Kim Jisoo
Jane အပြောနုနုလေးတွေ ၊ Jane ဖျော်ပေးတဲ့ နွားနို့တွေ ၊ Jane ရဲ့ သာယာတဲ့ kiss လေးတွေ ကို တို့သိပ် မြတ်နိုးနေမိပြီ။
Kim Jennie
ခရမ်းရောင်လည်စီး လေးတွေရယ် Jane သိပ်မြတ်နိုးရတဲ့ မ ရဲ့ လက်ချောင်းလေးရယ် ၊ မ ရဲ့ ဖြစ်တည်မှုတိုင်းက Jane ရဲ့ ဘ၀ ပါ။
...ပြုတ်ကျသွားသော လည်စီးလေးကို ပြန်ကောက်ဖို့ အပြင်မှာ လက်နုနုလေးတစ်ခု လွှမ်းခြုံသွားတယ်။
" မ ! "" JANE ! တို့ မင်းကို သိပ်လွမ်းနေခဲ့တာ "
" မ ! Jane .. Jane လေ "
" ဘာဖြစ်တာလဲ Jane .. တို့ကို ပြောပါ .. ပြောပါလို့ "
Jisoo ဟာ Jane ရဲ့ လက်နုနုလေးတွေကို ဆွဲရမ်းလိုက်တယ်။
ကျွန်မ Jane ရဲ့ မျက်ရည်တွေကို မမြင်ဖူးတာအမှန်
ပါ။
အမြဲတမ်း ကျွန်မနားမှာ နေပြီး ပျော်ရွှင်နေခဲ့တဲ့ Jane ဟာ ကျွန်မ ရှေ့မှာ မငိုဖူးပါဘူး။" မ .. Jane ပြန်ရတော့.. မယ် "
Jane ရဲ့ အသံ တွေဟာ တုန်ရီပြီး အဆုံးမှာ တိုး၀င်သွားတယ်။
Jane ရဲ့ မျက်ရည်တွေကို မြင်ရတာ ကျွန်မ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားသလိုခံစားရတယ်။
Jane ရယ်ရင် ကျွန်မဟာ တစ်လောကလုံးမှာ အပျော်ဆုံးမိန်းမ ဖြစ်သွားတတ်တယ်။
Jane ဟာ ကျွန်မ ကို အမျိုးမျိုး ပြောင်းလဲ နိုင်လွန်းတဲ့ ကလေးငယ်ရယ်ပါ။" England ကိုလား Jane .. ဟမ် ဘာဖြစ်လို့လဲ ! တို့ ကိုထားမသွားပါဘူးဆို "
" မဖြစ်မနေ အခြေအနေ တစ်ခုကြောင့်ပါ မ ရယ် .. Jane ကိုမေ့..လိုက်တော့..နော် "
နောက်ဆုံးစကားမှာ Jane အသံ ဟာ ထွက်မလာတော့ပေ။
Jane ဟာ ပြောပြီး ဆတ်ခနဲ လှည့်ထွက်သွားတယ်။
ကလေးငယ်ရယ် ဒီလိုပြောထွက်ပြီး ကလေး တို့ကိုထွက်သွားရလား .. ဟမ် .. တို့ကို စိတ်ချတယ်ပေါ့။
ဒီ အခြေအနေ ကြီးမှာ Jisoo ဟာ ဟန်မြစ်ဘေးမှာ ..
ကျွန်မ အသက် ဟာ Jane ပါ ၊ Jane အတွက် ကျွန်မ ရှင်သန် နေရတာပါ။လူတိုင်းဟာ ပြောကြလိမ့်မယ် ' အသက်နဲ့ လူလုပ်တာမဟုတ်ဘူး အရှက်နဲ့ လူလုပ်တာ ' ။
ကျွန်မကတော့ Jane နဲ့ပတ်သက် ရင် ကျွန်မ အရှက်ကိုတောင် ဟိုးအောက်ဆုံးထိ ထား ထားသလို ..ကျွန်မ အသက်ကိုတော့ Jane ဆိုတဲ့ ကလေးငယ် နဲ့ ဖွဲ့စည်း
ထားတာပါ။