DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.26(U&Z)
1.2K 154 1
By myatzon
Emilyကသိပ်မကြာခင်မှာပြန်ရောက်လာခဲ့ပြီး သူမလက်ထဲမှာသေတ္တာတစ်ခုပါလာခဲ့တယ်၊ကတ္တီပါသေတ္တာလှလှလေးကတန်ဖိုးကြီးမဲ့ပုံဘဲ...ငါသေတ္တာကိုယူလိုက်ပြီးချက်ချင်းဖွင့်ကြည့်လိုက်တယ်.....
"wow...အရောင်လေးကလှလိုက်တာ"
Lapis Lazuli
စက်ဝိုင်းပုံအပြာရင့်ရောင်ကျောက်ကသေတ္တာထဲကထွက်လာတဲ့အခါ Emliyကစိတ်ဝင်တစားပြောလိုက်တယ်...Lapis Lazuli(ဝံသဝဏ်)ကျောက်တွေကအများအားဖြင့် အဖြူရောင်နဲ့ရွှေရောင်သမ်းနေတဲ့အပိုင်းတွေပါတယ်၊အဲ့ဒီ့ကျောက်က အထဲမှာအဖြူရောင်နဲ့ရွှေရောင်ပါတာနည်းပြီး အရောင်ကအပြာရင့်တဲ့အခါပိုပြီးတန်ဖိုးကြီးတယ်...
တောက်ပ​​နေတဲ့သေတ္တာထဲကနေထုတ်ပြီး ငါ့လက်ပေါ်မှာစစ်ဆေးကြည့်လိုက်တယ်၊ဒါပေမဲ့အပြာရောင်ကျောက်ထဲမှာ အဖြူရောင်ရောရွှေရောင်အစက်တစ်ခုတောင်ရှိမနေခဲ့ဘူး
"ငါကြိုက်တယ်...''
ကျေနပ်တဲ့အပြုံးတစ်ခုပါထပ်ပေါင်းလိုက်ပြီး စားပွဲပေါ်မှာသေတ္တာကိုထားလိုက်တယ်...
''သခင်ကြီးကိုလက်ဆောင်အနေနဲ့ပေးမလို့လားသခင်မလေး...''
Emilyက စက်ဝိုင်းပုံlapis lazuliနဲ့အကျီလက်ကြယ်သီးကိုကြည့်ရင်းနဲ့မေးလိုက်တယ်...
'ငါကDukeကိုပေးစရာဘာအကြောင်းမှမရှိဘူး...'
ငါသူမမေးတာကို'no'လို့ဖြေလိုက်ပြီး တောင်းဆိုလိုက်တယ်...
''ငါ့ရဲ့ရတနာသေတ္တာတွေထဲကတစ်ခုခုကိုယူလာခဲ့ပေးလို့ရမလား''
''ရတနာသေတ္တာလား...ရတာပေါ့သခင်မလေးရဲ့...''
Emilyကငါဘာလုပ်မလဲဆိုတာကိုသိချင်နေပေမဲ့ တောင်းဆိုထားတဲ့အတိုင်းဒီထက်ပိုပြီးမေးခွန်းတွေမမေးခဲ့ဘူး...
တက်ခ်(ပစ္စည်းချသံ)
ခဏအကြာမှာ Emilyက​ လေးပုံပေါ်တဲ့သစ်သားသေတ္တာကြီးတစ်ခုကို စားပွဲ​ပေါ်မှာတင်လိုက်တယ်...ငါအဲတာကိုခဏလောက်စိုက်ကြည့်လိုက်ပြီး အချိန်ကိုက်စကားမပြောခင် တစ်ခုခုကိုစဥ်းစားနေတဲ့ပုံစံမျိုး
''ငါ့မှာရှိတဲ့တစ်စုံတစ်ခု...ငါ့အတွက်တစ်ခုခုလုပ်ပေးမဲ့တစ်ယောက်​ယောက်ကိုမေးချင်တယ်...''
''အမ်...ဘာကိုလဲ...''
"မင်းမှာအထက်ပိုင်း​​​နေရာတွေနဲ့ အရာတေွကိုသတင်းပေးမဲ့သူတစ်ယောက်ယောက်ကို သိနိုင်ချေရှိလား''
''သတင်းပေး...''
Emilyကရေရွတ်လိုက်ပြီးနောက် ပြောလိုက်တယ်...
''အဲ့တာနဲ့ပတ်သတ်ပြီးအများကြီးတော့မသိဘူး ဒါပေမဲ့ ကျမရဲ့အခန်းဖော်ဖြစ်လိမ့်မယ်...သူမဒီနေရာမှာအလုပ်မလုပ်ခင်က အထက်ပိုင်းတွေရဲ့လမ်းတွေမှာလုပ်ခဲ့တာ...''
''အဲ့လိုလား''
ငါဆက်မပြောခင် အချိန်ခဏလောက်ရပ်လိုက်တယ်...
''သူမရဲ့နာမည်ကဘာလဲ...''
''သူ...သူမက Renna...''
''သူမကအခုဘယ်နေရာမှာလဲ''
''ဒါ...ဒါပေမဲ့ သခင်မလေး ကျမကRennaလုပ်တာထက်ပိုကောင်းအောင်လုပ်နိုင်ပါတယ်...''
Emilyကထပ်ပြောခဲ့တယ်...
''သေချာပေါက်သူမကတော်တော်များများကိုသိတယ်ဆိုပေမဲ့လည်း သူမကပါးစပ်ဖွာတယ်...''
သူမကငါ့ရဲ့မျက်နှာကိုလေ့လာပြီးပြောနေခဲ့တယ်...သူမကြည့်ရတာ ငါတခြားအစေခံတစ်ယောက်ခေါ်လိုက်လို့ အဝေးကိုပို့ခံရမှာကိုကြောက်နေတဲ့ပုံဘဲ...
''Emily...ဒီအလုပ်ကလှို့ဝှက်ပြီး မှန်ကန်အောင်လုပ်ရမှာ...အဲ့လူကအခြေနေပေါ်မူတည်ပြီး သရုပ်ဆောင်နိုင်ဖို့လည်းလိုသေးတယ်...''
Emilyကိုငါ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ထားရတဲ့တကယ့်အကြောင်းပြချက်က သူမကိုဒီလိုအရာတွေနဲ့လွှတ်ထားနိင်အောင်လို့ဘဲ၊ပထမနေရာမှာတည်းက ဒီအလုပ်နဲ့သင့်တော်တဲ့သူက သူမအပြင်မရှိလို့ဘဲ...
''နင်အရင်တုန်းကငါ့ကိုအရမ်းအထင်သေးခဲ့တာလေ''
ဘာပဲဖြစ်ဖြစ် ငါရည်ရွယ်ချက်ရှိရှိသူမကိုပိုသောကများ​ပြီးခံစားရအောင်လို့ တစ်ခါလောက်သတိပေးဖို့ကြိုးစားခဲ့တာ...
''ပြီးတော့ ငါ့ကိုအထင်သေးခဲ့တဲ့သူတစ်ယောက်ကိုဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ...''
''L...Lady Penelope...''
ဒါကအချိန်အကြာကြီးယူလာရတဲ့ အကြောင်းအရာဘဲ၊ သူမအတိတ်ကိုပြန်မှတ်မိသွားတာကြောင့် Emilyရဲ့မျက်နှာကစက္ကန့်ပိုင်းအတွင်းဖြူဖျော့သွားတော့တယ်၊
''ကျမ...အဲ့အချိန်ကတည်းက ကျမ သခင်မလေးအပေါ်မကောင်းတာတွေလုံးဝမတွေးတော့တာပါ...ကျမ...ကျမ အကောင်းဆုံးကြိုးစားပြီး သခင်မလေးကိုအကောင်းဆုံးခစားနိုင်...''
''Emily...ဒီအိမ်တော်ကဘယ်သူမဆို ဒီလိုတူညီတာတွေပြောနိုင်ကြတယ်...''
ငါ့ရဲ့​​​ေအးစက်တဲ့စကားလုံး​ကြောင့်Emilyစကားပြောတာရပ်သွားခဲ့တယ်...
''ကျမ...ကျမ...''
သူမကခဏစဥ်းစားပြီးမှပြောလိုက်တယ်၊
''သခင်မလေးသိတယ်မလား ကျမကအရိပ်အကဲသိတတ်ပြီးတော့ အခြေနေနဲ့အချိန်ခါပေါ်မူတည်ပြီး သရုပ်ဆောင်နိုင်တယ်လေ...သခင်မလေး...''
သူမက ညည်းညူပြောဆိုတာတွေက ငါ့အတွက်အလုပ်မဖြစ်တာကို မြန်မြန်နဲ့သဘောပေါက်သွားပြီးသူမဘာခုပ်နိုင်လဲဆိုတာကိုသက်​​ေသပြဖို့သူမရဲ့အစီစဥ်ကို ပြောင်းလဲလိုက်တယ်...
'တော်တော်လေးအံ့အားသင့်စရာဘဲ...'
သူမကဒီမှာရဗိတဲ့တခြားသူတွေထက် ပိုတော်ပြီးထက်တယ်ဆိုတာကိုသတိပြုမိတာအတော်ကြာပြီ...ပြီးတော့အဲ့တာကမှန်တယ်ဆိုတာကိုလည်း သူမကသက်သေပြခဲ့တယ်....
အဲ့ဒါကြောင့်လည်း သူမကPenelopeကိုနှိပ်စက်ဖို့အပ်သုံးမဲ့အကြံကိုထုတ်နိုင်ခဲ့တာ...
Emilyက ဆိုးရွားတဲ့မျက်နှာနဲ့ ငါ့ကိုသိမ်းသွင်းနိုင်ဖို့ကြိုးစားလာတယ်...
''စဥ်းစားကြည့်ပါဦး...သခင်မလေး ကျမကိုခိုင်းသမျှအကုန်လုံး မလုပ်နိုင်ခဲ့တာတစ်ခါမှမရှိခဲ့ဘူးလေ...''
''...,…''
''အဲ့တာကြောင့် ကျမကိုသာအပ်လိုက်ပါ...အဆုံးမှာ​ေတာ့ကျမကသခင်မလေးရဲ့ ကိုယ်ပိုင်အစေခံဘဲလေ...''
အဲ့နောက်အကြာကြီးတိတ်ဆိတ်သွားခဲ့တယ်...
တက်ခ်~~တက်ခ်
လက်ချောင်းတွေကိုသုံးပြီး စားပွဲကိုထိခတ်နေတဲ့အသံတစ်ခုတည်း အခန်းထဲမှာရှိနေခဲ့တယ်...
ွအစေခံမလေးရဲ့ မျှော်လင့်ချက်တွေအကုန်ပျောက်ဆုံးမသွားခင်...
''အိုကေ...''
''ငါလက်ခံတယ်...''
''ဒီတစ်ကြိမ်သခင်မလေးရဲ့ယုံကြည်မှုကိုရဖို့ ကြိုးသားပါ့မယ်''
''သခင်မလေး...''
Emilyကသနားစရာမျက်နှာလေးနဲ့ငါ့ကိုကြည့်နေခဲ့တယ်၊ငါလုံးဝမတွေးမိခဲ့ဘူး သူမကိုအပ်နဲ့ခြိမ်းခြောက်ပြီးနောက်ပိုင်းမှာ သူမကငါ့ကိုအကောင်း​မြင်လာလိမ့်မယ်လို့လေ၊
ဒါပေမဲ့စဥ်းစား​​​ကြည့်ရင်တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှုက လူတစ်ယောက်ကိုသစ္စာရှိဖို့အဓိဌာန်ပြုရာကနေထွက်သွားစေနိုင်တာဘဲ...
''ကျေးဇူးတင်ပါတယ်...သခင်မလေး...ကျမလုံးဝစိတ်မပျက်စေရပါဘူး...''
ငါစိတ်မပါ့တပါနဲ့ Emilyဦးညွတ်တာကိုဘယခေါင်းညိမ့်ပြလိုက်တယ်...
''ရတနာသေတ္တာကိုဖွင့်လိုက်...''
သူမငါအမိန့်ပေးပြီးတာနဲ့ ချက်ချင်းလှုပ်ရှားလိုက်တယ်...
''အခုချိန်ကစပြီး ငါ့ရဲ့စောင့်ကြည့်ခံကာလပြီးတဲ့အထိ မနက်ပိုင်းခစားပြီးတာနဲ့သတင်း​ပေးနဲ့တွေ့ဖို့သွားရမယ်...ပြီးတော့ ငါ့အတွက်လူတစ်ယောက်ရှာဖို့တောင်းဆိုပေးရမယ်...''
''လူတစ်ယောက်...ဘယ်သူ့ကိုရှာနေတာ...''
''သူတို့ရှာလို့ရအောင်လို့ အဲ့လူနဲ့ပတ်သတ်တဲ့အရာတွေအကုန်လုံးကိုချရေးပေးလိုက်မယ်...နင်လုပ်ရမှာကသူတို့ကိုစာရွက်ပြလိုက်ရုံဘဲ...သူတို့ကိုပေးဖို့အတွက် ဒီသေတ္တာထဲမှာရှိတဲ့ ရတနာဘယ်လောက်ဖြစ်ဖြစ်သုံးလို့ရတယ်...''
သေတ္တာထဲမှာရှိတဲ့ရတနာပမာဏကအလျှံအပယ်ဘဲ
ကံမကောင်းစွာနဲ့ဘဲ Penelopeမှာပိုက်ဆံမရှိဘူးဒါကြောင့်သူတို့ကိုပေးဖို့ဒီရတနာကိုသုံးဖို့သာတက်နိုင်တော့တယ်၊
Gong-nyuhရဲ့ လက်ဝတ်ရတနာတွေသိမ်းဆည်းထားတဲ့အခန်းမှာ ရတနာတွေပြည့်လျှံနေတဲ့သေတ္တာတွေအမြောက်အများရှိနေတာကြောင့် တကယ်လို့ဒီသေတ္တာထဲကအားလုံးကိုသုံးပစ်လိုက်ရင်တောင်ကိစ္စမရှိဘူး...
''ဟုတ်ကဲ့ ကျမလုပ်နိုင်ပါတယ်သခင်မလေး...အဲ့ဒီ့လူကိုအမြန်ရှာတွေ့မှာပါ..''
''ဒါပေမဲ့ လူရှာတဲ့အလုပ်လုပ်တဲ့သတင်းပေးတွေကိုသွားရှာခိုင်းရမှာမဟုတ်ဘူး...''
''ဒါ...ဒါဆို...ဘယ်သူ...''
''အရမ်းကိုတန်ဖိုးရှိတဲ့သတင်းတွေနဲ့ အရာဝတ္ထုတွေကိုကုန်သွယ်တဲ့နေရာ...မျိုးရိုးမြင့်တွေသွားကြတဲ့ အဆင့်မြင့်တဲ့အေဂျင်စီတွေကိုဘဲ...အဲ့တာကိုနင့်အရည်အချင်းနဲ့ ကိုယ့်ဘာကိုရှာနိုင်မယ်မလား...''
''ဟုတ်ကဲ့ သေချာတာပေါ့...''
အဲ့တာကGameထဲမှာ ကိုယ်စားလှယ်လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ Buinter ဘဲ...သူဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်လုပ်ငန်းတွေရဲ့ရုံးချုပ်က အကြီးဆုံးနဲ့လူသိအများဆုံးဘဲ...
'အဲ့တာကြောင့် သူမလွယ်လွယ်ရှာနိုင်မှာပါ...''
သူကမူးမတ်တစ်ယောက်ဆိုတာရော မှော်ဆရာဆိုတာရော လှို့ဝှက်အေဂျင်စီဖွဲ့စည်းထားတာရော ငါသိနှင့်ပြီးသား...
တကယ်လို့ငါသူ့ကိုတွေ့ချင်တယ်ဆိုရင် သူစိတ်ဝင်စားပြီးသွားလောက်မဲ့ ပါတီတွေကိုသွားလိုက်ရုံဘဲ...ဒါပေမဲ့  Buinterကအဓိကဇာတ်ကောင်တသ်ဦးဖြစ်တဲ့အပြင် Ecliseပြီးရင်သူကဖြစ်နိုင်ခြေအရှိဆုံးဘဲ...Normal mood ကအပိုင်းမှာဖြစ်ခဲ့တာကိုပိုပြီးရုပ်ရှင်ဆန်သွားအောင် လုပ်ဖို့ဆုံးဖြတ်လိုက်တယ်...
[အိမ်တော်ကိုပြန်ရောက်လာပြီးတဲ့နောက်မှာ ဇာတ်လိုက်က သူ့ရဲ့မိသားစုအမှန်ကိုရှာပေးခဲ့တဲ့ အသက်သခင်ကျေးဇူးရှင်ကိုလိုက်ရှာခဲ့တယ်...သူမသိတာဆိုလို့ သူကယုန်မျက်နှာဖုံးဝတ်ထားတဲ့မှော်ဆရယတစ်ယောက်ဆိုတာဘဲ...ဒါပေမဲ့လည်း Gong-nyuhအစစ်ကိုပွဲထုတ်တဲ့ပါတီပွဲမှာ Buinterကိုတွေ့ကာမှ သူကသူမကိုကယ်တင်ခဲ့တဲ့သူဆိုတာကို သူ့ရဲ့မျက်လုံးအရောင်ကြောင့် ချက်ချင်းနားလည်သွားခဲ့တယ်]
'အဲ့ဒါကဘာကြီးလဲ...လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်ရုံနဲ့အဲ့လူကဘယ်သူဆိုတာကိုဘယ်လိုလုပ်သိန်ုင်မှာလဲ...'
တစ်ခါကသဘောကျပြီးရယ်မိခဲ့တဲ့ ငါ့ကိုယ်ငါရှက်မိတယ်... normal moodကအရမ်းကိုလွယ်တာဘဲ...
Normal moodမှာ ဇာတ်လိုက်က Buinterနဲ့တွေ့ခဲ့သလိုမျိုး သူနဲ့တွေ့အောင်လို့ ပွဲတိုင်းကိုလိုက်တက်ဖို့မရည်ရွယ်ထားဘူး...
'အဲ့ဒီ့အစားသူငါ့ကိုလာရှာလာအောင်လုပ်မယ် '
ငါ့ရဲ့နှုတ်ခမ်းတွေကိုဖွင့်လိုက်တယ်...
''ပြီးတော့တစ်ခုရှိသေတယ်...နင်ကမျိုးရိုးမြင့်တော်ဝင်အမျိုးသမီးတစ်ယောက်ရဲ့ အစေခံဆိုတာကိုမသိသာစေနဲ့...''
''ဟမ်...ဘယ်လို...''
''အဲ့လိုဘဲလုပ်...သူတို့ကမျိုးရိုးမြင့်Ladyတစ်ဦးက မြင်မြင်ချင်းကြွေသွားတဲ့ယောကျ်ားတစ်ယောက်ကိုတိတိတဆိတ်ရှာနေတယ်လို့ ထင်သွားအောင်...''
''အမလေး...သခင်မလေး...''
Emilyကငါ့ရဲ့တိုးတိုးတိတ်တိတ်စကားတွေကြားပြီးနောက် နေရာကနေထခုန်တော့တယ်...
''အဲ့တာကဒီလိုကိုး...ကျမကိုမေးလိုက်တာပိုတောင်မြန်သွားဦးမှာ...''
သူမရဲ့တုံပြန်မှုကြောင့်ငါ့ရဲ့မျက်ခုံးတွေတွန့်ချိုးမိသွားခဲ့တယ်...
''မျိုးရိုးမြင့်တဲ့သူတွေက အစေခံတွေရဲ့အတင်းစကားတွေနဲ့အတူရှိနေကြ၊ အိမိထောင်မရှိသေးရင် အထူးသဖြင့် ခန့်ညားတဲ့မျိုးရိုးမြင့်ယောကျ်ားတွေ ပြီးတော့ ကျမအစကတည်းကသူတို့ကိုကျမရဲ့...''
''Emily...''
ငါသူမရဲ့စကားကိုဖြတ်ပစ်လိုက်ရတယ်...
''နင်လုပ်နိုင်လားမလုပ်နိုငဘူးလားဆိုတာဘဲငါ့ကိုဖြေပေး...''
''ကျမိုအပ်ထားလိုက်ပါသခင်မလေး...ကျမသေချာပေါက်ရှာနိုင်ပါတယ်...သခင်မလေးချစ်မိသွား... ''
''အဲ့လိုမဟုတ်ဘူး...''
ငါအဲ့တာကိုရျင်းအောင်လုပ်ခဲ့တယ်၊ငါသိပြီးသားသူမအဲ့လိုဘဲတွေးလိမ့်မယ်ဆိုတာကို၊
'သူဘာမှမသိဘဲနဲ့...'
ဒါပေမဲ့ သူမရဲ့မျက်လုံးတွေကအရောင်တောက်နေဆဲ...ကြည့်ရတာငါ့ရဲ့စကားတွေကိုယုံတဲ့ပုံဘဲ...
''နွေဦးလိုဘဲနောက်ဆုံးတော့ငါတို့ရဲ့သခင်မလေးက...''
ငါ့မှာရွေးချယ်စရာမရှိတော့ဘူး ဒါပေမဲ့ငါ့ရဲ့ကယလက်ကိုခေါက်တင်ပြီး သူမကိုလက်ရှိကာလကိုပြန်ဆွဲခေါ်ဖို့ဘဲရှိတော့တယ်၊
''ရင့်ကျက်စမ်း...နင့်အပ်ရဲ့တည်ရှိမှုက နင်ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ပေါ်မှာမူတည်တယ်နော်...''
''ဟင့်...''
''Emily...ဒါကနင့်ကိုပေးတဲ့အခွင့်ရေးဘဲ...နင်ဒီနေရာကနေအမေးမြန်းမရှိဘဲကန်ထုတ်ခံရအောင် ငါလုပ်နိုင်တယ်နော်...''
ငါ့ရဲ့လက်ကအခုအကုန်ကုသပြီးပြီမလို့ အပ်ရာတွေကမမြင်ရတော့ဘူး၊ဒါပေမဲ့လည်းသူမရဲ့မျက်နှာကိုအလေးအနက်ဖြစ်အောင်လုပ်ဖို့ ငါ့ရဲ့လက်အနောက်ဘက်ကိုပြခဲ့တာကြောင့် Emilyမသိနိုင်ဘူး...
'ငါသူမကိုချစ်ခင်တာတိုးလိုက်သင့်လား'
သူမရဲ့အဲ့မျက်နှာကိုမြင်လိုက်တော့ အနည်းငယ်စိတ်မကောင်းဖြစ်သလိုခံစားသွားရတယ်...
အဲ့အချိန်မှာဘဲ...
ဒေါက်~~ဒေါက်~~
''သခင်မလေး...ကျွန်တော် Pennelပါ ''
တံခါးကနေ အသံထွက်လာခဲ့တယ်...
အိမ်တော်ထိန်းကခွင့်ပြုချက်မရဘဲ တံခါးကိုမဖွင့်တော့ဘူး....ဒါပေမဲ့လည်းအဲ့လိုဆိုရင်တောင် ငါသူ့ကိုဝင်ခွင့်မပေးခင် အမြဲတမ်းစက္ကန်အနည်းငယ်လောက်စောင့်ခိုင်းခဲ့တယ်။
''ဝင်ခဲ့''
အိမ်တော်ထိန်းကသတိနဲ့တံခါးကိုဖွင့်လိုက်ပြီး အရိုသေပေးလိုက်တယ်..
''အဲ့တာဘာလဲ ''
''ဒါကသခင်မလေးPenelopeအတွက် တော်ဝင်နန်းတော်ကဖိတ်ကြားစာပါ...''
''ငါ့အတွက်လား...''
ငါ့ရဲ့ခေါင်းကိုစောင်းလိုက်တယ်...ဒုတိယမင်းသားရဲ့မွေးနေ့ပွဲကသိပ်မကြာခင်ကပြီးသွားခဲ့တာ...ခဏအတွင်းတော်ဝင်နန်းတော်မှာ နောက်ထပ်ပါတီလုပ်တာမဖြစ်သင့်ဘူး...
''ဟုတ်ပါတယ်...​ြကည့်ရတာနိုင်ငံတော်ရဲ့အောင်ပွဲကျင်းပတဲ့ ပွဲတော်ရဲ့နောက်ဆုံးရက်မှာ ပါတီအသေးစားလေးရှိတဲ့ပုံဘဲ...''
ငါမျက်မှောင်ကြုတ်လိုက်တယ်...
တော်ဝင်မျိုးနွယ်တွေက ဘာကိစ္စပာတီတွေမကြာခဏလုပ်နေရတာလဲ
''အဲ့တာပြ်လာတုန်းကဂုဏ်ပြုစားပွဲကျင်းပသေးတယ်လေ...ဒါကတော်တော်လေးပုံကြီးချဲ့နေတာမဟုတ်လား''
''ပြောကြတာကတော့ ဒီတစ်ကြိမ်ကအိမ်ရှေ့စံကိုယ်တိုင် ကြီးမှူးဆောင်ရွက်တာတဲ့...''
သူ့ရဲ့နောက်ထပ်စကားမှာ ငါ့ရဲ့ခေါင်းကိုအိမ်တော်ထိန်းဘက်ကို စက်ရုပ်လိုမပြေမပြစ်ရွေ့လျားပြီးလှည့်လိုက်မိတယ်...
''အိမ်...ရှေ့စံ...မင်းသား...''
THE END.
😌
p.s. Zawgyiပြောင်းလို့ရသွားပါပြီ... ပြောပြပေးတာကျေးဇူးတင်ပါတယ်နော်😘
ဒီအပိုင်းရဲ့တချို့နေရာတွေမှာသိပ်နားမလည်တာတွေရှိလို့ ဖတ်ရတာအဆင်မပြေဖြစ်တာတွေရှိနေပါလိမ့်မယ်...ပြန်ပြင်ထားပါ့မယ် အခုတော့နောက်ပိုင်းတွေအရမ်းတင်ချင်နေလို့😁
E
Lapis lazuli
"ငါကြိုက်တယ်...''
တက်ခ်(ပစ္စည်းချသံ)
''အမ်...ဘာကိုလဲ...''
''သတင်းပေး...''
''အဲ့လိုလား''
''သူမရဲ့နာမည်ကဘာလဲ...''
''သူ...သူမက Renna...''
''သူမကအခုဘယ်နေရာမှာလဲ''
Emilyကထပ်ပြောခဲ့တယ်...
''L...Lady Penelope...''
ငါ့ရဲ့အေးစကျတဲ့စကားလုံးကြောင့်Emilyစကားပြောတာရပ်သွားခဲ့တယ်...
''ကျမ...ကျမ...''
သူမက ညည်းညူပြောဆိုတာတွေက ငါ့အတွက်အလုပ်မဖြစ်တာကို မြန်မြန်နဲ့သဘောပေါက်သွားပြီးသူမဘာခုပ်နိုင်လဲဆိုတာကိုသက်သေပွဖို့သူမရဲ့အစီစဥျကို ပြောင်းလဲလိုက်တယ်...
''...,''
''အဲ့တာကြောင့် ကျမကိုသာအပ်လိုက်ပါ...အဆုံးမှာတော့ကမြကသခငျမလေးရဲ့ ကိုယ်ပိုင်အစေခံဘဲလေ...''
တက်ခ်~~တက်ခ်
''အိုကေ...''
''ငါလက်ခံတယ်...''
''သခင်မလေး...''
''ဒါ...ဒါဆို...ဘယ်သူ...''
''ဟုတ်ကဲ့ သေချာတာပေါ့...''
'အဲ့ဒါကဘာႀကီးလဲ...လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်ရုံနဲ့အဲ့လူကဘယ်သူဆိုတာကိုဘယ်လိုလုပ်သိန်ုင်မှာလဲ...'
''ဟမ်...ဘယ်လို...''
''အဲ့လိုဘဲလုပ်...သူတို့ကမျိုးရိုးမြင့်Ladyတစ်ဦးက မြင်မြင်ချင်းကြွေသွားတဲ့ယောက်ျားတစ်ယောက်ကိုတိတိတဆိတ်ရှာနေတယ်လို့ ထင်သွားအောင်...''
''အမလေး...သခင်မလေး...''
''မျိုးရိုးမြင့်တဲ့သူတွေက အစေခံတွေရဲ့အတင်းစကားတွေနဲ့အတူရှိနေကြ၊ အိမိထောင်မရှိသေးရင် အထူးသဖြင့် ခန့်ညားတဲ့မျိုးရိုးမြင့်ယောက်ျားတွေ ပြီးတော့ ကျမအစကတည်းကသူတို့ကိုကျမရဲ့...''
''Emily...''
''အဲ့လိုမဟုတ်ဘူး...''
'သူဘာမှမသိဘဲနဲ့...'
''နွဦေးလိုဘဲနောက်ဆုံးတော့ငါတို့ရဲ့သခင်မလေးက...''
''ဟင့်...''
အဲ့အချိန်မှာဘဲ...
ဒေါက်~~ဒေါက်~~
''ဝင်ခဲ့''
''အဲ့တာဘာလဲ ''
''ငါ့အတွက်လား...''
''ဟုတ်ပါတယ်...ကြည့်ရတာနိုင်ငံတော်ရဲ့အောင်ပွဲကျင်းပတဲ့ ပွဲတော်ရဲ့နောက်ဆုံးရက်မှာ ပါတီအသေးစားလေးရှိတဲ့ပုံဘဲ...''
''အဲ့တာပ်ြလာတုန်းကဂုဏ်ပြုစားပွဲကျင်းပသေးတယ်လေ...ဒါကတော်တော်လေးပုံကြီးချဲ့နေတာမဟုတ်လား''
''အိမ်...ရှေ့စံ...မင်းသား...''
THE END.
😌
Continue Reading
You'll Also Like
1.2M 118K 101
Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ
88K 15.4K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
720K 3.4K 4
" ချန်ကျင်ရှန်း မင်းက တောင်တွေကိုသဘောကျတာလား။ မဟုတ်ရင် ပင်လယ်ပြင်ကို သဘောကျတာလား။ '' " မင်းကို သဘောကျတယ်။ ''
982K 51.5K 45