တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...
By zuriiiiii8
178K 28.8K 808
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More
Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell
အခန်း(၁၂)
2.5K 506 14
By zuriiiiii8
                  <ဂိုဏ်းသို့ပြန်ခြင်း>
ချင်ရှိယွီ၏ စကားကို ကြားပြီးနောက် ပြိုကျ
တော့မည့် မိုးလို မည်းမှောင်နေသော ကျန်းရီ
၏ မျက်နှာထက်၌ အေးစက်သော အပြုံး တ
စ်ခု ပေါ်လာခဲ့သည်။
"ကျွန်တော် ခင်ဗျားကိုရှင်းပြစရာအကြောင်းမရှိဘူးထင်တယ်နော်"
ဘေးဘက်၌ရပ်နေဆဲဖြစ်သောဝမ်ရွှမ့်အား
မျက်လုံးထောင့်ဖြင့်မသိမသာစွေကြည့်လိုက်
ရင်းတွေးလိုက်မိ၏။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရက်မျိုးကအနှေးနဲ့
အမြန်ရောက်ကိုရောက်လာမှာပါပဲလေ....
တစ်နေ့မှာတော့အမှန်တရားတွေအားလုံး
ဝမ်ရွှမ့်ကိုပေးသိရမယ်ဆိုတာကျန်းရီသိထား
ပြီးသားဖြစ်တယ်။
ဒါပေမယ့်အဲ့ဒီလိုရက်ကဒီလောက်မြန်မြန်ကြီးရောက်လာလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့
ဖူးဘူး။ဒီအချိန်မှာဝမ်ရွှမ်သူ့ကိုဘယ်လောက်
အထိယုံကြည်သလဲဆိုတာမသေချာဘူး။အဲ့ဒီ
အရာကပဲသူ့ကိုစိုးရိန်စိတ်နဲ့ဝန်လေးစေခဲ့တာ။
ဒီအခွင့်အရေးကိုအသုံးချပြီးတိုက်ရိုက်ဝန်ခံ
လိုက်သင့်လား?ဒါမှမဟုတ် တည်ငြိမ်တဲ့အ
ချိန်အထိဒါကိုဖုံးကွယ်ဖို့နည်းလမ်းတစ်ချို့
ရှာပြီးစောင့်သင့်သလား?
ဘာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်မချခင်တော့သူရှေ့ကစိတ်အနှောင့်အယှက်ကောင်ကိုအရင်
ဆုံးရှင်းပစ်ရမယ်!
"ခင်ဗျား..."
"အိုး.."
ချင်ရှိယွီကရုတ်တရက်အာမေဋိတ်သံပြုကာ
ပုံကြီးချဲ့၍ပြောလာပြန်သည်။
"ငါနောက်တစ်ခုထပ်မှတ်မိသွားပြီ ဟုတ်
သားပဲ အဲ့ဒီအချိန်တုန်းကမင်းရဲ့အဖေက
မှတ်ဥာဏ်နှောင့်နှေးတဲ့ရောဂါကိုကုပေးမယ့်လူတစ်ယောက်သွားရှာမယ်လို့ပြောခဲ့တာ
အခုကြည့်ရတာတော့ မင်းပြန်ကောင်းသွား
တာလား?"
စကားပြောရန်ကြံရွယ်နေသောကျန်းရီ၏
နှုတ်ခမ်းများခပ်တင်းတင်းစေ့သွားရသည်။
ကျန်းရီရဲ့အမူအယာကမသေချာဘူး။တစ်
ဖက်လူရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို
သူခဏလောက်တော့နားမလည်နိုင်ဖြစ်သွား
ခဲ့ရတယ်။
ဒီကိုးရို့ကားယားအခြေအနေကနေပြန်အဖတ်
ဆယ်ဖို့ချင်ရှိယွီရုတ်တရက်ထပ်ပြောလာခဲ့တဲ့
ဖြေရှင်းချက်ကိုသူယူသင့်သလား?မယူသင့်
ဘူးလား?
ချင်ရှိယွီကပြုံးရင်းဆက်မေးလာခဲ့သည်။
"ဟုတ်လား? မဟုတ်ဘူးလား?"
တစ်ဖက်သား၏ဆန္ဒအတိုင်းသံယောင်လိုက်
ရန်မဖြစ်သင့်ဟုတွေးတောလျက်လက်သီး
ဆုပ်လိုက်မိ၏။တစ်ချိန်ထဲ၌ပင်ပြန်ဖြေယုံမှ
အပအခြားရွေးချယ်စရာလဲမရှိတော့ချေ။
"ဒါကခင်ဗျားနဲ့ဘာဆိုင်လို့လဲ?ခင်ဗျားရဲ့ဂိုဏ်း
ကိုတင်ပြဖို့အလျင်လိုနေတယ်မဟုတ်ဘူး
လား?မြန်မြန်သာထွက်သွားလိုက်တော့!"
"ဟုတ်ပြီ ဟုတ်ပြီ"
ချင်ရှိယွီကဤတစ်ကြိမ်တွင်တော့လိုရင်းကို
လွယ်လွယ်ကူကူသဘောပေါက်၏။
"အဲ့တာဆိုငါသွားတော့မယ်"
ထိုစကားပြောပြီးနောက်ချင်ရှီယွီကပြတ်ပြတ်
သားသားနောက်ပြန်လှည့်ပြီးအဝေးသို့ထွက်ခွာသွားလေတော့သည်။
ဤတိုက်ပွဲမှာယခင်ကတိုက်ခိုက်ခဲ့သောရှင်
သန်ခြင်းနှင့်သေဆုံးခြင်းအကြားတိုက်ပွဲ
ထက်ပင်ပို၍ကြောက်စရာကောင်းသည်ဟု
ခံစားရကာကျန်းရီ၏လက်ဖဝါး၌ချွေးစေးများစိုစွတ်နေခဲ့ပြီးချင်ရှိယွီ၏ကျောပြင်အားမမှိတ်မသုန်ငေးကြည့်နေခဲ့မိသည်။မြင်ကွင်း
ထဲမှချင်ရှိယွီ၏ပုံရိပ်ပျောက်ကွယ်သွားသည့်
အချိန်မှသာလက်ချောင်းများကိုဆန့်ထုတ်ပြီး
လက်သီးဆုပ်ကိုဖြည်လိုက်၏။
ချင်ရှိယွီ၏ပုံရိပ်မှာမြင်ကွင်းထဲမှပျောက်ကွယ်သွားခဲ့ပြီးဖြစ်သော်လည်းသူ့စကားအချို့မှာအဝေးတစ်နေရာမှပျံ့လွင့်လာဆဲပင်။
"မင်းရဲ့ကိစ္စကငါနဲ့မဆိုင်ဘူးဆိုတာတော့အမှန်ပဲ ဒါပေမယ့်ဒီကိစ္စကိုကျင့်ကြံသူဝမ်
ဘာတွေတွေးနေမလဲဆိုတာဘယ်သူသိနိုင်မှာ
လဲ?"
ထိုစကားပြောပြီးနောက်ချင်ရှိယွီလုံးဝထွက်
သွားပြီကြောင်းသတ်မှတ်လို့ရလောက်
အောင်ပျောက်ကွယ်သွားခဲ့တော့သည်။
ကျန်းရီ၏လက်နှစ်ဖက်စလုံးနောက်တစ်ဖန်
လက်သီးပြန်ဆုပ်မိသွားပြီးမကျိန်ဆဲမိစေရန်
သာထိန်းချုပ်လျက်တိတ်တဆိတ်အံကြိတ်လိုက်မိ၏။
ဝမ်ရွှမ်နဖူးလည်းတွန့်ကွေးနေခဲ့သည်။အချိန်
အတန်ကြာအောင်သည်းခံနေခဲ့မှန်းသိသာလှ
၏။အဘယ့်ကြောင့်ဆိုသော်ပါးစပ်ဖွင့်ဟ
လိုက်သည်နှင့်ဒေါသတကြီးလေသံထွက်ပေါ်
လာခဲ့ပြီး
"အဲ့ဒီတစ်ယောက်ကဘာဖြစ်နေတာလဲ?ပထမ
တစ်ကြိမ်သူထွက်သွားတုန်းကစိတ်ဝမ်းခွဲတာ
မအောင်မြင်လို့နောက်တစ်ကြိမ်ပြန်လာပြီး
ကြိုးစားတာလား?!"
"ဆရာတူအစ်ကို......"
ကျန်းရီကခေါင်းလှည့်လိုက်ပြီးစိတ်ရှုပ်စွာ၊
တွေဝေစွာဖြင့်မေးလာခဲ့သည်။
"ကျွန်တော့်ကိုယုံလား?"
"ဘာလဲ?သူစိတ်ဆွပေးတာကိုငါယုံသွားမှာ
စိုးရိမ်နေတာလား?"
ကျန်းရီ၏ကြောက်ရွံ့နေသောအသွင်အပြင်
ကိုကြည့်ပြီးဝမ်ရွှမ်သဘောကျသွားခဲ့သည်။
"မင်းနဲ့ပတ်သတ်ပြီးသံသယဖြစ်စရာကောင်း
တာဒါတစ်ခုပဲရှိတယ်လို့ထင်နေလား?"
ကောင်းပြီ....ကျန်းရီပြောစရာစကားတောင်
ပျောက်ရှသွားခဲ့ရတယ်။
"အဲ့ဒါအပြင်ထပ်ခါထပ်ခါအပြစ်ရှာဖို့လည်း
ကြိုးစားနေသေးတော့ သူ့ရဲ့ရည်ရွယ်ချက်က
ဘာလဲဆိုတာရှင်းပါတယ်"
ဤအရာအားပြောရင်းဝမ်ရွှမ်မျက်မှောင်ထပ်
ကြုံ့လိုက်၏။
"ငါနားမလည်နိုင်တာတစ်ခုကသူဘာလို့ငါတို့နှစ်ယောက်ကြားပြသနာတက်အောင်မွှေနေရ
တာလဲ?သူ့မှာဘာအကျိုးကျေးဇူးများရမှာမို့လို့လဲ?"
"သေချာတာပေါ့ ဒီနေရာမှာအကျိုးကျေးဇူး
တွေအများကြီးရှိတယ်"
ကျန်းရီကခြောက်ကပ်စွာရယ်မောလိုက်၏။
ဝမ်ရွှမ်တောင့်တင်းသွားခဲ့ရသည်။ကျန်းရီ၏
ရှင်းပြချက်အားနားထောင်ပြီးနောက်အစော
ပိုင်းကချုပ်ဆိုခဲ့သောချင်ရှိယွီနှင့်ကျန်းရီတို့
၏ကတိစာချုပ်မှအဓိပ္ပါယ်နှစ်ခွစကားလုံးကို
သဘောပေါက်သွားလေတော့သည်။ချင်ရှိယွီ
၏လျှို့ဝှက်နည်းစနစ်များအကြောင်းကျန်းရီ
ထံမှသိနိုင်သေးသူမှာဝမ်ရွှမ်တစ်ဦးတည်းသာ
ရှိတော့၏။သို့ဖြစ်ရာအကယ်၍များချင်ရှိယွီသွေးခွဲရန်မကြိုးစားခဲ့လျှင်မှထူးဆန်းအံ့သြဖွယ်ရာကိစ္စဖြစ်နေပေလိမ့်မည်။
"မင်းတို့တွေ....."
ဝမ်ရွှမ်ရယ်ရမှန်း၊ငိုရမှန်းတောင်မသိတော့
သည့်အပြင်ထိုအခိုက်အတန့်၌မည်သို့ပြန်ဖြေသင့်သည်ကိုပါမသိတော့ချေ။
သေချာတာပေါ့....အကြောင်းပြချက်ကိုနား
ထောင်ပြီးတဲ့နောက်ချင်ရှိယွီရဲ့စကားတွေကို
တစ်လုံးလေးလောက်တောင်နားထောင်လို့မဖြစ်ဘူးဆိုတာကိုပိုယုံကြည်သွားမိတယ်။
ဝမ်ရွှမ်ခေါင်းကိုခါယမ်းလိုက်ရင်းကျန်းရီ၏
နဖူးအားညင်ညင်သာသာပုတ်လိုက်ပြီးမှ
"သွားရအောင် ငါတို့လည်းဂိုဏ်းကိုမြန်မြန်
ပြန်သင့်ပြီ 'ဖန်လိုင်'ဂိုဏ်းကိုခြေတစ်လှမ်းအသာပေးလို့မဖြစ်ဘူး"
နေရာရွှေ့ပြောင်းမန္တန်စည်းမှတစ်ဆင့်ရောက်
ရှိခဲ့သောမူလဂူသို့သူတို့နှစ်ဦးရောက်သည့်အ
ချိန်တွင်တော့မျှော်လင့်ထားသည့်အတိုင်း
ရွှယ်ပင်းအာရောချင်ရှိယွီပါအစအနရှာလို့မရ
အောင်ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
ယခုအသုံးပြုနေသောဓားပျံရှေ့ပြေးနိမိတ်
ကြောင့်ခရီးသွားနှုန်းအတော်လေးမြန်ဆန်
သွားမည်ကိုတော့ဝမ်ရွှမ်ခန့်မှန်းမိပြီးသားဖြစ်
သည်။ထို့အတွက်ပထမဆုံးလျှင်မြန်စွာဂူကို
တစ်ပတ်ပတ်လိုက်၏။ဤခရီးတစ်လျှောက်
ကျန်းရီနှင့်လည်းရင်းနှီးခဲ့ပြီးဖြစ်ရာအနှီဆရာတူညီလေး၏အကြည့်များအပေါ်သတိမထား
တော့ဘဲယခင်ကလိုချင်တပ်မက်ခဲ့သောဆေး
ဖက်ဝင်အပင်များကိုသာစုဆောင်းရန်ဆုံး
ဖြတ်လိုက်လေသည်။
တန်ဖိုးအမြင့်ဆုံး'ပြာလဲ့ရောင်ရေခဲသီး'တော့
မရှိတော့ပေ။အခွင့်ရေးသမားချင်ရှိယွီယူ
သွားခြင်းသာဖြစ်နိုင်၏။'ကံဆိုးခြင်း'ဟုသာ
ဝမ်ရွှမ်တိတ်တဆိတ်တွေးခဲ့လိုက်သည်။ကံကောင်းသည်ကတော့ဤနေရာ၌ဝိဥာဥ်မြက်ပင်များနှင့်ဟန်ရှင်းမှိုအများအပြားတော့ကျန်နေသေး၏။ထိုအရာများအားဝမ်ရွှမ်လက်တစ်ဆုပ်စာအပြည့်နှုတ်ယူပြီးလုံးဝစိတ်ကျေနပ်သွားသည်အထိသိုလှောင်အိတ်ထဲသို့အပြည့်ဖြည့်လိုက်လေသည်။
ဝမ်ရွှမ်ထိုကဲ့သို့နှုတ်ယူနေစဥ်၌ကျန်းရီက
တော့ဘေးဘက်တွင်သာမတ်တပ်ရပ်၍ကြည့်
နေခဲ့သည်။
ဤမြင်ကွင်းကအနည်းငယ်ရှက်စရာကောင်း
မှန်းနောက်ဆုံးတွင်တော့ဝမ်ရွှမ်ခံစားမိပြီးချောင်းဆိုးလိုက်၏။
"ဒီဟာတွေကိုအထင်မသေးနဲ့ ငါတို့ဒါတွေယူ
သွားပြီးဂိုဏ်းအထောက်အပံ့အမှတ်နဲ့လဲ
လိုက်ရင်အတော်များများရမှာ မင်းရဲ့ငွေစာ
ရင်းထဲဝင်လာတဲ့အထိစောင့်လိုက်ရင်သိလာ
လိမ့်မယ်"
ကျန်းရီအနည်းငယ်အံ့အားသင့်သွားပြီး
"ဆရာတူအစ်ကိုကဒါတွေစုပြီးပြန်ယူသွားဖို့
လုပ်နေတာ....ပြီးရင်ကျွန်တော့်စာရင်းထဲ
ထည့်ပေးဖို့လား?"
"ဟုတ်တာပေါ့ မင်းကဒီနေရာကိုရှာတွေ့ခဲ့တာ
လေ ​ပြီးတော့နည်းနည်းလေးတောင်ဂရုမစိုက်
တာလဲမင်းပဲ"
ဝမ်ရွှမ်ခေါင်းခါယမ်းလိုက်ပြီးသိမ်းဆည်းရ
မည့်တာဝန်ကိုသာစိတ်ပါဝင်စားစွာဆက်လုပ်
နေလိုက်သည်။
ကျန်းရီ၏စိတ်အတွင်းတစ်စုံတစ်ရာလှုပ်ရှား
သွားသလိုခံစားလိုက်ရပြီးခိုင်မာပြတ်သားစွာ​
ပြန်ပြောလိုက်၏။
"ဆရာတူအစ်ကိုဒီလိုလုပ်စရာမလိုပါဘူး
ကျွန်တော့်ပစ္စည်းတွေကအစ်ကို့ပစ္စည်းတွေ
ပါပဲ"
"ဒီကလေးကတော့....မင်းဒီလိုစကားမျိုးတွေပြောရတာအခုတော့မရှက်တော့ဘူးလား?"
ဝမ်ရွှမ်မ​နေနိုင်တော့ဘဲရယ်မောလိုက်ရင်း
"တစ်ယောက်ယောက်များဒီစကားကိုကြား
သွားရင်နားလည်မှုလွဲနိုင်တယ်နော်"
ကျန်းရီကမရှင်းပြတော့ဘဲပြုံးရုံသာပြုံးခဲ့
သည်။
"ဆရာတူအစ်ကို သိုလှောင်အိတ်ထဲအပြည့်
ထည့်ဖို့အလျင်မလိုနဲ့အုံး အပြင်မှာအဆင့်3
မိစ္ဆာသားရဲရှိချင်ရှိနေအုံးမှာ"
ဝမ်ရွှမ်ကိုယ့်ပေါင်ကိုရိုက်လိုက်ရင်းအပြင်းအ
ထန်ကြိုးစားအားထုတ်မှုနှင့်အတူအနိုင်ပိုင်းနိုင်ခဲ့သော'မျက်စိသုံးလုံးအနက်ရောင်ချပ်
ဝတ်သားရဲ'ကိုပြန်မှတ်မိသွားလေသည်။၎င်း
၏ကိုယ်ထည်ပေါ်မှကြေးခွံကြီးများကိုလည်း
ငွေပမာဏအမြောက်အမြားအတွက်ရောင်းချ
နိုင်သေးသည်။
ကျန်းရီအားဂူအပြင်ဘက်သို့အလျင်အမြန်
ခေါ်လာပြီးသူတို့နှစ်ဦးဝင်လာခဲ့သောလမ်း
တစ်လျှောက်ရှာဖွေခဲ့ရာလုံလောက်သောအ
ကွာအဝေးအရောက်တွင်တော့နဂိုအတိုင်းလဲ
လျောင်းနေသောမိစ္ဆာသားရဲအလောင်းကိုတွေ့လိုက်ရ၏။ကြေးခွံခွာရန်အထူးပြုလုပ်
ထားသောဓားငယ်အားဝမ်ရွှမ်ပြတ်သားစွာထုတ်လိုက်ပြီးကြေးခွံကိုချွတ်ကာကျွမ်းကျင်
သောစွမ်းရည်ဖြင့်သံချပ်ကာများကိုဖယ်ရှား
လိုက်သည်။
ဤကျွမ်းကျင်သောအခွံချွတ်စွမ်းရည်ကဝမ်
ရွှမ်နှစ်ပေါင်းများစွာကြံ့ကြံ့ခံပြီးခက်ခက်ခဲခဲ
အလုပ်ကြိုးစားခဲ့ဖူးသူဖြစ်ကြောင်းတစ်ဖက်
လူကိုသိသာမြင်သာစေ၏။
ကျန်းရီကဘေးဘက်မှရပ်ကြည့်ရင်းပြုံးနေခဲ့
သည်။သူ့အပြုံးထဲ၌အခြားသောအဓိပ္ပါယ်
များလည်းရောနှက်နေခဲ့သေးသည်။
'တံခွန်တိမ်တိုက်'ဂိုဏ်းရဲ့တပည့်ခေါင်းဆောင်
ဖြစ်ရတာအရမ်းကောင်းတယ်လို့တစ်ခြားလူတွေကအမြဲတွေးတတ်ကြပေမယ့်ဝမ်ရွှမ့်နေ့ရက်တွေကသာမာန်တပည့်တွေထက်တော့
မသက်သာခဲ့ဘူး။ဆရာတွေကလည်းသူ့ကိုဘယ်တုန်းကမှဘာတစ်ခုမှမပေးခဲ့ဖူးဘူး။သူရခဲ့သမျှအရာအားလုံးကသူ့အစွမ်းအစနဲ့သူ
ကိုယ်တိုင်ကြိုးစားခဲ့လို့ရခဲ့တာတွေပဲရှိတယ်။ပြီးတော့အဲ့ဒီလိုအကြောင်းအရင်းကြောင့်
တစ်စုံတစ်ယောက်ကသူ့ကိုနည်းနည်းလေးပဲဂရုစိုက်ပြရင်တောင်သူကအမြဲတမ်းမှတ်မိနေတတ်တဲ့လူမျိုးပဲ။
မိစ္ဆာသားရဲကြီး၏ကိုယ်ပေါ်မှချပ်ဝတ်ကြေးခွံ
များကိုဝမ်ရွှမ်ဖယ်ရှားလိုက်ပြီးချွန်မြသော
ခြေသည်းလက်သည်းများကိုပါညှပ်ချလိုက်
၏။သို့သော်လည်းသိုလှောင်အိတ်ထဲ၌မဆန့်
တော့သည်ကိုသတိထားမိလိုက်ပြီးထိုအရာ
များနှင့်ပတ်သတ်၍ပူပန်သွားခဲ့ရပြန်သည်။
နောက်ဆုံးတွင်ကျန်းရီကရှေ့သို့လျှောက်လာ
ပြီးလက်ကောက်ဝတ်ပေါ်မှကျောက်စိမ်းလက်ကောက်ကိုပွတ်လျှက်မြေပြင်ပေါ်မှ
ပစ္စည်းများအားလုံးကိုထိုလက်ကောက်ထဲသို့
ထည့်လိုက်လေသည်။
"အခုတော့ကူညီရကောင်းမှန်းသိသွားပြီပေါ့
လေ"
ဝမ်ရွှမ်ကပြုံးရင်းဆူပူလိုက်၏။ရှင်းလင်းနေ
သောနေရာလွတ်ကိုကြည့်ရင်းမဖော်ပြနိုင်
သည့်ရောင့်ရဲကျေနပ်သောအမူအယာတစ်ခု
ပေါ်လာခဲ့သည်။
ထို့နောက်ဓားပျံရှေ့ပြေးနိမိတ်အားမြေပြင်ပေါ်နေရာချလိုက်ပြီးကျန်းရီကိုဆွဲတင်ကာ
ဂိုဏ်းဆီသို့အလျင်အမြန်ပျံသန်းလိုက်လေ
သည်။
လမ်းတစ်လျှောက်လုံး၌ဤခရီးမှရရှိခဲ့သော
ဥစ္စာပစ္စည်းများအကြောင်းဝမ်ရွှမ်ခြုံငုံသုံး
သပ်ခဲ့ပြီးကျန်းရီသတိထားသင့်သောအချက်
များကိုပါတွတ်ထိုးပြောဆိုလိုက်၏။
"မင်းရဲ့ကျောက်စိမ်းလက်ကောက်ကိုအနာ
ဂတ်မှာတစ်ခြားသူတွေကိုမပြမိစေနဲ့"
"ပုံမှန်သိုလှောင်အိတ်မျိုးဝယ်ပြီးမင်းရဲ့ခါးမှာ
ချိတ်ထားလိုက် ​အရန်သဘောအနေနဲ့သုံးပေါ့
ပစ္စည်းတွေထည့်သိမ်းနိုင်တဲ့ကျောက်စိမ်း
လက်ကောက်မျိုးကချီသန့်စင်ခြင်းအဆင့်
ကျင့်ကြံသူတစ်ယောက်မှာရှိသင့်တဲ့အရာမျိုး
မဟုတ်ဘူး မဆွဲဆောင်မိဖို့ကြိုးစားလို့မရနိုင်
တဲ့လောဘသမားတွေအများကြီးရှိတယ်"
ကျန်းရီကနာခံစွာခေါင်းညိတ်ပြလာခဲ့သည်။
"ပြီးတော့'ကောင်းကင်ဘုံရဲ့အလိုတော်'ကိုဖတ်နိုင်တဲ့မင်းရဲ့အရည်အချင်း...အဲ့တာကိုမင်းဘယ်ကသင်လာမှန်းငါမသိပေမယ့်
ပုံမှန်လူတစ်ယောက်မှာရှိသင့်တဲ့အရာမျိုးမ
ဟုတ်ဘူး"
ဝမ်ရွှမ်စကားဆက်ပြောလိုက်၏။
"မင်းအဲ့တာကိုသုံးဖို့မလိုဘူးဆိုရင်မသုံးပါနဲ့
လူတွေအများကြီးကိုအဲ့တာနဲ့ပတ်သတ်ပြီး
မသိကြအောင်ရှောင်နိုင်ရင်တော့အကောင်းဆုံးပေါ့ အဲ့လိုမှမဟုတ်ရင်ကောင်းကင်ဘုံရဲ့
မနာလိုဝန်တိုမှုကိုမဆွဲဆောင်နိုင်ခဲ့ရင်တောင်
လူတွေရဲ့မနာဝန်တိုမှုကိုတော့ဆွဲဆောင်ပြီး
သားဖြစ်နေလိမ့်မယ်"
ကျန်းရီကအနည်းငယ်ပြုံးလိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့တစ်ယောက်ထဲကိုပဲကြည့်ခွင့်ပေးဖို့ကျွန်တော်စီစဥ်ပြီးသားပါ"
"ဒီကလေး....မင်းအသက်ကိုမဆင်မခြင်ဂရု
မစိုက်လုပ်နေတာရယ်၊တစ်ချိန်လုံးအရူးလို
ပြုံးနေတာကိုလည်းရပ်အုံး"
ကျန်းရီထံဝမ်ရွှမ်အကြည့်ပို့လိုက်ရင်း
"အခုလိုပြောနေမှပဲငါရုတ်တရက်သတိရသွား
တော့တယ် အရင်ကငါမင်းကိုပေးခဲ့တဲ့မှော်ဝတ်ရုံစ​ရောဘယ်မှာလဲ?"
(note/Chapter4တုန်းက'အလင်းထည်စ'ကို
ပြောတာပါ ဒါပေမယ့်ဒီအပိုင်းမှာအသုံးအ
နှုန်းတစ်မျိုးပြောင်းသွားလို့ပြောင်းသွားတဲ့အတိုင်းပဲရေးလိုက်ပါတယ်)
"ကျွန်တော်ယူလာပါတယ်"
"မင်းယူလာတယ်ဆိုကတည်းကတော့ဝတ်
ထားလိုက်ပေါ့"
ဝမ်ရွှမ်ထပ်ပြောလိုက်၏။
"အန္တရာယ်ကြုံလာတဲ့အခါအကာအကွယ်
နောက်တစ်လွှာရှိထားတာကောင်းတယ်လေ"
ကျန်းရီခေါင်းငုံ့လိုက်ပြီးမျက်နှာသည်လည်း
နီမြန်းလာခဲ့၏။အချိန်အတန်ကြာတိတ်ဆိတ်
ခဲ့ပြီးမှအားပျော့သောလေသံဖျော့ဖျော့ဖြင့်
ထုတ်ပြောလာခဲ့သည်။
"အနာဂတ်မှာအန္တရာယ်နဲ့ထိပ်တိုက်ကြုံရတဲ့အချိန်ကျ ကျွန်တော်အဲ့တာကိုဝတ်ပါ့မယ်...."
ကျန်းရီ၏မျက်နှာဘာကြောင့်နောက်တစ်ဖန်
နီမြန်းလာခဲ့ရမှန်းဝမ်ရွှမ်နားမလည်သော်
လည်းတစ်ဖက်လူ၏အဖြေစကားကိုကြားပြီး
နောက်အလွန်အမင်းစိတ်ကျေနပ်သွားခဲ့ရ
သည်။ခေါင်းညိတ်ပြလိုက်ပြီးနောက်ဆုံးတွင်
တော့ခေါင်းကိုအရှေ့သို့ပြန်လှည့်လျက်အ
ရှိန်မြှင့်ရန်သာအာရုံစိုက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင်ကျန်းရီကဝမ်ရွှမ့်၏
ကျောပြင်ကိုသာတစ်ချိန်လုံးတိတ်ဆိတ်စွာ
ငေးကြည့်နေခဲ့သည်။ချင်ရှိယွီ၏စကားများ
အားယခုထိမှတ်မိပါသေး၏။သို့သော်ဝမ်ရွှမ်
ကတော့တစ်လမ်းလုံးနားပူနားဆာလုပ်ခဲ့
သော်လည်းထိုကိစ္စကိုတော့နည်းနည်းလေးမှ
ဂရုမစိုက်သလိုတစ်ခွန်းတောင်မမေးခဲ့ပေ။
ဒီလိုကြောက်စရာကောင်းတဲ့အခြေအနေကြီး
ကတကယ်ပဲဒီလောက်နဲ့ပြီးဆုံးသွားတာလား?
မည်သို့မျှမတတ်နိုင်ရကားပျော်ရွှင်ခြင်း၏
အလယ်၌ကြောက်ရွံ့မှုအနည်းငယ်ကိုပါခံစား
နေရဆဲဖြစ်၏။သို့သော်လည်းခရီးလမ်းတစ်
လျှောက်လုံးတွင်ဝမ်ရွှမ့်စကားများအားပြန်
လည်ဆန်းစစ်ခြင်းဖြင့်အချိန်ကုန်ဆုံးစေခဲ့
သည်။ယေဘုယျအားဖြင့်သူ့အပေါ်ထားရှိ
သောဝမ်ရွှမ့်ယုံကြည်မှုနှင့်စိုးရိမ်စိတ်များက
ပရိယာယ်ကင်းသောပင်ကိုစိတ်ထားမျိုးသာ
ဖြစ်၏။သို့ဖြစ်ရာတစ်စုံတစ်ခုကိုပြောပြရန်
အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း
အချိန်တိုင်းတွင်ထိုစကားများအားပြန်မျိုချ
လိုက်ခြင်းဖြင့်သာအဆုံးသတ်ခဲ့ရသည်။
'တံခွန်တိမ်တိုက်'ဂိုဏ်း၏နယ်နိမိတ်အနီးသို့
ရောက်လာ၍ဝမ်ရွှမ်အရှိန်နိမ့်လိုက်သည့်အ
ချိန်မှသာကျန်းရီကရုတ်တရက်စကားပြော
လာခဲ့၏။
"ဆရာတူအစ်ကို.."
ဝမ်ရွှမ်ကပြန်လှည့်ကြည့်ရင်းမေးလိုက်၏။
"ဘာဖြစ်လို့လဲ?"
"ကျွန်တော်....."
ကျန်းရီကနှုတ်ခမ်းကိုက်လိုက်ပြီး
"ကျွန်တော် အစ်ကို့ကိုပြောပြချင်တာတွေအ
များကြီးရှိတယ် ကျွန်တော်..."
ထိုအခိုက်အတန့်မှာပင်ကျန်းရီ၏စကားလုံး
များအားကြားဖြတ်နှောင့်ယှက်လိုက်သော
အခြားအသံတစ်သံထွက်ပေါ်လာခဲ့သည်။
"အိုင်းယိုး...ဘယ်သူတွေပြန်ရောက်လာလဲ
ကြည့်လိုက်ကြပါအုံး"
ကျန်းရီမနေနိုင်တော့ဘဲတိတ်တဆိတ်ကျိန်ဆဲ
လိုက်မိ၏။
သူတို့နှစ်ဦးလှည့်ကြည့်လိုက်ရာဘေးဘက်မှ
ထွက်လာသောလူများစွာကိုတွေ့လိုက်ရ၏။
ထိုလူအုပ်ကိုဦးဆောင်လာသူမှာလော့ချင်း
ချွမ်စင်စစ်ဖြစ်ချေသည်။
လော့ချင်းချွမ်ကခေါင်းမော့ထားပြီးမောက်
မာ​သောမျက်နှာထားဖြင့်
"ဘာလဲ..ဆရာတူအစ်ကိုနောက်ဆုံးတော့ရွှေ
နက်သတ္တုရိုင်းရလာပြီပေါ့?ဓားကျိုးကိစ္စရော
ဖြေရှင်းပြီးပြီလား?"
လော့ချင်းချွမ်အားမြင်လိုက်ရသောအခါ
ဝမ်ရွှမ့်မျက်နှာထားမှာတင်းမာလာခဲ့ပြီးသစ်
သားကဲ့သို့ခပ်တောင့်တောင့်လေသံဖြင့်သာ
ပြန်ဖြေလိုက်၏။
"ဆရာတူညီလေးလော့ကငါ့အကြောင်းကို
ဘာလို့များအဲ့လောက်အထိစိတ်ဝင်စားနေ
တာလဲ?"
"သေချာတာပေါ့ ကျွန်တော်စိတ်ဝင်စားရမှာ​ပဲ"
လော့ချင်းချွမ်ကထိုစကားလုံးများကိုပုံမှန်လေသံဖြင့်သာစပြောခဲ့သော်လည်းအဆုံး
သတ်စကားလုံးအပြီးတွင်တော့အံကြိတ်လိုက်လေသည်။
ထိုကဲ့သို့ပြောပြီးနောက်လော့ချင်းချွမ်ကမည်းမှောင်နေသာမျက်နှာထားဖြင့်သူ့လက်
ချောင်းများအားချိုးချေလိုက်၏။အနောက်
ဘက်မှလူအချို့သည်လည်းထိုအသံကိုကြား
ပြီးနောက်လေထဲသို့ပျံတက်သွားကြသည်။
ချီသန့်စင်ခြင်းအဆင့်တွင်သာရှိသေးသော
တပည့်တစ်ဦးသည်သာနှစ်ဦးနှစ်ဖက်အကြား
ရပ်နေဆဲဖြစ်၏။
ထိုတပည့်မှာအပြင်ဆောင်တပည့်ဖြစ်သော်
လည်းဝမ်ရွှမ်မှတ်မိနေသေးသည်လွန်ခဲ့သောနှစ်နှစ်ကဝမ်ရွှမ်အပြင်ဆောင်ထွက်ရင်းဤဆရာတူညီလေးနှင့်အမှတ်မထင်ကြုံခဲ့ရဖူးသည်။ထိုဆရာတူညီလေး၏ကျင့်ကြံခြင်း၌အဟန့်အတားရှိနေသည်ကိုဝမ်ရွှမ်တွေ့ခဲ့ပြီးအချို့သောအချက်အလက်များကိုလည်းပေးခဲ့ဖူးသေးသည်။
ဤအကြောင်းအရာမှလွဲ၍ထိုဆရာတူညီ
လေးနှင့်ပတ်သတ်သောအထူးတလည်ကိစ္စမျိုးရှိမနေပါချေ။
အပြင်ဆောင်တပည့်တွေအများကြီးရှိတဲ့အထဲမှဒီဆရာတူညီလေးကလော့ချမ်းချွမ်ကို
ဘာများအမှားလုပ်မိလို့လဲ?
ဝမ်ရွှမ်စိတ်ရှုပ်ထွေးစွာတွေးတောနေစဥ်၌ပင်
လော့ချင်းချွမ်ကခေါက်ယပ်တောင်အားအသံ
ကျယ်ကြီးမြည်အောင်ဖွင့်လိုက်ပြီးခေါက်ယပ်
တောင်အစွန်းဖြင့်ထိုဆရာတူညီလေးကိုညွှန်
လိုက်၏။ဟန်ဆောင်အပြုံးတစ်ခုပြုံးလိုက်
သော်လည်းရန်လိုမှုများလွှမ်းခြုံနေသောအမူ
အယာကိုတော့မဖုံးကွယ်နိုင်ခဲ့ပေ။
"အခုလေးတင်အပြင်ဆောင်ကိုဖြတ်လာရင်း
ကျွန်တော်တို့ရဲ့တိုက်ပွဲအကြောင်းအဲ့ဒီကောင်
ဆွေးနွှေးနေတာကိုကြားခဲ့ရတယ် သူပြောနေ
တာကခင်ဗျားရှုံးရတဲ့အကြောင်းအရင်းက
ကံမကောင်းစွာနဲ့လက်နက်ကျိုးသွားခဲ့ရလို့တဲ့
ခင်ဗျားမှာသာလက်နက်ကောင်းရှိရင်ကျွန်
တော်ကခင်ဗျားကိုမနိုင်နိုင်ပါဘူးတဲ့လေ"
နောက်ဆုံးတွင်တော့အကြောင်းအရင်းကို
ဝမ်ရွှမ်နားလည်သွားပြီးခေါင်းခါယမ်းလိုက်
၏။
သူရှုံးခဲ့တာကလုံလောက်တဲ့အရည်အချင်းမျိုးမရှိလို့ဓားပါကျိုးပြီးရှုံးခဲ့ရတာ။ဓားကျိုးရ
တာကသူရှုံးခဲ့ရတဲ့အကြောင်းအရင်းမဟုတ်
ဘူး။ပြီးတော့အဲ့ဒီဆရာတူညီလေးကအပြင်
ဆောင်တပည့်မို့တိုက်ပွဲကိုလည်းသူကိုယ်တိုင်
မကြည့်ခဲ့ရဘူး။ဒီအချက်ကိုသူပြောခဲ့တာက
ဝမ်ရွှမ့်ဘက်ကနေကာကွယ်ပေးချင်လို့ပြော
ခဲ့ယုံပဲ...
"ဆရာတူအစ်ကို"
လော့ချင်းချွမ်ကအံကြိတ်ရင်းမေးလာခဲ့၏။
"ဘယ်လိုထင်လဲ?"
ဘယ်လိုထင်ရမှာလဲ? 30%လောက်ဒေါသထွက်ပြီး 70%လောက်ထိသွားတာပေါ့ကွ!
"မင်းရောဘယ်လိုထင်လဲ"
လော့ချင်းချွမ်ကိုသာဝမ်ရွှမ်ပြန်မေးလိုက်၏။
"ကျွန်တော်ဘယ်လိုထင်လဲဆိုရင်တော့ရွှေ
နက်သတ္တုရိုင်းကိုထုတ်ပြီးဓားကိုမြန်မြန်လေး
ပြင်ပြီးတာနဲ့ခင်ဗျားကိုကျွန်တော်နဲ့ထပ်တိုက်
စေချင်တယ် အဲ့ဒီဓားကိုပြင်လို့မရဘဲအဆိုး
တကာ့အဆိုးဆုံးအခြေအနေရောက်နေရင်
တော့ခင်ဗျားကိုကျွန်တော်ဓားပျံငှားပေးလိုက်
မယ်"
ဤစကားအားပြောပြီးလော့ချင်းချွမ်ကဆိုး
ရွားသောရယ်သံဖြင့်အော်ရယ်လိုက်ကာ
"ပြီးတော့ အကယ်၍များကျွန်တော့်ကိုထပ်
ရှုံးခဲ့ရင်ဒီမဆင်မ​ခြင်ပြောတတ်တဲ့ကောင်ကို
သူ့မျက်နှာသူဆယ်ချက်ပြန်ရိုက်ခိုင်းပြီးဂိုဏ်း
ကနေစိတ်လိုလက်ရထွက်သွားစေချင်တယ်"
-----------------------------------------------------------------
T/N:1 novelလေးတွေreviewရေးပေးတဲ့
pageမှာဒီnovelလေးအကြောင်းreviewပေးထားတွေ့လိုက်ရပါတယ် အရမ်းလဲပျော်သွားသလိုသဘောကျပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင့်❤
2.Gong,Shouကိစ္စရယ်၊WXနဲ့JYရဲ့အသက်
ရယ်ကCh20လောက်အထိပြီးရင်သပ်သပ်တင်ပြီးရှင်းပေးပါမယ်နော် တစ်ခြားပြောချင်တာလေးတွေလဲရှိလို့ပါ။အဲ့ဒီမတိုင်ခင်Gong,
Shouကိစ္စကိုခန့်မှန်းကြည့်ကြပါအုံး hehe
.................................................................
                 <ဂိုဏ်းသို့ပြန်ခြင်း>
ချင်ရှိယွီ၏စကားများကြားပြီးနောက်ပြိုကျ
တော့မည့်မိုးလိုမည်းမှောင်နေသာကျန်းရီ၏
မျက်နှာ၌အေးစက်သောအပြုံးတစ်ခုပေါ်
လာခဲ့သည်။
ရင်းတွေးလိုက်မိ၏။
ပြီးသားဖြစ်တယ်။
ဆုံးရှင်းပစ်ရမယ်!
"ခင်ဗျား..."
"အိုး.."
တာလား?"
ခဲ့ရတယ်။
ဘူးလား?
"ဟုတ်လား? မဟုတ်ဘူးလား?"
"ဟုတ်ပြီ ဟုတ်ပြီ"
လဲ?"
လာခဲ့ပြီး
ကြိုးစားတာလား?!"
"ဆရာတူအစ်ကို......"
"ကျွန်တော့်ကိုယုံလား?"
စိုးရိမ်နေတာလား?"
ပျောက်ရှသွားခဲ့ရတယ်။
ဘာလဲဆိုတာရှင်းပါတယ်"
ကြုံ့လိုက်၏။
တွေအများကြီးရှိတယ်"
"မင်းတို့တွေ....."
တစ်ပတ်ပတ်လိုက်၏။ဤခရီးတစ်လျှောက်
ဖြတ်လိုက်လေသည်။
နေခဲ့သည်။
လိမ့်မယ်"
ထည့်ပေးဖို့လား?"
တာလဲမင်းပဲ"
နေလိုက်သည်။
ပြန်ပြောလိုက်၏။
ပါပဲ"
သည်။
နိုင်သေးသည်။
လိုက်သည်။
လူကိုသိသာမြင်သာစေ၏။
သည်။
ဟုတ်ဘူး"
သားဖြစ်နေလိမ့်မယ်"
"ကျွန်တော်ယူလာပါတယ်"
ထားလိုက်ပေါ့"
ထုတ်ပြောလာခဲ့သည်။
ငေးကြည့်နေခဲ့သည်။ချင်ရှိယွီ၏စကားများ
လာခဲ့၏။
"ဆရာတူအစ်ကို.."
"ဘာဖြစ်လို့လဲ?"
"ကျွန်တော်....."
ကြည့်လိုက်ကြပါအုံး"
လိုက်မိ၏။
ဖြေရှင်းပြီးပြီလား?"
ပြန်ဖြေလိုက်၏။
တာလဲ?"
ရပ်နေဆဲဖြစ်၏။
၏။
ခဲ့ယုံပဲ...
"ဆရာတူအစ်ကို"
"ဘယ်လိုထင်လဲ?"
"မင်းရောဘယ်လိုထင်လဲ"
မယ်"
-----------------------------------------------------------------
.................................................................
Continue Reading
You'll Also Like
7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
390K 59K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...