[Unicode]
တစ်ညတာတည်းခိုခြင်းနှင့် မုန်လာဥနီစားခြင်း
"မသွားပါနဲ့!"
မုချိုးသည် ဒရမ်မာဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသားလို ခံစားချက်တွေအပြည့်နဲ့ လက်ကိုဆန့်ကာ သူ့လက်ကို ဆွဲကိုင်လိုက်သည်။
ကျုံးလီဖုန်းပိုင် ခေါင်းကိုက်သွားကာ...."တော်တော် နောက်ကျနေပြီ"
"ကိုယ် မင်းကို တကယ် ကြိုက်တာပါ"
မုချိုးက အမူးလွန်ပြီး ကမ္ဘာကြီးကို အရှုံးပေးလုနီးပါးဖြစ်နေသော်လည်း သူ့ရဲ့ကညားရေရွတ်သလို ပြောနေတဲ့ စာကြောင်းတွေအပေါ်ကိုတော့ သက်ရောက်မှုရှိပုံ မပေါ်ပေ။
"ကိုယ်က မင်းဘေးမှာ ရပ်နိုင်ဖို့ အရည်အချင်းမလုံလောက်ဘူးဆိုတာ သိပါတယ်" မုချိုးရဲ့စကားလုံးတွေက ဗလုံးဗထွေးဖြစ်နေသည်။ "ကိုယ်က ပညာရေးဘက်မှာလည်း အများကြီး မတတ်ပါဘူး "
ကျုံးလီဖုန်းပိုင် တစ်ခဏမျှအေးခဲသွားရသည်။
မုချိုးရဲ့မျက်ခုံးတွေက ကျုံ့ထားပေမယ့် တစ်ဖက်လူရဲ့လက်ကိုတော့ အထူးတလည် တင်းကြပ်စွာ ကိုင်ထားသည်။
"ကိုယ့်အပေါ်ကို ဘာလို့သေချာမကြည့်ပေးရတာလဲ?"
သူ မလွတ်နိုင်မှန်းသိတော့ ကျုံးလီဖုန်းပိုင်သည် သူ့ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း သက်ပြင်းချလိုက်ရသည်။
"ကိုယ် မင်းကို ချစ်တယ်" ဥက္ကဌမုရဲ့မျက်စိတွေက စုံလုံးပိတ်နေပြီး ပြုံးပြလိုက်၏။ "ကိုယ် မင်းနဲ့အတူတူ အိပ်ချင်တယ်!"
ကျုံးလီဖုန်းပိုင်သည် သူ့ရဲ့အကြီးမားဆုံးဆန္ဒက တစ်ဖက်လူကို ပါးဖြတ်ချရမယ်လို့ ခံစားမိပြီးနောက် သူ့ရဲ့မျက်လုံးတွေက လက်သွားတော့သည်။ဒါပေမယ့် သူပါးချဖို့ အခွင့်အရေးမရခင်မှာပဲ မုချိုးက အိပ်ယာပေါ် ကုတ်တွယ်တက်နေပြီဖြစ်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ!"
ကျုံးလီဖုန်းပိုင်ရဲ့ သတိပေးချက်တွေက တစ်ခုပြီးတစ်ခုမြည်လာတော့သည်။
"ခက်တယ်!" မုချိုးရဲ့မျက်လုံးတွေက အသက်မပါသလိုဖြစ်နေပေမယ့် သူ့အသံကတော့ အလိုမကျလို့ နှုတ်ခမ်းဆူလိုက်သည့် အသံမျိုး ဖြစ်နေသည်။
ကျုံးလီဖုန်းပိုင် လေတစ်ချက်ကို ရှူသွင်းလိုက်ရင်း.....သူမူးလာရင် တော်တော်ခက်တာပဲ။သူကမှ တကယ့် သားရဲကောင်ကြီး!
ထို့ကြောင့် သူ ပြန်ပြောလိုက်၏။ "ခင်ဗျားအပေါ်ကို ရေတစ်ပုံးလောက် လောင်းပစ်စေချင်လား!"
မုချိုး ခေါင်းအုံးကိုပျော်ရွှင်စွာ ဖက်ခွဖို့အတွက် ရှေ့ဘက်ကိုတိုးလိုက်ပြီး သူ့ကိုယ်သူကုတင်ပေါ်သို့ ပစ်တက်လိုက်သည်။ "နူးညံ့လွန်းတယ်"
"..........."
ဒါရိုက်တာကျုံးတစ်ယောက် ရယ်ရခက်ငိုရခက်ဖြင့် သူရှုံးနိမ့်သွားပြီဆိုတာကို လက်ခံလိုက်ရပြီး တစ်ဖက်လူကို စောင်ခြုံပေးလိုက်သည်။
ဥက္ကဌမုကတော့ အသေကောင်လို့ အိပ်ပျော်နေတာကြောင့် နှစ်တစ်သောင်းမှာ တစ်ကြိမ်သာ ကြုံတောင့်ကြုံခဲတွေ့ရသည့် ကျုံးလီဖုန်းပိုင်ရဲ့ ကြင်နာပေးသည့် အခိုက်အတန့်လေးကို မတွေ့လိုက်ရချေ။
ဒါ တကယ့်ကို နောင်တရစရာပဲ......
အလွန်သိမ်မွေ့နူးညံ့သည့်အတွင်းစိတ်လေးရှိသော အနုပညာလူငယ်တစ်ဦးဖြစ်ခြင်းကြောင့် ဒါရိုက်တာကျုံးကတော့ များများစားစား အိပ်ချင်စိတ် လုံးဝမရှိပေ။
သူ မုချိုးကို စောင်ခြုံပေးပြီးနောက် သူ့ရဲ့အလုပ်စားပွဲဆီကိုသွားကာ ကွန်ပြူတာကို ဖွင့်လိုက်ပြီး မုချိုးရဲ့နာမည်ကို search bar မှာ ရိုက်ထည့်လိုက်သည်။ အဲ့ဒီနောက် မုချိုးရဲ့ အကြောင်းအလီလီက ထွက်ပေါ်လာပါတော့သည်။
ဒေသတွင်းစားသောက်ကုန်လုပ်ငန်း၏ရာထူးအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦး အနေနှင့် သူ့အကြောင်း၊ သူ့သတင်းများသည် မရှားလှပါ။
သို့သော်လည်း ဒါက ကျုံးလီဖုန်းပိုင်အတွက် သူ့အကြောင်းတွေကို ရှာဖွေပြီး ပထမဆုံးအကြိမ်စူးစမ်းခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။
စက်ခရင်ပေါ်က အင်တာဗျူးမှာတော့ မုချိုးသည် ဒီဇိုင်းနာချုပ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ လန်းဆန်းတက်ကြွနေကာ သန့်ရှင်းသပ်ရပ်ပြီး ဖျတ်လတ်နေသည့်ပုံလည်း ပေါက်နေသည်။
တစ်ခါတစ်ရံ သူရဲ့စကားပြောဟန်သည် ပုံကြီးချဲ့ပြောတတ်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေပုံမပေါ်ဘဲ အဲဒီအစား ကလေးတစ်ယောက်ရဲ့ ပျင်းရိတတ်တဲ့စိတ်ကိုဆွဲဆောင်နိုင်သည့်ပုံမျိုးလည်း ရနေသည်။
အင်တာဗျူးသူက ပြုံးလျက် မေးလိုက်သည်။
"ဥက္ကဋ္ဌမုရဲ့ နောက်တစ်ခြမ်း(ဖူးစာဖက်)ကို ဘယ်လို စံနှုန်းတွေနဲ့ ရှာမှာလဲ?"
"နူ့ညံ့တဲ့လူမျိုးပေါ့" မုချိုး ခဏစဥ်းစားပြီး "သူက ကြည့်ကောင်းဖို့လည်း မလိုပါဘူး။ဒေါသတွေ နေရာတကာ လျှောက်မထွက်ဖို့ပါပဲ"
အင်တာဗျူးသည့်နေ့စွဲမှာ လွန်ခဲ့သည့်တစ်နှစ်က ဖြစ်ပြီး ဥက္ကဌမုနဲ့ အနုပညာရှင်လူငယ်လေးတို့ မတွေ့ကြသေးသည့် အချိန်လည်းဖြစ်သည်။
သူ့ရဲ့အနာဂတ်မှာ ကိုယ့်ဒေါသကိုအမြဲတမ်း ဘေးတစ်ပတ်လည်ကို ထုတ်လွှတ်နေပြီး အရမ်းကြည့်ကောင်းသည့် နူးညံ့မှုမရှိတဲ့လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ဘယ်တုန်းကမှခန့်မှန်းမိခဲ့မှာမဟုတ်ဘူး!
အဲ့တာကြောင့်လည်း ကံကြမ္မာက လူတွေကို ထူးဆန်းတဲ့နည်းတွေနဲ့ ကျီစယ်တယ်လို့ ပြောကြတာကိုး။မမှားပါဘူးလေ!
ဗီဒီယိုထဲက အင်တာဗျူးထဲမှာတော့ မုချိုးသည် စီးပွားရေးနယ်ပယ်မှာ စွန့်စားခဲ့သူတစ်ယောက်အနေနဲ့ သူ့အတွေ့အကြုံတွေအကြောင်းကို ဆက်လက် ပြောနေသည်။
သူ့ရဲ့ကျောင်းတုန်းက အဆင့်တွေက ဆိုးဝါးတဲ့အပြင် သူ့ရဲ့ မိသားစု အခြေအနေကလည်း ဆိုးခဲ့ကြောင်း၊ သူ တက္ကသိုလ်ဝင်ခွင့်မှာ ကျသွားတော့ သူ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေးအသေးလေးကို စလုပ်ဖို့ ကြိုးစားခဲ့သည်။
သူ အဝတ်အစားတွေကနေ လျှပ်စစ်ပစ္စည်း၊ အဲ့ကနေ ပင်လယ်စာတွေ၊ အဲ့ဒီနောက်မှာတော့.....နောက်ဆုံး စားသောက်ဆိုင်တွေအထိ သူ သွားခဲ့သည်။သူ အခုရောက်နေတဲ့နေရာကို ရောက်ဖို့အတွက် သူဘာတွေဖြတ်သန်းခဲ့ရတယ်ဆိုတာကို သူသာသိလိမ့်မည်။
ဒီလူကိုယ်တိုင်ပြောတာကိုသာ သူ မကြားလိုက်ဘူးဆိုရင် ကျုံးလီဖုန်းပိုင်သည် သူ့ရှေ့မှာရှိနေတဲ့ 'ရွှေတွေကိုတောင် ဖုန်မှုန့်တွေလို လွှတ်ပစ်နိုင်တဲ့သူ' က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လက်တွေမှာ ပေါက်ပြဲသွေးထွက်ပြီး အရည်ကြည်ဖုတွေ ပေါက်လာသည်အထိ လေထဲ၊ နှင်းထဲမှာ ဒေါ်လာအနည်းငယ်အတွက် သေတ္တာတွေ ရွေ့ပေးခဲ့ရတယ်ဆိုတာကို ယုံမှာမဟုတ်ဘူး။
"ဥက္ကဋ္ဌမုအနေနဲ့ အခုအချိန်ထိ နောင်တရစရာများ ရှိပါသလား? " အင်တာဗျူးသူက ဆက်မေးလိုက်သည်။
"နောင်တရစရာတွေတော့ အများကြီးမရှိပါဘူး။ ဒီအချိန်မှာ ကျွန်တော် အရမ်းကျေနပ်နေပါပြီ။" မုချိုး၏အပြုံးသည် ကြည်နူးစရာကောင်းပြီး တောက်ပ
နေသည်။ "ဒါပေမယ့် တစ်ခုခုကိုပြောရမယ်ဆိုရင်တော့ ကျွန်တော်က ပညာရေးမှာ မထူးချွန်ခဲ့တာကြောင့်ကျွန်တော်က အရမ်းမယဉ်ကျေးဘူး။ အင်္ဂလိပ်စကားကိုလည်း နားမလည်နိုင်ဘူး။ အဲ့တာကြောင့် လုပ်ငန်းညှိနှိုင်းရတဲ့နေရာမှာ တော်တော်လေးအဆင်မပြေဘူး "
ကျုံးလီဖုန်းပိုင် ဒီစကားကိုကြားတော့ ရယ်ရုံသာတတ်နိုင်သည်။ဖျော်ဖြေရေးလောကတွင် ဂရုတစိုက်ရွေးချယ်ထားသောစကားလုံးများကိုသာ အသုံးပြုခဲ့ဖူးသူတစ်ဦးအနေနှင့် ဒီလိုလက်တွေ့ကျကျ အဖြေတစ်ခုကိုကြားရသည်မှာ သူရဲ့ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
ထို့ကြောင့် ထိုညမှာပဲ ဒါရိုက်တာကျုံးသည် ကွန်ပျူတာရှေ့တွင်ထိုင်ပြီး မုချိုးနှင့် ပတ်သက်သည့်သတင်းအချက်အလက်အားလုံးကို တစ်ညလုံး စိတ်လှုပ်ရှားစွာ ရှာဖွေခဲ့သည်။ ၎င်းက ပြီးပြည့်စုံသည့် stalkerတစ်ယောက်၏အပြုအမူမျိုးပင်။
အရမ်းအရမ်းကို ရူးသွပ်နေပုံပဲ!
တစ်ချိန်တည်းမှာပဲ အိပ်ခန်းထဲရှိ ဥက္ကဌမုကတော့ သူအကြောင်းတွေကို ဂရုတစိုက် စုံစမ်းစစ်ဆေးခံနေရသည်ကို လုံးဝမသိဘဲအိပ်နေသည်မှာ အိပ်မက်ကောင်းကောင်းတောင် မက်နေလိုက်သေးသည်။ ၁၈+လိုအိမ်မက်မျိုးက တအားကောင်းတဲ့ အိမ်မက်မျိုးပေါ့!
သူ ထရန် ဆုံးဖြတ်ချက်ချလိုက်သည့်အချိန်မှာ မွန်းတည့်ခါနီးနေပြီ ဖြစ်သည်။
ဒါ ဘယ်နေရာလဲ?
ဥက္ကဌမုတစ်ယောက် အိပ်ယာပေါ်မှာထိုင်လိုက်ရင်း ဘေးတစ်ပတ်လည်ကို အံ့သြတကြီး ကြည်နေသည်။
"နိုးလာပြီလား?" ကျုံးလီဖုန်းပိုင် ဆူညံသံအချို့ကိုကြားလိုက်ရတာကြောင့် အခန်းထဲကို အေပရွန်ဝတ်ထားရင်း ၀င်လာကာ သူ့လက်ထဲမှာလည်း ကြက်ဥ
ထည့်ထားတဲ့ပန်းကန်တစ်လုံးကိုလည်း ကိုင်ထားသေးသည်။ ကြည့်ရတာ အိမ်ရှင်မတစ်ယောက်လိုပင်။
မုချိုး သူ့ကိုသုံးစက္ကန့်ကြာငေးကြည့်ပြီး လက်တစ်ဖက်ကိုမြှောက်လိုက်ကာ သူ့မျက်နှာသူ ရိုက်ချလိုက်သည်။
အခန်းတစ်ခန်းလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့်ရိုက်သံကြောင့် ကျုံးလီဖုန်းပိုင်သည် ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် သူ့ကိုကြည့်လိုက်ကာ......
တစ်ခုတည်းရှိတဲ့ ဦးနှောက်ဆဲလ်တွေကတော့ တကယ်
မပြောင်းလဲဘူးပဲ။( အရူးက အရူးပဲလို့ဆိုလို)
"ကိုယ်က.......မင်းအိမ်မှာ ရောက်နေတာလား? " ဒါအိပ်မက်မဟုတ်ဘူးလို့ အတည်ပြုပြီးနောက် မုချိုးရဲ့အသံက စိတ်လှုပ်ရှားမှုကြောင့် ပြောင်းသွားလေသည်။
"ကျွန်တော်အိမ်က ဘာဖြစ်လို့လဲ!" ကျုံးလီဖုန်းပိုင် ချက်ချင်းပင် မကျေနပ်တော့ပေ။
ဒီလေသံက ဘာလဲ?ငါအိမ်က သူ့အတွက် မလုံလောက်လို့လား!
"ကိုယ် ဘာလို့ ဒီကို ရောက်နေတာလဲ?" မုချိုးဆီမှ စိတ်ပျက်စရာကောင်းတဲ့ romcom ထဲကလိုမျိုး စာကြောင်းတွေ ထွက်လာပါတော့သည်။
ကျုံးလီဖုန်းပိုင် ပိုလို့တောင် အဲ့ဒီအတွက် မကျေနပ်တော့ပေ။ အပြစ်ကင်းစင်တဲ့အပျိုစင်တစ်ယောက်က မသိုးမသန့်ဖြစ်နေသလိုမျိုး ဒီယောက်ျားက ဘာလို့ အဲ့လိုမျိုးနဲ့ တူနေရတာလဲ! ရင်ဘတ်ကိုဖုံးဖို့ လက်တွေက ရင်ဘတ်ရှိရာကိုမြှောက်တက်သွားတာနဲ့အတူ အော်ဟစ်သံတွေ ထွက်ကျတော့မယ့်အတိုင်းပဲ!
ဒါ သူ့အိပ်ယာသာ မဟုတ်ဘူးဆိုရင် လက်ထဲက ကြက်ဥခွက်နဲ့ ပတ်ပစ်ပြီးပြီ!
"ကိုယ် မနေ့ညက အမူးလွန်သွားတာလား?" မုချိုး မှုန်ဝါးဝါးသာ မှတ်မိတော့သည်။
"ခင်ဗျားက အမူးလွန်ရုံတင်မကဘူး!" ကျုံးလီဖုန်းပိုင် အံကြိတ်လိုက်မိသည်။
အမူးလွန်ရုံတင် ဘယ်ကမလဲ။အဓိပ္ပါယ်မရှိ လျှောက်ပြောတဲ့အပြင် ကျုပ်ရဲ့ တင်ပါးကိုတောင် ကိုင်ပြီး အတွင်းခံကိုတောင် ခိုးဖို့ ကြိုးစားလိုက်သေးတယ်!စကားလုံးတွေနဲ့ ပြန်ပြောပြဖို့တောင် ရူးချင်စရာကောင်းလွန်းတယ်!
"ကိုယ့်ကို အိမ်ပြန်ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် " သူ ဘာဖြစ်ခဲ့တယ်ဆိုတာကို အတိအကျမသိပေမယ့် ယေဘူယျအကြောင်းအရာတွေကိုတော့ သူသိ၏။ မုချိုး အလွန်စိတ်လှုပ်ရှားသွားရသည်။
"အတင်းအကြပ် လာခေါ်ခိုင်းလို့လေ" ကျုံးလီဖုန်းပိုင် ပန်းကန်လုံးကို ကိုင်ထားရင်းနဲ့ မီးဖိုချောင်ဘက်ကို မလျှောက်မီ အေးစက်စွာပြောလိုက်သည်။
တစ်ဖက်မှာတော့ မုချိုးသည် 'မနေ့ညက ဒီတစ်ညလုံး ဒီအိပ်ယာပေါ်မှာ အိပ်ခဲ့တယ်'ဆိုတဲ့ အကြောင်းကို ကျေနပ်နေမိရင်း သူဒေါသမထွက်ခင်လေး ငါးမိနစ်လောက် နေအုံးမယ်ဟုဆိုကာ အိပ်ရာပေါ်ကို ပြန်လှဲချလိုက်သည်။
ဒါ တကယ်ကို အလွန်ပဲကျေနပ်စရာကောင်းခဲ့တာပဲ!
အကယ်၍ ကျုံးလီဖုန်းပိုင်သာ ယောင်းမနဲ့ပစ်ပေါက်ဖို့ ပြန်မဝင်လာခဲ့ရင် သူ ပြန်အိပ်ဖို့ ခေါင်းညိတ်ခဲ့ဖွယ်ရှိသည်။
နှစ်လိုဖွယ်သည်းလျာလေး...ပြင်ပေးထားတဲ့ မနက်စာက မဆိုးလောက်ပါဘူးနော်။
နောင်တတွေအပြည့်ရနေတဲ့ ဥက္ကဌမုတစ်ယောက် သူသွားတွေကို တိုက်နေစဉ် သူ့ကိုယ်သူနှစ်သိမ့်ခဲ့သည်။
foodie ဆုရဲ့ အစားအသောက်တွေနဲ့ယှဥ်ရင်တော့ ဒါရိုက်တာကျုံးရဲ့ မနက်စာကတော့ အလွန်ရိုးရှင်းပါ၏။ပဲနို့နဲ့ ကြက်ဥကြော်ရယ်၊ ဘေးနားက ဒိန်ချဉ်ဘူးလေးရယ်သာ ရှိသည်။
မည်သို့ပင်ဖြစ်စေ မုချိုးကတော့ သူ့ရဲ့ အကောင်းဆုံးအပြုအမူကို ပြသနေကာ အစားအသောက်တွေကို ချီးကျူးထောပနာပြုပြီး ကြက်ဥကြော်ကိုယူရန် တူကို ကောက်ကိုင်လိုက်သည်။
သို့သော်လည်း လမ်းတစ်ဝက်တောင် မရောက်သေးခင်မှာပဲ ကျုံးလီဖုန်းပိုင်က တူကိုဖြတ်ရိုက်လိုက်ပြီး ရက်စက်စွာ တားမြစ်ပစ်လိုက်လေသည်။
မုချိုး တောင့်ခဲသွားရသည်။ ဆုတောင်းတာတွေ,ဘာတွေများ လုပ်ရမှာလား?လက်တွေအချင်းချင်းတွဲပြီး ဘုရားသခင်ကို တွေးတာမျိုးတွေက သူ့မှာ အတွေ့အကြုံ လုံးဝမရှိဘူးလေ!
"ဒိန်ချဉ်ကို အရင်သောက်။ အရက်သောက်ပြီးရင် ဒိန်ချဉ်က အစာအိမ်အတွက် ကောင်းတယ်" ကျုံးလီဖုန်းပိုင် သူ့အတွက် ဒိန်ချဉ်ဘူးကို ဖွင့်ပေးလိုက်သည်။
မုချိုးသည် သူရဲ့အိမ်ရှင်မတစ်ယောက်ရဲ့ ကြီးမားတဲ့အရှိန်အဝါလိုမျိုးကြောင့် ပိုလို့အံ့သြသွားတယ်။
မနေ့ညက သူအရက်မူးနေချိန် ဘာဖြစ်ခဲ့တာလဲ? ရုတ်တရက်ကြီး ပင်ကိုယ်စရိုက်ပြောင်းလဲသွားတာက လူတစ်ဦးရဲ့ သံသယကို ပွားလာစေတာပဲ!
သူ အရက်သောက်ပြီးတော့ ပန်တွေလိုလှပတဲ့စကားလုံးတွေနဲ့ တစ်ဖက်လူကို ချည်နိုင်သွားလို့များလား?အဲ့လိုဆိုရင် တကယ်ကောင်းတယ်! ပိုပြီးရိုဆန်သွားမယ့် နည်းလမ်းကြောင့်ပဲဖြစ်လိမ့်မယ်!
ဥက္ကဌမု အရမ်းကို စိတ်လှုပ်ရှားမိသည်။
"စားနေတုန်း မပြုံးနဲ့!" ကျုံးလီဖုန်းပိုင်သည် သူ့ကို သူ့အကြည့်တွေနဲ့ ဓါးမြှောင်လို ပစ်လိုက်သည်။
မုချိုး သူ့ထိုင်ခုံကို သူ့ရှေ့တွင်နေရာရွေ့ရန် ဆွဲလိုက်ပြီး ယခင်ကထက် ပျော်ရွှင်စွာ စားသောက်လိုက်သည်။
ဒါရိုက်တာကျုံးကတော့ သူ့ဘေးနားမှာ ကြီးမားတဲ့ခွေးကြီးတစ်ကောင်ရှိနေသလိုမျိုး ဘာလို့ခံစားမိနေရတာလဲဆိုတာကို တွေးမိတာနဲ့တင် သူတော်တော်အကူအညီမဲ့သွားရသည်။ဒါလုံးဝ အဓိပ္ပါယ်မရှိဘူးလေ!
သံသယဖြစ်ဖွယ်နှင့်အတူ ကြည်နူးစရာကောင်းတဲ့ နံနက်စာကိုစားပြီးနောက် မုချိုးသည် တစ်ဖက်လူရဲ့အလုပ်နေရာကို အတင်းအကြပ် လိုက်လာခဲ့တော့သည်။ ၎င်းကိုမြင်ပြီးနောက် ဝန်ထမ်းများသည် PDA လုပ်နေတာလို့ မတွေးဘဲမနေနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ငါတို့က မနာလိုစိတ်လုံးဝမရှိဘူး!! နောက်ကျမှ ရောက်လာတယ်ဆိုတဲ့သဘောက ညက အရှိန်ပြင်းခဲ့ကြလို့ပဲ ဖြစ်ရမယ်!
(PDA- လူရှေ့သူရှေ့မှာ ကြည်နူးပြခြင်း)
ဒါကြောင့် လက်ထောက်ဒါရိုက်တာကလည်း အချိန်မဆိုင်းဘဲ စောင်တစ်ထည်ကိုရှာပြီး ဒါရိုက်တာရဲ့ထိုင်ခုံပေါ်မှာ တင်ထားပေးလိုက်သည်။ ဒါရိုက်တာကျုံးက စိတ်မသက်မသာဖြစ်ပြီး လူတွေကိုကုန်းအော်မယ့် ကိစ္စမျိုး မဖြစ်ရအောင် သူ တကယ်ကို ဂရုတစိုက်ရှိခဲ့၏။
___________
တစ်ချိန်တည်းမှာပဲ ဆုနိုသည် သူ့ရဲ့ပါပီမျက်လုံးလေးတွေကို သုံးပြီး သူ့အစ်ကိုကြီးကို ကြည့်နေသည်။
"အခုကရော ဘာလဲ?" ဟန်ဝေ သူ့ရဲ့ဆံပင်လေးတွေကို ပွတ်ပေးလိုက်သည်။
"ကျွန်တော် မုန်လာဥနီစားချင်တယ်" ဆုနို ချစ်စရာကောင်းစွာ ပြောလိုက်သည်။
ဟန်ဝေ ဒီစကားကိုကြားတော့ ရယ်ရခက်ငိုရခက်ဖြင့် ဖြစ်သွားရသည်။
"ပြန်ပြောပြဦး။အခု ဘာစားချင်တာ?"
'ကျွန်တော် မုန်လာဥနီစားချင်တယ်'ဆိုတဲ့စကားကို ဆုနိုရဲ့ပါးစပ်က ထွက်လာတာက 'ကျွန်တော်မှာ မလျော်ကန်တဲ့ တောင်းဆိုချက်ကို တောင်းဖို့ရှိတယ်' ဆိုတဲ့ စကားနဲ့ အခြေခံကျကျကိုတူညီတာပဲ။ဟန်ဝေ ဒီစကားရဲ့အနက်ကို ကောင်းကောင်းကြီးနားလည်သည်။
ဆုနို အသက် ငါးနှစ်အရွယ်တုန်းက သူ့ရဲ့ အစားသောင်းကျန်းတဲ့ Foodie side က ပုန်းလျှိုနေတုန်းဖြစ်ကာ အရသာရှိတဲ့အစားအသောက်တွေကို စားချင်ကြောင်း သူ ဘယ်လိုဖော်ပြရမလဲ မသိပေ။
သူက အရမ်းကို အစားချေးများလွန်းတယ်! သူက အသီးအရွက်တွေနဲ့ မုန်လာဥနီတွေကို လုံးဝ မစားဘူးလေ။ ညစာစားရမယ့်အချိန်ရောက်တိုင်း ပတ်ပြေးနေပြီး သူ ဒေါသထွက်လာရင်လည်း သူ့ခွက်ထဲက အစားအသောက်တွေကို လွှတ်ပစ်တတ်သေးတယ်။ဘယ်သူ့မှလည်း သူကို ဘယ်လိုထိန်းရမလဲ မသိတော့ဘူး။
ထိုသိုအကြိမ်အနည်းငယ်လုပ်ပြီးနောက် စိတ်ကသိကအောက်ဖြစ်ရပြီး ဟော်မုန်းမညီမျှသေးသည့် အသက် ၁၅ နှစ်အရွယ်ဆယ်ကျော်သက်လေးဟန်ဝေသည် နောက်ဆုံးတွင် မခံစားနိုင်တော့ဘဲ ၁.၅ မီတာကုလားထိုင်တစ်လုံးလုပ်ရန် တစ်စုံတစ်ယောက်ကိုခိုင်းစေလိုက်သည်။ ထမင်းစားချိန်တိုင်းမှာ သူက သူ့ဘေးပတ်ပတ်လည်ကို မပြေးနိုင်အောင် သူ့ညီငယ်လေးကို တင်ထားဖို့ပဲဖြစ်သည်။
နှစ်ကြိမ်တိုင်တိုင် ရုန်းကန်ပြီးနောက် ဆုနိုက လဲကျနိုင်ခြေရှိသည်ကို သတိပြုမိသောကြောင့် သူရဲ့ မဟာဗျူဟာကို ပြောင်းလဲလိုက်တော့သည်။
သူက ပြေးမယ့်အစား သူ့နှုတ်ခမ်းကိုဖွင့်လိုက်ပြီး ကမ္ဘာကြီးက သူနဲ့အတူတုန်ခါသွားလောက်သည့်အသံမျိုးဖြင့် အဆုတ်ကွဲမတက် အော်ဟစ်ပစ်တော့သည်။
ဟန်ဝေ ဒေါသထွက်ချင်သလို ရယ်ချင်သလို
ဖြင့် သူ နေရာတစ်နေရာကိုအမြန်ရှာပြီး ညီအစ်ကို-ညီအစ်ကို ညီလာခံအစည်းအဝေးတစ်ခုကိုသာ ကျင်းပနိုင်ခဲ့သည်။
"အသားစားမယ်!" ဆုရှောင်းနိုလေးက အတည်ပေါက်မျက်နှာလေးဖြင့်။
"အသီးအရွက်တွေကိုလည်း စားရမယ်" ဟန်ဝေ သူ့ကို ငုံကြည့်လိုက်သည်။
"ကြက်ပေါင်ချောင်းစားမယ်။အချိုစားမယ်။အရွက်မစားဘူး!" ဆုနို ကုလားထိုင်ကို စပြီး ပိတ်ကန်တော့သည်။
ဟန်ဝေ သူ့လက်ကိုဝှေ့ယမ်းကာ ခြိမ်းခြောက်ပြီး ပြောဆိုလိုက်သည်။ "ဒီအတိုင်းဆက်လုပ်နေရင် မင်းရဲ့တင်ပါးကို ရိုက်ပစ်လိုက်မယ်"
ဆုရှောင်းနိုလေးသည် ဒေါသတကြီးတောက်လောင်နေသောမျက်လုံးများဖြင့် သူ့ကို စိုက်မကြည့်ခင် "ဝါး.."လို့ စငိုပါတော့သည်။
သူက 'ကမ္ဘာပေါ်မှာ အမေသာလျှင်ကောင်းပါသည်' ဆိုတဲ့သီချင်းစာသားကနေ 'ကမ္ဘာပေါ်မှာ အစ်ကိုသာလျှင်ဆိုးပါသည်' ဟု ပြန်ပြောင်း,သီဆိုရင်း ငိုကြွေးသံကို တိုးမြှင့်ကာ ပြင်းပြင်းထန်ထန်ငိုရှိုက်လိုက်သည်။
နားပေါက်တွေထဲကို ငရဲမီးတွေနဲ့ လောင်းချခံရပြီး လောင်ကျွမ်းခံလိုက်ရသလိုပါပဲ!
ဟန်ဝေသည် သူ့ရဲ့ခေါင်းက ကိုက်ခဲနေရာကနေ နှစ်ခြမ်းခွဲခံလိုက်ရသလို ခံစားလိုက်ရပြီး ဆုနိုရဲ့ မျက်နှာမှာ နှပ်တွေပေကျံနေတာကို သုတ်ပေးလိုက်သည်။
သူ ဘဝတစ်လျှောက်လုံး ဒီအသေးလေးရဲ့ အကန်ကို သာ ခံနေရမယ်ဆိုရင် သူသေသွားနိုင်တယ်!
ဒီညှိနှိုင်းမှုအပြီးမှာတော့ ဆုနိုသည် သူ့အစ်ကို ဝယ်ပေးခဲ့သော lollipops အပြည့်ထည့်ထားသည့်အိတ်တစ်လုံးကို လိုချင်ရင် အလဲအလှယ်အဖြစ် မုန်လာဥနီနှင့်ဟင်းသီးဟင်းရွက်တစ်ပန်းကန်လုံးကို ကုန်အောင်စားရမည် ဖြစ်သည်။
ဆယ်!ခု!အပြည့်!ဒီပမာဏက ကလေးငယ်လေးတွေအတွက်ကတော့ မက်လောက်စရာ ကြီးမားသည့်ကံကြမ္မာတစ်ခုဖြစ်သည်မှာ သေချာသည်။
ထို့ကြောင့် ဒီအဖြစ်အပျက်က ဆုရှောင်းနိုရဲ့ စိတ်ထဲမှာ ထာဝရစွဲထင် ကျန်ရစ်ခဲ့တော့သည်။
အဲ့ဒီအချိန်ကနေ စပြီးတော့.......
"အစ်ကိုကြီး....သား မုန်လာဥနီနဲ့ အသီးအရွက်တွေ စားချင်တယ်!"
"ပြော"
"သား စာကြည့်ခန်းထဲက ပန်းအိုးကိုခွဲလိုက်မိတယ်!"
"......."
"အစ်ကိုကြီး.....သား မုန်လာဥနီ စားချင်တယ်!"
"ပြော"
"သား ရှူးရှူးပေါက်နေရင်းနဲ့ ဘောင်းဘီကို မတော်တဆ ထိမိသွားတယ်!"
"........"
"အစ်ကိုကြီး....ကျွန်တော် မုန်လာဥနီ စားချင်တယ်!"
"ပြော"
"ကျွန်တော် ဝမ်ရှောင်ဟွားရဲ့ အက်ျီစကို ခုံပေါ်မှာ ကော်နဲ့ကပ်လိုက်တယ်!"
"......."
"အစ်ကိုကြီး......ကျွန်တော်မုန်လာဥနီ စားချင်တယ်!" ပျော်ရွှင်မှုအပြည့်ဖြင့်.......။
"မင်း ၁၈နှစ်ပြည့်ပြီးပြီလေ!" အံ့ကိုကြိတ်ရင်းဖြင့်....။
"ကျွန်တော် ကွန်ပြူတာ အသစ်တစ်လုံးလိုချင်တယ်!" မျှော်လင့်ချက်တွေ အပြည့်ဖြင့်။
ဟန်ဝေ မျက်ရိုးတွေကို နှိပ်လိုက်ရင်း "မော်ဒယ်နံပါတ်ပြော"
ဆုရှောင်းနိုက စိတ်လှုပ်ရှားစွာဖြင့် ရှေ့ကိုခုန်ပေါက်သွားပြီး မှတ်စုစာတိုလေးကို လက်နှစ်ဖက်ဖြင့် လွှဲပေးလိုက်သည်။
".........."
ဆယ့်ငါးနှစ်ခန့်ထပ်ကုန်လွန်သွားပြီးနောက် ဟန်ဝေသည် "မုန်လာဥ" ဟူသောစကားလုံးက သူ့ခေါင်းကိုကိုက်ခဲစေသည့်အဆင့်အထိ တိုးတက်နေပြီဖြစ်သည်။
"ဒီတစ်ခေါက်တောင်းမယ့် တောင်းဆိုချက်လေးက အရမ်း,အရမ်း,အရမ်းကို ဖြည့်ဆည်းပေးရလွယ်ပါတယ်!" ဆုနို အိပ်ယာပေါ်မှာထိုင်ရင်း ကတိတွေပေးနေသည်။
"ပြော" ဟန်ဝေ အကူအညီမဲ့စွာဖြင့် ပြုံးပြနိုင်တော့သည်။
"ကျွန်တော် ဆေးရုံကဆင်းပြီးရင် ကိုယ့်နေရာမှာပဲ ပြန်နေချင်တယ်" ဆုနို အသနားခံနေသည့် မျက်နှာလေးဖြင့် ပြောလိုက်သည်။
သူ့စိတ်ထဲမှာတော့ လက်သီးတွေဖြင့် ဘေးပတ်လည်ကို ဝိုက်ထိုးနေကာ......အစ်ကိုကြီး "Yes!" လို့ ပြောရမယ်နော်။ ကျွန်တော်ရဲ့အချစ်ရေးကို ထိခိုက်အောင်မလုပ်နဲ့!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
တစ္ညတာတည္းခိုျခင္းႏွင့္ မုန္လာဥနီစားျခင္း
"မသြားပါနဲ႔!"
မုခ်ိဳးသည္ ဒရမ္မာဇာတ္လမ္းထဲက ဇာတ္လိုက္မင္းသားလို ခံစားခ်က္ေတြအျပည့္နဲ႔ လက္ကိုဆန္႔ကာ သူ႕လက္ကို ဆြဲကိုင္လိုက္သည္။
က်ံဳးလီဖုန္းပိုင္ ေခါင္းကိုက္သြားကာ...."ေတာ္ေတာ္ ေနာက္က်ေနၿပီ"
"ကိုယ္ မင္းကို တကယ္ ႀကိဳက္တာပါ"
မုခ်ိဳးက အမူးလြန္ၿပီး ကမ႓ာႀကီးကို အ႐ႈံးေပးလုနီးပါးျဖစ္ေနေသာ္လည္း သူ႕ရဲ႕ကညားေရ႐ြတ္သလို ေျပာေနတဲ့ စာေၾကာင္းေတြအေပၚကိုေတာ့ သက္ေရာက္မႈ႐ွိပုံ မေပၚေပ။
"ကိုယ္က မင္းေဘးမွာ ရပ္ႏိုင္ဖို႔ အရည္အခ်င္းမလုံေလာက္ဘူးဆိုတာ သိပါတယ္" မုခ်ိဳးရဲ႕စကားလုံးေတြက ဗလုံးဗေထြးျဖစ္ေနသည္။ "ကိုယ္က ပညာေရးဘက္မွာလည္း အမ်ားႀကီး မတတ္ပါဘူး "
က်ံဳးလီဖုန္းပိုင္ တစ္ခဏမွ်ေအးခဲသြားရသည္။
မုခ်ိဳးရဲ႕မ်က္ခုံးေတြက က်ံဳ႕ထားေပမယ့္ တစ္ဖက္လူရဲ႕လက္ကိုေတာ့ အထူးတလည္ တင္းၾကပ္စြာ ကိုင္ထားသည္။
"ကိုယ့္အေပၚကို ဘာလို႔ေသခ်ာမၾကည့္ေပးရတာလဲ?"
သူ မလြတ္ႏိုင္မွန္းသိေတာ့ က်ံဳးလီဖုန္းပိုင္သည္ သူ႕ေဘးမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ရင္း သက္ျပင္းခ်လိုက္ရသည္။
"ကိုယ္ မင္းကို ခ်စ္တယ္" ဥကၠဌမုရဲ႕မ်က္စိေတြက စုံလုံးပိတ္ေနၿပီး ျပဳံးျပလိုက္၏။ "ကိုယ္ မင္းနဲ႔အတူတူ အိပ္ခ်င္တယ္!"
က်ံဳးလီဖုန္းပိုင္သည္ သူ႕ရဲ႕အႀကီးမားဆုံးဆႏၵက တစ္ဖက္လူကို ပါးျဖတ္ခ်ရမယ္လို႔ ခံစားမိၿပီးေနာက္ သူ႕ရဲ႕မ်က္လုံးေတြက လက္သြားေတာ့သည္။ဒါေပမယ့္ သူပါးခ်ဖို႔ အခြင့္အေရးမရခင္မွာပဲ မုခ်ိဳးက အိပ္ယာေပၚ ကုတ္တြယ္တက္ေနၿပီျဖစ္သည္။
"ခင္ဗ်ား ဘာလုပ္ေနတာလဲ!"
က်ံဳးလီဖုန္းပိုင္ရဲ႕ သတိေပးခ်က္ေတြက တစ္ခုၿပီးတစ္ခုျမည္လာေတာ့သည္။
"ခက္တယ္!" မုခ်ိဳးရဲ႕မ်က္လုံးေတြက အသက္မပါသလိုျဖစ္ေနေပမယ့္ သူ႕အသံကေတာ့ အလိုမက်လို႔ ႏႈတ္ခမ္းဆူလိုက္သည့္ အသံမ်ိဳး ျဖစ္ေနသည္။
က်ံဳးလီဖုန္းပိုင္ ေလတစ္ခ်က္ကို ႐ွဴသြင္းလိုက္ရင္း.....သူမူးလာရင္ ေတာ္ေတာ္ခက္တာပဲ။သူကမွ တကယ့္ သားရဲေကာင္ႀကီး!
ထို႔ေၾကာင့္ သူ ျပန္ေျပာလိုက္၏။ "ခင္ဗ်ားအေပၚကို ေရတစ္ပုံးေလာက္ ေလာင္းပစ္ေစခ်င္လား!"
မုခ်ိဳး ေခါင္းအုံးကိုေပ်ာ္႐ႊင္စြာ ဖက္ခြဖို႔အတြက္ ေ႐ွ႕ဘက္ကိုတိုးလိုက္ၿပီး သူ႕ကိုယ္သူကုတင္ေပၚသို႔ ပစ္တက္လိုက္သည္။ "ႏူးညံ့လြန္းတယ္"
"..........."
ဒါ႐ိုက္တာက်ံဳးတစ္ေယာက္ ရယ္ရခက္ငိုရခက္ျဖင့္ သူ႐ႈံးနိမ့္သြားၿပီဆိုတာကို လက္ခံလိုက္ရၿပီး တစ္ဖက္လူကို ေစာင္ျခဳံေပးလိုက္သည္။
ဥကၠဌမုကေတာ့ အေသေကာင္လို႔ အိပ္ေပ်ာ္ေနတာေၾကာင့္ ႏွစ္တစ္ေသာင္းမွာ တစ္ႀကိမ္သာ ၾကဳံေတာင့္ၾကဳံခဲေတြ႕ရသည့္ က်ံဳးလီဖုန္းပိုင္ရဲ႕ ၾကင္နာေပးသည့္ အခိုက္အတန္႔ေလးကို မေတြ႕လိုက္ရေခ်။
ဒါ တကယ့္ကို ေနာင္တရစရာပဲ......
အလြန္သိမ္ေမြ႕ႏူးညံ့သည့္အတြင္းစိတ္ေလး႐ွိေသာ အႏုပညာလူငယ္တစ္ဦးျဖစ္ျခင္းေၾကာင့္ ဒါ႐ိုက္တာက်ံဳးကေတာ့ မ်ားမ်ားစားစား အိပ္ခ်င္စိတ္ လုံးဝမ႐ွိေပ။
သူ မုခ်ိဳးကို ေစာင္ျခဳံေပးၿပီးေနာက္ သူ႕ရဲ႕အလုပ္စားပြဲဆီကိုသြားကာ ကြန္ျပဴတာကို ဖြင့္လိုက္ၿပီး မုခ်ိဳးရဲ႕နာမည္ကို search bar မွာ ႐ိုက္ထည့္လိုက္သည္။ အဲ့ဒီေနာက္ မုခ်ိဳးရဲ႕ အေၾကာင္းအလီလီက ထြက္ေပၚလာပါေတာ့သည္။
ေဒသတြင္းစားေသာက္ကုန္လုပ္ငန္း၏ရာထူးအႀကီးမားဆုံးပုဂၢိဳလ္တစ္ဦး အေနႏွင့္ သူ႕အေၾကာင္း၊ သူ႕သတင္းမ်ားသည္ မ႐ွားလွပါ။
သို႔ေသာ္လည္း ဒါက က်ံဳးလီဖုန္းပိုင္အတြက္ သူ႕အေၾကာင္းေတြကို ႐ွာေဖြၿပီး ပထမဆုံးအႀကိမ္စူးစမ္းျခင္းေၾကာင့္လည္း ျဖစ္ေပလိမ့္မည္။
စက္ခရင္ေပၚက အင္တာဗ်ဴးမွာေတာ့ မုခ်ိဳးသည္ ဒီဇိုင္းနာခ်ဳပ္ အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ၾကည့္ရသည္မွာ လန္းဆန္းတက္ႂကြေနကာ သန္႔႐ွင္းသပ္ရပ္ၿပီး ဖ်တ္လတ္ေနသည့္ပုံလည္း ေပါက္ေနသည္။
တစ္ခါတစ္ရံ သူရဲ႕စကားေျပာဟန္သည္ ပုံႀကီးခ်ဲ႕ေျပာတတ္ေသာ္လည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစပုံမေပၚဘဲ အဲဒီအစား ကေလးတစ္ေယာက္ရဲ႕ ပ်င္းရိတတ္တဲ့စိတ္ကိုဆြဲေဆာင္ႏိုင္သည့္ပုံမ်ိဳးလည္း ရေနသည္။
အင္တာဗ်ဴးသူက ျပဳံးလ်က္ ေမးလိုက္သည္။
"ဥကၠ႒မုရဲ႕ ေနာက္တစ္ျခမ္း(ဖူးစာဖက္)ကို ဘယ္လို စံႏႈန္းေတြနဲ႔ ႐ွာမွာလဲ?"
"ႏူ႕ညံ့တဲ့လူမ်ိဳးေပါ့" မုခ်ိဳး ခဏစဥ္းစားၿပီး "သူက ၾကည့္ေကာင္းဖို႔လည္း မလိုပါဘူး။ေဒါသေတြ ေနရာတကာ ေလွ်ာက္မထြက္ဖို႔ပါပဲ"
အင္တာဗ်ဴးသည့္ေန႔စြဲမွာ လြန္ခဲ့သည့္တစ္ႏွစ္က ျဖစ္ၿပီး ဥကၠဌမုနဲ႔ အႏုပညာ႐ွင္လူငယ္ေလးတို႔ မေတြ႕ၾကေသးသည့္ အခ်ိန္လည္းျဖစ္သည္။
သူ႕ရဲ႕အနာဂတ္မွာ ကိုယ့္ေဒါသကိုအၿမဲတမ္း ေဘးတစ္ပတ္လည္ကို ထုတ္လႊတ္ေနၿပီး အရမ္းၾကည့္ေကာင္းသည့္ ႏူးညံ့မႈမ႐ွိတဲ့လူတစ္ေယာက္ကို ခ်စ္မိသြားလိမ့္မယ္လို႔ ဘယ္တုန္းကမွခန္႔မွန္းမိခဲ့မွာမဟုတ္ဘူး!
အဲ့တာေၾကာင့္လည္း ကံၾကမၼာက လူေတြကို ထူးဆန္းတဲ့နည္းေတြနဲ႔ က်ီစယ္တယ္လို႔ ေျပာၾကတာကိုး။မမွားပါဘူးေလ!
ဗီဒီယိုထဲက အင္တာဗ်ဴးထဲမွာေတာ့ မုခ်ိဳးသည္ စီးပြားေရးနယ္ပယ္မွာ စြန္႔စားခဲ့သူတစ္ေယာက္အေနနဲ႔ သူ႕အေတြ႕အၾကဳံေတြအေၾကာင္းကို ဆက္လက္ ေျပာေနသည္။
သူ႕ရဲ႕ေက်ာင္းတုန္းက အဆင့္ေတြက ဆိုးဝါးတဲ့အျပင္ သူ႕ရဲ႕ မိသားစု အေျခအေနကလည္း ဆိုးခဲ့ေၾကာင္း၊ သူ တကၠသိုလ္ဝင္ခြင့္မွာ က်သြားေတာ့ သူ ေက်ာင္းထြက္လိုက္ၿပီး ကိုယ္ပိုင္စီးပြားေရးအေသးေလးကို စလုပ္ဖို႔ ႀကိဳးစားခဲ့သည္။
သူ အဝတ္အစားေတြကေန လွ်ပ္စစ္ပစၥည္း၊ အဲ့ကေန ပင္လယ္စာေတြ၊ အဲ့ဒီေနာက္မွာေတာ့.....ေနာက္ဆုံး စားေသာက္ဆိုင္ေတြအထိ သူ သြားခဲ့သည္။သူ အခုေရာက္ေနတဲ့ေနရာကို ေရာက္ဖို႔အတြက္ သူဘာေတြျဖတ္သန္းခဲ့ရတယ္ဆိုတာကို သူသာသိလိမ့္မည္။
ဒီလူကိုယ္တိုင္ေျပာတာကိုသာ သူ မၾကားလိုက္ဘူးဆိုရင္ က်ံဳးလီဖုန္းပိုင္သည္ သူ႕ေ႐ွ႕မွာ႐ွိေနတဲ့ 'ေ႐ႊေတြကိုေတာင္ ဖုန္မႈန္႔ေတြလို လႊတ္ပစ္ႏိုင္တဲ့သူ' က လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက လက္ေတြမွာ ေပါက္ၿပဲေသြးထြက္ၿပီး အရည္ၾကည္ဖုေတြ ေပါက္လာသည္အထိ ေလထဲ၊ ႏွင္းထဲမွာ ေဒၚလာအနည္းငယ္အတြက္ ေသတၱာေတြ ေ႐ြ႕ေပးခဲ့ရတယ္ဆိုတာကို ယုံမွာမဟုတ္ဘူး။
"ဥကၠ႒မုအေနနဲ႔ အခုအခ်ိန္ထိ ေနာင္တရစရာမ်ား ႐ွိပါသလား? " အင္တာဗ်ဴးသူက ဆက္ေမးလိုက္သည္။
"ေနာင္တရစရာေတြေတာ့ အမ်ားႀကီးမ႐ွိပါဘူး။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ အရမ္းေက်နပ္ေနပါၿပီ။" မုခ်ိဳး၏အျပဳံးသည္ ၾကည္ႏူးစရာေကာင္းၿပီး ေတာက္ပ
ေနသည္။ "ဒါေပမယ့္ တစ္ခုခုကိုေျပာရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္က ပညာေရးမွာ မထူးခြၽန္ခဲ့တာေၾကာင့္ကြၽန္ေတာ္က အရမ္းမယဥ္ေက်းဘူး။ အဂၤလိပ္စကားကိုလည္း နားမလည္ႏိုင္ဘူး။ အဲ့တာေၾကာင့္ လုပ္ငန္းညႇိႏိႈင္းရတဲ့ေနရာမွာ ေတာ္ေတာ္ေလးအဆင္မေျပဘူး "
က်ံဳးလီဖုန္းပိုင္ ဒီစကားကိုၾကားေတာ့ ရယ္႐ုံသာတတ္ႏိုင္သည္။ေဖ်ာ္ေျဖေရးေလာကတြင္ ဂ႐ုတစိုက္ေ႐ြးခ်ယ္ထားေသာစကားလုံးမ်ားကိုသာ အသုံးျပဳခဲ့ဖူးသူတစ္ဦးအေနႏွင့္ ဒီလိုလက္ေတြ႕က်က် အေျဖတစ္ခုကိုၾကားရသည္မွာ သူရဲ႕ပထမဆုံးအႀကိမ္ပင္ျဖစ္သည္။
ထို႔ေၾကာင့္ ထိုညမွာပဲ ဒါ႐ိုက္တာက်ံဳးသည္ ကြန္ပ်ဴတာေ႐ွ႕တြင္ထိုင္ၿပီး မုခ်ိဳးႏွင့္ ပတ္သက္သည့္သတင္းအခ်က္အလက္အားလုံးကို တစ္ညလုံး စိတ္လႈပ္႐ွားစြာ ႐ွာေဖြခဲ့သည္။ ၎က ၿပီးျပည့္စုံသည့္ stalkerတစ္ေယာက္၏အျပဳအမူမ်ိဳးပင္။
အရမ္းအရမ္းကို ႐ူးသြပ္ေနပုံပဲ!
တစ္ခ်ိန္တည္းမွာပဲ အိပ္ခန္းထဲ႐ွိ ဥကၠဌမုကေတာ့ သူအေၾကာင္းေတြကို ဂ႐ုတစိုက္ စုံစမ္းစစ္ေဆးခံေနရသည္ကို လုံးဝမသိဘဲအိပ္ေနသည္မွာ အိပ္မက္ေကာင္းေကာင္းေတာင္ မက္ေနလိုက္ေသးသည္။ ၁၈+လိုအိမ္မက္မ်ိဳးက တအားေကာင္းတဲ့ အိမ္မက္မ်ိဳးေပါ့!
သူ ထရန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည့္အခ်ိန္မွာ မြန္းတည့္ခါနီးေနၿပီ ျဖစ္သည္။
ဒါ ဘယ္ေနရာလဲ?
ဥကၠဌမုတစ္ေယာက္ အိပ္ယာေပၚမွာထိုင္လိုက္ရင္း ေဘးတစ္ပတ္လည္ကို အံ့ၾသတႀကီး ၾကည္ေနသည္။
"ႏိုးလာၿပီလား?" က်ံဳးလီဖုန္းပိုင္ ဆူညံသံအခ်ိဳ႕ကိုၾကားလိုက္ရတာေၾကာင့္ အခန္းထဲကို ေအပ႐ြန္ဝတ္ထားရင္း ၀င္လာကာ သူ႕လက္ထဲမွာလည္း ၾကက္ဥ
ထည့္ထားတဲ့ပန္းကန္တစ္လုံးကိုလည္း ကိုင္ထားေသးသည္။ ၾကည့္ရတာ အိမ္႐ွင္မတစ္ေယာက္လိုပင္။
မုခ်ိဳး သူ႕ကိုသုံးစကၠန္႔ၾကာေငးၾကည့္ၿပီး လက္တစ္ဖက္ကိုေျမႇာက္လိုက္ကာ သူ႕မ်က္ႏွာသူ ႐ိုက္ခ်လိုက္သည္။
အခန္းတစ္ခန္းလုံး ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရသည့္႐ိုက္သံေၾကာင့္ က်ံဳးလီဖုန္းပိုင္သည္ ႐ႈပ္ေထြးေနသည့္ခံစားခ်က္မ်ားျဖင့္ သူ႕ကိုၾကည့္လိုက္ကာ......
တစ္ခုတည္း႐ွိတဲ့ ဦးေႏွာက္ဆဲလ္ေတြကေတာ့ တကယ္
မေျပာင္းလဲဘူးပဲ။( အ႐ူးက အ႐ူးပဲလို႔ဆိုလို)
"ကိုယ္က.......မင္းအိမ္မွာ ေရာက္ေနတာလား? " ဒါအိပ္မက္မဟုတ္ဘူးလို႔ အတည္ျပဳၿပီးေနာက္ မုခ်ိဳးရဲ႕အသံက စိတ္လႈပ္႐ွားမႈေၾကာင့္ ေျပာင္းသြားေလသည္။
"ကြၽန္ေတာ္အိမ္က ဘာျဖစ္လို႔လဲ!" က်ံဳးလီဖုန္းပိုင္ ခ်က္ခ်င္းပင္ မေက်နပ္ေတာ့ေပ။
ဒီေလသံက ဘာလဲ?ငါအိမ္က သူ႕အတြက္ မလုံေလာက္လို႔လား!
"ကိုယ္ ဘာလို႔ ဒီကို ေရာက္ေနတာလဲ?" မုခ်ိဳးဆီမွ စိတ္ပ်က္စရာေကာင္းတဲ့ romcom ထဲကလိုမ်ိဳး စာေၾကာင္းေတြ ထြက္လာပါေတာ့သည္။
က်ံဳးလီဖုန္းပိုင္ ပိုလို႔ေတာင္ အဲ့ဒီအတြက္ မေက်နပ္ေတာ့ေပ။ အျပစ္ကင္းစင္တဲ့အပ်ိဳစင္တစ္ေယာက္က မသိုးမသန္႔ျဖစ္ေနသလိုမ်ိဳး ဒီေယာက်္ားက ဘာလို႔ အဲ့လိုမ်ိဳးနဲ႔ တူေနရတာလဲ! ရင္ဘတ္ကိုဖုံးဖို႔ လက္ေတြက ရင္ဘတ္႐ွိရာကိုေျမႇာက္တက္သြားတာနဲ႔အတူ ေအာ္ဟစ္သံေတြ ထြက္က်ေတာ့မယ့္အတိုင္းပဲ!
ဒါ သူ႕အိပ္ယာသာ မဟုတ္ဘူးဆိုရင္ လက္ထဲက ၾကက္ဥခြက္နဲ႔ ပတ္ပစ္ၿပီးၿပီ!
"ကိုယ္ မေန႔ညက အမူးလြန္သြားတာလား?" မုခ်ိဳး မႈန္ဝါးဝါးသာ မွတ္မိေတာ့သည္။
"ခင္ဗ်ားက အမူးလြန္႐ုံတင္မကဘူး!" က်ံဳးလီဖုန္းပိုင္ အံႀကိတ္လိုက္မိသည္။
အမူးလြန္႐ုံတင္ ဘယ္ကမလဲ။အဓိပၸါယ္မ႐ွိ ေလွ်ာက္ေျပာတဲ့အျပင္ က်ဳပ္ရဲ႕ တင္ပါးကိုေတာင္ ကိုင္ၿပီး အတြင္းခံကိုေတာင္ ခိုးဖို႔ ႀကိဳးစားလိုက္ေသးတယ္!စကားလုံးေတြနဲ႔ ျပန္ေျပာျပဖို႔ေတာင္ ႐ူးခ်င္စရာေကာင္းလြန္းတယ္!
"ကိုယ့္ကို အိမ္ျပန္ေခၚလာေပးလို႔ ေက်းဇူးတင္ပါတယ္ " သူ ဘာျဖစ္ခဲ့တယ္ဆိုတာကို အတိအက်မသိေပမယ့္ ေယဘူယ်အေၾကာင္းအရာေတြကိုေတာ့ သူသိ၏။ မုခ်ိဳး အလြန္စိတ္လႈပ္႐ွားသြားရသည္။
"အတင္းအၾကပ္ လာေခၚခိုင္းလို႔ေလ" က်ံဳးလီဖုန္းပိုင္ ပန္းကန္လုံးကို ကိုင္ထားရင္းနဲ႔ မီးဖိုေခ်ာင္ဘက္ကို မေလွ်ာက္မီ ေအးစက္စြာေျပာလိုက္သည္။
တစ္ဖက္မွာေတာ့ မုခ်ိဳးသည္ 'မေန႔ညက ဒီတစ္ညလုံး ဒီအိပ္ယာေပၚမွာ အိပ္ခဲ့တယ္'ဆိုတဲ့ အေၾကာင္းကို ေက်နပ္ေနမိရင္း သူေဒါသမထြက္ခင္ေလး ငါးမိနစ္ေလာက္ ေနအုံးမယ္ဟုဆိုကာ အိပ္ရာေပၚကို ျပန္လွဲခ်လိုက္သည္။
ဒါ တကယ္ကို အလြန္ပဲေက်နပ္စရာေကာင္းခဲ့တာပဲ!
အကယ္၍ က်ံဳးလီဖုန္းပိုင္သာ ေယာင္းမနဲ႔ပစ္ေပါက္ဖို႔ ျပန္မဝင္လာခဲ့ရင္ သူ ျပန္အိပ္ဖို႔ ေခါင္းညိတ္ခဲ့ဖြယ္႐ွိသည္။
ႏွစ္လိုဖြယ္သည္းလ်ာေလး...ျပင္ေပးထားတဲ့ မနက္စာက မဆိုးေလာက္ပါဘူးေနာ္။
ေနာင္တေတြအျပည့္ရေနတဲ့ ဥကၠဌမုတစ္ေယာက္ သူသြားေတြကို တိုက္ေနစဥ္ သူ႕ကိုယ္သူႏွစ္သိမ့္ခဲ့သည္။
foodie ဆုရဲ႕ အစားအေသာက္ေတြနဲ႔ယွဥ္ရင္ေတာ့ ဒါ႐ိုက္တာက်ံဳးရဲ႕ မနက္စာကေတာ့ အလြန္႐ိုး႐ွင္းပါ၏။ပဲႏို႔နဲ႔ ၾကက္ဥေၾကာ္ရယ္၊ ေဘးနားက ဒိန္ခ်ဥ္ဘူးေလးရယ္သာ ႐ွိသည္။
မည္သို႔ပင္ျဖစ္ေစ မုခ်ိဳးကေတာ့ သူ႕ရဲ႕ အေကာင္းဆုံးအျပဳအမူကို ျပသေနကာ အစားအေသာက္ေတြကို ခ်ီးက်ဴးေထာပနာျပဳၿပီး ၾကက္ဥေၾကာ္ကိုယူရန္ တူကို ေကာက္ကိုင္လိုက္သည္။
သို႔ေသာ္လည္း လမ္းတစ္ဝက္ေတာင္ မေရာက္ေသးခင္မွာပဲ က်ံဳးလီဖုန္းပိုင္က တူကိုျဖတ္႐ိုက္လိုက္ၿပီး ရက္စက္စြာ တားျမစ္ပစ္လိုက္ေလသည္။
မုခ်ိဳး ေတာင့္ခဲသြားရသည္။ ဆုေတာင္းတာေတြ,ဘာေတြမ်ား လုပ္ရမွာလား?လက္ေတြအခ်င္းခ်င္းတြဲၿပီး ဘုရားသခင္ကို ေတြးတာမ်ိဳးေတြက သူ႕မွာ အေတြ႕အၾကဳံ လုံးဝမ႐ွိဘူးေလ!
"ဒိန္ခ်ဥ္ကို အရင္ေသာက္။ အရက္ေသာက္ၿပီးရင္ ဒိန္ခ်ဥ္က အစာအိမ္အတြက္ ေကာင္းတယ္" က်ံဳးလီဖုန္းပိုင္ သူ႕အတြက္ ဒိန္ခ်ဥ္ဘူးကို ဖြင့္ေပးလိုက္သည္။
မုခ်ိဳးသည္ သူရဲ႕အိမ္႐ွင္မတစ္ေယာက္ရဲ႕ ႀကီးမားတဲ့အ႐ွိန္အဝါလိုမ်ိဳးေၾကာင့္ ပိုလို႔အံ့ၾသသြားတယ္။
မေန႔ညက သူအရက္မူးေနခ်ိန္ ဘာျဖစ္ခဲ့တာလဲ? ႐ုတ္တရက္ႀကီး ပင္ကိုယ္စ႐ိုက္ေျပာင္းလဲသြားတာက လူတစ္ဦးရဲ႕ သံသယကို ပြားလာေစတာပဲ!
သူ အရက္ေသာက္ၿပီးေတာ့ ပန္ေတြလိုလွပတဲ့စကားလုံးေတြနဲ႔ တစ္ဖက္လူကို ခ်ည္ႏိုင္သြားလို႔မ်ားလား?အဲ့လိုဆိုရင္ တကယ္ေကာင္းတယ္! ပိုၿပီး႐ိုဆန္သြားမယ့္ နည္းလမ္းေၾကာင့္ပဲျဖစ္လိမ့္မယ္!
ဥကၠဌမု အရမ္းကို စိတ္လႈပ္႐ွားမိသည္။
"စားေနတုန္း မျပဳံးနဲ႔!" က်ံဳးလီဖုန္းပိုင္သည္ သူ႕ကို သူ႕အၾကည့္ေတြနဲ႔ ဓါးေျမႇာင္လို ပစ္လိုက္သည္။
မုခ်ိဳး သူ႕ထိုင္ခုံကို သူ႕ေ႐ွ႕တြင္ေနရာေ႐ြ႕ရန္ ဆြဲလိုက္ၿပီး ယခင္ကထက္ ေပ်ာ္႐ႊင္စြာ စားေသာက္လိုက္သည္။
ဒါ႐ိုက္တာက်ံဳးကေတာ့ သူ႕ေဘးနားမွာ ႀကီးမားတဲ့ေခြးႀကီးတစ္ေကာင္႐ွိေနသလိုမ်ိဳး ဘာလို႔ခံစားမိေနရတာလဲဆိုတာကို ေတြးမိတာနဲ႔တင္ သူေတာ္ေတာ္အကူအညီမဲ့သြားရသည္။ဒါလုံးဝ အဓိပၸါယ္မ႐ွိဘူးေလ!
သံသယျဖစ္ဖြယ္ႏွင့္အတူ ၾကည္ႏူးစရာေကာင္းတဲ့ နံနက္စာကိုစားၿပီးေနာက္ မုခ်ိဳးသည္ တစ္ဖက္လူရဲ႕အလုပ္ေနရာကို အတင္းအၾကပ္ လိုက္လာခဲ့ေတာ့သည္။ ၎ကိုျမင္ၿပီးေနာက္ ဝန္ထမ္းမ်ားသည္ PDA လုပ္ေနတာလို႔ မေတြးဘဲမေနႏိုင္ေပ။
ဘာပဲျဖစ္ျဖစ္ ငါတို႔က မနာလိုစိတ္လုံးဝမ႐ွိဘူး!! ေနာက္က်မွ ေရာက္လာတယ္ဆိုတဲ့သေဘာက ညက အ႐ွိန္ျပင္းခဲ့ၾကလို႔ပဲ ျဖစ္ရမယ္!
(PDA- လူေ႐ွ႕သူေ႐ွ႕မွာ ၾကည္ႏူးျပျခင္း)
ဒါေၾကာင့္ လက္ေထာက္ဒါ႐ိုက္တာကလည္း အခ်ိန္မဆိုင္းဘဲ ေစာင္တစ္ထည္ကို႐ွာၿပီး ဒါ႐ိုက္တာရဲ႕ထိုင္ခုံေပၚမွာ တင္ထားေပးလိုက္သည္။ ဒါ႐ိုက္တာက်ံဳးက စိတ္မသက္မသာျဖစ္ၿပီး လူေတြကိုကုန္းေအာ္မယ့္ ကိစၥမ်ိဳး မျဖစ္ရေအာင္ သူ တကယ္ကို ဂ႐ုတစိုက္႐ွိခဲ့၏။
___________
တစ္ခ်ိန္တည္းမွာပဲ ဆုႏိုသည္ သူ႕ရဲ႕ပါပီမ်က္လုံးေလးေတြကို သုံးၿပီး သူ႕အစ္ကိုႀကီးကို ၾကည့္ေနသည္။
"အခုကေရာ ဘာလဲ?" ဟန္ေဝ သူ႕ရဲ႕ဆံပင္ေလးေတြကို ပြတ္ေပးလိုက္သည္။
"ကြၽန္ေတာ္ မုန္လာဥနီစားခ်င္တယ္" ဆုႏို ခ်စ္စရာေကာင္းစြာ ေျပာလိုက္သည္။
ဟန္ေဝ ဒီစကားကိုၾကားေတာ့ ရယ္ရခက္ငိုရခက္ျဖင့္ ျဖစ္သြားရသည္။
"ျပန္ေျပာျပဦး။အခု ဘာစားခ်င္တာ?"
'ကြၽန္ေတာ္ မုန္လာဥနီစားခ်င္တယ္'ဆိုတဲ့စကားကို ဆုႏိုရဲ႕ပါးစပ္က ထြက္လာတာက 'ကြၽန္ေတာ္မွာ မေလ်ာ္ကန္တဲ့ ေတာင္းဆိုခ်က္ကို ေတာင္းဖို႔႐ွိတယ္' ဆိုတဲ့ စကားနဲ႔ အေျခခံက်က်ကိုတူညီတာပဲ။ဟန္ေဝ ဒီစကားရဲ႕အနက္ကို ေကာင္းေကာင္းႀကီးနားလည္သည္။
ဆုႏို အသက္ ငါးႏွစ္အ႐ြယ္တုန္းက သူ႕ရဲ႕ အစားေသာင္းက်န္းတဲ့ Foodie side က ပုန္းလွ်ိဳေနတုန္းျဖစ္ကာ အရသာ႐ွိတဲ့အစားအေသာက္ေတြကို စားခ်င္ေၾကာင္း သူ ဘယ္လိုေဖာ္ျပရမလဲ မသိေပ။
သူက အရမ္းကို အစားေခ်းမ်ားလြန္းတယ္! သူက အသီးအ႐ြက္ေတြနဲ႔ မုန္လာဥနီေတြကို လုံးဝ မစားဘူးေလ။ ညစာစားရမယ့္အခ်ိန္ေရာက္တိုင္း ပတ္ေျပးေနၿပီး သူ ေဒါသထြက္လာရင္လည္း သူ႕ခြက္ထဲက အစားအေသာက္ေတြကို လႊတ္ပစ္တတ္ေသးတယ္။ဘယ္သူ႕မွလည္း သူကို ဘယ္လိုထိန္းရမလဲ မသိေတာ့ဘူး။
ထိုသိုအႀကိမ္အနည္းငယ္လုပ္ၿပီးေနာက္ စိတ္ကသိကေအာက္ျဖစ္ရၿပီး ေဟာ္မုန္းမညီမွ်ေသးသည့္ အသက္ ၁၅ ႏွစ္အ႐ြယ္ဆယ္ေက်ာ္သက္ေလးဟန္ေဝသည္ ေနာက္ဆုံးတြင္ မခံစားႏိုင္ေတာ့ဘဲ ၁.၅ မီတာကုလားထိုင္တစ္လုံးလုပ္ရန္ တစ္စုံတစ္ေယာက္ကိုခိုင္းေစလိုက္သည္။ ထမင္းစားခ်ိန္တိုင္းမွာ သူက သူ႕ေဘးပတ္ပတ္လည္ကို မေျပးႏိုင္ေအာင္ သူ႕ညီငယ္ေလးကို တင္ထားဖို႔ပဲျဖစ္သည္။
ႏွစ္ႀကိမ္တိုင္တိုင္ ႐ုန္းကန္ၿပီးေနာက္ ဆုႏိုက လဲက်ႏိုင္ေျခ႐ွိသည္ကို သတိျပဳမိေသာေၾကာင့္ သူရဲ႕ မဟာဗ်ဴဟာကို ေျပာင္းလဲလိုက္ေတာ့သည္။
သူက ေျပးမယ့္အစား သူ႕ႏႈတ္ခမ္းကိုဖြင့္လိုက္ၿပီး ကမ႓ာႀကီးက သူနဲ႔အတူတုန္ခါသြားေလာက္သည့္အသံမ်ိဳးျဖင့္ အဆုတ္ကြဲမတက္ ေအာ္ဟစ္ပစ္ေတာ့သည္။
ဟန္ေဝ ေဒါသထြက္ခ်င္သလို ရယ္ခ်င္သလို
ျဖင့္ သူ ေနရာတစ္ေနရာကိုအျမန္႐ွာၿပီး ညီအစ္ကို-ညီအစ္ကို ညီလာခံအစည္းအေဝးတစ္ခုကိုသာ က်င္းပႏိုင္ခဲ့သည္။
"အသားစားမယ္!" ဆုေ႐ွာင္းႏိုေလးက အတည္ေပါက္မ်က္ႏွာေလးျဖင့္။
"အသီးအ႐ြက္ေတြကိုလည္း စားရမယ္" ဟန္ေဝ သူ႕ကို ငုံၾကည့္လိုက္သည္။
"ၾကက္ေပါင္ေခ်ာင္းစားမယ္။အခ်ိဳစားမယ္။အ႐ြက္မစားဘူး!" ဆုႏို ကုလားထိုင္ကို စၿပီး ပိတ္ကန္ေတာ့သည္။
ဟန္ေဝ သူ႕လက္ကိုေဝွ႔ယမ္းကာ ၿခိမ္းေျခာက္ၿပီး ေျပာဆိုလိုက္သည္။ "ဒီအတိုင္းဆက္လုပ္ေနရင္ မင္းရဲ႕တင္ပါးကို ႐ိုက္ပစ္လိုက္မယ္"
ဆုေ႐ွာင္းႏိုေလးသည္ ေဒါသတႀကီးေတာက္ေလာင္ေနေသာမ်က္လုံးမ်ားျဖင့္ သူ႕ကို စိုက္မၾကည့္ခင္ "ဝါး.."လို႔ စငိုပါေတာ့သည္။
သူက 'ကမ႓ာေပၚမွာ အေမသာလွ်င္ေကာင္းပါသည္' ဆိုတဲ့သီခ်င္းစာသားကေန 'ကမ႓ာေပၚမွာ အစ္ကိုသာလွ်င္ဆိုးပါသည္' ဟု ျပန္ေျပာင္း,သီဆိုရင္း ငိုေႂကြးသံကို တိုးျမႇင့္ကာ ျပင္းျပင္းထန္ထန္ငို႐ိႈက္လိုက္သည္။
နားေပါက္ေတြထဲကို ငရဲမီးေတြနဲ႔ ေလာင္းခ်ခံရၿပီး ေလာင္ကြၽမ္းခံလိုက္ရသလိုပါပဲ!
ဟန္ေဝသည္ သူ႕ရဲ႕ေခါင္းက ကိုက္ခဲေနရာကေန ႏွစ္ျခမ္းခြဲခံလိုက္ရသလို ခံစားလိုက္ရၿပီး ဆုႏိုရဲ႕ မ်က္ႏွာမွာ ႏွပ္ေတြေပက်ံေနတာကို သုတ္ေပးလိုက္သည္။
သူ ဘဝတစ္ေလွ်ာက္လုံး ဒီအေသးေလးရဲ႕ အကန္ကို သာ ခံေနရမယ္ဆိုရင္ သူေသသြားႏိုင္တယ္!
ဒီညႇိႏိႈင္းမႈအၿပီးမွာေတာ့ ဆုႏိုသည္ သူ႕အစ္ကို ဝယ္ေပးခဲ့ေသာ lollipops အျပည့္ထည့္ထားသည့္အိတ္တစ္လုံးကို လိုခ်င္ရင္ အလဲအလွယ္အျဖစ္ မုန္လာဥနီႏွင့္ဟင္းသီးဟင္း႐ြက္တစ္ပန္းကန္လုံးကို ကုန္ေအာင္စားရမည္ ျဖစ္သည္။
ဆယ္!ခု!အျပည့္!ဒီပမာဏက ကေလးငယ္ေလးေတြအတြက္ကေတာ့ မက္ေလာက္စရာ ႀကီးမားသည့္ကံၾကမၼာတစ္ခုျဖစ္သည္မွာ ေသခ်ာသည္။
ထို႔ေၾကာင့္ ဒီအျဖစ္အပ်က္က ဆုေ႐ွာင္းႏိုရဲ႕ စိတ္ထဲမွာ ထာဝရစြဲထင္ က်န္ရစ္ခဲ့ေတာ့သည္။
အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့.......
"အစ္ကိုႀကီး....သား မုန္လာဥနီနဲ႔ အသီးအ႐ြက္ေတြ စားခ်င္တယ္!"
"ေျပာ"
"သား စာၾကည့္ခန္းထဲက ပန္းအိုးကိုခြဲလိုက္မိတယ္!"
"......."
"အစ္ကိုႀကီး.....သား မုန္လာဥနီ စားခ်င္တယ္!"
"ေျပာ"
"သား ႐ွဴး႐ွဴးေပါက္ေနရင္းနဲ႔ ေဘာင္းဘီကို မေတာ္တဆ ထိမိသြားတယ္!"
"........"
"အစ္ကိုႀကီး....ကြၽန္ေတာ္ မုန္လာဥနီ စားခ်င္တယ္!"
"ေျပာ"
"ကြၽန္ေတာ္ ဝမ္ေ႐ွာင္ဟြားရဲ႕ အက်္ီစကို ခုံေပၚမွာ ေကာ္နဲ႔ကပ္လိုက္တယ္!"
"......."
"အစ္ကိုႀကီး......ကြၽန္ေတာ္မုန္လာဥနီ စားခ်င္တယ္!" ေပ်ာ္႐ႊင္မႈအျပည့္ျဖင့္.......။
"မင္း ၁၈ႏွစ္ျပည့္ၿပီးၿပီေလ!" အံ့ကိုႀကိတ္ရင္းျဖင့္....။
"ကြၽန္ေတာ္ ကြန္ျပဴတာ အသစ္တစ္လုံးလိုခ်င္တယ္!" ေမွ်ာ္လင့္ခ်က္ေတြ အျပည့္ျဖင့္။
ဟန္ေဝ မ်က္႐ိုးေတြကို ႏွိပ္လိုက္ရင္း "ေမာ္ဒယ္နံပါတ္ေျပာ"
ဆုေ႐ွာင္းႏိုက စိတ္လႈပ္႐ွားစြာျဖင့္ ေ႐ွ႕ကိုခုန္ေပါက္သြားၿပီး မွတ္စုစာတိုေလးကို လက္ႏွစ္ဖက္ျဖင့္ လႊဲေပးလိုက္သည္။
".........."
ဆယ့္ငါးႏွစ္ခန္႔ထပ္ကုန္လြန္သြားၿပီးေနာက္ ဟန္ေဝသည္ "မုန္လာဥ" ဟူေသာစကားလုံးက သူ႕ေခါင္းကိုကိုက္ခဲေစသည့္အဆင့္အထိ တိုးတက္ေနၿပီျဖစ္သည္။
"ဒီတစ္ေခါက္ေတာင္းမယ့္ ေတာင္းဆိုခ်က္ေလးက အရမ္း,အရမ္း,အရမ္းကို ျဖည့္ဆည္းေပးရလြယ္ပါတယ္!" ဆုႏို အိပ္ယာေပၚမွာထိုင္ရင္း ကတိေတြေပးေနသည္။
"ေျပာ" ဟန္ေဝ အကူအညီမဲ့စြာျဖင့္ ျပဳံးျပႏိုင္ေတာ့သည္။
"ကြၽန္ေတာ္ ေဆး႐ုံကဆင္းၿပီးရင္ ကိုယ့္ေနရာမွာပဲ ျပန္ေနခ်င္တယ္" ဆုႏို အသနားခံေနသည့္ မ်က္ႏွာေလးျဖင့္ ေျပာလိုက္သည္။
သူ႕စိတ္ထဲမွာေတာ့ လက္သီးေတြျဖင့္ ေဘးပတ္လည္ကို ဝိုက္ထိုးေနကာ......အစ္ကိုႀကီး "Yes!" လို႔ ေျပာရမယ္ေနာ္။ ကြၽန္ေတာ္ရဲ႕အခ်စ္ေရးကို ထိခိုက္ေအာင္မလုပ္နဲ႔!