စူးရှနှင့် ယုယငယ် အချိန်ကြာကြာထိ နမ်းနေမိကြသည်။
အဲ့ဒီ့အမိက ကျွမ်းကျင်အဆင့်ပဲ။
မနက်စောစောစီးစီး ဘယ်ကနေ ဘယ်လို နှစ်ယောက်သား နမ်းနေမိကြလဲဆိုတာ စူးရှ ပြန်တွေးနေမိသည်။
မနေ့ညက သူမရဲ့ ဘယ်သူမှန်းမသိသော လူကို လွမ်းစိတ်ကြောင့်
ခံစားနေရပုံကို မကြည့်ရက်သူ စူးရှက အကြာကြီး ရှိနေပေးခဲ့သည်။
အခန်းထဲအိပ်ပျော်သွားခဲ့ပြီး
ပြန်နိုးလာတော့ မိုးလင်းနေပြီ။
စူးရှဘေးတွင် စောင်းအိပ်ကာ မျက်စိပွင့်လျက်သား ယူယငယ်က စူးရှကို စိမ်ပြေနပြေ ငေးကြည့်နေခဲ့သည်။
"အမလေး... "
အလန့်တကြားထထိုင်လိုက်သည်။
ယုယရော လိုက်ထထိုင်လာပြန်၏။
စူးရှ မတ်တတ်ထရပ်တော့ ယုယငယ် ပါထရပ်လာသည်။
" ဘာလို့လိုက်ကော်ပီနေတာလဲ "
ယုယ ခိုးရယ်နေတာကို စူးရှ မြင်လိုက်သည်။
"ရှက်လို့လား။ တစ်ညလုံး အတူအိပ်ခဲ့တာတောင်"
"ကျွန်တော်ပြန်တော့... အင့် "
လူကို သူ့အပိုင်လို ဆွဲလားရမ်းလားနဲ့
နှုတ်ခမ်းကို ထိကပ်ထားသော
ယုယငယ်က လက်ရဲဇက်ရဲနိုင်လွန်းသည်။
တွန်းထုတ်လိုက်ချင်ပေမယ့်
မျက်လုံးမဖွင့်ရဲ။
စူးရှ၏ ပါးနှစ်ဖက်ကို ထိကိုင်ထားတာမို့ လှုပ်မရဲ အသက်ရှူမရဲနှင့်။ ရင်အစုံက
ပေါက်ကွဲတော့မည့် ဗုံးလို ခံစားလာရသည်။
ရင်ထဲက ဗလောင်ဆူလာလွန်းသောကြောင့်
ဗိုက်ဆာလာသလိုလိုရှိသည်၊
ယုယငယ်ကနှုတ်ခမ်းချင်းထိကပ်ထားရမှ ခွါပေးလိုက်တော့
"ပြန်.. ပြန်တော့မယ်"
အယောင်ယောင်အမှားမှားနှင့် စူးရှတစ်ယောက် အိမ်ထဲက ပြေးထွက်ခဲ့သည်။
အသင့်တွေ့သော တက္ကစီပေါ်တက်ထိုင်ပြီး
နေရပ်ပြောလိုက်သည်။
တက္ကစီ သမားက စောစောစီးစီး ဘာတွေးပြ ပျော်နေမှန်းမသိ
သီချင်းတစာစာနှင့်။
စောစောစီးစီးဖွင့်ထားတဲ့သီချင်းက ချစ်ခွင့်ရချင်ပြီ။
အများကတားမြစ်ထားလည်း အဖြေကို လိုချင်တယ်
ပျော်ရွှင်စရာက မင်းပဲ ဖြစ်တယ်နော်...
သီချင်းစာသားကြောင့် မျက်နှာတစ်ခုလုံး ပူရှိမ်းလာသည်။
ကိုယ့်နှုတ်ခမ်းကို ဖွဖွလေးပြန်ထိပြီး ကိုယ်တိုင်မသိလိုက်ခင်မှာပဲ ပြုံးနေမိသည်။
ကားသမားဦးလေးကြီးက မှန်ထဲမှ စူးရှကိုကြည့်ရင်း ဘာတွေးပြီးပြုံးနေမှန်းမသိသောကောင်လေးကြောင့်
လိုက်ပြုံးနေသည်။
ထို့နောက် သီချင်းသံကို အနည်းငယ် ချဲ့လိုက်သည်၊
စဥ်းစားခြင်းများ သုံးမရ... အကောင်းဆုံး မင်းလေးပဲထင်
ယုံကြည်ရာကို ကူညီပေးကွယ် အချစ်လေး.... ရေ.. ရေး....
အာ... ဒီလူကြီး ဘယ်လိုဖြစ်နေပါလိမ့်။
"ငါ့တူရ ။ ကားခဘယ်လောက်လဲမမေးပဲ တက်စီးတော့
ဦးကြီးက ဟိုရောက်မှာ အပိုတောင်းနေရင် ဘယ်လိုလုပ်မလဲ"
တက္ကစီမောင်းတဲ့ ဦးလေးကြီးက မှန်းထဲမှ နောက်ဘက်ဆီ ကြည့်ရင်း
ခေါင်းတညိတ်ညိတ်နှင့်ပြောသည်။
"ဒါဆို ဦးလေးကရော ဟိုရောက်မှ ကျွန်တော်က ပိုက်ဆံမပေးပဲ ဦးလေးကို လူမိုက်တွေနဲ့ဝိုင်းရိုက်ခိုင်းမှာမကြောက်ဘူးလား"
"အာ... ကြံကြံဖန်ဖန်ကွာ။ စောစောစီးစီးစိတ်ကြည်အောင်ထားနေပါတယ်ဆိုမှ။
ကိုယ့်ဘက်က မှန်မှန်ကန်ကန်နေရင် လူတွေကလည်း
မှန်မှန်ကန်ကန် ပြန်ဆက်ဆံတယ်လေ။
အဲ့တာကြောင့်ဦးလေးကဘယ်သူ့ကိုမှ မတရားမလုပ်ဘူး။
စိတ်ချ ။ ငါ့တူကိုရော ကျသင့်သလောက်ပဲတောင်းမှာ"
"ကျေးဇူးတင်ပါတယ်ခင်မျ"
စူးရှကျေးဇူးပြောလိုက်သည်ကိုတောင် ကြားပုံမရ။
ရှေ့ကိုအာရုံစိုက်မောင်းနေရင်း
သီချင်းဆီ မြောနေပြန်သည်။
.............
What if i told you that i la la la la la la love you
ဖုန်းမည်သံတိုးတိုးက သူ့ဟာမဟုတ်မှန်း သိပြီးနောက်
စူးရှ ကျန်နေခဲ့သည်ဆိုတာ ခန့်မှန်းမိပြီ။
ဖုန်းကို အိပ်ယာဘေးက ဖုန်းကို ကြည့်တော့ contactမှာ အကိုတဲ့။
"ဟလို"
" ညီ.. မင်းဘယ်တွေ.. ဟင် မင်းဘယ်သူလဲ"
အကိုဆိုတော့ ဟိုတုန်းက တွေ့ခဲ့တဲ့သူဟု ယုယငယ်ထင်သည်။
ထို့ကြောင့် နည်းနည်း သွေးထိုးလိုက်ချင်သေးသည်၊
" ယုယမေ ပါ"
"ဘာ ! ယုယငယ် ဟုတ်လာ။ ငါ့ညီဖုန်းက ဘယ်လိုဖြစ်ပြီး မင်းဆီရောက်နေရတာလဲ။
အခုငါ့ညီဘယ်မှာလဲ"
"စိတ်မပူပါနဲ့။ သူပြန်သွားပါပြီ။ ညက တို့နဲ့လာအိပ်သွားတာလေ အဟင်းဟင်း"
"တောက်! ယုယငယ် မင်းငါနဲ့တွေ့မယ်"
ဖုန်းကျသွားပြီးတော့ ယုယငယ် ခပ်မဲ့မဲ့ပြုံးလိုက်သည်။
ဒီကမ္ဘာမှာ အားနာစရာ ဘယ်သူ့မျက်နှာမှမရှိ။
ကြောက်စရာ ဘယ်သူမှလည်းမလို ယ
"ပိုလို့တောင်ကောင်းသေးတယ်"
ဖုန်း screenမီးပိတ်သွားပြီးတော့ screen wallpaper မှာ စူးရှနှင့် အွန်မ်စင် ဆယ်ဖီဆွဲထားသော
ပုံကလေးက ချစ်စရာ။
သို့သော် ယုယငယ် မချစ်နိုင်ပါ။
သူချစ်ပေးနိုင်တာ လောကမှာ သူစိမ်းလူသားဆိုလို
ကောင်လေးမဟုတ်သော ထိုကောင်လေးသာရှိလိမ့်မည်။
ဖုန်းကို အိပ်ယာပေါ်ပစ်တင်ပြီး စူးရှ အိပ်ပျော်ခဲ့သော နေရာတွင် ဝင်လှဲနေလိုက်သည်။
သူ့လုပ်နေတာတွေက ဘောင်လွန်နေတာတွေ မပါပေမယ့်
ဒီလုပ်လုပ်လိုက်လို့လည်း နောင်တမရှိပါ။
တစ်ခုပဲ စူးရှ အဆင်မပြေမှာစိုးသည်။
ရေချိုးခန်းထဲဝင်ပြီး
ရေမိုးချိုးပြီး အပြင်သွားရတော့မည်။
************
အိမ်ရှေ့ကို ကားရောက်ခါနီးမှ အကို့ဆီ ဖုန်းခေါ်ပြီး ပိုက်ဆဲ တောင်းမယ်လုပ်မှ
ဖုန်းပါမလာခဲ့တာ သတိရသည်။
"အာ.. ကျစ်"
ကားသမားဦးလေးကြီးဟာ ရေဘူးမှ ရေတွေကို တဂွတ်ဂွတ်မော့သောက်ပြီး
ပြာယာခက်နေသည့်စူးရှအား မမှိတ်မသုန် စိုက်ကြည့်နေသည်။
"ဟီးဟီး"
စူးရှ တက္ကစီမောင်းသမားကြီးအား မျက်နှာလုပ်ပြုံးပြလိုက်သည်။
"ဟီးဟီး"
ဦးလေးကြီးကပါ ရေတွေကို မြန်မြန်မျိုချပြီး
ပြန်ရယ်ပြသည်။
"ဟိုလေ ဦးလေး...."
"ပိုက်ဆံမပါဘူးလား"
"ဟုတ် အဲ့တာ..."
"မင်းအိမ်ရှေ့မှာလေကွာအိမ်ထဲဝင်ယူပေါ့။
ဘာတွေ ခက်တာမှတ်လို့"
ဦးလေးကြီးက သောက်ပြီးသား ရေသန့်ဘူးခွံကို လမ်းဘေးက အမှိုက်ပုံးဆီ သွားပစ်လိုက်၏။
"အယ် မသွားသေးဘူးလား ။
ကြာရင် ငါက စောင့်ခပါ ပိုတောင်းမှာနော်"
"ဟုတ် ကျေးဇူးတင်ပါတယ်ခင်မျ"
ခြံတံခါးသော အသင့်ပါလာလို့ တော်ရော့သည်။
အိမ်ထဲ လွယ်ကူစွာဖွင့်ဝင်ပြီး
ခပ်မြန်မြန်ပြေးသွားလိုက်သည်။
ဦလေးကြီး သဘောကောင်းလို့တော်သေးတာပေါ့။
အိမ်ထဲဝင်လျင်ဝင်ချင်း
ဧည့်ခန်းမှာ လူစုံနေသည်
"သားငယ်. "
"ညီ မင်းဘာတွေလျှောက်လုပ်နေတာလဲ ။
အဲ့မိန်းမနဲ့မပတ်သက်နဲ့လို့ပြောထားတာလေ
မင်းမှာ ပတ်သက်စရာ မိန်းမအဲ့လောက်ရှားလား"
"အကိုဘာတွေပြောနေတာလဲမသိပေမယ့်
အခုလောလောဆယ် ကားခလေး ပေးပေးပါလားဟင် "
"ဘာ! "
ဖေဖေက သားငယ်လေးကိုစိတ်ပူနေတာဟုဆိုကာ
ဖက်ငိုတော့မည့်အလား။
"နော်ဖေဖေနော် အပြင်မှာ ကားသမားစောင့်နေတာ ဟီး"
မျက်နှာချိုသွေးနေရပြန်ပြီ။
စူးရှ ဖေဖေက ပိုက်ဆံအိတ်ထဲက တစ်သောင်းတန်တစ်ရွက်ထုတ်ပေးလိုက်သည်။
"ပြီးမှဆူနော် အကို "
"အာ.. ဒီကောင်တော့ကွာ.."
"တော်ပါတော့ သားရယ်
သူလည်းပြန်လာပြီကို ။ ပြီးမှ အေးဆေးမေးပေါ့"
သူတို့စကားတွေကို မကြားတကြား အပြင်ကို ပြေးထွက်လာတော့
ကားသအားဦးလေးကြီးက you are my soniya ကုလားသီချင်းနဲ့ နှပ်နေပြန်သည်။
"ဦးလေး ဘယ်လောက်ကျလဲမသိဘူး"
ဦးလေးကြီးက သီချင်းသံကို နည်းနည်းလျှော့လိုက်ပြီး
"၆၀၀၀တော့ပေးကွာ။ "
"ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ခင်မျ။
ပြန်မအမ်းပါတော့နဲ့"
ပိုက်ဆံပေးပြီး အိမ်ထဲပြေးဝင်သွားသော ကောင်လေးအားကြည့်ရင်း
"ချမ်းသာတဲ့လူတွေများ ရော့ကွာ ရော့ကွာနဲ့ အမ်းနေလိုက်တာများ။
ကြည့်စမ်း ဘယ်ကောင်မလေးအိမ်မှာ သွားရင်းနဲ့ မိုးလင်းမှ ပြန်လာတာလဲမသိ။
ဟင်း...
ဘာနေနေပါ။
ငါစိတ်ကောင်းကောင်းထားမှ ရမယ်။
အခုတောင် ငါအအမ်းခံလိုက်ပြီမဟုတ်လား။
အဟေး ဟေး "
သူ့ဟာသူ တစ်ယောက်ထဲ စကားတွေပြောရင်း သီချင်းသံ နည်းနည်းမြှင့်ကာ
ကားမောင်းထွက်သွားတော့၏။
🍂🍂🍂🍂
" ဘယ်လိုဖြစ်ပြီး အဲ့မိန်းမနဲ့ သွားအိပ်နေရတာလဲ"
"ဒယ်ဒီ..."
ဒယ်ဒီ့ခါးကို ဖက်ကို ချွဲလိုက်သည်။
ဒယ်ဒီက လင်းလတ်ကို တော်ပါတော့ဟူသောအကြည့်ဖြင့်ကြည့်သော်လည်း
လင်းလတ်က တော်မည့်ပုံမပေါက်။
"အိပ်ရုံပဲ အိပ်တာပါ ဟိုလို အိပ်တာမဟုတ်ဘူး"
"စူး ရှ ထက် သာ"
လင်းလတ် အသံကိုမြှင့်အော်လိုက်တော့
ဒယ်ဒီ့ခါးကို တင်းနေအောင်ဖက်ထားလိုက်သည်။
သိပ်ကြောက်တာပဲ ဟူသည့်သဘောပေါ့။
ဒယ်ဒီက ခေါင်းကိုပွတ်ပေးသည်။
အခြေအနေကောင်းတာပဲ။
စူးရှ အမှန်ပင် ကံကောင်းသည်။
ယောကျ်ားလေးတွေ မိသားစုထဲ မိန်းကလေးတစ်ယောက်အဖြစ်ပါလာသလို
အားလုံးက ချစ်တာခံရသည်။
သိပ်အဆိုးအဆာကြီးမဟုတ်ပေမယ့်
ထိုသို့ ရံဖန်ရံခါချွဲတက်သေးသည်။
စူးရှချွဲတာ သိပ်ရှားသည်မို့ အကြီးတွေက ပိုချစ်ကြသည်။
" ဟာ ကိုကြီး "
လင်းလတ်စကားလမ်းကြောင်းပြောင်းစေရန်အလို့ငှါ
အကိုကြီးဆီ အာရုံပြောင်းလိုက်သည်။
"ဘယ်တွေရောက်နေခဲ့တာလဲဟင်"
"အသိညီမလေး တစ်ယောက်နဲ့ နေနေတာပါ "
အကိုကြီးက မျက်နှာမကောင်း။
အကို့ဒေါသတွေနဲ့ တွေ့ပြီးပြီဆိုတာ စူးရှ ရိပ်မိသည်။
" သားငယ်။ ဘယ်တွေသွားနေခဲ့တာလဲ"
"အာ.. ဟုတ်ပါပြီ ။ ဟုတ်ပါပြီ ။
ပြောပြမယ် ဟုတ်ပြီလာ
မနေ့က သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ သွားနှုတ်ဆက်တာ
သူ့အကို ပျောက်သွားလို့ဆိုတော့ ကိုယ်ချင်းစာနေတာနဲ့
အဲ့မှာ သူ့ကိုနှစ်သိမ့်နေရင်း ပြန်မလာဖြစ်သွားတာ ။
အကို့ကို စာပို့ခဲ့တယ်လေ"
စာကလေးတစ်စောင်ပို့ခဲ့မိလို့တော်သေးသည်။
လင်းလတ်က ညက
အာကာကို ဒေါသထွက်နေတာကြောင့် ဖုန်းမစစ်မိခဲ့။
"ဘာသူငယ်ချင်းလဲ ။
ယုယငယ် မလား။ သူ့မှာ အကိုမရှိတာ ငါတို့သိတယ်"
မိန်းမတစ်ယောက်အတွင် ပထမဆုံးလိမ်ဖူးပြီ။
ဒါဟာ ယုတ္တိ မ ရှိခဲ့။
ဘယ်သူ့မှလည်းမယုံ။
"အဲ့မိန်းမလိပ်စာပေး။ ညီ့ဖုန်း အကိုသွားယူလိုက်မယ်။
ပြီးတော့ ညီ့ကို မမြူစွယ်ဖို့ ပြောရမယ်"
" လက်တွေ လွန်ကုန်ပါ့မယ်။
ဖေဖေတို့ပဲ သွားယူပေးမယ်နော်။သားက အကိုပြောသလိုပဲ သူနဲ့ ထပ်မပတ်သက်ပါနဲ့"
လင်းလတ်ပြောပြထားလို့ ယုယငယ်အကြောင်း အနည်းကျဥ်းလောက်သိနေသော အဖေက လူကြီးဆန်ဆန်တားသည်။
စူးရှကိုယ်တိုင်သွားယူပါ့မည်ဆိုလည်းမ
သူကမှားခဲ့သည်ပဲလေ။
"ဒါနဲ့ သားကြီးကရော အဲ့မိန်းကလေးက နေမကောင်းဘူးဆို။
ဘာပဲဖြစ်ဖြစ် သားကြီးကို ခေါ်ပြီး အကိုလို ဂရုစိုက်နိုင်ခဲ့တာပဲ ဖေဖေတို့ကကျေးဇူးတင်ရမှာပေါ့"
စူးရှက ဘာတွေဘယ်လိုဖြစ်သွားမှန်းမသိတာကြောင့် ငြိမ်ပြီးသာနားဆထာင်နေလိုက်သည်။
အာကာက ခေါင်းငြိတ်ပြရင်း
"တောင်းပန်ပါတယ် ဖေဖေ"
"အာ.. သားကြီးရဲ့ ခံစားချက်တွေကိုနားလည်ပါတယ်။
ဖေဖေတို့က မိသားစုပဲလေ ။
ဘယ်လိုပဲဖြစ်ဖြစ် သားကြီးက ဖေဖေတို့ရဲ့ သားအရင်းပဲ မှတ်ထားနော်
တခြား ပြီးခဲ့တဲ့ကိစ္စတွေ မတွေးရဘူး"
အကုန်လုံး က နွေးနွေးထွေးထွေး ရှိကြသည်။
စကားလွဲသွားတာကြောင့် စူးရှ နည်းနည်းစိတ်လျှော့သွားပေမယ့်
လင်းလတ်က သိပ်မကြည်သေး။
ဒါပေါ့။
သူ့အချစ်ဆုံးသူငယ်ချင်းက ယုယငယ်နဲ့ပတ်သက်ခဲ့ဖူးတာပဲ။
တင်း.... တောင်
တင်း... တောင်။
ခြံရဲ့ ဘဲလ်တီးသံကြောင့် အားလုံး ငြိမ်သက်သွားသည်။
"ကျွန်တော်သွားဖွင့်လိုက်မယ်"
လင်းလတ်က လျှင်မြန်စွာပဲ ထထွက်သွားသည်။
စူးရှကတော့ အကိုကြီးပြန်ရောက်လာလို့ပဲ ပျော်နေသလား။
ယုယငယ်နဲ့နမ်းခဲ့သည်ကြောင့်လားမသိ ရင်ခုန်နေမိသည်။
"ယုယငယ် မင်းကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ"
အိမ်ထဲ ဆူညံဆူညံနှင့် ဝသ်လာသော လင်းလတ်အသံကြောင့် စူးရှ ခေါင်းနပန်းကြီးသွားသည်။
"ဒို့အခန်းထဲတောင်ဝင်အိပ်သွားတဲ့ ကောင်လေးရဲ့အိမ်ထဲတောင် ဒို့ဝင်ခွင့်မရှိဘူးလား
ဒီမှာ မင်းရဲ့ဖုန်း။ အိုး.... ရှင်တို့အကုန်လုံးက ..."
"မင်း... ဒီကလေးမ.."
အိမ်ထဲ ဇွတ်တိုးဝင်လာသော ယုယငယ်က စူးရှ တို့အဖေနှစ်ယောက်ကို
ကြည့်ရင်း မထီတရီလုပ်နေသည်။
စူးရှတို့ ဖေဖေကတော့ ဒေါသထွင်သယောင် နီမြန်းသော မျက်နှာနှင့်။
" ဖေဖေတို့က သိနေကြတာလား"
"ညီမလေး.."
"ကိုကို!"
အားလုံးရဲ့ အံ့သြတဲ့အကြည့်တွေက အဖေတွေထက်
ယုယငယ်နှင့် အာကာမင်းထက်ဆီတွင်။
..... to be continue .....
#sorry နော် 😅
အရမ်းမကြာဘူးမလား။