ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-15

31.4K 3.6K 81
By Kattamkaung

Unicode

လူသစ်များနှင့် ကြုံဆုံရခြင်း ၃

တစ်လကျော် ကြာမြင့်သွားပြီးတဲ့နောက်
ကိုလှိုင်းဆက်က လုပ်ငန်းထဲ ပြန်ဝင်ဖို့
စတင်ရသည်။ သူ့ကို ချိတ်မိထားတဲ့
ကုမ္ပဏီ သုံးလေးခုထဲကမှ အဆင်အပြေဆုံး
တစ်ခုကို ရွေးချယ်ပြီး ဆက်သွယ်တော့
တဖက်က လူလိုသည်နှင့် တိုက်ဆိုင်ကာ
အင်တာဗျူးဖြေဖို့ လုပ်ရသည်။

အရင်အသိနဲ့ ချိတ်မိပေမဲ့ လုပ်ငန်းသဘာဝ
အင်တာဗျူးကိစ္စတော့ ရှောင်လွှဲလို့မရ။
သာမန် မန်နေဂျာအဆင့်ပေမဲ့ လစာညှိနှိုင်းလို့ရပြီး မန္တလေးမှာပဲ အထိုင်ကျတာမို့
သူ့အတွက် အတော်အဆင်‌ပြေပါသည်။

လှိုင်းဆက်ကတော့ ကိုယ့်အခြေအနေနဲ့ကိုယ်
အလုပ်ရမယ်သေချာတာကြောင့် အေးဆေးနေပေမဲ့ သာမန်ထက် ပိုစိတ်လှုပ်ရှားနေတာက ငြိမ့်တည်ပင်။
အင်တာဗျူးမဖြေရင် သုံးရက်လောက် ကတည်းက စာပြန်ကြည့်ဖို့ တိုက်တွန်းနေတဲ့
ဒီကောင်လေးက လှိုင်းဆက်ကို ကလေးမှတ်နေသလား ထင်ရသည်။

"ကိုလှိုင်းဆက် စာတွေပြန်ကြည့်စရာမရှိဘူးလား?"

"အထွေထွေ ဗဟုသုတတွေမေးရင်ရော? ကျွန်တော် စာအုပ်ဝယ်ထားပေးရမလား?"
အစရှိသဖြင့် တွတ်တီးတွတ်တာ မေးတတ်ပြီး
တစ်ခါတစ်လေ လှိုင်းဆက် ကုန်ပစ္စည်းနဲ့ ဆိုင်ရာ အချက်လက်တစ်ချို့ ထိုင်ကြည့်နေရင် သံပုရာရည်လေး လာချလိုက် ၊ကော်ဖီလေး လာချလိုက်နှင့် သူ့မှာမအားရတော့။

တကယ်တော့ လုပ်ငန်းထဲမှာ အကြာကြီး
ကျင်လည်ခဲ့တာမို့ အထူးတလေ ပြန်ကြည့်နေစရာမလိုပေ။ သူ့လုပ်သက်နှင့် ချိတ်လာတဲ့ အလုပ်မို့ ဒီအတိုင်းဝင်ရင်တောင်ရသည်။
သို့သော် လှိုင်းဆက်က Up to Dateဖြစ်မဲ့
ပစ္စည်းသစ်တွေ အကြောင်းတော့ ရှာဖတ်ထားတာဖြစ်သည်။

ဒီနေ့လည်း အင်တာဗျူးဖြေမဲ့ လှိုင်းဆက်ထက် ငြိမ့်တည်က ပိုတက်ကြွလို့နေသည်။
ခဲရောင်အကွက်စိပ် ပုဆိုးအသစ်က ခပ်တောင့်တောင့်ဖြစ်နေကာ  ရှပ်အင်္ကျီ အဖြူကလည်း ကော့ပျံနေအောင်မီးကြွေတိုက်ပြီး
ချိတ်နဲ့ ‌ချိတ်ပေးထားတာကြောင့် ခေါက်ရာပင် မရှိစေရ။ ခပ်သင်းသင်းပျံ့နေတဲ့ ရေမွှေးကတော့ လှိုင်းဆက်သုံးနေကျ ကို ယူသုံး ပေးထားပုံရ၏။ နှစ်ယောက်သား ဗီရိုအပုလေးပေါ် ပစ္စည်းတွေ အတူတင်နေကျဆိုတော့
ဘယ်အချိန် ယူဆွတ်ပေးထားသည် မသိ။

ရေမိုးချိုးထွက်လာတော့ အကုန်အသင့်ဖြစ်နေပြီး ငြိမ့်တည်က ဘုရားစင်ရှေ့မှာ ကုပ်ကုပ်ကလေး။ ရေခွက်တစ်ခုကို ကိုင်ထားရင်း
ပါးစပ်ကလည်း ပွစိပွစိရွတ်ဖတ်လို့။ လက်က ကြယ်သီးကို တပ်ရင်း လှိုင်းဆက် ကောင်လေးကို ကြည့်နေရသည်။

ဘုရားကန်တော့ ပြီးတော့ ရေခွက်လေးကိုင်ကာ အနားရောက်လာတဲ့ကောင်လေး။
ရေပင်မ‌ချိုးရသေးတာကြောင့် ခပ်နွမ်းနွမ်းဖြစ်နေတဲ့ မျက်နှာလေးက ပါးလေးတွေတော့ မို့လို့။ ခပ်ဖွဖွဖြစ်နေတဲ့ ဆံပင်တွေကတော့
ဆီပင်မလိမ်းရသေးပုံ။

"ဒီရေလေး သောက်သွားပါအုန်း ။
ကျွန်တော် ဆယ်တန်းဖြေတော့လည်း
ဖေဖေက ရေတော်စွန့်ပြီးမှ တိုက်တာ။
ဖေဖေ့လို ဂါထာအစုံတော့မရပေမဲ့ တတ်သမျှ ဘုရားစာ အကုန်ရွတ်ပေးထားတာမို့
ကံကောင်းလာမှာ"

ဖန်ခွက်လေးကမ်းလာတော့ အသာယူကာ
သောက်လိုက်ရသည်။ ငြိမ့်တည် ကျေနပ်ရင် ပြီးတာပါပဲ။ တတ်တာတွေ အကုန်ရွတ်ထားတယ်ဆိုမှတော့ ယုံယုံကြည်ကြည်သောက်ရုံပေါ့။ တဂွတ်ဂွတ်သောက်နေတုန်း မော့ကြည့်ရင်း စောင့်နေတဲ့ကောင်လေးက ပြီးတာနှင့် ခွက်ကို ပြန်ယူဖို့လည်းမမေ့။

မနက်စာ မြီးရှည်က‌ ဘေးတိုက်ခန်းက ဆိုင်ကို ငြိမ့်တည် အပြေးသွားဝယ်ထားတာဖြစ်မည်။
နှစ်ယောက်သား အတူစားသောက်ပြီးတော့
ကားပေါ်ထိလိုက်ပို့တဲ့ ကောင်လေးက သားရည်လက်ဆွဲအိတ်အနက်ကလေးကို ကိုင်လို့။
ဒီနေ့ ငြိမ့်တည်က ဆိုင်ပါ မသွားတော့။
လှိုင်းဆက် အပြန် သတင်းကောင်း စောင့်ချင်လို့ပါဆိုထားရှာတာမို့ သူလည်းမတားရက်တော့ပါ။

လှေကားကနေ အတူဆင်းချိန်တစ်လျှောက်လုံးလည်း သေချာဖြေခဲ့ဖို့ နှင့် အဆင်ပြေမှာ ယုံကြည်ကြောင်းပြောနေတဲ့ ကောင်လေး။
ကားပေါ်ရောက်တော့ ကားမှန်လေးကနေ ခေါင်း‌လျှိုရင်း နားနားကပ်ကာ တိုးတိုးပြောသေးတာက "ဖိုက်တင်းဗျ ကိုလှိုင်းဆက်" တဲ့။

အလုပ်ထက် ငြိမ့်တည်က ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာကို သိမယ်မထင်ဘူး။
တိုးကပ်လာတဲ့ အငွေ့အသက်တွေကြောင့်
လူကြီးတန်မဲ့ မျက်လုံးတွေ မှိတ်ကျသည်ထိ
ရင်ဖိုသွားတာကို သူပြောမပြတတ်ပါ။

ကျန်နေခဲ့သူ ငြိမ့်တည်မှာလည်း ဂနာမငြိမ်။
ကားလေး မြင်ကွင်းထဲက ပျောက်သွားသည်ထိ ငေးကျန်နေခဲ့ပြီး အတော်ကြာမှ ပြန်ဝင်လာတော့ တစ်ဖက်တိုက် ဆိုင်မှ လူတစ်ချို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေတာ သတိထားမိလိုက်သည်။ တိုးတိုးတိုးတိုး ပြောနေကြတာ ဘာတွေလဲ သူမသိ။ ဒါကြောင့်
စိတ်မဝင်စားပဲ ကိုယ့်တိုက်ကိုယ်ပြန်ကာ အပေါ်တက်ခဲ့လိုက်သည်။

တိုးတိုးပြောနေတဲ့ စကားတွေကို အာရုံစိုက်
ပေးရအောင်ထိ ငြိမ့်တည်မှာ အချိန်မပို။
ကိုလှိုင်းဆက် ပြန်မလာခင် အိမ်သန့်ရှင်းရေးလုပ်ပြီး ရေမိုးချိုးမည်။
ပြီးရင်ဆိုင်ကို ဖုန်းဆက်အကျိုးကြောင်း
မေးပြီး လုပ်ဖို့ကျန်တဲ့ စာရင်းတစ်ချို့ လုပ်ပေးရအုန်းမည်လေ။

..............................................

မိုးပြာရောင် ဆိုင်းဘုတ်အကြီးကြီးတင်ထားသော အရောင်းဆိုင်က မန္တလေးမြို့၏ အနောက်မြောက်ဘက် အစွန်တွင်ရှိပြီး
ဘေးနားမှာတော့ တိုင်းရင်းဆေး တက္ကသိုလ်ရှိသည် ။ "Growing Toger (TR) Com.ltd"
ဟုသော ငွေရောင်စာလုံးဖောင်းကြွတို့နှင့်
ဆိုင်ရဲ့နောက်မှာတော့ သိုလှောင်ရုံ နှစ်ခုက ကပ်လျက်။

ကားရပ်နားရန် နေရာမှာ ကားကိုရပ်ပြီး
လှိုင်းဆက် ဝင်လာတော့ recption က ဝန်ထမ်းက အသင့်ကြိုသည်။အစိမ်းရင့်ရောင် တဘီနှင့် အညိုရောင်ရင်ဖုံးအင်္ကျီတို့က
ကြည့်လိုက်တာနှင့် တည်ကြည်စွာ။
ဆိုင်ခန်းထံက ဝန်ထမ်းအားလုံး ထိုအရောင်ဝတ်ဆင်ထားပြီး အမျိုးသားများကတော့ ကုမ္ပဏီတံဆိပ်ပါသော ရှပ်အင်္ကျီလက်တိုကို
စတိုင်ဘောင်းဘီနှင့် တွဲဝတ်ထားကြသည်။

"ကြွပါရှင့် ဘာများလိုအပ်ပါသလဲ?"
နူးညံ့စွာမေးလာသော အမျိုးသမီးများက
ခရီး ဦးကြိုပြုတော့ လက်ထဲက လျှောက်လွှာ ဖိုင်လေးကို ကောင်တာထက် တင်ပေးလိုက်သည်။

"ဟုတ်ကဲ့ ဆရာ ဦးအောင်ဟိန်းက အခန်းထဲမှာ ရှိနေပါတယ် ဆက်သွယ်ပေးပါ့မယ်ရှင့်"

"ဟုတ်ကဲ့ပါ"

လျှင်မြန်တဲ့ လက်ချောင်းများက ကြိုးဖုန်းခလုတ်များကို နှိပ်နေပြီး ခဏစောင့်နေရတာမို့ လှိုင်းဆက်က ဆိုင်ခန်းအတွင်း ပတ်ကြည့်နေလိုက်သည်။ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများက သူ့စင်နှင့်သူ နေရာပြထားကြပြီး
မြေဩဇာအမျိုးမျိုးကိုတော့ ကောင်တာထဲမှာ အထုပ်သေးလေးထောင်ထားက ရှေ့က
အမျိုးအစားများကို သီးသန့်ခွဲပြထားသည်။

"ဆရာက လာခဲ့ပါတဲ့...ကျွန်မ လိုက်ပို့ပေးပါ့မယ်"

လိုက်လာခဲ့တဲ့ တစ်လျှောက် အေးစိမ့်နေသော အဲကွန်းတို့ကြောင့်  လှိုင်းဆက်နည်းနည်းတော့ နေရခက်သည်။ ဒါမှမဟုတ် အလုပ်သစ်စမယ်ဆိုတော့ သူရင်ခုန်နေတာလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူအစိုးရဝန်ထမ်းလုပ်တုန်းက သူကပဲ သူများတွေကို
မေးခဲ့ရတာမို့လား။ ခုတော့ သူက ပြန်ပြီး
ဖြေဆိုရတော့မည်။

အခန်းတံခါးဖွင့်လိုက်တာနှင့်
Air Fresher အနံ့သင်းသင်းလေးက အရင်
နှာခေါင်းထဲ တိုးဝင်လို့လာသည်။ ရွှေရောင်
လာဘ်ခေါ်ကြောင်ရုပ်ကလေးက နက်ပြောင်နေသော ကျောက်သားစားပွဲထက်မှ ကြိုဆိုနေပြီး အထပ်လိုက်ရှိနေသော ဖိုင်များကို
စင်များထက် သေချာစီတင်လို့ထားသည်။

"လာ မောင်လှိုင်းဆက်ရေ ။ အန်ကယ် မင်းကို
မျှော်နေတာကွ"
ဆိုဖာထက် မှ ထလာကာ လက်တွဲနှုတ်ဆက်ရင်း ကြိုဆိုတော့ လှိုင်းဆက်က ဦးညွှတ်ကာ
အရိုသေ အရင်ပြုလိုက်သည်။ အရင်ကတော့ ဆရာပေါ့ ။ ခုတော့ အပြင်လုပ်ငန်းမို့ သက်တောင့်သက်သာ ခေါ်စေချင်သည်ထင်ပါရဲ့။

နှစ်ယောက်သား ထိုင်လိုက်ကြပြီးနောက်
အန်ကယ်က လှိုင်းဆက်ကမ်းတဲ့ ဖိုင်ကို
ဟိုဟိုဒီဒီလှန်လို့ကြည့်သည်။ အပေါ်ယံကြည့်ရုံသာဖြစ်ပြီး သိပိမကြာလိုက်။ နှစ်ယောက်သား အရင်က လုပ်ငန်းအကြောင်းများ ပြောဖြစ်ကြသည်။

ကျန်းမာရေးလိုက်စားသူမို့ ခြောက်ဆယ်ကျော်နေပေမဲ့ နုပျိုဆဲ။ ဝန်ထမ်းပေါင်းရာနဲ့ချီ အုပ်ချုပ်ရပေမဲ့ အန်ကယ်က ကျွမ်းကျင်သည်။ အစိုးရဝန်ထမ်းတုန်းကဆို တိုင်းဒေသကြီး တစ်ခုစာတောင် တာဝန်ယူရတာမို့လား။
သို့သော်လည်း ကိုယ်ပိုင်အလုပ်မှာတော့
သေချာပေါက် ပိုအသေးစိတ်ရမည်မို့ လေးစားကာ ချီးကျူးရပါသည်။

"အန်ကယ်ကတော့ မင်းရောက်လာတာကို
ဝမ်းသာတာပဲကွာ။ တာဝန်ယူထားတဲ့ လူတွေရှိပေမဲ့ မင်းရောက်လာတော့ သူတို့လည်းအဆင်ပြေမယ် ကျွမ်းကျင်ပြီးသားမို့
မောင်လှိုင်းဆက်လည်း အမြန်အသားကျမယ်"

"ဟုတ်ကဲ့ ကျွန်တော်ကလည်း လက်တွဲလုပ်ရတာကို ဝမ်းသာနေပါပြီ"

"အေးပါကွာ ..ဒါနဲ့ မင်းအိမ်ထောင်ကျသွားတယ်ကြားတယ်ကွ"

လှိုင်းဆက် ခေါင်းငုံ့ပြုံးရင်း လက်မှာဝတ်ထားတဲ့ ကျောက်စိမ်းလက်စွပ်ကလေးကို ကြည့်လိုက်မိသည်။ မန္တလေးပြောင်းလာတယ် ဆိုကတည်းက အန်ကယ့်ဆီသေချာပေါက် သတင်းရောက်မှာပင်။
အန်ကယ်က မေမေ့ အသိကိုး။ သူ ငြိမ့်တည်နှင့် အိမ်ထောင်ပြုတာ မသိစရာမရှိ။

ဂေးတစ်ယောက်ကို အလုပ်ခန့်ထားတာ
စိတ်များရှုပ်မလား မတွေးတော့။ အားလုံးကို
သိပြီးတာတောင်မှ ကမ်းလှမ်းခဲ့တာမို့
လှိုင်းဆက်က သူ့အိမ်ထောင်ရေးကို အထူးတလည် သိုဝှက်ထားဖို့ မလိုသည့်
အန်ကယ့်ကုမ္ပဏီကို သေချာရွေးချယ်ခဲ့တာ ဖြစ်သည်။ ငြိမ့်တည်ကို သူဖုံးကွယ်မထားချင်ဘူး။ သူလေးစားရတဲ့ သူတွေရှေ့မှာ
ငြိမ့်တည်ကို ပုန်းရှိုးကွယ်ရှိုး ဖွက်ထားတာမျိုး
သူမလုပ်ချင်။

ဘဝတစ်လျှောက်လုံး သူအမြဲပုန်းကွယ်နေခဲ့ပေမဲ့ ဒီကောင်လေးနဲ့ ပက်သတ်မှုကိုတော့
အနာဆာတစ်ခုလို ဖုံးကွယ်မထားနိုင်။
ခေါင်းကို ငြိမ့်ပြီး သူဝန်ခံတော့ အန်ကယ်က
သဘောတကျရယ်သည်။ လူကြီးမို့လို့
လက်ခံရ ခက်နေအုန်းမည်ဆိုတာ နားလည်တာမို့ လှိုင်းဆက် စိတ်ထဲ ဘယ်လိုမှမနေ။
အခုလို သာကြောင်းမာကြောင်း သဘောထက် ဘာမှပိုမမေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။

သူ့လုပ်ရည်ကိုင်ရည်ကိုတော့ ‌သိပ်ချဲ့ကားပြစရာမလိုတော့။ နှစ်ယောက်သားက
သိုလှောင်ရုံဘက်တွေသွားကာ ပစ္စည်းအသယ်အချ၊ တာဝန်ခံများနှင့် မိတ်ဆက်ပေးပြီး ကုမ္ပဏီတစ်လျှောက် လိုက်ပတ်ကြည့်ဖြစ်ကြသည်။ အခုမှ အလုပ်လာလျှောက်ပေမဲ့
ပထမဆုံး ရုံးတက်ရက်နှင့်မခြား။ ရေဘူးလာပေးတဲ့ ဝန်ထမ်းလေးကို မြင်တော့ ရသမျှဘုရားစာအကုန်ရွတ်ပြီး ရေတိုက်တဲ့ အိမ်က
ကောင်လေးကို သတိမရပဲ မနေနိုင်။ အပြုံးတစ်ခုပါးပြင်ထက် ဖြစ်ပေါ်လာတော့ တစ်မနက်လုံး ခြေတိုအောင် လိုက်ကြည့်နေရလို့ မောနေတာတွေပါ အကုန်ပျောက်သည်။

နေ့လည် ၁၂ထိုးမှ သူ ကုမ္ပဏီကနေ ပြန်လာခဲ့ရသည်။ ဒါတောင် အန်ကယ်က ဧည့်သည်နဲ့ ချိန်းထားလို့။ မဟုတ်ရင် နေ့လည်စာစားချိန်ထိ စကားပြတ်မည်မထင်။ နဂိုကတည်းက အလုပ်ကြိုးစားသူ အန်ကယ်က ကိုယ်ပိုင်လုပ်ငန်းမှာလည်း ပိုမိုတက်ကြွလို့။

ငြိမ့်တည်ကြိုက်တဲ့ ဂဏန်းမဆာလာချက်နှင့် ဟင်းတချို့ဝယ်ပြီး ပြန်လာတော့ တစ်နာရီတောင် ထိုးတော့မည်။ မနေ့က ကြက်မြစ်ကြက်သည်း ကြော်ရှိသေးပေမဲ့ ငြိမ့်တည်
စားမှစားပြီးရဲ့လားမသိ။ တစ်ခုခု ဝယ်စားထားရင် ကောင်းမယ်လို့ လှိုင်းဆက်တွေးမိသည်။

ကားရပ်ပြီး ဟင်းထုတ်တွေက တစ်ဖက်
ရုံးအိတ်က တစ်ဖက်နှင့် သူပြန်လာတော့
မန္တလေးနေက အတော်ပူလို့။ လည်ပင်းထိ
အပြည့်တပ်ထားရတဲ့ ရှပ်အင်္ကျီက အပေါ်ကြယ်သီး နှစ်လုံးတောင်ပြုတ်နေပြီ။
လှေကားထက်တက်လာရင်း အခန်းရှေ့ရောက်တော့ တဲခါးပိတ်ထားတာမို့ သော့ဖွင့်ဝင်လိုက်ရသည်။

ငြိမ့်တည် အပြင်များ သွားသလားမသိ။
အောက်ထပ်မှာ ဆိုင်ကယ်ရှိလား မရှိလား
သတိလည်းမထားမိတာကြောင့် ကိုယ်တိုင်ပဲ ဝင်လာလိုက်တော့သည်။
ရှင်းလင်းနေတဲ့ ဧည့်ခန်းအတွင်း ဘုရားတင်ထားတဲ့ မြလေးပန်းရနံ့များက လှိုင်လို့။

ရုံးအိတ်ကို ဆိုဖာထက်ချကာ လှိုင်းဆက်
မီးဖိုးချောင်ဖက် ဝင်လာခဲ့ပေမဲ့ လမ်းခုလတ်က အိပ်ခန်းကို အရင် ခေါင်းလေးလျှိုကြည့်မိသေးသည်။ အပြာရောင် ခန်းစီးများကို လက်နှင့်အသာဖယ်လို့ သူကြည့်တော့ ဟော..
တွေ့ပါပြီ မောင်ငြိမ့်တည်ကို။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူက ခြင်ထောင်လေးပင်ချလို့။

လက်ထဲ‌က အထုတ်တွေကြောင့် ကြာကြာ
မငေးနိုင်။ မီးဖိုချောင်ထဲ ဝင်ကာ ပန်းကန်တွေထဲ လှယ်ထည့်ရသည်။ ကြောင်အိမ်ထဲ ပို့တန်တာပို့ ၊ အုပ်ဆောင်းအောက် ထည့်တန်တာထည့်နှင့် သူ့မှာ အသံကျယ်ကျယ်မထွက်ရဲ။
အကုန်ပြီးစီးလို့ အခန်းထဲဝင်လာတော့ စောစောက ကွေးကွေးလေးအိပ်နေတဲ့ ကောင်လေးက လက်တစ်ဖက်ကို လှိုင်းဆက်ခေါင်းအုံးပေါ်ထိ ရောက်အောင် ဆန့်လို့ထားသည်။

တဝှီးဝှီးလည်နေတဲ့ ပန်ကာလေကို လျှော့ပေးပြီး ခြင်ထောင်ကို သေချာခုပေးလိုက်သည်။ ဒီကောင်လေးက ခြင်ထောင်ကို ဘယ်တော့မှ သေချာမခု။ မန္တလေးမှာက
ခြင်ပေါတာကြောင့် နေ့ခင်းဘက်ဆိုရင်တောင် ခြင်ထောင်နှင့်အိပ်မှ။ ဖြစ်သလို အိပ်တတ်တဲ့ ကောင်လေးကို ခြင်ထောင်လေးတော့ ထောင်ဖို့ သူ့မှာ ခဏခဏချော့ပြောထားရတာဖြစ်သည်။

ရေချိုးထားတာမို့ မျက်နှာထက်ကတော့ သနပ်ခါးအပြည့်။ ငြိမ့်တည်က သနပ်ခါးတော့ အတော်ကြိုက်သည်။ သွေးရင်လည်း
အားရပါးရနှင့် လိမ်းရင်လည်း အားရပါးရ
ဖြစ်သည်။ ဆိုင်သွားရက်ကလွဲရင် ကျန်တဲ့ရက်တွေဆို ပါးကွက်ကို ဝိုင်းနေအောင်ကွက်လို့ထားတတ်ပြီး နှဖူးပေါ်မှာပါ သနပ်ခါးဝိုင်းနှင့်။ အခုလည်း မြင်းခြံဝမ်းဆက် ပွပွကို ဝတ်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာများ
လှိုင်းဆက် ရပ်ကြည့်နေတာတောင်မသိ။

အဝတ်အစားလဲဖို့ ပေါ့ပေါ့ပါးပါး အဝတ်အစားများထုတ်ကာ အခန်းထဲမှာပဲ လဲလိုက်သည်။ ငြိမ့်တည် အိပ်နေတာကြောင့်
ခပ်သွက်သွက်လဲပေမဲ့ ကောင်လေးကလည်း
တကယ့်အချိန်မှ နိုးလာသည်။ လက်လျှိုဝတ်ထားတဲ့ အင်္ကျီက အောက်ဆွဲမချရသေး
ငုတ်တုပ်ထထိုင်ကာ ရုတ်တရက်ကြီး ခြင်ထောင်အပြင်ဘက် ခေါင်းထွက်လာတဲ့ကောင်လေးကြောင့် သူ့မှာ အင်္ကျီတောင် ပြဲတော့မလို့။

"ကိုလှိုင်းဆက် ပြန်ရောက်နေပြီလား!!!"

တက်ကြွသော အော်သံက အခန်းတစ်ခုလုံးပေါက်ထွက်မတတ်။ အံ့ဩရိပ်လေးကလည်း ပါလာသေးသည်။

"ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လားဗျ"

အဝတ်စားသေချာ ဝတ်ပြီးမှ အနားလျှောက်သွားလိုက်တော့ ကုတင်ခြေရင်းဘောင်ကို
လက်လေးနှစ်ဖက်ထောက်လို့ ကုတင်ပေါ်
ဒူးထောက်လျက်သား မေးနေတဲ့ ကောင်လေးက မျက်လုံးဝိုင်းတွေနဲ့ လိုက်ကြည့်လို့နေသည်။ သူ့မယ် သိပ်ကို သိချင်နေရှာတာပဲ။

ပန်ကာကြောင့် လှုပ်ခတ်နေတဲ့ ခြင်ထောင်စုကို စုကိုင်ရင်း ကောင်လေးဘေးတိုးထိုင်တော့
သူရှိရာဘက် လှည့်ကာ ထိုင်သည်။

"အလုပ်တန်းရခဲ့ပြီ ဗျား"

ဝိုင်းစက်သွားတဲ့ မျက်ဝန်းတွေက
ကျေနပ်ချင်းအပြည့်။

"ဝိုး....ဝိုး ..ဝိုး" တအံ့တဩ အာမေဋိတ်သံလေးများနှင့် လက်မတထောင်ထောင်
လုပ်ကာ ပြနေသေးသည်မို့ လှိုင်းဆက်မှာ
ရယ်ပင် ရယ်မိတော့သည်။

"ကိုလှိုင်းဆက်က တကယ်ဆရာကြီးပဲ
ခုအလုပ်လျှောက် ခုအလုပ်ရ ။ မှန်းစမ်း
ဘယ်လိုကြောင့် အရမ်းတော်နေရတာလဲ"

လှိုင်းဆက်ဘေးနား ဟိုဒီဝေ့ရမ်းလို့
လိုက်ကြည့် နေတဲ့ ငြိမ့်တည်ပုံက
ပျော်နေတဲ့ ကလေးတစ်ယောက်လိုပင်။
ပါးနှစ်ဖက်က သနပ်ခါးအပြည့်ကလည်း
မွှေးကြိုင်လို့ စိတ်ချမ်းမြေ့စရာ။

"ကဲ ..နိုးပြီဆိုလည်း လာ။ ကိုယ် ငြိမ့်တည်
ကြိုက်တဲ့ ဂဏန်းမဆာလာဝယ်လာတယ်။
အတူတူစားရအောင်"

"အင် ကိုလှိုင်းဆက်က မစားရသေးဘူးလားဗျ ခုချိန်ထိ"

"ဟုတ်တယ် ကိုယ် အိမ်မှာပဲ ပြန်စားချင်လို့"

မျက်ဝန်းဝိုင်းတွေက လှိုင်းဆက်ကို ငေးခနဲ။
မျိုးစုံသော ခံစားချက်တို့ကို လှိုင်းဆက် လိုက်မဖမ်းနိုင်တော့။အပြုံးတစ်ခုပေးမိတော့
မျက်စိရှေ့က ကောင်လေးကလည်း ပြုံးသည်။

"ချက်ချင်း ထမင်းသွားခူးထားလိုက်မယ်ဗျ"

လှစ်ခနဲ ကုတင်ပေါ်က ခုန်ဆင်းက ပြေးထွက်သွားတဲ့သူကြောင့် သူ့မှာထိတ်ခနဲ။ လက်တွေက လေထဲမှာ အလိုလိုထုတ်မိလို့နေပြီး
တစ်ခုခုဆို လှမ်းပွေ့ဖမ်းထားဖို့ အဆင်သင့်ဖြစ်လို့နေသည်။

"ဖြေးဖြေး ဖြေးဖြေး ငြိမ့်တည်။ လဲအုန်းမယ်လေကွာ"

"နောက် မလုပ်တော့ပါဘူးဗျ ဟီးဟီး"
အခန်းဝ လိုက်ကာ နှစ်ခုကြား ခေါင်းလေးဖော်လို့ လှမ်းပြောတဲ့ ငြိမ့်တည်က စပ်ဖြဲဖြဲ ရုပ်ကလေးနှင့် သူ့အပြစ်သူသိပါသလို။
‌လှိုင်းဆက် ပြုံးပြီး ခေါင်းငြိမ့်ပြတော့မှ
သဘောတကျရယ်ရင်း အပြင်ထွက်လို့သွားတော့သည်။

ဇွန်းသံ ပန်းကန်သံနှင့် အိမ်ရှေ့အိမ်နောက်
အပြေးလွှားလျှောက်သံများက တိုက်ခန်းလေးထဲ ချက်ချင်းအသက်ဝင်လို့လာသည်။
အဝတ်ဟောင်းတွေ ချိတ်တန်တာချိတ်
လျှော်ဖို့ ဖယ်တန်တာဖယ်နေတဲ့ လှိုင်းဆက်မှာလည်း လုပ်လက်စ အမြန်အပြီးသတ်ကာ
အပြင်ထွက်ရတော့သည်။ လောနေတဲ့
ကောင်လေးကို သူပါးစပ်နှင့်ပြောနိုင်မည်မဟုတ်။ ကိုယ်တိုင် ဝင်ကူလုပ်ပြီး မထိခိုက်အောင် ကြိုကာပေးတာက ပိုအသုံးဝင်ပါလိမ့်မည်လေ။

ဝယ်လာတာလေးကို မြိန်ရည်ရှက်ရည် စားတာမြင်တော့ မစားပဲနဲ့တောင် အာဟာရပြည့်သလို ခံစားချက်က အမည်မတပ်နိုင်သေး။
ဂဏန်းလက်မတွေကို တဂျွတ်ဂျွတ်ကိုက်စားရင်း အသားတွေကို လှိုင်းဆက်ပန်းကန်ထဲ ထည့်ပေးနေတဲ့ ကောင်လေးက တားလို့လဲမရ။

" မစားတတ်လို့လား" ဆိုတဲ့ မျက်နှာငယ်နဲ့အမေးကို ချက်ချင်းငြင်းရင်း ငြိမ့်တည်
စားကတာ အနှောက်ယှက်ဖြစ်မှာ စိုးလို့
ပြောကြောင်းဆိုပြန်တော့‌ ခေါင်းလေးယမ်းလို့ မလိုအပ်ကြောင်း ပြောတာအခါခါ။

ငြိမ့်တည်နှင့်သာဆို အတူစားရတဲ့
အခိုက်တန့်တွေကပင် သူ့အတွက်ထူးခြားလို့။
အထီးကျန်ခြင်းတွေကို သူသတိမရတော့တာ
ကြာခဲ့ပြီ ထင်ပါရဲ့။တပြုံးပြုံးနဲ့ ဒီကောင်လေး
ပြောသမျှ လုပ်သမျှကို သဘောကျနေရတာနဲ့တင် သူ့အတွေးတွေ မအားလပ်တော့။

သူ့မှာ အလုပ်လည်းရှိပြီ
ငြိမ့်တည်လည်း ရှိပြီ
ဖုံးကွယ်ထားစရာမလိုတဲ့ မိတ်ဆွေတချို့လည်း ရှိနေပြီမို့ အသက်ရှင်ရတာ
ပိုကောင်းလာသလို ခံစားနေရပြီ ဖြစ်သည်။

.............................

စာရေးသူ၏ အမှာစာ :

ဒီနေ့လည်း ကိစ္စတချို့ရှိတာနဲ့
မိုးချုပ်မှ စာပြန်စစ်ပြီး တင်ပေးရတော့တယ်

မနက်ဖြန် သောကြာတစ်ရက်တော့
နားအုန်းမယ်နော်...စာရေးပေးစရာလေးတွေ
ရှိနေသေးလို့

ဒါနဲ့ ဒီFicလေးကို လိုက်ဖတ်ပေးတာ 1k views ရှိသွားပါပြီ ယော်ရောဘွန်း!!
Ongoing နဲ့ ဒီလောက်ဖတ်ကြမယ်
မထင်ထားလို့ အတော်လေး ပျော်မိပါတယ်
စာတွေရေးဖို့ အင်အားပါပဲဗျား❤️

Zawgyi

လူသစ္မ်ားႏွင့္ ႀကဳံဆုံရျခင္း ၃

တစ္လေက်ာ္ ၾကာျမင့္သြားၿပီးတဲ့ေနာက္
ကိုလွိုင္းဆက္က လုပ္ငန္းထဲ ျပန္ဝင္ဖို႔
စတင္ရသည္။ သူ႕ကို ခ်ိတ္မိထားတဲ့
ကုမၸဏီ သုံးေလးခုထဲကမွ အဆင္အေျပဆုံး
တစ္ခုကို ေ႐ြးခ်ယ္ၿပီး ဆက္သြယ္ေတာ့
တဖက္က လူလိုသည္ႏွင့္ တိုက္ဆိုင္ကာ
အင္တာဗ်ဴးေျဖဖို႔ လုပ္ရသည္။

အရင္အသိနဲ႕ ခ်ိတ္မိေပမဲ့ လုပ္ငန္းသဘာဝ
အင္တာဗ်ဴးကိစၥေတာ့ ေရွာင္လႊဲလို႔မရ။
သာမန္ မန္ေနဂ်ာအဆင့္ေပမဲ့ လစာညွိႏွိုင္းလို႔ရၿပီး မႏၲေလးမွာပဲ အထိုင္က်တာမို႔
သူ႕အတြက္ အေတာ္အဆင္‌ေျပပါသည္။

လွိုင္းဆက္ကေတာ့ ကိုယ့္အေျခအေနနဲ႕ကိုယ္
အလုပ္ရမယ္ေသခ်ာတာေၾကာင့္ ေအးေဆးေနေပမဲ့ သာမန္ထက္ ပိုစိတ္လႈပ္ရွားေနတာက ၿငိမ့္တည္ပင္။
အင္တာဗ်ဴးမေျဖရင္ သုံးရက္ေလာက္ ကတည္းက စာျပန္ၾကည့္ဖို႔ တိုက္တြန္းေနတဲ့
ဒီေကာင္ေလးက လွိုင္းဆက္ကို ကေလးမွတ္ေနသလား ထင္ရသည္။

"ကိုလွိုင္းဆက္ စာေတြျပန္ၾကည့္စရာမရွိဘူးလား?"

"အေထြေထြ ဗဟုသုတေတြေမးရင္ေရာ? ကြၽန္ေတာ္ စာအုပ္ဝယ္ထားေပးရမလား?"
အစရွိသျဖင့္ တြတ္တီးတြတ္တာ ေမးတတ္ၿပီး
တစ္ခါတစ္ေလ လွိုင္းဆက္ ကုန္ပစၥည္းနဲ႕ ဆိုင္ရာ အခ်က္လက္တစ္ခ်ိဳ႕ ထိုင္ၾကည့္ေနရင္ သံပုရာရည္ေလး လာခ်လိဳက္ ၊ေကာ္ဖီေလး လာခ်လိဳက္ႏွင့္ သူ႕မွာမအားရေတာ့။

တကယ္ေတာ့ လုပ္ငန္းထဲမွာ အၾကာႀကီး
က်င္လည္ခဲ့တာမို႔ အထူးတေလ ျပန္ၾကည့္ေနစရာမလိုေပ။ သူ႕လုပ္သက္ႏွင့္ ခ်ိတ္လာတဲ့ အလုပ္မို႔ ဒီအတိုင္းဝင္ရင္ေတာင္ရသည္။
သို႔ေသာ္ လွိုင္းဆက္က Up to Dateျဖစ္မဲ့
ပစၥည္းသစ္ေတြ အေၾကာင္းေတာ့ ရွာဖတ္ထားတာျဖစ္သည္။

ဒီေန႕လည္း အင္တာဗ်ဴးေျဖမဲ့ လွိုင္းဆက္ထက္ ၿငိမ့္တည္က ပိုတက္ႂကြလို႔ေနသည္။
ခဲေရာင္အကြက္စိပ္ ပုဆိုးအသစ္က ခပ္ေတာင့္ေတာင့္ျဖစ္ေနကာ  ရွပ္အကၤ်ီ အျဖဴကလည္း ေကာ့ပ်ံေနေအာင္မီးေႂကြတိုက္ၿပီး
ခ်ိတ္နဲ႕ ‌ခ်ိတ္ေပးထားတာေၾကာင့္ ေခါက္ရာပင္ မရွိေစရ။ ခပ္သင္းသင္းပ်ံ့ေနတဲ့ ေရေမႊးကေတာ့ လွိုင္းဆက္သုံးေနက် ကို ယူသုံး ေပးထားပုံရ၏။ ႏွစ္ေယာက္သား ဗီရိုအပုေလးေပၚ ပစၥည္းေတြ အတူတင္ေနက်ဆိဳေတာ့
ဘယ္အခ်ိန္ ယူဆြတ္ေပးထားသည္ မသိ။

ေရမိုးခ်ိဳးထြက္လာေတာ့ အကုန္အသင့္ျဖစ္ေနၿပီး ၿငိမ့္တည္က ဘုရားစင္ေရွ႕မွာ ကုပ္ကုပ္ကေလး။ ေရခြက္တစ္ခုကို ကိုင္ထားရင္း
ပါးစပ္ကလည္း ပြစိပြစိ႐ြတ္ဖတ္လို႔။ လက္က ၾကယ္သီးကို တပ္ရင္း လွိုင္းဆက္ ေကာင္ေလးကို ၾကည့္ေနရသည္။

ဘုရားကန္ေတာ့ ၿပီးေတာ့ ေရခြက္ေလးကိုင္ကာ အနားေရာက္လာတဲ့ေကာင္ေလး။
ေရပင္မ‌ခ်ိဳးရေသးတာေၾကာင့္ ခပ္ႏြမ္းႏြမ္းျဖစ္ေနတဲ့ မ်က္ႏွာေလးက ပါးေလးေတြေတာ့ မို႔လို႔။ ခပ္ဖြဖြျဖစ္ေနတဲ့ ဆံပင္ေတြကေတာ့
ဆီပင္မလိမ္းရေသးပုံ။

"ဒီေရေလး ေသာက္သြားပါအုန္း ။
ကြၽန္ေတာ္ ဆယ္တန္းေျဖေတာ့လည္း
ေဖေဖက ေရေတာ္စြန႔္ၿပီးမွ တိုက္တာ။
ေဖေဖ့လို ဂါထာအစုံေတာ့မရေပမဲ့ တတ္သမွ် ဘုရားစာ အကုန္႐ြတ္ေပးထားတာမို႔
ကံေကာင္းလာမွာ"

ဖန္ခြက္ေလးကမ္းလာေတာ့ အသာယူကာ
ေသာက္လိုက္ရသည္။ ၿငိမ့္တည္ ေက်နပ္ရင္ ၿပီးတာပါပဲ။ တတ္တာေတြ အကုန္႐ြတ္ထားတယ္ဆိုမွေတာ့ ယုံယုံၾကည္ၾကည္ေသာက္႐ုံေပါ့။ တဂြတ္ဂြတ္ေသာက္ေနတုန္း ေမာ့ၾကည့္ရင္း ေစာင့္ေနတဲ့ေကာင္ေလးက ၿပီးတာႏွင့္ ခြက္ကို ျပန္ယူဖို႔လည္းမေမ့။

မနက္စာ ၿမီးရွည္က‌ ေဘးတိုက္ခန္းက ဆိုင္ကို ၿငိမ့္တည္ အေျပးသြားဝယ္ထားတာျဖစ္မည္။
ႏွစ္ေယာက္သား အတူစားေသာက္ၿပီးေတာ့
ကားေပၚထိလိုက္ပို႔တဲ့ ေကာင္ေလးက သားရည္လက္ဆြဲအိတ္အနက္ကေလးကို ကိုင္လို႔။
ဒီေန႕ ၿငိမ့္တည္က ဆိုင္ပါ မသြားေတာ့။
လွိုင္းဆက္ အျပန္ သတင္းေကာင္း ေစာင့္ခ်င္လို႔ပါဆိုထားရွာတာမို႔ သူလည္းမတားရက္ေတာ့ပါ။

ေလွကားကေန အတူဆင္းခ်ိန္တစ္ေလွ်ာက္လုံးလည္း ေသခ်ာေျဖခဲ့ဖို႔ ႏွင့္ အဆင္ေျပမွာ ယုံၾကည္ေၾကာင္းေျပာေနတဲ့ ေကာင္ေလး။
ကားေပၚေရာက္ေတာ့ ကားမွန္ေလးကေန ေခါင္း‌လွ်ိုရင္း နားနားကပ္ကာ တိုးတိုးေျပာေသးတာက "ဖိုက္တင္းဗ် ကိုလွိုင္းဆက္" တဲ့။

အလုပ္ထက္ ၿငိမ့္တည္က ပိုၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းတာကို သိမယ္မထင္ဘူး။
တိုးကပ္လာတဲ့ အေငြ႕အသက္ေတြေၾကာင့္
လူႀကီးတန္မဲ့ မ်က္လုံးေတြ မွိတ္က်သည္ထိ
ရင္ဖိုသြားတာကို သူေျပာမျပတတ္ပါ။

က်န္ေနခဲ့သူ ၿငိမ့္တည္မွာလည္း ဂနာမၿငိမ္။
ကားေလး ျမင္ကြင္းထဲက ေပ်ာက္သြားသည္ထိ ေငးက်န္ေနခဲ့ၿပီး အေတာ္ၾကာမွ ျပန္ဝင္လာေတာ့ တစ္ဖက္တိုက္ ဆိုင္မွ လူတစ္ခ်ိဳ႕ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနတာ သတိထားမိလိုက္သည္။ တိုးတိုးတိုးတိုး ေျပာေနၾကတာ ဘာေတြလဲ သူမသိ။ ဒါေၾကာင့္
စိတ္မဝင္စားပဲ ကိုယ့္တိုက္ကိုယ္ျပန္ကာ အေပၚတက္ခဲ့လိုက္သည္။

တိုးတိုးေျပာေနတဲ့ စကားေတြကို အာ႐ုံစိုက္
ေပးရေအာင္ထိ ၿငိမ့္တည္မွာ အခ်ိန္မပို။
ကိုလွိုင္းဆက္ ျပန္မလာခင္ အိမ္သန႔္ရွင္းေရးလုပ္ၿပီး ေရမိုးခ်ိဳးမည္။
ၿပီးရင္ဆိုင္ကို ဖုန္းဆက္အက်ိဳးေၾကာင္း
ေမးၿပီး လုပ္ဖို႔က်န္တဲ့ စာရင္းတစ္ခ်ိဳ႕ လုပ္ေပးရအုန္းမည္ေလ။

..............................................

မိုးျပာေရာင္ ဆိုင္းဘုတ္အႀကီးႀကီးတင္ထားေသာ အေရာင္းဆိုင္က မႏၲေလးၿမိဳ႕၏ အေနာက္ေျမာက္ဘက္ အစြန္တြင္ရွိၿပီး
ေဘးနားမွာေတာ့ တိုင္းရင္းေဆး တကၠသိုလ္ရွိသည္ ။ "Growing Toger (TR) Com.ltd"
ဟုေသာ ေငြေရာင္စာလုံးေဖာင္းႂကြတို႔ႏွင့္
ဆိုင္ရဲ႕ေနာက္မွာေတာ့ သိုေလွာင္႐ုံ ႏွစ္ခုက ကပ္လ်က္။

ကားရပ္နားရန္ ေနရာမွာ ကားကိုရပ္ၿပီး
လွိုင္းဆက္ ဝင္လာေတာ့ recption က ဝန္ထမ္းက အသင့္ႀကိဳသည္။အစိမ္းရင့္ေရာင္ တဘီႏွင့္ အညိုေရာင္ရင္ဖုံးအကၤ်ီတို႔က
ၾကည့္လိုက္တာႏွင့္ တည္ၾကည္စြာ။
ဆိုင္ခန္းထံက ဝန္ထမ္းအားလုံး ထိုအေရာင္ဝတ္ဆင္ထားၿပီး အမ်ိဳးသားမ်ားကေတာ့ ကုမၸဏီတံဆိပ္ပါေသာ ရွပ္အကၤ်ီလက္တိုကို
စတိုင္ေဘာင္းဘီႏွင့္ တြဲဝတ္ထားၾကသည္။

"ႂကြပါရွင့္ ဘာမ်ားလိုအပ္ပါသလဲ?"
ႏူးညံ့စြာေမးလာေသာ အမ်ိဳးသမီးမ်ားက
ခရီး ဦးႀကိဳျပဳေတာ့ လက္ထဲက ေလွ်ာက္လႊာ ဖိုင္ေလးကို ေကာင္တာထက္ တင္ေပးလိုက္သည္။

"ဟုတ္ကဲ့ ဆရာ ဦးေအာင္ဟိန္းက အခန္းထဲမွာ ရွိေနပါတယ္ ဆက္သြယ္ေပးပါ့မယ္ရွင့္"

"ဟုတ္ကဲ့ပါ"

လွ်င္ျမန္တဲ့ လက္ေခ်ာင္းမ်ားက ႀကိဳးဖုန္းခလုတ္မ်ားကို ႏွိပ္ေနၿပီး ခဏေစာင့္ေနရတာမို႔ လွိုင္းဆက္က ဆိုင္ခန္းအတြင္း ပတ္ၾကည့္ေနလိုက္သည္။ စိုက္ပ်ိဳးေရးသုံး စက္ပစၥည္းမ်ားက သူ႕စင္ႏွင့္သူ ေနရာျပထားၾကၿပီး
ေျမဩဇာအမ်ိဳးမ်ိဳးကိုေတာ့ ေကာင္တာထဲမွာ အထုပ္ေသးေလးေထာင္ထားက ေရွ႕က
အမ်ိဳးအစားမ်ားကို သီးသန႔္ခြဲျပထားသည္။

"ဆရာက လာခဲ့ပါတဲ့...ကြၽန္မ လိုက္ပို႔ေပးပါ့မယ္"

လိုက္လာခဲ့တဲ့ တစ္ေလွ်ာက္ ေအးစိမ့္ေနေသာ အဲကြန္းတို႔ေၾကာင့္  လွိုင္းဆက္နည္းနည္းေတာ့ ေနရခက္သည္။ ဒါမွမဟုတ္ အလုပ္သစ္စမယ္ဆိုေတာ့ သူရင္ခုန္ေနတာလည္း ျဖစ္နိုင္သည္။ ဘာပဲျဖစ္ျဖစ္ သူအစိုးရဝန္ထမ္းလုပ္တုန္းက သူကပဲ သူမ်ားေတြကို
ေမးခဲ့ရတာမို႔လား။ ခုေတာ့ သူက ျပန္ၿပီး
ေျဖဆိုရေတာ့မည္။

အခန္းတံခါးဖြင့္လိုက္တာႏွင့္
Air Fresher အနံ႕သင္းသင္းေလးက အရင္
ႏွာေခါင္းထဲ တိုးဝင္လို႔လာသည္။ ေ႐ႊေရာင္
လာဘ္ေခၚေၾကာင္႐ုပ္ကေလးက နက္ေျပာင္ေနေသာ ေက်ာက္သားစားပြဲထက္မွ ႀကိဳဆိုေနၿပီး အထပ္လိုက္ရွိေနေသာ ဖိုင္မ်ားကို
စင္မ်ားထက္ ေသခ်ာစီတင္လို႔ထားသည္။

"လာ ေမာင္လွိုင္းဆက္ေရ ။ အန္ကယ္ မင္းကို
ေမွ်ာ္ေနတာကြ"
ဆိုဖာထက္ မွ ထလာကာ လက္တြဲႏႈတ္ဆက္ရင္း ႀကိဳဆိုေတာ့ လွိုင္းဆက္က ဦးၫႊတ္ကာ
အရိုေသ အရင္ျပဳလိုက္သည္။ အရင္ကေတာ့ ဆရာေပါ့ ။ ခုေတာ့ အျပင္လုပ္ငန္းမို႔ သက္ေတာင့္သက္သာ ေခၚေစခ်င္သည္ထင္ပါရဲ႕။

ႏွစ္ေယာက္သား ထိုင္လိုက္ၾကၿပီးေနာက္
အန္ကယ္က လွိုင္းဆက္ကမ္းတဲ့ ဖိုင္ကို
ဟိုဟိုဒီဒီလွန္လို႔ၾကည့္သည္။ အေပၚယံၾကည့္႐ုံသာျဖစ္ၿပီး သိပိမၾကာလိုက္။ ႏွစ္ေယာက္သား အရင္က လုပ္ငန္းအေၾကာင္းမ်ား ေျပာျဖစ္ၾကသည္။

က်န္းမာေရးလိုက္စားသူမို႔ ေျခာက္ဆယ္ေက်ာ္ေနေပမဲ့ ႏုပ်ိဳဆဲ။ ဝန္ထမ္းေပါင္းရာနဲ႕ခ်ီ အုပ္ခ်ဳပ္ရေပမဲ့ အန္ကယ္က ကြၽမ္းက်င္သည္။ အစိုးရဝန္ထမ္းတုန္းကဆို တိုင္းေဒသႀကီး တစ္ခုစာေတာင္ တာဝန္ယူရတာမို႔လား။
သို႔ေသာ္လည္း ကိုယ္ပိုင္အလုပ္မွာေတာ့
ေသခ်ာေပါက္ ပိုအေသးစိတ္ရမည္မို႔ ေလးစားကာ ခ်ီးက်ဴးရပါသည္။

"အန္ကယ္ကေတာ့ မင္းေရာက္လာတာကို
ဝမ္းသာတာပဲကြာ။ တာဝန္ယူထားတဲ့ လူေတြရွိေပမဲ့ မင္းေရာက္လာေတာ့ သူတို႔လည္းအဆင္ေျပမယ္ ကြၽမ္းက်င္ၿပီးသားမို႔
ေမာင္လွိုင္းဆက္လည္း အျမန္အသားက်မယ္"

"ဟုတ္ကဲ့ ကြၽန္ေတာ္ကလည္း လက္တြဲလုပ္ရတာကို ဝမ္းသာေနပါၿပီ"

"ေအးပါကြာ ..ဒါနဲ႕ မင္းအိမ္ေထာင္က်သြားတယ္ၾကားတယ္ကြ"

လွိုင္းဆက္ ေခါင္းငုံ႕ၿပဳံးရင္း လက္မွာဝတ္ထားတဲ့ ေက်ာက္စိမ္းလက္စြပ္ကေလးကို ၾကည့္လိုက္မိသည္။ မႏၲေလးေျပာင္းလာတယ္ ဆိုကတည္းက အန္ကယ့္ဆီေသခ်ာေပါက္ သတင္းေရာက္မွာပင္။
အန္ကယ္က ေမေမ့ အသိကိုး။ သူ ၿငိမ့္တည္ႏွင့္ အိမ္ေထာင္ျပဳတာ မသိစရာမရွိ။

ေဂးတစ္ေယာက္ကို အလုပ္ခန႔္ထားတာ
စိတ္မ်ားရႈပ္မလား မေတြးေတာ့။ အားလုံးကို
သိၿပီးတာေတာင္မွ ကမ္းလွမ္းခဲ့တာမို႔
လွိုင္းဆက္က သူ႕အိမ္ေထာင္ေရးကို အထူးတလည္ သိုဝွက္ထားဖို႔ မလိုသည့္
အန္ကယ့္ကုမၸဏီကို ေသခ်ာေ႐ြးခ်ယ္ခဲ့တာ ျဖစ္သည္။ ၿငိမ့္တည္ကို သူဖုံးကြယ္မထားခ်င္ဘူး။ သူေလးစားရတဲ့ သူေတြေရွ႕မွာ
ၿငိမ့္တည္ကို ပုန္းရွိုးကြယ္ရွိုး ဖြက္ထားတာမ်ိဳး
သူမလုပ္ခ်င္။

ဘဝတစ္ေလွ်ာက္လုံး သူအၿမဲပုန္းကြယ္ေနခဲ့ေပမဲ့ ဒီေကာင္ေလးနဲ႕ ပက္သတ္မႈကိုေတာ့
အနာဆာတစ္ခုလို ဖုံးကြယ္မထားနိုင္။
ေခါင္းကို ၿငိမ့္ၿပီး သူဝန္ခံေတာ့ အန္ကယ္က
သေဘာတက်ရယ္သည္။ လူႀကီးမို႔လို႔
လက္ခံရ ခက္ေနအုန္းမည္ဆိုတာ နားလည္တာမို႔ လွိုင္းဆက္ စိတ္ထဲ ဘယ္လိုမွမေန။
အခုလို သာေၾကာင္းမာေၾကာင္း သေဘာထက္ ဘာမွပိုမေမးတာကိုပဲ ေက်းဇူးတင္လွပါၿပီ။

သူ႕လုပ္ရည္ကိုင္ရည္ကိုေတာ့ ‌သိပ္ခ်ဲ့ကားျပစရာမလိုေတာ့။ ႏွစ္ေယာက္သားက
သိုေလွာင္႐ုံဘက္ေတြသြားကာ ပစၥည္းအသယ္အခ်၊ တာဝန္ခံမ်ားႏွင့္ မိတ္ဆက္ေပးၿပီး ကုမၸဏီတစ္ေလွ်ာက္ လိုက္ပတ္ၾကည့္ျဖစ္ၾကသည္။ အခုမွ အလုပ္လာေလွ်ာက္ေပမဲ့
ပထမဆုံး ႐ုံးတက္ရက္ႏွင့္မျခား။ ေရဘူးလာေပးတဲ့ ဝန္ထမ္းေလးကို ျမင္ေတာ့ ရသမွ်ဘုရားစာအကုန္႐ြတ္ၿပီး ေရတိုက္တဲ့ အိမ္က
ေကာင္ေလးကို သတိမရပဲ မေနနိုင္။ အၿပဳံးတစ္ခုပါးျပင္ထက္ ျဖစ္ေပၚလာေတာ့ တစ္မနက္လုံး ေျခတိုေအာင္ လိုက္ၾကည့္ေနရလို႔ ေမာေနတာေတြပါ အကုန္ေပ်ာက္သည္။

ေန႕လည္ ၁၂ထိုးမွ သူ ကုမၸဏီကေန ျပန္လာခဲ့ရသည္။ ဒါေတာင္ အန္ကယ္က ဧည့္သည္နဲ႕ ခ်ိန္းထားလို႔။ မဟုတ္ရင္ ေန႕လည္စာစားခ်ိန္ထိ စကားျပတ္မည္မထင္။ နဂိုကတည္းက အလုပ္ႀကိဳးစားသူ အန္ကယ္က ကိုယ္ပိုင္လုပ္ငန္းမွာလည္း ပိုမိုတက္ႂကြလို႔။

ၿငိမ့္တည္ႀကိဳက္တဲ့ ဂဏန္းမဆာလာခ်က္ႏွင့္ ဟင္းတခ်ိဳ႕ဝယ္ၿပီး ျပန္လာေတာ့ တစ္နာရီေတာင္ ထိုးေတာ့မည္။ မေန႕က ၾကက္ျမစ္ၾကက္သည္း ေၾကာ္ရွိေသးေပမဲ့ ၿငိမ့္တည္
စားမွစားၿပီးရဲ႕လားမသိ။ တစ္ခုခု ဝယ္စားထားရင္ ေကာင္းမယ္လို႔ လွိုင္းဆက္ေတြးမိသည္။

ကားရပ္ၿပီး ဟင္းထုတ္ေတြက တစ္ဖက္
႐ုံးအိတ္က တစ္ဖက္ႏွင့္ သူျပန္လာေတာ့
မႏၲေလးေနက အေတာ္ပူလို႔။ လည္ပင္းထိ
အျပည့္တပ္ထားရတဲ့ ရွပ္အကၤ်ီက အေပၚၾကယ္သီး ႏွစ္လုံးေတာင္ျပဳတ္ေနၿပီ။
ေလွကားထက္တက္လာရင္း အခန္းေရွ႕ေရာက္ေတာ့ တဲခါးပိတ္ထားတာမို႔ ေသာ့ဖြင့္ဝင္လိုက္ရသည္။

ၿငိမ့္တည္ အျပင္မ်ား သြားသလားမသိ။
ေအာက္ထပ္မွာ ဆိုင္ကယ္ရွိလား မရွိလား
သတိလည္းမထားမိတာေၾကာင့္ ကိုယ္တိုင္ပဲ ဝင္လာလိုက္ေတာ့သည္။
ရွင္းလင္းေနတဲ့ ဧည့္ခန္းအတြင္း ဘုရားတင္ထားတဲ့ ျမေလးပန္းရနံ႕မ်ားက လွိုင္လို႔။

႐ုံးအိတ္ကို ဆိုဖာထက္ခ်ကာ လွိုင္းဆက္
မီးဖိုးေခ်ာင္ဖက္ ဝင္လာခဲ့ေပမဲ့ လမ္းခုလတ္က အိပ္ခန္းကို အရင္ ေခါင္းေလးလွ်ိုၾကည့္မိေသးသည္။ အျပာေရာင္ ခန္းစီးမ်ားကို လက္ႏွင့္အသာဖယ္လို႔ သူၾကည့္ေတာ့ ေဟာ..
ေတြ႕ပါၿပီ ေမာင္ၿငိမ့္တည္ကို။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသူက ျခင္ေထာင္ေလးပင္ခ်လိဳ႕။

လက္ထဲ‌က အထုတ္ေတြေၾကာင့္ ၾကာၾကာ
မေငးနိုင္။ မီးဖိုေခ်ာင္ထဲ ဝင္ကာ ပန္းကန္ေတြထဲ လွယ္ထည့္ရသည္။ ေၾကာင္အိမ္ထဲ ပို႔တန္တာပို႔ ၊ အုပ္ေဆာင္းေအာက္ ထည့္တန္တာထည့္ႏွင့္ သူ႕မွာ အသံက်ယ္က်ယ္မထြက္ရဲ။
အကုန္ၿပီးစီးလို႔ အခန္းထဲဝင္လာေတာ့ ေစာေစာက ေကြးေကြးေလးအိပ္ေနတဲ့ ေကာင္ေလးက လက္တစ္ဖက္ကို လွိုင္းဆက္ေခါင္းအုံးေပၚထိ ေရာက္ေအာင္ ဆန႔္လို႔ထားသည္။

တဝွီးဝွီးလည္ေနတဲ့ ပန္ကာေလကို ေလွ်ာ့ေပးၿပီး ျခင္ေထာင္ကို ေသခ်ာခုေပးလိုက္သည္။ ဒီေကာင္ေလးက ျခင္ေထာင္ကို ဘယ္ေတာ့မွ ေသခ်ာမခု။ မႏၲေလးမွာက
ျခင္ေပါတာေၾကာင့္ ေန႕ခင္းဘက္ဆိုရင္ေတာင္ ျခင္ေထာင္ႏွင့္အိပ္မွ။ ျဖစ္သလို အိပ္တတ္တဲ့ ေကာင္ေလးကို ျခင္ေထာင္ေလးေတာ့ ေထာင္ဖို႔ သူ႕မွာ ခဏခဏေခ်ာ့ေျပာထားရတာျဖစ္သည္။

ေရခ်ိဳးထားတာမို႔ မ်က္ႏွာထက္ကေတာ့ သနပ္ခါးအျပည့္။ ၿငိမ့္တည္က သနပ္ခါးေတာ့ အေတာ္ႀကိဳက္သည္။ ေသြးရင္လည္း
အားရပါးရႏွင့္ လိမ္းရင္လည္း အားရပါးရ
ျဖစ္သည္။ ဆိုင္သြားရက္ကလြဲရင္ က်န္တဲ့ရက္ေတြဆို ပါးကြက္ကို ဝိုင္းေနေအာင္ကြက္လို႔ထားတတ္ၿပီး ႏွဖူးေပၚမွာပါ သနပ္ခါးဝိုင္းႏွင့္။ အခုလည္း ျမင္းၿခံဝမ္းဆက္ ပြပြကို ဝတ္လို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာမ်ား
လွိုင္းဆက္ ရပ္ၾကည့္ေနတာေတာင္မသိ။

အဝတ္အစားလဲဖို႔ ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ားထုတ္ကာ အခန္းထဲမွာပဲ လဲလိုက္သည္။ ၿငိမ့္တည္ အိပ္ေနတာေၾကာင့္
ခပ္သြက္သြက္လဲေပမဲ့ ေကာင္ေလးကလည္း
တကယ့္အခ်ိန္မွ နိုးလာသည္။ လက္လွ်ိုဝတ္ထားတဲ့ အကၤ်ီက ေအာက္ဆြဲမခ်ရေသး
ငုတ္တုပ္ထထိုင္ကာ ႐ုတ္တရက္ႀကီး ျခင္ေထာင္အျပင္ဘက္ ေခါင္းထြက္လာတဲ့ေကာင္ေလးေၾကာင့္ သူ႕မွာ အကၤ်ီေတာင္ ၿပဲေတာ့မလို႔။

"ကိုလွိုင္းဆက္ ျပန္ေရာက္ေနၿပီလား!!!"

တက္ႂကြေသာ ေအာ္သံက အခန္းတစ္ခုလုံးေပါက္ထြက္မတတ္။ အံ့ဩရိပ္ေလးကလည္း ပါလာေသးသည္။

"ဘယ္လိုလဲ အဆင္ေျပခဲ့ရဲ႕လားဗ်"

အဝတ္စားေသခ်ာ ဝတ္ၿပီးမွ အနားေလွ်ာက္သြားလိုက္ေတာ့ ကုတင္ေျခရင္းေဘာင္ကို
လက္ေလးႏွစ္ဖက္ေထာက္လို႔ ကုတင္ေပၚ
ဒူးေထာက္လ်က္သား ေမးေနတဲ့ ေကာင္ေလးက မ်က္လုံးဝိုင္းေတြနဲ႕ လိုက္ၾကည့္လို႔ေနသည္။ သူ႕မယ္ သိပ္ကို သိခ်င္ေနရွာတာပဲ။

ပန္ကာေၾကာင့္ လႈပ္ခတ္ေနတဲ့ ျခင္ေထာင္စုကို စုကိုင္ရင္း ေကာင္ေလးေဘးတိုးထိုင္ေတာ့
သူရွိရာဘက္ လွည့္ကာ ထိုင္သည္။

"အလုပ္တန္းရခဲ့ၿပီ ဗ်ား"

ဝိုင္းစက္သြားတဲ့ မ်က္ဝန္းေတြက
ေက်နပ္ခ်င္းအျပည့္။

"ဝိုး....ဝိုး ..ဝိုး" တအံ့တဩ အာေမဋိတ္သံေလးမ်ားႏွင့္ လက္မတေထာင္ေထာင္
လုပ္ကာ ျပေနေသးသည္မို႔ လွိုင္းဆက္မွာ
ရယ္ပင္ ရယ္မိေတာ့သည္။

"ကိုလွိုင္းဆက္က တကယ္ဆရာႀကီးပဲ
ခုအလုပ္ေလွ်ာက္ ခုအလုပ္ရ ။ မွန္းစမ္း
ဘယ္လိုေၾကာင့္ အရမ္းေတာ္ေနရတာလဲ"

လွိုင္းဆက္ေဘးနား ဟိုဒီေဝ့ရမ္းလို႔
လိုက္ၾကည့္ ေနတဲ့ ၿငိမ့္တည္ပုံက
ေပ်ာ္ေနတဲ့ ကေလးတစ္ေယာက္လိုပင္။
ပါးႏွစ္ဖက္က သနပ္ခါးအျပည့္ကလည္း
ေမႊးႀကိဳင္လို႔ စိတ္ခ်မ္းေျမ့စရာ။

"ကဲ ..နိုးၿပီဆိုလည္း လာ။ ကိုယ္ ၿငိမ့္တည္
ႀကိဳက္တဲ့ ဂဏန္းမဆာလာဝယ္လာတယ္။
အတူတူစားရေအာင္"

"အင္ ကိုလွိုင္းဆက္က မစားရေသးဘူးလားဗ် ခုခ်ိန္ထိ"

"ဟုတ္တယ္ ကိုယ္ အိမ္မွာပဲ ျပန္စားခ်င္လို႔"

မ်က္ဝန္းဝိုင္းေတြက လွိုင္းဆက္ကို ေငးခနဲ။
မ်ိဳးစုံေသာ ခံစားခ်က္တို႔ကို လွိုင္းဆက္ လိုက္မဖမ္းနိုင္ေတာ့။အၿပဳံးတစ္ခုေပးမိေတာ့
မ်က္စိေရွ႕က ေကာင္ေလးကလည္း ၿပဳံးသည္။

"ခ်က္ခ်င္း ထမင္းသြားခူးထားလိုက္မယ္ဗ်"

လွစ္ခနဲ ကုတင္ေပၚက ခုန္ဆင္းက ေျပးထြက္သြားတဲ့သူေၾကာင့္ သူ႕မွာထိတ္ခနဲ။ လက္ေတြက ေလထဲမွာ အလိုလိုထုတ္မိလို႔ေနၿပီး
တစ္ခုခုဆို လွမ္းေပြ႕ဖမ္းထားဖို႔ အဆင္သင့္ျဖစ္လို႔ေနသည္။

"ေျဖးေျဖး ေျဖးေျဖး ၿငိမ့္တည္။ လဲအုန္းမယ္ေလကြာ"

"ေနာက္ မလုပ္ေတာ့ပါဘူးဗ် ဟီးဟီး"
အခန္းဝ လိုက္ကာ ႏွစ္ခုၾကား ေခါင္းေလးေဖာ္လို႔ လွမ္းေျပာတဲ့ ၿငိမ့္တည္က စပ္ၿဖဲၿဖဲ ႐ုပ္ကေလးႏွင့္ သူ႕အျပစ္သူသိပါသလို။
‌လွိုင္းဆက္ ၿပဳံးၿပီး ေခါင္းၿငိမ့္ျပေတာ့မွ
သေဘာတက်ရယ္ရင္း အျပင္ထြက္လို႔သြားေတာ့သည္။

ဇြန္းသံ ပန္းကန္သံႏွင့္ အိမ္ေရွ႕အိမ္ေနာက္
အေျပးလႊားေလွ်ာက္သံမ်ားက တိုက္ခန္းေလးထဲ ခ်က္ခ်င္းအသက္ဝင္လို႔လာသည္။
အဝတ္ေဟာင္းေတြ ခ်ိတ္တန္တာခ်ိတ္
ေလွ်ာ္ဖို႔ ဖယ္တန္တာဖယ္ေနတဲ့ လွိုင္းဆက္မွာလည္း လုပ္လက္စ အျမန္အၿပီးသတ္ကာ
အျပင္ထြက္ရေတာ့သည္။ ေလာေနတဲ့
ေကာင္ေလးကို သူပါးစပ္ႏွင့္ေျပာနိုင္မည္မဟုတ္။ ကိုယ္တိုင္ ဝင္ကူလုပ္ၿပီး မထိခိုက္ေအာင္ ႀကိဳကာေပးတာက ပိုအသုံးဝင္ပါလိမ့္မည္ေလ။

ဝယ္လာတာေလးကို ၿမိန္ရည္ရွက္ရည္ စားတာျမင္ေတာ့ မစားပဲနဲ႕ေတာင္ အာဟာရျပည့္သလို ခံစားခ်က္က အမည္မတပ္နိုင္ေသး။
ဂဏန္းလက္မေတြကို တဂြၽတ္ဂြၽတ္ကိုက္စားရင္း အသားေတြကို လွိုင္းဆက္ပန္းကန္ထဲ ထည့္ေပးေနတဲ့ ေကာင္ေလးက တားလို႔လဲမရ။

" မစားတတ္လို႔လား" ဆိုတဲ့ မ်က္ႏွာငယ္နဲ႕အေမးကို ခ်က္ခ်င္းျငင္းရင္း ၿငိမ့္တည္
စားကတာ အေႏွာက္ယွက္ျဖစ္မွာ စိုးလို႔
ေျပာေၾကာင္းဆိုျပန္ေတာ့‌ ေခါင္းေလးယမ္းလို႔ မလိုအပ္ေၾကာင္း ေျပာတာအခါခါ။

ၿငိမ့္တည္ႏွင့္သာဆို အတူစားရတဲ့
အခိုက္တန႔္ေတြကပင္ သူ႕အတြက္ထူးျခားလို႔။
အထီးက်န္ျခင္းေတြကို သူသတိမရေတာ့တာ
ၾကာခဲ့ၿပီ ထင္ပါရဲ႕။တၿပဳံးၿပဳံးနဲ႕ ဒီေကာင္ေလး
ေျပာသမွ် လုပ္သမွ်ကို သေဘာက်ေနရတာနဲ႕တင္ သူ႕အေတြးေတြ မအားလပ္ေတာ့။

သူ႕မွာ အလုပ္လည္းရွိၿပီ
ၿငိမ့္တည္လည္း ရွိၿပီ
ဖုံးကြယ္ထားစရာမလိုတဲ့ မိတ္ေဆြတခ်ိဳ႕လည္း ရွိေနၿပီမို႔ အသက္ရွင္ရတာ
ပိုေကာင္းလာသလို ခံစားေနရၿပီ ျဖစ္သည္။

.............................

စာေရးသူ၏ အမွာစာ :

ဒီေန႕လည္း ကိစၥတခ်ိဳ႕ရွိတာနဲ႕
မိုးခ်ဳပ္မွ စာျပန္စစ္ၿပီး တင္ေပးရေတာ့တယ္

မနက္ျဖန္ ေသာၾကာတစ္ရက္ေတာ့
နားအုန္းမယ္ေနာ္...စာေရးေပးစရာေလးေတြ
ရွိေနေသးလို႔

ဒါနဲ႕ ဒီFicေလးကို လိုက္ဖတ္ေပးတာ 1k views ရွိသြားပါၿပီ ေယာ္ေရာဘြန္း!!
Ongoing နဲ႕ ဒီေလာက္ဖတ္ၾကမယ္
မထင္ထားလို႔ အေတာ္ေလး ေပ်ာ္မိပါတယ္
စာေတြေရးဖို႔ အင္အားပါပဲဗ်ား❤️








Continue Reading

You'll Also Like

4.3M 364K 86
Marriage life ပါ။ မိသားစု ဒရမ်မာတွေလည်း ပါတယ်။ သေချာတာကတော့ အကြင်နာတွေပေးမဲ့ ဧရိယာအရပ်အဝန်းလေးပါပဲ။ (Started On_ 6/September/2021) / Marriage life ပ...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
34.2K 2.8K 33
ဟန်မင်းမြတ် ​သော်​ဇေ ​ဆောင်းဦးဟန် မ​ဟေသီ ဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာ​ရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်​ယောက်ကိုမှ ထိခိုက်လ်ု...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...