ျမန္မာစာေပအေျခခံမွ ရသစာေပသို႔

By shinhtwe

20.4K 2.8K 460

အခုမွစျပီး စာေရးခ်င္တယ္ ဘာမွလည္း မသိေသးဘူး ဆိုတဲ႔သူေတြအတြက္ ရသနယ္ပယ္ကို သြားတဲ႔အခါ ဒီစာအုပ္ေလးက ေလွကားထစ္ျဖစ္... More

မိတ္ဆက္
အသံုးလြဲေသာ စကားလံုးမ်ား
သတင္းစာေရာင္းအား
သရုပ္ေဖာ္ေရးသားျခင္း
E bookျဖင့္ စာဖတ္ျခင္းသည္ ေကာင္းလား ??
ပုဒ္ျဖတ္ ပုဒ္ရပ္နွင့္ စာပုဒ္ခြဲျခင္း
စာေၾကာင္းအမ်ိဳးအစား(U/Z)
စာေၾကာင္းအမ်ိဳးအစား Part-2 (U/Z)
စာေၾကာင္းအမ်ိဳးအစား Part-3(U/Z)
ဇာတ္ကြက္ပံုေဖာ္ျခင္း(Z/U)
ရသ (9)မ်ိဳးႏွင့္ရသစာေပ
ရသ(9)မ်ိဳးႏွင့္ရသစာေပ
ရသ(9)မ်ိဳးႏွင့္ရသစာေပ
ေကာ္ပီ
ရသ(9)မ်ိဳးႏွင့္ ရသစာေပ
မထုတ်သင့်တဲ့စာအုပ်တွေ

ရသ(9)မ်ိဳးႏွင့္ရသစာေပ

706 104 19
By shinhtwe

၄။တည္ႀကည္ ေရာင္႔ရဲ ၾကည္နူး=သႏၱ ရသ

  တည္ၾကည္မႈ ေရာင့္ရဲျခင္းနွင့္ ၾကည္နူးမႈတို႔ ခံစားရရင္ သႏၲရသပါရွင့္

တည္ၾကည္မႈနွင့္ ေရာင့္ရဲျခင္းကို ရသမွန္းေတာင္ မသိၾကဘူးမလား။မွတ္ထားေနာ္။ကာရိုက္တာတစ္ခုက တည္ျကည္မႈကို သရုပ္ေဆာင္ေနျပီဆိုရင္ သႏၲရသကိုေပးေနျပီပဲ။

ဥပမာ-

ဟန္ဟန္တို႔ သူငယ္ခ်င္း၂ေယာက္ ကားကို လမ္းေဘးခ်ရပ္ကာ အနီးရိွလယ္ကြင္းသို႔ ဆင္းလာခဲ႔ၾကသည္။အခ်ိန္ေတာ္ၾကာေအာင္လမ္းေလ်ွာက္႔ျပီးမွ လူကိုေတြ႔ရသည္။

"yeye(အဖိုး)  ဒီနားက ဖိနပ္စက္ရံုေဟာင္းကို သိလား"

   အဖိုးအိုသည္ ေမးသည္ကို ခ်က္ခ်င္းမေျဖဘဲ သူတို႔အား အၾကည့္စူးစူးတို႔ျဖင့္  ေခါင္းအစေျခအဆံုး ေစ့စပ္စြာၾကည့္ေနသည္။ဟန္ဟန္နွင့္ေရွာင္ဟြားသည္လည္း မသိမသာ ျပန္အကဲခတ္လိုက္သည္။အဖိုးအိုသည္ ေဟာင္းႏြမ္းစုတ္ျပဲေနသည့္အကြက္ေႏြးထည္ကိုဝတ္ထားျပီး ေဘာင္းဘီမွာလည္း ႏွစ္ၾကာစြာဝတ္ထားေသာေၾကာင့္ အေရာင္မ်ားလႊင့္ျပယ္ေနသည္။အစိမ္းေရာင္ဥိီးထုပ္အႏြမ္းေလးျဖင့္။သို႔ေသာ္ မ်က္ႏွာမွာျဖင့္ ႏြမ္းမေနဘဲအၾကည့္ရဲလွသည္။

"မင္းတို႔ ဘာလုပ္ဖို႔ေမးတာလဲ ႏွစ္မ်ားၾကီး လူေတြ႕ေရွ႕မွာ ေပ်ာက္ကြယ္ေနတဲ႔ စက္ရံုေဟာင္းကိုငါသိတယ္ ဒါေပမဲ႔ မင္းတို႔……"

  လက္ထဲမွာပါေသာ ေကာက္ရိတ္လီွးဓားကို  တျဖည္းျဖည္းခ်င္းေျမွာက္ကာ ဟန္ဟန္တို႔ဘက္ကို ခ်ိန္လိုက္ျပီး

"ရည္ရြယ္ခ်က္ကိုမေျပာရင္ ငါလည္း မ ေျပာ နိုင္ ဘူး "

ဟန္ဟန္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အၾကည့္ခ်င္းဆံုလ္ုက္ၾကသည္။

အထက္ကေပးထားတဲ႔ဥပမာထဲမွာ သႏၲရသကိုေပးတာ ဘယ္ကာရိုက္တာလဲ။အဖိုးတစ္ေယာက္တည္းမဟုတ္ပါဘူး။သံုးေယာက္လံုးပါေနာ္။

ဒီေနရာမွာ တည္ၾကည္မႈအရသာကို ေပးနိုင္ဖို႔

တည္ၾကည္တယ္/ခန္႔ညားတယ္/ေခ်ာေမာတယ္/ခ်မ္းသာတယ္/smartက်တယ္/ 👈အဲစကားလံုးေတြနဲ႔ မျဖစ္မေနေဖာ္ျပဖို႔မလိုပါဘူး

တည္ၾကည္တဲ႔လုပ္ရပ္ေတြ ျပတ္သားတဲ႔ဆံုးျဖတ္ခ်က္ေတြ အလုပ္ကိုပဲအာရံုစိုက္ေနပံုေတြ ရဲတင္းတဲ႔စကားလံုးတိုေတြ စသည္ျဖင့္ ပံုေဖာ္နိုင္ပါတယ္ ✍️

ေရာင့္ရဲျခင္း /ၾကည္နူးျခင္း အလွည့္ေပါ့ေနာ္။ေရာင့္ရဲျခင္းအရသာကေတာ့ ေတြ႔ရခဲတယ္ကြာ။ရွင္းေအာင္ေျပာရရင္

  ဇာတိရွမ္းေျမမွာပဲ အေျခခ်ခ်င္မိေတာ့တယ္။တစ္အိမ္နဲ႔
တစ္အိမ္ေသလုေအာင္လမ္းေလ်ွာက္ရေပမဲ႔ ေပ်ာ္စရာေကာင္းတယ္။အေလ့က်ေပါက္တဲ႔သစ္ခြပန္းေတြလည္း လမ္းေလ်ွာက္မွာ ျပည့္လို႔။က်ြန္ေတာ္ရန္ကုန္ကိုမျပန္ခ်င္ေတာ့ပါ။ဒီမွာပဲ လက္ဖက္စိုက္စားရမလားစိတ္ကူးမိတယ္။ကားေလးတစ္စီးရိွရင္ ကုန္ကူးစားလို႔ရျပီ။ဒါဆို စားဖို့ေသာက္ဖို႔အျပင္ စုတတ္ရင္ ပိုေတာင္ပိုအံုးမယ္။ေတာ္ျပီေလ။ဘဝမွာ ျငိမ္းခ်မ္းျခင္းကိုသာ အလိုအပ္ဆံုးပဲ။ဒါေၾကာင့္လည္း အဝတ္စားေတာင္ အကုန္မယူဘဲ ရန္ကုန္အိမ္မွာေပးထားပစ္ခဲ႔တယ္။ထိန္းသိမ္းဖို့မပူရေတာ့ဘူး။

ၾကည္နူးစရာေရာ ေရာင့္ရဲတာေတာ့ ေပါင္းေရးျပထားတာပါ။ေရာင့္ရဲတာကခက္တဲ႔အတြက္ ေနာက္တစ္ခုထပ္ေရးျပမယ္။

သူလက္ထဲမွာ ေရာင္စံုစုပ္လံုးေတြအမ်ားၾကီးရိွတယ္။သူ႔အေဖနဲ႔ဘတ္စ္ကားေစာင့္ရင္း တစ္လံုးကို သူကေဖာက္စားေနတယ္။က်ြန္ေတာ္တံေထြးကိုမ်ိဳခ်လိုက္တယ္။ေကာင္းမဲ႔ပံုပဲ။သူက က်န္တဲ႔စုပ္လံုးအမ်ားၾကီးကို ခုံတန္းေပၚ ခဏတင္ထားတယ္။ "တီ တီ တီ"ကားဟြန္းသံနဲ႔အတူ ဘတ္စ္ကားက ထိုးရပ္လာတယ္။သူအေဖရဲ႕ေလာေဆာ္မႈနဲ႔ပ်ာယာစြာ ကားေပၚတက္သြားတယ္။ေဟာ … သူစုပ္လံုးေတြကို ေမ့ခဲ႔တယ္။ခံုတန္းေပၚမွာ အေရာင္စံုစြာ ပံု႔ပံု႔ေလး။က်ြန္ေတာ္အေျပးသြားယူလိုက္တယ္။ျပီးေတာ့ အဲ့ေကာငိေလးေနာကိေျပးလိုက္တယ္။"ေဟ့ေဟ့ သျကားလံုးေတြက်န္ခဲ႔တယ္။ထိုေကာင္ေလးက အခုမွသတိရဟန္နဲ႔။"ေရာ့ ငါ့ကို တစ္လံုးေက်ြးေနာ္" ထိုေကာင္ေလးက ျပံဳးျပီး စုပ္လံုး၂ခုေပးတယ္။သူ့အေဖကတလံုးထပ္ေပးတယ္။သူ့႔သားကိုေရာက်ြန္ေတာ့္ကိုပါျကည့္ျပီး"သံုးခုဆိုအရသာစံုစားရတာေပါ့" သားဖနွစ္ေယာက္တက္သြားတဲ႔ကား ထြက္ခြာသြားသည္ထိ ျကည့္ေနမိသည္။မ်က္စိတစ္ဆံုးေပါ့။ျပီးမွက်ြန္ေတာ့္သူငယ္ခ်င္း၂ေယာက္ကိုအခ်က္ျပတယ္။တစ္ေယာက္တစ္လံုးဆီေဝလိုက္တယ္။အငမ္းမရစုပ္လိုက္ေသာအခါ ခ်ဥ္စူးေသာအရသာက မ်က္နာကိုရံႈခနဲ။

   ဒီေနရာမွာ ေရာင့္ရဲတာကိုသြယ္ဝိုက္ေဖာ္ျပထားတာပါ။ေကာင္ေလးက သူငယ္ခ်င္းေတြနဲ႔မ်ွွစားတာ မယံုစရာအကြက္မလား။ျပီးေတာ့စာဖတ္သူကိုတစ္ခုေတြးခိုင္းလိုက္တာရိွတယ္။သျကားလံုးေတာင္းစားတဲ႔ေကာင္ေလးဆင္းရဲတယ္။ဘာတစ္ခုမွဆင္းရဲေၾကာင္းဒဲ႔မေရးဘူး။အကုန္သြယ္ဝိုက္ျပတာ။

Unicode

၄။တည်ကြည် ရောင့်ရဲ ကြည်နူး=သန္တ ရသ

  တည်ကြည်မှု ရောင့်ရဲခြင်းနှင့် ကြည်နူးမှုတို့ ခံစားရရင် သန္တရသပါရှင့်

တည်ကြည်မှုနှင့် ရောင့်ရဲခြင်းကို ရသမှန်းတောင် မသိကြဘူးမလား။မှတ်ထားနော်။ကာရိုက်တာတစ်ခုက တည်ကြည်မှုကို သရုပ်ဆောင်နေပြီဆိုရင် သန္တရသကိုပေးနေပြီပဲ။

ဥပမာ-

ဟန်ဟန်တို့ သူငယ်ချင်း၂ယောက် ကားကို လမ်းဘေးချရပ်ကာ အနီးရှိလယ်ကွင်းသို့ ဆင်းလာခဲ့ကြသည်။အချိန်တော်ကြာအောင်လမ်းလျှောက့်ပြီးမှ လူကိုတွေ့ရသည်။

"yeye(အဖိုး)  ဒီနားက ဖိနပ်စက်ရုံဟောင်းကို သိလား"

   အဖိုးအိုသည် မေးသည်ကို ချက်ချင်းမဖြေဘဲ သူတို့အား အကြည့်စူးစူးတို့ဖြင့်  ခေါင်းအစခြေအဆုံး စေ့စပ်စွာကြည့်နေသည်။ဟန်ဟန်နှင့်ရှောင်ဟွားသည်လည်း မသိမသာ ပြန်အကဲခတ်လိုက်သည်။အဖိုးအိုသည် ဟောင်းနွမ်းစုတ်ပြဲနေသည့်အကွက်နွေးထည်ကိုဝတ်ထားပြီး ဘောင်းဘီမှာလည်း နှစ်ကြာစွာဝတ်ထားသောကြောင့် အရောင်များလွှင့်ပြယ်နေသည်။အစိမ်းရောင်ဦးထုပ်အနွမ်းလေးဖြင့်။သို့သော် မျက်နှာမှာဖြင့် နွမ်းမနေဘဲအကြည့်ရဲလှသည်။

"မင်းတို့ ဘာလုပ်ဖို့မေးတာလဲ နှစ်များကြီး လူတွေ့ရှေ့မှာ ပျောက်ကွယ်နေတဲ့ စက်ရုံဟောင်းကိုငါသိတယ် ဒါပေမဲ့ မင်းတို့……"

  လက်ထဲမှာပါသော ကောက်ရိတ်လှီးဓားကို  တဖြည်းဖြည်းချင်းမြှောက်ကာ ဟန်ဟန်တို့ဘက်ကို ချိန်လိုက်ပြီး

"ရည်ရွယ်ချက်ကိုမပြောရင် ငါလည်း မ ပြော နိုင် ဘူး "

ဟန်ဟန်တို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံလ်ုက်ကြသည်။

အထက်ကပေးထားတဲ့ဥပမာထဲမှာ သန္တရသကိုပေးတာ ဘယ်ကာရိုက်တာလဲ။အဖိုးတစ်ယောက်တည်းမဟုတ်ပါဘူး။သုံးယောက်လုံးပါနော်။

ဒီနေရာမှာ တည်ကြည်မှုအရသာကို ပေးနိုင်ဖို့

တည်ကြည်တယ်/ခန့်ညားတယ်/ချောမောတယ်/ချမ်းသာတယ်/smartကျတယ်/ 👈အဲစကားလုံးတွေနဲ့ မဖြစ်မနေဖော်ပြဖို့မလိုပါဘူး

တည်ကြည်တဲ့လုပ်ရပ်တွေ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အလုပ်ကိုပဲအာရုံစိုက်နေပုံတွေ ရဲတင်းတဲ့စကားလုံးတိုတွေ စသည်ဖြင့် ပုံဖော်နိုင်ပါတယ် ✍️

ရောင့်ရဲခြင်း /ကြည်နူးခြင်း အလှည့်ပေါ့နော်။ရောင့်ရဲခြင်းအရသာကတော့ တွေ့ရခဲတယ်ကွာ။ရှင်းအောင်ပြောရရင်

  ဇာတိရှမ်းမြေမှာပဲ အခြေချချင်မိတော့တယ်။တစ်အိမ်နဲ့
တစ်အိမ်သေလုအောင်လမ်းလျှောက်ရပေမဲ့ ပျော်စရာကောင်းတယ်။အလေ့ကျပေါက်တဲ့သစ်ခွပန်းတွေလည်း လမ်းလျှောက်မှာ ပြည့်လို့။ကျွန်တော်ရန်ကုန်ကိုမပြန်ချင်တော့ပါ။ဒီမှာပဲ လက်ဖက်စိုက်စားရမလားစိတ်ကူးမိတယ်။ကားလေးတစ်စီးရှိရင် ကုန်ကူးစားလို့ရပြီ။ဒါဆို စားဖို့သောက်ဖို့အပြင် စုတတ်ရင် ပိုတောင်ပိုအုံးမယ်။တော်ပြီလေ။ဘဝမှာ ငြိမ်းချမ်းခြင်းကိုသာ အလိုအပ်ဆုံးပဲ။ဒါကြောင့်လည်း အဝတ်စားတောင် အကုန်မယူဘဲ ရန်ကုန်အိမ်မှာပေးထားပစ်ခဲ့တယ်။ထိန်းသိမ်းဖို့မပူရတော့ဘူး။

ကြည်နူးစရာရော ရောင့်ရဲတာတော့ ပေါင်းရေးပြထားတာပါ။ရောင့်ရဲတာကခက်တဲ့အတွက် နောက်တစ်ခုထပ်ရေးပြမယ်။

သူလက်ထဲမှာ ရောင်စုံစုပ်လုံးတွေအများကြီးရှိတယ်။သူ့အဖေနဲ့ဘတ်စ်ကားစောင့်ရင်း တစ်လုံးကို သူကဖောက်စားနေတယ်။ကျွန်တော်တံထွေးကိုမျိုချလိုက်တယ်။ကောင်းမဲ့ပုံပဲ။သူက ကျန်တဲ့စုပ်လုံးအများကြီးကို ခုံတန်းပေါ် ခဏတင်ထားတယ်။ "တီ တီ တီ"ကားဟွန်းသံနဲ့အတူ ဘတ်စ်ကားက ထိုးရပ်လာတယ်။သူအဖေရဲ့လောဆော်မှုနဲ့ပျာယာစွာ ကားပေါ်တက်သွားတယ်။ဟော … သူစုပ်လုံးတွေကို မေ့ခဲ့တယ်။ခုံတန်းပေါ်မှာ အရောင်စုံစွာ ပုံ့ပုံ့လေး။ကျွန်တော်အပြေးသွားယူလိုက်တယ်။ပြီးတော့ အဲ့ကောငိလေးနောကိပြေးလိုက်တယ်။"ဟေ့ဟေ့ သကြားလုံးတွေကျန်ခဲ့တယ်။ထိုကောင်လေးက အခုမှသတိရဟန်နဲ့။"ရော့ ငါ့ကို တစ်လုံးကျွေးနော်" ထိုကောင်လေးက ပြုံးပြီး စုပ်လုံး၂ခုပေးတယ်။သူ့အဖေကတလုံးထပ်ပေးတယ်။သူ့သားကိုရောကျွန်တော့်ကိုပါကြည့်ပြီး"သုံးခုဆိုအရသာစုံစားရတာပေါ့" သားဖနှစ်ယောက်တက်သွားတဲ့ကား ထွက်ခွာသွားသည်ထိ ကြည့်နေမိသည်။မျက်စိတစ်ဆုံးပေါ့။ပြီးမှကျွန်တော့်သူငယ်ချင်း၂ယောက်ကိုအချက်ပြတယ်။တစ်ယောက်တစ်လုံးဆီဝေလိုက်တယ်။အငမ်းမရစုပ်လိုက်သောအခါ ချဉ်စူးသောအရသာက မျက်နာကိုရှုံခနဲ။

   ဒီနေရာမှာ ရောင့်ရဲတာကိုသွယ်ဝိုက်ဖော်ပြထားတာပါ။ကောင်လေးက သူငယ်ချင်းတွေနဲ့မျှှစားတာ မယုံစရာအကွက်မလား။ပြီးတော့စာဖတ်သူကိုတစ်ခုတွေးခိုင်းလိုက်တာရှိတယ်။သကြားလုံးတောင်းစားတဲ့ကောင်လေးဆင်းရဲတယ်။ဘာတစ်ခုမှဆင်းရဲကြောင်းဒဲ့မရေးဘူး။အကုန်သွယ်ဝိုက်ပြတာ။

Continue Reading

You'll Also Like

14.4K 1.4K 17
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...
39.5K 41 89
Stories you love to read by yourself. SPG. For offline reading. *All about: DXD | Non-Human
13K 385 6
Yasmin Monroe signs up for Love Island 2024 looking to find her perfect match.
54.9K 1.2K 26
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...