<ဂိုဏ်းကအစ်ကို့အတွက်တကယ်ပဲကောင်းရဲ့လား? >
အဲ့ဒီကလေးအမှန်တကယ်ကိုရှက်နေမှန်းသတိမပြုမိခင်မှာတင်ဝမ်ရွှမ်တုံ့ဆိုင်းသွားခဲ့ရ
သည်။သူ၏အပြုအမူမှာအတွေးတိမ်လွန်း
သည်ဟုရောင်ပြန်ဟပ်လာသလိုခံစားလိုက်
ရပြီးစကားစပြောရန်ကြိုးစားလိုက်၏။
"မင်းဒီတိုင်းနေချင်တဲ့ဆန္ဒမရှိဘူးဆိုရင်ငါမင်း
ကိုအောက်ပြန်ချပေးမယ်လေ"
"မဟုတ်ပါဘူး...မလိုဘူး!"
အဆုံးသတ်တွင်တော့ပြာပြာသလဲဖြစ်သွား
သူကကျန်းရီသာဖြစ်ခဲ့သည်။
"ကျွန်တော်ဆန္ဒမရှိတာမဟုတ်ပါဘူး..."
ထိုစကားအပြီးတွင်တော့ကျန်းရီ၏မျက်နှာမှာပို၍ပင်နီရဲတက်လာခဲ့တော့သည်။
ဝမ်ရွှမ်လည်းအကူအညီမဲ့စွာခေါင်းခါယမ်း
လျက်ကျန်းရီကိုပွေ့ချီခြင်းသာလမ်းဆက်
လျှောက်ခဲ့လိုက်၏။
အစပိုင်းတွင်ကျန်းရီ၏ခန္ဓာကိုယ်မှာအတော်
လေးတောင့်တင်းနေခဲ့ပြီးပုံမှန်အတိုင်းသက်
သာရာရလာစေရန်တော့အချိန်အနည်းငယ်
ယူခဲ့ရ၏။မျက်လွှာချလိုက်ရင်းသန့်ရှင်းနေ
ပြီးဖြစ်သောဖြူဖျော့ဖျော့လက်ငါးချောင်း
ကိုကြည့်ပြီးဆုပ်ကိုင်ထားလိုက်သည်။ထို့
နောက်လက်ကိုမြှောက်လိုက်ပြီးလက်ချောင်း
ထိပ်လေးများအားအသာအယာတို့ထိလိုက်
သည်။
ဝမ်ရွှမ့်အားမော့ကြည့်မိရာရလဒ်အနေဖြင့်သူ
၏အပြုအမူများကိုစိတ်ထဲနည်းနည်းလေးမှ
မရှိသလိုမသိချင်ယောင်ဆောင်နေ၏။
သို့ရာတွင်ကျန်းရီလည်းပို၍ရဲတင်းရန်မဝံ့ရဲ
တော့ဘဲတိတ်ဆိတ်စွာဖြင့်လက်နှစ်ဖက်ကို
ယှက်လျက်ဝမ်းဗိုက်ပေါ်တင်ထားလိုက်လေ
သည်။
သူတို့နှစ်ဦးရှေ့ဆက်လျှောက်လေလေဥမင်
အတွင်းပိုင်းမှာပိုမှောင်လေလေဖြစ်လာ၏။
တစ်ဖက်လူ၏အမူအယာကိုခွဲခြားရန်ပင်ခက်
ခဲလာပြီးသူတို့နှစ်ဦး၏အသက်ရှုသံကိုသာ
ကြားနိုင်တော့သည်။
"ဆရာတူအစ်ကို...အစ်ကိုသိလား?"
ကျန်းရီကရုတ်တရက်စကားပြောလာခဲ့၏။
"အစ်ကို့ရဲ့ဇာတ်ကြောင်း....ကျွန်တော်ငယ်
ငယ်လေးထဲကအဲ့တာကိုဖတ်ခဲ့ပြီးပြီ"
ဝမ်ရွှမ့်ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်။
အံ့အားသင့်သွားပြီးသူတို့နှစ်ဦး၏အသက်
များကိုတိတ်တဆိတ်တွက်ချက်လိုက်မိရာ
၎င်းသည်အတော်လေးကိုက်ညီနေခဲ့သည်။
ကျန်းရီမွေးဖွားလာသောအချိန်၌ဝမ်ရွှမ်မှာ
အခြေခံတည်ထောင်ခြင်းအဆင့်၏အထွဋ်
အထိပ်သို့ရောက်ရှိနေခဲ့ပြီးစိတ်အားထက်
သန်မှုနှင့်စွမ်းအင်အမြင့်ဆုံးကာလဖြစ်နေခဲ့
သည်။
"အစ်ကို့ရဲ့ဇာတ်ကြောင်းကိုဖတ်ရင်းကျွန်တော်ကြီးပြင်းလာခဲ့တာ "
ကျန်းရီသည်အလွန်အမင်းလေးနက်စွာထပ်
ပြောလာ၏။
သူကသစ္စာရှိတဲ့သဘောကျသူမျိုးလား?
ဝမ်ရွှမ်အလိုလိုရယ်မိသွားခဲ့ရသည်။ရယ်ပြီး
နောက်သက်ပြင်းချလိုက်ကာ
"ဒါဆိုရင်တော့လဲအဲ့ဒီလိုပဲပေါ့.."
ကျန်းရီသာအမှန်တကယ်သစ္စာရှိရှိသဘော
ကျခဲ့ပြီးဝမ်ရွှမ့်အကြောင်းအထင်ကြီးစရာ
ဇာတ်ကြောင်းတွေကိုဖတ်ရင်းကြီးပြင်းလာခဲ့
ရင်တစ်နှစ်ထက်တစ်နှစ်ပိုဆိုးရွားလာပြီးဒီနေ့
လိုအခြေအနေထိပြုတ်ကျခဲ့တဲ့အကြောင်း
တွေလဲဖတ်ခဲ့ရမှာပဲ။အဲ့တာကြောင့်ကျန်းရီရဲ့
အပြုအမူတွေနဲ့လှုပ်ရှားမှုတွေကဘာကြောင့်
လဲဆိုတာရှင်းလင်းပါတယ်...
ဤအကြောင်းအားတွေးကြည့်ယုံဖြင့်ပင်
ဝမ်ရွှမ်မနေနိုင်တော့ဘဲညင်သာသောလေသံ
ဖြင့်သာမေးလိုက်၏။
"မင်းငါ့ကိုကောင်းကောင်းမွန်မွန်ဂရုစိုက်ချင်လို့ပါဆိုတာကအဲ့တာကြောင့်မို့လား?"
"ဟုတ်တယ် "
ကျန်းရီကပြန်ဖြေပြီးဝမ်ရွှမ့်၏ပြောင်းလဲသွား
သောစိတ်နေစိတ်ထားကိုလည်းဂရုတစိုက်
ကြည့်နေခဲ့ကာပျော်ရွှင်ဝမ်းမြောက်စွာဖြင့်
စကားဆိုလာ၏။
"အစ်ကို အခုကျွန်တော့်ကိုယုံချင်နေပြီမဟုတ်
လား?"
ဤစကားများအားကြားလိုက်ရသောအခါ
ဝမ်ရွှမ်မလွှဲသာမရှောင်သာပင်တိတ်ဆိတ်
သွားခဲ့ရသည်။ဤတိတ်ဆိတ်မှုကမည်သို့ပြန်
ဖြေရန်မသိခြင်းကြောင့်သာမဟုတ်ဘဲယုတ္ထိ
မရှိသောယခင်ကသံသယလွန်ကဲခဲ့ခြင်းများ
အကြောင်းပါပုံရိပ်ပြန်ထင်ဟပ်လာသော
ကြောင့်ဖြစ်၏။
ဒီဆရာတူညီလေးကမယုံနိုင်စရာကောင်း
လောက်အောင်ကိုတော်တဲ့ကလေးပါ။အခုသူ့
ရဲ့စကားတွေနဲ့လုပ်ဆောင်ချက်တွေကိုရှင်းပြ
နိုင်ရင်တောင်သူ့နှလုံးသားထဲမှာမရှင်းပြနိုင်
လောက်အောင်ဖုံးကွယ်ထားတဲ့ရှုထောင့်တွေ
ရှိမရှိဆိုတာဘယ်သူကများသိနိုင်မှာလဲ?
ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာရှိနေတဲ့
ကျင့်ကြံသူတစ်ယောက်မှာကိုယ်ပိုင်လျှို့ဝှက်ချက်တစ်ခု၊နှစ်ခုလောက်တော့မရှိဘဲနေပါ့မလား?
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရီကအခုထိသူ့အပေါ်မကောင်းတဲ့ရည်ရွယ်ချက်မျိုးတွေမရှိခဲ့ဘူး။ဝမ်ရွှမ့်ကိုထိခိုက်စေမယ့်အရာမျိုးလဲတစ်ခုမှမလုပ်ဖူးဘူး။ဆန့်ကျင်ဘက်အနေနဲ့သူကဝမ်ရွှမ့်ကိုတောင်အလုံးစုံကူညီခဲ့တဲ့အပြင်လိုအပ်
ချက်တွေကိုတောင်ဂရုတစိုက်ထည့်စဥ်းစားပေးခဲ့သေးတယ်။အဲ့ဒီလိုလုပ်ပေးခဲ့တာတွေ
အပြင်ဝမ်ရွှမ့်ဘေးမှာအခုလက်ရှိလှည့်ပတ်နေတဲ့မှိတ်တုတ်မှိတ်တုတ်အလင်းလုံးလေး
ကိုလည်းသူ့အသက်နဲ့အလဲအထပ်လုပ်ပြီး
ဝမ်ရွှမ်ပိုင်ဆိုင်ခွင့်ရအောင်ကူညီပေးခဲ့တယ်။
"ငါ့အတွက်မင်းဒီလောက်အထိလုပ်ပေးခဲ့တာ
တောင်ငါကမင်းကိုမယုံချင်ဘူးဆိုရင်ကျေးဇူး
ကန်းရာမကျလွန်းဘူးလား?"
ဝမ်ရွှမ်စနောက်၍မေးလိုက်၏။ထို့နောက်မျက်နှာအမူအယာအားပြန်တည်လိုက်ပြီး
လေးနက်စွာစကားစပြောလိုက်လေသည်။
"ဆရာတူညီလေးကျန်း ဒီနေ့မင်းရဲ့ကြင်နာမှု
အတွက်ငါ့နှလုံးသားထဲမှာတသက်လုံးအမှတ်
ရနေမှာပါ။ဒီနေ့ကစပြီးမင်းငါ့ကိုမစွန့်ပစ်သွားသရွေ့ငါလဲမင်းကိုလုံးဝမစွန့်ပစ်ဘူး"
ဤအခိုက်အတန့်၌အရာအားလုံးမှောင်မိုက်
နေလျှင်တောင်ကျန်းရီ၏မျက်လုံးလေးများ
ကလင်းလက်နေသေးသည်ဟုခံစားလိုက်ရ
၏။
"မင်းလိုချင်တာတစ်ခုခုရှိရင်ငါ့ကိုမေးဖို့
မတွန့်ဆုတ်နဲ့"
အခွင့်အရေးကိုဖမ်းဆုပ်လျက်ဝမ်ရွှမ်နောက်
တစ်ခွန်းထပ်ပြောလိုက်၏။
"မင်းဆီကပစ္စည်းတစ်ခုကိုငါယူထားမှတော့
မင်းလိုချင်တာတစ်ခုခုရှိရင်လဲငါယူပေးလို့
ရသရွေ့တော့မင်းအတွက်ရအောင်ကြိုးစား
ပေးပါ့မယ်"
"ကျွန်တော်ကအစ်ကို့ဘေးမှာပဲနေချင်တယ်
ဆိုရင်ရော?"
ကျန်းရီ၏တည့်ထိုးအမေးအားကြားလိုက်ရ
သောအခါဝမ်ရွှမ်တစ်ယောက်ငိုရမှန်း၊ရယ်
ရမှန်းတောင်မသိခဲ့ပေ။
"ဘာများခက်လို့လဲ?မင်းတကယ်ပဲအဲ့ဒီလိုလုပ်ချင်သရွေ့မင်းရဲ့အရည်အချင်းနဲ့အခြေအနေတွေအားလုံးအဆင်ပြေတဲ့အခါအတွင်းဆောင်ကိုဝင်လိုက်လေ။နောက်ကွယ်
မှာမင်းကိုတွန်းအားပေးနိုင်တာလောက်ပဲ
ငါအများဆုံးစဥ်းစားမိတယ်"
အတွင်းဆောင်သို့ဝင်ပြီးသည်နှင့်ဝမ်ရွှမ့်ကို
နေ့တိုင်းတွေ့ရန်အခွင့်အရေးရှိလာနိုင်သည်။
ကျန်းရီ၏ထိုဆန္ဒမှာယခုတိုင်အလွန်ဝေးကွာ
နေသေးသော်လည်းထိုလမ်းမှာတစ်လှမ်း
ချင်းစီအကောင်အထည်ပေါ်လာနိုင်သေး၏။
ကျန်းရီလည်းဝမ်းမြောက်ဝမ်းသာဖြစ်လာခဲ့
လေသည်။
သို့သော်လည်းဝမ်ရွှမ်ဆက်ပြောရန်လိုသေး
၏။
"ဒါပေမယ့်အဲ့တာကိုပြန်ဆပ်တယ်ဆိုပြီးတွက်
လို့မရဘူး။ဒီနေ့မင်းရဲ့ကျေးဇူးကအခုလို
လွယ်လွယ်ကူကူလေးပြန်ဆပ်လို့ရနိုင်တာ
မျိုးမှမဟုတ်ဘဲ။ပြီးတော့မင်းက'တံခွန်
တိမ်တိုက်'ဂိုဏ်းရဲ့တပည့်ပဲမို့အတွင်းဆောင်
ဝင်ပြီးဂိုဏ်းအတွက်အလုပ်အကျွေးပြုတာက
သေချာပေါက်ဖြစ်လာမယ့်ကိစ္စတစ်ခုပဲလေ။
မင်းမှာတခြားလိုချင်တာမျိုးများတကယ်
မရှိဘူးလား?"
ဂိုဏ်း...လာပြန်ပြီ ဒီဂိုဏ်းအကြောင်းပဲလား??
"ကျွန်တော် အစ်ကို့အတွက်ပြင်းပြင်းထန်ထန်
ကြိုးစားပေးချင်ယုံပါပဲ"
ဝမ်ရွှမ့်လက်မောင်း၌မှီနေပြီးလက်ချောင်းများအားတင်းကျပ်စွာလက်သီးဆုပ်လိုက်
ပြီးမှဟန်မဆောင်နိုင်တော့ဘဲဆက်ပြောလာ
ခဲ့၏။
"ဂိုဏ်းအတွက်မဟုတ်ဘူး! "
သို့သော်လည်းဝမ်ရွှမ်မှာကျန်းရီ့စကားများ
၏အေးစက်မှုကိုသတိမထားမိဘဲပြုံးရင်း
သာရှင်းလာပြခဲ့သည်။
"မင်းငါ့ကိုကူညီတာကဂိုဏ်းကိုကူညီတာပါပဲ
အဲ့ဒီနှစ်ခုကအတူတူပဲလေ"
ဤစကားအဆုံးတွင်တော့မူလကသာယာနေ
ခဲ့သောပတ်ဝန်းကျင်လေထုမှာပျောက်ကွယ်
သွားခဲ့ရတော့သည်။
ကျန်းရီသည်ဝမ်ရွှမ့်ရင်ဘတ်အားတွန်းဖယ်
ပြီးလက်မောင်းထဲမှရုန်းထွက်ကာမြေပြင်
ပေါ်သို့ခုန်ချ၍ခေါင်းကိုလှည့်ရင်းအရှေ့သို့တစ်ယောက်ထဲဆက်လျှောက်သွားလေသည်။
"ဆရာတူညီလေးကျန်း!'
ဝမ်ရွှမ်စိုးရိမ်တကြီးအော်ဟစ်လိုက်သော်
လည်းထိုကောင်လေး၏ခြေလှမ်းများတည်
ငြိမ်ခဲ့ပြီးဖြစ်ကြောင်းတွေ့လိုက်ရ၏။ထို
အချက်ကကျန်းရီစွမ်းအားပြန်ရရှိခဲ့ပြီဖြစ်
ကြောင်းသိသာစေခဲ့သည်။သို့သော်ကျန်းရီ
အဘယ့်ကြောင့်အလွန်အမင်းစိတ်ဆိုးသွား
မှန်းတော့ဝမ်ရွှမ်မသိပါချေ။ဝမ်ရွှမ့်မျက်လုံး
ထဲတွင်တော့တစ်ဖက်လူ၏ဒေါသမှာယခုမှ
အမှန်တကယ်ထွက်ပေါ်လာခဲ့သည်ဟုခံစား
လိုက်ရ၏။
ခြေလှမ်းအများကြီးမလျှောက်ရသေးခင်မှာ
တင်ကျန်းရီကလှည့်ကြည့်လာပြီးကြောက်
စရာကောင်းသောလေသံဖြင့်မေးလာခဲ့
သည်။
"ဂိုဏ်းကအစ်ကို့အတွက်တကယ်ပဲကောင်းရဲ့လား?"
နောက်ဆုံးတွင်တော့ကျန်းရီ၏စိတ်ဆိုးရခြင်း
အကြောင်းအရင်းကိုနားလည်ခဲ့ပြီးတစ်ချိန်
တည်းမှာပင်ပို၍စိတ်ရှုပ်ထွေးလာခဲ့၏။
ဒေါသတကြီးဖြင့်ခြေလှမ်းပေါင်းများစွာလှမ်း
ပြီးနောက်ကျန်းရီကအရှိန်လျော့လိုက်ပြန်
သည်။ထို့နောက်ရှေ့ဆက်တိုးရမလို၊နောက်
ပြန်ဆုတ်ရမလိုဖြင့်တဝဲလည်လည်တွန့်ဆုတ်
နေပြီးမှခေါင်းလှည့်လျက်အံကြိတ်ကာနောက်
ပြန်လျှောက်လာပြီးဖျော့တော့သောလေသံ
ဖြင့်တောင်းပန်စကားဆိုလာခဲ့သည်။
"ဆရာတူအစ်ကို တောင်းပန်ပါတယ်နော်
ကျွန်တော် အစ်ကို့ကိုဒေါသမထွက်ခဲ့သင့်ဘူး
ကျွန်တော်...ဒီတိုင်း.....ဒီတိုင်း..."
တောင်းပန်စကားအဆုံး၌အထစ်ထစ်အငေါ့
ငေါ့ဖြစ်နေခဲ့ပြီးအချိန်အတော်ကြာအောင်
တွန့်ဆုတ်နေခဲ့၏။
ဝမ်ရွှမ်စိုက်ကြည့်မိရာထိုကလေးမှာနောက်
တစ်ဖန်သူ၏ဘယ်လက်ကိုကျောဘက်သို့
လက်နောက်ပစ်ထားပြီးလက်သီးတင်းတင်း
ဆုပ်ကာလက်သည်းဖြင့်ပြင်းပြင်းထန်ထန်ကုတ်ခြစ်နေပြန်သည်။
"ကျွန်တော်ဒီတိုင်းမကျေနပ်ယုံပါ.."
ထိုစကားအားပြောနေရင်းဖြင့်ပင်ကျန်းရီမှာ
ဒေါသတကြီးအံကြိတ်လိုက်၏။လက်ချောင်း
ထိပ်များသည်လည်းသွေးထွက်လုမတတ်ပင်
အသားကိုကုတ်ခြစ်နေခဲ့သည်။
မကျေနပ်တာ? အဲ့ဒီစကားရဲ့နောက်ကွယ်မှာ
အဓိပ္ပာယ်တွေအများကြီးရှိနေတယ်။ဒီအချိန်မှာတော့ဝမ်ရွှမ်တကယ်ပဲနားမလည်နိုင်ခဲ့ဘူး။
သို့သော်လည်းတစ်ဖက်လူကတောင်းပန်ခဲ့ပြီး
ဖြစ်သည့်အတွက်ပြသနာ၏အောက်ခြေ
အထိတူးဆွရန်အတင်းအကျပ်တိုက်တွန်း
မနေတော့ပေ။ဝမ်ရွှမ်သက်ပြင်းချပြီးကျန်းရီ
၏မျက်ဝန်းများကိုစိုက်ကြည့်ကာစိတ်အား
ထက်သန်စွာပြောလိုက်လေ၏။
"ဂိုဏ်းကငါ့အတွက်ကောင်းပါတယ်"
ကျန်းရီရုတ်တရက်ခေါင်းမော့လာပြီးအံ့အား
သင့်စွာငေးကြည့်ခဲ့၏။ခဏအကြာတွင်တော့
မျက်လွှာချလိုက်ပြန်သည်။မှိုင်းပျသော
အကြည့်ကမျက်ဝန်းအောက်ခြေတစ်ဝိုက်
ဖျတ်ပြေးသွားခဲ့သည်။
"ငါ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းနဲ့ပတ်သတ်တဲ့
ကိစ္စကမင်းကိုနားလည်မှုလွဲစေခဲ့ပုံပဲ"
ဝမ်ရွှမ်ခေါင်းကိုခါယမ်းလိုက်ပြီးကျန်းရီဘေး
သို့လျှောက်လိုက်၏။
"တကယ်တော့ငါ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက
မပြည့်စုံဘူး ကြီးကြီးမားမားချို့ယွင်းချက်လဲ
ရှိတယ်။ဒါပေမယ့်....ငါ့မှာထိပ်တန်းရေရင်း
မြစ်ကြောရှိတယ်ဆိုတာမင်းလဲသိပါတယ်
ထိပ်တန်းရေရင်းမြစ်ကြောဆိုတာကအပေါ်
ယံမှာတော့ကောင်းပုံရပေမယ့်တကယ်တော့
အခြေခံတည်ထောင်ခြင်းအဆင့်ရဲ့အထွဋ်
အထိပ်ကိုရောက်ခဲ့ထဲကအဲ့ဒီရေရင်းမြစ်
ကြောနဲ့သင့်တော်မယ့်ကျင့်ကြံခြင်းနည်းလမ်း
ကိုငါရှာမတွေ့ခဲ့ဘူး။ငါအခုသုံးနေတဲ့နည်း
လမ်းကိုဆရာဦးလေးသာဒုက္ခတောထဲဖြတ်
ပြီးကူမရှာပေးခဲ့ရင်သေချာပေါက်ကိုအခြေ
ခံတည်ထောင်ခြင်းအဆင့်ရဲ့အဆုံးသတ်မှာ
တင်ငါသေသွားခဲ့လောက်ပြီ"
ဝမ်ရွှမ့်ဘေးမှလမ်းလျှောက်ရင်းကျန်းရီက
မှိုင်တွေစွာသာနားထောင်နေပြီးဘာစကား
တစ်ခွန်းမှတော့ပြန်မပြောခဲ့ပေ။
"ဂိုဏ်းကတခြားသူတွေအကြောင်းပြောရရင်
အကြီးအကဲတွေကလဲသဘောကောင်းတယ်
နောက်လိုက်ဆရာတူညီမလေးတွေနဲ့ဆရာတူ
ညီလေးတွေအကုန်လုံးလဲသဘောကောင်းကြ
တယ်။တစ်ခါတစ်လေသဘောထားမတိုက်
ဆိုင်တာတွေရှိတတ်ပေမယ့်လူတိုင်းကတော့
တစ်ယောက်နဲ့တစ်ယောက်အမြဲသဟဇာတ
မဖြစ်နိုင်ဘူးလေ။ဒါပေမယ့်အချိန်တော်တော်
များများမှာတော့သူတို့ကငါ့ကိုကောင်း
ကောင်းမွန်မွန်ပဲဆက်ဆံကြပါတယ်"
ဝမ်ရွှမ်စကားဆက်ပြောလိုက်၏။
"ငါ့မှာအဖေနဲ့အမေမရှိဘူးဆိုတာပြောစရာ
တောင်မလိုပါဘူး ငါငယ်ငယ်လေးထဲကဒီ
ဂိုဏ်းမှာပဲနေလာခဲ့တာ အဲ့တာကြောင့်ဒီဂိုဏ်း
ကငါ့ရဲ့မိသားစုပဲ ဂိုဏ်းကအကြီးအကဲတွေ
ကလဲငါကြီးပြင်းလာတာကိုပဲကြည့်ခဲ့ကြတာ
ပြီးတော့ဆရာတူညီမလေးတွေနဲ့ညီလေးတွေ
ကငါ့ရဲ့ညီအစ်ကို၊မောင်နှမ တွေလိုပဲ"
ဤအရာများပြောပြီးနောက်ဝမ်ရွှမ့်ခေါင်းထဲ၌ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ထိုပုံရိပ်မှာဆီးနှင်းများအကြားနှစ် ထောင်ပေါင်းများစွာပိတ်မိနေသကဲ့သို့ပင်။ထိုသူမှာ'တံခွန်တိမ်
တိုက်'ဂိုဏ်းအတွင်းဝမ်ရွှမ်အလေးစားသင့်ဆုံးနှင့်ကျေးဇူးအတင်သင့်ဆုံးပုဂ္ဂိုလ်မျိူးဖြစ်မှန်းသိသော်ငြားဤအကြောင်းကိုတွေးမိယုံဖြင့်ပင်တုန်လှုပ်နေမိသောစိတ်ကိုတော့မခုခံနိုင်ခဲ့ပါချေ။
"ဆရာဦးလေးကတော့....ဒီနှစ်တွေအတွင်းငါ့
အပေါ်အာရုံစိုက်မှုမျိုးဘယ်တော့မှထုတ်မပြ
ခဲ့ပေမယ့်အရင်ချိန်ထဲကငါ့ဘဝကိုကယ်တင်ပေးခဲ့ပြီးဒီမှာနေခွင့်ပေးခဲ့တယ် သူကငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ပဲလေ"
ဤအချက်များကြားပြီးနောက်ဆုံးတွင်တော့ကျန်းရီလဲမတတ်နိုင်တော့ဘဲစိတ်မရှည်သောအရိပ်အယောင်တချို့ပြကာစကားပြန်ပြောလိုက်၏။
"အဲ့တာတွေကျွန်တော်သိပြီးသားပါ"
"တကယ်လား?"
"ဆရာတူအစ်ကိုနဲ့ပတ်သတ်နေသရွေ့တော့
ကျွန်တော်အကုန်လုံးသိပါတယ်ဆို.."
ကျန်းရီကလေသံမြှင့်လိုက်ပြီးငယ်ရွယ်နုပျို
မှု၏မောက်မာခြင်းနှင့်အရိုင်းဆန်သော
အသွင်မျိုးထုတ်ပြခဲ့၏။
"ဒီစကားကိုကျွန်တော်အရင်ကလဲပြောခဲ့ပြီး
ပြီ။တန်ဖိုးမရှိတဲ့စကားတွေကိုကျွန်တော်တမင်သက်သက်ကြွားဝါနေယုံပဲလို့များအစ်ကိုထင်နေတာလား?"
"ငါမှားသွားတယ်"
ဝမ်ရွှမ်သဘာဝကျကျသာကျန်းရီကိုပြန်
တောင်းပန်ခဲ့သည်။
"သိပ်မကြာခင် ဒါမှမဟုတ် နည်းနည်းကြာပြီး
တဲ့နောက် အစ်ကိုနားလည်လာပါလိမ့်မယ်"
ကျန်းရီကအသံနှိမ့်လိုက်ပြီးမပြတ်မသား
သာရေရွတ်ခဲ့၏။
ဝမ်ရွှမ်ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘဲ
နောက်ထပ်မေးမြန်းရန်ကြံရွယ်နေစဥ်မှာပင်
ကျန်းရီ၏ခြေလှမ်းများကရုတ်တရက်ရပ်
တန့်သွားခဲ့သည်။သို့ဖြစ်ရာဝမ်ရွှမ်ခေါင်းကို
မော့ရင်းရှေ့သို့လှမ်းကြည့်လိုက်၏။
သူတို့နှစ်ဦး၏မြင်ကွင်းရှေ့၌အလင်းရောင်
အချို့တောက်ပလာခဲ့သည်။
သူတို့နှစ်ဦးစလုံးအစောပိုင်းကအငြင်းပွားမှု
ကိုစိတ်ထဲမှချက်ချင်းဖယ်ထုတ်ပြီးငြိမ်းချမ်းရေးယူလိုက်၏။အချိန်ခဏကြာပြီးနောက်
ထောင့်တစ်နေရာသို့ကွေ့လိုက်ရာအတား
အဆီးနောက်တစ်လွှာအားတွေ့လိုက်ရလေ
သည်။အတားအဆီးရှေ့၌ကျောက်စိမ်းစင်
မြင့်တစ်ခုရှိနေခဲ့သည်။ထိုကျောက်စိမ်းစင်
မြင့်မှာချောမွတ်သောတွင်းကြောင်းပမာရှိနေခဲ့သည်။ပုံသဏ္ဍာန်အရ၎င်းမှာဓားပျံရှေ့ပြေး
နိမိတ်ယခင်ကတည်ရှိခဲ့သောနေရာဖြစ်
ကောင်းဖြစ်နိုင်သည်။
(note/ဓားပျံရှေ့ပြေးနိမိတ်ကအလင်းလုံးလေးယိုယွင်းသွားလို့ဓားပေါက်စနလေးဖြစ်
သွားတယ်ဆိုတာလေးပါနော်)
၎င်းတွင်းကြောင်းဘေး၍ကျောက်စိမ်းတုံးလေးတစ်ခုလည်းရှိနေသေးသည်။ဝမ်ရွှမ်
ကောက်ယူကြည့်မိရာဓားပျံရှေ့ပြေးနိမိတ်နှင့်
အတူသူံးနိုင်ရန်ဤနေရာပိုင်ရှင်ချန်ရစ်ခဲ့သောလျှို့ဝှက်နည်းစနစ်ဖြစ်နေခဲ့၏။
ဝမ်ရွှမ်အောက်ဘက်သို့ဂရုတစိုက်ဖတ်ကြည့်
လိုက်ပြီးအဆုံးသတ်သို့ရောက်သောအခါ
အံ့သြထိတ်လန့်မှုဖြင့်မျက်လုံးများပြူးကျယ်
သွားခဲ့ရတော့သည်။
ရေရင်းမြစ်ကြောဖြင့်ကျင့်ကြံခဲ့ပြီးသူ့ဘဝ
တစ်လျှောက်လုံး'ရေ'နည်းစနစ်ကျင့်ကြံခြင်း
နည်းလမ်းများကိုစုဆောင်းခဲ့သည့်အကြောင်း
ရှင်းပြထား၏။ထိပ်တန်းအရည်အသွေးလက်
စွဲများနှင့်ပျောက်ကွယ်လုနီးပါးဖြစ်နေသော
ရှားပါးလက်စွဲစာအုပ်များအားရှာဖွေတွေ့ရှိ
ခဲ့ပြီး၎င်းတို့အားလုံးကိုဓားပျံရှေ့ပြေးနိမိတ်
နှင့်အတူဤနေရာ၌ချန်ရစ်ခဲ့သည့်အကြောင်း
ကိုကျောက်စိမ်းတုံး၏အဆုံး၌အနည်းငယ်
ပြန်ပြောပြထားခဲ့သည်။
"ဆရာတူအစ်ကို ဂိုဏ်းချုပ်ပေးခဲ့တဲ့ကျင့်ကြံ
ခြင်းနည်းလမ်းကအစ်ကို့ကိုယွမ်စုစည်းခြင်း
အဆင့်ထိရောက်အောင်ခွင့်ပြုပေးခဲ့တယ်။
ကြီးကြီးမားမားချို့ယွင်းချက်ရှိနေတာတောင်
အဲ့ဒီနည်းလမ်းရဲ့ဒီကျေးဇူးကိုမှတ်မိလောက်
အုံးမှာပါ"
ဤတစ်ကြိမ်တွင်တော့ကျန်းရီကမေးခွန်း
တစ်ခုမေးလာခဲ့၏။
"အကယ်၍များဒီအတားအဆီးရဲ့အနောက်
မှာကျင့်ကြံခြင်းနည်းလမ်းရှိပြီးအဲ့ဒီနည်းလမ်းကအစ်ကို့ရဲ့ရေရင်းမြစ်ကြောအတွက်သုံးဖို့ချို့ယွင်းချက်လဲမရှိတဲ့အပြင်ကျင့်ကြံခြင်းအဆင့်ကိုပါပိုမြင့်တဲ့အဆင့်ထိတိုးမြှင့်ပေးနိုင်တယ်လို့ကျွန်တော်ပြောခဲ့ရင်အစ်ကို
ဘယ်လိုလုပ်မှာလဲ?"
ဝမ်ရွှမ်အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီးတုန်
ယင်နေသောလက်များအားတည်ငြိမ်သွား
အောင်သူ့ကိုယ်သူဖိအားပေးလိုက်၏။
"ဒီအတားအဆီးရဲ့အနောက်မှာ"ရေ'နည်းစနစ်
ကျင့်ကြံခြင်းဘယ်လောက်လဲရှိရှိထိပ်တန်း
ရေရင်းမြစ်ကြောနဲ့သင့်တော်တဲ့နည်းလမ်း
ရှိတယ်လို့ငါတို့သေချာပေါက်မဆိုလိုနိုင်....
နေပါအုံး!"
ဝမ်ရွှမ်ရုတ်တရက်သတိပြုမိလိုက်သည်။
"မင်းဘယ်လိုသိတာလဲ?"
ဝမ်ရွှမ့်လက်ထဲ၌ရှိနေသောကျောက်စိမ်းတုံး
ကိုကျန်းရီမဖတ်ခဲ့သလိုထိုစကားလုံးများကို
ပြောရန်အတွက်ကျောက်စိမ်းတုံးပေါ်မှဗဟုသုတကိုလည်းမမှီခိုခဲ့ပေ။
"မင်းကောင်းကင်ဘုံရဲ့အလိုတော်(ကောင်း
ကင်ဘုံစည်းမျဥ်း)ကိုမဆင်မခြင်ဖတ်ပြန်ပြီ
လား?!!"
ဝမ်ရွှမ်အံ့သြစွာမေးလိုက်၏။ကျန်းရီကပြန်
မဖြေဘဲပြုံးယုံသာပြုံးနေခဲ့သည်။သူ၏
ကျောက်စိမ်းလက်ကောက်မှချပ်ပြားကိုထုတ်
ကာလက်ဝါးဖြင့်ရိုက်ချလိုက်ပြန်သည်။
အတားအဆီးရှေ့တည်ငြိမ်စွာရပ်နေရင်းချပ်
ပြားကိုင်ထားသောလက်ကိုရှေ့သို့မြှောက်
လိုက်လေ၏။
ဤဒုတိယမြောက်အတားအဆီးကိုရှင်းလင်း
ရန်အတွက်အစောပိုင်းကပြုမူခဲ့သောလုပ်
ဆောင်ချက်အတိုင်းပြန်ကြိုးစားရန်အဆင့်
သင့်ဖြစ်နေကြောင်းထင်ရှားလှပေသည်။
ဤအတားအဆီးမှထုတ်လွှတ်သောအရှိန်
အဝါအရ၎င်း၏စွမ်းအားမှာယွမ်စုစည်းခြင်း
အဆင့်အခြေအနေမျိုးသို့ပင်ရောက်ခဲ့ပြီးဖြစ်
သည်။ထို့အတွက်ဖျက်ဆီးပစ်ရန်မှာပိုခက်ခဲပြီးကောင်းဘင်ဘုံ၏အလိုတော်(ကောင်းကင်
ဘုံစည်းမျဥ်း)သည်ပင်လျှင်အဓိပ္ပာယ်ဖော်ရန်ခက်ခဲနေပေလိမ့်မည်။
ဒါပေမယ့်ပြသနာမရှိပါဘူး...
ကျန်းရီစိတ်ထဲ၌တွေးလိုက်၏။ဝမ်ရွှမ့်ဘေးကတခြားလူတွေထက်သူကပိုစိတ်ချရပြီး
ဝမ်ရွှမ့်ယုံကြည်မှုနဲ့လည်းပိုထိုက်တန်တယ်။အဲ့ဒီအချက်ကိုဝမ်ရွှမ်သတိထားမိလာစေရမယ်...
"ရယ်စရာပဲ!"
ဝမ်ရွှမ်အရှေ့ဘက်သို့လျင်မြန်စွာပြေးသွား
ပြီးသူ၏ညာလက်ဖြင့်ရုတ်တရက်ကြမ်းကြမ်း
တမ်းတမ်းဆွဲကိုင်ကာကျန်းရီကိုရပ်တန့်ရန်
ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်
၏။
"မင်းအသက်မရှင်ချင်တော့ဘူးလား?!"
"အဆင်ပြေပါတယ် ဆရာတူအစ်ကိုရဲ့.."
ကျန်းရီကလွတ်မြောက်ရန်ရုန်းကန်လိုက်ပြီး
"ကျွန်တော့်အကန့်အသတ်ကိုကျွန်တော်သိ
ပါတယ်"
"ကိုယ့်အကန့်အသတ်ကိုသိတယ်ပေါ့? အဲ့ဒီ
စကားရဲ့ဆိုလိုရင်းကိုမင်းသိရင်ဒီလိုကိစ္စတွေ
ကိုအရင်ထဲကလုပ်မှာမဟုတ်ဘူး!"
"ဒါပေမယ့်ဒီအတားအဆီးရဲ့နောက်မှာရှိနေ
တာကအစ်ကို့အတွက်အလိုအပ်ဆုံးအရာပဲ
လေ"
ကျန်းရီကသက်ပြင်းချရင်းစိတ်ရှုပ်ထွေးသော
လေသံဖြင့်ပြောလာ၏။
"အဲ့တာကိုတတ်နိုင်သလောက်မြန်မြန်လေး
မဖမ်းယူချင်ဘူးလား?"
သေချာတာပေါ့....သူ့ရဲ့နှလုံးသားကိုလက်
သည်းနဲ့အချက်တစ်ရာလောက်ကုတ်ခြစ်ခံ
နေရသလိုကိုဒီအတားအဆီးကိုတတ်နိုင်သ
လောက်မြန်မြန်ဖွင့်ချင်ခဲ့တာ။ဒါပေမယ့်
ကောင်းကင်ဘုံရဲ့အလိုတော်(ကောင်းကင်ဘုံ
စည်းမျဥ်း)ကိုဖတ်ရတာအန္တရာယ်ဘယ်
လောက်များမှန်းသူသိထားပြီးပြီ။အစောပိုင်း
ကအခြေအနေမျိုး ဒါမှမဟုတ် အဲ့လိုအခြေ
အနေနဲ့တစ်ပုံစံထဲတူတဲ့အဖြစ်မျိူးကျန်းရီ
ထပ်ဖြစ်သွားနိုင်တယ်....
ဝမ်ရွှမ်ရုတ်တရက်ရပ်လိုက်ပြီးမျက်မှောင်ကြုံ့ကာတစ်စုံတစ်ရာကိုပြောရန်အဆင့်သင့်ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်မှာပင်သူတို့နှစ်ဦးအပြင်
အခြားလူပိုတစ်ဦးတစ်ယောက်မျှမရှိခဲ့သောလှိုဏ်ဂူ၏ဝိဥာဥ်စွမ်းအင်မှာတက်လိုက်ကျ
လိုက်ဖြစ်လာခဲ့သည်။
ကျန်းရီလည်းသတိထားမိသွားပြီးမည်သည့်
နေရာကလာမှန်းအလျင်အမြန်ခေါင်းလှည့်
ကြည့်လိုက်၏။
"အဲ့တာကနေရာရွှေ့ပြောင်းမန္တာန်စည်း!"
ဝမ်ရွှမ်ကောက်ချက်ချလိုက်ပြီးမျက်နှာအရောင်မှာပြောင်းလဲသွားခဲ့ရတော့သည်။
"အဲ့ဒီ'နေရာရွှေ့ပြောင်း'မန္တာန်စည်းကနေ
တစ်စုံတစ်ယောက်ဖြတ်လာတာပဲ"
အချိန်တစ်စက္ကန့်တောင်မကြာခင်မှာပင်သူတို့
၏စကားအားအတည်ပြုပေးလိုက်သကဲ့သို့
ကြီးမားသောရိုက်ခတ်သံကြီးကလမ်းတစ်
လျှောက်ထွက်ပေါ်လာခဲ့၏။တစ်စုံတစ်ရာကို
တိုက်ခိုက်ရန်တစ်စုံတစ်ဦးကမှော်ပညာကို
အသုံးပြုလိုက်မှန်းသိသာလှပေသည်။
သူတို့နှစ်ဦးအမြန်လှည့်ကာပြန်လျှောက်သွား
လိုက်၏။မည်သည့်နေရာမှလာသည်ကို
ကြည့်ရန်လမ်းတစ်လျှောက်လုံးအရှိန်မြှင့်ကာလျှောက်ခဲ့ကြပြီးနောက်ဆုံးတွင်တော့ထိုနေရာသို့ရောက်သွားခဲ့သည်။သူတို့နှစ်ဦးဖြိုဖျက်ခဲ့သောအတားအဆီးမှနောက်တစ်ဖန်
ပြန်ပေါ်လာခဲ့ပြီးအသစ်ဝင်လာသူနှစ်ဦးကိုပိတ်ကာထား၏။
ဝင်လာသူနှစ်ဦးမှာမြောက်ပိုင်း'ဖန်လိုင်'ဂိုဏ်း
၏တပည့်ဝတ်စုံကိုဝတ်ဆင်ထားသောအမျိုး
သားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးပင်တည်း။
အနောက်၌ရှိနေသောကျန်းရီကိုဝမ်ရွှမ်ပြန်
လှည့်ကြည့်မိရာကျန်းရီ၏မျက်နှာမှာအလွန်ထူးဆန်းအံ့သြနေသောအမူအယာဖြစ်နေ
ကြောင်းအံ့အားသင့်စွာတွေ့လိုက်ရ၏။ဒီအဖြစ်အပျက်ကိုသူလဲမမျှော်လင့်ထားခဲ့မှန်း
ရှင်းလင်းစွာသိသာလှသည်။
"ဒီလောက်မြန်မြန်ကြီးရောက်လာတာလား?"
စက်ဆုပ်သောလေသံမျိုးဖြင့်ကျန်းရီတီးတိုး
ရေရွတ်လိုက်သည်ကိုသာဝမ်ရွှမ်ကြားလိုက်ရ
လေတော့သည်။
................................................................
<ဂိုဏ္းကအစ္ကို႔အတြက္တကယ္ပဲေကာင္းရဲ႕လား? >
အဲ့ဒီကေလးအမွန္တကယ္ကိုရွက္ေနမွန္းသတိမျပဳမိခင္မွာတင္ဝမ္႐ႊမ္တုံ႕ဆိုင္းသြားခဲ့ရ
သည္။သူ၏အျပဳအမူမွာအေတြးတိမ္လြန္း
သည္ဟုေရာင္ျပန္ဟပ္လာသလိုခံစားလိုက္
ရၿပီးစကားစေျပာရန္ႀကိဳးစားလိုက္၏။
"မင္းဒီတိုင္းေနခ်င္တဲ့ဆႏၵမရွိဘူးဆိုရင္ငါမင္း
ကိုေအာက္ျပန္ခ်ေပးမယ္ေလ"
"မဟုတ္ပါဘူး...မလိုဘူး!"
အဆုံးသတ္တြင္ေတာ့ျပာျပာသလဲျဖစ္သြား
သူကက်န္းရီသာျဖစ္ခဲ့သည္။
"ကြၽန္ေတာ္ဆႏၵမရွိတာမဟုတ္ပါဘူး..."
ထိုစကားအၿပီးတြင္ေတာ့က်န္းရီ၏မ်က္ႏွာမွာပို၍ပင္နီရဲတက္လာခဲ့ေတာ့သည္။
ဝမ္႐ႊမ္လည္းအကူအညီမဲ့စြာေခါင္းခါယမ္း
လ်က္က်န္းရီကိုေပြ႕ခ်ီျခင္းသာလမ္းဆက္
ေလွ်ာက္ခဲ့လိုက္၏။
အစပိုင္းတြင္က်န္းရီ၏ခႏၶာကိုယ္မွာအေတာ္
ေလးေတာင့္တင္းေနခဲ့ၿပီးပုံမွန္အတိုင္းသက္
သာရာရလာေစရန္ေတာ့အခ်ိန္အနည္းငယ္
ယူခဲ့ရ၏။မ်က္လႊာခ်လိဳက္ရင္းသန့္ရွင္းေန
ၿပီးျဖစ္ေသာျဖဴေဖ်ာ့ေဖ်ာ့လက္ငါးေခ်ာင္း
ကိုၾကည့္ၿပီးဆုပ္ကိုင္ထားလိုက္သည္။ထို႔
ေနာက္လက္ကိုျမႇောက္လိုက္ၿပီးလက္ေခ်ာင္း
ထိပ္ေလးမ်ားအားအသာအယာတို႔ထိလိုက္
သည္။
ဝမ္႐ႊမ့္အားေမာ့ၾကည့္မိရာရလဒ္အေနျဖင့္သူ
၏အျပဳအမူမ်ားကိုစိတ္ထဲနည္းနည္းေလးမွ
မရွိသလိုမသိခ်င္ေယာင္ေဆာင္ေန၏။
သို႔ရာတြင္က်န္းရီလည္းပို၍ရဲတင္းရန္မဝံ့ရဲ
ေတာ့ဘဲတိတ္ဆိတ္စြာျဖင့္လက္ႏွစ္ဖက္ကို
ယွက္လ်က္ဝမ္းဗိုက္ေပၚတင္ထားလိုက္ေလ
သည္။
သူတို႔ႏွစ္ဦးေရွ႕ဆက္ေလွ်ာက္ေလေလဥမင္
အတြင္းပိုင္းမွာပိုေမွာင္ေလေလျဖစ္လာ၏။
တစ္ဖက္လူ၏အမူအယာကိုခြဲျခားရန္ပင္ခက္
ခဲလာၿပီးသူတို႔ႏွစ္ဦး၏အသက္ရႈသံကိုသာ
ၾကားနိုင္ေတာ့သည္။
"ဆရာတူအစ္ကို...အစ္ကိုသိလား?"
က်န္းရီက႐ုတ္တရက္စကားေျပာလာခဲ့၏။
"အစ္ကို႔ရဲ႕ဇာတ္ေၾကာင္း....ကြၽန္ေတာ္ငယ္
ငယ္ေလးထဲကအဲ့တာကိုဖတ္ခဲ့ၿပီးၿပီ"
ဝမ္႐ႊမ့္ေျခလွမ္းမ်ားရပ္တန့္သြားခဲ့ရသည္။
အံ့အားသင့္သြားၿပီးသူတို႔ႏွစ္ဦး၏အသက္
မ်ားကိုတိတ္တဆိတ္တြက္ခ်က္လိုက္မိရာ
၎သည္အေတာ္ေလးကိုက္ညီေနခဲ့သည္။
က်န္းရီေမြးဖြားလာေသာအခ်ိန္၌ဝမ္႐ႊမ္မွာ
အေျခခံတည္ေထာင္ျခင္းအဆင့္၏အထြဋ္
အထိပ္သို႔ေရာက္ရွိေနခဲ့ၿပီးစိတ္အားထက္
သန္မႈႏွင့္စြမ္းအင္အျမင့္ဆုံးကာလျဖစ္ေနခဲ့
သည္။
"အစ္ကို႔ရဲ႕ဇာတ္ေၾကာင္းကိုဖတ္ရင္းကြၽန္ေတာ္ႀကီးျပင္းလာခဲ့တာ "
က်န္းရီသည္အလြန္အမင္းေလးနက္စြာထပ္
ေျပာလာ၏။
သူကသစၥာရွိတဲ့သေဘာက်သဴမ်ိဳးလား?
ဝမ္႐ႊမ္အလိုလိုရယ္မိသြားခဲ့ရသည္။ရယ္ၿပီး
ေနာက္သက္ျပင္းခ်လိဳက္ကာ
"ဒါဆိုရင္ေတာ့လဲအဲ့ဒီလိုပဲေပါ့.."
က်န္းရီသာအမွန္တကယ္သစၥာရွိရွိသေဘာ
က်ခဲ့ၿပီးဝမ္႐ႊမ့္အေၾကာင္းအထင္ႀကီးစရာ
ဇာတ္ေၾကာင္းေတြကိုဖတ္ရင္းႀကီးျပင္းလာခဲ့
ရင္တစ္ႏွစ္ထက္တစ္ႏွစ္ပိုဆိုး႐ြားလာၿပီးဒီေန႕
လိုအေျခအေနထိျပဳတ္က်ခဲ့တဲ့အေၾကာင္း
ေတြလဲဖတ္ခဲ့ရမွာပဲ။အဲ့တာေၾကာင့္က်န္းရီရဲ႕
အျပဳအမူေတြနဲ႕လႈပ္ရွားမႈေတြကဘာေၾကာင့္
လဲဆိုတာရွင္းလင္းပါတယ္...
ဤအေၾကာင္းအားေတြးၾကည့္ယုံျဖင့္ပင္
ဝမ္႐ႊမ္မေနနိုင္ေတာ့ဘဲညင္သာေသာေလသံ
ျဖင့္သာေမးလိုက္၏။
"မင္းငါ့ကိုေကာင္းေကာင္းမြန္မြန္ဂ႐ုစိုက္ခ်င္လို႔ပါဆိုတာကအဲ့တာေၾကာင့္မို႔လား?"
"ဟုတ္တယ္ "
က်န္းရီကျပန္ေျဖၿပီးဝမ္႐ႊမ့္၏ေျပာင္းလဲသြား
ေသာစိတ္ေနစိတ္ထားကိုလည္းဂ႐ုတစိုက္
ၾကည့္ေနခဲ့ကာေပ်ာ္႐ႊင္ဝမ္းေျမာက္စြာျဖင့္
စကားဆိုလာ၏။
"အစ္ကို အခုကြၽန္ေတာ့္ကိုယုံခ်င္ေနၿပီမဟုတ္
လား?"
ဤစကားမ်ားအားၾကားလိုက္ရေသာအခါ
ဝမ္႐ႊမ္မလႊဲသာမေရွာင္သာပင္တိတ္ဆိတ္
သြားခဲ့ရသည္။ဤတိတ္ဆိတ္မႈကမည္သို႔ျပန္
ေျဖရန္မသိျခင္းေၾကာင့္သာမဟုတ္ဘဲယုတၳိ
မရွိေသာယခင္ကသံသယလြန္ကဲခဲ့ျခင္းမ်ား
အေၾကာင္းပါပုံရိပ္ျပန္ထင္ဟပ္လာေသာ
ေၾကာင့္ျဖစ္၏။
ဒီဆရာတူညီေလးကမယုံနိုင္စရာေကာင္း
ေလာက္ေအာင္ကိုေတာ္တဲ့ကေလးပါ။အခုသူ႕
ရဲ႕စကားေတြနဲ႕လုပ္ေဆာင္ခ်က္ေတြကိုရွင္းျပ
နိုင္ရင္ေတာင္သူ႕ႏွလုံးသားထဲမွာမရွင္းျပနိုင္
ေလာက္ေအာင္ဖုံးကြယ္ထားတဲ့ရႈေထာင့္ေတြ
ရွိမရွိဆိုတာဘယ္သူကမ်ားသိနိုင္မွာလဲ?
က်င့္ႀကံျခင္းလမ္းေၾကာင္းေပၚမွာရွိေနတဲ့
က်င့္ႀကံသူတစ္ေယာက္မွာကိုယ္ပိုင္လွ်ို႔ဝွက္ခ်က္တစ္ခု၊ႏွစ္ခုေလာက္ေတာ့မရွိဘဲေနပါ့မလား?
ဘယ္လိုပဲျဖစ္ျဖစ္ က်န္းရီကအခုထိသူ႕အေပၚမေကာင္းတဲ့ရည္႐ြယ္ခ်က္မ်ိဳးေတြမရွိခဲ့ဘူး။ဝမ္႐ႊမ့္ကိုထိခိုက္ေစမယ့္အရာမ်ိဳးလဲတစ္ခုမွမလုပ္ဖူးဘူး။ဆန့္က်င္ဘက္အေနနဲ႕သူကဝမ္႐ႊမ့္ကိုေတာင္အလုံးစုံကူညီခဲ့တဲ့အျပင္လိုအပ္
ခ်က္ေတြကိုေတာင္ဂ႐ုတစိုက္ထည့္စဥ္းစားေပးခဲ့ေသးတယ္။အဲ့ဒီလိုလုပ္ေပးခဲ့တာေတြ
အျပင္ဝမ္႐ႊမ့္ေဘးမွာအခုလက္ရွိလွည့္ပတ္ေနတဲ့မွိတ္တုတ္မွိတ္တုတ္အလင္းလုံးေလး
ကိုလည္းသူ႕အသက္နဲ႕အလဲအထပ္လုပ္ၿပီး
ဝမ္႐ႊမ္ပိုင္ဆိုင္ခြင့္ရေအာင္ကူညီေပးခဲ့တယ္။
"ငါ့အတြက္မင္းဒီေလာက္အထိလုပ္ေပးခဲ့တာ
ေတာင္ငါကမင္းကိုမယုံခ်င္ဘူးဆိုရင္ေက်းဇူး
ကန္းရာမက်လြန္းဘူးလား?"
ဝမ္႐ႊမ္စေနာက္၍ေမးလိုက္၏။ထို႔ေနာက္မ်က္ႏွာအမူအယာအားျပန္တည္လိုက္ၿပီး
ေလးနက္စြာစကားစေျပာလိုက္ေလသည္။
"ဆရာတူညီေလးက်န္း ဒီေန႕မင္းရဲ႕ၾကင္နာမႈ
အတြက္ငါ့ႏွလုံးသားထဲမွာတသက္လုံးအမွတ္
ရေနမွာပါ။ဒီေန႕ကစၿပီးမင္းငါ့ကိုမစြန့္ပစ္သြားသေ႐ြ႕ငါလဲမင္းကိုလုံးဝမစြန့္ပစ္ဘူး"
ဤအခိုက္အတန့္၌အရာအားလုံးေမွာင္မိုက္
ေနလွ်င္ေတာင္က်န္းရီ၏မ်က္လုံးေလးမ်ား
ကလင္းလက္ေနေသးသည္ဟုခံစားလိုက္ရ
၏။
"မင္းလိုခ်င္တာတစ္ခုခုရွိရင္ငါ့ကိုေမးဖို႔
မတြန့္ဆုတ္နဲ႕"
အခြင့္အေရးကိုဖမ္းဆုပ္လ်က္ဝမ္႐ႊမ္ေနာက္
တစ္ခြန္းထပ္ေျပာလိုက္၏။
"မင္းဆီကပစၥည္းတစ္ခုကိုငါယူထားမွေတာ့
မင္းလိုခ်င္တာတစ္ခုခုရွိရင္လဲငါယူေပးလို႔
ရသေ႐ြ႕ေတာ့မင္းအတြက္ရေအာင္ႀကိဳးစား
ေပးပါ့မယ္"
"ကြၽန္ေတာ္ကအစ္ကို႔ေဘးမွာပဲေနခ်င္တယ္
ဆိုရင္ေရာ?"
က်န္းရီ၏တည့္ထိုးအေမးအားၾကားလိုက္ရ
ေသာအခါဝမ္႐ႊမ္တစ္ေယာက္ငိုရမွန္း၊ရယ္
ရမွန္းေတာင္မသိခဲ့ေပ။
"ဘာမ်ားခက္လို႔လဲ?မင္းတကယ္ပဲအဲ့ဒီလိုလုပ္ခ်င္သေ႐ြ႕မင္းရဲ႕အရည္အခ်င္းနဲ႕အေျခအေနေတြအားလုံးအဆင္ေျပတဲ့အခါအတြင္းေဆာင္ကိုဝင္လိုက္ေလ။ေနာက္ကြယ္
မွာမင္းကိုတြန္းအားေပးနိုင္တာေလာက္ပဲ
ငါအမ်ားဆုံးစဥ္းစားမိတယ္"
အတြင္းေဆာင္သို႔ဝင္ၿပီးသည္ႏွင့္ဝမ္႐ႊမ့္ကို
ေန႕တိုင္းေတြ႕ရန္အခြင့္အေရးရွိလာနိုင္သည္။
က်န္းရီ၏ထိုဆႏၵမွာယခုတိုင္အလြန္ေဝးကြာ
ေနေသးေသာ္လည္းထိုလမ္းမွာတစ္လွမ္း
ခ်င္းစီအေကာင္အထည္ေပၚလာနိုင္ေသး၏။
က်န္းရီလည္းဝမ္းေျမာက္ဝမ္းသာျဖစ္လာခဲ့
ေလသည္။
သို႔ေသာ္လည္းဝမ္႐ႊမ္ဆက္ေျပာရန္လိုေသး
၏။
"ဒါေပမယ့္အဲ့တာကိုျပန္ဆပ္တယ္ဆိုၿပီးတြက္
လို႔မရဘူး။ဒီေန႕မင္းရဲ႕ေက်းဇူးကအခုလို
လြယ္လြယ္ကူကူေလးျပန္ဆပ္လို႔ရနိုင္တာ
မ်ိဳးမွမဟုတ္ဘဲ။ၿပီးေတာ့မင္းက'တံခြန္
တိမ္တိုက္'ဂိုဏ္းရဲ႕တပည့္ပဲမို႔အတြင္းေဆာင္
ဝင္ၿပီးဂိုဏ္းအတြက္အလုပ္အေကြၽးျပဳတာက
ေသခ်ာေပါက္ျဖစ္လာမယ့္ကိစၥတစ္ခုပဲေလ။
မင္းမွာတျခားလိုခ်င္တာမ်ိဳးမ်ားတကယ္
မရွိဘူးလား?"
ဂိုဏ္း...လာျပန္ၿပီ ဒီဂိုဏ္းအေၾကာင္းပဲလား??
"ကြၽန္ေတာ္ အစ္ကို႔အတြက္ျပင္းျပင္းထန္ထန္
ႀကိဳးစားေပးခ်င္ယုံပါပဲ"
ဝမ္႐ႊမ့္လက္ေမာင္း၌မွီေနၿပီးလက္ေခ်ာင္းမ်ားအားတင္းက်ပ္စြာလက္သီးဆုပ္လိုက္
ၿပီးမွဟန္မေဆာင္နိုင္ေတာ့ဘဲဆက္ေျပာလာ
ခဲ့၏။
"ဂိုဏ္းအတြက္မဟုတ္ဘူး! "
သို႔ေသာ္လည္းဝမ္႐ႊမ္မွာက်န္းရီ႕စကားမ်ား
၏ေအးစက္မႈကိုသတိမထားမိဘဲၿပဳံးရင္း
သာရွင္းလာျပခဲ့သည္။
"မင္းငါ့ကိုကူညီတာကဂိုဏ္းကိုကူညီတာပါပဲ
အဲ့ဒီႏွစ္ခုကအတူတူပဲေလ"
ဤစကားအဆုံးတြင္ေတာ့မူလကသာယာေန
ခဲ့ေသာပတ္ဝန္းက်င္ေလထုမွာေပ်ာက္ကြယ္
သြားခဲ့ရေတာ့သည္။
က်န္းရီသည္ဝမ္႐ႊမ့္ရင္ဘတ္အားတြန္းဖယ္
ၿပီးလက္ေမာင္းထဲမွ႐ုန္းထြက္ကာေျမျပင္
ေပၚသို႔ခုန္ခ်၍ေခါင္းကိုလွည့္ရင္းအေရွ႕သို႔တစ္ေယာက္ထဲဆက္ေလွ်ာက္သြားေလသည္။
"ဆရာတူညီေလးက်န္း!'
ဝမ္႐ႊမ္စိုးရိမ္တႀကီးေအာ္ဟစ္လိုက္ေသာ္
လည္းထိုေကာင္ေလး၏ေျခလွမ္းမ်ားတည္
ၿငိမ္ခဲ့ၿပီးျဖစ္ေၾကာင္းေတြ႕လိုက္ရ၏။ထို
အခ်က္ကက်န္းရီစြမ္းအားျပန္ရရွိခဲ့ၿပီျဖစ္
ေၾကာင္းသိသာေစခဲ့သည္။သို႔ေသာ္က်န္းရီ
အဘယ့္ေၾကာင့္အလြန္အမင္းစိတ္ဆိုးသြား
မွန္းေတာ့ဝမ္႐ႊမ္မသိပါေခ်။ဝမ္႐ႊမ့္မ်က္လုံး
ထဲတြင္ေတာ့တစ္ဖက္လူ၏ေဒါသမွာယခုမွ
အမွန္တကယ္ထြက္ေပၚလာခဲ့သည္ဟုခံစား
လိုက္ရ၏။
ေျခလွမ္းအမ်ားႀကီးမေလွ်ာက္ရေသးခင္မွာ
တင္က်န္းရီကလွည့္ၾကည့္လာၿပီးေၾကာက္
စရာေကာင္းေသာေလသံျဖင့္ေမးလာခဲ့
သည္။
"ဂိုဏ္းကအစ္ကို႔အတြက္တကယ္ပဲေကာင္းရဲ႕လား?"
ေနာက္ဆုံးတြင္ေတာ့က်န္းရီ၏စိတ္ဆိုးရျခင္း
အေၾကာင္းအရင္းကိုနားလည္ခဲ့ၿပီးတစ္ခ်ိန္
တည္းမွာပင္ပို၍စိတ္ရႈပ္ေထြးလာခဲ့၏။
ေဒါသတႀကီးျဖင့္ေျခလွမ္းေပါင္းမ်ားစြာလွမ္း
ၿပီးေနာက္က်န္းရီကအရွိန္ေလ်ာ့လိုက္ျပန္
သည္။ထို႔ေနာက္ေရွ႕ဆက္တိုးရမလို၊ေနာက္
ျပန္ဆုတ္ရမလိုျဖင့္တဝဲလည္လည္တြန့္ဆုတ္
ေနၿပီးမွေခါင္းလွည့္လ်က္အံႀကိတ္ကာေနာက္
ျပန္ေလွ်ာက္လာၿပီးေဖ်ာ့ေတာ့ေသာေလသံ
ျဖင့္ေတာင္းပန္စကားဆိုလာခဲ့သည္။
"ဆရာတူအစ္ကို ေတာင္းပန္ပါတယ္ေနာ္
ကြၽန္ေတာ္ အစ္ကို႔ကိုေဒါသမထြက္ခဲ့သင့္ဘူး
ကြၽန္ေတာ္...ဒီတိုင္း.....ဒီတိုင္း..."
ေတာင္းပန္စကားအဆုံး၌အထစ္ထစ္အေငါ့
ေငါ့ျဖစ္ေနခဲ့ၿပီးအခ်ိန္အေတာ္ၾကာေအာင္
တြန့္ဆုတ္ေနခဲ့၏။
ဝမ္႐ႊမ္စိုက္ၾကည့္မိရာထိုကေလးမွာေနာက္
တစ္ဖန္သူ၏ဘယ္လက္ကိုေက်ာဘက္သို႔
လက္ေနာက္ပစ္ထားၿပီးလက္သီးတင္းတင္း
ဆုပ္ကာလက္သည္းျဖင့္ျပင္းျပင္းထန္ထန္ကုတ္ျခစ္ေနျပန္သည္။
"ကြၽန္ေတာ္ဒီတိုင္းမေက်နပ္ယုံပါ.."
ထိုစကားအားေျပာေနရင္းျဖင့္ပင္က်န္းရီမွာ
ေဒါသတႀကီးအံႀကိတ္လိုက္၏။လက္ေခ်ာင္း
ထိပ္မ်ားသည္လည္းေသြးထြက္လုမတတ္ပင္
အသားကိုကုတ္ျခစ္ေနခဲ့သည္။
မေက်နပ္တာ? အဲ့ဒီစကားရဲ႕ေနာက္ကြယ္မွာ
အဓိပၸာယ္ေတြအမ်ားႀကီးရွိေနတယ္။ဒီအခ်ိန္မွာေတာ့ဝမ္႐ႊမ္တကယ္ပဲနားမလည္နိုင္ခဲ့ဘူး။
သို႔ေသာ္လည္းတစ္ဖက္လူကေတာင္းပန္ခဲ့ၿပီး
ျဖစ္သည့္အတြက္ျပသနာ၏ေအာက္ေျခ
အထိတူးဆြရန္အတင္းအက်ပ္တိုက္တြန္း
မေနေတာ့ေပ။ဝမ္႐ႊမ္သက္ျပင္းခ်ၿပီးက်န္းရီ
၏မ်က္ဝန္းမ်ားကိုစိုက္ၾကည့္ကာစိတ္အား
ထက္သန္စြာေျပာလိုက္ေလ၏။
"ဂိုဏ္းကငါ့အတြက္ေကာင္းပါတယ္"
က်န္းရီ႐ုတ္တရက္ေခါင္းေမာ့လာၿပီးအံ့အား
သင့္စြာေငးၾကည့္ခဲ့၏။ခဏအၾကာတြင္ေတာ့
မ်က္လႊာခ်လိဳက္ျပန္သည္။မွိုင္းပ်ေသာ
အၾကည့္ကမ်က္ဝန္းေအာက္ေျခတစ္ဝိုက္
ဖ်တ္ေျပးသြားခဲ့သည္။
"ငါ့ရဲ႕က်င့္ႀကံျခင္းနည္းလမ္းနဲ႕ပတ္သတ္တဲ့
ကိစၥကမင္းကိုနားလည္မႈလြဲေစခဲ့ပုံပဲ"
ဝမ္႐ႊမ္ေခါင္းကိုခါယမ္းလိုက္ၿပီးက်န္းရီေဘး
သို႔ေလွ်ာက္လိုက္၏။
"တကယ္ေတာ့ငါ့ရဲ႕က်င့္ႀကံျခင္းနည္းလမ္းက
မျပည့္စုံဘူး ႀကီးႀကီးမားမားခ်ိဳ႕ယြင္းခ်က္လဲ
ရွိတယ္။ဒါေပမယ့္....ငါ့မွာထိပ္တန္းေရရင္း
ျမစ္ေၾကာရွိတယ္ဆိုတာမင္းလဲသိပါတယ္
ထိပ္တန္းေရရင္းျမစ္ေၾကာဆိုတာကအေပၚ
ယံမွာေတာ့ေကာင္းပုံရေပမယ့္တကယ္ေတာ့
အေျခခံတည္ေထာင္ျခင္းအဆင့္ရဲ႕အထြဋ္
အထိပ္ကိုေရာက္ခဲ့ထဲကအဲ့ဒီေရရင္းျမစ္
ေၾကာနဲ႕သင့္ေတာ္မယ့္က်င့္ႀကံျခင္းနည္းလမ္း
ကိုငါရွာမေတြ႕ခဲ့ဘူး။ငါအခုသုံးေနတဲ့နည္း
လမ္းကိုဆရာဦးေလးသာဒုကၡေတာထဲျဖတ္
ၿပီးကူမရွာေပးခဲ့ရင္ေသခ်ာေပါက္ကိုအေျခ
ခံတည္ေထာင္ျခင္းအဆင့္ရဲ႕အဆုံးသတ္မွာ
တင္ငါေသသြားခဲ့ေလာက္ၿပီ"
ဝမ္႐ႊမ့္ေဘးမွလမ္းေလွ်ာက္ရင္းက်န္းရီက
မွိုင္ေတြစြာသာနားေထာင္ေနၿပီးဘာစကား
တစ္ခြန္းမွေတာ့ျပန္မေျပာခဲ့ေပ။
"ဂိုဏ္းကတျခားသူေတြအေၾကာင္းေျပာရရင္
အႀကီးအကဲေတြကလဲသေဘာေကာင္းတယ္
ေနာက္လိုက္ဆရာတူညီမေလးေတြနဲ႕ဆရာတူ
ညီေလးေတြအကုန္လုံးလဲသေဘာေကာင္းၾက
တယ္။တစ္ခါတစ္ေလသေဘာထားမတိုက္
ဆိုင္တာေတြရွိတတ္ေပမယ့္လူတိုင္းကေတာ့
တစ္ေယာက္နဲ႕တစ္ေယာက္အၿမဲသဟဇာတ
မျဖစ္နိုင္ဘူးေလ။ဒါေပမယ့္အခ်ိန္ေတာ္ေတာ္
မ်ားမ်ားမွာေတာ့သူတို႔ကငါ့ကိုေကာင္း
ေကာင္းမြန္မြန္ပဲဆက္ဆံၾကပါတယ္"
ဝမ္႐ႊမ္စကားဆက္ေျပာလိုက္၏။
"ငါ့မွာအေဖနဲ႕အေမမရွိဘူးဆိုတာေျပာစရာ
ေတာင္မလိုပါဘူး ငါငယ္ငယ္ေလးထဲကဒီ
ဂိုဏ္းမွာပဲေနလာခဲ့တာ အဲ့တာေၾကာင့္ဒီဂိုဏ္း
ကငါ့ရဲ႕မိသားစုပဲ ဂိုဏ္းကအႀကီးအကဲေတြ
ကလဲငါႀကီးျပင္းလာတာကိုပဲၾကည့္ခဲ့ၾကတာ
ၿပီးေတာ့ဆရာတူညီမေလးေတြနဲ႕ညီေလးေတြ
ကငါ့ရဲ႕ညီအစ္ကို၊ေမာင္ႏွမ ေတြလိုပဲ"
ဤအရာမ်ားေျပာၿပီးေနာက္ဝမ္႐ႊမ့္ေခါင္းထဲ၌ပုံရိပ္တစ္ခုေပၚလာခဲ့သည္။ထိုပုံရိပ္မွာဆီးႏွင္းမ်ားအၾကားႏွစ္ ေထာင္ေပါင္းမ်ားစြာပိတ္မိေနသကဲ့သို႔ပင္။ထိုသူမွာ'တံခြန္တိမ္
တိုက္'ဂိုဏ္းအတြင္းဝမ္႐ႊမ္အေလးစားသင့္ဆုံးႏွင့္ေက်းဇူးအတင္သင့္ဆုံးပုဂၢိုလ္မ်ိဴးျဖစ္မွန္းသိေသာ္ျငားဤအေၾကာင္းကိုေတြးမိယုံျဖင့္ပင္တုန္လႈပ္ေနမိေသာစိတ္ကိုေတာ့မခုခံနိုင္ခဲ့ပါေခ်။
"ဆရာဦးေလးကေတာ့....ဒီႏွစ္ေတြအတြင္းငါ့
အေပၚအာ႐ုံစိုက္မႈမ်ိဳးဘယ္ေတာ့မွထုတ္မျပ
ခဲ့ေပမယ့္အရင္ခ်ိန္ထဲကငါ့ဘဝကိုကယ္တင္ေပးခဲ့ၿပီးဒီမွာေနခြင့္ေပးခဲ့တယ္ သူကငါ့ရဲ႕အသက္သခင္ေက်းဇူးရွင္ပဲေလ"
ဤအခ်က္မ်ားၾကားၿပီးေနာက္ဆုံးတြင္ေတာ့က်န္းရီလဲမတတ္နိုင္ေတာ့ဘဲစိတ္မရွည္ေသာအရိပ္အေယာင္တခ်ိဳ႕ျပကာစကားျပန္ေျပာလိုက္၏။
"အဲ့တာေတြကြၽန္ေတာ္သိၿပီးသားပါ"
"တကယ္လား?"
"ဆရာတူအစ္ကိုနဲ႕ပတ္သတ္ေနသေ႐ြ႕ေတာ့
ကြၽန္ေတာ္အကုန္လုံးသိပါတယ္ဆို.."
က်န္းရီကေလသံျမႇင့္လိုက္ၿပီးငယ္႐ြယ္ႏုပ်ိဳ
မႈ၏ေမာက္မာျခင္းႏွင့္အရိုင္းဆန္ေသာ
အသြင္မ်ိဳးထုတ္ျပခဲ့၏။
"ဒီစကားကိုကြၽန္ေတာ္အရင္ကလဲေျပာခဲ့ၿပီး
ၿပီ။တန္ဖိုးမရွိတဲ့စကားေတြကိုကြၽန္ေတာ္တမင္သက္သက္ႂကြားဝါေနယုံပဲလို႔မ်ားအစ္ကိုထင္ေနတာလား?"
"ငါမွားသြားတယ္"
ဝမ္႐ႊမ္သဘာဝက်က်သာက်န္းရီကိုျပန္
ေတာင္းပန္ခဲ့သည္။
"သိပ္မၾကာခင္ ဒါမွမဟုတ္ နည္းနည္းၾကာၿပီး
တဲ့ေနာက္ အစ္ကိုနားလည္လာပါလိမ့္မယ္"
က်န္းရီကအသံႏွိမ့္လိုက္ၿပီးမျပတ္မသား
သာေရ႐ြတ္ခဲ့၏။
ဝမ္႐ႊမ္ရွင္းရွင္းလင္းလင္းမၾကားလိုက္ရဘဲ
ေနာက္ထပ္ေမးျမန္းရန္ႀကံ႐ြယ္ေနစဥ္မွာပင္
က်န္းရီ၏ေျခလွမ္းမ်ားက႐ုတ္တရက္ရပ္
တန့္သြားခဲ့သည္။သို႔ျဖစ္ရာဝမ္႐ႊမ္ေခါင္းကို
ေမာ့ရင္းေရွ႕သို႔လွမ္းၾကည့္လိုက္၏။
သူတို႔ႏွစ္ဦး၏ျမင္ကြင္းေရွ႕၌အလင္းေရာင္
အခ်ိဳ႕ေတာက္ပလာခဲ့သည္။
သူတို႔ႏွစ္ဦးစလုံးအေစာပိုင္းကအျငင္းပြားမႈ
ကိုစိတ္ထဲမွခ်က္ခ်င္းဖယ္ထုတ္ၿပီးၿငိမ္းခ်မ္းေရးယူလိုက္၏။အခ်ိန္ခဏၾကာၿပီးေနာက္
ေထာင့္တစ္ေနရာသို႔ေကြ႕လိုက္ရာအတား
အဆီးေနာက္တစ္လႊာအားေတြ႕လိုက္ရေလ
သည္။အတားအဆီးေရွ႕၌ေက်ာက္စိမ္းစင္
ျမင့္တစ္ခုရွိေနခဲ့သည္။ထိုေက်ာက္စိမ္းစင္
ျမင့္မွာေခ်ာမြတ္ေသာတြင္းေၾကာင္းပမာရွိေနခဲ့သည္။ပုံသ႑ာန္အရ၎မွာဓားပ်ံေရွ႕ေျပး
နိမိတ္ယခင္ကတည္ရွိခဲ့ေသာေနရာျဖစ္
ေကာင္းျဖစ္နိုင္သည္။
(note/ဓားပ်ံေရွ႕ေျပးနိမိတ္ကအလင္းလုံးေလးယိုယြင္းသြားလို႔ဓားေပါက္စနေလးျဖစ္
သြားတယ္ဆိုတာေလးပါေနာ္)
၎တြင္းေၾကာင္းေဘး၍ေက်ာက္စိမ္းတုံးေလးတစ္ခုလည္းရွိေနေသးသည္။ဝမ္႐ႊမ္
ေကာက္ယူၾကည့္မိရာဓားပ်ံေရွ႕ေျပးနိမိတ္ႏွင့္
အတူသူံးနိုင္ရန္ဤေနရာပိုင္ရွင္ခ်န္ရစ္ခဲ့ေသာလွ်ို႔ဝွက္နည္းစနစ္ျဖစ္ေနခဲ့၏။
ဝမ္႐ႊမ္ေအာက္ဘက္သို႔ဂ႐ုတစိုက္ဖတ္ၾကည့္
လိုက္ၿပီးအဆုံးသတ္သို႔ေရာက္ေသာအခါ
အံ့ၾသထိတ္လန့္မႈျဖင့္မ်က္လုံးမ်ားျပဴးက်ယ္
သြားခဲ့ရေတာ့သည္။
ေရရင္းျမစ္ေၾကာျဖင့္က်င့္ႀကံခဲ့ၿပီးသူ႕ဘဝ
တစ္ေလွ်ာက္လုံး'ေရ'နည္းစနစ္က်င့္ႀကံျခင္း
နည္းလမ္းမ်ားကိုစုေဆာင္းခဲ့သည့္အေၾကာင္း
ရွင္းျပထား၏။ထိပ္တန္းအရည္အေသြးလက္
စြဲမ်ားႏွင့္ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ
ရွားပါးလက္စြဲစာအုပ္မ်ားအားရွာေဖြေတြ႕ရွိ
ခဲ့ၿပီး၎တို႔အားလုံးကိုဓားပ်ံေရွ႕ေျပးနိမိတ္
ႏွင့္အတူဤေနရာ၌ခ်န္ရစ္ခဲ့သည့္အေၾကာင္း
ကိုေက်ာက္စိမ္းတုံး၏အဆုံး၌အနည္းငယ္
ျပန္ေျပာျပထားခဲ့သည္။
"ဆရာတူအစ္ကို ဂိုဏ္းခ်ဳပ္ေပးခဲ့တဲ့က်င့္ႀကံ
ျခင္းနည္းလမ္းကအစ္ကို႔ကိုယြမ္စုစည္းျခင္း
အဆင့္ထိေရာက္ေအာင္ခြင့္ျပဳေပးခဲ့တယ္။
ႀကီးႀကီးမားမားခ်ိဳ႕ယြင္းခ်က္ရွိေနတာေတာင္
အဲ့ဒီနည္းလမ္းရဲ႕ဒီေက်းဇူးကိုမွတ္မိေလာက္
အုံးမွာပါ"
ဤတစ္ႀကိမ္တြင္ေတာ့က်န္းရီကေမးခြန္း
တစ္ခုေမးလာခဲ့၏။
"အကယ္၍မ်ားဒီအတားအဆီးရဲ႕အေနာက္
မွာက်င့္ႀကံျခင္းနည္းလမ္းရွိၿပီးအဲ့ဒီနည္းလမ္းကအစ္ကို႔ရဲ႕ေရရင္းျမစ္ေၾကာအတြက္သုံးဖို႔ခ်ိဳ႕ယြင္းခ်က္လဲမရွိတဲ့အျပင္က်င့္ႀကံျခင္းအဆင့္ကိုပါပိုျမင့္တဲ့အဆင့္ထိတိုးျမႇင့္ေပးနိုင္တယ္လို႔ကြၽန္ေတာ္ေျပာခဲ့ရင္အစ္ကို
ဘယ္လိုလုပ္မွာလဲ?"
ဝမ္႐ႊမ္အသက္ျပင္းျပင္းရႈသြင္းလိုက္ၿပီးတုန္
ယင္ေနေသာလက္မ်ားအားတည္ၿငိမ္သြား
ေအာင္သူ႕ကိုယ္သူဖိအားေပးလိုက္၏။
"ဒီအတားအဆီးရဲ႕အေနာက္မွာ"ေရ'နည္းစနစ္
က်င့္ႀကံျခင္းဘယ္ေလာက္လဲရွိရွိထိပ္တန္း
ေရရင္းျမစ္ေၾကာနဲ႕သင့္ေတာ္တဲ့နည္းလမ္း
ရွိတယ္လို႔ငါတို႔ေသခ်ာေပါက္မဆိုလိုနိုင္....
ေနပါအုံး!"
ဝမ္႐ႊမ္႐ုတ္တရက္သတိျပဳမိလိုက္သည္။
"မင္းဘယ္လိုသိတာလဲ?"
ဝမ္႐ႊမ့္လက္ထဲ၌ရွိေနေသာေက်ာက္စိမ္းတုံး
ကိုက်န္းရီမဖတ္ခဲ့သလိုထိုစကားလုံးမ်ားကို
ေျပာရန္အတြက္ေက်ာက္စိမ္းတုံးေပၚမွဗဟုသုတကိုလည္းမမွီခိုခဲ့ေပ။
"မင္းေကာင္းကင္ဘုံရဲ႕အလိုေတာ္(ေကာင္း
ကင္ဘုံစည္းမ်ဥ္း)ကိုမဆင္မျခင္ဖတ္ျပန္ၿပီ
လား?!!"
ဝမ္႐ႊမ္အံ့ၾသစြာေမးလိုက္၏။က်န္းရီကျပန္
မေျဖဘဲၿပဳံးယုံသာၿပဳံးေနခဲ့သည္။သူ၏
ေက်ာက္စိမ္းလက္ေကာက္မွခ်ပ္ျပားကိုထုတ္
ကာလက္ဝါးျဖင့္ရိုက္ခ်လိဳက္ျပန္သည္။
အတားအဆီးေရွ႕တည္ၿငိမ္စြာရပ္ေနရင္းခ်ပ္
ျပားကိုင္ထားေသာလက္ကိုေရွ႕သို႔ျမႇောက္
လိုက္ေလ၏။
ဤဒုတိယေျမာက္အတားအဆီးကိုရွင္းလင္း
ရန္အတြက္အေစာပိုင္းကျပဳမူခဲ့ေသာလုပ္
ေဆာင္ခ်က္အတိုင္းျပန္ႀကိဳးစားရန္အဆင့္
သင့္ျဖစ္ေနေၾကာင္းထင္ရွားလွေပသည္။
ဤအတားအဆီးမွထုတ္လႊတ္ေသာအရွိန္
အဝါအရ၎၏စြမ္းအားမွာယြမ္စုစည္းျခင္း
အဆင့္အေျခအေနမ်ိဳးသို႔ပင္ေရာက္ခဲ့ၿပီးျဖစ္
သည္။ထို႔အတြက္ဖ်က္ဆီးပစ္ရန္မွာပိုခက္ခဲၿပီးေကာင္းဘင္ဘုံ၏အလိုေတာ္(ေကာင္းကင္
ဘုံစည္းမ်ဥ္း)သည္ပင္လွ်င္အဓိပၸာယ္ေဖာ္ရန္ခက္ခဲေနေပလိမ့္မည္။
ဒါေပမယ့္ျပသနာမရွိပါဘူး...
က်န္းရီစိတ္ထဲ၌ေတြးလိုက္၏။ဝမ္႐ႊမ့္ေဘးကတျခားလူေတြထက္သူကပိုစိတ္ခ်ရၿပီး
ဝမ္႐ႊမ့္ယုံၾကည္မႈနဲ႕လည္းပိုထိုက္တန္တယ္။အဲ့ဒီအခ်က္ကိုဝမ္႐ႊမ္သတိထားမိလာေစရမယ္...
"ရယ္စရာပဲ!"
ဝမ္႐ႊမ္အေရွ႕ဘက္သို႔လ်င္ျမန္စြာေျပးသြား
ၿပီးသူ၏ညာလက္ျဖင့္႐ုတ္တရက္ၾကမ္းၾကမ္း
တမ္းတမ္းဆြဲကိုင္ကာက်န္းရီကိုရပ္တန့္ရန္
က်ယ္က်ယ္ေလာင္ေလာင္ေအာ္ဟစ္လိုက္
၏။
"မင္းအသက္မရွင္ခ်င္ေတာ့ဘူးလား?!"
"အဆင္ေျပပါတယ္ ဆရာတူအစ္ကိုရဲ႕.."
က်န္းရီကလြတ္ေျမာက္ရန္႐ုန္းကန္လိုက္ၿပီး
"ကြၽန္ေတာ့္အကန့္အသတ္ကိုကြၽန္ေတာ္သိ
ပါတယ္"
"ကိုယ့္အကန့္အသတ္ကိုသိတယ္ေပါ့? အဲ့ဒီ
စကားရဲ႕ဆိုလိုရင္းကိုမင္းသိရင္ဒီလိုကိစၥေတြ
ကိုအရင္ထဲကလုပ္မွာမဟုတ္ဘူး!"
"ဒါေပမယ့္ဒီအတားအဆီးရဲ႕ေနာက္မွာရွိေန
တာကအစ္ကို႔အတြက္အလိုအပ္ဆုံးအရာပဲ
ေလ"
က်န္းရီကသက္ျပင္းခ်ရင္းစိတ္ရႈပ္ေထြးေသာ
ေလသံျဖင့္ေျပာလာ၏။
"အဲ့တာကိုတတ္နိုင္သေလာက္ျမန္ျမန္ေလး
မဖမ္းယူခ်င္ဘူးလား?"
ေသခ်ာတာေပါ့....သူ႕ရဲ႕ႏွလုံးသားကိုလက္
သည္းနဲ႕အခ်က္တစ္ရာေလာက္ကုတ္ျခစ္ခံ
ေနရသလိုကိုဒီအတားအဆီးကိုတတ္နိုင္သ
ေလာက္ျမန္ျမန္ဖြင့္ခ်င္ခဲ့တာ။ဒါေပမယ့္
ေကာင္းကင္ဘုံရဲ႕အလိုေတာ္(ေကာင္းကင္ဘုံ
စည္းမ်ဥ္း)ကိုဖတ္ရတာအႏၱရာယ္ဘယ္
ေလာက္မ်ားမွန္းသူသိထားၿပီးၿပီ။အေစာပိုင္း
ကအေျခအေနမ်ိဳး ဒါမွမဟုတ္ အဲ့လိုအေျခ
အေနနဲ႕တစ္ပုံစံထဲတူတဲ့အျဖစ္မ်ိဴးက်န္းရီ
ထပ္ျဖစ္သြားနိုင္တယ္....
ဝမ္႐ႊမ္႐ုတ္တရက္ရပ္လိုက္ၿပီးမ်က္ေမွာင္ႀကဳံ႕ကာတစ္စုံတစ္ရာကိုေျပာရန္အဆင့္သင့္ျဖစ္ေနခဲ့သည္။
ထိုအခိုက္အတန့္မွာပင္သူတို႔ႏွစ္ဦးအျပင္
အျခားလူပိုတစ္ဦးတစ္ေယာက္မွ်မရွိခဲ့ေသာလွိုဏ္ဂူ၏ဝိဥာဥ္စြမ္းအင္မွာတက္လိုက္က်
လိုက္ျဖစ္လာခဲ့သည္။
က်န္းရီလည္းသတိထားမိသြားၿပီးမည္သည့္
ေနရာကလာမွန္းအလ်င္အျမန္ေခါင္းလွည့္
ၾကည့္လိုက္၏။
"အဲ့တာကေနရာေ႐ႊ႕ေျပာင္းမႏၱာန္စည္း!"
ဝမ္႐ႊမ္ေကာက္ခ်က္ခ်လိဳက္ၿပီးမ်က္ႏွာအေရာင္မွာေျပာင္းလဲသြားခဲ့ရေတာ့သည္။
"အဲ့ဒီ'ေနရာေ႐ႊ႕ေျပာင္း'မႏၱာန္စည္းကေန
တစ္စုံတစ္ေယာက္ျဖတ္လာတာပဲ"
အခ်ိန္တစ္စကၠန့္ေတာင္မၾကာခင္မွာပင္သူတို႔
၏စကားအားအတည္ျပဳေပးလိုက္သကဲ့သို႔
ႀကီးမားေသာရိုက္ခတ္သံႀကီးကလမ္းတစ္
ေလွ်ာက္ထြက္ေပၚလာခဲ့၏။တစ္စုံတစ္ရာကို
တိုက္ခိုက္ရန္တစ္စုံတစ္ဦးကေမွာ္ပညာကို
အသုံးျပဳလိုက္မွန္းသိသာလွေပသည္။
သူတို႔ႏွစ္ဦးအျမန္လွည့္ကာျပန္ေလွ်ာက္သြား
လိုက္၏။မည္သည့္ေနရာမွလာသည္ကို
ၾကည့္ရန္လမ္းတစ္ေလွ်ာက္လုံးအရွိန္ျမႇင့္ကာေလွ်ာက္ခဲ့ၾကၿပီးေနာက္ဆုံးတြင္ေတာ့ထိုေနရာသို႔ေရာက္သြားခဲ့သည္။သူတို႔ႏွစ္ဦးၿဖိဳဖ်က္ခဲ့ေသာအတားအဆီးမွေနာက္တစ္ဖန္
ျပန္ေပၚလာခဲ့ၿပီးအသစ္ဝင္လာသူႏွစ္ဦးကိုပိတ္ကာထား၏။
ဝင္လာသူႏွစ္ဦးမွာေျမာက္ပိုင္း'ဖန္လိုင္'ဂိုဏ္း
၏တပည့္ဝတ္စုံကိုဝတ္ဆင္ထားေသာအမ်ိဳး
သားတစ္ဦးႏွင့္အမ်ိဳးသမီးတစ္ဦးပင္တည္း။
အေနာက္၌ရွိေနေသာက်န္းရီကိုဝမ္႐ႊမ္ျပန္
လွည့္ၾကည့္မိရာက်န္းရီ၏မ်က္ႏွာမွာအလြန္ထူးဆန္းအံ့ၾသေနေသာအမူအယာျဖစ္ေန
ေၾကာင္းအံ့အားသင့္စြာေတြ႕လိုက္ရ၏။ဒီအျဖစ္အပ်က္ကိုသူလဲမေမွ်ာ္လင့္ထားခဲ့မွန္း
ရွင္းလင္းစြာသိသာလွသည္။
"ဒီေလာက္ျမန္ျမန္ႀကီးေရာက္လာတာလား?"
စက္ဆုပ္ေသာေလသံမ်ိဳးျဖင့္က်န္းရီတီးတိုး
ေရ႐ြတ္လိုက္သည္ကိုသာဝမ္႐ႊမ္ၾကားလိုက္ရ
ေလေတာ့သည္။
................................................................