5 Big Shots kneeled and calle...

Por Larkspur41

9.2K 1.7K 91

Not my own story.Just translation. Credits to: Original author and eng translator(s) Start Date - 19.9.2021 Más

Chapter 1.1 - it's been 25 years later
Chapter 1.2 -it's been 25 years later
Chapter 2.1 - I am your son
Chapter 2.2 - I am your son
Chapter 3.1 - Tyrannical CEO Son
Chapter 3.2 - Tyrannical CEO Son
Chapter 4.1- The Child's Father is Ji ZhenTian
Chapter 4.2 - The Child's Father is Ji Zhentian

Description

3.1K 265 20
Por Larkspur41

Unicode

လွန်ခဲ့တဲ့ 25နှစ်က သေလုမြောပါးရောဂါဝေဒနာခံစားနေရတဲ့ ကူယွမ်က သူမမှာ ရှားပါးအစွမ်းထက်တဲ့ မျိုးရိုးဗီဇ ရှိနေမှန်း ရှာတွေ့သွားတယ်။

ဒီဗီဇကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် သူမရဲ့ ခွဲစိတ်မှု မကျရှုံးခင်မှာ သူမဆီက သန္ဓေဥ ငါးလုံးကို လှူဒါန်းထားခဲ့တယ်။

25ငါးနှစ် ကြာပြီးတော့ သူမ ပြန်နိုးလာတယ်၊ သူမရဲ့ ဥလေး ငါးလုံးက ထူးချွန်ပြီး ကျော်ကြားတဲ့ အမျိုးသားတွေ ဖြစ်နေပြီ။

Mmmm...သူမကို ရှေးဆန်တယ် ခေတ်မမှီဘူး ခြူးတပြားမှ မရှိတဲ့ မွဲတေသူလို့ ဘယ်သူ ရယ်ရဲသေးလဲ။

ကမ္ဘာမှာ ထင်ရှားကျော်ကြားလှတဲ့ ဩဇာတိက္ကမရှိတဲ့မင်းသား‌‌ေလးက ညစာစားရန် ကူယွမ် နှင့်အတူလိုက်ပါလာတယ်၊ မီဒီယာများရုတ်ရုတ်သဲသဲဖြစ်သွားတယ်၊ မင်းသားလေးက အချစ်မှာ နစ်မြောသွားပြီလား?

မင်းသားလေး : သူမက ငါ့အမေ

ကမ္ဘာ့လူထုအမြင်ကိုထိန်းချုပ်သောမီဒီယာသူဌေးကြီးက ကူယွမ်အတွက်ရွှေတစ်ထောင်ပြီးတစ်ထောင်လောင်းကြေးထပ်ပေးတယ် ၊ပရိသတ်အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားတယ်၊ မြင့်မြတ်တဲ့မိသားစုထဲကို အမည်မသိမိန်းကလေးတစ်ဦးက လက်ထပ်ပြီးဝင်ရောက်သွားတော့မှာလား?

မီဒီယာ သူဌေးကြီး : သူမက ငါ့အမေ

ကမ္ဘာတစ်ဝှမ်းလုံးမှ သောင်းချီတဲ့ ပရိတ်သတ်တွေရဲ့အာရံုစိုက်ခြင်းကို ခံရ‌ေသာ ရုပ်ရှင်ဧကရာဇ်က သူ၏ ၈ နှစ်တာအလေ့အကျင့်ကိုဖျက်ပြီး ကူယွမ် အတွက်ပထမဆုံး သီချင်းရေးစပ်ပေးခဲ့တယ်၊ အင်တာနက်တခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားတယ်၊ဒါကရုပ်ရှင်ဧကရာဇ်ရဲ့ ရာစုသစ်အချစ်လား?

ရုပ်ရှင်ဧကရာဇ်ကြီး : ဒါက ငါ့အမေပါ

သာလွန်တဲ့ IQနဲ့ 17နှစ်အရွယ် ချောမောလှပတဲ့ဉာဏ်ကြီးရှင် ကောင်ငယ်လေးက သူရှာတွေ့ထားတဲ့ ဂြိုလ် နာမည်ကို ကူယွမ်လို့ပေးလိုက်တယ်၊ ကမ္ဘာကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်တယ် ၊ဒါက အမျိုးသမီးနဲ့ လူငယ်လေးတို့ အချစ်ဇာတ်လမ်းလား?

ဉာဏ်ကြီးရှင်ကောင်လေး : ဒါက ငါ့အမေ

ကူယွမ်ကို လှောင်ရယ်ပြီး အနိုင်ကျင့်ခဲ့ကြတဲ့ အမျိုးသား အမျိုးသမီးတွေ အားလုံး ငိုကြွေးကုန်ကြတယ်၊ သူမက ဘယ်လို အံ့ချီးဖွယ်သားတွေ မွေးထားတာလဲ။

နောက်ဆုံးတွင် ကမ္ဘာ့အချောဆုံးနှင့်အရည်အချင်းအရှိဆုံး ထိပ်တန်းအဆင့်ဘီလျံနာကြီးက ဈေးဝယ်ရန်  ကူယွမ်ဘေးက လိုက်ပါလာတယ်၊ လူအုပ်ကြီးသည်ချက်ချင်းပင်သူမအားကျယ်လောင်စွာအော်ဟစ်ကြတယ် -သူမက သူ့အမေ ဖြစ်မယ် သူ့အမေ! သူ့အမေ!

ထိပ်ဆုံးမှသန်းကြွယ်သူဌေးကြီး : သူမကငါ့သားတွေရဲ့အမေပါ။

( T/N - ဒါလေးဘာသာပြန်နေတဲ့ သူ မတွေ့လို့ စပြီး ပြန်လိုက်တာပါ၊ တကယ်လို့ ရှိနေရင် လာပြောလို့ရပါတယ် ဖျက်ပေးပါမယ်နော်)

Zawgyi

လြန္ခဲ့တဲ့ 25ႏွစ္က ေသလုေျမာပါးေရာဂါေဝဒနာခံစားေနရတဲ့ ကူယြမ္က သူမမွာ ႐ွားပါးအစြမ္းထက္တဲ့ မ်ိဳး႐ိုးဗီဇ ႐ွိေနမွန္း ႐ွာေတြ႕သြားတယ္။

ဒီဗီဇကို ေနာက္မ်ိဳးဆက္ေတြကို လက္ဆင့္ကမ္းႏိုင္ဖို႔အတြက္ သူမရဲ႕ ခြဲစိတ္မႈ မက်႐ႈံးခင္မွာ သူမဆီက သေႏၶဥ ငါးလုံးကို လႉဒါန္းထားခဲ့တယ္။

25ငါးႏွစ္ ၾကာၿပီးေတာ့ သူမ ျပန္ႏိုးလာတယ္၊ သူမရဲ႕ ဥေလး ငါးလုံးက ထူးခြၽန္ၿပီး ေက်ာ္ၾကားတဲ့ အမ်ိဳးသားေတြ ျဖစ္ေနၿပီ။

Mmmm...သူမကို ေ႐ွးဆန္တယ္ ေခတ္မမွီဘူး ျခဴးတျပားမွ မ႐ွိတဲ့ မြဲေတသူလို႔ ဘယ္သူ ရယ္ရဲေသးလဲ။

ကမ႓ာမွာ ထင္႐ွားေက်ာ္ၾကားလွတဲ့ ဩဇာတိကၠမ႐ွိတဲ့မင္းသား‌‌ေလးက ညစာစားရန္ ကူယြမ္ ႏွင့္အတူလိုက္ပါလာတယ္၊ မီဒီယာမ်ား႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္၊ မင္းသားေလးက အခ်စ္မွာ နစ္ေျမာသြားၿပီလား?

မင္းသားေလး : သူမက ငါ့အေမ

ကမ႓ာ့လူထုအျမင္ကိုထိန္းခ်ဳပ္ေသာမီဒီယာသူေဌးႀကီးက ကူယြမ္အတြက္ေ႐ႊတစ္ေထာင္ၿပီးတစ္ေထာင္ေလာင္းေၾကးထပ္ေပးတယ္ ၊ပရိသတ္အားလုံး႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္၊ ျမင့္ျမတ္တဲ့မိသားစုထဲကို အမည္မသိမိန္းကေလးတစ္ဦးက လက္ထပ္ၿပီးဝင္ေရာက္သြားေတာ့မွာလား?

မီဒီယာ သူေဌးႀကီး : သူမက ငါ့အေမ

ကမ႓ာတစ္ဝွမ္းလုံးမွ ေသာင္းခ်ီတဲ့ ပရိတ္သတ္ေတြရဲ႕အာရံဳစိုက္ျခင္းကို ခံရ‌ေသာ ႐ုပ္႐ွင္ဧကရာဇ္က သူ၏ ၈ ႏွစ္တာအေလ့အက်င့္ကိုဖ်က္ၿပီး ကူယြမ္ အတြက္ပထမဆုံး သီခ်င္းေရးစပ္ေပးခဲ့တယ္၊ အင္တာနက္တခုလုံး႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္၊ဒါက႐ုပ္႐ွင္ဧကရာဇ္ရဲ႕ ရာစုသစ္အခ်စ္လား?

႐ုပ္႐ွင္ဧကရာဇ္ႀကီး : ဒါက ငါ့အေမပါ

သာလြန္တဲ့ IQနဲ႔ 17ႏွစ္အ႐ြယ္ ေခ်ာေမာလွပတဲ့ဉာဏ္ႀကီး႐ွင္ ေကာင္ငယ္ေလးက သူ႐ွာေတြ႕ထားတဲ့ ၿဂိဳလ္ နာမည္ကို ကူယြမ္လို႔ေပးလိုက္တယ္၊ ကမ႓ာႀကီးတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားျပန္တယ္ ၊ဒါက အမ်ိဳးသမီးနဲ႔ လူငယ္ေလးတို႔ အခ်စ္ဇာတ္လမ္းလား?

ဉာဏ္ႀကီး႐ွင္ေကာင္ေလး : ဒါက ငါ့အေမ

ကူယြမ္ကို ေလွာင္ရယ္ၿပီး အႏိုင္က်င့္ခဲ့ၾကတဲ့ အမ်ိဳးသား အမ်ိဳးသမီးေတြ အားလုံး ငိုေႂကြးကုန္ၾကတယ္၊ သူမက ဘယ္လို အံ့ခ်ီးဖြယ္သားေတြ ေမြးထားတာလဲ။

ေနာက္ဆုံးတြင္ ကမ႓ာ့အေခ်ာဆုံးႏွင့္အရည္အခ်င္းအ႐ွိဆုံး ထိပ္တန္းအဆင့္ဘီလ်ံနာႀကီးက ေဈးဝယ္ရန္  ကူယြမ္ေဘးက လိုက္ပါလာတယ္၊ လူအုပ္ႀကီးသည္ခ်က္ခ်င္းပင္သူမအားက်ယ္ေလာင္စြာေအာ္ဟစ္ၾကတယ္ -သူမက သူ႕အေမ ျဖစ္မယ္ သူ႕အေမ! သူ႕အေမ!

ထိပ္ဆုံးမွသန္းႂကြယ္သူေဌးႀကီး : သူမကငါ့သားေတြရဲ႕အေမပါ။

( T/N - ဒါေလးဘာသာျပန္ေနတဲ့ သူ မေတြ႕လို႔ စၿပီး ျပန္လိုက္တာပါ၊ တကယ္လို႔ ႐ွိေနရင္ လာေျပာလို႔ရပါတယ္ ဖ်က္ေပးပါမယ္ေနာ္)

Seguir leyendo

También te gustarán

865K 72K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
264K 25.7K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
426K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
2.8M 160K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...