Unicode
မိုဟန်း မြို့စားမင်းရဲ့အိမ်တော် အပြင်ဘက်တွင် လူများ စုဝေး ရောက်ရှိနေကြကာ သူတို့ အသက်သခင်ဖြစ်တဲ့ လီသခင်လေး အခြေအနေကို စောင့်မျှော်နေကြလေတယ်။
မိုဟန်း မြို့စားမှာလည်း ခြေမကိုင် လက်မကိုင် နိုင် ဖြစ်နေလေတယ်။ ဒီသခင်လေးဟာ ဘုရင့် အရေးပေးသူဟု သမားတော်ကြီးတွေဆီက ကြားထားတာကြောင့် တကယ်လို့ ဒီသခင်လေးသာ သူ့အိမ်တွင်း သေဆုံးသွားသော် ခေါင်းနဲ့ကိုယ် အိုးစားကွဲမည်မှာ သေချာလေတယ်။
မိုဟန်းမြို့ အနီးက တောစပ်ဝယ် ဝမ်ဂွန်နဲ့ကိုယ်ရံတော်တွေဟာ အမည်မသိ လုပ်ကြံသူတွေနဲ့ တိုက်ခိုက်နေကြလေတယ်။ ပြင်းထန်လွန်းတဲ့ သွေးနံ့တွေက လေထုထဲ ပျံ့နှံ့လျက် ရှိလေတယ်။ နောက်ဆုံးတွေ ဝမ်ဂွန်နဲ့ကိုယ်ရံတော် တစ်ယောက်သာ ဒဏ်ရာတွေနဲ့အသက်ရှင်ကျန်ခဲ့လေတယ်။ ဝမ်ဂွန် ဒဏ်ရာတွေထက် သူ့ဦးတည်ရာကိုသာ ကိုယ်ရံတော် တားနေသည့်ကြားမှ ထွက်ခွာခဲ့လေတော့တယ်။ ကိုယ်ရံတော်မှာလည်း အမြန်ပင် မြင်းပေါ် တက်ကာ အနောက်က အမြန်လိုက်ရလေတော့တယ်။
မြို့စားမင်းအိမ်ရှေ့က လူတွေဟာ မြင်းနဲ့လာတဲ့ တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ လူရဲ့အရှိန်အဝါကြောင့် ကြောက်လန့်ကာ အလိုလို လမ်းဖယ်ပေးမိကြတယ်။ ဝမ်ဂွန် ဒါတွေကိုဂရုမစိုက် အိမ်တော်ထဲ ပြေးဝင်လိုက်တယ်။
မြို့စားမင်းမှာ ရှင်ဘုရင်ကို တွေ့လိုက်ရတာကြောင့် မြေကြီးနဲ့ထိမတက် အရိုအသေပေးကာ အလိုက်သိစွာ လီသခင်လေးရှိရာကို ပြကာ အခြေအနေကို တင်ပြလေတယ်။ အတောင်တော်တွင်း ဝင်ဖို့လုပ်နေတဲ့ ရှင်ဘုရင်ကြောင့် မြို့စားမင်းမှာ တားမြစ်ရပြန်လေတယ်။ ဝမ်ဂွန် သူ့ကို တားနေတဲ့ မြို့စားမင်းကြောင့် စိတ်တိုကာ လက်ဆွဲတော် ဓားကို ဆွဲထုတ်ကာ လည်ပင်းပေါ် ဓားတင်လိုက်ပြီး
"မောင်မင်း အသက်မရှင် ချင်တော့ဘူးလား ကိုယ်တော်ကို တားမြစ်ရဲတယ်ပေါ့"
မြို့စားမင်ဟာ ဖြောင့်မတ်တည်ကြည်သူ ဖြစ်တဲ့အတွက်အသက်သေရင်တောင် တားမြစ်အုံးမည်ဖြစ်တယ်။ သို့သော် ရှင်ဘုရင် ကတော့ ဇွတ်တရွတ် တိုးဝင်သွားခဲ့လေတယ်။
အခန်းထဲ ဝင်လိုက်ချိန် ကုတင်ပေါ် အိပ်မောကြနေတဲ့ ဂျာမြောင်။ အရင်ကနဲ့ မတူစွာ ဖြူဖတ်ဖြူရောနဲ့ မျက်နှာတွေလည်း ချောင်ကြနေလေတယ်။ ဝမ်ဂွန် ဂျာမြောင်ကို တွေ့လိုက်ရမှ လစ်ဟာနေတဲ့ နှလုံးသားလေး ပြည့်နှက်သွားသလို ခံသားလိုက်ရတယ်။ အိပ်ပျော်နေတဲ့ ဂျာမြောင် မျက်နှာကို အသာထိတွေ့ရင်း စဉ်းစားနေမိတယ်။ ဘယ်အချိန်ကစချစ်မိလို့ ချစ်မိမှန်းမသိပေမယ့် သိလိုက်ရတဲ့အချိန် ဒီလူသားလေးကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့ပြီးပြီ ဖြစ်တယ်။
နောက်က လိုက်လာတဲ့မြို့စားမင်းဟာ အရှင်သခင်ရဲ့ပြုမူတဲ့ပုံစံကြောင့် အံ့သြသင့်သွားရပေမယ့် ယူလာတဲ့ဆေးခွက်ကို ချကာ အလိုက်တသိ ပြန်ထွက်ခွာသွားခဲ့လေတယ်။သူ့အနေနဲ့ သူမြို့ သူတိုင်းပြည် သာယာငြိမ်းချမ်းစွာ အုပ်ချုပ်ပေးနေသူ ဘာလုပ်လုပ် သူ ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။
ဝမ်ဂွန် ဆေးခွက်ကိုင်ကာ ဂျာမြောင်ကို ဆေးတိုက်သော်လည်း ဆေးမဝင်။ ဝမ်ဂွန် ဆေးတွေကို ငုံသောက်လိုက်ကာ ဂျာမြောင်ရဲ့နူတ်ခမ်းတွေကို ထိတွေ့ရင်း ပြန်မထွက်နိုင် ပိတ်ဆို့ထားလိုက်တယ်။ အတော်ကြာမှ လွတ်မြောက်ပေးလိုက်ပြီး ပေနေတဲ့ နူတ်ခမ်းတွေကို ပဝါနဲ့ဖြေးဖြေးလေးသုပ်ပေးလိုက်တယ်။ အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ တိုးလှတဲ့အသံလေးကို ကြားလိုက်ရလေတယ်။
"ဝူရိ ဝူရိ " ဝမ်ဂွန် ထိုလူက ဘယ်သူမှန်း မသိသည့်တိုင်အောင် ဂျာမြောင်ရဲ့လက်တွေကို ဆုပ်ကိုင်ထားပေးလိုက်တယ်။ ထိုအခါ တိုးလှတဲ့အသံလေး ပျောက်သွားကာ နှစ်ချိုက်စွာ အိပ်မောကြသွားပြန်လေတယ်။
ဝမ်ဂွန် မိုဟန်းမှာ တစ်ရက်သာ နေပြီး ဂျာမြောင်ကို ခေါ်ကာ ပြန်ခဲ့လေတော့တယ်။ နန်းတော် တစ်ခုလုံး ပါးစပ်ဖျားတွင် နာမည်ကြီးတဲ့သတင်းကတော့ ဘုရင်မင်းမြတ်ဟာ လီသခင်လေးကို မင်းသမီးလေးလို တယုတယပွေ့ချီကာ နဂါး အိပ်ဆောင်မှာ ခေါ်ထားသည်တဲ့လေ။ ထို့ပြင် ဘုရင်မင်းမြတ်ဟာ ဝတ်ရုံလက်ပြတ်ဟုပင် ထင်ကြေးပေးလာကြလေတော့တယ်။
ထိုအကြောင်းကို ချယ်ယောင်း သိတော့
"မဟုတ်ရဘူး မဖြစ်ရဘူး ဝမ်ဂွန်ရဲ့မိဖုရားက ငါပဲဖြစ်ရမှာ သူ့အချစ်ကို ငါပဲရရမှာ ငါက သူ့အချစ်ဦးလေ ဟုတ်တယ် အချစ်ဦး "
အဟေး ငါးပိုင်းတောင်ဗျို့ ခင်ဗျားလေးတို့တော့ ပျော်သလား မပျော်သလား မသိဘူး ပုကြုတော့ မမက်သုံးနာရီ ထိ ထိုင်ရေးထားတာကြောင့် မတရား အိပ်ချင်နေပါပြီလို့