕အက်ႌအိတ္ကပ္ထဲမွ ေခ်ာဆီႏွင့္ကြန္ဒုံးမ်ားကိုထုတ္လိုက္သည္။
"ခင္ဗ်ား ... " ဆုႏို သူ႕ကို ဆြံအစြာ ေမာ့ၾကည့္လိုက္မိသည္။ အဲဒါေတြကို အခ်ိန္တိုင္း ယူသြားတာလား!
“မင္းအတြက္ အားလုံးျပင္ဆင္ထားၿပီးၿပီ”
အိုးရန္လုံ သူ႕နားတစ္ဖက္ကိုနမ္းလိုက္ၿပီး နားသီးေလးကို ငုံလိုက္သည္။ခုနကလိုေတာ့ ညင္သာမႈမ႐ွိေတာ့ေပ။
“.........” ဆုႏို ခ်က္ခ်င္းပင္ ေ႐ွာင္လိုက္သည္။
“ယားတယ္!”
"ကိုယ္ လုပ္ခ်င္ေနတာၾကာၿပီ" အိုးရန္လုံသည္ သူ႕ခါးကေန ဆြဲမလိုက္ကာ အိပ္ယာေပၚကို တင္လိုက္ၿပီး သူ႕ခါးေအာက္ကို ေခါင္းအုံးတစ္လုံး ထည့္လိုက္သည္။ သူ႕ရဲ႕ အခုပုံစံ,အေနအထားက ဘယ္ေလာက္ေတာင္ ႐ွက္စရာေကာင္းေနလဲဆိုတာ ေတြးေတာင္ မေတြးရဲေတာ့ေပ။
ဆုႏိုရဲ႕ ခႏၶာကိုယ္တစ္ကိုယ္လုံးက ပူေနၿပီး သူ ေစာင္ကိုေပြ႕ဖက္ထားကာ နည္းနည္းေလးေတာင္ မလႈပ္ရဲေတာ့ေပ။
ေအးစက္စက္အရည္ေတြက သူ႕အသားကိုထိလိုက္ခ်ိန္မွာေတာ့ အနည္းငယ္ သက္ေတာင့္သက္သာျဖစ္ခဲ့ကာ,သက္ေတာင့္သက္သာမျဖစ္တာကေတာ့ သူ႕ရဲ႕လက္ေခ်ာင္းေတြ ဝင္လာတဲ့အခ်ိန္ပဲ။ၿပီးေတာ့.......ေနာက္ဆုံးအခိုက္အတန္႔ကို ေရာက္လာတာပဲ။
"နာတယ္!" ဆုႏိုရဲ႕မ်က္လုံးမ်ားသည္ ခ်က္ခ်င္းပင္ နီရဲလာၿပီး သူ႕ခႏၶာကိုယ္ တစ္ကိုယ္လုံးက ႏွစ္ျခမ္းကြဲထြက္သြားေတာ့မယ္လို႔ ခံစားေနရသည္။
အိုးရန္လုံ သူ႕ေခါင္းကိုငုံ႔ကာ နမ္းလိုက္ၿပီး လုပ္ေနတာေတြကိုေတာ့ မရပ္တန္႔ခဲ့ေပ။
ဆုႏိုသည္ နာက်င္ရမွာကို အလြန္ေၾကာက္၏။သူ ငယ္စဥ္ကတည္းက ေၾကာက္ခဲ့တာပဲျဖစ္သည္။
အဲ့ဒါကိုပင္ သူ အိုးရန္လုံကိုမတြန္းဖယ္ဘဲ အိုးရန္လုံနဲ႔ ယွက္ထားသည့္သူရဲ႕လက္ကိုသာ တင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္။
ဒီလိုလူေကာင္းတစ္ေယာက္နဲ႔အတူ ဘဝတစ္သက္လုံး အတူတူလက္တြဲသြားခ်င္တယ္။ သူ႕အတြက္သာဆိုရင္ ဘယ္ေလာက္ပင္ နာက်င္စရာေတြအမ်ားႀကီးနဲ႔ၾကဳံရလည္း အဆင္ေျပတယ္။
"အရမ္းနာေနလား?" သူရဲ႕ႏႈတ္ခမ္းမ်ားက ျဖဴေဖ်ာ့ေနသည္ကိုျမင္ေတာ့ အိုးရန္လုံ၏ႏွလုံးေလးက နာက်င္လာရၿပီး အနည္းငယ္ေတာ့ တြန္႔ဆုတ္သြားရသည္။
ဆုႏို ေခါင္းခါလိုက္ၿပီး သူ႕ခႏၶာကိုယ္ကိုလည္း အလိုအေလ်ာက္ ျမႇင့္တင္လိုက္သည္။
ညကလည္းေမွာင္,အိပ္ယာေပၚမွာလည္း ႐ႈပ္ပြေနကာ အခန္းတစ္ခန္းလုံးရဲ႕ေလထုကလည္း ရင္ခုန္စရာေကာင္းေနသည္။နာက်င္မႈေတြၿပီးေနာက္ ခ်ိဳၿမိန္တဲ့အသီးအပြင့္ေလးေတြကို ခံစားႏိုင္ဖို႔ေရာက္႐ွိလာလိမ့္မည္။
သူ႕ဘ၀မွာ ဒီလိုအျဖစ္မ်ိဳးကို ပထမဆုံးအႀကိမ္ၾကဳံဖူးတာပဲျဖစ္သည္။ ဆုႏိုသည္ အခ်ိန္ေတြတျဖည္းျဖည္း ကုန္လာေလေလ သူအသက္႐ွဴဖို႔ေတာင္ ေမ့လာေလေလျဖစ္ကာ တစ္ဖက္လူ ေက်နပ္သြားတဲ့အခ်ိန္ေရာက္ေတာ့ သူ လက္တစ္ေခ်ာင္းေတာင္ မေ႐ႊ႕ခ်င္ေလာက္ေအာင္ ပင္ပန္းေနၿပီျဖစ္သည္။
မစၥတာဒါ႐ိုက္တာက သူ႕ကိုသန္႔႐ွင္းေပးဖို႔အတြက္ ေရခ်ိဳးခန္းထဲေခၚသြားၿပီး အဲဒီ့ေနရာေလးကို ေဆးထည့္ေပးလိုက္ကာ ေနာက္ဆုံးေတာ့ သူ႕ကိုေစာင္ေအာက္မွာ တဖန္ျပန္ေပြ႕ထားလိုက္သည္။
သူ႕ခ်စ္သူေလးက အရမ္းကိုအေရးႀကီးတယ္ေလ။သူ႕ကို ေသခ်ာဂ႐ုစိုက္ရမယ္။
“ကြၽန္ေတာ္ ေရေသာက္ခ်င္တယ္” ဆူႏိုရဲ႕အသံက အက္ကြဲေနၿပီး သူ႕မ်က္လုံးထဲက သနားစရာေကာင္းေနသည့္အၾကည့္ေလးက အႏိုင္က်င္ခံထားရသလို။
အိုးရန္လုံ ေရတစ္ခြက္ကို ထည့္လိုက္ကာ သူ တစ္ငုံေသာက္လိုက္ၿပီးေနာက္ ေခါင္းကိုႏွိမ့္လိုက္ၿပီး ဆုႏိုပါးစပ္ထဲကို ျဖည္းျဖည္းခ်င္း ငုံ႔တိုက္လိုက္သည္။
ပူေႏြးသည့္ႏႈတ္ခမ္းသားတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ထိမိသြားၾကၿပီး ဆုႏိုရဲ႕မ်က္ေတာင္မ်ားက အိပ္မက္တစ္ခုကို မက္ေနသလိုပင္ အနည္းငယ္တုန္ရီသြားရသည္။
"နာေနတုန္းလား?" ေရတစ္ခြက္ေလာက္ တိုက္ၿပီးတဲ့အခါ အိုးရန္လုံသည္ သူ႕ေဘးမွာ ဝင္လွဲလိုက္ၿပီး သူ႕ရင္ဘတ္ေပၚမွာ တင္လိုက္ကာ အိပ္ခိုင္းလိုက္သည္။
နာတာေပါ့! အရမ္းအရမ္းကို နာတယ္!
ဆုႏို သူ႕ခါးကိုေပြ႕ဖက္လိုက္ၿပီး လုပ္မိတာ နည္းနည္းေလးေတာ့ မွားသြားသလိုခံစားေနရ၏။
အိုးရန္လုံ သူရဲ႕ခါးေလးကိုႏွိပ္နယ္ေပးခဲ့ကာ သူရဲ႕လႈပ္႐ွားမႈေတြက အလြန္ပင္ႏူးညံ့ညင္သာလြန္းသည္။
ေရခ်ိဳးဆပ္ျပာရဲ႕ ေမႊးႀကိဳင္ေနသည့္ ရနံ႔ေလးနဲ႔ သူ႕ခါးကလည္း အႏွိပ္ခံေနရတာေၾကာင့္ ဆုႏိုေလးသည္ သီခ်င္းညည္းခ်င္သြားသည္အထိကို သက္ေတာင့္သက္သာျဖစ္သြားရၿပီး တစ္ျဖည္းျဖည္း မိန္းေမာလာကာ ေနာက္ဆုံးေတာ့ သူလုံးဝ အိပ္ေပ်ာ္လို႔သြားခဲ့သည္ွ။
***ဆက္ဆံၿပီးေနာက္ သူရဲ႕မ်က္ႏွာေလးက နီေနဆဲျဖစ္ေသာ္လည္း သူ႕ရဲ႕ႏႈတ္ခမ္းမ်ားကေတာ့ အနည္းငယ္ေဖ်ာ့ေတာ့ေနေသးသည္။
မစၥတာဒါ႐ိုက္တာသည္ သူ႕ႏွလုံးသားေလး နာက်င္သြားရၿပီး သူ႕ကို နမ္းလိုက္ကာ အဲ့ဒီေနာက္ သူ႕ရင္ခြင္ထဲတြင္တင္းက်ပ္စြာေပြ႕ဖက္လိုက္သည္။ထို႔ေနာက္ သူေကာင္းေကာင္းအိပ္ေပ်ာ္သြားေတာ့၏။
ဆုႏိုကေတာ့ အလြန္ပင္ ပင္ပန္းေနၿပီး အဖ်ားအနည္းငယ္႐ွိသြားေသာ္လည္း သူ ေစာေစာစီးစီးပင္ ႏိုးလာေသးသည္။
သူ႕မ်က္လုံးေတြကို ဖြင့္လိုက္ခ်င္းမွာပဲ သူ႕ရဲ႕ေခ်ာေမာတဲ့လူႀကီးကို ျမင္ႏိုင္ခြင့္ရသည္မွာ တကယ့္ကို ခမ္းနားႀကီးက်ယ္မႈတစ္ရပ္ပဲျဖစ္သည္။
ဆုႏို သူ႕နံေဘးမွာ လွဲေနၿပီး သူ႕မ်က္ႏွာကို သူ႕လက္ညိဳးေလးျဖင့္ ညင္ညင္သာသာထိေတြ႕ေန၏။ "ႏိုးထဖို႔ အခ်ိန္ေရာက္ပါၿပီ။ "
အိုးရန္လုံ မ်က္လုံးေတြကို ပိတ္ထားေသာ္လည္း သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကြးၫႊတ္သြားကာ ႐ုတ္တရက္ႀကီး ဆုႏိုကို သူ႕ကိုယ္ေအာက္ကို ဖိလိုက္ကာ အုပ္မိုးလိုက္သည္။
".....ေမာနင္း" မေန႔ညက ႐ူးသြပ္စရာအေၾကာင္းကို ေတြးမိရင္း ဆုႏိုရဲ႕မ်က္ႏွာက နည္းနည္းေလး နီရဲသြားသည္။
“ေမာနင္း” အိုးရန္လုံ သူ႕နဖူး၏အပူခ်ိန္ကိုစမ္းလိုက္ကာ "နည္းနည္းေႏြးေနေသးတယ္၊ အဆင္ေျပရဲ႕လား?"
ဆုႏို ေခါင္းကိုခါရမ္းျပလိုက္သည္။ တကယ္ေတာ့ အဖ်ား႐ွိေသးတယ္ဆိုရင္ေတာင္ အဆင္ေျပေသးတယ္။ ျဖစ္တာက သူ႕ရဲ႕ ေသးငယ္တဲ့အေပါက္ေလးနဲ႔ သူ႕ရဲ႕ခါးေသးေသးက အရမ္းနာက်င္ေနတာပဲ!
"ေကာင္းသြားမွာပါ။ ကိုယ္ မင္းအတြက္ မနက္စာျပင္ေပးဖို႔ မီးဖိုေခ်ာင္ဝင္လိုက္အုံးမယ္။ "
အိုးရန္လုံ သူ႕ကို ေစာင္ေလးျပန္ျခဳံေပးလိုက္သည္။
“......ဒါ႐ိုက္တာႀကီး ေစာေစာျပန္သင့္တယ္” သူ တကယ္ႀကီး သူ႕လူႀကီးနဲ႔ မခြဲႏိုင္ေပမဲ့ သူ႕အစ္ကိုႀကီးသာ သိသြားရင္ ေၾကာက္စရာေကာင္းလြန္းသြားမွာ။
မေန႔ညက ဒီေန႔ သူလာခဲ့မယ္လို႔ ေျပာခဲ့တာမို႔ တကယ္လို႔သာ သူတို႔ႏွစ္ေယာက္ ေတြ႕သြားၾကရင္ ဇာတ္လမ္းက ၿပီးၿပီပဲ။ဒါ ဒဏၬာရီဆန္ေလာက္တဲ့ လုပ္ရပ္နဲ႔ လက္ပူးလက္ၾကပ္ ဖမ္းမိသြားလိမ့္မယ္!
"အခု ကိုယ့္ကို ျပန္ေစခ်င္ေနတာလား? " အိုးရန္လုံ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ကြၽန္ေတာ္႕ အစ္ကိုႀကီးက ဒီေန႔ဒီကိုလာမယ္လို႔ ေျပာတယ္” ဆုႏို အျပစ္႐ွိသလိုခံစားရၿပီး သူ႕ကို ပြတ္သပ္လိုက္ကာ သူ႕ကို စိတ္ေလွ်ာ့သြားေစဖို႔ ႀကိဳးစားလိုက္သည္။ "ဒါ႐ိုက္တာႀကီး အိမ္ကိုအရင္ျပန္ႏွင့္လို႔ ရမလား?"
"မင္းမိသားစုနဲ႔ ကိုယ္ကို မေတြ႕ေပးတာ ဘာလို႔လဲ?" အိုးရန္လုံ ကူကယ္ရာမဲ့သြားသလို ခံစားလိုက္ရသည္။
......ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္႕ရဲ႕အစ္ကိုႀကီးက အရမ္းကို ရက္စက္လို႔ေပါ့! က်ိဳးေၾကာင္းဆီေလ်ာ္မႈမ႐ွိတဲ့ မာဖီးယားေလ!
ဆုႏို ဘယ္လိုေျပာရမလဲမသိေတာ့ဘဲ သူ႕ေခါင္းကိုသာ သူ႕ရင္ခြင္ထဲမွာ ျမႇဳပ္ထားလိုက္ေတာ့သည္။
“မင္း ကိုယ့္ကို ဒီလိုမ်ိဳးဆက္ၿပီး အၿမဲပုန္းခိုင္းေနလို႔ မရဘူးေလ” အိုးရန္လုံ သူ႕ေက်ာေလးကိုပုတ္ေပးလိုက္သည္။
"မင္းရဲ႕မိသားစုဝင္ေတြက ကိုယ္တို႔ကို သေဘာမတူမွာကို စိုးရိမ္ေနတာလား? "
ဆုႏို ေခါင္းကိုယမ္းျပလိုက္ၿပီး စိတ္ဓာတ္က်ေနမိသည္။
သူကို ဘယ္လိုမ်ား ဆန္႔က်င္ရမွာလဲ!သူ႕အစ္ကိုႀကီးကသာ သူက ေယာက်္ားတစ္ေယာက္နဲ႔တြဲေနတယ္ဆိုတာကိုသိသြားရင္ သူ အရမ္းေဒါသထြက္ၿပီး ေနရာတကာမီး႐ိႈ႕ပစ္မယ့္အျပင္ အရမ္းကို ေၾကာက္စရာေကာင္းတဲ့ ကိစၥေတြကိုေတာင္ လုပ္ပစ္လိမ့္မယ္။
"ကိုယ္မင္းကို အတင္း ဖိအားေပးၿပီး မလုပ္ခိုင္းပါဘူး၊ ဒါေပမယ့္ ကိုယ္တို႔ဒါကို ေနာက္မွပဲျဖစ္ျဖစ္,အခုပဲျဖစ္ျဖစ္ ေျပာရမယ္ေနာ္" အိုးရန္လုံ သူ႕မ်က္လုံးေလးေတြကို ၾကည့္လိုက္သည္။
"ကိုယ္ မင္းနဲ႔ အၿမဲအတူ႐ွိေနမွာမို႔ မေၾကာက္ပါနဲ႔"
ဆုႏိုရဲ႕ႏွာေခါင္းေလးက ႐ႈပ္ပြပြျဖစ္လာကာ သူ႕လူႀကီးက အရမ္းကို ႏူးညံ့ၾကင္နာလြန္းသည္ဟု ခံစားမိသည္။
"မငိုပါနဲ႔” သူ႕မ်က္လုံးေလးေတြက အနည္းငယ္နီရဲလာတာကို ျမင္ေတာ့ အိုးရန္လုံ မခံစားႏိုင္ေပ။"ဒါဆို ကိုယ္ဆန္ျပဳတ္သြားျပဳတ္ေပးမယ္၊ မင္းစားၿပီးၿပီဆိုတာကို ၾကည့္ၿပီးတာနဲ႔ ကိုယ္ျပန္လိုက္မယ္။ "
ဆုႏို အားတင္းကာေခါင္းကို ညိတ္ျပလိုက္ၿပီး သူ႕လည္ပင္းကို ေပြ႕ဖက္ကာ နမ္းလိုက္သည္။
"ေနာက္ထပ္ေဆြးေႏြးၿပီးသြားတဲ့အခါက်ရင္ ကြၽန္ေတာ္အဆင္ေျပပါၿပီ။အဲ့ခါက်ရင္ ဒါ႐ိုက္တာႀကီးနဲ႔အတူတူ ေနသြားလို႔ရၿပီ "
ဒီအခ်ိန္ၿပီးရင္ေတာ့ သူ႕အစ္ကိုႀကီးက သူ႕ကိုေစာင့္ၾကည့္ေနတာ ေလ်ာ့ပါးသြားလိမ့္မည္။မၾကာေသးမီက သူတို႔ကို ေတြ႕သြားမွာကို သူ အရမ္းေၾကာက္႐ြံ႕ခဲ့ၿပီး အၿမဲမလုံျခဳံသလိုခံစားေနခဲ့၏။
မစၥတာဒါ႐ိုက္တာႀကီးက သူ႕အတြက္ နံနက္စာကို သူကိုယ္တိုင္ခ်က္ျပဳတ္ေပးခဲ့တာမို႔ ဒီဆန္ျပဳတ္က သာမန္ၾကက္ဥဆန္ျပဳတ္ ျဖစ္ေနရင္ေတာင္ အရသာ႐ွိၿပီး ရင္ထဲမွာ ေႏြးေထြးသြားရသည္။
ဆုႏို ကုတင္ကို မွီၿပီးထိုင္ေနရင္းျဖင့္ ဒါ႐ိုက္တာႀကီးက သူ႕ကိုတစ္ဇြန္းၿပီး တစ္ဇြန္းခြံေကြၽးေနၿပီး သူကလည္း နာခံမႈ႐ွိစြာျဖင့္စားေနကာ ဘဝႀကီးက ေနထိုင္ရတာအလြန္ပင္ေကာင္းတယ္လို႔ ခံစားမိသည္။
ဆန္ျပဳတ္ထဲမွာ အသားမပါရင္ေတာင္ သူလက္ခံႏိုင္တယ္။ ဆားမပါလည္း ျပႆနာမ႐ွိဘူး။ ေဟာ့ေဒါ့ေခ်ာင္းမ႐ွိရင္လည္း အေရးမႀကီးဘူး။ဒါ အခ်စ္ရဲ႕စြမ္းအားပဲ။ ငါ့လူႀကီးက ဟင္းမခ်က္တတ္ရင္ေတာင္ ခန္႔ညားေနေသးတယ္!
ဆုႏိုေလးက စားေနရင္း ေတြးမိေန၏။
ဘယ္လိုခ်က္ရမလဲဆိုတာကို ငါတစ္ေယာက္တည္းသိတယ္ ဆိုတာနဲ႔တင္ အဆင္ေျပပါတယ္!ဒါ႐ိုက္တာႀကီးက ပန္းကန္ေဆးမယ္။ကြၽန္ေတာ္က ခ်က္မယ္။ လိုက္ဖက္ညီလြန္းလို႔ စကားနဲ႔ေတာင္ ေဖာ္ျပလို႔မရဘူး။
“ေကာင္းလား?” ဆန္ျပဳတ္ တစ္ပန္းကန္လုံး ကုန္သြားေတာ့ အိုးရန္လုံ သူ႕အနားကိုတိုးသြားၿပီး နမ္းလိုက္၏။
“ ဒါက ဆုေပးတာ ”
ဖြဖြေလး နမ္းတာက ဆုေပးတာလို႔မယူဆဘူး! ျပင္သစ္အနမ္းေလးေလာက္ေတာ့ ျဖစ္ရမယ္ေလ။ ဆုႏို သူ႕မ်က္ႏွာႀကီး နီရဲၿပီး ဝီေရာဓိျဖစ္ေနကာ အခက္ေတြ႕ေနရသည္။
"ကိုယ္ မင္းကိုေဆးထပ္ထည့္ေပးရမလား? " အိုးရန္လုံေမးလိုက္သည္။
ဒါေတာ့ မေကာင္းဘူး! ဆုႏို ေခါင္းကိုျပင္းျပင္းထန္ထန္ ခါယမ္းျပလိုက္သည္။
မေန႔ညက ထည့္ေပးတယ္ဆိုတာ ေမွာင္လည္းေမွာင္တဲ့အျပင္ သူကလည္း အသိဝင္ေနတာမဟုတ္ဘူး။ အခုကက်ေတာ့ လင္းထိန္ေနၿပီ။သူတို႔ ဒီထက္ ရင္းႏွီးတဲ့ကိစၥေတြကို လုပ္ခဲ့ၿပီးၿပီ ဆိုရင္ေတာင္.....သူ ႐ွက္တယ္!
"ေကာင္းၿပီေလ။ ဒါဆို အခ်ိန္မီေဆးထည့္ဖို႔ မေမ့နဲ႔ေနာ္ ” သူ႕နားေတြနီလြန္းလို႔ ေသြးေတြယိုထြက္ေတာ့မလို ျဖစ္ေနတာကို ျမင္ေတာ့ အိုးရန္လုံသည္ သူ႕ကိုတြန္းအား မေပးေတာ့ဘဲ ပုလင္းေသးေသးေလးကို အိပ္ယာေဘးက စားပြဲေလးေပၚမွာ တင္ထားေပးလိုက္သည္။
ဆုႏိုေလးကေတာ့ အလြန္႐ွက္ၿပီး သူရဲ႕မ်က္ႏွာကို ေစာင္ေအာက္၌ ဖြက္ထားလိုက္သည္။သူ ႀကိဳက္တဲ့သူနဲ႔ အတူ႐ွိေနရရင္ အခ်ိန္ေတြကလည္း လွ်င္ျမန္စြာကုန္ဆုံးလာသလိုပဲ။
သူ႕ႏွလုံးသားထဲမွာေတာ့ သူ႕ကိုတစ္ေယာက္တည္း မထားခဲ့ခ်င္ေပမယ့္ နတ္ဆိုးေလးဆုက တကယ္ေခါင္းမာလြန္းတဲ့အျပင္ သနားစရာေကာင္းတဲ့သ႐ုပ္ေဆာင္မႈစြမ္းရည္ကိုေတာင္ ျပလိုက္ေသး၏။
သူ ေကာင္းေကာင္း အိပ္ေပ်ာ္ေနတာကိုေတြ႕မွပဲ ဒါ႐ိုက္တာသည္ ဗီလာကေန ထြက္သြားႏိုင္ေတာ့သည္။
ၿပီးေတာ့ သူ ထြက္သြားဖို႔နံရံကိုေတာင္ ေက်ာ္တက္လိုက္ရေသး၏။
ဘာေၾကာင့္လဲဆိုေတာ့ ဒီျဖတ္လမ္းက နီးတဲ့အတြက္ တကယ္ကို အဆင္ေျပတယ္! သူတို႔ရဲ႕အခ်စ္ေရးကို လွ်ိဳ႕ဝွက္ထားတာက အရမ္းေကာင္းပါတယ္ေလ!
ဆုႏိုေလးကေတာ့ ေစာင္ထဲမွာ ပုန္းေအာင္းေနၿပီး သူရဲ႕တင္ပါးေလးကလည္း အလြန္ပင္နာက်င္ေနေသးသည္။
ဒါေပမယ့္ လုံးဝအဆင္ေျပပါတယ္။ ႏွင္းဆီပန္းမွာေတာင္ ဆူး႐ွိရေသးတာပဲေလ။
ကုတင္ေဘးက စားပြဲေပၚမွာ ေဆးပုလင္းအေသးေလးတစ္ဘူး႐ွိေနသည္။ဆုႏို ေဆးပုလင္းကို သူ႕လက္ထဲမွာကိုင္ထားလိုက္သည္။သူ မေန႔ညက beeeep* လုပ္ၾကတဲ့ ျမင္ကြင္းေတြကို ျပန္မေတြးမိဘဲမေနႏိုင္ေပ။
အဲ့တာလုပ္ၿပီးတဲ့ေနာက္မွာ သူက သူ႕ကိုေဆးလိမ္းေပးခဲ့တယ္။ဒါဆိုရင္ ႏိုပိစိေလး* ကိုျမင္႐ုံမက အဲ့ေနရာကိုလည္း လုံးဝ ဟာလာဟင္းလင္းအေနအထားနဲ႔ ျမင္သြားမွာပဲ။
ဆုႏိုေလးသည္ အံ့ၾသဖြယ္ကိစၥကိုသိျမင္ၿပီးေနာက္ ေစာင္ထဲကို ျပန္တိုးဝင္သြားၿပီး သူ႕ရဲ႕ ႏွလုံးခုန္ႏႈန္းေတြ ျမန္လာသည္ကို ခံစားလိုက္ရသည္။
အခုလို ႐ွက္႐ြံ႕ရသည္မွာ အနည္းငယ္ေနာက္က်ေနၿပီလို႔ထင္ေပမယ့္လည္း..........သူရဲ႕ဂႏၶာမာပန္းေလးကို ထုတ္ေဖာ္ျပလိုက္ၿပီးၿပီပဲ။ သူ အခ်ိန္ေတြကို ေက်ာ္ခ်လိုက္ခ်င္တယ္!ဒီလိုအခ်ိန္မ်ိဳးမွာ သူ႕ကိုယ္သူအာ႐ုံလြဲေစမယ့္ အျခားအေတြးတစ္ခုကို စဥ္းစားရမယ္။
မစၥတာဒါ႐ိုက္တာရဲ႕ေခ်ာေမာတဲ့မ်က္ႏွာ၊ သူရဲ႕လႊမ္းမိုးႏိုင္တဲ့ abs ၿပီးေတာ့ သူရဲ႕ေႏြးေထြးတဲ့ လက္ေခ်ာင္းေလးေတြ!!လက္--ေခ်ာင္း--!!..........
ဆုႏို အလိုအေလ်ာက္ သူ႕တင္ပါးေလးကို အုပ္လိုက္ၿပီး သူ႕မ်က္ႏွာသည္လည္း နီရဲလို႔သြားသည္။
တကယ္ကို ႐ွက္စရာပဲ!
မိနစ္အနည္းငယ္အၾကာတြင္ ဖုန္းစက္ခရင္ေပၚမွာ မီးတစ္ခ်က္လင္းလာသည္မို႔ ဖြင့္လိုက္ရာ အိုးရန္လုံ ပို႔လိုက္ေသာ မက္ေဆ့ခ်္တစ္ေစာင္ပင္ျဖစ္သည္ - <ေဆးထည့္ဖို႔မေမ့နဲ႔ေနာ္၊ ေကာင္းေကာင္းအနားယူ။ ၿပီးေတာ့လည္း အရမ္းႀကီး မလႈပ္႐ွားနဲ႔>
ဆုႏို ျပဳံးေနတဲ့အီမိုက်ီေလးနဲ႔ replyျပန္လိုက္ၿပီး ရင္ထဲမွာလည္း အရမ္းကို ေက်နပ္ေနမိသည္။
သူ႕ရဲ႕ ကိုယ္ေနဟန္ထားက အနည္းငယ္ ကိုး႐ိုးကားယားျဖစ္ေနမွာ မွန္ေသာ္လည္း ထိုေနရာေလးကို ေဆးထည့္ဖို႔ကလြဲၿပီး တျခားနည္းလမ္းမ႐ွိေခ်။ဘာလို႔လဲဆိုေတာ့ သူ႕ဂႏၶမာပန္းေလးရဲ႕က်န္းမာေရးက အလြန္အေရးႀကီးတာမို႔ပဲ!ကံေကာင္းေထာက္မစြာ ဘယ္သူမွ မျမင္ႏိုင္တာမိုလို႔ေပါ့.....
ဆုႏို စိတ္ကိုေလွ်ာ့ထားလိုက္ၿပီး ေစာင္ထူထူကို ကန္ထုတ္လိုက္ရင္း အိပ္ယာေပၚမွာ႐ွိေနတဲ့ သူ႕တင္ပါးေျပာင္ေျပာင္ေလးက ေပၚလာကာ သူ႕ရဲ႕စြမ္းအား အကုန္သုံး၍ လွည့္လိုက္ၿပီး အဲ့ဒီေနရာေလးကို ေအာင္ျမင္စြာ ေဆးထည့္လိုက္ႏိုင္သည္။
.
.
.
.
ဘယ္ဟုတ္မလဲ! သူ႕တင္ပါးေပၚမွာ႐ွိေနတဲ့ အခ်စ္အမွတ္အသားေတြေၾကာင့္ သူ႐ွက္သြားရတာပဲ!
ကံေကာင္းခ်င္ေတာ့ မၾကာေသးမီကတည္းက ႐ိုက္ကူးဖို႔အတြက္ အတြင္းခံေၾကာ္ျငာေတြ မပါေသးတာပဲ။ ဆုႏို စိတ္ေအးသြားၿပီး ေဆးပုလင္းအဖုံးကို ဖြင့္လိုက္သည္။ သို႔ေသာ္ ဒီလိုအေရးႀကီးတဲ့အခိုက္အတန္႔မွာပဲ ေသာက္တံခါးက ႐ုတ္တရက္ႀကီး ျမည္လာေတာ့၏။
"ႏိုႏို" ဟန္ေဝ ေအာက္ထပ္ကေန လွမ္းေခၚလိုက္သည္။
ေသေရာ!
ဆုႏိုသည္ အခ်ိန္ခဏအတြင္းမွာပဲ ၿပိဳလဲလို႔သြားၿပီ။
သူ႕လက္ေတြက တုန္လာၿပီး ေဆးပုလင္းတစ္ပုလင္းလုံးကို သူ႕တင္ပါးတစ္ခုလုံးေပၚ ေလာင္းခ်မိသြားသည္။
အရမ္းေအးတာပဲ!
ဒါေပမယ့္ အဲဒါက အဓိကအခ်က္မဟုတ္ဘူး။အဓိကအခ်က္က သူ႕အစ္ကိုႀကီး အေပၚထပ္ကို မတက္လာဖို႔ဘဲ။ သူ ဘာမွမ၀တ္ရေသးဘူး။ အခ်စ္အမွတ္အသားေတြနဲ႔ အိပ္ယာေပၚမွာ ဒီအတိုင္းႀကီးလွဲေနတာကို ျမင္သြားရင္ေတာ့ သြားၿပီပဲ!
ေလွကားေပၚကေျခသံေတြကို နားေထာင္ရင္း တျဖည္းျဖည္း နီးလာေလေလ ဆုႏို စိတ္ပ်က္လက္ပ်က္ျဖစ္ေနသည္။ သူ႕အ၀တ္ေတြကို ၾကမ္းျပင္ေပၚကေန ေကာက္ယူၿပီး ဝတ္လိုက္၏။ ထို႔ေနာက္ သူ ေဘာင္းဘီ႐ွည္ကို မ၀တ္ေတာ့ဘဲ အိပ္ယာခင္းေတြေအာက္မွာ လ်င္ျမန္စြာ ပုန္းလွ်ိဳးကြယ္လွ်ိဳးေနလိုက္ေတာ့သည္။
ေစးကပ္တဲ့ေဆးေတြက အိပ္ယာခင္းေပၚကို စီးက်လို႔သြားတာေၾကာင့္ ဆုႏို ငိုခ်င္လာၿပီ။သူ႕ ဖင္ေျပာင္ေလးကလည္း ေအးေနၿပီေလ။ တကယ့္ကို တလြဲေတြခ်ည္းပဲ!
"ႏိုႏို" ဟန္ေဝ အခန္းတံခါးကို တြန္းဖြင့္ရင္း ဝင္လာခဲ့သည္။ "ဘာလို႔ အခုထိ မထရေသးတာလဲ?"
အစ္ကိုႀကီး နာရီဝက္ေလာက္ေနာက္က်ၿပီးမွ လာရင္ ကြၽန္ေတာ္ ထလာမွာေပါ့!
ဆုႏို သူ႕ႏွလုံးသားထဲက ေအာ္ဟစ္လိုက္ၿပီး အလြန္တရာကိုမွ အားအင္ခ်ိနဲ႔စြာျဖင့္ ေျပာလိုက္သည္။
" ကြၽန္ေတာ္ တုပ္ေကြးဝင္သြားတဲ့ပုံပဲ"
ဘာပဲျဖစ္ျဖစ္ သူမွာ အခုအဖ်ား႐ွိေနတယ္ေလ။ ဒါေၾကာင့္ သူဟန္ေဆာင္ရင္းနဲ႔ ဒီအေျခအေနကို ေ႐ွာင္ရမယ္။
"တုပ္ေကြးလား?" ဟန္ေဝ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕နဖူးေပၚ႐ွိအပူခ်ိန္ကို စမ္းသပ္ဖို႔အတြက္ သူ႕ခုတင္ေဘးတြင္ ဝင္ထိုင္လိုက္သည္။
"ဘာမွ ႀကီးႀကီးက်ယ္က်ယ္မဟုတ္ပါဘူး" ဆုႏို ေခ်ာင္းေလး တဟြတ္ဟြတ္ဆိုးေနၿပီး တိုးတိုးေလးေျပာလိုက္သည္။ တကယ္ပီျပင္ခ်က္!
"အဖ်ားနည္းနည္း႐ွိတယ္၊ မင္းအသံက ဘာလို႔ အက္႐ွ႐ွျဖစ္ေနရတာလဲ?" ဟန္ေဝ ကူရာကယ္ရာမဲ့စြာျဖင့္ ေျပာလိုက္သည္။ "မင္းေနမေကာင္းရင္လည္း ဘာလို႔ အစ္ကိုႀကီးကို ေစာေစာ မေခၚလိုက္တာလဲ?"
"ခဏေလာက္အိပ္လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္" ဆုႏိုရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့ေန၏--ေဖ်ာ့မွာေပါ့,မေန႔က တအားပင္ပန္းခဲ့ရတာကိုး!
"တစ္ခ်က္ေလာက္ လာၾကည့္ခိုင္းဖို႔ ဆရာဝန္ေခၚေပးရမလား?" ဟန္ေဝ သူ႕ဆံပင္ေလးေတြကို ကူသပ္ေပးလိုက္သည္။
ေခၚလို႔ရမလား! ဆရာဝန္ ေရာက္လာရင္ သူ အလိမ္ေပၚသြားမွာေပါ့!
ဆုႏို ေခါင္းေလးကို အသာ ခါလိုက္ရင္း "ကြၽန္ေတာ္ေဆးနည္းနည္းေလာက္ ေသာက္ၿပီးရင္ အဆင္ေျပသြားမွာပါ"
"ဒါဆိုရင္ အစ္ကိုႀကီး မင္းအတြက္ မနက္စာလုပ္ေပးမယ္" ဟန္ေဝ ေျပာလိုက္သည္။
ဆုႏို အရမ္းကို စိတ္ဓါတ္က်ရျပန္၏။ "ကြၽန္ေတာ္ မနက္စာစားၿပီးၿပီ" သူ ထပ္စားဖို႔ကို စိတ္ထဲ သိပ္မထားေပမယ့္ ဒါ႐ိုက္တာႀကီး ခ်က္ျပဳတ္ေပးခဲ့တာေတြကို ျပန္ၿပီး မ႐ွင္းရေသးတဲ့ပုံေပၚတယ္။ အကိုႀကီး ဟင္းခ်က္ဖို႔သြားခဲ့ရင္ အဲဒါေတြကို ေသခ်ာေပါက္ေတြ႕သြားလိမ့္မယ္။ ဒါေၾကာင့္ ေစာေစာကတည္းက စားၿပီးၿပီ ဆိုၿပီး ဝန္ခံထားတာ ပိုေကာင္းလိမ့္မယ္။
"........."
ဟန္ေဝ ရယ္ရမလားငိုရမလားမသိေတာ့ေပ။သူေနမေကာင္းျဖစ္ေနတာေတာင္ သူ႕ဗိုက္ကိုျဖည့္ဖို႔အတြက္ အေစာႀကီး မနက္စာကို ခ်က္ျပဳတ္ရမယ္မွန္းေတာ့ သူသိေနေသးတယ္ေပါ့။ သူ႕ကို ဘယ္လို ဆူပူရမွန္းကိုမသိေတာ့ဘူး။
"ရပ္ကြက္အဝင္ဝမွာေရာင္းတဲ့ က်ိဳးလီဆိုင္က ဝက္သားကင္ေပါင္မုန္႔ကို စားခ်င္တယ္" ဆုႏိုသည္ အိပ္ယာခင္းေတြကိုလဲဖို႔နဲ႔ အတြင္းခံ၀တ္ဖို႔အခ်ိန္လိုတာေၾကာင့္ သူ႕အစ္ကိုႀကီး ႏွင္ထုတ္ေန၏။
သို႔ေသာ္ ဟန္ေဝကေတာ့ အလြန္တရာကိုမွ ပူးေပါင္းမေဆာင္႐ြက္မႈမ႐ွိခဲ့ေပ။ "မင္းတုပ္ေကြးမိေနတာကို ဘာအကင္ေတြကို စားေနမွာလဲ?အစာေၾကလြယ္တာေတြကိုပဲ စားရမယ္"
"အဲ့ဒီဆိုင္မွာ ႏွင္းသစ္ေတာ္သီးဆန္ျပဳတ္လည္း႐ွိတယ္" ေျပာလိုက္တဲ့ အသံမွာ တိုးညင္းလြန္းလို႔ သူ႕အစာအိမ္ထဲကေန လွမ္းေျပာလိုက္သလားလို႔ေတာင္ ဆုႏို ထင္မိ၏။
အဲ့ဒီေနာက္မွာေတာ့ သူ႕အစ္ကိုႀကီးက ဖုန္းတစ္ခုကို ေခၚလိုက္သည္။ "က်ိဳးလီဆိုင္ကေန အ႐ြက္စြပ္ျပဳတ္ set ေလာက္ ဝယ္လာခဲ့။ၿပီးေတာ့ ႏွင္းသစ္ေတာ္ဆန္ျပဳတ္တစ္ပြဲေရာပဲ"
ဆုႏို စိတ္႐ႈပ္ေထြးသြားကာ ေျပာစရာမဲ့သြားရသည္။
တကယ္တမ္း ကိုယ္တိုင္မသြားဘဲ ဖုန္းေလးေခၚၿပီး ဝယ္ခိုင္းတယ္ဆိုတာ စိတ္ဓါတ္ပဲ!ဒါ ဒရမ္မာဇာတ္လမ္းေတြထဲက ဇာတ္ၫႊန္းေတြနဲ႔ မကိုက္ညီဘူး!သူ႕ရဲ႕ စိုေနတဲ့ အိပ္ယာခင္းစေတြက လူကို သက္ေတာင့္သက္သာမျဖစ္ေတာ့ဘူးလို႔!
"ဘယ္သူ႕ကို ေခၚခိုင္းလိုက္တာလဲ,အစ္ကိုႀကီး?"
"ဖုန္းထ်န္းေလ...သူ ရပ္ကြက္အျပင္ဘက္မွာ ႐ွိေနတယ္" ဟန္ေဝ သူ႕အတြက္ ေရေႏြးပူေလးတစ္ခြက္ ငဲ့ေပးလိုက္သည္။
"......သူက ဘာလို႔ ကြၽန္ေတာ္ေနတဲ့ ရပ္ကြက္ရဲ႕အျပင္ဘက္မွာ ေရာက္ေနရတာလဲ?" သူ႕အစ္ကိုႀကီးေျပာလိုက္တဲ့ နာမည္ကို ၾကားလိုက္ရေတာ့ ဆုႏို အခက္ေတြ႕သြားရသည္။
သူက သူ႕အစ္ကိုႀကီးရဲ႕ အယုံၾကည္ရဆုံး လက္ေထာက္ပဲ!
ဟန္ေဝသည္ ခဏမွ်ဆြံအသြားၿပီး သူရဲ႕စိတ္ထဲတြင္ ေအာ္ဟစ္လိုက္မိ၏။ ဖာ့ခ္!
ဒါေပမယ့္ သူက "မင္းကိုေစာင့္ၾကည့္ဖို႔ အစ္ကိုႀကီးေစလႊတ္ထားတာ"လို႔တိုက္႐ိုက္မေျဖႏိုင္ေပ။ ဒါေၾကာင့္သူ လိမ္လည္ၿပီး ေျပာရပါေတာ့၏။
“ သူ႕ေကာင္မေလးက မင္းရဲ႕အမာခံပရိတ္သတ္ေလ။ ဒါေၾကာင့္ သူကိုယ္တိုင္လာၿပီး လက္မွတ္လာယူတာ”
"တကယ္လား?" ဆုႏို သူရဲ႕စိတ္ႏွလုံးသားေလးထဲတြင္ ေက်နပ္မႈကို ခ်က္ခ်င္းခံစားလိုက္ရသည္။
“ဟုတ္တယ္ေလ ” ဟန္ေဝ သူ႕အားစိတ္သက္သာရာရေစၿပီး သူ႕ကို အိပ္ယာထဲမွဆြဲထုတ္ရန္ လက္တစ္ဖက္ကိုထုတ္လိုက္သည္။
"ကြၽန္ေတာ္႕ကိုမထိနဲ႔!" ဆုႏို ခ်က္ခ်င္းပင္ဃထိတ္လန္႔သြားၿပီး သတိလက္လြတ္ ေအာ္ေျပာလိုက္မိသည္။
"ဘာလို႔လဲ?" ဟန္ေဝ အံ့ၾသသြားရသည္။
အစ္ကိုႀကီး ကြၽန္ေတာ္႕ကို ဆြဲထူလို႔မရဘူးေလ။ေအာက္မွာ ေဘာင္းဘီမပါဘူးလို႔!!
ဆုႏို သူ႕စိတ္ထဲကေန ေအာ္ဟစ္လိုက္ၿပီး သနားစရာေကာင္းစြာျဖင့္ ေျပာလိုက္သည္။"ကြၽန္ေတာ္ ေခါင္းမူးတယ္"
"မင္း ဆရာဝန္နဲ႔မျပခ်င္တာေသခ်ာလား? " ဟန္ေဝ အနည္းငယ္ စိတ္ပူသြားၿပီး ထိုင္ေတာင္ မထိုင္ႏိုင္ေတာ့ေပ။
"ကြၽန္ေတာ္တို႔ ဒီအေၾကာင္းကိုမေျပာခင္ ခဏေလာက္အိပ္လိုက္အုံးမယ္" ဆုႏို စိတ္ထဲမွာ ပူပန္ေနရ၏။ၿဂိဳလ္သားေတြ ေရာက္လာၿပီး သူ႕အစ္ကိုႀကီးကိုျပန္ေပးဆြဲသြားရင္ ေကာင္းမွာပဲလို႔ ေမွ်ာ္လင့္ေနမိသည္။
ကံေကာင္းစြာနဲ႔ ၁၀ မိနစ္အၾကာမွာပဲ ဖုန္းထ်န္းက သူ
မနက္စာ ဝယ္လာၿပီလို႔ေျပာသံၾကားေတာ့ ဟန္ေဝ သြားယူဖို႔ အျပင္ထြက္သြားလိုက္ရသည္။
အခ်ိန္က အလင္းျမႇားနဲ႔ ပစ္ခြင္းလိုက္သလိုပဲ!သူ ဒီအခ်ိန္ေလးကိုေတာင္ မျဖဳန္းတီးပစ္ႏိုင္ဘူး!
သူ႕အစ္ကိုထြက္သြားသည္ႏွင့္ ဆုႏို အိပ္ယာေပၚမွ အျမန္ခုန္ထကာ ေဘာင္းဘီ႐ွည္ကို အျမန္ဝတ္ၿပီး အိပ္ယာခင္းေတြနဲ႔ ေစာင္ေတြကိုပါ တစ္ခါတည္းလဲလွယ္လိုက္၏။ဒါေတြကို သူ ငါးမိနစ္အတြင္းၿပီးေအာင္လုပ္ခဲ့တာပဲျဖစ္သည္။ သူ႕တင္ပါးက နာက်င္မႈေတြနဲ႔ သူ႕ဖ်ားနာေနတဲ့အခန္းကို သ႐ုပ္ေဆာင္ေနတာကိုပါ လ်စ္လ်ဴ႐ႈထားလိုက္ရင္းေပါ့!
ထို႔ေၾကာင့္ ႏူးညံ့သိမ္ေမြ႕မႈေတြဆိုတာက တစ္ခါတစ္ေလ သူ႕ခ်စ္သူေ႐ွ႕တြင္သာ ထုတ္ျပထားသင့္တာပဲ!
ဆုႏိုရဲ႕ အိပ္ယာခင္းေတြႏွင့္ေစာင္ေတြအားလုံးက အျဖဴေရာင္ေတြခ်ည္းမို႔ ေသခ်ာမၾကည့္ရင္ သိသာမယ့္ပုံ မေပၚေပ။ ထို႔ေၾကာင့္ သူ႕အစ္ကိုႀကီးျပန္ေရာက္လာေတာ့ သူ သတိမထားမိေပ။ဆုႏို သူ႕အစ္ကိုႀကီးကို ေအာင္ျမင္စြာ လွည့္စားႏိုင္ခဲ့ေလသည္။ တကယ့္ကို ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈပဲ!
ႏွင္းသစ္ေတာ္သီးဆန္ျပဳတ္က ခ်ိဳၿပီးႏူးညံ့ေနကာ ဟင္းသီးဟင္း႐ြက္စြပ္ျပဳတ္သည္လည္း အငန္အရသာ႐ွိၿပီး စားရသည္မွာ အေတာ္ေလးခံတြင္းေတြ႕ရသည္။ ဆုႏို ေလတစ္ခ်က္ ႐ွဴအသြင္းမွာပဲ ေတာ္ေတာ္မ်ားမ်ားကို တစ္ခါတည္းနဲ႔ကို စားပစ္လိုက္သည္။ သူတို႔ေျပာၾကတဲ့အတိုင္း အစားအေသာက္ေတြကို ႀကိဳက္ႏွစ္သက္သူဆိုတာ ေမွ်ာ္လင့္ထားသည့္အတိုင္း အစားအေသာက္ေတြကိုႀကိဳက္တဲ့သူပင္။ သူ ၾကက္ဥဆန္ျပဳတ္တစ္ပန္းကန္လုံးႀကီးကို စားထားေသာ္လည္း ထပ္စားဖို႔အတြက္ ျပသာနာမ႐ွိ။
"ျဖည္းျဖည္းစား။ သီးသြားဦးမယ္” ဟန္ေဝ ေခါင္းကိုပြတ္ေပးလိုက္ၿပီး သူ႕ကိုအၾကာႀကီးထိုင္ေနရာကေန မေအးထပ္မမိေအာင္ ကာကြယ္ဖို႔အတြက္ အ၀တ္ထူထူကို႐ွာရန္ ဗီ႐ိုေ႐ွ႕ကိုသြားလိုက္သည္။
"မင္းရဲ႕ ပိုထူတဲ့ ညအိပ္ဝတ္စုံေတြက ဘယ္မွာလဲ?" ဟန္ေဝ သာမာန္ပဲေမးလိုက္သည္။
"ေအာက္ဆုံးကေနေရရင္ ဒုတိယေျမာက္ ah ah ah!" ဆုႏို သူ အာ႐ုံမစိုက္မိဘဲ လမ္းတစ္ဝက္တြင္ေျပာလိုက္မိေသာစကားမ်ားေၾကာင့္ ခ်က္ခ်င္းပင္ ထိတ္လန္႔စြာေအာ္ဟစ္လိုက္မိသည္။
ဒါေပမယ့္ သူတားဖို႔အခ်ိန္မရလိုက္ေပ။ ဟန္ေဝ သူ႕ဗီဒိုတံခါးကို ဆြဲဖြင့္လိုက္ကာ သူ႕လုံးထည့္ထားသည္ အိပ္ယာခင္းနဲ႔ေစာင္ေတြအားလုံးက အေထြးလိုက္ႀကီး ျပဳတ္က်သြားေတာ့သည္။
"ထားလိုက္။ကြၽန္ေတာ္ ႐ွင္းလိုက္မယ္"
ဆုႏို ကုတင္ေပၚမွ အျမန္ခုန္ဆင္းလိုက္သည္။သူ အရမ္းကို စိတ္လႈပ္႐ွားေနၿပီး ႐ုတ္တရက္ႀကီး အားကို သုံးကာခုန္ခ်လိုက္သည္မို႔ မေန႔ညက အင္အား အလြန္အကြၽံသုံးခဲ့သည့္ သူ႕ရဲ႕ခါးကို သတိမမူလိုက္မိလိုက္ေသာေၾကာင့္ နာက်င္လြန္းသျဖင့္ ၾကမ္းျပင္ေပၚကို လွဲခ်လိုက္ရသည္။
"ဘာေတြ အဲ့ေလာက္ေတာင္ စိတ္လႈပ္႐ွားေနတာလဲ?" ဟန္ေဝ ရယ္ရခက္ငိုရခက္ျဖင့္ သူကို ကုတင္ေပၚ ျပန္သယ္သြားလိုက္သည္။
".....အဲ့..ဒီ..အိပ္ယာခင္းေတြကို...ဒီအတိုင္းသာ....ထားလိုက္ပါ!" ဆုႏို စိတ္လႈပ္႐ွားလြန္းလို႔ ေျပာလိုက္သည့္ စကားေတြေတာင္ တိမ္ဝင္သြားရသည္။
အဲ့ဒီအခ်ိန္မွာပဲ အခ်ိန္ကူးေျပာင္းႏိုင္တဲ့တံခါးေပါက္က ႐ုတ္တရက္ႀကီးေပၚလာၿပီး သူ႕အစ္ကိုႀကီးကို ထန္,စုန္,ယြမ္,မင္,ခ်င္ မင္းဆက္ေတြတင္ မက ေဝ,က်င္ ေတာင္ပိုင္းမင္းဆက္တို႔,ေျမာက္ပိုင္းမင္းဆက္ေတြဆီကို ပို႔ပစ္လိုက္ရင္ေတာင္ သူ လက္ခံႏိုင္တယ္!
“မင္း အစ္ကိုႀကီး မသိေအာင္ဘာေတြလုပ္ထားလဲ?” ဟန္ေဝ မ်က္ေမွာင္ၾကဳတ္ၿပီး အိပ္ယာခင္းကိုစစ္ေဆးၾကည့္ဖို႔အတြက္ ဗီ႐ိုေ႐ွ႕ကိုသြားလိုက္သည္။
ဆုႏိုေလး စိတ္ဆိုးသြားၿပီး ႏွင္းသီးသစ္ေတာ္သီးဆန္ျပဳတ္ပန္းကန္လုံးကို ခြဲၿပီးသတ္ေသရန္ ျဖစ္ႏိုင္ေျခ ႐ွိမ႐ွိကို စတင္စဥ္းစားေတာ့သည္။
"ဘာေဆးေတြလဲ? မင္းဘယ္ေနရာက မသက္သာေနတာလဲ?" အစိမ္းေဖ်ာ့ေရာင္အရည္ႏွင့္ေဆးနံ႔တို႔ေၾကာင့္ ဟန္ေဝ ေခါင္းကိုလွည့္ကာ ေမးလိုက္သည္။
ဆုႏို မသိခ်င္ေယာင္ေဆာင္လိုက္သည္။
"မင္း မေျပာဘူးဆိုရင္ ေဆး႐ုံကို ေခၚသြားၿပီး တစ္ကိုယ္လုံး ေဆးစစ္ခိုင္းလိုက္မွာေနာ္!" ဟန္ေဝ မ်က္ႏွာတည္ႀကီးနဲ႔ အိပ္ယာေဘးမွာ ဝင္ထိုင္လိုက္သည္။
သူတို႔ရဲ႕ညီငယ္ေလးေတြကို ၿခိမ္းေျခာက္တတ္တဲ့ အစ္ကိုႀကီးေတြက အ႐ွက္မ႐ွိဆုံးပဲ။ ဆုႏို အျပင္းအထန္ပဲ ခုခံလိုက္သည္။
ၿပီးေတာ့ ဝမ္းနည္းစရာေကာင္းစြာပဲ သူ ေျပာလိုက္ရသည္။
“ကြၽန္ေတာ္႕မွာ လိပ္ေခါင္းေရာဂါ႐ွိတယ္”
အား!!!!ဒီလိုမ်ိဳးဆင္ေျခေတြက အရမ္းကို ပရိယာယ္ ႂကြယ္တာပဲ။
ဟန္ေဝ၏နဖူးေပၚ႐ွိေသြးျပန္ေၾကာေတြက သိသိသာသာပဲ တြန္႔ခ်ိဳးလို႔သြားသည္။
"အစ္ကိုႀကီး ကြၽန္ေတာ္႕ကိုရယ္ရဲရင္ အစ္ကိုႀကီးနဲ႔ဆက္ဆံေရးကို ျဖတ္ပစ္လိုက္မယ္ " ဆုႏိုရဲ႕မ်က္ႏွာက နီရဲေနၿပီး စားပြဲခုံကိုေတာင္ ႐ိုက္ခ်ိဳးခ်င္ေနတဲ့ပုံပင္။
“အစ္ကိုႀကီး မရယ္ပါဘူး” ဟန္ေဝ သူ႕ေခါင္းသူ ထိလိုက္ၿပီး ဗီ႐ိုကိုကိုင္ကာ သုံးမိနစ္ေလာက္ရယ္လိုက္မိသည္။
တကယ့္ကို လူမဆန္တာပဲ! ဆုႏို သူရဲ႕စိတ္ထဲမွာေတာ့လက္ခလယ္ကို ေထာင္ျပလိုက္သည္။
"ေဆးခန္းသြားျပၿပီးၿပီလား?" ဟန္ေဝ ရယ္ေမာၿပီးေနာက္မွာေတာ့ သူ႕ညီငယ္ေလးအတြက္ အမွန္တကယ္ပင္ စိုးရိမ္လာခဲ့သည္။
"အခုမွ ေမးတာကို ရပ္လိုက္ေတာ့!"
ဆုႏိုသည္ ေဒါသမီးေတြ ေလာင္ကြၽမ္းေနၿပီး သူ႕တစ္ကိုယ္လုံးကိုလည္း ေစာင္ေအာက္ထဲမွာ ဝွက္ထားလိုက္သည္။ ငါ့မွာ! တကယ္! လိပ္ေခါင္း!ေရာဂါ!မ႐ွိဘူး!
“ဘာ႐ွက္စရာ႐ွိလို႔လဲ?” ဟန္ေဝ အမွန္တကယ္ရယ္ခ်င္ေနေပမယ့္လည္း ေနာက္ဆုံးေတာ့ ျပန္ထိန္းလိုက္သည္။
"ေခါင္းစဥ္ေျပာင္းရေအာင္!" ဆုႏို ေဒါသတႀကီးေအာ္ဟစ္လိုက္သည္။
ဟန္ေဝ သေဘာတက်နဲ႔ ရယ္ခ်င္မိကာ အိမ္တစ္အိမ္မွာ အိမ္ေမြးတိရိစၧာန္ေလး တစ္ေကာင္႐ွိတာကလည္း တကယ္ေကာင္းတာပဲ လို႔ ေတြးမိသည္။
အကိုႀကီးရဲ႕ရယ္ေမာသံနဲ႔အတူ ဆုႏိုေလးသည္ အိပ္ယာခင္းစကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး ေသတာထက္ပိုဆိုးသလိုခံစားေနမိသည္။ သူရဲ႕ခန္႔ညားတဲ့ လူႀကီးနဲ႔ ေခ်ာေမာေသာအမ်ိဳးသား ႏိႈင္းယွဥ္ရရင္ အစ္ကိုႀကီးလို လူမ်ိဳးက ပိုၿပီးမုန္းစရာေကာင္းလြန္းသည္။
Ren Rui ၏႐ုံးခန္းထဲတြင္ အိုးရန္လုံသည္ စာ႐ြက္စာတမ္းေတြကို ၾကည့္ေနစဥ္ အတြင္းေရးမႉးမေလးက ႐ုတ္တရက္ႀကီး တံခါးေခါက္ကာ အခန္းထဲကို ဝင္လာခဲ့သည္။
"ဒါ႐ိုက္တာ....ဥကၠဌမုက ဒါ႐ိုက္တာကို လာ႐ွာပါတယ္"
“ငါ ဒီမွာမ႐ွိဘူးလို႔ေျပာလိုက္” အိုးရန္လုံ ေအးေအးေဆးေဆး ေျပာလိုက္သည္။
"အဲ့ဒီေလာက္ ေသာက္က်င့္မယုတ္စမ္းပါနဲ႔!" မုခ်ိဳးရဲ႕အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့သည္။
အတြင္းေရးမႉးမေလးက အဆင္မေျပစြာ ခံစားခဲ့ရၿပီး "ဥကၠဌမုက ကြၽန္မေနာက္မွာ႐ွိေနပါတယ္"
"............"
မစၥတာဒါ႐ိုက္တာခင္ဗ်ာ သူ႕ကို လက္ဖက္ရည္တစ္ခြက္တိုက္ဖို႔ ဖိအားေပးခံလိုက္ရသည္။
"မင္းေနရာက မဆိုးပါဘူး" မုခ်ိဳး ၾကမ္းျပင္ထိ႐ွည္တဲ့ျပတင္းေပါက္ေ႐ွ႕တြင္ရပ္ၿပီး အျပင္ဘက္႐ွိအေဆာက္အအုံမ်ားကိုၾကည့္ၿပီး ေျပာလိုက္သည္။၊
ဒါ စီးပြားေရးသမားေတြအတြက္ကေတာ့ တကယ္အားတက္စရာပါပဲ။
"ငါ ေနာက္နာရီဝက္ေနရင္ ခ်ိန္းထားတာ႐ွိတယ္။ ေျပာစရာ႐ွိရင္ ျမန္ျမန္ေျပာ" အိုးရန္လုံကေတာ့ အရမ္း မိမိုက္ေနတာပဲ!
မုခ်ိဳးသည္ သူနဲ႔ဆန္႔က်င္ဘက္မွာ ထိုင္လိုက္ၿပီး “ ငါမွာ အထူးအၾကံဥာဏ္ေကာင္းတစ္ခု႐ွိတယ္။မင္းၾကားၿပီးရင္ စိတ္ဝင္စားမွာေသခ်ာတယ္!"
"မင္း ႏွင္းဆီပန္းေပးခဲ့လား? စႏၵရားတီးေပးခဲ့တာလား?" အိုးရန္လုံ သူ႕ကို အထင္ေသးသည့္အ
ၾကည့္ျဖင့္ ၾကည့္လိုက္သည္။
မုခ်ိဳး နားမလည္စြာျဖင့္ "ႏွင္းဆီပန္းနဲ႔စႏၵရားက ဘာလဲ?"
"က်ံဳးလီဖုန္းပိုင္ကို လိုက္တဲ့ နည္းလမ္းေတြေလ။မဟုတ္ရင္ မင္းလိုလူမ်ိဳးက တျခားနည္းလမ္းေတြ ေတြးမိမွာ မို႔လို႔လား?"
အိုးရန္လုံ ေကာ္ဖီတစ္ခြက္ကို တည္ၿငိမ္စြာေသာက္လိုက္ၿပီး မီးနဲ႔ ပစ္ခြင္းလိုက္တဲ့ျမႇားနဲ႔ ႏြားနဲ႔ ေမာင္းတဲ့ကား ၾကားက လက္ေတြ႕ဆန္တဲ့ ကြာဟမႈကို ေတြးမိရင္း သူနဲ႔ဆုႏိုၾကားက တိုးတက္မႈကို ၾကည့္ၿပီး တကယ္ ေက်နပ္စရာေကာင္းသည္ဟု ခံစားမိသည္။
"မင္း ေန႔ေန႔ညည ဘာေတြေတြးေနတာလဲ?" မုခ်ိဳး သူ႕ကိုအ႐ူးတစ္ေယာက္လိုၾကည့္လိုက္သည္။
"အခု အလုပ္ခ်ိန္ေရာက္ေနၿပီ။ Ren Rui နဲ႔စားေသာက္ဆိုင္ဖြင့္္မယ့္ အစီအစဥ္ေတြကို ငါေဆြးေႏြးခ်င္တယ္။ စႏၵယားနဲ႔ႏွင္းဆီပန္းေတြ ဘာေတြနဲ႔ ဘာဆိုင္လို႔လဲ?"
ဒါ လုံးဝပေရာ္ဖက္႐ွင္နယ္မဆန္တာပဲ!
"..........."
မုခ်ိဳးရဲ႕ မထီမဲ့ျမင္ျပဳမူေအာက္တြင္
မစၥတာဒါ႐ိုက္တာသည္ သူ႕ႏွလုံးသားထဲမွာ အင္တိုက္အားတိုက္မက်ိန္ဆဲဘဲ မေနႏိုင္ေတာ့ေပ။
တည္ၿငိမ္စြာျဖင့္ ေမႊေနတဲ့ဇြန္းကို ေကြးခ်လိုက္၏။
သူ႕ကို တကယ္႐ိုက္သတ္ခ်င္ေနၿပီ!