《Poyun》ဖော့ယွင် (မြန်မာဘာသာပြ...

By jinghastriplesun

211K 31.5K 3.8K

Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery... More

မိတ်ဆက်
အပိုင်း(၁)-ငါနဲ့အတူငရဲကိုလိုက်ခဲ့
အပိုင်း(၂) - ယန်ရှယ်
အပိုင်း(၃)-ကုန်တင်ကားကိုတမင်ဝင်တိုက်ခြင်း
အပိုင်း(၄)-အတွဲလို့အထင်ခံရမှာမကြောက်ဘူးလား
အပိုင်း(၅)နာမည်က ချူစင်၊ သက်ညှာမှုရဲ့'စင်'
အပိုင်း(၆)-ဟို.....ခေါင်းဆောင်ကျန်း
အပိုင်း(၇)-လွန်ခဲ့သောသုံးနှစ်ကအသက်စတေးသွားသူ ကျန်းထင်
အပိုင်း(၈)- ကျန်းထင်ကိုယ်တိုင်ဖြစ်နေနိုင်တာပဲ
အပိုင်း(၉)- ဆေးသုံးထားတယ်လို့အဖြေထွက်လား?
အပိုင်း(၁၀)-ဒီနေ့ဘာလို့အရမ်းတက်ကြွနေတာလဲ?
အပိုင်း(၁၁)-အသားကျသွားလိမ့်မယ်
အပိုင်း(၁၂)-လူသတ်သမားရဲ့လှည့်စားမှု
အပိုင်း(၁၃)-ဘာဖြစ်လို့ရဲအရာရှိလုပ်တာလဲ?
အပိုင်း(၁၄)-ပျစ်ချွဲချွဲအသားစပေါ် အလောင်းခွဲစိတ်ခြင်း
အပိုင်း(၁၅)-မင်းကအရမ်းနုတာပဲ
အပိုင်း(၁၆)-သေစရာလိုမှာမဟုတ်ဘူး
အပိုင်း(၁၇)-Will you still love me when I'm no longer beautiful?
အပိုင်း(၁၈)-အချိန်တစ်နာရီပဲပေး
အပိုင်း(၁၉)-ယန်ရှယ်သေနတ်ခလုတ်ကိုဖိလိုက်ချေပြီ
အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်
အပိုင်း(၂၁)- ဒရာမာကွင်းမွေးဖွားခြင်း
အပိုင်း(၂၃)-မထော်မနန်းပြုတ်ကျခြင်း
အပိုင်း(၂၄)-အမှုလိုက်ရာ၌ ခေါင်းဆောင်ကျန်း​၏ တည်ငြိမ်မှု
အပိုင်း(၂၅)- ငါကြည့်ချင်တဲ့အချိန်ကြည့်လို့ရတယ်
အပိုင်း(၂၆)-ကျန်းထင်ကိုသူ့ဘေးဆွဲစိလိုက်သည်
အပိုင်း(၂၇)-အကူအညီအတွက်အချက်ပြခြင်း
အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား
𝚟𝚒𝚍𝚎𝚘 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 (𝚜𝚘𝚗𝚐𝚜,𝚊𝚞𝚍𝚒𝚘 𝚍𝚛𝚊𝚖𝚊 𝚌𝚞𝚝𝚜,𝚎𝚝𝚌...)
အပိုင်း(၂၉)-မျက်နှာချင်းဆိုင်
အပိုင်း(၃၀)-ချွေးမလက်ဖက်ရည်သောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့
အပိုင်း(၃၁)-ဒုခေါင်းဆောင်ယန် သောင်းကျန်းတော့မည်
အပိုင်း(၃၂)-ယန်ရှယ်သာလျှင် အချောဆုံး
အပိုင်း(၃၃)-ဖူးKလို့တလေးတစားခေါ်ကြတယ်
အပိုင်း(၃၄)-အမေ့ခံနာမည်လေးတစ်ခုရှိတယ်၊ 'ထင်ယွင်' တဲ့
အပိုင်း(၃၅)-ငါ့ရဲ့အပြစ်ကင်းစင်မှုကို တခြားလူ ဆုံးဖြတ်ပေးစရာမလိုဘူး
အပိုင်း(၃၆)-ဓားခုတ်ကောင်သည် ပုစဉ်းကိုချောင်းနေသည်နှင့် ငှက်ဝါကိုသတိမမူမိ
အပိုင်း(၃၇)-မင်းဘယ်လောက်လိုက်နိုင်မှာမလို့လဲ?
အပိုင်း(၃၈)-သိမ်မွေ့ခြင်းနောက်ကွယ်က ပုံစံအစစ်အမှန်
အပိုင်း(၃၉)-ငါအသက်ရှင်မှဖြစ်မယ်
အပိုင်း(၄၀)-ရွေးချယ်စရာမရှိဘူး၊ ငါရဲ့ငွေသုံးနိုင်မှုအပေါ်မှာပဲမူတည်တယ်
အပိုင်း(၄၁)-မင်းငါ့ကိုလိုက်ပို့ပေးလို့ရမလား
အပိုင်း(၄၂)-မတရားမှုတွေပြည့်နှက်နေတဲ့လောကကြီးဟာ တရားနေပြန်တယ်
အပိုင်း(၄၃)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ (၁)
အပိုင်း(၄၄)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ(၂)
အပိုင်း(၄၅)-ကျန်းထင်က တအားချောတာ၊ မှုခင်းရဲအလှပဂေးလေး
အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်
အပိုင်း(၄၇)-ရဲမေအလှလေးအတွက် ပေါက်စီရော?
အပိုင်း(၄၈)- အရင်းရှင်ကြီးနှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏ ခုခံမှု
အပိုင်း(၄၉)-ထူးဆန်းသော ခံစားချက်
အပိုင်း(၅၀)-ငါက အရင်းရှင်ကြီးရဲ့ တောက်တိုမည်ရ လုပ်ပေးရုံတင်ပါ
အပိုင်း(၅၁)- မင်း ငါ့ကိုယုံလား?
အပိုင်း(၅၂)-နလန်ထူခါစ
အပိုင်း(၅၃)-လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား
အပိုင်း(၅၄)-သဲလွန်စအားလုံး ချိတ်ဆက်သွားပေပြီ
အပိုင်း(၅၅)-အပြစ်ရှိတဲ့လူတွေကို အပြစ်ပေးပြီး အပြစ်မဲ့တဲ့လူတွေ လွတ်မြောက်ရမယ်
အပိုင်း(၅၆)-သူတကယ်ကွပ်မျက်ချင်တဲ့လူက ငါပဲ
အပိုင်း(၅၇)- ငါတစ်ချိန်လုံး သိနေခဲ့တယ်
အပိုင်း(၅၈)-ကျွန်တော်....ကျွန်တော်ကသူ့သူငယ်ချင်း
အပိုင်း(၅၉)-ရေသန့်
အပိုင်း (၆၀)-နှလုံးခုန်နေတာကို ခံစားရလား?
အပိုင်း(၆၁)- အိမ်ကလူ ခိုးရာလိုက်ပြေးသွားလို့!
အပိုင်း(၆၂)-မင်းကို အရမ်းတွေ့ချင်လာတာ
အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?
အပိုင်း(၆၄)-အသက်ကိုတန်ဖိုးမထားဘူး
အပိုင်း(၆၅)-တအားတူတယ်
အပိုင်း(၆၆)-Darwin​၏သီအိုရီမှာ လိင်တူဆက်ဆံရေးအတွက် မဟုတ်
အပိုင်း(၆၇)-အဓိပ္ပာယ်ပါသော အပြုံး
အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ
အပိုင်း(၆၉)- မင်းနှမကြီးကို သဝန်တိုနေလိုက်!

အပိုင်း(၂၂)-အထန်ကိုယ်တော်

2.6K 454 45
By jinghastriplesun

အနှီမူးယစ်ဆေးဝါးရောင်းဝယ်သူတို့​၏ မျက်လုံးထဲတွင် မိမိကို အထန်ကိုယ်တော်အဖြစ် မြင်နေသည်ဟု ယန်ရှယ် ခံစားနေရသည်။

-------------------------------------------------

ယန်ရှယ်ရင်ထဲရှိ အတွေးပေါင်းသောင်းခြောက်ထောင်တို့သည် စကားသုံးလုံးအဖြစ် ပေါင်းစည်းသွားလေ​၏။

"မင်းမေ-ိုး"

သို့ရာတွင် ကံတရားက သူ့ကို ထိုစကားလုံးတို့အား အပြင်၌ဖော်ထုတ်ပြောဆိုခွင့် မပြုခဲ့ပါ။ ထိုအချိန်မှာပင် အခန်းတံခါး နောက်တစ်ကြိမ်ပွင့်လာပြီး လက်အောက်ခံလေးနှစ်ယောက်မှာ တရိုတသေနှင့် ပိန်ပိန်ပါးပါးနှင့်လူတစ်ယောက်ကို အထဲဝင်ရန် ကြိုဆိုလိုက်ချေသည်။

ယန်ရှယ်​၏ မျက်လုံးထောင့်မှ ရိပ်ခနဲမြင်လိုက်ရ​၏။ ဝတုတ်လေးက သူ့ကိုခေါင်းငြိမ့်ပြလိုက်ခြင်း။

"ဒါငါတို့သူဌေး အစ်ကိုကျုံး"

ခေါင်းနီကောင်က မိတ်ဆက်ပေး​၏။

"အစ်ကိုကျုံး၊ ဒါက_"

ယန်ရှယ်က ယဉ်ယဉ်ကျေးကျေးနှင့် ပြောလိုက်လေသည်။

"စကားပလ္လင်ခံမိတ်ဆက်တာတွေမလိုဘူး။ ငါကပစ္စည်းရတာနဲ့ပြန်မှာ။ ဟူမျိုးရိုးသာ ထောင်ထဲမရောက်သွားရင် ငါလည်း ဒီကိုရောက်လာစရာလိုမှာမဟုတ်ဘူး။ မြောက်ပိုင်းကနေ ဒီအထိရောက်အောင်လာရတာ ဘယ်လောက်ခက်ခဲတယ်မှတ်လဲ"

"အိုး၊ မင်းက လောင်ဟူ ရဲ့မိတ်ဆွေပဲ။"

နဂိုက ခက်ထန်နေသော အစ်ကိုကျုံးဆိုသူ​၏ မျက်နှာမှာ အနည်းငယ်ပြေလျော့သွားသည်။

"အိုင်းယား၊ စောစောကပြောရောပေါ့။ သေချာဂရုမစိုက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကြည့်စမ်း ဒီနှစ်ယောက်က အလုပ်ကိုဘယ်လိုလုပ်နေတာလဲ! ငါတို့ရဲ့ မိတ်ဟောင်းကို စိတ်ပျက်အောင်လုပ်တယ်ပေါ့!"

ခေါင်းနီကောင်မှာ ပါးရိုက်ခံလိုက်ရ​၏။

အနှီရိုက်ချက်ကား အမြင်အားဖြင့်အထင်ကြီးစရာကောင်းသော်လည်း တကယ်တမ်းတော့ မပြင်းထန်လှ။ ခေါင်းနီကောင်ကလည်း မလုံမလဲနှင့်ပြုံးတုံ့တုံ့လုပ်နေရုံသာဖြစ်ပြီး ယန်ရှယ်လည်း ပြဇာတ်ထဲလိုက်ကပေးလိုက်ပြီး နောက်ထပ်မရိုက်တော့ရန် တားမြစ်လိုက်​၏။

"အမှန်အတိုင်းပြောရရင် လောင်ဟူ က ငါ့ဆီကပစ္စည်းတွေယူနေတာ တော်တော်တောင်ကြာပြီ။ သူကလူကောင်းပါ။ နည်းနည်းလေးကံဆိုးသွားရုံပဲ။"

အစ်ကိုကျုံးက သက်ပြင်းချလိုက်သည်။

"အိုင်း....ဒီကာလမှာ အရောင်အဝယ်လုပ်ဖို့ ဘယ်လိုမှမလွယ်တော့ဘူး။ လုံခြုံရေးတွေစည်းမျဉ်းတွေလည်း ကြပ်လာတော့ ငါတို့ခြေလှမ်းတွေကိုအမြဲသတိထားနေရတယ်။ ဘရိုဝတုတ်လေးနဲ့ လောင်ဟူကြောင့်သာမဟုတ်ရင် မင်းလို မိတ်သစ် လက်ခံမှာမဟုတ်ဘူး။"

"ဒါပေါ့။"

ယန်ရှယ်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်​၏။

"ငါလည်းနားမလည်နိုင်ဘူး။ရဲတွေက ယွမ်တစ်သောင်းလောက်လေးနဲ့ သူတို့မိသားစုကိုထောက်ပံ့နေရတာတောင်မှ ငါတို့ကို ဒုက္ခပေးဖို့အချိန်ရှိသေးတယ်။ ငါအရက်တစ်ပုလင်းဝယ်တဲ့ပမာဏနဲ့တင် သူတို့လစာတစ်ဝက်လောက်ရှိနေပြီ။"

အစ်ကိုကျုံးက အားရပါးရရယ်သည်။ သူCCTVကမြင်တွေ့ခဲ့သည့်အတိုင်းပင် ဤကလေးသည် အမှန်ပင် ရိုးရှင်းလွန်းသူဖြစ်ပါ​၏။

နှစ်ယောက်သား စကားအနည်းငယ်ဖလှယ်ကြပြီး ယန်ရှယ်က သူ ဟူဝေရှိန်းဆီကနေပစ္စည်းတွေ ဘယ်မှာယူကြောင်း၊ ဈေးဘယ်လောက်ပေးရကြောင်း၊ အရည်အသွေးဘယ်လိုရှိကြောင်း အရွှန်းဖောက်နေ​သည်။ အစ်ကိုကျုံးက နားထောင်ရင်း စိတ်လှုပ်ရှားမှုကြောင့် လျှာသပ်လိုက်​၏။ သူကို ပို၍ ကျေနပ်အားရစေရသည့်အကြောင်းမှာ သူ့အရှေ့က ကလေးသည်  ဦးနှောက်လုံးဝမရှိခြင်းကြောင့်ပင်။ ထို့ကြောင့် သူက ဦးအောင် ကမ်းလှမ်းလိုက်သည်။

"မင်းက ငါ့မိတ်ဟောင်းကြီး လောင်ဟူနဲ့ နွယ်နေမှတော့ ငါအရှုံးခံပြီး မင်းကို ငါးရာခိုင်နှုန်း လျော့ဈေးနဲ့ပေးလိုက်မယ်။ ပစ္စည်းမသန့်မှာတော့စိတ်မပူနဲ့ ငါက လောင်ဟူရဲ့ဒိုင်ပါ၊ ငါ့ဆီကပစ္စည်းက သူ့ထက်ညံ့စရာအကြောင်းမရှိဘူး။"

အချိန်ကိုက်ပင် ကျန်းထင်က အာသမ်း၍ စိတ်မရှည်တော့ဟန် ဘုကြည့်ကြည့်လာသည်။

ကျန်းထင်သည် ဆေးစွဲနေသူအများအပြားနှင့် ရင်ဆိုင်ဖူးလေရာ သူတို့​၏အကျင့်စရိတ်နှင့်ထပ်တူကျအောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်​၏။ အတွင်းလူပင်ဖြစ်လင့်ကစား သူ​၏သရုပ်ဆောင်မှုတွင် မည်သည့်ဟာကွက်မျှ တွေ့ရမည်မဟုတ်။ အစ်ကိုကျုံးက တစ်ခုခုမေးမည်ပြုလိုက်သော်လည်း ကျန်းထင်​၏အမူအရာကိုမြင်သောအခါ ရယ်ရုံသာရယ်လိုက်တော့သည်။

"ကောင်းပါပြီ ကောင်းပါပြီ၊ ငါမင်းတို့ကို ပစ္စည်းအရင်ပြပါ့မယ်။"

ယန်ရှယ် အနည်းငယ် ပို၍ သတိရှိလာသည်။

သူက အစ်ကိုကျုံး လက်ထုတ်လိုက်သည်ကို သေချာကြည့်နေ​၏။ ခေါင်နီကောင်က ချက်ချင်းသဘောပေါက်သည်။ သူ​၏ အင်္ကျီအတွင်းအိတ်ကပ်ထဲမှ ဇစ်ပိတ်ထားသော ရေစိုခံအလင်းပိတ်အိတ်တစ်ခုထုတ်လာ​၏။ မမျှော်လင့်ဘဲ အထဲ၌ပါလာသည်မှာ ဆေးကပ်တစ်ကပ်ဖြစ်နေသည်။

__ဆေးတောင့်တွေလား?

​ဒီဆေးတွေက သေဆုံးသူဖုန်းယွီကွမ်းကို ဟူဝေရှိန်းရောင်းခဲ့တဲ့ ဆေးအတုဆိုတာတွေလား?

ယန်ရှယ်မှ ခဏတာအာစေးမိသွားရသည်။ သို့ရာတွင် ခေါင်းနီကောင်က ဆေးကပ်ကို ဖောက်လိုက်သည့်အချိန်တွင်တော့ အဖြူရောင်ဆေးတောင့်များဖြစ်နေ၏။ အနီရောင် Adderall မဟုတ်ချေ။

အစ်ကုံကျုံးက သတ္တုကပ်ကိုလက်မှာကိုင်လျက် ရယ်သွေး၍ ပြောလာသည်။

"ကြွားတာတော့မဟုတ်ပါဘူး။ ငါအရောင်းအဝယ်လုပ်ရင် အစစ်ပဲသုံးတယ်လေ။ ဒီမှာ စမ်းကြည့်၊ ငါအာမခံပါတယ်။"

ယန်ရှယ်က အစ်ကိုကျုံး ဆေးအဆင်သင့် ပြင်ပေးနေသည်ကိုကြည့်လျက် ဦးနှောက်ကိုလည်း အလျင်အမြန်အလုပ်ပေးလိုက်သည်။ သူက ရုတ်တရက်ပြောလိုက်​၏။

"နေဦး!"

အစ်ကိုကျုံး​၏ လှုပ်ရှားမှုများ ရပ်တန့်သွားရလေသည်။

တစ်ခန်းလုံး ငြိမ်သက်သွား​၏။ အပြင်ဘက်မှ ရော့ခ်ဂီတကို နံရံများက ကာဆီးထားသော်ငြား ပြင်းထန်လှသော စီးချက်သံများကိုတော့ လေထုငယ်ကသယ်ဆောင်လာသည်။ မျက်လုံးများစွာဟာ ယန်ရှယ်ကိုစိုက်ကြည့်နေ​၏။ ဝတုတ်လေး​၏ တုန်လှုပ်ခြင်း၊ ခေါင်းနီကောင်​၏ ရှုပ်တွေးခြင်းနှင့် အစ်ကိုကျုံး​၏ အတင်းချုပ်တည်းထားရသော စိတ်ရှုပ်ထွေးမှု သံသယတို့မှာ မျက်ဝန်းအသီးသီး၌ ထင်ဟပ်နေသည်။ စက္ကန့်အနည်းငယ်ဟာ နှစ်ပေါင်းများစွာပင် ကြာမြင့်သွားသကဲ့သို့.........

"........"

ယန်ရှယ်က အနောက်မှီ၍ ထိုင်လိုက်သည်။ တစ်မူထူးခြားသော အမူအရာနှင့် အာရုံစိုက်လျက်ပြောလိုက်​၏။

"အစ်ကိုကျုံး၊   အစ်ကိုလုံက သေချာမရှင်းပြဘူးထင်တယ်။ ငါ့အိမ်မှာ အဖြူတွေရှိသေးတာမလို့ ဒီနေ့ရရမရရ ကိစ္စမရှိဘူးလို့။ ငါအခုလာခဲ့တာက မင်းဆီမှာ ပစ္စည်းအသစ်ရှိတယ်ဆိုပြီး လောင်ဟူ ကပြောလို့။"

ဤသို့ မျက်နှာချင်းဆိုင်ရင်ဆိုင်တွေ့မှုက လှေကားရင်းက Brokeback Mountain အချစ်ဇာတ်လမ်းထက်ပို၍ သရုပ်ဆောင်ရန် ခက်ခဲပေသည်။

(T/N- Brokeback Mountain - ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲတဲ့ BL ဇာတ်ကားတစ်ကားပါ။)

တည့်တည့်မကြည့်ပါဘဲ အစ်ကိုကျုံး​၏ ခပ်စိုက်စိုက်မျက်ခွံအောက်မှ အကြည့်စူးစူးတို့ကို ယန်ရှယ်ခံစားနေရသည်။

အကြည့်တို့က သံသယနှင့် စူးရှနေကာ သူဌေးသားအရူးလေးကို တစ်လွှာချင်း အခွံနွှာနေ​၏။ သူ့ဦးနှောက်ကိုဖောက်ပြီး ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာကို တူးရှာနေသကဲ့သို့ပင်။

"ပစ္စည်းအသစ်"

အစ်ကိုကျုံးက ဖိပြောလိုက်သည်။ ထို့နောက် အပြုံးတစ်ခု​နှင့် မေးလာပြန်​၏။

"ပစ္စည်းအသစ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ?"

ယန်ရှယ် အတွေးထဲ၌ တစ်ခုတည်းသာရှိသည်။

"အပြာမှုန့်"

ပင်လယ်ပြင်​၏ စိတ်ဝိဉာဉ်တစ်ခုနှယ် ပြာလဲ့ကြည်လင်နေပါသော အနှီအပြာရောင်ဆေးမှုန့် ​၏တည်ရှိမှုမှာ ဟူဝေရှိန့်ကြောင့် ခေါင်မိုးထပ်တွင်  ဖော်ထုတ်မခံရခင် ကျန်းနင်လိုမြို့ကြီး​၏ မှောင်ခိုဈေးကွက်ကို ဖြည်းဖြည်းမှန်မှန်နှင့် တိတ်တဆိတ်လွှမ်းမိုးလာခြင်းဖြစ်​၏။

အနှီဆေး​၏ တည်ဆောက်ပုံဖော်မြူလာကို မည်သူမျှမသိသလို ဘယ်ကလာသည်မှန်းလည်း မည်သူမျှရေရေရာရာမသိချေ။ မူးယစ်ဆေးဝါတိုက်ဖျက်ရေးတပ်ဖွဲ့မှာ ကြီးစွာသောဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရပြီး မည်သို့မျှမတတ်နိုင်ဘဲရှိ​၏။

အဆိုပါဆေးအကြောင်းနားလည်နိုင်မည့် လူက ယခုဤအခန်းထဲ၌ ရှိနေသည်။

ယန်ရှယ်​၏ နှလုံးအိမ်မှာ သိမ့်ခနဲတုန်လှုပ်သွားရ​၏။ သူအကြည့်ကိုအောက်စိုက်လိုက်သည့်အခါ ကျန်းထင်​၏ မျက်ဝန်းတို့နှင့် ဆုံတွေ့သွားရတော့သည်။

ကျန်းထင်က သူ့ကို မသိမသာ ခေါင်းရမ်းပြလာသည်။

"......."

ယန်ရှယ်က ပြန်မော့ကြည့်၍ ပြုံးလိုက်ချေ​၏။

"ကဲပါလေ၊ ငါတို့ဒီလောက်တောင် အပေါက်အလမ်းတည့်နေမှတော့ ငါဝေ့ဝိုက်မနေတော့ဘူး။"

ဆေးရောင်းသူမူးယစ်ရာဇာက သူ့ကို သေချာကြည့်လာ​သည်။

"အနီရောင်လေးလေ။ စာမေးပွဲကောင်းကောင်းဖြေနိုင်တယ်ဆိုပြီးရောင်းတဲ့ဆေး။ လောင်ဟူက ငါ့ကိုခဏခဏ ညွှန်းနေတာ။"

ယန်ရှယ်က နှာခေါင်းကိုပွတ်ရင် ရယ်သံသဲ့သဲ့နှင့်ပြော​၏။

"ငါသောက်မလို့မဟုတ်ပါဘူး။ လောင်ဟူပြောတာတော့ သူ့ဆေးက ကျောင်းသူလေးတွေကို လက်ဆောင်ပေးလို့ကောင်းတယ်ဆိုလား..."

သူ့စကားဆုံးသာသည်နှင့် အစ်ကိုကျုံးက နှာမှုတ်လိုက်​၏။

တဖြည်းဖြည်းနှင့် မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရ ရယ်သံကြီးထွက်ပေါ်လာတော့သည်။

"ငါသိနေတယ်။ အဲ့ဒီ လောင်ဟူ ကတော့။ ဟားဟားဟား......."

လက်အောက်ခံလေးနှစ်ယောက်ကလည်း သူနှင့်အတူ လိုက်ရယ်သည်။ နဖူးတွင် ချွေးရွှဲနေသော ဝတုတ်လေးကတော့ အခြေအနေကိုနားမလည်နိုင်ဖြစ်နေ​၏။ သို့ဖြစ်ရာ ဘာလုပ်ရမှန်းမသိသဖြင့် သူလည်း မျက်နှာသေကြီးနှင့် အရူးတစ်ယောက်လို လိုက်ရယ်သည်။ ချက်ချင်းပင် တစ်ခန်းလုံး ပျော်ရွှင်ခြင်းလေထု​၏ လက်ဆက်မှုကြောင့် စိတ်သက်သာရာရသွားကြသည်။ အစ်ကိုကျုံးက သူ့ပေါင်ကို တဖြန်းဖြန်းရိုက်ရင်း ရယ်နေ​၏။

"ဒါပေါ့၊ ဒါပေါ့၊ ငါ့မှာအဲ့ဒါရှိတာပေါ့ ဟားဟားဟားဟား... လောင်ဟူကတော့တယ်ပါပဲ၊ ဉာဏ်ကောင်းလိုက်တာ...."

ယန်ရှယ်ကလည်း သူနှင့်လိုက်ရယ်ရင်း ခန္ဓာကိုယ်တွင်းမှ 'ဒုတ်' ဟူသောအသံပြန်ကြားလိုက်ရသည်။

နှလုံးသားလေး ပြန်ကျသွားချေပြီ။

"ဘရိုက ဘယ်ရောညာရောအလှလေးတွေနဲ့ နှစ်ဖက်ချွန်လေးပဲ။"

အစ်ကိုကျုံးက ယန်ရှယ်ကိုမှေးကြည့်လျက် ရွှံ့နောက်နောက်ပြောလိုက်​၏။

"ကောင်းပြီလေ။ မင်းကဒီလောက်ရည်မှန်းချက်ကြီးမှတော့ လောင်ဟူက မင်းကိုအကုန်ပြောပြထားတာမဆန်းတော့ပါဘူး ဟားဟားဟား....."

ယန်ရှယ်သိပါသည်။ အနှီမူးယစ်ရာဇာ​၏ မျက်လုံးထဲ၌ မိမိကို ကျား၊ မ မရွေး ဘာလာလာဒေါင်းသည့် အထန်ကိုယ်တော်အဖြစ်မြင်နေပေလိမ့်မည်။ သူက နှုတ်ခမ်းထောင့်တို့ ကော့တက်စေလျက် ခြောက်ကပ်ကပ်ရယ်လိုက်ချေသည်။

"ဒါပေါ့၊ ဒါပေါ့၊ ဘဝမှာ ကိုယ်စိတ်ချမ်းသာဖို့ကအဓိကမလား"

အစ်ကိုကျုံးက စားပွဲနားထိရောက်လာပြီး ယန်ရှယ်ပုခုံးကိုပုတ်၍ လက်မထောင်ပြလိုက်​၏။

"ဈေးအတွက်ကတော့ကိစ္စမရှိဘူး။"

ယန်ရှယ်က သူ့ရှေ့က ပိုက်ဆံထုပ်ကို ပုတ်ပြလိုက်သည်။

"ဒါနဲ့မလောက်ရင်တောင် အောက်က ငါ့ကားနောက်ခန်းထဲမှာ ပါသေးတယ်။"

မထင်မှတ်ထားဘဲ သူ့ကိုတားလိုက်သည်မှာ အစ်ကိုကျုံးဖြစ်နေသည်။

"မလောပါနဲ့၊ မလောပါနဲ့။ ငါတို့ဒီတစ်ခုကို အရင်မစမ်းကြည့်ရသေးဘူးလေ။"

ယန်ရှယ်  အနည်းငယ် တောင့်တင်းသွား​၏။

"မင်းက လောင်ဟူဆီက အဖြူဝယ်နေကျလို့ပြောတယ်နော်။ ဒါပေမဲ့ လောင်ဟူရဲ့ပစ္စည်းက ငါ့ဟာလောက်မကောင်းဘူး။ ပြီးတော့ ပစ္စည်းအသစ်ကိုရဖို့အရမ်းမလောပါနဲ့။ ငါ့ဒီပစ္စည်းကိုအရင်စမ်းကြည့်ပြီးမှပဲ ဆက်ပြောကြတာပေါ့။ မဟုတ်ရင် ဘယ်သူမဆို ဒီတံခါးကိုဖြတ်ပြီး ဝင်လာတော့မှာပေါ့။ အဲ့လိုဆို ငါ့မှာ ပစ္စည်းတွေဘယ်လောက်ပဲရှိရှိ ရောင်းမလောက်ဘဲဖြစ်သွားတော့မှာ။"

အစ်ကိုကျုံး​၏စကားမှာ ပါးနပ်လှသော်လည်း အမူအရာကတော့ စိတ်မရှည်တော့သည့်အသွင်ဆောင်နေသည်။ သူက ခေါင်းနီကောင် လက်ထဲမှ ဆေးတောင့်ကိုယူ၍ ခဲပတ်ပေါ်တင်ကာ ပြုံးလျက်ပင် ယန်ရှယ်အားပေးလိုက်​၏။

(T/N- ခဲပတ်ဆိုပေမဲ့ tinfoil မလို့သံဖြူပြားပါ။ ဒီဘက်မှာ ခဲပတ်လို့ခေါ်တာမလို့ ခဲပတ်လို့ပြန်လိုက်တာပါ)

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိများ လျှို့ဝှက်မစ်ရှင် ဆောင်ရွက်ကြရာတွင် အားပိုစိုက်၊ သတိပိုထားရပြီး အလွန်အမင်း နိုးနိုးကြားကြားနေကြရသည့်အပြင် အထူးစိန်ခေါ်မှုတစ်ရပ်ကိုလည်း ရင်ဆိုင်ရလေ့ရှိသည်။ ဆေးသုံးပြရခြင်းပင်။

သို့မဟုတ် ဟန်ဆောင် ဆေးသုံးပြရခြင်း။

ယန်ရှယ်သည် ခဲပတ်ပေါ်မှ ဆေးနှစ်တောင့်ကိုကြည့်ရင်း ခေါင်းထဲ အတွေးများစွာ ပြေးလွှားနေသည်။ နှစ်စဉ် လျှို့ဝှက်ထောက်လှမ်းရေးရဲအရာရှိများစွာ ဆေးစွဲပြီး ဘဝပျက်သွားဖူးသည်။ မူးယစ်ရာဇာများ​၏ ဖျက်ဆီးခြင်းခံရသော အစိုးရဝန်ထမ်းများ​၏ အပြစ်ကြေညာချက်များ လူမှုကွန်ယက်ပေါ်တွင်တွေ့ခဲ့ရဖူးသည်။ တစ်ခေါက် သူကျောင်းသားဘဝက အရာရှိသင်တန်း​​၏ အစီအစဉ်နှင့် ပြန်လည်ထူထောင်ရေးဌာနကိုသွားစဉ် တိုက်ပိတ်ခံထားရသည့်မသေမရှင် စုတ်စုတ်ပြတ်ပြတ် လူအိုကြီးကို ပြန်မြင်ယောင်မိသည်။ အနှီလူအိုကြီးသည် ဒူးခေါင်းနှစ်ဖက်ကို ဖက်တွယ်လျက် ခေါင်းလုံးဝမဖော်ချေ။ တာဝန်ရှိသူတစ်ဦး​၏ ပြောကြားချက်အရ ထိုလူအိုကြီးမှာ တစ်ချိန်က ဆုတံဆိပ်များစွာ ပိုင်ဆိုင်ခဲ့ဖူးသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိဟောင်းတစ်ယောက်ပင် ဖြစ်လေတော့သည်။

ယန်ရှယ်​၏ အမူအရာမှာတည်ငြိမ်နေပြီး မိမိ​၏ တုန်လှုပ်မှုတို့ကို တစ်စက်ကလေးမျှ ထုတ်ဖော်ပြသခြင်းမရှိ။

"အစ်ကိုကျုံးရဲ့ ပစ္စည်းတွေက သန့်ပြီးသားပဲဟာ၊ စမ်းကြည့်စရာလိုသေးလို့လား?"

ယန်ရှယ်က ခဲပတ်ပြားကို လက်ခံလိုက်ပြီး ပြုံးလိုက်​၏။

"ကောင်းပြီလေ မင်းကဒီလောက်တောင် အပြင်းအထန်တောင်းဆိုနေမှတော့...."

ရုတ်တရက် အေးစက်နေသော လက်တစ်ဖက်က သူ့အားလှမ်းဆွဲလာသည်။

ကျန်းထင်က ယန်ရှယ်​၏ ရင်ခွင်ထဲမှ ခေါင်လေးထွက်၍ ကြည့်လိုက်သည်။ သူသည် ဒယီးဒယိုင်နှင့် နုံးချည့်နေပုံပေါ်သည်။

မျက်ဝန်းများက မတည်မငြိမ်ဖြစ်နေပြီး အလင်းရောင်နွေးနွေးအောက်တွင် ရွှန်းစိုနေပြန်ပါ​၏။ မျက်ခုံးတို့တွန့်ချိုးနေပုံက အပျော်အပါးကြောင့်ပျက်စီးနေသော ပန်းပွင့်လေးနှယ် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေသည်။ သူ​၏ အပြုအမူတို့မှာ ငြင်သာလွန်းလှပါသည့်တိုင် သူတို့အားလုံး ငြင်းဆန်နိုင်စွမ်းရှိခဲ့ချေ။ ကျန်းထင်က ယန်ရှယ်ထံမှ ခဲပတ်ကို ယူလိုက်ပြီး ရှည်သွယ်သွယ်လက်ချောင်းလေးများဖြင့် ဆေးတောင့်ကိုခွာ၍ အမှုန့်ကိုထုတ်လိုက်​၏။ ပတ်ပတ်လည်မှ အကြည့်များကို လျစ်လျူရှုလျက် ခဲပတ်ကိုလိတ်ကာ သူ့နှာခေါင်းပေါက်ရှေ့၌ တေ့လိုက်လေသည်။ ထို့နောက် နှာခေါင်းနောက်တစ်ဖက်ကို လက်တစ်ချောင်းဖြင့် ဖိ၍ ဆေးမှုန့်တို့အား ရှူရှိုက်လိုက်ချေ​၏။

ဤအခြင်းအရာအားလုံးမှာ ယန်ရှယ်မျက်လုံးရှေ့၌ ဖြစ်ပျက်သွားခြင်းပေတည်း။ သူ​၏ မျက်စံတို့သည်ကား အပ်ထိပ်ဖျားအရွယ်လောက်ထိ ကျုံ့သွားလေသည်။

"......."

ကျန်းထင်ကတော့ အေးအေးဆေးဆေးပင် ခဲပတ်အလွတ်ကို အစ်ကိုကျုံးထံပစ်ပေးကာ ယန်ရှယ်ကိုယ်ပေါ် တစ်ကိုယ်လုံး မှီကျသွားတော့သည်။

သူတကယ်ရှူလိုက်တာလား?!

ဘာတွေဖြစ်နေတာလဲ?!

သူတို့ဘာလုပ်သင့်လဲ?!

ဤသည်ကား ယန်ရှယ်​၏ ဘဝတွင် ထိတ်လန့်စရာအကောင်းဆုံးသော ဆယ်စက္ကန့် ဖြစ်ပါ​၏။ သူ့မျက်နှာ ကြွက်သားတို့ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲ ကြောက်ရွံ့ထိတ်လန့်ခြင်း ဟူသော အမူအရာပေါ်ထွက်လာပေ​၏။

ဟုတ်ပါသည်။ ကြောက်ရွံ့ထိတ်လန့်ခြင်းပင်။

ရဲအရာရှိအဖြစ်နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးနောက် မူးယစ်ရာဇာများစွာကို ဖမ်းမိလာလေလေ မူးယစ်ဆေးအကြောင်း ပိုနားလည်လာလေလေဖြစ်ပြီး ပို၍ပင် ကြောက်ရွံ့တုန်လှုပ်လာရပေသည်။ သူ​​၏မူးယစ်ဆေးအပေါ် ထိတ်လန့်မှုအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိစစ်စစ်တစ်ယောက်ဖြစ်သူ ကျန်းထင်​၏ မူးယစ်ဆေးအပေါ်နားလည်နိုင်စွမ်းက သူ့ထက် သာလွန်မည်ကို သိနေသဖြင့် သူအနှီဆေးတို့အား အဆုံးအစွန်ထိ သူရဲဘောကြောင်စွာ ငြင်းဆန်နေမိသည်။

နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော အတော်ဆုံးအရာ ရှိတစ်ဦးအနေနှင့် မူးယစ်ဆေးတည်းဟူသော မကောင်းဆိုးဝါးက သယ်ဆောင်လာသော အကြောက်တရားကို ခြေမှုန်းရန်ခက်ခဲလှကြောင်း သိပေလိမ့်မည်။ သို့ရာတွင် အဆိုပါ မကောင်းဆိုးဝါးကိုဘေးချိတ်ထားသည့်အလား ကြောက်ရွံ့ခြင်း အလျင်းမရှိပေ။

သို့သော်လည်း ဤအကြောက်တရားကပင် သူတို့ကို အမှောင်လမ်းကိုလျှောက်လှမ်းစဉ် အသူရာချောက်နက်ထဲသို့ ပြုတ်ကျသွားမည့်အရေးမှ ကယ်တင်ပေးခဲ့ခြင်းဖြစ်​၏။

"........."

ယန်ရှယ်​၏ နှုတ်ခမ်းပါးတို့မသိမသာ လှုပ်ရှားသွားသည်။

အစ်ကိုကျုံးက ရွှင်ပျစွာနှင့် စကားတစ်ချို့ပြောနေသည်။ နောက်ပြောင်ကာ အရွှန်းဖောက်နေသည်ထင်ပါ​၏။ ထို့အပြင် ကြွားလုံးကလည်း မသေးလှ။ ဝတုတ်လေးသည်လည်း ကြိုးစားပမ်းစားနှင့် မူးယစ်ရာဇာကို အာရုံလွှဲနေရှာသည်။

သို့ရာတွင် ထိုစကားသံများက ယန်ရှယ်အဖို့ ပိုမိုပီပြင်လာသယောင်ပင်။

"ဟင်း......"

ကျန်းထင်က ရုတ်ချည်းပါးစပ်ပိတ်၍ ထထိုင်ကာ ငြီးတွားလိုက်လေသည်။

"ပူတယ်"

အစ်ကိုကျုံးကရယ်သည်။

"ပစ္စည်းကောင်းဆိုတာ အဲ့လိုပဲ။ လောင်ဟူ ရောင်းတဲ့ဟာနဲ့ ကွာတယ်မလား? ခဏနေရင် ပျောက်သွားလိမ့်မယ်။ လာဘရို၊ ဆေးလိပ်လာသောက်။ သူ့ကိုကူပြီး ပြင်ဆင်......"

ယန်ရှယ်က ခါးကိုကိုင်းလျက် ကျန်းထင်အားဆွေ့ခနဲ ကောက်ပွေ့လိုက်​၏။ သူက အစ်ကျုံးကမ်းသော ဆေးလိပ်ကိုလှမ်းယူကာ နားကြားထဲညှပ်၍ အပြုံးတစ်ပွင့်နှင့် ဆိုလိုက်လေသည်။

"ဒါပေါ့၊ ငါအိမ်သာကိုခေါ်သွားတော့မယ်။"

ထို့နောက် သူကဝတုတ်လေးအား အကြည့်တစ်ချက်ပေးလိုက်သည်။ လူရမ်းကားတို့​၏ ရယ်မောသံတို့ကိုချန်ထားကာ တွဲလျက်အိမ်သာခန်းထဲ ဝင်၍ တံခါးပိတ်လိုက်​၏။

ဘန်း!

ယန်ရှယ်မရပ်တန့်ခဲ့ချေ။ သူက ရေပိုက်ကိုဖွင့်၍ အိမ်သာရေဆွဲချလိုက်​သည်။ ဤအသံနှစ်ခု​၏လွှမ်းမိုးမှုကိုအကာအကွယ်ယူလျက် ကျန်းထင်အားနံရံနှင့် ဖိကပ်လိုက်ချေသည်။

"မင်းရူးနေလား?!"

သို့ပေသော်ငြား ကျန်းထင်ကတော့ အေးအေးဆေးဆေးပင်။

သူကလက်ဖဝါးဖြန့်ပြလာ​၏။

"စိတ်လျှော့"

ယန်ရှယ်ငုံ့ကြည့်လိုက်သည်။

ကျန်းထင် နှာခေါင်းတစ်ဖက်ပိတ်ရာတွင် အသုံးပြုခဲ့သော ဘယ်ဘက်လက်၏ ခဲပတ်နှင့်အနီးဆုံးကပ်နေခဲ့သည့်လက်ဖဝါးနေရာတွင် အဖြူရောင်အမှုန့်များရှိလေ​၏။ ဆေး!

ယန်ရှယ်သည် ကျန်းထင်အား တင်းတင်းဆုပ်ထားရာမှ လွှတ်ပေးလိုက်လေ​၏။ ထို့နောက် သူ့ခမျာ ပြိုလဲသွားတော့သည်။ သူကကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ခေါင်းကိုကိုင်လျက် ဖြည်းဖြည်းချင်းအသက်ရှူထုတ်နေရသည်။

ကျန်းထင်  :  ".........."

ကျန်းထင်လည်း သူဘာဖြစ်သွားမှန်းသေချာမသိလေသဖြင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် အောက်ကို ကိုင်းကာ ယန်ရှယ်အား တွန်း၍ မေးလိုက်လေသည်။

"မင်းအဆင်ပြေရဲ့လား?"

"မပြေဘူး"

ယန်ရှယ်မော့ကြည့်လာသည်။ ဉာဏ်ကြီးရှင် တစ်ယောက်ကဲ့သို့ အမူအရာကင်းမဲ့လို့နေပြီး ပင့်သက်ရှိုက်ကာပြောလာလေသည်။

"မင်းပေးတဲ့ ထိတ်လန့်မှုက ငါ့ကိုပျော့ခွေသွားစေတယ်။"

ကျန်းထင် မျက်ခုံးတို့တွန့်ချိုးသွား​၏။

"ငါ.......တောင်းပန်ပါတယ်။"

"ဟိုလို ပျော့တာကိုပြောတာမဟုတ်ဘူး။ တစ်ကိုယ်လုံးပျော့ခွေသွားတာကိုပြောတာ။ ဟိုဟာ မမာနိုင်တော့တာကိုပြောတာမဟုတ်ဘူး..... ချီးပဲ၊ ဘာတွေပြောနေမိလဲ မသိတော့ဘူး"

ယန်ရှယ်မှာ ရှင်းလေရှုပ်လေဖြစ်နေသဖြင့် ရပ်လိုက်ရတော့သည်။ အရှက်မရှိသည့်စကားများတတွတ်တွတ်ရွတ်ပြီးနောက်မှ တဖြည်းဖြည်းတည်ငြိမ်လာ​၏။

"အချိန်မရှိတော့ဘူး။ ဒီကနေမြန်မြန်ထွက်သွားရမယ်။ ဆန်းချွန်း လမ်းဆုံး ကလပ်နောက်ဖေးတံခါးမှာ 'တစ်'သုံးလုံးနဲ့ Grand Cherokee တစ်စီးရှိတယ်။ ရဲတွေကိုအဲ့ဒီကိုလာခဲ့ဖို့ဖုန်းဆက်ခေါ်လိုက်။ ဒါမှမဟုတ်လည်း ဖုန်းဆက်ခန်းတစ်ခုကိုရှာပြီး ခေါ်လိုက်။ ငါသူတို့ကိုအချိန်ဆွဲထားမယ်။ အပြာရောင်အမှုန့်ကို သေချာပေါက်ရမှဖြစ်မှာ။ အဖွဲ့ကို ငါးမိနစ်အတွင်းအသင့်ပြင်ခိုင်းထားလိုက်။ ရောက်ရင်တံခါးကိုတွန်းဖွင့်လိုက်။ မှတ်ထားနော်။ မင်းအချိန်မှီရောက်လာမှဖြစ်မယ်။"

အိမ်သာမှာ အဆောက်အဦးထောင့်၌တည်ရှိပြီး ပြတင်းတံခါးတစ်ခုရှိလေသည်။ ပြတင်းပေါက်သည် ကျန်းထင်ကဲ့သို့ ပိန်ပိန်ပါးပါးလူတစ်ယောက် တိုးထွက်နိုင်သည့်အကျယ်ရှိပြီး ဒုတိယထပ်မှခုန်ချလိုက်လျှင် ကလပ်အနောက်ဖက် အမှိုက်ပုံးများပေါ် ပြုတ်ကျသွားမည်ဖြစ်​၏။

ယန်ရှယ်က လက်ဖဝါးကို တံတွေးဆွတ်လိုက်သည်။ ပြတင်းပေါက်မှန်ကို ဖယ်မည့်ဆဲဆဲ၌ ကျန်းထင်ကလှမ်းဆွဲလာ​၏။

"ဘာလဲ?"

"........"

ကျန်းထင်သည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိ​၏။ ယန်ရှယ်က အချိန်မဆွဲဖို့ပြောရန် လှည့်လိုက်​သည်။

"ဒုခေါင်းဆောင်ယန်"

ကျန်းထင်က စကားတစ်လုံးချင်းစီကို တွေးဆလျက်ပြောလာသည်။

"ငါမင်းကိုပြောစရာရှိတယ်။"

ယန်ရှယ်  :  "?"

"မင်းတို့မစ်ရှင်ရဲ့ အဓိကပစ္စည်းဖြစ်တဲ့ အဲ့ဒီအပြာနုရောင်ပစ္စည်းအသစ်က ဒီမှာ........"

ကျန်းထင်စကားမဆုံးခင် တစ်စုံတစ်ယောက်က အပြင်ဘက်မှ ကျယ်လောင်စွာတံခါးခေါက်လာ​၏။

အခန်းတံခါးမှာ တစ်စုံတစ်ယောက်​၏ ကန်ချက်ကြောင့် ပွင့်သွားပြီး ပြင်းအားကြောင့် ဖွင့်လိုက်ပိတ်လိုက်ယိမ်းနေ​သည်။ ခြေသံများစွာ အခန်းထဲဝင်လာ​၏။ အစ်ကိုကျုံးအသံမထွက်နိုင်ခင်မှာပင် တစ်စုံတစ်ဦးက လက်ဦးမှုယူလိုက်​လေသည်။ အိမ်သာထဲပုန်းနေသော ယန်ရှယ်နှင့် ကျန်းထင်သည်လည်း ခက်ထန်လှသော အသံတစ်သံကိုကြားလိုက်ရ​၏။

"မလှုပ်နဲ့။ ငါတို့ကရဲတွေပဲ!"

ယန်ရှယ်နှင့်ကျန်းထင် တစ်ယောက်ကိုတစ်ယောက်ကြည့်မိသွားကြသည်။

".....လောင်ချင်လား?"

ယန်ရှယ်က မသေချာမရေရာဖြစ်နေသည်။

"မဟုတ်ဘူး။လောင်ချင်မဟုတ်ဘူး။"

ကျန်းထင်က စကားတစ်ခွန်းမှမပြော။ သူက ချက်ချင်းပင် ပြတင်းပေါက်မှန်ကိုဖယ်ရန် ရှေ့တိုးလိုက်​၏။

သို့ရာတွင် အပြင်မှ ထပ်ကြားလိုက်ရသောစကားကြောင့် ငယ်ထိပ်တည့်တည့်မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့။

"__ရိဟယ်ရဲစခန်းကပါ။ ဒီမှာ လိင်တူဆက်ဆံတဲ့ပြည့်တန်ဆာတွေရှိတယ်လို့သတင်းပို့လာလို့ပါ။ အားလုံး မတ်တတ်ရပ်! လက်ကိုနောက်ပစ်ပြီး ဆောင့်ကြောင့်ထိုင်! IDနဲ့ ဝင်ခွင့်ကဒ်တွေ ထုတ်ထား!"

ဘန်းဘန်းဘန်း! ဘန်းဘန်းဘန်း!

"အထဲမှာဘယ်သူလဲ? ထွက်ခဲ့!"

ရဲသားကြီးက အိမ်သာတံခါးကိုတဒုန်းဒုန်းထုလာရာ ယန်ရှယ်နှင့် ကျန်းထင်က တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်လိုက်ကြ​၏။

"မြန်မြန် ထွက်လာစမ်း! မဟုတ်ရင် ငါကန်ဖွင့်ပြီးဝင်လာတော့မှာ!"

-------------------------------------------------
(T/N
The way Yan Xie worries Ting Ting🥺)

This is Brokeback Mountain 👇🏻

Continue Reading

You'll Also Like

320K 41K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
377K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
115K 11.9K 200
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...