[Unicode]
ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနှင့် ထူးကဲသည့် ပြင်သစ်အနမ်းလေး
သူ့အစ်ကိုကြီးကို ဖုန်းချလိုက်ပြီးနောက် ဆုနိုသည် အသက်ကို ခပ်ပြင်းပြင်းရှူကာ အရမ်းကို တည်ငြိမ်စွာဖြင့် မစ္စတာဒါရိုက်တာဆီကို ဖုန်းခေါ်လိုက်သည်။
နောက်တာပါ......တကယ်တော့ မှတ်စုစာအုပ်လေးကို ယူလိုက်တာ!
မှတ်စု အကြမ်းလေး ချရေးပြီး ကောင်းကောင်း ပြင်ဆင်ရမယ်!
ဒီအဆင့်ထိကို ရောက်လာပြီဆိုတော့ သူထပ်ပြီး လိမ်လို့မရတော့ဘူး။ သူ အမှန်အတိုင်းပြောပြရမယ်။ဒါပေမယ့် သူ ဒီလိုတိုက်ရိုက်ကြီး သွားပြောလိုက်ရင် "ကျွန်တော် တွေ့ချင်တဲ့လူက ခင်ဗျားပဲ၊ ကျွန်တော့်အစ်ကိုကြီးကသာ ချိုးကျီယန်ကိုခေါ်လိုက်တာ” လို့ ပြောတာက လုံးဝယုတ္တိမရှိဘူးလေ။
ဒါကြောင့် သူဖုန်းမခေါ်ခင်မှာ သူ့ခေါင်းကို အရင်ရှင်းပစ်ရမယ်!<မင်းရဲ့ပြင်ဆင်မှုကိုတိုးမြှင့်ခြင်းသည် အလုပ်မှာ မင်းရဲ့တိုးတက်မှုအမြန်နှုန်းကိုမြန်စေနိုင်သည်> ဆိုတဲ့ ရှေးစကားပုံ အတိုင်း အတိအကျသေချာလိုက်နာရမယ်။
ငါးမိနစ်ကြာသွားပြီးနောက် ဆုနိုသည် ဇာတ်လမ်းတစ်ခုလုံကို စာအုပ်ပေါ်တွင် ဖန်တီးပြီးပြီ ဖြစ်သည်။ဆုနိုသည် သူ့ကိုယ်သူ အောင်မြင်စွာ သရုပ်ဖော်ထားပြီးပြီ ဖြစ်သည်။ သူက နယ်စားမြေရှင်အစ်ကိုတော်ရဲ့ ရက်စက်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံစားနေရတဲ့ ရိုးသားဖြူစင်တဲ့ bottom လေးတစ်ယောက် အဖြစ်သာမက,သူက မမျှော်လင့်ထားတဲ့ပြဿနာတွေအတွက်ပါ အဖြေတွေကိုအမျိုးအစားခွဲ၍ စာရင်းပြုစုထားသေးသည်။
ပရိုဖက်ရှင်အဆင့်ကလူနဲ့ အတွေ့အကြုံမရှိတဲ့သူတွေကြားက ကွာခြားချက်ဆိုတာ ဒါပဲ!
သူ မဂ္ဂဇင်းခေါင်းစဉ်တွေလိုမျိုး အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင်,
"ဆေးရုံကုတင်ပေါ်မှာ ကြာရှည်စွာ လဲလျောင်းနေရတဲ့ လှပတဲ့လူငယ်လေး,အရိုးထိအောင် တောင့်တမှုတွေအပြည့်နှင့် ခန့်ညားတဲ့ မစ္စတာဒါရိုက်တာ...အင်း.....အတွင်းထဲကနေ မျက်ရည်ကျစေလောက်တဲ့ငိုသံတွေကို မင်းကြားဖူးလား?"
ဒါတကယ်ကို ရင်ထဲထိစရာပဲ!
အပြည့်အဝ ပြင်ဆင်ပြီးတော့ ဆုနိုလေးသည် လက်သီးကို ဆုပ်,အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်း နောက်ဆုံးတော့ ရဲရဲဝံ့ဝံ့ ဖုန်းခေါ်လိုက်သည်။
အိုးရန်လုံ ချက်ချင်းပဲ ဖုန်းကိုင်လိုက်သည်။ ရင်းနှီးတဲ့ တစ်ဖက်လူရဲ့အသံကို ကြားတော့ ဆုနိုရဲ့လက်တွေက နည်းနည်းတော့ တုန်သွားရသည်။ တကယ်တော့ စာအုပ်လေးထဲက မှတ်စု အကြမ်းလေးအတိုင်း 'ကျွန်တော် ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိ လှည့်စားတာမဟုတ်ဘူး 'လို့ သူဘက်ကနေ အရမ်းကိုဒေါသထွက်
ပြပြီး ပြောသင့်တာ! ဒါပေမယ့် သူ စိတ်လှုပ်ရှားလွန်းလို့ သူစာကြောင်းတွေ မေ့ကုန်ပြီ! အရေးကြီးတဲ့အချိန်မှာ အရေးကြီးတဲ့ကိစ္စကို မေ့ပစ်တာက တကယ့်ကို တုံးလွန်းပါတယ်!
"ကိုယ် ဆေးရုံမှာ လာတွေ့လို့ရပြီလား?"အိုးရန်လုံဘက်ကနေ တိတ်ဆိတ်မှုကို အရင်စဖြိုခွဲလိုက်သည်။
ခင်ဗျား လာနိုင်တာပေါ့! ဆုနို စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်ပြလိုက်သည်။ ဒါပေမယ့်လည်း တစ်ဖက်လူ မမြင်နိုင်တာကို သိတော့ မြန်မြန်ပြောလိုက်သည်။ "အင်း....ကျွန်တော် စောင့်နေမယ်"
"ကိုယ်တို့ တွေ့တော့မှ ဆက်ပြောကြတာပေါ့။ကိုယ် နာရီဝက်အတွင်း အဲ့ကို လာခဲ့မယ်"
အိုးရန်လုံ ဖုန်းချလိုက်တော့မည့်အချိန်မှာပဲ တစ်ဖက်က ဆုနိုရဲ့ စိုးရိမ်တကြီး ပြောလိုက်တာကို သူကြားလိုက်ရသည်။ " ပန်းသီးပိုင်မုန့် ဝယ်လာဖို့ မမေ့နဲ့နော် " ဒါက အရေးကြီးတယ် သူမေ့လို့မရဘူး!
"........"
"ပန်းသီးပိုင်မုန့်?" အိုးရန်လုံ မျက်မှောင်ကျုံ့လိုက်သည်။
"ဒီအချိန်ကြီး.....ကျွန်တော်စားချင်တာ တကယ်မဟုတ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ကြိုက်ရာ တစ်ခုသာ ဝယ်လာခဲ့။ ကျိန်းသေပေါက် ဝယ်လာရမှာနော် " ဆုနို သေချာအောင် ထပ်ပြောလိုက်သည်။
အိုးရန်လုံ သက်ပြင်းချလိုက်ရင်း "ဟုတ်ပြီ ကိုယ့်ကို စောင့်နေ"
"အင်း" ဆုနို လိမ္မာစွာဖြင့် ဖုန်းကို ချလိုက်ပြီးနောက် ဟန်ဝေဆီကို ဖုန်းခေါ်လိုက်သည်။အိမ်မွေးကြောင်ပေါက်လေးကနေ ရိုင်စိုင်းတဲ့ ကြောင်အဖြစ် တစ်စက္ကန့်အတွင်း ပြောင်းသွားပြီး ဒေါသတကြီး ပြောလိုက်သည်။
"သူ နာရီဝက်အတွင်း ဘာဗာရီယန်........အဲ့ပိုင်မုန့် လာပို့ပေးဖို့ သဘောတူလိုက်ပြီ" မုန့်နာမည်က ရှည်လွန်းလို့ သူမှတ်မိဖို့ ခက်လွန်းတယ်။သူ အရမ်း,အရမ်းကို စိတ်ဓါတ်ကျမိတယ်!
"မင်း...."ဟန်ဝေ ခေါင်းကိုက်သွားရသည်။ "အစ်ကိုကြီး သူ့ကိုကျေးဇူးတင်စကားပြောဖို့ လာရအုံးမလား?"
လုံးဝကို မလိုပါဘူး! အစ်ကိုကြီးသာ လာရင် ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ပြင်သစ်အနမ်းလေး ပေးလို့ရမှာလဲ!
ဆုနို ချက်ချင်းပင် တားလိုက်ကာ " လာဖို့ မလိုဘူး!"
"အဲ့တာဆိုလည်း ဟုတ်ပြီ။သူ့ကို ကျေးဇူးတင်စကား သေချာ ပြောရမယ်နော် " ဟန်ဝေ သူ့ကို သေချာသင်ပေးနေသည်။
"ကျွန်တော် သိပါတယ်" ဆုနို လေးလေးနက်နက်တွေးနေကာ....သူ့ကို ကျေးဇူးတင်စကားပြောရုံတင်မကဘူး ပြင်သစ်အနမ်းလေး ပေးပြီး တတ်နိုင်သမျှ တောင်းပန်ဖို့ပါ လိုသေးတယ်!
သူ့ချစ်သူနဲ့ တွေ့ရမှာဆိုတော့ ကြည့်ကောင်းနေဖို့ လိုနေတာပေါ့။ဒါကြောင့်မို့လို့ ဆုနို ဖုန်းချလိုက်ပြီးတာနဲ့ အရူးတစ်ယောက်လို ပြင်ဆင်ပါတော့၏။မှန်ရှေ့မှာ ကြည့်ပြီး တတွတ်တွတ်ပြောနေကာ ပျားပန်းခတ် လှုပ်ရှားနေသည်။
ဆုနိုသေးသေးလေးရဲ့ကောက်ကြောင်းက အဖြူရောင်အတွင်းခံဘောင်းဘီပေါ်မှာ ဆွဲဆောင်မှုရှိနေပြီး အဆင်ပြေ,မပြေကြည့်ဖို့အတွက် သူ့ရဲ့ဆေးရုံဝတ်စုံကို ဆွဲဖွင့်ကြည့်လိုက်သေးသည်။
ပြည့်စုံတယ်!!
ဟန်ဝေရဲ့ ခွင့်ပြုချက်ကြောင့် အိုးရန်လုံသည် ဆေးရုံခန်းဆီကို လွယ်လွယ်ကူကူပဲ ဝင်လာနိုင်ခဲ့သည်။ သူ အခန်းတံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာပဲ ဆုနိုက စိတ်ပူပန်မှုတွေကို ခံစားနေရင်း ပြတင်းပေါက်အပြင်ဘက်ခြမ်းကို ကြည့်နေတဲ့ပုံမှာ အေးမြပြီး မျက်စိကျိန်းလောက်အောင် တောက်ပဖြာကျမည့်အချိန်ကို စောင့်နေသည့် ကြာပန်းဖြူလေး တစ်ပွင့်နှယ်။
သူက.....သူရဲ့ မျက်နှာဘေးဘက်,ဒီရှုထောင့်က အကြည့်ရကောင်းဆုံးဟုခံစားမိသောကြောင့် ဒီပုံစံလေးကို ရည်ရွယ်ချက်ရှိရှိဖြင့် စီစဉ်ထားပြီး ဖော်ပြထားခြင်းဖြစ်သည်။
"နိုနို" အိုးရန်လုံ အိပ်ယာဘေးမှာ ဝင်ထိုင်လိုက်သည်။
ဆုနို အခုမှ ရုတ်တရက်အသိဝင်လာသလို ဟန်ဆောင်လိုက်သည်။ ပြီးတော့ အရမ်းကိုမှ ရိုးသားသည့်အကြည့်လေးဖြင့် သူ့ကိုငေးမောကြည့်လိုက်သည်။
အမှန်တကယ်ကို သူက အကောင်းဆုံးသရုပ်ဆောင် ဝင်စားလာတာပဲ!
သူ စိတ်ဆိုးနေသော်လည်း ဆေးရုံကုတင်ပေါ်မှာ လှဲနေရပြီး သူ့ကိုပြန်ကြည့်လာတဲ့ အကြည့်လေးကို မြင်တော့ အိုးရန်လုံသည် အဆုံးမှာတော့ ဘာတစ်ခွန်းမှ မပြောရက်တော့ဘူး ဖြစ်သွားသည်။
တကယ်တော့လည်း သူ့မှာ ပြောနိုင်ဖို့ အခွင့်အရေး မရှိပါဘူး။ ဘာလို့လဲဆိုတော့ နောက်တစ်စက္ကန့်အတွင်းမှာပဲ ဆုနိုက သူ့ကို ဆွဲဖက်လိုက်ပြီးတော့ စိတ်အားထက်သန်စွာဖြင့် သူ့ကို နမ်းလိုက်လို့ပဲဖြစ်သည်။ ထို့ကြောင့် သူလည်းပဲ အနမ်းတွေကို လက်ခံလိုက်ကာ မြင်ရသူအဖို့ စေ့စေ့တောင် မကြည့်ရဲတော့ပေ။
ပြင်သစ်အနမ်း......ဒီလို အနမ်းမျိုးက ခံစားလို့ကောင်းတယ်။
ဆုနို စိတ်ထဲမှာသက်ပြင်းချလိုက်ရင်း သူ့ရဲ့လည်ပင်းတွေကို ပွေ့ဖက်လိုက်ကာ သူ့လျှာဖျားလေးကို ဂရုတစိုက်နဲ့ ဆန့်ထုတ်လိုက်ပြီး အိုးရန်လုံရဲ့ နှုတ်ခမ်းလေးကို ယက်လိုက်သည်။ ထိုအပြုအမူမျိုးက ဆွဲဆောင်နေပြီး လှုံဆော်ပေးလိုက်သလို ဖြစ်သွားသည်။
သူ့အပြုအမှုက နည်းနည်းတော့ ကို့ယို့ကားယားနိုင်ပေမယ့်လည်း နောက်ဆက်တွဲတွေကတော့ အလွန်ပဲ အလုပ်ဖြစ်သည်။ ထင်ထားတဲ့အတိုင်း အိုးရန်လုံရဲ့ မျက်လုံးတွေက မဲမှောင်သွားပြီး သူတို့ရဲ့အနမ်းတွေက နက်ရှိုင်းလို့သွားသည်။
"အင်း...." ဆုနို အသက်ရှူလို့ မရတော့တဲ့အထိ အနမ်းခံလိုက်ရသည်။ သူ့ရဲ့ခါးတစ်ခုလုံးက ပျော့ကျသွားပြီး အသက်ရှူကြပ်လာရသည်။ ထို့ကြောင့် သူ အိုးရန်လုံကို ချက်ချင်းပင် လက်ဖြင့်တွန်းဖယ်လိုက်သည်။
အရာမထင်ဘူးဆိုတာ သိသာတာပဲ။အဲ့ဒီအစား သူရဲ့ ငြင်းပယ်မှုက ပိုပြီးတော့တောင် အနမ်းတွေကို ပူပြင်းလာစေ၏။သူတို့တွေက ပိုပိုပြီး ပူလာရသည်အထိ နမ်းရှိုက်နေကြသည်။
တစ်ဖက်မှာလည်း သူ အာရုံစိုက်နေသင့်တယ်ဆိုပေမယ့် ဆုနိုက ဘာလို့ သူ့ခေါင်းကျိန်းနေသလို ခံစားနေရတယ်ဆိုတာကို မသိဘူးဖြစ်နေသည်။
သူ ရုတ်တရက်ကြီး အာဖရိကစပါးအုံကို မျိုချမိသလိုပဲ။သူ လန့်သွားပြီး နောက်ကျောက အေးစိမ့်သွားရသည်။
"ဘာဖြစ်လို့လဲ?" အိုးရန်လုံသည် ဆုနိုတစ်ယောက် အနည်းငယ်တုန်ရီသွားသည်ကို ခံစားမိသောကြောင့် သူ နောက်ဆုံးတော့ လွှတ်ပေးလိုက်သည်။
ဆုနို ကြောင်နေဆဲဖြစ်ကာ အိုးရန်လုံရဲ့အကြည့်တွေကိုမြင်တော့ သူ့မျက်လုံးတွေက ကြည်လင်နေသည်။
အိုးရန်လုံသည် အနည်းငယ် နီရဲနေပြီးရောင်နေသည့် ထိုနှုတ်ခမ်းလေးကို ဖွဖွလေးငုံ့နမ်းလိုက်သည်။
တကယ့်ကို....နူးညံ့တတ်တာပဲ!
ဆုနို ထိုအတိုင်းဆက်သွားကာ သူ့ရဲ့ရင်ခွင်ထဲကို အခုမှအိပ်ယာနိုးလာတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို တိုးဝှေ့လိုက်သည်။
"ခြေထောက် နာနေသေးလား?" အိုးရန်လုံ မေးလိုက်သည်။
"မနာတော့ပါဘူး" ဆုနိုရဲ့မျက်နှာက သူ့ရင်ခွင်ထဲကို အပ်ထားလိုက်ပြီး နှာခေါင်းလေးတရှုံ့ရှုံဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဒါရိုက်တာကြီးကို လွမ်းနေတာ" အိုးရန်လုံ ဘာမှ ပြန်မဖြေလိုက်ပေမယ့် သူ့ကို တင်းကျပ်စွာ ပြန်ဖက်ပေးထားလိုက်သည်။
နံရံပေါ်က နာရီက တစ်ဂျက်ဂျက်မြည်နေသည်။ အချိန်တစ်ခုလောက်ကြာတော့ ဆုနို အရင်ဦးဆုံး စပြောလာသည်။ " ဒါဆိုရင် ချိုးကျီယန်ကိစ္စကို....စိတ်မဆိုးတော့ဘူးမလား?"
အိုးရန်လုံ ခါးသက်စွာ ပြုံးလိုက်ပြီး သူ့ရဲ့ပါးလေးကို ဖျစ်ညစ်လိုက်သည်။သူ့ရဲ့ နူးညံ့ပြီး မှိုင်းညို့နေတဲ့အကြည့်တွေကို မြင်တော့ ဆုနိုရဲ့နှာခေါင်းလေးတွေက ရှုပ်ပွပွဖြစ်လာပြီး ချက်ချင်းပင် နှလုံးသားမဲ့သွားသလို ခံစားလိုက်ရသည်။
"ဘာဖြစ်ခဲ့တာလဲ?" အိုးရန်လုံ မေးလိုက်သည်။
မှတ်စုစာအုပ်လေးထဲက ဇာတ်လမ်းက အခုထိတစ်ခုမှ မသုံးရသေးဘူး။ ဆုနို အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ အဲ့ဒီဇာတ်လမ်းလေးကို ပြောပြလိုက်ရင် သူ ဘယ်လို ဖြစ်သွားမလဲ?အရင်ဆုံး သူ့အချစ်လေးကို လိမ်ဖို့အတွက် ချိုးကျီယန်ဆိုတဲ့ နာမည်ကို အရင်ဦးဆုံး စပြောရမယ်။
ရလဒ်အနေနဲ့ သူ ချိုးကျီယန်ကို တကယ်တွေ့ခဲ့တယ် ဘာဘာညာညာပါ့။အဲ့လိုတွေ့တာမျိုးက အရမ်းကိုလျှို့ဝှက်ပြီး မိုက်မဲပါတယ်ပေါ့။ ကျန်တဲ့ အသေးစိတ်လေးတွေကိုတော့ ဘယ်ပြောပါ့မလဲ။ သူနဲ့ချိုးကျီယန်က consciousness အမျိးအစား ရုပ်ရှင်မှာ အတူတူသရုပ်ဆောင်ရမယ့်အကြောင်း၊ သူ့ရဲ့ဒရိုင်ဘာဖြစ်တဲ့ ထန်ရှောင်းယွီကို အစ်ကိုကြီးက ပြန်ပေးဆွဲလိုက်တဲ့အကြောင်း၊ ပြီးတော့ သူ့အစ်ကိုကြီးက မာဖီးယားဂိုဏ်းထဲက ဆိုတဲ့အကြောင်းတွေကိုတော့ ချန်လှပ်ထားရတာပေါ့!
ယောကျ်ားစစ်တွေက ရွေးချယ်ပြောတတ်ဖို့ သင်ယူထားရမယ်!
"..........."
ဒီလိုထူးဆန်းတဲ့အကြောင်းပြချက်ကြောင့်နဲ့ သူ့ကိုဘယ်လိုအပြစ်တင်ရပါ့မလဲ?ဇာတ်လမ်းတစ်ခုလုံးကြားပြီးနောက် အိုးရန်လုံ ရယ်ရမည်လား၊ ငိုရမည်လားမသိတော့ပေ။ ဒီဇာတ်လမ်းတစ်ခုလုံးကသာ အခြားသူတစ်ယောက်ရဲ့ ပါးစပ်ထဲမှထွက်လာလျှင် အဲ့လူက စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတယ်လို့ သူထင်ကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် ဒီအရူးလေးဆီက ထွက်လာတာဆိုရင်တော့.....မျှော်လင့်ထားတဲ့အတိုင်း အံ့သြမိရတာပါပဲ!
"စိတ်မဆိုးပါနဲ့၊ အနာဂတ်မှာ ကျွန်တော် ထပ်မလိမ်တော့ဘူး" ဆုနို နူးညံ့ပြီး လေသံတိုးတိုးလေးဖြင့်တောင်းပန်လိုက်သည်။
အိုးရန်လုံ သူ့နဖူးလေးကိုနမ်းလိုက်ပြီး “အင်း....မင်းနေကောင်းအောင် နေ,နေသမျှ ကိုယ်မင်းကိုစိတ်မဆိုးဘူး”
အန္တရာယ်ရှိတဲ့ အပိုင်းကတော့ ပြီးသွားပြီပေါ့!
ဆုနို သူ့ရဲ့ မေးရိုးလေးကို နမ်းလိုက်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် စုပ်လိုက်ဖို့တောင်ကြိုးစားနေသည်။
သူက တကယ့်ကို ဗိုက်မည်း*လေးတစ်ယောက်ပဲ!
"ဘယ်နေ့ ဆေးရုံက ဆင်းလို့ရပြီပြောလဲ?" အိုးရန်လုံမေးလိုက်သည်။
"နောက်တစ်ပတ်" ဆုနို အနည်းငယ် စိုးရိမ်မိ၏။ ဘာလို့လဲဆိုတော့ သူ့အစ်ကိုကြီးက သူနဲ့အတူတူ အိမ်မှာလိုက်နေစေချင်နေတာကြောင့်ပဲ။
အစ်ကိုကြီးရဲ့အိမ်မှာ မရီးချက်ပေးတဲ့ အရသာရှိတဲ့စွပ်ပြုတ်တွေရှိတယ်ဆိုပေမယ့်လည်း သူလိုက်သွားလိုက်ရင် သူ့ရဲ့လူကြီးနဲ့ နေလို့မရတော့ဘူး!
ငါ့ရဲ့လူကြီးက အရမ်းကို နူးညံ့ကြင်နာတယ်။ ထောက်ထားညှာတာတတ်တယ်။ ခန့်ညားတယ်။ အောင်မြင်တဲ့လူတစ်ယောက်လည်း ဖြစ်သေးတယ်။ စိတ်ရှည်တတ်တယ်။ စာနာတတ်တယ်။ သူ့ကို ချဥ်းကပ်ချင်တဲ့ သူတွေက အများကြီးပဲ!
သူက သူနဲ့ အတူတူနီးနီးကပ်ကပ်ရှိမနေလို့ ဆွဲဆောင်မှုရှိတဲ့ မြေခွေးမိစ္ဆာမတွေရဲ့ ဖမ်းစားတာကို ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ?
အိမ်လွတ်ကြီးထဲမှာ တစ်ယောက်ထဲနေ,နေပြီး ညတိုင်း ငိုနေရမယ့်ပုံကို တွေးကြည့်ရုံနဲ့တင် ဝမ်းနည်းစရာကောင်းလွန်းတယ်!
ဒီအချက်ကို စဥ်းစားမိတာနဲ့,ဆုနို ချက်ချင်းပင် ပြောလိုက်သည်။ " ကျွန်တော် ဆေးရုံက ဆင်းတာနဲ့ ဒါရိုက်တာကြီးအိမ်မှာ လာနေမယ်"
"ကိုယ့်အိမ်မှာ လာနေမယ် ?" အိုးရန်လုံ အံ့သြသွားရသည်။
"အင်း!" ဆုနို သူတစ်ယောက်တည်း နေခွင့်ပြုဖို့အတွက် သူ့အစ်ကိုကြီးကို ဖြောင့်ဖြရမယ်လို့ တွေးထားလိုက်ပြီ။အဲ့ဒါမှ သူနဲ့အတူတူနေဖို့ လစ်ထွက်လာလို့ရမှာ!
နည်းလမ်းတွေအများကြီးထဲကမှ တစ်နည်းနည်းနဲ့တော့ အောင်မြင်အောင် လုပ်နိုင်မှာပဲ!
တကယ်လို့ ဖြောင့်ဖြဖို့ မလုပ်နိုင်ခဲ့ရင် သူ အရင်ဦးဆုံး ငိုချလိုက်မယ်။ ပြီးရင် အခက်တွေ့ရောက်အောင်လုပ်ပြီး သူ့အသက်နဲ့ခြိမ်းခြောက်လိုက်မယ်။
ဆုနိုနိုလိုမျိုး ထိုင်ခုံပေါ်မှာ မတ်တပ်ရပ်ပြီး ငိုယိုမယ်။
ကောင်းကင်ကိုကြည့်ပြီး 'ဒီလူငယ်က ကျွန်တော့်ကိုထပ်ပြီး တွန်းအားပေးရင်,ကျွန်တော် သေနိုင်တယ် ' ဆိုပြီး လုပ်လိုက်မယ်။
သူ့အစ်ကိုကြီးရဲ့ စိတ်နှလုံးသားက နူးညံ့သွားမှာသေချာတယ်!
"သေချာရဲ့လား?" မစ္စတာဒါရိုက်တာသည် လမ်းမပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ ငါးမီလီယမ်ကို ကောက်ရလိုက်သလိုမျိုး သူ မယုံကြည်နိုင်ဘူး ဖြစ်နေသည်။
သူသေချာပါတယ်ဆို! လူတစ်ယောက်က ဘာလို့ဒီလောက်ထပ်ခါထပ်ခါမေးနေရတာလဲ?မရိုးမသားနဲ့ မေးနေတယ်!
ဆုနိုလေးက လုံးဝကိုမကျေနပ်တော့တာကြောင့် သူ့လက်ကို ဆွဲယူလိုက်ပြီး အားပါပါနဲ့ကိုက်ချလိုက်သည်။
ယောက်ျားစစ်တွေ တိုက်ရိုက်ကြည့်ဖို့မဝံ့ရဲလောက်အောင် အရမ်းကို ယောက်ျားဆန်ဆန်ပဲ!
အိုးရန်လုံ ရယ်ချင်သွားပြီး သူ့ရဲ့ကိုယ်ကို ကြောင်လေးတစ်ကောင်လို ကုပ်တွယ်ပြီး ကိုက်လိုက်,ယက်လိုက် လုပ်နေကာ သူ့မျက်နှာပေါ်မှာရော နှုတ်ခမ်းမှာပါ သူ့သွားရာတွေ ချန်နေတာကို ခွင့်ပြုထားလိုက်သည်။
ဆုနို တွေးလိုက်မိသည်။ အရမ်းကို အရသာရှိတယ်!
"ကိုယ် ဒီည ဒီမှာ မင်းနဲ့အတူတူ အချိန်ဖြုန်းချင်တယ်?"အိုးရန်လုံ ခွင့်တောင်းလိုက်သည်။
ဒါ ကောင်းသားပဲ!ဒါပေမယ့် သူ့အစ်ကိုကြီး တွေ့သွားခဲ့ရင်!
ဆုနို တုံ့ဆိုင်းသွားရသည်။ သူ လုံးဝ မကြောက်ပါဘူး။သူ့အစ်ကိုကြီးက သူ့အတွက်တော့ ကြောက်စရာမှ မဟုတ်တာ။ဒါပေမယ့် တခြားသူရှေ့မှာဆိုရင် သူ့အစ်ကိုကြီးက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်၊အရမ်း,အရမ်းကိုလည်း ကြမ်းတမ်းသေး!
"စိတ်ပူမနေပါနဲ့။ ကိုယ် လျှောက်ပြောနေတာပါ" သူအခက်တွေ့နေတာကိုမြင်တော့ အိုးရန်လုံ ဖိအားမပေးရက်တော့ပေ။ " ကိုယ်ခဏနေရင် ပြန်မှာပါ”
"အင်း" ဆုနို စိတ်ထဲမှာ ဝမ်းနည်းသွားရသည်။
သူက အရမ်းကို ဂရုစိုက်ပေးတတ်လွန်းလို့ သူဘာပြန်ပြောရမလဲ မသိတော့ဘူး။
ချစ်သူနှစ်ယောက်ရဲ့ ချိုမြိန်တဲ့ အချိန်တွေက တအားကို တိုတောင်လွန်းပါ၏။နှစ်နာရီက ခပ်မြန်မြန်ပဲကုန်ဆုံးသွားတော့သည်။
ဆုနို ဝမ်းနည်းစွာဖြင့် သူ့လက်ကို ဆွဲယူထားလိုက်ရင်း
"ကားမောင်းရင် ဂရုစိုက်နော်။အိမ်ပြန်ရောက်ရင်လည်း ကျွန်တော်ဆီ စာပို့လိုက်အုံးနော် "
"နေမြန်မြန်ကောင်းပါစေ" အိုးရန်လုံ သူ့ပါးလေးကို နမ်းလိုက်ပြီး " အချစ်လေးလည်း.....ကောင်းကောင်း အနားယူရမယ်နော်"
ဆုနို ခေါင်းညိတ်ပြလိုက်ရင်း သူ ဆေးရုံအခန်းထဲက ထွက်သွားတာကို ငေးကြည့်နေရင်း သူ မခွဲခွာချင်ပေ။သူ သက်ပြင်းချလိုက်ပြီး ခံစားချက်တွေဖြင့် ပြည့်နှက်နေတော့သည်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အတွင်းခံလေးကိုတောင် မပြလိုက်ရဘူး။ ဆုနိုသေးသေးလေး* ကလည်း ဟာတာတာဖြစ်သွားရသည်။
နောက် နာရီဝက်လောက် ကြာတော့ ဟန်ဝေ တံခါးကိုဖွင့်လိုက်ပြီး အခန်းထဲကို ဝင်လာခဲ့သည်။
"နိုနို"
"အမ်.....အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ?" ဆုနို စိတ်ရှုပ်သွားရသည်။
"အစ်ကိုကြီး ကိစ္စလေးတွေပြီးတာနဲ့ တစ်ချက်လောက် ကြည့်ဖို့ လာလိုက်တာ " ဟန်ဝေ အိပ်ယာဘေးမှာ ဝင်ထိုင်လိုက်သည်။
"ဘာလို့ အခုထိ မအိပ်သေးတာလဲ?"
"ကျွန်တော် စာဖတ်နေလို့" ဆုနိုလေးက လိမ်လိုက်ပြန်ပြီ။ အမှန်တော့ သူ ဆေးရုံဆင်းပြီးတာနဲ့ သူ့ချစ်သူနဲ့ ချိန်မြိန်တဲ့ဘဝလေးမှာ အတူတူနေမယ့်ပုံရိပ်လေးတွေကို အရူးတစ်ယောက်လို စိတ်ကူးယဉ်နေတာပဲ ဖြစ်သည်။
သူ အရွယ်ရောက်လာလို့ သူ့ဘာသာသူ ရပ်တည်လို့ရနေပြီ။အတူတူအရွယ်ရောက်လာတဲ့ ညီအစ်ကိုတွေဆိုတာ ဒီလိုပဲလား!
"စောစော အနားယူတော့" ဟန်ဝေ ခေါင်းအုံးကို သက်တောင့်သက်သာရှိအောင် ပြန်ဖြန့်ပေးလိုက်ရင်းနဲ့ အိပ်ယာဘေးမှာ တင်ထားတဲ့ အချိုဘူးလေးကို မျက်စိထောင့်ကနေ တွေ့လိုက်ရသည်။ " အဲဒါ ဘာဗာရီယန် ဘာဆိုတဲ့ ပိုင်မုန့်လား?"
"............"
ဆုနို ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ,
"အစ်ကိုကြီး စားလို့မရဘူး!"
"အစ်ကိုကြီးက ဒီလိုပဲ မေးလိုက်တာပါ။ဘာတွေ အဲ့လောက်ကြီး စိတ်လှုပ်ရှားနေရတာလဲ?" ဟန်ဝေ ရယ်ရမှာလားငိုရမှာလားမသိတော့ပေ။
အရမ်းကို တွန့်တိုတတ်တာပဲ!
ဘာလို့လဲဆိုတော့ အထဲမှာ ဘာပါမှန်းတော့ သူမသိဘူး!သူ့ကိုယ်သူ ထုတ်ဖော်မိလိုက်ဖို့ အရမ်းကို လွယ်ကူတာပဲ!ဆုနို သူ့စိတ်ထဲမှာ အော်ဟစ်နေတော့သည်။
"အစ်ကိုကြီး မစားပါဘူး။ မနက်ဖြန်မနက်စာအတွက် စားရအောင် ချန်ထားပေးမယ်"
ဟန်ဝေ သူ့နှာခေါင်းလေးကို ညစ်လိုက်ပြီး
"အိပ်တော့။ ဒေါသကြီးတဲ့ ကြောက်ပေါက်လေး"
ဆုနို နာခံမှုရှိစွာဖြင့် "အစ်ကိုကြီးလည်း အိမ်ကို မြန်မြန်ပြန်တော့။မရီးကို နောက်ကျတဲ့အထိ မစောင့်ခိုင်းနဲ့"
ပြီးတော့ အစ်ကိုကြီးက ဒီမှာ ရပ်နေတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး စာပို့ရဲတော့မှာလဲ! အခုတင်ပဲ သူ့ဖုန်းက သိသိသာသာပဲ တုန်ခါသွားပြီ။
တကယ့်ကို စိတ်ရှုပ်စရာကောင်းတာပဲ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါႏွင့္ ထူးကဲသည့္ ျပင္သစ္အနမ္းေလး
သူ႕အစ္ကိုႀကီးကို ဖုန္းခ်လိုက္ၿပီးေနာက္ ဆုႏိုသည္ အသက္ကို ခပ္ျပင္းျပင္း႐ွဴကာ အရမ္းကို တည္ၿငိမ္စြာျဖင့္ မစၥတာဒါ႐ိုက္တာဆီကို ဖုန္းေခၚလိုက္သည္။
ေနာက္တာပါ......တကယ္ေတာ့ မွတ္စုစာအုပ္ေလးကို ယူလိုက္တာ!
မွတ္စု အၾကမ္းေလး ခ်ေရးၿပီး ေကာင္းေကာင္း ျပင္ဆင္ရမယ္!
ဒီအဆင့္ထိကို ေရာက္လာၿပီဆိုေတာ့ သူထပ္ၿပီး လိမ္လို႔မရေတာ့ဘူး။ သူ အမွန္အတိုင္းေျပာျပရမယ္။ဒါေပမယ့္ သူ ဒီလိုတိုက္႐ိုက္ႀကီး သြားေျပာလိုက္ရင္ "ကြၽန္ေတာ္ ေတြ႕ခ်င္တဲ့လူက ခင္ဗ်ားပဲ၊ ကြၽန္ေတာ္႕အစ္ကိုႀကီးကသာ ခ်ိဳးက်ီယန္ကိုေခၚလိုက္တာ” လို႔ ေျပာတာက လုံးဝယုတၱိမ႐ွိဘူးေလ။
ဒါေၾကာင့္ သူဖုန္းမေခၚခင္မွာ သူ႕ေခါင္းကို အရင္႐ွင္းပစ္ရမယ္!<မင္းရဲ႕ျပင္ဆင္မႈကိုတိုးျမႇင့္ျခင္းသည္ အလုပ္မွာ မင္းရဲ႕တိုးတက္မႈအျမန္ႏႈန္းကိုျမန္ေစႏိုင္သည္> ဆိုတဲ့ ေ႐ွးစကားပုံ အတိုင္း အတိအက်ေသခ်ာလိုက္နာရမယ္။
ငါးမိနစ္ၾကာသြားၿပီးေနာက္ ဆုႏိုသည္ ဇာတ္လမ္းတစ္ခုလုံကို စာအုပ္ေပၚတြင္ ဖန္တီးၿပီးၿပီ ျဖစ္သည္။ဆုႏိုသည္ သူ႕ကိုယ္သူ ေအာင္ျမင္စြာ သ႐ုပ္ေဖာ္ထားၿပီးၿပီ ျဖစ္သည္။ သူက နယ္စားေျမ႐ွင္အစ္ကိုေတာ္ရဲ႕ ရက္စက္တဲ့ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြကို ခံစားေနရတဲ့ ႐ိုးသားျဖဴစင္တဲ့ bottom ေလးတစ္ေယာက္ အျဖစ္သာမက,သူက မေမွ်ာ္လင့္ထားတဲ့ျပႆနာေတြအတြက္ပါ အေျဖေတြကိုအမ်ိဳးအစားခြဲ၍ စာရင္းျပဳစုထားေသးသည္။
ပ႐ိုဖက္႐ွင္အဆင့္ကလူနဲ႔ အေတြ႕အၾကဳံမ႐ွိတဲ့သူေတြၾကားက ကြာျခားခ်က္ဆိုတာ ဒါပဲ!
သူ မဂၢဇင္းေခါင္းစဥ္ေတြလိုမ်ိဳး အက်ဥ္းခ်ံဳးၿပီး ေျပာရမယ္ဆိုရင္,
"ေဆး႐ုံကုတင္ေပၚမွာ ၾကာ႐ွည္စြာ လဲေလ်ာင္းေနရတဲ့ လွပတဲ့လူငယ္ေလး,အ႐ိုးထိေအာင္ ေတာင့္တမႈေတြအျပည့္ႏွင့္ ခန္႔ညားတဲ့ မစၥတာဒါ႐ိုက္တာ...အင္း.....အတြင္းထဲကေန မ်က္ရည္က်ေစေလာက္တဲ့ငိုသံေတြကို မင္းၾကားဖူးလား?"
ဒါတကယ္ကို ရင္ထဲထိစရာပဲ!
အျပည့္အဝ ျပင္ဆင္ၿပီးေတာ့ ဆုႏိုေလးသည္ လက္သီးကို ဆုပ္,အသက္ကို ခပ္ျပင္းျပင္း႐ွဴထုတ္လိုက္ရင္း ေနာက္ဆုံးေတာ့ ရဲရဲဝံ့ဝံ့ ဖုန္းေခၚလိုက္သည္။
အိုးရန္လုံ ခ်က္ခ်င္းပဲ ဖုန္းကိုင္လိုက္သည္။ ရင္းႏွီးတဲ့ တစ္ဖက္လူရဲ႕အသံကို ၾကားေတာ့ ဆုႏိုရဲ႕လက္ေတြက နည္းနည္းေတာ့ တုန္သြားရသည္။ တကယ္ေတာ့ စာအုပ္ေလးထဲက မွတ္စု အၾကမ္းေလးအတိုင္း 'ကြၽန္ေတာ္ ခင္ဗ်ားကို ရည္႐ြယ္ခ်က္႐ွိ႐ွိ လွည့္စားတာမဟုတ္ဘူး 'လို႔ သူဘက္ကေန အရမ္းကိုေဒါသထြက္
ျပၿပီး ေျပာသင့္တာ! ဒါေပမယ့္ သူ စိတ္လႈပ္႐ွားလြန္းလို႔ သူစာေၾကာင္းေတြ ေမ့ကုန္ၿပီ! အေရးႀကီးတဲ့အခ်ိန္မွာ အေရးႀကီးတဲ့ကိစၥကို ေမ့ပစ္တာက တကယ့္ကို တုံးလြန္းပါတယ္!
"ကိုယ္ ေဆး႐ုံမွာ လာေတြ႕လို႔ရၿပီလား?"အိုးရန္လုံဘက္ကေန တိတ္ဆိတ္မႈကို အရင္စၿဖိဳခြဲလိုက္သည္။
ခင္ဗ်ား လာႏိုင္တာေပါ့! ဆုႏို စိတ္လႈပ္႐ွားစြာ ေခါင္းညိမ့္ျပလိုက္သည္။ ဒါေပမယ့္လည္း တစ္ဖက္လူ မျမင္ႏိုင္တာကို သိေတာ့ ျမန္ျမန္ေျပာလိုက္သည္။ "အင္း....ကြၽန္ေတာ္ ေစာင့္ေနမယ္"
"ကိုယ္တို႔ ေတြ႕ေတာ့မွ ဆက္ေျပာၾကတာေပါ့။ကိုယ္ နာရီဝက္အတြင္း အဲ့ကို လာခဲ့မယ္"
အိုးရန္လုံ ဖုန္းခ်လိုက္ေတာ့မည့္အခ်ိန္မွာပဲ တစ္ဖက္က ဆုႏိုရဲ႕ စိုးရိမ္တႀကီး ေျပာလိုက္တာကို သူၾကားလိုက္ရသည္။ " ပန္းသီးပိုင္မုန္႔ ဝယ္လာဖို႔ မေမ့နဲ႔ေနာ္ " ဒါက အေရးႀကီးတယ္ သူေမ့လို႔မရဘူး!
"........"
"ပန္းသီးပိုင္မုန္႔?" အိုးရန္လုံ မ်က္ေမွာင္က်ံဳ႕လိုက္သည္။
"ဒီအခ်ိန္ႀကီး.....ကြၽန္ေတာ္စားခ်င္တာ တကယ္မဟုတ္ရပါဘူး။ ဘာပဲျဖစ္ျဖစ္ ႀကိဳက္ရာ တစ္ခုသာ ဝယ္လာခဲ့။ က်ိန္းေသေပါက္ ဝယ္လာရမွာေနာ္ " ဆုႏို ေသခ်ာေအာင္ ထပ္ေျပာလိုက္သည္။
အိုးရန္လုံ သက္ျပင္းခ်လိုက္ရင္း "ဟုတ္ၿပီ ကိုယ့္ကို ေစာင့္ေန"
"အင္း" ဆုႏို လိမၼာစြာျဖင့္ ဖုန္းကို ခ်လိုက္ၿပီးေနာက္ ဟန္ေဝဆီကို ဖုန္းေခၚလိုက္သည္။အိမ္ေမြးေၾကာင္ေပါက္ေလးကေန ႐ိုင္စိုင္းတဲ့ ေၾကာင္အျဖစ္ တစ္စကၠန္႔အတြင္း ေျပာင္းသြားၿပီး ေဒါသတႀကီး ေျပာလိုက္သည္။
"သူ နာရီဝက္အတြင္း ဘာဗာရီယန္........အဲ့ပိုင္မုန္႔ လာပို႔ေပးဖို႔ သေဘာတူလိုက္ၿပီ" မုန္႔နာမည္က ႐ွည္လြန္းလို႔ သူမွတ္မိဖို႔ ခက္လြန္းတယ္။သူ အရမ္း,အရမ္းကို စိတ္ဓါတ္က်မိတယ္!
"မင္း...."ဟန္ေဝ ေခါင္းကိုက္သြားရသည္။ "အစ္ကိုႀကီး သူ႕ကိုေက်းဇူးတင္စကားေျပာဖို႔ လာရအုံးမလား?"
လုံးဝကို မလိုပါဘူး! အစ္ကိုႀကီးသာ လာရင္ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၿပီး ျပင္သစ္အနမ္းေလး ေပးလို႔ရမွာလဲ!
ဆုႏို ခ်က္ခ်င္းပင္ တားလိုက္ကာ " လာဖို႔ မလိုဘူး!"
"အဲ့တာဆိုလည္း ဟုတ္ၿပီ။သူ႕ကို ေက်းဇူးတင္စကား ေသခ်ာ ေျပာရမယ္ေနာ္ " ဟန္ေဝ သူ႕ကို ေသခ်ာသင္ေပးေနသည္။
"ကြၽန္ေတာ္ သိပါတယ္" ဆုႏို ေလးေလးနက္နက္ေတြးေနကာ....သူ႕ကို ေက်းဇူးတင္စကားေျပာ႐ုံတင္မကဘူး ျပင္သစ္အနမ္းေလး ေပးၿပီး တတ္ႏိုင္သမွ် ေတာင္းပန္ဖို႔ပါ လိုေသးတယ္!
သူ႕ခ်စ္သူနဲ႔ ေတြ႕ရမွာဆိုေတာ့ ၾကည့္ေကာင္းေနဖို႔ လိုေနတာေပါ့။ဒါေၾကာင့္မို႔လို႔ ဆုႏို ဖုန္းခ်လိုက္ၿပီးတာနဲ႔ အ႐ူးတစ္ေယာက္လို ျပင္ဆင္ပါေတာ့၏။မွန္ေ႐ွ႕မွာ ၾကည့္ၿပီး တတြတ္တြတ္ေျပာေနကာ ပ်ားပန္းခတ္ လႈပ္႐ွားေနသည္။
ဆုႏိုေသးေသးေလးရဲ႕ေကာက္ေၾကာင္းက အျဖဴေရာင္အတြင္းခံေဘာင္းဘီေပၚမွာ ဆြဲေဆာင္မႈ႐ွိေနၿပီး အဆင္ေျပ,မေျပၾကည့္ဖို႔အတြက္ သူ႕ရဲ႕ေဆး႐ုံဝတ္စုံကို ဆြဲဖြင့္ၾကည့္လိုက္ေသးသည္။
ျပည့္စုံတယ္!!
ဟန္ေဝရဲ႕ ခြင့္ျပဳခ်က္ေၾကာင့္ အိုးရန္လုံသည္ ေဆး႐ုံခန္းဆီကို လြယ္လြယ္ကူကူပဲ ဝင္လာႏိုင္ခဲ့သည္။ သူ အခန္းတံခါးကို ဖြင့္လိုက္တဲ့ အခ်ိန္မွာပဲ ဆုႏိုက စိတ္ပူပန္မႈေတြကို ခံစားေနရင္း ျပတင္းေပါက္အျပင္ဘက္ျခမ္းကို ၾကည့္ေနတဲ့ပုံမွာ ေအးျမၿပီး မ်က္စိက်ိန္းေလာက္ေအာင္ ေတာက္ပျဖာက်မည့္အခ်ိန္ကို ေစာင့္ေနသည့္ ၾကာပန္းျဖဴေလး တစ္ပြင့္ႏွယ္။
သူက.....သူရဲ႕ မ်က္ႏွာေဘးဘက္,ဒီ႐ႈေထာင့္က အၾကည့္ရေကာင္းဆုံးဟုခံစားမိေသာေၾကာင့္ ဒီပုံစံေလးကို ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ စီစဥ္ထားၿပီး ေဖာ္ျပထားျခင္းျဖစ္သည္။
"ႏိုႏို" အိုးရန္လုံ အိပ္ယာေဘးမွာ ဝင္ထိုင္လိုက္သည္။
ဆုႏို အခုမွ ႐ုတ္တရက္အသိဝင္လာသလို ဟန္ေဆာင္လိုက္သည္။ ၿပီးေတာ့ အရမ္းကိုမွ ႐ိုးသားသည့္အၾကည့္ေလးျဖင့္ သူ႕ကိုေငးေမာၾကည့္လိုက္သည္။
အမွန္တကယ္ကို သူက အေကာင္းဆုံးသ႐ုပ္ေဆာင္ ဝင္စားလာတာပဲ!
သူ စိတ္ဆိုးေနေသာ္လည္း ေဆး႐ုံကုတင္ေပၚမွာ လွဲေနရၿပီး သူ႕ကိုျပန္ၾကည့္လာတဲ့ အၾကည့္ေလးကို ျမင္ေတာ့ အိုးရန္လုံသည္ အဆုံးမွာေတာ့ ဘာတစ္ခြန္းမွ မေျပာရက္ေတာ့ဘူး ျဖစ္သြားသည္။
တကယ္ေတာ့လည္း သူ႕မွာ ေျပာႏိုင္ဖို႔ အခြင့္အေရး မ႐ွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ေနာက္တစ္စကၠန္႔အတြင္းမွာပဲ ဆုႏိုက သူ႕ကို ဆြဲဖက္လိုက္ၿပီးေတာ့ စိတ္အားထက္သန္စြာျဖင့္ သူ႕ကို နမ္းလိုက္လို႔ပဲျဖစ္သည္။ ထို႔ေၾကာင့္ သူလည္းပဲ အနမ္းေတြကို လက္ခံလိုက္ကာ ျမင္ရသူအဖို႔ ေစ့ေစ့ေတာင္ မၾကည့္ရဲေတာ့ေပ။
ျပင္သစ္အနမ္း......ဒီလို အနမ္းမ်ိဳးက ခံစားလို႔ေကာင္းတယ္။
ဆုႏို စိတ္ထဲမွာသက္ျပင္းခ်လိုက္ရင္း သူ႕ရဲ႕လည္ပင္းေတြကို ေပြ႕ဖက္လိုက္ကာ သူ႕လွ်ာဖ်ားေလးကို ဂ႐ုတစိုက္နဲ႔ ဆန္႔ထုတ္လိုက္ၿပီး အိုးရန္လုံရဲ႕ ႏႈတ္ခမ္းေလးကို ယက္လိုက္သည္။ ထိုအျပဳအမူမ်ိဳးက ဆြဲေဆာင္ေနၿပီး လႈံေဆာ္ေပးလိုက္သလို ျဖစ္သြားသည္။
သူ႕အျပဳအမႈက နည္းနည္းေတာ့ ကို႔ယို႔ကားယားႏိုင္ေပမယ့္လည္း ေနာက္ဆက္တြဲေတြကေတာ့ အလြန္ပဲ အလုပ္ျဖစ္သည္။ ထင္ထားတဲ့အတိုင္း အိုးရန္လုံရဲ႕ မ်က္လုံးေတြက မဲေမွာင္သြားၿပီး သူတို႔ရဲ႕အနမ္းေတြက နက္႐ိႈင္းလို႔သြားသည္။
"အင္း...." ဆုႏို အသက္႐ွဴလို႔ မရေတာ့တဲ့အထိ အနမ္းခံလိုက္ရသည္။ သူ႕ရဲ႕ခါးတစ္ခုလုံးက ေပ်ာ့က်သြားၿပီး အသက္႐ွဴၾကပ္လာရသည္။ ထို႔ေၾကာင့္ သူ အိုးရန္လုံကို ခ်က္ခ်င္းပင္ လက္ျဖင့္တြန္းဖယ္လိုက္သည္။
အရာမထင္ဘူးဆိုတာ သိသာတာပဲ။အဲ့ဒီအစား သူရဲ႕ ျငင္းပယ္မႈက ပိုၿပီးေတာ့ေတာင္ အနမ္းေတြကို ပူျပင္းလာေစ၏။သူတို႔ေတြက ပိုပိုၿပီး ပူလာရသည္အထိ နမ္း႐ိႈက္ေနၾကသည္။
တစ္ဖက္မွာလည္း သူ အာ႐ုံစိုက္ေနသင့္တယ္ဆိုေပမယ့္ ဆုႏိုက ဘာလို႔ သူ႕ေခါင္းက်ိန္းေနသလို ခံစားေနရတယ္ဆိုတာကို မသိဘူးျဖစ္ေနသည္။
သူ ႐ုတ္တရက္ႀကီး အာဖရိကစပါးအုံကို မ်ိဳခ်မိသလိုပဲ။သူ လန္႔သြားၿပီး ေနာက္ေက်ာက ေအးစိမ့္သြားရသည္။
"ဘာျဖစ္လို႔လဲ?" အိုးရန္လုံသည္ ဆုႏိုတစ္ေယာက္ အနည္းငယ္တုန္ရီသြားသည္ကို ခံစားမိေသာေၾကာင့္ သူ ေနာက္ဆုံးေတာ့ လႊတ္ေပးလိုက္သည္။
ဆုႏို ေၾကာင္ေနဆဲျဖစ္ကာ အိုးရန္လုံရဲ႕အၾကည့္ေတြကိုျမင္ေတာ့ သူ႕မ်က္လုံးေတြက ၾကည္လင္ေနသည္။
အိုးရန္လုံသည္ အနည္းငယ္ နီရဲေနၿပီးေရာင္ေနသည့္ ထိုႏႈတ္ခမ္းေလးကို ဖြဖြေလးငုံ႔နမ္းလိုက္သည္။
တကယ့္ကို....ႏူးညံ့တတ္တာပဲ!
ဆုႏို ထိုအတိုင္းဆက္သြားကာ သူ႕ရဲ႕ရင္ခြင္ထဲကို အခုမွအိပ္ယာႏိုးလာတဲ့ ေၾကာင္ေပါက္ေလးတစ္ေကာင္လို တိုးေဝွ႔လိုက္သည္။
"ေျခေထာက္ နာေနေသးလား?" အိုးရန္လုံ ေမးလိုက္သည္။
"မနာေတာ့ပါဘူး" ဆုႏိုရဲ႕မ်က္ႏွာက သူ႕ရင္ခြင္ထဲကို အပ္ထားလိုက္ၿပီး ႏွာေခါင္းေလးတ႐ႈံ႕႐ႈံျဖင့္ ေျပာလိုက္သည္။ "ကြၽန္ေတာ္ ဒါ႐ိုက္တာႀကီးကို လြမ္းေနတာ" အိုးရန္လုံ ဘာမွ ျပန္မေျဖလိုက္ေပမယ့္ သူ႕ကို တင္းက်ပ္စြာ ျပန္ဖက္ေပးထားလိုက္သည္။
နံရံေပၚက နာရီက တစ္ဂ်က္ဂ်က္ျမည္ေနသည္။ အခ်ိန္တစ္ခုေလာက္ၾကာေတာ့ ဆုႏို အရင္ဦးဆုံး စေျပာလာသည္။ " ဒါဆိုရင္ ခ်ိဳးက်ီယန္ကိစၥကို....စိတ္မဆိုးေတာ့ဘူးမလား?"
အိုးရန္လုံ ခါးသက္စြာ ျပဳံးလိုက္ၿပီး သူ႕ရဲ႕ပါးေလးကို ဖ်စ္ညစ္လိုက္သည္။သူ႕ရဲ႕ ႏူးညံ့ၿပီး မိႈင္းညိဳ႕ေနတဲ့အၾကည့္ေတြကို ျမင္ေတာ့ ဆုႏိုရဲ႕ႏွာေခါင္းေလးေတြက ႐ႈပ္ပြပြျဖစ္လာၿပီး ခ်က္ခ်င္းပင္ ႏွလုံးသားမဲ့သြားသလို ခံစားလိုက္ရသည္။
"ဘာျဖစ္ခဲ့တာလဲ?" အိုးရန္လုံ ေမးလိုက္သည္။
မွတ္စုစာအုပ္ေလးထဲက ဇာတ္လမ္းက အခုထိတစ္ခုမွ မသုံးရေသးဘူး။ ဆုႏို အျပစ္႐ွိသလို ခံစားလိုက္ရသည္။ သူ အဲ့ဒီဇာတ္လမ္းေလးကို ေျပာျပလိုက္ရင္ သူ ဘယ္လို ျဖစ္သြားမလဲ?အရင္ဆုံး သူ႕အခ်စ္ေလးကို လိမ္ဖို႔အတြက္ ခ်ိဳးက်ီယန္ဆိုတဲ့ နာမည္ကို အရင္ဦးဆုံး စေျပာရမယ္။
ရလဒ္အေနနဲ႔ သူ ခ်ိဳးက်ီယန္ကို တကယ္ေတြ႕ခဲ့တယ္ ဘာဘာညာညာပါ့။အဲ့လိုေတြ႕တာမ်ိဳးက အရမ္းကိုလွ်ိဳ႕ဝွက္ၿပီး မိုက္မဲပါတယ္ေပါ့။ က်န္တဲ့ အေသးစိတ္ေလးေတြကိုေတာ့ ဘယ္ေျပာပါ့မလဲ။ သူနဲ႔ခ်ိဳးက်ီယန္က consciousness အမ်ိးအစား ႐ုပ္႐ွင္မွာ အတူတူသ႐ုပ္ေဆာင္ရမယ့္အေၾကာင္း၊ သူ႕ရဲ႕ဒ႐ိုင္ဘာျဖစ္တဲ့ ထန္ေ႐ွာင္းယြီကို အစ္ကိုႀကီးက ျပန္ေပးဆြဲလိုက္တဲ့အေၾကာင္း၊ ၿပီးေတာ့ သူ႕အစ္ကိုႀကီးက မာဖီးယားဂိုဏ္းထဲက ဆိုတဲ့အေၾကာင္းေတြကိုေတာ့ ခ်န္လွပ္ထားရတာေပါ့!
ေယာက်္ားစစ္ေတြက ေ႐ြးခ်ယ္ေျပာတတ္ဖို႔ သင္ယူထားရမယ္!
"..........."
ဒီလိုထူးဆန္းတဲ့အေၾကာင္းျပခ်က္ေၾကာင့္နဲ႔ သူ႕ကိုဘယ္လိုအျပစ္တင္ရပါ့မလဲ?ဇာတ္လမ္းတစ္ခုလုံးၾကားၿပီးေနာက္ အိုးရန္လုံ ရယ္ရမည္လား၊ ငိုရမည္လားမသိေတာ့ေပ။ ဒီဇာတ္လမ္းတစ္ခုလုံးကသာ အျခားသူတစ္ေယာက္ရဲ႕ ပါးစပ္ထဲမွထြက္လာလွ်င္ အဲ့လူက စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့ေနတယ္လို႔ သူထင္ေကာင္းထင္မိလိမ့္မယ္။ ဒါေပမယ့္ ဒီအ႐ူးေလးဆီက ထြက္လာတာဆိုရင္ေတာ့.....ေမွ်ာ္လင့္ထားတဲ့အတိုင္း အံ့ၾသမိရတာပါပဲ!
"စိတ္မဆိုးပါနဲ႔၊ အနာဂတ္မွာ ကြၽန္ေတာ္ ထပ္မလိမ္ေတာ့ဘူး" ဆုႏို ႏူးညံ့ၿပီး ေလသံတိုးတိုးေလးျဖင့္ေတာင္းပန္လိုက္သည္။
အိုးရန္လုံ သူ႕နဖူးေလးကိုနမ္းလိုက္ၿပီး “အင္း....မင္းေနေကာင္းေအာင္ ေန,ေနသမွ် ကိုယ္မင္းကိုစိတ္မဆိုးဘူး”
အႏၲရာယ္႐ွိတဲ့ အပိုင္းကေတာ့ ၿပီးသြားၿပီေပါ့!
ဆုႏို သူ႕ရဲ႕ ေမး႐ိုးေလးကို နမ္းလိုက္ကာ ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ စုပ္လိုက္ဖို႔ေတာင္ႀကိဳးစားေနသည္။
သူက တကယ့္ကို ဗိုက္မည္း*ေလးတစ္ေယာက္ပဲ!
"ဘယ္ေန႔ ေဆး႐ုံက ဆင္းလို႔ရၿပီေျပာလဲ?" အိုးရန္လုံေမးလိုက္သည္။
"ေနာက္တစ္ပတ္" ဆုႏို အနည္းငယ္ စိုးရိမ္မိ၏။ ဘာလို႔လဲဆိုေတာ့ သူ႕အစ္ကိုႀကီးက သူနဲ႔အတူတူ အိမ္မွာလိုက္ေနေစခ်င္ေနတာေၾကာင့္ပဲ။
အစ္ကိုႀကီးရဲ႕အိမ္မွာ မရီးခ်က္ေပးတဲ့ အရသာ႐ွိတဲ့စြပ္ျပဳတ္ေတြ႐ွိတယ္ဆိုေပမယ့္လည္း သူလိုက္သြားလိုက္ရင္ သူ႕ရဲ႕လူႀကီးနဲ႔ ေနလို႔မရေတာ့ဘူး!
ငါ့ရဲ႕လူႀကီးက အရမ္းကို ႏူးညံ့ၾကင္နာတယ္။ ေထာက္ထားညႇာတာတတ္တယ္။ ခန္႔ညားတယ္။ ေအာင္ျမင္တဲ့လူတစ္ေယာက္လည္း ျဖစ္ေသးတယ္။ စိတ္႐ွည္တတ္တယ္။ စာနာတတ္တယ္။ သူ႕ကို ခ်ဥ္းကပ္ခ်င္တဲ့ သူေတြက အမ်ားႀကီးပဲ!
သူက သူနဲ႔ အတူတူနီးနီးကပ္ကပ္႐ွိမေနလို႔ ဆြဲေဆာင္မႈ႐ွိတဲ့ ေျမေခြးမိစၧာမေတြရဲ႕ ဖမ္းစားတာကို ခံလိုက္ရရင္ ဘယ္လိုလုပ္မလဲ?
အိမ္လြတ္ႀကီးထဲမွာ တစ္ေယာက္ထဲေန,ေနၿပီး ညတိုင္း ငိုေနရမယ့္ပုံကို ေတြးၾကည့္႐ုံနဲ႔တင္ ဝမ္းနည္းစရာေကာင္းလြန္းတယ္!
ဒီအခ်က္ကို စဥ္းစားမိတာနဲ႔,ဆုႏို ခ်က္ခ်င္းပင္ ေျပာလိုက္သည္။ " ကြၽန္ေတာ္ ေဆး႐ုံက ဆင္းတာနဲ႔ ဒါ႐ိုက္တာႀကီးအိမ္မွာ လာေနမယ္"
"ကိုယ့္အိမ္မွာ လာေနမယ္ ?" အိုးရန္လုံ အံ့ၾသသြားရသည္။
"အင္း!" ဆုႏို သူတစ္ေယာက္တည္း ေနခြင့္ျပဳဖို႔အတြက္ သူ႕အစ္ကိုႀကီးကို ေျဖာင့္ျဖရမယ္လို႔ ေတြးထားလိုက္ၿပီ။အဲ့ဒါမွ သူနဲ႔အတူတူေနဖို႔ လစ္ထြက္လာလို႔ရမွာ!
နည္းလမ္းေတြအမ်ားႀကီးထဲကမွ တစ္နည္းနည္းနဲ႔ေတာ့ ေအာင္ျမင္ေအာင္ လုပ္ႏိုင္မွာပဲ!
တကယ္လို႔ ေျဖာင့္ျဖဖို႔ မလုပ္ႏိုင္ခဲ့ရင္ သူ အရင္ဦးဆုံး ငိုခ်လိုက္မယ္။ ၿပီးရင္ အခက္ေတြ႕ေရာက္ေအာင္လုပ္ၿပီး သူ႕အသက္နဲ႔ၿခိမ္းေျခာက္လိုက္မယ္။
ဆုႏိုႏိုလိုမ်ိဳး ထိုင္ခုံေပၚမွာ မတ္တပ္ရပ္ၿပီး ငိုယိုမယ္။
ေကာင္းကင္ကိုၾကည့္ၿပီး 'ဒီလူငယ္က ကြၽန္ေတာ္႕ကိုထပ္ၿပီး တြန္းအားေပးရင္,ကြၽန္ေတာ္ ေသႏိုင္တယ္ ' ဆိုၿပီး လုပ္လိုက္မယ္။
သူ႕အစ္ကိုႀကီးရဲ႕ စိတ္ႏွလုံးသားက ႏူးညံ့သြားမွာေသခ်ာတယ္!
"ေသခ်ာရဲ႕လား?" မစၥတာဒါ႐ိုက္တာသည္ လမ္းမေပၚမွာ လမ္းေလွ်ာက္ေနရင္းနဲ႔ ငါးမီလီယမ္ကို ေကာက္ရလိုက္သလိုမ်ိဳး သူ မယုံၾကည္ႏိုင္ဘူး ျဖစ္ေနသည္။
သူေသခ်ာပါတယ္ဆို! လူတစ္ေယာက္က ဘာလို႔ဒီေလာက္ထပ္ခါထပ္ခါေမးေနရတာလဲ?မ႐ိုးမသားနဲ႔ ေမးေနတယ္!
ဆုႏိုေလးက လုံးဝကိုမေက်နပ္ေတာ့တာေၾကာင့္ သူ႕လက္ကို ဆြဲယူလိုက္ၿပီး အားပါပါနဲ႔ကိုက္ခ်လိုက္သည္။
ေယာက်္ားစစ္ေတြ တိုက္႐ိုက္ၾကည့္ဖို႔မဝံ့ရဲေလာက္ေအာင္ အရမ္းကို ေယာက်္ားဆန္ဆန္ပဲ!
အိုးရန္လုံ ရယ္ခ်င္သြားၿပီး သူ႕ရဲ႕ကိုယ္ကို ေၾကာင္ေလးတစ္ေကာင္လို ကုပ္တြယ္ၿပီး ကိုက္လိုက္,ယက္လိုက္ လုပ္ေနကာ သူ႕မ်က္ႏွာေပၚမွာေရာ ႏႈတ္ခမ္းမွာပါ သူ႕သြားရာေတြ ခ်န္ေနတာကို ခြင့္ျပဳထားလိုက္သည္။
ဆုႏို ေတြးလိုက္မိသည္။ အရမ္းကို အရသာ႐ွိတယ္!
"ကိုယ္ ဒီည ဒီမွာ မင္းနဲ႔အတူတူ အခ်ိန္ျဖဳန္းခ်င္တယ္?"အိုးရန္လုံ ခြင့္ေတာင္းလိုက္သည္။
ဒါ ေကာင္းသားပဲ!ဒါေပမယ့္ သူ႕အစ္ကိုႀကီး ေတြ႕သြားခဲ့ရင္!
ဆုႏို တုံ႔ဆိုင္းသြားရသည္။ သူ လုံးဝ မေၾကာက္ပါဘူး။သူ႕အစ္ကိုႀကီးက သူ႕အတြက္ေတာ့ ေၾကာက္စရာမွ မဟုတ္တာ။ဒါေပမယ့္ တျခားသူေ႐ွ႕မွာဆိုရင္ သူ႕အစ္ကိုႀကီးက အရမ္းကို ေၾကာက္စရာေကာင္းလြန္းတယ္၊အရမ္း,အရမ္းကိုလည္း ၾကမ္းတမ္းေသး!
"စိတ္ပူမေနပါနဲ႔။ ကိုယ္ ေလွ်ာက္ေျပာေနတာပါ" သူအခက္ေတြ႕ေနတာကိုျမင္ေတာ့ အိုးရန္လုံ ဖိအားမေပးရက္ေတာ့ေပ။ " ကိုယ္ခဏေနရင္ ျပန္မွာပါ”
"အင္း" ဆုႏို စိတ္ထဲမွာ ဝမ္းနည္းသြားရသည္။
သူက အရမ္းကို ဂ႐ုစိုက္ေပးတတ္လြန္းလို႔ သူဘာျပန္ေျပာရမလဲ မသိေတာ့ဘူး။
ခ်စ္သူႏွစ္ေယာက္ရဲ႕ ခ်ိဳၿမိန္တဲ့ အခ်ိန္ေတြက တအားကို တိုေတာင္လြန္းပါ၏။ႏွစ္နာရီက ခပ္ျမန္ျမန္ပဲကုန္ဆုံးသြားေတာ့သည္။
ဆုႏို ဝမ္းနည္းစြာျဖင့္ သူ႕လက္ကို ဆြဲယူထားလိုက္ရင္း
"ကားေမာင္းရင္ ဂ႐ုစိုက္ေနာ္။အိမ္ျပန္ေရာက္ရင္လည္း ကြၽန္ေတာ္ဆီ စာပို႔လိုက္အုံးေနာ္ "
"ေနျမန္ျမန္ေကာင္းပါေစ" အိုးရန္လုံ သူ႕ပါးေလးကို နမ္းလိုက္ၿပီး " အခ်စ္ေလးလည္း.....ေကာင္းေကာင္း အနားယူရမယ္ေနာ္"
ဆုႏို ေခါင္းညိတ္ျပလိုက္ရင္း သူ ေဆး႐ုံအခန္းထဲက ထြက္သြားတာကို ေငးၾကည့္ေနရင္း သူ မခြဲခြာခ်င္ေပ။သူ သက္ျပင္းခ်လိုက္ၿပီး ခံစားခ်က္ေတြျဖင့္ ျပည့္ႏွက္ေနေတာ့သည္။ သူ႕ရဲ႕ ဆြဲေဆာင္မႈ႐ွိတဲ့ အတြင္းခံေလးကိုေတာင္ မျပလိုက္ရဘူး။ ဆုႏိုေသးေသးေလး* ကလည္း ဟာတာတာျဖစ္သြားရသည္။
ေနာက္ နာရီဝက္ေလာက္ ၾကာေတာ့ ဟန္ေဝ တံခါးကိုဖြင့္လိုက္ၿပီး အခန္းထဲကို ဝင္လာခဲ့သည္။
"ႏိုႏို"
"အမ္.....အစ္ကိုႀကီးက ဘယ္လိုလုပ္ၿပီး ဒီကို ေရာက္လာရတာလဲ?" ဆုႏို စိတ္႐ႈပ္သြားရသည္။
"အစ္ကိုႀကီး ကိစၥေလးေတြၿပီးတာနဲ႔ တစ္ခ်က္ေလာက္ ၾကည့္ဖို႔ လာလိုက္တာ " ဟန္ေဝ အိပ္ယာေဘးမွာ ဝင္ထိုင္လိုက္သည္။
"ဘာလို႔ အခုထိ မအိပ္ေသးတာလဲ?"
"ကြၽန္ေတာ္ စာဖတ္ေနလို႔" ဆုႏိုေလးက လိမ္လိုက္ျပန္ၿပီ။ အမွန္ေတာ့ သူ ေဆး႐ုံဆင္းၿပီးတာနဲ႔ သူ႕ခ်စ္သူနဲ႔ ခ်ိန္ၿမိန္တဲ့ဘဝေလးမွာ အတူတူေနမယ့္ပုံရိပ္ေလးေတြကို အ႐ူးတစ္ေယာက္လို စိတ္ကူးယဥ္ေနတာပဲ ျဖစ္သည္။
သူ အ႐ြယ္ေရာက္လာလို႔ သူ႕ဘာသာသူ ရပ္တည္လို႔ရေနၿပီ။အတူတူအ႐ြယ္ေရာက္လာတဲ့ ညီအစ္ကိုေတြဆိုတာ ဒီလိုပဲလား!
"ေစာေစာ အနားယူေတာ့" ဟန္ေဝ ေခါင္းအုံးကို သက္ေတာင့္သက္သာ႐ွိေအာင္ ျပန္ျဖန္႔ေပးလိုက္ရင္းနဲ႔ အိပ္ယာေဘးမွာ တင္ထားတဲ့ အခ်ိဳဘူးေလးကို မ်က္စိေထာင့္ကေန ေတြ႕လိုက္ရသည္။ " အဲဒါ ဘာဗာရီယန္ ဘာဆိုတဲ့ ပိုင္မုန္႔လား?"
"............"
ဆုႏို ခ်က္ခ်င္းပင္ စိတ္လႈပ္႐ွားသြားကာ,
"အစ္ကိုႀကီး စားလို႔မရဘူး!"
"အစ္ကိုႀကီးက ဒီလိုပဲ ေမးလိုက္တာပါ။ဘာေတြ အဲ့ေလာက္ႀကီး စိတ္လႈပ္႐ွားေနရတာလဲ?" ဟန္ေဝ ရယ္ရမွာလားငိုရမွာလားမသိေတာ့ေပ။
အရမ္းကို တြန္႔တိုတတ္တာပဲ!
ဘာလို႔လဲဆိုေတာ့ အထဲမွာ ဘာပါမွန္းေတာ့ သူမသိဘူး!သူ႕ကိုယ္သူ ထုတ္ေဖာ္မိလိုက္ဖို႔ အရမ္းကို လြယ္ကူတာပဲ!ဆုႏို သူ႕စိတ္ထဲမွာ ေအာ္ဟစ္ေနေတာ့သည္။
"အစ္ကိုႀကီး မစားပါဘူး။ မနက္ျဖန္မနက္စာအတြက္ စားရေအာင္ ခ်န္ထားေပးမယ္"
ဟန္ေဝ သူ႕ႏွာေခါင္းေလးကို ညစ္လိုက္ၿပီး
"အိပ္ေတာ့။ ေဒါသႀကီးတဲ့ ေၾကာက္ေပါက္ေလး"
ဆုႏို နာခံမႈ႐ွိစြာျဖင့္ "အစ္ကိုႀကီးလည္း အိမ္ကို ျမန္ျမန္ျပန္ေတာ့။မရီးကို ေနာက္က်တဲ့အထိ မေစာင့္ခိုင္းနဲ႔"
ၿပီးေတာ့ အစ္ကိုႀကီးက ဒီမွာ ရပ္ေနေတာ့ ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး စာပို႔ရဲေတာ့မွာလဲ! အခုတင္ပဲ သူ႕ဖုန္းက သိသိသာသာပဲ တုန္ခါသြားၿပီ။
တကယ့္ကို စိတ္႐ႈပ္စရာေကာင္းတာပဲ!