แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแ‰ {U}

2.8K 561 57
By Hot_Tofu1

ON SEP 14, 2021 BY HOT_TOFU

Chapter 19, Arc 2: ထပ်ခိုးထဲမှချစ်သူ

နောက်တစ်နေ့မနက်ခင်း
ရောက်သည့်အခါယောင်းယီ
အစောကြီးနိုးလာခဲ့သည်။

သူနိုးသည်နှင့်ပထမဆုံး
လုပ်ဆောင်သည့်အရာမှာ
အင်တာနက်စွဲနေသည့်
အခြားသောဆယ်ကျော်သက်
လေးများလိုဂိမ်းဆော့ကစားရန်
ကွန်ပျုတာကိုဖွင့်လိုက်ခြင်း
ဖြစ်သည်။

မတတ်နိုင်ပေ။သူသည်
အနှစ်၂၀ကျော်ကြာဆင်းရဲ
မွဲတေခဲ့သည့်အပြင်ယခုလို
ခေတ်ပေါ်ပစ္စည်းများဖြစ်သည့်
laptops အစရှိသောပစ္စည်း
များကိုလုံးဝမကိုင်ခဲ့ရဘူးပေ။

ယခုပစ္စည်းအသစ်သည်
သိပ်မကြာသေးခင်
နှစ်လောက်ကမှနိုင်ငံခြား
တွင်အသစ်ထွက်ခဲ့သည့်
ပစ္စည်းဟုသူကြားသိခဲ့ရသည်။
ယခု laptop သည် တရုတ်နိုင်ငံ
တွင်အလွန်ရှားပါးပစ္စည်းဖြစ်ပြီး
လူကုံထံအသိုင်းကလူအချို့
လောက်သာဝယ်ယူဖို့ရန်
တတ်နိုင်သည်။

ယောင်းယီအလွန်ရိုသေ
ကိုင်းရှိုင်းစွာဖြင့် laptop ၏
ချောမွတ်နေသောမျက်နှာပြင်အား
နူးညံ့ကြင်နာစွာပွတ်သတ်၍
ချောင်ကျကာမှောင်မဲနေသော
အင်တာနက်ကဖေးများတွင်
လေ့ကျင့်ခဲ့သည့်ကျွမ်းကျင်မှု
စကေးများဖြင့်ဂိမ်းအသစ်နောက်
ထပ်တစ်ခုကိုထပ်ဆော့တော့သည်။
အားပါးရပျော်ရွှင်စွာဖြင့်ဂိမ်းကို
ဆော့ရင်းသူ၏မျက်လုံးများ
သည်ပင်ပျော်ရွှင်မှုကြောင့်
ကွေးတက်နေလေသည်။

"နင့်ကိုနင်ဘာထင်နေလဲ! အရင်တုန်းက
နင်ကဒီတိုင်းဆင်းရဲမွဲတေနေတဲ့ရှေ့နေ့
တစ်ကောင်သာသာဘဲမဟုတ်ဘူးလား?!
ငါ့မိသားစုရဲ့ထောက်ပံ့မှုကြောင့်သာ
မဟုတ်ရင်နင့်မိသားစုကအကြွေးမဆပ်
နိုင်လို့ခြွတ်ခြုံကျနေလောက်ပြီ!"

ရုတ်တရပ်အလွန်ပြင်းထန်သည့်
အငြင်းပွားသံများသည်
အောက်ထပ်မှတဆင့်အလွှာများကို
ဖြတ်ကျော်ကာထပ်ခိုးထပ်အထိ
တောင်ကြားနေရသည်။ထို့နောက်
ရုတ်ခနည်းရပ်တန့်သွားတော့သည်။

ကျန်းချိုင်၏အသံသည်စူးစူးဝါးဝါး
ကျယ်ကျယ်လောင်လောင်ဖြစ်နေ
သည်မှာမနေ့တုန်းကယောင်းယီကို
စကားပြောစဉ်အခါကသုံးနှုန်းခဲ့သော
နူးညံ့ကာချိုသာသည့်အသံနှင့်ပြဒါး
တစ်လမ်းသံတစ်လမ်းဖြစ်လို့နေသည်။

ထိုချမ်းသာသည့်အမျိုးသမီး၏အသံ
ကိုကြားရသည့်အခါ၊ယောင်းယီသည်
မနေနိုင်စွာဘဲသူလုပ်ဆောင်နေသည့်
အရာကိုရပ်ကာနားထောင်ရန်နားကို
စွင့်လိုက်တော့သည်။

"ငါမင်းနဲ့အငြင်းမပွားချင်ဘူး။မင်းမှာ
လုပ်ဆောင်ဖို့အတွက်အချိန်နှစ်ရက်
ကျန်သေးတယ်။ကျေးဇူးပြုပြီး
မင်းရဲ့သက်ဆိုင်ရာပစ္စည်းတွေကို
တတ်နိုင်သမျှအမြန်ဆုံးထုပ်ပိုးပေးပါ
မဟုတ်ရင်ငါမင်းပစ္စည်းအကုန်လုံးကို
လွှတ်ပစ်ရလိမ့်မယ်"

ထို့နောက်အေးစက်စက်အမျိုးသား
အသံသည်ချက်ချင်းကိုထွက်ပေါ်
လာခဲ့သည်။ရွံရှာစက်ဆုပ်မှုနှင့်
စာနာစိတ်ကင်းမဲ့နေသည့်
ခံစားချက်များပါဝင်သောအသံသည်
ထိုလူသည်လူတိုင်းလိုလိုကို
သူ့ထက်နိမ့်ကျသည့်သတ္တဝါများ
ဖြစ်သည်ဟုစဉ်းစားမည့်လူစားမျိုး
ဖြစ်သည့်ခံစားချက်မျိုး
ပေးစွမ်းနေသည်။

ထိုလူသည်ယခုစံအိမ်ပိုင်ရှင်ကြီး
ဖြစ်သည်။

ထိုအသံကိုမှတ်မိသွားသည့်ယောင်းယီ
သည်တစ်ခဏတာတုန့်ဆိုင်းသွားပြီး
သူ၏ကိုယ်ပိုင်မှတ်ဉာဏ်များကိုပင်
သံသယဝင်လာတော့သည်။

သူ၏ထင်မြင်ချက်အရကော်ဖီဆိုင်
ကိုလာနေကြထို customer သည်
အလွန်အလွန်ကြင်နာတတ်သည့်
လူစားဖြစ်သည်။

သူအဖျော်ဆရာလုပ်တုန်းက
ဆိုရင်လည်းထိုလူသည်သူ့
အပေါ်အမြဲလိုလိုထောက်ထား
ညှာတာလေ့ရှိသည့်အပြင်
ပြုမူသောအပြုအမူများသည်
လည်းသေချာပေါက်ကို
လူကြီးလူကောင်းများသာ
ပြုမူသည့်အမူအရာများဖြစ်သည်။

ယခုလိုမမျှော်လင့်စွာဘဲအိန္ဒြေ
သိက္ခာနှင့်ပြီးပြည့်စုံကာအတွေး
အခေါ်မြင့်မားသောထို customer
၏မတူညီသည့်အခြမ်းကိုမြင်တွေ့
လိုက်ရသည့်အခါတစ်ချိန်တည်း
မှာဘဲသူ၏ဂုဏ်သိက္ခာနှင့်
ပတ်သတ်၍အရှက်ရမိသလို
မတိုင်းမတာနိုင်လောက်သည့်
အထိမနာလိုလည်းဖြစ်လာ
မိသည်။

အဆုံးမှာတော့သူ့ဆီတွင်သာမန်
ကောလိပ်ကျောင်းမှရိုးရိုးဘွဲ့လေး
တစ်ခုသာရှိပြီးနေ့စဉ်အသက်ရှင်
ရပ်တည်နေထိုင်ရေးအတွက်
ရိုးစင်းသောကိုယ်ကာယလုပ်အား
ကိုအသုံးပြုရသည့်အလုပ်အချို့တွင်
ဝင်ရောက်လုပ်ကိုင်နေရသည့်လူ
ဖြစ်သည်။အရိုးရှင်းဆုံးပြောရမည်
ဆိုပါကသူသည်အလုပ်ရှိရုံမှလွဲလျှင်
အခြားသောလမ်းဘေးကောင်လေးများ
နှင့်ဘာမှမကွာခြားပေ။သူသည်ယခုလို
ကျက်သရေသိက္ခာနှင့်ပြီးပြည့်စုံသည့်
အပြုအမူများဖြင့်နေထိုင်ကြီးပျင်းခဲ့
ရသည့်လူချမ်းသာများနှင့်လည်းတစ်ခါမှ
ထိတွေ့မဆက်ဆံခဲ့ဖူးပေ။

သူတို့ကြားမှကွာဟမှုသည်မိုးကောင်းကင်
တမျှကျယ်ပြန့်ကြီးမားကာနီးကပ်ဖို့ရန်ပင်
ဒီတစ်သက်ဖြစ်မလာနိုင်ပေ။

သို့သော်လည်းထိုအမျိုးသားပေါ်
တွင်ထားရှိသည့်သူ၏ထင်မြင်ချက်
သည်အတော်လေးကောင်းမွန်ခဲ့
ကြောင်းမငြင်းဆိုနိုင်ပေ။ထို့အပြင်
အကယ်၍သာဖြစ်နိုင်ပါကထိုလူနှင့်
တကယ်သိကျွမ်းကာသူငယ်ချင်း
ဖြစ်ရန်တောင်မျှော်လင့်မိသေးသည်။

ဤသို့ဖြင့်ထိုလူနှင့်တွေ့ရုံရှိသေး
သောကာလမှာတင်ကော်ဖီဆိုင်မှ
အလုပ်ဖြုတ်ခံလိုက်ရလေသည်။
ထို့အချိန်မှစ၍ထိုလူနှင့်တစ်ခါမှ
ပြန်မတွေ့ရတော့ပေ။

အလုပ်မျိုးစုံပြောင်းလဲခုန်ကူးပြီး
ချိန်မှာတော့ရေပိုက်ပြင်သမားအဖြစ်
လုပ်ကိုင်ကာအသက်မွေးဝမ်းကြောင်း
လုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ရန်အတွက်
တရားဝင်လက်မှတ်ဖြေဆိုရန်လေ့ကျင့်
ရင်းမနည်းရုန်းကန်နေထိုင်ခဲ့ရသည်။

သူအနေဖြင့်ဒေါသလုံးဝမရှိပုံရသည့်
ယခုလူကုံထံအမျိုးသားဆီတွင်လည်း
ယခုလိုဒေါသထွက်တတ်သည့်အချိန်
မျိုးရှိလာမည်ဟုတစ်ခါမှမမျှော်လင့်
ခဲ့ဖူးပေ၊အာ။

ထိုလူ၏အသံသည်သေချာပေါက်
ကိုဒေါသများပါဝင်နေသည့်အပြင်
အသံအနေအထား၏အေးစက်မှု
သည်ရေခဲတုံးဖြစ်သွားစေဖို့ရန်
တောင်လုံလောက်သည်။

ယောင်းယီထိုခဏ၌အလျင်အမြန်
သက်ပြင်းချလိုက်ပြီးမှကုတင်ပေါ်
သို့တပ်ပြန်ဆုတ်ကာကြက်သဖွယ်
တိတ်ဆိတ်နေတော့သည်။သူအနေ
ဖြင့်ကွန်ပျုတာဂိမ်းတောင်မဆော့ရဲ
တော့ပေ။

သူဘယ်လိုများဆက်
ကစားနေနိုင်မလဲ?

ထပ်ခိုးအောက်ထပ်တွင်လူတွေ
ရန်ဖြစ်နေကြလေသည်။
သူ၏ဂုဏ်သိက္ခာသည်လုံးဝ
အပြစ်မရှိသလိုတွေးကာကိုယ်
နှင့်မဆိုင်သလိုမျိုးနေနိုင်သည်
အထိတော့မနှိမ့်ကျသေးပေ။

ယောင်းယီသည်ယခုလိုသဘော
ကောင်းသည့်ထို customer ၏
ထင်မြင်ချက်များကိုဖျက်ဆီးမိ
ခဲ့သည်ဟုခံစားနေရသည်။

ထိုလူနှင့်ထိုချမ်းသာသည့်အမျိုးသမီး
သည်အစောကြီးကတည်းကကွာရှင်း
ပြီးသားလူများဖြစ်ပါသော်လည်း
ထိုလူမသိရှိပါဘဲနှင့်ထပ်ခိုးအတွင်း
တွင်နေနေခြင်းသည်သူ့အတွက်တော့
အရှက်မရှိသလိုဖြစ်နေဆဲဖြစ်သည်။

သို့သော်သူအတွက်တော့
တွယ်မိတွယ်ရာဖြစ်သည်။

မိဘမဲ့တစ်ယောက်ဖြစ်သွားသည့်
အလျောက်သူ၏ဘဝသည်
ဘယ်သူမှအားကိုးစရာမရှိသည့်
လီဟမြို့ဆီသို့တစ်ကောင်တည်း
ရွက်လွင့်လာခဲ့ရတာဖြစ်သည်။
အိမ်ဌားခများသည်မိုးထိအောင်
ခေါင်ခိုက်ကာလုပ်အားခသည်
ငရဲထိအောင်နည်းပါးနေခဲ့သည်။
သူအနေဖြင့်အိမ်လခမှန်မှန်ပေးနိုင်
အောင်အလွန်ကြိုးစားနေခဲ့ရတာ
ဖြစ်ပြီးရက်တော်တော်များတွင်
သူသည်ထမင်းစားဖို့ရန်တောင်
နပ်မမှန်ပေ။

ပြောရမည်ဆိုပါကထိုကြွယ်ဝချမ်းသာ
သည့်အမျိုးသမီးကျန်းချိုင်ကသာသူ့
ကိုထောက်ပံ့ပေးရန်မကမ်းလှမ်းလာ
ပါကသူသည်အစောကြီးကတည်းက
ရွာပြန်ရန်စီစဉ်နေပြီးသားဖြစ်သည်။
အနည်းဆုံးတော့ရွာတွင်နေစရာ
အိမ်တော့ကျန်နေသေးသည်။

ယောင်းယီသည်သူ၏ဘယ်ဘယ်
လက်ညိုးကိုကွေးကာကိုက်ရင်း
သူ၏မျက်နှာမှာအိုဇာသွားတော့
သည်။

သူသည်လုံးဝကိုအသိတရားမရှိ
သည့်လူတစ်ယောက်တော့
မဟုတ်ပေ။ပြောရမည်ဆိုပါက
သူသည်အခြားသောလူများလို
နည်းနည်းလေးတစ်ကိုယ်ကောင်း
ပိုဆန်မိသွားခြင်းဖြစ်သည်။
သူအနေဖြင့်တစ်စုံတစ်ခုကို
အမှားပြုလုပ်မိခဲ့ပြီဆိုတာကို
သိနေသည်နှင့်အမျှထိုခံစားချက်
သည်ယခုအခါသူ့အားနှိပ်စက်
နေလေပြီ။

အိုင်း၊ယခုချမ်းသာသည့်အမျိုးသမီး
ကိုနောက်တစ်ကြိမ်ထပ်တွေ့သည်
နှင့်ငွေတွေအကုန်လုံးကိုပြန်အပ်ကာ
လမ်းခွဲလိုက်တာကအကောင်းဆုံးပါဘဲ။
သူအနေနဲ့ရွာကိုမြန်မြန်ပြန်သွားတာဘဲ
ကောင်းပါတယ်လေ။

ထိုကဲ့သို့တွေးပြီးသည်နှင့်ယောင်းယီ
ကုတင်အောက်ရှိသူ၏ငွေသေတ္တာဗူး
ကိုထိတွေ့လိုက်ပြီးနောက်စိတ်ဓာတ်
ကျသွားတော့သည်။
သူ့ဘဝတစ်လျှောက်လုံးယခုလို
ယွမ်နှစ်သောင်းလောက်နီးပါး
များပြားသည့်ငွေများကိုတစ်ခါမှ
မစုဆောင်းခဲ့ဖူးပေ။

ကဲ၊ထားလိုက်ပါတော့လေ။
သူ့ဆီတွင်ပိုက်ဆံဆိုသည့်
အရာမှာလိုအပ်နေဆဲဖြစ်သည်။
ထို့ကြောင့်သူ့ဂုဏ်သိက္ခာကို
ခဏလောက်ဘေးဖယ်ထားလို့
ရပါတယ်သေးတယ်၊အာ။

ယောင်းယီသည်သူ၏အစောပိုင်း
အတွေးများကိုပြန်လည်သိမ်းဆည်း
ကာလေးလွှာတွင်အပြန်အလှန်
အငြင်းပွားနေကြသည့်အသံများကို
နားထောင်လိုက်တော့သည်။
ထို့နောက်စိတ်မကောင်းဖြစ်စွာဖြင့်
သူ၏မျက်လုံးများကိုစုံလုံးပိတ်ရင်း
ဌက်မွှေးဖြင့်ပြုလုပ်ထားသည့်စောင်
အောက်သို့ခေါင်းမူးခြုံဝင်ကွေးကာ
နားမကြားသလိုဟန်ဆောင်နေခဲ့သည်။

သူမကြားနိုင်ဘူး၊မကြားမရဘူး။
သူဘာကိုမှမကြားရဘူး။
မကြားဘူး။

ထိုကဲ့သို့သူ့ကိုယ်သူအိပ်မွေ့ချရင်း
သိပ်မကြာမှာတင်ယောင်းယီတစ်ယောက်
တကယ်ကိုအိပ်ပျော်သွားတော့သည်။
အောက်ထပ်တွင်ကျယ်လောင်စွာ
ရန်ဖြစ်နေသည့်အသံများပင်သူ့ကို
မနိုးနိုင်တော့ပေ။

ယခုလိုအချိန်တွင်ထပ်ခိုး
အောက်ထပ်၌ထိုနှစ်ဦးသည်
အစောကြီးကတည်းက
ကိုယ်ထိလက်ရောက်ရန်ဖြစ်
နေကြပြီဖြစ်သည်။

ယွင်းယူသည်အသေးအဖွဲ့ကိစ္စ
လေးများအတွက်ရန်စကား
ပြောရန်စိတ်ကူးလုံးဝမရှိပေ။
ထို့ကြောင့်မျက်နှာသေဖြင့်
သူ့ကိုဒေါသကြောင့်ဆုပ်ကိုင်ရန်
ကြိုးစားလာသည့်ကျန်းချိုင်၏
လက်များကိုဖယ်ရှောင်ကာ
သူ၏မျက်လုံးများသည်
စက်ဆုပ်ရွံရှာမှုများဖြင့်
နက်ရှိုင်းသွားတော့သည်။

"မင်းရဲ့မမှန်မကန်တဲ့အတွေးအခေါ်
တွေကိုရပ်တန်းကနေရပ်လိုက်ဖို့
ငါအကြံပေးချင်တယ်...တကယ်လို့
မင်းသာမင်းမိသားစုဒေဝါလီခံလိုက်
ရတဲ့သတင်းကိုမကြားချင်ဘူး
ဆိုရင်ပေါ့"

ကျန်းချိုင်၏မျက်လုံးများသည်
အလွန်ခါးသီးသည့်မကျေမချမ်း
နိုင်မှုများကိုဆုပ်ကိုင်ရင်းကျယ်
လောင်စွာကြိမ်းမောင်းပြောဆို
လိုက်သည်။

"ကိုယ့်ဘာကိုယ်တောင်မရပ်တည်
နိုင်သေးတဲ့ ဒီကျေးဇူးမသိတတ်တဲ့
မိမစစ်ဖမစစ်ကောင်ကများ!
နင်ငါ့ကိုအဲ့တာလေးတစ်ခုတည်း
နဲ့ချိန်းခြောက်ဖို့ဘဲတတ်သလား?!

စောင့်ကြည့်လိုက်စမ်းပါ။မကြာခင်
မှာတင်နင်ငါ့အရှေ့မှာဒူးထောက်ပြီး
ငါ့ခွင့်လွှတ်မှုကိုတောင်းခံလာအောင်
ငါလုပ်ပြမယ်! "

ခွေးမသား ! မနက်ဖြန်က
နင်သေနေ့စေ့မဲ့အချိန်ဘဲ !

ယွင်းယူမာနထောင်လွှားစွာရီမောလိုက်ပြီး
သူ၏လေသံသည်အထင်အမြင်သေးမှုများ
ဖြင့်ပြည့်နှက်နေခဲ့သည်။
"ဟ ဟုတ်လား? ဒါဆိုမင်းဆက်ပြီးအိမ်မက်
မက်နေနိုင်အုန်းမလားဆိုတာစောင့်ကြည့်ကြ
သေးတာပေါ့"

ထိုစကားပြောပြီးသည်နှင့်ယွင်းယူ
သည်နောက်သို့လှည့်ကာလှေကား
များမှဆင်းသွားတော့သည်။
သူအနေဖြင့်သူ၏ကောင်ငယ်လေး
ကိုရှာဖွေဖို့ရန်လုပ်ဆောင်စရာတွေ
အများကြီးရှိနေသေးသည်။
ထို့ကြောင့်ယခုလိုဦးနှောက်မပါသည့်
အရူးနှင့်ဆက်လက်ပြီးစကားပြောဆိုဖို့
ရန်သူ့ဘက်မှငြင်းဆိုသည်။

သူမ၏ဒေါသများကိုပုံချဖို့ရန်
နေရာမရှိတော့သည့်ကျန်ရစ်ခဲ့သော
ကျန်းချိုင်သည်တစ်စစီလုပ်ပစ်ချင်
နေသည့်သူမ၏ဒေါသကိုထိန်းထား
ရသည့်အတွက်မျက်နှာတစ်ခုလုံး
နီရဲကာအမျက်ကြောင့်အော်ဟစ်ရန်
လုပ်လိုက်ပြီးကာမှသူမ၏
ချစ်သည်းငယ်လေးယောင်းယီသည်
သူမ၏အပေါ်ထပ်တွင်ရှိနေသည်ကို
သတိရသွားတော့သည်။ထို့ကြောင့်
သူမအနေဖြင့်အတတ်နိုင်ဆုံးဒေါသ
ကိုချုပ်ထိန်းလိုက်ရတော့သည်။

မရဘူး။ သူမ၏ဒါလင်လေးကို
ယခုလိုရုပ်ဆိုးအကျည်းတန်သည့်
သူမ၏တစ်ဖက်ခြမ်းကိုကြားမြင်ခွင့်
လုံးဝမပေးနိုင်ပေ။

ကျန်းချိုင်သည်သူမ၏ရင်ဘတ်ကို
လီလီပန်းသဖွယ်ဖြူစွတ်နေသည့်
လက်ချောင်းများဖြင့်ပုတ်လိုက်သည်။
သူမ၏ခံစားချက်တွေအခြေကျ
သွားပြီဆိုမှသာအောက်ထပ်သို့
ဆင်း၍မိတ်ကပ်ကိုပြန်လည်ပြုပြင်
လိုက်ပြီးချစ်သူငယ်လေးဆီသို့
သွားလည်ဖို့ရန်ပြင်ဆင်လိုက်
တော့သည်။

ကလစ်—

သူမ၏ခြေဖဝါးကိုကြည့်ရသည်မှာ
တစ်စုံတစ်ခုကိုနင်းလိုက်မိသည့်ပုံပင်။
ကျန်းချိုင်သည်အနောက်သို့ပြန်ဆုတ်
လိုက်ချိန်ဘဲဥပုံသဏ္ဋာန်ရှေးဟောင်း
ကြေးဝါဘယက်လေးတစ်ခုကြမ်းပြင်
ပေါ်တွင်ရှိနေသည်ကိုတွေ့လိုက်ရသည်။

ဟမ်?

ဒီဘယက်ကအဲ့အဖိုးကြီးသူနဲ့မကွာ
အမြဲတမ်းဘေးနားဆောင်ထားတဲ့
အရာမဟုတ်ဘူးလား?
ခုနကဖြစ်ခဲ့တဲ့ရန်ပွဲကြောင့်
ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး
ကျန်ရစ်ခဲ့တာလား?

ကျန်းချိုင်သည်ထိုဘယက်ကို
ကောက်ယူကာသိချင်ဇောနှင့်
ဆွဲဖွင့်လိုက်တော့သည်။

ရင်းနှီးနေသည့်ချောမောသောမျက်နှာ
သည်မျက်လုံးထဲသို့ဝင်လာခဲ့သည်။
ကြောက်စရာကောင်းလောက်အောင်
သဘောမကျသည့်အမူအရာအဖြစ်
မကူးပြောင်းသွားခင်ကျန်းချိုင်၏
မျက်လုံးများအတွင်း၌ထိတ်လန့်
အံ့ဩမှုများဖြတ်ပြေးသွားတော့သည်။

ဒီမအေဘေးလိုစောက်ရူးက
ရာရာစစသူမရဲ့ဒါလင်လေးကို
တပ်မက်ရဲတယ်ပေါ့ !

တကယ်တမ်းမှာတော့ကျန်းချိုင်
သည်လည်းကောလဟလများ
ကြားခဲ့ဖူးသည်။ပြောကြသည်မှာ
သံမဏိသစ်ပင်သည်နောက်ဆုံးမှာ
တော့ပွင့်လန်းကာထိုအဖိုးကြီးသည်
ကောင်ငယ်လေးတစ်ယောက်ကို
သဘောကျနေသည်ဟူ၍ဖြစ်ပြီး
အဆုံးသတ်မှာတော့
ထိုကောင်လေးသည်
ဘယ်သူဖြစ်သည်ဆိုတာကို
တိတိကျကျဘယ်သူကမှမသိရပေ။

သို့သော်ထိုကောင်လေးသည်
သူမ၏ချစ်သည်းငယ်လေး
ဖြစ်နေမည်ဟုလုံးဝမထင်ခဲ့ပေ !

ကျန်းချိုင်အံ့ကိုတင်းနေအောင်ကြိတ်
လိုက်ပြီး၊သူမ၏မျက်လုံးများသည်
မုန်းတီးမှုများဖြင့်အလွန်ပြည့်နှက်
နေသည့်အတွက်သွေးများတောင်
စီးကျလုမတတ်ဖြစ်လို့နေသည်။

သူမအပိုင်ချစ်သည်းငယ်လေးကို
တိတ်တဆိတ်လျှို့ဝှက်စွာအခြား
တစ်ယောက်ကစောင့်ကြည့်နေခဲ့သည်။
ထိုအရာထက်စောင့်ကြည့်နေသည့်
လူမှာချစ်သူငယ်လေးကိုတစ်ဖက်သတ်
ချစ်ကြိုက်နေသည့်ဝံပုလွေနှလုံးသားနှင့်
မြေခွေးအသည်းပိုင်ရှင်အဖိုးကြီးယွင်းယူ
ဖြစ်နေသည်။

ထိုတစ်ခုတည်းနဲ့တင်သူမ၏သည်းခံမှု
များအလုံးစုံပြိုပျက်သွားခဲ့ပြီဖြစ်သည်။
သူမ၏ချစ်ရပါသောယောင်းယီကို
အဝေးသို့လုယူဆောင်သွားနိုင်ခြေရှိနေ
သည့်အတွက်ကျန်းချိုင်သည်ထိုအဖိုးကြီး
ကိုသတ်ပလိုက်ချင်နေပြီဖြစ်သည်။

ကျန်းချိုင်သည်ထိုအဖိုးကြီးယွင်းယူကို
ထိပ်တိုက်ရင်ဆိုင်လို့ရမည့်နည်းလမ်းများ
ကိုတွေးနေရုံရှိသေးလှေကားထစ်မှ
ခြေသံများကိုကြားလိုက်ရလေသည်။
ယွင်းယူပြန်လာခြင်းဖြစ်ပြီးလျှောက်လှမ်း
လာသည့်လမ်းတစ်လျှောက်လုံးသူ၏
မျက်နှာတစ်ခုလုံးသည်မှောင်မဲနေခဲ့သည်။

"ဘယက်ငါ့ကိုပြန်ပေး"

ယွင်းယူသည်အေးစက်စွာဖြင့်လက်ကို
ဆန့်ထုတ်လိုက်ပြီးပြောလိုက်ပါသော်
လည်းသူ၏မျက်လုံးများအတွင်းတွင်
အန္တာရာယ်များသောအကြည့်များဖြင့်
ပြည့်နှက်နေသည်မှာတကယ်လို့သူမ
ဘက်ကသာငြင်းဆန်ပါကအင်အားသုံး
လုယူဖို့ရန်ဝန်မလေးကြောင်းပြောလို့
နေသည်။

ယွင်းယူမျက်လုံးထဲမှရက်စက်ကြမ်းကြုတ်
မှုများကိုမြင်လိုက်ရသည့်အခါကျန်းချိုင်
သည်မသိစိတ်ကြောင့်ခဏတာသွေးကြောင်
သွားခဲ့သည်။

ပြန်လည်ဟန်ဆောင်လိုက်ပြီးသည်နှင့်
သူမသည်ချက်ချင်းကိုထိုဘယက်အား
ယွင်းယူထံသို့ရွံရှာစွာဖြင့်ပစ်ပေါက်လိုက်
သည်။သူမ၏အတွင်းစိတ်မှကြောက်ရွံမှု
ကိုကျော်လွှားရန်ပါးစပ်မှလျှာရိုးမရှိ
လျှောက်ပြောရင်းနှာခေါင်းရှုံကာ

"ဘာလဲ? ရေပိုင်ပြင်သမား နင့်ရဲ့ချစ်သူလေး
ဆိုတာငါသိသွားမှာဆိုးလို့လား?"

ထိုစကားများကြောင့်ယွင်းယူ၏
မျက်လုံးများသည်ပိုပြီးကြောက်စရာ
ကောင်းလာတော့သည်။ထို့နောက်
နီးကပ်လိုက်ပြီးသူ၏အသံသည်
ဩရှကာထိတ်လန့်ကြောက်ရွံစဖွယ်
ကောင်းလှသည်။

"မင်းသူ့ကိုဘာလုပ်လိုက်တာလဲ?"

ကောင်ငယ်လေးပျောက်ဆုံးသွားမှုသည်
ယခုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်
အမျိုးသမီးနှင့်တစ်ခုခုပတ်သတ်နေရမည်!

ကျန်းချိုင်သည်မကြာသေးခင်ကမှ
ဆေးဆိုးပြုပြင်ထားသောသူမ၏
လက်သည်းများကိုကွေး၍လှမလှ
ကြည့်သလိုဟန်ဆောင်ကာ
အရေးမပါသလိုပေါ့ပေါ့တန်တန်
ပြန်ဖြေလိုက်သည်။

"ကျွန်မကဘာများလုပ်နိုင်မှာမို့လဲ၊
လူကြီးမင်းယွင်းရဲ့?
တစ်နေ့လောက်ကမှအဲ့ကောင်လေးကို
ခဏလောက်လေးဘဲမြင်တယ်ဆိုရုံလေး
တွေ့လိုက်ရတာ။အဲ့လိုချောမောနေတဲ့
မျက်နှာလေးနဲ့ဆိုတော့အခုလိုမစွမ်းနိုင်
လောက်အောင်ကိုပန်းသေနေတဲ့လူက
သိပ်သဘောကျနေတယ်ဆိုရင်တောင်
အံ့ဩစရာမရှိတော့ပါဘူး....ဟားဟား...
အစ်အစ်၊အားးးးးး-"

သူမစကားကိုပြီးဆုံးအောင်
မပြောလိုက်နိုင်ခင်မှာတင်
ကျန်းချိုင်၏လည်ပင်းသည်
ဖိညစ်ခံလိုက်ရကာနံရံဆီသို့
ဆောင့်တွန်းခံလိုက်ရတော့ရသည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာဘဲ
ကျန်းချိုင်မျက်နှာတစ်ခုလုံး
သည်လေပြတ်လတ်သွားသည့်
အတွက်နီရဲသွားတော့သည်။

"ပြောစမ်း ! မင်းသူ့ကိုဘယ်မှာဖွက်ထား
လဲဆိုတာ ! "

ယွင်းယူ၏မျက်နှာသည်အံ့ဩထိတ်လန့်
ဖွယ်ကောင်းလောက်အောင်ကိုကျောချမ်း
စရာဖြစ်သွားခဲ့သည်။သူ၏ထိန်းချုပ်
ထားသောစိတ်ခံစားချက်များအားလုံး
သည်အကုန်လွတ်ထွက်ကုန်ကာသူ၏
မျက်နှာသေမျက်နှာဖုံးကိုဆက်လက်
မတပ်ဆင်ထားနိုင်တော့ပေ။

မနေ့ညကတည်းက ယွင်းယူ
ရူးသွပ်မတတ်ဖြစ်နေခဲ့တာဖြစ်သည်။

သူ၏ချစ်သူလေးကိုဆုံးရှုံးရတော့မည်
ဆိုသည့်အကြောက်တရားသည်သူ၏
စိတ်ဝိဉာဉ်တစ်ခုလုံးကိုအပိုင်းပိုင်း
ပြိုလဲကျမတတ်ဖြစ်သွားစေသည်။

သူမြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့ရသည့်
ထိုလူငယ်လေးကိုနောက်တစ်ကြိမ်ထပ်
မတွေ့လိုက်ရမှာကိုကြောက်နေမိသည်။
အကယ်၍ထိုသို့သာဖြစ်သွားပါက
သူချစ်မြတ်နိုးရသည့်ထိုကောင်လေးငယ်
နှင့်အတူတူသူ၏အချစ်တွေအားလုံးကို
တစ်ပါတည်းထည့်ပေးလိုက်မှာဖြစ်ပြီး
တစ်ယောက်တည်းထာဝရအထီးကျန်
ရင်းနေသွားမှာဖြစ်သည်။

ထိုဖြစ်နိုင်ခြေလေးကပင်သူ့ကို
သေမတတ်ကြောက်ရွံစေသည်။





Thoughts of toufu

မနေ့ညကတည်းက Tofu ရဲ့
update ကိုစောင့်မျှော်နေခဲ့
ကြသော reader များ be like:

Hee ဆောရီး ဆောရီး။
လူကတကယ်ကိုအလုပ်တွေ
ပိနေလို့တင်ပေးဖို့မေ့သွားတာပါ :3






Continue Reading

You'll Also Like

1.1M 234K 168
MinervaLance แ€กแ€›แ€„แ€บ acc แ€€ แ€แ€„แ€บแ€™แ€›แ€œแ€ญแ€ฏแ€ท แ€กแ€แ€ฏ Acc แ€กแ€žแ€…แ€บแ€™แ€พแ€ฌ แ€กแ€†แ€€แ€บแ€€แ€ญแ€ฏ แ€†แ€€แ€บแ€แ€„แ€บแ€•แ€ฑแ€ธแ€”แ€ฑแ€แ€ฌแ€•แ€ซแ‹ แ€•แ€‘แ€™แ€กแ€ฏแ€•แ€บแ€€แ€ญแ€ฏ My Works Reading List แ€‘แ€ฒแ€™แ€พแ€ฌ แ€›แ€พแ€ฌแ€œแ€ญแ€ฏแ€ทแ€›แ€•แ€ซแ€แ€šแ€บแ‹ แ€Ÿแ€ฏแ€แ€บแ€€แ€ฒแ€ท... แ€กแ€›แ€„แ€บแ€€ Mi...
154K 11.9K 49
แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บ แ€กแ€ฑแ€ฌแ€€แ€บแ€€ โ€Œแ€€แ€ปแ€ฌแ€ธแ€›แ€ฒ แ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ทแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€œแ€ญแ€ฏ แ€žแ€ฝแ€ฑแ€ธแ€†แ€ฌ แ€”แ€ฑแ€แ€ฒแ€ท แ€™แ€ปแ€€แ€บแ€œแ€ฏแ€ถแ€ธ แ€…แ€ญแ€™แ€บแ€ธแ€…แ€ญแ€™แ€บแ€ธ แ€แ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฑ แ€žแ€ฝแ€ฑแ€ธแ€Šแ€พแ€ฎแ€”แ€ถแ€ท แ€Ÿแ€ฑแ€ฌแ€„แ€บแ€‘แ€ฝแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€แ€ฝแ€ฑ แ€‘แ€ฒ แ€€ แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑ แ€žแ€แ€„แ€บแ€ธ...
153K 10.4K 44
แ€žแ€„แ€บแ€Ÿแ€ฌแ€กแ€„แ€บแ€”แ€ญแ€ฏแ€ธแ€…แ€”แ€บแ€ทแ€†แ€ญแ€ฏแ€›แ€„แ€บแ€’แ€ฎficแ€€แ€ญแ€ฏแ€œแ€ฏแ€ถแ€ธแ€แ€™แ€–แ€แ€บแ€•แ€ซแ€”แ€ฒแ€ท แ€›แ€ญแ€ฏแ€„แ€บแ€ธแ€แ€ฒแ€ทแ€กแ€žแ€ฏแ€ถแ€ธแ€”แ€พแ€ฏแ€”แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌแ€•แ€ซ แ€•แ€ซแ€žแ€Šแ€บ แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ แ€„แ€ซแ€ทแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€แ€Šแ€บแ€ธแ€›แ€ฒแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บแ€•แ€ฒแ€ท แ€œแ€ญแ€•แ€บแ€•แ€ผแ€ฌแ€œแ€ฑแ€ธ แ€กแ€แ€ปแ€ฏแ€•แ€บแ€”แ€พแ€ฑแ€ฌแ€„แ€บแ€แ€ฝ...
277K 27.5K 27
"Daddy แ€กแ€แ€ฝแ€€แ€บแ€’แ€ฏแ€แ€ญแ€š แ€›แ€แ€”แ€ฌ แ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€šแ€ฐแ€œแ€ฌแ€•แ€ฑแ€ธแ€แ€ฌ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ Angel " Lucas ''Daddy แ€€แ€ญแ€ฏ แ€กแ€แ€ปแ€…แ€บแ€†แ€ฏแ€ถแ€ธ'' ...