~ဒုန်း..ခလွမ်း~
သွားပြန်ပြီ။ ဒီနေ့လည်းထုံးစံအတိုင်းနေ့လည်စာငတ်တော့မှာပဲ..ဆော့ဂျင်သက်ပြင်းချလိုက်ပြီးလွတ်ကျသွားသည့်ထမင်းဘူးကိုကောက်ရသည်။ အိမ်စီးပွားရေးအခြေအနေကြောင့်အချိန်ပိုင်းအလုပ်လုပ်လို့ရသမျှငွေတွေအကုန်လုံးအကြွေးဆပ်တဲ့ထဲပါပါသွားလို့ဆော့ဂျင်မှာနေ့လည်စာဝယ်စားဖို့ငွေပိုငွေလျှံမရှိပါ။ အဲ့ဒါကိုသိရဲ့သားနဲ့လုပ်ရက်ကြလေခြင်း..
"ဆောရီး..မမြင်လိုက်လို့"
တောင်းပန်တဲ့အသံကလည်းစိတ်မပါမှန်းအရမ်းသိသာနေသည်။
"မင်းကလည်းအသံမထွက်ဘဲဒီအတိုင်းရှောင်သွားလဲရရဲ့သားနဲ့။ ဒီကောင်ကအကန်းလိုပဲ မင်းကိုသူမမှတ်မိနိုင်ဘူး"
"ဟား...ဟား...ဟား"
ကျောင်းကော်ရစ်တာတစ်ခုလုံးရယ်သံတွေဖြင့်ဖုံးလွှမ်းသွားသည်။ ဘာကိုဒီလောက်ဝိုင်းရယ်နေကြတာလဲ။ရယ်စရာလည်းမပါဘဲနဲ့။
နေ့တိုင်းဖြစ်နေကျကိစ္စမို့လို့ဆော့ဂျင်လည်းအထွေအထူးပြန်ပြောမနေတော့ဘဲထမင်းဘူးထဲမှာကျန်နေသေးတဲ့ထမင်းတစ်ဝက်ကိုပဲစားရလိုရညှားကောက်သိမ်းနေမိသည်။ စိတ်ထဲကတော့ခံပြင်းမိပေမယ့်ပါးစပ်ကတော့ထုတ်မပြောမိ။ ထုတ်ပြောလည်းဘာထူးမှာလဲ..သူ့ဘက်ကရပ်တည်ပေးမယ့်လူတစ်ယောက်မှမရှိတာ။ သူကဒီအတိုင်းအပယ်ခံသက်သက်..
~ဒေါက်~
သူ့နောက်စေ့ကိုလာမှန်တဲ့ cokeဘူးခွံတစ်ခု။ အရှိန်နဲ့လာမှန်တာကြောင့်နာသွားပေမယ့်ဘယ်သူ့လက်ချက်လဲဆိုတာသိလို့ပြုတ်ကျသွားတဲ့ဘူးခွံကိုသာကောက်ပြီးအမှိုက်ပုံးထဲကောက်ထည့်လိုက်သည်။
"ငါကအမှိုက်ပုံးအောက်မေ့လို့ပစ်လိုက်တာ။ဘာလဲ..ဒီတခါလည်းကင်ဆော့ဂျင်ကိုပဲထိသွားပြန်ပြီလား"
"လီချန်းမင်း...မင်းကလည်းဒီကောင့်ကိုအမှိုက်ပုံးနဲ့မှမှားရတယ်လို့...အမှိုက်ပုံးသိက္ခါကျအောင်"
"အေ့လေ..အမှိုက်ပုံးလောက်တောင်အသုံးမဝင်တဲ့ဦးနှောက်ပျက်နေတဲ့ကောင်ကိုများ"
နေ့တိုင်းကြားနေရတဲ့စကားတွေဆိုပေမယ့် ဘယ်နှစ်ခါကြားကြားရိုးမသွားနိုင်ဘဲသူ့ရင်ထဲမှာတဆစ်ဆစ်နာရသည်။ သူကပုံမှန်လူသားတစ်ယောက်ပါပဲ။ ပုံမှန်ထက်ထူးခြားတာဆိုလို့လူတွေရဲ့မျက်နှာကိုမမှတ်မိနိုင်တာပဲရှိတာပါ။ အဲ့ဒါသေလောက်တဲ့အပြစ်ကြီးတစ်ခုလား...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဂျင်နီ...ဂျင်နီ... ထတော့လေ။ အလုပ်နောက်ကျနေဦးမယ်။ ဂျင်နီ...ထတော့"
"အင်း"
လူကနိုးနေပြီးအသိဝင်လာပေမယ့်အဆမတန်ကိုက်ခဲနေတဲ့ခေါင်းကြောင့်မျက်လုံးကချက်ချင်းမပွင့်။
"ဂျင်နီ..ဂျင်နီ..ထတော့"
လူကိုအတင်းလာလှုပ်နှိုးနေတဲ့ယွန်ဂီကြောင့်သူ့မှာရှိသမျှအားတွေကိုအကုန်စုပြီးအိပ်ရာကနေကုန်းရုန်းထရသည်။
"အား! ခေါင်းတွေကိုက်လိုက်တာ။ယွန်ဂီချီ..ဘယ်နှနာရီထိုးပြီလဲ"
"7နာရီခွဲ"
"ဟုတ်လား..အဲ့ဒါဆိုရင်အလုပ်နောက်မကျသေးပါဘူး"
"ရော့..ဒီမှာပျားသံပုရာဖျော်လာတယ်။ အမူးပြေအောင်အရင်သောက်လိုက်"
ဆော့ဂျင်ကယွန်ဂီပေးတဲ့ပျားသံပုရာရည်ကိုတစ်ငုံသောက်လိုက်ပြီး...
"အခုမှပဲနည်းနည်းသက်သာသွားတော့တယ်။ ဒါနဲ့ကျွန်တော်ညကအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ"
"ညကမိုးချုပ်တဲ့အထိအိမ်ပြန်မရောက်လာလို့စိတ်ပူတာနဲ့ဖုန်းဆက်ကြည့်လိုက်တော့လူတစ်ယောက်ကဂျင်နီရဲ့ဖုန်းကိုကိုင်တယ်လေ။ အဲ့ဒီလူကဂျင်နီမူးပြီးမှောက်နေတယ်လို့ပြောပြလို့ ယွန်ဂီချီကိုယ်တိုင်အိမ်ကိုပြန်ခေါ်လာရတာပေါ့"
"လူတစ်ယောက်? ဘယ်သူလဲ"
"မသိဘူးလေ.. ဟိုရောက်တော့ဂျင်နီတစ်ယောက်ပဲတွေ့တယ်။ အနားမှာဘယ်သူမှမရှိဘူး"
"ဟုတ်လား..ငါညကဘယ်သူနဲ့သောက်မိပါလိမ့်"
"ဘယ်လိုဖြစ်တာလဲ..ဘာလို့ညကအများကြီးသောက်လာတာလဲ။ ဘာစိတ်ညစ်စရာရှိလို့လဲ"
"ဘာမှမရှိပါဘူး ယွန်ဂီချီရဲ့.. ဒီအတိုင်းမသောက်ရတာကြာလို့သောက်တာပါ"
"ဟုတ်လို့လား"
"အင်း... အပြင်ထွက်ပေးဦး။ ကျွန်တော်အလုပ်သွားဖို့ပြင်ရဦးမယ်"
"ကဲ..သွားပါ။ ဘာပြဿနာမှမရှိပါဘူးဆိုမှ"
ယွန်ဂီကိုအခန်းအပြင်အတင်းတွန်းထုတ်ပြီးမနေ့ညကကိစ္စကိုအသည်းအသန်ပြန်စဥ်းစားရသည်။
"ငါညကသေချာပေါက်တစ်ယောက်တည်းသောက်ခဲ့တာပါ"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဘယ်သူပါလိမ့်...ဘယ်သူနဲ့သောက်မိပါလိမ့်"
ဓါတ်လှေကားအလာကိုစောင့်နေရင်းညကကိစ္စကိုစဥ်းသားကြည့်ပေမယ့်ဘယ်လိုစဥ်းစားစဥ်းစားအဖြေကပေါ်မလာတော့ညကအရှိန်မသေသေးလို့ကိုက်နေတဲ့ခေါင်းကပိုကိုက်လာသည်။ ထိုစဥ်..သူ့အတွေးထဲကိုဖျတ်ခနဲဝင်လာတဲ့အမည်နာမတစ်ခု...
~ထယ်ယောင်းနင်း(မ်)~
"အား!"
သူရုတ်တရက်ထအော်မိလိုက်တော့ဘေးကလူတွေကသူ့ကိုဝိုင်းကြည့်ကြသည်။ဘေးပတ်ဝန်းကျင်ကိုဂရုမထားနိုင်လောက်အောင်ကို ညကအဖြစ်အပျက်တွေကသူ့မှတ်ဉာဏ်ထဲသို့အစီအရီဝင်ရောက်လာသည်။ ဓါတ်လှေကားတံခါးပွင့်လာပြီးတခြားသူတွေတက်သွားကြပေမယ့်သူကတော့ဓါတ်လှေကားရှေ့မှာတောင့်တောင့်လေးရပ်ကျန်ခဲ့သည်။
"သွားပြီ..ငါ ကင်ထယ်ယောင်းကိုအဖြစ်မှန်တွေအကုန်ပြောလိုက်မိပြီ"
"ဒီမှာတစ်ယောက်တည်းဘာတွေပြောနေတာလဲ"
"အမေ့!"
သူ့နားမှာတိုးတိုးကပ်ပြီးပြောလာတဲ့အသံကြောင့်ဆော့ဂျင်ထခုန်မတတ်လန့်သွားရသည်။
"မင်း..မင်းသားကင်ထယ်ယောင်း"
"ညကပြောတော့ထယ်ယောင်းနင်း(မ်)ဆို"
"အဲ့..အဲ့ဒါကလေ..ဟင်! မင်းသားကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ ဒီနေ့ရိုက်ကူးရေးမရှိဘူးလား"
"Photoshoot ရှိလို့လာတာပေါ့။ ဒီနေ့က night scene တွေပဲရှိလို့ ရိုက်ကွင်းကိုညကျမှသွားရမှာ"
"ဟုတ်လား။ ဟိုလေ..ကျွန်တော့်ကိုအချိန်နည်းနည်းလောက်ပေးလို့ရမလားဟင်"
"မရဘူး..အချိန်မရှိဘူး"
ဒီကောင်လေးဘာပြောချင်မှန်းသိလို့ထယ်ယောင်းတမင်သက်သက်စလိုက်တာပါ။ အဲ့ဒါကိုတကယ်ထင်သွားတဲ့ဆော့ဂျင်ကမျက်နှာငယ်လေးဖြင့်...
"၅မိနစ်လောက်တောင်မရဘူးလား"
အသနားခံတဲ့မျက်လုံးဝိုင်းလေးတွေဖြင့်သူ့ကိုကြည့်ပြီးပြောလာတဲ့ဆော့ဂျင်ကြောင့်သူကြည်ကြည်နူးနူးပြုံးလိုက်မိသည်။ ဒီမျက်နှာလေးကိုဘယ်သူက'ဟင့်အင်း' ဆိုပြီးငြင်းရက်ပါ့မလဲ။
"အင်း...ကော်ဖီတိုက်မယ်ဆိုရင်တော့..."
"တိုက်မယ်..တိုက်မယ်..တစ်ခွက် မဟုတ်ဘူး နှစ်ခွက်သောက်လည်းရတယ်"
"အဲ့ဒါဆို..ပြီးရောလေ"
ထယ်ယောင်းက vending machine ရဲ့ဘေးကခုံတန်းလေးမှာထိုင်လိုက်တော့ဆော့ဂျင်ကသူ့ကိုကော်ဖီတစ်ခွက်လှမ်းပေးပြီးသူ့ဘေးမှာဝင်ထိုင်လိုက်သည်။
"ဟိုလေ..မနေ့ညကကျွန်တော်ပြောတဲ့ကိစ္စလေ.."
"ကိစ္စ..ဘာကိစ္စလဲ? အဖွဲ့မှူးလီချန်းမင်းကဆော့ဂျင်ကိုအနိုင်ကျင့်ခဲ့တဲ့ကိစ္စလား..ဒါမှမဟုတ်ရင် ဆော့ဂျင်မှာ face blindness ရှိနေတယ်ဆိုတဲ့ကိစ္စလား"
"နှစ်ခုလုံးပဲ.. အဲ့ဒီနှစ်ခုလုံးကိုလေ..ဘယ်သူ့ကိုမှမပြောဘဲလျှို့ဝှက်ပေးလို့မရဘူးလားဟင်"
"မပြောစေချင်ရင် နှုတ်ပိတ်ရမှာပေါ့"
"နှုတ်ပိတ်ရမယ်?"
ဆော့ဂျင်ကတစ်ခုခုကိုတွေးမိဟန်ဖြင့်မျက်လုံးလေးပြူးသွားပြီး...
"နှုတ်ပိတ်ရမယ်ဆိုတော့ ကျွန်တော်ကမင်းသားကိုသတ်ပစ်ရမှာလား..အဲ့လိုလား? အဲ့ဒါတော့မလုပ်ရဲဘူးနော်"
"ဘာ! အဟွတ်..အဟွတ်"
ဆော့ဂျင်ရုတ်တရက်ထပြောလိုက်တဲ့စကားကြောင့်ထယ်ယောင်းကော်ဖီတွေပါသီးကုန်၏။
"ရား..ကိုယ့်ကိုယ်ကိုပြန်သတ်ခိုင်းမယ့်အကြံမျိုးပေးပါ့မလား ငတုံးလေးရဲ့"
"သိဘူးလေ..ဝတ္ထုတွေထဲမှာတော့နှုတ်ပိတ်လိုက်လို့ပြောပြီးရင်သတ်ပစ်လိုက်တာပဲ"
"မင်းကတော့လေ..တော်တော်အတွေးချော်တာပဲ"
"အဲ့ဒါဆိုရင် ကျွန်တော်ကဘာလုပ်ရမှာလဲ"
"နှုတ်ပိတ်ခပေးပြီး နှုတ်ပိတ်လို့ပြောတာ"
"နှုတ်ပိတ်ခ? ဘာလဲ..ပိုက်ဆံပေးရမှာလား"
"အင်း"
"အဲ့ဒါတော့လွန်တာပေါ့..မင်းသားကကျွန်တော့်ထက်ပိုက်ဆံအများကြီးပိုရှာနိုင်တာပဲဟာကို"
"အဲ့ဒါဆိုရင်... ပိုက်ဆံအစား ဆန္ဒတစ်ခုခုဖြည့်ဆည်းပေးရမယ်..ဘယ်လိုလဲ"
"ဘာဆန္ဒလဲ?"
"အခုတော့စဥ်းစားလို့မရသေးဘူး။ရတဲ့အခါကျရင်ပြောမယ်။ လောလောဆယ်..မင်းရဲ့ဖုန်းနံပါတ်ပေး"
"ဖုန်းနံပါတ်?"
"ဟုတ်တယ်လေ..တော်ကြာ မသိချင်ယောင်ဆောင်ပြီးလိမ်သွားရင်ဘယ်လိုလုပ်မလဲ"
"ဟွန့်...လူကို လူလိမ်များမှတ်နေလားမသိဘူး"
ဆော့ဂျင်ကနှုတ်ခမ်းလေးစူပြီးပွစိပွစိပြောရင်းသူ့ဖုန်းထဲမှာဖုန်းနံပါတ်ကိုရိုက်ထည့်ပေးသည်။ ထယ်ယောင်းကဘေးတိုက်အနေအထားနဲ့တောင်အပြစ်အနာအဆာမရှိအောင်လှနေတဲ့ဆော့ဂျင်ရဲ့မျက်နှာလေးကိုငေးကြည့်နေရင်း 'အစကတော့ဒီကောင်လေးကိုကြောင်တောင်တောင်လေးလို့ထင်ထားတာ... သေချာကြည့်မိတော့လည်းချစ်စရာလေးပဲ' လို့တွေးနေမိသည်။
"ဪ..ပြီးတော့ လီချန်းမင်းကထပ်ပြီးအနိုင်ကျင့်လို့ရှိရင်ခေါင်းငုံ့မခံဘဲနဲ့ပြန်ပြော"
"သူကအထက်လူကြီးဖြစ်နေတော့..."
"အဲ့ဒါဆိုရင်...ဆော့ဂျင် ဂျူဒိုကစားတတ်လား"
"ဂျူဒို? ကစားတတ်တယ်"
"ကောင်းတယ်။ သူ့ကိုလူမရှိတဲ့နေရာကိုခေါ်သွားပြီးကိုင်ပေါက်ပစ်။ မျက်မြင်သက်သေတို့ cctv တို့မရှိတဲ့နေရာကိုရွေးနော်..အိမ်သာလိုနေရာမျိုးဆိုပိုကောင်းတယ်"
"ဗျာ?"
"အဲ့လိုလူမျိုးတွေကိုမှတ်လောက်သားလောက်အောင်ဆုံးမရမယ်။ ခေါင်းငုံ့ခံလို့မရဘူး"
"ဘာလို့ကျွန်တော့်ကိုအဲ့လိုတွေလာပြောနေတာလဲ"
"သူများအနိုင်ကျင့်တာခံရတဲ့ဘဝ၊အပယ်ခံအဖြစ်နေရတဲ့ဘဝကဘယ်လောက်ဆိုးလဲဆိုတာကိုသိလို့"
"သိတယ်? မင်းသားလည်းကျောင်းတုန်းကအနိုင်ကျင့်တာခံရဖူးလို့လား"
"အင်း... ပြီးတော့ အခင်ဆုံးသူငယ်ချင်းလို့ထင်ထားတဲ့လူဆီကလည်းသစ္စာဖောက်တာခံရဖူးတယ်"
"သူငယ်ချင်း?"
"ဟုတ်တယ်..အခုတော့ရန်သူတွေပေါ့။ သူ့ကိုကြံဖန်ပြီးကျေးဇူးတော့တင်ရမယ်သိလား...သူ့ကြောင့်မဟုတ်ရင်ဒီနေရာကိုရောက်လာမှာတောင်မဟုတ်ဘူး"
"ဟုတ်လား..အဲ့လိုအဖြစ်မျိုးတွေရှိခဲ့တာလား"
"အင်း"
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကိုနားလည်ပေးလို့"
"ရပါတယ်။ နောက်ဆိုလည်းရင်ဖွင့်စရာလူမရှိရင်အချိန်မရွေးစကားလာပြောပါ။ နားထောင်ပေးပါ့မယ်"
"ဟုတ်"
"ကဲ... ငါးမိနစ်လည်းပြည့်ပြီဆိုတော့သွားတော့မယ်။ ကော်ဖီအတွက်ကျေးဇူး"
ထယ်ယောင်းကမတ်တပ်ထရပ်လိုက်ပြီးသွားဖို့ပြင်တော့ဆော့ဂျင်က...
"ထယ်ယောင်းနင်း(မ်)"
"ဟင်"
"အဲ့ဒါဆိုရင်ကျွန်တော်နဲ့ထယ်ယောင်းနင်း(မ်)ကအခုအချိန်ကစပြီးသူငယ်ချင်းတွေဖြစ်သွားပြီပေါ့နော်"
ထယ်ယောင်းကသွားတန်းလေးတွေပေါ်အောင်ပြုံးလိုက်ပြီး...
"ဒါပေါ့"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဂွန်း...ငါ့ကိုအရှေ့နားမှာချပေးထားခဲ့ပြီးရင်မင်းပြန်တော့"
"Hyung.. အိမ်မှမရောက်သေးတာ"
"သိတယ်..သွားစရာရှိလို့"
"ဘယ်သွားမလို့လဲ hyung ရယ်။ မန်နေဂျာမသိဘဲအပြင် schedule တွေလုပ်ရင်.."
"သိပါတယ်ဆိုမှ...ဘာမှမဟုတ်တာမလုပ်မှာမို့လို့ရှေ့နားမှာချထားပေးပြီးပြန်တော့"
"ဟုတ်ကဲ့"
ဂွန်းသက်ပြင်းတစ်ချက်ချလိုက်ရင်းကားကိုလမ်းဘေးချရပ်လိုက်သည်။ ဒီရက်ပိုင်း hyung တစ်ယောက်ဘာဖြစ်နေမှန်းမသိ...အမြဲတမ်းတွေဝေငေးမောနေတတ် သည်။ ဂျောင်ကုရဲ့ဒီလိုပုံစံမျိုးကိုသူတခါမှမမြင်ခဲ့ဖူးပေ။အရင်လိုမဟုတ်ဘဲသရုပ်ဆောင်တာတိုးတက်လာလို့ဒါရိုက်တာချီးကျူးတာတောင်ခံနေရပြီပဲမဟုတ်လား..ပျော်နေသင့်တာပေါ့။ အရင်လိုခဏခဏစိတ်တိုနေတာထက်ဂျောင်ကုရဲ့လက်ရှိအခြေအနေကသူ့ကိုပိုပြီးတော့တောင်အနေရခက်စေသည်။
"သွားတော့"
"အဲ့ဒါဆိုမနက်ဖြန်တွေ့မယ် hyung"
ဂျောင်ကုက mask တစ်ခုကောက်တပ်လိုက်ပြီးကားပေါ်ကနေဆင်းလိုက်သည်။ မှောင်စပြုနေတဲ့အချိန်ဖြစ်သည့်အပြင်ပတ်ဝန်းကျင်ကလူသွားလူလာရှင်းနေတော့အထူးတလည်ရုပ်ဖျက်မနေတော့။
ဂွန်းကားမောင်းပြီးထွက်သွားတာနဲ့ဂျောင်ကုရဲ့ခြေလှမ်းတွေကတနေရာကိုဦးတည်လိုက်တော့သည်။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"အင်း"
သူအပျင်းကြောတစ်ချက်ဆန့်လိုက်ပြီးနာရီကိုကြည့်လိုက်တော့ ၉နာရီထိုးဖို့ ၁၀မိနစ်အလို။ ဆေးခန်းပိတ်ချိန်က၉နာရီမို့ သူရုံးဆင်းရန်ပြင်ဆင်ရတော့သည်။
~ဒေါက် ဒေါက်~
"ဝင်ခဲ့ပါ"
"ဒေါက်တာ..လူနာတစ်ယောက်ကျန်သေးတယ်"
ဒေါက်တာနာယောင်းဟီးတစ်ယောက်မျက်မှောင်ကြုံ့မိသည်။ ဆေးခန်းပိတ်ခါနီးမှဘယ်သူကများရောက်လာပါလိမ့်။ ပြန်လွှတ်လိုက်လို့လည်းမဖြစ်တာမို့ဒီနေ့တော့ overtime ဆင်းဖို့သူဆုံးဖြတ်လိုက်သည်။
"ခေါ်လိုက်လေ"
"ဟုတ်ကဲ့"
သူ consulting လုပ်တဲ့စားပွဲမှာနေရာယူနေတုန်းအခန်းထဲကိုဝင်လာတဲ့သူတစ်ယောက်.. mask တပ်ထားလို့ဘယ်သူမှန်းတန်းမမှတ်မိနိုင်ပေမယ့်မျက်လုံးအကြည့်တွေကတော့ရင်းနှီးနေသလိုလို...
"ထိုင်ပါ"
ထိုလူကသူညွှန်ပြတဲ့နေရာမှာထိုင်ရင်း mask ကိုချွတ်လိုက်တော့...
"ဂျွန်ဂျောင်ကု! နင်ကဒီကိုဘယ်လိုလုပ်..."
"ယောင်းဟီး...ငါ့ကိုကူညီပါဦး။ငါ..အခုမင်းရဲ့အကူအညီလိုအပ်နေတယ်"
"ဘယ်လို! ငါကနင့်ရဲ့exနော်..ပြန်တွဲပါရစေဆိုပြီးနင့်ဆီမှာတောင်းတောင်းပန်ပန်ပြောခဲ့တာတောင်လှည့်မကြည့်ဘဲပစ်ချထားခံရတဲ့နင့်ရဲ့ ex နော်။ မမှတ်မိတော့ဘူးလား။ ဘာလဲ..နင်ရူးသွားပြီလား"
"အင်း..ရူးသွားပြီထင်တယ်။ မင်းကစိတ်ရောဂါအထူးကုဆရာဝန်မဟုတ်ဘူးလား။ အဲ့ဒါကြောင့်ငါ့ကိုကူညီပါ..တောင်းဆိုပါတယ်"
အမြဲတမ်းစူးစူးရဲရဲကြည့်တတ်တဲ့မျက်လုံးဝိုင်းလေးတွေနဲ့အခုလိုခခယယတောင်းပန်ပြီးပြောလာတော့ယောင်းဟီးစိတ်ပူသွားရသည်။
"Oppa... ဘာဖြစ်လာတာလဲ"
"ဘာဖြစ်မှန်းမသိတော့ဘူး။အခုတလောလူတစ်ယောက်ရဲ့အကြောင်းကိုပဲတွေးနေမိတယ်။ပြီးတော့ဘယ်နေရာကိုပဲကြည့်ကြည့်အဲ့ဒီလူရဲ့မျက်နှာကိုပဲမြင်နေမိတယ်။ညညဆိုလည်းကောင်းကောင်းအိပ်မပျော်ဘူး။အစားလည်းကောင်းကောင်းမစားနိုင်ဘူး။ ရင်တွေလည်းအရမ်းခုန်နေပြီးရိုလာကိုစတာစီးနေရသလိုရင်ထဲမှာအေးခနဲဖြစ်ဖြစ်သွားတယ်"
"အဲ့ဒါဘာဖြစ်တာလဲ..ရောဂါတစ်ခုခုများဖြစ်နေလား"
"အင်း..ရောဂါဟုတ်တယ်"
"ဟုတ်လား..ဘာရောဂါလဲ။ စိုးရိမ်ရလား"
"အချစ်နွံနစ်တဲ့ရောဂါ"
"ဘာ! မဖြစ်နိုင်တာ"
"ရား..မကောင်းတဲ့ကောင်။နင်ရည်စားရတာကိုရည်းစားဟောင်းဆီမှာလာကြွားနေတာလား"
"မဖြစ်နိုင်တာ..ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ"
"မဖြစ်သင့်တဲ့ကိစ္စ?မဟုတ်မှလွဲရောအိမ်ထောင်သည်နဲ့တွဲနေတာလား"
"အဲ့လိုမဟုတ်ပါဘူး"
"အဲ့ဒါဆိုရင်... oppa ယောက်ျားချင်းကြိုက်နေတာလား..ဟုတ်လား"
"ပြန်မဖြေပုံထောက်ရင်တော့ဟုတ်နေတာပဲ။ဒါပေမယ့်ယောက်ျားချင်းကြိုက်တာရောဂါမဟုတ်ဘူးလေ..သိတယ်မှတ်လား"
"အဲ့ဒါဆိုငါကသူ့ကိုချစ်မိသွားလို့အခုလိုမျိုးဖြစ်နေတာပေါ့..ဟုတ်လား"
"ဟုတ်တယ်လေ။ ရှင်းနေတာပဲဟာကို..ဒါတောင်မသိဘူးလား"
"ဘယ်သူလဲ...ခံစားချက်မရှိတဲ့ဂျွန်ဂျောင်ကုကိုအရည်ပျော်အောင်လုပ်နိုင်တဲ့သူက"
"ရှိတယ်..အရမ်းချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်။ သူ့ကိုစတွေ့တုန်းကအူကြောင်ကြားလေးမို့လို့အမြင်ကပ်ခဲ့တာ။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ဘာလို့မှန်းမသိမျက်စိထဲမှာအရမ်းချစ်ဖို့ကောင်းလာတယ်"
"အထူးသဖြင့် သူစိတ်ဆိုးရင်အရမ်းအသည်းယားဖို့ကောင်းတယ်။လူကိုလည်းကျိန်လိုက်တာမျိုးစုံနေတာပဲ။ တခါတလေအူယားလွန်းလို့အဲ့ဒီ့ကျိန်တတ်တဲ့နှုတ်ခမ်းလေးကိုအရမ်း..."
"ရား...အဲ့လိုစပ်ဖြဲဖြဲမျက်နှာကြီးနဲ့ပြောမှဖြစ်မှာလား"
"သူရောသိလား.. oppa အခုလိုဖြစ်နေတာကို"
"သိမှာမဟုတ်ဘူး...သူကတကယ့်ကိုငတုံးလေး။ ပြီးတော့သူငါ့အပေါ်မှာဘယ်လိုခံစားချက်ရှိလဲဆိုတာလည်းမသိဘူး"
"ဒီလောက်တောင်ဖြစ်နေရင်လည်းဖွင့်ပြောလိုက်ပေါ့"
"မဖြစ်ဘူး"
"ဘာလို့လဲ"
"သူ..ငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ။ တကယ်လို့လက်ခံတယ်ပဲထားဦး..နောက်ရင်ဆိုင်ရမယ့်ပြဿနာတွေကအများကြီးပဲ။ သိတယ်မှတ်လား..ဒီအနုပညာလောကမှာဘာမှခိုးလုပ်လို့မရဘူးလေ"
"ပြီးတော့ယောက်ျားချင်းကြိုက်တာအပြစ်မဟုတ်ပေမယ့်ဒီလောကမှာတရားဝင်ဝန်ခံထားတဲ့လူဘယ်နှယောက်ရှိလို့လဲ။ ပုံမှန်ရည်းစားထားရင်တောင်မျိုးစုံဝေဖန်ခံနေရတာကို.. လူတွေသူ့အကြောင်းကိုသေချာမသိဘဲနဲ့သူ့ကိုဝိုင်းပြီးတိုက်ခိုက်ကြရင်ဘယ်လိုလုပ်မလဲ။တကယ်လို့အဲ့ဒါတွေကြောင့်သူစိတ်ဒဏ်ရာရသွားပြီးငါ့အနားမှာမနေနိုင်တော့ရင် ငါလည်းအသက်ရှင်နိုင်မှာမဟုတ်ဘူး"
"ဝါး! ဂျွန်ဂျောင်ကု..တကယ်ချစ်တတ်သွားတာပဲ"
"အဲ့တော့ ဘာဆက်လုပ်ရင်ကောင်းမလဲ"
"အဲ့ဒါငါကဘယ်လိုလုပ်သိမှာလဲ။ စိတ်ရောဂါအထူးကုဆရာဝန်နော်အချစ်ရေးအချစ်ရာအကြံပေးမဟုတ်ဘူး"
"သိပါတယ်။ ဒါပေမယ့် ငါ့မှာဒီကိစ္စနဲ့ပတ်သက်ပြီးရင်ဖွင့်စရာလူမှမရှိတာ..သိရဲ့သားနဲ့"
နာယောင်းဟီးတို့ဘဝကလည်းဆိုးလိုက်တာ။ရည်းစားဟောင်းကိုပြန်ပြီးအချစ်အကြံပေးလုပ်နေရပါလား။ကမ္ဘာ့သဘောအကောင်းဆုံးရည်းစားဟောင်းဆုတံဆိပ်နဲ့တောင်ထိုက်တန်နေပြီ။
"Oppa.. တို့နှစ်ယောက်ပြန်တွဲကြမလား"
"ဘာ!"
"ခဏနေဦးလန့်မသွားနဲ့ဦး..အတည်တွဲဖို့မဟုတ်ဘူး။ဟန်ဆောင်တွဲဖို့"
"ဘယ်လို?"
"Oppa ပဲသူ oppa အပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုတာမသိဘူးဆို။ သူ့ရှေ့မှာဟန်ဆောင်တွဲပြပြီးသူသဝန်တိုလာအောင်လုပ်ကြည့်ပေါ့"
"ဖြစ်ပါ့မလား"
"အဲ့လောက်တောင်ဘာမှမလုပ်ရဲမကိုင်ရဲဖြစ်နေရင်တစ်သက်လုံးဘုန်းကြီးသာဝတ်လိုက်တော့"
"အေးပါ..သိပါပြီ။ စဥ်းစားကြည့်ပါ့မယ်"
A/N: ယောင်းဟီးဆိုတာအပိုင်း၁မှာပါတဲ့ဂျောင်ကုရဲ့ရည်းစားဟောင်းပါနော်။ အကြာကြီးနေမှပြန်ပါလာလို့မေ့သွားမှာစိုးလို့ 😅
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
Zawgyi
~ဒုန္း..ခလြမ္း~
သြားျပန္ၿပီ။ ဒီေန႕လည္းထုံးစံအတိုင္းေန႕လည္စာငတ္ေတာ့မွာပဲ..ေဆာ့ဂ်င္သက္ျပင္းခ်လိဳက္ၿပီးလြတ္က်သြားသည့္ထမင္းဘူးကိုေကာက္ရသည္။ အိမ္စီးပြားေရးအေျခအေနေၾကာင့္အခ်ိန္ပိုင္းအလုပ္လုပ္လို႔ရသမွ်ေငြေတြအကုန္လုံးအေႂကြးဆပ္တဲ့ထဲပါပါသြားလို႔ေဆာ့ဂ်င္မွာေန႕လည္စာဝယ္စားဖို႔ေငြပိုေငြလွ်ံမရွိပါ။ အဲ့ဒါကိုသိရဲ႕သားနဲ႕လုပ္ရက္ၾကေလျခင္း..
"ေဆာရီး..မျမင္လိုက္လို႔"
ေတာင္းပန္တဲ့အသံကလည္းစိတ္မပါမွန္းအရမ္းသိသာေနသည္။
"မင္းကလည္းအသံမထြက္ဘဲဒီအတိုင္းေရွာင္သြားလဲရရဲ႕သားနဲ႕။ ဒီေကာင္ကအကန္းလိုပဲ မင္းကိုသူမမွတ္မိနိုင္ဘူး"
"ဟား...ဟား...ဟား"
ေက်ာင္းေကာ္ရစ္တာတစ္ခုလုံးရယ္သံေတြျဖင့္ဖုံးလႊမ္းသြားသည္။ ဘာကိုဒီေလာက္ဝိုင္းရယ္ေနၾကတာလဲ။ရယ္စရာလည္းမပါဘဲနဲ႕။
ေန႕တိုင္းျဖစ္ေနက်ကိစၥမို႔လို႔ေဆာ့ဂ်င္လည္းအေထြအထူးျပန္ေျပာမေနေတာ့ဘဲထမင္းဘူးထဲမွာက်န္ေနေသးတဲ့ထမင္းတစ္ဝက္ကိုပဲစားရလိုရညွားေကာက္သိမ္းေနမိသည္။ စိတ္ထဲကေတာ့ခံျပင္းမိေပမယ့္ပါးစပ္ကေတာ့ထုတ္မေျပာမိ။ ထုတ္ေျပာလည္းဘာထူးမွာလဲ..သူ႕ဘက္ကရပ္တည္ေပးမယ့္လူတစ္ေယာက္မွမရွိတာ။ သူကဒီအတိုင္းအပယ္ခံသက္သက္..
~ေဒါက္~
သူ႕ေနာက္ေစ့ကိုလာမွန္တဲ့ cokeဘူးခြံတစ္ခု။ အရွိန္နဲ႕လာမွန္တာေၾကာင့္နာသြားေပမယ့္ဘယ္သူ႕လက္ခ်က္လဲဆိုတာသိလို႔ျပဳတ္က်သြားတဲ့ဘူးခြံကိုသာေကာက္ၿပီးအမွိုက္ပုံးထဲေကာက္ထည့္လိုက္သည္။
"ငါကအမွိုက္ပုံးေအာက္ေမ့လို႔ပစ္လိုက္တာ။ဘာလဲ..ဒီတခါလည္းကင္ေဆာ့ဂ်င္ကိုပဲထိသြားျပန္ၿပီလား"
"လီခ်န္းမင္း...မင္းကလည္းဒီေကာင့္ကိုအမွိုက္ပုံးနဲ႕မွမွားရတယ္လို႔...အမှိုက်ပုံးသိက္ခါကျေအာင္"
"ေအ့ေလ..အမွိုက္ပုံးေလာက္ေတာင္အသုံးမဝင္တဲ့ဦးႏွောက္ပ်က္ေနတဲ့ေကာင္ကိုမ်ား"
ေန႕တိုင္းၾကားေနရတဲ့စကားေတြဆိုေပမယ့္ ဘယ္ႏွစ္ခါၾကားၾကားရိုးမသြားနိုင္ဘဲသူ႕ရင္ထဲမွာတဆစ္ဆစ္နာရသည္။ သူကပုံမွန္လူသားတစ္ေယာက္ပါပဲ။ ပုံမွန္ထက္ထူးျခားတာဆိုလို႔လူေတြရဲ႕မ်က္ႏွာကိုမမွတ္မိနိုင္တာပဲရွိတာပါ။ အဲ့ဒါေသေလာက္တဲ့အျပစ္ႀကီးတစ္ခုလား...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဂ်င္နီ...ဂ်င္နီ... ထေတာ့ေလ။ အလုပ္ေနာက္က်ေနဦးမယ္။ ဂ်င္နီ...ထေတာ့"
"အင္း"
လူကနိုးေနၿပီးအသိဝင္လာေပမယ့္အဆမတန္ကိုက္ခဲေနတဲ့ေခါင္းေၾကာင့္မ်က္လုံးကခ်က္ခ်င္းမပြင့္။
"ဂ်င္နီ..ဂ်င္နီ..ထေတာ့"
လူကိုအတင္းလာလႈပ္ႏွိုးေနတဲ့ယြန္ဂီေၾကာင့္သူ႕မွာရွိသမွ်အားေတြကိုအကုန္စုၿပီးအိပ္ရာကေနကုန္း႐ုန္းထရသည္။
"အား! ေခါင္းေတြကိုက္လိုက္တာ။ယြန္ဂီခ်ီ..ဘယ္ႏွနာရီထိုးၿပီလဲ"
"7နာရီခြဲ"
"ဟုတ္လား..အဲ့ဒါဆိုရင္အလုပ္ေနာက္မက်ေသးပါဘူး"
"ေရာ့..ဒီမွာပ်ားသံပုရာေဖ်ာ္လာတယ္။ အမူးေျပေအာင္အရင္ေသာက္လိုက္"
ေဆာ့ဂ်င္ကယြန္ဂီေပးတဲ့ပ်ားသံပုရာရည္ကိုတစ္ငုံေသာက္လိုက္ၿပီး...
"အခုမွပဲနည္းနည္းသက္သာသြားေတာ့တယ္။ ဒါနဲ႕ကြၽန္ေတာ္ညကအိမ္ကိုဘယ္လိုျပန္ေရာက္လာတာလဲ"
"ညကမိုးခ်ဳပ္တဲ့အထိအိမ္ျပန္မေရာက္လာလို႔စိတ္ပူတာနဲ႕ဖုန္းဆက္ၾကည့္လိုက္ေတာ့လူတစ္ေယာက္ကဂ်င္နီရဲ႕ဖုန္းကိုကိုင္တယ္ေလ။ အဲ့ဒီလူကဂ်င္နီမူးၿပီးေမွာက္ေနတယ္လို႔ေျပာျပလို႔ ယြန္ဂီခ်ီကိုယ္တိုင္အိမ္ကိုျပန္ေခၚလာရတာေပါ့"
"လူတစ္ေယာက္? ဘယ္သူလဲ"
"မသိဘူးေလ.. ဟိုေရာက္ေတာ့ဂ်င္နီတစ္ေယာက္ပဲေတြ႕တယ္။ အနားမွာဘယ္သူမွမရွိဘူး"
"ဟုတ္လား..ငါညကဘယ္သူနဲ႕ေသာက္မိပါလိမ့္"
"ဘယ္လိုျဖစ္တာလဲ..ဘာလို႔ညကအမ်ားႀကီးေသာက္လာတာလဲ။ ဘာစိတ္ညစ္စရာရွိလို႔လဲ"
"ဘာမွမရွိပါဘူး ယြန္ဂီခ်ီရဲ႕.. ဒီအတိုင္းမေသာက္ရတာၾကာလို႔ေသာက္တာပါ"
"ဟုတ္လို႔လား"
"အင္း... အျပင္ထြက္ေပးဦး။ ကြၽန္ေတာ္အလုပ္သြားဖို႔ျပင္ရဦးမယ္"
"ကဲ..သြားပါ။ ဘာျပႆနာမွမရွိပါဘူးဆိုမွ"
ယြန္ဂီကိုအခန္းအျပင္အတင္းတြန္းထုတ္ၿပီးမေန႕ညကကိစၥကိုအသည္းအသန္ျပန္စဥ္းစားရသည္။
"ငါညကေသခ်ာေပါက္တစ္ေယာက္တည္းေသာက္ခဲ့တာပါ"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဘယ္သူပါလိမ့္...ဘယ္သူနဲ႕ေသာက္မိပါလိမ့္"
ဓါတ္ေလွကားအလာကိုေစာင့္ေနရင္းညကကိစၥကိုစဥ္းသားၾကည့္ေပမယ့္ဘယ္လိုစဥ္းစားစဥ္းစားအေျဖကေပၚမလာေတာ့ညကအရွိန္မေသေသးလို႔ကိုက္ေနတဲ့ေခါင္းကပိုကိုက္လာသည္။ ထိုစဥ္..သူ႕အေတြးထဲကိုဖ်တ္ခနဲဝင္လာတဲ့အမည္နာမတစ္ခု...
~ထယ္ေယာင္းနင္း(မ္)~
"အား!"
သူ႐ုတ္တရက္ထေအာ္မိလိုက္ေတာ့ေဘးကလူေတြကသူ႕ကိုဝိုင္းၾကည့္ၾကသည္။ေဘးပတ္ဝန္းက်င္ကိုဂ႐ုမထားနိုင္ေလာက္ေအာင္ကို ညကအျဖစ္အပ်က္ေတြကသူ႕မွတ္ဉာဏ္ထဲသို႔အစီအရီဝင္ေရာက္လာသည္။ ဓါတ္ေလွကားတံခါးပြင့္လာၿပီးတျခားသူေတြတက္သြားၾကေပမယ့္သူကေတာ့ဓါတ္ေလွကားေရွ႕မွာေတာင့္ေတာင့္ေလးရပ္က်န္ခဲ့သည္။
"သြားၿပီ..ငါ ကင္ထယ္ေယာင္းကိုအျဖစ္မွန္ေတြအကုန္ေျပာလိုက္မိၿပီ"
"ဒီမွာတစ္ေယာက္တည္းဘာေတြေျပာေနတာလဲ"
"အေမ့!"
သူ႕နားမွာတိုးတိုးကပ္ၿပီးေျပာလာတဲ့အသံေၾကာင့္ေဆာ့ဂ်င္ထခုန္မတတ္လန့္သြားရသည္။
"မင္း..မင္းသားကင္ထယ္ေယာင္း"
"ညကေျပာေတာ့ထယ္ေယာင္းနင္း(မ္)ဆို"
"အဲ့..အဲ့ဒါကေလ..ဟင္! မင္းသားကဒီကိုဘယ္လိုလုပ္ေရာက္လာတာလဲ။ ဒီေန႕ရိုက္ကူးေရးမရွိဘူးလား"
"Photoshoot ရွိလို႔လာတာေပါ့။ ဒီေန႕က night scene ေတြပဲရွိလို႔ ရိုက္ကြင္းကိုညက်မွသြားရမွာ"
"ဟုတ္လား။ ဟိုေလ..ကြၽန္ေတာ့္ကိုအခ်ိန္နည္းနည္းေလာက္ေပးလို႔ရမလားဟင္"
"မရဘူး..အခ်ိန္မရွိဘူး"
ဒီေကာင္ေလးဘာေျပာခ်င္မွန္းသိလို႔ထယ္ေယာင္းတမင္သက္သက္စလိုက္တာပါ။ အဲ့ဒါကိုတကယ္ထင္သြားတဲ့ေဆာ့ဂ်င္ကမ်က္ႏွာငယ္ေလးျဖင့္...
"၅မိနစ္ေလာက္ေတာင္မရဘူးလား"
အသနားခံတဲ့မ်က္လုံးဝိုင္းေလးေတြျဖင့္သူ႕ကိုၾကည့္ၿပီးေျပာလာတဲ့ေဆာ့ဂ်င္ေၾကာင့္သူၾကည္ၾကည္ႏူးႏူးၿပဳံးလိုက္မိသည္။ ဒီမ်က္ႏွာေလးကိုဘယ္သူက'ဟင့္အင္း' ဆိုၿပီးျငင္းရက္ပါ့မလဲ။
"အင္း...ေကာ္ဖီတိုက္မယ္ဆိုရင္ေတာ့..."
"တိုက္မယ္..တိုက္မယ္..တစ္ခြက္ မဟုတ္ဘူး ႏွစ္ခြက္ေသာက္လည္းရတယ္"
"အဲ့ဒါဆို..ၿပီးေရာေလ"
ထယ္ေယာင္းက vending machine ရဲ႕ေဘးကခုံတန္းေလးမွာထိုင္လိုက္ေတာ့ေဆာ့ဂ်င္ကသူ႕ကိုေကာ္ဖီတစ္ခြက္လွမ္းေပးၿပီးသူ႕ေဘးမွာဝင္ထိုင္လိုက္သည္။
"ဟိုေလ..မေန႕ညကကြၽန္ေတာ္ေျပာတဲ့ကိစၥေလ.."
"ကိစၥ..ဘာကိစၥလဲ? အဖြဲ႕မႉးလီခ်န္းမင္းကေဆာ့ဂ်င္ကိုအနိုင္က်င့္ခဲ့တဲ့ကိစၥလား..ဒါမွမဟုတ္ရင္ ေဆာ့ဂ်င္မွာ face blindness ရွိေနတယ္ဆိုတဲ့ကိစၥလား"
"ႏွစ္ခုလုံးပဲ.. အဲ့ဒီႏွစ္ခုလုံးကိုေလ..ဘယ္သူ႕ကိုမွမေျပာဘဲလွ်ို႔ဝွက္ေပးလို႔မရဘူးလားဟင္"
"မေျပာေစခ်င္ရင္ ႏႈတ္ပိတ္ရမွာေပါ့"
"ႏႈတ္ပိတ္ရမယ္?"
ေဆာ့ဂ်င္ကတစ္ခုခုကိုေတြးမိဟန္ျဖင့္မ်က္လုံးေလးျပဴးသြားၿပီး...
"ႏႈတ္ပိတ္ရမယ္ဆိုေတာ့ ကြၽန္ေတာ္ကမင္းသားကိုသတ္ပစ္ရမွာလား..အဲ့လိုလား? အဲ့ဒါေတာ့မလုပ္ရဲဘူးေနာ္"
"ဘာ! အဟြတ္..အဟြတ္"
ေဆာ့ဂ်င္႐ုတ္တရက္ထေျပာလိုက္တဲ့စကားေၾကာင့္ထယ္ေယာင္းေကာ္ဖီေတြပါသီးကုန္၏။
"ရား..ကိုယ့္ကိုယ္ကိုျပန္သတ္ခိုင္းမယ့္အႀကံမ်ိဳးေပးပါ့မလား ငတုံးေလးရဲ႕"
"သိဘူးေလ..ဝတၳဳေတြထဲမွာေတာ့ႏႈတ္ပိတ္လိုက္လို႔ေျပာၿပီးရင္သတ္ပစ္လိုက္တာပဲ"
"မင္းကေတာ့ေလ..ေတာ္ေတာ္အေတြးေခ်ာ္တာပဲ"
"အဲ့ဒါဆိုရင္ ကြၽန္ေတာ္ကဘာလုပ္ရမွာလဲ"
"ႏႈတ္ပိတ္ခေပးၿပီး ႏႈတ္ပိတ္လို႔ေျပာတာ"
"ႏႈတ္ပိတ္ခ? ဘာလဲ..ပိုက္ဆံေပးရမွာလား"
"အင္း"
"အဲ့ဒါေတာ့လြန္တာေပါ့..မင္းသားကကြၽန္ေတာ့္ထက္ပိုက္ဆံအမ်ားႀကီးပိုရွာနိုင္တာပဲဟာကို"
"အဲ့ဒါဆိုရင္... ပိုက္ဆံအစား ဆႏၵတစ္ခုခုျဖည့္ဆည္းေပးရမယ္..ဘယ္လိုလဲ"
"ဘာဆႏၵလဲ?"
"အခုေတာ့စဥ္းစားလို႔မရေသးဘူး။ရတဲ့အခါက်ရင္ေျပာမယ္။ ေလာေလာဆယ္..မင္းရဲ႕ဖုန္းနံပါတ္ေပး"
"ဖုန္းနံပါတ္?"
"ဟုတ္တယ္ေလ..ေတာ္ၾကာ မသိခ်င္ေယာင္ေဆာင္ၿပီးလိမ္သြားရင္ဘယ္လိုလုပ္မလဲ"
"ဟြန့္...လူကို လူလိမ္မ်ားမွတ္ေနလားမသိဘူး"
ေဆာ့ဂ်င္ကႏႈတ္ခမ္းေလးစူၿပီးပြစိပြစိေျပာရင္းသူ႕ဖုန္းထဲမွာဖုန္းနံပါတ္ကိုရိုက္ထည့္ေပးသည္။ ထယ္ေယာင္းကေဘးတိုက္အေနအထားနဲ႕ေတာင္အျပစ္အနာအဆာမရွိေအာင္လွေနတဲ့ေဆာ့ဂ်င္ရဲ႕မ်က္ႏွာေလးကိုေငးၾကည့္ေနရင္း 'အစကေတာ့ဒီေကာင္ေလးကိုေၾကာင္ေတာင္ေတာင္ေလးလို႔ထင္ထားတာ... ေသခ်ာၾကည့္မိေတာ့လည္းခ်စ္စရာေလးပဲ' လို႔ေတြးေနမိသည္။
"ဪ..ၿပီးေတာ့ လီခ်န္းမင္းကထပ္ၿပီးအနိုင္က်င့္လို႔ရွိရင္ေခါင္းငုံ႕မခံဘဲနဲ႕ျပန္ေျပာ"
"သူကအထက္လူႀကီးျဖစ္ေနေတာ့..."
"အဲ့ဒါဆိုရင္...ေဆာ့ဂ်င္ ဂ်ဴဒိုကစားတတ္လား"
"ဂ်ဴဒို? ကစားတတ္တယ္"
"ေကာင္းတယ္။ သူ႕ကိုလူမရွိတဲ့ေနရာကိုေခၚသြားၿပီးကိုင္ေပါက္ပစ္။ မ်က္ျမင္သက္ေသတို႔ cctv တို႔မရွိတဲ့ေနရာကိုေ႐ြးေနာ္..အိမ္သာလိုေနရာမ်ိဳးဆိုပိုေကာင္းတယ္"
"ဗ်ာ?"
"အဲ့လိုလူမ်ိဳးေတြကိုမွတ္ေလာက္သားေလာက္ေအာင္ဆုံးမရမယ္။ ေခါင္းငုံ႕ခံလို႔မရဘူး"
"ဘာလို႔ကြၽန္ေတာ့္ကိုအဲ့လိုေတြလာေျပာေနတာလဲ"
"သူမ်ားအနိုင္က်င့္တာခံရတဲ့ဘဝ၊အပယ္ခံအျဖစ္ေနရတဲ့ဘဝကဘယ္ေလာက္ဆိုးလဲဆိုတာကိုသိလို႔"
"သိတယ္? မင္းသားလည္းေက်ာင္းတုန္းကအနိုင္က်င့္တာခံရဖူးလို႔လား"
"အင္း... ၿပီးေတာ့ အခင္ဆုံးသူငယ္ခ်င္းလို႔ထင္ထားတဲ့လူဆီကလည္းသစၥာေဖာက္တာခံရဖူးတယ္"
"သူငယ္ခ်င္း?"
"ဟုတ္တယ္..အခုေတာ့ရန္သူေတြေပါ့။ သူ႕ကိုႀကံဖန္ၿပီးေက်းဇူးေတာ့တင္ရမယ္သိလား...သူ႕ေၾကာင့္မဟုတ္ရင္ဒီေနရာကိုေရာက္လာမွာေတာင္မဟုတ္ဘူး"
"ဟုတ္လား..အဲ့လိုအျဖစ္မ်ိဳးေတြရွိခဲ့တာလား"
"အင္း"
"ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္...ကြၽန္ေတာ့္ကိုနားလည္ေပးလို႔"
"ရပါတယ္။ ေနာက္ဆိုလည္းရင္ဖြင့္စရာလူမရွိရင္အခ်ိန္မေ႐ြးစကားလာေျပာပါ။ နားေထာင္ေပးပါ့မယ္"
"ဟုတ္"
"ကဲ... ငါးမိနစ္လည္းျပည့္ၿပီဆိုေတာ့သြားေတာ့မယ္။ ေကာ္ဖီအတြက္ေက်းဇူး"
ထယ္ေယာင္းကမတ္တပ္ထရပ္လိုက္ၿပီးသြားဖို႔ျပင္ေတာ့ေဆာ့ဂ်င္က...
"ထယ္ေယာင္းနင္း(မ္)"
"ဟင္"
"အဲ့ဒါဆိုရင္ကြၽန္ေတာ္နဲ႕ထယ္ေယာင္းနင္း(မ္)ကအခုအခ်ိန္ကစၿပီးသူငယ္ခ်င္းေတြျဖစ္သြားၿပီေပါ့ေနာ္"
ထယ္ေယာင္းကသြားတန္းေလးေတြေပၚေအာင္ၿပဳံးလိုက္ၿပီး...
"ဒါေပါ့"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ဂြန္း...ငါ့ကိုအေရွ႕နားမွာခ်ေပးထားခဲ့ၿပီးရင္မင္းျပန္ေတာ့"
"Hyung.. အိမ္မွမေရာက္ေသးတာ"
"သိတယ္..သြားစရာရွိလို႔"
"ဘယ္သြားမလို႔လဲ hyung ရယ္။ မန္ေနဂ်ာမသိဘဲအျပင္ schedule ေတြလုပ္ရင္.."
"သိပါတယ္ဆိုမွ...ဘာမွမဟုတ္တာမလုပ္မွာမို႔လို႔ေရွ႕နားမွာခ်ထားေပးၿပီးျပန္ေတာ့"
"ဟုတ္ကဲ့"
ဂြန္းသက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္းကားကိုလမ္းေဘးခ်ရပ္လိုက္သည္။ ဒီရက္ပိုင္း hyung တစ္ေယာက္ဘာျဖစ္ေနမွန္းမသိ...အၿမဲတမ္းေတြေဝေငးေမာေနတတ္ သည္။ ေဂ်ာင္ကုရဲ႕ဒီလိုပုံစံမ်ိဳးကိုသူတခါမွမျမင္ခဲ့ဖူးေပ။အရင္လိုမဟုတ္ဘဲသ႐ုပ္ေဆာင္တာတိုးတက္လာလို႔ဒါရိုက္တာခ်ီးက်ဴးတာေတာင္ခံေနရၿပီပဲမဟုတ္လား..ေပ်ာ္ေနသင့္တာေပါ့။ အရင္လိုခဏခဏစိတ္တိုေနတာထက္ေဂ်ာင္ကုရဲ႕လက္ရွိအေျခအေနကသူ႕ကိုပိုၿပီးေတာ့ေတာင္အေနရခက္ေစသည္။
"သြားေတာ့"
"အဲ့ဒါဆိုမနက္ျဖန္ေတြ႕မယ္ hyung"
ေဂ်ာင္ကုက mask တစ္ခုေကာက္တပ္လိုက္ၿပီးကားေပၚကေနဆင္းလိုက္သည္။ ေမွာင္စျပဳေနတဲ့အခ်ိန္ျဖစ္သည့္အျပင္ပတ္ဝန္းက်င္ကလူသြားလူလာရွင္းေနေတာ့အထူးတလည္႐ုပ္ဖ်က္မေနေတာ့။
ဂြန္းကားေမာင္းၿပီးထြက္သြားတာနဲ႕ေဂ်ာင္ကုရဲ႕ေျခလွမ္းေတြကတေနရာကိုဦးတည္လိုက္ေတာ့သည္။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"အင္း"
သူအပ်င္းေၾကာတစ္ခ်က္ဆန့္လိုက္ၿပီးနာရီကိုၾကည့္လိုက္ေတာ့ ၉နာရီထိုးဖို႔ ၁၀မိနစ္အလို။ ေဆးခန္းပိတ္ခ်ိန္က၉နာရီမို႔ သူ႐ုံးဆင္းရန္ျပင္ဆင္ရေတာ့သည္။
~ေဒါက္ ေဒါက္~
"ဝင္ခဲ့ပါ"
"ေဒါက္တာ..လူနာတစ္ေယာက္က်န္ေသးတယ္"
ေဒါက္တာနာေယာင္းဟီးတစ္ေယာက္မ်က္ေမွာင္ႀကဳံ႕မိသည္။ ေဆးခန္းပိတ္ခါနီးမွဘယ္သူကမ်ားေရာက္လာပါလိမ့္။ ျပန္လႊတ္လိုက္လို႔လည္းမျဖစ္တာမို႔ဒီေန႕ေတာ့ overtime ဆင္းဖို႔သူဆုံးျဖတ္လိုက္သည္။
"ေခၚလိုက္ေလ"
"ဟုတ္ကဲ့"
သူ consulting လုပ္တဲ့စားပြဲမွာေနရာယူေနတုန္းအခန္းထဲကိုဝင္လာတဲ့သူတစ္ေယာက္.. mask တပ္ထားလို႔ဘယ္သူမွန္းတန္းမမွတ္မိနိုင္ေပမယ့္မ်က္လုံးအၾကည့္ေတြကေတာ့ရင္းႏွီးေနသလိုလို...
"ထိုင္ပါ"
ထိုလူကသူၫႊန္ျပတဲ့ေနရာမွာထိုင္ရင္း mask ကိုခြၽတ္လိုက္ေတာ့...
"ဂြၽန္ေဂ်ာင္ကု! နင္ကဒီကိုဘယ္လိုလုပ္..."
"ေယာင္းဟီး...ငါ့ကိုကူညီပါဦး။ငါ..အခုမင္းရဲ႕အကူအညီလိုအပ္ေနတယ္"
"ဘယ္လို! ငါကနင့္ရဲ႕exေနာ္..ျပန္တြဲပါရေစဆိုၿပီးနင့္ဆီမွာေတာင္းေတာင္းပန္ပန္ေျပာခဲ့တာေတာင္လွည့္မၾကည့္ဘဲပစ္ခ်ထားခံရတဲ့နင့္ရဲ႕ ex ေနာ္။ မမွတ္မိေတာ့ဘူးလား။ ဘာလဲ..နင္႐ူးသြားၿပီလား"
"အင္း..႐ူးသြားၿပီထင္တယ္။ မင္းကစိတ္ေရာဂါအထူးကုဆရာဝန္မဟုတ္ဘူးလား။ အဲ့ဒါေၾကာင့္ငါ့ကိုကူညီပါ..ေတာင္းဆိုပါတယ္"
အၿမဲတမ္းစူးစူးရဲရဲၾကည့္တတ္တဲ့မ်က္လုံးဝိုင္းေလးေတြနဲ႕အခုလိုခခယယေတာင္းပန္ၿပီးေျပာလာေတာ့ေယာင္းဟီးစိတ္ပူသြားရသည္။
"Oppa... ဘာျဖစ္လာတာလဲ"
"ဘာျဖစ္မွန္းမသိေတာ့ဘူး။အခုတေလာလူတစ္ေယာက္ရဲ႕အေၾကာင္းကိုပဲေတြးေနမိတယ္။ၿပီးေတာ့ဘယ္ေနရာကိုပဲၾကည့္ၾကည့္အဲ့ဒီလူရဲ႕မ်က္ႏွာကိုပဲျမင္ေနမိတယ္။ညညဆိုလည္းေကာင္းေကာင္းအိပ္မေပ်ာ္ဘူး။အစားလည္းေကာင္းေကာင္းမစားနိုင္ဘူး။ ရင္ေတြလည္းအရမ္းခုန္ေနၿပီးရိုလာကိုစတာစီးေနရသလိုရင္ထဲမွာေအးခနဲျဖစ္ျဖစ္သြားတယ္"
"အဲ့ဒါဘာျဖစ္တာလဲ..ေရာဂါတစ္ခုခုမ်ားျဖစ္ေနလား"
"အင္း..ေရာဂါဟုတ္တယ္"
"ဟုတ္လား..ဘာေရာဂါလဲ။ စိုးရိမ္ရလား"
"အခ်စ္ႏြံနစ္တဲ့ေရာဂါ"
"ဘာ! မျဖစ္နိုင္တာ"
"ရား..မေကာင္းတဲ့ေကာင္။နင္ရည္စားရတာကိုရည္းစားေဟာင္းဆီမွာလာႂကြားေနတာလား"
"မျဖစ္နိုင္တာ..ဒါလုံးဝမျဖစ္သင့္တဲ့ကိစၥပဲ"
"မျဖစ္သင့္တဲ့ကိစၥ?မဟုတ္မွလြဲေရာအိမ္ေထာင္သည္နဲ႕တြဲေနတာလား"
"အဲ့လိုမဟုတ္ပါဘူး"
"အဲ့ဒါဆိုရင္... oppa ေယာက္်ားခ်င္းႀကိဳက္ေနတာလား..ဟုတ္လား"
"ျပန္မေျဖပုံေထာက္ရင္ေတာ့ဟုတ္ေနတာပဲ။ဒါေပမယ့္ေယာက္်ားခ်င္းႀကိဳက္တာေရာဂါမဟုတ္ဘူးေလ..သိတယ္မွတ္လား"
"အဲ့ဒါဆိုငါကသူ႕ကိုခ်စ္မိသြားလို႔အခုလိုမ်ိဳးျဖစ္ေနတာေပါ့..ဟုတ္လား"
"ဟုတ္တယ္ေလ။ ရွင္းေနတာပဲဟာကို..ဒါေတာင္မသိဘူးလား"
"ဘယ္သူလဲ...ခံစားခ်က္မရွိတဲ့ဂြၽန္ေဂ်ာင္ကုကိုအရည္ေပ်ာ္ေအာင္လုပ္နိုင္တဲ့သူက"
"ရွိတယ္..အရမ္းခ်စ္စရာေကာင္းတဲ့ေကာင္ေလးတစ္ေယာက္။ သူ႕ကိုစေတြ႕တုန္းကအူေၾကာင္ၾကားေလးမို႔လို႔အျမင္ကပ္ခဲ့တာ။ ေနာက္ပိုင္းတျဖည္းျဖည္းနဲ႕ဘာလို႔မွန္းမသိမ်က္စိထဲမွာအရမ္းခ်စ္ဖို႔ေကာင္းလာတယ္"
"အထူးသျဖင့္ သူစိတ္ဆိုးရင္အရမ္းအသည္းယားဖို႔ေကာင္းတယ္။လူကိုလည္းက်ိန္လိုက္တာမ်ိဳးစုံေနတာပဲ။ တခါတေလအူယားလြန္းလို႔အဲ့ဒီ့က်ိန္တတ္တဲ့ႏႈတ္ခမ္းေလးကိုအရမ္း..."
"ရား...အဲ့လိုစပ္ၿဖဲၿဖဲမ်က္ႏွာႀကီးနဲ႕ေျပာမွျဖစ္မွာလား"
"သူေရာသိလား.. oppa အခုလိုျဖစ္ေနတာကို"
"သိမွာမဟုတ္ဘူး...သူကတကယ့္ကိုငတုံးေလး။ ၿပီးေတာ့သူငါ့အေပၚမွာဘယ္လိုခံစားခ်က္ရွိလဲဆိုတာလည္းမသိဘူး"
"ဒီေလာက္ေတာင္ျဖစ္ေနရင္လည္းဖြင့္ေျပာလိုက္ေပါ့"
"မျဖစ္ဘူး"
"ဘာလို႔လဲ"
"သူ..ျငင္းလိုက္ရင္ဘယ္လိုလုပ္မလဲ။ တကယ္လို႔လက္ခံတယ္ပဲထားဦး..ေနာက္ရင္ဆိုင္ရမယ့္ျပႆနာေတြကအမ်ားႀကီးပဲ။ သိတယ္မွတ္လား..ဒီအႏုပညာေလာကမွာဘာမွခိုးလုပ္လို႔မရဘူးေလ"
"ၿပီးေတာ့ေယာက္်ားခ်င္းႀကိဳက္တာအျပစ္မဟုတ္ေပမယ့္ဒီေလာကမွာတရားဝင္ဝန္ခံထားတဲ့လူဘယ္ႏွေယာက္ရွိလို႔လဲ။ ပုံမွန္ရည္းစားထားရင္ေတာင္မ်ိဳးစုံေဝဖန္ခံေနရတာကို.. လူေတြသူ႕အေၾကာင္းကိုေသခ်ာမသိဘဲနဲ႕သူ႕ကိုဝိုင္းၿပီးတိုက္ခိုက္ၾကရင္ဘယ္လိုလုပ္မလဲ။တကယ္လို႔အဲ့ဒါေတြေၾကာင့္သူစိတ္ဒဏ္ရာရသြားၿပီးငါ့အနားမွာမေနနိုင္ေတာ့ရင္ ငါလည္းအသက္ရွင္နိုင္မွာမဟုတ္ဘူး"
"ဝါး! ဂြၽန္ေဂ်ာင္ကု..တကယ္ခ်စ္တတ္သြားတာပဲ"
"အဲ့ေတာ့ ဘာဆက္လုပ္ရင္ေကာင္းမလဲ"
"အဲ့ဒါငါကဘယ္လိုလုပ္သိမွာလဲ။ စိတ္ေရာဂါအထူးကုဆရာဝန္ေနာ္အခ်စ္ေရးအခ်စ္ရာအႀကံေပးမဟုတ္ဘူး"
"သိပါတယ္။ ဒါေပမယ့္ ငါ့မွာဒီကိစၥနဲ႕ပတ္သက္ၿပီးရင္ဖြင့္စရာလူမွမရွိတာ..သိရဲ႕သားနဲ႕"
နာေယာင္းဟီးတို႔ဘဝကလည္းဆိုးလိုက္တာ။ရည္းစားေဟာင္းကိုျပန္ၿပီးအခ်စ္အႀကံေပးလုပ္ေနရပါလား။ကမၻာ့သေဘာအေကာင္းဆုံးရည္းစားေဟာင္းဆုတံဆိပ္နဲ႕ေတာင္ထိုက္တန္ေနၿပီ။
"Oppa.. တို႔ႏွစ္ေယာက္ျပန္တြဲၾကမလား"
"ဘာ!"
"ခဏေနဦးလန့္မသြားနဲ႕ဦး..အတည္တြဲဖို႔မဟုတ္ဘူး။ဟန္ေဆာင္တြဲဖို႔"
"ဘယ္လို?"
"Oppa ပဲသူ oppa အေပၚဘယ္လိုခံစားခ်က္ရွိလဲဆိုတာမသိဘူးဆို။ သူ႕ေရွ႕မွာဟန္ေဆာင္တြဲျပၿပီးသူသဝန္တိုလာေအာင္လုပ္ၾကည့္ေပါ့"
"ျဖစ္ပါ့မလား"
"အဲ့ေလာက္ေတာင္ဘာမွမလုပ္ရဲမကိုင္ရဲျဖစ္ေနရင္တစ္သက္လုံးဘုန္းႀကီးသာဝတ္လိုက္ေတာ့"
"ေအးပါ..သိပါၿပီ။ စဥ္းစားၾကည့္ပါ့မယ္"
A/N: ေယာင္းဟီးဆိုတာအပိုင္း၁မွာပါတဲ့ေဂ်ာင္ကုရဲ႕ရည္းစားေဟာင္းပါေနာ္။ အၾကာႀကီးေနမွျပန္ပါလာလို႔ေမ့သြားမွာစိုးလို႔ 😅
¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰