[Unicode]
ကိုယ် ဖြေရှင်းလိုက်မယ်နှင့် cancel ခံလိုက်ရသည့် အလုပ်
မျှော်လင့်ထားသလိုပင် ထန်ရှောင်းယွီရဲ့ အဖြေမှာ....
"ဟန်ဝေ"
"ဟန်ဝေ?" ချိုးကျီယန် ဒါကိုကြားတော့ မျက်မှောင်ကျုံ့မိသည်။ "သူ့ကို ဘယ်လို ရန်စခဲ့တာလဲ?"
အခုမှ လူ့အသိုင်းအဝိုင်းထဲကို ဝင်လာတဲ့သူက ဟန်ဝေလိုလူမျိုးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းက မရှိသင့်ဘူး။ သူတို့နှစ်ယောက်လုံးရဲ့ အခြေအနေ,နောက်ခံမိသားစုနဲ့ နောက်ကြောင်းတွေအရဆို ပိုလို့တောင် မဖြစ်သင့်ဘူး။
"အစ်ကိုကြီးဟန်ကို သိတယ်ပေါ့" ထန်ရှောင်းယွီ အံ့သြသွားရသည်။
"ဖျော်ဖြေရေးလုပ်ငန်းဆိုတာ လူအမျိုးမျိုးအထွေထွေ တွေစုနေတဲ့ အိတ်ကြီးတစ်လုံးပဲ။မင်း ဒီမှာ လုပ်သက်ကြာရင် သိလာပါလိမ့်မယ်" ချိုးကျီယန် ဆက်မေးလိုက်၏။ "သူ့နဲ့ ပဋိပက္ခ ဖြစ်ခဲ့တာလား?"
"အဲ့လိုမျိုး မဖြစ်ခဲ့ပါဘူး။အစက အစ်ကိုကြီးဟန်က သူ့နေရာမှာ လာလိမ်ဆော့နေတဲ့ လူလိမ်တွေကို ဖမ်းခိုင်းတာ။ကျွန်တော်တို့တတွေ အစပိုင်းတုန်းကတော့ အလုပ်လုပ်ကြတာ ကောင်းကောင်းမွန်မွန်ပါပဲ။ဒါပေမယ့် ကိစ္စလေးတစ်ခု ဖြစ်သွားတယ်" ထန်ရှောင်းယွီရဲ့ စိတ်အခြေအနေက ပြောနေရင်းနဲ့ ထိုးကျသွားတော့သည်။
"ဘာဖြစ်ခဲ့တာလဲ?" ချိုးကျီယန် မေးလိုက်သည်။
"ကျွန်တော် လူလိမ်တွေကို တမင်သက်သက် လွှတ်ပေးလိုက်တယ်" ထန်ရှောင်းယွီ သူ့ကို ကြည့်လိုက်ရင်း ဆက်ပြောလိုက်၏။
"နောက်တော့ အစ်ကိုကြီးဟန် သိသွားပြီး အဲ့ဒီအချိန်ကတည်းက လိုက်ရှာတော့တာပဲ။ဆေးရုံမှာတွေ့ခဲ့တဲ့ တစ်ခေါက်တုန်းကတော့ သူတို့တွေ ကျွန်တော့်ကို ဖမ်းမိသွားတယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တာ "
သာမာန်အားဖြင့် ဘော့စ် တစ်ယောက်နဲ့ ဒီလို ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် အကြီးအကျယ် ထိခိုက်စေမှာပဲ။သေချာတာကတော့ သူတို့က အမာရွတ်လေးအနည်းငယ်နဲ့ ပြန်လွှတ်ပေးမှာမဟုတ်ဘူး!
"အဲ့တာထက် တခြားဘာတွေဖြစ်ခဲ့သေးလား?" ချိုးကျီယန် မေးလိုက်သည်။
ထန်ရှောင်းယွီ ခေါင်းခါလိုက်ရင်း...."မဖြစ်ခဲ့ဘူး"
ချိုးကျီယန် စိတ်သက်သာရာ,ရသွားပြီး "ကောင်းတယ်။ ကျန်တာ ကိုယ့်ကိုပဲ လွှဲထားလိုက်"
"အစ်ကိုကျိရန်ကို?" ထန်ရှောင်းယွီ အံ့သြစွာဖြင့် "ဒါပေမယ့် အကိုကျိရန်က အစ်ကိုကြီးဟန်ကို သိတောင်မသိဘူးလေ"
"ကိုယ် သူ့ကိုမသိဘူးဆိုတာ မှန်ပါတယ်" ချိုးကျီယန် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း "ဒါပေမယ့် ကိုယ်ကြိုးစားကြည့်ရတာပေါ့"
"အကိုကျိရန် ဒီကိစ္စမှာ ပါဝင်ကူညီပေးဖို့ မလိုပါဘူး။ကျွန်တော်ဘာသာ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်" ထန်ရှောင်းယွီ သူ့ကို ဒီကိစ္စမှာ မပါဝင်စေချင်ပေ။
"ကိုယ်ပြောတယ်လေ။Ent စီးပွားရေးလောကဆိုတာ ရှုပ်ထွေးလွန်းတယ်။သန့်ရှင်းနေတဲ့နေရာမဟုတ်ဘူး။ ကိုယ့်ရဲ့ အင်အားကို သိပါတယ်"
"ဒါပေမယ့်--"
"ဒါပေမယ့် ဆိုတာမရှိဘူး" ချိုးကျီယန် ဖြတ်ပြောလိုက်သည်။ "ကိုယ်ဘာသာကိုယ် နေကောင်းအောင် သက်သာသလိုသာနေ။ ကိစ္စတွေအားလုံးထက် မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်"
"ကျွန်တော့်အပေါ်ကို အဲ့လောက် ကောင်းပေးဖို့ မလိုပါဘူး " ထန်ရှောင်းယွီ အရမ်းကို စိတ်တွေရှုပ်ထွေးနေရသည်။
"ကိုယ်က မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင်စေချင်တယ် " ချိုးကျီယန် နူးညံ့ကြင်နာသည့်အသံဖြင့် ပြောလိုက်သည်။ " မင်း ကျောင်းဆက်မတတ်ချင်ဘူးဆိုရင်လည်း ရတယ်။ကိုယ် တွန်းအားမပေးပါဘူး၊တစ်ခုပဲရှိတယ်။ အတိတ်က အရာတွေအားလုံးကိုတော့ လွှတ်ချခဲ့ရမယ်။ အခုကစပြီးတော့ လောင်းကစားဘက်ကို လုံးဝ မထိရတော့ဘူး။ ဒါလေးတော့ ကိုယ့်အတွက် လုပ်ပေးနိုင်မလား?"
ထန်ရှောင်းယွီ နှာတရှုပ်ရှုပ်နဲ့ ခေါင်းညိမ့်ပြလိုက်သည်။"ကောင်းကောင်း အနားယူတော့" ချိုးကျီယန် သူ့ကို လှဲပေးဖို့ ကူညီပေးလိုက်သည်။ "ကျန်တာတွေကို ကိုယ့်ကိစ္စသာထားလိုက်"
ထန်ရှောင်းယွီ သူ့လက်ကို ကိုင်ထားရင်းနဲ့ လိမ္မာစွာ မျက်ခွံတွေကို မှိတ်လိုက်သည်။ ချိုးကျီယန်ကလည်း သူအိမ်ပျော်သွားသည်အထိ စောင့်ပေးနေရင်း အိပ်ပျော်သွားပြီဆိုမှ သူ့လက်ကို အသာလေးပြန်ဆွဲထုတ်လိုက်သည်။ အဲ့ဒီနောက် သူ ဧည့်ခန်းကို သွားပြီး မိုင်ခယ့်ဆီကို ဖုန်းခေါ်လိုက်သည်။
"ဟန်ဝေ?" မိုင်ခယ့် အရမ်းကို အံ့သြသွား၏။ "ရုတ်တရက်ကြီး သူ့ကို ဘာလို့ စိတ်ဝင်စားသွားရတာလဲ?"
"အံ့သြစရာကိစ္စတွေ တစ်ခုမှမကြုံခဲ့ဘူးဆိုရင် ငါ မဝေးတော့တဲ့အနာဂတ်မှာ သူနဲ့တွေ့ဖြစ်ကောင်းတွေ့ဖြစ်လိမ့်မယ်" ချိုးကျီယန် ပြတင်းပေါက်ရှေ့တွင်ရပ်ပြီး ပြောလိုက်သည်။ "သူ့အကြောင်းနည်းနည်းလောက် ပိုလေ့လာထားတာ မမှားဘူး"
___________
ဒါပေမယ့် အခုချိန်မှာတော့ ဟန်ဝေသည် သူ့နဲ့ တွေ့ချင်တဲ့အနေအထားမှာ ရှိမနေပေ။ဘာလို့လဲဆိုတော့ သူ ဒိုင်အန်းဆီက ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့်ပင်......"ငါက အစ်ကိုကြီးဆီမှာ ခဏသွားနေမယ်"ဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ?
"နိုနိုက ပြောတယ်။သူ ဆေးရုံက ဆင်းပြီးရင် မစ္စတာဟန်နဲ့ အတူ လာနေမယ်တဲ့" ဒိုင်အန်း ဝေခွဲမရ ဖြစ်စွာဖြင့် ပြောလိုက်သည်။ " သူ မစ္စတာဟန်ကို ဘာမှမပြောရသေးဘူးလား?အမ်...ကြည့်ရတာ အံ့သြစေချင်လို့ ထင်တယ်"
"........ဖြစ်နိုင်ပါတယ်။ကိုယ် မေးကြည့်လိုက်ပါဦးမယ်" ဟန်ဝေ ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး"
အစ်ကိုကြီးရဲ့ ပြင်းထန်တဲ့အရှိန်အဝါကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ဒိုင်အန်းမှာ သူ့ဘော့စ်ရဲ့ စိတ်နေသဘောထားအတိုင်းပဲ ရှိလိုက်သည်။
သူဖုန်းချလိုက်ပြီးနောက် ဟန်ဝေသည် ပြင်သစ်ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ပြတင်းပေါက်မှ ငေးကြည့်နေသည်။သူတို့မွေးလာကတည်းက ဒီညီလေး သူ့အပေါ်ကို လိမ်တာ ဒါပထမဆုံးအကြိမ်ပင်။
နာရီအနည်းငယ်ကြာပြီးနောက် ဆုနို၏မကြာသေးမီကဖုန်းခေါ်ဆိုမှုများပါ၀င်သည့်စာရင်းတစ်ခုက သူ့ရှေ့တွင်ရောက်လာသည်။
အဲ့ဒီနောက်မှာတော့ အစ်ကိုကြီးက သူ့ညီငယ်လေးရဲ့ အခြေအနေကို သိသွားပြီး ရက်စက်စွာ မစ္စတာဒါရိုက်တာကို ပြန်ပေးဆွဲလိုက်ပါတော့သည်။
ဘယ်ဟုတ်မလဲ!!!!
ဆုရှောင်းနိုက တန်ပြန်ကင်းထောက်ခြင်းအတတ်မှာ အလွန်ပဲ ကျွမ်းကျင်သူတစ်ယောက်ပင်။သူနဲ့ မစ္စတာဒါရိုက်တာတို့ရဲ့ ဆက်ဆံရေးကို ထူထောင်ပြီးကတည်းက သူတို့သာသိတဲ့ဖုန်းနံပါတ်တစ်ခုကိုပြောင်းလိုက်တယ်လေ! ဒါကြောင့်မို့လို့ ဟန်ဝေက ဘယ်အစအနကိုမှ မရတော့ဘူး။ဝမ်းနည်းစရာပဲ!
ထို့ကြောင့် အစ်ကိုကြီးရဲ့မျက်နှာမှာ ပိုလို့တောင် မည်းမှောင်လာရသည်။ ဗော်တာမော့လိုပဲ!!!
ဆုနို တစ်ယောက်ယောက်နဲ့ တစ်ခုခုဖြစ်ပျက်နေပြီဆိုတာကို သူရဲ့ဗီဇအရ သိနေသည်။ဒါပေမယ့် ဘာကို.........ဆုနိုက ပိုဖုံးကွယ်လေ,သူကလည်းပိုသိချင်လေပဲ!
ဆုနိုကတော့ ဒီအကြောင်းတွေ သိတောင်မသိလိုက်ပေ။အဲ့ဒီအစား သူက လျှိုဝှက်ချစ်ကြိုက်ရတဲ့ အချစ်ရေးဖြစ်နေရတာကို စိတ်လှုပ်ရှားနေ၏။
လျှို့ဝှက်ထားရတဲ့ချစ်ခြင်းက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်!အတိတ်မှာ သူတို့ရဲ့ချစ်သူကိုတွေ့ဖို့ ခိုးထွက်ကြတဲ့ မိန်းကလေးတွေရဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်ဆိုတာ အံ့သြစရာမရှိပါဘူး။ဘာလို့လဲဆိုတော့ ကိုယ်ရဲ့ချစ်သူကို လျှို့ဝှက်စွာတွေ့ရတာက အံ့သြစရာကောင်းလွန်းတာမို့ပဲ!
သူ့မှာ မျှော်လင့်စရာတစ်ခုခုရှိကတည်းက အချိန်ကလည်း မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုနို ဆေးရုံကနေ ဆင်းရမယ့်အချိန်တောင် ရောက်ပြီဖြစ်သည်။
နာမည်ကြီးအိုင်ဒေါတစ်ယောက်ဖြစ်သည့်အတွက် သူ့ကုမ္ပဏီက ဒီအခွင့်အရေးကိုအပြည့်အဝ အသုံးမချဘူးဆိုတာ မရှိပေ။ ဒါပေမယ့် ဆုနိုက ကမ္ဘာပေါ်က ပန်းတစ်ပွင့်လေးမဟုတ်တာကြောင့် သတင်းစာရှင်းလင်းပွဲကို ကြီးကြီးမားမားကျင်းပဖို့မဖြစ်နိုင်ဘူးလေ။မည်မျှပင်သတ်မှတ်စေကာမူ သူက အလွန်နူးညံ့သိမ်မွေ့ပြီးနုနယ်သင့်တာပါပဲ!
Catwalk ပေါ်ကနေ ပြုတ်ကျသွားတာကိုတောင်မပြောနဲ့ဦး။ လျှောခနဲဖြစ်သွားတာတောင်မှ သူ့ကိုဆေးရုံမှာရက်သတ္တပတ်များစွာ နေစေခဲ့ရ၏။ထို့ကြောင့် သူရဲ့ကုမ္ပဏီမှ ကြိုးစားမှုများစွာဖြင့် ဆုနိုအား ပြောရန်ဇာတ်ညွှန်းတစ်ခုရေးသားခဲ့သည်။
ဇာတ်ညွှန်းပါအကြောင်းအရာကတော့ သူ ကုသနေတဲ့အချိန်အတွင်းမှာ သူတို့ရဲ့အားပေးမှုအတွက် ပရိသတ်တွေကိုကျေးဇူးတင်ထားတာပဲ ဖြစ်သည်။ယင်းက စိတ်ခံစားချက်တွေနဲ့ ကြီးကျယ်ခမ်းနားမှုတွေဖြစ်စေပြီး သူရဲ့ပုံရိပ်အတွက် အလွန်ပင်လိုက်ဖက်လှသည်။
"ငါ မမှတ်မိတော့ဘူး" ဆုနို ဆေးရုံကုတင်ပေါ်မှာ ထိုင်ရင်း စိုးရိမ်ပူပန်နေရ၏။....စာက အရှည်ကြီးပဲ!
"မင်း မှတ်မိဖို့ မလိုပါဘူး teleprompter ရှိလိမ့်မယ်"
ထို့နောက် ဒိုင်အန်းသည် မိတ်ကပ်ပညာရှင်နှင့်စတိုင်လ်လစ်တို့ကို သတိပေးလိုက်သည်။
"သူ့အသားရည်နဲ့နှုတ်ခမ်းကို ဖျော့အောင်လုပ်ပေး။ဆံပင်ကိုအရမ်းသပ်ရပ်အောင် မလုပ်နဲ့။ အရမ်းလည်း ရှုပ်ဖို့မလိုဘူး။ ဆေးရုံဝတ်စုံက သူရဲ့ ပြူးထွက်နေတဲ့လည်ပင်းရိုးတွေကို ပေါ်ဖို့အတွက် ဆိုဒ်ကြီးတာလေး လိုမယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူမဆို စိတ်ထိခိုက်ခံစားသွားရပြီး သူ့ကို အိမ်ခေါ်သွားပြီး ဂရုစိုက်ပေးချင်တဲ့စိတ်တွေ ပေါက်လာရမယ်နော်!"
"သူကို ဂရုစိုက်ပေးချင်လို့ အိမ်ကို ကြိုခေါ်ထားလိုက်ပြီ" မိန်းမဆန်တဲ့ ဓါတ်ပုံဆရာက မျက်ရည်ကျလုမတက် ခံစားချက်တွေအပြည့်ဖြင့် ပြောလိုက်သည်။
ဆုနိုက 囧 ထိုအမူအယာလေးမှလွဲ၍ မည်သည့်စကားရပ်ကိုမျှ မပြောနိုင်ခဲ့သလို သူက ထိုနေရာမှာပဲ တံတွေး,ထွေးလိုက်ချင်မိသည်။ ငါမသေသေးဘူး! မင်းက ဘာလို့ငိုနေတာလဲ!
နာရီဝက်အကြာတွင် ဆုရှောင်းနိုရဲ့နေမကောင်းသည့်အလှလေးပုံစံကို ပြင်လို့ပြီးသွားပြီဖြစ်သည်။ သူ ကုတင်ပေါ်မှာထိုင်ပြီး သူ့ပရိတ်သတ်တွေအတွက် ဗွီဒီယိုအတိုတစ်ခုကို မှတ်တမ်းတင်ခဲ့သည်။ ဆိုဒ်ကြီးတဲ့ဆေးရုံဝတ်စုံက သူရဲ့ခန္ဓာကိုယ်ကို ပိုမို သေးသွယ်သွားစေပြီး ကြည်လင်တောက်ပတဲ့ ခရစ်စတယ်မျက်လုံးလေးများနှင့်လိုက်ဖက်နေသည့်အပြင် သူ့ရဲ့လှပသည့်အသွင်အပြင်လေးက လူတိုင်းရဲ့နှလုံးသားကို ဆွဲငင်စေလိုက်သည်။
ဗီဒီယိုကို တင်လိုက်ပြီးနောက် ထင်ထားတဲ့အတိုင်းပဲ ဖျော်ဖြေရေးနဲ့ပတ်သတ်သည့် သတင်းခေါင်းစည်းတွေမှာ နေရာအတော်လေး ယူသွား၏။
"မတော်တဆ ထိခိုက်မှု အပြီးမှာ စူပါမော်ဒယ်ဆုနို ပထမဆုံးအကြိမ် ပေါ်လာခြင်း!....
သူ့ပရိတ်သတ်တွေရဲ့အားပေးမှုအတွက် အထူးကျေးဇူးတင်ခြင်း! "
ဒီလိုမျိုးခေါင်းစဉ်မျိုးက တကယ်ပဲ အကျိုးသက်ရောက်မှုရှိခဲ့သည်။ ဒီစာမျိုးကိုဖတ်ပြီးနောက် သူရဲ့ပရိသတ်အားလုံးက သူတို့ရဲ့နာကျင်မှုနှင့်ထောက်ခံမှုတို့ကိုမှတ်ချက်ပေးကြသည်။
<ငါတို့ရဲ့ နိုနိုလေးက အရမ်းလှတယ်၊ အရမ်းလည်း သဘောကောင်းတယ်၊ ငါတို့က သူ့ကိုတကယ် အလိုလိုက်ပေးချင်မိတယ်။ ငါတို့က သူ့လက်လေးကိုညှစ်ပြီး သူ့ကိုနှစ်သိမ့်ပေးဖို့တန်းစီနေတယ်! ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နော်![နမ်းနေတဲ့အီမိုကျီလေးဖြင့်] ငါတို့ အရမ်းလိုအပ်ပေမယ့် အကြာကြီးစောင့်နိုင်ပါတယ်!
ဒါက တကယ့်ကိုရင်ထဲ ထိစရာပဲ!
ဆုနို cmtတွေကို ဖတ်ပြီးနောက် သူလည်း ရင်ထဲမှာ နွေးထွေးလာရသည်။ ဒါပေမယ့် သူ့ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် ကျေးဇူးတင်စကားတွေနဲ့အတူ လုံးဝသက်သာသွားပြီလို့ သူ့ပရိသတ်တွေကိုပြောမပြနိုင်ခဲ့ပေ။
အပြစ်တင်စိတ်လေးနဲ့သာ webpage ကို ပိတ်လိုက်နိုင်ပြီး ရှေ့ထိုင်ခုံမှာထိုင်နေတဲ့ ဂျက်ဆန်ကို ရောင်ခြည်မျက်လုံးတွေနဲ့ ပစ်လိုက်နိုင်တော့သည်။
________________
"အစ်ကိုကြီးနဲ့အတူ အိမ်မပြန်ချင်ဘူးလား?" ဟန်ဝေ ကားမောင်းနေရင်း မေးလိုက်သည်။
"ကျွန်တော့်အိမ်မှာပဲ ပြန်နေမှာ" ဆုနို အသိပြန်ဝင်လာပြီး " ကျွန်တော် အပြည့်အဝ သက်သာနေပါပြီ"
"မင်းရဲ့ခြေထောက်က သက်သာလုနီးပါးဖြစ်နေပြီဆိုရင်တောင် ဂရုစိုက်သင့်တယ်" ဟန်ဝေ ထပ်ပြောလိုက်ကာ "၁လလောက် နားလိုက်ရင် အကောင်းဆုံးပဲ!"
"ကျွန်တော် နောက်တစ်ပတ်ကျရင် တက်ရမယ့်ပွဲ တစ်ခုရှိတယ်" ဆုနို သူ့ဖုန်းထဲက အချိန်ဇယားကို ကြည့်လိုက်သည်။
"နောက်တစ်ပတ်?" ဟန်ဝေ မျက်မှောင်ကျုံ့လိုက်သည်။
"အင်း။ဒါပေမယ့် အဆင်ပြေပါတယ်" ဆုနို ဖုန်းကို ပိတ်လိုက်ပြီး ဟန်ဝေကားထဲက မုန့်တွေကို စားဖို့ထုတ်လိုက်သည်။
ဟန်ဝေ ဆုနိုအိမ်ကို ရောက်တဲ့အထိ ဘာမှမပြောပေ။လေသာဆောင်ရောက်မှ သူ ဂျက်ဆန်ကို ဖုန်းခေါ်လိုက်၏။ယင်းစကားဝိုင်း၏ယေဘုယျအနှစ်ချုပ်မှာတော့ ဤသို့ပင်။
'ငါ့ညီငယ်လေးက လျှောက်လမ်းမှာ ပြုတ်ကျတာနဲ့တင် မင်းကိစ္စတွေကို မဆုံးဖြတ်ရသေးဘူး။ အခု သူက ဆေးရုံက ဆင်းတာတောင်မကြာသေးဘူး။ ပွဲတွေကို တက်ခိုင်းဖို့စီစဉ်နေတယ်ပေါ့။ မင်းက ရန်ပွဲရှာနေတာလား?'
အရမ်း...အရမ်းကို ပြင်းထန်လွန်းပါတယ်!
"ငါ ဆရာဝန်ကို မေးပြီးပါပြီ။ဒီပွဲကို တက်တာက သူပြန်ကောင်း----ဟဲလို? ဟဲလို!!!"
ဂျက်ဆန် ပြောလို့မပြီးသေးခင်မှာပဲ ဟန်ဝေ ဖုန်းချပစ်လိုက်သည်။တကယ်ပဲ သူ့ကို မျက်နှာသာမပေးတာပဲ!
"ပွဲစီစဥ်သူတွေက သူတက်ဖို့ကို တွန်းနေတာကွ။တကယ်လို့ သူမသွားဘူးဆိုရင် သူတို့ကို စော်ကားသလိုဖြစ်သွားလိမ့်မယ်!"ဂျက်ဆန် ဖုန်းထဲက တီတီ အသံရှိရာကို အော်ပြောလိုက်၏။အဆုံးမှာတော့ မတတ်နိုင်ဘဲ ဆုနိုကိုသာ ဖုန်းခေါ်ရတော့သည်။
"ကျွန်တော် ရှင်းဖုန်းရှန်ပွဲကို မတက်ရဘူး?" ဆုနို အိပ်ယာပေါ်မှာထိုင်ရင်းနဲ့ စိတ်ရှုပ်သွားရသည်။
"ဘာလို့လဲ?"
"မင်းရဲ့အခြေအနေကို ထည့်စဉ်းစားပြီးမှ ကုမ္ပဏီက မင်းပိုအနားယူသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာ" ဂျက်ဆန်တကယ့်ကို သူတော်ကောင်း ယောင်ဆောင်ပြီး ပြောလိုက်သည်။ "အဲ့ဒီအစား ချိုးကျီယန်နဲ့ ယဲ့ဖုန်းဝူကို တက်ခိုင်းဖို့ရှိတယ်"
သူ ဒီလို မလုပ်နိုင်ဘူး!ဆုနို ဒေါသထွက်သွားရသည်။ သူ့ရဲ့မျက်နှာပန်းက ဒီကြွက်သားကောင်ထက် ပိုမြင့်ဖို့လိုတယ်....။
ထို့ကြောင့် သူ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ခန္ဓာကိုယ်က လုံးဝကောင်းနေပါပြီ။ ဒီပွဲကို တက်နိုင်ပါတယ်!"
ငါက မင်းကောင်းနေပြီ ဆိုတာကိုသိပါတယ်။ဒါပေမယ့် ပြသာနာက လူမသိတဲ့ ဒေါသအိုးမင်းအစ်ကိုပဲ! ဂျက်ဆန် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်ရသည်။
"ကုမ္ပဏီက မင်းရဲ့ပြန်လည်နာလန်ထူမှုကို မကြေငြာရသေးဘူး။ ဒီပွဲကို မင်းတက်ဖို့မသင့်တော်ဘူး။ "
"ကျွန်တော် ဝှီးချဲပေါ်မှာထိုင်နိုင်တယ်!" ဆုနိုရဲ့ လျင်မြန်တဲ့ တွေးခေါ်မှုက တကယ်ပဲမယုံနိုင်စရာကောင်းလှသည်။ဝှီးချဲပေါ်မှာ ထိုင်ရင်း ပွဲတက်လာမည့်သူ့ပုံတွေက ခေါင်းစည်းပိုင်းမှာ နေရာယူထားနိုင်လိမ့်မယ်။ဒါ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်လိုက်နိုင်တာပဲ!
ဂျက်ဆန် ရယ်ရမှာလားငိုရမှာလားမသိတော့ပေ။"ဒါ ကုမ္ပဏီရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ပဲ။မင်း ခဏ အနားယူသင့်တယ်။ကောင်းသောညပါ"
'ကောင်းသောညပါ' ဆိုတာက ဘာကိုဆိုလိုတာလဲ?!
ဆုနို အံ့သြသွားရသည်။
ဒါပေမဲ့ အရင်တုန်းကဆိုရင် သူတို့က လွယ်လွယ်ကူကူသဘောတူကြပါတယ်။ အခု သူတို့က ချိုးကျီယန်နဲ့ ယဲ့ဖုန်းဝူ တို့ကိုပဲ လိုချင်ကြတာလား? သူကိုကျ ရက်စက်စွာ ဘေးကိုတွန်းထုတ်လိုက်ကြတယ်ပေါ့! ဒါက နည်းလမ်းမကျဘူး! သူ လုံးဝမကျေနပ်ဘူး!
"ဘာဖြစ်လို့လဲ?" ဟန်ဝေ ယူလာသည့် ရေခွက်ကို တင်လိုက်ရင်း သူ့ရဲ့အမူအယာကြောင့် အံ့သြသွားရသည်။
"ဘော့စ်က လာမယ့်နောက်တစ်ပတ်က ကျွန်တော့်ပွဲကို ဖျက်လိုက်တယ်!" ဆုနို ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ဟန်ဝေ အံ့သြသွားသည့် အမူအယာပုံစံဖြင့် "တကယ်?" ထိပ်တန်းသရုပ်ဆောင်တစ်ယောက်လိုပင်။
"ဟုတ်တယ်!" ဆုနို ဒေါသထွက်ရပြန်သည်။
"ဒါလည်း ကောင်းတာပဲ။မင်း အနားယူဖို့ အချိန်ကောင်းကောင်းရတာပေါ့" ဟန်ဝေ သူသောက်ရ
မယ့်ဆေးကို ပေးလိုက်ရင်း ပြောလိုက်သည်။
ဆုနို ဒေါသတကြီးဖြင့် ဆေးတွေကို ပါးစပ်ထဲပစ်ထည့်ကာ ယောက်ျားပီပီသသဖြင့် ဝါးစားပစ်လိုက်သည်။ ဒါ ရူးလောက်စရာ ယောကျ်ားဆန်ချက်ပဲ!
ဟန်ဝေ ရေခွက်ကိုကိုင်ထားရင်းနဲ့ အံ့ဩတကြီး ကြည့်နေမိသည်။
"အား...အရမ်းခါးတယ်!" ဆုနို နောက်ဆုံးတော့ အသိဝင်လာပြီး ကျန်တဲ့ဆေးတွေကို ထွေးထုတ်တော့သည်။
ဟန်ဝေ ရယ်ရခက်ငိုရခက်ဖြင့် ရေခွက်ကို သူ့ပါးစပ်နားဆီကို တေ့ပေးလိုက်သည်။ " ဘာလို့ အဲ့လောက်ကြီးတုံးရတာလဲ?"
"သူက ကျွန်တော်ခွင့်ပြုချက်မပါဘဲ ဖျက်သိမ်းရဲတယ်လေ!" ဆုနို လုံးဝကို မကျေနပ်တော့ပေ။
".....နိုနို တကယ်သွားချင်တာလား?" ဟန်ဝေ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
ဒါပေါ့!!ဆုနို အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။
ဟန်ဝေ သူ့လက်ထဲက ရေခွက်လေးကို ယူလိုက်ပြီး မီးဖိုချောင်ထဲကို ဝင်သွားလိုက်သည်။
"မင်း အခု နိုနိုကို ပွဲတက်ဖို့ အတည်ပြုပေးလို့ရပြီ"
ဂျက်ဆန်က အော်ပြောလိုက်သည်။ "မင်း ငါ့ကို လာကစားနေတာလား?"
"ငါ့မှာ အဲ့လောက် အချိန်တွေအများကြီး ရှိနေ
တဲ့ပုံ ပေါ်နေလား?" ဟန်ဝေ မကျေမနပ်ဖြင့်!
"ငါကတော့ ရှိတယ်ထင်တယ်ကွ!!!"ဂျက်ဆန် ပြန်လည်ချေပလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ" ဟန်ဝေ ဖုန်းမချလိုက်ခင်လေးတော့ သူ့ရဲ့ဂါဝရတရားကို ပြလိုက်သည်။
ဘာကိုကျေးဇူးတင်တာလဲ!ငါက မင်းကို ကူညီဖို့ စိတ်မဝင်စားဘူး! ငါ ဘယ်လိုများ မင်းကို သိခဲ့ရတာလဲ? ဂျက်ဆန် ပြိုကွဲဖို့နီးပါးပင်!
သူမှာ လုံးဝကို လူဆိုးလူမိုက်တစ်ယောက်ရဲ့ အပြုအမူမျိုးပဲ ရှိနေတာ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ကိုယ္ ေျဖ႐ွင္းလိုက္မယ္ႏွင့္ cancel ခံလိုက္ရသည့္ အလုပ္
ေမွ်ာ္လင့္ထားသလိုပင္ ထန္ေ႐ွာင္းယြီရဲ႕ အေျဖမွာ....
"ဟန္ေဝ"
"ဟန္ေဝ?" ခ်ိဳးက်ီယန္ ဒါကိုၾကားေတာ့ မ်က္ေမွာင္က်ံဳ႕မိသည္။ "သူ႕ကို ဘယ္လို ရန္စခဲ့တာလဲ?"
အခုမွ လူ႕အသိုင္းအဝိုင္းထဲကို ဝင္လာတဲ့သူက ဟန္ေဝလိုလူမ်ိဳးနဲ႔ ဆက္သြယ္ဖို႔ နည္းလမ္းက မ႐ွိသင့္ဘူး။ သူတို႔ႏွစ္ေယာက္လုံးရဲ႕ အေျခအေန,ေနာက္ခံမိသားစုနဲ႔ ေနာက္ေၾကာင္းေတြအရဆို ပိုလို႔ေတာင္ မျဖစ္သင့္ဘူး။
"အစ္ကိုႀကီးဟန္ကို သိတယ္ေပါ့" ထန္ေ႐ွာင္းယြီ အံ့ၾသသြားရသည္။
"ေဖ်ာ္ေျဖေရးလုပ္ငန္းဆိုတာ လူအမ်ိဳးမ်ိဳးအေထြေထြ ေတြစုေနတဲ့ အိတ္ႀကီးတစ္လုံးပဲ။မင္း ဒီမွာ လုပ္သက္ၾကာရင္ သိလာပါလိမ့္မယ္" ခ်ိဳးက်ီယန္ ဆက္ေမးလိုက္၏။ "သူ႕နဲ႔ ပဋိပကၡ ျဖစ္ခဲ့တာလား?"
"အဲ့လိုမ်ိဳး မျဖစ္ခဲ့ပါဘူး။အစက အစ္ကိုႀကီးဟန္က သူ႕ေနရာမွာ လာလိမ္ေဆာ့ေနတဲ့ လူလိမ္ေတြကို ဖမ္းခိုင္းတာ။ကြၽန္ေတာ္တို႔တေတြ အစပိုင္းတုန္းကေတာ့ အလုပ္လုပ္ၾကတာ ေကာင္းေကာင္းမြန္မြန္ပါပဲ။ဒါေပမယ့္ ကိစၥေလးတစ္ခု ျဖစ္သြားတယ္" ထန္ေ႐ွာင္းယြီရဲ႕ စိတ္အေျခအေနက ေျပာေနရင္းနဲ႔ ထိုးက်သြားေတာ့သည္။
"ဘာျဖစ္ခဲ့တာလဲ?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
"ကြၽန္ေတာ္ လူလိမ္ေတြကို တမင္သက္သက္ လႊတ္ေပးလိုက္တယ္" ထန္ေ႐ွာင္းယြီ သူ႕ကို ၾကည့္လိုက္ရင္း ဆက္ေျပာလိုက္၏။
"ေနာက္ေတာ့ အစ္ကိုႀကီးဟန္ သိသြားၿပီး အဲ့ဒီအခ်ိန္ကတည္းက လိုက္႐ွာေတာ့တာပဲ။ေဆး႐ုံမွာေတြ႕ခဲ့တဲ့ တစ္ေခါက္တုန္းကေတာ့ သူတို႔ေတြ ကြၽန္ေတာ္႕ကို ဖမ္းမိသြားတယ္။ ဒါေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ ကြၽန္ေတာ္႕ကို ျပန္လႊတ္ေပးလိုက္တာ "
သာမာန္အားျဖင့္ ေဘာ့စ္ တစ္ေယာက္နဲ႔ ဒီလို ထိပ္တိုက္ရင္ဆိုင္ရၿပီဆိုရင္ အႀကီးအက်ယ္ ထိခိုက္ေစမွာပဲ။ေသခ်ာတာကေတာ့ သူတို႔က အမာ႐ြတ္ေလးအနည္းငယ္နဲ႔ ျပန္လႊတ္ေပးမွာမဟုတ္ဘူး!
"အဲ့တာထက္ တျခားဘာေတြျဖစ္ခဲ့ေသးလား?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
ထန္ေ႐ွာင္းယြီ ေခါင္းခါလိုက္ရင္း...."မျဖစ္ခဲ့ဘူး"
ခ်ိဳးက်ီယန္ စိတ္သက္သာရာ,ရသြားၿပီး "ေကာင္းတယ္။ က်န္တာ ကိုယ့္ကိုပဲ လႊဲထားလိုက္"
"အစ္ကိုက်ိရန္ကို?" ထန္ေ႐ွာင္းယြီ အံ့ၾသစြာျဖင့္ "ဒါေပမယ့္ အကိုက်ိရန္က အစ္ကိုႀကီးဟန္ကို သိေတာင္မသိဘူးေလ"
"ကိုယ္ သူ႕ကိုမသိဘူးဆိုတာ မွန္ပါတယ္" ခ်ိဳးက်ီယန္ သူ႕ေခါင္းေလးကို ပြတ္ေပးလိုက္ရင္း "ဒါေပမယ့္ ကိုယ္ႀကိဳးစားၾကည့္ရတာေပါ့"
"အကိုက်ိရန္ ဒီကိစၥမွာ ပါဝင္ကူညီေပးဖို႔ မလိုပါဘူး။ကြၽန္ေတာ္ဘာသာ ကြၽန္ေတာ္ ေျဖ႐ွင္းႏိုင္ပါတယ္" ထန္ေ႐ွာင္းယြီ သူ႕ကို ဒီကိစၥမွာ မပါဝင္ေစခ်င္ေပ။
"ကိုယ္ေျပာတယ္ေလ။Ent စီးပြားေရးေလာကဆိုတာ ႐ႈပ္ေထြးလြန္းတယ္။သန္႔႐ွင္းေနတဲ့ေနရာမဟုတ္ဘူး။ ကိုယ့္ရဲ႕ အင္အားကို သိပါတယ္"
"ဒါေပမယ့္--"
"ဒါေပမယ့္ ဆိုတာမ႐ွိဘူး" ခ်ိဳးက်ီယန္ ျဖတ္ေျပာလိုက္သည္။ "ကိုယ္ဘာသာကိုယ္ ေနေကာင္းေအာင္ သက္သာသလိုသာေန။ ကိစၥေတြအားလုံးထက္ မင္းရဲ႕က်န္းမာေရးက ပိုအေရးႀကီးတယ္"
"ကြၽန္ေတာ္႕အေပၚကို အဲ့ေလာက္ ေကာင္းေပးဖို႔ မလိုပါဘူး " ထန္ေ႐ွာင္းယြီ အရမ္းကို စိတ္ေတြ႐ႈပ္ေထြးေနရသည္။
"ကိုယ္က မင္းရဲ႕ က်န္တဲ့ဘဝတစ္ေလွ်ာက္လုံးမွာ ေပ်ာ္႐ႊင္ေစခ်င္တယ္ " ခ်ိဳးက်ီယန္ ႏူးညံ့ၾကင္နာသည့္အသံျဖင့္ ေျပာလိုက္သည္။ " မင္း ေက်ာင္းဆက္မတတ္ခ်င္ဘူးဆိုရင္လည္း ရတယ္။ကိုယ္ တြန္းအားမေပးပါဘူး၊တစ္ခုပဲ႐ွိတယ္။ အတိတ္က အရာေတြအားလုံးကိုေတာ့ လႊတ္ခ်ခဲ့ရမယ္။ အခုကစၿပီးေတာ့ ေလာင္းကစားဘက္ကို လုံးဝ မထိရေတာ့ဘူး။ ဒါေလးေတာ့ ကိုယ့္အတြက္ လုပ္ေပးႏိုင္မလား?"
ထန္ေ႐ွာင္းယြီ ႏွာတ႐ႈပ္႐ႈပ္နဲ႔ ေခါင္းညိမ့္ျပလိုက္သည္။"ေကာင္းေကာင္း အနားယူေတာ့" ခ်ိဳးက်ီယန္ သူ႕ကို လွဲေပးဖို႔ ကူညီေပးလိုက္သည္။ "က်န္တာေတြကို ကိုယ့္ကိစၥသာထားလိုက္"
ထန္ေ႐ွာင္းယြီ သူ႕လက္ကို ကိုင္ထားရင္းနဲ႔ လိမၼာစြာ မ်က္ခြံေတြကို မွိတ္လိုက္သည္။ ခ်ိဳးက်ီယန္ကလည္း သူအိမ္ေပ်ာ္သြားသည္အထိ ေစာင့္ေပးေနရင္း အိပ္ေပ်ာ္သြားၿပီဆိုမွ သူ႕လက္ကို အသာေလးျပန္ဆြဲထုတ္လိုက္သည္။ အဲ့ဒီေနာက္ သူ ဧည့္ခန္းကို သြားၿပီး မိုင္ခယ့္ဆီကို ဖုန္းေခၚလိုက္သည္။
"ဟန္ေဝ?" မိုင္ခယ့္ အရမ္းကို အံ့ၾသသြား၏။ "႐ုတ္တရက္ႀကီး သူ႕ကို ဘာလို႔ စိတ္ဝင္စားသြားရတာလဲ?"
"အံ့ၾသစရာကိစၥေတြ တစ္ခုမွမၾကဳံခဲ့ဘူးဆိုရင္ ငါ မေဝးေတာ့တဲ့အနာဂတ္မွာ သူနဲ႔ေတြ႕ျဖစ္ေကာင္းေတြ႕ျဖစ္လိမ့္မယ္" ခ်ိဳးက်ီယန္ ျပတင္းေပါက္ေ႐ွ႕တြင္ရပ္ၿပီး ေျပာလိုက္သည္။ "သူ႕အေၾကာင္းနည္းနည္းေလာက္ ပိုေလ့လာထားတာ မမွားဘူး"
___________
ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ဟန္ေဝသည္ သူ႕နဲ႔ ေတြ႕ခ်င္တဲ့အေနအထားမွာ ႐ွိမေနေပ။ဘာလို႔လဲဆိုေတာ့ သူ ဒိုင္အန္းဆီက ၾကားလိုက္ရတဲ့ စကားတစ္ခြန္းေၾကာင့္ပင္......"ငါက အစ္ကိုႀကီးဆီမွာ ခဏသြားေနမယ္"ဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ?
"ႏိုႏိုက ေျပာတယ္။သူ ေဆး႐ုံက ဆင္းၿပီးရင္ မစၥတာဟန္နဲ႔ အတူ လာေနမယ္တဲ့" ဒိုင္အန္း ေဝခြဲမရ ျဖစ္စြာျဖင့္ ေျပာလိုက္သည္။ " သူ မစၥတာဟန္ကို ဘာမွမေျပာရေသးဘူးလား?အမ္...ၾကည့္ရတာ အံ့ၾသေစခ်င္လို႔ ထင္တယ္"
"........ျဖစ္ႏိုင္ပါတယ္။ကိုယ္ ေမးၾကည့္လိုက္ပါဦးမယ္" ဟန္ေဝ ျပဳံးလိုက္ၿပီး "ေက်းဇူးတင္ပါတယ္"
"ကိစၥမ႐ွိပါဘူး"
အစ္ကိုႀကီးရဲ႕ ျပင္းထန္တဲ့အ႐ွိန္အဝါေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္၏။ ဒိုင္အန္းမွာ သူ႕ေဘာ့စ္ရဲ႕ စိတ္ေနသေဘာထားအတိုင္းပဲ ႐ွိလိုက္သည္။
သူဖုန္းခ်လိုက္ၿပီးေနာက္ ဟန္ေဝသည္ ျပင္သစ္ျပတင္းေပါက္ေ႐ွ႕တြင္ ရပ္ကာ ျပတင္းေပါက္မွ ေငးၾကည့္ေနသည္။သူတို႔ေမြးလာကတည္းက ဒီညီေလး သူ႕အေပၚကို လိမ္တာ ဒါပထမဆုံးအႀကိမ္ပင္။
နာရီအနည္းငယ္ၾကာၿပီးေနာက္ ဆုႏို၏မၾကာေသးမီကဖုန္းေခၚဆိုမႈမ်ားပါ၀င္သည့္စာရင္းတစ္ခုက သူ႕ေ႐ွ႕တြင္ေရာက္လာသည္။
အဲ့ဒီေနာက္မွာေတာ့ အစ္ကိုႀကီးက သူ႕ညီငယ္ေလးရဲ႕ အေျခအေနကို သိသြားၿပီး ရက္စက္စြာ မစၥတာဒါ႐ိုက္တာကို ျပန္ေပးဆြဲလိုက္ပါေတာ့သည္။
ဘယ္ဟုတ္မလဲ!!!!
ဆုေ႐ွာင္းႏိုက တန္ျပန္ကင္းေထာက္ျခင္းအတတ္မွာ အလြန္ပဲ ကြၽမ္းက်င္သူတစ္ေယာက္ပင္။သူနဲ႔ မစၥတာဒါ႐ိုက္တာတို႔ရဲ႕ ဆက္ဆံေရးကို ထူေထာင္ၿပီးကတည္းက သူတို႔သာသိတဲ့ဖုန္းနံပါတ္တစ္ခုကိုေျပာင္းလိုက္တယ္ေလ! ဒါေၾကာင့္မို႔လို႔ ဟန္ေဝက ဘယ္အစအနကိုမွ မရေတာ့ဘူး။ဝမ္းနည္းစရာပဲ!
ထို႔ေၾကာင့္ အစ္ကိုႀကီးရဲ႕မ်က္ႏွာမွာ ပိုလို႔ေတာင္ မည္းေမွာင္လာရသည္။ ေဗာ္တာေမာ့လိုပဲ!!!
ဆုႏို တစ္ေယာက္ေယာက္နဲ႔ တစ္ခုခုျဖစ္ပ်က္ေနၿပီဆိုတာကို သူရဲ႕ဗီဇအရ သိေနသည္။ဒါေပမယ့္ ဘာကို.........ဆုႏိုက ပိုဖုံးကြယ္ေလ,သူကလည္းပိုသိခ်င္ေလပဲ!
ဆုႏိုကေတာ့ ဒီအေၾကာင္းေတြ သိေတာင္မသိလိုက္ေပ။အဲ့ဒီအစား သူက လွ်ိဳဝွက္ခ်စ္ႀကိဳက္ရတဲ့ အခ်စ္ေရးျဖစ္ေနရတာကို စိတ္လႈပ္႐ွားေန၏။
လွ်ိဳ႕ဝွက္ထားရတဲ့ခ်စ္ျခင္းက အရမ္းကို စိတ္လႈပ္႐ွားစရာေကာင္းတယ္!အတိတ္မွာ သူတို႔ရဲ႕ခ်စ္သူကိုေတြ႕ဖို႔ ခိုးထြက္ၾကတဲ့ မိန္းကေလးေတြရဲ႕ ဇာတ္လမ္းေတြအမ်ားႀကီး႐ွိခဲ့တယ္ဆိုတာ အံ့ၾသစရာမ႐ွိပါဘူး။ဘာလို႔လဲဆိုေတာ့ ကိုယ္ရဲ႕ခ်စ္သူကို လွ်ိဳ႕ဝွက္စြာေတြ႕ရတာက အံ့ၾသစရာေကာင္းလြန္းတာမို႔ပဲ!
သူ႕မွာ ေမွ်ာ္လင့္စရာတစ္ခုခု႐ွိကတည္းက အခ်ိန္ကလည္း ျမန္ျမန္ပဲ ကုန္ဆုံးသြားခဲ့သည္။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ဆုႏို ေဆး႐ုံကေန ဆင္းရမယ့္အခ်ိန္ေတာင္ ေရာက္ၿပီျဖစ္သည္။
နာမည္ႀကီးအိုင္ေဒါတစ္ေယာက္ျဖစ္သည့္အတြက္ သူ႕ကုမၸဏီက ဒီအခြင့္အေရးကိုအျပည့္အဝ အသုံးမခ်ဘူးဆိုတာ မ႐ွိေပ။ ဒါေပမယ့္ ဆုႏိုက ကမ႓ာေပၚက ပန္းတစ္ပြင့္ေလးမဟုတ္တာေၾကာင့္ သတင္းစာ႐ွင္းလင္းပြဲကို ႀကီးႀကီးမားမားက်င္းပဖို႔မျဖစ္ႏိုင္ဘူးေလ။မည္မွ်ပင္သတ္မွတ္ေစကာမူ သူက အလြန္ႏူးညံ့သိမ္ေမြ႕ၿပီးႏုနယ္သင့္တာပါပဲ!
Catwalk ေပၚကေန ျပဳတ္က်သြားတာကိုေတာင္မေျပာနဲ႔ဦး။ ေလွ်ာခနဲျဖစ္သြားတာေတာင္မွ သူ႕ကိုေဆး႐ုံမွာရက္သတၱပတ္မ်ားစြာ ေနေစခဲ့ရ၏။ထို႔ေၾကာင့္ သူရဲ႕ကုမၸဏီမွ ႀကိဳးစားမႈမ်ားစြာျဖင့္ ဆုႏိုအား ေျပာရန္ဇာတ္ၫႊန္းတစ္ခုေရးသားခဲ့သည္။
ဇာတ္ၫႊန္းပါအေၾကာင္းအရာကေတာ့ သူ ကုသေနတဲ့အခ်ိန္အတြင္းမွာ သူတို႔ရဲ႕အားေပးမႈအတြက္ ပရိသတ္ေတြကိုေက်းဇူးတင္ထားတာပဲ ျဖစ္သည္။ယင္းက စိတ္ခံစားခ်က္ေတြနဲ႔ ႀကီးက်ယ္ခမ္းနားမႈေတြျဖစ္ေစၿပီး သူရဲ႕ပုံရိပ္အတြက္ အလြန္ပင္လိုက္ဖက္လွသည္။
"ငါ မမွတ္မိေတာ့ဘူး" ဆုႏို ေဆး႐ုံကုတင္ေပၚမွာ ထိုင္ရင္း စိုးရိမ္ပူပန္ေနရ၏။....စာက အ႐ွည္ႀကီးပဲ!
"မင္း မွတ္မိဖို႔ မလိုပါဘူး teleprompter ႐ွိလိမ့္မယ္"
ထို႔ေနာက္ ဒိုင္အန္းသည္ မိတ္ကပ္ပညာ႐ွင္ႏွင့္စတိုင္လ္လစ္တို႔ကို သတိေပးလိုက္သည္။
"သူ႕အသားရည္နဲ႔ႏႈတ္ခမ္းကို ေဖ်ာ့ေအာင္လုပ္ေပး။ဆံပင္ကိုအရမ္းသပ္ရပ္ေအာင္ မလုပ္နဲ႔။ အရမ္းလည္း ႐ႈပ္ဖို႔မလိုဘူး။ ေဆး႐ုံဝတ္စုံက သူရဲ႕ ျပဴးထြက္ေနတဲ့လည္ပင္း႐ိုးေတြကို ေပၚဖို႔အတြက္ ဆိုဒ္ႀကီးတာေလး လိုမယ္။ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ဘယ္သူမဆို စိတ္ထိခိုက္ခံစားသြားရၿပီး သူ႕ကို အိမ္ေခၚသြားၿပီး ဂ႐ုစိုက္ေပးခ်င္တဲ့စိတ္ေတြ ေပါက္လာရမယ္ေနာ္!"
"သူကို ဂ႐ုစိုက္ေပးခ်င္လို႔ အိမ္ကို ႀကိဳေခၚထားလိုက္ၿပီ" မိန္းမဆန္တဲ့ ဓါတ္ပုံဆရာက မ်က္ရည္က်လုမတက္ ခံစားခ်က္ေတြအျပည့္ျဖင့္ ေျပာလိုက္သည္။
ဆုႏိုက 囧 ထိုအမူအယာေလးမွလြဲ၍ မည္သည့္စကားရပ္ကိုမွ် မေျပာႏိုင္ခဲ့သလို သူက ထိုေနရာမွာပဲ တံေတြး,ေထြးလိုက္ခ်င္မိသည္။ ငါမေသေသးဘူး! မင္းက ဘာလို႔ငိုေနတာလဲ!
နာရီဝက္အၾကာတြင္ ဆုေ႐ွာင္းႏိုရဲ႕ေနမေကာင္းသည့္အလွေလးပုံစံကို ျပင္လို႔ၿပီးသြားၿပီျဖစ္သည္။ သူ ကုတင္ေပၚမွာထိုင္ၿပီး သူ႕ပရိတ္သတ္ေတြအတြက္ ဗြီဒီယိုအတိုတစ္ခုကို မွတ္တမ္းတင္ခဲ့သည္။ ဆိုဒ္ႀကီးတဲ့ေဆး႐ုံဝတ္စုံက သူရဲ႕ခႏၶာကိုယ္ကို ပိုမို ေသးသြယ္သြားေစၿပီး ၾကည္လင္ေတာက္ပတဲ့ ခရစ္စတယ္မ်က္လုံးေလးမ်ားႏွင့္လိုက္ဖက္ေနသည့္အျပင္ သူ႕ရဲ႕လွပသည့္အသြင္အျပင္ေလးက လူတိုင္းရဲ႕ႏွလုံးသားကို ဆြဲငင္ေစလိုက္သည္။
ဗီဒီယိုကို တင္လိုက္ၿပီးေနာက္ ထင္ထားတဲ့အတိုင္းပဲ ေဖ်ာ္ေျဖေရးနဲ႔ပတ္သတ္သည့္ သတင္းေခါင္းစည္းေတြမွာ ေနရာအေတာ္ေလး ယူသြား၏။
"မေတာ္တဆ ထိခိုက္မႈ အၿပီးမွာ စူပါေမာ္ဒယ္ဆုႏို ပထမဆုံးအႀကိမ္ ေပၚလာျခင္း!....
သူ႕ပရိတ္သတ္ေတြရဲ႕အားေပးမႈအတြက္ အထူးေက်းဇူးတင္ျခင္း! "
ဒီလိုမ်ိဳးေခါင္းစဥ္မ်ိဳးက တကယ္ပဲ အက်ိဳးသက္ေရာက္မႈ႐ွိခဲ့သည္။ ဒီစာမ်ိဳးကိုဖတ္ၿပီးေနာက္ သူရဲ႕ပရိသတ္အားလုံးက သူတို႔ရဲ႕နာက်င္မႈႏွင့္ေထာက္ခံမႈတို႔ကိုမွတ္ခ်က္ေပးၾကသည္။
<ငါတို႔ရဲ႕ ႏိုႏိုေလးက အရမ္းလွတယ္၊ အရမ္းလည္း သေဘာေကာင္းတယ္၊ ငါတို႔က သူ႕ကိုတကယ္ အလိုလိုက္ေပးခ်င္မိတယ္။ ငါတို႔က သူ႕လက္ေလးကိုညႇစ္ၿပီး သူ႕ကိုႏွစ္သိမ့္ေပးဖို႔တန္းစီေနတယ္! ေက်းဇူးျပဳၿပီး ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ေနာ္![နမ္းေနတဲ့အီမိုက်ီေလးျဖင့္] ငါတို႔ အရမ္းလိုအပ္ေပမယ့္ အၾကာႀကီးေစာင့္ႏိုင္ပါတယ္!
ဒါက တကယ့္ကိုရင္ထဲ ထိစရာပဲ!
ဆုႏို cmtေတြကို ဖတ္ၿပီးေနာက္ သူလည္း ရင္ထဲမွာ ေႏြးေထြးလာရသည္။ ဒါေပမယ့္ သူ႕ကုမၸဏီရဲ႕စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ေက်းဇူးတင္စကားေတြနဲ႔အတူ လုံးဝသက္သာသြားၿပီလို႔ သူ႕ပရိသတ္ေတြကိုေျပာမျပႏိုင္ခဲ့ေပ။
အျပစ္တင္စိတ္ေလးနဲ႔သာ webpage ကို ပိတ္လိုက္ႏိုင္ၿပီး ေ႐ွ႕ထိုင္ခုံမွာထိုင္ေနတဲ့ ဂ်က္ဆန္ကို ေရာင္ျခည္မ်က္လုံးေတြနဲ႔ ပစ္လိုက္ႏိုင္ေတာ့သည္။
________________
"အစ္ကိုႀကီးနဲ႔အတူ အိမ္မျပန္ခ်င္ဘူးလား?" ဟန္ေဝ ကားေမာင္းေနရင္း ေမးလိုက္သည္။
"ကြၽန္ေတာ္႕အိမ္မွာပဲ ျပန္ေနမွာ" ဆုႏို အသိျပန္ဝင္လာၿပီး " ကြၽန္ေတာ္ အျပည့္အဝ သက္သာေနပါၿပီ"
"မင္းရဲ႕ေျခေထာက္က သက္သာလုနီးပါးျဖစ္ေနၿပီဆိုရင္ေတာင္ ဂ႐ုစိုက္သင့္တယ္" ဟန္ေဝ ထပ္ေျပာလိုက္ကာ "၁လေလာက္ နားလိုက္ရင္ အေကာင္းဆုံးပဲ!"
"ကြၽန္ေတာ္ ေနာက္တစ္ပတ္က်ရင္ တက္ရမယ့္ပြဲ တစ္ခု႐ွိတယ္" ဆုႏို သူ႕ဖုန္းထဲက အခ်ိန္ဇယားကို ၾကည့္လိုက္သည္။
"ေနာက္တစ္ပတ္?" ဟန္ေဝ မ်က္ေမွာင္က်ံဳ႕လိုက္သည္။
"အင္း။ဒါေပမယ့္ အဆင္ေျပပါတယ္" ဆုႏို ဖုန္းကို ပိတ္လိုက္ၿပီး ဟန္ေဝကားထဲက မုန္႔ေတြကို စားဖို႔ထုတ္လိုက္သည္။
ဟန္ေဝ ဆုႏိုအိမ္ကို ေရာက္တဲ့အထိ ဘာမွမေျပာေပ။ေလသာေဆာင္ေရာက္မွ သူ ဂ်က္ဆန္ကို ဖုန္းေခၚလိုက္၏။ယင္းစကားဝိုင္း၏ေယဘုယ်အႏွစ္ခ်ဳပ္မွာေတာ့ ဤသို႔ပင္။
'ငါ့ညီငယ္ေလးက ေလွ်ာက္လမ္းမွာ ျပဳတ္က်တာနဲ႔တင္ မင္းကိစၥေတြကို မဆုံးျဖတ္ရေသးဘူး။ အခု သူက ေဆး႐ုံက ဆင္းတာေတာင္မၾကာေသးဘူး။ ပြဲေတြကို တက္ခိုင္းဖို႔စီစဥ္ေနတယ္ေပါ့။ မင္းက ရန္ပြဲ႐ွာေနတာလား?'
အရမ္း...အရမ္းကို ျပင္းထန္လြန္းပါတယ္!
"ငါ ဆရာဝန္ကို ေမးၿပီးပါၿပီ။ဒီပြဲကို တက္တာက သူျပန္ေကာင္း----ဟဲလို? ဟဲလို!!!"
ဂ်က္ဆန္ ေျပာလို႔မၿပီးေသးခင္မွာပဲ ဟန္ေဝ ဖုန္းခ်ပစ္လိုက္သည္။တကယ္ပဲ သူ႕ကို မ်က္ႏွာသာမေပးတာပဲ!
"ပြဲစီစဥ္သူေတြက သူတက္ဖို႔ကို တြန္းေနတာကြ။တကယ္လို႔ သူမသြားဘူးဆိုရင္ သူတို႔ကို ေစာ္ကားသလိုျဖစ္သြားလိမ့္မယ္!"ဂ်က္ဆန္ ဖုန္းထဲက တီတီ အသံ႐ွိရာကို ေအာ္ေျပာလိုက္၏။အဆုံးမွာေတာ့ မတတ္ႏိုင္ဘဲ ဆုႏိုကိုသာ ဖုန္းေခၚရေတာ့သည္။
"ကြၽန္ေတာ္ ႐ွင္းဖုန္း႐ွန္ပြဲကို မတက္ရဘူး?" ဆုႏို အိပ္ယာေပၚမွာထိုင္ရင္းနဲ႔ စိတ္႐ႈပ္သြားရသည္။
"ဘာလို႔လဲ?"
"မင္းရဲ႕အေျခအေနကို ထည့္စဥ္းစားၿပီးမွ ကုမၸဏီက မင္းပိုအနားယူသင့္တယ္လို႔ ဆုံးျဖတ္ခဲ့တာ" ဂ်က္ဆန္တကယ့္ကို သူေတာ္ေကာင္း ေယာင္ေဆာင္ၿပီး ေျပာလိုက္သည္။ "အဲ့ဒီအစား ခ်ိဳးက်ီယန္နဲ႔ ယဲ့ဖုန္းဝူကို တက္ခိုင္းဖို႔႐ွိတယ္"
သူ ဒီလို မလုပ္ႏိုင္ဘူး!ဆုႏို ေဒါသထြက္သြားရသည္။ သူ႕ရဲ႕မ်က္ႏွာပန္းက ဒီႂကြက္သားေကာင္ထက္ ပိုျမင့္ဖို႔လိုတယ္....။
ထို႔ေၾကာင့္ သူ ျပတ္ျပတ္သားသား ေျပာလိုက္သည္။ "ကြၽန္ေတာ္႕ရဲ႕ခႏၶာကိုယ္က လုံးဝေကာင္းေနပါၿပီ။ ဒီပြဲကို တက္ႏိုင္ပါတယ္!"
ငါက မင္းေကာင္းေနၿပီ ဆိုတာကိုသိပါတယ္။ဒါေပမယ့္ ျပသာနာက လူမသိတဲ့ ေဒါသအိုးမင္းအစ္ကိုပဲ! ဂ်က္ဆန္ စိတ္႐ႈပ္ေထြးစြာျဖင့္ သက္ျပင္းခ်လိုက္ရသည္။
"ကုမၸဏီက မင္းရဲ႕ျပန္လည္နာလန္ထူမႈကို မေၾကျငာရေသးဘူး။ ဒီပြဲကို မင္းတက္ဖို႔မသင့္ေတာ္ဘူး။ "
"ကြၽန္ေတာ္ ဝွီးခ်ဲေပၚမွာထိုင္ႏိုင္တယ္!" ဆုႏိုရဲ႕ လ်င္ျမန္တဲ့ ေတြးေခၚမႈက တကယ္ပဲမယုံႏိုင္စရာေကာင္းလွသည္။ဝွီးခ်ဲေပၚမွာ ထိုင္ရင္း ပြဲတက္လာမည့္သူ႕ပုံေတြက ေခါင္းစည္းပိုင္းမွာ ေနရာယူထားႏိုင္လိမ့္မယ္။ဒါ ခဲတစ္လုံးနဲ႔ငွက္ႏွစ္ေကာင္ ပစ္လိုက္ႏိုင္တာပဲ!
ဂ်က္ဆန္ ရယ္ရမွာလားငိုရမွာလားမသိေတာ့ေပ။"ဒါ ကုမၸဏီရဲ႕ ေနာက္ဆုံးဆုံးျဖတ္ခ်က္ပဲ။မင္း ခဏ အနားယူသင့္တယ္။ေကာင္းေသာညပါ"
'ေကာင္းေသာညပါ' ဆိုတာက ဘာကိုဆိုလိုတာလဲ?!
ဆုႏို အံ့ၾသသြားရသည္။
ဒါေပမဲ့ အရင္တုန္းကဆိုရင္ သူတို႔က လြယ္လြယ္ကူကူသေဘာတူၾကပါတယ္။ အခု သူတို႔က ခ်ိဳးက်ီယန္နဲ႔ ယဲ့ဖုန္းဝူ တို႔ကိုပဲ လိုခ်င္ၾကတာလား? သူကိုက် ရက္စက္စြာ ေဘးကိုတြန္းထုတ္လိုက္ၾကတယ္ေပါ့! ဒါက နည္းလမ္းမက်ဘူး! သူ လုံးဝမေက်နပ္ဘူး!
"ဘာျဖစ္လို႔လဲ?" ဟန္ေဝ ယူလာသည့္ ေရခြက္ကို တင္လိုက္ရင္း သူ႕ရဲ႕အမူအယာေၾကာင့္ အံ့ၾသသြားရသည္။
"ေဘာ့စ္က လာမယ့္ေနာက္တစ္ပတ္က ကြၽန္ေတာ္႕ပြဲကို ဖ်က္လိုက္တယ္!" ဆုႏို ေဒါသတႀကီးျဖင့္ ေျပာလိုက္သည္။
ဟန္ေဝ အံ့ၾသသြားသည့္ အမူအယာပုံစံျဖင့္ "တကယ္?" ထိပ္တန္းသ႐ုပ္ေဆာင္တစ္ေယာက္လိုပင္။
"ဟုတ္တယ္!" ဆုႏို ေဒါသထြက္ရျပန္သည္။
"ဒါလည္း ေကာင္းတာပဲ။မင္း အနားယူဖို႔ အခ်ိန္ေကာင္းေကာင္းရတာေပါ့" ဟန္ေဝ သူေသာက္ရ
မယ့္ေဆးကို ေပးလိုက္ရင္း ေျပာလိုက္သည္။
ဆုႏို ေဒါသတႀကီးျဖင့္ ေဆးေတြကို ပါးစပ္ထဲပစ္ထည့္ကာ ေယာက်္ားပီပီသသျဖင့္ ဝါးစားပစ္လိုက္သည္။ ဒါ ႐ူးေလာက္စရာ ေယာက်္ားဆန္ခ်က္ပဲ!
ဟန္ေဝ ေရခြက္ကိုကိုင္ထားရင္းနဲ႔ အံ့ဩတႀကီး ၾကည့္ေနမိသည္။
"အား...အရမ္းခါးတယ္!" ဆုႏို ေနာက္ဆုံးေတာ့ အသိဝင္လာၿပီး က်န္တဲ့ေဆးေတြကို ေထြးထုတ္ေတာ့သည္။
ဟန္ေဝ ရယ္ရခက္ငိုရခက္ျဖင့္ ေရခြက္ကို သူ႕ပါးစပ္နားဆီကို ေတ့ေပးလိုက္သည္။ " ဘာလို႔ အဲ့ေလာက္ႀကီးတုံးရတာလဲ?"
"သူက ကြၽန္ေတာ္ခြင့္ျပဳခ်က္မပါဘဲ ဖ်က္သိမ္းရဲတယ္ေလ!" ဆုႏို လုံးဝကို မေက်နပ္ေတာ့ေပ။
".....ႏိုႏို တကယ္သြားခ်င္တာလား?" ဟန္ေဝ သူ႕ေခါင္းေလးကို ပြတ္ေပးလိုက္သည္။
ဒါေပါ့!!ဆုႏို အသည္းအသန္ ေခါင္းညိတ္ျပလိုက္သည္။
ဟန္ေဝ သူ႕လက္ထဲက ေရခြက္ေလးကို ယူလိုက္ၿပီး မီးဖိုေခ်ာင္ထဲကို ဝင္သြားလိုက္သည္။
"မင္း အခု ႏိုႏိုကို ပြဲတက္ဖို႔ အတည္ျပဳေပးလို႔ရၿပီ"
ဂ်က္ဆန္က ေအာ္ေျပာလိုက္သည္။ "မင္း ငါ့ကို လာကစားေနတာလား?"
"ငါ့မွာ အဲ့ေလာက္ အခ်ိန္ေတြအမ်ားႀကီး ႐ွိေန
တဲ့ပုံ ေပၚေနလား?" ဟန္ေဝ မေက်မနပ္ျဖင့္!
"ငါကေတာ့ ႐ွိတယ္ထင္တယ္ကြ!!!"ဂ်က္ဆန္ ျပန္လည္ေခ်ပလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ေက်းဇူးပဲ" ဟန္ေဝ ဖုန္းမခ်လိုက္ခင္ေလးေတာ့ သူ႕ရဲ႕ဂါဝရတရားကို ျပလိုက္သည္။
ဘာကိုေက်းဇူးတင္တာလဲ!ငါက မင္းကို ကူညီဖို႔ စိတ္မဝင္စားဘူး! ငါ ဘယ္လိုမ်ား မင္းကို သိခဲ့ရတာလဲ? ဂ်က္ဆန္ ၿပိဳကြဲဖို႔နီးပါးပင္!
သူမွာ လုံးဝကို လူဆိုးလူမိုက္တစ္ေယာက္ရဲ႕ အျပဳအမူမ်ိဳးပဲ ႐ွိေနတာ!