Ming Ri Xing Cheng [Zawgyi]
By callme__kitty
50.2K 5.8K 498
The Star Around the Sun 明日星程 Author : Jin Gang Quan 金刚圈 Total Chapters: 149 Eng translator - liuyao (Goosebe... More
Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
TSATS Theme Song
68
69
70
71
72
73
74
75
76
77
78
79
80
81
82
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
83
230 30 2
By callme__kitty
ရှရှင်းချန် ရှယဲ့ကို မြန်မြန် လုပ်ခိုင်းပေမယ့် သူက ဆေးလိပ်တစ်လိပ် ကုန်အောင် သောက်ပြီးမှ တံခါးဆွဲဖွင့်ကာကားထဲ ဝင်လာပြီး VIP ကားရပ်နားနေရာသို့ မောင်းသွားလိုက်သည်။
သူ ကားမောင်းနေရင်းနှင့်လည်း ပွစိပွစိပြောနေဆဲပင်။
ရှရှင်းချန် သူ့အား မေးလိုက်သည်။ "မားနဲ့ပါးကော အဆင်ပြေရဲ့လား။"
ရှယဲ့ ပြောလိုက်သည်။ "အကုန်လုံး အဆင်ပြေတယ်။"
ရှရှင်းချန် ထပ်မေးလိုက်သည်။ "မရီးကော။ ခွင့်ယူထားပြီလား။"
ရှယဲ့ ပြောလိုက်သည်။ "အားလပ်ရက်အတွက်ဆိုပြီး ဘယ်တုန်းကများ ခွင့်ယူဖူးလဲ! နှစ်ကုန် နောက်ဆုံးရက်မှ သူနားလိမ့်မယ်။ အလုပ်က နား၊ အိမ်မှာပဲ ကလေးတွေနဲ့ မိဘကိုပဲ ဂရုစိုက်ပေး ဆိုတာကို နားမထောင်ဘူး။"
ရှရှင်းချန် ရယ်လိုက်သည်။ "ဒါ ကျွန်တော့်ရှေ့မို့ အစ်ကို အဲ့လိုပြောတာပါဗျာ။ မရီးသာ ကြားကြည့်။ သူ အစ်ကို့ကိုလာရိုက်လေ့မယ်။"
"သူက ရိုက်မှာလား၊ ငါက ရိုက်မှာလား။" ရှယဲ့ မကျေမနပ်နှင့် နှာမှုတ်လိုက်သည်။
VIP ကားရပ်နားနေရာက မကျယ်ဝန်းလှ။ ရှရှင်းချန် အဝင်ဂိတ်မှာပဲ ရှိသေးသည်၊ အဝေးရှိ ထွက်ပေါက်အစွန်းထိပ်တွင် ရပ်နေသည့်သူအား လှမ်းမြင်လိုက်ရသည်။
သူ အလျင်အမြန်ပြောလိုက်သည်။ "သူ အပြင်ရောက်နေပြီ! မြန်မြန်!"
ရှယဲ့ သူ့အား ပိတ်အော်လိုက်သည်။ "အဲ့တော့ ဘာဖြစ်လဲ။ ခဏလေးတောင် မစောင့်နိုင်ဘူးလား။"
ရှရှင်းချန်လည်း ပြန်အော်လိုက်သည်။ "သူ အေးနေတယ်လေ! အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။"
ရှယဲ့ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုသူက ယောက်ျားတစ်ယောက်ဖြစ်မှန်း အသေအချာလှမ်းမြင်နိုင်နေပြီးသူက ဒူးအထိ ရှည်လျားသည့်ကုတ်အင်္ကျီကို ဝတ်လျက် ရှိနေကာ ဂိတ်ပေါက်အပြင်ဘက်တွင် အေးအေးဆေးဆေးမတ်တပ်ရပ်နေသည်။
သူတို့ အနားကပ်သွားချိန် ထိုသူက မျက်နှာတစ်ခုလုံး ဖုံးလောက်တဲ့ နေကာမျက်မှန်ကို ဝတ်ဆင်လျက် မေးရိုးချွန်ချွန်လေးကိုသာ ဖော်ထားကြောင်း ရှယဲ့တွေ့လိုက်ရသည်။ သူတို့ ကား သူ့အနားရောက်လာသည်နှင့် ထိုသူကနေကာမျက်မှန်အား ဆွဲချွတ်လိုက်သည်။ နေကာမျက်မှန်အောက်တွင်တော့ လှပလွန်းတဲ့ မျက်ဝန်းတစ်စုံနှင့်ယောက်ျားဆန်ဆန် အသွင်အပြင်များက ပေါ်ထွက်လို့ လာပြီး ရှယဲ့အတွက် မြင်ဖူးသယောင် ဖြစ်လို့နေသည်။
သူ ကားရပ်လိုက်သည်နှင့်တပြိုင်နက် ရှရှင်းချန် ကားမှန်တံခါးကို ချက်ချင်း ဆွဲချလိုက်သည်။ ထို့နောက်မှာတော့သူ ရှရှင်းချန်၏ အော်ခေါ်သံကို ကြားလိုက်ရလေသည်။ "မင်ကော!"
ရှယဲ့ခေါင်းထဲ နာမည်တစ်ခုက ချက်ချင်းဆိုသလို ပေါ်လာသည် : ယန်ယိုမင်! သူ ကားတံခါးဆွဲဖွင့်ကာ လိုက်သွားရန် ခြေတစ်ဖက်ချပြီးနောက် သူ့တကိုယ်လုံး တောင့်တင်းလို့ သွားသည်။ သူ အနည်းငယ်မျှ ကြောင်အနေဆဲ။အကြောင်းကား သူ့လို အနုပညာလောကအကြောင်း စိတ်မဝင်စားသူတောင် ယန်ယိုမင်က တကယ့်နာမည်ကြီးမှန်းသိလို့နေသည်ပင်။
ယန်ယိုမင်က လေဆိပ်ဝန်ထမ်းတစ်ယောက်နောက်မှ လိုက်ထွက်လာသည်။
ရရှင်းချန် အလျင်အမြန်ပြေးသွားလိုက်ပြီးနောက် ယန်ယိုမင်အရှေ့တွင် ရပ်ကာ တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။ "အေးလား။"
ယန်ယိုမင် ပြုံးပြီး ပြောလိုက်သည်။ "မအေးပါဘူး။"
ရှယဲ့လည်း ထိုအချိန်တွင် အနားသို့ လျှောက်လာလေသည်။
ရှရှင်းချန် ယန်ယိုမင်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါ ကျွန်တော့်အစ်ကို၊ နာမည်က ရှယဲ့၊ ကျွန်တော့်တို့ကို လာကြိုပေးတာ။"
ထို့နောက် သူ ရှယဲ့အား ပြောလိုက်သည်။ "ဒါ ယန်ယိုမင်၊ ကျွန်တော့်ရဲ့ မင်ကော။"
ယန်ယိုမင် ရှယဲ့ထံ လက်ဆန့်တန်းပေးလိုက်သည်။ "တွေ့ရတာ ဝမ်းသာပါတယ်။"
ရှယဲ့ အလျင်အမြန်ပဲ သူ့လက်အား ဆန့်ထုတ် နှုတ်ဆက်လိုက်ပြီး ခဏတာမျှ ဘာပြောရမယ် မသိဖြစ်နေသည်။ ထို့ကြောင့် သူ ဤမျှသာပြောလိုက်တော့သည်။ "ကျွန်တော်က ရှရှင်းချန် အစ်ကိုပါ။"
ရှယဲ့ပြောတာကို ကြားချိန်တွင် ယန်ယိုမင်လည်း ထပ်ဖြည့်ပြောလိုက်သည်။ "ကိုယ် ရှင်းချန်ရဲ့ သူငယ်ချင်းပါ။"
ရှယဲ့ အနည်းငယ်မျှ ကြောင်အနေဆဲ။ သူ့အတွေးထဲ ရှရှင်းချန်၏ သူငယ်ချင်းက နှစ်ဆယ်ကျော် ကောင်လေးငယ်တစ်ယောက်သာ ဖြစ်လောက်မည်ဟု ထင်ထားမိခဲ့သည်။ သို့ပေမယ့် အခု ယန်ယိုမင်နှင့် မျက်နှာချင်းဆိုင်ရချိန် သူပြင်ဆင်ခဲ့သည့် ကိုယ်ဟန်အနေအထားများက သင့်တော်ခြင်းမရှိတော့။ သူ ဘာပြောရမလဲကို မသိတော့တာမို့စကားစဖြတ်ရတော့သည်။
"ကားပေါ် အရင်တက်ရအောင်လေ။ လေဆိပ်ကနေဆို တစ်နာရီလောက် မောင်းရလိမ့်မယ်။ မိသားစုက အတူညစာစားဖို့ စောင့်နေကြတယ်။"
အတူလိုက်ပါလာသည့် ဝန်ထမ်းက ယန်ယိုမင် လက်ဆွဲအိတ်များကို ကားထဲ ထည့်ပေးပြီးနောက် တလေးတစားနှင့်ကားတံခါးဖွင့်ပေးလာသည်။
ရှယဲ့ ကားမောင်းသူထိုင်ခုံသို့ ပြန်သွားပြီး ထိုင်လိုက်ချိန်မှာပဲ ယန်ယိုမင် အနောက်ခုံသို့ သွားထိုင်သည်ကို မြင်လိုက်ရသည်။ ထို့နောက်မှာတော့ ရှရှင်းချန်ပါ အနောက်ခုံသို့ သွားပြောင်းထိုင်တော့လေသည်။ သူ မနေနိုင်စွာ ခေါင်းလှည့်ပြီး ရှရှင်းချန်အား စူးစူးစိုက်စိုက် ကြည့်လိုက်မိရင်း စိတ်ထဲ မပျော်မရွှင် ဖြစ်သွားရသည်။
ရှရှင်းချန်ကတော့ သတိထားမိပုံမပေါ်၊ ယန်ယိုမင် ချွတ်လိုက်သည့် ဂျက်ကတ်ကို လှမ်းယူပြီး ပြောလိုက်သည်။ "ကော စောင့်နေရတာ ကြာပြီလား။"
ယန်ယိုမင် ပြောလိုက်သည်။ "မကြာပါဘူး၊ အခုလေးတင် ရောက်တာ။"
ကားတံခါးက ဖြည်းညင်းစွာ ပိတ်သွားပြီး ယန်ယိုမင် အပြင်ရှိ ဝန်ထမ်းအား ကားမှန်မှ တစ်ဆင့် ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ရှယဲ့ ကားစက်နိုးပြီးသည်နှင့် တစ်ဖက်ပြန်လှည့်ပြီး အပြင်မောင်းထွက်သွားတော့သည်။
ရှရှင်းချန်က မြောက်ပိုင်းရှိ ဒုတိယတန်းစားလူများ နေထိုင်ရာမြို့တွင် ကြီးပြင်းလာခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ရက်ကမှဒီမြို့အတွင်း နှင်းများ ကျသွားခဲ့သည်။ လေဆိပ်က ထွက်လာသည်နှင့် လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်ခေါင်မိုးများပေါ်တွင် နှင်းပါးလွှာလွှာများ ဖုံးလွှမ်းလို့ နေသည်ပို မြင်နေရသည်။
လေထုက အေးစက်ခြောက်သွေ့လို့နေသည်၊ သို့ပေမယ့် ကားအတွင်းကတော့ အပူပေးစက်ကြောင့် နွေးထွေးလို့နေပြီး မကြာခင်အတွင်းမှာပဲ ကားမှန်ပေါ်တွင် ရေငွေ့ရိုက်လာတော့သည်။
ရှယဲ့ လက်ဆန့်ထုတ်ကာ ရေငွေ့များကို ဖယ်ရှားရင်း ကားနောက်ကြည့်မှန်မှတစ်ဆင့် ယန်ယိုမင်ကို လှမ်းကြည့်လိုက်သည်။ သူ မောင်းနေရင်းနှင့် မေးမြန်းလိုက်သည်။ "လူကြီးမင်းယန်က အသက်ဘယ်လောက်ရှိပြီလဲဗျ။"
ယန်ယိုမင် ပြန်ဖြေလိုက်သည်။ "နှစ်သစ်ကူးပြီးရင် ၃၈နှစ်ဖြစ်ပြီ။"
ရှယဲ့ ပြောလိုက်သည်။ "ကျွန်တော်က ၃၅နှစ်။"
သူ တစ်ခါမှ မျက်နှာထိန်းသိမ်းခြင်းကိစ္စများကို စိတ်မဝင်စားတာမို့ သူမျက်နှာကို ကြည့်လိုက်ပါက ယန်ယိုမင်ထက်နှစ်နှစ်၊ သုံးနှစ်မျှ ပိုကြီးသလို ဖြစ်နေသည်။ သူ မနေနိုင်စွာ ကားမှန်မှတစ်ဆင့် ယန်ယိုမင်ကို ပြန်ကြည့်လိုက်မိသည်။
သူသာ ယန်ယိုမင်နာမည်ကို လွန်ခဲ့တဲ့ ဆယ်နှစ်က မကြားခဲ့ဖူးပါက ရှယဲ့ သူ့ကို အသက်၃၀ပြည့်ကာစ လူတစ်ယောက်လို့တောင် ထင်မိနိုင်သည်။
ယန်ယိုမင် ပြောလိုက်သည်။ "မင်း စိတ်မရှိရင် ရှင်းချန် ခေါ်သလို မင်ကောလို့ ခေါ်လည်း ရတယ်။"
ရှယဲ့ အလျင်အမြန်ပဲ ပြောလိုက်သည်။ "ဘာလို့ စိတ်ရှိရမှာလဲဗျာ! ကျွန်တော်က ခင်ဗျားတို့လို နာမည်ကြီးတွေကျွန်တော်တို့ကို မကြိုက်မှာ စိုးရိမ်ရုံ —"
"ကော!" သူ စကားပြောလို့ မဆုံးခင်မှာပဲ ရှရှင်းချန် အနောက်မှ ခပ်ထန်ထန် အော်ဟစ်လို့ ဝင်နှောင့်လိုက်သည်။
ရှယဲ့လည်း စကားဆက်မပြောတော့။
ကားက အရှိန်ငြိမ့်ငြိမ့်လေးနှင့် အဝေးပြေးလမ်းမပေါ် မောင်းတက်သွားသည်။ တရုတ်နှစ်ကူး ရောက်ခါနီးမို့ ဖြစ်နိုင်သည်၊ အဝေးပြေးလမ်းမပေါ် ကားများ သိပ်မရှိ။ လမ်းကလည်း ကျယ်ပြန့်ကာ ဘေးဘီတစ်လျှောက်ကတိတ်ဆိတ်ငြိမ်သက်လျက် ရှုခင်းမြင်ကွင်းက အဝါရောင်အဖျော့လေးပေါ်တွင် နှင်းမှုန်အဖြူများ ရောထွေးနေသလို။ မြင်ကွင်းများက ကားမှန်မှတစ်ဆင့် အလျင်အမြန်ပဲ မြင်လိုက်ရပြီး အနောက်တစ်နေရာတွင် ကျန်ရစ်ခဲ့တော့လေသည်။
ဒီလို ကျဉ်းကျဉ်းကျုတ်ကျုတ်အနေအထားထဲ ရှရှင်းချန် ယန်ယိုမင်နှင့် စကားပြောဖို့ အဆင်မပြေလှ။ သူ ပြောသမျှ စကားတိုင်းက ရင်းနှီးလွန်းပုံ ပေါ်နေမည်ဖြစ်တာမို့ ငြိမ်သက်သက်ထိုင်ရင်း ပြတင်းပေါက်ကိုသာ အကြည့်မူလျက် တစ်ခါတစ်ရံမှသာ ယန်ယိုမင်ဘက်ကို လှည့်ကြည့်လိုက်သည်။
ယန်ယိုမင်လည်း စကားမပြောပဲ ထိုင်နေရင်း ရှရှင်းချန် သူ့အား လှမ်းကြည့်နေသည်ကို သတိထားမိသည်နှင့် သူခေါင်းလှည့်ကာ ရှရှင်းချန်အား ပြန်ကြည့်လိုက်သည်။ ဖော်ပြမှု များများစားစားမရှိလှပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာကို ယန်ယိုမင် မျက်ဝန်းများက နူးနူးညံ့ညံ့ဖြစ်သွားသည်။
ရှရှင်းချန် ရုတ်တရက်ဆိုသလို ယန်ယိုမင်နှင့် ရှလဲ့ ပြောနေသည့် စကားများကို အမှတ်ရလာသည်။ ယန်ယိုမင်ကနောက်နှစ်ကူးသည်နှင့် အသက်၃၈နှစ် ပြည့်ပြီးဖြစ်ပြီး နှစ်နှစ်အတွင်းမှာပဲ လေးဆယ်ပြည့်တော့မည်။
သူ ရုတ်တရက် လွမ်းဆွတ်သလိုခံစားလာရသည်။ သူ ယန်ယိုမင်ကို အသိနောက်ကျခဲ့သည်ဟုလည်း တွေးနေမိသည်။ သူ ဒီထက် စောစော တွေ့ခဲ့သည်၊ သူ ယန်ယိုမင်ကို ပွဲဦးထွက် ၁၈နှစ်ကတည်းက သိခဲ့ရင် အတော်လေးကောင်းမှာပင်။ ထိုကဲ့သို့သာဖြစ်ခဲ့ပါက ယန်ယိုမင်လည်း ယွမ်ကျင့်နှင့် နှစ်အနည်းငယ်မျှ အချိန်ဖြုန်းစရာ မလိုတော့။
အဝေးပြေး လမ်းမပေါ် နာရီဝက်မျှ မောင်းပြီးချိန်တွင်တော့ လမ်းဘေးဘီရှိ မြင်ကွင်းများက စည်စည်ကားကားရှိလို့လာသည်။ ဖွဲ့ဖြိုးဆဲ မြို့ဖြစ်တာမို့ အဆောက်အအုံ အထပ်ရှည်များ စီတန်းပြည့်နှက်လျက် လူများစွာကလည်းအနွေးထည်ကိုယ်စီနှင့် လမ်းဘေးဘီတွင် ရှိနေသည်ကို မြင်နေရ၏။
လမ်းက တဖြည်းဖြည်း ကျပ်ပိတ်လာသည်မို့ ရှယဲ့ အရှိန်လျော့ရတော့သည်။ သူ မကျေမနပ် ညည်းတွားလိုက်သည်။ "ပြန်ရောက်ဖို့ တစ်နာရီကျော် ကြာမယ်လို့ ငါပြောသားပဲ။"
ထို့နောက်မှာတော့ သူ ဘရိတ်နင်းကာ မီးနီကို စောင့်နေရင်း ယန်ယိုမင်ကို မေးလိုက်သည်။ "ဘယ်လိုဖြစ်ပြီး မင်ကောက ရှင်းချန်နဲ့ ရင်းနှီးသွားတာလဲ။"
ယန်ယိုမင် ပြန်ဖြေလိုက်သည်။ "ကိုယ်တို့ ဇာတ်ကားတစ်ကားထဲမှာ အတူ သရုပ်ဆောင်ရတယ်လေ။"
ရှယဲ့ မေးလိုက်သည်။ "ဘာ ဇာတ်ကားလဲ။ ဘာလို့ ရှင်းချန် ကျွန်တော်တို့ကို မပြောပြတာလဲ။"
ယန်ယိုမင် ရှရှင်းချန်ဘက် တစ်ချက် လှည့်ကြည့်ပြီး ဘာမှ ပြန်မဖြေ။
ရှရှင်းချန် အလျင်အမြန်ပြောလိုက်သည်။ "ဘာလို့ မပြောရမှာလဲ။ ကိုယ့်ဘာသာ မမှတ်မိပဲနဲ့။"
တကယ်တမ်း သူ ရှယဲ့ကို မပြောထား။ သူ့အမေနှင့် ဖုန်းခေါ်ပြောဖြစ်ရင်းသာ ယန်ယိုမင်နှင့် ဇာတ်လမ်းအတူ တွဲရိုက်နေရကြောင်း ပြောဖြစ်ခဲ့ပြီး အသေးစိတ်လည်း ပြောပြခြင်းမရှိခဲ့။
ထိုအချိန်မှာက မာမားရှ အံ့ဩတကြီးတောင် အော်ဟစ်လိုက်သေးသည်။ "အား! ယန်ယိုမင်! အိုက်ရိုး!"
ရှယဲ့ ကြောင်အသွားသည်။ သူ တကယ် မေ့သွားသည်လားဆိုတာကို မမှတ်မိတော့။ ထို့ကြောင့် သူ ထပ်မေးလိုက်သည်။ "ဘယ်အချိန် လွှင့်မှာလဲ။ ငါ ရုပ်ရှင်ရုံသွားပြီး ကြည့်ရမယ်။"
ရှရှင်းချန် ပြောလိုက်သည်။ "စောပါသေးတယ်။ အဲ့ကျမှ ပြောမယ်။"
သေချာသလောက် 'မျောလွင့်နေသည့် အနာဂတ်'က တရုတ်မှာ ထုတ်လွှင့်မည့်ပုံ မပေါ်။ သို့ပေမယ့်လည်း အင်တာနက်နှင့် အခြားချန်နယ်လိုင်းများမှ ကြည့်ရှုလို့ ရဆဲပင်။ ရှယဲ့ ထိုအချိန်ရောက်လာလျှင် ကြည့်ဖို့ ရအောင် ရှာလေမလား သူ မသိပေမယ့် ရှရှင်းချန် သူ့အား ထွေထွေထူးထူး ရှင်းပြချင်စိတ်မရှိ။
မကြာခင်မှာပဲ ကောင်ကင်းယံက တဖြည်းဖြည်း မှောင်မိုက်လာတော့သည်။
ရှယဲ့ ဒီမြို့၏ အဆင့်အတန်းမြင့် အိမ်ယာဝန်းထဲသို့ မောင်းဝင်သွားလိုက်သည်။ ကားက ဝန်းအတွင်း ဝင်လာပြီးနောက် တဖြည်းဖြည်း အရှိန်လျော့သွားလျက် နောက်ဆုံး ဗီလာတစ်ခုရှေ့တွင် ရပ်တန့်လို့သွားသည်။
ဒီဗီလာက ရှရှင်းချန် အနုပညာလောကထဲ ဝင်ပြီး နှစ်နှစ်အကြာတွင် ရှယဲ့နှင့်အတူ ဝယ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်က ရှယဲ့ စီးပွါးရေးလောကအတွင်း ရောက်တာ ကြာနေပြီဆိုပေမယ့် ထောင်တက်ကာစ အချိန်လေးသာ ရှိသေးသည်။
အခုတော့ ရှရှင်းချန် အိမ်သို့ မကြာမကြာ ပြန်မလာနိုင်တာမို့ ဗီလာအတွင်း နေသူများမှာ ပါးနှင့်မား၊ ရှယဲ့၊ ရှယဲ့ဇနီးနှင့် သူတို့ အမွှာသားလေးနှစ်ယောက်သာ ဖြစ်လေသည်။
ကားရပ်သွားသည်နှင့် ရှရှင်းချန်နှင့် ယန်ယိုမင် တစ်ဖက်ဆီမှ ကားတံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ကားအရှေ့မှ လှေကားထစ်ငယ်အပေါ်ရှိ တံခါးကလည်း ပွင့်လာသည်။ ပါပါးရှက တံခါးရှေ့တွင် ရပ်လျက် ဘေးဘီကြည့်ပြီး မေးလာသည်။ "မင်း ပြန်လာပြီလား။"
ရှယဲ့ ကားထဲမှ ထွက်ပြီး ကားနောက်သို့ လျှောက်သွားကာ အဖုံးကို ဖွင့်လျက် ခရီးဆောင်အိတ်များ ချပေးနေရင်းတစ်ချိန်တည်းမှာပဲ ပြန်ဖြေလိုက်သည်။ "ကျွန်တော် ပြန်ရောက်ပြီ!"
အရမ်း အလင်း သိပ်မထိန်လင်းသည့် လမ်းမီးတစ်တိုင်သာ ရှိနေသည်။ ပါပါးရှအနေနှင့် လူအရိပ် သုံးရိပ်ကို တွေ့နေပေမယ့် ဘယ်သူက ဘယ်သူမှန်း မသိတာမို့ အိမ်ထဲ ခေါင်းပြန်လှည့်ပြီးသာ အော်ပြောလိုက်သည်။ "ရှင်းချန်ပြန်လာပြီဟေ့။"
ခဏအကြာမှာတော့ မာမားရှလည်း အေပရွန်ပေါ် လက်သုတ်လျက် တံခါးနား အမြန်ရောက်လာတော့သည်။ သူ ရှရှင်းချန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားတကြီး အော်ဟစ်လိုက်သည်။ "ရှင်းချန်!"
ထို့နောက်မှာတော့ သူ ရှရှင်းချန်ဘေးတွင် မတ်တပ်ရပ်လို့နေသည့် လူတစ်ယောက်အား သတိထားမိသွားသည်။
ထိုအချိန် ယန်ယိုမင်က ရှယဲ့ ကားအနောက်မှ ထုတ်နေသည့် ခရီးဆောင်အိတ်များကို လှမ်းကူယူပေးလျက်ရှိနေသည်။ သူ ပထမဆုံး ရှရှင်းချန် အိတ်ကို ဆွဲယူပြီး ထို့နောက် သူ့အိတ်သူ ယူကာ ရှယဲ့ကို ပြောလိုက်သည်။"ကျေးဇူး။"
ရှယဲ့ ကားနောက်ဖုံးကို အားနှင့် ပြန်ပိတ်ပြီး လက်ကို ခါရိုက်လျက် ပြောလိုက်သည်။ "ရပါတယ်ဗျာ။"
ယန်ယိုမင် အိတ်များကို သယ်ရင်း ရှရှင်းချန်အနောက်မှ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
တံခါးနား ရောက်ချိန်မှာတော့ မာမားရှ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး မျက်နှာများ ပြူးကျယ်လျက် ပါးစပ်အဟောင်းသား ဖြစ်လို့သွားသည်။ သူမ လက်မြှောက်ကာ ပါးစပ်ကို ဖုံးထားရင်း အသံမထွက်အောင်အော်ဖို့ ကြိုးစားလိုက်သည်။
ယန်ယိုမင် ခါးအနည်းငယ် ကိုင်းညွှတ်ရင်း နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ "ဦးလေး၊ အန်တီ၊ တွေ့ရတာ ဝမ်းသာပါတယ်။"
ပါပါးရှကတော့ ယန်ယိုမင်ကို မသိ။ သူ မာမားရှကိုသာ စိုးရိမ်တကြီး ကြည့်နေရင်း ယန်ယိုမင် နှုတ်ဆက်လာခြင်းကို တုန့်ပြန်ဖို့ အာရုံမလာ။ ထိုအစား သူ သူ့မိန်းမ ပခုံးကို ကိုင်လှုပ်လိုက်သည်။ "ဘာဖြစ်တာလဲ၊ ဝေ့.. ဘာဖြစ်တာလဲလို့။"
ရှရှင်းချန်ကတော့ သူ့အမေ ဘာဖြစ်သွားသလဲ နားလည်လို့ ရနေသည်။ သူ အနားလျှောက်သွားကာ သူမကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ "မား တံခါးရှေ့ ပိတ်ရပ်မနေနံ့လေ။ မင်ကောကို အရင်ဝင်ခိုင်းလိုက်ဦး။"
အပြုံးတစ်ခုကို ဆင်မြန်းလျက် ယန်ယိုမင် အိမ်အတွင်းသို့ အိတ်များသယ်ဆောင်ရင်း ဝင်လာလိုက်သည်။
အသက်၃၀အရွယ်ရှိ ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီးတစ်ယောက်က ထမင်းစားခန်းထဲမှ ထွက်လာသည်။ သူမ ယန်ယိုမင်ကို မြင်ချိန် ခဏတာမျှ ကြောင်အသွားပြီး ထို့နောက်တွင်တော့ တကယ်ကြီး ထအော်တော့သည်။
"အားးးး...! ဒါ ယန်ယိုမင်လား?!"
ယန်ယိုမင် အနောက်မှ မာမားရှက သူမချွေးမလေးအား တက်တက်ကြွကြွ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်နေလျက်။
အနောက်ဆုံးမှ ရှယဲ့ လိုက်ဝင်လာသည်။ အိမ်ထဲ ဝင်ပြီးသည်နှင့် တံခါးလှမ်းပိတ်ကာ အေးစက်စက်မျက်နှာအနေအထားဖြင့် ပြောလိုက်သည်။
"အကုန် ရူးသွားကြပြီပဲ။"
KittyKitling
Continue Reading
You'll Also Like
1.1M 58.9K 48
105K 12.8K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
381K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...