Give up

By Rei_lynx

13.7K 1.6K 124

Title - Morbid attachment, Give up, 詬病 Original author - Chi Zongzha Total - 97 chapters + 7 extras Main Ch... More

Synopsis
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13

Chapter 3

569 121 6
By Rei_lynx

Translated - Sep 17 | Edited - Sep 20
Translator - Jd_breeze | Edit & typesetting - Lynx

{ UNICODE }

နောက်တစ်နေ့မှာတော့ ကျီးဝမ့် ကုမ္ပဏီကိုသွားခဲ့ပြီး အောက်ထပ်ကိုရောက်တဲ့အချိန် လူတချို့ရဲ့ လက်မှတ်ထိုးပေးဖို့၊ ဓာတ်ပုံရိုက်ပေးဖို့အတွက် အသည်းအသန်တောင်းဆိုခံလိုက်ရပြီးတဲ့နောက် သူ့ကိုယ်သူနာမည်ကြီးတစ်ယောက်လို့ မသက်မသာခံစားလိုက်ရသည်။

သူ အစ်မဟုန်ကိုရှာတွေ့တော့ သူမက ဖုန်းပြောရင်းအလုပ်များနေပြီး ကျီးဝမ့်ကိုတွေ့တဲ့အခါ အချက်အလက်ဖိုင်ကို ယူလာပေးသည်။

ကျီးဝမ့် စာရွက်လှန်ကြည့်လိုက်တော့ ဒါက ရသစုံရှိုးအသစ်ဆိုပေမယ့် အကြောင်းအရာကတော့ရိုးရှင်းပြီး အဓိက,ကတော့ ဧည့်သည်တွေကြားထဲက အချင်းချင်းသဟဇာတမျှတမှုကို အခြေခံထားခြင်းဖြစ်သည်။

မင်းသာ စကားပြောပြီးပြုံးပြလေလေ ပိုပြီးပွင့်လင်းလေလေ ကြည့်ရှုသူက မင်းကိုပိုပြီးသဘောကျလေဖြစ်သည်။ ကျီးဝမ့်က အခကြေးငွေပမာဏကိုသာအာရုံစိုက်လိုက်ပြီး နောက်ဆုံးတော့ သဘောတူလက်မှတ်ထိုးလိုက်တော့သည်။

စုစုပေါင်း အပိုင်း၁၀ပိုင်းပါဝင်ပြီး နောက်ထပ် season ရိုက်ဖြစ်မရိုက်ဖြစ်ကတော့ ကြည့်ရှုသူအရေအတွက်အပေါ်သာ မူတည်သည်။ သူလက်မှတ်ထိုးပြီးတဲ့အခါ အစ်မဟုန်က ဖုန်းပြောလို့ပြီးနေပြီဖြစ်ပြီး ကျီးဝမ့်ကို သာယာစွာပြောလိုက်သည်။

" ငါ မင်းအတွက် ကြော်ငြာတစ်ခုလက်ခံထားတယ်၊ ဒါပေမယ့် မင်းက အဓိကဇာတ်ဆောင်တော့မဟုတ်ဘူး"

ကျီးဝမ့်က ရှင်းရှင်းပဲပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံဘယ်လောက်ရမှာလဲ"

အစ်မဟုန် သူ့ကိုဆူတော့သည်။

" တစ်နေ့လုံး ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ အဲ့လောက်တောင်ပိုက်ဆံပြတ်လတ်နေလို့လား?"

ကျီးဝမ့်က ခါးသက်သက် ပြုံးလိုက်ပြီး

" အစ်မရယ် ကျွန်တော့်မှာ အကြွေးပေးစရာရှိသေးတယ်၊ အခုထိကားလည်းမရှိသေးဘူး၊ ကုမ္ပဏီကလည်း တစ်စီးလောက် မစီစဉ်ပေးဘူးလေ"

အစ်မဟုန်က အေးစက်စက်ပြောလာသည်။

" ကုမ္ပဏီကကားတွေက အလုပ်ရှိတဲ့ အနုပညာရှင်တွေအတွက်လေ။ မင်း အလုပ်သွားမယ်ဆို ကုမ္ပဏီကကားတွေယူသုံးလို့ရနေတာပဲ။ ဘာလို့ အလကားဖြုန်းတီးနေမှာလဲ? "

ကျီးဝမ့်က နှာခေါင်းလေးကို ထိလိုက်ပြီး

"အခုလေးတင် အောက်ထပ်မှာ လူတွေအလိုက်ခံရပြီးပြီ၊ ရှေ့လျောက်မြေအောက်ရထားတောင် စီးလို့ရမှာမဟုတ်တော့ဘူး"

အစ်မဟုန်က မျက်စိလှန်ကြည့်လိုက်ရင်း

" မင်းတက္ကစီစီးလာရင် ကုမ္ပဏီကတက္ကစီခပိုက်ဆံပြန်ပေးလိမ့်မယ်"

ကျီးဝမ့်မိဘတွေက သူငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ အမှန်ဆို သူနဲ့သူ့မိသားစုက ကောင်းကောင်းနေကောင်းကောင်းကောင်းစားနေနိုင်‌ပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းက သူအိမ်တစ်လုံးဝယ်ခဲ့ပြီး ထိုအိမ်ကအိုဟောင်းနေပြီဖြစ်သော်လည်း ဈေးကြီးတဲ့နေရာဖြစ်နေတာကြောင့် ထိုအိမ်ကိုငွေအကျေဝယ်နိုင်ဖို့လုပ်နေရတာဖြစ်သည်။

သူက နာမည်မကြီးတဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်ရတာလည်းနည်းသည်မို့ ဘဝကကျပ်တည်းနေရသည်။

ကျီးဝမ့် စာချုပ်မှာလက်မှတ်ထိုးပြီးတော့ အစ်မဟုန်က နောက်ထပ်စာချုပ်တစ်ခုထပ်ပြီး‌ပေးလာသည်။

" နောက်ထပ် Music videoတစ်ခုလည်းရှိတယ်၊ ဒါကဓားရေးကျွမ်းတဲ့သူလိုနေတာ၊ ရိုက်ကူးရေးကာလကတိုပေမယ့် အခကြေးငွေကတော့မြင့်တယ်၊ ‌မင်းအတွက်နောက်ထပ်အခွင့်အရေးတစ်ခုပဲ"

ကျီးဝမ့်မျက်လုံးတွေ ကွေးညွတ်သွားသည်။

"ကျေးဇူးပဲ အစ်မဟုန်" သူစကားပြောပြီးနောက် စာရွက်လှန်ပြီး လက်မှတ်ထိုးလိုက်သည်။

အစ်မဟုန်က ကျီးဝမ့်ရဲ့အပြုံးကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားမိသည်။ သူမက အနုပညာရှင်များစွာအတွက် အလုပ်လုပ်ပေးဖူးပြီး တော်ရုံရုပ်ရည်ဆို အသားကျနေပြီဆိုပေမယ့် ကျီးဝမ့်ရဲ့ရုပ်ရည်ကတော့ မကြာခဏတုန်လှုပ်စေသည်။

ကံကောင်းစွာနဲ့ပဲ Beta တစ်ယောက်ဖြစ်တဲ့ အမဟုန်က ကျီးဝမ့်ခန္ဓာကိုယ်ပေါ်က pheromone နံ့ကို သိပ်မရနိုင်ပေ။

အဲ့ဒီအချိန်မှာပဲ ရုံးခန်းထဲကို ကျီးဝမ့်လိုမျိုး Alpha အနုပညာရှင်တစ်ယောက်ဝင်လာသည်။ သူက ကျီးဝမ့်ရဲ့စိတ်နေစိတ်ထားနဲ့ လုပ်ပုံကိုင်ပုံကို သဘောမကျတာကြောင့် ကျီးဝမ့်ကို အမြင်မကြည်ပေ။

ကျီးဝမ့်ကလည်း လိုက်ပြီကပ်သပ်နေရတာကို သဘောမကျတာကြောင့် ရှောင်ထွက်ဖို့လုပ်လိုက်သည်။ အမဟုန်က သူ့ကိုကြည့်ပြီးစိတ်အေးစွာနဲ့

"ရှောင်ရှုဆီသွားလိုက် သူမင်းကို စတူဒီယိုဆီ ခေါ်သွားပေးလိမ့်မယ်"

"ဒီနေ့စရိုက်မှာလား?" ကျီးဝမ့်အနည်းငယ်အနည်းငယ်အံ့ဩသွားမိသည်။ သူ ဇာတ်ညွှန်းတောင်မဖတ်ကြည့်ရသေးပါ။

အမဟုန်က ထိုAlpha ကိုထိုင်ဖို့ပြောပြီး ကျီးဝမ့်ကို လက်ခါပြလိုက်သည်။

" မင်းလုပ်နိုင်ပါတယ်။ မင်း ‌အကောင့်ထဲကို ငွေလွှဲပေးလိုက်ပြီးပြီ"

အမဟုန်ကဒီလိုမျိုး စိတ်ကျေနပ်အောင်လုပ်ပေးနိုင်တာမို့ သူမလက်အောက်က ဘယ်အနုပညာရှင်မဆို စိတ်မကျေမနပ်ဖြစ်ရတာမျိုးမရှိ။

ကျီးဝမ့်က သံသယကင်းကင်းနဲ့ပဲ ထို Alpha ဘေးကဖြတ်လျှောက်မိတဲ့အခါ ထိုသူ့ဆီကနှာမှုတ်သံကြားလိုက်ရပေမယ့် ကျီးဝမ့်ကတော့ ဘာကိုမှဂရုမစိုက်သလိုပဲ လျစ်လျှူရှုလိုက်သည်။ 

ရုံးခန်းအပြင်ဘက်မှာ ရှောင်ရှုကလိုအပ်တာတွေပြင်ဆင်လို့ပြီးနေပြီး ကျီးဝမ့်ကို ဇာတ်ညွှန်းကမ်းပေးလာသည်။ ကျီးဝမ့် ပထမစာရွက်ကို လှန်လိုက်တဲ့အခါမှာတော့ ဒါရိုက်တာနာမည်နဲ့ သရုပ်ဆောင်နာမည်တွေကို တွေ့‌လိုက်ရသည်။

ဒါရိုက်တာကျိုးလဲ့က နာမည်ကြီးတစ်ယောက်ဖြစ်ပြီး၊ အောင်မြင်လူကြိုက်များတဲ့ music videoတွေလည်း ရိုက်ကူးခဲ့ဖူးသည်။ ကျီးဝမ့် အခြားသရုပ်ဆောင်နာမည်ကို တွေ့လိုက်ရချိန် အေးခဲသွားရ၏။ ရှောင်ရှုက လွယ်အိတ်လွယ်လိုက်ပြီး ကျီးဝမ့်ကိုလာဆွဲခေါ်သည်။

ကျီးဝမ့်က မလှုပ်ရှားနိုင်တော့ဘဲ ရှောင်ရှု ဒါကိုသတိထားမိ‌တော့ ခဏမင်သက်သွားသည်။ ကျီးဝမ့်ပုံစံက အလွန်အမင်းနာကျင်ဖွယ်တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်နှယ်။

ရှောင်ရှုအမြင်မှာဆို ကျီးဝမ့်ကအေးဆေးတည်ငြိမ်ပြီး နည်းနည်းလေးအေးစက်စက်ပုံစံမျိုး။ အခြားAlpha တွေလို အရမ်းကြီး မောက်မာတာမျိုးမရှိဘဲနဲ့ တော်ရုံအခြားအရာတွေကို စိတ်ဝင်စားလေ့မရှိ။

အရင်ကလည်း ရှောင်ရှု ကျီးဝမ့်ရဲ့လက်ထောက်အဖြစ် အလုပ်လုပ်ဖူးပြီး ရှချန်စုန့် ဆိုတဲ့ တက္ကသိုလ်ဇာတ်လမ်းရိုက်တုန်းက ကျီးဝမ့် က ဇာတ်လိုက်နဲ့ မင်းသမီးတို့ နမ်းနေတာကိုတွေ့လိုက်ရတဲ့ အခန်းတုန်းက သူအဲ့လိုအမူအရာမျိုးဖြစ်သွားတာကို မြင်ဖူးသည်။ 

ရှောင်ရှုက ဖြည်းဖြည်းလေး မေးလိုက်သည်။

" အကိုဝမ့် မသွားသေးဘူးလား? ကျွန်တော်တို့ နောက်ကျတော့မယ် "

ကျီးဝမ့်က ဇာတ်ညွှန်းစာအုပ်ကိုပိတ်လိုက်ရင်း

"ငါမလုပ်နိုင်ဘူး"

ထိုစကားကြောင့် ရှောင်ရှုရပ်တန့်သွားပြီး

"မရဘူးနော်အစ်ကို အဲ့လိုဆိုစာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးပေးရမှာ"

ကျီးဝမ့်က အံကိုကြိတ်ရင်း 'အဲ့တာဆိုလည်းပေးလိုက်ပေါ့'လို့ ပြောချင်ပေမယ့်လည်း ငွေဆုံးရှုံးသွားတာက ပြသနာမရှိပေမယ့် ယုံကြည်မှုဆုံးရှုံးသွားရင် ကုမ္ပဏီကိုဒုက္ခရောက်စေလိမ့်မည်။ ဒါကသူတစ်ယောက်တည်းရဲ့ပြဿနာမဟုတ်တော့ပေ။

သူ့မှာ အရင်လို လုပ်ချင်တာလုပ်ပစ်လို့ရတဲ့ အရည်အချင်းမျိုးမရှိတော့သလို၊ ဒီလူမှုပတ်ဝန်းကျင်မှာ ကျင်လည်လာတာကြာလာသည်နဲ့အမျှ သူငယ်ငယ်ကလို စိတ်မြန်လက်မြန်နဲ့ တတ်ကြွမနေနိုင်တော့ပေ။

ကားပေါ်ရောက်သည့်တိုင်အောင်ရှောင်ရှုကစိတ်မချနိုင်ဘဲနောက်ကြည့်မှန်ကတစ်ဆင့် သူ့ကိုခဏခဏလှမ်းကြည့်နေသည်။ ရှောင်ရှုက ကျီးဝမ့် သေချာသရုပ်မဆောင်နိုင်ပဲ သူပါလက်ထောက်အနေနဲ့ရောပြီး အဆူခံရမှာ စိုးနေသောကြောင့်ဖြစ်လိမ့်မည်။

ကျီးဝမ့်က နောက်ကြည့်မှန်ကိုလှမ်းကြည့်ပြီး ရှောင်ရှုကိုပြုံးပြလိုက်ရင်း

"စိတ်ပူမနေနဲ့ ငွေဆုံးရှုံးရမှာကို ငါကမင်းထက်တောင် ပိုကြောက်သေးတယ်"

ရှောင်ရှုက အခုမှစိတ်သက်သာသလို သက်ပြင်းချလိုက်ပြီး ကားစတီယာတိုင်ကိုကိုင်ရင်း စနောက်သည်။

"အကို စားပြီးပြီးလား? ရိုက်ကွင်းမသွားခင်တစ်ခုခုစားဦးမလား? "

ကျီးဝမ့်မှာ အစာစားချင်စိတ် လုံးဝရှိမနေ။ သူ ခေါင်းခါပြလိုက်ပြီး ဇာတ်ညွှန်းဆက်ဖတ်နေလိုက်သည်။ သူ သရုပ်ဆောင်တွေရဲ့နာမည်စာရင်းဆီ ထပ်ရောက်သွားပြီး 'ချီပေါ်ယန်' ဆိုတဲ့စာလုံးသုံးလုံးက သူ့မျက်စိရှေ့ ထပ်ရောက်လာတော့၏။

အမှောင်ထဲက ကံကြမ္မာများလား မသိပေမယ့် ပထမဆုံး ဘားမှာချီပေါ်ယန်ရဲ့ ဖျော်ဖြေပွဲဗီဒီယိုကိုတွေ့ပြီး နောက်တော့ ရေမွှေးဘူးလက်ဆောင်ရသလို၊ အခုလည်းထပ်တွေ့ရပြန်ပြီ။

သူ့ဘဝကြီးက စာရေးဆရာတစ်ယောက်ရဲ့ အဆင့်သုံးရှိတဲ့ ဇာတ်လမ်းလေးလိုပဲ။ သွေးထွက်သံယိုနဲ့...

ရိုက်ကွင်း ရောက်ခါနီးမှာ ကျီးဝမ့်သက်ပြင်းချလိုက်မိသည်။ သူကမျက်နှာဖုံးတပ် လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး သူရဲကောင်းကိုမြင်မြင်ချင်းချစ်မိတဲ့သူ နေရာကနေသရုပ်ဆောင်ရမှာဖြစ်သည်။

သူက ဇာတ်ပို့တစ်ယောက်မို့ သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းတွေသိပ်မများလှဘဲ အဓိကအရေးကြီးတဲ့သူကတော့ ချီပေါ်ယန်သာ။

Music video ရဲ့ဇာတ်လမ်းအကြောင်းအရာက ရိုးရှင်းသည်။ အတိတ်နဲ့လက်ရှိ အကြောင်းအရာမျိုးဖြစ်ပြီး ချီပေါ်ယန်က အပြစ်သားဖြစ်တဲ့ စစ်သူကြီးသမီးကို ချစ်မိသွားသည်။ ကျီးဝမ့်က ရန်သူ့ဘက်က သူရဲကောင်းကိုလုပ်ကြံဖို့စေလွှတ်ခြင်းခံရတဲ့ ဇာတ်ကောင်အသေးစားလေးသာဖြစ်သည်။ 

သူက သူရဲကောင်းနဲ့ မင်းသမီးတို့ကြားကအချစ်ကို ပိုနက်ရှိုင်းစေရုံသာဖြစ်ပြီး သူရဲ့ သူရဲကောင်းအပေါ် ထားရှိတဲ့ အချစ်နဲ့အမုန်းတွေကြောင့် သူရဲကောင်းကိုသတ်ပစ်လိုက်ပြီးနောက် မင်းသမီးနဲ့သူရဲကောင်းတို့က လက်ရှိခေတ်သစ်မှာ ပြန်လည်တွေ့ဆုံကြမှာဖြစ်သည်။

ကျီးဝမ့် ဇာတ်ညွှန်းစာအုပ်ကို ပိတ်လိုက်သည်။ ချီပေါ်ယန်ရဲ့အကြိုက်က ဆိုးရွားနေတာလား၊ ပရိတ်သတ်တွေကြောင့်ပဲလားမသိ၊ ချီပေါ်ယန်က အပြင်းစားရှော့‌ခ်ကောင်လေးအနေနဲ့ ပွဲဦးထွက်ခဲ့ပေမယ့် အခုလို music video တွေရိုက်မယ်လို့ ဘယ်သူကထင်မှာလဲ?

နာရီဝက်ကြာပြီးတဲ့နောက်မှာတော့ ကားရပ်တန့်သွားပြီး အပြင်ဘက်ရိုက်ကူးရေးအဖွဲ့သားတွေကို ကျီးဝမ့်နှုတ်ဆက်လိုက်သည်။ မိတ်ကပ်ပညာရှင်က ကျီးဝမ့်ကိုတွေ့တော့ မျက်လုံးများ ဝင်းလက်သွားသည်။

အဲ့နောက်မှာတော့ ကျီးဝမ့်ကို မိတ်ကပ်ပါးပါးလိမ်းပေးပြီး အဝတ်လဲခိုင်းသည်။

ကျီးဝမ့်က မျက်နှာဖုံးတပ်ကာ သရုပ်ဆောင်ရမည်ဖြစ်ပြီး မျက်နှာသိပ်ပြစရာမလိုတာကြောင့်စိတ်ပေါ့ပါးနေသည်။

မကြာခင်မှာပဲ သူကအတွေးလွန်နေမိတယ်လို့ တွေးမိလိုက်သည်။ ချီပေါ်ယန်ရဲ့ music video ထဲမှာပါရမယ်ဆိုရင်တောင်မှ ချီပေါ်ယန်နဲ့တွေ့ရမယ်လို့ မဆိုလိုပေ။

သူ့ဇာတ်ကွက်က နောက်ဆုံးပိုင်းမှာ သူရဲကောင်းနဲ့တွေ့တဲ့အခန်းလောက်ပဲရှိပြီး၊ အများစုက ဇာတ်လိုက်ချီပေါ်ယန် အခြားနေရာမှာရိုက်ကူးနေတုန်း သူတစ်ယောက်တည်း လက်ထောက်ဒါရိုက်တာနဲ့ရိုက်ရမယ့် သိုင်းပညာအခန်းများသာ။

ကျီးဝမ့်က သားရေအနက်ရောင်အပေါ်ထပ်ကို ဝတ်ဆင်ထားပြီး သစ်ပင်တွေကြားထဲ ဟိုဘက် သည်ဘက် ပျံသန်းနေရကာ သူ့လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာအနည်းငယ်ရှိနေသည်။

သူ သရုပ်ဆောင်နေကြမို့ ဒီလိုနာကျင်ဒဏ်ရာတွေကို နေသားကျနေပြီဖြစ်သည်။ လက်ထောက်ဒါရိုက်တာက ကဒ်လို့အော်လိုက်ပြီးနောက် ရှောင်ရှုက ရေဘူးနဲ့ပန်ကာအသေးလေးကမ်းပေးလာသည်။

"အစ်ကို ပူနေတယ်မလား? ရေသောက်လိုက်ဦး"

ကျီးဝမ့်က ခေါင်းလှည့်ရင်းအနီးအနားကို လှည့်ပတ်ကြည့်လိုက်မိတော့ ချီပေါ်ယန်ရှိမနေဘူးဆိုပေမယ့် သူ့စိတ်ထဲထင့်နေမိသည်။

လက်ထောက်ဒါရိုက်တာက ကျီးဝမ့်ကိုလှမ်းခေါ်ပြီး သူသရုပ်ဆောင်တာနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ကြောင်း၊ သူ့ကိုခဏလောက်အနားယူခိုင်းပြီး နောက်မှခေါ်လိုက်မည်ဖြစ်ကြောင်းပြောသည်။

ကျီးဝမ့် လက်ခံလိုက်ပြီး ခဏလောက်စောင့်နေလိုက်သည်။

သူ့မှာ အနားယူဖို့ ကားမရှိတာကြောင့် အဝတ်လဲခန်းထဲမှာပဲ နေလိုက်ရသည်။ ဇာတ်ညွှန်းဖွင့်လိုက်တဲ့အချိန် စာအုပ်ထဲမှာ ချီပေါ်ယန် မိတ်ကပ်လိမ်းထားတဲ့ ပုံအချို့ကို တွေ့လိုက်ရသည်။ 

ပုံထဲမှာ ချီပေါ်ယန်က ဆံပင်အရှည်ကိုမြှောက်စည်းထားပြီးကြက်သွေးရောင်အဝတ်ကိုဝတ်ဆင်ထားသည်။ အလင်းရောင်က သူ့ကိုယ်တဝက်လောက်အပေါ်ထိုးကျနေပြီး အလင်းရောင်ကတောင် သူ့ကိုမျက်နှာသာပေးထားပုံရကာ တည်ကြည်လေးနက်လျက် သန်မာပုံလည်းပေါ်သည်။ ကင်မရာကိုကျော်ပြီး ဓာတ်ပုံကိုကြည့်နေတဲ့ မျက်လုံးတွေက သူ့နှလုံးသားကိုပါ ထိုးဖောက်ကြည့်နေသည့်နှယ်။

ကျီးဝမ့်မျက်လုံးတွေက ပုံပေါ်စက္ကန့်အနည်းငယ်လောက်ကျရောက်သွားပြီးနောက် အကြည့်ချက်ချင်းလွှဲလိုက်မိသည်။

သရုပ်ဆောင်ရတာ ခက်ခဲတယ်ဆိုပေမယ့် ကျီးဝမ့်က အလုပ်နဲ့ပတ်သက်ရင် serious ဖြစ်တဲ့လူစားမျိုးဖြစ်သည်။ သူ့ကိုတော်တယ်လို့ပြောဖူးတဲ့ ဒါရိုက်တာတွေ သူတို့အဖွဲ့ထဲလာပြီး ကျီးဝမ့်ကို ဇာတ်ပို့နေရာသရုပ်ပေးဖို့ လာကမ်းလှမ်းလေ့ရှိကြသည်။ 

ကျီးဝမ့်က လာကမ်းလှမ်းသမျှကိုငြင်းလေ့မရှိပေမယ့် အစ်မဟုန်ကတော့ ဒါနဲ့ပတ်သက်လို့ အမြဲဒေါသထွက်လေ့ရှိပြီး ပြဿနာမဖြစ်စေဖို့ ကျီးဝမ်က အမြဲဖြောင်းဖြရသည်။ 

ရုတ်တရက် လက်ထောက်ဒါရိုက်က အဝတ်လဲခန်းလိုက်ကို ဆွဲဖွင့်ပြီးပြောလာသည်:

" ကျီးလောင်ရှီး မင်းအလှည့်ရောက်တော့မယ် အသင့်လုပ်ထားတော့ "

ကျီးဝမ့် မိတ်ကပ်အမြန်လိမ်းလိုက်ပြီး မျက်နှာဖုံးတပ်ကာ အဝတ်လဲခန်းကနေ ရိုက်ကွင်းနေရာကို ထွက်သွားလိုက်သည်။

ကျီးဝမ့် အနည်းငယ်အံ့ဩနေတာမို့၊ သူ့အနီးနားမှာ အရင်ကထက် ပိုဂဏာမငြိမ်ဖြစ်နေကြတာကို သတိမထားမိလိုက်။

မော်နီတာအနောက်က ဒါရိုက်တာက လူပြောင်းသွားသည်။

ဒီနေရာမှာ ပေါ်လာစရာအကြောင်းမရှိတဲ့ မင်းသမီးကရောက်လာသည်။

ကျီးဝမ့် ဇာတ်ညွှန်းကိုကိုင်ထားရင်းနဲ့ အဝေးက ညင်သာတဲ့မြင်းခွာသံ‌ထွက်ပေါ်လာရာဆီ တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည်။

သူ့အလှဆင်ခါးပတ်ကို ခါးမှာမတပ်ရသေးခင် တစ်စုံတစ်ယောက် အလုယူခံလိုက်ရသည်။ ကျီးဝမ့် စိတ်ရှုပ်ရှုပ်နဲ့ လှည့်ကြည့်လိုက်တော့ လူတစ်ယောက်နဲ့ မြင်းတစ်ကောင်အရိပ်က သူ့အပေါ်လွှမ်းမိုးသွားသည်။

တည်ငြိမ်‌ပြီး အပြစ်အနာအဆာမရှိတဲ့မျက်နှာ၊ ပျင်းရိပြီး ဖမ်းစားနိုင်တဲ့မျက်ဝန်းတွေနဲ့ ထိုလူရဲ့လက်ထဲကလှံမှာ ခါးပါတ်ရှိနေပြီး ကျီးဝမ့်ကို နှိမ့်ချစွာကြည့်နေသည်။

ကျီးဝမ့် အခုသူ့မျက်နှာအမူအရာ ထူးဆန်းနေမယ်လို့ ထင်မိသည်။ ကံကောင်းတာက ရာသီဥတုပူနေပေမယ့် သူ့မျက်နှာဖုံး မချွတ်ထားမိလိုက်ခြင်းပင်။

ချီပေါ်ယန်လှံက ကျီးဝမ့်ရဲ့သား‌ရေခါးပတ်ကို ထောက်ထားပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။ "မင်း လမ်းပိတ်နေတယ်"

----- × -----



Translated - Sep 17 | Edited - Sep 20
Translator - Jd_breeze | Edit & typesetting - Lynx

{ ZAWGYI }

ေနာက္တစ္ေန႔မွာေတာ့ က်ီးဝမ့္ ကုမၸဏီကိုသြားခဲ့ၿပီး ေအာက္ထပ္ကိုေရာက္တဲ့အခ်ိန္ လူတခ်ိဳ႕ရဲ႕ လက္မွတ္ထိုးေပးဖို႔၊ ဓာတ္ပုံ႐ိုက္ေပးဖို႔အတြက္ အသည္းအသန္ေတာင္းဆိုခံလိုက္ရၿပီးတဲ့ေနာက္ သူ႕ကိုယ္သူနာမည္ႀကီးတစ္ေယာက္လို႔ မသက္မသာခံစားလိုက္ရသည္။

သူ အစ္မဟုန္ကို႐ွာေတြ႕ေတာ့ သူမက ဖုန္းေျပာရင္းအလုပ္မ်ားေနၿပီး က်ီးဝမ့္ကိုေတြ႕တဲ့အခါ အခ်က္အလက္ဖိုင္ကို ယူလာေပးသည္။

က်ီးဝမ့္ စာ႐ြက္လွန္ၾကည့္လိုက္ေတာ့ ဒါက ရသစုံ႐ိႈးအသစ္ဆိုေပမယ့္ အေၾကာင္းအရာကေတာ့႐ိုး႐ွင္းၿပီး အဓိက,ကေတာ့ ဧည့္သည္ေတြၾကားထဲက အခ်င္းခ်င္းသဟဇာတမွ်တမႈကို အေျခခံထားျခင္းျဖစ္သည္။

မင္းသာ စကားေျပာၿပီးျပဳံးျပေလေလ ပိုၿပီးပြင့္လင္းေလေလ ၾကည့္႐ႈသူက မင္းကိုပိုၿပီးသေဘာက်ေလျဖစ္သည္။ က်ီးဝမ့္က အခေၾကးေငြပမာဏကိုသာအာ႐ုံစိုက္လိုက္ၿပီး ေနာက္ဆုံးေတာ့ သေဘာတူလက္မွတ္ထိုးလိုက္ေတာ့သည္။

စုစုေပါင္း အပိုင္း၁၀ပိုင္းပါဝင္ၿပီး ေနာက္ထပ္ season ႐ိုက္ျဖစ္မ႐ိုက္ျဖစ္ကေတာ့ ၾကည့္႐ႈသူအေရအတြက္အေပၚသာ မူတည္သည္။ သူလက္မွတ္ထိုးၿပီးတဲ့အခါ အစ္မဟုန္က ဖုန္းေျပာလို႔ၿပီးေနၿပီျဖစ္ၿပီး က်ီးဝမ့္ကို သာယာစြာေျပာလိုက္သည္။

" ငါ မင္းအတြက္ ေၾကာ္ျငာတစ္ခုလက္ခံထားတယ္၊ ဒါေပမယ့္ မင္းက အဓိကဇာတ္ေဆာင္ေတာ့မဟုတ္ဘူး"

က်ီးဝမ့္က ႐ွင္း႐ွင္းပဲေျပာလိုက္သည္။

"ကြၽန္ေတာ္ ပိုက္ဆံဘယ္ေလာက္ရမွာလဲ"

အစ္မဟုန္ သူ႕ကိုဆူေတာ့သည္။

" တစ္ေန႔လုံး ပိုက္ဆံ ပိုက္ဆံ ပိုက္ဆံ အဲ့ေလာက္ေတာင္ပိုက္ဆံျပတ္လတ္ေနလို႔လား?"

က်ီးဝမ့္က ခါးသက္သက္ ျပဳံးလိုက္ၿပီး

" အစ္မရယ္ ကြၽန္ေတာ့္မွာ အေႂကြးေပးစရာ႐ွိေသးတယ္၊ အခုထိကားလည္းမ႐ွိေသးဘူး၊ ကုမၸဏီကလည္း တစ္စီးေလာက္ မစီစဥ္ေပးဘူးေလ"

အစ္မဟုန္က ေအးစက္စက္ေျပာလာသည္။

" ကုမၸဏီကကားေတြက အလုပ္႐ွိတဲ့ အႏုပညာ႐ွင္ေတြအတြက္ေလ။ မင္း အလုပ္သြားမယ္ဆို ကုမၸဏီကကားေတြယူသုံးလို႔ရေနတာပဲ။ ဘာလို႔ အလကားျဖဳန္းတီးေနမွာလဲ? "

က်ီးဝမ့္က ႏွာေခါင္းေလးကို ထိလိုက္ၿပီး

"အခုေလးတင္ ေအာက္ထပ္မွာ လူေတြအလိုက္ခံရၿပီးၿပီ၊ ေ႐ွ႕ေလ်ာက္ေျမေအာက္ရထားေတာင္ စီးလို႔ရမွာမဟုတ္ေတာ့ဘူး"

အစ္မဟုန္က မ်က္စိလွန္ၾကည့္လိုက္ရင္း

" မင္းတကၠစီစီးလာရင္ ကုမၸဏီကတကၠစီခပိုက္ဆံျပန္ေပးလိမ့္မယ္"

က်ီးဝမ့္မိဘေတြက သူငယ္ငယ္ကတည္းက ဆုံးပါးသြားခဲ့ၿပီျဖစ္သည္။ အမွန္ဆို သူနဲ႔သူ႕မိသားစုက ေကာင္းေကာင္းေနေကာင္းေကာင္းေကာင္းစားေနႏိုင္‌ေပမယ့္ လြန္ခဲ့တဲ့ႏွစ္အနည္းက သူအိမ္တစ္လုံးဝယ္ခဲ့ၿပီး ထိုအိမ္ကအိုေဟာင္းေနၿပီျဖစ္ေသာ္လည္း ေဈးႀကီးတဲ့ေနရာျဖစ္ေနတာေၾကာင့္ ထိုအိမ္ကိုေငြအေက်ဝယ္ႏိုင္ဖို႔လုပ္ေနရတာျဖစ္သည္။

သူက နာမည္မႀကီးတဲ့အျပင္ ဇာတ္လမ္းဇာတ္ကြက္ရတာလည္းနည္းသည္မို႔ ဘဝကက်ပ္တည္းေနရသည္။

က်ီးဝမ့္ စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးေတာ့ အစ္မဟုန္က ေနာက္ထပ္စာခ်ဳပ္တစ္ခုထပ္ၿပီး‌ေပးလာသည္။

" ေနာက္ထပ္ Music videoတစ္ခုလည္း႐ွိတယ္၊ ဒါကဓားေရးကြၽမ္းတဲ့သူလိုေနတာ၊ ႐ိုက္ကူးေရးကာလကတိုေပမယ့္ အခေၾကးေငြကေတာ့ျမင့္တယ္၊ ‌မင္းအတြက္ေနာက္ထပ္အခြင့္အေရးတစ္ခုပဲ"

က်ီးဝမ့္မ်က္လုံးေတြ ေကြးၫြတ္သြားသည္။

"ေက်းဇူးပဲ အစ္မဟုန္" သူစကားေျပာၿပီးေနာက္ စာ႐ြက္လွန္ၿပီး လက္မွတ္ထိုးလိုက္သည္။

အစ္မဟုန္က က်ီးဝမ့္ရဲ႕အျပဳံးေၾကာင့္ အနည္းငယ္စိတ္လႈပ္႐ွားသြားမိသည္။ သူမက အႏုပညာ႐ွင္မ်ားစြာအတြက္ အလုပ္လုပ္ေပးဖူးၿပီး ေတာ္႐ုံ႐ုပ္ရည္ဆို အသားက်ေနၿပီဆိုေပမယ့္ က်ီးဝမ့္ရဲ႕႐ုပ္ရည္ကေတာ့ မၾကာခဏတုန္လႈပ္ေစသည္။

ကံေကာင္းစြာနဲ႔ပဲ Beta တစ္ေယာက္ျဖစ္တဲ့ အမဟုန္က က်ီးဝမ့္ခႏၶာကိုယ္ေပၚက pheromone နံ႔ကို သိပ္မရႏိုင္ေပ။

အဲ့ဒီအခ်ိန္မွာပဲ ႐ုံးခန္းထဲကို က်ီးဝမ့္လိုမ်ိဳး Alpha အႏုပညာ႐ွင္တစ္ေယာက္ဝင္လာသည္။ သူက က်ီးဝမ့္ရဲ႕စိတ္ေနစိတ္ထားနဲ႔ လုပ္ပုံကိုင္ပုံကို သေဘာမက်တာေၾကာင့္ က်ီးဝမ့္ကို အျမင္မၾကည္ေပ။

က်ီးဝမ့္ကလည္း လိုက္ၿပီကပ္သပ္ေနရတာကို သေဘာမက်တာေၾကာင့္ ေ႐ွာင္ထြက္ဖို႔လုပ္လိုက္သည္။ အမဟုန္က သူ႕ကိုၾကည့္ၿပီးစိတ္ေအးစြာနဲ႔

"ေ႐ွာင္႐ႈဆီသြားလိုက္ သူမင္းကို စတူဒီယိုဆီ ေခၚသြားေပးလိမ့္မယ္"

"ဒီေန႔စ႐ိုက္မွာလား?" က်ီးဝမ့္အနည္းငယ္အနည္းငယ္အံ့ဩသြားမိသည္။ သူ ဇာတ္ၫႊန္းေတာင္မဖတ္ၾကည့္ရေသးပါ။

အမဟုန္က ထိုAlpha ကိုထိုင္ဖို႔ေျပာၿပီး က်ီးဝမ့္ကို လက္ခါျပလိုက္သည္။

" မင္းလုပ္ႏိုင္ပါတယ္။ မင္း ‌အေကာင့္ထဲကို ေငြလႊဲေပးလိုက္ၿပီးၿပီ"

အမဟုန္ကဒီလိုမ်ိဳး စိတ္ေက်နပ္ေအာင္လုပ္ေပးႏိုင္တာမို႔ သူမလက္ေအာက္က ဘယ္အႏုပညာ႐ွင္မဆို စိတ္မေက်မနပ္ျဖစ္ရတာမ်ိဳးမ႐ွိ။

က်ီးဝမ့္က သံသယကင္းကင္းနဲ႔ပဲ ထို Alpha ေဘးကျဖတ္ေလွ်ာက္မိတဲ့အခါ ထိုသူ႕ဆီကႏွာမႈတ္သံၾကားလိုက္ရေပမယ့္ က်ီးဝမ့္ကေတာ့ ဘာကိုမွဂ႐ုမစိုက္သလိုပဲ လ်စ္လွ်ဴ႐ႈလိုက္သည္။ 

႐ုံးခန္းအျပင္ဘက္မွာ ေ႐ွာင္႐ႈကလိုအပ္တာေတြျပင္ဆင္လို႔ၿပီးေနၿပီး က်ီးဝမ့္ကို ဇာတ္ၫႊန္းကမ္းေပးလာသည္။ က်ီးဝမ့္ ပထမစာ႐ြက္ကို လွန္လိုက္တဲ့အခါမွာေတာ့ ဒါ႐ိုက္တာနာမည္နဲ႔ သ႐ုပ္ေဆာင္နာမည္ေတြကို ေတြ႕‌လိုက္ရသည္။

ဒါ႐ိုက္တာက်ိဳးလဲ့က နာမည္ႀကီးတစ္ေယာက္ျဖစ္ၿပီး၊ ေအာင္ျမင္လူႀကိဳက္မ်ားတဲ့ music videoေတြလည္း ႐ိုက္ကူးခဲ့ဖူးသည္။ က်ီးဝမ့္ အျခားသ႐ုပ္ေဆာင္နာမည္ကို ေတြ႕လိုက္ရခ်ိန္ ေအးခဲသြားရ၏။ ေ႐ွာင္႐ႈက လြယ္အိတ္လြယ္လိုက္ၿပီး က်ီးဝမ့္ကိုလာဆြဲေခၚသည္။

က်ီးဝမ့္က မလႈပ္႐ွားႏိုင္ေတာ့ဘဲ ေ႐ွာင္႐ႈ ဒါကိုသတိထားမိ‌ေတာ့ ခဏမင္သက္သြားသည္။ က်ီးဝမ့္ပုံစံက အလြန္အမင္းနာက်င္ဖြယ္တစ္စုံတစ္ခုကို ေတြ႕လိုက္ရသည့္ႏွယ္။

ေ႐ွာင္႐ႈအျမင္မွာဆို က်ီးဝမ့္ကေအးေဆးတည္ၿငိမ္ၿပီး နည္းနည္းေလးေအးစက္စက္ပုံစံမ်ိဳး။ အျခားAlpha ေတြလို အရမ္းႀကီး ေမာက္မာတာမ်ိဳးမ႐ွိဘဲနဲ႔ ေတာ္႐ုံအျခားအရာေတြကို စိတ္ဝင္စားေလ့မ႐ွိ။

အရင္ကလည္း ေ႐ွာင္႐ႈ က်ီးဝမ့္ရဲ႕လက္ေထာက္အျဖစ္ အလုပ္လုပ္ဖူးၿပီး ႐ွခ်န္စုန္႔ ဆိုတဲ့ တကၠသိုလ္ဇာတ္လမ္း႐ိုက္တုန္းက က်ီးဝမ့္ က ဇာတ္လိုက္နဲ႔ မင္းသမီးတို႔ နမ္းေနတာကိုေတြ႕လိုက္ရတဲ့ အခန္းတုန္းက သူအဲ့လိုအမူအရာမ်ိဳးျဖစ္သြားတာကို ျမင္ဖူးသည္။ 

ေ႐ွာင္႐ႈက ျဖည္းျဖည္းေလး ေမးလိုက္သည္။

" အကိုဝမ့္ မသြားေသးဘူးလား? ကြၽန္ေတာ္တို႔ ေနာက္က်ေတာ့မယ္ "

က်ီးဝမ့္က ဇာတ္ၫႊန္းစာအုပ္ကိုပိတ္လိုက္ရင္း

"ငါမလုပ္ႏိုင္ဘူး"

ထိုစကားေၾကာင့္ ေ႐ွာင္႐ႈရပ္တန္႔သြားၿပီး

"မရဘူးေနာ္အစ္ကို အဲ့လိုဆိုစာခ်ဳပ္ေဖာက္ဖ်က္မႈအတြက္ ေလ်ာ္ေၾကးေပးရမွာ"

က်ီးဝမ့္က အံကိုႀကိတ္ရင္း 'အဲ့တာဆိုလည္းေပးလိုက္ေပါ့'လို႔ ေျပာခ်င္ေပမယ့္လည္း ေငြဆုံး႐ႈံးသြားတာက ျပသနာမ႐ွိေပမယ့္ ယုံၾကည္မႈဆုံး႐ႈံးသြားရင္ ကုမၸဏီကိုဒုကၡေရာက္ေစလိမ့္မည္။ ဒါကသူတစ္ေယာက္တည္းရဲ႕ျပႆနာမဟုတ္ေတာ့ေပ။

သူ႕မွာ အရင္လို လုပ္ခ်င္တာလုပ္ပစ္လို႔ရတဲ့ အရည္အခ်င္းမ်ိဳးမ႐ွိေတာ့သလို၊ ဒီလူမႈပတ္ဝန္းက်င္မွာ က်င္လည္လာတာၾကာလာသည္နဲ႔အမွ် သူငယ္ငယ္ကလို စိတ္ျမန္လက္ျမန္နဲ႔ တတ္ႂကြမေနႏိုင္ေတာ့ေပ။

ကားေပၚေရာက္သည့္တိုင္ေအာင္ေ႐ွာင္႐ႈကစိတ္မခ်ႏိုင္ဘဲေနာက္ၾကည့္မွန္ကတစ္ဆင့္ သူ႕ကိုခဏခဏလွမ္းၾကည့္ေနသည္။ ေ႐ွာင္႐ႈက က်ီးဝမ့္ ေသခ်ာသ႐ုပ္မေဆာင္ႏိုင္ပဲ သူပါလက္ေထာက္အေနနဲ႔ေရာၿပီး အဆူခံရမွာ စိုးေနေသာေၾကာင့္ျဖစ္လိမ့္မည္။

က်ီးဝမ့္က ေနာက္ၾကည့္မွန္ကိုလွမ္းၾကည့္ၿပီး ေ႐ွာင္႐ႈကိုျပဳံးျပလိုက္ရင္း

"စိတ္ပူမေနနဲ႔ ေငြဆုံး႐ႈံးရမွာကို ငါကမင္းထက္ေတာင္ ပိုေၾကာက္ေသးတယ္"

ေ႐ွာင္႐ႈက အခုမွစိတ္သက္သာသလို သက္ျပင္းခ်လိုက္ၿပီး ကားစတီယာတိုင္ကိုကိုင္ရင္း စေနာက္သည္။

"အကို စားၿပီးၿပီးလား? ႐ိုက္ကြင္းမသြားခင္တစ္ခုခုစားဦးမလား? "

က်ီးဝမ့္မွာ အစာစားခ်င္စိတ္ လုံးဝ႐ွိမေန။ သူ ေခါင္းခါျပလိုက္ၿပီး ဇာတ္ၫႊန္းဆက္ဖတ္ေနလိုက္သည္။ သူ သ႐ုပ္ေဆာင္ေတြရဲ႕နာမည္စာရင္းဆီ ထပ္ေရာက္သြားၿပီး 'ခ်ီေပၚယန္' ဆိုတဲ့စာလုံးသုံးလုံးက သူ႕မ်က္စိေ႐ွ႕ ထပ္ေရာက္လာေတာ့၏။

အေမွာင္ထဲက ကံၾကမၼာမ်ားလား မသိေပမယ့္ ပထမဆုံး ဘားမွာခ်ီေပၚယန္ရဲ႕ ေဖ်ာ္ေျဖပြဲဗီဒီယိုကိုေတြ႕ၿပီး ေနာက္ေတာ့ ေရေမႊးဘူးလက္ေဆာင္ရသလို၊ အခုလည္းထပ္ေတြ႕ရျပန္ၿပီ။

သူ႕ဘဝႀကီးက စာေရးဆရာတစ္ေယာက္ရဲ႕ အဆင့္သုံး႐ွိတဲ့ ဇာတ္လမ္းေလးလိုပဲ။ ေသြးထြက္သံယိုနဲ႔...

႐ိုက္ကြင္း ေရာက္ခါနီးမွာ က်ီးဝမ့္သက္ျပင္းခ်လိုက္မိသည္။ သူကမ်က္ႏွာဖုံးတပ္ လုပ္ၾကံသူတစ္ေယာက္ျဖစ္ၿပီး သူရဲေကာင္းကိုျမင္ျမင္ခ်င္းခ်စ္မိတဲ့သူ ေနရာကေနသ႐ုပ္ေဆာင္ရမွာျဖစ္သည္။

သူက ဇာတ္ပို႔တစ္ေယာက္မို႔ သ႐ုပ္ေဆာင္မယ့္ ဇာတ္ဝင္ခန္းေတြသိပ္မမ်ားလွဘဲ အဓိကအေရးႀကီးတဲ့သူကေတာ့ ခ်ီေပၚယန္သာ။

Music video ရဲ႕ဇာတ္လမ္းအေၾကာင္းအရာက ႐ိုး႐ွင္းသည္။ အတိတ္နဲ႔လက္႐ွိ အေၾကာင္းအရာမ်ိဳးျဖစ္ၿပီး ခ်ီေပၚယန္က အျပစ္သားျဖစ္တဲ့ စစ္သူႀကီးသမီးကို ခ်စ္မိသြားသည္။ က်ီးဝမ့္က ရန္သူ႕ဘက္က သူရဲေကာင္းကိုလုပ္ၾကံဖို႔ေစလႊတ္ျခင္းခံရတဲ့ ဇာတ္ေကာင္အေသးစားေလးသာျဖစ္သည္။ 

သူက သူရဲေကာင္းနဲ႔ မင္းသမီးတို႔ၾကားကအခ်စ္ကို ပိုနက္႐ိႈင္းေစ႐ုံသာျဖစ္ၿပီး သူရဲ႕ သူရဲေကာင္းအေပၚ ထား႐ွိတဲ့ အခ်စ္နဲ႔အမုန္းေတြေၾကာင့္ သူရဲေကာင္းကိုသတ္ပစ္လိုက္ၿပီးေနာက္ မင္းသမီးနဲ႔သူရဲေကာင္းတို႔က လက္႐ွိေခတ္သစ္မွာ ျပန္လည္ေတြ႕ဆုံၾကမွာျဖစ္သည္။

က်ီးဝမ့္ ဇာတ္ၫႊန္းစာအုပ္ကို ပိတ္လိုက္သည္။ ခ်ီေပၚယန္ရဲ႕အႀကိဳက္က ဆိုး႐ြားေနတာလား၊ ပရိတ္သတ္ေတြေၾကာင့္ပဲလားမသိ၊ ခ်ီေပၚယန္က အျပင္းစားေ႐ွာ့‌ခ္ေကာင္ေလးအေနနဲ႔ ပြဲဦးထြက္ခဲ့ေပမယ့္ အခုလို music video ေတြ႐ိုက္မယ္လို႔ ဘယ္သူကထင္မွာလဲ?

နာရီဝက္ၾကာၿပီးတဲ့ေနာက္မွာေတာ့ ကားရပ္တန္႔သြားၿပီး အျပင္ဘက္႐ိုက္ကူးေရးအဖြဲ႕သားေတြကို က်ီးဝမ့္ႏႈတ္ဆက္လိုက္သည္။ မိတ္ကပ္ပညာ႐ွင္က က်ီးဝမ့္ကိုေတြ႕ေတာ့ မ်က္လုံးမ်ား ဝင္းလက္သြားသည္။

အဲ့ေနာက္မွာေတာ့ က်ီးဝမ့္ကို မိတ္ကပ္ပါးပါးလိမ္းေပးၿပီး အဝတ္လဲခိုင္းသည္။

က်ီးဝမ့္က မ်က္ႏွာဖုံးတပ္ကာ သ႐ုပ္ေဆာင္ရမည္ျဖစ္ၿပီး မ်က္ႏွာသိပ္ျပစရာမလိုတာေၾကာင့္စိတ္ေပါ့ပါးေနသည္။

မၾကာခင္မွာပဲ သူကအေတြးလြန္ေနမိတယ္လို႔ ေတြးမိလိုက္သည္။ ခ်ီေပၚယန္ရဲ႕ music video ထဲမွာပါရမယ္ဆိုရင္ေတာင္မွ ခ်ီေပၚယန္နဲ႔ေတြ႕ရမယ္လို႔ မဆိုလိုေပ။

သူ႕ဇာတ္ကြက္က ေနာက္ဆုံးပိုင္းမွာ သူရဲေကာင္းနဲ႔ေတြ႕တဲ့အခန္းေလာက္ပဲ႐ွိၿပီး၊ အမ်ားစုက ဇာတ္လိုက္ခ်ီေပၚယန္ အျခားေနရာမွာ႐ိုက္ကူးေနတုန္း သူတစ္ေယာက္တည္း လက္ေထာက္ဒါ႐ိုက္တာနဲ႔႐ိုက္ရမယ့္ သိုင္းပညာအခန္းမ်ားသာ။

က်ီးဝမ့္က သားေရအနက္ေရာင္အေပၚထပ္ကို ဝတ္ဆင္ထားၿပီး သစ္ပင္ေတြၾကားထဲ ဟိုဘက္ သည္ဘက္ ပ်ံသန္းေနရကာ သူ႕လက္နဲ႔ေျခေထာက္ေတြမွာ ဒဏ္ရာအနည္းငယ္႐ွိေနသည္။

သူ သ႐ုပ္ေဆာင္ေနၾကမို႔ ဒီလိုနာက်င္ဒဏ္ရာေတြကို ေနသားက်ေနၿပီျဖစ္သည္။ လက္ေထာက္ဒါ႐ိုက္တာက ကဒ္လို႔ေအာ္လိုက္ၿပီးေနာက္ ေ႐ွာင္႐ႈက ေရဘူးနဲ႔ပန္ကာအေသးေလးကမ္းေပးလာသည္။

"အစ္ကို ပူေနတယ္မလား? ေရေသာက္လိုက္ဦး"

က်ီးဝမ့္က ေခါင္းလွည့္ရင္းအနီးအနားကို လွည့္ပတ္ၾကည့္လိုက္မိေတာ့ ခ်ီေပၚယန္႐ွိမေနဘူးဆိုေပမယ့္ သူ႕စိတ္ထဲထင့္ေနမိသည္။

လက္ေထာက္ဒါ႐ိုက္တာက က်ီးဝမ့္ကိုလွမ္းေခၚၿပီး သူသ႐ုပ္ေဆာင္တာနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ေၾကာင္း၊ သူ႕ကိုခဏေလာက္အနားယူခိုင္းၿပီး ေနာက္မွေခၚလိုက္မည္ျဖစ္ေၾကာင္းေျပာသည္။

က်ီးဝမ့္ လက္ခံလိုက္ၿပီး ခဏေလာက္ေစာင့္ေနလိုက္သည္။

သူ႕မွာ အနားယူဖို႔ ကားမ႐ွိတာေၾကာင့္ အဝတ္လဲခန္းထဲမွာပဲ ေနလိုက္ရသည္။ ဇာတ္ၫႊန္းဖြင့္လိုက္တဲ့အခ်ိန္ စာအုပ္ထဲမွာ ခ်ီေပၚယန္ မိတ္ကပ္လိမ္းထားတဲ့ ပုံအခ်ိဳ႕ကို ေတြ႕လိုက္ရသည္။ 

ပုံထဲမွာ ခ်ီေပၚယန္က ဆံပင္အ႐ွည္ကိုေျမႇာက္စည္းထားၿပီးၾကက္ေသြးေရာင္အဝတ္ကိုဝတ္ဆင္ထားသည္။ အလင္းေရာင္က သူ႕ကိုယ္တဝက္ေလာက္အေပၚထိုးက်ေနၿပီး အလင္းေရာင္ကေတာင္ သူ႕ကိုမ်က္ႏွာသာေပးထားပုံရကာ တည္ၾကည္ေလးနက္လ်က္ သန္မာပုံလည္းေပၚသည္။ ကင္မရာကိုေက်ာ္ၿပီး ဓာတ္ပုံကိုၾကည့္ေနတဲ့ မ်က္လုံးေတြက သူ႕ႏွလုံးသားကိုပါ ထိုးေဖာက္ၾကည့္ေနသည့္ႏွယ္။

က်ီးဝမ့္မ်က္လုံးေတြက ပုံေပၚစကၠန္႔အနည္းငယ္ေလာက္က်ေရာက္သြားၿပီးေနာက္ အၾကည့္ခ်က္ခ်င္းလႊဲလိုက္မိသည္။

သ႐ုပ္ေဆာင္ရတာ ခက္ခဲတယ္ဆိုေပမယ့္ က်ီးဝမ့္က အလုပ္နဲ႔ပတ္သက္ရင္ serious ျဖစ္တဲ့လူစားမ်ိဳးျဖစ္သည္။ သူ႕ကိုေတာ္တယ္လို႔ေျပာဖူးတဲ့ ဒါ႐ိုက္တာေတြ သူတို႔အဖြဲ႕ထဲလာၿပီး က်ီးဝမ့္ကို ဇာတ္ပို႔ေနရာသ႐ုပ္ေပးဖို႔ လာကမ္းလွမ္းေလ့႐ွိၾကသည္။ 

က်ီးဝမ့္က လာကမ္းလွမ္းသမွ်ကိုျငင္းေလ့မ႐ွိေပမယ့္ အစ္မဟုန္ကေတာ့ ဒါနဲ႔ပတ္သက္လို႔ အၿမဲေဒါသထြက္ေလ့႐ွိၿပီး ျပႆနာမျဖစ္ေစဖို႔ က်ီးဝမ္က အၿမဲေျဖာင္းျဖရသည္။ 

႐ုတ္တရက္ လက္ေထာက္ဒါ႐ိုက္က အဝတ္လဲခန္းလိုက္ကို ဆြဲဖြင့္ၿပီးေျပာလာသည္:

" က်ီးေလာင္႐ွီး မင္းအလွည့္ေရာက္ေတာ့မယ္ အသင့္လုပ္ထားေတာ့ "

က်ီးဝမ့္ မိတ္ကပ္အျမန္လိမ္းလိုက္ၿပီး မ်က္ႏွာဖုံးတပ္ကာ အဝတ္လဲခန္းကေန ႐ိုက္ကြင္းေနရာကို ထြက္သြားလိုက္သည္။

က်ီးဝမ့္ အနည္းငယ္အံ့ဩေနတာမို႔၊ သူ႕အနီးနားမွာ အရင္ကထက္ ပိုဂဏာမၿငိမ္ျဖစ္ေနၾကတာကို သတိမထားမိလိုက္။

ေမာ္နီတာအေနာက္က ဒါ႐ိုက္တာက လူေျပာင္းသြားသည္။

ဒီေနရာမွာ ေပၚလာစရာအေၾကာင္းမ႐ွိတဲ့ မင္းသမီးကေရာက္လာသည္။

က်ီးဝမ့္ ဇာတ္ၫႊန္းကိုကိုင္ထားရင္းနဲ႔ အေဝးက ညင္သာတဲ့ျမင္းခြာသံ‌ထြက္ေပၚလာရာဆီ တိတ္တဆိတ္ လွမ္းၾကည့္လိုက္မိသည္။

သူ႕အလွဆင္ခါးပတ္ကို ခါးမွာမတပ္ရေသးခင္ တစ္စုံတစ္ေယာက္ အလုယူခံလိုက္ရသည္။ က်ီးဝမ့္ စိတ္႐ႈပ္႐ႈပ္နဲ႔ လွည့္ၾကည့္လိုက္ေတာ့ လူတစ္ေယာက္နဲ႔ ျမင္းတစ္ေကာင္အရိပ္က သူ႕အေပၚလႊမ္းမိုးသြားသည္။

တည္ၿငိမ္‌ၿပီး အျပစ္အနာအဆာမ႐ွိတဲ့မ်က္ႏွာ၊ ပ်င္းရိၿပီး ဖမ္းစားႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ ထိုလူရဲ႕လက္ထဲကလွံမွာ ခါးပါတ္႐ွိေနၿပီး က်ီးဝမ့္ကို ႏွိမ့္ခ်စြာၾကည့္ေနသည္။

က်ီးဝမ့္ အခုသူ႕မ်က္ႏွာအမူအရာ ထူးဆန္းေနမယ္လို႔ ထင္မိသည္။ ကံေကာင္းတာက ရာသီဥတုပူေနေပမယ့္ သူ႕မ်က္ႏွာဖုံး မခြၽတ္ထားမိလိုက္ျခင္းပင္။

ခ်ီေပၚယန္လွံက က်ီးဝမ့္ရဲ႕သား‌ေရခါးပတ္ကို ေထာက္ထားၿပီး ေပါ့ေပါ့ပါးပါးေျပာလာသည္။ "မင္း လမ္းပိတ္ေနတယ္"

----- × -----






Continue Reading

You'll Also Like

794K 80K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
148K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...
852K 8.4K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
282K 19.4K 57
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...