Fish Upon the Sky

By linn_slln511

5.9K 178 20

ကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖ... More

Fish Upon the Sky
အပိုင်း 1 ပြောင်းလဲမှု
အပိုင်း 2
အပိုင်း 3
အပိုင်း 4 ကစ်တီအဖွဲ့ နှင့် ပီ
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 9
အပိုင်း 10
အပိုင်း 11 အို...လူယုတ်မာ
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15 အတွဲတစ်တွဲအားပေးစားခြင်း

အပိုင်း 8

105 7 1
By linn_slln511

မင်းဘယ်သူလဲ....
မင်းကဘယ်သူလဲ....
မင်းကဘယ်သူလဲဆိုတာကိုငါ့ကိုဘာလို့မပြောပြတာလဲ
ဘယ်သူလဲ
မင်းတကယ်ပဲဘယ်သူလဲ........

''ပီ အဆင်ပြေရဲ့လား''

''မာနန်း''

''အင်း ပီဘယ်လိုနေသေးလဲ နေကောင်းသွားပြီလား''

''ဘာကိုလဲ''

''ဟိုနေ့ကလေ''

''ဪ ကောင်းသွားပါပြီ ဘာမှမဖြစ်တော့ဖူး''

''ကောင်းတယ် ငါမင်းကိုစိတ်ပူနေတာ''

သူကငါ့ကိုစိတ်ပူနေတာပေါ့
ပီကသူရဲ့ရှက်စရာကောင်းတဲ့အဖြစ်ဆိုးကြီးကိုမှတ်မိနေတာမကြိုက်ပေမယ့် သူ့ကိုစိတ်ပူနေတယ်ဆိုတော့ တော်တော်ကြီးကိုပျော်သွားတယ်

''မျက်မှန်မတပ် ဆံပင်ကိုလည်းဒီလိုမျိုးလေးလုပ်လိုက်တော့ မင်းကကြည့်ကောင်းသားပဲ''

သူကငါ့ကိုကြည့်ကောင်းတယ်လို့လည်းပြောသေးတယ်

''မင်းသွားတွေ''

''ဟင် ငါ့သွားတွေဘာဖြစ်နေလို့လဲ''
ပီကသူ့သွားတွေကိုလက်နဲ့အုပ်လိုက်ရင်းအလန့်တကြားမေးလိုက်တယ်

မာနန်းကတော့ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ရင်း
''ဘာမှမဟုတ်ပါဖူး မင်းရဲ့သွားထိန်းဖြုတ်ထားတာတွေ့လိုက်လို့ပါ''

အိုး......သူကငါ့ကိုဂရုစိုက်တာပဲ
ငါဒူရမ်ရဲ့အစီအစဉ်အတိုင်းဆက်လုပ်ရမယ်
ပီကသဘောကျလွန်းလို့ ပြုံးနေတာရပ်တောင်မရပ်နိုင်တော့ဖူး

''ပီ.... ကိုယ့်ကိုကိုယ်သဘောကျနေတာလား''

''ဟင် မဟုတ်ပါဖူး မင်းသောကြာနေ့များအားမလားလို့တွေးနေတာ''

''သိပ်မသေချာဖူး ဘာလို့လဲ''

''ဟို..... blind in loveဆိုတဲ့ပွဲကိုကြားဖူးလား''

''အင်း ကြားဖူးတယ်''

''မင်းချိန်းထားတာရှိပြီလား''

''မရှိသေးဖူး''

''ငါ့သူငယ်ချင်းနဲ့သွားမလို့ ဒါပေမယ့်သွားစရာလူမရှိလို့ ငါနဲ့လိုက်ခဲ့ပေးလို့ရမလား''

''ငါစဥ်းစားလို့ရမလား အားမအားမသေချာသေးလို့
ပီ ငါသွားတော့မယ်နော် နောက်ကျနေပြီ bye''

''အင်း မြန်မြန်သွား''
နောက်ကျလို့အဆူမခံရပါစေနဲ့ဦး.....
မြန်မြန်ပြေးသွားနေပြီဖြစ်တဲ့သူမကြားနိုင်ပေမယ့် ပီရေရွတ်ဖြစ်တယ်

ကျွန်တော်စဥ်းစားကြည့်လိုက်ဦးမယ်
ဒါကဘာအဓိပါယ်ဖြစ်မလဲ
စဥ်းစားကြည့်လိုက်ဦးမယ်ဆိုတာက ဘာအဓိပါယ်လဲ
ဘယ်လောက်ကြာနိုင်လဲ
နှစ်နာရီလား သုံးနာရီလား နှစ်ရက်လား
နှစ်ရက် ဟုတ်တယ်
နေဦး.... နှစ်ရက်ဆိုရင် သူမသွားတော့ဖူးဆိုတဲ့အဓိပါယ်ပဲ

ပီကသက်ပြင်းအရှည်ကြီးကိုလေးပင်စွာချလိုက်ရင်းစာသင်ခန်းထဲကိုဝင်လာတယ်
ပရော်ဖက်ဆာကနောက်ကျမှရောက်လာတဲ့ပီကိုကြည့်လိုက်ပြီး
''မြန်မြန်လုပ်ကြပါ ကျောင်းသားတို့''
''နေရာလွတ်ကျန်သေးလား''လို့အားလုံးကိုမေးလိုက်တယ်

ပရော်ဖက်ဆာရဲ့စကားသံနောက်မှာ ကျောင်းသားတစ်ယောက်ကလက်ထောင်ပြလိုက်တယ်
ပရော်ဖက်ဆာကပီကိုဝင်သွားလို့အချက်ပြပြီးတာနဲ့ ပီကယူနီဖောင်းကိုမြန်မြန်ဝတ်ရင်း ထိုကျောင်းသားရဲ့ဘေးနားကနေရာလွတ်ကိုမြန်မြန်ဝင်လိုက်တယ်
ဂါး ဆက်သရား....မင်းဖြစ်နေပြန်ပြီ

အဲ့အချိန်မှာ မော့ကပီရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်
''မင်းဘာလုပ်တာလဲ''

''မင်းကယူနီဖောင်းကိုသေချာမဝတ်ထားလို့လေ''

မော့ကပီရဲ့ယူနီဖောင်းကိုသေချာပြင်ပေးဖို့လုပ်ပေမယ့် ပီကငြင်းလိုက်တယ်
''ငါ့ဘာသာလုပ်မယ်''

''နောက်လည်းနောက်ကျသေးတယ် လေကျယ်နေသေးတယ် ငြိမ်ငြိမ်နေ''

ပီရဲ့အငြင်းစကားကိုနည်းနည်းလေးတောင်မကြားလိုက်သယောင်ပြုပြီးတော့ ပီရဲ့ယူနီဖောင်းကိုပြင်ပေးလိုက်တယ်
ကော်လံကိုသေချာခေါက်ပေးပြီးတော့ ကြယ်သီးတွေကိုလည်းတစ်လုံးချင်းတပ်ပေးတယ်

ဒီနေ့ကပီတို့ရဲ့လက်တွေ့ဆင်းရတဲ့ရက်တွေထဲကတစ်ရက်ဖြစ်တာကြောင့် ယူနီဖောင်းအပြည့်အစုံရယ် maskရယ်ကိုသေချာဝတ်ရတယ်

''digastricကြွက်သားတွေရဲ့ ဝမ်းဗိုက်အရှေ့ပိုင်းနဲ့ ဘယ်ညာမှာဘယတွေရှိနေလဲဆိုတာကိုသိရဖို့အတွက် အလယ်ပိုင်းတစ်လျှောက်က mylohroidကြွက်သားတွေကိုဓားသုံးပြီးတော့ဖြတ်ထုတ်ပစ်ရမယ်
ပြီးရင် probeနဲ့forcepsကိုသုံးပြီး အတွင်းပိုင်းဖွဲ့စည်းပုံကိုရှာရမယ်
ကဲ စတော့''

ပရော်ဖက်ဆာကပြောပြီးသွားတော့လက်တွေ့လုပ်နေတဲ့ကျောင်းသားအဖွဲ့တိုင်းကိုလိုက်ကြည့်တယ်
ပီကသူလုပ်ရမယ့်အပိုင်းတွေကိုအရင်ဆုံးလုပ်ရတယ်

''ဟဲ့ ဒါကဓာတ်ခွဲခန်းမလား''

''ဓာတ်ခွဲခန်းကဘာဖြစ်လို့လဲ''

''ဟို ကြက်သီးထစရာဓာတ်ခွဲခန်းပုံပြင်လေ
စီနီယာတွေပြောတာကတော့ဒီမှာဆုတောင်းဖို့ဆိုရင် ညဖက်ကြီးဒီကိုလာရတာတဲ့
မီးတွေပိတ်ပြီးတစ်ယောက်တည်းလာရမှာ''

ပီကဓားကိုင်ပြီးလုပ်နေရင်းတန်းလန်းကိုမှ ကောင်မလေးတွေရဲ့စကားပြောနေတဲ့စကားတွေကိုအာရုံစိုက်မိသွားတယ်

'' ၁၂နာရီနဲ့၉မိနစ်ရောက်ရင် ဆုတစ်ခုတောင်းပြီးတော့ အလောင်းခွဲစိတ်တဲ့စားပွဲပေါ်ကသတ္တုပြားကိုလက်နဲ့ခေါက်ရတယ်
တစ်ယောက်ယောက်ကပြန်ခေါက်သံကြားတာနဲ့ ၁၂မိနစ၁၃မိနစ်မှာအခန်းထဲကပြန်ထွက်သွားနိုင်ရင် အဲ့ဆုတောင်းတွေတကယ်ဖြစ်လာမှာ ဘာမဆိုဆုတောင်းလို့ရတယ်တဲ့''

''အဲ့တာ ဒီအခန်းထင်တယ်''

''အ....''
ပီကဘာမဆိုဆုတောင်းလို့ရတယ်လို့ကြားလိုက်တာနဲ့သတိလက်လွတ်ဖြစ်သွားပြီး ကိုင်ထားတဲ့ဓားကပီလက်ကိုထိမိသွားတယ်

''ဟေး အဆင်ပြေရဲ့လား''
မော့ကပီထိခိုက်သွားတာမြင်တာနဲ့ သူ့လက်အိတ်ကိုချွတ်လိုက်တယ်
ပြီးတော့ပီရဲ့လက်အိတ်ကိုဖြည်းဖြည်းချင်းချွတ်ပြီး
''အရင်ဆုံးသွားဆေးလိုက်ရအောင်''

''နည်းနည်းလေးပဲထိသွားတာပါ''
မော့ကပီရဲ့လက်ကိုကိုင်ပြီးရေဆေးပေးရင်းပြောလိုက်တယ်

ပြီးတာနဲ့ ပီရဲ့လက်ကိုအဝတ်သန့်သန့်လေးတစ်ခုနဲ့သုတ်ပေးလိုတ်ရင်း ပခုံးနားရောက်အောင်ပီလက်ကိုမြောက်ပေးထားတယ်

''အဲ့လောက်ထိမြှောက်ထားဖို့လိုလို့လား''

''မင်းနှလုံးထက်မြင့်ဖို့လိုတယ်လေ အဲ့ဒါမှသွေးတိတ်မြန်တာ''

''ငါ့ဘာသာလုပ်လို့ရပါတယ်''

''မရဖူး ရောဂါကူးလိမ့်မယ်
ပြီးရင်မင်းကိုအရေးပေါ်ခန်းထဲခေါ်သွားပေးမယ် ဆေးထိုးဖို့လိုတယ်''

ပီရဲ့စိတ်ထဲမှာမော့ကလူကောင်းလို့အနည်းငယ်ထင်စပြုနေပြီဖြစ်တယ်
သူကိုယ်တိုင်မသိကောင်းမသိနိုင်ပေမယ့် ပီရဲ့မျက်လုံးတွေကစစချင်းတုန်းကလိုမဟုတ်တော့တာသေချာသည်
ပီရဲ့အကြည့်ထဲမှာ ယုံကြည်ခြင်းလည်းပါသည် အားကိုးခြင်းလည်းပါသည်
ပီရဲ့မျက်လုံးများကိုပီကိုယ်တိုင်ကြည့်စေချင်သည်
ထိုအခါ နောင်တစ်ချိန်မော့ကသူ့အတွက် ဖြေဆေးမဟုတ်ပါဟု ငြင်းနိုင်ပါမည်တဲ့လား........

@linn_slln511
ကျန်းမာရေးဂရုစိုက်ကြပါရှင်💙

*Zawgyi*

မင်းဘယ်သူလဲ....
မင်းကဘယ်သူလဲ....
ဘယ်သူလဲ
မင်းတကယ်ပဲဘယ်သူလဲ........

''ပီ အဆင်ပြေရဲ့လား''

''မာနန်း''


''ဘာကိုလဲ''

''ဟိုနေ့ကလေ''






''မင်းသွားတွေ''








''အင်း ကြားဖူးတယ်''


''မရှိသေးဖူး''



''အင်း မြန်မြန်သွား''

ဒါကဘာအဓိပါယ်ဖြစ်မလဲ
ဘယ်လောက်ကြာနိုင်လဲ
နှစ်ရက် ဟုတ်တယ်



''မင်းဘာလုပ်တာလဲ''


''ငါ့ဘာသာလုပ်မယ်''



ကဲ စတော့''






'' ၁၂နာရီနဲ့၉မိနစ်ရောက်ရင် ဆုတစ်ခုတောင်းပြီးတော့ အလောင်းခွဲစိတ်တဲ့စားပွဲပေါ်ကသတ္တုပြားကိုလကနဲ့ခေါက်ရတယ်

''အဲ့တာ ဒီအခန်းထင်တယ်''

''အ....''

''ဟေး အဆင်ပြေရဲ့လား''








@linn_slln511

Continue Reading

You'll Also Like

81.9K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
1.4M 32K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
364K 31.8K 90
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)