ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

548K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)

8.6K 1.1K 26
By OpalHawthorn28

ရှဲ့ဟယ်ကို ကျိုးရိအန်ကအကြာကြီးပွေ့ဖက်ထားပြီး နှစ်ဉီးသား အနမ်းတွေနဲ့ တွယ်ယှက်နေကြတယ်။အနမ်းတွေကြောင့် ကျိုးရိအန်နည်းနည်းလေး heat တက်လာတာကြောင့် ရှဲ့ဟယ်ကို အောက်ကိုပို့လိုက်ပြီး ခံစားရလွယ်တဲ့ လည်တိုင်လေးကိုပွတ်သပ်ပေးနေတယ်။သူ့ရဲ့အသံကလဲ ကွဲအက်နေတယ်။

"ကိုယ်မင်းကို လိုချင်တယ်..."

ရှဲ့ဟယ်ရဲ့ မျက်နှာနီရဲနေပြီ။ကျိုးရိအန်ကတစ်မနက်လုံးရှုပ်ပွနေအောင်လုပ်ထားပြီးပြီလေ။ရှဲ့ဟယ် အထိတ်တလန့်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

"ငါ..အလုပ်သွားရဉီးမယ်"

သူ့အောက်က ငယ်ရွယ်ပြီး ရှက်သွေးဖြာနေတဲ့လူငယ်လေးကိုကြည့်ပြီး ကျိုးရိအန် ကျီဆယ်ချင်လာတယ်။
ဒါ့ကြောင့် ရှဲ့ဟယ်ရဲ့ လည်ဇလုတ်ကို ခပ်ဖွဖွလေးကိုက်လိုက်တယ်။

"တစ်ခါတည်းပါ....OK???"

ရှဲ့ဟယ် မျက်လုံးတွေနီရဲနေတဲ့အထိ ထိတ်လန့်သွားတယ်။အလုပ်နောက်ကျရင် လစာအဖြတ်ခံရလိမ့်မယ်။ဒါပေမယ့် ကျိုးရိအန်ကိုလဲ လက်မလျှော့လိုက်ချင်ပြန်ဘူး။ရှဲ့ဟယ်က စိုစွတ်နေတဲ့ မျက်ဝန်းတွေနဲ့ ဝေခွဲမရဖြစ်နေတဲ့အကြည့်တွေနဲ့  ကျိုးရိအန် ကိုကြည့်လိုက်တယ်။

ဒီမျက်ဝန်းတွေကိုမြင်လိုက်တဲ့အခါ ကျိုးရိအန် မကျီစားချင်တော့ဘူး။ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ သူ ဒီလူငယ်လေးကို စနောက်ပြီးနေပြီ။ကျိုးရိအန် ဒါကို ချက်ချင်းလုပ်ပစ်လိုက်ချင်နေပြီ။ဒါပေမယ့် သူ့ရဲ့ချစ်ရသူလေးကို အခက်အခဲမဖြစ်စေချင်ဘူး။ကျိုးရိအန် ပြုံးနေရင်းနဲ့ ထိုလူငယ်လေးရဲ့ နှုတ်ခမ်းကို ထပ်နမ်းလိုက်တယ်။

"မစတော့ပါဘူးကွာ...အိပ်ရာကနေ ထကြစို့"

ရှဲ့ဟယ် စိတ်သက်သာရာရသွားပုံနဲ့ လေမှုတ်ထုတ်လိုက်တယ်။ ကျိုးရိအန်ရဲ့ ခန္ဓာကိုယ်အောက်ကနေ အမြန်ထွက်လိုက်ပြီး ဘောင်းဘီကောက်စွတ်လိုက်ပြီး ရေချိုးခန်းထဲပြေးဝင်လိုက်တယ်။

[444: =口= ဆရာသခင် Host ကို အရမ်းလေးစားသွားပြီ။ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက်]

[ရှဲ့ဟယ်: အံ့သြစရာကောင်းလို့လား?]

[444: ဟုတ်တယ်!! တခြား host တွေဆို သူတို့ဝင်လိုက်တဲ့ ခန္ဓာကိုယ်ရဲ့ အမူအကျင့်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူကြရတာကြီးပဲ။Host က စွယ်စုံရတယ်ဆိုတာ ဘယ်သူသိမှာလဲ?]

[ ရှဲ့ဟယ်: ငါ့ကိုအမိဖမ်းဖို့ ကြိုးစားတဲ့ Host တွေထဲမှာ၊ ဖြောင့်မတ်တယ်၊ရိုးသားတယ်၊သန့်ရှင်းစင်ကြယ်၊ရှက်တတ်တယ်၊ ပြီးတော့ သဘာဝကျကျ အမျိုးအစား ၁၄မျိုးလောက်ရှိသေးတယ်။ငါသူတို့အကုန်လုံးကို တကယ်သဘောကျခဲ့တာပါ။သူတို့ဆီကနေ နည်းနည်းလေးအတုခိုးပြီး သရုပ်ဆောင်ရတာ ဘာများခက်နေလို့လဲ?]

[444:.....]

[ရှဲ့ဟယ်: နေစမ်းပါဉီး၊ ငါ့ရဲ့သရုပ်ဆောင်မှုအစား မင်းမှာ ငါ့ကို တခြားမေးစရာများရှိမနေဘူးလား?]

[444: ....ဟမ်...ဘာမေးခွန်းလဲ?]

[ရှဲ့ဟယ်: မင်းအနေနဲ့ အဓိကသော့ချက်ကိုသိထားပြီးတဲ့အတွက် မင်းနောင်တရသလိုခံစားနေရတယ်မလား။ငနုံတစ်ကောင်လို ရူးချင်ယောင်ဆောင်နေရုံနဲ့ ပြသာနာကို မဖြေရှင်းနိူင်ဘူးကွ၊ 200% OCC ဖြစ်နေရင်တောင် ငါက အောက်ပုဂ္ဂိုလ်ဖြစ်နေဉီးမှာပဲမလား?]

[ 444: 😭😭😭ဒါက Main System ရွေးပေးလိုက်တာပါဗျာ။ကျွန်တော်က အခုမှ Level 1 ပဲရှိသေးတဲ့ System အသစ်လေးပါ😭😭]

ရှဲ့ဟယ် မျက်ခုံးတွေပင့်လိုက်မိတယ်။သနားစရာကောင်းအောင် ဘယ်လိုနေရမလဲဆိုတာတောင် တတ်နေပြီပေါ့..ဒီSystem ရဲ့ ဆင့်ကဲပြောင်းလဲမှုကြီးက မြန်ဆန်လွန်းမနေဘူးလား။

[ရှဲ့ဟယ်: မင်းအသုံးမကျဘူးဆိုတာ ငါသိတယ်]

444 ရဲ့ရင်ထဲမှာ မြှားတွေစိုက်နေပြီ။ဒါ ဘယ်တော့မှ သက်သာမယ့် ဒဏ်ရာမဟုတ်ဘူး။နားလည်လား??

[ရှဲ့ဟယ်: အသုံးမကျဘူးဆိုတဲ့ ဆင်ခြေကိုသုံးပြီး အမှားလုပ်မယ်ကြံမနေနဲ့။မင်းရဲ့အမှားတွေကို သေချာပြန်သုံးသပ်ဖို့ ငါအချိန်ပေးလိုက်မယ်။နောက်မှ ငါနဲ့ စကားလာပြော]

ရှဲ့ဟယ် အဝတ်အစား ဝတ်လိုက်ပြီး ရေချိုးခန်းထဲကနေ ထွက်လာလိုက်တယ်။444 တစ်ကောင် ဘယ်လောက်ပဲ အော်ငိုပြီး အသနားခံနေပါစေ ဂရုမစိုက်တော့ဘူး။

ဒီနေ့ ရှဲ့ဟယ်က အဖြူရောင် တီရှပ်ကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ပြီးဝတ်ဆင်ထားတယ်။ဒီအဝတ်အစားတွေက လျှော်ရပါများလွန်းလို့ နွမ်းဖတ်နေပေမယ့် သန့်ရှင်းသပ်ရပ်နေပါသေးတယ်။ဒီလိုမျိုး ဝတ်စားလိုက်တဲ့အခါလူငယ်တစ်ယောက်ရဲ့ တက်ကြွလန်းဆန်းတဲ့အသွင်ကို ပိုပြီးပေါ်လွင်စေတယ်။ကျောက်ချင်ရဲ့ မူလအသွင်သဏ္ဍာန်က ရုပ်မဆိုးတဲ့အပြင် နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းတဲ့ Type မျိုးဖြစ်တယ်။အကျင့်စရိုက်ကလဲ မဆိုးတဲ့အပြင် အကုန်လုံးနဲ့ လိုက်လျော ညီထွေဆက်ဆံနိူင်တယ်။စိတ်အားထက်သန်ပြီးသန့်ရှင်းစင်ကြယ်တဲ့ ကျောက်ချင်ရဲ့ပုံစံလေးက အဖွင့်ခံရဖို့စောင့်ဆိုင်းနေတဲ့ ရတနာသေတ္တာလေးနဲ့တူနေတယ်။

ရှဲ့ဟယ်ထွက်လာတော့မှ ကျိုးရိအန်က အိပ်ရာပေါ်ကနေထလိုက်တယ်။အိပ်ခန်းတစ်ခန်းနဲ့၊ဧည့်ခန်းတစ်ခန်းသာပါတဲ့ အခန်းကျဉ်းကျဉ်းလေးမှာ နေရတာဖြစ်တဲ့အတွက် ရေချိုးခန်းတစ်ခန်းထဲကို မျှသုံးရတယ်လေ။ဒါ့ကြောင် ရှဲ့ဟယ်ထွက်လာမှ ကျိိုးရိအန် ရေချိုးခန်းသုံးလို့ရမှာ.......

ကျိုးရိအန် ကအရပ်ရှည်ပြီး ချောမောခန့်ညားတယ်။ရှဲ့ဟယ်ရေချိုးခန်းထဲကထွက်လာချိန်မှာ ကျိုးရိအန်ရဲ့ အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းနေပြီး၊ဘောင်းဘီကလဲ ပေါင်အထိပဲဆွဲတင်ရသေးတယ်။ဒါ့ကြောင့် ကျိုးရိအန်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ mermaid line တွေကို အရှင်းသားမြင်တွေ့နေရတယ်။နီမြန်းနေတဲ့ ရှဲ့ဟယ်ကို တစ်ချက်ကြည့်ပြီး ကျိုးရိအန် ရယ်နေခဲ့တယ်။အဲ့နောက် ရေချိူးခန်းထဲကို ဝင်သွားခဲ့တယ်။

ရှဲ့ဟယ် မီးဖိုချောင်ထဲကို အမြန်ဝင်ပြီး ခေါက်ဆွဲ ချက်ပြုတ်လိုက်တယ်။သူက ခေါက်ဆွဲချက်တဲ့နေရာမှာဆရာတစ်ဆူပဲလေ။ကြက်ဉဖောက်ထည့်ပြီးတာနဲ့ ခေါက်ဆွဲချက်ပြုတ်ခြင်းကို လက်စသတ်လိုက်တယ်။အဲ့အချိန်မှာ ကျိုးရိအန် ကလဲ ရေချိုးပြီးနေပြီ။

လွန်ခဲ့တဲ့ သုံးရက်က ကျောက်ချင်ကို စုန်ယူရီ လာတွေ့သွားတဲ့အကြောင်းကို ကျိုးရိအန်ကိုပြောဖို့အချိန်မရသေးဘူး။အရင်တုန်းက ကျိုးရိအန်ရဲ့ ဘဝမှန်ကို မသိခဲ့ပေမယ့် အခုမှ ကျိုးရိအန်က ချမ်းသားတဲ့ မိသားစုက သားတစ်ယောက်ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ကျောက်ချင်ရဲ့အတွင်းစိတ်ထဲမှာ စိတ်ရှုပ်ပြီးဂနာမငြိမ်ဖြစ်နေတယ်။မည်သို့ပင်ဆိုစေကာမူ ဒီရက်တွေအတွင်းမှာ ကျိုးရိအန်ကို သူတကယ်ချစ်တယ်ဆိုတာနားလည်သဘောပေါက်သွားခဲ့ပြီ။ဒါက ကျိုးရိအန်ရဲ့ ချမ်းသာမှုနဲ့ လားလားမျှမသက်ဆိုင်ဘူး။ဒါ့ကြောင့် ကျိုးရိအန် နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ကျောက်ချင်အစီအစဉ်ဆွဲထားခဲ့တယ်။

ရှဲ့ဟယ်ကလဲ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အစီအစဉ်တွေကိုဖျက်ဖို့ ဆန္ဒမရှိဘူး။ဒါ့ကြောင့် ခေါက်ဆွဲကိုမြန်မြန်စားလိုက်ပြီး ကျိုးရိအန် ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး ခဏလောက်တုံ့ဆိုင်းနေတယ်။

"ရိအန်...ဒီည ဘယ်အချိန်လောက် အိမ်ပြန်ရောက်မှာလဲ?"

ကျိုးရိအန် ပါးစပ်ထဲကခေါက်ဆွဲကို မြိုချလိုက်ပြီး ရယ်မောနေတယ်။

"ဒီနေ့ Gallery မှာ အခမ်းအနားတစ်ခုရှိတယ်။ကိုယ်နည်းနည်းနောက်ကျလောက်တယ်။ဘာကိစ္စရှိလို့လဲ? မသွားရသေးခင်ကတည်းက ယောက်ကျားကိုလွမ်းနေပြီလား? မနေ့ညက မင်းဆန္ဒပြည့်အောင် ကိုယ်မလုပ်ပေးနိုင်ခဲ့လို့များလား?"

ရှဲ့ဟယ်ရဲ့ မျက်နှာက နီသထက်နီလာပြီ။ကျိုးရိအန်ကို ရှဲ့ဟယ် ငေးကြည့်လိုက်တယ်။

ကျိုးရိအန်ကတော့ တဟဲဟဲနဲ့ရယ်မောနေတယ်။သူတို့တွေ အတူနေတာ နှစ်နှစ်တောင်ရှိနေပြီ။သူ့ချစ်သူလေးရဲ့ အရှက်အကြောက်ကြီးတဲ့ စရိုက်လေးက တစ်ကိုက်စာလောက်လေးတောင် မပြောင်းသွားသေးဘူး။ဒီလိုလေးတွေရှက်နေတာမြင်ရတိုင်း ပိုပြီး စနောက်ချင်လာတယ်။

"ငါ့မှာ မင်းနဲ့ အလေးအနက်ဆွေးနွေးရမယ့် ကိစ္စတစ်ခုရှိတယ်"

ရှဲ့ဟယ်ရဲ့ပုံစံက မပျော်မရွှင်ဖြစ်နေသလိုပဲ။

ကျိုးရိအန်က ရှဲ့ဟယ်စိတ်ဆိုးသွားတယ်ထင်ပြီး ကြောက်လန့်တကြားနဲ့ ခပ်မတ်မတ်ထိုင်လိုက်တယ်။

"ဟုတ်ကဲ့ပါခင်ဗျာ၊ မိန်းမရဲ့စကားကိုနားထောင်တဲ့အနေနဲ့ ဒီည အိမ်စောစောပြန်လာပါ့မယ်"

ရှဲ့ဟယ် ကူကယ်ရာမဲ့စွာရယ်နေရုံကလွဲရင် ဘာမှမတတ်နိုင်တော့တာကြောင့် ပန်းကန်တွေကောက်သိမ်းလိုက်တယ်။

ကျိုးရိအန်ကလဲ ပန်းကန်တွေကိုလှမ်းဆွဲလိုက်တယ်။

" ကိုယ်ဆေးထားလိုက်မယ်၊ နောက်ကျနေပြီမလား။မြန်မြန်သွားတော့လေ"

ကျိုးရိအန်ရဲ့ ဂရုစိုက်အလေးထားမှုတွေကို ရှဲ့ဟယ်က အချစ်တွေပြည့်လျှံနေတဲ့ အကြည့်တွေနဲ့ တုံ့ပြန်လိုက်တယ်။ရှဲ့ဟယ်က ကျိုးရိအန်ရဲ့ပါးကို နမ်းလိုက်တယ်။ဒါက ကြုံတောင့်ကြုံခဲအပြုမူလေးဖြစ်တယ်။ရှဲ့ဟယ်ရဲ့အသံကအတော်လေး နူးညံ့ပြီးချိုသာနေတယ်။

"ကောင်းပြီ။မင်းပြန်လာတဲ့ထိစောင့်နေမယ်"

အခန်းတံခါးအပြင်ဘက်ကို ရောက်တာနဲ့ရှဲ့ဟယ်ရဲ့ နူးညံ့ချိုသာတဲ့အပြုံးတွေက တမူထူးဆန်းနေတဲ့ ခပ်ပေါ့ပေါ့အပြုံးတွေအဖြစ် တမဟုတ်ချင်းပြောင်းလဲသွားတယ်။

အရိုးသားဆုံးပြောရရင် ကျောက်ချင် အရမ်းပင်ပန်းခဲ့ရတယ်။ကျိုးရိအန်မှာ ပုံမှန်ဝင်ငွေမရှိဘူး။သူက သာမာန်လူတွေလို မဟုတ်ဘဲ မာနာကလဲ ရှိသင့်သလောက်ရှိနေပြန်တယ်။အဲ့အပြင် ကျိုးမိသားစုဆီကနေလဲ တပြားတစ်ချပ်မှအကူညီယူခဲ့ခြင်းမရှိပေ။လူသိမများသေးတဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ တစ်လ၊နှစ်လလောက်အထိ ဝင်ငွေမရှိဘူးဆိုတာ ပုံမှန်လို့တောင် ဆိုရမလိုဖြစ်နေပြီ။ဒါပေမယ့် ကျောက်ချင် ကတော့ ကျိုးရိအန်ကို ရူးလောက်အောင်ချစ်တယ်။ကျိုးရိအန် ကို Talent ရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ယောက်အဖြစ် ကျောက်ချင် လက်ခံထားခဲ့တယ်။ကျိုးရိအန် အဆင်ပြေပြေနဲ့ အိမ်မက်တွေကိုအကောင် အထည် ဖော်ဖို့အတွက် ကျောက်ချင် အလုပ်ကြိုးစားပြီး ငွေရှာခဲ့တယ်။သူ့ရဲ့ပုံမှန်အလုပ်အပြင် အချိန်ပိုင်းအလုပ်တွေပါလုပ်ကိုင်ခဲ့တယ်။တစ်ခါတစ်လေဆို လမ်းဘေးမှာ လက်ကမ်းကြေငြာတောင် ဝေခဲ့ဖူးတယ်။သို့ပေမယ့် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ကျောက်ချင်က ကျိုးရိအန်ကို တစ်ခုမှ ထုတ်မပြောပြခဲ့ဘူး။တက်ကြွလန်းဆန်းတဲ့စရိုက်ရှိတဲ့ ကျိုးရိအန်က လူကြိုက်များလွန်းပါတယ်။ကျိုးရိအန်ဘက်ကလဲ ကျောက်ချင်ကို ချစ်ပေမယ့် ခေါင်းပေါ်တင်ပြီး ဖူးဖူးမှုတ်ထားရလောက်တဲ့အထိတော့မဟုတ်သေးဘူး။ဒါ့ကြောင့် ကျောက်ချင်နဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်အလုံးစုံကို သူမသိဘူး။

တစ်ဉီးကိုတစ်ဉီးချစ်ကြတယ်ဆိုပေမယ့် ကျောက်ချင်ဘက်ကသာ အရာရာပေးဆပ်ထားရတဲ့မညီမျှတဲ့ အချစ်တစ်ခုဖြစ်နေခဲ့တယ်။သနားစရာကောင်းသလို ချစ်စရာလဲကောင်းနေပြန်တယ်။ရှဲ့ဟယ်သာ ကျိုးရိအန်နေရာမှာ အစားထိုးဝင်ရောက်ဖြစ်ခဲ့ရင် ကျောက်ချင်ကို ကောင်းကောင်းဂရုစိုက်ပြီး ချစ်ပေးမိမှာပဲ။ဒီလိုဖြစ်မလာနိူင်တာ နှမြောစရာတော့ ကောင်းသား....
ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းထောင့်တွေတွန့်ကွေးသွားတယ်။

ဒီနေ့က စနေနေ့ဖြစ်တဲ့အတွက် ကျောက်ချင်ရဲ့ Schedule အရဆိုရင် ဒီနေ့မှာ 5stars အဆင့် Hotel တစ်ခုမှာ စားဖိုဆောင် အကူအဖြစ် အလုပ်ဆင်းရမှာဖြစ်တယ်။ဒီအလုပ်ကိုရဖို့ ကျောက်ချင် အတော်လေး အားထုတ်ကြိုးပမ်းခဲ့ရတယ်။စနေနဲ့ တနင်္ဂနွေ နှစ်ရက်ပဲအလုပ်ဆင်းရသည့်တိုင် နာရီအလိုက်တွက်ချက်ပေးတဲ့အတွက် မက်လောက်စရာဖြစ်နေပြန်တယ်။ဒါက အဆင်ပြေတဲ့ငွေပေးချေမှုနည်းလမ်းဖြစ်တဲ့အတွက် ငွေမြန်မြန်ရတယ်လေ။

ရှဲ့ဟယ် ဒီအလုပ်တွေနဲ့အစိမ်းသက်သက်ဖြစ်မနေခဲ့ဘူး။သူ့ကို အသေရရအရှင်ရရအမိဖမ်းဖို့ကြိုးစားတဲ့ Hostတွေအများကြီးနဲ့တွေ့ဆုံခဲ့ပြီးပြီ။သူ့ရဲ့ သရုပ်ဆောင်နိူင်စွမ်းကမဆိုးလှတဲ့အပြင်ဒီခန္ဓာကိုယ်ကို လိုက်လျောညီထွေ အသုံးချနိူင်ပေမယ့် ကျောက်ချင်လုပ်ခဲ့တဲ့ အလုပ်ဟောင်းတွေကို လုပ်လိမ့်မယ်လို့တော့ ထင်မနေနဲ့။လက်ရှိသူ့မှာ ဘာအလုပ်မှမရှိနေရင်တောင် Hotel မှာ အကူလုပ်ဖို့တော့ မစဉ်းစားထားဘူး။ရှဲ့ဟယ် လမ်းကြောင်းပြောင်းပြီး internet cafe တစ်ခုဆီကို ဉီးတည်လိုက်တယ်။internet cafeကိုရောက်တာနဲ့ ကျိုးရိကျယ်ရဲ့အတွင်းသတင်းတွေကို ရှာဖွေလိုက်တယ်။ ရှဲ့ဟယ် သူ့ရဲ့ မူလရည်ရွယ်ချက်ကိုဘယ်မေ့ပါ့မလဲ??

[444: ဒါ...ဒါ..ဒါ..Hostရေ....Hostက အရမ်းတော်တာပဲနော် အလိုရှိတိုင်းမျက်နာကို နီအောင်လုပ်လို့ရတယ်😁]

[444:ကျွန်တော့်မှာ host သီးသန့်သုံးဖို့အတွက် expression packages တွေအများကြီးရှိတယ်။Host ကတော့ ဒါတွေသုံးဖို့လိုလောက်မှာမဟုတ်ပါဘူး။Pointတွေချွေတာလို့ရတာပေါ့(≧▽≦)]

[444: ဆရာသခင်Host...... အလုပ်မသွားဘဲနေလို့ ဖြစ်ပါ့မလား?]

[444: ကျွန်တော်မှားသွားပါတယ်။Host စိတ်ဆိုးမှာကြောက်လို့ဆိုပြီး အချက်အလက်တွေကိုထိန်ချန်ထားတာမျိုးတွေ နောက်မလုပ်တော့ပါဘူး။နောက်ဆို ကျွန်တော်သိထားသမျှကို မကွယ်ဝှက်ဘဲ ပြောပြပါ့မယ်]

ရှဲ့ဟယ် လက်ထဲမှာ ကိုင်ထားတဲ့ Computer mouse ကိုခဏအနားပေးလိုက်တယ်။

[ရှဲ့ဟယ်: အသုံးမကျဘဲ အမှားတွေလုပ်နေတာကမင်းရဲ့အကြီးမားဆုံးမှားယွင်းမှုမဟုတ်ဘူး။မင်းရဲ့အကြီးမားဆုံးမှားယွင်းမှုက အသုံးမကျဘဲ ဘဝင်ကိုင်နေတာကွ]

444 ရဲ့ ခံနိုင်ရည်စွမ်းအားတွေကုန်ခမ်းသွားလုနီးပါးဖြစ်နေပြီ။

[ရှဲ့ဟယ်: ဒီကမ္ဘာကိုစရောက်လာကတည်းက ငါ့ဘက်မှာရပ်တည်ပေးပြီး သတင်းအချက်အလက်အကုန်လုံးကို ငါ့ဆီကို လွှဲပြောင်းပေးဖို့က မင်းရဲ့တာဝန်မဟုတ်ဘူးလား။ဘာမဟုတ်တဲ့ စိုးရိမ်မှုလေးကြောင့် လှည့်ကွက်တွေသုံးပြီး ငါ့ကို အချက်အလက်တွေထိန်ချန်ထားတယ်ပေါ့။ဒါက အခြေနေတစ်ခုလုံးကို ငါ့အနေနဲ့ ခြုံငုံသုံးသပ်တဲ့အခါမှာ အများကြီးအကျိုးသက်ရောက်သွားနိူင်တယ်ကွ!!မင်းရဲ့တစ်ခုတည်းသော တာဝန်က ငါ့ကို Support ပေးဖို့ပဲ။ဒါကမင်းကို ငါ့ဆီပို့
ပေးလိုက်တဲ့တစ်ခုတည်းသောရည်ရွယ်ချက်။ဒါကို မလိုက်နာနိူင်ဘူးဆိုရင် အခုချက်ချင်းထွက်သွားလိုက်တော့!!]

[444: QAQ အဲ့လောက်ထိဖြစ်သွားဖို့ မရည်ရွယ်လိုက်မိပါဘူး။ Host စိတ်ဆိုးသွားမှာစိုးလို့ မပြောပြခဲ့တာပါ..]

[ရှဲ့ဟယ်: ဒါက sex positionတစ်ခုပဲလေ။ငါကဒီလိုမေးခွန်းမျိုးတွေကိုဂရုစိုက်တတ်တဲ့ ဉာဏ်တိမ်တဲ့သူတစ်ယောက်လို့မင်းထင်နေတာလား?]

ဒါကဉာဏ်တိမ်တဲ့ မေးခွန်း ဟုတ်၊မဟုတ်လာမေးမနေနဲ့ 444 ကတော့ သေအောင်ရိုက်သတ်ရင်တောင်ပြန်မဖြေဘူး...ဟွန့်

[ရှဲ့ဟယ်: ငါလိုချင်တာက နည်းနည်းလောက် proဆန်တဲ့ System မျိုးကွ။ခံစားချက်တွေက်ို သယ်လာပြီးတုံးအ၊မိုက်မဲတဲ့အလုပ်တွေလုပ်တဲ့ System မျိုးကို လက်မခံနိုင်ဘူး။အဲဒါကိုမင်းစဉ်းစားပြီးပြီလား??]

[444: စဉ်းစားပြီးပါပြီ!!ကျွန်တော် နောက်ဆို အမှားတွေထပ်မလုပ်တော့ပါဘူး။ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့နော် QAQ]

ရှဲ့ဟယ်ရဲ့ အမူအရာက နည်းနည်းတော့ဒေါသပြေသွားပုံရတယ်။စိတ်ထဲကနေ 444 နဲ့ဆက်သွယ်နေတဲ့လေသံကလဲ ခုနကလောက်ထိ မမာတော့ဘူး။

တကယ်တော့ ဒီပြသာနာသေးသေးလေးက ရှဲ့ဟယ်ကိုဘာမှ မထိခိုက်စေဘူး။အနာဂတ်မှာ ဝိဉာဉ်ကူးပြောင်းတိုင်းဒီလိုပဲ လုပ်နေဉီးမယ်ဆို အဆင်ပြေမှာမဟုတ်ဘူးလေ။အဲ့တော့ System လေးကို နာခံလာအောင် ဖြဲခြောက်လိုက်ရုံလေးပါ။

[ရှဲ့ဟယ်: ကောင်းပြီ၊အခုချိန်ကနေစပြီး Mission ပြီးမြောက်ဖို့လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်ထား။မင်းရဲ့ခံစားချက်လေးတွေကိုဖယ်ထားပြီး အရည်ချင်းရှိတဲ့ System ဖြစ်အောင်ကြိုးစားစမ်းပါ။ငါ့အမိန့်တွေကိုနာခံပြီး ငါ့ကို စိတ်ရော၊ကိုယ်ပါ နှစ်ပြီး Support ပစ်လိုက်စမ်းပါ။Mission တွေပြီးမြောက်အောင် ကူညီပေးရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်လေ]

[444: (ခေါင်းညိတ်၊ ခေါင်းညိတ်၊ ခေါင်းညိတ်)]

[ရှဲ့ဟယ်: ငါ့ကို System store တစ်ချက်ပြစမ်း]

လင်းလက်​နေတဲ့Screen တစ်ခုကရှဲ့ဟယ်ရဲ့မြင်ကွင်းထဲကို ဝင်ရောက်လာတယ်။Screen ရဲ့ အပေါ်ပိုင်းမှာ System Store ဆိုတဲ့ခေါင်းစဉ်ကြီးထင်းနေအောင်မြင်ရတယ်။အောက်ဖက်နားမှာ သိုင်းကျမ်းတွေ၊မှော်အဆောင်တွေ၊ပိုက်ဆံတွေ၊အစားသောက်တွေ ကို ခေါင်းစဉ်အလိုက် ဖော်ပြထားပေးတယ်။အတွေးတစ်ချက်နဲ့တင် ခေါင်းစဉ်တွေထဲကို ဝင်ကြည့်လိုက်ရုံပဲ။

[ရှဲ့ဟယ်: ဟမ်!!ဒါတွေက ဘာလို့ မီးခိုးရောင်တွေဖြစ်နေတာလဲ]

[444: ကျွန်တော်က အခုမှ Level 1 ပဲရှိသေးတာလေ။ပိုများတဲ့လုပ်ပိုင်ခွင့်တွေရဖို့ System တွေလဲ အဆင့်မြှင်ဖို့လိုသေးတယ် Hostရဲ့။System ကို အဆင်မြှင့်ဖို့ Point တွေလိုသေးတယ်။Mission ပြီးသွားရင် Host က point တစ်သောင်းရရင်၊ကျွန်တော်တို့ System တွေကလဲ Point တစ်သောင်းရတယ်။ကျွန်တော် Level 2 ဖြစ်သွားရင် ပိုများတဲ့ လုပ်ဆောင်ချက်တွေနဲ့ အရည်အချင်းတွေရှိလာတော့မှာ။ပြီးတော့ Host အနေနဲ့ System Store ကနေ ​ပစ္စည်းဝယ်ရင် ကျွန်တော်က 10% ကို ကော်မရှင်ရမှာ။ဒါတွေကိုတွက်ချက်ပြီးမှ အဆင့်မြှင့်လို့ရမှာ Hostရဲ့]

[444: Host ကိုတစ်ခုတော့ သတိပေးမယ်နော်။ဒီကမ္ဘာရဲ့ ဟန်ချက်ကိုပျက်ပြားစေမယ့် အဆင့်နိမ့် မှော်ပစ္စည်းတွေ၊သိုင်းကျမ်းတွေကို Host ဝယ်လိုက်ရင်တောင် သုံးလို့ရမှာမဟုတ်ဘူးနော်။လမ်းညွှန်ချက်စာအုပ်ထဲမှာ ပါတဲ့အတိုင်းဆို Host အနေနဲ့ လှပမှုအဆောင်တွေကိုပဲ ဝယ်သင့်တယ်။ဒါက Host အတွက် ပစ်မှတ်ကို အမိဖမ်းတဲ့အခါ ပိုပြီးအကျိုးရှိစေလိမ့်မယ်]

မှော်အဆောင် ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရှဲ့ဟယ်တစ်ချက်ကြည့်လိုက်တယ်။ပထမဆုံးမြင်လိုက်ရတာက လင်းဇီမင် သုံးခဲ့ဖူးတဲ့ အဆောင်ဖြစ်နေတယ်။ဒါက တစ်ခါသုံး(ဒီကမ္ဘာမှာပဲသုံးလို့ရတယ်၊နောက်တစ်ကမ္ဘာကိုကူးပြောင်းသွားရင် အစွမ်းပြယ်သွားတယ်)ဖြစ်တဲ့အတွက် Point 500လောက်ပဲရှိတယ်။အဆင့်မြှင့်တဲ့အဆောင်တွေက မီးခိုးရောင်ဖြစ်နေတဲ့အတွက် ရှဲ့ဟယ်ဝယ်လို့မရသေးပေ။အမျိုးအစားတွေကလဲစုံမှစုံပဲ..

"ဆောင်းဦး၏ကြည်လင်သောလေပြည်နှင့်ပင်လယ်လှိုင်းလေးများပါ၀င်သောအကြည့်များ.."

"စင်ကြယ်တောက်ပသောအကြည့်များ"

" Solid oil ကဲ့သို့ ချောမွေ့တောက်ပြောင်နေသော အရေပြားနှင့် ကြွက်သားများ"

" နီစွေးသောနှုတ်ခမ်းများ" စတာတွေက Point ရာဂဏန်းကနေ ထောင်ဂဏန်း၊သောင်းဂဏန်းအထိစျေးနှုန်းတွေကလဲကွဲပြားကြပြန်တယ်။အဲ့ထဲက အများစုက တစ်ခါသုံးတွေဖြစ်ကြတယ်။အောက်ဖက်ကိုရောက်လာလေ စျေးနှုန်းမြင့်လာလေပဲ။

"D class အဆင့်သွေးမျိုးဆက်ဖြင့် လူတစ်သောင်းကိုဆွဲဆောင်ခြင်း"ဆို​သော အရာရဲ့စျေးနှုန်းက Point သုံးထောင်လောက်အထိစျေးမြင့်တယ်။

"ကောင်းကင်ဘုံရဲ့ရနံနဲ့ နိုင်ငံကျော်အလှလေး"..... Piont တစ်ထောင်....

"အပြုံးတစ်ခုနဲ့ တစ်မြို့လုံးကို ကပ်ဘေးဆိုက်သွားစေခြင်း" .... Piont နှစ်ထောင်.....

အစရှိတာတွေကို ရှဲ့ဟယ် တစ်သီတစ်တန်းကြီးဖတ်လိုက်ရတယ်။

[TN: ရိုးရိုးသတ်လဲ သေပါတယ်ဟယ်၊ငါလေးလဲ မူးနောက်နေပြီ ဘာနာမည်တွေမှန်းကိုမသိဘူး]

Zawgyi

႐ွဲ႕ဟယ္ကို က်ိဳးရိအန္ကအၾကာႀကီးေပြ႕ဖက္ထားၿပီး ႏွစ္ဉီးသား အနမ္းေတြနဲ႔ တြယ္ယွက္ေနၾကတယ္။အနမ္းေတြေၾကာင့္ က်ိဳးရိအန္နည္းနည္းေလး heat တက္လာတာေၾကာင့္ ႐ွဲ႕ဟယ္ကို ေအာက္ကိုပို႔လိုက္ၿပီး ခံစားရလြယ္တဲ့ လည္တိုင္ေလးကိုပြတ္သပ္ေပးေနတယ္။သူ႕ရဲ႕အသံကလဲ ကြဲအက္ေနတယ္။

"ကိုယ္မင္းကို လိုခ်င္တယ္..."

႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာနီရဲေနၿပီ။က်ိဳးရိအန္ကတစ္မနက္လုံး႐ႈပ္ပြေနေအာင္လုပ္ထားၿပီးၿပီေလ။႐ွဲ႕ဟယ္ အထိတ္တလန္႔နဲ႔ မ်က္လုံးဖြင့္ၾကည့္လိုက္တယ္။

"ငါ..အလုပ္သြားရဉီးမယ္"

သူ႕ေအာက္က ငယ္႐ြယ္ၿပီး ႐ွက္ေသြးျဖာေနတဲ့လူငယ္ေလးကိုၾကည့္ၿပီး က်ိဳးရိအန္ က်ီဆယ္ခ်င္လာတယ္။
ဒါ့ေၾကာင့္ ႐ွဲ႕ဟယ္ရဲ႕ လည္ဇလုတ္ကို ခပ္ဖြဖြေလးကိုက္လိုက္တယ္။

"တစ္ခါတည္းပါ....OK???"

႐ွဲ႕ဟယ္ မ်က္လုံးေတြနီရဲေနတဲ့အထိ ထိတ္လန္႔သြားတယ္။အလုပ္ေနာက္က်ရင္ လစာအျဖတ္ခံရလိမ့္မယ္။ဒါေပမယ့္ က်ိဳးရိအန္ကိုလဲ လက္မေလွ်ာ့လိုက္ခ်င္ျပန္ဘူး။႐ွဲ႕ဟယ္က စိုစြတ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေဝခြဲမရျဖစ္ေနတဲ့အၾကည့္ေတြနဲ႔  က်ိဳးရိအန္ ကိုၾကည့္လိုက္တယ္။

ဒီမ်က္ဝန္းေတြကိုျမင္လိုက္တဲ့အခါ က်ိဳးရိအန္ မက်ီစားခ်င္ေတာ့ဘူး။ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ သူ ဒီလူငယ္ေလးကို စေနာက္ၿပီးေနၿပီ။က်ိဳးရိအန္ ဒါကို ခ်က္ခ်င္းလုပ္ပစ္လိုက္ခ်င္ေနၿပီ။ဒါေပမယ့္ သူ႕ရဲ႕ခ်စ္ရသူေလးကို အခက္အခဲမျဖစ္ေစခ်င္ဘူး။က်ိဳးရိအန္ ျပဳံးေနရင္းနဲ႔ ထိုလူငယ္ေလးရဲ႕ ႏႈတ္ခမ္းကို ထပ္နမ္းလိုက္တယ္။

"မစေတာ့ပါဘူးကြာ...အိပ္ရာကေန ထၾကစို႔"

႐ွဲ႕ဟယ္ စိတ္သက္သာရာရသြားပုံနဲ႔ ေလမႈတ္ထုတ္လိုက္တယ္။ က်ိဳးရိအန္ရဲ႕ ခႏၶာကိုယ္ေအာက္ကေန အျမန္ထြက္လိုက္ၿပီး ေဘာင္းဘီေကာက္စြတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲေျပးဝင္လိုက္တယ္။

[444: =口= ဆရာသခင္ Host ကို အရမ္းေလးစားသြားၿပီ။ေကာင္းလိုက္တဲ့ သ႐ုပ္ေဆာင္ခ်က္]

[႐ွဲ႕ဟယ္: အံ့ၾသစရာေကာင္းလို႔လား?]

[444: ဟုတ္တယ္!! တျခား host ေတြဆို သူတို႔ဝင္လိုက္တဲ့ ခႏၶာကိုယ္ရဲ႕ အမူအက်င့္ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အခ်ိန္ယူၾကရတာႀကီးပဲ။Host က စြယ္စုံရတယ္ဆိုတာ ဘယ္သူသိမွာလဲ?]

[ ႐ွဲ႕ဟယ္: ငါ့ကိုအမိဖမ္းဖို႔ ႀကိဳးစားတဲ့ Host ေတြထဲမွာ၊ ေျဖာင့္မတ္တယ္၊႐ိုးသားတယ္၊သန္႔႐ွင္းစင္ၾကယ္၊႐ွက္တတ္တယ္၊ ၿပီးေတာ့ သဘာဝက်က် အမ်ိဳးအစား ၁၄မ်ိဳးေလာက္႐ွိေသးတယ္။ငါသူတို႔အကုန္လုံးကို တကယ္သေဘာက်ခဲ့တာပါ။သူတို႔ဆီကေန နည္းနည္းေလးအတုခိုးၿပီး သ႐ုပ္ေဆာင္ရတာ ဘာမ်ားခက္ေနလို႔လဲ?]

[444:.....]

[႐ွဲ႕ဟယ္: ေနစမ္းပါဉီး၊ ငါ့ရဲ႕သ႐ုပ္ေဆာင္မႈအစား မင္းမွာ ငါ့ကို တျခားေမးစရာမ်ား႐ွိမေနဘူးလား?]

[444: ....ဟမ္...ဘာေမးခြန္းလဲ?]

[႐ွဲ႕ဟယ္: မင္းအေနနဲ႔ အဓိကေသာ့ခ်က္ကိုသိထားၿပီးတဲ့အတြက္ မင္းေနာင္တရသလိုခံစားေနရတယ္မလား။ငႏုံတစ္ေကာင္လို ႐ူးခ်င္ေယာင္ေဆာင္ေန႐ုံနဲ႔ ျပသာနာကို မေျဖ႐ွင္းႏိူင္ဘူးကြ၊ 200% OCC ျဖစ္ေနရင္ေတာင္ ငါက ေအာက္ပုဂၢိဳလ္ျဖစ္ေနဉီးမွာပဲမလား?]

[ 444: 😭😭😭ဒါက Main System ေ႐ြးေပးလိုက္တာပါဗ်ာ။ကြၽန္ေတာ္က အခုမွ Level 1 ပဲ႐ွိေသးတဲ့ System အသစ္ေလးပါ😭😭]

႐ွဲ႕ဟယ္ မ်က္ခုံးေတြပင့္လိုက္မိတယ္။သနားစရာေကာင္းေအာင္ ဘယ္လိုေနရမလဲဆိုတာေတာင္ တတ္ေနၿပီေပါ့..ဒီSystem ရဲ႕ ဆင့္ကဲေျပာင္းလဲမႈႀကီးက ျမန္ဆန္လြန္းမေနဘူးလား။

[႐ွဲ႕ဟယ္: မင္းအသုံးမက်ဘူးဆိုတာ ငါသိတယ္]

444 ရဲ႕ရင္ထဲမွာ ျမႇားေတြစိုက္ေနၿပီ။ဒါ ဘယ္ေတာ့မွ သက္သာမယ့္ ဒဏ္ရာမဟုတ္ဘူး။နားလည္လား??

[႐ွဲ႕ဟယ္: အသုံးမက်ဘူးဆိုတဲ့ ဆင္ေျခကိုသုံးၿပီး အမွားလုပ္မယ္ၾကံမေနနဲ႔။မင္းရဲ႕အမွားေတြကို ေသခ်ာျပန္သုံးသပ္ဖို႔ ငါအခ်ိန္ေပးလိုက္မယ္။ေနာက္မွ ငါနဲ႔ စကားလာေျပာ]

႐ွဲ႕ဟယ္ အဝတ္အစား ဝတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲကေန ထြက္လာလိုက္တယ္။444 တစ္ေကာင္ ဘယ္ေလာက္ပဲ ေအာ္ငိုၿပီး အသနားခံေနပါေစ ဂ႐ုမစိုက္ေတာ့ဘူး။

ဒီေန႔ ႐ွဲ႕ဟယ္က အျဖဴေရာင္ တီ႐ွပ္ကို ဂ်င္းေဘာင္းဘီနဲ႔ တြဲဖက္ၿပီးဝတ္ဆင္ထားတယ္။ဒီအဝတ္အစားေတြက ေလွ်ာ္ရပါမ်ားလြန္းလို႔ ႏြမ္းဖတ္ေနေပမယ့္ သန္႔႐ွင္းသပ္ရပ္ေနပါေသးတယ္။ဒီလိုမ်ိဳး ဝတ္စားလိုက္တဲ့အခါလူငယ္တစ္ေယာက္ရဲ႕ တက္ႂကြလန္းဆန္းတဲ့အသြင္ကို ပိုၿပီးေပၚလြင္ေစတယ္။ေက်ာက္ခ်င္ရဲ႕ မူလအသြင္သ႑ာန္က ႐ုပ္မဆိုးတဲ့အျပင္ ႏူးညံ့သိမ္ေမြ႕ၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ Type မ်ိဳးျဖစ္တယ္။အက်င့္စ႐ိုက္ကလဲ မဆိုးတဲ့အျပင္ အကုန္လုံးနဲ႔ လိုက္ေလ်ာ ညီေထြဆက္ဆံႏိူင္တယ္။စိတ္အားထက္သန္ၿပီးသန္႔႐ွင္းစင္ၾကယ္တဲ့ ေက်ာက္ခ်င္ရဲ႕ပုံစံေလးက အဖြင့္ခံရဖို႔ေစာင့္ဆိုင္းေနတဲ့ ရတနာေသတၱာေလးနဲ႔တူေနတယ္။

႐ွဲ႕ဟယ္ထြက္လာေတာ့မွ က်ိဳးရိအန္က အိပ္ရာေပၚကေနထလိုက္တယ္။အိပ္ခန္းတစ္ခန္းနဲ႔၊ဧည့္ခန္းတစ္ခန္းသာပါတဲ့ အခန္းက်ဥ္းက်ဥ္းေလးမွာ ေနရတာျဖစ္တဲ့အတြက္ ေရခ်ိဳးခန္းတစ္ခန္းထဲကို မွ်သုံးရတယ္ေလ။ဒါ့ေၾကာင္ ႐ွဲ႕ဟယ္ထြက္လာမွ က်ိိဳးရိအန္ ေရခ်ိဳးခန္းသုံးလို႔ရမွာ.......

က်ိဳးရိအန္ ကအရပ္႐ွည္ၿပီး ေခ်ာေမာခန္႔ညားတယ္။႐ွဲ႕ဟယ္ေရခ်ိဳးခန္းထဲကထြက္လာခ်ိန္မွာ က်ိဳးရိအန္ရဲ႕ အေပၚပိုင္းတစ္ခုလုံး ဗလာက်င္းေနၿပီး၊ေဘာင္းဘီကလဲ ေပါင္အထိပဲဆြဲတင္ရေသးတယ္။ဒါ့ေၾကာင့္ က်ိဳးရိအန္ရဲ႕ ဝမ္းဗိုက္ႂကြက္သားေတြနဲ႔ mermaid line ေတြကို အ႐ွင္းသားျမင္ေတြ႕ေနရတယ္။နီျမန္းေနတဲ့ ႐ွဲ႕ဟယ္ကို တစ္ခ်က္ၾကည့္ၿပီး က်ိဳးရိအန္ ရယ္ေနခဲ့တယ္။အဲ့ေနာက္ ေရခ်ိဴးခန္းထဲကို ဝင္သြားခဲ့တယ္။

႐ွဲ႕ဟယ္ မီးဖိုေခ်ာင္ထဲကို အျမန္ဝင္ၿပီး ေခါက္ဆြဲ ခ်က္ျပဳတ္လိုက္တယ္။သူက ေခါက္ဆြဲခ်က္တဲ့ေနရာမွာဆရာတစ္ဆူပဲေလ။ၾကက္ဉေဖာက္ထည့္ၿပီးတာနဲ႔ ေခါက္ဆြဲခ်က္ျပဳတ္ျခင္းကို လက္စသတ္လိုက္တယ္။အဲ့အခ်ိန္မွာ က်ိဳးရိအန္ ကလဲ ေရခ်ိဳးၿပီးေနၿပီ။

လြန္ခဲ့တဲ့ သုံးရက္က ေက်ာက္ခ်င္ကို စုန္ယူရီ လာေတြ႕သြားတဲ့အေၾကာင္းကို က်ိဳးရိအန္ကိုေျပာဖို႔အခ်ိန္မရေသးဘူး။အရင္တုန္းက က်ိဳးရိအန္ရဲ႕ ဘဝမွန္ကို မသိခဲ့ေပမယ့္ အခုမွ က်ိဳးရိအန္က ခ်မ္းသားတဲ့ မိသားစုက သားတစ္ေယာက္ျဖစ္တယ္ဆိုတာ သိခဲ့ရတယ္။ေက်ာက္ခ်င္ရဲ႕အတြင္းစိတ္ထဲမွာ စိတ္႐ႈပ္ၿပီးဂနာမၿငိမ္ျဖစ္ေနတယ္။မည္သို႔ပင္ဆိုေစကာမူ ဒီရက္ေတြအတြင္းမွာ က်ိဳးရိအန္ကို သူတကယ္ခ်စ္တယ္ဆိုတာနားလည္သေဘာေပါက္သြားခဲ့ၿပီ။ဒါက က်ိဳးရိအန္ရဲ႕ ခ်မ္းသာမႈနဲ႔ လားလားမွ်မသက္ဆိုင္ဘူး။ဒါ့ေၾကာင့္ က်ိဳးရိအန္ နဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးဖို႔ ေက်ာက္ခ်င္အစီအစဥ္ဆြဲထားခဲ့တယ္။

႐ွဲ႕ဟယ္ကလဲ မူလခႏၶာကိုယ္ပိုင္႐ွင္ရဲ႕ အစီအစဥ္ေတြကိုဖ်က္ဖို႔ ဆႏၵမ႐ွိဘူး။ဒါ့ေၾကာင့္ ေခါက္ဆြဲကိုျမန္ျမန္စားလိုက္ၿပီး က်ိဳးရိအန္ ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာထိုင္လိုက္ၿပီး ခဏေလာက္တုံ႔ဆိုင္းေနတယ္။

"ရိအန္...ဒီည ဘယ္အခ်ိန္ေလာက္ အိမ္ျပန္ေရာက္မွာလဲ?"

က်ိဳးရိအန္ ပါးစပ္ထဲကေခါက္ဆြဲကို ၿမိဳခ်လိုက္ၿပီး ရယ္ေမာေနတယ္။

"ဒီေန႔ Gallery မွာ အခမ္းအနားတစ္ခု႐ွိတယ္။ကိုယ္နည္းနည္းေနာက္က်ေလာက္တယ္။ဘာကိစၥ႐ွိလို႔လဲ? မသြားရေသးခင္ကတည္းက ေယာက္က်ားကိုလြမ္းေနၿပီလား? မေန႔ညက မင္းဆႏၵျပည့္ေအာင္ ကိုယ္မလုပ္ေပးႏိုင္ခဲ့လို႔မ်ားလား?"

႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာက နီသထက္နီလာၿပီ။က်ိဳးရိအန္ကို ႐ွဲ႕ဟယ္ ေငးၾကည့္လိုက္တယ္။

က်ိဳးရိအန္ကေတာ့ တဟဲဟဲနဲ႔ရယ္ေမာေနတယ္။သူတို႔ေတြ အတူေနတာ ႏွစ္ႏွစ္ေတာင္႐ွိေနၿပီ။သူ႕ခ်စ္သူေလးရဲ႕ အ႐ွက္အေၾကာက္ႀကီးတဲ့ စ႐ိုက္ေလးက တစ္ကိုက္စာေလာက္ေလးေတာင္ မေျပာင္းသြားေသးဘူး။ဒီလိုေလးေတြ႐ွက္ေနတာျမင္ရတိုင္း ပိုၿပီး စေနာက္ခ်င္လာတယ္။

"ငါ့မွာ မင္းနဲ႔ အေလးအနက္ေဆြးေႏြးရမယ့္ ကိစၥတစ္ခု႐ွိတယ္"

႐ွဲ႕ဟယ္ရဲ႕ပုံစံက မေပ်ာ္မ႐ႊင္ျဖစ္ေနသလိုပဲ။

က်ိဳးရိအန္က ႐ွဲ႕ဟယ္စိတ္ဆိုးသြားတယ္ထင္ၿပီး ေၾကာက္လန္႔တၾကားနဲ႔ ခပ္မတ္မတ္ထိုင္လိုက္တယ္။

"ဟုတ္ကဲ့ပါခင္ဗ်ာ၊ မိန္းမရဲ႕စကားကိုနားေထာင္တဲ့အေနနဲ႔ ဒီည အိမ္ေစာေစာျပန္လာပါ့မယ္"

႐ွဲ႕ဟယ္ ကူကယ္ရာမဲ့စြာရယ္ေန႐ုံကလြဲရင္ ဘာမွမတတ္ႏိုင္ေတာ့တာေၾကာင့္ ပန္းကန္ေတြေကာက္သိမ္းလိုက္တယ္။

က်ိဳးရိအန္ကလဲ ပန္းကန္ေတြကိုလွမ္းဆြဲလိုက္တယ္။

" ကိုယ္ေဆးထားလိုက္မယ္၊ ေနာက္က်ေနၿပီမလား။ျမန္ျမန္သြားေတာ့ေလ"

က်ိဳးရိအန္ရဲ႕ ဂ႐ုစိုက္အေလးထားမႈေတြကို ႐ွဲ႕ဟယ္က အခ်စ္ေတြျပည့္လွ်ံေနတဲ့ အၾကည့္ေတြနဲ႔ တုံ႔ျပန္လိုက္တယ္။႐ွဲ႕ဟယ္က က်ိဳးရိအန္ရဲ႕ပါးကို နမ္းလိုက္တယ္။ဒါက ၾကဳံေတာင့္ၾကဳံခဲအျပဳမူေလးျဖစ္တယ္။႐ွဲ႕ဟယ္ရဲ႕အသံကအေတာ္ေလး ႏူးညံ့ၿပီးခ်ိဳသာေနတယ္။

"ေကာင္းၿပီ။မင္းျပန္လာတဲ့ထိေစာင့္ေနမယ္"

အခန္းတံခါးအျပင္ဘက္ကို ေရာက္တာနဲ႔႐ွဲ႕ဟယ္ရဲ႕ ႏူးညံ့ခ်ိဳသာတဲ့အျပဳံးေတြက တမူထူးဆန္းေနတဲ့ ခပ္ေပါ့ေပါ့အျပဳံးေတြအျဖစ္ တမဟုတ္ခ်င္းေျပာင္းလဲသြားတယ္။

အ႐ိုးသားဆုံးေျပာရရင္ ေက်ာက္ခ်င္ အရမ္းပင္ပန္းခဲ့ရတယ္။က်ိဳးရိအန္မွာ ပုံမွန္ဝင္ေငြမ႐ွိဘူး။သူက သာမာန္လူေတြလို မဟုတ္ဘဲ မာနာကလဲ ႐ွိသင့္သေလာက္႐ွိေနျပန္တယ္။အဲ့အျပင္ က်ိဳးမိသားစုဆီကေနလဲ တျပားတစ္ခ်ပ္မွအကူညီယူခဲ့ျခင္းမ႐ွိေပ။လူသိမမ်ားေသးတဲ့အႏုပညာ႐ွင္တစ္ေယာက္အေနနဲ႔ တစ္လ၊ႏွစ္လေလာက္အထိ ဝင္ေငြမ႐ွိဘူးဆိုတာ ပုံမွန္လို႔ေတာင္ ဆိုရမလိုျဖစ္ေနၿပီ။ဒါေပမယ့္ ေက်ာက္ခ်င္ ကေတာ့ က်ိဳးရိအန္ကို ႐ူးေလာက္ေအာင္ခ်စ္တယ္။က်ိဳးရိအန္ ကို Talent ႐ွိၿပီး ကိုယ္က်င့္တရားေကာင္းမြန္သူတစ္ေယာက္အျဖစ္ ေက်ာက္ခ်င္ လက္ခံထားခဲ့တယ္။က်ိဳးရိအန္ အဆင္ေျပေျပနဲ႔ အိမ္မက္ေတြကိုအေကာင္ အထည္ ေဖာ္ဖို႔အတြက္ ေက်ာက္ခ်င္ အလုပ္ႀကိဳးစားၿပီး ေငြ႐ွာခဲ့တယ္။သူ႕ရဲ႕ပုံမွန္အလုပ္အျပင္ အခ်ိန္ပိုင္းအလုပ္ေတြပါလုပ္ကိုင္ခဲ့တယ္။တစ္ခါတစ္ေလဆို လမ္းေဘးမွာ လက္ကမ္းေၾကျငာေတာင္ ေဝခဲ့ဖူးတယ္။သို႔ေပမယ့္ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ ေက်ာက္ခ်င္က က်ိဳးရိအန္ကို တစ္ခုမွ ထုတ္မေျပာျပခဲ့ဘူး။တက္ႂကြလန္းဆန္းတဲ့စ႐ိုက္႐ွိတဲ့ က်ိဳးရိအန္က လူႀကိဳက္မ်ားလြန္းပါတယ္။က်ိဳးရိအန္ဘက္ကလဲ ေက်ာက္ခ်င္ကို ခ်စ္ေပမယ့္ ေခါင္းေပၚတင္ၿပီး ဖူးဖူးမႈတ္ထားရေလာက္တဲ့အထိေတာ့မဟုတ္ေသးဘူး။ဒါ့ေၾကာင့္ ေက်ာက္ခ်င္နဲ႔ ပတ္သတ္တဲ့ အျဖစ္အပ်က္အလုံးစုံကို သူမသိဘူး။

တစ္ဉီးကိုတစ္ဉီးခ်စ္ၾကတယ္ဆိုေပမယ့္ ေက်ာက္ခ်င္ဘက္ကသာ အရာရာေပးဆပ္ထားရတဲ့မညီမွ်တဲ့ အခ်စ္တစ္ခုျဖစ္ေနခဲ့တယ္။သနားစရာေကာင္းသလို ခ်စ္စရာလဲေကာင္းေနျပန္တယ္။႐ွဲ႕ဟယ္သာ က်ိဳးရိအန္ေနရာမွာ အစားထိုးဝင္ေရာက္ျဖစ္ခဲ့ရင္ ေက်ာက္ခ်င္ကို ေကာင္းေကာင္းဂ႐ုစိုက္ၿပီး ခ်စ္ေပးမိမွာပဲ။ဒီလိုျဖစ္မလာႏိူင္တာ ႏွေျမာစရာေတာ့ ေကာင္းသား....
႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြတြန္႔ေကြးသြားတယ္။

ဒီေန႔က စေနေန႔ျဖစ္တဲ့အတြက္ ေက်ာက္ခ်င္ရဲ႕ Schedule အရဆိုရင္ ဒီေန႔မွာ 5stars အဆင့္ Hotel တစ္ခုမွာ စားဖိုေဆာင္ အကူအျဖစ္ အလုပ္ဆင္းရမွာျဖစ္တယ္။ဒီအလုပ္ကိုရဖို႔ ေက်ာက္ခ်င္ အေတာ္ေလး အားထုတ္ႀကိဳးပမ္းခဲ့ရတယ္။စေနနဲ႔ တနဂၤေႏြ ႏွစ္ရက္ပဲအလုပ္ဆင္းရသည့္တိုင္ နာရီအလိုက္တြက္ခ်က္ေပးတဲ့အတြက္ မက္ေလာက္စရာျဖစ္ေနျပန္တယ္။ဒါက အဆင္ေျပတဲ့ေငြေပးေခ်မႈနည္းလမ္းျဖစ္တဲ့အတြက္ ေငြျမန္ျမန္ရတယ္ေလ။

႐ွဲ႕ဟယ္ ဒီအလုပ္ေတြနဲ႔အစိမ္းသက္သက္ျဖစ္မေနခဲ့ဘူး။သူ႕ကို အေသရရအ႐ွင္ရရအမိဖမ္းဖို႔ႀကိဳးစားတဲ့ Hostေတြအမ်ားႀကီးနဲ႔ေတြ႕ဆုံခဲ့ၿပီးၿပီ။သူ႕ရဲ႕ သ႐ုပ္ေဆာင္ႏိူင္စြမ္းကမဆိုးလွတဲ့အျပင္ဒီခႏၶာကိုယ္ကို လိုက္ေလ်ာညီေထြ အသုံးခ်ႏိူင္ေပမယ့္ ေက်ာက္ခ်င္လုပ္ခဲ့တဲ့ အလုပ္ေဟာင္းေတြကို လုပ္လိမ့္မယ္လို႔ေတာ့ ထင္မေနနဲ႔။လက္႐ွိသူ႕မွာ ဘာအလုပ္မွမ႐ွိေနရင္ေတာင္ Hotel မွာ အကူလုပ္ဖို႔ေတာ့ မစဥ္းစားထားဘူး။႐ွဲ႕ဟယ္ လမ္းေၾကာင္းေျပာင္းၿပီး internet cafe တစ္ခုဆီကို ဉီးတည္လိုက္တယ္။internet cafeကိုေရာက္တာနဲ႔ က်ိဳးရိက်ယ္ရဲ႕အတြင္းသတင္းေတြကို ႐ွာေဖြလိုက္တယ္။ ႐ွဲ႕ဟယ္ သူ႕ရဲ႕ မူလရည္႐ြယ္ခ်က္ကိုဘယ္ေမ့ပါ့မလဲ??

[444: ဒါ...ဒါ..ဒါ..Hostေရ....Hostက အရမ္းေတာ္တာပဲေနာ္ အလို႐ွိတိုင္းမ်က္နာကို နီေအာင္လုပ္လို႔ရတယ္😁]

[444:ကြၽန္ေတာ္႕မွာ host သီးသန္႔သုံးဖို႔အတြက္ expression packages ေတြအမ်ားႀကီး႐ွိတယ္။Host ကေတာ့ ဒါေတြသုံးဖို႔လိုေလာက္မွာမဟုတ္ပါဘူး။Pointေတြေခြၽတာလို႔ရတာေပါ့(≧▽≦)]

[444: ဆရာသခင္Host...... အလုပ္မသြားဘဲေနလို႔ ျဖစ္ပါ့မလား?]

[444: ကြၽန္ေတာ္မွားသြားပါတယ္။Host စိတ္ဆိုးမွာေၾကာက္လို႔ဆိုၿပီး အခ်က္အလက္ေတြကိုထိန္ခ်န္ထားတာမ်ိဳးေတြ ေနာက္မလုပ္ေတာ့ပါဘူး။ေနာက္ဆို ကြၽန္ေတာ္သိထားသမွ်ကို မကြယ္ဝွက္ဘဲ ေျပာျပပါ့မယ္]

႐ွဲ႕ဟယ္ လက္ထဲမွာ ကိုင္ထားတဲ့ Computer mouse ကိုခဏအနားေပးလိုက္တယ္။

[႐ွဲ႕ဟယ္: အသုံးမက်ဘဲ အမွားေတြလုပ္ေနတာကမင္းရဲ႕အႀကီးမားဆုံးမွားယြင္းမႈမဟုတ္ဘူး။မင္းရဲ႕အႀကီးမားဆုံးမွားယြင္းမႈက အသုံးမက်ဘဲ ဘဝင္ကိုင္ေနတာကြ]

444 ရဲ႕ ခံႏိုင္ရည္စြမ္းအားေတြကုန္ခမ္းသြားလုနီးပါးျဖစ္ေနၿပီ။

[႐ွဲ႕ဟယ္: ဒီကမ႓ာကိုစေရာက္လာကတည္းက ငါ့ဘက္မွာရပ္တည္ေပးၿပီး သတင္းအခ်က္အလက္အကုန္လုံးကို ငါ့ဆီကို လႊဲေျပာင္းေပးဖို႔က မင္းရဲ႕တာဝန္မဟုတ္ဘူးလား။ဘာမဟုတ္တဲ့ စိုးရိမ္မႈေလးေၾကာင့္ လွည့္ကြက္ေတြသုံးၿပီး ငါ့ကို အခ်က္အလက္ေတြထိန္ခ်န္ထားတယ္ေပါ့။ဒါက အေျခေနတစ္ခုလုံးကို ငါ့အေနနဲ႔ ျခဳံငုံသုံးသပ္တဲ့အခါမွာ အမ်ားႀကီးအက်ိဳးသက္ေရာက္သြားႏိူင္တယ္ကြ!!မင္းရဲ႕တစ္ခုတည္းေသာ တာဝန္က ငါ့ကို Support ေပးဖို႔ပဲ။ဒါကမင္းကို ငါ့ဆီပို႔
ေပးလိုက္တဲ့တစ္ခုတည္းေသာရည္႐ြယ္ခ်က္။ဒါကို မလိုက္နာႏိူင္ဘူးဆိုရင္ အခုခ်က္ခ်င္းထြက္သြားလိုက္ေတာ့!!]

[444: QAQ အဲ့ေလာက္ထိျဖစ္သြားဖို႔ မရည္႐ြယ္လိုက္မိပါဘူး။ Host စိတ္ဆိုးသြားမွာစိုးလို႔ မေျပာျပခဲ့တာပါ..]

[႐ွဲ႕ဟယ္: ဒါက sex positionတစ္ခုပဲေလ။ငါကဒီလိုေမးခြန္းမ်ိဳးေတြကိုဂ႐ုစိုက္တတ္တဲ့ ဉာဏ္တိမ္တဲ့သူတစ္ေယာက္လို႔မင္းထင္ေနတာလား?]

ဒါကဉာဏ္တိမ္တဲ့ ေမးခြန္း ဟုတ္၊မဟုတ္လာေမးမေနနဲ႔ 444 ကေတာ့ ေသေအာင္႐ိုက္သတ္ရင္ေတာင္ျပန္မေျဖဘူး...ဟြန္႔

[႐ွဲ႕ဟယ္: ငါလိုခ်င္တာက နည္းနည္းေလာက္ proဆန္တဲ့ System မ်ိဳးကြ။ခံစားခ်က္ေတြက္ိဳ သယ္လာၿပီးတုံးအ၊မိုက္မဲတဲ့အလုပ္ေတြလုပ္တဲ့ System မ်ိဳးကို လက္မခံႏိုင္ဘူး။အဲဒါကိုမင္းစဥ္းစားၿပီးၿပီလား??]

[444: စဥ္းစားၿပီးပါၿပီ!!ကြၽန္ေတာ္ ေနာက္ဆို အမွားေတြထပ္မလုပ္ေတာ့ပါဘူး။ကြၽန္ေတာ္႕ကို မစြန္႔ပစ္ပါနဲ႔ေနာ္ QAQ]

႐ွဲ႕ဟယ္ရဲ႕ အမူအရာက နည္းနည္းေတာ့ေဒါသေျပသြားပုံရတယ္။စိတ္ထဲကေန 444 နဲ႔ဆက္သြယ္ေနတဲ့ေလသံကလဲ ခုနကေလာက္ထိ မမာေတာ့ဘူး။

တကယ္ေတာ့ ဒီျပသာနာေသးေသးေလးက ႐ွဲ႕ဟယ္ကိုဘာမွ မထိခိုက္ေစဘူး။အနာဂတ္မွာ ဝိဉာဥ္ကူးေျပာင္းတိုင္းဒီလိုပဲ လုပ္ေနဉီးမယ္ဆို အဆင္ေျပမွာမဟုတ္ဘူးေလ။အဲ့ေတာ့ System ေလးကို နာခံလာေအာင္ ၿဖဲေျခာက္လိုက္႐ုံေလးပါ။

[႐ွဲ႕ဟယ္: ေကာင္းၿပီ၊အခုခ်ိန္ကေနစၿပီး Mission ၿပီးေျမာက္ဖို႔လုပ္စရာ႐ွိတာေတြကိုပဲ အာ႐ုံစိုက္ထား။မင္းရဲ႕ခံစားခ်က္ေလးေတြကိုဖယ္ထားၿပီး အရည္ခ်င္း႐ွိတဲ့ System ျဖစ္ေအာင္ႀကိဳးစားစမ္းပါ။ငါ့အမိန္႔ေတြကိုနာခံၿပီး ငါ့ကို စိတ္ေရာ၊ကိုယ္ပါ ႏွစ္ၿပီး Support ပစ္လိုက္စမ္းပါ။Mission ေတြၿပီးေျမာက္ေအာင္ ကူညီေပးရင္ ႏွစ္ဖက္စလုံးအတြက္ အက်ိဳး႐ွိတယ္ေလ]

[444: (ေခါင္းညိတ္၊ ေခါင္းညိတ္၊ ေခါင္းညိတ္)]

[႐ွဲ႕ဟယ္: ငါ့ကို System store တစ္ခ်က္ျပစမ္း]

လင္းလက္​ေနတဲ့Screen တစ္ခုက႐ွဲ႕ဟယ္ရဲ႕ျမင္ကြင္းထဲကို ဝင္ေရာက္လာတယ္။Screen ရဲ႕ အေပၚပိုင္းမွာ System Store ဆိုတဲ့ေခါင္းစဥ္ႀကီးထင္းေနေအာင္ျမင္ရတယ္။ေအာက္ဖက္နားမွာ သိုင္းက်မ္းေတြ၊ေမွာ္အေဆာင္ေတြ၊ပိုက္ဆံေတြ၊အစားေသာက္ေတြ ကို ေခါင္းစဥ္အလိုက္ ေဖာ္ျပထားေပးတယ္။အေတြးတစ္ခ်က္နဲ႔တင္ ေခါင္းစဥ္ေတြထဲကို ဝင္ၾကည့္လိုက္႐ုံပဲ။

[႐ွဲ႕ဟယ္: ဟမ္!!ဒါေတြက ဘာလို႔ မီးခိုးေရာင္ေတြျဖစ္ေနတာလဲ]

[444: ကြၽန္ေတာ္က အခုမွ Level 1 ပဲ႐ွိေသးတာေလ။ပိုမ်ားတဲ့လုပ္ပိုင္ခြင့္ေတြရဖို႔ System ေတြလဲ အဆင့္ျမႇင္ဖို႔လိုေသးတယ္ Hostရဲ႕။System ကို အဆင္ျမႇင့္ဖို႔ Point ေတြလိုေသးတယ္။Mission ၿပီးသြားရင္ Host က point တစ္ေသာင္းရရင္၊ကြၽန္ေတာ္တို႔ System ေတြကလဲ Point တစ္ေသာင္းရတယ္။ကြၽန္ေတာ္ Level 2 ျဖစ္သြားရင္ ပိုမ်ားတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ အရည္အခ်င္းေတြ႐ွိလာေတာ့မွာ။ၿပီးေတာ့ Host အေနနဲ႔ System Store ကေန ​ပစၥည္းဝယ္ရင္ ကြၽန္ေတာ္က 10% ကို ေကာ္မ႐ွင္ရမွာ။ဒါေတြကိုတြက္ခ်က္ၿပီးမွ အဆင့္ျမႇင့္လို႔ရမွာ Hostရဲ႕]

[444: Host ကိုတစ္ခုေတာ့ သတိေပးမယ္ေနာ္။ဒီကမ႓ာရဲ႕ ဟန္ခ်က္ကိုပ်က္ျပားေစမယ့္ အဆင့္နိမ့္ ေမွာ္ပစၥည္းေတြ၊သိုင္းက်မ္းေတြကို Host ဝယ္လိုက္ရင္ေတာင္ သုံးလို႔ရမွာမဟုတ္ဘူးေနာ္။လမ္းၫႊန္ခ်က္စာအုပ္ထဲမွာ ပါတဲ့အတိုင္းဆို Host အေနနဲ႔ လွပမႈအေဆာင္ေတြကိုပဲ ဝယ္သင့္တယ္။ဒါက Host အတြက္ ပစ္မွတ္ကို အမိဖမ္းတဲ့အခါ ပိုၿပီးအက်ိဳး႐ွိေစလိမ့္မယ္]

ေမွာ္အေဆာင္ ဆိုတဲ့ ေခါင္းစဥ္ေအာက္ကို ႐ွဲ႕ဟယ္တစ္ခ်က္ၾကည့္လိုက္တယ္။ပထမဆုံးျမင္လိုက္ရတာက လင္းဇီမင္ သုံးခဲ့ဖူးတဲ့ အေဆာင္ျဖစ္ေနတယ္။ဒါက တစ္ခါသုံး(ဒီကမ႓ာမွာပဲသုံးလို႔ရတယ္၊ေနာက္တစ္ကမ႓ာကိုကူးေျပာင္းသြားရင္ အစြမ္းျပယ္သြားတယ္)ျဖစ္တဲ့အတြက္ Point 500ေလာက္ပဲ႐ွိတယ္။အဆင့္ျမႇင့္တဲ့အေဆာင္ေတြက မီးခိုးေရာင္ျဖစ္ေနတဲ့အတြက္ ႐ွဲ႕ဟယ္ဝယ္လို႔မရေသးေပ။အမ်ိဳးအစားေတြကလဲစုံမွစုံပဲ..

"ေဆာင္းဦး၏ၾကည္လင္ေသာေလျပည္ႏွင့္ပင္လယ္လိႈင္းေလးမ်ားပါ၀င္ေသာအၾကည့္မ်ား.."

"စင္ၾကယ္ေတာက္ပေသာအၾကည့္မ်ား"

" Solid oil ကဲ့သို႔ ေခ်ာေမြ႕ေတာက္ေျပာင္ေနေသာ အေရျပားႏွင့္ ႂကြက္သားမ်ား"

" နီေစြးေသာႏႈတ္ခမ္းမ်ား" စတာေတြက Point ရာဂဏန္းကေန ေထာင္ဂဏန္း၊ေသာင္းဂဏန္းအထိေစ်းႏႈန္းေတြကလဲကြဲျပားၾကျပန္တယ္။အဲ့ထဲက အမ်ားစုက တစ္ခါသုံးေတြျဖစ္ၾကတယ္။ေအာက္ဖက္ကိုေရာက္လာေလ ေစ်းႏႈန္းျမင့္လာေလပဲ။

"D class အဆင့္ေသြးမ်ိဳးဆက္ျဖင့္ လူတစ္ေသာင္းကိုဆြဲေဆာင္ျခင္း"ဆို​ေသာ အရာရဲ႕ေစ်းႏႈန္းက Point သုံးေထာင္ေလာက္အထိေစ်းျမင့္တယ္။

"ေကာင္းကင္ဘုံရဲ႕ရနံနဲ႔ ႏိုင္ငံေက်ာ္အလွေလး"..... Piont တစ္ေထာင္....

"အျပဳံးတစ္ခုနဲ႔ တစ္ၿမိဳ႕လုံးကို ကပ္ေဘးဆိုက္သြားေစျခင္း" .... Piont ႏွစ္ေထာင္.....

အစ႐ွိတာေတြကို ႐ွဲ႕ဟယ္ တစ္သီတစ္တန္းႀကီးဖတ္လိုက္ရတယ္။

[TN: ႐ိုး႐ိုးသတ္လဲ ေသပါတယ္ဟယ္၊ငါေလးလဲ မူးေနာက္ေနၿပီ ဘာနာမည္ေတြမွန္းကိုမသိဘူး]

Continue Reading

You'll Also Like

800K 68.7K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
107K 11.9K 107
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
603K 44.6K 46
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}