ရေမွှားလေးတွေကို နေရောင်ထိုးနေသောကြောင့် သက်တန့်ရောင် ပြန်ဟက်နေသော ကောင်းကင်ကို မော့ကြည့်ကာ တစ်ခုခုကို လွှမ်းဆွတ်သလို ခံစားလိုက်ရတယ်။
' အရှင်မ ' ဆိုသည့် နာမည်နဲ့တိုင်အောင် ငယ်စဥ်တောင်ကျေး ကလေး ဘဝ ကတည်းက မင်း တို့ တတ်အပ် သမျှ တွေ ကိုသင်ယူကာ ကြီးပြင်းလာရတဲ့ ကျွန်မ အဖို့ ပျော်မွေ့ခြင်းဆိုတာ မရှိတော့ချေ။
ဂျိုဆွန်းပြည် ၏ ဘုရင်မ ဖြစ်သောကြောင့် တိုက်ရေးခိုက်ရေး နဲ့ အုပ်ချုပ်ရေး တွင် ကျွန်မ တော်လျှင်သာ တော်လိမ့်မည် .. သို့သော် .. မိမိကိုယ် မိမိ ပျော်ရွှင်အောင် လုပ်ဖို့တော့ သိပ်ကိုအားနည်းသည်။
ဘေးဘီ ဝဲယာသို့ လှည့်ကြည့်လိုက်ရင်း လေပူတစ်ချက် ကို ခပ်ဖြေးဖြေးလေး မှုတ်ထုတ်ခဲ့တယ်။
သစ်ပင်ပုလေး နားက အရိပ်တွင်ခိုရင်း ' နာဘီ ' ဟု အမည်ရသော လိပ်ပြာဝါလေး ကိုလှမ်းငေးရင်း နှစ်ခြိုက်စွာ ပြုံးလိုက်တယ်။
သဘာဝ ကသာ ကျွန်မကို ပျော်ရွှင်မှု ပေး နိုင်မည်ဟု ယူဆပါသည်။
" အရှင်မ နန်းတွင်းကိုပြန်၀င်ဖို့ သင့်ပါပြီ "
အထိန်းတော် ဆုန်း ၏ စကားသံကိုကြား၍ နောက်သို့ပြန်လှည့်ကာ ခေါင်းတစ်ချက်ဆတ်ပြီး ခြေလှမ်းတွေ ကို ခပ်သွက်သွက် လှမ်းလာခဲ့တယ်။
...
" အစ်.. အစ်ကိုတော် "
" ဂျဲနီ ! "
ထိုစဥ် ဂျဲနီ ဟာ ကင်မ်နာဘင်း ကို ကိုင်ထားသော ဓါးရှည်နဲ့ ဖြင့်လှီးခုတ်လိုက်တယ်။
သွေးသံရဲရဲ ထဲမှာ အသက်ကင်းမဲ့နေသော ဂျဲနီ ၏ အမေ နဲ့ မယ်မယ်ကြီး၏ သား ဂျဲနီ ၏ အဖေတူ အမေကွဲ အကို ကင်မ်နာဘင်း။
လက်ထဲကဓါးကိုလွှတ်ချလိုက်ပြီး အာခေါင်ခြစ်အော်လိုက်တယ်။
.
.
.
အဖြူရောင် ညအိပ်ဝတ်စုံကို အိပ်နေရင်း ဖြဲပစ်လိုက်ပြီး နိုးလာတော့ ကျွန်မအိပ်ဆောင်ထဲမှာ လှဲလျောင်းလျက်။
ဂျဲနီ မယုံနိုင်တော့ချေ။
ထိုအတိတ်ကိုမေ့ထားခဲ့တာ ကြာလှပြီ ဖြစ်သော်လည်း မေ့မနိုင်ခဲ့ပေ။
အိပ်ဆောင်က မှောင်မည်းနေတာကြောင့် မီးထဖွင့်လိုက်ပြီး အိပ်ဆောင်အပြင်ဘက် ကအစေခံတွေကိုလှမ်းခေါ်ကာ အဝတ်လှဲဖို့ပြင်လိုက်တယ်။
" ငါမယ်မယ်ကြီး အိပ်ဆောင်ကိုသွားမယ် "
" အရှင်မ မဖြစ်ပါဘူး ခုချိန်က .. "
" တိတ် ! ငါစကားနှစ်ခွန်းမပြောဘူး "
အဟောက်ခံလိုက်ရသော အထိန်းတော်ဆုန်း သည် နောက်ထပ်ပါးစပ်တောင်မဟရဲတော့ပေ။
လှည်းယာဥ် နဲ့တောင် မသွားတော့ဘဲ ခြေလျင်သွားသော အရှင်မ ကြောင့် နန်းတွင်းတစ်ခုလုံးကို မျက်ခုံးလှုပ်နေစေတယ်။
သိပ်ကို အရှိန်အဝါကြီးလှတဲ့ အရှင်မပေါ့။
မယ်မယ်ကြီး၏ အိပ်ဆောင်ကိုရောက်သောအခါ ဂျဲနီသည် ဟန်ပင်မဆောင်နိုင် ချက်ချင်း အပြင်ဘက်က လှမ်းခေါ်လိုက်တယ်။
" မယ်မယ်ကြီး ! ဂျဲနီ ပါ "
အဖြေထွက်မလာတာကြောင့် တံခါးကိုဖွင့်၀င်လိုက်တယ်။
မယ်မယ်ကြီးဟာ ခနဲ့ပြုံးတစ်ခုနဲ့ ဂျဲနီကို ကြိုဆိုတယ်။
ချွေးစို့နေသော ဂျဲနီကိုကြည့်ကာ မယ်မယ်ကြီး က လေပြေလေးနဲ့ စကားတစ်ခု တုန့်ပြန်လိုက်တယ်။
" ဂျဲနီ .. မင်းကို တစ်ခုခု က နှောင့်ယှက်နေပြန်ပြီလား "
" မယ်မယ်ကြီး ! ဂျဲနီ ကို မရွဲ့ပါနဲ့ ဂျဲနီ အတည်ပြောမလို့ပါ "
ဂျဲနီ ကသာ အရေးကြီးပုံပေါက်နေတာပါ။
မယ်မယ်ကြီး ကတော့ ခုထိ ပုလဲ နဲ့ ပတ်သက်သည့် ဆောင်းပါး စာအုပ်ကိုလက်ကမချသေး။
မယ်မယ်ကြီးက ပုလဲ လေးတွေကိုသိပ်မြတ်နိုးတာ။
ဂျဲနီကတော့ လိပ်ပြာလေးကိုမြတ်နိုးတာ။
" ဟုတ်ပြီ ဂျဲနီ ပြော "
" မယ်မယ်ကြီး ကျွန်မကို မုန်းလား "
" အရှင်မ .. ဒီမေးခွန်းကို ကျွန်မဖြေရင် ကိုယ့်ပေါင် ကိုယ် လှန်ထောင်း ဖြစ်သွားမှာ စိုးမိပါတယ် "
" ကျစ် "
ဟု သာပြောနိုင်ပြီး နန်းတွင်း အပြင်ဘက်က ပန်းတော ထဲ ပြန်၀င်ခဲ့ပြန်ပါပြီ။
ဘာလို့ ဂျဲနီ ကိုပဲ ဖုံးကွယ် ချင်နေကြတာလဲ။
ကျွန်မ က တကယ်ပဲ ကြောက်စရာကောင်းလို့လား။
မှောင်မည်းနေသော နှင်းဆီရိုင်းခြုံ ထဲ တိုးဝင်ပြီး တစ်ခြားပြည်နယ် တစ်ခုကို ခြေလှမ်းတစ်ခုလှမ်းမိသွားတယ်။
ဘုရင်ကြီး ဆိုသည့် ကျွန်မ အဖေ၏ နှိပ်စက်ဒဏ်များ ၊
အငယ်အနှောင်း၏ သမီး ဆိုပြီး လက်ညိုး၀ိုင်းထိုးကြသောဒဏ်များကို ကျွန်မ တကယ်ပင် မခံနိုင်တော့ပါ။
သေလောက်အောင် နာကျင်နေပါပြီ။
အခုကျွန်မအသက်က ၄၀နားကပ်လို့လာပါပြီ။
နှစ်၂၀ကျော်ကြာအောင် ဂျိုဆွန်းကိုအုပ်ချုပ်ခဲ့ရရင် တော်ပါပြီ။
ကျွန်မ ဘ၀မှာ မလိုချင်တာတွေရနေတာကို သိပ်မုန်းနေပြီ။
' လောကကြီးရယ် ကျွန်မကိုခွင့်လွှတ်ပါတော့ '
ဂျဲနီ သည် ပန်းရိုင်းတောထဲ ပစ်၀င်ကာ ဆူးပုံထဲ လှဲချပစ်လိုက်သည်။
နာကျင်မှုတွေ လျော့နည်းသွားပြီး အငွေ့အဖြစ် ပျောက်သွားသလို လေထဲမြောက်နေပြီ။
ကျွန်မ လွတ်လပ်သွားပြီ။
မယ်မယ်ကြီး၏ သားကိုသတ်မိလို့ မယ်မယ်ကြီး နှိပ်စက်တာခံခဲ့ရတဲ့ဘ၀ကနေလွတ်လပ်သွားပြီ။
ကျွန်မ ဘ၀ ကိုရစ်ပတ်ထားတဲ့ ပုလဲ ကြီး ဆီကနေလွှတ်မြောက်လာပြီ။
ကျွန်မ သိပ်ပျော်တာပဲ။
...
တစ်ခါတစ်လေ တော့လည်း လူ့ဘ၀ ကစိတ်ပျက်စရာကြီးပါ။
ရလည်းခဲသလို ပျော်ဖို့လည်းခဲပါတယ်။
...