သေချာတာပေါ့၊ တကယ်ဖြစ်သွားတာတော့မဟုတ်ပေမဲ့၊ အားနည်းတဲ့မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက် အစောင့်တစ်ယောက်တောင်မပါဘဲလျောက်သွားနေရတယ်ဆိုတာက အဆိုးရွားဆုံးအရာတေွထဲကတစ်ခုဘဲ၊
"နင်သိပြီလား...ငါဘာလို့Ecliseကိုငါ့ရဲ့အစောင့်အဖြစ်ထားရတယ်တဲ့အကြောင်းကို..."
"………"
"စိတ်ပူစေမိလို့တောင်းပန်ပါတယ် အကို"
ပြောလို့ပြီးတာနဲ့ နေရာမှာတောင့်တောင့်ကြီးရပ်နေတဲ့ Rennaldကိုဖြတ်ပြီးတော့ လေှကားဆီကိုလျေှာက်သွားလိုက်တယ်၊
ငါ့ရဲ့နောက်ကနေသူတို့လိုက်လာတဲ့အချိန်Ecliseကမျက်နှာအမူယာကင်းမဲ့ေနပြီး Emily ကတော့ကြမ်းပြင်ကိုဘဲကြည့်နေခဲ့တယ်
Penelope ကိုစောင့်ကြည့်နေကြတဲ့ ဒီမှာအလုပ်လုပ်နေတဲ့သူတေွက သူမအချိန်မရေွးအန္တရာယ်နိုင်တာကိုသိပြီးတဲ့နောက်မှာတော့ အဝေးကဘဲနေကြတော့တယ်၊ ဒီမှာငါလုပ်နိုင်တာဘာမှမရှိဘူး...
ဒီနေရာမှာငါလုပ်နိုင်တာတေွကိုကောင်းကောင်းမစဥ်းစားနိုင်ဘူး၊
'ဒီကမ္ဘာကိုမရောက်ခင်က ငါ့ကိုယ်ငါကိုပြန်တေွးတာမျိုးမလုပ်နိုင်ခဲ့ဘူး'
ငါဒီကမ္ဘာကိုမရောက်ခင်တုန်းကဖြတ်သန်းခဲ့ပြီးသွားပြီ၊
ငါတစ်လှမ်းချင်းလျေှာက်လာခဲ့တယ်၊
[Date At The Festival] With [Rennald] quest fail!!! Try Again?? [Accept\Reject]
ငါချက်ချင်းဘဲ Rejectခလုတ်ကိုနှိပ်လိုက်တယ်၊
Ecliseကနောက်ကလိုက်လာနေရင်း ငါ့ရဲ့အခန်းထဲထိပါလိုက်ဖို့ကြိုးစားနေတာကြောင့်
"ဘယ်အထိ ငါ့နောက်ကိုလိုက်နေဦးမှာလဲ..."
အထဲကိုဝင်လာတဲ့Ecliseရေှ့ကနေပိတ်ရပ်လိုက်တယ်၊
"ဒါပေမဲ့..."
သူကခေါင်းကိုစောင်းလိုက်ရင်း အေးအေးဆေးဆေးပြောလာခဲ့တယ်၊
"ဒါပေမဲ့ မင်းဘဲကျွန်တော့ရဲ့တန်ဖိုးကိုသက်သေပြရမယ်လို့ပြောခဲ့တယ်လေ..."
(ခန္ဓာကိုယ်နဲ့သက်သေပြမဲ့ကောင်လေး🤭)
အခုချိန်ထိကောင်းကောင်းသရုပ်ဆောင်နေရတဲ့သူ့ရဲ့အကြောင်းရင်းကြောင့် ငါနည်းနည်းမှင်တက်သွားရတယ်၊
'ကြည့်ရတာကျွန်စျေးကိုပြန်အပို့ခံရမှာကို သူတကယ်မကြိုက်တာဘဲ'
အဲ့အချိန်မှာဘဲသူ့ဆွဲထားတဲ့ လည်ကပ်ကအဝါရောင်ကျောက်လေးကိုတေွ့လိုက်တယ်၊
'လက်စွပ်'
အဲ့တာကငါသူ့ကိုဖိနှိပ်ဖို့ သုံးလို့ရတဲ့ကိရိယာတစ်ခုရှိတာကိုပြန်သတိရစေတယ်၊ ငါ့ရဲ့စိတ်လှုပ်ရှားမှုတေွက[ Interest.18%]ကိုတေွ့လိုက်မှ ခေါင်းအေးသွားရတယ်၊ အာ့တာကငါ့စိတ်ထဲမှာ ရှိနေတုန်းဘဲ
လက်ထိပ်တေွကိုဖြုတ်ပြီးတဲ့နောက် လူသေနိုင်လောက်တဲ့သူ့ရဲ့အကြည့်တေွ၊
Normal moodမှာကတည်းက ယဥ်ကျေးပြီးအမူကျင့်ကောင်းတေွရှိတဲ့သူရဲကောင်းတစ်ဦး၊ သူ့ရဲ့သခင်က ဗီလိန်ဖြစ်တာကိုသိနေတာတောင် အဆုံးထိPenelopeပေါ်မှာသစ္စာရှိခဲ့တယ်၊
ဘာပဲဖြစ်ဖြစ် Ecliseကအခုထိ မလေ့ကျင့်ပေးရသေးတာကြောင့်ငါမျေှာ်လင့်ထားတာထက်ကိုအန္တရာယ်ရှိနိုင်တယ်၊
Penelopeအပေါ်သစ္စာရှိရခြင်းရဲ့ နောက်ကွယ်ကအကြောင်းပြချက်က လည်ကပ်ကြောင့်ဖြစ်နိုင်တယ်လို့တေွးမိလာတယ်၊
'သူ့ရဲ့အပြစ်ကင်းတဲ့အကြည့်တေွက ငါ့ကိုအရူးမလုပ်နိုင်စေရဘူး၊ သူကဟိုင်အီးနားအကောင်တေွကို သစ်သားဓားနဲ့သတ်ပစ်ခဲ့တဲ့ လူနော်...'
ငါ့ကိုယ်ငါအရူးအလုပ်မခံဖို့ သတိပေးပြီးတဲ့နောက် ငါ့ရဲ့ပါးစပ်ကိုဟလိုက်တယ်၊
"ငါ့ရဲ့ညဘက်အဖော်ဖြစ်ဖို့မလိုဘူး"
"အဲ့တာဆို..."
"နင် စကားဝိုင်းကိုကြားလိုက်တယ်မလား၊ ငါနင့်ကိုင့ါရဲ့ကိုယ်ရံတော်အဖြစ်သုံးဖို့ဝယ်လိုက်တာ"
"ဟုတ်ကဲ့..."
Ecliseကခေါင်းညိမ့်တယ်၊
"နင့်ရဲ့ပထမဆုံးမစ်ရှင်က ဒီအိမ်တော်ကလူတေွနင့်ကိုလက်ခံလာအောင်လုပ်ဖို့ဘဲ..."
"မစ်... ရှင်.....? "
"ဟုတ်တယ်၊အသုံးမဝင်အရာတစ်ခုအတွက်နဲ့ဒီကလူတေွနဲ့ ငါအမြဲတမ်းအငြင်းအခုံမလုပ်နိုင်ဘူး
သိတယ်မလား…"
ငါအဲ့တာကို အေးစက်စက်လေသံနဲ့ပြောလိုက်တယ်ပြီးတော့ပြောပြီးတဲ့အခါမှ လေသံကစိတ်မပါ့တပါဖြစ်နေတာကို သိလိုက်ရတယ်၊ အဲ့နောက်ထပ်ပြီး
"နင်ငါ့ကိုစိတ်ပျက်အောင်မလုပ်လောက်ဘူးလို့ငါယုံတယ်၊ ဟုတ်တယ်မလား..."
Ecliseကငါ့ရဲ့မေးခွန်းအဆုံးမှာခေါင်းကိုငြိမ့်လိုက်တယ်၊ သူ့ရဲ့မီးခိုးရောင်မျက်လုံးတေွလက်သွားတယ်လို့ ငါထင်လိုက်တယ်၊
[Interest.20%]
<Note::သူ့ရဲ့Interest %ကပြောင်းသွားခဲ့တယ်၊ အဲ့တာက30%အထိနီးကပ်နေပြီး normal mood မှာMale leadရဲ့interestတေွ အကုန်လုံး30%ကနေစတယ်၊ >>>
'ဟား... 30%ဖြစ်လာမဲ့အချိန်နဲ့ အဲ့ထက်ပိုများလာတဲ့အချိန်အဆုံးသတ်ကိုမြင်နိုင်တာ့မယ်…'
ငါခရီးအရှည်ကြီးဘယ်လိုသွားရမလဲဆိုတာကို စဥ်းစားမိရင် အကုန်လုံးပင်ပန်းလာတယ်လို့ခံစားရတယ်၊
"Emily...... Ecliseကို အိမ်တော်ထိန်ူပြင်ပေးထားတဲ့အခန်းဆီလိုက်ပို့ပေးလိုက်…"
"ဟုတ်ကဲ့ပါ၊ သခင်မလေး…"
အဲ့အချိန်မှာဘဲ
"သခင်..."
ခြောက်ကပ်ကပ်အသံတစ်ခုကငါ့နားကိုထိုးဖောက်လာခဲ့တယ်၊
"အရှင့်ဆီကချီးကျူးခံရဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်…"
အဲ့နောက်ငါ့ရဲ့လက်ကိုမြေှာက်လိုက်ပြီး လတ်တလောညစ်ပတ်နေတဲ့သူ့ရဲ့ဆံပင်တေွကိုပုတ်ပေးလိုက်တယ်၊
Ecliseကဒီအချိန်ကိုစောင့်နေတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ငါ့ရဲ့လက်တေွနဲ့တဖန်ပွတ်တိုက်လိုက်တယ်၊
ဒါပေမဲ့အဲ့တာက သူ့အပေါ်ကြောက်နေတဲ့ ငါ့ရဲ့စိတ်တေွကို လုံးဝပျောက်သွားအောင်မလုပ်ပေးနိုင်ခဲ့ဘူး၊
သို့သော်လည်း သူ့ကိုနေရာကနေထွက်သွားဖို့ဆုတောင်းနေမိတယ်၊
"သခင်... အဲ့နေရာကနေထုတ်ပေးခဲ့တဲ့သူက သခင်ဖြစ်နေလို့ကျွန်တော်အရမ်းဝမ်းသာတယ်..."
နောက်ထပ်လှုပ်ရှားမှုတေွလုပ်ဖို့ ဆန္ဒဖြစ်လာပြီး လုပ်ဖို့ကိုလည်းအခိုင်အမာဆုံးဖြတ်လိုက်တယ်၊
***********
ငါ့ရဲ့အခန်းထဲကနေလုံးဝမထွက်ခဲ့ဘူး၊ အဲ့နေ့ကငါ့ရဲ့ရှင်းပြချက်အမှားကိုကြားပြီးတဲ့နောက်မှာ ငါ့ရဲ့ဆင်ခြေတေွအတွက် ကိုယ်တိုင်အနားပေးဖို့လိုနေခဲ့တယ်၊
ငါ့မျက်နှာကို ရက်အနည်းငယ်လောက်မပြဘဲ အခန်းထဲမှာဘဲနေနေတာကိုလည်း သူတို့ကဘာမှမပြောခဲ့ကြဘူး၊
ဒါပေမဲ့EmilyဆီကတနေDuke ကမျိုးရိုးမြင့်မိသားစုတေွထဲက နာမည်အပြည့်စုံမှာ 'Clurie'နာမည်ပါတဲ့လူတေွကိုလိုက်ရှာနေတယ်ဆိုတာက ငါ့ရဲ့ကျောရိုးတေွကိုပါအေးခဲသွားစေခဲ့တယ်၊
အဲ့တာတင်မကဘဲ သူရဲကောင်းတေွရဲ့လေ့ကျင့်ချိန်နဲ့ အခက်အခဲတေွကလည်းရုတ်တရက်ပိုများလာတယ်ဆိုတာကိုပါ ကြားလိုက်ရတယ်၊
'သူကအဲ့ဝက်ကိုရှာစရာအကြောင်းမှမရှိတာ…'
သူအဲ့လိုလုပ်တယ်ဆိုရင်တောင်ပြသနာမရှိပေမဲ့ ငါထူးဆန်းတယ်လို့ခံစားရတယ်၊ ဒီအရာတေွကကြည့်ရတာအတော်ထူးထူးဆန်းဆန်းစီးမျောနေခဲ့တယ်၊
"အာ... ဘာပဲဖြစ်ဖြစ်ကွာ…"
ငါ့လက်ထဲကစာအုပ်ကိုလွှတ်ပစ်လိုက်ပြီး၊ အိပ်ရာပေါ်မှာနစ်မြုတ်လိုက်တယ်၊
နေ့လည်ခင်းရဲ့နေွးထေွးတဲ့အလင်းရောင်က ပြတင်းပေါက်ကနေဖြတ်လာပြီး အခန်းထဲမှာတောက်ပနေခဲ့တယ်၊ ကျေးဇူးတင်စွာနဲ့ဘဲ Ecliseကို်ကယ်ဆယ်တဲ့အပိုင်းကို ရှင်းလင်းနိုင်ခဲ့ပြီးတဲ့နောက်မှာ သနားဖို့ကောင်းတဲ့ငါ့ကိုယ့်ငါ အနားယူနိုင်ဖို့ငြိမ်းချမ်းတဲ့ကာလလေးတစ်ခုပေးလိုက်တာ တကယ်မှန်သွားတာဘဲ၊
ငါစားလိုက်အိပ်လိုက်နဲ့ တနေ့လုံးစာအုပ်တေွဖတ်နေတာတောင် ငါ့ကိုဘယ်သူမှအနေှာင့်အယှက်မပေးကြဘူး၊
'အနားယူရတာတကယ်ကိုကောင်းတယ်'
ဖြစ်နိုင်ရင် အဆုံးသတ်အချိန်ကိုမရောက်ခင်အထိ Derrickကငါ့ကိုအနားယူဖို့ လွှတ်ပေးထားစေချင်တယ်၊
သူတို့ကအဝတ်လျေှာ်ပေးတယ်၊ အခန်းသန့်ရှင်းရေးလုပ်ပေးတယ် အချိန်မှန်စားစရာပေးတယ်၊ ဒါကအိမ်မက်လိုဘဲ…
~~ေဒါက်ဒေါက်(တံခါးခေါက်သံ)
"ဟူး... သခင်မလေး…အိပ်ရာပေါ်မှာလှဲနေတုန်းဘဲလား၊ အခုထသင့်နေပြီနော်…ဒါကနေ့လည်စာစားချိန်တောင်ရောက်နေပြီ…"
"နေ့လည်စာအတွက်ကဘာလဲ…"
ငါအိပ်ရာပေါ်မှာလှဲနေရင်း အခန်းထဲကိုလင်ပန်းတစ်ခုနဲ့အတူဝင်လာတဲ့Emilyကိုကြည့်လိုက်တယ်၊
"ဒါကဖရုံသီးဆလပ် နဲ့.ကြက်ကြော်…"
Pumpkin sald
Fried chicken legs
"ဒါအကုန်ဘဲလား…"
ငါစိတ်ပျက်သွားတာကို ဖုံးကွယ်ဖို့မကြိုးစားခဲ့ဘူး၊
"ကမစာဖိုးမှူးကိုပြောလိုက်တာ သခင်မလေးကစပ်တဲ့အရာတစ်ခုခုကိုစားချင်နေတယ်လို့ ပြီးတော့ သူကပြောတယ် ဒီဆော့စ်ကအထူးတီထွင်ထားတာတဲ့…"
"တကယ်လား…"
ငါစိတ်လှုပ်ရှားပြီး ချက်ချင်း ထလိုက်တယ်၊
Emily ရေှ့မှာရက်အတော်ကြာအောင် 'ကြက်ကြော်အစပ်'ဆိုတဲ့စကားကို အထပ်ထပ်အခါခါပြောနေခဲ့တာ ပြီးတော့ကြည့်ရတာဲ့စကားတေွကနောက်ဆုံးစာဖိုမှူးရဲ့နားကိုရောက်သွားတယ်ထင်ရဲ့
"ဘုရားသခင်…ကျမထင်တယ် သခင်မလေးရဲ့အကြိုက်ကပြောင်းသွားတာဘဲ၊ အရင်တုန်းကအရသာပြင်းတဲ့အစားအစာတေွကို ကြည့်တောင်မကြည့်ဘဲနဲ့…"
Emily ကစားပွဲပေါ်မှာပန်းကန်တေွခင်းနေရင်း သိချင်စိတ်ကြောင့်ခေါင်းကိုငဲ့ကြည့်လိုက်တယ်၊
သူမကPenelopeကိုအထင်သေးပြီး မုန်းတီးနေပေမဲ့ သူမကPenelopeရဲ့အစေခံအဖြစ်အခိိျန်အကြာကြီးအလုပ်လုပ်ခဲ့တယ်လေ၊
သူမခစားနေရတဲ့သူက အချိန်ခဏအတွင်းပြောင်းလဲသွားတယကိုသူမကထူးဆန်းနေတဲ့ပုံဘဲ၊
"ပြောကြတာကတော့ လူတေွကအရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့အကြိုက်တေွကပြောင်းလဲသွားကြတယ်တဲ့…"
"အမှန်ဘဲ…"
Emilyခေါင်းငြိမ့်လိုက််တယ်၊ သူပြောခဲ့တဲ့စကားကိုဘဲပြောနေခဲ့တယ်၊
"သုံးဆောင်ပါ သခင်မလေး…"
Emilyကအစားစာတေွနဲ့ထပ်ပြီး မလှည့်စားတော့ဘူး၊ အရိုးနဲ့အသားကိုခွဲြပီးတော့ ပန်းကန်ပေါ်မှာထားလိုက်တယ်၊ ကျေးဇူးတင်ရမယ် ငါကိုယ်တိုင်လူပ်စရာမလိုတော့ဘူးပေါ့၊
"ဘယ်လိုနေလဲ.... မျိုမချခင် အစားစာကိုသေချာဝါးပါနော်၊"
အရိုးနဲ့အသားကိုခွဲထုတ်နေရင်းနဲ့တောင် Emilyကငါ့ရဲ့အခြေနေကိုအချိန်တိုင်းစစ်ဆေးဖို့မေ့မနေခဲ့ဘူး၊
ငါသိချင်လာခဲ့တယ် တကယ်ပဲသူမက
စိတ်ပါလက်ပါနဲ့ဝန်ဆောင်မှုပေးတဲ့ အစေခံဖြစ်ခဲ့တာလားဆိုတာ………ဒါပေမဲ့အဲ့လိုဆိုရင်တောင် ငါ့ကိုယ်ငါကာကွယ်တာကိုလျေှာ့ချလိုက်မှာမဟုတ်ဘူး
ငါကအစာစားနေရင်းနဲ့တောင်မှ သူမကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာကို သူမအိမ်မက်ထဲမှာဆိုရင်တောင် မှန်းနိုင်မှာမဟုတ်ဘူး၊
'ဘာပဲဖြစ်ဖြစ် ဒါကပိုချိုသင့်တာ…ဒါကငါအရင်ကစားဖူးတဲ့ ဆောစ့်အစပ်ရဲ့အရသာမဟုတ်ဘူး၊'
ဒီအစားစာမှာမူမမှန်မဖြစ်တာသေချာသွားမှ လုံးဝစိတ်ချလက်ချစားနိုင်တော့တယ်၊ ငါလိုချင်တဲ့ ကြက်သားအစပ်က ငါ့ရဲ့သူငယ်ချင်းတေွနဲ့ စားခဲ့ဖူးတာမျိုး၊ ထမင်းချက်ရဲ့ ကြက်သားအစပ်ကတကယ်ဒီတိုင်းကြက်အစပ်သာသာဘဲ၊
'ငါEmily ရဲ့ရေှ့မှာ 'ချိုပြီးငန်တာ' ကိုစပြီးပြောသင့်ပြီထင်တယ်၊
ဒါကငါလိုချင်တဲ့အရသာမဟုတ်ဘူးဆိုပေမဲ့ မစားရတာကြာနေပြီဖြစ်လို့ အစပ်ကြိုက်တဲ့ငါကတော့ဆက်စားနေခဲ့တယ်၊
"ငါအခုဗိုက်ပြည့်သွားပြီ"
ငါခရင်းကိုချလိုက်တာနဲ့ Emilyကပန်းကန်ကိုချက်ချင်းသိမ်းလိုက်ပြီး အချိုပွဲကိုချခင်းပေးတယ်၊
"ပွဲတော်အခုအဆုံးသတ်ကိုရောက်နေပြီ၊ သခင်မလေး…"
"ဟုတ်လား…"
"ဟုတ်ကဲ့၊ သခင်မလေးပွဲတော်နေ့တိုင်းအပြင်ထွက်ပြီး ထူးခြားတဲ့လက်ဝတ်ရတနာတေွကိုအချိန်တိုင်းဝယ်နေကျလေ၊ ဒီတစ်ခါသခင်မလေးရဲ့မျက်လုံးကိုဖမ်းစားနိုင်တာ တစ်ခုမှမရှိလို့လား…"
"ငါမသိဘူး…"
အဲ့အ ျိန်တုန်းကတခြားအရာတေွအပေါ်မှာအာရုံစိုက်နေရတာကြောင့် ပွဲတော်မှာဘာတေွရှိလဲဆိုတာကို ကြည့်တောင်မကြည့်ခဲ့ရဘူး၊
အခုပြန်စဥ်းစားကြည့်တော့ Rennaldလည်းဒီလိုမျိုးတစ်ခုခုပြောခဲ့တာဘဲ၊
ကြည့်ရတာPenelopeကလက်ဝတ်ရတနာတေွပေါ်မှာတော်တော်လေးရူးသွပ်ခဲ့တဲ့ပုံဘဲ၊
'သူမကဆိုင်တော်တော်များများရဲ့ဘယ်လိုတောင်အားထားရတဲ့စျေးဝယ်သူတစ်ယောက်လဲ…'
ငါစျေးဆိုင်တေွတစ်ဆိုင်ပြီးတစ်ဆိုင်သွားရင်း စျေးဝယ်တာကိုစိတ်ကူးကြည့်ရုံနဲ့တင်ပင်ပန်းနေပြီ၊
"အာ…ဟုတ်သား…အိမ်တော်ထိန်းကပြောတယ်၊ သူကနေတစ်ဆင့် ရတနာကုန်သည်တေွဆီကမှာထားတဲ့ အရာတေွရောက်နေပြီတဲ့…"
"မှာထားတယ်? ဘာကို…"
"သခင်မလေးပွဲတော်မတိုင်ခင်က ရတနာကုန်သည်ကိုခေါ်သေးတယ်လေမမှတ်မိတော့ဘူးလား"
"အာ…"
အခုမှတ်မိပြီ၊ အဲ့တာကအခုထိလုံးဝမေ့နေမိတာဘဲ
"ကျမသူတို့ကိုအခုခေါ်လိုက်ရမလား…"
Emilyကငါ့ရဲ့အလေးအနက်ဖြစ်နေတဲ့မျက်နှာကိုကြည့်ပြီးခဏအကြာမှာမေးလိုက်တယ်၊
"အင်း... အခုချက်ချင်းဘဲ…"
CHAPTER.25
END
😌