(Completed)ဒီအိုမီဂါကစွမ်းရည်...

By Xiao_Yiii

1M 185K 10.3K

Title - This Omega is Immune to All Abilities Author - Green Plum Sauce(青梅酱) Both Unicode and Zawgyi ရိကျားမူ... More

Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Fan Art
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Chapter(31)
Chapter(32)
Chapter(33)
Chapter(34)
Chapter(35)
Chapter(36)
Chapter(37)
Chapter(38)
Chapter(39)
Chapter(40)
Chapter(41)
Chapter(42)
Chapter(43)
Chapter(44)
Chapter(45)
Chapter(46)
Chapter(47)
Chapter(48)
Chapter(49)
Chapter(50)
Chapter(51)
Chapter(52)
Chapter(53)
Chapter(54)
Chapter(55)
Chapter(56)
Chapter(57)
Chapter(58)
Chapter(59)
Chapter(60)
Chapter(61)
Chapter(62)
Chapter(63)
Chapter(64)
Chapter(65)
Chapter(66)
Chapter(67)
Chapter(68)
Chapter(69)
Chapter(70)
Chapter(71)
Chapter(72)
Chapter(73)
Chapter(74)
Chapter(75)
Chapter(76)
Chapter(77)
Chapter(78)
Chapter(79)
Chapter(80)
Chapter(81)
Chapter(82)
Chapter(83)
Chapter(84)
Chapter(85)
Chapter(86)
Chapter(87)
Chapter(88)
Chapter(89)
Chapter(90)
Chapter(91)
Chapter(92)
Chapter(93)
Chapter(94)
Chapter(95)
Chapter(97)
Chapter(98)
Chapter(99)
Chapter(100)
Extra(1)
Extra(2)
Extra(3)
For Reader

Chapter(96)

6.7K 1.5K 46
By Xiao_Yiii

Unicode

Chapter(96)

မာယန်က ကုယဲ့ရှုန်းကို အချိန်အတော်လေး ကြာအောင် ကြည့်နေရာမှ သူ့မျက်ခုံးများက ရုတ်တရက် ပြေလျော့ကာ နူးညံ့သွားသည်။ ၎င်းသည် မိဘက သူတို့ရဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အပေါ် စိတ်သက်သာရာ ရသွားတဲ့ ပုံစံမျိုးပင်။

"အားရှုန်း, မင်းတကယ်ကို အရွယ်ရောက်လာပြီပဲ"

ထိုရိုးရှင်းတဲ့ စကားလုံးများက နားထဲ တိုးဝင်လာတဲ့ အချိန်မှာတော့ ကုယဲ့ရှုန်း၏ ခန္တာကိုယ်က တုန်ယင်သွားရသည်။

မာယန်က သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု မရှိတော့ဘူးဆိုတာကို သတိပြုမိပုံမပေါ်ပေ။ သူ့လေသံက အတိတ်တုန်းက သူတို့နှစ်ယောက် အကြာကြီးစကားပြောခဲ့တုန်းကလိုသာ ဖြစ်နေသည်။

"ရိကျားမူဆိုတဲ့ ကလေးကို ပထမဆုံးတွေ့တဲ့ အချိန်မှာ သူ့တည်ရှိမှုက ငါ့အစီအစဉ်တွေ အားလုံးမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ် ဆိုတာကို သဘောပေါက်ခဲ့တယ်, သိသာပါတယ်, ငါ့ပင်ကိုယ်သိစိတ်က မမှားခဲ့ဘူး, အစီအစဉ်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေအားလုံးက သူနဲ့မခွဲခြားနိုင်သလိုပဲ"

သူက ခပ်တိုးတိုး ရယ်သည်။

"ဒါမှမဟုတ်, ဒါက ဘုရားသခင်ရဲ့ ကံကြမ္မာများလား? သူ့ကိုမင်းဘဝထဲမှာ ပေါ်လာစေဖို့အတွက် ကံကြမ္မာ ဖန်တီးလိုက်ပြီး သူ့ကိုမတူညီတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်အောင်လုပ်ပေးဖို့ ရည်ရွယ်ခဲ့တာ"

ကုယဲ့ရှုန်းက မျက်လွှာချလိုက်ပြီး စကားမပြန်ပေ။

မာယန်က လုံးဝကို သက်တောင့်သက်သာ ဖြစ်သွားဟန်တူသည်။ သူကရှေ့ကို နှစ်လှမ်းမျှတိုးလိုက်ပြီး သူတို့ကြားထဲက ကွာဝေးမှုကို နီးကပ်စေ၏။

"သူပေါ်လာပြီးကတည်းက, ကိစ္စတော်တော်များများ ထိန်းချုပ်လို့မရဘူးလို့ ငါရှင်းရှင်းလင်းလင်း ခံစားခဲ့ရတယ်, အဲ့ဒါကြောင့်လည်း ငါ့အစီအစဉ်ကို ရှေ့တိုးပြီး စတင်ဖို့ မစောင့်နိုင်တော့တာ, ဒါပေမဲ့, ငါက အရမ်းစိတ်လောနေသေးတယ်နဲ့ တူပါတယ်"

သူ့အသံအား တစ်ဖြည်းဖြည်း ဆွဲပြောလိုက်ပြီး လေသံက အနည်းငယ် နောင်တရနေပုံပေါ်သည်။

"အားရှုန်း, မင်းကငါလိုချင်တာနဲ့ ပိုပြီးနီးစပ်နေသင့်တာ, အဲ့ဒါမှသာ မင်းလည်း ခံစားရတာ နည်းသွားမှာပေါ့"

ကုယဲ့ရှုန်းက သူ့ရှေ့မှာ ရှိနေတဲ့ ရင်းနှီးသော်လည်း စိမ်းသက်နေသော လူအား ကြည့်ကာ သူ့ပါးစပ်ကို ဖြည်းညှင်းစွာဖြင့် လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူတစ်စုံတစ်ရာပြောဖို့ အချိန်မရသေးခင်မှာပင် သူ့အမြင်ကို ဖုံးကွယ်လိုက်တဲ့ မမြင်ရနိုင်သော ကန့်လန့်ကာ တစ်ခုအား ခံစားလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် သူ့အမြင်အောက်က မာယန်ရဲ့ ပုံရိပ်သည်လည်း မှုန်ဝါးဝါး ဖြစ်လာသည်။

ဒါက စွမ်းရည်ပဲ!

ကုယဲ့ရှုန်းက လျင်မြန်စွာ နားလည်သွားသော်လည်း နောက်ဆက်တွဲဖြစ်တာက အသက်ရှုကြပ်ခြင်း၏ ပြင်းထန်လှသော ခံစားချက်တစ်ခုဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများက ဒီလူနဲ့ ပတ်သတ်ပြီး လုံးဝစိတ်ပျက်စေလောက်အောင် လုံလောက်တယ်လို့ ထင်ခဲ့မိသည်။ ဒီအချိန်မှာပါ အသည်းနှလုံး ညှိုးငယ်ရတဲ့ ခံစားချက်မျိုး ကျန်ရှိနေဦးမယ်လို့ သူလုံးဝ မထင်ထားခဲ့မိပေ။

သူ့လက်ဖဝါးများက တင်းကြပ်စွာ ဆုပ်ညှစ်ထားပြီး သူ့ဒဏ်ရာမှ ပိုမိုပြဲစုတ်လာတဲ့ နာကျင်မှုက သူ့အား ဖရိုဖရဲ အခြေအနေကနေ လက်ရှိကို ပြန်ဆွဲခေါ်လာသည်။ ဝင်ရောက်လာတဲ့ အသိစိတ် ခဏလေးကတင် မှုန်မှိုင်းမှိုင်း ထင်ယောင်ထင်မှားများထဲမှ တစ်ခုတည်းသော အက်ကွဲကြောင်းကို ရှာဖွေရန် လုံလောက်သည်။

ကုယဲ့ရှုန်း၏ လက်များက နောက်ဆုံးတော့ မာယန်ရဲ့ လည်မျိုအား တင်းတင်းကြပ်ကြပ် ညှစ်ထားနိုင်သွားပြီး မာယန်ရဲ့ မျက်လုံးထဲက အမူအယာက နောက်ဆုံးတော့ ပြောင်းလဲသွားသည်။

"ဒါပဲလေ, တန်ပြန်ရိုက်ခတ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့သွားပြီပေါ့"

ထို့နောက်မှာတော့ သတိပေးချက် တစ်စုံတစ်ရာမရှိပဲနဲ့ ဥသြဆွဲသံများကို ရုတ်တရက်ကြားလိုက်ရကာ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်နေမှုအား ဖြိုခွင်းလိုက်သည်။ ဒါသည် နောက်ဆုံး တရားစီရင်ခြင်းအတွက် ကြေညာချက်ပေးလိုက်ခြင်းပင်။ သိသာထင်ရှားစွာပင် နှစ်ပေါင်းများစွာ လှည့်ပတ်ပြေးလွှားပြီးနောက်မှာတော့ မဟာမိတ်အစိုးရက သူ့အင်အား အကုန်လုံးကို ပေါင်းစည်းပြီး ထိုပုန်းကွယ်နေသည့် နေရာကို တွေ့ရှိသွားလေပြီ။

အဆုံးသတ်မှာတော့ မာယန်က အချိန်ပြိုင်ပွဲကို အနိုင်မရခဲ့ပေ။ သူ့ရဲ့ အပြင်းအထန် ပြင်ဆင်ထားမှုများ အားလုံးက ဖြုန်းတီးခြင်းများသာ ဖြစ်ကုန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် မာယန်ကတော့ ထိုအပြောင်းအလဲများ အားလုံးကို သတိပြုမိပုံမပေါ်ဘူး။

အထပ်တစ်ခုလုံး ဝိုင်းဒိုင်းကြဲကုန်သည်။

မာယန်ရဲ့အကြည့်က ကြမ်းပြင်ပေါ် စီးကျနေတဲ့ စီးကပ်ကပ် သွေးများပေါ်ကို ရောက်ရှိသွားပြီး ကုယဲ့ရှုန်းအား ကြင်နာတတ်၊ တည်ငြိမ်အေးဆေးပြီး သနားညှာတာသည့်ဟန်ဖြင့် ပြန်ကြည့်သည်။

"ဒါပေမဲ့, အရမ်းနောက်ကျသွားပြီ, အားရှုန်း, အရမ်းနောက်ကျသွားပြီ"

ကုယဲ့ရှုန်းသည် သူဘယ်လိုမျိုး အကျဉ်းခန်းထဲက ထွက်လာနိုင်မှန်း မမှတ်မိတော့..သူ့စိတ်ထဲက ရှုပ်ထွေးလွန်းသော အရူးမီးဝိုင်း ပုံရိပ်များက သူ့အား အစစ်အမှန်နဲ့ ဖြစ်ရပ်မှန်ကြားမှာ ဝေခွဲမရဖြစ်နေစေသည်။

မာယန်ကသေသွားပြီလား? ဒါမှမဟုတ်သူကရော သတိလစ်နေတုန်းပဲလား?

သူလေးစားခဲ့ရတဲ့ အကြီးအကဲ တစ်ယောက်အပေါ်မှာ သူ့စွမ်းရည်ကို အသုံးပြုလိုက်ခြင်းဟာ ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မည်။ သူ့စွမ်းရည်ရဲ့ ဘေးထွက်ဆိုးကျိုးက သူ့ကို ကြီးကျယ်ခမ်းနားပြီး လှပလွန်းတဲ့ ဂြိုလ်တစ်ခုလုံး ပျက်စီးခြင်း မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေစေသည်။ဒါသည် ရှန်လင်းနဲ့ အဆက်အသွယ် လုပ်ရတုန်းနဲ့ လွန်စွာခြားနားလှသည်လေ။

မာယန်၏ စိတ်ခံစားချက်များက သူပြသခဲ့သည့် အရာနှင့် ဝေးကွာလွန်းသည်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများက ကမ္ဘာကြီးကို အလွန်အကျွံ စွန့်ပစ်လိုက်ခြင်း၊ စိတ်ပျက်ခြင်းများနဲ့ ပြည့်နှက်နေ၏။ တစ်ခါတစ်ရံမှာ ပျက်စီးခြင်းများကသာ ပြန်လည်မွေးဖွားခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဒါသည် လူတစ်ဦးက ကမ္ဘာကြိးအပေါ် မျှော်လင့်ချက်လုံးဝ မရှိတော့တဲ့နောက်မှသာ ဖြစ်ပေါ်လာနိုင်မယ့် စိတ်ကူးယဉ်မှုတစ်ခုပင်။

အစွန်းရောက်ဖျက်ဆီးပစ်လိုက်တဲ့ ဖြစ်စဉ်က အညစ်အကြေးအားလုံးကို သေချာစွာ အရည်ပျော်သွားစေမှာကတော့ သေချာသည်။ ဒီရူးသွပ်မှုရဲ့ ကနဦးအားနည်းချက် အရင်းအမြစ်က သာမာန်အဆန်ဆုံး ဘဝအတွက် နှိမ့်ချစွာ တောင့်တခြင်းကနေ ဖြစ်ပေါ်လာတာလို့ ဘယ်သူကထင်ခဲ့မိမှာလဲ? အုပ်ချုပ်သူများရဲ့ အမှားများက အစောပိုင်းကတည်းက ပျောက်ကွယ်သွားခဲ့ပြီပဲလေ။

အပြင်ဘက်ကို ကုယဲ့ရှုန်းရောက်တဲ့အချိန်မှာ စင်္ကြံန်တစ်လျှောက်က ရှုပ်ထွေးနေလေပြီ။ လူများက လာလိုက်သွားလိုက်နဲ့ အလျင်လိုနေကြ၏။ သူက တစ်ခါတစ်လေမှာ အဖွဲ့အစည်းဝင်များရဲ့ ရူးသွပ်စွာ ပြေးလွှားနေမှုများနဲ့ တိုက်မိသည်။ ကုယဲ့ရှုန်းရဲ့ သားရဲလို ကြမ်းတမ်းနေတဲ့ အခြေအနေရှေ့မှာတော့ အရာအားလုံးက ပုံမှန်ဖြစ်နေပုံရသည်။ သူတို့လက်ထဲမှာရှိတဲ့ စွမ်းရည်လက်နက်တွေကို ဖယ်ရှားလိုက်ရင် သူတို့ကဒီအတိုင်း သာမာန်လူများသာ ဖြစ်သည်လေ။

ကုယဲ့ရှုန်းက စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့်သာ ရှေ့ဆက်လျှောက်နေသည်။ လူဘယ်နှစ်ယောက်ကို သူတိုက်မိခဲ့လဲ သူဘာတွေကို ဖြတ်ကျော်ခဲ့လဲ ဆိုတာကိုလည်း သူမသိဘူး။ သူ့စိတ်ထဲက အရူးအမူး အော်ဟစ်နေတဲ့ အတွေးများကသာ သူ့ကို အလွန်အကျွံ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်ပေါ်နေစေပြီး အဲ့ဒါက မာယန်ဆီကလား ဒါမှမဟုတ် သူကိုယ်တိုင်ကလား ဆိုတာကိုပင် မပြောနိုင်။

ဥသြသံများကလည်း သူ့နားထဲမှာ စူးစူးဝါးဝါး မည်ဟီးနေသည်။ သူတို့က နီးလာလိုက် ဝေးသွားလိုက် ဖြစ်နေ၏။ သူတို့က သူ့စိတ်ကို တုန်လှုပ်စေမည့် တစ်ခြားရှုထောင့်တစ်ခုမှာ ရှိနေပုံရသည်။ လက်စွပ်မှ အဆူးများနဲ့ ထိုးစိုက်ခံထားရတဲ့ ဒဏ်ရာသည်လည်း ထပ်တလဲလဲ ထိုးစိုက်ခံနေရသည်။ သူက သူ့လက်ကို သေသေချာချာ ဆုပ်ကိုင်ထားပြီး မူးဝေမှုများရဲ့ ပေါက်ကွဲထွက်မှုကို ကျော်လွန်စေသည်။

Arbiter အဖွဲ့ဝင်တွေ ပြည့်နှက်နေတဲ့ ဒီအဆောက်အအုံမျိုးမှာ သူ့စောင့်ကြပ်မှုကို လျော့ချဖို့အတွက် အချိန်မရှိဘူး။ သူဒီမှာနေရတာ အရမ်းကြာသွားပြီ.... ပြီးတော့ သူပြန်သွားမှဖြစ်မယ် 

ကုယဲ့ရှုန်းရဲ့ ရင်ဘက်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သူက အန်ချင်သည့် စိတ်ကို ဖိနှိပ်လိုက်ပြီး 'အဓိကထိန်းချုပ်ခန်း' လို့ နာမည်တပ်ထားတဲ့ အခန်းတံခါးအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အသက်ကိုပြင်းပြင်းရှုလိုက်ကာ ထိုဘက်ကို ခြေဦးတည်လိုက်တော့လေ၏။

***

မဟာမိတ်အစိုးရက နှစ်ပေါင်းများစွာ ကြိုးစားရှာဖွေခဲ့ရတဲ့ Arbiterက Zorfa ကြယ်စုရဲ့ luxurious အကျဆုံးစီးပွားရေးရပ်ကွက်မှာ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့မိမှာ မဟုတ်ဘူး

ပတ်ဝန်းကျင်မှာ နေထိုင်နေသူများ အားလုံးကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးပြီးနောက်မှာ ယောင်ရှင်းဝန်က အထွေထွေ ထိန်းချုပ်ခန်းအတွင်းတွင် ရပ်နေသည်။ သူက ရှုပ်ထွေးနေတဲ့ အမူအယာဖြင့် အဝေးမှ luxury ကျလှသော တာဝါအဆောက်အဦးအား ငေးကြည့်နေ၏။

"ဒီကောင်မာယန်က တကယ်လုပ်ရဲတာပဲ!"

လူသူကင်းမဲ့နေတဲ့ လမ်းမများပေါ်မှာ အကြမ်းဖက် ပေါက်ကွဲမှုတွေ အများအပြား ရှိနေသည်။ ချက်ချင်းလိုလိုပင် ထောင့်တိုင်းလိုလိုမှ မီးခိုးလုံးများ ထွက်ပေါ်လာရ၏။ မူလက သက်ဝင်လှုပ်ရှားနေသော မြို့တော်တစ်ခုလုံးက မီးရှုးမီးပန်းများ ပေါက်ကွဲနေသလိုမျိုး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေကာ မျက်လုံးကိုပင် နာကျင်စေသည်။

ဆက်သွယ်မှုပြုလုပ်နိုင်သည့် ကိရိယာက နှစ်ကြိမ်မျှ လင်းလာပြီး ရှေ့တန်းမှ သတင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။

"Mr ယောင်ကို သတင်းပို့ပါတယ်, လင်းသွင်အဆောက်အအုံရဲ့ အောက်ဆုံးထပ်ကို အောင်အောင်မြင်မြင် သိမ်းယူနိုင်ပါပြီ, ကျွန်တော်တို့အခု အပေါ်ထပ်တွေကိုတက်ဖို့ ပြင်ဆင်နေပါတယ်"

"သတင်းပို့ပါတယ်, စတုတ္ထထပ်ကို တက်နေပါပြီ...ပုံမှန်မဟုတ်တာ ရှာမတွေ့သေးပါဘူး!"

"သတင်းပို့ပါတယ်, ဆယ်ထပ်မြောက်ကိုလည်း အောင်အောင်မြင်မြင် ချိုးဖောက်ဝင်ရောက်နိုင်ပါပြီ, Arbiter အဖွဲ့ဝင်တွေက ကိုယ့်ကိုကိုယ် ဖျတ်ဆီးမှုကို ရွေးချယ်သွားကြတဲ့အတွက် ကျန်ရစ်သူမရှိပါ!"

"သတင်းပို့ပါတယ်..."

......

"သတင်းပို့ပါတယ်...၄၈ထပ်မြောက်ကို ကြိုတင်ရှင်းလင်းထားပုံရပါတယ်.....သေဆုံးသူမရှိကြောင်း အတည်ပြုပါတယ်... သတိလစ်ကုန်ကြတဲ့ အကြောင်းအရင်းကတော့....... မသိရသေးပါဘူး"

"သတင်းပို့ပါတယ်...ကျွန်တော်တို့အခု ထိပ်ဆုံးထပ်ကို နီးကပ်နေပါပြီ..... ကာကွယ်ရေးပစ္စည်းတွေကို.... မသိရသေးတဲ့ ရန်သူက အသုံးပြုနေပါတယ်, ကျွန်တော်တို့ဘက်က.... လှုပ်ရှားဖို့ ခက်ခဲနေတယ်"

"ကျွန်တော်တို့တွေ အထူး... လုပ်ဆောင်မှုတွေလုပ်ဖို့, ကျေးဇူးပြုပြီး, အဟွတ် အဟွတ် အဟွတ်, ကျေးဇူးပြုပြီး ညွှန်ကြားမှုပေးပါ....."

French window များရှေ့တွင် မတ်တပ်ရပ်နေသည့် လူငယ်လေးက ရုတ်တရက် နောက်လှည့်ကြည့်လာသည်။ ယောင်ရှင်းဝန်လည်း ဘာဖြစ်တာလဲ ဆိုတာကို သဘောပေါက်သွားတာကြောင့် သူ့မျက်လုံးထဲမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူတို့တွေက မသေချာမရေရာတဲ့ ဘဝသေခြင်းရှင်ခြင်းကို ကျော်ဖြတ်ရမယ်လို့ ထင်ခဲ့မိတာလေ။

သူတို့မရောက်ခင်မှာပဲ အဆောက်အဦးရဲ့ အတွင်းပိုင်းက ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?ဒီအပြောင်းအလဲရဲ့ အရင်းအမြစ်တွေက, ဖြစ်နိုင်တာ.....

သူက တစ်စုံတစ်ရာပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ရိကျားမူက ရှေ့တိုးလာနေလေပြီ။

"ကျွန်တော်သွားကြည့်လိုက်မယ်"

ယောင်ရှင်းဝန်က ရင်တုန်သွားပြီး ထိုလူအား လှမ်းဆွဲလိုက်ရသည်။

"မင်းသွားလို့မရဘူး, အရမ်းအန္တာရယ်များတယ်!"

ရိကျားမူရဲ့ နှုတ်ခမ်းက အတူတကွ တင်းကြပ်စွာ ဖိကပ်သွားသည်။

"သူကျွန်တော့ကို စောင့်နေတယ်"

ယောင်ရှင်းဝန်က လွှတ်ပေးဖို့ကို ငြင်းဆန်သည်။

"အထဲမှာဘာတွေဖြစ်နေလဲမင်းမသိဘူးလေ!"

ရိကျားမူက မမျှော်လင့်ထားလောက်အောင် တည်ငြိမ်နေ၏။

"ပထမအချက်, Arbiterရဲ့ စွမ်းရည်လက်နက်က ကျွန်တော့အတွက်တော့ ခြိမ်းခြောက်မှု လုံးဝမဟုတ်ဘူး, ဒုတိယအချက်, အကယ်၍ ကုယဲ့ရှုန်းရဲ့ စွမ်းရည်က ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတာနဲ့ ဘယ်လိုရလဒ် ထွက်လာနိုင်မလဲဆိုတာ ခင်ဗျားလည်းသိတယ်, အကယ်၍အဲ့ဒါက တပ်ရင်းကို ထိသွားရင် ဘယ်သူမှ တာဝန်မယူနိုင်ဘူး, တတိယအချက်, ကျွန်တော်က သာမာန်ကျောင်းသား တစ်ယောက် ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့ လက်ရှိ တွန့်ဆုတ်နေမှုကြောင့် ကုယဲ့ရှုန်းဆီမှာ တစ်ခုခု ဖြစ်သွားခဲ့ရင်, ကျွန်တော်..... ဆက်ပြီး တည်ငြိမ်နေနိုင်မယ်လို့ အာမမခံနိုင်ဘူး"

ထို့နောက် သူက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့ကို သွားခွင့်ပေးပါ"

ယောင်ရှင်းဝန်ရဲ့ ခန္တာကိုယ်က အနည်းငယ် တုန်ယင်သွားရသည်။ ဒီလိုမျိုး ဘာမထီ အကြည့်အောက်မှာ သူ့လက်ကို အလိုလို လွှတ်ပေးမိ၏။ ရိကျားမူအပြင် ရောက်သွားတာကို မြင်ရမှသာ သတိပြန်ဝင်လာရသည်။ သူက ချက်ချင်းပင် ဆက်သွယ်ရေးကိရိယာအား ကောက်ကိုင်ကာ လက်ရှိလုပ်နိုင်တဲ့ တစ်ခုတည်းသော အမိန့်ကိုသာ ထုတ်ပြန်လိုက်ရသည်။

"နေရာမှာပဲနေ!"

***

ရိကျားမူတစ်ယောက်တည်းကသာ အပြင်ပန်းမှာ သူပြသနေတဲ့ တည်ငြိမ်မှုနဲ့ ဝေးကွာလွန်းနေတာကိုသိသည်။ Arbiterကို ရှင်းလင်းရေးလုပ်ငန်း စတင်ကတည်းက သူ့နှလုံးသားက လည်ချောင်းဝကိုရောက်နေတာပင်။ ဒီလိုဖိအားများကြောင့် သူ့နှလုံးသားမှ လျင်မြန်စွာ ခုန်လှုပ်နေမှုကိုပင် ခံစားလို့ရနေသည်။

လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ရိကျားမူက အအေးဒဏ်ကိုသာ ခံစားလိုက်ရသည်။ သူက ဖြတ်သန်းခွင့်ကို အလျင်အမြန် ပြလိုက်ပြီး တစ်ခြားသူများရဲ့ အံ့အားသင့်နေသော အကြည့်များကို အာရုံစိုက်ဖို့ စိတ်မဝင်စားတော့ပေ။ အဆောက်အအုံထဲသို့သာ မရပ်မနား ပြေးဝင်သွားသည်။

အဆောက်အအုံ တစ်ခုလုံးကို Arbiter ကကန့်သတ်ထားသည်။ ဓာတ်လှေကားများက ရပ်တန့်သွားပြီး သံလိုက်စက်ကွင်း ပိတ်ဆို့မှုကြောင့် လေယာဉ်များလည်း ချဉ်းကပ်လို့မရပေ။ အမြင့်ဆုံးအထပ်ကို ရောက်ရှိဖို့ တစ်ခုတည်းသော နည်းလမ်းက လှေကားကနေ တက်ရန်သာဖြစ်သည်။ ကြောင်လှိမ်လှေခါးတွင် အဖြူရောင်နံရံ တစ်ခုတည်းသာရှိသည်။

တိတ်ဆိတ်နေမှုကြားတွင် ရိကျားမူက တစ်ထပ်ပြီးတစ်ထပ် တက်သွားနေသည်။ သူ့အသက်ရှုသံက ပိုမို ပြင်းထန်လာသည်ကိုပင် ကြားနိုင်နေ၏။ သူအခု ဘယ်နှစ်ထပ် တက်ခဲ့ပြီးပြီလဲ ဆိုတာပင် မမှတ်မိနိုင်တော့။ သူက သူ့ခန္တာကိုယ်က ပင်ပန်းနွမ်းနယ်မှုများကို မခံစားရသလိုမျိုး တစ်ဖြည်းဖြည်း ပြောင်းလဲလာသည့် နံပါတ်များကိုသာ ကြည့်နေသည်။

နောက်ဆုံးမှာတော့ လုံခြုံရေးတပ်ဖွဲ့များ၏ ယူနီဖောင်းများသည် သူ့မြင်ကွင်းထဲသို့ ဝင်လာသည်။ ဒီလူတွေက ယောင်ရှင်းဝန်ထံမှ ညွှန်ကြားချက်များ ရထားပြီးဖြစ်တာကြောင့် ရိကျားမူကိုမြင်သောအခါ လျင်မြန်စွာပင် ဘေးဖယ်ပေးကြသည်။

ရိကျားမူက အသက်ကိုသာ ပြင်းပြင်းရှုနေပြီး သူတို့ကို မကြည့်ပေ။ လူအုပ်ကို ဖြတ်ကျော်၍သာ အထပ်ရဲ့ အနက်ရှိုင်းဆုံးရှိရာကို တိုးဝင်သွားသည်။

အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်က သူမျှော်လင့်ထားသည်ထက် များစွာ တိတ်ဆိတ်နေသည်။ လမ်းတစ်လျှောက်မှာ သတိလစ်နေကြသော အဖွဲ့အစည်းဝင်များကို မြင်နိုင်နေ၏။ သူတို့မျက်နှာပေါ်က ဖြူဖျော့ပြီး ပုံပျက်နေသော အမူအယာများမှာ ကြောက်လန့်စရာ ကောင်းလှသေ်ာလည်း ဆန့်ကျင်ဘက်အနေနဲ့ ရိကျားမူရဲ့ နှလုံးသားကတော့ ဝိုးတဝါးဖြင့် သက်တောင့်သက်သာ ဖြစ်သွားရသည်။ သူ့ရဲ့ တင်းမာမှုတစ်ချို့က သက်သာလာပြီး သူ့နှလုံးခုန်သံ အနည်းငယ် မြန်လာသည်ကိုပင် ခံစားရနိုင်၏။

သူက သွားနေတဲ့ အရှိန်ကိုမြင့်လိုက်ပြီး နာကျင်နေတဲ့ သူ့ခြေထောက်များကို ဂရုစိုက်နေဖို့ အချိန်လည်း မရှိပေ။ သူ့အသက်ရှုသံနဲ့ နှလုံးခုန်သံများက တိတ်ဆိတ်စွာ ပေါင်းစပ်သွားသည်။

ရိကျားမူက နေရာတိုင်းအား ရည်ရွယ်ချက်မဲ့စွာ ရှာဖွေနေမိသည်။

မှုန်မှိုင်းမှိုင်း စင်္ကလြမ်းက မှိန်ဖျော့နေတဲ့ မီးအလင်းများနဲ့ တောက်ပလာပြီး အဆုံးက တံခါးတစ်ခုက ပွင့်ဟနေကာ အလင်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်နေသည်။ အဝေးကနေဆိုရင် သော့ခလောက်သံ တစ်ခုအား မသိမသာ ကြားနေရသည်။ ရိကျားမူသည် သူ့အသက်ရှုမှုတွေ ခဏတာ ရပ်တန့်သွားသလိုပင် ခံစားလိုက်ရပြီး သူ့အရှိန်က အလိုလို နှေးကွေးသွားရ၏။ သူက တံခါးဆီသို့ ဂရုတစိုက် လျှောက်သွားသည်။ထို့နောက်သူ ခေါင်းမော့ကြည့်လိုက်တဲ့ အချိန်မှာတော့ ထိန်းချုပ်တဲ့ စက်ကိရိယာများရဲ့ရှေ့မှာ ရပ်နေသော သွယ်လျလျ နှင့် အရပ်ရှည်ရှည် ပုံသဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။

အိပ်ပျက်ညများစွာ ကုန်ဆုံးပြီးနောက်မှာ ရိကျားမူရဲ့ မူလစိတ်ဝိဉာဉ်သည် အစောကတည်းက တောင့်တင်းသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ သို့သော်လည်း, အမြဲတမ်း အေးဆေးပြီး တည်ငြိမ်သည့် မျက်နှာဖုံးက အကြည့်တစ်ချက်နဲ့တင် ထိန်းချုပ်မရအောင် ကွဲကြေလေသည်။

ကုယဲ့ရှုန်းက သူ့နောက်ကျောက အကြည့်အား ခံစားရပုံဖြင့် ကိရိယာများ ခွဲခြမ်းစိတ်ဖြာရာကနေ အနည်းငယ် ရပ်တန့်သွားရသည်။ သူ့ရဲ့ အလွန်အမင်း သတိထားမှုက သူ့ကို အလိုလို နောက်ပြန်လှည့်ကြည့်မိစေသည်။ သူ့ရဲ့ ကြမ်းတမ်းမှုနဲ့ မှောင်မိုက်မှုတွေ ပါဝင်နေတဲ့ မျက်လုံးက ဝင်လာတဲ့သူအပေါ် ကျရောက်သွားတဲ့အချိန်မှာတော့ လုံးဝအေးခဲသွားရ၏။

ဒါက ထင်ယောင်ထင်မှား တစ်ခုလို့ သံသယဝင်နေပုံပင်။ သူက တစ်ခုခုပြောဖို့ ပါးစပ်ဖွင့်လိုက်သော်လည်း အလွန်အမင်း ခြောက်သွေ့နေတဲ့ သူ့အသံက စကားပြောရ ခက်ခဲနေတာကို တွေ့ရှိလိုက်ရသည်။

ရိကျားမူရဲ့ မျက်လုံးများက နီရဲလာပြီး သူ့မျက်ရည်များကို ထိန်းမရတော့

သူတို့ကအချိန်အတော်လေး ကြာသည်အထိ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေမိကြသည်။ ပြီးနောက်မှာတော့ ရိကျားမူက ရှေ့သို့ ပြေးဝင်သွားကာ ကုယဲ့ရှုန်းအား ပွေ့ဖက်လိုက်သည်။ သူ့အသံက အနည်းငယ် အက်ရှနေ၏။

"အဆင်ပြေသွားပြီနော်, အိမ်ပြန်ကြရအောင်"

21.9.2021

==============
Zawgyi

Chapter(96)

မာယန္က ကုယဲ့ရွဳန္းကို အခ်ိန္အေတာ္ေလး ၾကာေအာင္ ၾကည့္ေနရာမွ သူ႔မ်က္ခံုးမ်ားက ႐ုတ္တရက္ ေျပေလ်ာ့ကာ ႏူးညံ့သြားသည္။ ၎သည္ မိဘက သူတို႔ရဲ႔ ကေလးေတြ အရြယ္ေရာက္လာတဲ့အေပၚ စိတ္သက္သာရာ ရသြားတဲ့ ပံုစံမ်ိဳးပင္။

"အားရွဳန္း, မင္းတကယ္ကို အရြယ္ေရာက္လာၿပီပဲ"

ထို႐ိုးရွင္းတဲ့ စကားလံုးမ်ားက နားထဲ တိုးဝင္လာတဲ့ အခ်ိန္မွာေတာ့ ကုယဲ့ရွဳန္း၏ ခႏာၱကိုယ္က တုန္ယင္သြားရသည္။

မာယန္က သူတို႔ႏွစ္ေယာက္ၾကားမွာ ဆက္ဆံေရးတစ္ခု မရွိေတာ့ဘူးဆိုတာကို သတိျပဳမိပံုမေပၚေပ။ သူ႔ေလသံက အတိတ္တုန္းက သူတို႔ႏွစ္ေယာက္ အၾကာႀကီးစကားေျပာခဲ့တုန္းကလိုသာ ျဖစ္ေနသည္။

"ရိက်ားမူဆိုတဲ့ ကေလးကို ပထမဆံုးေတြ႕တဲ့ အခ်ိန္မွာ သူ႔တည္ရွိမႈက ငါ့အစီအစဥ္ေတြ အားလံုးမွာ အေျပာင္းအလဲ ျဖစ္သြားႏိုင္တယ္ ဆိုတာကို သေဘာေပါက္ခဲ့တယ္, သိသာပါတယ္, ငါ့ပင္ကိုယ္သိစိတ္က မမွားခဲ့ဘူး, အစီအစဥ္ထဲမွာ ရွိေနတဲ့ အတားအဆီးေတြအားလံုးက သူနဲ႔မခြဲျခားႏိုင္သလိုပဲ"

သူက ခပ္တိုးတိုး ရယ္သည္။

"ဒါမွမဟုတ္, ဒါက ဘုရားသခင္ရဲ႔ ကံၾကမၼာမ်ားလား? သူ႔ကိုမင္းဘဝထဲမွာ ေပၚလာေစဖို႔အတြက္ ကံၾကမၼာ ဖန္တီးလိုက္ၿပီး သူ႔ကိုမတူညီတဲ့ ျဖစ္တည္မႈတစ္ခု ျဖစ္ေအာင္လုပ္ေပးဖို႔ ရည္ရြယ္ခဲ့တာ"

ကုယဲ့ရႈန္းက မ်က္လႊာခ်လိုက္ၿပီး စကားမျပန္ေပ။

မာယန္က လံုးဝကို သက္ေတာင့္သက္သာ ျဖစ္သြားဟန္တူသည္။ သူကေရွ႕ကို ႏွစ္လွမ္းမွ်တိုးလိုက္ၿပီး သူတို႔ၾကားထဲက ကြာေဝးမႈကို နီးကပ္ေစ၏။

"သူေပၚလာၿပီးကတည္းက, ကိစၥေတာ္ေတာ္မ်ားမ်ား ထိန္းခ်ဳပ္လို႔မရဘူးလို႔ ငါရွင္းရွင္းလင္းလင္း ခံစားခဲ့ရတယ္, အဲ့ဒါေၾကာင့္လည္း ငါ့အစီအစဥ္ကို ေရွ႕တိုးၿပီး စတင္ဖို႔ မေစာင့္ႏိုင္ေတာ့တာ, ဒါေပမဲ့, ငါက အရမ္းစိတ္ေလာေနေသးတယ္နဲ႔ တူပါတယ္"

သူ႔အသံအား တစ္ျဖည္းျဖည္း ဆြဲေျပာလိုက္ၿပီး ေလသံက အနည္းငယ္ ေနာင္တရေနပံုေပၚသည္။

"အားရွဳန္း, မင္းကငါလိုခ်င္တာနဲ႔ ပိုၿပီးနီးစပ္ေနသင့္တာ, အဲ့ဒါမွသာ မင္းလည္း ခံစားရတာ နည္းသြားမွာေပါ့"

ကုယဲ့ရႈန္းက သူ႔ေရွ႕မွာ ရွိေနတဲ့ ရင္းႏွီးေသာ္လည္း စိမ္းသက္ေနေသာ လူအား ၾကည့္ကာ သူ႔ပါးစပ္ကို ျဖည္းၫွင္းစြာျဖင့္ လႈပ္ရွားလိုက္သည္။ သို႔ေသာ္လည္း သူတစ္စံုတစ္ရာေျပာဖို႔ အခ်ိန္မရေသးခင္မွာပင္ သူ႔အျမင္ကို ဖံုးကြယ္လိုက္တဲ့ မျမင္ရႏိုင္ေသာ ကန္႔လန္႔ကာ တစ္ခုအား ခံစားလိုက္ရ၏။ ထို႔ေနာက္ ခ်က္ခ်င္းပင္ သူ႔အျမင္ေအာက္က မာယန္ရဲ႔ ပံုရိပ္သည္လည္း မႈန္ဝါးဝါး ျဖစ္လာသည္။

ဒါက စြမ္းရည္ပဲ!

ကုယဲ့ရႈန္းက လ်င္ျမန္စြာ နားလည္သြားေသာ္လည္း ေနာက္ဆက္တြဲျဖစ္တာက အသက္ရွဳၾကပ္ျခင္း၏ ျပင္းထန္လွေသာ ခံစားခ်က္တစ္ခုျဖစ္သည္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္က စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ႏွိပ္စက္မႈမ်ားက ဒီလူနဲ႔ ပတ္သတ္ၿပီး လံုးဝစိတ္ပ်က္ေစေလာက္ေအာင္ လုံုေလာက္တယ္လို႔ ထင္ခဲ့မိသည္။ ဒီအခ်ိန္မွာပါ အသည္းႏွလံုး ၫွိုးငယ္ရတဲ့ ခံစားခ်က္မ်ိဳး က်န္ရွိေနဦးမယ္လို႔ သူလံုးဝ မထင္ထားခဲ့မိေပ။

သူ႔လက္ဖဝါးမ်ားက တင္းၾကပ္စြာ ဆုပ္ၫွစ္ထားၿပီး သူ႔ဒဏ္ရာမွ ပိုမိုၿပဲစုတ္လာတဲ့ နာက်င္မႈက သူ႔အား ဖ႐ိုဖရဲ အေျခအေနကေန လက္ရွိကို ျပန္ဆြဲေခၚလာသည္။ ဝင္ေရာက္လာတဲ့ အသိစိတ္ ခဏေလးကတင္ မႈန္မႈိင္းမႈိင္း ထင္ေယာင္ထင္မွားမ်ားထဲမွ တစ္ခုတည္းေသာ အက္ကြဲေၾကာင္းကို ရွာေဖြရန္ လုံေလာက္သည္။

ကုယဲ့ရႈန္း၏ လက္မ်ားက ေနာက္ဆံုးေတာ့ မာယန္ရဲ႔ လည္မ်ိဳအား တင္းတင္းၾကပ္ၾကပ္ ၫွစ္ထားႏိုင္သြားၿပီး မာယန္ရဲ႔ မ်က္လံုးထဲက အမူအယာက ေနာက္ဆံုးေတာ့ ေျပာင္းလဲသြားသည္။

"ဒါပဲေလ, တန္ျပန္႐ိုက္ခတ္မႈကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္း ရွာေတြ႕သြားၿပီေပါ့"

ထို႔ေနာက္မွာေတာ့ သတိေပးခ်က္ တစ္စံုတစ္ရာမရွိပဲနဲ႔ ဥၾသဆြဲသံမ်ားကို ႐ုတ္တရက္ၾကားလိုက္ရကာ ပတ္ဝန္းက်င္ရဲ႔ တိတ္ဆိတ္ေနမႈအား ၿဖိဳခြင္းလိုက္သည္။ ဒါသည္ ေနာက္ဆံုး တရားစီရင္ျခင္းအတြက္ ေၾကညာခ်က္ေပးလိုက္ျခင္းပင္။ သိသာထင္ရွားစြာပင္ ႏွစ္ေပါင္းမ်ားစြာ လွည့္ပတ္ေျပးလႊားၿပီးေနာက္မွာေတာ့ မဟာမိတ္အစိုးရက သူ႔အင္အား အကုန္လံုးကို ေပါင္းစည္းၿပီး ထိုပုန္းကြယ္ေနသည့္ ေနရာကို ေတြ႕ရွိသြားေလၿပီ။

အဆံုးသတ္မွာေတာ့ မာယန္က အခ်ိန္ၿပိဳင္ပြဲကို အႏိုင္မရခဲ့ေပ။ သူ႔ရဲ႔ အျပင္းအထန္ ျပင္ဆင္ထားမႈမ်ား အားလံုးက ျဖဳန္းတီးျခင္းမ်ားသာ ျဖစ္ကုန္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ မာယန္ကေတာ့ ထိုအေျပာင္းအလဲမ်ား အားလံုးကို သတိျပဳမိပံုမေပၚဘူး။

အထပ္တစ္ခုလံုး ဝိုင္းဒိုင္းႀကဲကုန္သည္။

မာယန္ရဲ႔အၾကည့္က ၾကမ္းျပင္ေပၚ စီးက်ေနတဲ့ စီးကပ္ကပ္ ေသြးမ်ားေပၚကို ေရာက္ရွိသြားၿပီး ကုယဲ့ရႈန္းအား ၾကင္နာတတ္၊ တည္ၿငိမ္ေအးေဆးၿပီး သနားၫွာတာသည့္ဟန္ျဖင့္ ျပန္ၾကည့္သည္။

"ဒါေပမဲ့, အရမ္းေနာက္က်သြားၿပီ, အားရႈန္း, အရမ္းေနာက္က်သြားၿပီ"

ကုယဲ့ရႈန္းသည္ သူဘယ္လိုမ်ိဳး အက်ဥ္းခန္းထဲက ထြက္လာႏိုင္မွန္း မမွတ္မိေတာ့..သူ႔စိတ္ထဲက ရႈပ္ေထြးလြန္းေသာ အ႐ူးမီးဝိုင္း ပံုရိပ္မ်ားက သူ႔အား အစစ္အမွန္နဲ႔ ျဖစ္ရပ္မွန္ၾကားမွာ ေဝခြဲမရျဖစ္ေနေစသည္။

မာယန္ကေသသြားၿပီလား? ဒါမွမဟုတ္သူကေရာ သတိလစ္ေနတုန္းပဲလား?

သူေလးစားခဲ့ရတဲ့ အႀကီးအကဲ တစ္ေယာက္အေပၚမွာ သူ႔စြမ္းရည္ကို အသံုးျပဳလိုက္ျခင္းဟာ ပထမဆံုးအႀကိမ္ ျဖစ္သလို ေနာက္ဆံုးအႀကိမ္လည္း ျဖစ္လိမ့္မည္။ သူ႔စြမ္းရည္ရဲ႔ ေဘးထြက္ဆိုးက်ိဳးက သူ႔ကို ႀကီးက်ယ္ခမ္းနားၿပီး လွပလြန္းတဲ့ ၿဂိဳလ္တစ္ခုလံုး ပ်က္စီးျခင္း ျမင္ကြင္းကို ရွင္းလင္းစြာ ျမင္ေနေစသည္။ဒါသည္ ရွန္လင္းနဲ႔ အဆက္အသြယ္ လုပ္ရတုန္းနဲ႔ လြန္စြာျခားနားလွသည္ေလ။

မာယန္၏ စိတ္ခံစားခ်က္မ်ားက သူျပသခဲ့သည့္ အရာႏွင့္ ေဝးကြာလြန္းသည္။ သူ႔ရဲ႔ စိတ္ပိုင္းဆိုင္ရာ ပဋိပကၡမ်ားက ကမာၻႀကီးကို အလြန္အကၽြံ စြန္႔ပစ္လိုက္ျခင္း၊ စိတ္ပ်က္ျခင္းမ်ားနဲ႔ ျပည့္ႏွက္ေန၏။ တစ္ခါတစ္ရံမွာ ပ်က္စီးျခင္းမ်ားကသာ ျပန္လည္ေမြးဖြားျခင္းကို ျဖစ္ေပၚေစႏိုင္သည္။ ဒါသည္ လူတစ္ဦးက ကမာၻႀကိးအေပၚ ေမွ်ာ္လင့္ခ်က္လံုးဝ မရွိေတာ့တဲ့ေနာက္မွသာ ျဖစ္ေပၚလာႏိုင္မယ့္ စိတ္ကူးယဥ္မွဳတစ္ခုပင္။

အစြန္းေရာက္ဖ်က္ဆီးပစ္လိုက္တဲ့ ျဖစ္စဥ္က အညစ္အေၾကးအားလံုးကို ေသခ်ာစြာ အရည္ေပ်ာ္သြားေစမွာကေတာ့ ေသခ်ာသည္။ ဒီ႐ူးသြပ္မႈရဲ႔ ကနဦးအားနည္းခ်က္ အရင္းအျမစ္က သာမာန္အဆန္ဆံုး ဘဝအတြက္ ႏွိမ့္ခ်စြာ ေတာင့္တျခင္းကေန ျဖစ္ေပၚလာတာလို႔ ဘယ္သူကထင္ခဲ့မိမွာလဲ? အုပ္ခ်ဳပ္သူမ်ားရဲ႔ အမွားမ်ားက အေစာပိုင္းကတည္းက ေပ်ာက္ကြယ္သြားခဲ့ၿပီပဲေလ။

အျပင္ဘက္ကို ကုယဲ့ရႈန္းေရာက္တဲ့အခ်ိန္မွာ စႀကႍန္တစ္ေလွ်ာက္က ရႈပ္ေထြးေနေလၿပီ။ လူမ်ားက လာလိုက္သြားလိုက္နဲ႔ အလ်င္လိုေနၾက၏။ သူက တစ္ခါတစ္ေလမွာ အဖြဲ႔အစည္းဝင္မ်ားရဲ႔ ႐ူးသြပ္စြာ ေျပးလႊားေနမႈမ်ားနဲ႔ တိုက္မိသည္။ ကုယဲ့ရႈန္းရဲ႔ သားရဲလို ၾကမ္းတမ္းေနတဲ့ အေျခအေနေရွ႕မွာေတာ့ အရာအားလံုးက ပံုမွန္ျဖစ္ေနပံုရသည္။ သူတို႔လက္ထဲမွာရွိတဲ့ စြမ္းရည္လက္နက္ေတြကို ဖယ္ရွားလိုက္ရင္ သူတို႔ကဒီအတိုင္း သာမာန္လူမ်ားသာ ျဖစ္သည္ေလ။

ကုယဲ့ရႈန္းက စိတ္ရႈပ္ေထြးေနသည့္ ပံုစံျဖင့္သာ ေရွ႕ဆက္ေလွ်ာက္ေနသည္။ လူဘယ္ႏွစ္ေယာက္ကို သူတိုက္မိခဲ့လဲ သူဘာေတြကို ျဖတ္ေက်ာ္ခဲ့လဲ ဆိုတာကိုလည္း သူမသိဘူး။ သူ႔စိတ္ထဲက အ႐ူးအမူး ေအာ္ဟစ္ေနတဲ့ အေတြးမ်ားကသာ သူ႔ကို အလြန္အကၽြံ စိတ္ပ်က္အားငယ္ျခင္းမ်ား ျဖစ္ေပၚေနေစၿပီး အဲ့ဒါက မာယန္ဆီကလား ဒါမွမဟုတ္ သူကိုယ္တိုင္ကလား ဆိုတာကိုပင္ မေျပာႏိုင္။

ဥၾသသံမ်ားကလည္း သူ႔နားထဲမွာ စူးစူးဝါးဝါး မည္ဟီးေနသည္။ သူတို႔က နီးလာလိုက္ ေဝးသြားလိုက္ ျဖစ္ေန၏။ သူတို႔က သူ႔စိတ္ကို တုန္လႈပ္ေစမည့္ တစ္ျခားရႈေထာင့္တစ္ခုမွာ ရွိေနပံုရသည္။ လက္စြပ္မွ အဆူးမ်ားနဲ႔ ထိုးစိုက္ခံထားရတဲ့ ဒဏ္ရာသည္လည္း ထပ္တလဲလဲ ထိုးစိုက္ခံေနရသည္။ သူက သူ႔လက္ကို ေသေသခ်ာခ်ာ ဆုပ္ကိုင္ထားၿပီး မူးေဝမႈမ်ားရဲ႔ ေပါက္ကြဲထြက္မႈကို ေက်ာ္လြန္ေစသည္။

Arbiter အဖြဲ႔ဝင္ေတြ ျပည့္ႏွက္ေနတဲ့ ဒီအေဆာက္အအံုမ်ိဳးမွာ သူ႔ေစာင့္ၾကပ္မႈကို ေလ်ာ့ခ်ဖို႔အတြက္ အခ်ိန္မရွိဘူး။ သူဒီမွာေနရတာ အရမ္းၾကာသြားၿပီ.... ၿပီးေတာ့ သူျပန္သြားမွျဖစ္မယ္ 

ကုယဲ့ရႈန္းရဲ႔ ရင္ဘက္က နိမ့္လိုက္ျမင့္လိုက္ ျဖစ္ေနသည္။ သူက အန္ခ်င္သည့္ စိတ္ကို ဖိႏွိပ္လိုက္ၿပီး 'အဓိကထိန္းခ်ဳပ္ခန္း' လို႔ နာမည္တပ္ထားတဲ့ အခန္းတံခါးအား တစ္ခ်က္ ၾကည့္လိုက္သည္။ ထို႔ေနာက္ အသက္ကိုျပင္းျပင္းရွဳလိုက္ကာ ထိုဘက္ကို ေျခဦးတည္လိုက္ေတာ့ေလ၏။

***

မဟာမိတ္အစိုးရက ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားရွာေဖြခဲ့ရတဲ့ Arbiterက Zorfa ၾကယ္စုရဲ႔ luxurious အက်ဆံုးစီးပြားေရးရပ္ကြက္မွာ ပုန္းေအာင္းေနလိမ့္မယ္လို႔ ဘယ္သူမွ ထင္ခဲ့မိမွာ မဟုတ္ဘူး

ပတ္ဝန္းက်င္မွာ ေနထိုင္ေနသူမ်ား အားလံုးကို ေဘးလႊတ္ရာ ေရႊ႕ေျပာင္းေပးၿပီးေနာက္မွာ ေယာင္ရွင္းဝန္က အေထြေထြ ထိန္းခ်ဳပ္ခန္းအတြင္းတြင္ ရပ္ေနသည္။ သူက ရႈပ္ေထြးေနတဲ့ အမူအယာျဖင့္ အေဝးမွ luxury က်လွေသာ တာဝါအေဆာက္အဦးအား ေငးၾကည့္ေန၏။

"ဒီေကာင္မာယန္က တကယ္လုပ္ရဲတာပဲ!"

လူသူကင္းမဲ့ေနတဲ့ လမ္းမမ်ားေပၚမွာ အၾကမ္းဖက္ ေပါက္ကြဲမႈေတြ အမ်ားအျပား ရွိေနသည္။ ခ်က္ခ်င္းလိုလိုပင္ ေထာင့္တိုင္းလိုလိုမွ မီးခိုးလံုးမ်ား ထြက္ေပၚလာရ၏။ မူလက သက္ဝင္လွဳပ္ရွားေနေသာ ၿမိဳ႔ေတာ္တစ္ခုလံုးက မီးရွဳးမီးပန္းမ်ား ေပါက္ကြဲေနသလိုမ်ိဳး တစ္ခုျပီးတစ္ခု ျဖစ္ေပၚေနကာ မ်က္လံုးကိုပင္ နာက်င္ေစသည္။

ဆက္သြယ္မႈျပဳလုပ္ႏိုင္သည့္ ကိရိယာက ႏွစ္ႀကိမ္မွ် လင္းလာၿပီး ေရွ႕တန္းမွ သတင္းမ်ားက တစ္ခုၿပီးတစ္ခု ေရာက္ရွိလာသည္။

"Mr ေယာင္ကို သတင္းပို႔ပါတယ္, လင္းသြင္အေဆာက္အအံုရဲ႔ ေအာက္ဆံုးထပ္ကို ေအာင္ေအာင္ျမင္ျမင္ သိမ္းယူႏိုင္ပါၿပီ, ကၽြန္ေတာ္တို႔အခု အေပၚထပ္ေတြကိုတက္ဖို႔ ျပင္ဆင္ေနပါတယ္"

"သတင္းပို႔ပါတယ္, စတုတၳထပ္ကို တက္ေနပါၿပီ...ပံုမွန္မဟုတ္တာ ရွာမေတြ႕ေသးပါဘူး!"

"သတင္းပို႔ပါတယ္, ဆယ္ထပ္ေျမာက္ကိုလည္း ေအာင္ေအာင္ျမင္ျမင္ ခ်ိဳးေဖာက္ဝင္ေရာက္ႏိုင္ပါၿပီ, Arbiter အဖြဲ႔ဝင္ေတြက ကိုယ့္ကိုကိုယ္ ဖ်တ္ဆီးမႈကို ေရြးခ်ယ္သြားၾကတဲ့အတြက္ က်န္ရစ္သူမရွိပါ!"

"သတင္းပို႔ပါတယ္..."

......

"သတင္းပို႔ပါတယ္...၄၈ထပ္ေျမာက္ကို ႀကိဳတင္ရွင္းလင္းထားပံုရပါတယ္.....ေသဆံုးသူမရွိေၾကာင္း အတည္ျပဳပါတယ္... သတိလစ္ကုန္ၾကတဲ့ အေၾကာင္းအရင္းကေတာ့....... မသိရေသးပါဘူး"

"သတင္းပို႔ပါတယ္...ကၽြန္ေတာ္တို႔အခု ထိပ္ဆံုးထပ္ကို နီးကပ္ေနပါၿပီ..... ကာကြယ္ေရးပစၥည္းေတြကို.... မသိရေသးတဲ့ ရန္သူက အသံုးျပဳေနပါတယ္, ကၽြန္ေတာ္တို႔ဘက္က.... လႈပ္ရွားဖို႔ ခက္ခဲေနတယ္"

"ကၽြန္ေတာ္တို႔ေတြ အထူး... လုပ္ေဆာင္မႈေတြလုပ္ဖို႔, ေက်းဇူးျပဳၿပီး, အဟြတ္ အဟြတ္ အဟြတ္, ေက်းဇူးျပဳၿပီး ၫႊန္ၾကားမႈေပးပါ....."

French window မ်ားေရွ႕တြင္ မတ္တပ္ရပ္ေနသည့္ လူငယ္ေလးက ႐ုတ္တရက္ ေနာက္လွည့္ၾကည့္လာသည္။ ေယာင္ရွင္းဝန္လည္း ဘာျဖစ္တာလဲ ဆိုတာကို သေဘာေပါက္သြားတာေၾကာင့္ သူ႔မ်က္လံုးထဲမွာ အံ့အားသင့္တဲ့ အရိပ္အေယာင္တစ္ခု ေပၚလာ၏။ သူတို႔ေတြက မေသခ်ာမေရရာတဲ့ ဘဝေသျခင္းရွင္ျခင္းကို ေက်ာ္ျဖတ္ရမယ္လို႔ ထင္ခဲ့မိတာေလ။

သူတို႔မေရာက္ခင္မွာပဲ အေဆာက္အဦးရဲ႔ အတြင္းပိုင္းက ေျပာင္းလဲသြားလိမ့္မယ္လို႔ ဘယ္သူက ထင္ခဲ့မိမွာလဲ?ဒီအေျပာင္းအလဲရဲ႔ အရင္းအျမစ္ေတြက, ျဖစ္ႏိုင္တာ.....

သူက တစ္စံုတစ္ရာေျပာဖို႔ ျပင္လိုက္တဲ့ အခ်ိန္မွာပဲ ရိက်ားမူက ေရွ႕တိုးလာေနေလၿပီ။

"ကၽြန္ေတာ္သြားၾကည့္လိုက္မယ္"

ေယာင္ရွင္းဝန္က ရင္တုန္သြားၿပီး ထိုလူအား လွမ္းဆြဲလိုက္ရသည္။

"မင္းသြားလို႔မရဘူး, အရမ္းအႏာၱရယ္မ်ားတယ္!"

ရိက်ားမူရဲ႔ ႏႈတ္ခမ္းက အတူတကြ တင္းၾကပ္စြာ ဖိကပ္သြားသည္။

"သူကၽြန္ေတာ့ကို ေစာင့္ေနတယ္"

ေယာင္ရွင္းဝန္က လႊတ္ေပးဖို႔ကို ျငင္းဆန္သည္။

"အထဲမွာဘာေတြျဖစ္ေနလဲမင္းမသိဘူးေလ!"

ရိက်ားမူက မေမွ်ာ္လင့္ထားေလာက္ေအာင္ တည္ၿငိမ္ေန၏။

"ပထမအခ်က္, Arbiterရဲ႔ စြမ္းရည္လက္နက္က ကၽြန္ေတာ့အတြက္ေတာ့ ၿခိမ္းေျခာက္မႈ လံုးဝမဟုတ္ဘူး, ဒုတိယအခ်က္, အကယ္၍ ကုယဲ့ရႈန္းရဲ႔ စြမ္းရည္က ထိန္းခ်ဳပ္ႏိုင္စြမ္း ဆံုးရွံုးသြားတာနဲ႔ ဘယ္လိုရလဒ္ ထြက္လာႏိုင္မလဲဆိုတာ ခင္ဗ်ားလည္းသိတယ္, အကယ္၍အဲ့ဒါက တပ္ရင္းကို ထိသြားရင္ ဘယ္သူမွ တာဝန္မယူႏိုင္ဘူး, တတိယအခ်က္, ကၽြန္ေတာ္က သာမာန္ေက်ာင္းသား တစ္ေယာက္ ျဖစ္ရင္ျဖစ္မယ္ ဒါေပမဲ့ လက္ရွိ တြန္႔ဆုတ္ေနမႈေၾကာင့္ ကုယဲ့ရႈန္းဆီမွာ တစ္ခုခု ျဖစ္သြားခဲ့ရင္, ကၽြန္ေတာ္..... ဆက္ၿပီး တည္ၿငိမ္ေနႏိုင္မယ္လို႔ အာမမခံႏိုင္ဘူး"

ထို႔ေနာက္ သူက အသက္ကို ျပင္းျပင္းရွဳလိုက္ၿပီး ေျပာလိုက္သည္။

"အဲ့ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့ကို သြားခြင့္ေပးပါ"

ေယာင္ရွင္းဝန္ရဲ႔ ခႏာၱကိုယ္က အနည္းငယ္ တုန္ယင္သြားရသည္။ ဒီလိုမ်ိဳး ဘာမထီ အၾကည့္ေအာက္မွာ သူ႔လက္ကို အလိုလို လႊတ္ေပးမိ၏။ ရိက်ားမူအျပင္ ေရာက္သြားတာကို ျမင္ရမွသာ သတိျပန္ဝင္လာရသည္။ သူက ခ်က္ခ်င္းပင္ ဆက္သြယ္ေရးကိရိယာအား ေကာက္ကိုင္ကာ လက္ရွိလုပ္ႏိုင္တဲ့ တစ္ခုတည္းေသာ အမိန္႔ကိုသာ ထုတ္ျပန္လိုက္ရသည္။

"ေနရာမွာပဲေန!"

***

ရိက်ားမူတစ္ေယာက္တည္းကသာ အျပင္ပန္းမွာ သူျပသေနတဲ့ တည္ၿငိမ္မႈနဲ႔ ေဝးကြာလြန္းေနတာကိုသိသည္။ Arbiterကို ရွင္းလင္းေရးလုပ္ငန္း စတင္ကတည္းက သူ႔ႏွလံုးသားက လည္ေခ်ာင္းဝကိုေရာက္ေနတာပင္။ ဒီလိုဖိအားမ်ားေၾကာင့္ သူ႔ႏွလံုးသားမွ လ်င္ျမန္စြာ ခုန္လႈပ္ေနမႈကိုပင္ ခံစားလို႔ရေနသည္။

ေလယာဥ္ေပၚမွ ဆင္းလိုက္သည္ႏွင့္ ရိက်ားမူက အေအးဒဏ္ကိုသာ ခံစားလိုက္ရသည္။ သူက ျဖတ္သန္းခြင့္ကို အလ်င္အျမန္ ျပလိုက္ၿပီး တစ္ျခားသူမ်ားရဲ႔ အံ့အားသင့္ေနေသာ အၾကည့္မ်ားကို အာရံုစိုက္ဖို႔ စိတ္မဝင္စားေတာ့ေပ။ အေဆာက္အအံုထဲသို႔သာ မရပ္မနား ေျပးဝင္သြားသည္။

အေဆာက္အအုံ တစ္ခုလုံးကို Arbiter ကကန႔္သတ္ထားသည္။ ဓာတ္ေလွကားမ်ားက ရပ္တန္႔သြားၿပီး သံလိုက္စက္ကြင္း ပိတ္ဆို႔မႈေၾကာင့္ ေလယာဥ္မ်ားလည္း ခ်ဥ္းကပ္လို႔မရေပ။ အျမင့္ဆံုးအထပ္ကို ေရာက္ရွိဖို႔ တစ္ခုတည္းေသာ နည္းလမ္းက ေလွကားကေန တက္ရန္သာျဖစ္သည္။ ေၾကာင္လွိမ္ေလွခါးတြင္ အျဖဴေရာင္နံရံ တစ္ခုတည္းသာရွိသည္။

တိတ္ဆိတ္ေနမႈၾကားတြင္ ရိက်ားမူက တစ္ထပ္ၿပီးတစ္ထပ္ တက္သြားေနသည္။ သူ႔အသက္ရွဳသံက ပိုမို ျပင္းထန္လာသည္ကိုပင္ ၾကားႏိုင္ေန၏။ သူအခု ဘယ္ႏွစ္ထပ္ တက္ခဲ့ၿပီးၿပီလဲ ဆိုတာပင္ မမွတ္မိႏိုင္ေတာ့။ သူက သူ႔ခႏာၱကိုယ္က ပင္ပန္းႏြမ္းနယ္မႈမ်ားကို မခံစားရသလိုမ်ိဳး တစ္ျဖည္းျဖည္း ေျပာင္းလဲလာသည့္ နံပါတ္မ်ားကိုသာ ၾကည့္ေနသည္။

ေနာက္ဆုံးမွာေတာ့ လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ ယူနီေဖာင္းမ်ားသည္ သူ႔ျမင္ကြင္းထဲသို႔ ၀င္လာသည္။ ဒီလူေတြက ေယာင္ရွင္းဝန္ထံမွ ၫႊန္ၾကားခ်က္မ်ား ရထားၿပီးျဖစ္တာေၾကာင့္ ရိက်ားမူကိုျမင္ေသာအခါ လ်င္ျမန္စြာပင္ ေဘးဖယ္ေပးၾကသည္။

ရိက်ားမူက အသက္ကိုသာ ျပင္းျပင္းရွဳေနၿပီး သူတို႔ကို မၾကည့္ေပ။ လူအုပ္ကို ျဖတ္ေက်ာ္၍သာ အထပ္ရဲ႔ အနက္႐ွိဳင္းဆံုးရွိရာကို တိုးဝင္သြားသည္။

အေဆာက္အအံုရဲ႔ အေပၚဆံုးထပ္က သူေမွ်ာ္လင့္ထားသည္ထက္ မ်ားစြာ တိတ္ဆိတ္ေနသည္။ လမ္းတစ္ေလွ်ာက္မွာ သတိလစ္ေနၾကေသာ အဖြဲ႔အစည္းဝင္မ်ားကို ျမင္ႏိုင္ေန၏။ သူတို႔မ်က္ႏွာေပၚက ျဖဴေဖ်ာ့ၿပီး ပံုပ်က္ေနေသာ အမူအယာမ်ားမွာ ေၾကာက္လန္႔စရာ ေကာင္းလွေသ္ာလည္း ဆန္႔က်င္ဘက္အေနနဲ႔ ရိက်ားမူရဲ႔ ႏွလံုးသားကေတာ့ ဝိုးတဝါးျဖင့္ သက္ေတာင့္သက္သာ ျဖစ္သြားရသည္။ သူ႔ရဲ႔ တင္းမာမႈတစ္ခ်ိဳ႔က သက္သာလာၿပီး သူ႔ႏွလံုးခုန္သံ အနည္းငယ္ ျမန္လာသည္ကိုပင္ ခံစားရႏိုင္၏။

သူက သြားေနတဲ့ အရွိန္ကိုျမင့္လိုက္ၿပီး နာက်င္ေနတဲ့ သူ႔ေျခေထာက္မ်ားကို ဂ႐ုစိုက္ေနဖို႔ အခ်ိန္လည္း မရွိေပ။ သူ႔အသက္ရွဳသံနဲ႔ ႏွလံုးခုန္သံမ်ားက တိတ္ဆိတ္စြာ ေပါင္းစပ္သြားသည္။

ရိက်ားမူက ေနရာတိုင္းအား ရည္ရြယ္ခ်က္မဲ့စြာ ရွာေဖြေနမိသည္။

မႈန္မွိုင္းမွိုင္း စၾကၤလမ္းက မွိန္ေဖ်ာ့ေနတဲ့ မီးအလင္းမ်ားနဲ႔ ေတာက္ပလာၿပီး အဆံုးက တံခါးတစ္ခုက ပြင့္ဟေနကာ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလး ထြက္ေပၚေနသည္။ အေဝးကေနဆိုရင္ ေသာ့ခေလာက္သံ တစ္ခုအား မသိမသာ ၾကားေနရသည္။ ရိက်ားမူသည္ သူ႔အသက္ရွဳမႈေတြ ခဏတာ ရပ္တန္႔သြားသလိုပင္ ခံစားလိုက္ရၿပီး သူ႔အရွိန္က အလိုလို ေႏွးေကြးသြားရ၏။ သူက တံခါးဆီသို႔ ဂ႐ုတစိုက္ ေလွ်ာက္သြားသည္။ထို႔ေနာက္သူ ေခါင္းေမာ့ၾကည့္လိုက္တဲ့ အခ်ိန္မွာေတာ့ ထိန္းခ်ဳပ္တဲ့ စက္ကိရိယာမ်ားရဲ႔ေရွ႕မွာ ရပ္ေနေသာ သြယ္လ်လ် ႏွင့္ အရပ္ရွည္ရွည္ ပံုသ႑ာန္တစ္ခုကို ျမင္လိုက္ရသည္။

အိပ္ပ်က္ညမ်ားစြာ ကုန္ဆံုးၿပီးေနာက္မွာ ရိက်ားမူရဲ႔ မူလစိတ္ဝိဉာဥ္သည္ အေစာကတည္းက ေတာင့္တင္းသည့္ အေျခအေနသို႔ ေရာက္ရွိေနေလၿပီ။ သို႔ေသာ္လည္း, အၿမဲတမ္း ေအးေဆးၿပီး တည္ၿငိမ္သည့္ မ်က္ႏွာဖံုးက အၾကည့္တစ္ခ်က္နဲ႔တင္ ထိန္းခ်ဳပ္မရေအာင္ ကြဲေၾကေလသည္။

ကုယဲ့ရႈန္းက သူ႔ေနာက္ေက်ာက အၾကည့္အား ခံစားရပံုျဖင့္ ကိရိယာမ်ား ခြဲျခမ္းစိတ္ျဖာရာကေန အနည္းငယ္ ရပ္တန္႔သြားရသည္။ သူ႔ရဲ႔ အလြန္အမင္း သတိထားမႈက သူ႔ကို အလိုလို ေနာက္ျပန္လွည့္ၾကည့္မိေစသည္။ သူ႔ရဲ႔ ၾကမ္းတမ္းမႈနဲ႔ ေမွာင္မိုက္မႈေတြ ပါဝင္ေနတဲ့ မ်က္လံုးက ဝင္လာတဲ့သူအေပၚ က်ေရာက္သြားတဲ့အခ်ိန္မွာေတာ့ လံုးဝေအးခဲသြားရ၏။

ဒါက ထင္ေယာင္ထင္မွား တစ္ခုလို႔ သံသယဝင္ေနပံုပင္။ သူက တစ္ခုခုေျပာဖို႔ ပါးစပ္ဖြင့္လိုက္ေသာ္လည္း အလြန္အမင္း ေျခာက္ေသြ႕ေနတဲ့ သူ႔အသံက စကားေျပာရ ခက္ခဲေနတာကို ေတြ႕ရွိလိုက္ရသည္။

ရိက်ားမူရဲ႔ မ်က္လံုးမ်ားက နီရဲလာၿပီး သူ႔မ်က္ရည္မ်ားကို ထိန္းမရေတာ့

သူတို႔ကအခ်ိန္အေတာ္ေလး ၾကာသည္အထိ တစ္ေယာက္နဲ႔တစ္ေယာက္ စိုက္ၾကည့္ေနမိၾကသည္။ ၿပီးေနာက္မွာေတာ့ ရိက်ားမူက ေရွ႕သို႔ ေျပးဝင္သြားကာ ကုယဲ့ရႈန္းအား ေပြ႔ဖက္လိုက္သည္။ သူ႔အသံက အနည္းငယ္ အက္ရွေန၏။

"အဆင္ေျပသြားၿပီေနာ္, အိမ္ျပန္ၾကရေအာင္"

==============

Continue Reading

You'll Also Like

246K 37.3K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
225K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
337K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိ...
90.4K 9.5K 8
Associated Name - Wo Shi Yi Ge Alpha, 我是一个Alpha Author - Xin Shou Hua (信手话) Eng Translator - Silent Fish This is the offline reading and funtranslati...