ရင်၌ချည်နှောင်သောအတ္တ/ရင္၌ခ်ည...
By ThetThentYaungChel
40.9K 1.1K 37
"ကျွန်တော်ချစ်တဲ့သူတွေ မိုးကြောင့်ဆုံးရှုံးခဲ့ရပြီ မိုးကိုပါထပ်ပြီးဆုံးရှုံးရမှာလား " «မြင့်မြတ်ပိုင်» "ကြၽန္... More
Part(1)
Part(2)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Final Part-Part(18)
Part(3)
2.1K 77 4
By ThetThentYaungChel
Unicode+ Zawgyi
🌺ရင်၌ချည်နှောင်သော အတ္တ🌺
           🌸အပိုင်း(၃)🌸
~❤~❤~❤~❤~❤~❤~❤~
ပန်းကိုပွဲစျေးနေရာအစုံလိုက်ပို့ပေးပေမဲ့...စိတ်ထဲ တစ်ခုခုကိုမေ့နေသလိုနဲ့ နေရခက်သလိုရှိသည်။
မေ့တယ်ဆိုတာထက် မေ့ထားတယ်ဆိုတာက ပိုမှန်ပါ့လိမ့်မည်။
ပန်းဖုန်းခဏပြောနေချိန်တွင်...ရုတ်တရက်ကြီး မိုးပြောတဲ့စကားတွေကြားယောင်လာမိ၏။
*ပိုင် မနက်ဖြန်တစ်နေကုန် အားတယ်မလား*
*အင်း ကျွန်တော်သွားစရာရှိတယ် ညတော့မိုးမချုပ်ပါဘူး*
*အင်း ပိုင်ပြန်လာတာကိုမိုးစောင့်နေမယ်*
*စောင့်နေမယ်*
စောင့်နေမယ်...
ဟာ.....ဒီနေ့.... သခင်မလေးရဲ့မွေးနေ့...
ပိုင့်ခြေလှမ်းတွေကို အလန့်တကြားရပ်မိသွားရ၏။
နှစ်တိုင်း သခင်မလေးရဲ့မွေးနေ့ကိုရှောင်နေကြဖြစ်၍ မေ့ထားမိတာဖြစ်သည်။ သို့သော်...
သခင်မလေးရဲ့အသိုင်းအဝိုင်းကို...မျက်နှာချင်းမဆိုင်ချင်၍ မွေးနေ့ပွဲကိုရှောင်ခဲ့ပေမဲ့ အခုက မျက်နှာချင်းဆိုင်စရာမှမလိုတော့တာ။ သူနဲ့သူမကလက်ထပ်ပြီးပြီပဲ။
ပိုင်နဲ့ပတ်သတ်လာရင်ခေါင်းမာလွန်းတဲ့မိုးက ပိုင်ပြန်လာတဲ့အထိစောင့်ပြီး...ပိုင်နဲ့အတူတူမွေးနေ့လုပ်ချင်လို့ဆိုပြီး ပိုင့်အခန်းရှေ့မှာစောင့်နေကြ။
မိုးစောင့်နေပေမဲ့ အခုချိန်ထိ ပိုင်နဲ့အတူတူ မိုးမွေးနေပွဲမလုပ်ဖူးပါ။
ဒါဆို အခုရော သခင်မလေးကစောင့်နေမှာပဲ။
"ကျွန်တော်ပြန်တော့မယ်"
"ဟင် ပိုင် ခဏ ခဏလေးလေ..."
ပန်း အိမ်ကဖုန်းလာလို့ ခဏသွားပြောနေတုန် ပန်းပြန်လာတော့ ချက်ခြင်းကြီးပိုင်က ပြန်ဖို့ပြောနေတာ။
မဟုတ်မှ အလင်္ကာမိုးစောင့်နေတာကို ပိုင်သိသွားပြီလား...?
~~~~~~~~~~~~~🌺🌺🌺
တီ.....တီ.....
ကားဟွန်းတီးသံတို့ ရပ်တန့်သွားပြီးတဲ့နောက်...
သိမ်းဆည်းနေဆဲဖြစ်တဲ့ စားသောက်စရာ၊ ဝိုင်နဲ့ မွေးနေ့ကိတ်လှလှလေးက...ပိုင်ရှင်ကိုစောင့်မျှော်နေသယောင်....ဒါပေမဲ့ ရောက်မလာခဲ့ရှာပါဘူး သူတို့အကုန်အကောင်းတိုင်းရှိနေတုန်းလေ။
ကျွန်တော်ကိုထပ်ပြီးစောင့်နေပြန်ပြီပဲ...သခင်မလေး။
"သခင်လေး"
"စုစု"
"နင်တို့သခင်မလေးရော..."
"သခင်လေး...စုစုကအပြင်လူပါ ဒါပေမဲ့ သခင်မလေးအတွက်စုစုပြောချင်လို့ပါ...
ကျေးဇူးပြုပြီး သခင်မလေးကိုစိတ်ချမ်းသာအောင်ထားလို့မရဘူးလားရှင့် သခင်မလေး သခင်လေးကိုစောင့်နေတာ ခုနှစ်နာရီထဲကပါ....ခါတိုင်းနှစ်လို သခင်လေးမရှောင်ပြေးပါနဲ့တော့ရှင်...
ခါတိုင်းနှစ်တွေက သခင်မလေးရဲ့အသိုင်းအဝိုင်းကြောင့် မာနကိုအထိခိုက်မခံတာစုစုတို့နားလည်ပါတယ်...
ဒါပေမဲ့ သခင်လေးအပေါ် သခင်မလေး ဒီလောက်ချစ်တာ ဘာလို့ မမြင်နိုင်တာလဲ ဘေးလူဖြစ်တဲ့စုစုတို့တောင် မြင်နေရတယ်....ပြီးတော့ သခင်လေးလည်း ချစ်နေ...."
"သူမ ဘယ်မှာလဲ"
"အပေါ်ထပ်ကိုတက်သွားပြီ သခင်လေး"
တကယ်ချစ်နေရက်နဲ့.... စုစုအရမ်းစိတ်ညစ်မိသည်။
ဘယ်တော့မှ သခင်လေးကဝန်ခံမှာလဲ....
အင်းပေါ့လေ သခင်လေးရဲ့အသိုင်းအဝိုင်းက သခင်မလေးတို့နဲ့အရမ်းကွာတယ်လေ။ ဒါကြောင့် သခင်လေး ရှေ့ဆက်တိုးလို့ မရနိုင်တာပေါ့။
စုစုလည်း သခင်လေးလို မာနထားဖူးတယ်။
ဒါကြောင့်စုစု ချစ်ရတဲ့သူနဲ့ဝေးကွာခဲ့ရတယ်။
ဒါပေမဲ့ သခင်လေးတို့ကလက်ထပ်ပြီးပြီ။ သခင်လေးစိတ်ကြိုက်နေလို့ရပြီး သခင်မလေးကိုလည်းလွတ်လွတ်လပ်လပ်ချစ်လို့ရပြီလေ....မဟုတ်မှ သခင်လေးမှာရည်းစားရှိလို့လား???
"ကျွီ...."
အခန်းတံခါးဖွင့်သံသာကြားနေရပြီး အရမ်းကိုတိတ်ဆိတ်လွန်းသည်။ ခါတိုင်း စနေ၊တနင်္ဂနွေ သူပြန်လာရင် ကားပေါ်တီအောက်နေစောင့်ကြို ပြီး အပေါ်ထပ်တက်တဲ့အထိ စကားများတတ်တဲ့သခင်မလေးက..သူ့ထက်အရင်စောပြီးမအိပ်တတ်တဲ့သခင်မလေးက...ဒီနေ့ကျမှ...သူမရဲ့ပျော်ရွှင်ရမဲ့နေ့ကျမှ...အရင်အိပ်ရာထဲဝင်တယ်ဆိုတော့ သခင်မလေးအရမ်းဝမ်းနည်းနေမယ်ဆိုတာ သူသိလိုက်သည်။
သူ သခင်မလေးရဲ့ကုတင်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ပြီးတော့ အရမ်းငိုလို့ ဖူးယောင်နေတဲ့မျက်ခွံမို့မို့လေးတွေ....ဒါတွေက သူ့ကြောင့်....
ကျွန်တော်ဘာလို့ သခင်မလေးကို လွတ်လွတ်လပ်လပ် မချစ်နိုင်ရတာလဲ ကိုယ့်ကိုကိုယ်မသိတော့ဘူး... ပန်းကိုအားနာနေတာကြောင့်လား...မဟုတ်တာ သူမှပန်းကိုမချစ်ဘဲ....အဖြေက သခင်မလေးသူ့မာနကိုထိခိုက်ခဲ့လို့...
ယောက်ျားတစ်ယောက်ရဲ့ဘဝက မိန်းမတစ်ယောက်ရဲ့အကြပ်ကိုင်မှုကြောင့် လက်ထပ်ခဲ့ရလို့ပဲ။
ကျွန်တော်က မာနကို အရမ်းတန်ဖိုးထားတယ်ဆိုတာ သခင်မလေးမသိဘူး.....
ကျွန်တော်သခင်မလေးကိုရင်ခုန်ပေမဲ့...မာနကိုပိုချစ်လို့ထင်တယ်...ဒါကြောင့်သခင်မလေးကိုမြင်တိုင်း...အဲ့မြင်ကွင်းတွေကို ပြန်တွေးမိတာ။
သူ...အကြာကြီး ဒူးထောက်ကာ သခင်မလေးကိုစိတ်ထဲမှစကားပြောနေလိုက်သည်။
ပြီးမှ သခင်မလေးရဲ့ နှဖူးကို ငြင်သာစွာနမ်းလိုက်ကာ...
*အိမ်မက်လှလှမက်ပါစေ...သခင်မလေး*
သူဆက်ပြီး သခင်မလေးအပေါ် မာနဆက်ထားနိုင်ပါ့မလား....
အိမ်စက်နေတဲ့မိုးကတော့ တစ်ချက်တစ်ချက်ရှုက်သံပင်ထွက်နေသည်။
~~~~~~~~~~~~~~🌺🌺🌺
မိုးနဲ့စုစု ခဏနေကျရင်စားမဲ့ မနက်စာအတွက်ပြင်ဆင်ရင်း...
အခုနောက်ပိုင်း ပိုင်ကမိုးချက်တဲ့ထမင်း၊ဟင်းတွေဆိုစားနေပြီလေ...
"သခင်မလေး စောစောစီးစီး ပျော်နေတဲ့ပုံပဲ"
"အင်း ဟုတ်တယ်စုစုရဲ့ ပိုင်က မိုးချက်ထားတာတွေစားပြီ သိလား ပြီးတော့ အိမ်မက်ထဲမှာ..."
သခင်မလေးရဲ့စကားကြောင့်သူ ထမင်းစားခန်းထဲမဝင်သေးဘဲ နားထောင်နေလိုက်သည်။
"ဟင် တကယ်လား ဟိုထီထိုးဖို့ဂဏန်းလား...စုစုပေါက်တော့မှာလား "
"စုစုနော်...ဘယ်ကထီဂဏာန်းရမှာလဲ ခေါက်ထည့်လိုက်ရ..."
"သခင်မလေးပျော်တာ မြင်လို့လေ...."
"အင်းလေ မိုး‌ပျော်တာ အဲ့ဒီထီနဲ့ဘာဆိုင်လို့လဲ..."
"အင်...ဒါဆိုဘာလဲသခင်မလေးရဲ့"
"အခု‌ပြောတာက ပိုင်အကြောင်း..."
"သခင်လေးအကြောင်း..."
"အင်း မနေ့က မိုးရဲ့နဖူးကို ပိုင်ကနမ်းတယ် ပြီးတော့ ပိုင့်ရဲ့ပုံစံကအရမ်းနွေးထွေးတာပဲ..."
ထိုစကားပြောနေချိန် မိုးရဲ့ပုံစံက တစ်ကယ်ကို လင်းလက်တောက်ပနေသည့် နတ်သမီးလေးလိုပင်။
"တကယ်လား သခင်မလေး"
"အင်းအိမ်မက်ထဲမှာတော့ အဲ့လိုပဲ..."
အပြင်မှာတကယ်နမ်းတာပါလို့သာ ပြောလို့ကတော့ သခင်မလေး အရမ်းပျော်မှာ...
"အပြင်မှာလည်းဂရုစိုက်လာပါတယ်သခင်မလေးရယ်..."
သခင်မလေးမျက်နှာညိုးသွားတာကိုသိတဲ့စုစုက ဖြည့်ပြောပေးသည်။
"အင်း ဟုတ်လား မိုးလောဘကြီးတာလားမသိဘူး ပိုင့်ကိုဆုံးရှုံးရမှာကြောက်တယ်..."
"မဖြစ်နိုင်တာသခင်မလေးရယ် သခင်လေးကသခင်မလေးကို မချစ်ဘူးဆိုရင်တောင် သံယောဇဉ်တော့ရှိပါတယ်....အဲ့တာစုစုသိတယ်"
"မဟုတ်ဘူး စုစု ပိုင့်ကိုယုံတယ် မိုးမယုံတာ ကံကို....
ကံကမိုးနဲ့ပိုင်ကို ခွဲခွါသွားမှာဆိုးတာ"
"အဟမ်း..."
"ဟင်...သခင်လေး "
"ဟင်...ပိုင်....ဟီး"
သခင်မလေးကပိုင့်ကိုမြင်တာနဲ့ ပြုံးလာပြီး ရယ်ပြသည်။
အမြဲတမ်းသခင်မလေးအထီးကျန်နေမှာပေါ့....
ကျွန်တော်ထည့်မတွေးခဲ့ဘူး သခင်မလေးရယ်
တောင်းပန်ပါတယ်...ကျွန်တော် အရမ်းအတ္တကြီးခဲ့မိပြီ...
"ပိုင်စားရအောင် လာ ပိုင့်ကိုစောင့်နေတာ..."
"အင်း သခင်မလေးရော စားမယ်မလား"
"အင်း"
ဒီနေ့တော့ မိုးပျော်ရတဲ့နေ့ပါပဲ။
~~~~~~~~~~~~~~~~🌺🌺🌺
"ကိုတိမ်တိုက် "
"ဪ မိုး"
"ကိုတိမ်တိုက်အားလား အားရင် မိုးတို့အိမ်လိုက်လည်လေ....ဒီနေ့ပိုင်ကအလုပ်ကိစ္စတစ်ခုကြောင့်မအားဘူးလေ မိုးလည်းပျင်းတယ် "
"ဒါကြောင့် ကိုယ့်ကိုအလည်ခေါ်တယ်ပေါ့ ကျောင်းလစ်ချင်တိုင်း..."
"ကျောင်းမလစ်ပါဘူး ကိုတိမ်တိုက်ကလည်း အိမ်အလည်ခေါ်တာ..."
"ဟုတ်ပါပြီဗျာ ကိုယ်လည်းမိုးအိမ်ကိုရောက်ဖူးချင်တာအတော်ပဲ..."
"သွားစို့ "
"ဟုတ်ပါပြီဗျာ"
မိုးတို့အိမ်ရောက်တော့ စာပုံးလေးထဲမှာ မိုးနာမည်နဲ့စာအိတ်တစ်ခုရောက်နေသည်။
မိုးဖွင့်ကြည့်မိတော့....
"ဒါတွေကဘာတွေလဲ"
"ဘာလို့ပိုင်က ပန်းနဲ့..."
တစ်ယောက်တည်း တီးတိုးရွတ်လိုက်တော့ ကိုတိမ်တိုက်က ယူကြည့်သည်။
"မိုး ဒါက "
"ဘယ်သူပို့ခဲ့တာလဲ "
"ဟင့်အင်း မိုးမသိ....
"တီ....... (မက်ဆေ့ခ်ျအသံ)"
*ဘယ်လိုလဲ အလင်္ကာမိုး မင်းရဲ့မွေးနေ့တုန်းက ပိုင်နဲ့တို့ရဲ့ပုံတွေလေ သိတယ်မလား ပိုင်ကတို့ကိုချစ်နေတုန်းလေ...*
"သခင်မလေး အပြင်မှာကြာနေပြီ ဘာလို့ဝင်မလာသေး...ဟင် ကို....ကိုကြီး"
"စုစု.... စုလေး"
သူတို့အသံကြားမှ မိုး အသိနဲ့ကိုယ်နဲ့ကပ်ရင်း ဓာတ်ပုံကို လွယ်အိတ်ထဲထည့်လိုက်မိသည်။
မဖြစ်သေးဘူးလေ... မိုး စိတ်အေးအေးထား အကြောင်းရှိမှာပါ။
အခုလောလောဆယ် ကိုတိမ်တိုက်နဲ့စုစုအကြောင်းကအရေးကြီးတယ်။
"ကိုတိမ်တိုက်နဲ့စုစုက သိကြတာလား"
"သိယုံတင်ဘယ်ကမလဲ စုစုဆိုတာ ကိုယ်မိုးကိုပြောပြောနေတဲ့ကိုယ့်ချစ်တဲ့သူ "
"စုစု...စုစု သွားတော့မယ်သခင်မလေး"
အခုချိန်မှာ ကိုကြီးကိုစုစုရင်မဆိုင်ချင်သေးပါ။
"တိုက်ဆိုင်လိုက်တာ စုစုက မိုးရဲ့အားကိုးရတဲ့သူပဲ... "
"ကိုယ်အခုစုလေးကိုတွေ့ချင်တယ်..."
"ဟုတ်ပြီဟုတ်ပြီ မိုးလိုက်ပို့ပေးမယ် ဒါမဲ့ကိုတိမ်တိုက်ချော့ပြောနော်...စုစုကလိမ္မာပါတယ် "
"အင်းပါ မိုးရဲ့"
မိုးကစုစုအတွက်ဝမ်းသာလို့ ပျော်နေသည်။
သူတို့နှစ်ယောက်စကားပြောတာကို အပေါ်ကနေကြည့်နေတဲ့ပိုင်တစ်ယောက်ကတော့....
"သူတို့ ဘာလို့ပျော်နေကြတာလဲ? သခင်မလေးကအဲ့လူနဲ့ကျပြုံးနေတာပဲ..."
~~~~~~~~~~~~~~~🌺🌺🌺
"သခင်မလေး "
"ဟင်...အင်း ပြောလေ ပိုင်"
"ခဏကဘာဖြစ်တာလဲ ဆူနေတာ "
"ဪ ကိုတိမ်တိုက်လေ သူ့ရဲ့နတ်သမီးလေးကိုရှာတွေ့လို့"
"ဗျာ...."
"အဟင်း ပိုင်ကလည်း အံသြသွားတယ်မလား....
မိုးလည်းအံသြတယ် ကိုတိမ်တိုက်ကစုစုကိုကြိုက်တာ"
"ဟင်..."
"ဒါမဲ့ကောင်းသွားတယ် စုစုကမိုးအတွက်ညီမလေးလိုပဲ...
စုစုအတွက်မိုးစိတ်အေးရတာပေါ့"
"ဪ"
အခုမှဘဲ ပိုင် သက်ပြင်းချနိုင်တော့သည်။
ဘာလဲ ....သူ....သခင်မလေးကိုသဘောကျနေတာလား။
မဟုတ်ဘူး သူ သခင်မလေးကို သံယောဇဉ်ရှိတာပါ။
"ဒါနဲ့ ပိုင်"
"ဗျာ...ပြောလေ"
"ဒီဓာတ်ပုံတွေက...."
"ဟာ..."
ပန်းနဲ့ ကျွန်တော် သွားလည်ခဲ့တဲ့ပုံတွေ....
တစ်ခါတစ်ခါ ပိုင်နဲ့အတူတူလက်တွဲထားတဲ့ပုံတွေရော...
သူ့ရင်ထဲ မာနကထောင်းခနဲ....သူ့နောက်ကိုနောက်ယောင်ခံထားတာလား....
"တောက်.."
~~~~~~~~~~~~~~~🍁🍁🍁🍁🍁
အပိုင်း(၄)ဆက်ရန်
           🌸အပိုင်း(၃)🌸
~❤~❤~❤~❤~❤~❤~❤~
ပန်းကိုပွဲဈေးနေရာအစုံလိုက်ပို့ပေးပေမဲ့...စိတ်ထဲ တစ်ခုခုကိုမေ့နေသလိုနဲ့ နေရခက်သလိုရှိသည်။
*စောင့်နေမယ်*
စောင့်နေမယ်...
"ဟင် ပိုင် ခဏ ခဏလေးလေ..."
~~~~~~~~~~~~~🌺🌺🌺
တီ.....တီ.....
"သခင်လေး"
"စုစု"
"နင်တို့သခင်မလေးရော..."
"သူမ ဘယ်မှာလဲ"
"ကျွီ...."
~~~~~~~~~~~~~~🌺🌺🌺
"သခင်လေးအကြောင်း..."
"တကယ်လား သခင်မလေး"
"အဟမ်း..."
"ဟင်...သခင်လေး "
"ဟင်...ပိုင်....ဟီး"
"အင်း"
~~~~~~~~~~~~~~~~🌺🌺🌺
"ကိုတိမ်တိုက် "
"ဪ မိုး"
"သွားစို့ "
"ဟုတ်ပါပြီဗျာ"
"ဒါတွေကဘာတွေလဲ"
"ဘာလို့ပိုင်က ပန်းနဲ့..."
"မိုး ဒါက "
"ဘယ်သူပို့ခဲ့တာလဲ "
"ဟင့်အင်း မိုးမသိ....
"တီ....... (မက်ဆေ့ခ်ျအသံ)"
"စုစု.... စုလေး"
"အင်းပါ မိုးရဲ့"
~~~~~~~~~~~~~~~🌺🌺🌺
"သခင်မလေး "
"ဟင်...အင်း ပြောလေ ပိုင်"
"ခဏကဘာဖြစ်တာလဲ ဆူနေတာ "
"ဗျာ...."
"ဟင်..."
"ဪ"
"ဒါနဲ့ ပိုင်"
"ဗျာ...ပြောလေ"
"ဒီဓာတ်ပုံတွေက...."
"ဟာ..."
"တောက်.."
~~~~~~~~~~~~~~~🍁🍁🍁🍁🍁
အပိုင်း(၄)ဆက်ရန်
Continue Reading
You'll Also Like
178K 6.2K 55
Genre: Romance,Comedy, Arranged merriage Chapters: 40+ Start date: 16.7.23 End date: ? [Unicode + Zawgyi] ရည်းစားများတဲ့ဂျစ်ကန်ကန်ကောင်လေး "သမားဂုဏ်...
304K 11K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9K 108 5
ခေတ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ အဖြူရဲ့ဦးထင် နဲ့ ခင်လေးရဲ့ဆရာလေး တို့အကြောင်းကို ဖတ်ပေးကြပါဦးရှင်
154K 3.8K 47
အရိပ်ဖြူ "ခင်ဗျာကိုမချစ်ရဲတော့ဘူး အရိပ်ကိုနာကျင်မူတွေပေးခဲ့လို့မယုံရဲဘူးခင်ဗျာကို" ထွန်းပြည့်စုံ "အရိပ်အရင်လိုကို့ကိုပြန်ချစ်ပေးပါ ကို့အမှားတွေအတွက်အ...