[Unicode]
ပရမ်းပတာတွေကြားက အချစ်နှင့် ထိတ်လန့်တကြားဖြစ်နေရသည့် ဒါရိုက်တာ
သူ့ရဲ့ အစ်ကိုကြီးကို နှင်ထုတ်လိုက်ပြီးနောက် ဆုရှောင်းနိုသည် မြန်မြန်ဆန်ဆန်ဖြင့် သူ့ဖုန်းကိုထုတ်
ကြည့်လိုက်သော်လည်း စာပို့သည့်သူမှာ တကယ်တော့ ကျုံးလီဖုန်းပိုင်ဆီက ဖြစ်နေသည်။
လူမှန် မဟုတ်ဘူး!!
ပြီးတော့ မေးထားတဲ့အကြောင်းအရာကလည်း အိုးရန်လုံရဲ့ ဖုန်းနံပါတ်ကို တောင်းထားတာပဲဖြစ်သည်။
ဘာတွေဖြစ်ကုန်တာလဲ?ရုတ်တရက်ကြီး သူ့ရဲ့စိတ်ထဲမှာ သတိပေးချက်တွေ မြည်လာပါတော့၏။
အဲ့ဒီ ဒါရိုက်တာအရူးက သူ့လူကြီးကို လိုက်နေတာလား?ဒါ အရမ်း,အရမ်းကို လန့်စရာကိစ္စပဲ!
ထို့ကြောင့် သူ ခပ်မြန်မြန်ပဲ ဖုန်းခေါ်လိုက်ပြီးတော့ ဒေါသတကြီးဖြင့် မေးလိုက်သည်။
"မင်းက ဘာဖြစ်လို့ သူ့ဖုန်းနံပါတ်ကို ရုတ်တရက်ကြီး လိုချင်ရတာလဲ?"
ပဏမမယားကြီးတစ်ယောက်လိုပုံစံဖြင့်........
"အဲဒါက အရေးကြီးလို့ပါ!" ကျုံးလီဖုန်းပိုင် လန့်သွားပြီး "ငါအရင်တုန်းက ဒါရိုက်တာအိုးရန်လုံနဲ့ business card တွေလဲလှယ်ခဲ့ပေမယ့် ငါ ပြန်ရှာတာ မတွေ့တော့လို့။အခုမင်းမှာရှိရင် ငါ့ကိုမြန်မြန်လေး ပြောစမ်းပါ....အား!!ကျွန်တော်နဲ့ ဝေးဝေးနေ! "
"မင်း ဘာလုပ်နေတာလဲ?" ဆုနို မျက်မှောင်ကြုတ်ပြီး "ဘာလို့ ဒီလောက်အသံကျယ်နေရတာလဲ"
"ငါကအိမ်မှာ ... အား! အဲ့ဒီနေရာကို မထိနဲ့!ကျွန်တော့်ရဲ့အတွင်းခံဘောင်းဘီကို ဒီတိုင်းထားထားစမ်းပါ " ကျုံးလီဖုန်းပိုင် ထအော်သည်။
ဆုနို လေအေးတစ်ချက် ရှူသွင်းလိုက်ရင်း....."မ-မင်-မင်း,နှာဘူးကောင်!" အတွင်းခံ မဝတ်ဘဲ ဘာလို့ ဖုန်းကိုင်ရတာလဲ!
"ဘာပဲဖြစ်ဖြစ် အိုးရန်လုံကို မြန်မြန်ပြော......ခွေးကောင်! ခင်ဗျားကို သတ်ပစ်တော့မယ်!"
ကျုံးလီဖုန်းပိုင် သည်းမခံနိုင်တော့ဘဲ နောက်ဆုံး ဖုန်းချလိုက်ရသည်။ဖုန်းကိုကိုင်ထားရင်း သုံးစက္ကန့်ကြာအောင်ငုံကြည့်ပြီးနောက် ဆုနို ထပ်ခေါ်ဖို့ကြိုးစားလိုက်သည်။
ဒီဝါသနာအိုးက ထူးဆန်းတယ်ဆိုရင်တောင် သူ့လူကြီးကိုလိုချင်နေတယ်ဆိုတဲ့ သံသယအောက်မှာရှိနေသေးတာကြောင့် သူ့တို့ကို သေခွင့်မပေးနိုင်သေးဘူး။အနည်းဆုံးတော့ နှုတ်ဆက်တာလေးတော့ လုပ်ဖို့လိုသေးတယ်။
"ငါ အခုအဆင်ပြေသွားပါပြီ" ကျုံးလီဖုန်းပိုင်က
"ငါ သူ့ကို နက်ခ်တိုင်နဲ့ တွဲချည်လိုက်ပြီးပြီ!"
"ဘာဖြစ်လို့လဲ?" ဆုနိုက အရမ်းကို စပ်စပ်စုစုနိုင်လှသည်။မသင့်တော့သည့်ကိစ္စတစ်ခုခု ဖြစ်ပုံရပေမယ့်လည်း အဲ့တာကိုက စိတ်ဝင်စားစရာ ဖြစ်နေသည်လေ။
"ငါ မင်းကို နောက်တစ်ခါမှ ပြောပြမယ်" ကျုံးလီဖုန်းပိုင်သည် လုံးဝကို ခြေကုန်လက်ပန်းကျနေပြီ။
"ကောင်းသောညပါ"
အမ်!!!သူဘာလို့ ဖုန်းချရပြန်ပြီလဲ!တတီတီ အသံကိုသာ ကြားလိုက်ရပြန်ပြီး ဆုနို သူ့နှလုံးသားကို ထုတ်ပြီး ကုတ်ခြစ်ပစ်လိုက်ချင်သည်။
အတွင်းခံကို ယူထားတာတင်မကဘူး နက်ခ်တိုင်နဲ့ပါ ကြိုးချည်တယ်ဆိုတော့.....မင်းတို့ကောင်တွေ အဆင့်တက်တာ မြန်လှချည်လား! ငါကတော့ အခုထိ ပြင်သစ်အနမ်းပေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်။
ဒီဖုန်းကောလ်က ကြွားဖို့သက်သက်တော့ မဟုတ်ဘူးမလား?!
ဆုနိုမှာ အရမ်းကို သေးသိမ်တဲ့ နှလုံးသားလေးရှိလေသည်။သူ အိပ်ယာခင်းစတွေကို ဒေါသတကြီးဖြင့် ဆုပ်ချေလိုက်၏။
ငါလည်း ကလဲ့စားချေတဲ့အနေနဲ့ ပြန်ကြွားဖို့လိုတယ်!
အစကတော့ သူ မစ္စတာဒါရိုက်တာကို တိုင်ကြားဖို့စိတ်ကူးရှိခဲ့ပေမယ့်လည်း အဲဒီအချိန်မှာပဲ သူ မက်ဆေ့ခ်ျတစ်စောင်ကို လက်ခံရရှိခဲ့၏။
[ဘေဘီ....ကိုယ်အိမ်ပြန်ရောက်ပြီမို့ ရေချိုးတော့မယ်။ကလေးလည်း မြန်မြန်အနားယူသင့်တယ်။ဂွတ်နိုက်]
ဆုနို သက်ပြင်းချလိုက်ရင်း.....ငါ တကယ်ပဲ မဂွတ်
နိုက်ချင်သေးဘူး! ချစ်သူအချင်းချင်း စကားလေးတွေ ပြောချင်သေးတာ!
ဒါပေမယ့် သူအလုပ်တွေ အရမ်းရှုပ်နေတာကို စဥ်းစားမိတော့......သူ တကယ်ဘဲ အနားယူသင့်ပါတယ်လေ။
ဆုရှောင်းနိုသည် အရမ်းကို နားလည်သိတတ်ပြီးတော့ ဇနီးကောင်းလေး ပီသစွာဖြင့် သူ့ကို ထပ်ပြီးမနှောင့်ယှက်တော့ပေ။
သူ ဂွတ်နိုက်လို့ ပြန်ပို့လိုက်ပြီးတော့ သူ (××)ကို နောက်တစ်ကြိမ်ပြန်ဖတ်နေလိုက်သည်။ သူ့ပုံရိပ်နဲ့ တကယ့်ကို မကိုက်ညီတာပဲ!
ပြီးခဲ့တဲ့အပိုင်းတုန်းက အိုးရန်ကျင်းလုံသည် ဆုနိုနိုရဲ့တင်ပါးပေါ်က ကြာပန်းဖြူ တတ်တူးကြောင့် အရင်ဘဝက မှတ်ညဏ်တွေက တဖန်ပြန်နိုးထလာခဲ့သည်။
ချက်ချင်းပင် သူသည် အချစ်တွေနဲ့ ပြည့်နှက်လာပြီး သူ့လက်ဖဝါးအောက်မှာရှိနေတဲ့ ချစ်စရာကောင်းတဲ့ ခရစ်စတယ်တုံးလေးကို ပိုင်ဆိုင်ချင်လာသည်။
ဒါပေမယ့်လည်း ဆုနိုနိုကတော့ အိုးရန်ကျင်းလုံနဲ့ နက်
နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသည့် အဲ့ဒီအချိန်တွေကို မမှတ်မိတဲ့အတွက် သူ့ကို သူနဲ့ လက်တစ်ကမ်းအကွာမှာပဲ ထား,ထားလေသည်။
ဒါ အရမ်းကို ဝမ်းနည်းစရာပါပဲ!
ဒါပေမယ့်လည်း စကြာဝဠာတစ်ခုလုံးရဲ့ စီးပွားရေးကို သူ့လက်ထဲမှာချုပ်ကိုင်ထားနိုင်တဲ့ ယောကျ်ားတစ်ယောက်အနေနဲ့ အိုးရန်ကျင်းလုံကတော့ လွယ်လွယ် အလျှော့မပေးပေ!
ထို့ကြောင့် သူ အချစ်ကို ပိုးပန်းဖို့ စတင်လိုက်တော့၏။
စူပါမော်ဒယ်တစ်ယောက်အနေနဲ့ ဆုနိုနို့မှာ ပိုးပန်းသူတွေ အများကြီးရှိတာကို သိတာပေါ့!ယှဉ်ပြိုင်သူတွေအများကြီးထဲကမှ အနိုင်ရနိုင်ဖို့ ဆိုတာ အရမ်း ခက်လွန်းတယ်!
အလှလေးတစ်ယောက်ကို လိုက်ဖို့ အရေးကြီးဆုံး အချက်က ဘာလဲ သိလား?.......သူလိုချင်တာတွေ ပေးလိုက်ပေါ့!
ကမ္ဘာပေါ်မှာရှိတဲ့ယောကျ်ားတိုင်း ဒါကို သိကြတာပဲ!
ဆုနိုနိုက ဖြူစင်သန့်ရှင်းတဲ့နှင်းကြာပွင့်တွေကို စားရတာ နှစ်သက်သည့်အတွက် သူ့ရဲ့ပိုးပန်းသူတွေက ထိုကြာပွင့်တွေကို ရှာဖို့အတွက် မြောက်ဘက်ဝင်ရိုးစွန်းကို လူတွေလွှတ်ကြတယ်!အိုးရန်ကျင်းလုံကတော့ အေးစက်စက်ရယ်လိုက်ပြီး ချက်လက်မှတ်နဲ့ တောင်တစ်တောင်လုံးကို ဝယ်ပေးလိုက်တယ်!
ဆုနိုနိုက တောက်ပပြီး အဆင့်မြင့်စိန်တွေကို ကြိုက်သည့်အတွက် သူ့ရဲ့ပိုးပန်းသူတွေက သူတို့ရဲ့နှလုံးသားတွေနဲ့ ရင်းပြီး အကောင်းဆုံးစိန်ကို လိုက်ရှာကြတယ်။
အိုးရန်ကျင်းလုံကတော့ အေးစက်စက်ရယ်လိုက်ပြီး အာဖရိကနဲ့ ရုရှားဘက်မှာ မိုင်းတွင်းနှစ်နေရာကို ဝယ်လိုက်ပြီး အဲ့ကစိန်တွေနဲ့ သူ့အတွက် စိန်နန်းတော်ကြီးကို ဆောက်ပေးလိုက်တယ်!
ဆုနိုနိုက ကြယ်တွေကိုငေးကြည့်ရင်း ငိုဖို့ကိုအရမ်းဝါသနာပါတာမို့ သူ့နောက်လိုက်တွေက အလှအပကဗျာတွေရေးဖွဲ့ဖို့ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ကြိုးစားခဲ့တယ်။
အိုးရန်ကျင်းလုံကတော့ အေးစက်စွာရယ်လိုက်ပြီး ငွေအမြောက်အများသုံး၍ ဆုနိုနိုနာမည်နဲ့ ကြယ်တွေ အများကြီးကို၀ယ်ပေးလိုက်တယ်။
မစ္စတာဒါရိုက်တာရဲ့ အထင်ကြီးလောက်တဲ့ အချက်တွေကြောင့် နှစ်ဝက်ခန့်မှာ ဆုနိုနိုသည် သူနဲ့အတူ ညစာစားဖို့ လက်ခံလိုက်တော့သည်။
အောင်ပွဲကျင်းပရမယ့် အခါသမယပဲ!
ပုံမှန်ဆိုရင်,နတ်သမီးပုံပြင်တွေက ဒီမှာပဲ အဆုံးသတ်မှာပဲ ဖြစ်သည်။ဆုနိုနိုက သူ့ရဲ့အတိတ်က မှတ်ညဏ်တွေကို ပြန်ရဖို့အတွက် လဲကျပြီး ခေါင်းကို ရိုက်မိဖို့လိုအပ်မယ်။အဲ့လို မှတ်ညဏ်တွေ ပြန်မှတ်မိသွားသည့်အတွက် မစ္စတာဒါရိုက်တာနဲ့အတူ မင်းသားနဲ့မင်းသား အိုးအောင်မင်းအောင်နဲ့ သက်ဆုံးတိုင် ပေါင်းဖက်နေထိုင်သွားကြလေသတည်းပေါ့!
ဒါ လူတိုင်းမျှော်လင့်နေတဲ့ ဇာတ်သိမ်းပဲဆိုတာ ရှင်းနေတာပဲ!
သို့သော် စာရေးသူက အမှန်တကယ်ကို စိတ်မနှံ့တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် သူတို့ညစာစားနေစဉ် ဆုနိုနိုက တကယ်ကြီးလဲကျသွားပြီး တကယ်ပဲ ခေါင်းကို ထိမှန်ခဲ့ပေမယ့် သူရဲ့မှတ်ဉာဏ်က တစ်စိတ်တစ်ပိုင်းသာပြန်ပေါ်လာခဲ့သည်။
သူ ဒီနေရာကနေ ဟိုနေရာကို ရောင်းစားဖို့ ပြန်ပေးဆွဲခံရကာ လူတွေအများကြီးရှေ့မှာ အင်္ကျီတွေ ဆွဲဖြဲခံရပြီး အိုးရန်ကျင်းလုံက သူ့ရဲ့ လူပျိုစင်ကို စစ်ဆေးပြီး အရှက်ခွဲခံရတဲ့ကာလကိုသာ မှတ်မိလေသည်။
ထို့ကြောင့် မျက်ရည်တွေနဲ့အတူ သူ အသားလီးဓားတစ်ချောင်းကို ယူပြီး အိုးရန်ကျင်းလုံဆီကို ပြေးစိုက်လိုက်သည်။
ဒါပေါ့......ပိန်ပါးပြီးကျိုးပဲ့လွယ်တဲ့အလှလေးက ရက်စက်ကြမ်းကြုတ်ပြီး အင်အားကြီးတဲ့ မစ္စတာဒါရိုက်တာကို ဘယ်ထိုးနိုင်ပါ့မလဲ!
ဆုနိုနိုက သူ့ကို ရုတ်တရက်ကြီး အသားလီးဓါးနဲ့ သတ်ချင်နေတဲ့အပေါ် အိုးရန်ကျင်းလုံသည် စိတ်ရှုပ်ထွေးသွားရသည်။
သူ ချက်ချင်းကို ဒေါသထွက်သွားပြီး သေးသွယ်ဖြူဖွေးနူးညံ့ပြေပြစ်တဲ့ လက်ကောက်ဝတ်လေးကို ကိုင်လိုက်ရင်း အော်ပြောလိုက်သည်။ " ငါက မင်းကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ကောင်းကောင်းဆက်ဆံပေးခဲ့တယ်။ ဒါကိုတောင် မင်းက ငါ့ကို သတ်ချင်နေတယ်ပေါ့!"
အဲ့ဒီနောက် သူ့ရဲ့လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်ကို ချွတ်ပစ်လိုက်ကာ ဆွဲဆောင်မှုရှိပြီး မကောင်းဆိုးဝါးဆန်တဲ့ အတွင်းပိုင်းကို ဖော်ပြလိုက်ပြီး ဆုနိုနိုကို ညစာစားပွဲပေါ် တင်လိုက်ကာ ဆွဲဖြဲပါတော့သည်။
"မလုပ်နဲ့!!!!!!!!!!!" ဆုနိုနိုသည် ပူပန်သောကအပြည့်နဲ့ အော်ဟစ်သော်လည်း ဘယ်သူမှ သူ့ကို လာမကယ်ကြပေ။
"မင်းတို့ကောင်တွေ ဘာကိုစောင့်နေတာလဲ!" ဆုနိုနိုသည် သူ့ဘေးနားမှာရှိနေတဲ့ ရာချီတဲ့ ဘော်ဒီဂတ်တွေကို ဒေါသတကြီးနဲ့ စူးစိုက်ကြည့်လိုက်သည်။
ဒါပေမယ့် အံ့သြစရာကောင်းတာက သူတို့က ဝင်မဆွဲတဲ့အပြင် မျက်ရည်တွေဝေ့နေတဲ့ မျက်လုံးတွေဖြင့် ပြောလိုက်သည်။ "မင်းအပေါ်မှာထားတဲ့ မစ္စတာဒါရိုက်တာရဲ့ အချစ်က အချစ်စစ်,အချစ်မှန်ပဲ။သူ့အတွက် မြန်မြန်လေး မင်းခြေထောက်တွေကို ကားထားပေးသင့််တယ်!"
"မင်းတို့ကောင်တွေ........အား!!!!"ဆုနိုနို စကားကိုဆုံးအောင် မပြောရသေးခင် လက်တစ်ချောင်းက သူ့ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့သည်။
နူးညံ့ပြီး ခရစ်စတယ်လိုကြည်လင်လှပသည့် အလှလေးတစ်ယောက်အတွက် ဒီလို ရန်မူတဲ့အပြုအမူမျိုးကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ဆုနိုနို ချက်ချင်းပင်အော်ဟစ်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း မျက်ရည်တွေ အိုင်ထွန်းလို့နေသည်။
ဆုနိုနိုသည် မတရားသဖြင့် ခံရသလို ခံစားမိသည့်အတွက် ငိုယိုကာ ပြောလိုက်သည်။ "မလုပ်နဲ့.....နာတယ်"
ဆုနိုနိုကတော့........ကျွတ်စ် ကျွတ်စ် ဖြစ်ဦးမယ်။မင်းက သူ့ကို ရှေ့ဆက်ပိုတိုးမိအောင်လုပ်နေတာပဲ!
အံ့သြစရာမရှိပါဘူး။အိုးရန်ကျင်းလုံက ဒီလိုကြောက်လန့်တကြားဖြစ်နေသည့် အသံလေးကို ကြားတော့ သူ့ရဲ့ကိုယ်ပေါ်ရှိ သားရဲကြီးကို ချက်ချင်းပင် သော့
ဖွင့်လိုက်ပါတော့သည်။သူ့ရဲ့သားရဲကြီးကို လက်ထဲမှာ ကိုင်ထားလိုက်ပြီး သူ့ရဲ့ ရက်စက်ကြမ်းကြုတ်သည့် နဂါး d*** ကြီးနဲ့ သွင်းဖို့ ချိန်ရွယ်လိုက်သည်။
"အရမ်း ကြီးတယ်......."ဆုနိုနို သူ့ရဲ့လက်ချောင်းထိပ်လေးတွေကိုကိုက်လိုက်ပြီး သူ့ကို စွဲမက်ဖွယ်ကောင်းစွာကြည့်လိုက်သည်။
အိုးရန်ကျင်းလုံ ညစ်ကျယ်ကျယ်ရယ်လိုက်ပြီး
"ဒါက သေချာပေါက်ကြီးတာပေါ့!"
အဲ့ဒီနောက် သူ့ရဲ့ ပါးလွှာတဲ့ ခါးလေးကို ဆွဲမလိုက်ရင်း အရူးတစ်ယောက်လို ထိုးသွင်းနေပါတော့သည်။
တော်တော်ကြာတဲ့အထိ ခန္ဓာကိုယ်နှစ်ခု ပွတ်တိုက်နေကြသည့် အသံက ရပ်မသွားပေ။
ဆုနိုနိုသည် အိုးရန်ကျင်းလုံရဲ့ လည်ပင်းတွေကို တွယ်ချိတ်ထားလိုက်ပြီး ညည်းညူနေကာ သာယာမှုတွေကို ခပ်ကြာကြာလေးထပ်လိုချင်နေပုံရသည်။
ဆုနို သွေးအန်မိတော့မယ်! ပလော့တွေမပါဘဲ 18+ သီးသန့် ဝတ္ထုဆိုရင်တောင် ဇာတ်ကောင်တွေက ဒီလောက်ကြီး လွတ်ထွက်သွားမှာ မဟုတ်ဘူး။
အစတုန်းကတော့ သူက ဓါးနဲ့ အိုးရန်ကျင်းလုံကို သတ်ဖို့ကြိုးစားတယ် ပြီးတော့ နောက်တစ်ခဏအကြာမှာပဲ သူက ညည်းညူပြီး တင်ပါးတွေကို ကော့ပေးနေတဲ့အပြင် ထပ်ပြီးတော့တောင် လိုချင်နေသေးတယ်!ဒါလုံးဝကို အဓိပ္ပါယ်မရှိဘူး! အထူးသဖြင့် ဇာတ်ကောင်နာမည်တွေက သူနဲ့ မစ္စတာဒါရိုက်တာကြီးရဲ့ နာမည်တွေကို ယူသုံးထားတာကိုက ခွင့်မလွတ်နိုင်စရာပဲ!
ထို့ကြောင့် သူ့ရဲ့အကောင့်တုကို သုံးပြီး ဆုနို reply ဝင်ရေးလိုက်သည်။
"ဒါ နည်းလမ်းမကျတဲ့ ဝတ္ထုပဲ!
အဲ့ဒီနောက်မှာတော့ စာရေးသူက ချက်ချင်းမြင်သွားပြီးသူ့အမှားတွေ အတွက် တောင်းပန်ကာ နောက်တစ်ခါ ဒီလိုအမှားမျိုး မလုပ်တော့ပါဘူး ဆိုတဲ့အကြောင်းကို လေးလေးနက်နက်နဲ့ တောင်းပန်စာပို့လိုက်သည်။
.
.
.
.
.
လို့ ဖြစ်နိုင်မလား!! အတိအကျကို သူ့ရဲ့ replyက တခြားစာဖတ်သူတွေရဲ့ ....H*ကို ပိုဖတ်ချင်ကြောင်း ရေးထားတဲ့ စာတွေအောက်မှာ ချက်ချင်းပဲ ပျောက်ကွယ်သွားရတယ်လေ!!
ဝမ်းနည်းစရာပဲ!
တစ်ဖက်မှာတော့ ကျုံးလီဖုန်းပိုင်တစ်ယောက် သူဒီညတော့ လုံးဝကို အိပ်လို့ မရတော့ဘူးဆိုတာကြောင့် စိတ်ညစ်နေရပြီ! မုချိုးက ကော်ဇောပေါ်မှာ အကျယ်ကြီးဟောက်နေပြီး ကျုံးကျီလိုမျိုး နက်ခ်တိုင်နဲ့ အချည်ခံထားရသည်။
(Note;ကျုံးကျီဆိုတာက တရုတ်မုန့်ပေါ့ ကိုယ်တွေဆီမှာလိုပြောရရင် ကောက်ညှင်းထုပ်ကို နှီးနဲ့ချည်ထားတာမျိုးပါ)
ဒါရိုက်တာကျုံး သူ့ရှေ့မှာ မတ်တပ်ရပ်နေပြီး ခံစားချက်တွေ အမျိုးစုံ ရှုပ်ထွေးစွာဖြင့် ကြည့်နေမိ၏။
ဒီအခြေအနေမျိုးက ဝတ္ထုတွေထဲကလိုပဲ!
လွန်ခဲ့တဲ့နှစ်နာရီက ကျုံးလီဖုန်းပိုင်သည် အိမ်မှာ စာဖတ်နေတုန်း ဖုန်းနံပါတ်စိမ်းတစ်ခု သူ့ဆီ ဝင်လာခဲ့သည်။
" စိတ်မရှိပါနဲ့။ အခုပြောနေတာ မစ္စတာကျုံးလားရှင်?"
"ကျွန်တော်ပါ။ဘယ်သူပါလဲ?" ကျုံးလီဖုန်းပိုင် မေးလိုက်သည်။
"YeSe ဘားကပါ။လူကြီးမင်းမှာ မုချိုးလို့ခေါ်တဲ့ သူငယ်ချင်း ရှိပါသလားရှင်?" တစ်ဖက်က ကောင်မလေးရဲ့အသံမှာ အရမ်းကိုချိုမြိန်နေသော်လည်း သူမပြောတာကို ကြားလိုက်ပြီးနောက် ဒါရိုက်တာကျုံးသည် သူ့ခေါင်းကိုနံရံနဲ့ ပြေးဆောင့်လိုက်ချင်မိသည်။ သူ ပြန်မေးလိုက်ကာ "ဘာဖြစ်လို့လဲ?"
"ဒီကလူကြီးမင်းက အရမ်းကိုမူးနေပြီး လူကြီးမင်းရဲ့ ဖုန်းကိုဘဲ ဆက်ခိုင်းနေလို့ပါ" သူ တစ်ဖက်လူ ပြောတာကို ကြားလိုက်ပြီးနောက် ဘာပြောရမှန်းမသိဖြစ်နေချိန်မှာပဲ တစ်ဖက်က ပြန်ပြောလာခဲ့သည်။
"သူ့ကို လာခေါ်ပေးလို့ရမလားရှင်?"
ကျုံးလီဖုန်းပိုင် အော်ဟစ်ပစ်ကာ လာမခေါ်နိုင်ဘူးလို့ပြောပြီး သူ့အား လမ်းမပေါ်ကို ပစ်ချလိုက်ဖို့ မျှော်လင့်မိသည်။
ဒါပေမယ့် သူတွေးရုံသာ တွေးနိုင်တယ်! တစ်အချက်--ဒါက ကိုယ်ကျင့်တရားမဲ့တဲ့ နည်းလမ်းပဲ။
နှစ်အချက်အရ--အမူးသမားတစ်ယောက်က ဘာပြောမယ်မှန်း မင်းသိမှာမဟုတ်ဘူး။သူက တစ်ခုခုပြောတာတွေကိုသာ သတင်းထောက်တွေ ကြားသွားရင် သူကိုယ်သူ ပင်လယ်ထဲကို ခုန်ချဖို့ပဲ ရှိတော့မယ်!
ထို့ကြောင့် သူ သေချာစဥ်းစားကြည့်ပြီးနောက် ဒါရိုက်တာကျုံး သူ့ကိုယ်သူ ရုပ်ဖျက်ပြီး သွားခေါ်ရတော့သည်။
"ဘာလို့ ခင်ဗျားက အဲ့လောက်လေးနေရတာလဲ!" အမောတကောပြောနေရင်း ကျုံးလီဖုန်းပိုင်သည် သူ့ကို
ဆွဲသွင်းလိုက်ကာ သူ့ဝိတ်တွေတောင် ကျလုနီးပါးဖြစ်သွားသည်။
မုချိုးကတော့ ဆိုဖာပေါ်မှာ လုံးဝလဲကျလို့နေသည်။
"ထတော့။ ကျွန်တော် ခင်ဗျားကို အခန်းထဲ ပို့ပေးမယ်" ကျုံးလီဖုန်းပိုင် သူ့ကို ဆွဲထူလိုက်သည်။
မုချိုးတစ်ယောက် ဧည့်သည်ခန်းကို သွားတဲ့တလျှောက် ယိုင်ထိုးနေပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်က ကျုံးလီဖုန်းပိုင်ရဲ့အပေါ်မှာ မှီကျနေသည်။
မာစတာအိပ်ခန်းကို ဖြတ်တော့ မုချိုးရဲ့မျက်လုံးတွေက တောက်ပသွားပြီး ဖွင့်လိုက်ကာ အထဲဝင်လိုက်သည်။
ကျုံးလီဖုန်းပိုင် ကြက်သေသေဖြစ်သွားရကာ.......ဘာဖြစ်သွားတာလဲ?
သူ နောက်ကနေ လိုက်လာတော့ မုချိုးက အိပ်ယာပေါ်က အတွင်းခံကို တွေ့ပြီးနေပြီဖြစ်သည်။
"ချထားလိုက်စမ်း!" ကျုံးလီဖုန်းပိုင် မျက်နှာကြီး နီရဲနေကာ အော်ပြောလိုက်သည်။
"မချဘူး!" မုချိုး အတွင်းခံကို လုံးခြေလိုက်ပြီး သူ့အိတ်ကပ်ထဲကို ရတနာတစ်ပါးလို ထည့်လိုက်
သည်။ကျုံးလီဖုန်းပိုင် ငိုချင်ပေမယ့် မျက်ရည်က ကျမလာ။
သူ အိုးရန်လုံကို ဖုန်းဆက်ပြီး သူ့ကို ပြန်ခေါ်သွားပေးဖို့ ကြံရွယ်ထားသော်လည်း ဆုနိုက အိုးရန်လုံနဲ့ ထဲထဲဝင်ဝင် အလုပ်မလုပ်ထားတာကြောင့် ဖုန်းအကြာကြီးပြောပြီးတာတောင် သူ့ရဲ့ဖုန်းနံပါတ်ကို ရမလာခဲ့ပေ။
ဒီကြားထဲတောင် သူရဲ့ တင်ပါးက မုချိုးရဲ့ ဆုပ်ကိုင်လိုက်တာကို ခံလိုက်ရသေးသည်။
ထို့ကြောင့် သူ အရှက်တရားကနေ ဒေါသအဖြစ်ကို ပြောင်းသွားပြီး သူ့ဖုန်းကို ပစ်ချလိုက်ကာ မုချိုးကို အားကုန်ရှိသမျှ ပစ်ထိုးလိုက်သည်။
ပြီးတော့ တကယ်ပဲ သူအနိုင်ရသွားတယ်လေ။သူက အာခီလိစ် ပုံသွင်းထားတဲ့အတိုင်း အရမ်းရက်စက်လွန်းတယ်!
ယုန်ငယ်လေးကို လာစရင် ပြန်ကိုက်တယ်ဆိုတဲ့ ဆိုရိုးက ဒီအတွက် ပြည့်စုံတဲ့ ဥပမာပဲ!
မုချိုးသည် ကော်ဇောပေါ်မှာ မိန်းမောစွာလဲလျောင်းနေပြီး သူ့ခြေလက်လေးဖက်လုံးကလည်း နက်ခ်တိုင်နဲ့ချည်ခံထားရကာ သနားစရာကောင်းတဲ့ ပုံစံလေးဖြစ်နေသည်။
ကျုံးလီဖုန်းပိုင်ကတော့ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည့်အတွက် သူ့ကို ဧည့်သည်ခန်းထဲကို ဆွဲသွားဖို့ အားအင်မရှိတော့ပေ။
ထို့ကြောင့် သူအပေါ်ကို စောင်တစ်ထည်လွှားပေးဖို့ လုပ်နေတုန်းသူ သူ့ရဲ့အိတ်ကပ်ထဲမှာ အတွင်းခံရှိနေသေးတာကို သတိရသွားတော့ ခဏရပ်သွားသည်။
ထို့ကြောင့် သူ့ရဲ့မျက်နှာလေးက ဒီလို "囧"တစ်ဖန် ပြန်ဖြစ်သွားတော့သည်။
သူ့ရဲ့အိတ်ကပ်ထဲကနေ သူ့အတွင်းခံနဲ့ "သမိုင်းတစ်လျှောက် ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး" အိတ်ဆောင်စာအုပ်ပါ ထွက်လာတော့သည်။
".........."
ကျုံးလီဖုန်းပိုင် စိတ်ရှုပ်ထွေးသွားရ၏။
မုချိုးက အနုပညာကိုစိတ်မ၀င်စားတဲ့ စီးပွားရေးသမားတစ်ဦးသာ ဖြစ်ပြီး သူ ဒီလိုစာအုပ်မျိုးကိုဖတ်ရမည့်အကြောင်းကလည်း တစ်ခုတည်းသာရှိသည်။
ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ!
ဒါရိုက်တာကျုံး သက်ပြင်းချရင်း စာအုပ်ကို သူ့အိတ်ကပ်ထဲသို့ အတင်းပြန်ထိုးထည့်လိုက်သည်။
သူ ပြန်ထတော့မည့်အချိန်မှာပဲ သူ့လက်ကောက်ဝတ်က အဆွဲခံလိုက်ရသည်။
ဇာတ်လမ်းတွေထဲမှာ အထပ်ထပ်အခါခါ သုံးနေတဲ့ဇာတ်ကွက်ကြီးပဲ!
ကျုံးလီဖုန်းပိုင် ချက်ချင်းပင် သတိပေးချက်တွေ ဝင်လာတော့သည်။ သူ့ကို အခွင့်အရေးယူပြီး အတင်းနမ်းလို့ကတော့ ကန်ချပစ်မယ်!
သို့သော် အဲ့ဒီအစား မုချိုးက လေးလေးနက်နက်ဖြင့်ပြောလိုက်သည်။ "နားထောင်"
"... ဘာကိုနားထောင်ရမှာလဲ?" ဒါရိုက်တာကျုံးတစ်ယောက် လုံးဝ တုန်လှုပ်သွားရသည်။
စီအီးအိုမုက အသံနေအသံထားဖြင့်...." ပါရာဂွေးရင်ပြင်မှာ ခေါင်းလောင်းထိုးသံ မြည်နေတယ်!"
ကျုံးလီဖုန်းပိုင် သူ့မျက်နှာကိုလက်ဖဝါးနဲ့အုပ်ကာ သူ့ဝိညဥ်စွမ်းအားတွေ ယိုစီးကျသွားသလို ခံစားလိုက်ရသည်။
"ပြန်အိပ်လိုက်ပါတော့"
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ပရမ္းပတာေတြၾကားက အခ်စ္ႏွင့္ ထိန္လန္႔တၾကားျဖစ္ေနရသည့္ ဒါ႐ိုက္တာ
သူ႕ရဲ႕ အစ္ကိုႀကီးကို ႏွင္ထုတ္လိုက္ၿပီးေနာက္ ဆုေ႐ွာင္းႏိုသည္ ျမန္ျမန္ဆန္ဆန္ျဖင့္ သူ႕ဖုန္းကိုထုတ္
ၾကည့္လိုက္ေသာ္လည္း စာပို႔သည့္သူမွာ တကယ္ေတာ့ က်ံဳးလီဖုန္းပိုင္ဆီက ျဖစ္ေနသည္။
လူမွန္ မဟုတ္ဘူး!!
ၿပီးေတာ့ ေမးထားတဲ့အေၾကာင္းအရာကလည္း အိုးရန္လုံရဲ႕ ဖုန္းနံပါတ္ကို ေတာင္းထားတာပဲျဖစ္သည္။
ဘာေတြျဖစ္ကုန္တာလဲ?႐ုတ္တရက္ႀကီး သူ႕ရဲ႕စိတ္ထဲမွာ သတိေပးခ်က္ေတြ ျမည္လာပါေတာ့၏။
အဲ့ဒီ ဒါ႐ိုက္တာအ႐ူးက သူ႕လူႀကီးကို လိုက္ေနတာလား?ဒါ အရမ္း,အရမ္းကို လန္႔စရာကိစၥပဲ!
ထို႔ေၾကာင့္ သူ ခပ္ျမန္ျမန္ပဲ ဖုန္းေခၚလိုက္ၿပီးေတာ့ ေဒါသတႀကီးျဖင့္ ေမးလိုက္သည္။
"မင္းက ဘာျဖစ္လို႔ သူ႕ဖုန္းနံပါတ္ကို ႐ုတ္တရက္ႀကီး လိုခ်င္ရတာလဲ?"
ပဏမမယားႀကီးတစ္ေယာက္လိုပုံစံျဖင့္........
"အဲဒါက အေရးႀကီးလို႔ပါ!" က်ံဳးလီဖုန္းပိုင္ လန္႔သြားၿပီး "ငါအရင္တုန္းက ဒါ႐ိုက္တာအိုးရန္လုံနဲ႔ business card ေတြလဲလွယ္ခဲ့ေပမယ့္ ငါ ျပန္႐ွာတာ မေတြ႕ေတာ့လို႔။အခုမင္းမွာ႐ွိရင္ ငါ့ကိုျမန္ျမန္ေလး ေျပာစမ္းပါ....အား!!ကြၽန္ေတာ္နဲ႔ ေဝးေဝးေန! "
"မင္း ဘာလုပ္ေနတာလဲ?" ဆုႏို မ်က္ေမွာင္ၾကဳတ္ၿပီး "ဘာလို႔ ဒီေလာက္အသံက်ယ္ေနရတာလဲ"
"ငါကအိမ္မွာ ... အား! အဲ့ဒီေနရာကို မထိနဲ႔!ကြၽန္ေတာ္႕ရဲ႕အတြင္းခံေဘာင္းဘီကို ဒီတိုင္းထားထားစမ္းပါ " က်ံဳးလီဖုန္းပိုင္ ထေအာ္သည္။
ဆုႏို ေလေအးတစ္ခ်က္ ႐ွဴသြင္းလိုက္ရင္း....."မ-မင္-မင္း,ႏွာဘူးေကာင္!" အတြင္းခံ မဝတ္ဘဲ ဘာလို႔ ဖုန္းကိုင္ရတာလဲ!
"ဘာပဲျဖစ္ျဖစ္ အိုးရန္လုံကို ျမန္ျမန္ေျပာ......ေခြးေကာင္! ခင္ဗ်ားကို သတ္ပစ္ေတာ့မယ္!"
က်ံဳးလီဖုန္းပိုင္ သည္းမခံႏိုင္ေတာ့ဘဲ ေနာက္ဆုံး ဖုန္းခ်လိုက္ရသည္။ဖုန္းကိုကိုင္ထားရင္း သုံးစကၠန္႔ၾကာေအာင္ငုံၾကည့္ၿပီးေနာက္ ဆုႏို ထပ္ေခၚဖို႔ႀကိဳးစားလိုက္သည္။
ဒီဝါသနာအိုးက ထူးဆန္းတယ္ဆိုရင္ေတာင္ သူ႕လူႀကီးကိုလိုခ်င္ေနတယ္ဆိုတဲ့ သံသယေအာက္မွာ႐ွိေနေသးတာေၾကာင့္ သူ႕တို႔ကို ေသခြင့္မေပးႏိုင္ေသးဘူး။အနည္းဆုံးေတာ့ ႏႈတ္ဆက္တာေလးေတာ့ လုပ္ဖို႔လိုေသးတယ္။
"ငါ အခုအဆင္ေျပသြားပါၿပီ" က်ံဳးလီဖုန္းပိုင္က
"ငါ သူ႕ကို နက္ခ္တိုင္နဲ႔ တြဲခ်ည္လိုက္ၿပီးၿပီ!"
"ဘာျဖစ္လို႔လဲ?" ဆုႏိုက အရမ္းကို စပ္စပ္စုစုႏိုင္လွသည္။မသင့္ေတာ့သည့္ကိစၥတစ္ခုခု ျဖစ္ပုံရေပမယ့္လည္း အဲ့တာကိုက စိတ္ဝင္စားစရာ ျဖစ္ေနသည္ေလ။
"ငါ မင္းကို ေနာက္တစ္ခါမွ ေျပာျပမယ္" က်ံဳးလီဖုန္းပိုင္သည္ လုံးဝကို ေျခကုန္လက္ပန္းက်ေနၿပီ။
"ေကာင္းေသာညပါ"
အမ္!!!သူဘာလို႔ ဖုန္းခ်ရျပန္ၿပီလဲ!တတီတီ အသံကိုသာ ၾကားလိုက္ရျပန္ၿပီး ဆုႏို သူ႕ႏွလုံးသားကို ထုတ္ၿပီး ကုတ္ျခစ္ပစ္လိုက္ခ်င္သည္။
အတြင္းခံကို ယူထားတာတင္မကဘူး နက္ခ္တိုင္နဲ႔ပါ ႀကိဳးခ်ည္တယ္ဆိုေတာ့.....မင္းတို႔ေကာင္ေတြ အဆင့္တက္တာ ျမန္လွခ်ည္လား! ငါကေတာ့ အခုထိ ျပင္သစ္အနမ္းေပးတဲ့ အဆင့္မွာပဲ ႐ွိေသးတယ္။
ဒီဖုန္းေကာလ္က ႂကြားဖို႔သက္သက္ေတာ့ မဟုတ္ဘူးမလား?!
ဆုႏိုမွာ အရမ္းကို ေသးသိမ္တဲ့ ႏွလုံးသားေလး႐ွိေလသည္။သူ အိပ္ယာခင္းစေတြကို ေဒါသတႀကီးျဖင့္ ဆုပ္ေခ်လိုက္၏။
ငါလည္း ကလဲ့စားေခ်တဲ့အေနနဲ႔ ျပန္ႂကြားဖို႔လိုတယ္!
အစကေတာ့ သူ မစၥတာဒါ႐ိုက္တာကို တိုင္ၾကားဖို႔စိတ္ကူး႐ွိခဲ့ေပမယ့္လည္း အဲဒီအခ်ိန္မွာပဲ သူ မက္ေဆ့ခ်္တစ္ေစာင္ကို လက္ခံရ႐ွိခဲ့၏။
[ေဘဘီ....ကိုယ္အိမ္ျပန္ေရာက္ၿပီမို႔ ေရခ်ိဳးေတာ့မယ္။ကေလးလည္း ျမန္ျမန္အနားယူသင့္တယ္။ဂြတ္ႏိုက္]
ဆုႏို သက္ျပင္းခ်လိုက္ရင္း.....ငါ တကယ္ပဲ မဂြတ္
ႏိုက္ခ်င္ေသးဘူး! ခ်စ္သူအခ်င္းခ်င္း စကားေလးေတြ ေျပာခ်င္ေသးတာ!
ဒါေပမယ့္ သူအလုပ္ေတြ အရမ္း႐ႈပ္ေနတာကို စဥ္းစားမိေတာ့......သူ တကယ္ဘဲ အနားယူသင့္ပါတယ္ေလ။
ဆုေ႐ွာင္းႏိုသည္ အရမ္းကို နားလည္သိတတ္ၿပီးေတာ့ ဇနီးေကာင္းေလး ပီသစြာျဖင့္ သူ႕ကို ထပ္ၿပီးမေႏွာင့္ယွက္ေတာ့ေပ။
သူ ဂြတ္ႏိုက္လို႔ ျပန္ပို႔လိုက္ၿပီးေတာ့ သူ (××)ကို ေနာက္တစ္ႀကိမ္ျပန္ဖတ္ေနလိုက္သည္။ သူ႕ပုံရိပ္နဲ႔ တကယ့္ကို မကိုက္ညီတာပဲ!
ၿပီးခဲ့တဲ့အပိုင္းတုန္းက အိုးရန္က်င္းလုံသည္ ဆုႏိုႏိုရဲ႕တင္ပါးေပၚက ၾကာပန္းျဖဴ တတ္တူးေၾကာင့္ အရင္ဘဝက မွတ္ညဏ္ေတြက တဖန္ျပန္ႏိုးထလာခဲ့သည္။
ခ်က္ခ်င္းပင္ သူသည္ အခ်စ္ေတြနဲ႔ ျပည့္ႏွက္လာၿပီး သူ႕လက္ဖဝါးေအာက္မွာ႐ွိေနတဲ့ ခ်စ္စရာေကာင္းတဲ့ ခရစ္စတယ္တုံးေလးကို ပိုင္ဆိုင္ခ်င္လာသည္။
ဒါေပမယ့္လည္း ဆုႏိုႏိုကေတာ့ အိုးရန္က်င္းလုံနဲ႔ နက္
နက္႐ိႈင္း႐ိႈင္း ခ်စ္ခဲ့ၾကသည့္ အဲ့ဒီအခ်ိန္ေတြကို မမွတ္မိတဲ့အတြက္ သူ႕ကို သူနဲ႔ လက္တစ္ကမ္းအကြာမွာပဲ ထား,ထားေလသည္။
ဒါ အရမ္းကို ဝမ္းနည္းစရာပါပဲ!
ဒါေပမယ့္လည္း စၾကာဝဠာတစ္ခုလုံးရဲ႕ စီးပြားေရးကို သူ႕လက္ထဲမွာခ်ဳပ္ကိုင္ထားႏိုင္တဲ့ ေယာက်္ားတစ္ေယာက္အေနနဲ႔ အိုးရန္က်င္းလုံကေတာ့ လြယ္လြယ္ အေလွ်ာ့မေပးေပ!
ထို႔ေၾကာင့္ သူ အခ်စ္ကို ပိုးပန္းဖို႔ စတင္လိုက္ေတာ့၏။
စူပါေမာ္ဒယ္တစ္ေယာက္အေနနဲ႔ ဆုႏိုႏို႔မွာ ပိုးပန္းသူေတြ အမ်ားႀကီး႐ွိတာကို သိတာေပါ့!ယွဥ္ၿပိဳင္သူေတြအမ်ားႀကီးထဲကမွ အႏိုင္ရႏိုင္ဖို႔ ဆိုတာ အရမ္း ခက္လြန္းတယ္!
အလွေလးတစ္ေယာက္ကို လိုက္ဖို႔ အေရးႀကီးဆုံး အခ်က္က ဘာလဲ သိလား?.......သူလိုခ်င္တာေတြ ေပးလိုက္ေပါ့!
ကမ႓ာေပၚမွာ႐ွိတဲ့ေယာက်္ားတိုင္း ဒါကို သိၾကတာပဲ!
ဆုႏိုႏိုက ျဖဴစင္သန္႔႐ွင္းတဲ့ႏွင္းၾကာပြင့္ေတြကို စားရတာ ႏွစ္သက္သည့္အတြက္ သူ႕ရဲ႕ပိုးပန္းသူေတြက ထိုၾကာပြင့္ေတြကို ႐ွာဖို႔အတြက္ ေျမာက္ဘက္ဝင္႐ိုးစြန္းကို လူေတြလႊတ္ၾကတယ္!အိုးရန္က်င္းလုံကေတာ့ ေအးစက္စက္ရယ္လိုက္ၿပီး ခ်က္လက္မွတ္နဲ႔ ေတာင္တစ္ေတာင္လုံးကို ဝယ္ေပးလိုက္တယ္!
ဆုႏိုႏိုက ေတာက္ပၿပီး အဆင့္ျမင့္စိန္ေတြကို ႀကိဳက္သည့္အတြက္ သူ႕ရဲ႕ပိုးပန္းသူေတြက သူတို႔ရဲ႕ႏွလုံးသားေတြနဲ႔ ရင္းၿပီး အေကာင္းဆုံးစိန္ကို လိုက္႐ွာၾကတယ္။
အိုးရန္က်င္းလုံကေတာ့ ေအးစက္စက္ရယ္လိုက္ၿပီး အာဖရိကနဲ႔ ႐ု႐ွားဘက္မွာ မိုင္းတြင္းႏွစ္ေနရာကို ဝယ္လိုက္ၿပီး အဲ့ကစိန္ေတြနဲ႔ သူ႕အတြက္ စိန္နန္းေတာ္ႀကီးကို ေဆာက္ေပးလိုက္တယ္!
ဆုႏိုႏိုက ၾကယ္ေတြကိုေငးၾကည့္ရင္း ငိုဖို႔ကိုအရမ္းဝါသနာပါတာမို႔ သူ႕ေနာက္လိုက္ေတြက အလွအပကဗ်ာေတြေရးဖြဲ႕ဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္အၿပိဳင္အဆိုင္ႀကိဳးစားခဲ့တယ္။
အိုးရန္က်င္းလုံကေတာ့ ေအးစက္စြာရယ္လိုက္ၿပီး ေငြအေျမာက္အမ်ားသုံး၍ ဆုႏိုႏိုနာမည္နဲ႔ ၾကယ္ေတြ အမ်ားႀကီးကို၀ယ္ေပးလိုက္တယ္။
မစၥတာဒါ႐ိုက္တာရဲ႕ အထင္ႀကီးေလာက္တဲ့ အခ်က္ေတြေၾကာင့္ ႏွစ္ဝက္ခန္႔မွာ ဆုႏိုႏိုသည္ သူနဲ႔အတူ ညစာစားဖို႔ လက္ခံလိုက္ေတာ့သည္။
ေအာင္ပြဲက်င္းပရမယ့္ အခါသမယပဲ!
ပုံမွန္ဆိုရင္,နတ္သမီးပုံျပင္ေတြက ဒီမွာပဲ အဆုံးသတ္မွာပဲ ျဖစ္သည္။ဆုႏိုႏိုက သူ႕ရဲ႕အတိတ္က မွတ္ညဏ္ေတြကို ျပန္ရဖို႔အတြက္ လဲက်ၿပီး ေခါင္းကို ႐ိုက္မိဖို႔လိုအပ္မယ္။အဲ့လို မွတ္ညဏ္ေတြ ျပန္မွတ္မိသြားသည့္အတြက္ မစၥတာဒါ႐ိုက္တာနဲ႔အတူ မင္းသားနဲ႔မင္းသား အိုးေအာင္မင္းေအာင္နဲ႔ သက္ဆုံးတိုင္ ေပါင္းဖက္ေနထိုင္သြားၾကေလသတည္းေပါ့!
ဒါ လူတိုင္းေမွ်ာ္လင့္ေနတဲ့ ဇာတ္သိမ္းပဲဆိုတာ ႐ွင္းေနတာပဲ!
သို႔ေသာ္ စာေရးသူက အမွန္တကယ္ကို စိတ္မႏွံ႔တဲ့သူ တစ္ေယာက္ျဖစ္တာေၾကာင့္ သူတို႔ညစာစားေနစဥ္ ဆုႏိုႏိုက တကယ္ႀကီးလဲက်သြားၿပီး တကယ္ပဲ ေခါင္းကို ထိမွန္ခဲ့ေပမယ့္ သူရဲ႕မွတ္ဉာဏ္က တစ္စိတ္တစ္ပိုင္းသာျပန္ေပၚလာခဲ့သည္။
သူ ဒီေနရာကေန ဟိုေနရာကို ေရာင္းစားဖို႔ ျပန္ေပးဆြဲခံရကာ လူေတြအမ်ားႀကီးေ႐ွ႕မွာ အက်ႌေတြ ဆြဲၿဖဲခံရၿပီး အိုးရန္က်င္းလုံက သူ႕ရဲ႕ လူပ်ိဳစင္ကို စစ္ေဆးၿပီး အ႐ွက္ခြဲခံရတဲ့ကာလကိုသာ မွတ္မိေလသည္။
ထို႔ေၾကာင့္ မ်က္ရည္ေတြနဲ႔အတူ သူ အသားလီးဓားတစ္ေခ်ာင္းကို ယူၿပီး အိုးရန္က်င္းလုံဆီကို ေျပးစိုက္လိုက္သည္။
ဒါေပါ့......ပိန္ပါးၿပီးက်ိဳးပဲ့လြယ္တဲ့အလွေလးက ရက္စက္ၾကမ္းၾကဳတ္ၿပီး အင္အားႀကီးတဲ့ မစၥတာဒါ႐ိုက္တာကို ဘယ္ထိုးႏိုင္ပါ့မလဲ!
ဆုႏိုႏိုက သူ႕ကို ႐ုတ္တရက္ႀကီး အသားလီးဓါးနဲ႔ သတ္ခ်င္ေနတဲ့အေပၚ အိုးရန္က်င္းလုံသည္ စိတ္႐ႈပ္ေထြးသြားရသည္။
သူ ခ်က္ခ်င္းကို ေဒါသထြက္သြားၿပီး ေသးသြယ္ျဖဴေဖြးႏူးညံ့ေျပျပစ္တဲ့ လက္ေကာက္ဝတ္ေလးကို ကိုင္လိုက္ရင္း ေအာ္ေျပာလိုက္သည္။ " ငါက မင္းကို ႏွလုံးသားတစ္ခုလုံးနဲ႔ရင္းၿပီး ေကာင္းေကာင္းဆက္ဆံေပးခဲ့တယ္။ ဒါကိုေတာင္ မင္းက ငါ့ကို သတ္ခ်င္ေနတယ္ေပါ့!"
အဲ့ဒီေနာက္ သူ႕ရဲ႕လူႀကီးလူေကာင္းဆန္တဲ့ အသြင္အျပင္ကို ခြၽတ္ပစ္လိုက္ကာ ဆြဲေဆာင္မႈ႐ွိၿပီး မေကာင္းဆိုးဝါးဆန္တဲ့ အတြင္းပိုင္းကို ေဖာ္ျပလိုက္ၿပီး ဆုႏိုႏိုကို ညစာစားပြဲေပၚ တင္လိုက္ကာ ဆြဲၿဖဲပါေတာ့သည္။
"မလုပ္နဲ႔!!!!!!!!!!!" ဆုႏိုႏိုသည္ ပူပန္ေသာကအျပည့္နဲ႔ ေအာ္ဟစ္ေသာ္လည္း ဘယ္သူမွ သူ႕ကို လာမကယ္ၾကေပ။
"မင္းတို႔ေကာင္ေတြ ဘာကိုေစာင့္ေနတာလဲ!" ဆုႏိုႏိုသည္ သူ႕ေဘးနားမွာ႐ွိေနတဲ့ ရာခ်ီတဲ့ ေဘာ္ဒီဂတ္ေတြကို ေဒါသတႀကီးနဲ႔ စူးစိုက္ၾကည့္လိုက္သည္။
ဒါေပမယ့္ အံ့ၾသစရာေကာင္းတာက သူတို႔က ဝင္မဆြဲတဲ့အျပင္ မ်က္ရည္ေတြေဝ့ေနတဲ့ မ်က္လုံးေတြျဖင့္ ေျပာလိုက္သည္။ "မင္းအေပၚမွာထားတဲ့ မစၥတာဒါ႐ိုက္တာရဲ႕ အခ်စ္က အခ်စ္စစ္,အခ်စ္မွန္ပဲ။သူ႕အတြက္ ျမန္ျမန္ေလး မင္းေျခေထာက္ေတြကို ကားထားေပးသင့္္တယ္!"
"မင္းတို႔ေကာင္ေတြ........အား!!!!"ဆုႏိုႏို စကားကိုဆုံးေအာင္ မေျပာရေသးခင္ လက္တစ္ေခ်ာင္းက သူ႕ခႏၶာကိုယ္ထဲကို ဝင္လာခဲ့သည္။
ႏူးညံ့ၿပီး ခရစ္စတယ္လိုၾကည္လင္လွပသည့္ အလွေလးတစ္ေယာက္အတြက္ ဒီလို ရန္မူတဲ့အျပဳအမူမ်ိဳးကို ခံႏိုင္ရည္မ႐ွိေပ။ ထို႔ေၾကာင့္ ဆုႏိုႏို ခ်က္ခ်င္းပင္ေအာ္ဟစ္လိုက္ၿပီး သူ႕မ်က္လုံးေတြထဲမွာလည္း မ်က္ရည္ေတြ အိုင္ထြန္းလို႔ေနသည္။
ဆုႏိုႏိုသည္ မတရားသျဖင့္ ခံရသလို ခံစားမိသည့္အတြက္ ငိုယိုကာ ေျပာလိုက္သည္။ "မလုပ္နဲ႔.....နာတယ္"
ဆုႏိုႏိုကေတာ့........ကြၽတ္စ္ ကြၽတ္စ္ ျဖစ္ဦးမယ္။မင္းက သူ႕ကို ေ႐ွ႕ဆက္ပိုတိုးမိေအာင္လုပ္ေနတာပဲ!
အံ့ၾသစရာမ႐ွိပါဘူး။အိုးရန္က်င္းလုံက ဒီလိုေၾကာက္လန္႔တၾကားျဖစ္ေနသည့္ အသံေလးကို ၾကားေတာ့ သူ႕ရဲ႕ကိုယ္ေပၚ႐ွိ သားရဲႀကီးကို ခ်က္ခ်င္းပင္ ေသာ့
ဖြင့္လိုက္ပါေတာ့သည္။သူ႕ရဲ႕သားရဲႀကီးကို လက္ထဲမွာ ကိုင္ထားလိုက္ၿပီး သူ႕ရဲ႕ ရက္စက္ၾကမ္းၾကဳတ္သည့္ နဂါး d*** ႀကီးနဲ႔ သြင္းဖို႔ ခ်ိန္႐ြယ္လိုက္သည္။
"အရမ္း ႀကီးတယ္......."ဆုႏိုႏို သူ႕ရဲ႕လက္ေခ်ာင္းထိပ္ေလးေတြကိုကိုက္လိုက္ၿပီး သူ႕ကို စြဲမက္ဖြယ္ေကာင္းစြာၾကည့္လိုက္သည္။
အိုးရန္က်င္းလုံ ညစ္က်ယ္က်ယ္ရယ္လိုက္ၿပီး
"ဒါက ေသခ်ာေပါက္ႀကီးတာေပါ့!"
အဲ့ဒီေနာက္ သူ႕ရဲ႕ ပါးလႊာတဲ့ ခါးေလးကို ဆြဲမလိုက္ရင္း အ႐ူးတစ္ေယာက္လို ထိုးသြင္းေနပါေတာ့သည္။
ေတာ္ေတာ္ၾကာတဲ့အထိ ခႏၶာကိုယ္ႏွစ္ခု ပြတ္တိုက္ေနၾကသည့္ အသံက ရပ္မသြားေပ။
ဆုႏိုႏိုသည္ အိုးရန္က်င္းလုံရဲ႕ လည္ပင္းေတြကို တြယ္ခ်ိတ္ထားလိုက္ၿပီး ညည္းညဴေနကာ သာယာမႈေတြကို ခပ္ၾကာၾကာေလးထပ္လိုခ်င္ေနပုံရသည္။
ဆုႏို ေသြးအန္မိေတာ့မယ္! ပေလာ့ေတြမပါဘဲ 18+ သီးသန္႔ ဝတၳဳဆိုရင္ေတာင္ ဇာတ္ေကာင္ေတြက ဒီေလာက္ႀကီး လြတ္ထြက္သြားမွာ မဟုတ္ဘူး။
အစတုန္းကေတာ့ သူက ဓါးနဲ႔ အိုးရန္က်င္းလုံကို သတ္ဖို႔ႀကိဳးစားတယ္ ၿပီးေတာ့ ေနာက္တစ္ခဏအၾကာမွာပဲ သူက ညည္းညဴၿပီး တင္ပါးေတြကို ေကာ့ေပးေနတဲ့အျပင္ ထပ္ၿပီးေတာ့ေတာင္ လိုခ်င္ေနေသးတယ္!ဒါလုံးဝကို အဓိပၸါယ္မ႐ွိဘူး! အထူးသျဖင့္ ဇာတ္ေကာင္နာမည္ေတြက သူနဲ႔ မစၥတာဒါ႐ိုက္တာႀကီးရဲ႕ နာမည္ေတြကို ယူသုံးထားတာကိုက ခြင့္မလြတ္ႏိုင္စရာပဲ!
ထို႔ေၾကာင့္ သူ႕ရဲ႕အေကာင့္တုကို သုံးၿပီး ဆုႏို reply ဝင္ေရးလိုက္သည္။
"ဒါ နည္းလမ္းမက်တဲ့ ဝတၳဳပဲ!
အဲ့ဒီေနာက္မွာေတာ့ စာေရးသူက ခ်က္ခ်င္းျမင္သြားၿပီးသူ႕အမွားေတြ အတြက္ ေတာင္းပန္ကာ ေနာက္တစ္ခါ ဒီလိုအမွားမ်ိဳး မလုပ္ေတာ့ပါဘူး ဆိုတဲ့အေၾကာင္းကို ေလးေလးနက္နက္နဲ႔ ေတာင္းပန္စာပို႔လိုက္သည္။
.
.
.
.
.
လို႔ ျဖစ္ႏိုင္မလား!! အတိအက်ကို သူ႕ရဲ႕ replyက တျခားစာဖတ္သူေတြရဲ႕ ....H*ကို ပိုဖတ္ခ်င္ေၾကာင္း ေရးထားတဲ့ စာေတြေအာက္မွာ ခ်က္ခ်င္းပဲ ေပ်ာက္ကြယ္သြားရတယ္ေလ!!
ဝမ္းနည္းစရာပဲ!
တစ္ဖက္မွာေတာ့ က်ံဳးလီဖုန္းပိုင္တစ္ေယာက္ သူဒီညေတာ့ လုံးဝကို အိပ္လို႔ မရေတာ့ဘူးဆိုတာေၾကာင့္ စိတ္ညစ္ေနရၿပီ! မုခ်ိဳးက ေကာ္ေဇာေပၚမွာ အက်ယ္ႀကီးေဟာက္ေနၿပီး က်ံဳးက်ီလိုမ်ိဳး နက္ခ္တိုင္နဲ႔ အခ်ည္ခံထားရသည္။
(Note;က်ံဳးက်ီဆိုတာက တ႐ုတ္မုန္႔ေပါ့ ကိုယ္ေတြဆီမွာလိုေျပာရရင္ ေကာက္ညႇင္းထုပ္ကို ႏွီးနဲ႔ခ်ည္ထားတာမ်ိဳးပါ)
ဒါ႐ိုက္တာက်ံဳး သူ႕ေ႐ွ႕မွာ မတ္တပ္ရပ္ေနၿပီး ခံစားခ်က္ေတြ အမ်ိဳးစုံ ႐ႈပ္ေထြးစြာျဖင့္ ၾကည့္ေနမိ၏။
ဒီအေျခအေနမ်ိဳးက ဝတၳဳေတြထဲကလိုပဲ!
လြန္ခဲ့တဲ့ႏွစ္နာရီက က်ံဳးလီဖုန္းပိုင္သည္ အိမ္မွာ စာဖတ္ေနတုန္း ဖုန္းနံပါတ္စိမ္းတစ္ခု သူ႕ဆီ ဝင္လာခဲ့သည္။
" စိတ္မ႐ွိပါနဲ႔။ အခုေျပာေနတာ မစၥတာက်ံဳးလား႐ွင္?"
"ကြၽန္ေတာ္ပါ။ဘယ္သူပါလဲ?" က်ံဳးလီဖုန္းပိုင္ ေမးလိုက္သည္။
"YeSe ဘားကပါ။လူႀကီးမင္းမွာ မုခ်ိဳးလို႔ေခၚတဲ့ သူငယ္ခ်င္း ႐ွိပါသလား႐ွင္?" တစ္ဖက္က ေကာင္မေလးရဲ႕အသံမွာ အရမ္းကိုခ်ိဳၿမိန္ေနေသာ္လည္း သူမေျပာတာကို ၾကားလိုက္ၿပီးေနာက္ ဒါ႐ိုက္တာက်ံဳးသည္ သူ႕ေခါင္းကိုနံရံနဲ႔ ေျပးေဆာင့္လိုက္ခ်င္မိသည္။ သူ ျပန္ေမးလိုက္ကာ "ဘာျဖစ္လို႔လဲ?"
"ဒီကလူႀကီးမင္းက အရမ္းကိုမူးေနၿပီး လူႀကီးမင္းရဲ႕ ဖုန္းကိုဘဲ ဆက္ခိုင္းေနလို႔ပါ" သူ တစ္ဖက္လူ ေျပာတာကို ၾကားလိုက္ၿပီးေနာက္ ဘာေျပာရမွန္းမသိျဖစ္ေနခ်ိန္မွာပဲ တစ္ဖက္က ျပန္ေျပာလာခဲ့သည္။
"သူ႕ကို လာေခၚေပးလို႔ရမလား႐ွင္?"
က်ံဳးလီဖုန္းပိုင္ ေအာ္ဟစ္ပစ္ကာ လာမေခၚႏိုင္ဘူးလို႔ေျပာၿပီး သူ႕အား လမ္းမေပၚကို ပစ္ခ်လိုက္ဖို႔ ေမွ်ာ္လင့္မိသည္။
ဒါေပမယ့္ သူေတြး႐ုံသာ ေတြးႏိုင္တယ္! တစ္အခ်က္--ဒါက ကိုယ္က်င့္တရားမဲ့တဲ့ နည္းလမ္းပဲ။
ႏွစ္အခ်က္အရ--အမူးသမားတစ္ေယာက္က ဘာေျပာမယ္မွန္း မင္းသိမွာမဟုတ္ဘူး။သူက တစ္ခုခုေျပာတာေတြကိုသာ သတင္းေထာက္ေတြ ၾကားသြားရင္ သူကိုယ္သူ ပင္လယ္ထဲကို ခုန္ခ်ဖို႔ပဲ ႐ွိေတာ့မယ္!
ထို႔ေၾကာင့္ သူ ေသခ်ာစဥ္းစားၾကည့္ၿပီးေနာက္ ဒါ႐ိုက္တာက်ံဳး သူ႕ကိုယ္သူ ႐ုပ္ဖ်က္ၿပီး သြားေခၚရေတာ့သည္။
"ဘာလို႔ ခင္ဗ်ားက အဲ့ေလာက္ေလးေနရတာလဲ!" အေမာတေကာေျပာေနရင္း က်ံဳးလီဖုန္းပိုင္သည္ သူ႕ကို
ဆြဲသြင္းလိုက္ကာ သူ႕ဝိတ္ေတြေတာင္ က်လုနီးပါးျဖစ္သြားသည္။
မုခ်ိဳးကေတာ့ ဆိုဖာေပၚမွာ လုံးဝလဲက်လို႔ေနသည္။
"ထေတာ့။ ကြၽန္ေတာ္ ခင္ဗ်ားကို အခန္းထဲ ပို႔ေပးမယ္" က်ံဳးလီဖုန္းပိုင္ သူ႕ကို ဆြဲထူလိုက္သည္။
မုခ်ိဳးတစ္ေယာက္ ဧည့္သည္ခန္းကို သြားတဲ့တေလွ်ာက္ ယိုင္ထိုးေနၿပီး သူ႕ရဲ႕ခႏၶာကိုယ္တစ္ဝက္က က်ံဳးလီဖုန္းပိုင္ရဲ႕အေပၚမွာ မွီက်ေနသည္။
မာစတာအိပ္ခန္းကို ျဖတ္ေတာ့ မုခ်ိဳးရဲ႕မ်က္လုံးေတြက ေတာက္ပသြားၿပီး ဖြင့္လိုက္ကာ အထဲဝင္လိုက္သည္။
က်ံဳးလီဖုန္းပိုင္ ၾကက္ေသေသျဖစ္သြားရကာ.......ဘာျဖစ္သြားတာလဲ?
သူ ေနာက္ကေန လိုက္လာေတာ့ မုခ်ိဳးက အိပ္ယာေပၚက အတြင္းခံကို ေတြ႕ၿပီးေနၿပီျဖစ္သည္။
"ခ်ထားလိုက္စမ္း!" က်ံဳးလီဖုန္းပိုင္ မ်က္ႏွာႀကီး နီရဲေနကာ ေအာ္ေျပာလိုက္သည္။
"မခ်ဘူး!" မုခ်ိဳး အတြင္းခံကို လုံးေျခလိုက္ၿပီး သူ႕အိတ္ကပ္ထဲကို ရတနာတစ္ပါးလို ထည့္လိုက္
သည္။က်ံဳးလီဖုန္းပိုင္ ငိုခ်င္ေပမယ့္ မ်က္ရည္က က်မလာ။
သူ အိုးရန္လုံကို ဖုန္းဆက္ၿပီး သူ႕ကို ျပန္ေခၚသြားေပးဖို႔ ၾကံ႐ြယ္ထားေသာ္လည္း ဆုႏိုက အိုးရန္လုံနဲ႔ ထဲထဲဝင္ဝင္ အလုပ္မလုပ္ထားတာေၾကာင့္ ဖုန္းအၾကာႀကီးေျပာၿပီးတာေတာင္ သူ႕ရဲ႕ဖုန္းနံပါတ္ကို ရမလာခဲ့ေပ။
ဒီၾကားထဲေတာင္ သူရဲ႕ တင္ပါးက မုခ်ိဳးရဲ႕ ဆုပ္ကိုင္လိုက္တာကို ခံလိုက္ရေသးသည္။
ထို႔ေၾကာင့္ သူ အ႐ွက္တရားကေန ေဒါသအျဖစ္ကို ေျပာင္းသြားၿပီး သူ႕ဖုန္းကို ပစ္ခ်လိုက္ကာ မုခ်ိဳးကို အားကုန္႐ွိသမွ် ပစ္ထိုးလိုက္သည္။
ၿပီးေတာ့ တကယ္ပဲ သူအႏိုင္ရသြားတယ္ေလ။သူက အာခီလိစ္ ပုံသြင္းထားတဲ့အတိုင္း အရမ္းရက္စက္လြန္းတယ္!
ယုန္ငယ္ေလးကို လာစရင္ ျပန္ကိုက္တယ္ဆိုတဲ့ ဆို႐ိုးက ဒီအတြက္ ျပည့္စုံတဲ့ ဥပမာပဲ!
မုခ်ိဳးသည္ ေကာ္ေဇာေပၚမွာ မိန္းေမာစြာလဲေလ်ာင္းေနၿပီး သူ႕ေျခလက္ေလးဖက္လုံးကလည္း နက္ခ္တိုင္နဲ႔ခ်ည္ခံထားရကာ သနားစရာေကာင္းတဲ့ ပုံစံေလးျဖစ္ေနသည္။
က်ံဳးလီဖုန္းပိုင္ကေတာ့ ေျခကုန္လက္ပန္းက်ေနၿပီျဖစ္သည့္အတြက္ သူ႕ကို ဧည့္သည္ခန္းထဲကို ဆြဲသြားဖို႔ အားအင္မ႐ွိေတာ့ေပ။
ထို႔ေၾကာင့္ သူအေပၚကို ေစာင္တစ္ထည္လႊားေပးဖို႔ လုပ္ေနတုန္းသူ သူ႕ရဲ႕အိတ္ကပ္ထဲမွာ အတြင္းခံ႐ွိေနေသးတာကို သတိရသြားေတာ့ ခဏရပ္သြားသည္။
ထို႔ေၾကာင့္ သူ႕ရဲ႕မ်က္ႏွာေလးက ဒီလို "囧"တစ္ဖန္ ျပန္ျဖစ္သြားေတာ့သည္။
သူ႕ရဲ႕အိတ္ကပ္ထဲကေန သူ႕အတြင္းခံနဲ႔ "သမိုင္းတစ္ေလွ်ာက္ ကမ႓ာလုံးဆိုင္ရာ႐ုပ္႐ွင္ေလာကဖြံ႕ၿဖိဳးတိုးတက္ေရး" အိတ္ေဆာင္စာအုပ္ပါ ထြက္လာေတာ့သည္။
".........."
က်ံဳးလီဖုန္းပိုင္ စိတ္႐ႈပ္ေထြးသြားရ၏။
မုခ်ိဳးက အႏုပညာကိုစိတ္မ၀င္စားတဲ့ စီးပြားေရးသမားတစ္ဦးသာ ျဖစ္ၿပီး သူ ဒီလိုစာအုပ္မ်ိဳးကိုဖတ္ရမည့္အေၾကာင္းကလည္း တစ္ခုတည္းသာ႐ွိသည္။
ဘာလို႔ စိတ္အေႏွာင့္အယွက္ျဖစ္ရတာလဲ!
ဒါ႐ိုက္တာက်ံဳး သက္ျပင္းခ်ရင္း စာအုပ္ကို သူ႕အိတ္ကပ္ထဲသို႔ အတင္းျပန္ထိုးထည့္လိုက္သည္။
သူ ျပန္ထေတာ့မည့္အခ်ိန္မွာပဲ သူ႕လက္ေကာက္ဝတ္က အဆြဲခံလိုက္ရသည္။
ဇာတ္လမ္းေတြထဲမွာ အထပ္ထပ္အခါခါ သုံးေနတဲ့ဇာတ္ကြက္ႀကီးပဲ!
က်ံဳးလီဖုန္းပိုင္ ခ်က္ခ်င္းပင္ သတိေပးခ်က္ေတြ ဝင္လာေတာ့သည္။ သူ႕ကို အခြင့္အေရးယူၿပီး အတင္းနမ္းလို႔ကေတာ့ ကန္ခ်ပစ္မယ္!
သို႔ေသာ္ အဲ့ဒီအစား မုခ်ိဳးက ေလးေလးနက္နက္ျဖင့္ေျပာလိုက္သည္။ "နားေထာင္"
"... ဘာကိုနားေထာင္ရမွာလဲ?" ဒါ႐ိုက္တာက်ံဳးတစ္ေယာက္ လုံးဝ တုန္လႈပ္သြားရသည္။
စီအီးအိုမုက အသံေနအသံထားျဖင့္...." ပါရာေဂြးရင္ျပင္မွာ ေခါင္းေလာင္းထိုးသံ ျမည္ေနတယ္!"
က်ံဳးလီဖုန္းပိုင္ သူ႕မ်က္ႏွာကိုလက္ဖဝါးနဲ႔အုပ္ကာ သူ႕ဝိညဥ္စြမ္းအားေတြ ယိုစီးက်သြားသလို ခံစားလိုက္ရသည္။
"ျပန္အိပ္လိုက္ပါေတာ့"